အခန်း (၁၆၁)
Vol. 17 Ch. 161
“ကောင်းပြီ၊ ဒါဆိုလည်း နင့်ဘာသာနင် စဉ်းစားပြီးလုပ်ပေါ့၊ ဒါပေမဲ့ နင့်ရဲ့ အဒေါ် နဲ့အဘွားတို့ကိုတော့
သူ့ကိစ္စတွေကို လုံးဝပြောပြလို့ မဖြစ်ဘူးနော်၊ ကြားလား?”
အမေတုန်က မျက်နှာကြီးခြင်းကိုသာ နှစ်သက်သည့်သူတစ်ယောက်ဖြစ်သည့်အပြင် ယနေ့တွင် ဆွေမျိုးများလည်း များစွာ ရှိနေသည့်အတွက်ကြောင့် နောင်အခါတွင် ဆွေမျိုးများကြား၌ ရယ်စရာမဖြစ်လိုပေ။
တုန်လိလိက စိတ်မရှည်စွာဖြင့် “အင်း’ ဟု ညည်းညူလိုက်သည်။
သူမနှင့် သူမ၏အမေစိတ်ကူးမှာ အတူတူပင်ဖြစ်ပေသည်။
လော်ပင်းသည်ကား ရုပ်ရည်ချောမောကာ သူမအား ကောင်းမွန်စွာ ဆက်ဆံသည်မှာ မှန်သော်လည်း နောက်ပိုင်း၌ သူမကို နောက်ကွယ်တွင် ဝေဖန်ခံရကာ ရယ်စရာဖြစ်မည်ကိုမူ လုံးလုံးလျားလျားပင် သူမ လက်မခံနိုင်ပေ။
လော်ပင်းက သူနှင့်သူ၏ဇနီးဟောင်းအကြောင်းကို မည်သူမှ
မသိကြောင်း၊ သူ၏ဇနီးဟောင်းကို မည်သူမှ မမြင်ဖူးကြောင်း၊ သူတို့ လက်ထပ်ပြီးလျှင်ပင် သူ ဒုတိယအိမ်ထောင်ပြုခြင်းဖြစ်သည်ကို မည်သူမှ သိမည်မဟုတ်ဟု သူမအား ကတိပေးခဲ့ဖူးသည်။
လော်ပင်းအနေဖြင့် ဤကိစ္စအား ဖြေရှင်းပေးနိုင်လျှင် ကောင်းပေလိမ့်မည်။
သို့မဟုတ်ပါက သူတို့နှစ်ဦးကြားတွင် အမှန်တကယ်ပင် ပြီးပြတ်သွားပေလိမ့်မည်။
ထိုအချိန်တွင် အိမ်ထဲမှ တုန်လိလိတို့ သားအမိနှစ်ဦးသာ စိတ်လှုပ်ရှားနေသည် မဟုတ်ဘဲ အပြင်ဘက်မှ လော်ပင်းသည်လည်း မည်သည့်အခါကမှ မကြုံဖူးသည့် ဒုက္ခနှင့် ရင်ဆိုင်နေရသကဲ့သို့ဖြစ်နေလေပြီ။
သူ့အနေဖြင့် လင်းကျန်းဖူနှင့်ကိစ္စအား သေချာပေါက် ဖြေရှင်းရလိမ့်မည်။ သူ့အနေဖြင့် လင်းကျန်းဖူနှင့် ဆက်ဆံရေးကို လူသိရှင်ကြား လုံးဝ မဖော်ထုတ်စေရဟု တုန်လိလိအား ပြောခဲ့သော်လည်း အမှန်တကယ်တွင် လော်ပင်းကိုယ်တိုင်လည်း သိပ်မသေချာဟု ခံစားနေရသည်။
လင်းကျန်းဖူ၌ ပြောဆိုနိုင်သည့် ပါးစပ်ရှိသည်။
သူမသာ တစ်ခုခု ပြောလိုပါက
မည်သူမှ တားဆီး၍ ရမည်မဟုတ်ပေ။
သူသည်လည်း ရှေ့ထွက်ကာ လင်းကျန်းဖူ၏ ပါးစပ်ကို သွားပိတ်လိုက်၍ မရနိုင်ပေ။
ဤသည်မှာ အမှန်တကယ်ပင် စိတ်ပျက်ဖွယ်ကိစ္စဖြစ်ပေသည်။
လော်ပင်းတစ်ယောက် ထိုကိစ္စအား
မည်သို့ ဖြေရှင်းရမည်ကို
မသိသည့်အတွက်ကြောင့် အိမ်ဝင်းထဲ၌ပင် ဆက်လက်နေခဲ့ပြီး ဧည့်ခန်းထဲရှိ အရာအားလုံးကို မြင်နိုင်သည့် ထောင့်တစ်နေရာကို ရှာကာ လင်းကျန်းဖူနှင့်တုန်လိလိတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
