← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

သူတို့နှစ်ဦး ခဏတာမျှ  အပြင်သို့ ထွက်သွားခဲ့သည်ကို အခြားသူများလည်း မြင်သည့်အတွက်  အကြောင်းရင်းကို သေချာပေါက် သိချင်နေကြပေလိမ့်မည်။

အခြားသူများ အတွေးမလွန်စေရန်အတွက် တုန်လိလိက စားပွဲသို့ လျင်မြန်စွာ ပြန်၍ သွားရပေမည်။

လော်ပင်း၏ ကိစ္စအတွက်မူ လင်းကျန်းဖူ၏ကိစ္စအား ဖြေရှင်းပြီးသည့်အချိန်ထိ စောင့်ရပေမည်။

ထို့နောက်မှသာ လော်ပင်းအား သူမ၏ ဆွေမျိုးများနှင့်  မိတ်ဆက်ပေးရန် ဆုံးဖြတ်ရပေလိမ့်မည်။

တုန်လိလိက ဧည့်ခန်းသို့ ဖြတ်ကာ သူမ၏ နေရာသို့ သွားသည့်အခါ၌  လင်းကျန်းဖူအား ထပ်မံ၍ဖြတ်သွားရသည်။

ဤတစ်ကြိမ်၌  သူမ၏ မျက်လုံးများမှာ လင်းရန်ထံသို့  အကြည့်မရောက်တော့ဘဲ လင်းကျန်းဖူကိုသာ သေသေချာချာစူးစိုက်၍ ကြည့်လိုက်သည်။

လင်းကျန်းဖူကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမဒ စိတ်ထဲ၌ နှိုင်းယှဉ်လိုက်သည်။

သူမတို့နှစ်ဦးသည်ကား အသက်အရွယ်အရဆိုပါပါက  လင်းကျန်းဖူမှာ သူမထက် နှစ်နှစ် သုံးနှစ်ခန့် ကြီးကာ အသက်သုံးဆယ်နားသို့ကပ်နေလေပြီ။

သို့သော် သူမတို့၏ ရုပ်ရည်ကို ကြည့်ရုံမျှနှင့် အသက်မည်မျှ  ကွာခြားသည်ကို အမှန်တကယ်မပြောနိုင်ပေ။

ထို့အပြင် သူမက မည်မျှပင်  စိတ်ပူကာ မပျော်မရွှင်ဖြစ်နေသော်ငြားလင်းကျန်းဖူက အမှန်တကယ်ပင် ချောမောလှပသည်ကိုမူ သူမ ဝန်ခံရပေမည်။

လင်းကျန်းဖူ၏  မိသားစုနောက်ခံက သူမလောက် မကောင်းသည်ကလွဲ၍

အမှန်တကယ်တမ်းတွင် သူမထက် မကောင်းသည့်အရာ တစ်ခုမျှပင်မရှိဟု ထင်ရသည်။

အိုး.. မဟုတ်သေးဘူး။ ပိုအရေးကြီးတဲ့အရာတစ်ခု ရှိသေးတယ်။

လင်းကျန်းဖူဆိုတဲ့အမျိုးသမီးကညသူမကို ထည့်မပြောနဲ့ဦး။ သာမန် အမျိုးသမီးအများစုနှင့်တောင်

နှိုင်းယှဉ်လို့ မရဘူး။

သူမက ကလေးမရနိုင်တဲ့မိန်းမတစ်ယောက်ပဲ။

ကလေးမရနိုင်တဲ့  မိန်းမဆိုတာက

ဘယ်လိုမျိုး မိန်းမမျိုးလဲ? စကားအရထည့်ပြောရလောက်တဲ့ အဆင့်မရှိတဲ့သူပဲလေ။

ထိုသို့တွေးမိသည့်အခါ၌  လင်းကျန်းဖူက သူမထက် အရာရာတိုင်း၌  နိမ့်ကျသည်ဟု တုန်လိလိ  ခံစားလိုက်ရသည်။

