← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

လော်ပင်းသည်ကား အိမ်ထောင်ကျနေစဉ်အတွင်း လင်းကျန်းဖူအပေါ် ဤမျှလောက် ကောင်းခဲ့သည်ဆိုပါက သူတို့ ကွာရှင်းခဲ့ရသည့် အကြောင်းရင်းတစ်ခုက ရှိကို ရှိရလိမ့်မည် ဖြစ်သည်။

ထို့အပြင် ဤအခြေအနေအရ ပြောနေသည်မှာ လော်ပင်း၏

အပြစ်မဟုတ်ပါက လင်းကျန်းဖူ၌သာ ပြဿနာရှိနေသည်ဟု  ဆိုလိုသည်မဟုတ်ပါလား။

တစ်ခဏတာအတွင်း၌ အနီးနားမှ လူများက လင်းကျန်းဖူကို ကြည့်လိုက်ကြကာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။

လင်းရန်က မျက်လုံးများကို အနည်းငယ်မှိတ်ကာ လော်ပင်းသည် မည်သည့်လူစားမျိုးဆိုသည်ကို ပို၍ လက်တွေ့ကျကျ နားလည်သွားသည်။

လော်ပင်းသည်ကား အတိတ်မှ ချစ်ခင်မှုကို သတိရခြင်းမရှိရုံသာမက မှားယွင်းမှုနှင့် မှန်ကန်မှုကို ရှုပ်ထွေးအောင် လုပ်နိုင်သူလည်း ဖြစ်ပုံရသည်ဟု လင်းရန် တွေးလိုက်သည်။

ယခုအချိန်၌  သူသည်က မည်မျှ သဘောထားကြီးကြောင်း

၊ သူ၏ ဇနီးဟောင်းအပေါ် မည်မျှ ကောင်းခဲ့ကြောင်းကိုသာ  ပြောဆိုနေသည်။

သို့သော် လော်ပင်းက သူမ၏ ဒေါ်လေးအား လက်ထပ်ရန် လာရောက် တောင်းရမ်းသည့်အခါ၌  လင်းကျန်းဖူအပေါ် ကောင်းမွန်စွာဆက်ဆံပေးပါမည်ဟု  ကတိပေးခဲ့သည်။

သို့သော် နောက်ပိုင်း၌ ထိုစကားများမှာ ကတိတစ်ခုထက်မပို‌ခဲ့ပေ။

 ယခု သူသည် အဘယ်ကြောင့်

က်ုယ့်ကိုကိုယ်  ဂုဏ်ယူရန် သတ္တိရှိနေရသနည်း။

ထိုအကြောင်းကို  တွေးလိုက်သည့်အခါ၌ လင်းရန်သည် ပို၍ လှောင်ပြောင် ပြုံးပြလိုက်သည်။

“ဦးလေးလော်၊ ကျွန်မ အခု အတော်လေး ရယ်စရာကောင်းတာ တစ်ခုခုကို ရုတ်တရက်  သတိရသွားလို့ပါ၊

ဦးလေးရဲ့ တုံ့ပြန်မှုကအရမ်းကြောက်စရာကောင်းတာပဲ၊

ကျွန်မရဲ့ ဒေါ်လေးက ဦးလေးနဲ့ ဘာလို့ ကွာရှင်းချင်တာလည်းဆိုတာ အံ့သြစရာမရှိတော့ပါဘူး၊

ဦးလေး အရမ်းဒေါသမထွက်တာ ပိုကောင်းပါလိမ့်မယ်၊အရမ်းကြောက်စရာကောင်းတယ်”

“ပြီးတော့ ကျွန်မ  နားလည်သလောက်ဆိုရင် လက်ထပ်တဲ့အခါမှာ ခင်ပွန်းနဲ့ ဇနီးကြားမှာ အချင်းချင်း ကူညီဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ဆိုတာ အခြေခံလိုအပ်ချက် မဟုတ်ဘူးလား၊

ဦးလေးက ကျွန်မရဲ့ ဒေါ်လေးအပေါ်

ကောင်းတယ်လို့ ပြောနေတယ်၊

ကျွန်မရဲ့ ဒေါ်လေးကလည်း ဦးလေးအပေါ် မဆိုးပါဘူး၊ သူမက ဦးလေးကို နာကျင်စေမယ့် တစ်ခုခုကို လုပ်ခဲ့တာမျိုးက ရှိနေခဲ့လို့လား”

