← Chapters

အခန်း (၁၅၀၇-၁၅၀၉)

Vol. 101 Ch. 1507-1509

အခန်း (၁၅၀၇-၁၅၀၉)

Vol. 101 Ch. 1507-1509

အခန်း(၁၅၀၇)

ရွှယ်ချင်းရို့က သူမရှေ့ရှိ စမ်းသပ်မှုကို ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်က မြေကမ္ဘာနဂါး မြို့တော်၏ အခြေအနေနှင့် ပတ်သက်၍ ဘာမှမသိသေးသည်ကို သိရှိသောကြောင့် လေသံတိုးတိုးဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။

မြေကမ္ဘာနဂါးမြို့တော်ကို ဧရိယာငါးခုဖြင့် ပိုင်းခြားထား၏။

အပြင်ဘက်ဆုံး ဧရိယာသည် သာမန်ဧရိယာ ဖြစ်ပြီး အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံထားသည်။‌

မြေကမ္ဘာနဂါးမြို့တော်သို့ ရောက်လာကြသောသော ပါရမီရှင်အသစ်အများစုသည် ထိုဧရိယာတွင် နေထိုင်ကြ၏။

သာမန်ဧရိယာရှိ ပါရမီရှင် တစ်ဦးသည် မြေကမ္ဘာနဂါး မြို့တော်တွင် စတုရန်းမီတာ ၁၀၀အောက်သာ ရှိသော အခန်းတစ်ခုကိုသာ ရရှိမည် ဖြစ်သည်။

သာမန်ဧရိယာထက် တစ်ဆင့်မြင့်သော ဧရိယာမှာ အလယ်အလတ်ဧရိယာ ဖြစ်သည်။

ထိုနေရာတွင် နေထိုင်သော ပါရမီရှင်များသည် စတုရန်းမီတာ ရာချီ ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားသည့် ခြံဝန်း တစ်ခုစီတွင် နေထိုင်ကြပြီး လစဥ် မြေကမ္ဘာနဂါး ရမှတ် (၁၀၀)ကိုပါ ရရှိနိုင်ကြသည်။

အဆင်မြင့် ဧရိယာတွင် နေထိုင်သော ပါရမီရှင်များကမူ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်သော သီးသန့်လေ့ကျင့်ရေးကွင်းတစ်ခု ပါရှိသည့် ဧရိယာကျယ်ပြောသော ခြံဝန်းတစ်ခုကိုပါ ရရှိကြသည်။

ထို့အပြင် ၎င်းတို့သည် မြေကမ္ဘာနဂါးရမှတ် (၅၀၀)ကို လစဥ် ခံစားရရှိနိုင်ကြ၏။

အဆင့်မြင့်ဧရိယာထက် ပိုမို အဆင့်မြင့်သော အမြုတေ ဧရိယာတွင် နေထိုင်ကြသည့် ပါရမီရှင်ကများမူ ဆယ်မိုင်မက ကျယ်ဝန်းသော ဧရိယာရှိသည့် ဇိမ်ခံ စီရင်စု တစ်ခုတွင် နေထိုင်ခွင့် ရကြသည်။

ထို့အပြင် အမြုတေ ဧရိယာတွင် နေထိုင်သော ပါရမီရှင်များသည် မြေကမ္ဘာနဂါးမြို့တော်တွင် ရေတွက်၍ မရနိုင်သော အခွင့်ထူးများကို ခံစားကြရ၏။

သို့သော်လည်း အမြုတေ ဧရိယာတွင် နေထိုင်ခွင့်ရရန်မှာ မလွယ်ကူပေ။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲများမှ ထောက်ခံထားသော ပါရမီရှင်များမှ လွဲလျှင် အထွတ်အထိပ် ပါရမီရှင် အနည်းငယ်သာ အမြုတေဧရိယာတွင် နေထိုင်ရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုကြသည်။

ဤနေရာ၄ခု အပြင် မြေကမ္ဘာနဂါးမြို့တော်၏ ဗဟိုချက် အကျဆုံးဧရိယာမှာ အများဆိုင်ဧရိယာ ဖြစ်သည်။

ထိုနေရာတွင် အပန်းဖြေခြင်းနှင့် ဖျော်ဖြေခြင်း၊ ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ကိုယ်ခံပညာ ဖလှယ်ခြင်း စသည်တို့ကဲ့သို့ ဝန်ဆောင်မှု အမျိုးမျိုးကိုလည်း ရရှိနိုင်သည်။

မြေကမ္ဘာနဂါးမြို့တော်ရှိ ကျင့်ကြံသူ အားလုံး လာရောက်ခွင့်ရှိသော နေရာလည်း ဖြစ်၏။

"ငါ ခုနက အကဲခတ်ကြည့်လိုက်တာ မြေကမ္ဘာနဂါး မြို့တော်ကို ရောက်လာကြတဲ့ ပါရမီရှင်တွေက အနည်းဆုံး အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတွေချည်းပဲ.. မြေကမ္ဘာနဂါးမြို့တော်က အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတွေကိုပဲ လက်ခံတာလား"

ကျန်းချန်က အလှည့်ကျ စမ်းသပ်နေသော ပါရမီရှင်များကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရွှယ်ချင်းရို့ကို စူးစမ်းစွာ မေးလိုက်သည်။

ရွှေနဂါးမြို့တော်၏ နဂါးမျှော်စင်တွင် နဝမအထပ်သို့ ရောက်ရှိပါက နတ်ဘုရားနယ်မြေသို့ တိုက်ရိုက် ဝင်ရောက်နိုင်သည်ကို သူအမှတ်ရမိသည်။

သို့ဆိုလျှင် အင်ပါယာ နယ်ပယ်အဆင့်ကို မရောက်ရှိသေးဘဲ နဂါးမျှော်စင်၏ စမ်းသပ်မှုကို အောင်မြင်ကာ နဝမထပ်ကို ရောက်လာသူများသည် မည်သည့်နေရာသို့ ‌ရောက်ရှိနေပါသနည်း။