သူမက အသက်တစ်ရှူရှိုက်စာကို နှာခေါင်းမှ ဖြည်းညှင်းစွာ မှုတ်ထုတ်ကာ ခေါင်းမော့၍ လင်းကျန်းဖူအနားမှ  ဖြတ်လျှောက်သွားခဲ့သည်။

လင်းကျန်းဖူသည်ကား ခေါင်းငုံ့ကာ

တိတ်တဆိတ် စားသောက်နေခဲ့ပြီး

တုန်လိလိအား  လုံးလုံးလျားလျားပင်

သတိမထားမိသကဲ့သို့ ရှိနေလေ၏။

သို့သော်လည်း သူမ၏ အတွင်းစိတ်ခံစားချက်များကို  မဖော်ပြမိစေရန်အတွက် တူအား မည်မျှလောက်အထိ

တင်းကျပ်စွာ ကိုင်ထားရသည်ကို

သူမတစ်ဦးတည်းသာ  သိနေခဲ့သည်။

တုန်လိလိ ထွက်သွားသည်ကို

မျက်လုံးထောင့်မှတဆင့် သတိထားမိသည့်အခါမှသာ သူမ၏ တင်းမာနေသည့် ကြွက်သားများက လုံးဝ ပြေလျော့သွားသည်။

“ဒေါ်လေး၊ ဒါလေးကို စားကြည့်ပါဦး”

လင်းရန်က သူမ၏ဒေါ်လေးမှ

တူကို ကြာမြင့်စွာ ကိုင်ထားပြီး

လှုပ်ရှားမှု မရှိသည်ကို မြင်ရသည့်အျွက်အသားတစ်ပိုင်း ပေးကာ

လင်းကျန်းဖူ၏ မျက်နှာအမူအရာကို ကြည့်လိုက်သည်။

လင်းရန်က လော်ပင်းနှင့် တစ်ခါမျှ  မတွေ့ခဲ့ဖူးသေးပေ။

သို့သော်  လော်ရှင်းဝမ်တို့ဇနီးမောင်နှံကိုမူ လွန်ခဲ့သည့် နှစ်ရက်က တစ်ကြိမ်တွေ့ဖူးသည်။ မကြာသေးမီက

ဝင်လာသည့် အမျိုးသားမှာ

လော်ရှင်းဝမ်တို့ဇနီးမောင်နှံနှင့်  အနည်းငယ် ရုပ်ချင်ဆင်သည့်အတွက်ကြောင့် သူမ၏  အတွေးကို  ပို၍ သေချာသွားစေသည်။

လော်ပင်းထွက်သွားသည့်အခါ၌  သူမ၏ ဒေါ်လေးက အနည်းငယ် ငေးကြောင်စွာဖြင့် ကျန်ရစ်နေခဲ့သည်ကို

သူမ မြင်ခဲ့ရသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်

လင်းရန်အနေနှင့် ဒေါ်လေးဖြစ်သူ၏

တုန်လှုပ်မှု၊ ထိတ်လန့်မှုနှင့်

စိတ်ရှုပ်ထွေးသည့် ခံစားချက်တို့ အနည်းငယ်မျှလောက်ကိုပင် မြင်တွေ့လိုက်ရသည်ဟု ခံစားမိခဲ့ပေသည်။

ဤကဲ့သို့သော အခြေအနေမျိုး၌  ထိုအမျိုးသားနှင့် သူမ၏ဒေါ်လေးကြားတွင်  မည်သည့်ကိစ္စမျှ မရှိဟုဆိုပါက မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

လင်းကျန်းဖူလည်း တူမဖြစ်သူ၏စကားကြောင့်  သတိပြန်ဝင်လာကာ လင်းရန်အား အားအင်မဲ့စွာ  ပြုံးပြလာခဲ့သည်။

“ကောင်းပါပြီ၊ မင်းလည်း စားဦးလေ”

