← Chapters

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

Vol. 17 Ch. 166

“နင့်လို ကပ်ဆိုးက ဘာကြောင့် ငါ့သမီးဆီ ရောက်လာရတာလဲ!”

အမေတုန်သည်ကား ထိန်းမရနိုင်လောက်အောင် ဒေါသထွက်စွာဖြင့် လော်ပင်းအား ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။

လော်ပင်းမှာ ပြန်လည်တုံ့ပြန်ရန် သတ္တိမရှိခဲ့ပေ။

လော်ပင်းက သူ့လက်ကိုသာ တင်းတင်းဆုပ်ကာ ပြောလိုက်သည်။

“အဒေါ်၊ ကျွန်တော်ရှင်းပြတာကို

နားထောင်ပါဦး၊ ဒီကိစ္စတွေက အဒေါ်ထင်သလို မဟုတ်ပါဘူး!”

“အဲဒါဆို ရှင်းပြလေ! လော်ပင်း၊ နင် ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ကို ပေးတာ ပိုကောင်းလိမ့်မယ်!”

ထိုသို့ ပြောလိုက်သည့်သူမှာ

အမေတုန် မဟုတ်ဘဲ ထိုသတင်းကြောင့် တုန်လှုပ်နေသည့် တုန်လိလိ သာဖြစ်သည်။

လော်ပင်းသည်က ဤကဲ့သို့သော ကိစ္စမျိုးကို သူမအား ဖုံးကွယ်ထားလိမ့်မည်ဟု မည်သည့်အခါကမှ သူမ မမျှော်လင့်ထားခဲ့ပေ။

လော်ပင်းနှင့် သူမတို့ တွေ့ခဲ့ကြခြင်းမှာ သူတို့မိသားစုနှစ်ခုကြားက ရင်းနှီးသည့်သူတစ်ဦးမှ မိတ်ဆက်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုသူသည်ကား လော်ပင်း၏ အခြေခံအကြောင်းအရာများကိုသာ

မိတ်ဆက်ပေးခဲ့ပြီး သူမနှင့်

သင့်တော်သည့်သူ ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

နောက်ပိုင်း၌ သူမ၏အမေမှ

ဤအကြောင်းကို ကြားသည့်အခါ၌

သူမ၏အိမ်ထောင်ရေးကို စိုးရိမ်သည့်အတွက်ကြောင့် ချက်ချင်းပင် သဘောတူခဲ့ပြီးနောက်

သူမအား လော်ပင်းနှင့် တွေ့ဆုံရန် ခေါ်သွားခဲ့လေသည်။

သူတို့ တွေ့ဆုံပြီးသည့်နောက်၌

တုန်လိလိသည်က လော်ပင်းအား

အမှန်တကယ်ပင် အလွန်စိတ်ကျေနပ်ခဲ့သည်။

နောက်ပိုင်းတွင် သူတို့နှစ်ယောက် စတင်ဆက်သွယ်လာခဲ့ကြပြီး ချိန်းတွေ့ခြင်းစသဖြင့် လုပ်ဆောင်ကာ ဆက်ဆံရေးကို အတည်ပြုခဲ့ကြသည်။

သို့သော်လည်း ဆက်ဆံရေးကို အတည်ပြုခဲ့သည့် ကာလအတွင်း၌ လော်ပင်းက သူ၏ယခင်က အိမ်ထောင်ရေးအကြောင်းကို မဖုံးကွယ်ခဲ့ဘဲ တုန်လိလိကို ပြောပြခဲ့သည်။

တုန်လိလိမှာ အစပိုင်း၌ ပျော်ရွှင်မှုမရှိခဲ့ပေ။

သို့သော် ထိုအချိန်၌ သူမသည်ကား လော်ပင်းအား ချစ်မိနေခဲ့ပြီဖြစ်သည်။ ထို့အပြင်

တစ်ဖက်လူသည်က သူ၏ဇနီးဟောင်းနှင့် မည်သည့်ပတ်သက်မှုမှ မရှိတော့သည့်အပြင်  ခံစားချက်လည်း မရှိတော့ဟု ပြောခဲ့သည်။

