အခန်း (၁၆၇)
Vol. 17 Ch. 167
လင်းကျန်းဖူ၏ တောင်းပန်စကားကြောင့် ခေါင်းဆောင်ဟောင်း၏ဇနီးသည်က အလျင်စလိုပြောလာခဲ့လေ၏။
“ဘယ်လိုပြောလိုက်တာလဲကွယ်၊
တုန်လိလိသာ တမင်တကာ ပြဿနာမရှာခဲ့ရင် မင်းအနေနဲ့ ခုလို ထရပ်ပြီးပြောမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်၊
ဒါ့အပြင် သူမက လူတွေကို အနိုင်ကျင့်ပြီး ပျော်ရွှင်အားရနေတာကို မင်း မကြည့်နေနိုင်တော့တာမလား၊
မင်းလုပ်ရပ်က မှန်ပါတယ်၊ မင်းရဲ့အမှားမဟုတ်ပါဘူး၊ ကောင်းပြီ ၊ ဒီအကြောင်းကို ဆက်မပြောတော့ဘူး၊
ဒီကိစသအတွက်နဲ့ ငါတို့ရဲ့ တခြားကိစ္စတွေကို မထိခိုက်သင့်ဘူး”
ခေါင်းဆောင်ဟောင်း၏ ဇနီး ပြောသည်ကို ကြားသည့်အခါ၌ လင်းကျန်းဖူတစ်ယောက် စိတ်သက်သာရာရသွားသည်။
မတိုင်မီက သူမက လော်ပင်းအား
ထိုသို့ ပြောဆိုပြီးသည့်နောက်၌
အမှန်တကယ်ကိုပင် ကျေနပ်နေခဲ့သော်လည်း ဤအတွက်ကြောင့် လင်းရန်၏ကိစ္စအား ထိခိုက်မည်ကို သူမ အနည်းငယ် စိုးရိမ်ခဲ့သည်။
ယခုမူ အဘွားအို၏ စကားက
သူမအား စိတ်ချစေခဲ့သည်။
“ဘာပဲဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက်က ငါတို့ရဲ့မိသားစုအိမ်မှာ အခုလို ခံစားခဲ့ရတဲ့အတွက် အနာဂတ်မှာ ငါတို့ ကူညီနိုင်တဲ့ကိစ္စတစ်ခုခုရှိရင် ပြောပေးပါ၊
ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်
ငါတို့ရဲ့ တောင်းပန်တဲ့အပြုအမူအဖြစ် သဘောထားပြီးတော့ပေါ့”
အဘွားအိုသည်ကား အသက်ကြီးသည့် မျိုးဆက်ဖြစ်ပြီး သူမက
အခြားသူများအား ပြဿနာပေးခြင်းနှင့် ကျေးဇူးကြွေးတင်ခြင်းတို့ကို မဖြစ်စေလိုပါချေ။
သူမ၏အမြင်တွင် တုန်လိလိအား
သူတို့မှ ဤအိမ်သို့ ခေါ်ခဲ့ခြင်းဖြစ်ပြီး
တုန်လိလိသည်က သူမ၏ဆွေမျိုးတစ်ဦး ဖြစ်သောကြောင့် ဤသည်မှာ သူမ၏ အမှားဖြစ်သည်။
သူမအနေဖြင့် ဤကိစ္စကို ကိုယ်တိုင်
လုပ်ခဲ့ခြင်းမဟုတ်သော်လည်း အိမ်ရှင်တစ်ဦးအနေဖြင့် တောင်းပန်ကာ ပြန်လည်ပြင်ဆင်ပေးသင့်သည်
သို့မဟုတ်ပါက အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရလိမ့်မည်။
လင်းကျန်းဖူလည်း ဤသည်ကို သဘောမတူပါက အဘွားအိုသည် ကောင်းစွာ အိပ်နိုင်မည်မဟုတ်သည်ကို မြင်သည့်အတွက်ခေါင်းညိတ်သလောတူလိုက်လေသည်။
“ကောင်းပါပြီ အဘွား၊ အဘွားတို့ အကူအညီပေးနိုင်တဲ့ အရာတစ်ခုခုရှိရင် ကျွန်မ သေချာပေါက် လာတောင်းဆိုပါ့မယ်”