လင်းရန်က ခဏတာမျှ စောင့်ကြည့်ပြီး လင်းကျန်းဖူမှ သူမထံသို့ ပြောပြရန် ရည်ရွယ်ချက်မရှိသည်ကို မြင်ရသည့်အတွက် မည်သည့်အရာကိုမှ သတိမထားမိသကဲ့သို့သာ ဟန်ဆောင်နေလိုက်ပြီး တိတ်တဆိတ် စားသောက်နေခဲ့သည်။

ဤထမင်းစားပွဲသည်ကား လင်းကျန်းဖူ တစ်သက်တာတွင် စားဖူးသည့် ထမင်းပွဲများအတွင်း အကောင်းဆုံးထမင်းစားပွဲ ဖြစ်နိုင်ပြီး  အစားအသောက်ကလည်း အရသာအရှိဆုံးဖြစ်ပေသည်။

သူမအနေဖြင့် လော်ပင်းအား ဤနေရာ၌ မြင်ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သူမ၏  ဒုတိယအစ်ကို လင်းကျန်းအန်း၏ ပြောပြချက်အရ လော်ပင်းက တခြားအမျိုးသမီးနှင့် အဆက်အသွယ်လုပ်နေသည်ကို  သူမ သိရှိပြီးသားဖြစ်ပေသည်။

သို့သော်  သူမ၏  ကိုယ်ပိုင်မျက်လုံးများနှင့် တစ်ခါမျှ မမြင်ဖူးသည့်အတွက် ဤကိစ္စကို အမှန်စင်စစ်ဖြစ်သည်ဟု  မခံစားသေးရပေ။

သူမအနေဖြင့် လော်ပင်းနှင့် ကွာရှင်းပြီးပါက လော်ပင်း  သို့မဟုတ် လော်ပင်း၏အမျိုးသမီးအသစ်ကို ထပ်မံ၍ တွေ့ရှိရန် အခွင့်အရေးရှိတော့မည် မဟုတ်ဟု ထင်ခဲ့သည်။

သို့သော် ယခုကဲ့သို့ အချိန်မျိုး၌  လော်ပင်းတို့နှစ်ဦးသည်က

သူမ၏ ရှေ့၌ ရင်းနှီးကျွမ်းဝင်လွန်းစွာဖြင့် ပေါ်ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပါချေ။

လင်းကျန်းဖူအနေဖြင့် စိတ်ထဲ၌

ပြင်ဆင်မှုများ လုပ်ထားပြီးသော်လည်း ဤမြင်ကွင်းအား သူမ၏ မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသည့်အခါ၌ ရှောင်လွှဲမရနိုင်စွာဖြင့် စိတ်ထိခိုက်သွားခဲ့ရသည်။

ဤအခြေအနေအရ သူမအနေဖြင့်

မည်မျှပင် စိတ်ထိခိုက်ခံစားရသော်ငြား သူမကိုယ်သူမ စိတ်ကို ချုပ်တည်းထိန်းထားရန်သာ သတိပေးနေရသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့သည်ကား သူမ၏ တူမဖြစ်သူ လင်းရန်၏ စီးပွားရေးလုပ်ဆောင်နေသည့်နေ့ ဖြစ်နေသည့်အတွက်ကြောင့်ပင် ဖြစ်ပေ၏။

တုန်လိလိက သူမ၏  နေရာ၌

ပြန်လည်ထိုင်ပြီးသည့်နောက် သူမ၏ဘေးမှ

အခြားသူများက သူမအား မနေနိုင်ဘဲ မေးမြန်းလာကြတော့သည်။

“လိလိ၊ ခုနက မင်း အမျိုးသားတစ်ယောက်ကို ခေါ်လာတာ မြင်လိုက်တယ်၊ အဲဒီအမျိုးသားရော အခု ဘယ်ကိုရောက်သွားပြီလဲ”