ယခု လော်ပင်း၏စိတ်ထဲ၌ သူမ တစ်ယောက်တည်းသာ ရှိတော့သည်ဟု အလေးအနက်ပြောခဲ့သည်။

ထို့ကြောင့် တုန်လိလိလည်း အရှေ့အနောက် စဉ်းစားခဲ့ပြီးသည့်နောက်၌

နောက်ဆုံးတွင်တော့ ထိုအချက်ကို  လက်ခံလိုက်သည်။

သူမသည်က လော်ပင်းပြောသည့်အတိုင်းပင် အနာဂတ်တွင် သူ၏ ဇနီးဟောင်းနှင့် တွေ့ဆုံကြမည်မဟုတ်ဟု တွေးခဲ့သည်။

သူမအနေဖြင့်  တစ်ဖက်အမျိုးသမီးမှ သူတို့၏ ရှေ့ဆက်ရမည့်ဘဝကို နှောင့်ယှက်စေဖြစ်မည့် စိတ်ကူးလည်း မရှိလောက်ဟု ယုံကြည်ခဲ့သောကြောင့် ထိုကိစ္စကို

ထပ်၍ မပြောတော့သည့်အပြင် စိတ်ထဲ၌လည်း မထားတော့ပေ။

သို့သော်လည်း ယနေ့တွင် သူမအနေဖြင့်ည လော်ပင်း၏ ဇနီးဟောင်း လင်းကျန်းဖူနှင့် တိုက်ဆိုင်စွာ တွေ့ဆုံရလိမ့်မည်ဟု  မမျှော်လင့်ထားခဲ့ပါချေ။ 

ထို့အပြင် လော်ပင်းနှင့် လင်းကျန်းဖူတို့သည်က သူမနှင့် တွဲနေစဉ်ကာလအတွင်း၌ ကွာရှင်းပြတ်စဲခြင်းပင် မလုပ်ရသေးကြောင်းကိုပါ သူမ သိရှိလိုက်ရသေးသည်။

တုန်လိလိတစ်ယောက် သွားများကို တင်းတင်းကြိတ်ပြီး လော်ပင်းကို ကြည့်လိုက်မိသည်။ သူမ၏

အရှေ့မှလူက ဤအချိန်တွင်တော့ အလွန်အမင်းပင် စိမ်းသက်လွန်းနေခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လော်ပင်းက သူမကို အချိန်တိုင်းမှာ လိမ်ညာနေခဲ့တာလား။

မတိုင်ခင်အချိန်တုန်းက သူမ၏ ရန်စမှုကို ရင်ဆိုင်ခဲ့ရသည့်အခါ၌ လင်းကျန်းဖူသည်က အကျိုးအကြောင်းလောက်ကိုသာပြောပြခဲ့ပြီး သူမအပေါ်မကျေမနပ်ဖြစ်ရမည့်အစား ရယ်မောချင်နေခဲ့သည်မှာ အံ့ဩစရာမရှိပေ။

ထိုသို့ဖြစ်နေခဲ့သည်။

သူမအနေဖြင့် ကိုယ့်ကိုယ်ကို ဟာသဖြစ်အောင် လုပ်နေခဲ့ကြောင်းကို တွေးတောလိုက်မိသည်။

ထိုအချက်ကို တွေးလိုက်သည့်အခါ၌ တုန်လိလိတစ်ယောက် ဝမ်းနည်းမှုနှင့် ဒေါသကို မထိန်းနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် သူမ အလွန်အမင်း ရှက်ရွံ့မှုကိုလည်း ခံစားခဲ့ရသည်။

သူမ၏ ပတ်ဝန်းကျင်မှ ဆွေမျိုးများနှင့် အသိအကျွမ်းများစွာက သူမကို ကြည့်နေကြသည်။

နောက်ဆုံးတွင်တော့ သူမ လော်ပင်း၏ ရှင်းပြချက်ကို မစောင့်တော့ဘဲ ပြောလိုက်မိသည်။

“လော်ပင်း၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ဒီမှာ ပြီးဆုံးသွားပြီ၊ ရှေ့လျှောက် ကျွန်မဆီကို ထပ်မလာပါနဲ့တော့!”