နှစ်ဖက်စလုံးက ယဉ်ကျေးသည့်စကားအနည်းငယ် ထပ်မံ၍ ပြောပြီးသည့်နောက်၌ လင်းရန်တို့ တူဝရီးနှစ်ယောက်လည်း တခြားလူများနှင့်အတူ နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။
သူတို့အနေဖြင့် နောက်တစ်ကြိမ် လာရောက် ချက်ပြုတ်ရမည့်အချိန်ကို စောင့်နေရုံသာ ကျန်ရှိပေတော့သည်။
ဟင်းပွဲများကို ပြောင်းလဲခြင်းနှင့်ပတ်သက်လျှင်တော့ သူတို့က ချန်ဝမ်နှင့် လီကျင်းခမ်းတို့မှတဆင့် အပြည့်အဝ ဆက်သွယ်နိုင်သောကြောင့် အချိန်ကုန်သက်သာပြီး အနှောင့်အယှက်ကင်းပေသည်။
ထိုအိမ်မှ ထွက်ခွာပြီးသည့်နောက်၌
လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အစပိုင်း၌ သူတို့သည်
မည်သည့်စကားကိုပြောရမှန်းမသိဖြစ်နေခဲ့ကြသော်လည်း နောက်ပိုင်း၌
အတူတကွ ရယ်မောလိုက်ကြလေ၏။
လီကျင်းခမ်းက ဦးစွာ ပြောလိုက်သည်။
“ ဒီနေ့ကတော့ ကောင်းမွန်တဲ့နေ့တစ်နေ့ပဲ၊ ရဲဘော်လင်းကျန်းဖူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းတဲ့ သူတွေနဲ့ တွေ့ခဲ့ရပေမယ့် အဲဒီလူတွေကို ခေါင်းဆောင်တို့က နှင်ထုတ်လိုက်ကြတယ်၊
ပြောရရင် သူတို့က တကယ်ကို
စဉ်းစားတွေးတောဉာဏ်ရှိတဲ့သူတွေပဲ၊ ဒါကြောင့် ရဲဘော် ရှောင်လင်းအနေနဲ့ သူတို့နှင့်ပူးပေါင်းတဲ့အချိန်မှာ ပြဿနာရှိတော့မှာ မဟုတ်ပါဘူး!”
လင်းကျန်းဖူသည်က်း တုန်လိလိ၏ ရန်စမှုကို ခံခဲ့ရပြီး လော်ပင်းမှ အမှန်နှင့်အမှားကို ရှုပ်ထွေးအောင်လုပ်နေသည်ကို ကြည့်ကာ အနည်းငယ် ဒေါသထွက်ခဲ့သည်။
သို့သော်လည်း သူမက ထိုစကားများကို ပြန်လည်ချေပပြောခဲ့ပြီးနောက်တွင် တုန်လိလိနှင့် လော်ပင်းတို့မှာ သူမကြောင့် တစ်ဦးက ပြေးထွက်သွားရပြီး နောက်တစ်ဦးမှာ ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည့်အတွက် အလွန် စိတ်သက်သာရာရသွားခဲ့သည်။
သူမ ကွာရှင်းခဲ့ပြီးကတည်းက ယနေ့ကဲ့သို့ တစ်ခါမျှမပျော်ရွှင်ခဲ့ဖူး ဟူ၍ပင် ခံစားခဲ့ရသည်။
ယနေ့တွင်သူမ၏ဒေါသများကို ဖွင့်ဟထုတ်ဖော်ခဲ့ရသည် မဟုတ်ပါလား။
ထို့အပြင် ယနေ့သည်ကား လော်ပင်းမှာ တုန်လိလိကြောင့် ဤအိမ်သို့
ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်မှာ သေချာပေသည်။