"အကြမ်းဖျင်း ပြောရရင်တော့ အင်ပါယာနယ်ပယ် အဆင့်က မြေကမ္ဘာနဂါးမြို့တော်ကို ဝင်ရောက်ဖို့ အနိမ့်ဆုံးအဆင့်ပဲ.. ဒါပေမဲ့ ခြွင်းချက်အချို့တော့ ရှိတယ်.. ရှေးဟောင်းနဂါးမြို့တော်ရဲ့ အကြီးအကဲတွေ စောင့်ကြည့်နေတဲ့ ထိပ်တန်းပါရမီရှင် အချို့ကတော့ အင်ပါယာနယ်ပယ်အဆင့်ကို မရောက်သေးခင်မှာပဲ ဒီကို ဝင်ရောက်လာခဲ့ကြတယ်...ကျွန်မ သိသလောက်တော့ အောက်နယ်မြေမှာ ထူးခြားတဲ့ ပါရမီရှင်အချို့ ရှိတယ်.. သူတို့က အင်ပါယာနယ်ပယ်အဆင့်ကို မရောက်သေးပေမဲ့ စမ်းသပ်မှုတွေကို အောင်မြင်ခဲ့ပြီး မြေကမ္ဘာနဂါးမြို့တော်ကို ရောက်ရှိလာခဲ့ကြတယ်.. ဒီပါရမီရှင်တွေက ကောင်းကင်နဂါးမြို့တော်ရဲ့ ဝင်ခွင့်စမ်းသပ်ပွဲမှာ ၂ကြိမ်ပါဝင်ခွင့်ရှိပြီး မြေကမ္ဘာနဂါး မြို့တော်မှာ ၁၀နှစ် နေထိုင်ခွင့်လည်း ရှိတယ်"

ရွှယ်ချင်းရို့က သူမ သိထားသလောက် ရှင်းပြလိုက်သည်။

သူမ၏ စကားကိုကြားလျှင် ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး ဂိတ်တံခါးဝတွင် ဖန်းချင်းယွမ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ ပြောဆိုသော စကားများကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။

ဖန်းချင်းယွမ်က သူ့ကို မြေကမ္ဘာနဂါး မြို့တော်ထဲသို့ ဝင်ရောက်ရန် ထောက်ခံပေးခဲ့သည်။

ယင်းက သူ့ကို ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ပါဝင်ရန် အခွင့်အရေး ၂ကြိမ် ပေးခဲ့ပုံရ၏။

သို့ဆိုလျှင် ဖန်းချင်းယွမ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အကြီးအကဲအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါသလော။

"ကျီယွင်ဖေး အရိုးအသက်(၃၇)နှစ်ရှိပြီ. ကောင်းကင်မီးဥပဒေသကို ဒုတိယအဆင့်အထိ နားလည်ထားတယ်.. အဆင့်မြင့်ဧရိယာမှာရှိတဲ့ အခန်း၁၁၉၆မှာ နေထိုင်နိုင်တယ်"

ကျန်းချန်က အတွေးနက်နေစဥ်မှာပင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် တခြားသူတစ်ဦး၏ စမ်းသပ်မှုရလဒ်ကို ကြေညာခဲ့သည်။

ကျန်းချန်က လှမ်းကြည့်လိုက်ရာ စမ်းသပ်သူက ကျီယွင်ဖေးအမည်ရှိ ခရမ်းရောင်ဆံပင် နှင့် လူငယ် ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ကျီယွင်ဖေးက အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုထံမှ တံဆိပ်ပြားကို ပြန်ယူလိုက်ပြီးနောက်တွင် ကျန်းချန်တို့ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ဝင့်ကြွားသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။

ကျီယွင်ဖေးက အဆင့်မြင့်ဧရိယာတွင် နေထိုင်ခွင့် ရသွားသည်ကို မြင်လျှင် ရွှယ်ချင်းရို့၏ လှပသော မျက်နှာလေးသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

ကျီယွင်ဖေးက နတ်တစ်ပိုင်းအဆင့်ကို ရောက်ရှိနေ၍ အဆင့်မြင့်ဧရိယာတွင် နေထိုင်ခွင့် ရရှိခဲ့သည်။

ထို့ကြောင့် ကျီယွင်ဖေးတွင် ကောင်းကင်နဂါး မြို့‌တော်ဝင်ခွင့်ကို အောင်မြင်ရန် အခွင့်အရေးရှိနိုင်သည် မဟုတ်ပါလော။

ကျန်းချန်ကမူ လျစ်လျူရှုထားခဲ့ပြီး သူ၏ အလှည့်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အလွန်လျင်မြန်စွာပင် အမျိုးသားနှင့် အမျိုးသမီး ၃၀တို့သည် စမ်းသပ်မှုများကို ပြီးစီးခဲ့ကြပြီး ကျန်းချန်နှင့် ရွှယ်ချင်းရို့တို့၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ရွှယ်ချင်းရို့၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်သာ ဖြစ်သည့်အပြင် ရေခဲဥပဒေသ တစ်မျိုးတည်းကိုသာ နားလည်ထားခဲ့သည်။

ထို့ကြောင့် သူမက သာမန်ဧရိယာတွင်သာ နေထိုင်ခွင့် ရရှိခဲ့၏။

ထို့နောက်တွင် ကျန်းချန်၏ အလှည့်သို့ ရောက်လာခဲ့သည်။

သူက ရွှေရောင်တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို ပေးလိုက်သောအခါ အဘိုးအို၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မင်းက ကျန်းချန် မဟုတ်လား.. မင်းကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ ကိုယ်တိုင်က ထောက်ခံချက်ပေးထားတယ်.. ဒါကြောင့် မင်းက စမ်းသပ်စရာ မလိုအပ်ဘဲ အမြုတေဧရိယာမှာရှိတဲ့ အမှတ်၁၆၆ စီရင်စုကို တိုက်ရိုက် ပြောင်းရွှေ့နေထိုင်ပြီး မြေကမ္ဘာနဂါးမြို့တော်ရဲ့ အခွင့်ထူးတွေကို ခံစားနိုင်တယ်"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ရွှေရောင်တံဆိပ်ပြားကို ကျန်းချန်အား ယဥ်ကျေးစွာ ပြန်ပေးရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။

အဘိုးအို၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင်များစွာ၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ကျီယွင်ဖေး၏ မျက်နှာထက်တွင်မူ မကျေနပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

"ဒီကောင်က အောက်နယ်မြေက သာမန် ပါရမီရှင်လေး တစ်ဦးပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်.. လခွမ်းထဲမှပဲ.. ဒီလိုကောင်က ဘယ်လိုလုပ်ပြီး အကြီးအကဲရဲ့ ထောက်ခံချက်ကို ရရှိခဲ့တာလဲ"

"သူ.. သူက.. အကြီးအကဲရဲ့ ထောက်ခံချက်ကို တကယ်ပဲ ရရှိခဲ့တယ်လား"

