အခန်း (၁၆၈)
Vol. 17 Ch. 168
သမီးဖြစ်သူ၏ စနောက်မေးမြန်းလာမှုကြောင့် အဘွားလင်းလည်း အတွေးနက်သွားရသည်။
သူမ၏မြေးဖြစ်သူက မည်သို့သော ဟင်းပွဲများ ချက်ပြုတ်ခဲ့ပါသနည်း။
ဤသည်မှာ အဘွားလင်းအား အမှန်တကယ်ပင် ရှုပ်ထွေးသွားစေခဲ့သည်။
အဘွားလင်း၏ စိတ်ထဲ၌ သူမ၏ မြေးမလေးသည် ဟင်းပွဲများစွာကို ကောင်းမွန်စွာ ချက်ပြုတ်နိုင်ပြီး ရွေးချယ်လိုက်သည့် ဟင်းပွဲတိုင်းက အလွန်အရသာရှိနေသည့်အတွက် ဤကဲ့သို့ ရွေးချယ်ရမည့် မေးခွန်းမျိုးနှင့် တွေ့ဆုံလာရချိန်တွင်တော့ အဘွားလင်း မခန့်မှန်းနိုင်ခဲ့ပေ။
သို့သော်လည်း သူမ အမှန်တကယ်ပင် သိချင်နေခဲ့သည်။ လင်းရန်ချက်ပြုတ်ပေးရသည့်သူက မြို့နယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် အလွန်ပင် အသေးစိတ်ကျသည့်လူ ဖြစ်ရမည်။
အဘွားလင်း မခန့်မှန်းနိုင်ဆော့ဘဲ လင်းရန်အား မေးလိုက်သည်။
“ရန်ရန်၊ ဒီနေ့ ဘာတွေ ချက်ပြုတ်ခဲ့တာလဲ၊ အဲဒီခေါင်းဆောင်တွေက လောကကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်ဖူးခဲ့တဲ့လူတွေဖြစ်ရမယ်၊ ဒီလိုဆိုမှတော့ မင်း ချက်ပြုတ်ခဲ့တဲ့ဟင်းပွဲတွေကလည်း ငါတို့ သာမန်လူတွေ တစ်ခါမှ မစားဖူးတဲ့အရာ ဖြစ်ရမယ် ဟုတ်တယ်မလား”
အဘွားလင်း၏ မျက်နှာပေါ်မှ သိချင်လွန်းနေသည့်အမူအရာကို မြင်သည့်အခါ၌ လင်းရန်တစ်ယောက် ပြုံးလိုက်ကာ ပြန်ဖြေပေးရုံသာတတ်နိုင်တော့သည်။
“အဘွား၊ ခေါင်းဆောင်ကြီးတွေကလည်း သီးနှံအစေ့အဆန်တွေကိုပဲ စားကြတာပါ၊ သာမန်လူတွေနှင့် သိပ်ပြီး မထူးခြားပါဘူး၊ ဒါ့အပြင် သူစားရတဲ့ အစားအစာက ကျွန်မတို့လောက်တောင် မကောင်းပါဘူး”
အခြားခေါင်းဆောင်များက မည်သို့မည်ပုံရှိသည်ကို လင်းရန်မသိပေ။
သို့သော် ယနေ့ သူမ သွားခဲ့သည့်ခေါင်းဆောင်ဟောင်းမှာ အဘွားလင်းလောက်ပင် အရသာမခံနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုခေါင်းဆောင်ဟောင်းသည်ကား သူ၏ အစာအိမ်ပြသနာကြောင့် အသားများစွာ မစားနိုင်သည့်အတွက်ကြောင့် ဖြစ်ပေသည်။
အဘွားလင်းက ထိုအဖြေကို မျှော်လင့် မထားမိသောကြောင့် မျက်မှောင်ကြုတ်ကာ လင်းရန်အား မေးလိုက်သည်။
“အာ၊ ဘာဖြစ်လို့လဲ”
ခေါင်းဆောင်များက စီးပွားရေး အခြေနေမကောင်းကြသည်များလား။
သူတို့က အဘယ်ကြောင့် သူမလောက်ပင် ကောင်းစွာ မစားနိုင်ရသနည်း။
