← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

လော်ပင်းမှ အမျိုးသမီး စားဖိုမှူးနှစ်ယောက်အား ကြည့်နေဆဲဖြစ်သည်ကို တုန်လိလိ မြင်သည့်အခါ၌ အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့သည်။

“လှတယ်မလား၊ ဒါဆိုလည်း ဆက်ကြည့်နေလိုက်၊ ဒီမှာပဲ ရပ်ပြီး ကြည့်နေလိုက်တော့!”

တုန်လိလိတစ်ယောက် ဒေါသတကြီး ပြောပြီးသည့်နောက် မည်းမှောင်နေသည့်မျက်နှာဖြင့် ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်မှသာ လော်ပင်းတစ်ယောက် သတိပြန်ဝင်လာပြီး ဒေါသထွက်နေသည့် တုန်လိလိအား

အလျင်အမြန်ဆွဲခေါ်ကာ ခြံထဲသို့ ခေါ်သွားခဲ့သည်။

လင်းကျန်းဖူ ကိစ္စအား

ကောင်းစွာ မကိုင်တွယ်နိုင်ပါက

ယနေ့ထမင်းစားရသည်မှာ အရသာရှိတော့မည် မဟုတ်ပေ။

လော်ပင်းက လင်းကျန်းဖူအား

ဖြတ်ကျော်သွားသည့်အချိန်၌  သူမဘက်သို့  ထပ်၍ မကြည့်ဝံ့ပေ။

လင်းကျန်းဖူ၏ မျက်လုံးနှင့်

အကြည့်ချင်းဆုံမိပါက 

လင်းကျန်းဖူမှ သူကို  ပြဿနာရှာမည်ကို စိုးရိမ်နေခဲ့ရသည်။

သို့သော်လည်း လင်းကျန်းဖူက သူ့အား မတားဆီးခဲ့ပေ။

သူမ၏  မျက်နှာ၌ မည်သည့်အမူအရာမှမရှိနေခဲ့ဘဲ လော်ပင်းအား မမြင်ရသကဲ့သို့ သူမ၏ ခေါင်းကိုငုံ့ကာ ထမင်းကိုသာ ပုံမှန်အတိုင်း ဆက်လက်၍ စားနေခဲ့သည်။

လော်ပင်းတစ်ယောက် ဤသည်ကိုမြင်ရသည့်အတွက်  စိတ်သက်သာရာရသင့်သော်လည်း ရုတ်တရက် အနည်းငယ် မပျော်မရွှင် ဖြစ်သွားရပြန်သည်။

လင်းကျန်းဖူက ဘယ်လိုသဘောထားမျိုးနဲ့ ဒီလိုလုပ်နေခဲ့တာလဲ?

သူတို့ကွာရှင်းထားသည်မှာ  မကြာသေး‌သော်လည်း သူမက သူ့ကိုမမှတ်မိတော့သည်လား။

သူဖြတ်သွားသည်ကိုပင် မမြင်ရသကဲ့သို့ လုပ်နေသည်က အဘယ်သဘောမျိုးနည်း။

သူတို့အနေဖြင့် ယခင်အချိန်တုန်းက အမှန်တကယ်ပင် ချစ်ခဲ့ကြသည်မဟုတ်ပါလား။

ယခု သူမတွင်လည်း တခြားအမျိုးသားတစ်ယောက်  ရှိနေပြီဖြစ်သောကြောင့် သူ့အား လုံးဝ လျစ်လျူရှုထားလိုက်သည်များလား။

လော်ပင်း ထိုသို့တွေးမိသည့်အခါ၌  ပို၍ စိတ်မသက်မသာ ဖြစ်လာသည်။

သူသည်ကား သူ့ဘက်မှ လင်းကျန်းဖူအား ကွာရှင်းပေးရန် တောင်းဆိုခဲ့သော်ငြားလည်း လင်းကျန်းဖူအပေါ်၌  မုန်းတီးသည့် ခံစားချက် မရှိခဲ့ပေ။

အကြောင်းအမျိုးမျိုးကြောင့်သာ

သူတို့နှစ်ယောက် အတူ မနေနိုင်တော့ခြင်း ဖြစ်သည်။

ထို့အပြင် သူ့ဘက်မှ ကွာရှင်းရန် တောင်းဆိုသည့်အခါ၌လည်း လင်းကျန်းဖူ ငိုနေသည်ကို  ရှင်းလင်းစွာ  မြင်ခဲ့ရသည့်အတွက် သူ့အား ချစ်နေသေးသည်မှာ ထင်ရှားပေသည်။