ရွှယ်ချင်းရို့က တအံ့တသြဖြစ်ကာ ခပ်တိုးတိုး‌ ရေရွတ်လိုက်မိသည်။

သူမ၏ လှပသော မျက်လုံးလေးများသည် ချက်ချင်းဆိုသလိုပင် ပြူးကျယ်သွားခဲ့၏။

သိထားရမည့်အချက်မှာ အမြုတေ ဧရိယာတွင် အခွင့်ထူးများ ခံစားကာ ကျင့်ကြံနေသော ပုဂ္ဂိုလ်များ အားလုံးသည် အကြီးအကဲများမှ ထောက်ခံပေးထားသော ပါရမီရှင်များ ဖြစ်ကြသည်။

သို့ဖြစ်ရာ အမြုတေဧရိယာတွင် နေထိုင်သော ပါရမီရှင်များသည် ကောင်းကင်နဂါးမြို့တော်ကို ဝင်ခွင့်ရရန် နီးစပ်သော ပါရမီရှင်များ ဖြစ်ကြ၏။

ဆိုရလျှင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်ကာ ကောင်းကင်နဂါးမြို့တော်သို့ ပြောင်းရွှေ့နိုင်သော သူများသည် အမြုတေဧရိယာမှ ပါရမီရှင်များသာ ဖြစ်ကြ၏။

သူမက ကျန်းချန်ကို သာမန်ကာလျှံကာ မိတ်ဆွေဖွဲ့ခဲ့သော်လည်း ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်က အဘိုးအိုထံမှ ရွှေရောင်တံဆိပ်ပြားကို ပြန်ယူပြီးနောက်တွင် စူးစမ်းစွာ မေးလိုက်သည်။

"အမြုတေဧရိယာက ဘယ်လို အခွင့်ထူးမျိုးတွေကို ခံစားနိုင်တာလဲ"

"အခွင့်ထူးတွေကတော့ အများကြီးပဲ.. ဥပမာ မင်း အနေနဲ့ ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် လျှော့စျေးတွေကို ခံစားနိုင်တယ်.. ဒါ့အပြင် မင်းရဲ့ ကိုယ်ပိုင် စီရင်စုထဲကို ပါရမီရှင်နှစ်ယောက် ခေါ်လာနိုင်ခွင့်လည်း ​​ရှိတယ်"

အနက်ရောင်ဝတ်အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ရှင်းပြလိုက်သည်။

"မင်း မေးစရာ မေးခွန်းတွေရှိရင် မင်းနေထိုင်တဲ့ စီရင်စုက အိမ်တော်ထိန်းကို မေးမြန်းနိုင်တယ်.. သူက မင်းမေးသမျှ မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်"

"ကောင်းပါပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အပိုစကားများကို မပြောတော့ဘဲ သူ၏ လက်ကို လေထဲသို့ တိုက်ရိုက် ဆန့်ထုတ်လိုက်ရာ ကြီးမားသော အပြာရောင်ငှက်တစ်ကောင်သည် ကောင်းကင်ကနေ ပျံသန်းလာခဲ့ပြီး ရင်ပြင်ပေါ်သို့ သက်ဆင်းလာခဲ့၏။

နတ်ဘုရားနယ်မြေ၏ ဥပဒေသည် အင်ပါယာနယ်ပယ်အဆင့်ကို သက်ရောက်မှုရှိပြီး ပကတိနတ်ဘုရားသာလျှင် လေထဲတွင် ပျံသန်းနိုင်စွမ်း ရှိသည်။

မြေကမ္ဘာနဂါးမြို့တော်၏ ဧရိယာက အလွန်တရာပင်ကျယ်ဝန်း၍ လမ်းလျှောက်၍သာ သွားမည်ဆိုလျှင် အပြင်ဧရိယာကနေ အလယ်ဧရိယာသို့ ရောက်ရန် တစ်နေကုန် လမ်းလျှောက်ရမည်ဟုပင် ခန့်မှန်းရ၏။

ထို့ကြောင့် မြေကမ္ဘာနဂါးမြို့တော်တွင် အပြာရောင်ငှက်များစွာကို မွေးမြူထားခဲ့သည်။

ထိုငှက်များသည် မြေကမ္ဘာနဂါးမြို့တော်၏ သီးသန့် သယ်ယူပို့ဆောင်ရေးငှက်များ ဆိုလည်းမမှားပေ။

"သွားကြစို့"

အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက်တွင် လူတိုင်းသည် အပြာရောင်ငှက်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။

ကျန်းချန်နှင့် ရွှယ်ချင်းရို့ကလည်း အပြာရောင်ငှက်၏ ကျောပေါ်သို့ ပျံဝဲ၍ သက်ဆင်းလိုက်ကြသည်။

ရွှယ်ချင်းရို့က ကျန်းချန်၏ နောက်တွင် ဂရုတစိုက် ရပ်နေခဲ့သည်။

သို့သော်လည်း သူမ၏ လှပသော မျက်ဝန်းလေးတွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။

အကြီးအကဲမှ ထောက်ခံချက်ပေးထားသော ပါရမီရှင်တစ်ဦးအနေဖြင့် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စမ်းသပ်ပွဲတွင် ပါဝင်ရန် အခွင့်အရေး ၂ကြိမ် ရရှိခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခွင့်ရပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာရန် အခွင့်အရေး အလွန်များနေခဲ့၏။

အကယ်၍ သူမသာ ကျန်းချန်၏ နောက်ကိုလိုက်ပြီး ကျန်းချန်၏ အစေခံတစ်ယောက် ဖြစ်လာခဲ့လျှင် ရွှယ်မိသားစုသည်ပင် သူမကို ရတနာတစ်ပါးလို ဆက်ဆံရလိမ့်မည် မဟုတ်လော။

ထိုအချိန်သို့ရောက်လျှင် သူမသည် သူမ၏ ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျီယွင်ဖေးနှင့် လက်ထပ်စရာလည်း မလိုအပ်တော့ပေ။

သို့သော်လည်း သူမသည် ကျန်းချန်နှင့် အစောပိုင်းလေးတင်မှ ခင်မင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် သူမ၏ ပါရမီက သာမန်သာဖြစ်ရာ ကျန်းချန်၏ မျက်စိကျခြင်းကို ခံရမည် မဟုတ်လောက်ချေ။

အခန်း(၁၅၀၇)ပြီး၏။

အခန်း(၁၅၀၈)

ရွှယ်ချင်းရို့၏ မျက်လုံးများက အနည်းငယ် တုန်ခါသွားခဲ့သည်။

မကြာခင်မှာပင် သူမ၏လှပသော မျက်ဝန်းလေးထဲတွင် ပြတ်သားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

အကြီးအကဲမှ ထောက်ခံချက်ပေးထားသော ပါရမီရှင်တစ်ဦးအနေဖြင့် ကျန်းချန်သည် မြေကမ္ဘာနဂါး မြို့တော်တွင် နောက်ထပ် ၁၀နှစ် နေထိုင်ခွင့် ရှိသည်။

