← Chapters

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း(၁၅၁၀)

"နတ်စွမ်းအားကိုမွေးမြူဖို့အတွက် လျှို့ဝှက်နည်းစနစ်တောင် ရှိသေးတယ်လား"

ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။

သိထားရမည့်အချက်မှာ အောက်နယ်မြေမှ အင်ပါယာအဆင့် ကျင့်ကြံသူများစွာသည် နတ်စွမ်းအားကို မွေးမြူနိုင်ခြင်း မရှိသောကြောင့် ဘဝတစ်လျှောက်လုံး အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ သောင်တင်နေခဲ့ရသည်။

သို့သော်လည်း ယခုအခါတွင် မုန့်ဖျင်သည် နတ်ဘုရားနယ်မြေတွင် နတ်စွမ်းအားကို မွေးမြူနိုင်သည့် အထူးလျှို့ဝှက် နည်းစနစ်ရှိသည်ဟု သူ့ကို ပြောပြခဲ့၏။

နတ်ဘုရားနယ်မြေတွင် နတ်စွမ်းအားကို မွေးမြူနိုင်သည့် အထူးလျှို့ဝှက်နည်းစနစ် တစ်ခုရှိနေသည်ဆိုလျှင် အောက်နယ်မြေမှ အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် အဘယ်ကြောင့် နတ်ဘုရားနယ်မြေသို့ လာရောက်ကာ အထူးလျှို့ဝှက်နည်းစနစ်ကို မရွေးချယ်ရပါသနည်း။

"တကယ်တမ်းပြောရရင် ဒီလိုလျှို့ဝှက်နည်းစနစ်က နတ်ဘုရားနယ်မြေမှာ သိပ်မရှိဘူး.. ဘာလို့လဲဆိုတော့ ဒီလိုအဆင့်မြင့်တဲ့ လျှို့ဝှက်နည်းစနစ်တွေကို နယ်မြေနတ်ဘုရား အဆင့်ကျင့်ကြံသူတွေကပဲ ဖန်တီးနိုင်လို့ပဲ.. သခင်ကြီးကျန်းချန်က မြေကမ္ဘာနဂါးမြို့တော်ရဲ့ အမြုတေဧရိယာမှာ နေထိုင်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေလို့သာ အလွယ်တကူ ရရှိနိုင်တာပဲ.. တခြားဒေသက ပါရမီရှင်တွေ ဆိုရင်တော့ ဒီလို လျှို့ဝှက်နည်းစနစ်ကို ရရှိဖို့အတွက် ဆိုရင် မြေကမ္ဘာနဂါး ရမှတ် သောင်းနဲ့ချီကို အသုံးပြုရလိမ့်မယ်"

မုန့်ဖျင်က ကျန်းချန် မည်ကဲ့သို့ တွေးတောနေသည်ကို ရိပ်စားမိခဲ့ပြီး ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

"ဒီလိုကိုး"

ကျန်းချန် နားလည်သွားခဲ့၏။

အောက်နယ်မြေမှ အင်ပါယာအဆင့် ကျင့်ကြံသူများသည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ပတ်သက်ရန် မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ နယ်မြေနတ်ဘုရား တစ်ပါး တီထွင်ထားသော နတ်စွမ်းအား မွေးမြူသည့် အထူး လျှို့ဝှက်နည်းစနစ်ကို မည်ကဲ့သို့ ရရှိနိုင်ပါအံ့နည်း။

"အိမ်တော်ထိန်း မုန့်.. ကျွန်တော်က နတ်စွမ်းအားကို မွေးမြူဖို့အတွက် လျှို့ဝှက်နည်းစနစ် မလိုအပ်တော့ဘူး ကျွန်တော့်ကို ကိုယ်ခံပညာနဲ့ ပတ်သက်ပြီးပဲ အကြံဥာဏ်ပေးပါတော့"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် နတ်စွမ်းအားကို ထုတ်ဖော် ပြသလိုက်သည်။

"သခင်ကြီးကျန်းချန်က တကယ်ပဲ အင်ပါယာနယ်ပယ် နှောင်းပိုင်း အဆင့်လောက်နဲ့ နတ်စွမ်းအားကို မွေးမြူထားနိုင်တယ်လား"

မုန့်ဖျင်က ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်စွမ်းအားကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကိုယ်ခံပညာ ဥပဒေသများကို နားလည်ရာတွင် အလွန်တရာ ထူးခြားသည်ဟုသာ မူလက သူထင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် နတ်စွမ်းအားကို မွေးမြူထားနိုင်သည့် နတ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် ဖြစ်နေမှန်း သူမျှော်လင့်မထားခဲ့ပေ။

နတ်စွမ်းအားကို မွေးမြူနိုင်သော ပါရမီရှင်တစ်ဦး အနေဖြင့် ဤနေရာတွင် ၁၀နှစ်မျှ ကျင့်ကြံမည်ဆိုလျှင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို အောင်မြင်ရန်မှာ သေချာသလောက်ပင် မဟုတ်ပါလား။

"အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်နဲ့ နတ်စွမ်းအားကို မွေးမြူနိုင်တယ်လား"

ရွှယ်ချင်းရို့၏ လှပသော မျက်လုံးလေးတွင် တုန်လှုပ်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယေဘုယျအားဖြင့် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီးမှသာ နတ်စွမ်းအားကို မွေးမြူနိုင်ကြသည်။

ထို့ကြောင့် နတ်စွမ်းအားကို အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့်သို့ မရောက်ရှိခင် မွေးမြူနိုင်သည့် ပါရမီရှင်များကို အထွတ်အထိပ် ပါရမီရှင်ဟုပင် ခေါ်ဆိုရလိမ့်မည် ဖြစ်၏။

ထိုကြောင့် ကျီယွင်ဖေးက ကျန်းချန်၏ ရှေ့တွင် နတ်တစ်ပိုင်းအဆင့် ပါရမီရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်မောက်နေခြင်းသည် ရယ်စရာကောင်းနေခဲ့၏။

ကျီယွင်ဖေးသည် ကျန်းချန် ကဲ့သို့ပင် နတ်တစ်ပိုင်းအဆင့် ဖြစ်သော်လည်း အင်ပါယာနယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိပြီးမှသာလျှင် နတ်စွမ်းအားကို မွေးမြူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်စွမ်းအားကို မွေးမြူနိုင်သည့် ကျန်းချန်နှင့် ယှဥ်လျှင် ကျီယွင်ဖေး၏ ပါရမီသည် အားနည်းနေသည် မဟုတ်ပါလော။

မုန့်ဖျင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ကာ ကျန်းချန်ကို ကိုယ်ခံပညာရပ်များနှင့် ပတ်သက်၍ မိတ်ဆက်ပေးရန် စတင်လိုက်သည်။