အဘွားလင်း စိတ်ရှုပ်ထွေးနေသည်ကို မြင်သည့်အခါ၌ လင်းရန်လည်း မနက်က သူမ တွေ့ခဲ့ရသည့်အရာများနှင့် နောက်ဆုံးအတည်ပြုခဲ့သည့် အကြောင်း အချို့ကို အဘွားလင်းအား ပြောပြလိုက်သည်။
ထိုအခါမှ အဘွားလင်းလည်း နားလည်သွားကာ ပျော်ရွှင်စွာဖြင့် သူမ၏ဗိုက်ကို ပုတ်၍ ပြောလိုက်လေသည်။
“ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ အစာစားချင်စိတ်ရှိတာက အရေးအကြီးဆုံးပဲ”
“ဟုတ်တယ်၊ ဒါကြောင့် အဘွား၊ ဒီည ဘာစားချင်လဲ၊ ကျွန်မ အဘွားအတွက် ချက်ပြုတ်ပေးရမလား”
လင်းရန်အနေဖြင့် မကြာမီမှာပင် ငွေပမာဏများစွာကို ထပ်၍ ရတော့မည်ဖြစ်သည်။
ထို့ကြောင့် သူမအနေဖြင့် သူမ၏မိသားစုအတွက် ပို၍ ကောင်းမွန်သည့်အရာများကို ယူဆောင်လာလိုစိတ်များ ပြင်းပြနေခဲ့သည်။
အဘွားလင်းသည်လည်း လင်းရန် ချက်ပြုတ်သည့် ဟင်းပွဲတိုင်းကို ကြိုက်နှစ်သက်ကြောင်း ပြောလိုက်သည်။
ဤသို့ဆိုလျှင် သူမအနေဖြင့် အကောင်းဆုံး ချက်ပြုတ်ရပေတော့မည်။
လင်းရန်က ပခုံးတွန့်လိုက်ပြီး အဝတ်အစားလဲကာ မီးဖိုချောင်သို့ သွား၍ ချက်ပြုတ်ရန် စီစဉ်လိုက်သည်။
သူမနှင့် သူမ၏ဒေါ်လေး လင်းကျန်းဖူတို့က ညနေ လေးနာရီ သို့မဟုတ် ငါးနာရီခန့်၌ အိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။ ဤအချိန်တွင် ကွန်မြူနတီမှ လူများမှာ အလုပ်မပြီးသေးသည့်အတွက်ကြောင့် အိမ်၌ အဘွားလင်းတစ်ဦးတည်းသာ ရှိပေသည်။
“အဘွား၊ ကျွန်မရဲ့အဖေနဲ့ တခြားသူတွေရော ဘယ်မှာလဲဟင်၊ သူတို့ နိုးနေကြပြီလား”
လင်းရန်က ယမန်နေ့ညက သူမ၏အဖေ၊ လင်းကွမ်းချင်းနှင့် စုန့်ရှီးယန်တို့အားလုံး ပြန်ရောက်လာခဲ့လောက်ပြီဟု ရုတ်တရက် တွေးမိလိုက်သည်။ အိပ်ရေး၀သွားပါက ယခုအချိန်တွင် သူတို့အားလုံး နိုးနေလောက်ပြီ မဟုတ်ပါလား။
သို့သော်လည်း သူမအနေဖြင့် သူတို့၏ လှုပ်ရှားမှုများကို မကြားရသကဲ့သို့ မည်သူ့ကိုမှလည်း မတွေ့ရပေ။ သူတို့ ယခုအချိန်ထိ အိပ်နေကြသေးသည်များလား။
လင်းရန်၏ မေးခွန်းကို ကြားသည့်အခါ အဘွားလင်းက ပြန်၍ ပြောလိုက်သည်။
“မဟုတ်ဘူး၊ သူတို့က နေ့လယ်စာ စားပြီးတာနဲ့ ထပ်ပြီးထွက်သွားကြတာ”
နောက်တစ်ကြိမ်ထပ်ပြီး ထွက်သွားကြပြန်ပြီလား။
လင်းရန် သူတို့အား မတွေ့ခဲ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး၊သူမအနေဖြင့်သူတို့အား အနည်းငယ်သတိရနေခဲ့သည်ဟု ပြောရပေလိမ့်မည်။