ကံကောင်းစွာဖြင့် သူ့အား
ခေတ္တမျှ စိတ်ချလက်ချဖြစ်စေသည်မှာ လင်းကျန်းဖူသည်က ထမင်းကိုသာ စားနေပြီး ပြဿနာရှာရန် ဆန္ဒရှိပုံမရပေ။
မကြာမီမှာပင် ဧည့်ခန်းထဲမှ လူအများစုမှာ ထမင်းစားပြီးသွားကြလေပြီ။ အိမ်ရှင်စားပွဲမှ ခေါင်းဆောင်ဟောင်းသည်လည်း ဆန်ခေါက်ဆွဲတစ်ပန်းကန်လုံးကို စားပြီးသွားလေပြီ။
ထို့နောက် သူ့အနေဖြင့် အစာစားချင်စိတ် ပြန်ပေါ်လာခဲ့ပြီး တခြားဟင်းများကိုလည်း တူနှင့် အနည်းငယ်စီကောက်စားကြည့်နေခဲ့သည်။
သူ စားကြည့်နေသည့်ပုံစံကိုကြည့်ကာ ဘေးနားမှ ဇနီးဖြစ်သူမှာ
မရယ်ဘဲ မနေနိုင်တော့ပေ။
သူမ၏ခင်ပွန်းဖြစ်သူ အစာစားချင်စိတ် ဤမျှကောင်းမွန်သည်ကို မမြင်ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဘေးနားမှ ကလေးများနှင့် ဆွေမျိုးများကလည်း သူတို့အကြိုက်ဆုံး ဟင်းပွဲများအကြောင်းကို ပြောဆိုနေခဲ့ကြသည်။
“ဒီဝက်ခြေထောက်ဟင်းက တကယ်ကောင်းတယ်၊ အဆီလည်း မများဘူး၊ အသားလည်း မမာဘူး၊ ကြာကြာ ချက်ထားတော့ နူးညံ့ပြီး စေးကပ်တယ်၊ အရသာလည်း ရှိတယ်!”
“ဒီအသားကင်လည်း ကောင်းတယ်၊ နူးညံ့ပြီး အသက်ကြီးသူတွေအတွက် သင့်တော်တယ်”
“အဲဒီ ပေါင်းထားတဲ့ဟင်းကလည်း အရသာ အရမ်းရှိတယ်!”
“ပြီးတော့ ဒါ...”
လူတိုင်းက စားပွဲပေါ်မှ ဟင်းပွဲများကို
လက်ညှိုးထိုးကာ အမျိုးမျိုး ချီးကျူးနေကြသည်။
ဟင်းပွဲအားလုံးနီးပါးကို ချီးကျူးကြသော်လည်း ကင်မ်ချီနှင့်၀က်သားဆန်ခေါက်ဆွဲအကြောင်းကိုမူ တစ်ခွန်းမျှ မပြောကြပေ။
၀က်သားဆန်ခေါက်ဆွဲသည်ကား
တခြားတန်ဖိုးကြီးမားသည့် အသားငါးဟင်းပွဲများနှင့် နှိုင်းယှဉ်လျှင် အရသာမှာ သာမန်ပင်ဖြစ်လိမ့်မည်။
ထို့အပြင် တစ်ပန်းကန်သာ ရှိသည့်အတွက် ခေါင်းဆောင်ဟောင်းသာ စားသောက်နိုင်ခဲ့သည်။
သူတို့ ချီးကျူးလိုလျှင်ပင်
မမြည်းကြည့်လိုက်ရသည့်အတွက် ချီးကျူး၍ မရနိုင်ပေ။
သို့သော် စဉ်းစားကြည့်လျှင်
သူတို့အားလုံးသည်ကား ၀က်သားခေါက်ဆွဲ၏ အရသာကို သိရှိထားပေသည်။ ထိုကဲ့သို့ စားသောက်ဖွယ်မျိုးက အသားဟင်းများနှင့်
လုံးလုံးလျားလျားပင် နှိုင်းယှဉ်၍ မရပေ။
ထို့ကြောင့် လူတိုင်းက ၀က်သားဆန်ခေါက်ဆွဲသည်က စားပွဲပေါ်တွင်ရှိသမျှ ဟင်းပွဲများအားလုံးထဲမှ မည်သည့်ဟင်းနှင့်မျှ နှိုင်းယှဉ်၍ မရဟု ခံစားရလေ၏။
စားဖိုမှူးစားပွဲမှ လူများသည်လည်း စားသောက်၍ပြီးလုနီးပါး ဖြစ်နေလေပြီ။ လူတိုင်းက စားပြီးကြသည့်အချိန်၌ ခေါင်းဆောင်ဟောင်းဘက်သို့ အလိုအလျောက် ကြည့်လိုက်ကြသည်။