အင်ပါယာနယ်ပယ်အဆင့်တွင် ကျင့်ကြံသူများသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူကာ ကိုယ်ပိုင် အသက်စွမ်းအား အဖြစ် ပြောင်းလဲနိုင်ကြသည်။

သို့သော်လည်း ပကတိနတ်ဘုရား အဆင့်တွင်မူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူကာ နတ်စွမ်းအားအဖြစ် ပြောင်းလဲရန်မှာ အလွန်တရာ ထိရောက်မှုမရှိချေ။

ထို့ကြောင့် ပကတိနတ်ဘုရား တစ်ပါးသည် ကျင့်ကြံသောအခါတွင် နည်းစနစ်တစ်ခု၏ အကူအညီကို လိုအပ်၏။

ကျင့်ကြံခြင်း နည်းစနစ်သည်လည်း ကျင့်ကြံခြင်းအဆင့်များ ကဲ့သို့ပင် ပကတိနတ်ဘုရားအဆင့်၊ ကောင်းကင်နတ်ဘုရားအဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့် ဟူ၍ ခွဲခြားထားသည်။

ဥပမာအားဖြင့် ပြောရလျှင် ကောင်းကင်နတ်ဘုရား အဆင့် နည်းစနစ်ကို ကျင့်ကြံသူတစ်ဦးသည် ပကတိနတ်ဘုရားအဆင့်နည်းစနစ်ကို ကျင့်ကြံသူတစ်ဦးထက် ပိုမိုလျင်မြန်စွာ ကျင့်ကြံနိုင်ရုံသာမက ပေါင်းစည်းနိုင်သော နတ်စွမ်းအားသည်လည်း ပို၍ ခမ်းနားသန့်စင်ပြီး အဆင့်တူအတွင်း သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ၃ဆ ပိုမိုအားကောင်းမည်ဖြစ်၏။

ကျန်းချန်က မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ကျွန်တော်က ပကတိနတ်ဘုရားအဆင့်ကိုမှ မထိုးဖောက်ရသေးတာ ဘယ်လိုလုပ်ပြီး ကျင့်လို့ရမှာလဲ"

"သခင်ကြီးကျန်းချန်က ပကတိနတ်ဘုရားအဆင့်ကို မထိုးဖောက်ရသေးဘူး ဆိုပေမဲ့ ခန္ဓာကိုယ်ထဲမှာ နတ်စွမ်းအားကို မွေးမြူထားနိုင်ပြီ ဖြစ်တဲ့အတွက် ဒီကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံလို့ရပါတယ်"

မုန့်ဖျင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"သခင်ကြီးကျန်းချန်သာ ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ရင် သခင်ကြီးရဲ့ ခန္ဓာကိုယ်ထဲက အသက်စွမ်းအားကို နတ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တဲ့ အရှိန်အဟုန် အနည်းဆုံး ၃၀ရာခိုင်နှုန်း ပိုမြန်လာလိမ့်မယ်"

"ငါနားလည်ပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ထဲရှိ ထူထဲသောစာအုပ်ကို ဖွင့်လိုက်သည်။

သူက ဆေးလုံးစာရင်းကို တိုက်ရိုက်ပင် ကျော်လိုက်ပြီး ကျင့်ကြံခြင်း နည်းစနစ်များကို မှတ်တမ်းတင်ထားသော အပိုင်းအား လှန်လော၍ ကြည့်လိုက်သည်။

စာအုပ်၏ စာမျက်နှာတိုင်းတွင် နည်းစနစ်တစ်ခုစီ ရှိနေပြီး ထိုနည်းစနစ်နှင့် ပတ်သက်၍ ရေတွက်၍ မရနိုင်သော သင်္ကေတများ၊ စာလုံးများဖြင့် အသေးစိတ် မိတ်ဆက်ပေးထား၏။

ကျန်းချန်က စာမျက်နှာအချို့ကို လှန်လှော၍ ကြည့်လိုက်ရာ ပကတိနတ်ဘုရားအဆင့် နည်းစနစ်များသာ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ကျန်းချန်က ရွေးချယ်ရန် အတွက် စိတ်လောမနေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း နည်းစနစ်ကို ရွေးချယ်ခြင်းသည် ကျင့်ကြံသူတိုင်း အတွက် အလွန် အရေးကြီးသောကိစ္စ ဖြစ်သောကြောင့်ပင်။

ပိုမို ကောင်းမွန်သည့် ရွေးချယ်စရာ နည်းစနစ် တစ်ခု ရှိနေသရွေ့ ကျန်းချန်သည် အနိမ့်ဆုံးဖြစ်သည့် ပကတိနတ်ဘုရားအဆင့် နည်းစနစ်ကို ရွေးချယ်မည် မဟုတ်ချေ။

ထို့အပြင် ကိုယ်ခံပညာနည်းစနစ်ကို ရွေးချယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်တတ်ကျွမ်းထားသည့် ကိုယ်ခံပညာဥပဒေသ၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီသည့် နည်းစနစ်ကို ရွေးချယ်ရန် ဖြစ်သည်။

သို့မှသာ ကျင့်ကြံသူအနေဖြင့် ပို၍ အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်က စိတ်ရှည်ရှည်ဖြင့် လေ့လာရန် ဆုံးဖြတ်ခဲ့သည်။

သူက စာမျက်နှာတစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ဖတ်၍ စာမျက်နှာ ၁၀၀နီးပါးကို လှန်လှောပြီးနောက်တွင် အဆုံးသတ်၌ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို မြင်တွေ့ခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်၏ အရေအတွက်သည် ပကတိနတ်ဘုရားအဆင့် နည်းစနစ်ထက်များစွာ နည်းပါးနေသည်မှာ သံသယမရှိပေ။

ကျန်းချန်က ခန့်မှန်းခြေအားဖြင့် ‌ရေတွက်ကြည့်လိုက်ရာ စာအုပ်တစ်အုပ်လုံးတွင် မှတ်တမ်းတင်ထားသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်၏ စုစုပေါင်းအရေအတွက်သည် စာမျက်နှာတစ်ဒါဇင်လောက်သာ ရှိသည်။

နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်များကမူ ဤစာအုပ်တွင် မပါဝင်ပုံရ၏။

ကျန်းချန်က ရုတ်တရက် စူးစမ်းစွာ မေးလိုက်သည်။

"ဒီစာအုပ်ထဲမှာ နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံခြင်းနည်းစနစ်ရော မပါဘူးလား"