သို့သော်လည်း ယခု လင်းကျန်းဖူ၏ ပုံစံမှာ တစ်မျိုးပြောင်းလဲနေခဲ့လေပြီ။

အမှန်တကယ်ပင် မိန်းမများသည်က ယောက်ျားလေးများထက် ပို၍  စိတ်ပြောင်းလဲလွယ်သည်များလား။

လော်ပင်းတစ်ယောက် သူ၏ မပျော်ရွှင်မှုကို ထိန်းချုပ်ကာ  ဒေါသထွက်နေသည့် တုန်လိလိအား နှစ်သိမ့်ပေးနေစဉ်၌ ရုတ်တရက် သူ၏ စိတ်ထဲ၌ ဒေါသများ  ပြည့်နှက်နေသည်ကို ခံစားလိုက်ရသည် ။

“လိလိ၊ ကိုယ်ရှင်းပြတာကို အရင်နားထောင်ပေးပါဦး၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်မတွေးနဲ့”

လင်းကျန်းဖူအား ကျော်ဖြတ်ပြီးသည့်နောက်၌ လော်ပင်းက သူ၏ အသံကို အလျင်အမြန်လျှော့ချကာ ပြောလိုက်သည်။

“အရင်တုန်းက ကိုယ် မင်းကို ပြောဖူးတဲ့ ကိုယ့်ရဲ့ဇနီးဟောင်းဆိုတာကို မှတ်မိလား၊ အဲဒါ သူမ ပဲ”

ဘာ!

ဒေါသတကြီးဖြစ်နေသည့် တုန်လိလိမှာ ဤသည်ကို ကြားပြီးသည့်နောက်၌ ကြောင်အမ်းသွားခဲ့ရသည်။

သူမ စိတ်ကို ဆုံးဖြတ်ကာ လင်းကျန်းဖူနှင့် လင်းရန်ဘက်သို့ ကြည့်လိုက်သည်။

လင်းရန်ကိုမူ  ထပ်၍ မကြည့်တော့ပေ။

လင်းရန်၏ အသက်အရွယ်အရ လော်ပင်း၏ ဇနီးဟောင်းက ဤမျှလောက် ငယ်ရွယ်မည် မဟုတ်သည်ကို  သူမ သိသည်။

ထို့ကြောင့်

လော်ပင်း၏ ဇနီးဟောင်းသည် ကျန်ရှိနေသည့် တစ်ယောက်သာ  ဖြစ်နိုင်သည်။

သူမသည်ကား မတိုင်ခင်က  လင်းရန်ကိုသာ ကြည့်နေခဲ့သည့်အတွက်  လင်းရန်၏ဘေးမှ အမျိုးသမီး စားဖိုမှူးအား သိပ်ဂရုမစိုက်မိခဲ့ပေ။

သို့သော် သူမ  မြင်သည်ဖြစ်စေ ၊မမြင်သည်ဖြစ်စေ အရေးမကြီးတော့။ယခု အရေးကြီးသည်မှာ

လော်ပင်း၏ ဇနီးဟောင်းက ဤနေရာ၌ ပေါ်လာသည်ဖြစ်၍ သူတို့အနေဖြင့် မည်သို့လုပ်ဆောင်ရတော့မည်နည်း။

အမှန်တကယ်တွင် တုန်လိလိတို့ သားအမိသည်ကား လော်ပင်း၏ ယခင်အိမ်ထောင်ရေးအကြောင်းကို ဆွေမျိုးများအား  မပြောပြထားခဲ့ကြပေ။

သူမသည်က အသက်ငယ်ရွယ်တော့သည် မဟုတ်သော်လည်း ယခုမှသာ ပထမဆုံး လက်ထပ်မည့်သူဖြစ်သည်။ 

သူမ၏  မိသားစုနောက်ခံလည်း ကောင်းမွန်သည့်အတွက် ယခင်က

သူမအား ယောက်ျားလေးများစွာနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

သို့သော်  သူမသည်ကား ထိုယောက်ျားလေးများအား

မကောင်းမွန် သို့မဟုတ် သူမနှင့် မထိုက်တန်ဟု ထင်ခဲ့ကာ  သူတို့ မိတ်ဆက်ပေးသည့်သူများက  အလွန်ဆိုးဝါးသည်ဟုပြောခဲ့သည်။