လော်ပင်းသာ ခေါင်းဆောင်ဟောင်းနှင့် စကားပြောခွင့်ရပြီး အဆင်ပြေသွားခဲ့ပါက အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိပေလိမ့်မည်။
သို့သော် ဤကိစ္စအား
တုန်လိလိမှ ဖျက်ဆီးပစ်လိုက်သည်မှာ ဝမ်းနည်းစရာကောင်းလှပေသည်။
ယနေ့တင်မက အနာဂတ်၌လည်း လော်ပင်းသည်က ခေါင်းဆောင်ဟောင်းနှင့် တွေ့ဆုံရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ခေါင်းဆောင်ဟောင်းတို့ဇနီးမောင်နှံသည်က လော်ပင်းနှင့်တုန်လိလိတို့အား အနှောင့် ယှက်ပေးသည့်သူများအဖြစ် မြင်နေကြလေပြီ။
ထိုအချက်ကို တွေးလိုက်သောအခါတွင် လင်းကျန်းဖူ၏ စိတ်ခံစားချက်သည် ရုတ်တရက် ပို၍ ကောင်းမွန်လာခဲ့သည်။
ဤသို့ ကောင်းမွန်သောစိတ်ခံစားချက်များဖြင့် သူတို့အုပ်စုက ဖြည်းဖြည်းချင်း လျှောက်ကာ မြို့သို့ ပြန်လာခဲ့ကြသည်။
မြို့ထဲသို့ ရောက်ပြီးနောက် လီကျင်းခမ်းနှင့် ချန်ဝမ်တို့မှာ သူတို့၏ အိမ်ပြန်သွားခဲ့ကြလေ၏။ လင်းရန်နှင့် လင်းကျန်းဖူတို့မှာမူ တပ်မဟာသို့ ပြန်ရန်အတွက် အချိန်အနည်းငယ် ပို၍ လမ်းလျှောက်ရပေဦးမည်။
သူတို့နှစ်ယောက် လမ်းပေါ်၌ လမ်းလျှောက်လာခဲ့ကြပြီး လေညင်းလေးများကလည်း တိုက်ခတ်နေခဲ့သည်။ ဤဘဝသည်က အလွန်လှပပြီး အသက်ရှင်ရသည်မှာလည်း အလွန် ကောင်းမွန်သည်ဟု သူတို့ ရုတ်တရက် ခံစားလိုက်ရသည်။
“ရန်ရန်၊ တကယ်တော့ ဒီနေ့အတွက် မင်းကို ကျေးဇူးတင်ရမှာပဲ၊
မင်းသာ လော်ပင်းကို အရင်ဆုံး သွားမပြောခဲ့ဘူးဆိုရင် ငါ ဆက်ပြီး သည်းခံနေမိဦးမှာပဲ”
အမှန်တကယ်တမ်းတွင် သူမသည်က
ဒေါသကို ထိန်းထားနိုင်သည့်သူ မဟုတ်ပေ။
သို့သော် သူမ လော်ပင်းနှင့် အတူတူရှိခဲ့သည်မှာအချိန်ကြာမြင့်ခဲ့သည့်အတွက်ကြောင့်ဖြစ်နိုင်သည်။
လော်ပင်းအနေဖြင့် ယခင်ကသာ ဤကဲ့သို့လုပ်ခဲ့လျှင် တောင်းပန်လိုက်သည်နှင့် သူမက မည်သို့မှ ပြန်လည်တုံ့ပြန်နိုင်တော့မည် မဟုတ်ချေ။
တိုရလျှင် သူမ လော်ပင်းကို လက်ထပ်ပြီး လော်မိသားစုထဲ ဝင်ခဲ့သည့် နှစ်များအတွင်း သူမ၏ မာနနှင့် ယုံကြည်မှုတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
