← Chapters

ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ မန္တန်အစီအရင်လဲ

Vol. 7 Ch. 654

ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ မန္တန်အစီအရင်လဲ

Vol. 7 Ch. 654

ပိုင်ရှောင်ချန်းက အရောင်လက်နေသည့် အချုပ်အနှောင်မန္တန်ကိုကြည့်ကာ တွန့်ဆုတ်သွားသည်။ သူသည် မလိုအပ်ပဲ မျိုးနွယ်စုသုံးခုနှင့် အပေးအယူမလုပ်လိုပေ။ အဆုံးတွင် မည်သို့ ဖြစ်ပျက်သွားနိုင်မည်ကို အတိအကျပြောရန်မှာ ခက်ခဲမည်ဖြစ်ပြီး သူကိုယ်တိုင်ပင် အန္တရာယ်တောထဲ ရောက်သွားနိုင်သည် မဟုတ်ပါလော။

သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံကိုသာ အချုပ်အနှောင်မန္တန်တစ်ခုဖြင့် သူ အမှန်တကယ် ထိန်းချုပ်နိုင်ပါက စွန့်စားရသည်မှာ တန်သွားမည် ဖြစ်သည်။ ထိုအကြံအလုပ်မဖြစ်ခဲ့လျှင်တောင် သူက ဘုရင်ကြီးကို ထားခဲ့ကာ ထွက်ပြေးနိုင်သည်မဟုတ်ပါလော။ သို့သော် အလုပ်ဖြစ်ခဲ့လျှင်မူ...

ထိုအတွေးမှာ စွဲမက်စရာကောင်းပါသော်လည်း သူ၏မျက်လုံးများမှာ ဒေါသတကြီး ပြူးသွားရပြန်တော့သည်။

" အခုချိန်ထိတောင်မှ ကျုပ်ကို မကောင်းကြံစည်ဖို့ ချောင်းနေတုံးလား အဘိုးကြီး "

ပိုင်ရှောင်ချန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

" မဟုတ်ပါဘူး။ ငါ ဘာမှမကြံစည်ပါဘူးကွ။ ညီလေးပိုင်ဟောက်ရာ... ငါ...ငါမင်းကို လှည့်စားဖို့ ကြံစည်နေတာမဟုတ်ရပါဘူးကွာ "

သရဲကြီးဘုရင်မှာ အလွန်စိုးထိတ်နေပြီ ဖြစ်သည်။ သူသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်ပြီး ပိုင်ရှောင်ချန်းကို လှည့်စားလိုစိတ် အလျင်းမရှိပေ။ အကယ်၍ ထိုသို့သာ ကြံစည်နေပါက ပိုင်ရှောင်ချန်းသိသွားသည့်အခါတွင် သူ၏ အသက်မှာ အန္တရာယ်ရှိသွားနိုင်သည် မဟုတ်ပါလော။

" အဓိပ္ပါယ် မရှိတာ "

ပိုင်ရှောင်ချန်းက ထပ်၍အော်ဟစ်လိုက်သည်။

" ငါတကယ် လိမ်နေတာမဟုတ်ဘူးကွ... ငါကျိန်ဆိုကျိန်ရဲပါတယ်ကွာ "

သရဲကြီးဘုရင်မှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် အမှန်တကယ်ပင် သစ္စာဆိုလိုက်တော့သည်။

ထိုအခါမှသာ ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်သည် ရိုးသားမှုအပြည့်ဖြင့် ကမ်းလှမ်းနေခြင်းဖြစ်ကြောင်းကို သိလိုက်သည်။ သို့သော် သူက ထိုမျှလောက်နှင့် မကျေနပ်နိုင်သေးသဖြင့် အေးစက်စက်နှာမှုတ်ကာ သူ၏အိတ်ကို ပုတ်လိုက်တော့သည်။

" အပြင်ထွက်ခဲ့စမ်း လိပ်ကလေး "