"သခင်ကြီးကျန်းချန်.. နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေက အရမ်းကို ရှားပါးတယ်.. ရှေးဟောင်းနဂါးမျိုးနွယ်စု တစ်ခုလုံးမှာတောင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ၃ခုပဲ ရှိတယ်.. မြေကမ္ဘာနဂါးမြို့တော်မှာတော့ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် မရှိဘူး.. သခင်ကြီးကျန်းချန်က နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ကို ရချင်တယ် ဆိုရင်တော့ ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မှပဲ ဖြစ်နိုင်လိမ့်မယ်.. နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်က အားကောင်းပေမဲ့လည်း ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူတွေအတွက် အောင်အောင်မြင်မြင် ကျင့်ကြံဖို့ မလွယ်ကူဘူး.. ဒါကြောင့် ကျင့်ကြံသူတွေအနေနဲ့ အရမ်း အဆင့်မြင့်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ရွေးချယ်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး"

မုန့်ဖျင်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။

သူ့ရှေ့တွင် ရှိနေသော လူငယ်သည် အလွန်ပင် ပါရမီရှိသော်လည်း မာနကြီးပုံရ၏။

ထို့ကြောင့် ကျန်းချန်က အဆင့်မြင့် ကျင့်ကြံခြင်း နည်းစနစ်များအား ရွေးချယ်မည်ကို သူအမှန်တကယ် စိုးရိမ်နေမိသည်။

ကောင်းကင်နဂါးမြို့တော်၏ ဝင်ခွင့်စစ်ဆေးမှုသည် အချိန်ကန့်သတ်ချက် ရှိသည်။

ထို့ကြောင့် အလွန်တရာ အားကောင်းသည့် နည်းစနစ်တစ်ခုကို ရွေးချယ်လိုက်ခြင်းသည် အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် အချိန်များစွာ ယူရမည် ဖြစ်၏။

မြေကမ္ဘာနဂါးမြို့တော်တွင် ယခင်က ထူးခြားသော ပါရမီရှင် အများအပြား ပေါ်ထွက်ခဲ့ဖူးသည်။

၎င်းတို့က အလွန်တရာ အဆင့်မြင့်သည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်များကို ‌ရွေးချယ်ခဲ့ကြ၍ အဆုံးသတ်တွင် အချိန်များစွာကို ဖြုန်းတီးမိခဲ့ကြသည်။

ထို့ကြောင့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်နိုင်မည့် အခွင့်အရေးအား ဆုံးရှုံးသွားခဲ့ကြ၏။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ပင် ကျင့်ကြံဖို့ မလွယ်ကူသည်ဖြစ်ရာ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

မုန့်ဖျင်၏ စိုးရိမ်မှုနှင့် ပတ်သက်၍ ကျန်းချန်က လုံးဝကို လျစ်လျူရှုထားခဲ့သည်။

သူ့တွင် အဆ ၁၀၀ စနစ်ရှိ၍ မည်မျှပင် ခက်ခဲသည့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်စေ နှစ်ဝက်ခန့် အချိန်ပေးလိုက်သည်နှင့် အောင်မြင်စွာ ကျင့်ကြံရန် မခက်ခဲချေ။

ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင် စာအုပ်ထဲရှိ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်များကို ဂရုတစ်ိုက် လှန်လှောကြည့်လိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ကိုမှတ်တမ်းတင်ထားသော စာမျက်နှာ၁၅ရွက်ကို လှန်လှောကြည့်ရှုပြီးနောက်တွင် သူ့အတွက် သင့်တော်သော ကျင့်ကြံခြင်း နည်းစနစ်များ ရှိမနေသည်ကို တွေ့လိုက်ရသည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး နောက်ဆုံးစာမျက်နှာသို့ တိုက်ရိုက်ပင် လှန်လိုက်သည်။

သူ၏အကြည့်က ထိုစာမျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက်တွင် သူ၏ မျက်ဝန်းများသည် အဆုံးသတ်၌ တောက်ပလာခဲ့သည်။

"ကောင်းကင်နတ်ဘုရားအဆင့် နည်းစနစ်.. ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်"

အခန်း(၁၅၁၀)ပြီး၏။

အခန်း(၁၅၁၁)

ဤသည်က မပြည့်စုံသော ကျင့်ကြံခြင်းနည်းစနစ် တစ်ခု ဖြစ်သည်။

အကယ်၍ ပြီးပြည့်စုံသော ကျင့်စဥ်နည်းစနစ်သာဖြစ်ခဲ့လျှင် နယ်မြေနတ်ဘုရားအဆင့်နည်းစနစ် သို့မဟုတ် ထို့ထက်ပင် ပိုလောက်သည်ဟု ခန့်မှန်းရ၏။

မပြည့်စုံမှုကြောင့်သာလျှင် ဤကျင့်ကြံခြင်း နည်းစနစ်ကို ကောင်းကင်နတ်ဘုရားအဆင့် ဟူ၍ သတ်မှတ်ထားခြင်းဖြစ်သည်။

မှော်ရတနာ စာရင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ထိုကျင့်ကြံခြင်း နည်းစနစ်ကို မိတ်ဆက်ပေးထားသည့် စာတစ်ကြောင်းမှ လွဲ၍ လျှို့ဝှက်ဆန်းကြယ်သော သိုင်းကွက်ပုံစံရေးဆွဲထားသည့် ရုပ်ပုံ၃မျိုးသာ ရှိသည်။

ထိုရုပ်ပုံ၃မျိုးအနက် ပထမရုပ်ပုံသည် ပြီးပြည့်စုံသော်လည်း ဒုတိယရုပ်ပုံကမူ အနည်းငယ် ပျက်ယွင်းနေခဲ့သည်။

တတိယရုပ်ပုံကမူ အလွန်ပင် မှုန်ဝါးနေ၍ မည်သည့် ရုပ်ပုံမှန်းကိုပင် ခွဲခြားရ ခက်နေခဲ့၏။

ကျန်းချန်က သူ၏ရှေ့ရှိ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကြည့်ရင်း စိတ်လှုပ်ရှားလာခဲ့သည်။

ဤကျင့်ကြံခြင်း နည်းစနစ်သည် ကောင်းကင်နတ်ဘုရား အဆင့် နည်းစနစ်ကိုပင် ကျော်လွန်နေသော ကျင့်ကြံခြင်း နည်းစနစ် ဖြစ်သည်။

မပြည့်စုံမှုကြောင့် သာလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ထိုကျင့်ကြံခြင်း နည်းစနစ်ကို ကောင်းကင်နတ်ဘုရား အဆင့် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။

သို့သော်လည်း ထိုကဲ့သို့ မပြည့်စုံသော ကျင့်ကြံခြင်း နည်းစနစ်သည် ကျန်းချန်အတွက် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ၁၀၀စနစ် ရှိနေသောကြောင့်ပင်။

