← Chapters

ဗြဟ္မာတစ္ဆေမိခင်

Vol. 189 Ch. 2821

ဗြဟ္မာတစ္ဆေမိခင်

Vol. 189 Ch. 2821

သက်ပြင်းချသံမျှနှင့်.. တမလွန်ကိုးဘုံချောက်နက်ထဲမှာ တမလွန်တစ္ဆေများကပင် အဲဒါကို ခံနိုင်ရည်မရှိပေ။

တမလွန်ကိုးဘုံချောက်နက်၏ အောက်ခြေကနေ အပေါ်ထိ မရေမတွက်နိုင်သော တစ္ဆေများက မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး လှုပ်ရှားရဲခြင်း သို့မဟုတ် သူတို့၏ ခေါင်းများကိုပင် မော့ရဲခြင်းမရှိကြပေ။

သိုင်းတာအိုပင်မခန္ဓာကသာ ထိုနေရာမှာ မတ်တတ်ရပ်နေဆဲဖြစ်သည်။

သူက အဝေးတစ်နေရာ အမှောင်ထုထဲမှာ ဧရာမအရိပ်တစ်ခုကို ကြည့်ပြီး ရင်တလှပ်လှပ်ခံစားနေရ၏။

ထိုစွမ်းအားက သူ့ကို သတ်ဖြတ်ဖို့ လုံလောက်လေသည်။

သူသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူနှင့် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ သူ၏ အမြုတေသွေးများစွာကို စွန့်လွှတ်စတေးခြင်းဖြင့် တမလွန်ဘုံရတနာကြေးမုံကို အသက်သွင်းမည်ဆိုလျှင်တောင် သူသည် အဲဒါကို ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

မဟာဧကရာဇ်…

ထိုစကားလုံးက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ အလွန်တရာ သိပ်သည်းလေးလံစွာဖြင့် ထွက်ပေါ်လာ၏။

သူ၏ သိုင်းပိုင်နက်နယ်မြေနှင့် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူတို့က အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိလာပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဧကရာဇ်ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိသေးသော်လည်း သူသည် ဧကရာဇ်နယ်ပယ်၏ တစ်စွန်းတစ်စကို တွေ့မြင်လာရပြီဖြစ်သည်။

သို့သော် ယခု အဝေးမှာရှိသော အရိပ်နှင့် ရင်ဆိုင်ရချိန်မှာ သူသည် အဲဒါကို လုံးဝလက်လှမ်းမမီဟု ခံစားလာရလေသည်။

ထိုသူက တစ္ဆေကမ္ဘာ၏ အရှင် ဗြဟ္မာတစ္ဆေမိခင်လား…

ကွာဟချက်က အရမ်းကိုကြီးမားနေသည်။

ထိုသက်ပြင်းချသံက တမလွန်တစ္ဆေမီးကို ငြှိမ်းသတ်နိုင်မည်ဆိုလျှင် အဲဒါသည် သူ၏ အသိစိတ်ထဲရှိ သိုင်းစိတ်ဝိညာဉ်မီးကို သက်သောင့်သက်သာ ငြှိမ်းသတ်နိုင်ပေလိမ့်မည်။

“ဘာလို့အဲ့လောက်ထိ ဆူနေရတာလဲ”

အဆုံးမဲ့အမှောင်ထုထဲမှာ အသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံက ခြောက်သွေ့အက်ကွဲနေပြီး လောကဓံတရားအငွေ့အသက်ပါဝင်နေ၏။ ထိုအသံပိုင်ရှင်က အရမ်းကို အိုစာနေပြီဖြစ်သည့်အလားပင်။

တစ္ဆေကမ္ဘာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျယ်ပြောသော လောကမှာ ထိုအသံတစ်သံတည်းသာ ပဲ့တင်ထပ်နေသည်။

ယက္ခိုသ်ကုသဒန္တီက ဒူးထောက်ထားဆဲဖြစ်လေသည်။ သူမက မလှမ်းမကမ်းမှာရှိသော ဧကရာဇ်နှစ်ဦးကိုသာ စိုက်ကြည့်ပြီး စကားပြောဖို့ အချက်ပြလိုက်၏။

“ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ခင်ဗျာ...”

တစ္ဆေကမ္ဘာမှ ဧကရာဇ်နှစ်ပါးက ဖြစ်ပျက်ခဲ့သည့်အရာကို အသေးစိတ် အလောတကြီး ပြောပြလိုက်လေသည်။

ထိုစကားကို ကြားပြီးနောက် ဗြဟ္မာတစ္ဆေမိခင်သည် နောက်တစ်ဖန် အိပ်မောကျသွားသည့်အလား အတန်ကြာသည်အထိ မည်သည့်အသံမှ ထွက်ပေါ်မလာတော့ပေ။

သို့သော်လည်း သူတို့၏ အရှင်မသည် အမှောင်ထု၏ အဆုံးမှာ သူတို့ကို စောင့်ကြည့်နေဆဲဖြစ်သည်ကို တစ္ဆေများအားလုံးက သိရှိထားကြသည်။ ကြောက်စရာကောင်းသော ထိုအော်ရာက တစ္ဆေကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားဆဲဖြစ်သည်။

“အို... အဲ့လိုလား”

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် ဗြဟ္မာတစ္ဆေမိခင်၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။

“အကျည်းတန်ကျေးကျွန်… နင် အသက်ရှင်နေသေးတာလား”