လင်းရန်သည်က သူမ၏ မျက်လုံးများကို ခဏတာမှေးကျဥ်းလိုက်ပြီးနောက် စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် လော်ပင်းအား ကြည့်လိုက်သည်။

လော်ပင်းသည်ကား  ပြန်၍ ပြောလိုသော်လည်း လင်းရန်ကြောင့် အံ့အားသင့်ကာ စကားမပြောနိုင်ဖြစ်နေခဲ့ရသည်။

လင်းကျန်းဖူသည်က သူ့အား လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး သူမက သူ့အပေါ်၌ အမှန်တကယ်ပင် ကြင်နာခဲ့သည်။ 

ခင်ပွန်းနှင့် ဇနီးသည်တို့ အချင်းချင်း လေးစားချစ်ခင်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ သူသည်ကား မည်သို့ပင်ဖြစ်နေစေကာမူ ဤအချက်အား  ငြင်းပယ်၍ မရကြောင်း သိနေပေသည်။

သူသည်ကား မူလက လင်းကျန်းဖူ၏

အတိတ်မှ ဆက်ဆံရေးအပေါ် ဂရုစိုက်သည့် စိတ်ထားအရ သူမသည် သူ့အား ဤကိစ္စကို  ဆက်၍ ထုတ်ဖော်မည်မဟုတ်လောက်တော့ဟု  ထင်ခဲ့သည်။

ထို့အပြင် အခြေအနေအလုံးစုံသည်က သူ၏ လက်ခုပ်ထဲ၌သာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော် ရုတ်တရက် လင်းရန်ဟူသည့် အသံကျယ်ကျယ်နှင့် ပါးနပ်သည့် ကောင်မလေးတစ်ဦး ၀င်ပါလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။

ထို့ကြောင့် လော်ပင်းမှာ အနည်းငယ် အေးစက်သောအကြည့်ဖြင့် လင်းရန်ကို ကြည့်လိုက်သည်။

“ဒီမှာ  ဒါက ငါနဲ့ မင်းဒေါ်လေးကြားက ကိစ္စပဲ၊  ဒီကိစ္စကို မင်းလို အငယ်တစ်ယောက်က ဝင်မစွက်ဖက်တာ ပိုကောင်းလိမ့်မယ်”

လင်းရန် ပြန်၍ ဖြေရန်  စဉ်းစားနေစဉ်မှာပင် သူမ၏ ဘေးမှ တိတ်ဆိတ်နေသည့် လင်းကျန်းဖူသည်လည်စ မနေနိုင်တော့ပေ။

လင်းကျန်းဖူသည်ကား မတိုင်ခင်က လော်ပင်း  ပြောခဲ့သည့်စကားများကို

လျစ်လျူရှုနိုင်သော်လည်း သူမ၏တူမဖြစ်သူ လင်းရန်အား

လော်ပင်းမှ ပြောဆိုလာသည့်အတွက် သူမ သည်းမခံနိုင်တော့ပေ။

“တော်လောက်ပြီ၊ လော်ပင်း

အဲဒီအဓိပ္ပာယ်မရှိတဲ့ စကားတွေ ဆက်မပြောနဲ့တော့၊

နင်နဲ့ငါ့ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့နှစ်ယောက်လုံး သိပါတယ်၊

ခုနတုန်းကတော့ ငါ နင့်ကို မြင်တဲ့အချိန်မှာ ဘာမှပြောဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး၊

ငါ့ရဲ့စိတ်ထားကိုလည်း နင်သိပါတယ်၊ အတိတ်က ကိစ္စတွေက ပြီးဆုံးသွားပြီ၊

ငါ ဆက်ပြီး အစပြန်မဖော်ချင်ခဲ့ဘူး၊

ဒါပေမဲ့ ငါ့ကို အခုလိုပြောထွက်ဖို့

ဘယ်သူက အတင်းအကြပ်  တောင်းဆိုခဲ့တာလဲ”

ထိုသို့ ပြောလိုက်သည့်အခါ

လူတိုင်းက  တုန်လိလိဘက်သို့ ကြည့်လိုက်ကြသည်။

တုန်လိလိမှာ ဤသည်ကို သတိထားမိပြီး မူးမေ့လဲကျလုနီးပါး ဖြစ်သွားသည်။

“လင်းကျန်းဖူ!”