သို့သော် သူ၏အိပ်ထဲမှ မည်သို့သော တုံ့ပြန်မှုကိုမှ ပြန်မရပေ။

" ဟေ့ကောင် "

ပိုင်ရှောင်ချန်းက ဒေါသတကြီး အော်ခေါ်လိုက်တော့သည်။

" ငါမင်းကို သတိပေးနေတယ်နော် လိပ်ကလေး။ ဒီပြဿနာတွေအကုန် မင်းကြောင့်ဖြစ်ရတာ။ အဲဒါကြောင့် မင်းအခုချက်ချင်း ထွက်မလာလို့ကတော့ မင်းရယ်ငါရယ် ကိစ္စပြတ်ပြီပဲ။ သေခန်းပြတ်နော်။ နားလည်လား။ ငါ့ဆီကို ဘာအကူအညီမှ ထပ်ပြီး လာမတောင်းနဲ့တော့ "

အနည်းငယ်ကြာသောအခါ သူ၏အိတ်မှာ တုန်ခါသွားပြီး လိပ်ကလေးမှာ အပြင်ဘက်သို့ ခေါင်းပြူ၍ထွက်လာတော့သည်။ သူက အနည်းငယ် ရှက်ရွံ့နေသည့် ပုံစံဖြင့် ကပ်ဖားယပ်ဖားလုပ်ကာ ဆိုလိုက်သည်။

" ဒေါသမထွက်ပါနဲ့ ကောင်လေးရာ။ အာ... ငါဒီလိုတွေ ဖြစ်ကုန်လိမ့်မယ်လို့ မထင်မိခဲ့လို့ပါ "

သူက အမူအရာ ပီပြင်စေရန် မျက်တောင်တဖျတ်ဖျတ် ခတ်ပြလိုက်သေးသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ သူ့ကိုလှမ်း၍ဖမ်းယူလိုက်သောအခါ သူက ဘေးဘက်သို့ မရှောင်တိမ်းဝံ့ပေ။

" ဘာစကားမှ ပြောမနေနဲ့။ ဒီ အချုပ်အနှောင်မန္တန်ကိုကြည့်လိုက်။ တစ်ခုခု မှားယွင်းနေတာရှိလား "

ထိုသို့ဆိုကာ သူက လိပ်ကလေးကို သရဲကြီးဘုရင်၏လက်ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

သရဲကြီးဘုရင်မှာ ထိုလိပ်ကလေးကြောင့် ပိုင်ရှောင်ချန်းသည် သူ၏ သရုပ်မှန်ကို သိရှိသွားခဲ့ရသည်ကို သိသဖြင့် ၎င်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။

လိပ်ကလေးကမူ သူ၏ လုပ်ရပ်များကို သိသဖြင့် ပိုင်ရှောင်ချန်း အလွန်ဒေါသထွက်နေသည်ကို နားလည်လိုက်သည်။ သူတို့အားလုံးမှာ အန္တရာယ်ထဲသို့ ကျရောက်နေပြီဖြစ်ပြီး ယခုအချိန်က ပေါ့ဆ၍မရနိုင်တော့သည့် အချိန်ဖြစ်သည်။ သူက စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် သရဲကြီးဘုရင်၏လက်ထဲရှိ အရောက်လက်နေသော အချုပ်အနှောင်မန္တန်ကို ကြည့်လိုက်တော့သည်။

အနည်းငယ်ကြာပြီးနောက် သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး အခွံထဲမှ လည်ပင်းကို အနည်းငယ် ဆန့်ထုတ်လိုက်တော့သည်။

" ဒီ အချုပ်အနှောင်မန္တန်က တော်တော်ကို ပြင်းတာပဲဟ "

သူက တအံ့တသြအော်ပြောလိုက်သည်။

" ကောင်လေး နားထောင်စမ်း။ မင်း ဒီမန္တန်ကို သုံးထားပြီဆိုရင် မင်းသေရင် သရဲကြီးဘုရင်လည်းသေမှာ။ ဒါပေမဲ့ သရဲကြီးဘုရင်သေရင်တော့ မင်းဘာမှဖြစ်မှာမဟုတ်ဘူး "