ပြီးပြည့်စုံသော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ရရှိရန်အတွက် အဆ ၁၀၀ စနစ်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းရည်ကို အသုံးပြုနိုင်သည် မဟုတ်ပါလော။

"သခင်ကြီးကျန်းချန်.. ဒီထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို မရွေးချယ်သင့်ဘူး"

ကျန်းချန်က မှော်ရတနာစာအုပ်ပေါ်ရှိ ထိုက်စု အထွတ်အထိပ်နဂါးအသွင်ပြောင်း နည်းစနစ်စာမျက်နှာအား စိုက်ကြည့်နေသည်ကို မြင်လျှင် မုန့်ဖျင်သည် ရုတ်တရက် စိတ်ပူလာခဲ့ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ကျွန်တော်က ဘာလို့ ဒီကျင့်ကြံခြင်းနည်းစနစ်ကို မရွေးချယ်ရမှာလဲ.. ဒီထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်က ကျွန်တော့်အတွက် အရမ်းသင့်တော်တယ်လို့ ထင်တယ်"

ကျန်းချန်က မုန့်ဖျင်ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

ကျင့်ကြံခြင်း နည်းစနစ်များကို ရွေးချယ်ရာတွင် မိမိနားလည်ထားသော ကိုယ်ခံပညာ ဥပဒေသနှင့် သင့်တော်သည့် နည်းစနစ်များကို ‌ရွေးချယ်ရ၏။

ဤမှော်ရတနာ စာရင်းစာအုပ်ထဲရှိ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံခြင်း နည်းစနစ်အားလုံးသည် အတော်‌လေး ရိုးရှင်းပြီး အများဆုံးမှာ ဥပဒေသ၃ခု သို့မဟုတ် ၄ခုလောက်သာ ပေါင်းစပ် အသုံးပြုနိုင်သည်။

ကျန်းချန်က ဥပဒေသ ၇မျိုးကို ကျွမ်းကျင်ထားသူ ဖြစ်ရာ သဘာဝအားဖြင့် ဤကျင့်ကြံခြင်း နည်းစနစ်များသည် ကျန်းချန်နှင့် လုံးဝ လိုက်ဖက်မှုမရှိခဲ့ပေ။

ယင်းအပြင် သူအခု ရွေးချယ်ထားသည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် ဥပဒေသကန့်သတ်ချက် မရှိပေ။

ဆိုရလျှင် ထိုကျင့်ကြံခြင်း နည်းစနစ်သည် သူ၏ ဥပဒေ၇မျိုးနှင့် လုံးဝ လိုက်ဖက်နိုင်ပြီး အဆင့်လည်း အလွန်ပင် မြင့်မား၏။

ကျန်းချန်၏ အမြင်တွင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်မှာ သံသယဝင်စရာ မလိုအပ်ပေ။

"ဒီထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်က ပြီးပြည့်စုံမှု မရှိတဲ့နည်းစနစ် တစ်ခုဆိုတာ သခင်ကြီးကျန်းချန် မြင်မှာပါ.. ဒီကျင့်ကြံခြင်းနည်းစနစ်ရဲ့ တကယ့် အဆင့်အတန်းက နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်ထက် လုံးဝ မနိမ့်ကျတဲ့အတွက် ကျင့်ကြံဖို့ အရမ်းခက်ခဲတယ်လို့ ပြောလို့ရတယ်.. မြေကမ္ဘာနဂါး မြို့တော်ရဲ့ သမိုင်းမှာ ပြီးပြည့်စုံမှု မရှိတဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ‌ရွေးချယ်ခဲ့တဲ့ ထူးခြားတဲ့ ပါရမီရှင် ၉ယောက် ရှိခဲ့ဖူးတယ်.. ဒါပေမဲ့ သူတို့ အားလုံး ကျရှုံးခဲ့ကြတယ်"

မုန့်ဖျင်က မချိပြုံး ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်က ကျင့်ကြံရန် မဖြစ်နိုင်သည့် ဤနည်းစနစ်အား ‌‌‌‌ရွေးချယ်မည်ကို သူ အမှန်တကယ် စိုးရိမ်နေမိသည်။

"အိမ်တော်ထိန်း မုန့်.. ဆိုလိုချင်တာကို ကျွန်တော် နားလည်ပါတယ်.. ဒါပေမဲ့ ဒီထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျွန်တော် စိတ်ဝင်စားနေဆဲပဲ.. ဒါ့အပြင် တခြားသူတွေ မလုပ်နိုင်တာနဲ့ပဲ ကျွန်တော် ကျန်းချန်က မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ"

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့.. အိမ်တော်ထိန်းမုန့် ဘာကို စိုးရိမ်နေသလဲ ဆိုတာ ကျွန်တော်သိပါတယ်.. ကျွန်တော့်ကို တစ်နှစ်ပဲ အချိန်ပေးပါ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်မှာ တိုးတက်မှုတွေ မရှိဘူးဆိုရင် ကျွန်တော် တခြားနည်းစနစ်ကို ပြောင်းပြီး ကျင့်ကြံပါ့မယ်"

ကျန်းချန်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ရွေးချယ်ရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် မုန့်ဖျင်သည် သက်ပြင်းကို နက်နက်ရှိုင်းရှိုင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူက သူ့ကိုယ်သူ အသက်များစွာ ကြီးသွားသလိုပင် ခံစားခဲ့ရသည်။

သို့သော်လည်း ကျန်းချန်၏ နောက်ထပ် စကားကို ကြားလျှင် သူ၏ တစ်ကိုယ်လုံးသည် ရုတ်တရက် လန်းဆန်းသွားခဲ့၏။

ကျန်းချန်က နဂါးအသွင်ပြောင်း အထွတ်အထိပ် နည်းစနစ်ကို တန်ဖိုးထားသော်လည်း သူ၏စိတ်ကို လုံးဝ မဆုံးရှုံးခဲ့ပုံရသည်။

မုန့်ဖျင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"သခင်ကြီးကျန်းချန်အနေနဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်အပေါ်မှာ အချိန်အများကြီး မဖြုန်းသရွေ့ ကြိုးစားကြည့်နိုင်ပါတယ်"

ကျန်းချန်သည် မြေကမ္ဘာနဂါး မြို့တော်တွင် ၁၂နှစ်နီးပါး အချိန် ကျန်ရှိနေသည်။

ထို့ကြောင့် ၁နှစ် ကာလကကို ဖြုန်းတီးခဲ့လျှင်ပင် ၁၀နှစ်အပြည့်အဝ ကျန်ရှိနေသေးသည် မဟုတ်ပါလား။