တုန်လိလိအနေဖြင့် ထိုမေးခွန်းများကို ပြန်လည် ဖြေဆိုရန်အတွက် ဆင်ခြေတစ်ခုကို စဉ်းစားပြီးဖြစ်သည့်အတွက် တစ်ဖက်သို့ ပြုံးပြကာ ပြောလိုက်လေသည်။

“သူက ဗိုက်နည်းနည်းလောက် မကောင်းဘူးလို့ ခံစားရလို့ပါ၊ ခဏနေရင် ရောက်လာပါလိမ့်မယ်၊ ကျွန်မတို့တွေ အရင် စားနှင့်ကြတာပေါ့၊ သူ့ကို စိတ်မပူပါနဲ့”

ဗိုက်မကောင်းဟုဆိုလာသည်ဖြစ်၍

လူတိုင်းက လော်ပင်းကို အိမ်သာသွားခြင်းဖြစ်မည်ဟု  မသိစိတ်မှ  နားလည်လိုက်ကြသည်။

ထို့ကြောင့် ဤအချိန်၌ လူတိုင်းက စားသောက်နေခဲ့ကြသည့်အတွက်

ထပ်၍ မမေးခဲ့ကြတော့ချေ။

ဤသည်ကို မြင်လိုက်ရမှသာ  တုန်လိလိလည်း သက်ပြင်းချလိုက်နိုင်ခဲ့ကာ  ဆက်လက်၍ စားသောက်ရန် ပြင်လိုက်သည်။

သို့သော် သူမသည်ကား ထမင်းကို ယခင်ကဲ့သို့ စားချင်စိတ် မရှိတော့ပေ။ သူမက လင်းကျန်းဖူနှင့်လော်ပင်းအကြောင်းအပြင် လော်ပင်းသာ  ဤကိစ္စကို ကောင်းစွာ မကိုင်တွယ်နိုင်ပါက မည်သို့လုပ်ရမည်နည်းဟုသာ တွေးနေမိသည်။

လက်ရှိတွင် သူမ အမှန်တကယ် ဒေါသထွက်နေခဲ့ကာ သေချင်စိတ်ပင် ပေါက်လာသည်။

သို့သော် တုန်လိလိအနေဖြင့်သူမ၏ မိခင်ကိုမူ  အခြားသူများကဲ့သို့ လွယ်ကူစွာ လိမ်လည်လှည့်ဖြား၍ မရပေ။

သူမ၏ သမီးကို မည်သူကမှ ဂရုမစိုက်တော့သည့်အထိ စောင့်ဆဆိုင်းပြီးနောက် တုန်လိလိ၏မိခင်က

တုန်လိလိအား တီးတိုးမေးလိုက်သည်။

လော်ပင်းက သူတို့ ဤနေရာ၌ ရှိနေသည်ကိုပင် မသိကျိုးကျွံပြုနေသည်များလား။

တုန်လိလိသည်ကား ထိုကိစ္စအား

သူမ၏ မိခင်အား  မပြောလိုပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏မိခင်သည်ကစကားအလွန်များပြီး ဂရုမစိုက်မိဘဲ လျှို့ဝှက်ချက်များ  ပေါက်ကြားသွားနိုင်သည်ကို သူမ သိထားသည့်အတွက်ကြောင့် ဖြစ်သည်။

သို့သော် သူမအနေဖြင့် အခြားသူ တစ်ဦးဦးနှင့် ခံစားချက်များကို မျှဝေကာ စိတ်သက်သာရာရလိုသည့် အတွက်ကြောင့် မထိန်းနိုင်တော့ဘဲ လင်းကျန်းဖူအကြောင်းကို သူမ၏ အမေအား ပြောပြလိုက်သည်။

သူမ၏ အမေအား အသံတိုးရန်

မပြောရသေးမီမှာပင် သူမ၏ အမေက အော်ဟစ်လိုက်လေသည်။

  “ဘာလဲ!  ဒါကြီးက အရမ်းလွန်သွားပြီ!”