သရဲကြီးဘုရင်၏ နှလုံးသားထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်သွားသော်လည်း သူ့တွင်အခြားရွေးချယ်စရာ မရှိပေ။ ယခင်က ထိုမန္တန်ကို ကိစ္စများပြီးသွားလျှင် ပုန်ကန်သူအချို့အပေါ်တွင် သုံးရန် သူကြံစည်ထားသည်။ သို့သော် လက်ရှိ အန္တရာယ်ကြီးကို ဖြတ်ကျော်နိုင်ရန် အလို့ငှာ သူက သူ့အပေါ်တွင် ပြန်သုံးလိုက်ရတော့သည်။ ထို့အပြင် ဤ အချုပ်အနှောင်မန္တန်ကို ဖျောက်ဖျက်နိုင်ပါသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အပြည့်ဖြစ်နေလျှင်ပင် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။

လိပ်ကလေး၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အံကြိတ်ကာ ဒေါသထွက်နေသည့်လေသံဖြင့် သတိပေးလိုက်လေသည်။

" ဒီမှာနားထောင် အဘိုးကြီး။ ခင်ဗျားကြီးဆီမှာ ဝှက်ဖဲတွေ အများကြီးရှိနေမှာ ကျုပ်သိတယ်။ ဒါပေမဲ့ ကျုပ်က နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်ထားတဲ့ကောင်နော်။ ခင်ဗျားကြီး အခုထက်ပိုပြီး လိမ်ညာတာတော်နေရင်တောင် လိပ်ကလေးရဲ့ မျက်လုံးတွေကို လိမ်ညာနိုင်မှာမဟုတ်ဘူး။ အခု ကျုပ်အစွမ်းအစရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ ခင်ဗျားကြီး မြင်ရသေးတာ။ ခင်ဗျားကြီးရဲ့ ကျင့်ကြံခြင်းအခြေခံ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလို့ ကျုပ်ကို သတ်ဖို့ ကြိုစားရင်တောင် ကျုပ်က ခင်ဗျားကြီးကိုပါ အပါခေါ်သွားမှာ "

ထိုအခါ သရဲကြီးဘုရင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး တိုးတိုးတိတ်တိတ်ဖြင့် ဆိုလိုက်သည်။

" မင်းငါ့ကို ရန်မပြုရင် ငါလည်းမင်းကို ရန်မပြုပါဘူး။ ငါ့ကိုတစ်လတိတိပဲ ဘေးကင်းအောင်ထားပေး။ အဲဒါဆို မင်းလိုချင်တဲ့ နတ်ဝိညာဥ်ကို ရစေရမယ်။ အဲဒီအခါကျရင် ဒီကိစ္စတွေကို သင်ပုန်းချေလိုက်ကြတာပေါ့။ ငါက ကတိတည်တဲ့ လူစားမျိုးပါ။ ပေးပြီးသားကတိကို ပြန်မရုတ်သိမ်းတတ်ပါဘူး။ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အရေးမကြီးဘူး။ မင်းငါ့ကိုတစ်လတိတိ ဘေးကင်အောင်ထားနိုင်လို့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပုံမှန်အတိုင်းပြန်ဖြစ်သွားရင် ငါမင်းကို လက်ဖျားနဲ့လည်းမတို့ဘူး။ ဒီ အချုပ်အနှောင်မန္တန်ကိုလည်း မဖျက်စီးဘူးကွာ။ မင်းစိတ်အေးလက်အေးနေလို့ရပါတယ် "

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး စောစောက သူ့ဆီကယူထားသည့် အနီရောင်လှံရှည်ကြီးကို ဆွဲထုတ်လိုက်တော့သည်။