ကျန်းချန်၏ ပါရမီဖြင့်သာ ဆိုလျှင် ဆယ်နှစ်အတွင်း ကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်ရန်မှာ ခက်ခဲသောအလုပ်တစ်ခု မဟုတ်ပေ။

မုန့်ဖျင်၏ စိတ်လှုပ်ရှားမှုကို မြင်လျှင် ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ရယ်မော၍ မေးလိုက်သည်။

"ဒါဆို ကျွန်တော်က ဒီထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ် ဘယ်လိုရရှိနိုင်မလဲ"

"အမြုတေဧရိယာမှာ နေထိုင်တဲ့ ပါရမီရှင်တွေက ဗဟိုဧရိယာအထိ သွားဖို့ မလိုအပ်ဘူး"

မုန့်ဖျင်က ပြုံး၍ ပြောလိုက်သည်။

"သခင်ကြီးရဲ့ ကိုယ်ပိုင်တံဆိပ်ပြားကို ဒီမှော်ရတနာစာအုပ်ရဲ့စာမျက်နှာပေါ်မှာ တင်လိုက်တာနဲ့ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်း နည်းစနစ်ကို စီရင်စု တံခါးဝထိ ချက်ချင်း လာရောက် ပို့ဆောင်ပေးလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

ဤမြေကမ္ဘာနဂါးမြို့တော်တွင် သူ၏ ယခင်ဘဝက အွန်လိုင်း စျေးဝယ်မှုကဲ့သို့ လုပ်ဆောင်ချက်များပင် ရှိနေသည် မဟုတ်ပါလော။

ကျန်းချန်က သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကို ချက်ချင်းပင် စာအုပ်၏ စာမျက်နှာပေါ်တွင် တင်လိုက်သည်။

ထို့နောက်တွင် သူ၏ တံဆိပ်ပြားနှင့် စာအုပ်၏ စာမျက်နှာကြားတွင် အနည်းငယ်လှုပ်ရှားမှုတစ်ခု ဖြစ်လာသည်ဟု ကျန်းချန် ခံစားခဲ့ရသည်။

အသက်ဆယ်ရှိုက်စာမျှ ကြာပြီးနောက်တွင် စီရင်စု၏ အပြင်ဘက်ကနေ အသံတစ်သံကို ကြားလိုက်ရ၏။

"အမှတ် ၁၆၆စီရင်စု ကျင့်ကြံခြင်း နည်းစနစ်ကို လက်ခံရယူပါ"

ကျန်းချန်က ရုတ်တရက် အံ့သြ ထိတ်လန့်သွားခဲ့သည်။

အိမ်တိုင်ရာရောက် ပို့ဆောင်မှု၏ အရှိန်အဟုန်သည် အလွန်ပင် မြန်ဆန်နေသည် မဟုတ်ပါလော။

ကျန်းချန်က စီရင်စု၏ ဝင်ပေါက်သို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။

ထို့နောက် သူက သူရွေးချယ်ခဲ့သော ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လက်ခံရယူရန် ပြင်လိုက်သောအခါ တံခါးဝထိ လာရောက် ပို့ဆောင်သော ပို့ဆောင်ရေးသမားသည် ပကတိနတ်ဘုရား တစ်ပါး ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ပကတိ နတ်ဘုရား တစ်ပါးပင် မြေကမ္ဘာနဂါး မြို့တော်တွင် ပို့ဆောင်ရေးသမား တစ်ဦးလောက်သာ အဆင့်ရှိသည်ကို မြင်လျှင် ကျန်းချန်သည် မှင်တက်သွားခဲ့သည်။

"နတ်ဘုရားနယ်မြေမှာ ပကတိနတ်ဘုရား အဆင့်က သိပ်ဘောင်မဝင်ဘူး ထင်တယ်"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး စီရင်စုထဲသို့ ပြန်ဝင်လာခဲ့ကာ ကျင့်ကြံခြင်း နည်းစနစ်ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းတံဆိပ်ပြားကို ခြေမွလိုက်သည်။

တစ်ခဏအတွင်းမှာပင် ကျောက်စိမ်းတံဆိပ်ပြား ထဲကနေ အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ စိတ်ထဲသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။

မကြာမီမှာပင် စာအုပ်ထဲတွင် ယခင်က မြင်တွေ့ခဲ့သော ရုပ်ပုံ ၃မျိုး၏ အသေးစိတ် အချက်အလက်များသည် သူ၏ မှတ်ဥာဏ်ထဲတွင် စွဲထင်သွားသည်ကို ကျန်းချန် ခံစားခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က နတ်ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ်နဂါး အသွင်ပြောင်းနည်းစနစ်ရဲ့အပိုင်းအစကို ကြည့်ပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. မပြည့်စုံတဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တစ်သန်းပုံ တစ်ပုံ ဖြည့်စွက်ပြီးပါပြီ"

"ဒင်.. သင်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို တစ်သန်းပုံတစ်ပုံ နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်ဘုရင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ရဲ့အပိုင်းအစကို ကြည့်ပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. မပြည့်စုံတဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တစ်သန်းပုံ တစ်ပုံ ဖြည့်စွက်ပြီးပါပြီ"

"ဒင်..သင်က ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ကို တစ်သန်းပုံတစ်ပုံ နားလည်သွားခဲ့ပါပြီ"

"........."

"လခွမ်း ငါရွေးချယ်လိုက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်က နတ်ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်နေပါလား"

ကျန်းချန်က စိတ်ထဲမှ စနစ်၏ သတိပေးချက်ကိုကြားလျှင် အံ့သြထိတ်လန့်သွားခဲ့သည်။

ဤထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် တကယ်တမ်းတွင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ကိုပင် ကျော်လွန်နေသည့် နတ်ဘုရင်အဆင့်နည်းစနစ် ဖြစ်နေခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ထိုနည်းစနစ်ကို သူ၏ စိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းထားခြင်း ဖြစ်၍ ယင်းသည် သူ့အနေဖြင့် အချိန်တိုင်း ကြည့်ရှုနေသည်နှင့် အတူတူပင် ဖြစ်၏။

ထို့ကြောင့် အဆ၁၀၀ စနစ်က ထိုက်စု အထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ကို ပြီးစီးသည်အထိ ဖြည့်စွက်ရန်အတွက် ဆက်လက် ကူညီပေးလိမ့်မည် မဟုတ်ပါလား။

ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် ရက်အနည်းငယ် အတွင်း ရာခိုင်နှုန်း အနည်းငယ်လောက်ကို နားလည်မည်ဟု တွေးမိခဲ့သည်။