“မင်းအဖေက မြို့ဆေးရုံကို အမြန်သွားဖို့ လိုနေတာကြောင့် မင်းရဲ့အစ်ကိုကြီးနဲ့ ရှောင်စုန့်ကိုပါ ခေါ်သွားပြီး မြို့ကို ထွက်သွားတယ်လေ၊
အခုလောက်ဆိုရင် သူတို့အားလုံး မြို့ကို ရောက်နေလောက်ပြီ”
သူတို့က သူမနှင့် လွဲချော်သွားခဲ့ပုံရသည်။
ထိုသို့ တွေးမိလိုက်သည့်အခါ လင်းရန် ပို၍ နောင်တရသွားခဲ့လေသည်။
သို့သော် ဆေးဖက်၀င်အပင်များကို ပို့ဆောင်ပြီးသည့်နောက်၌ ထိုသူတို့က မကြာမီ ပြန်ရောက်လာနိုင်သောကြောင့်လင်းရန်သည် ခဏတာမျှ စိတ်ကျဉ်းကျပ်နေခဲ့ပြီးနောက်တွင် လျင်မြန်စွာ ပြန်လည်ညှိယူလိုက်သည်။
အခြားမည်သည့်ကိစ္စမှ မဖြစ်ခဲ့လျှင် သူတို့က သဘက်ခါ၌ ပြန်ရောက်လာနိုင်မည်ဖြစ်သည်။
ဤအချိန်သို့ရောက်လျှင် သူမဟင်းပွဲများစွာကို ပြင်ဆင်ကာ သူတို့အား ကြိုဆိုရလိမ့်မည်။
သို့သော် နောက်နှစ်ရက်နေလျှင် သူတို့ ပြန်ရောက်သင့်သော်လည်း လူတစ်ဦးတည်းသာ ပြန်ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သုံးရက်ဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း၌ကုန်ဆုံးသွားခဲ့သည်။
ဤရက်များအတွင်း၌ လင်းရန်သည် ပုံမှန်အတိုင်း အလုပ်သို့သွားနေကာအားလပ်ချိန်များတွင် သူမ၏ ဒေါ်လေးအား ရိုးရှင်းသည့်ဟင်းပွဲအချို့ကို သင်ပေးခဲ့လေ၏။
ထို့ကြောင့် လင်းကျန်းဖူ၏ သာမန် အချက်အပြုတ်စွမ်းရည်သည်လည်း အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
လင်းကျန်းဖူလည်း ချက်ပြုတ်ရသည်ကို တဖြည်းဖြည်း ပျော်ရွှင်လာပြီး ချက်ပြုတ်ခြင်းကို စွဲလမ်းလာခဲ့သည်။
လင်းကျန်းဖူ ပို၍ ပျော်ရွှင်လာသည်ကို မြင်သည့်အခါ၌ လင်းရန်၊ အဘွားလင်းနှင့် အခြားသူများလည်း ပျော်ရွှင်လာခဲ့ကြသည်။
သို့သော်လည်း ပျော်ရွှင်စရာကိစ္စများအပြင် လင်းရန်အနေဖြင့် အထူး ခေါင်းကိုက်စရာကိစ္စတစ်ခု သို့မဟုတ် ရှောင်ရှားရန်ခက်ခဲသည့်အရာတစ်ခုကိုလည်း ကြုံတွေ့ခဲ့ရသည်။
ဤသည်မှာ ဤနှစ်ရက်အတွင်း သူမ အလုပ်လုပ်နေစဉ်တွင် ချန်ကျားယန်မှာ မည်သို့ဖြစ်နေမှန်းမသိဘဲ သူမအား နေ့တိုင်း လမ်းပိတ်ဆို့နေခဲ့ခြင်းပင် ဖြစ်သည်။
လင်းရန်အနေဖြင့် မူလက ချန်ကျားယန်သည် သူမနှင့် နီးစပ်ချင်၍ ယခုကဲ့သို့လုပ်နေသည်ဟု တွေးခဲ့သည်။
သို့သော် သူမအား ပို၍ အံ့ဩစေသည်မှာ ချန်ကျားယန်၏ စကားများက စုန့်စစ်ယွီထံသို့ဦးတည်သွားခဲ့ခြင်းပင်ဖြစ်သည်။