ခေါင်းဆောင်ဟောင်း ကိုင်ထားသည့် တူက သူတို့ ချက်ထားသည့်
အစားအစာဘက်သို့ ရောက်သွားသည့်အချိန်တိုင်း သူတို့၏ မျက်နှာပေါ်၌ ဂုဏ်ယူသည့်အပြုံးများ
ပေါ်လာတတ်ကြသည်။
အထူးသဖြင့် တခြားလူများက သူတို့ချက်ပြုတ်ထားသည့် အစားအစာများအား ချီးကျူးသည်ကို ကြားရသည့်အခါ၌ ပို၍ပင် ပျော်ရွှင်နေကြပြီး
ဤစားဖိုမှူးအလုပ်သည်က သူတို့အတွက် သေချာနေပြီဟု ခံစားနေခဲ့ကြရသည်။
သို့သော် နောက်ဆုံးသော ဆုံးဖြတ်ချက်ချနိုင်သည့် အခွင့်အာဏာမှာ ခေါင်းဆောင်ဟောင်းထံ၌သာ ရှိပေသည်။
တခြားသူများက မည်သည့်ဟင်းလျာကို အရသာရှိသည်ဟု
ပြောနေစေကာမူ အိမ်ရှင်မှာ သူတို့မဟုတ်ဘဲ ခေါင်းဆောင်ဟောင်းဖြစ်နေသည့်အတွက်ကြောင့် သူတို့၏ ဟင်းပွဲများအား ခေါင်းဆောင်ဟောင်း စိတ်ကျေနပ်ရန် လိုအပ်ပေသည်။
ခေါင်းဆောင်ဟောင်းက စားပွဲပေါ်မှ ဟင်းပွဲများကို တခြားသူများ ချီးကျူးပြောဆို၍ ပြီးသွားသည့်အချိန်တွင် ရယ်မောကာ စကားစလိုက်သည်။
“ဒီနေ့ လာကြတဲ့ စားဖိုမှူးတွေ အားလုံးရဲ့ လက်ရာတွေက တကယ်ကိုကောင်းကြပါတယ်၊ ကျွန်တော် ဟင်းပွဲတိုင်းကို မြည်းစမ်းကြည့်ပြီးပါပြီ၊ အရသာက စွဲမက်စရာကောင်းလွန်းတယ်၊ ဒီဟင်းပွဲတွေထဲက အများစုကိုဆိုရင် မစားရတာ နှစ်အတော် ကြာနေခဲ့ပြီ၊
ဒီလိုနေ့သာမရှိရင် နောက်ထပ် ဘယ်အချိန်မှာမှ ဒီလိုမျိုး စုံစုံလင်လင် စားရဖို့ အခွင့်အရေး ရမလဲ မသိပါဘူး၊
ဟားဟားဟား... ဒါကြောင့် ဒီနေ့ ကျွန်တော့်အနေနဲ့ လာကူညီပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်”
ခေါင်းဆောင်ဟောင်း၏ စကားများမှာ အလွန်ပင် စေ့စပ်သေချာသည်ဟု ပြောနိုင်ပေသည်။ ဧည့်ခန်းထဲရှိ လူတိုင်းက သူ၏စကားများကို
ကြားသည့်အချိန်၌ ပျော်ရွှင်နေခဲ့ကြသည်။
သူတို့အနေဖြင့် ရွေးချယ်မခံရလျှင်ပင် စိတ်ချမ်းသာနေခဲ့ကြပြီ ဖြစ်ပေသည်။
သို့သော် ခေါင်းဆောင်ဟောင်းမှ မည်သည့်ဟင်းပွဲကို အကြိုက်ဆုံးဖြစ်ပြီး မည်သည့်စားဖိုမှူးက ချက်ပြုတ်သည်ကို ရွေးချယ်သည်ဖြစ်ကြောင်းကို
မပြောမီအထိ သူတို့က အလျှော့မပေးကြသေးပေ။
လီကျင်းခမ်း၊ ချန်ဝမ်နှင့် အခြားသူများကလည်း အလွန်ပင် စိုးရိမ်ကာ စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူတို့ အကြံပြုထားသည့် စားဖိုမှူးသာ ခေါင်းဆောင်ဟောင်း၏ နှစ်သက်မှုကို ရရှိလျှင် သူတို့သည်လည်း ဂုဏ်ယူရမည်ဖြစ်သည်မဟုတ်ပါလား။