" ကောင်းပြီ သရဲကြီးဘုရင်။ ဒီနည်းလမ်းသုံးမယ်ဆိုမှတော့ ခင်ဗျားရဲ့ သိုလှောင်လက်စွပ်နဲ့ အခြားမှော်ပစ္စည်းတွေပေါ်က ခင်ဗျားရဲ့ ကိုယ်ပိုင်အမှတ်သားကို ဖျက်လိုက်။ အဲဒါဆို ကျုပ်တို့ အသက်ရှင်နိုင်ခြေ ပိုများမယ် "

" ဒီ သိုေလှာင်လက်စွပ်ထဲမှာက ငါ့ရဲတစ်ကိုယ်ရေသုံး ပစ္စည်းအတိုအထွာတွေပဲ ရှိတာ။ ပြီးတော့ မှော်ပစ္စည်းတွေပေါ်မှာရှိတဲ့ ငါ့ရဲ့အမှတ်အသားကို ဖျက်လိုက်ရင်တောင် မင်းကနတ်အဆင့် ကျင့်ကြံသူမဟုတ်တော့ သုံးလို့ရမှာ မဟုတ်ဘူး။ "

သူက အမှန်အတိုင်း ပြောနေသည်။ သို့သော် ထိုစကားကြောင့် ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများနှင့် ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောအခါ သရဲကြီးဘုရင်က သူ၏အမှတ်အသားများကို လျင်မြန်စွာ ဖျက်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာစိတ်လှုပ်ရှားစွာဖြင့် သိုေလှာင်လက်စွပ်ထဲသို့ ရှာဖွေကြည့်လိုက်သောအခါ ဝိညာဥ်ဆေးဝါး များစွာကို ရှာတွေ့လိုက်တော့သည်။ ရတနာ အနည်းငယ်လည်း ရှိနေသေးသည်။ သို့သော် ထိုရတနာများမှာ မှော်အစွမ်းရှိသည့် ပစ္စည်းများ မဟုတ်ပဲ သာမန်လူသားများအတွက်သာ တန်ဖိုးရှိသည့် သာမန် ရတနာများသာ ဖြစ်သည်။

" ပစ္စည်းအတိုအထွာတွေ ပါလား "

သူက နှုတ်ခမ်းကို တင်းနေအောင်ကိုက်ကာ သရဲကြီးဘုရင်က ဤသို့သော ပစ္စည်းများကို စုဆောင်းနေရသည့် အကြောင်းအရင်းကို စဥ်းစားနေတော့သည်။ အနည်းငယ်ကြာသောအခါ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ကိန်းအောင်းနေသည့် အနီရောင် လှံတစ်ချောင်းကို တွေ့လိုက်ရတော့သည်။ သူက ထို လှံကို သူ၏ကိုယ်ပိုင်အမှတ်သားဖြင့် သတ်မှတ်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း သရဲကြီးဘုရင်ပြောခဲ့သည့်အတိုင်းပင် မသတ်မှတ်နိုင်လိုက်ပေ။

အခြားအရာအားလုံးမှာလည်း ထိုနည်းတူပင်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပြီး ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် သူက သရဲကြီးဘုရင်ကို ခေါင်းအစခြေအဆုံး အကြိမ်အနည်းငယ်ခန့်် ကြည့်လိုက်ပြီး သူ၏ကမ်းလှမ်းချက်ကို လက်ခံသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

ထိုအခါမှသာ သရဲကြီးဘုရင်မှာ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ချက်ချင်းပင် ကျောက်လိပ်ကြီးဆီသို့ ပြန်သွားသင့်ကြောင်း အကြံထပ်ပေးလိုက်ပြန်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအတိုင်းလုပ်သင့်၊မလုပ်သင့် စဥ်းစားကာတွေဝေနေတော့သည်။ ပထမဆုံးအချက်အနေနှင့် မျိုးနွယ်စုသုံးခုသည် မိစ္ဆာအကျဥ်းထောင်ကို အဝင်အထွက်ပိတ်ပင်ထားမည်မှာ သေချာနေသဖြင့် အတွင်းသို့ဝင်ရန်မှာ အလွန်ခဲယဥ်းနေမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူတို့နှစ်ယောက်မှာ သဘောတူညီချက် ရထားပြီဖြစ်သော်လည်း ပါးစပ်ပြောမှသာ ရှိသေးသဖြင့် ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်ကို အသာစီးပေးရန် အဆင်သင့် မဖြစ်သေးပေ။