သူမသာ ကျန်းချန်၏ နောက်ကိုလိုက်ပြီး အမြုတေ ဧရိယာသို့ ဝင်ရောက်နိုင်လျှင် သူမသည်လည်း မြေကမ္ဘာနဂါးမြို့တော်၌ နောက်ထပ် ၁၀နှစ် နေထိုင်နိုင်မည် မဟုတ်ပါလော။

သူမ၏ ပါရမီဖြင့်ဆိုလျှင် ၁၀နှစ် ကြာခဲ့လျှင်ပင် သူမသည် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ကောင်းကင်နဂါးဝင်ခွင့် စမ်းသပ်ပွဲကို မအောင်မြင်နိုင်ခဲ့လျှင်ပင် မြေကမ္ဘာနဂါး မြို့တော်တွင် ၁၀နှစ်ကျော်ကြာ ကျင့်ကြံနိုင်ခဲ့ပါက သူမသည် အနည်းဆုံး ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည့် မျှော်လင့်ချက် ပိုမို ကြီးမားလာလိမ့်မည် ဖြစ်သည်။

သူမသာ ပကတိနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လျှင် ရွှယ်မိသားစုတွင် အရေးပါသော ရာထူးတစ်ခုကို ရရှိနိုင်ပြီး သူမ၏ ကံကြမ္မာကို ကောင်းစွာ ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်၏။

ယင်းက တစ်သက်မှာ တစ်ကြိမ်သာ ရရှိနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ရာ သူမအနေဖြင့် မည်သည့်နည်းနှင့်မဆို ဖမ်းဆုပ်ရလိမ့်မည် မဟုတ်ပါလော။

အပြာရောင်ငှက်က မြေကမ္ဘာနဂါးမြို့တော်၏ ကောင်းကင်ယံကနေ အရှိန်အဟုန် ပြင်းစွာဖြင့် ပျံသန်းသွားခဲ့သည်။

ခရီးတစ်လျှောက်လုံးတွင် ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်၏ ဧရိယာများရှိ မတူညီသော အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

သာမန်ဧရိယာရှိ လေထုထဲတွင် ဖိအားသည် အလယ်အလတ်ဧရိယာထက် ပိုမို ဆိုးရွားပြီး အလယ်အလတ် ဧရိယာသည်လည်း အဆင့်မြင့် ဧရိယာထက် ပိုမို ဆိုးရွားသည်။

ဧရိယာက အပြင်ဘက်ကို ပိုဝေးဝေးရောက်လေ ဖိအားပိုမိုများပြားလေ ဖြစ်ပြီး မြို့၏ အလယ်ဗဟိုချက်နှင့် နီးလေလေ ပို၍ ဖိအားကင်းလေ ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် အပြာရောင်ငှက်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး သူ၏ အတောင်ပံများကို ဖြန့်လိုက်ကာ စီရင်စုတစ်ခု၏ ရှေ့သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။

ကျန်းချန်က သူ၏ မျက်စိရှေ့ရှိ ကြီးမားသောစီရင်စုကို မြင်လျှင် အံ့သြ တုန်လှုပ်သွားခဲ့သည်။

ဤစီရင်စုက အလွန်ပင် ကျယ်ပြောလွန်းပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်ခဲ့ပေ။

စီရင်စု၏ အလယ်ဗဟိုတွင် ဇိမ်ခံနန်းတော်တစ်ခုလည်း ရှိနေခဲ့၏။

ပို၍ပင် အံ့သြဖို့ကောင်းသည်မှာ ထိုနန်းတော်၏ ပတ်ပတ်လည်တွင် မီးတောက်များနှင့် ရေခဲမြစ်များကဲ့သို့ မှော်ဆန်သောဧရိယာများ ရှိနေခြင်းပင်။

"ကျန်းချန်.. ဒါက အမြုတေဧရိယာမှာရှိတဲ့ အမှတ် ၁၆၆ စီရင်စုပဲ"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက သူ၏ရှေ့မှ စီရင်စုကို ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

"လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျန်းချန်က အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို ယဥ်ကျေးစွာပြောလိုက်ပြီးနောက်တွင် သူ၏အကြည့်သည် စကားပြောရန် တွန့်ဆုတ်နေသော ရွှယ်ချင်းရို့ ဆီသို့ ရောက်ရှိသွားခဲ့သည်။

သူက အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ရွှယ်ချင်းရို့ကို ပြုံးကာ ပြောလိုက်၏။

"ချင်းရို့. မင်းငါ့ကို အထင်မသေးဘူးဆိုရင် ငါ့ရဲ့စီရင်စုဆီ လာပြီး ကျင့်ကြံပါလား"

ကျန်းချန်သည် သူ၏အရှေ့တွင် ရှိသော ရွှယ်ချင်းရို့နှင့်ပတ်သက်၍ ခံစားချက် မဆိုးခဲ့ပေ။

သူက မြေကမ္ဘာနဂါးမြို့တော်သို့ ဝင်ရောက်ကာစ ဖြစ်သော်လည်း ရွှယ်ချင်းရို့ တစ်ယောက်တည်းသာလျှင် သူ့ကိုနှုတ်ဆက်ခဲ့ပြီး မြေကမ္ဘာနဂါးမြို့တော်၏ အကြောင်းများကို စိတ်အားထက်သန်စွာ ရှင်းပြခဲ့သည်။

ထို့အပြင် ရွှယ်ချင်းရို့အပေါ်ထားရှိသည့် ကျီယွင်ဖေး၏ သဘောထားက ကောင်းမွန်ခြင်း မရှိကြောင်း ကျန်းချန် ခံစားမိခဲ့၏။

သူမက မြေကမ္ဘာနဂါးမြို့တော်တွင် ပထမဆုံး ခင်မင်ခဲ့သည့် မိတ်ဆွေတစ်ဦး ဖြစ်ရာ ကျန်းချန်သည် သူမကို အကူအညီပေးရန် ဝန်မလေးခဲ့ပေ။

ကျန်းချန်၏ စကားကိုကြားလျှင် အပြာရောင်ငှက်ပေါ်ရှိ ပါရမီရှင် ဒါဇင်ပေါင်းများစွာသည် မနာလိုသော အမူအရာများဖြင့် ရွှယ်ချင်းရို့ကို ကြည့်လိုက်ကြသည်။

ရွှယ်ချင်းရို့သည် ကျန်းချန်၏ ဖိတ်ခေါ်ခြင်းကို အမှန်တကယ် ခံခဲ့ရသည်။

ယင်းက သူမအနေဖြင့် အမြုတေဧရိယာတွင် နေထိုင်ခွင့်ရရုံသာမက မြေကမ္ဘာနဂါးမြို့တော်တွင် နောက်ထပ် ၁၀နှစ် နေထိုင်ခွင့်ရရှိနိုင်သည့် အခွင့်အရေးပင် မဟုတ်ပါလော။