နောက်ဆုံး၌ လူတိုင်း၏ အာရုံစူးစိုက်မှုအောက်တွင် ခေါင်းဆောင်ဟောင်းက သူအကြိုက်ဆုံး ဟင်းပွဲကို ဖော်ထုတ်ပြောဆိုလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က စည်းစိမ်ဥစ္စာကြီးကြီးမားမားနဲ့ မမွေးဖွားလာခဲ့လို့ ထင်ပါတယ်၊ စားပွဲပေါ်မှာ
ငါးဟင်းတွေ၊ အသားဟင်းတွေ အများကြီးနဲ့ ဟင်းသီးဟင်းရွက်တွေလည်း အများကြီးရှိပေမယ့် ကျွန်တော် ကြိုက်တာကတော့ ဒီ ကင်မ်ချီ၀က်သားဆန်ခေါက်ဆွဲပဲ ဖြစ်နေခဲ့တယ်၊
ဒီဆန်ခေါက်ဆွဲရဲ့ အရသာက ကျွန်တော် ကလေးဘဝတုန်းက အိမ်မှာ စားခဲ့တဲ့အတိုင်းပဲ!”
ကင်မ်ချီ၀က်သားဆန်ခေါက်ဆွဲတဲ့လား?
ခေါင်းဆောင်ဟောင်း၏ အကြိုက်နှစ်သက်ဆုံးဟင်းလျာမှာ စားပွဲပေါ်ရှိ တခြားအသားဟင်းပွဲများမဟုတ်ဘဲ သာမန် ကင်မ်ချီ ၀က်သားဆန်ခေါက်ဆွဲသာ ဖြစ်နေပေသည်။
ခဏတာအတွင်း၌ ဤစကားကိုကြားရသည့်လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
စားဖိုမှူးများသည်လည့် မျက်နှာပေါ်၌ တုန်လှုပ်မှုများ အပြည့်ဖြင့် ဖြစ်သွားကြကာ အလိုအလျောက်ပင် လင်းရန်နှင့် လင်းကျန်းဖူဘက်သို့ ကြည့်လိုက်ကြသည်။
သူတို့အားလုံးက မည်သူက
မည်သည့်ဟင်းချက်သည်ကို သိထားမှတ်ခားခဲ့ကြသည်။
လင်းရန်နှင့် လင်းကျန်းဖူတို့က နောက်ဆုံးအချိန်မှသာ ရောက်လာကြခြင်းဖြစ်ပေသည်။
သူတို့ ကင်မ်ချီ၀က်သားဆန်ခေါက်ဆွဲ ချက်ပြုတ်သည့်အချိန်တွင် လူတိုင်းက အနားယူနေခဲ့ကြလေပြီ။
ထို့ကြောင့် ဤဆန်ခေါက်ဆွဲအား လင်းရန်တို့နှစ်ဦး ချက်ပြုတ်ထားကြောင်းကို လူတိုင်းသိထားခဲ့ပေသည်။
သို့သော် ထိုအချိန်က သူတို့အနေဖြင့်
ဤ၀က်သားခေါက်ဆွဲကို အလေးအနက် မထားခဲ့ကြပေ။
လူတိုင်းက သူတို့၏ လက်ရွေးစဥ် ကကိုယ်ပိုင်အမှတ်တံဆိပ်ဟင်းလျာများကို ချက်ပြုတ်ပေးချိန်တွင် သူမက သရေစာကဲ့သို့ အစားအစာများ ချက်ပြုတ်ယူလာခဲ့သည့်အတွက် ဆော့ကစားဖို့ရောက်လာသည်လား ဟူ၍ပင် တွေးမိခဲ့ကြသည်။
သို့သော် မထင်မှတ်ဘဲ သူတို့ အလေးအနက် မထားဆုံးဖြစ်သည့် ၀က်သားဆန်ခေါက်ဆွဲသည်က ခေါင်းဆောင်ဟောင်း၏ အကြိုက်နှစ်သက်ဆုံး အစားအစာဖြစ်သွားခဲ့သည်။
မည်သူက ဤသည်ကို တွေးခဲ့မိမည်နည်း။
လင်းရန်လည်း ထိုစကားကို ကြားရသည့်အခါ၌ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဤအလုပ်က သေချာပြီဟုလည်း ခံစားလိုက်ရသည်။
သူတို့ စားသောက်နေစဉ်က
လင်းရန်အနေဖြင့် ခေါင်းဆောင်ဟောင်းဘက်သို့ အထူးဂရုစိုက်ကာ ကြည့်နေခဲ့သည်။