" ထွက်ပြေးတာတွေနဲ့ ပတ်သတ်လာရင် ကျုပ်က ခင်ဗျားကြီးထက်ပိုပြီး အတွေ့အကြုံရှိတယ် "

သူက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။

" ကျွမ်းကျင်အဆင့်ထိရောက်နေပြီလို့ ကျုပ်ကိုကျုပ် မသတ်မှတ်ချင်ပေမဲ့ ခင်ဗျားကြီးသိအောင် ကျုပ်ပြောပြမယ်။ ကျုပ်ရဲ့ တစ်ဘဝလုံးမှာ အကြိမ်အရေအတွက်များစွာ ထွက်ပြေးလာပြီးပြီဗျ "

ထိုသို့ဆိုကာ သူက သရဲကြီးဘုရင်ကို ခေါ်ကာ စတင် လှုပ်ရှားလိုက်တော့သည်။

" မင်း.... "

သရဲကြီးဘုရင်မှာ ဒေါသတကြီးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ သို့သော် သူမည်သည့်စကားမှ ထပ်မပြောနိုင်ခင်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ခေါင်းကို ထပ်မံရိုက်နှက်လိုက်တော့သည်။

" ပါးစပ်ပိတ်ထားစမ်းဗျာ။ ခင်ဗျားကြီးက ကျုပ်ကိုဘေးကင်းအောင်ထားမှာလား။ ကျုပ်က ခင်ဗျားကြီးကို ဘေးကင်းအောင်ထားရမှာလားပြော "

အစပိုင်းတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရိုင်းရိုင်းပြပြဆက်ဆံရသည်မှာ သူ့အတွက် စိတ်လှုပ်ရှားစရာကောင်းနေပါသော်လည်း နောက်ပိုင်းတွင်မူ ရိုးအီသွားတော့သည်။

သရဲကြီးဘုရင်ကမူ အံကြိတ်ကာ ခံပြင်းနေတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုလျစ်လျူရှုလိုက်သည်။ ယခုလောလောဆယ်တွင် ဤမြို့ထဲမှ သမားရိုးကျနည်းလမ်းများဖြင့် ထွက်နိုင်မည်မဟုတ်ကြောင်းကို သူက သိသည်။ မျိုးနွယ်စုသုံးခုသာမက အခြားလူများကပါ သူ့ကိုလိုက်ရှာနေကြမည် မဟုတ်ပါလော။

" ကြည့်ရတာ လုရှီယုံ ငါ့ကိုပြောခဲ့တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝတွေကိုပဲ သုံးရတော့မယ်နဲ့ တူတယ်။ ဒီမြို့အပြင် ကီလိုမီတာ ငါးသောင်းလောက်အထိ ပို့ပေးနိုင်တဲ့ အပေါက်ကိုရှာတွေ့ရင် သိပ်ကောင်းမှာပဲ။ အဲဒါဆိုရင် ငါတော်တော် ဘေးကင်းသွားမှာ "

ထိုသို့ဆုံးဖြတ်လိုက်ပြီး အမျိုးမျိုးသော မန္တန်အစီအရင်များ၏ နေရာများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို သူက ပြန်၍တွေးတောလိုက်သည်။ ထို့နောက် အနီးဆုံး တစ်ခုဆီသို့ သွားရန်ပြင်လိုက်တော့သည်။