သို့သော်လည်း ကျီယွင်ဖေး၏ မျက်နှာကမူ ရုတ်တရက် အလွန်ပင် ကြည့်ရဆိုးလာခဲ့သည်။

"ကောင်မလေး မင်းအတော် ကံကောင်းတာပဲ.. ကျန်းချန်ကို မင်း ကျေးဇူးတင်ရမယ်"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ရွှယ်ချင်းရို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျန်းချန်က ဤကောင်မလေးကို အဘယ်ကြောင့် စီရင်စုတွင် လေ့ကျင့်ရန် ကမ်းလှမ်းခဲ့လဲ သူမသိပေ။

သို့သော်လည်း ဤသည်က ကျန်းချန် ခံစားခွင့်ရှိသည့် အခွင့်ထူးတစ်ခု ဖြစ်၍ သူ့အနေဖြင့် စပ်စုမည်မဟုတ်ပေ။

"ငါတကယ်ပဲ အမြုတေဧရိယာမှာ နေထိုင်ခွင့်ရသွားပြီလား"

ရွှယ်ချင်းရို့က ခဏမျှ မှင်တက်ပြီးမှသာ ပြန်လည် အသိဝင်လာခဲ့သည်။

သူမ၏ လှပသော မျက်လုံးလေးတွင် ပျော်ရွှင်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။

သူမက ကျန်းချန်ကို မည်ကဲ့သို့ စကားစပြောရမလဲ စဥ်းစားနေသည့် အချိန်တွင် ကျန်းချန်က သူမကို ဖိတ်‌ခေါ်ခဲ့မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။

"ချင်းရို့ ငါ့နောက်ကနေ လိုက်လာခဲ့ပါ"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် အပြာရောင်ငှက် ထံကနေ ပျံသန်း၍ ဆင်းသက်လာခဲ့သည်။

ရွှယ်ချင်းရို့ကလည်း ကျန်းချန်၏ နောက်သို့ အလျင်အမြန်လိုက်လာခဲ့ပြီး အပြာရောင်ငှက်ထံကနေ ဆင်းသက်ခဲ့သည်။

သူတို့နှစ်ယောက်က အမြုတေဧရိယာရှိ အမှတ်၁၆၆ စီရင်စု၏ တံခါးရှေ့တွင် ရပ်နေခဲ့ကြသည်။

ကျန်းချန်က တံခါးခေါက်ရန် ပြင်လိုက်စဥ်မှာပင် စီရင်စု၏ တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့၏။

မကြာမီမှာပင် အထဲကနေ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက အရပ်အနည်းငယ် ပုသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းနေခဲ့သည်။

"ပကတိနတ်ဘုရားအဆင့်ပါလား"

ကျန်းချန်က ချက်ချင်းပင် အံ့သြတုန်လှုပ်သွားခဲ့သည်။

အမြုတေဧရိယာရှိ စီရင်စု အိမ်တော်ထိန်းသည် ပကတိနတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"သခင်ကြီးကျန်းချန်.. အမြုတေဧရိယာ အမှတ်၁၆၆ရဲ့ အိမ်တော်ထိန်း မုန့်ဖျင်က သခင်ကြီးကျန်းချန်ကို ကြိုဆိုပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက တံခါးဝတွင် ရှိသော ကျန်းချန်ကိုကြည့်ကာ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

ကျန်းချန်ကလည်း လျင်မြန်စွာပင် တုံ့ပြန်ပြောဆိုလိုက်၏။

"မင်္ဂလာပါ.. အနာဂတ်မှာ ကျွန်တော့်ကို သေချာလေးဂရုစိုက်ပေးပါဦး"

"ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါပဲ.. သခင်ကြီးကျန်းချန်.. ကျွန်တော့် နောက်ကနေ လိုက်လာခဲ့ပါ"

မုန့်ဖျင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အလွန်ယဥ်ကျေးစွာဖြင့် ကျန်းချန်ကို ဆက်ဆံခဲ့သည်။

သူက ပကတိနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် အဆင့်အတန်း အနိမ့်ဆုံး ပကတိနတ်ဘုရားသာ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်ကမူ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲကိုယ်တိုင် ထောက်ခံချက်ပေးထားသည့် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်၏။

ကျန်းချန်သာ ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီး ကောင်းကင်နဂါး မြို့တော်ကို ဝင်ရောက်ခွင့် ရခဲ့လျှင် ကျန်းချန်၏ အခြေအနေသည် သူနှင့်များစွာ ကွာခြားသွားလိမ့်မည်ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူသည် ကျန်းချန်အပေါ်တွင် ဆက်လက်မှီခို ရလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က ရွှယ်ချင်းရို့နှင့် အတူ မုန့်ဖျင်၏ နောက်ကို လိုက်လာခဲ့ပြီး သူ၏ ရှေ့ရှိ စီရင်စု ဂိတ်တံခါးထဲသို့ ခြေလှမ်းလိုက်သည်။

သူက စီရင်စုထဲကို ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် စီရင်စု တစ်ခုလုံးသည် အပြင်ဘက် ကမ္ဘာထက် ပိုမိုအားကောင်းသည့် အပြင် လေထုထဲတွင်လည်း အလွန် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု တည်ရှိနေသည်ကို ခံစားခဲ့ရသည်။

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ဂရုတစိုက် အာရုံခံလိုက်၏။

တစ်ခဏအကြာမှာပင် ရင်းနှီးသော စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာစွမ်းအားကို ခံစားပြီး မိုးကြိုးဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မိုးကြိုးဥပဒေသက ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ"

"ဒင်.. သင်က ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာ့စွမ်းအားကို ခံစားပြီး နေရာလွတ် ဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့နေရာလွတ်ဥပဒေသက ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

ရွှယ်လင်ကုန်းမြေတိုက်တွင် ရှိစဥ်က ကျန်းချန်သည် လူသားဧကရာဇ်စည်းတံဆိပ်၏ ကောင်းချီးပေးမှုကို ရရှိခဲ့ပြီး သူ၏ ဓားဥပဒေသသည် ဒုတိယအဆင့်သို့ တိုးမြှင့်ခံခဲ့ရသည်။

သူနားလည်ထားသော ဥပဒေသများထဲတွင် အသက်ဥပဒေသမှ လွဲ၍ ကျန်ရှိသော ဥပဒေသများသည် ဒုတိယအဆင့်နှင့် သိပ်မဝေးတော့ပေ။