ခေါင်းဆောင်ဟောင်းသည်က သူမချက်ပြုတ်ထားသည့် ၀က်သားဆန်ခေါက်ဆွဲတစ်ပန်းကန်လုံးကို ခဏတာအတွင်း၌ စားသွားသည်ကို သူမ မြင်ခဲ့ရသည်။
ဟင်းရည်ကိုပင် အကြိမ်များစွာ
သောက်သည့်အတွက်ကြောင့် ဤခေါင်းဆောင်ဟောင်းက ဆန်ခေါက်ဆွဲအား အမှန်တကယ်ပင် စိတ်ကျေနပ်မှုရှိသည်ကို သူမ သိခဲ့ရသည်။
သို့သော် မည်မျှလောက်အထိ စိတ်ကျေနပ်မှုရှိသည်ကိုမူ သူမ သေချာစွာ မသိပေ။
နောက်ပိုင်းတွင် ခေါင်းဆောင်ဟောင်းမှ အခြားဟင်းပွဲများအား အနည်းငယ်မျှသာ စားသည်ကို မြင်သည့်အခါမှသာ သူမ သေချာသိသွားခဲ့သည်။
စားဖိုမှူးများမှလွဲလျှင် အအံ့ဩဆုံးသူများမှာ ချန်ဝမ်နှင့်လီကျင်းခမ်းတို့ပင်ဖြစ်သည်။
သူတို့သည်ကား လင်းရန်၏ လက်ရာအား အလွန်ပင် အကောင်းမြင်ခဲ့ကြသော်လည်း အသားဟင်းပွဲများအပြည့်ရှိနေသည့် စားပွဲပေါ်၌ လင်းရန်၏ တစ်မျိုးတည်းသော ၀က်သားဆန်ခေါက်ဆွဲအား မြင်သည့်အခါတွင် မယုံကြည်နိုင်ဖြစ်ခဲ့ကြရသည်။
သို့သော် ဤတစ်ကြိမ်တွင်လည်း လင်းရန်က သူတို့အား ထပ်မံ၍ အံ့အားသင့်စရာ ပေးခဲ့ပြန်လေသည်။
“ဒီဆန်ခေါက်ဆွဲပန်းကန်က ကျွန်တော့်အတွက်တော့ စားပွဲပေါ်က တခြားဟင်းပွဲတွေထက် ပိုပြီး အရသာရှိပါတယ်၊
ဘာလို့လဲဆိုတော့ ဒီအစားအစာက
ကျွန်တော့်ရဲ့မွေးရပ်မြေကို ပြန်ပြီးအမှတ်ရစေလို့ပါ...”
ခေါင်းဆောင်ဟောင်းသည်ကား
စိတ်ခံစားမှုပြင်းပြသူ မဟုတ်သော်လည်း မွေးရပ်မြေမှ သူခွဲခွာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။
သူ၏မွေးရပ်မြေမှာလည်း ပြောင်းလဲသွားပြီဖြစ်ကာ မည်သည့်အချိန်အခါတွင်မှ ပြန်မသွားနိုင်တော့ပါချေ။
ထို့ကြောင့် ဤဆန်ခေါက်ဆွဲအား
စားပြီးသည့်နောက်တွင် စိတ်ခံစားချက်များစွာ ပေါ်လာခြင်းဖြစ်သည်။
သူ၏ရှင်းပြချက်အား အခြားသူများ
မည်မျှပင် မယုံကြည်စေကာမူ
သူတို့အနေဖြင့် မည်သို့မှ မပြောနိုင်ပေ။
ရွှေစံအိမ်၊ ငွေစံအိမ်သည်
ကိုယ့်အိမ်ဟောင်းလောက် မကောင်းဟူသည့် စကားပုံကဲ့သို့ပင် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဟင်းလျာများပင်လျှင် မိမိ၏မွေးရပ်မြေရှိ ဟင်းလျာ အရသာနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
မည်သို့ပင်ဖြစ်စေ မွေးရပ်မြေအား
လွမ်းဆွတ်သတိရခြင်းမှာ
ကာယကံရှင်မှလွဲ၍ မည်သူမှ မခံစားနိုင်သည့် အရာပင် ဖြစ်ပေသည်။
တခြားစားဖိုမှူးများကလည်း ဤအချက်အပြုတ်၌ သူတို့ ရှုံးနိမ့်သည်ကို လက်ခံလိုက်ကြသည်။
*