ဤရက်များအတွင်း ချန်ကျားယန်သည်က သူမအား မြင်သည့်အခါတိုင်း၌ သူ မေးခဲ့သည့်မေးခွန်းများမှာ စုန့်စစ်ယွီအကြောင်းချည်းသာ ဖြစ်နေသည်။
လင်းရန်မှ သူ ထိုသိုး မေးမြန်းရသည့် အကြောင်းရင်းကို မေးသည့်အခါတိုင်းတွင်လည်း ချန်ကျားယန်ကဤသည်မှာ ကံကြမ္မာသာဖြစ်ကြောင်း ပြောလာသည်။
ချန်ကျားယန်က ဤ “စုန့်စစ်ယွီ” သည် သူ၏ အိပ်မက်ထဲ၌ သိခဲ့သည့် “စုန့်စစ်ယွီ” နှင့် အမှန်တကယ်ပင် တူညီသည်လား၊ သို့မဟုတ် ကွာခြားချက်ရှိသည်လားဆိုသည်ကို သိချင်ခဲ့သည်။
သူ၏ရှင်းပြချက်ကိုတော့ ရူးနေသည့်သူကသာ ယုံကြည်ပေလိမ့်မည်။
လင်းရန်သည်က ရူးနေသည့်သူ မဟုတ်ပေ။ ချန်ကျားယန်၏ ယခင်အပြုအမူများကို ဆန်းစစ်ပြီးသည့်နောက်၌ ချန်ကျားယန်အနေဖြင့် စုန့်စစ်ယွီကိုသာ အာရုံစိုက်နေသည်ဟု လင်းရန် ပို၍ ယုံကြည်လာခဲ့သည်။
သူမက သိချင်နေသည့် အချက်တစ်ခု ရှိပေသည်။
ယုတ္တရှိရှိတွေးကြည့်လျှင် ချန်ကျားယန်နှင့်စုန့်စစ်ယွီတို့အနေဖြင့် ယခင်က တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိသင့်ပေ။
ချန်ကျားယန်က စုန့်စစ်ယွီအကြောင်းကို မည်သို့ သိခဲ့သနည်း။
သူသည်က စုန့်စစ်ယွီ၏ နှစ်သက်မှုများနှင့် စရိုက်လက္ခဏာကို သိရှိရန် ကြိုးစားနေပုံလည်းရသည်။
စုန့်ဝေ့နှင့် လီရှိ့လီတို့ ယခင်က ရောက်လာခဲ့သည့်အချိန်တွင် သူသည် စုန့်ဝေ့၌ သမီးရင်းတစ်ဦးရှိသည်ကို ကြားခဲ့ပြီး စုန့်ဝေ့မှာ အခြေအနေကောင်းမွန်သည်ဟု တွေးမိခဲ့သောကြောင့် စုန့်စစ်ယွီအား လျှို့ဝှက်စွာ ချစ်မိသွားသည်များလား။
ဤကဲ့သို့ တွေးကြည့်လိုက်သည့်အခါ အဓိပ္ပာယ်ရှိသည်ဟု ထင်ရသော်လည်း လင်းရန်မှာမူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရဆဲပင်ဖြစ်သည်။
ချန်ကျားယန်သာ စုန့်စစ်ယွီ၊ စုန့်ဝေ့တို့နှင့် အမှန်တကယ်ပင် နီးစပ်ချင်ခဲ့ပါက အဘယ်ကြောင့် ယခင်ကတည်းက မကြိုးစားခဲ့ဘဲ ယခုမှတရေးနိုးကာ သူမဆီသို့ လာမေးနေရသနည်း။
ချန်ကျားယန်မှာ အမှန်တကယ်ပင်
တစ်ခုခု မှားယွင်းနေလေပြီ။
ချန်ကျားယန်၏ မေးခွန်းနှင့်ပတ်သက်၍ လင်းရန် သဘောမကျခဲ့ပေ။
ချန်ကျားယန်သည်က စုန့်စစ်ယွီအကြောင်းကို မေးခဲ့သော်လည်း လင်းရန်မှ စကားပြောချင်စိတ်မရှိသည့်အတွက်ကြောင့် ဤနှစ်ရက်အတွင်း သူ့အား”မသိဘူး” ဟူသည့်
စကားလုံးသုံးလုံးဖြင့်သာ ပြန်၍ဖြေခဲ့သည်။
လင်းရန်မှ ချန်ကျားယန်အား