ယခု မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေနယ်မြေတွင် ရှိသောစီရင်စုထဲကို ဝင်ရောက်လာသောအခါတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား၏ ကမ္ဘာစွမ်းအားကို နားလည်ခဲ့ပြီး ဥပ‌ဒေသနှစ်ခု၏ စွမ်းအားကို ဒုတိယအဆင့်ထိ ချောချောမွေ့မွေ့ တိုးမြင့်နိုင်ခဲ့သည်။

ကျန်းချန်၏ ဥပဒေသနှစ်ခု အဆင့်မြင့်သွားခြင်းသည် ပကတိနတ်ဘုရားတစ်ပါး ဖြစ်သည့် မုန့်ဖျင်ကိုပါ လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။

သူက နောက်သို့လှည့်ကာ ကျန်းချန်ကို ကြည့်လိုက်ပြီးနောက်တွင် သူ၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

အမြုတေဧရိယာရှိ စီရင်စုတိုင်းတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သော ကမ္ဘာစွမ်းအားရှိနေသည်ကို မုန့်ဖျင်သည် ကောင်းစွာ သိရှိထားခဲ့သည်။

သို့သော်လည်း ဤကောင်လေးကမူ စီရင်စုထဲကို ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ကမ္ဘာ့စွမ်းအားကို ခံစားနိုင်ခဲ့ပြီး ဥပဒေသ နှစ်မျိုးကိုပါ ဒုတိယအဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည်။

"ဒါက အရမ်းကို လက်ဖျားခါလောက်တဲ့ ပါရမီရှင်ပဲ"

အခန်း(၁၅၀၈)ပြီး၏။

အခန်း(၁၅၀၉)

"ဒီကောင်လေးက ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာ့စွမ်းအားကို ချက်ချင်း နားလည်လိုက်တယ်လား"

အမြုတေဧရိယာရှိ အမှတ်၁၆၆ စီရင်စု၏ အိမ်တော်ထိန်းအနေဖြင့် မုန့်ဖျင်သည် စီရင်စုကို လွှမ်းခြုံထားသော ကမ္ဘာ့စွမ်းအားနှင့် ပတ်သက်၍ အလွန်ပင် ရင်းနှီးနေခဲ့သည်။

သူ့လို ပကတိနတ်ဘုရား တစ်ပါးပင် ကမ္ဘာ့စွမ်းအားကို နားလည်ရန် မလွယ်ကူပေ။

မုန့်ဖျင်က အံ့သြနေခဲ့ပြီး မျက်လုံးထဲတွင် အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲမှ ထောက်ခံချက်ပေးထားသော ပါရမီရှင်တစ်ဦး ဖြစ်၏။

ထို့ကြောင့် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်ပွဲကို ၂ကြိမ် ပါဝင်ခွင့်ရှိပြီး မြေကမ္ဘာနဂါးမြို့တော်တွင်လည်း ၁၀နှစ်ခန့် ကျင့်ကြံနိုင်မည် ဖြစ်သည်။

ဤကောင်လေး၏ ထူးခြားသော ပါရမီဖြင့်သာ ဆိုလျှင် ၁၀နှစ်အတောအတွင်း ပကတိနတ်ဘုရားအဆင့်ကို ဖြတ်ကျော်ရန်မှာ ထမင်းစား ရေသောက်သလောက်သာ ဖြစ်ပြီး ကျင့်ကြံခြင်းခရီးစဥ်ကို အတော်ဝေးဝေးထိ လျှောက်လှမ်းနိုင်လောက်၏။

သူ၏အမြင်အရ ဤကောင်လေး၏ ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်နိုင်ခြေသည် အနည်းဆုံး ၉၀ ရာခိုင်နှုန်းခန့် ရှိနေခဲ့သည်။

ထိုသို့ စဥ်းစားမိသည်နှင့် မုန့်ဖျင်သည် အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။

သူက ပကတိနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်မှုကို ကျရှုံးခဲ့ပြီးနောက်တွင် အိမ်တော်ထိန်း အဖြစ် လုပ်ကိုင်ခဲ့သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် သူတို့လို အိမ်တော်ထိန်း၏ အဆင့်အတန်းသည် အနိမ့်ဆုံးအဆင့်နီးပါး ဖြစ်၏။

သူ့အနေဖြင့် မြေကမ္ဘာနဂါးမြို့တော်တွင် အိမ်တော်ထိန်း အဖြစ် နေထိုင်ရန် ဆန္ဒရှိရသည့် အကြောင်းအရင်းမှာ ဤမြေကမ္ဘာနဂါးမြို့တော်တွင် ကျင့်ကြံရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ရှိသည့်အပြင် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိနေသေး၏။

ယင်းမှာ သူ့အနေဖြင့် မြေကမ္ဘာနဂါးမြို့တော်၏ ထိပ်တန်းပါရမီရှင်ကို အစေခံနိုင်၍ ဖြစ်သည်။

သူ့အစေခံအဖြစ် ခစားသော ပါရမီရှင်သာ ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာခဲ့လျှင် သူသည်လည်း ကောင်းကင်နဂါးမြို့တော်သို့ ပြောင်းရွှေ့နေထိုင်နိုင်မည် မဟုတ်ပါလား။

ဤကောင်လေးဖြင့်သာဆိုလျှင် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ခွင့်ရရန်မှာ အလွန်ပင် ဖြစ်နိုင်ခြေရှိ၏။

ကောင်းကင်နဂါးမြို့တော်တွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အခြေအနေ အားလုံးသည် မြေကမ္ဘာနဂါးမြို့တော်ထက် ၂ဆပို၍ များပြားသည်။

သူသာ ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် သူ၏ အဆင့်အတန်း မြင့်တက်လာရုံသာမက ကိုယ်ခံပညာတွင်လည်း ပို၍ ခရီးဝေးဝေးကို သွားရန် အခွင့်အရေးကို ရရှိလိမ့်မည် မဟုတ်ပါလား။

"သခင်ကြီးကျန်းချန်က စီရင်စုထဲကို ခြေလှမ်းလိုက်တာနဲ့ ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာ့စွမ်းအားကို နားလည်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..မြေကမ္ဘာနဂါးမြို့တော်တစ်ခုလုံးမှာ သခင်ကြီးရဲ့ ပါရမီကို ယှဥ်နိုင်တဲ့လူ အနည်းငယ်လောက်ပဲ ရှိမယ်လို့ ကျွန်တော်ထင်တယ်"

မုန့်ဖျင်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ အမူအရာက ပိုမိုလေးစားမှု ရှိလာခဲ့၏။