"သခင်ကြီးကျန်းချန် ဘာကြောင့်လဲတော့ ကျွန်တော်မသိဘူး.. သခင်ကြီးကျန်းချန်က ဒီထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို နားလည်နေတယ်လို့ ကျွန်တော်ခံစားရတယ်"

မုန့်ဖျင်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီထိုက်စု အထွတ်အထိပ်နဂါးအသွင်ပြောင်း နည်းစနစ်က အိမ်တော်ထိန်းမုန့် ထင်ထားသလောက်လည်း ကျင့်ကြံဖို့ မခက်ခဲပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဒီကျင့်ကြံခြင်းနည်းစနစ်ကို ၁နှစ်အတွင်း ကျင့်ကြံနိုင်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် မုန့်ဖျင်သည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အမူအရာများ မကြုံစဖူးဖြစ်ပေါ်လာခဲ့၏။

အခန်း(၁၅၁၁)ပြီး၏။

အခန်း(၁၅၁၂)

မုန့်ဖျင်သည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံရန် မည်မျှခက်ခဲသည်ကို ကောင်းစွာ နားလည်ထားသည်။

မြေကမ္ဘာနဂါးမြို့တော်၏ သမိုင်းတွင် ပါရမီရှင် ၉ဦးသည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နဂါးနည်းစနစ်ကို ရွေးချယ်ခဲ့ဖူး၏။

ထို၉ဦးထဲတွင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်နှင့် အလယ်အလတ် အဆင့်မှာပင် နတ်စွမ်းအားကို မွေးမြူနိုင်ခဲ့သည့် ပါရမီရှင်များပင် ပါဝင်ခဲ့သည်။

သို့သော်လည်း ထိုထူးခြားသော ပါရမီရှင်များသည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံရာတွင် ကျရှုံးခဲ့ကြသည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ကမ္ဘာ့စွမ်းအားကို ချက်ချင်းဆိုသလို နားလည်နိုင်၍ ထိုကဲ့သို့သော နားလည်နိုင်စွမ်းသည် တကယ်ကိုပင် ထူးခြားလှ၏။

သို့ရာတွင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း ကျင့်ကြံခြင်းနည်းစနစ်သည် ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံခြင်းနည်းစနစ်ထက်ပင် မြင့်မားသော်လည်း မပြည်စုံသော နည်းစနစ်တစ်ခုသာ ဖြစ်သည်။

အင်အားကြီးမားသော ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ထိုကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဟု ပြောရဲမည် မဟုတ်ချေ။

သို့ရာတွင် ကျန်းချန်ကမူ ၁နှစ်အတွင်း ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း ကျင့်ကြံခြင်းနည်းစနစ်ကို အောင်မြင်စွာကျင့်ကြံနိုင်မည်ဟု ပြောဆိုနေခဲ့သည်။

မုန့်ဖျင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်၏။

ကျန်းချန်သာ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း ကျင့်ကြံခြင်းနည်းစနစ်ကို ကတိအတိုင်း ၁နှစ်အတွင်း အမှန်တကယ် အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုလျှင် မြေကမ္ဘာနဂါး မြို့တော်၏ ပြိုင်ဘက်ကင်း နတ်ဆိုးများထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။

နောက်ထပ် ၂ရက်အတွင်း ကျန်းချန်က မြေကမ္ဘာနဂါး မြို့တော်နှင့် ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုခဲ့ရာ မြေကမ္ဘာနဂါး မြို့တော်နှင့် ရှေးဟောင်းနဂါး မျိုးနွယ်စုတစ်ခုလုံး၏ အကြောင်းကို အသေးစိတ် နားလည်သွားခဲ့သည်။

ရှေးဟောင်းနဂါးကမ္ဘာကို အုပ်ချုပ်နေသည့် နယ်မြေနတ်ဘုရားအဆင့် အင်အားစုတစ်ခု အနေဖြင့် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် အလွန်တရာပင် အားကောင်းသည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် နယ်မြေနတ်ဘုရားအဆင့် မျိုးနွယ်စုခေါင်းဆောင်၊ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများဖြစ်ကြသည့် ရွှေရောင်ဝတ်ရုံဝတ် အကြီးအကဲလေးဦးနှင့် ကောင်းကင်နတ်ဘုရားများ မရေမတွက်နိုင်အောင် ရှိသည်။

ကျန်းချန်သည် ဤကိစ္စများကို များစွာ အာရုံမစိုက်ခဲ့ပေ။

သူက အဓိကအားဖြင့် မြေကမ္ဘာနဂါးမြို့တော်နှင့် ကောင်းကင်နဂါးမြို့တော်၏ အချက်အလက်များကိုသာ နားလည်ရန် လေ့လာခဲ့ခြင်း ဖြစ်၏။

မြေကမ္ဘာနဂါးမြို့တော်၏ ငွေကြေးလည်ပတ်မှုသည် ကျန်းချန် အောက်နယ်မြေတွင် တွေ့ခဲ့ရသည့် ဂိုဏ်းအင်အားစုများနှင့် သိပ်မကွာခြားပေ။

ဤနေရာတွင် မြေကမ္ဘာနဂါး ရမှတ်များကို အရောင်းအဝယ်ငွေကြေးအဖြစ် အသုံးပြုသည်။

ထို့အပြင် မြေကမ္ဘာနဂါး မြို့တော်တွင် မြေကမ္ဘာနဂါး ရမှတ်များကို ရရှိရန်အတွက် ရိုးရှင်းသော နည်းလမ်းတစ်ခုလည်း ရှိသည်။

မတူညီသော ဧရိယာများတွင် နေထိုင်ကြသော တပည့်များသည် လစဥ် မြေကမ္ဘာနဂါးရမှတ် ပမာဏတစ်ခုကို ရရှိနိုင်သည်က လွဲလျှင် မြေကမ္ဘာနဂါးရမှတ်များကို ရရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ ဗဟိုဧရိယာတွင်ရှိသော မှော်နဂါးနန်းတော်ဆီသို့ သွားရောက်ရန် ဖြစ်သည်။

ဆိုရလျှင် မြေကမ္ဘာနဂါးမြို့တော်တွင် အောက်နယ်မြေမှ ဂိုဏ်းများကဲ့သို့ မြေကမ္ဘာနဂါးရမှတ်များကို ရရှိရန်အတွက် မစ်ရှင်များ မရှိပေ။

အကြောင်းရင်းမှာ မြေကမ္ဘာ နဂါးမြို့တော်တွင် အောက်ခြေအလုပ်များနှင့် ပို့ဆောင်ရေး အလုပ်များကိုပင် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူက လုပ်ဆောင်သည် ဖြစ်ရာ ကျင့်ကြံသူများကို မစ်ရှင်များပေးရန် သဘာဝအားဖြင့် မလိုအပ်တော့ပေ။