သို့သော် လင်းကျန်းဖူသည်

တုန်လိလိအား လျစ်လျူရှုပြီး

လော်ပင်အးား ဆက်၍ကြည့်ကာ ပြောလိုက်သည်။

“နင့်ဘက်က အရင်စခဲ့တာမို့

အတိတ်က ဆက်ဆံရေးကို မငဲ့ညှာဘူး၊ နင့်ရဲ့မျက်နှာမထောက်ဘူးလို့တော့ ငါ့ကို မပြောနဲ့၊

နင် ငါ့ကို လက်ထပ်တဲ့အချိန်တုန်းက

နင် ငါ့အပေါ် မကောင်းတာတွေ မလုပ်ပါဘူး၊ အသက်ရှင်သရွေ့ ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ပါ့လို့ နင်ပဲ အမျိုးမျိုး ကတိပေးခဲ့တာမဟုတ်ဘူးလား၊

ဒါပေမဲ့ နင် ကတိ တည်ခဲ့သလား?

လက်ထပ်ပြီးနောက်ပိုင်း

ငါက နေ့ဘက်မှာ အလုပ်သွားရတယ်၊ ညနေ အလုပ်ဆင်းပြီးရင်

နင့်အတွက် အဝတ်လျှော်၊ ဟင်းချက်ရတယ်၊ ပဲငံပြာရည်ဘူးလေး

ပြုတ်ကျရင်တောင် နင် မကူညီပေးဘူး၊

ဒါပေမဲ့ ငါ နင့်ကို ဘာမှ မပြောခဲ့ပါဘူး၊ ဘာပဲဖြစ်ဖြစ် နင့်အဖေက ငါ့အတွက် အလုပ်ရှာပေးခဲ့တာပဲလေ၊

နင့်မိဘတွေရဲ့ စကားအရဆို

ငါ နင့်ကို လက်ထပ်ခွင့်ရတာက

ငါကံကောင်းလို့တဲ့၊

အရာရာတိုင်းကို ငါ့အတွက် ပြင်ဆင်ထားတယ်တဲ့၊ ဒါပေမဲ့ ငါက အလုပ်လုပ်ရတဲ့သူ ဖြစ်နေတယ်၊

ငါ့ရဲ့လစာက အလုပ်ရုံကနေရပြီးတော့၊ ငါ့ရဲ့ဝင်ငွေအများစုကို ငါတို့ရဲ့ အိမ်လေးအတွက် အသုံးစရိတ်၊ အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေ ဝယ်ဖို့ သုံးစွဲရတယ်၊ ဒီအကြောင်းကိုရော  နင် ဘာလို့ မပြောရတာလဲ”

“ပိုပြီး ရယ်စရာကောင်းတာက၊ ဒီလိုအခြေအနေမျိုးမှာတောင် နင့်မိဘတွေက ငါက နင့်အတွက် မလုံလောက်သေးဘူးလို့ ထင်နေတုန်းပဲ၊

သူတို့ ငါ့ကို အဲ့လောက်တောင် သဘောမကျဘူးဆိုရင် ငါတို့ လက်ထပ်တာကို

အစကတည်းက သဘောမတူသင့်ဘူးလေ!”

လင်းကျန်းဖူသည် ပြောနေရင်း

ပို၍ ဒေါသထွက်လာသည်။

သူမသည် ပို၍

ထိန်းချုပ်မရတော့သကဲ့သို့

ဖြစ်လာပြီး နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဝမ်းနည်းမှုနှင့် ဒေါသများအားလုံးကို ဖော်ထုတ်လိုက်သည်။

“ဘယ်လို သားမက်မျိုးကများ

ပိတ်ရက်တွေမှာ သူ့ဇနီးနဲ့အတူ ယောက္ခမကို တွေ့ဖို့ အိမ်ကို ပြန်မသွားနိုင်တာလဲ၊ နင် ပြောကြည့်ပါဦး၊

ငါ နင့်ကို လက်ထပ်ခဲ့တာ ဆယ်နှစ်နီးပါး ရှိနေပြီ၊ နင် ငါ့မိဘတွေကို တွေ့ဖို့ ငါ့အိမ်ကို ဘယ်နှစ်ခေါက် သွားသလဲဆိုတာကို လက်ချိုးရေလို့ရတယ်၊