ဆိုရလျှင် သူမက မည်သည့်အခါကမှ သဘောမတူခဲ့ပေ။

ထို့ကြောင့် သူမအတွက် သင့်တော်မည့်သူကို ရွေးချယ်နေရင်းဖြင့် အသက်က ကြီးလာခဲ့သည်။

တခြားလူများက  သူမ၏နောက်ကွယ်၌

သူမကို ရွေးချယ်လွန်းသည်၊

ခေါင်းမာလွန်းသည် ဟု တီးတိုးပြောနေကြသည်ကိုလည်း သူမ သိသည်။

သူမသည်ကား ထိုစကားများအား

မထီမဲ့မြင်ပြုထားသော်လည်း  အမှန်တကယ်တွင် စိတ်ထဲ၌ အလွန်ဂရုစိုက်နေခဲ့သည်။

ထို့ကြောင့် သူမက ရုပ်ရည်ချောမောသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရှာရန် ဆုံးဖြတ်ခဲ့သည်။

အချိန်ကျလာလျှင် သူမက

တီးတိုးပြောနေကြသည့် သူများ၏ရှေ့သို့

ထိုယောက်ျားသို့ ခေါ်သွားကာ

သူတို့အား မြင်တွေ့စေပြီး အတင်းအဖြင်းပြောနေသည့်  ပါးစပ်များကို ပိတ်ပစ်မည်ဟု တွေးထားခဲ့သည်။

လော်ပင်းသည်ကား အမှန်တကယ်ပင် ချောမောကာ  အဘက်ဘက်မှ

ကောင်းမွန်သည့် အခြေအနေ ရှိသည်။

အသက်ကလည်း သူမနှင့် သိပ်မကွာပေ။

တစ်ခုတည်းသော အားနည်းချက်မှာ

လော်ပင်းက တစ်ကြိမ် လက်ထပ်ခဲ့ဖူးခြင်းဖြစ်သည်။

သို့သော် လက်ထပ်ဖူးကြောင်းကို

သူကိုယ်တိုင် မပြောသရွေ့

ပတ်ဝန်းကျင်မှ လူများလည်း  သိမည် မဟုတ်ပေ။

ထိုကိစ္စသည်ကား တစ်ဖက်လူ၏ မျက်နှာကို ကြည့်ပြီးလည်း ပြော၍ ရနိုင်သည့်အရာမျိုး မဟုတ်ပါချေ။

ထို့ကြောင့် တုန်လိလိက နောက်ဆုံး၌

သူ ကွာရှင်းထားကြောင်းကို  အပြင်ဘက်သို့ မပြောပြရန် သူမ၏ မိသားစုအား တောင်းဆိုခဲ့ကာ လော်ပင်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

လော်ပင်းသည်လည်း ထိုကိစ္စကို ဂရုမစိုက်ပေ။

ယခုကဲ့သို့ အခြေအနေမျိုး၌ တုန်လိလိကဲ့သို့ လက်မထပ်ရသေးသည့်

မိန်းကလေးတစ်ယောက်နှင့် တွေ့ရသည်မှာ သူ အလွန် ကံကောင်းခြင်းပင်ဖြစ်သည်။

ထို့အပြင် တုန်လိလိ၏  အခြေအနေမှာလည်း အလွန်ကောင်းမွန်သည့်အတွက်  သူ့ကို ဂရုစိုက်ကာ အမြင့်သို့ တကငလှမ်းရန် အကူအညီရနိုင်ပေသည် ။

သူတို့နှစ်ယောက် ဖုံးကွယ်ထားသည့်အတွက်ကြောင့် ဤနေရာ၌ရှိသည့်လူများက တုန်လိလိ၌  နောက်ဆုံးတွင်

ပါတနာတစ်ဦးရှိလာခဲ့ပြီး နာမည်မှာ လော်မျိုးရိုး ဆိုသည်ကိုသာ သိထားကြသည်။

ကျန်သည့် ကိစ္စအကြောင်းအရာများကို လုံးဝ မသိကြပေ။

“ရှင့်ရဲ့ ဇနီးဟောင်းက ဘာဖြစ်လို့ ဒီမှာ ရှိနေရတာလဲ၊ ကျွန်မက ရှင့်ကို မိသားစုနဲ့ မိတ်ဆက်ပေးဖို့ ခေါ်ထားတာကို သိလို့ တမင်တကာ ပြဿနာလာရှာတာများလား!”