အမေတုန်၏ အော်သံမှာ စားပွဲရှိ

ကျန်သည့်လူများ၏  အာရုံကို ဆွဲဆောင်သွားမိပြီး တုန်လိလိ၏  မျက်နှာမှာလည်း ကြောက်လန့်သည့်အမူအရာသို့ ပြောင်းလဲသွားရသည်။

“အမေ!”

စားပွဲပေါ်ရှိ ကျန်သည့်လူများက သူမတို့သားအမိနှစ်ဦးအား ကြည့်လိုက်ကြကာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြလေသည်။

နောက်ဆုံး၌  ခေါင်းဆောင်ဟောင်း၏ ဇနီးဖြစ်သူက  မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

“ဘာမှမဟုတ်ပါဘူး ဒေါ်လေး!”

အမေတုန်မှာလည်း မတိုင်ခင်က သူမ၏ တုံ့ပြန်မှုမှာအလွန် များသွားကြောင်းကို သိလိုက်ကာ လျင်မြန်စွာဖြင့်  လက်ဝှေ့ယမ်းပြကာ အပြုံးနဲ့ ပြောလိုက်သည်။

သို့သော်  သူမ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူမက တစ်စုံတစ်ခုကို

ဖုံးကွယ်ထားသည်မှာ သိသာပေသည်။

စားပွဲရှိ လူများက သူတို့ထံတွင် တစ်ခုခု ဖြစ်ခဲ့ကြောင်း သေချာစွာဖြင့်အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။

သို့သော်လည်း  အမေတုန်မှ ထပ်မံ၍

ပြောရန် ဆန္ဒမရှိသည်ကို မြင်ရသည့်အတွက်သူတို့လည်း မမေးမြန်းကြတော့ပေ။

ခေါင်းဆောင်ဟောင်း၏ ဇနီးက ဆက်၍ ပြောလိုက်သည်။

“ငါတို့အားလုံးက မိသားစုတွေပဲ၊ တစ်ခုခုဆိုရင် စိတ်ထဲမှာ ဖုံးကွယ်နေစရာမလိုပါဘူး’

အမေတုန်က  ရယ်မောကာ ပြန်၍ ပြောလိုက်သည်။

“ဟားဟား..  တကယ်ဘာမှ မဖြစ်ပါဘူး၊ ဒေါ်လေး စိတ်မပူပါနဲ့”

သူမက ထိုသို့ပြောသည်ကို ကြားရသည့်အတွက် ခေါင်းဆောင်ဟောင်း၏ဇနီးလည်း ထပ်၍ မမေးတော့ပေ။

တုန်လိလိကတော့ ဤကိစ္စကို သူမ၏အမေမှ ယာယီ ဖြေရှင်းပေးလိုက်သော်လည်း  ဒေါသထွက်နေဆဲပင် ဖြစ်သည်။

သူမက သူမ၏ အမေအား  ပြောပြပြီးလျှင် စိတ်ခံစားချက် ပိုကောင်းလာလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုတွင်မူ  ပို၍ ဆိုးရွားကာ မွန်းကျပ်လုနီးပါး ဖြစ်နေလေပြီ။

အမေတုန်သည်လည်း မတိုင်ခင်က သူမ၏ တုံ့ပြန်မှုမှာ

အလွန်များသွားကြောင်း သိလိုက်သည့်အတွက်အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားရသည်။

သို့သော် သူမက လော်ပင်း၏ ဇနီးဟောင်း ရောက်လာသည်ကို စဉ်းစားမိလျှက် ဒေါသထွက်နေဆဲပင်ဖြစ်သည်။

“နင်က ဆက်ပြီး စားနေနိုင်တုန်းလား၊ သူတို့ကို ဘာလို့ အမြန်မမောင်းထုတ်သေးတာလဲ၊ မဟုတ်ရင် မကြာခင် ငါတို့နှစ်ယောက်စလုံး  မျက်နှာပျက်ရလိမ့်မယ်!”