"ဒီစီရင်စုထဲမှာ ရှိတဲ့ ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာ့စွမ်းအားကို ကျန်းချန်က ရုတ်တရက် နားလည်သွားခဲ့တယ်လား"

မု့န်ဖျင်၏ စကားကိုကြားလျှင် ကျန်းချန်၏ နောက်ကနေ လိုက်လာသော ရွှယ်ချင်းရို့သည်ပင် တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်နတ်ဘုရား၏ ကမ္ဘာ့စွမ်းအား ဆိုသည်မှာ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများပင် နားလည်ရန် အလွန်ခက်ခဲသော စွမ်းအား ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ကမ္ဘာ့စွမ်းအားကို ထိတွေ့လိုက်သည့်အချိန်မှာပင် သဘောပေါက် နားလည်သွားခဲ့သည်။

"သူ့ကို ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့အကြီးအကဲက ထောက်ခံချက်ပေးလိုက်တာ အံ့သြစရာ မဟုတ်ဘူးပဲ"

ထိုအချိန်တွင် ကျန်းချန်က မုန့်ဖျင်ကို စူးစမ်းစွာ မေးလိုက်သည်။

"ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘ့စွမ်းအားက ဘာကိုဆိုလိုတာလဲ"

"ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူတွေက နတ်စွမ်းအားနဲ့ ဥပဒေသရဲ့ စွမ်းအားကို အသုံးပြုပြီး ကမ္ဘငယ်တစ်ခုကို ဖန်တီးနိုင်တယ်.. ကောင်းကင်နတ်ဘုရားအဆင့်ကို ‌ရောက်ရင်တော့ အဲဒီကမ္ဘာငယ်ကို တကယ့်ကမ္ဘာ အဖြစ် ပြောင်းလဲပြီး ကမ္ဘာ့စွမ်းအားကို မွေးဖွားနိုင်တယ်"

မုန့်ဖျင်က ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် ကျန်းချန်ကို ရှင်းပြလိုက်သည်။

ပကတိနတ်ဘုရားအဆင့်တွင် အဆင့်၃ဆင့်ရှိပြီး ကောင်းကင်နတ်ဘုရားအဆင့်တွင်မူ အဆင့်၆ဆင့် ပိုင်းခြားထားသည်။

ပကတိနတ်ဘုရားအဆင့်တွင် သာမန်အဆင့်၊အလယ်အလတ်အဆင့်၊ အဆင့်မြင့် ဟူ၍ ခွဲခြားထားပြီး နတ်စွမ်းအားကို ဆက်လက် ကျင့်ကြံကာ ဥပဒေသများကို နားလည်အောင် လုပ်ရမည် ဖြစ်သည်။

ကိုယ်ခံပညာဥပဒေသကို တတိယအဆင့်အထိ နားလည်သည်နှင့် နတ်စွမ်းအားနှင့် ပေါင်းစည်းကာ ကမ္ဘာစွမ်းအားကို မွေးဖွားနိုင်မည် ဖြစ်သည်။

နတ်စွမ်းအားကို ကမ္ဘာစွမ်းအားအဖြစ် ပြောင်းလဲပြီးသည်နှင့် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိသွားပေမည်။

ကောင်းကင်နတ်ဘုရား အဆင့်တွင်မူ ကမ္ဘာ့စွမ်းအားအပေါ်အခြေခံပြီး အဆင့်၆ဆင့် ခွဲခြားထားသည်။

မုန့်ဖျင်က ကောင်းကင်နတ်ဘုရား အဆင့်အထိသာ သိထားခဲ့သည်။

သို့သော်လည်း ဤသည်က ကျန်းချန်အတွက် အရေးမကြီးပေ။

သူက လက်ရှိအချိန်တွင် ပကတိနတ်ဘုရား အဆင့်ကိုပင် မထိုးဖောက်ရသေးသည့် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူသာ ဖြစ်သည်။

ဆိုရလျှင် ကောင်းကင်နတ်ဘုရားအဆင့်သည် သူနှင့် အလွန် အလှမ်းဝေးနေပါသေး၏။

ယခု ကျန်းချန်အတွက် အရေးအကြီးဆုံးအရာမှာ သံသယဝင်စရာ မရှိလောက်အောင်ပင် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်မှုကိုအောင်မြင်ကာ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တရားဝင်အတပည့် တစ်ဦး ဖြစ်လာရန်ပင်။

ကျန်းချန်က မုန့်ဖျင်နှင့် စကားတပြောပြောဖြင့် စီရင်စုထဲသို့ လျှောက်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်တို့သည် ခန်းမတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုခန်းမက မီတာ၁၀၀၀ ရှည်လျားပြီး မီတာ၁၀၀ အကျယ်ရှိသည်။

ခန်းမက အလွန်ပင် ခမ်းနားထည်ဝါပြီး ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားဧကရာဇ်နန်းတော်ထက်ပင် မနိမ့်ကျပေ။

သက်သောင့်သက်သာရှိသော ထိုင်ခုံများ၊ ရှားပါးလတ်ဆတ်သော အသီးအနှံများနှင့် ဝိုင်အရက်များကို စားပွဲပေါ်တွင် ချထားပြီး လှပသော အစေခံအမျိုးသမီး ၄ဦးသည် ထိုင်ခုံ နောက်တွင် ရပ်နေကာ ပေးအပ်လာမည့် အမိန့်ကို ဖြည့်ဆည်းရန်အတွက် အသင့် စောင့်ဆိုင်းနေခဲ့ကြသည်။

"ဒီနေရာက အတော်လေး ဇိမ်ကျတဲ့နေရာပဲ"

ကျန်းချန်က ခန်းမကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေဧရိယာတွင် နေထိုင်သည့်ပါရမီရှင် တစ်ဦးပင် ဤကဲ့သို့ ဇိမ်ခံမှုကို ခံစားရရှိသည် ဆိုလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တရားဝင် တပည့်သာ ဖြစ်လာခဲ့လျှင် ပို၍ပင် ဇိမ်ခံခွင့်ရလိမ့်မည် မဟုတ်ပါလော။

"အမြုတေဧရိယာမှာ နေထိုင်တဲ့ ပါရမီရှင်အများစုက အနာဂတ်မှာ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ တရားဝင်အဖွဲ့ဝင်တွေ ဖြစ်လာကြလိမ့်မယ်.. ဒါကြောင့် ရှေးဟောင်းနဂါးမျိုးနွယ်စုက အမြုတေဧရိယာမှာ နေထိုင်ကြတဲ့ ပါရမီရှင်တွေအတွက် ပြည့်ပြည့်စုံစုံ စီစဥ်ပေးထားတာပဲ"