ထိုသို့ပြောပြီးသည့်နောက်၌

သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ ငိုယိုလိုက်မိရင်း အခန်းထဲမှပြေးထွက်သွားခဲ့ပြီး မကြာခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။

လော်ပင်းလည်း ထိုအခြေအနေကို မြင်သောအခါတွင် တုန်လိလိမှ ဤကဲ့သို့ ပြေးထွက်သွားသည်ကို ခွင့်မပြုနိုင်ခဲ့ပေ။

သူမသာ ထွက်ပြေးသွားပါက

သူတို့၏ အိမ်ထောင်ရေးသည်က လုံးဝပျောက်ကွယ်သွားတော့မည်ဖြစ်ရုံသာမကဘဲ အရေးအကြီးဆုံးအချက်မှာ သူ့အနေဖြင့် တုန်မိသားစု၏ လက်စားချေခြင်းကိုပင် ခံရလိမ့်မည်။

အချိန်ကာလတစ်ခုအထိ သူတို့အတူတူရှိခဲ့ပြီးသည့်နောက်၌

သူသည်က တုန်မိသားစု၏ စိတ်နေသဘောထားကို ကောင်းစွာသိသည်။

၎င်းတို့သည်ကား လင်းကျန်းဖူနှင့် လင်းမိသားစုကဲ့သို့  ဖယ်ရှားရန် မလွယ်ကူပါချေ။

ထိုအချက်ကို တွေးလိုက်သောအခိ လော်ပင်းတစ်ယောက် အံသွားများကို တင်းတင်းကြိတ်ကာ လင်းကျန်းဖူကို ကြမ်းတမ်းစွာ ပြောလိုက်သည်။

“လင်းကျန်းဖူ၊ အခု မင်း ကျေနပ်ပြီလား၊ ငါတို့နှစ်ယောက်ကြားက ဒီလောက်များတဲ့ ဆက်ဆံရေးတွေနဲ့ ကျောင်းနေဖက်မိတ်ဆွေဆက်ဆံ‌ရေးက ဒီမှာ ပြီးဆုံးသွားပြီ!”

ထိုသို့ပြောပြီးသည့်နောက်၌

သူက တုန်လိလိ၏ နောက်သို့ ပြေးလိုက်သွားခဲ့လေသည်။

လင်းကျန်းဖူသည်ကား လော်ပင်းမ

အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု တွေးကာ ပြန်လည်တုံ့ပြန်ရန် လုံးဝစိတ်ကူးမရှိခဲ့ပေ။

ထို့အပြင် သူမသည်ကား သူမ၏စိတ်ထဲတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် စကားများစွာကို ဒေါသတကြီးဖြင့် ပြောခဲ့ပြီးပြီဖြစ်သည့်အတွက် အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းနေခဲ့သည်။

သူမ လော်ပင်းအား ထပ်၍ စကား ပြောလိုစိတ်မရှိတော့ပေ။

ဘေးနားမှ လင်းရန်က မနေနိုင်တော့ဘဲ လင်းကျန်းဖူ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

သူမ ဒေါ်လေး၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသေးသည်ကို လင်းရန် ခံစားမိသည်။

သူမ၏ဒေါ်လေးသည်က ဒေါသထွက်နေသည်လား၊ စိတ်လှုပ်ရှားနေသည်လား၊ သို့မဟုတ် နှစ်မျိုးလုံးလားဆိုသည်ကို သူမ မသိနိုင်ပါချေ။

တုန်လိလိနှင့် လော်ပင်းတို့ ထွက်ခွာသွားခဲ့ပြီဖြစ်သညာ့အတွက် ဤကိစ္စသည်က ယာယီအားဖြင့် အဆုံးသတ်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။

သို့သော် ကျန်ရစ်ခဲ့သည့်လူများ ၊ အထူးသဖြင့် ခေါင်းဆောင်ဟောင်းတို့ဇနီးမောင်နှံ၏မျက်နှာသည်ကား မကောင်းလှပေ။

ယနေ့သည်က သူတို့အနေဖြင့် ဆွေမျိုးများကို ဖိတ်ခေါ်ဧည့်ခံရမည့် ကောင်းသောနေ့တစ်နေ့ ဖြစ်နေသင့်သည်။ ဤနေ့မျိုး၌ လူတိုင်းက သဟဇာတရှိကာ ပျော်ရွှင်နေရန် မျှော်လင့်ကြသည်။