ငါက အဲဒီကိစ္စကို ပြောလိုက်တိုင်း

နင်က ငါ့ရဲ့အိမ်က နီးလို့ ဂရုစိုက်ဖို့ မလိုဘူးလို့ ပြောတယ်၊

ဒါပေမဲ့ နင် ငါနဲ့အတူ ပုံမှန် သွားလေ့ရှိလို့လား၊ နင်မသွားခဲ့ဘူး၊

နင်က ငါ့မိသားစုဝင်တွေကိုတောင် အသိအမှတ်မပြုဘူး၊

တကယ်တော့ နင့်စိတ်ထဲမှာ

နင်က နင့်မိဘတွေလိုပဲ ငါတို့အပေါ် အထင်သေးတယ်၊ နင့်မိဘတွေက ငါတို့မိသာ့စုရဲ့ လယ်သမားဘဝကို မကောင်းပြောတာကို လက်ခံထားတယ်”

တောင်သူလယ်သမားများကို အထင်သေးခြင်းသည် ယနေ့ခေတ်၌ ကိစ္စကြီး ဖြစ်သည်။

လူအများအပြားက သူတို့၏စိတ်ထဲ၌

တောင်သူလယ်သမားများအား  အထင်သေးမှု ရှိနိုင်သော်ငြားလည်း

လူများ၏ ရှေ့၌  မပြောရဲကြပေ။

အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်ပြောလိုက်ပါက အဆင့်အတန်းအလွှာခွဲခြားမှုအထိ ရောက်သွားပြီး ပြဿကြီးတစ်ခု ဖြစ်သွားသည့်အတွက်ကြောင့် ဖြစ်သည်။

ထိုစကားကို  ကြားလိုက်ရသည့်အခါ၌ လော်ပင်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

“လင်း.. လင်းကျန်းဖူ၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ငါတို့မိသားစုက နင့်ကို ဘယ်တုန်းက အထင်သေးဖူးလို့လဲ”

လော်ပင်း  ထိတ်လန့်သွားသည်ကို မြင်သည့်အခါ၌ လင်းကျန်းဖူ ပို၍ စိတ်ကျေနပ်သွားသည်။

“ငါ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ဘူး၊ နင်က စိတ်ထဲကနေ သိပြီး ပြောဖို့ သတ္တိမရှိတာပဲ၊

နင်နဲ့ပတ်သက်ပြီး ငါ့ကို

အတော်ကြီးစိတ်ပျက်စေတဲ့အကြောင်းရင်းကတော့

ငါတို့ မကွာရှင်းခင်ကတည်းက

နင်က တုန်လိလိနဲ့  အဆက်အသွယ်ရှိခဲ့တာပဲ၊

လော်ပင်း၊ လော်ပင်း၊

အဲဒီအချိန်မှာ ငါက နင့်ကို ယောက်ျားနဲ့မိန်းမကြားက ဆက်ဆံရေးရှိတယ်ဆိုပြီး အလုပ်မှာ သွားစွပ်စွဲခဲ့ရင်

နင့်ရဲ့ ကျန်တဲ့ဘဝက ပျက်စီးသွားလိမ့်မယ်ဆိုတာကို နင် သိရဲ့လား၊

ဒါပေမဲ့ငါတို့ လင်းမိသားစုက ကြင်နာတတ်ပြီး တခြားသူတွေကို ဒုက္ခရောက်အောင် လုပ်တတ်တဲ့ အကျင့်မရှိဘူး၊

ဒါကြောင့် ငါက နင်နဲ့ ရိုးရိုးရှင်းရှင်းကွာရှင်းဖို့ကိုပဲ ဆုံးဖြတ်ခဲ့တာ၊

ငါတို့က ဒီကိစ္စကို ဒီအတိုင်းလေးပဲ ပြီးသွားဖို့ ရည်ရွယ်ထားခဲ့တာ၊

ဒါပေမဲ့ အခု နင်က ပြတ်ပြတ်သားသားဖြစ်ချင်နေမှတော့

ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်ကြတာပေါ့”

ဘာ!