ခဏအကြာတွင် သူနှင့် မှုန်ကုတ်ကုတ်ဖြစ်နေသည့် သရဲကြီးဘုရင်တို့မှာ လူမနေတော့သည့် အိုဟောင်းနေသော ခြံဝန်းတစ်ခုထဲသို့ ရောက်သွားတော့သည်။ အတွင်းသို့ ရောက်သွားသောအခါ သရဲကြီးဘုရင်က ဘေးဘီဝဲယာကို အထူးတဆန်း ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကမူ ထိုနေရာကို အသေးစိတ် လေ့လာနေတော့သည်။ ဤနေရာသည် နေရာအမှန်ဖြစ်ကြောင်း သေချာသွားသောအခါ သူက မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်သည်တော့သည်။

ထိုအခါ တဂျုန်းဂျုန်းမြည်သံအချို့ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ပျံ့ထွက်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုအက်ကွဲကြောင်းများထဲသို့ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အချို့ ထည့်သွင်းလိုက်သောအခါ တည်နေရာရွှေ့ပြောင်းခြင်း၏ အလင်းရောင်များ စူးရှတောက်ပလာတော့သည်။

" ဒါ... "

သူတို့နှစ်ယောက်ကို တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများက သယ်ဆောင်သွားသောအခါ သရဲကြီးဘုရင်၏ မျက်ဝန်းအိမ်များပင် ကျဥ်းသွားရတော့သည်။ တစ်ခဏအကြာတွင် သူတို့မှာ ပျောက်ကွယ်သွားတော့သည်။

သူတို့ပျောက်ကွယ်သွားသည့်အချိန်မှာပင် အလင်းတန်း တစ်ဒါဇင်ကျော်က ထိုနေရာသို့ ဦးတည်လာကြတော့သည်။ ထိုနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်တစ်ခုရှိသည်ကို သိလိုက်ရသောအခါ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်ကြတော့သည်။

ထိုစဥ် သရဲကြီးမြို့တော်၏ အခြားတစ်နေရာရှိ လူနေအိမ်တစ်ခုထဲတွင် တလက်လက်တောက်ပနေသည့် အလင်းရောင်များနှင့်အတူ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့ ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာသို့ ကြည့်မိလိုက်သောအခါ အနည်းငယ် စိတ်ပျက်သွားတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် များစွာရှိပြီး မည်သည့်တစ်ခုက ကီလိုမီတာငါးသောင်းအကွာသို့ ပို့ပေးနိုင်သည်ကို သူက မသိပေ။ ထို့ကြောင့် သူက ထိုအစီအရင်များကို တစ်ခုချင်းစီ ရှာဖွေရမည်သာဖြစ်သည်။

အခြားတစ်ဖက်တွင်မူ သရဲကြီးဘုရင်မှာ အံ့သြလွန်းသဖြင့် မှင်တက်နေတော့သည်။ ဖြစ်ပျက်နေသည်များကို ပိုင်ရှောင်းချန်းအားမေးဖို့ရာ သူ့ကိုကြည့်လိုက်သောအခါ သူသည် မြေကြီးကို ထိုးရန်ပြင်နေသည်ကို တွေ့လိုက်ရသည်။

တစ်ခဏအကြာတွင် နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်း အပေါက်ဝတစ်ခု ထပ်၍ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပျောက်ကွယ်သွားပြန်သည်။

ယခုတွင်မူ သရဲကြီးမြို့တော်တစ်ခုလုံးမှာ ရုန့်ရင်းဆန်ခတ်ဖြစ်နေပြီဖြစ်သည်။ တစ်မြို့လုံးကို အဝင်အထွက်ပိတ်ပင်ထားကြသည်ဖြစ်ပြီး မြို့တော်အပြင်ဘက်တွင် ဝိညာဥ်ကျင့်ကြံသူများမှာ စက်ဝန်းပုံသဏ္ဍာန်ဝန်းရံကာ အဝင်အထွက်များကို ပိတ်ထားကြသည်။