မတိုင်ခင်က တုန်လိလိ၏ “နင်က ငါ့အိမ်ကို ချက်ပြုတ်ဖို့ လာကူညီတဲ့ အမျိုးသမီးပဲ မဟုတ်လား” ဆိုသည့် စကားများကြောင့် သူမ မပျော်မရွှင်ဖြစ်ခဲ့သော်လည်း တုန်လိလိ၏ စကားများကို ငြင်းဆိုရန် သတ္တိမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် တုန်လိလိပြောသည်မှာ မှန်နေသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ဤသည်က အမှန်တကယ်တမ်းတွင်တော့ယုံကြည်မှုမရှိသောကြောင့် ဖြစ်လာရသည့် လက္ခဏာဖြစ်ပေသည်။
လင်းကျန်းဖူသည်ကား သူမအနေဖြင့် မည်သည့်အချိန်ကတည်းက
ဤကဲ့သို့ သတ္တိနည်းကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသည့် လူတစ်ယောက်ဖြစ်သွားသည်ကိုပင် မသိခဲ့ပါချေ။
သူမ၏ယခင်က စိတ်ဓာတ်တက်ကြွပြီး ဂုဏ်ယူခဲ့သော ကိုယ်ရည်ကိုယ်သွေးသည်က ဤမပြည့်စုံသည့်အိမ်ထောင်ရေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပုံရသည်။
ကံကောင်းစွာဖြင့် သူမ၏တူမလေး လင်းရန်က သူမ၏ရှေ့၌ အရင်ဆုံး ရပ်တည်ပေးခဲ့ကာ သူမ၏စိတ်ထဲမှ အရာများကို ထုတ်ဖော်ပြောဆိုရန် သတ္တိကို ပေးခဲ့သည်။
သူမ၏ မွန်းကျပ်နေသည့်လေထုများကို ထုတ်ပစ်ပြီးနောက်တွင် သူမ၏ကိုယ်ပေါ်မှ အလေးချိန်ပေါင်းများစွာ လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခုပြန်တွေးကြည့်လျှင်
ထိုနေ့ရက်များမှာ အမှန်တကယ်ပင်
အတိတ်မှ ကိစ္စများသက်သက်သာ ဖြစ်သွားခဲ့ပေပြီ ။
သူမနှင့် လော်ပင်းသည်လည်း လုံးဝပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယခင်က မပျော်ရွှင်ခဲ့ရသည့် နေ့ရက်များမှာလည်း သူမအား စိုးမိုးထားနိုင်တော့မည် မဟုတ်ပေ။
လင်းရန်တစ်ယောက် သူမ၏ ဒေါ်လေး လင်းကျန်းဖူ၏ တက်ကြွသည့်အမူအရာနှင့် ပျော်ရွှင်သည့်လေသံတို့ကို တွေ့ရှိလိုက်ရသည်။
သူမ၏ အမူအရာများအရ သူမ၏ ဒေါ်လေးသည်ကား ကိစ္စများစွာကို အမှန်တကယ်ပင် လက်လွှတ်လိုက်နိုင်ပြီဟု ထင်ရသောကြောင့် လင်းရန် ဒေါ်လေးဖြစ်သူအတွက် ၀မ်းသာမိသည်။
“ကျွန်မ ဘာမှမလုပ်ခဲ့ရပါဘူး၊
ဒေါ်လေးကသာ သတ္တိရှိရှိ ထရပ်ပြီး
အဲဒီအမှိုက်လိုကောင်ကို ပြောဆိုခဲ့တာပါ”
လင်းကျန်းဖူသည်ကား ထိုကဲ့သို့စကားလုံးမျိုးကို မကြားဖူးခဲ့ပါချေ။
ထို့ကြောင့် တူမဖြစ်သူ လင်းရန်၏စကားကိုကြားလျှင် ရုတ်တရက် ပိုမို ရယ်မောကာ ပြောလာခဲ့သည်။
“ သူက အမှိုက်လိုလူလား၊ ဒါက အတော် ကောင်းတဲ့စကားလုံးပဲ၊
ဟုတ်တယ်၊ လော်ပင်းက အမှိုက်ပုံးထဲက အမှိုက်လိုလူမျိုးပဲ၊ သူက အမှိုက်ပုံးထဲမှာပဲ နေသင့်တယ်!”