လူတိုင်းသည်ကား လော်ပင်းမှ လင်းကျန်းဖူအား ယခင်က လက်ထပ်ခဲ့ဖူးသည်မှာ အဲ့ဩစရာကောင်းသည်ဟု ထင်ခဲ့ကြသည်။

  မမျှော်လင့်ဘဲ သူတို့အား ပို၍

အံ့အားသင့်စေသည့်အရာများက နောက်ပိုင်း၌ ပေါ်ထွက်လာသည့် ကိစ္စများဖြစ်နေခဲ့သည်။

လော်ပင်းသည်ကား တုန်လိလိနှင့်

အဆက်အသွယ်ရှိခဲ့စဥ်က သူ၏ ဇနီးဟောင်း လင်းကျန်းဖူနှင့် မကွာရှင်းရသေးဟု ဆိုလာခဲ့သည်လား။

ဘုရားရေ!

ဒါကိုတော့ အမှန်တကယ််ကြီး ယောက်ျားနှင့်မိန်းမကြားမှ ဖောက်လွဲဖောက်ပြန်ဖြစ်နေသော ဆက်ဆံရေးဟု ယူဆနိုင်ပေသည်။

ကံကောင်းသည်မှာ

လင်းကျန်းဖူသည်က ထိုကိစ္စအား အစီရင်မခံခဲ့ပေ။ သို့မဟုတ်ပါက လော်ပင်းသာမက တုန်လိလိပါ သေချာပေါက် ပတ်သက်ခြင်းခံရမည်ဖြစ်သည်။

ယနေ့ခေတ်တွင် ယောက်ျားနှင့်မိန်းမကြားမှ ဆက်ဆံရေးအား စစ်ဆေးရာ၌ အလွန်တင်းကျပ်သည်။ ယခင်က စုံတွဲများစွာက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမတွင်ရှိသည့် တည်းခိုခန်းများ၌ အတူတကွ သွားနေခဲ့ကြသော်လည်း

သူတို့၏ အိမ်ထောင်ရေးလက်မှတ်ကို မေ့သွားသည့်အတွက်ကြောင့် ဖမ်းဆီးခံခဲ့ကြရသည်။

လက်မှတ်ယူထားသည့် စုံတွဲများပင် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့နိုင်သေးသည်။ လော်ပင်းနှင့်တုန်လိလိကဲ့သို့ သူများသာဆိုပါက

ပြောနေရန်ပင် မလိုအပ်တော့ပေ။

ကျန်သည့်လူများသာမက အမေတုန်သည်ပင်လျှင်  မနေနိုင်တော့ဘဲ ချွေးအေးများ ထွက်လာခဲ့သည်။

“လော်ပင်း၊ ဒါက ဘယ်လိုဖြစ်တာလဲ? မိတ်ဆက်ပေးတဲ့သူက မင်း ကွာရှင်းထားပြီးသားလို့ မပြောခဲ့ဘူးလား”

“ကျွန်တော်.......”

လော်ပင်းတစ်ယောက် လင်းကျန်းဖူမှ အမှန်တကယ်ပင် ရက်စက်ကာ

အရာအားလုံးကို တစ်ပြိုင်နက်တည်း ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တစ်ခဏတာအတွင်း၌

သူ မည်ကဲ့သို့ ရှင်းပြရမည်မှန်းမသိဖြစ်နေခဲ့သည်။ သူ၏ စိတ်ထဲ၌ ပို၍  စိုးရိမ်လာလေလေ၊ သူ့၏  အတွေးအခေါ်များကပို၍ နှေးကွေးလာရလေလေ ဖြစ်နေခဲ့သည်။

လော်ပင်းမှ ကျိုးကြောင်းဆီလျော်သည့် ရှင်းပြချက် မပေးနိုင်သည်ကို

မြင်သည့်အခါ၌  တုန်အမေမှာ

နားမလည်နိုင်တော့ပေ။

သူတို့သည် လော်ပင်း၏ မိသားစုမှ

ယခင်က သူတို့အား လှည့်ဖြားခဲ့ကြသည်ဟု ယုံကြည်လိုက်ကြသည်။

“ကောင်းပြီ၊ လော်ပင်း!  နင်က ငါတို့မိသားစုကို လိမ်ခဲ့တာပဲ၊ နင် အရမ်းတွေ သတ္တိရှိနေပါလား!”

All Chapters