ထို့အပြင် မြေကမ္ဘာနဂါးမြို့တော်သို့ ဝင်ရောက်လာသော ကျင့်ကြံသူ အများစုသည် ပကတိနတ်ဘုရား အဆင့်ကို မဖြတ်ကျော်ရသေး၍ ကောင်းကင်ယံမှာပင် ပျံသန်းနိုင်ခြင်း မရှိကြသေးပေ။

သို့ဖြစ်၍ ၎င်းတို့ကို မစ်ရှင်များဖြင့် အချိန်ဖြုန်းခိုင်းမည့် အစား မြေကမ္ဘာနဂါးမြို့တော်တွင် ကောင်းကောင်းမွန်မွန် လေ့ကျင့်ခိုင်းသည်ကသာ ပို၍ ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည် မဟုတ်ပါလော။

မြေကမ္ဘာနဂါးမြို့တော် အကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်သွားပြီးနောက်တွင် ကျန်းချန်သည် ဤလအတွက် မြေကမ္ဘာနဂါးရမှတ်များကို စုဆောင်းရန် ဗဟိုဧရိယာကို သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့အပြင် သူက မှော်နဂါးနန်းတော်သို့ပါ ဝင်ရောက်ရန် ဆုံးဖြတ်ထား၏။

"ချင်းရို့.. ငါဗဟိုဧရိယာကို သွားဖို့ စီစဥ်ထားတယ် မင်းရော ငါနဲ့ အတူတူလိုက်ချင်လား"

ကျန်းချန်က အစေခံ အမျိုးသမီးတစ်ဦးလို သူ၏ နံဘေးတွင် ရပ်နေသည့် ရွှယ်ချင်းရို့ကို ကြည့်ကာ ပြောလိုက်သည်။

သူက အနည်းငယ် စိတ်ပျက်နေခဲ့၏။

သူက ရွှယ်ချင်းရို့ကို အမြုတေ ဧရိယာတွင် ဖိတ်ခေါ်ခဲ့ရသည့်အကြောင်းအရင်းမှာ နတ်ဘုရားနယ်မြေတွင် ပထမဆုံး ခင်မင်ခဲ့သည့် မိတ်ဆွေ ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ရွှယ်ချင်းရို့သည် သူ့ကိုယ်သူ အစေခံ အမျိုးသမီးတစ်ဦး အဖြစ်သာ သဘောထားခဲ့သည်။

ကျန်းချန်က ဤကိစ္စနှင့် ပတ်သက်၍ ရွှယ်ချင်းရို့ကို ထိုသို့လုပ်ဆောင်စရာ မလိုအပ်ကြောင်း အကြိမ်များစွာ ပြောခဲ့သော်လည်း ရွှယ်ချင်းရို့သည် ဆက်လုပ်မြဲ ဆက်လုပ်နေဆဲပင်။

အဆုံးသတ်တွင် ကျန်းချန်သည်သာလျှင် လက်မြှောက်လိုက်ရပြီး ရွှယ်ချင်းရို့ကို သူ၏နံဘေးတွင် စောင့်ခိုင်းရုံသာ တတ်နိုင်တော့၏။

ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ရွှယ်ချင်းရို့က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"သခင်လေး သွားတဲ့နေရာ ချင်းရို့လည်း သွားမယ်"

"ကောင်းပြီ ဒါဆို ငါတို့ဗဟိုဧရိယာကို သွားကြရအောင်"

ကျန်းချန်က မုန့်ဖျင်ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် ရွှယ်ချင်းရို့နှင့်အတူ ဗဟိုဧရိယာ ဆီသို့ ထွက်လာခဲ့သည်။

ကျန်းချန်တို့ နေထိုင်သော အမြုတေဧရိယာသည် ဗဟိုဧရိယာနှင့် အလွန်တရာ ဝေးလွန်းခြင်းမရှိပေ။

နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့နှစ်ဦးစလုံးသည် မြေကမ္ဘာနဂါးမြို့တော်၏ ဗဟိုဧရိယာသို့ ရောက်ရှိလာခဲ့ကြသည်။

အခြားသော ဧရိယာများနှင့် နှိုင်းယှဥ်လျှင် ဗဟိုဧရိယာသည် သံသယဝင်စရာ မရှိလောက်အောင်ပင် ပို၍သာယာပြီးစည်ကား၏။

ကျယ်ဝန်းသော ကျောက်လမ်းမပေါ်တွင် သွားလာသူများဖြင့် စည်စည်ကားကား ရှိနေခဲ့၏။

လမ်း၏ တစ်ဖက်တစ်ချက်တွင် ခမ်းနားထည်ဝါစွာ အလှဆင်ထားသော ‌စျေးဆိုင်များလည်း ရှိနေခဲ့၏။

ဤနေရာတွင် စားသောက်ဆိုင်များ၊ တည်းခိုးခန်းများ၊ ဆေးဝါးများ၊ လက်နက်များ စသည့်အရာအားလုံး ရှိသည်။

"ဒီဗဟိုဧရိယာမှာ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေပါ ရှိနေပါလား"

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် ရုတ်တရက် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် နေထိုင်သူ အားလုံးသည် ကိုယ်ပိုင်ခွဲဝေသတ်မှတ်ပေးထားသော နေထိုင်ရာ နေရာများ ကိုယ်စီရှိကြသည်။

ထို့ကြောင့် ပုံမှန်အားဖြင့် ဤနေရာတွင် တည်းခိုခန်းတစ်ခု ရှိမနေသင့်ပေ။

ထို့အပြင် သူတို့ကဲ့သို့ အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများသည် နှစ်ဝက်လောက် မစားမသောက်လျှင်ပင် မည်သည့်ပြဿနာမှ မရှိပေ။

သို့ဖြစ်ရာ မည်သူက မြေကမ္ဘာနဂါး ရမှတ်များကို အကုန်ကျခံပြီး ဤဗဟိုဧရိယာသို့ လာရောက် စားသောက်ပါမည်နည်း။

"ဒီလိုပါ သခင်လေး.. အပြင်ဧရိယာမှာ နေထိုင်တဲ့ ကျင့်ကြံသူတွေက လစဥ် ဗဟိုဧရိယာကို တစ်ကြိမ် အခမဲ့လာဖို့ အခွင့်အရေးရှိတယ်.. တခြားအချိန်တွေမှာ လာချင်ရင်တော့ သူတို့ရဲ့ကိုယ်ပိုင် မြေကမ္ဘာနဂါးရမှတ်တွေကို အသုံးပြုမှ လာခွင့်ရှိတယ်.. ဒါအ့ပြင် ဒီနေရာမှာရှိတဲ့ တည်းခိုခန်းက သာမန်မဟုတ်ဘူး.. အဲဒီမှာ ကိုယ်ခံပညာ ဥပဒေသတွေကို ကျင့်ကြံဖို့အတွက် အထူးအခန်းတွေ ရှိတယ်"