မယုံကြည်သည့် အကြောင်းပြချက်ကဲ့သို့ပင် ချန်ကျားယန်ကလည်း လင်းရန်၏ “မသိဘူး” ဟူသည့် စကားကို မယုံကြည်ခဲ့ပေ။
သူ၏စိတ်ထဲ၌ လင်းရန်က သူ့ကို မပြောပြချင်ရုံသာ ဖြစ်သည်ကို သိသည့်အတွက် အလွန်ပင် မပျော်မရွှင်ဖြစ်ခဲ့သည်။ သို့သော်လည်း ဤကဲ့သို့သော နေရာတွင် လင်းရန်မှလွဲ၍ စုန့်စစ်ယွီနှင့်ပတ်သက်သည့်အရာများကို ပြောပြနိုင်သည့် အခြားမည်သူ့ကိုမှ သူ ရှာမတွေ့နိုင်ခဲ့ပေ။
ထို့ကြောင့် လင်းရန်၏အပြုအမူက မည်မျှပင် မကောင်းနေစေကာမူ သူ့အနေဖြင့် ဆက်၍ ကြိုးစားနေရုံသာတတ်နိုင်တော့သည်။
လင်းရန်အား စိတ်ပျော့ပျောင်းသွားစေရန်အတွက် သူက သူ၏ကိုယ်ပိုင်ငွေများကိုသုံးကာ
မြို့နယ်မှ ကုန်ပစ္စည်းဖြန့်ဖြူးရေးသို့ သွားခဲ့သည်။
သူက မိန်းကလေးများ စားချင်သည့် ကြက်သားမုန့်အချို့ကို လင်းရန်အတွက် ဝယ်ပေးခဲ့ပြီး လင်းရန်အား လာဘ်ထိုးရန် စီစဉ်ခဲ့သည်။
အစားအသောက်သည်က လူများအား စိတ်ပျော့ပြောင်းစေသည်ဟုပြောကြသည် မဟုတ်ပါလား။
လင်းရန်က မည်မျှကြာကြာနှုတ်ဆိတ်နေနိုင်ပါလိမ့်မည်နည်း။
ချန်ကျားယန်တစ်ယောက် ခွင့်ယူကာ
မြို့ကိုသွားခဲ့စဉ်တွင် သူ လိုချင်နေခဲ့သည့် စုန့်စစ်ယွီမှာ သူမ၏ ချစ်သူ ရှုကျစ်ဝမ်နှင့် ချိန်းတွေ့နေသည်ကို သူ မသိခဲ့ရှာပေ။
သူတို့အနေဖြင့် သူတို့၏မိဘများနှင့် လွန်ခဲ့သည့် အချိန်အနည်းငယ်က အစိုးရပိုင်ဟိုတယ်၌ သွား၍ စားသောက်ခဲ့ကြပြီး လင်းကျန်းအန်း၊ စုန့်ရှီးယန်တို့နှင့် တွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း၌ပင် သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် လုံးဝမထိခိုက်ခဲ့ပေ။
သို့သော်လည်း စုန့်စစ်ယွီက ရူကျစ်၀မ်မှ သူမအား ရှုမိသားစုထံသို့ ဖိတ်ကြားခြင်း မရှိတော့သည်ကို တွေ့ရသည်။
ရှုမိသားစု၏မိဘများမှ သူမအား မည်သည့်အရာများကို ရှင်းပြလိုသည်ကိုလည်း မပြောခဲ့ပေ။
သူမသည် တိတ်တဆိတ် စိုးရိမ်နေခဲ့သည်။သူမနှင့် ရှုကျစ်၀မ်ကြားမှ ကိစ္စသည်က ဒါရိုက်တာရှု၏ ဆုံးဖြတ်ချက်ကိုသာ ကြည့်ရမည်ဖြစ်သည်။
ဒါရိုက်တာရှုသာ စကားတစ်ခွန်းမျှ မပြောခဲ့ပါက အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။
ထို့ကြောင့် ရက်အနည်းငယ်ကြာ ငြိမ်သက်သွားပြီးနောက်တွင် စုန့်စစ်ယွီသည် နောက်ဆုံး၌ မထိန်းထားနိုင်တော့ဘဲ ရှုကျစ်ဝမ်နှင့် စကားပြောရန်အတွက် အခွင့်အရေး ရှာဖွေခဲ့တော့သည်။
*