လင်းရန်သည်ကား သတိမထားမိဘဲ ခေန်သစ်မှ ဗန်းစကားတစ်လုံးကို မတော်တဆ ပြောလိုက်မိသည်။
သို့သော် ကံကောင်းစွာဖြင့် သူမ၏ ဒေါ်လေးတွင် ထူးခြားသည့် နားလည်နိုင်စွမ်းရှိပြီး ထိုစကားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။
လင်းရန် စိတ်အေးသက်သာမှု အနည်းငယ်ရသွားပြီးနောက် လင်းကျန်းဖူနှင့်အတူ ရောပေါင်းကာအော်ဟစ်လိုက်လေသည်။
“ဟုတ်တယ်၊ အဲဒီအမှိုက်လိုကောင်က အမှိုက်ပုံးထဲမှာပဲ နေသင့်တယ်!”
အဒေါ်နှင့်တူမတို့ တူဝရီးနှစ်ယောက်က အိမ်သို့ လမ်းလျှောက်ပြန်နေရင်း ဖြင့် အသံကျယ်ကျယ်ဖြင့် ရယ်မောလာခဲ့ကြသည်။
သူတို့ အိမ်သို့မရောက်မီမှာပင်
အိမ်၌ရှိသည့် အဘွားလင်းက
သူတို့၏ရယ်သံကို ကြားလိုက်ရပြီး သူမ၏လက်ထဲမှ ပန်းကန်များကိုပင်
ချရန် အချိန်မရဘဲ အလျင်အမြန် ထွက်လာခဲ့သည်။
“မင်းတို့တွေ ဒီလောက်ပျော်ရွှင်နေပုံအရဆို ဒီနေ့ကိစ္စရဲ့ ရလဒ်ကို မေးစရာ မလိုတော့ဘူးထင်တယ်”
အဘွားလင်းမှာ ယနေ့ လင်းရန်နှင့် လင်းကျန်းဖူတို့၏ ကိစ္စကို စိုးရိမ်တကြီးနှင့်တွေးနေမိခဲ့သည် ။
ဆိုရလျှင် အဘွားလင်းတစ်ယောက် လင်းရန်တို့ ယနေ့ ရွေးချယ်မခံရမည်ကို စိုးရိမ်နေခဲ့သည့်အတွက်ကြောင့်
တစ်မနက်ခင်းလုံး တံခါးကိုသာ ကြည့်နေခဲ့ပြီး သူတို့ ပြန်လာလျှင် ရလဒ်များကို မေးရမည်ဟု တွေးထားခဲ့သည်။
နောက်ဆုံး၌ မည်သူမှ တံခါးဝသို့
မဝင်လာသေးသော်လည်း ရယ်မောသံများကသာ ဦးစွာ ရောက်ရှိလာခဲ့သည်။
သို့ဖြစ်၍ သူမအနေဖြင့် လင်းရန်တို့အား မေးနေရန်ပင် မလိုတော့ပေ။
“အဘွားက အရမ်းတော်တာပဲ!”
လင်းရန်သည် အရှေ့သို့တိုးလာကာ အဘွားလင်း၏ လက်ထဲမှ ပန်းကန်ကို ယူလိုက်ပြီးအဘွားလင်းအား
ပြုံးပြ၍ ချီးကျူးလိုက်သည်။
“ဒါပေါ့၊ ငါက ဘယ်သူမို့လို့လဲ”
လင်းရန်၏ ဘေးမှ လင်းကျန်းဖူသည်လည်း ဤသည်ကို မြင်သည့်အခါ၌ လင်းရန်တို့ မြေးအဘွား၏ စကားဝိုင်းထဲသို့၀င်ကာ အလွန်ပျော်ရွှင်နေသည့်အပြုံးဖြင့် ပြုံးပြကာ ပြောလိုက်သည်။
“ဟားဟား.. အမေ ဒီလိုဆိုမှတော့ ဘာလို့ ဆက်ပြီး မခန့်မှန်းရတာလဲ၊ ရန်ရန်က ဒီနေ့ ဘာတွေလုပ်ခဲ့သေးလဲဆိုတာကို ဆက်ပြီး မှန်းကြည့်ပါဦး ”
*