မြို့တော်တစ်ခုလုံးကို အလုံပိတ်ပြီးသောအခါတွင် ရှာဖွေနေကြသည့်လူများမှာ ပို၍များလာတော့သည်။ မကြာမီတွင် ချန်မျိုးနွယ်စု နတ်အဆင့်ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်း စတင်ထွက်ပေါ်လာခဲ့သည့်နေရာသို့ ရောက်ရှိလာသည်။ သို့သော် ထိုနေရာသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဥ်တစ်ခု၏ ပေါက်ကွဲမှုကြောင့် ပျက်စီးလုနီးပါးဖြစ်နေပြီ ဖြစ်ပြီး မြို့တော်ထဲရှိအငွေ့အသက်များမှာ ရှုပ်ထွေးလွန်းလှသဖြင့် နတ်အဆင့် နတ်ဘုရားအာရုံနှင့်ပင်လျှင် အဝေးကြီးသို့ မဖြန့်ကျက်နိုင်လောက်အောင် ဖြစ်နေရသည်။

ထိုသို့သာမဟုတ်ပါက ပိုင်ရှောင်ချန်းကိုရှာဖွေရသည်မှာ သူတို့အတွက် ပို၍လွယ်ကူနေမည်သာ ဖြစ်သည်။

ယခုတွင်မူ သူတို့မှာ ပိုက်စိတ်တိုက် ရှာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ချိုင်မျိုးနွယ်စု ခေါင်ဆောင်ကြီးမှာ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ပိုင်မျိုးနွယ်စုထိတိုင်အောင် လိုက်ဖမ်းခဲ့သည်။ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အတွင်းသို့ရောက်ပြီး ဘေးကင်းသွားသောအခါမှသာ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ထိုမြို့ကို အရောင်လက်နေသည့် မျက်ဝန်းများဖြင့်တစ်ခဏမျှကြည့်ကာ ရှာဖွေမှုကိုစတင်ရန် သရဲကြီးမြို့တော်သို့ပြန်သွားတော့သည်။

နတ်အဆင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သော နယ်စားကြီး သေမင်းအော်သံ နှင့် နယ်စားကြီး ဝိညာဥ်လောက တို့နှစ်ယောက်လည်း သရဲကြီးမြို့တော်ထဲတွင်ရှိသေးသည်။ နယ်စားကြီး ဝိညာဥ်လောက မှာ သူကိုယ်တိုင် လိုက်ပါရှာဖွေချင်နေပါသော်လည်း အဆုံးတွင် အခြားသူများလက်ထဲသို့သာ အပ်လိုက်တော့သည်။ သူ၏ အတွေးထဲတွင် သူ၏အဓိကတာဝန်မှာ နယ်စားကြီး သေမင်းေအာ်သံက ပိုင်ဟောက်ကို ရှာမတွေ့နိုင်အောင် တားဆီးရန်ဖြစ်သည်။

သူသာ တားဆီးနိုင်ပါက သရဲကြီးဘုရင်၏ ခန္ဓာကိုယ်အစစ်ကို သူရသွားမည်ဖြစ်ပြီး အခြားသူများမှာ လုပ်ကွက်ပျောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် နယ်စားကြီး ဝိညာဥ်လောက မှာ နယ်စားကြီး သေမင်းေအာ်သံအား မရှာဖွေနိုင်အောင် ကြိုးစားအားထုတ်နေတော့သည်။

နယ်စားကြီး ေသမင်းအော်သံမှာ သူ၏အကြံကိုသိသဖြင့် ကောင်းကင်၏ အလိုဆန္ဒကိုသာ လက်ခံရန် ပြင်ဆင်လိုက်တော့သည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းကို ရှာဖွေသူများထဲတွင် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်သာ ပါတော့သည်။ သူတို့နှစ်ယောက်အပြင် ကောင်းကင်မြို့စား ခြောက်ယောက်နှင့် မျိုးနွယ်စုသုံးခု၏ စစ်တပ်များလည်း ပါသေးသည်။ သူတို့ကား သရဲကြီးမြို့တော်တစ်ခုလုံးကို မြေလှန်ကာ ရှာနေပြီဖြစ်သည်။

All Chapters