သူမက အံကြိတ်ကာ တုန်လိလိကို ပြောလိုက်သည်။

တုန်လိလိကတော့ အေးဆေးစွာဖြင့်

နှာခေါင်းရှုံ့လိုက်သည်။

“ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး၊

လော်ပင်း သူ့ဘာသာသူ ဖြေရှင်းပါစေ၊ သူသာ သေသချာချာမဖြေရှင်းနိုင်ရင် သူနဲ့ ကျွန်မ ရှေ့ဆက်ဖို့ မလိုတော့ဘူး!”

အမေတုန် ဤသည်ကိုကြားသည့်အခါ၌ မည်သည့်စကားကိုမှ ပြောလာခြင်း မရှိတော့ပေ။

သူမအ‌နေဖြင့် လော်ပင်းအပေါ်   စိတ်ကျေနပ်မှုရှိမရှိဆိုသည်ကို ပြောရန်ခက်သည်။

သို့သော် နှစ်အတော်ကြာအောင် ရွေးချယ်ပြီးသည့်နောက်တွင် သူမ၏သမီးဖနစ်သူက နောက်ဆုံး၌  ပေါင်းသင်းရန် ဆန္ဒရှိသည့်သူတစ်ယောက်ကို တွေ့ခဲ့သည်။

အမေတစ်ယောက်အနေဖြင့် သူမ၏သမီးဖြစ်သူအား အလျင်မြန်ဆုံး အိမ်ထောင်ကျကာ ကလေး‌ရစေပြီး တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်သည်မှာ သဘာဝပင်ဖြစ်ပေသည်။

လော်ပင်း၏ အခြေအနေမှာလည်း   အတော်လေးပင် လက်ခံနိုင်စရာဖြစ်နေသေးသည်။

လော်ပင်း၏ အကြီးမားဆုံး အားနည်းချက်မှာ အိမ်ထောင်ကျဖူးခြင်းတစ်ခုတည်းသာ ဖြစ်ပေသည်။

သို့သော် သူမ၏ သမီးဖြစ်သူမှာ  လော်ပင်းအား ရွေးချယ်ပြီးဖြစ်နေသည့်အတွက်ကြောင့် သူမတို့ဇနီးမောင်နံအနေဖြင့် လော်ပင်းအား

လက်ခံရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့ဖြစ်၍ သူမသမီး၏ အနာဂတ်အတွက် သူတို့က လော်ပင်းအကြောင်းကို စကားစလာတိုင်း ချီးမွမ်း‌ပြောဆိုရသည်။

သို့မှသာ သူမ ကိုယ်တိုင်လည်း

မျက်နှာမပျက်ယွင်းဘဲ ရှိနေနိုင်မည် ဖြစ်သည်။

သို့သော်  သူမ၏သမီးမှ လော်ပင်းနှင့်

လမ်းခွဲလိုသည်ဆိုပါက သူမက လက်နှစ်ဖက်လုံးကို မြှောက်ကာ  ထောက်ခံပေလိမ့်မည်။

ယောက်ျားကောင်းများက ရှာရခက်သော်လည်း အပျိုစစ်စစ် မိန်းကလေးတစ်ဦးအတွက် ကောင်းမွန်သည့် ယောက်ျားလေးများကများစွာရှိသည်မဟုတ်ပါလား။

ထို့အပြင်  လော်ပင်းနှင့် ယခုတစ်ကြိမ် ဖြစ်သွားသည့် ကိစ္စပြီးသွားပါက သူမ၏သမီးလည်း ရုပ်ရည်ချောမောရုံလောက်က စားသောက်၍ မရကြောင်း ၊ ယုံကြည်စိတ်ချရသည့်သူတစ်ယောက်ကိုသာ ရှာရမည်ဖြစ်ကြောင်းကို နားလည်သွားမည်မှာ

သေချာပေသည်။

*

All Chapters