သို့သော်လည်း နောက်ပိုင်း၌

ဤကဲ့သို့ လှောင်ပြောင်ဖွယ်

အဖြစ်ဆိုးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ခေါင်းဆောင်ဟောင်းမှာ အဆင်ပြေသေးပြီး မည်သည့်စကားကိုမှမပြောသော်လည်း ဇနီးဖြစ်သူမှာ သည်းမခံနိုင်တော့ပေ။

အမေတုန်က အိမ်ထဲ၌

ရပ်နေဆဲဖြစ်ပြီး သူမ၏သမီးနောက်သို့ မလိုက်သွားသေးသည်ကို ခေါင်းဆောင်ဟောင်း၏ ဇနီးမြင်သည့်အခါ၌ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

  “ငါ ထင်တဲ့အတိုင်း လိလိက နင်တို့ကြောင့် အကျင့်ပျက်သွားခဲ့တာပဲ၊

အရင်တုန်းက ရွေးချယ်ခဲ့တာတွေကတော့ ထားလိုက်ပါတော့၊

နောက်ဆုံးကျတော့ ဒီလိုလူမျိုးကိုမှ ရွေးခဲ့တယ်၊ တကယ့်အခြေအနေကို ရှင်းရှင်းလင်းလင်း မစုံစမ်းတဲ့အပြင် ဧည့်သည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ်၊ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ!”

အမေတုန်သည်ကား သူမ၏အဒေါ်မှ

အမှန်တကယ်ပင် ဒေါသထွက်နေသည်ကို မြင်သောအခါ ထပ်မံ၍ပြောရန် သတ္တိမရှိတော့ပေ။

သူမသည် ခေါင်းကိုသာ ညိတ်ကာ အကြိမ်ကြိမ် ကတိပေးနေခဲ့သည်။

“အဒေါ်၊ စိတ်မပူပါနဲ့၊

ရှေ့လျှောက် ကျွန်မ လိလိကို

သေချာပေါက် ကောင်းကောင်းဆုံးမပ့ါမယ်၊

နောက်တစ်ခေါက်ကျရင် သူမကို အဒေါ်ဆီ ခေါ်လာပြီး တောင်းပန်ခိုင်းလိုက်ပါ့မယ်” 

“ငါ ထင်တာတော့  ထပ်ပြီး မခေါ်လာတာက ပိုကောင်းလိမ့်မယ်၊ ငါ့ရဲ့ ဒီအိုမင်းနေတဲ့အရိုးတွေက

သူမ နောက်တစ်ခေါက်လာပြီး စိတ်ဒုက္ခပေးမှာကို မခံစားနိုင်တော့ဘူး၊

ငါ အသက်ရှင်နေတာကို မမြင်ချင်တော့ဘူးဆိုရင်တော့ မင်း

သူမကို ဒီကို ခေါ်ခဲ့လိုက်!”

ဒီစကားက ဘာကို ဆိုလိုတာလဲ?

ဒါက အနာဂတ်မှာ သူမရဲ့သမီးကို ဒီအိမ်ထဲကိုလာဖို့အတွက် ခွင့်မပြုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။

အမေတုန်တစ်ယောက် အလွန် အံ့အားသင့်သွားရသည်။

သူတို့၏မိသားစုသည်ကား

ဤအဒေါ်ဖြစ်သူ၏ ဆက်ဆံရေးကို အားကိုးပြီး ကောင်းမွန်သောဘဝတွင် နေထိုင်ကြရခြင်းဖြစ်သည်။

အနာဂတ်တွင် သူတို့ကိုသာ ဤအိမ်သ်ို့လာရန် ခွင့်မပြုတော့ဟု ဆိုပါက  မည်သို့ ဆက်လုပ်ရပါမည်နည်း။

“အဒေါ်၊ အဒေါ်..  ကျွန်မ တကယ်ကို မှားခဲ့တယ်ဆိုတာ သိပါပြီ၊

ကျွန်မ သူမကို အနာဂတ်မှာ ကောင်းကောင်းဆုံးမပါ့မယ်၊

လိလိက အသက်ငယ်သေးလို့

စဉ်းစားဉာဏ်မရှိသေးတာပါ၊ အဒေါ် ပြောပြမယ်ဆိုရင် သူမ သေချာပေါက် ပြောင်းလဲသွားမှာပါ၊

သူမကို တကယ်စိတ်မဆိုးပါနဲ့၊

သူမက အဒေါ့်ကို အရမ်း ချစ်တာပါ”