မုန့်ဖျင်က ပြုံးပြုံးရွှင်ရွှင်ပင် ရှင်းပြလိုက်သည်။

စကားပြောဆိုရာမှာတစ်ဆင့် မုန့်ဖျင်က ကျန်းချန်သည် နဂါးမျိုးနွယ်စု အကြောင်း လုံးဝ မသိထားသည့် အောက်နယ်မြေမှ ပါရမီရှင်တစ်ဦးသာ ဖြစ်ကြောင်း သိရှိခဲ့သည်။

သို့သော်လည်း မုန့်ဖျင်သည် ကျန်းချန်အပေါ်တွင် မထီမဲ့မြင်အမူအရာမျိုး လုံးဝ မပြသခဲ့ပေ။

ကျန်းချန်ထံတွင် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်နိုင်သည့် အလားအလာ ရှိနေသရွေ့ သူ့အတွက် မည်သည့်အရာမှ ပြဿနာမရှိပေ။

"သခင်ကြီးကျန်းချန်က အကြီးအကဲရဲ့ ထောက်ခံချက်ကို ရထားတာဆိုတော့ ကောင်းကင်နဂါးဝင်ခွင့် စစ်ဆေးပွဲကို ၂ကြိမ် ပါဝင်ခွင့်ရှိတယ်.. ကောင်းကင်နဂါးမြို့တော်ရဲ့ ဝင်ခွင့်စစ်ဆေးပွဲ အကြိမ်တိုင်းမှာ လူပေါင်းသောင်းနဲ့ချီ ပါဝင်လေ့ရှိတယ်.. ဒါပေမဲ့ တကယ်တမ်း အောင်မြင်တဲ့လူကတော့ ၁၀၀ကျော်လောက်ပဲရှိတယ်.. ဒါကြောင့် အချိန်တွေက အရမ်းတန်ဖိုးရှိတယ်.. ဒီအတောအတွင်းမှာ သခင်ကြီးကျန်းချန် အနေနဲ့ ကျင့်ကြံခြင်းကို အစွမ်းကုန် အားထုတ်မှ ဖြစ်လိမ့်မယ်"

သူ၏ သခင်ကြီး ကျန်းချန်သည် စီရင်စုထဲကို ဝင်ရောက်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရား၏ ကမ္ဘာ့စွမ်းအားကိုပင် သဘောပေါက် နားလည်သွားခဲ့သည်။

ထိုသို့ ကြောက်မက်ဖွယ်ရာ ပါရမီဖြင့်သာဆိုလျှင် မုန့်ဖျင်သည် ကျန်းချန်၏ ကျင့်ကြံခြင်းအရှိန်အဟုန်နှင့် ပတ်သက်၍ လုံးဝစိတ်မပူခဲ့ပေ။

သူ၏ တစ်ခုတည်းသောစိုးရိမ်မှုမှာ ကျန်းချန်က ဇိမ်ခံမှုအပေါ်တွင် သာယာပြီး ကျင့်ကြံခြင်းတွင် ပေါ့ပေါ့ဆဆ ဖြစ်လာမည်ကိုပင် ဖြစ်၏။

တစ်ချိန်က အမြုတေဧရိယာတွင် ထူးချွန်သော ပါရမီရှင်အချို့ ရှိခဲ့သည်။

၎င်းတို့၏ အနာဂတ် အလားအလာသည် အလွန်ပင်ကောင်းမွန်ခဲ့၏။

သို့သော်လည်း ဇိမ်ခံမှုအပေါ်တွင် သာယာပြီးနောက်တွင် ရလဒ်အနေဖြင့် သူတို့သည် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စစ်ဆေးမှုကို ကျရှုံးခဲ့ကြသည်။

ထို့ကြောင့်လည်း မုန့်ဖျင်က ကျန်းချန်ကို သတိပေးခဲ့ခြင်းဖြစ်၏။

"ကျွန်တော် နားလည်ပါတယ်"

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

သူက မုန့်ဖျင်၏ လူပေါင်းသောင်းချီတွင် လူ၁၀၀ လောက်သာ အောင်မြင်သည် ဟူသော စကားကြောင့် အံ့အားသင့်နေခဲ့သည်။

"သခင်ကြီးကျန်းချန်.. နားလည်ရင် ပြီးတာပါပဲ"

မုန့်ဖျင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။

ထို့နောက်တွင် ၁ပေခန့် အထူရှိသော စာအုပ်တစ်အုပ်သည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့၏။

ကျန်းချန်က မုန့်ဖျင်၏ လက်ထဲရှိ စာအုပ်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ဒါက ဘာစာအုပ်လဲ"

"ဒါက မြေကမ္ဘာနဂါးမြို့တော်ရဲ့ မှော်ရတနာစာရင်းစာအုပ်ပဲ.. ဒီထဲမှာ မှော်ရတနာမျိုးစုံ၊ မှော်ဆေးလုံးမျိုးစုံနဲ့ ကိုယ်ခံပညာရပ် မျိုးစုံ ပါဝင်တယ်.. အမြုတေဧရိယာမှာ နေထိုင်တဲ့ ပါရမီရှင်တွေ အချိန်ကုန်သက်သာဖို့ အတွက် စီရင်စုတိုင်းမှာ ဒီလိုစာရင်းစာအုပ်တစ်အုပ်စီ ရှိကြတယ်.. သခင်ကြီးကျန်းချန်အနေနဲ့ ဒီမှော်​ရတနာ စာရင်းထဲကနေ လိုအပ်တဲ့အရာတွေကို တိုက်ရိုက် ဝယ်ယူနိုင်တယ်.. ဒါ့အပြင် အမြုတေဧရိယာကို အသစ် ရောက်ရှိလာတဲ့ ပါရမီရှင်အနေနဲ့ ဒီထဲက အရာ၂ခုကို ရွေးချယ်နိုင်တယ်"

မုန့်ဖျင်က ပြုံးပြုံးရွှင်ရွှင်ပင် ရှင်းပြလိုက်သည်။

ကျန်းချန်က စာအုပ်ကို လှမ်းယူကာ မေးလိုက်၏။

"အိမ်တော်ထိန်း မုန့်.. ကျွန်တော်အခု ဘာကို ရွေးချယ်ဖို့လိုအပ်တယ်လို့ ထင်လဲ"

"သခင်ကြီးကျန်းချန် အနေနဲ့ နတ်စွမ်းအားကို မွေးမြူဖို့အတွက် လျှို့ဝှက်နည်းစနစ် တစ်ခုနဲ့ ကိုယ်ခံပညာရပ် တစ်ခုကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်"

အခန်း(၁၅၀၉)ပြီး၏။

All Chapters