ရွှယ်ချင်းရို့က ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

"ဒါဆို ဒီက စားသောက်ဆိုင်တွေမှာ ရောင်းတဲ့ အစားအစာတွေကလည်း မရိုးရှင်းဘူး ထင်တယ်"

ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်၏။

ရွှယ်ချင်းရို့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"အစားအစာ အများစုက ပကတိနတ်ဘုရားအဆင့် သားရဲတွေရဲ့ အဓိက အစိတ်အပိုင်းတွေနဲ့ လုပ်ထားတယ်လို့ ဆိုကြတယ်.. ဒီအစားအစာတွေကို စားသုံးပြီးနောက်မှာ အကျိုးသက်ရောက်မှုက အစွမ်းထက် မှော်ဆေးလုံးတစ်လုံး မျိုချတာထက် လုံးဝမနိမ့်ဘူး.. ဒါပေမဲ့ ဒီက အစားအသောက်တွေကို စားသုံးဖို့က မြေကမ္ဘာနဂါး ရမှတ်အများအပြား လိုအပ်တဲ့အတွက် လူအများစုကတော့ မစားသောက်နိုင်ကြဘူး"

"ငါသဘောပေါက်ပြီ"

ကျန်းချန်က မျက်ခုံးကိုပင့်၍ ပြန်ဖြေလိုက်ပြီးနောက်တွင် ရွှယ်ချင်းရို့နှင့် အတူ လမ်းမကျယ်ကြီးပေါ်တွင် လျှောက်လာခဲ့သည်။

သူတို့နှစ်ယောက်က ဝန်ဆောင်မှုခန်းမသို့ သွားကာ ဤလအတွက် မြေကမ္ဘာနဂါးရမှတ်များကို စုဆောင်းပြီးနောက်တွင် မှော်နဂါးနန်းတော် ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

၁၅မိနစ်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးစလုံးသည် အလွန်မြင့်မားသော ရွှေရောင်နန်းတော်တစ်ခု ဆီသို့ ‌ရောက်ရှိလာခဲ့ကြသည်။

ထိုခန်းမက ပေ၁၀၀ မြင့်မားပြီး ခန်းမတစ်ခုလုံးတွင် အနုစိတ်ပြီး လှပသည့် နဂါးပုံသဏ္ဌာန် အရုပ်များကို ရေတွက်၍ မရနိုင်အောင် ထွင်းထုထားသည်။

နန်းတော်၏ ထောင့်လေးထောင့်တွင် နဂါးခေါင်းတစ်ခုစီ ရှိပြီး နဂါး၏ ပါးစပ်တွင် ထူးဆန်းသော အလင်းတစ်ခုကို ထုတ်လွှတ်နေသည့် ပုလဲတစ်ခုစီ ပါရှိ၏။

ယင်းကပင် နန်းတော် တစ်ခုလုံးကို စိတ်ကူးယဥ်ဆန်သည့် ခံစားချက်များ ဖြစ်ပေါ်စေခဲ့သည်။

ခန်းမ၏ ရှေ့တည့်တည့်တွင်မူ ဆယ်ပေအရွယ်အစားခန့် ပွင့်နေသော တံခါးပေါက်တစ်ခု ရှိနေခဲ့၏။

အတွင်းပိုင်းက အလွန်ပင် မှောင်မည်းနေ၍ အတွင်းတွင် မည်သည့်အရာများ ရှိသလဲ ဆိုသည်ကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။

ဤခန်းမသည် မြေကမ္ဘာနဂါး မြို့တော်တွင် ရှိသည့် အကျော်ကြားဆုံး အဆောက်အအုံများထဲမှ တစ်ခု ဖြစ်သည့် မှော်နဂါးနန်းတော်ပင် ဖြစ်သည်။

မှော်နဂါးနန်းတော်၏ ဝင်ပေါက်ရှေ့တွင် လူငယ်လူရွယ်အမျိုးသားနှင့် အမျိုးသမီး ရာချီ စုဝေးနေကြ၏။

၎င်းတို့အားလုံးသည် မှော်နဂါးနန်းတော်တွင် လာရောက်စမ်းသပ်သူများ ဖြစ်ပုံရ၏။

မှော်နဂါးနန်းတော်သည် စုစုပေါင်းအဆင့် ၁၀ဆင့် ရှိပြီး အဆင့်၁ခုကို ကျော်ဖြတ်နိုင်လျှင် မြေကမ္ဘာနဂါးရမှတ် ၁၀၀၀၀ ဆုချခံရမည် ဖြစ်သည်။

ဤသည်က မြေကမ္ဘာနဂါးမြို့တော်တွင် နေထိုင်ကြသူများအတွက် အကြီးမားဆုံး အရင်းအမြစ်များထဲမှ တစ်ခုလည်းဖြစ်၏။

ထို့အပြင် မှော်နဂါးနန်းတော်တွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် အဆင့် အရေအတွက်သည် စွမ်းအား၏ သင်္ကေတ တစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် အင်ပါယာ နယ်ပယ်အဆင့်သည် ပထမအဆင့်၃ဆင့်နှင့် သင့်တော်မှု ရှိသည်။

နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများကမူ စတုတ္ထအဆင့်မှဆဋ္ဌမအဆင့်နှင့် သင့်တော်၏။

သတ္တမအဆင့်ကိုမူ ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်သူများမှသာ အောင်မြင်ဖို့ အခွင့်အရေး ရှိနိုင်သည်။

ထို့အပြင် အဋ္ဌမအဆင့်ကို အောင်မြင်သည့် သူများကို ကောင်းကင်နဂါးမြို့တော်၏ မျိုးစေ့အဆင့်ဟု ခေါ်ဆိုကြသည်။

နဝမအဆင့်ကို အောင်မြင်သူများကိုမူ အစစ်အမှန် နဂါးအဆင့် ပါရမီရှင်ဟု သတ်မှတ်ကြ၏။

အစစ်အမှန် နဂါးအဆင့်ပါရမီရှင်ကို နဂါးမျိုးနွယ်စု၏ တရားဝင် တပည့်တစ်ပိုင်းဟုလည်း ‌ခေါ်ဆိုကြ၏။

အကြောင်းအရင်းမှာ အစစ်အမှန် နဂါးအဆင့် ပါရမီရှင်သည် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်ကို အောင်မြင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းနီးပါး သေချာသောကြောင့်ပင်။

အခန်း(၁၅၁၂)ပြီး၏။

All Chapters