“တော်လောက်ပြီ၊ ထပ်မပြောနဲ့တော့၊

အခု သူမအကြောင်းကြားရင် ငါ ခေါင်းကိုက်တယ်၊ နင်လည်း မြန်မြန်ထွက်သွားသင့်တယ်”

ခေါင်းဆောင်ဟောင်း၏ ဇနီးသည်က မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့်အမူအရာဖြင့် လက်များကို ဝှေ့ယမ်းကာ “အမြန်ထွက်သွားပါ” ဟုသာ ထပ်ခါတလဲလဲ ပြော‌နေခဲ့သည်။

နောက်ဆုံး၌ အမေတုန်သည်လည်း ရုပ်ဆိုးပန်းဆိုးအမူအရာဖြင့် ထွက်ခွာသွားရတော့သည်။

သို့သော် သူမ ထွက်သွားပြီးနောက် သူမသည် ဆက်၍မထိန်းထားနိုင်တော့ဘဲ တံခါးဝ၌ ရပ်ကာ လော်ပင်းကို အကြိမ်များစွာ ဆဲဆိုလိုက်သည်။

ဤလူကြောင့်သာ သူမ၏အဒေါ်သည် ဤမျှလောက်ဒေါသထွက်ခဲ့ရခြင်းဖြစ်သည်။ သူမ၏ အဒေါ်က မည်သည့်အချိန်ကျမှ သူမတို့ မိသားစုအား ခွင့်လွှတ်ပေးလိမ့်မည်ကို သူမ မသိတော့ပေ။

ဤသည်မှာ ဖရဲသီးသာမက

နှမ်းကိုပါ ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်နေသည်။

တုန်လိလိတို့ သားအမိထွက်သွားပြီးသည့်နောက်၌  ခေါင်းဆောင်ဟောင်း၏ ဇနီးသည်က လင်းကျန်းဖူအား တောင်းပန်လိုက်သည်။

တုန်လိလိက သူမ၏ မြေးအရင်းဟုတ်သော်လည်း သူတို့မိသားစု၏

ဆွေမျိုးတစ်ဦး ဖြစ်နေသေးသည်။

လင်းကျန်းဖူကတော့ ဧည့်သည်တစ်ဦးဖြစ်သော်လည်း သူတို့အိမ်၌  ဤကဲ့သို့ ဆက်ဆံခံခဲ့ရသည်။

ခေါင်းဆောင်ဟောင်း၏ ဇနီးမှာ

တုန်လိလိကြောင့် သူမ၏ သိက္ခာ အားလုံးဆုံးရှုံးသွားရခဲ့သည်ဟု ခံစားခဲ့ရသည်။

“ရဲဘော်လင်း၊ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စအတွက် တကယ်ကို စိတ်မကောင်းပါဘူး၊ ငါတို့က

အဲဒီမိန်းကလေးနဲ့ လော်ပင်းက ဒီလိုမျိုးတွေ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး…”

လင်းကျန်းဖူသည်လည်း ဤသည်ကိုကြားသည့်အခါတွင် လျင်မြန်စွာ လက်ရမ်းပြလိုက်သည်။

သို့သော် သူမသည်  အနည်းငယ် ရှက်ရွံ့နေခဲ့သည်။

“ဒီလို မပြောပါနဲ့၊ ဒါက အဘွားတို့ကြောင့် မဟုတ်ပါဘူး၊ ဒါ့အပြင် ကျွန်မကလည်း စိတ်ကိုမထိန်းထားနိုင်တော့ဘဲ ကိစ္စကို ပိုပြီးဆိုးသွားအောင် လုပ်ခဲ့မိပါတယ်၊

အဘွားတို့ရဲ့မိသားစုထဲမှာ ဒီလိုမျိုး ပြဿနာဖြစ်စေခဲ့တဲ့အတွက် ကျွန်မကသာ အဘွားကို တောင်းပန်သင့်တာပါ”

*

All Chapters