တုန်လိလိတစ်ယောက် စိတ်ပူနေခဲ့သည်။ ပို၍  စိုးရိမ်ဖွယ်ကောင်းသည်မှာ လင်းကျန်းဖူသာ မထိန်းချုပ်နိုင်ဘဲ သူမနှင့်လော်ပင်းတို့၏ ဖြစ်ပျက်ခဲ့သမျှကိစ္စများအား ပြောပြလိုက်မည်ဆိုလျှင် အခြေအနေက ဆိုးရွားသွားရလိမ့်မည်။

ဤသို့ဆိုလျှင်  လူတိုင်းက တုန်လိလိက ကွာရှင်းထားသည် ယောက်ျားတစ်ယောက်ကို ရှာထားသည်ကို သိကုန်မည်ဖြစ်ပြီး သူမ အလွန် အရှက်ရပေလိမ့်မည်။

လော်ပင်းသည်လည်း ထိုစကားကို ကြားသည့်အခါ၌  ရှုပ်ထွေးသွားသည်။

သူသည်ကား တုန်လိလိထက်ပင် ပို၍ နားမလည်နိုင်ဖြစ်နေကာ အခြေအနေကို လုံးဝ မသိပေ။

တုန်လိလိ  စိတ်ပျက်နေသည်ကို

မြင်နေရသည့်အတွက်  သူ၏

စိတ်ခံစားချက်များကို ထိန်းချုပ်ကာ

စိတ်ရှည်စွာဖြင့် မေးလိုက်သည်။

“လိလိ၊ စိတ်မပူပါနဲ့ဦး၊ သူတို့ ဘယ်တုန်းက လာတာလဲ၊ ဘာအတွက် လာတာလဲဆိုတာ  ပြောပြပါလား၊ ပြီးရင် ဒီကိစ္စကို  ဖြေရှင်းဖို့ နည်းလမ်းရှာကြတာပေါ့”

တုန်လိလိသည်လည်း လော်ပင်း၏  ယုတ္တိရှိသည့် စကားများကို ကြားရသည့်အခါ၌  စိတ်အေးအေးထားလိုက်ပြီး လင်းရန်နှင့် လင်းကျန်းဖူတို့ ဤအိမ်သို့ ရောက်လာသည်မှစ၍  ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို

ပြောပြလိုက်သည်။

လော်ပင်းတစ်ယောက် နားထောင်ရင်း ပို၍ အံ့သြလာသည်။

လင်းကျန်းဖူနှင့်လင်းရန်တို့က

စားဖိုမှူးလုပ်ရန် ဒီနေရာကို လာတာတဲ့လား။

သူ့အမြင်၌ လင်းကျန်းဖူ၏  ဟင်းချက်စွမ်းရည်က သိပ်မကောင်းလှပေ။

လင်းကျန်းဖူထက် ငယ်ရွယ်သည့် တခြားမိန်းကလေး၏ ဟင်းချက်စွမ်းရည်မှာလည်း လင်းကျန်းဖူနှင့်ပင်နှိုင်းယှဉ်၍ မရနိုင်လောက်ဟု သူခံစားရသည်။

ဤသို့ဆိုလျှင် သူတို့က အမှန်တကယ် စားဖိုမှူးလုပ်ရန်အတွက်

ဤနေရာသို့ လာခြင်းမှ ဟုတ်ပါ၏လော။

လော်ပင်း၏ သံသယများမှာ ပို၍

နက်ရှိုင်းလာသော်လည်း

လင်းရန်၏ အကြောင်းကို အတိအကျမသိသည့်အတွက် သူ၏ ခန့်မှန်းချက်များကို မပြောနိုင်ပေ။

ထိုသို့ပြောလိုက်လျှင် တုန်လိလိက ပို၍စိတ်လှုပ်ရှားကာ ကြောက်ရွံ့သွားမည်ကို သူ စိုးရိမ်ခဲ့သည်။

“သူတို့က စားဖိုမှူးလုပ်ဖို့လာတာဆိုရင်တော့စိတ်ချလို့ရလောက်ပါတယ်၊ တမင်တကာ ပြဿနာရှာဖို့ လာတာ မဟုတ်လောက်ဘူး၊ ကိုယ်တို့ ဒီလောက်ထိ စိတ်ပူစရာမလိုပါဘူး၊ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ကြတာပေါ့”

လော်ပင်းက တုန်လိလိအား

ကြိုးစားနှစ်သိမ့်ခဲ့သော်လည်း

တုန်လိလိမှာ အဘယ်ကြောင့်

ဤမျှလောက် လျင်မြန်စွာ

စိတ်သက်သာရာရပါမည်နည်း။

“သူတို့ အရင်က တခြားအကြံစည်တွေ မရှိခဲ့လောက်ပေမယ့် အခု ရှင့်ကို မြင်တဲ့အခါကျ အကြံစည်တချို့  ပေါ်လာနိုင်တယ်လေ!”

သူမသည်ကား  ကွာရှင်းထားသည့်

ယောက်ျားတစ်ဦးအား ပါတနာအဖြစ် ရှာထားသည့်ကိစ္စအား

လူအများ သိသွားမည်ကို စဉ်းစားရုံနှင့်ပင် အသက်ရှူရ ကျပ်လာသည်။

ဤသည်မှာ အလွန်ရှက်စရာကောင်းပေသည်။

ထိုကဲ့သို့ဖြစ်မည်ကို  သူမ လုံးဝ မလိုချင်ပေ။

“ကျွန်မ ဂရုမစိုက်ဘူး၊ လော်ပင်း၊ ရှင့်ကြောင့် ဖြစ်တဲ့ ကိစ္စကို ရှင်ကိုယ်တိုင်ဖြေရှင်းရမယ်၊ ရှင်သာ အဲဒီမိန်းမကို လူအများကြီးရှေ့မှာ ရှင်တို့ကိစ္စကို  ဖော်ထုတ်ခွင့်ပေးလိုက်ရင် ကျွန်မတို့ရဲ့ ဆက်ဆံရေး အဆုံးသတ်ပြီလို့သာ မှတ်ပါ!”

ထိုသို့ပြောပြီးသည့်နောက်၌ တုန်လိလိ ဒေါသတကြီးဖြင့်  လှည့်ထွက်သွားတော့သည်။

လော်ပင်းမှာ အမှန်တကယ်ပင် စိတ်ပူသွားခဲ့ရသည်။ သူစိတ်ပူနေသည့်  ကိစ္စများ မပြီးသေးမီမှာပင်

ယခု တုန်လိလိနှင့် ကိစ္စက  ထပ်၍

ရှုပ်ထွေးလာသည်။

သူ၏အခြေအနေအရဆိုပါက

တုန်လိလိကဲ့သို့ အခြေအနေမျိုးရှိသည့် အခြားအမျိုးသမီးတစ်ယောက်အား ရှာဖွေ လက်ထပ်ရန်မှာ လုံးလုံးလျားလျားပင် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့်  တုန်လိလိနှင့် သူ၏ ဆက်ဆံရေးကို ခိုင်မာတည်ငြိမ်အောင် ထိန်းထားရမည်။

ထိုသို့တွေးမိပြီးနောက် သူ တုန်လိလိအား ပြောလိုက်သည်။

“လိလိ၊ ဒီကိစ္စက ကိုယ့်အမှားဆိုတာကို ကိုယ်သိပါတယ်၊ ဒါပေမဲ့ မင်း ကိုယ့်ကို ယုံပါ၊ ကိုယ် မကွာရှင်းခင်ကတည်းက  သူမအပေါ် ဘာခံစားချက်မှ မရှိခဲ့တော့ဘူး ၊ အခု ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ချစ်တယ်၊ သူမ ဘာလို့ ဒီမှာ ရှိနေလဲဆိုတာ ကိုယ်တကယ် မသိဘူး”

“ဒါပေမဲ့ မပူပါနဲ့၊ ကိုယ်က ဒီကိစ္စကို ဖြစ်စေခဲ့တာမို့  သေချာပေါက် ကောင်းကောင်း ဖြေရှင်းပါ့မယ်၊

မင်း တစ်ယောက်တည်း လင်းကျန်းဖူနဲ့ စကားသွားပြောပြီး တမင်တကာ ပြဿနာ ရှာတာမျိုး မလုပ်နဲ့ဦးနော်”

လော်ပင်း၏ ချော့မော့မှုကြောင့် တုန်လိလိ၏ စိတ်အခြေအနေမှာ အနည်းငယ် ကောင်းမွန်လာသော်လည်း သူမ၏ ရင်ထဲ၌မူ

ကျောက်တုံးတစ်တုံး ဖိထားသကဲ့သို့

စိတ်မသက်မသာ ဖြစ်နေဆဲပင် ဖြစ်သည်။

“ရှင့်ရဲ့ စကားအတိုင်း လုပ်နိုင်တာ ပိုကောင်းလိမ့်မယ်နော်၊ မဟုတ်လို့ကတော့ နောက်ဆက်တွဲကို သိတယ်မလား”

လော်ပင်းက နူးညံ့သည့် အပြုံးကို အတင်းဖြစ်ညှစ်၍  ပြုံးပြကာ ပြန်၍ ဖြေလိုက်သည်။

“ကောင်းပြီ ၊စိတ်မပူပါနဲ့၊ ဒီကိစ္စကို ကိုယ် သေချာပေါက် ဖြေရှင်းပေးပါ့မယ်”

*

All Chapters