လေဟာနယ်ယက္ခက ထိုအသံကို ကြားသောအခါ ကြောက်ရွံ့စွာဖြင့် ဆတ်ခနဲတုန်ယင်သွား၏။

“ဂုဏ်… ဂုဏ်သရေရှိအမျိုးသမီးတစ္ဆေမိခင်ခင်ဗျာ… ကျုပ်က ကံကောင်းထောက်မစွာနဲ့ အသက်ရှင်နိုင်ခဲ့တာပါ… ကျုပ်က ဒီလူသားကို ဘာမကောင်းတဲ့ရည်ရွယ်ချက်နဲ့မှ ခေါ်လာခဲ့တာမဟုတ်ဘူး… ကျုပ်က အရှင်မနဲ့ တစ္ဆေမျိုးနွယ်ကို သေချာပေါက် သစ္စာမဖောက်မှာ မဟုတ်ပါဘူး”

လေဟာနယ် ယက္ခက တုန်ယင်စွာဖြင့် ပြောလိုက်၏။

ဗြဟ္မာတစ္ဆေမိခင်က ပြန်မဖြေပေ။

ရုတ်တရက်ဆိုသလို…

သိုင်းတာအိုပင်မခန္ဓာသည် ခေါင်းနားပန်းကြီး၍ သူ၏ ခေါင်းမွေးများ ထောင်ထလာသည်ဟု ခံစားလိုက်ရသည်။ သူသည် မည်သည့်အရာကိုမှ မတွေ့မြင်ရသော်လည်း ဗြဟ္မာတစ္ဆေမိခင်၏ အကြည့်က သူ့အပေါ်သို့ ဆင်းသက်ရောက်ရှိလာသည်ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်က သူ့ကို ပြောပြပေးနေ၏။

အဆုံးမဲ့အမှောင်ထုထဲမှာ ဗြဟ္မာတစ္ဆေမိခင်က သူ့ကို စောင့်ကြည့်နေသည်။

“ငရဲအရှင်လား”

“ဟင်းဟင်း...”

ဗြဟ္မာတစ္ဆေမိခင်က တကယ်ပင် ရယ်မော၍ တီးတိုးရေရွတ်လိုက်၏။

“နင်က သူပြောနေတဲ့လူဖြစ်မယ်လို့ ငါယုံတယ်”

“ဟမ်...”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဗြဟ္မာတစ္ဆေမိခင်၏ စကားအဓိပ္ပာယ်က ဘာလဲ…

သူဆိုတာက ဘယ်သူလဲ…

အခြားသူများသည် ဗြဟ္မာတစ္ဆေမိခင်ထံ သူ့အကြောင်းကို ပြောခဲ့ဖူးပါသလား…

သိုင်းတာအိုပင်မခန္ဓာက မတုံ့ပြန်နိုင်ခင်မှာပင် အဝေးမှာရှိသော အမှောင်ထုက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး ဧရာမအရိပ်တစ်ခုက လွှမ်းခြုံကျဆင်းလာ၏။ ၎င်းသည် ဧရာမတစ္ဆေလက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပုံရပြီး သူ့ကို ဖမ်းဆွဲလာခဲ့လေသည်။

တစ္ဆေလက်၏ အုပ်မိုးမှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် လုံးဝမလှုပ်ရှားနိုင်ဘဲ တစ္ဆေလက် ဆင်းသက်လာသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရသည်။

တစ္ဆေလက်က သူ၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး ရုတ်တရက်ရပ်တန့်ကာ အနည်းငယ် ကျုံ့ဝင်သွားသည်။

ဖောက်….

သိုင်းတာအိုပင်မခန္ဓာ၏ ရင်ဘတ်က ပေါက်ကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။

ထို့နောက် ချက်ချင်းပင် အညိုရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ အတင်းအကျပ်ဆွဲထုတ်ခံရကာ နက်မှောင်နေသော တစ္ဆေလက်ဖဝါးထဲသို့ ဆင်းသက်သွားလေသည်။

တမလွန်ဘုံရတနာကြေးမုံ…

ထိုရတနာကို သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်လို့မရဘဲ သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲမှာ ထည့်ထားခဲ့သည်။

ယခု ဗြဟ္မာတစ္ဆေမိခင်သည် အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်ပုံရပြီး သူက တမလွန်ဘုံရတနာကြေးမုံကို သူ့ကိုယ်ထဲကနေ ဆွဲထုတ်လိုက်၏။

“အမ်…”

ဗြဟ္မာတစ္ဆေမိခင်၏ အသံက ထွက်ပေါ်လာ၏။

“ဒီရှေးဟောင်းကြေးမုံက နင့်ဆီမှာ တကယ်ရှိနေတာပဲ”

ယက္ခဧကရာဇ်တစ်ဦးက စိတ်လိုလက်ရ ဝင်ပြောလိုက်၏။

“ဂုဏ်သရေရှိအမျိုးသမီးတစ္ဆေမိခင်… ခင်ဗျားက ဒီလူသားပုရွက်ဆိတ်ကို ကိုယ်တိုင်သတ်စရာမလိုပါဘူး… ကျုပ်တို့ တာဝန်ထားလိုက်ပါ”

“ငါ သူ့ကိုသတ်မယ်လို့ ဘယ်သူပြောလဲ”

ဗြဟ္မာတစ္ဆေမိခင်က မေးလိုက်၏။

“အမ်...”

တမလွန်ကိုးဘုံချောက်နက်မှ တစ္ဆေများက မှင်တက်သွားကြသည်။

နက်မှောင်နေသော တစ္ဆေလက်က သူ၏ ဖမ်းဆုပ်ထားမှုကို ဖြေလျှော့ပြီး တမလွန်ဘုံရတနာကြေးမုံက သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

တစ္ဆေလက်က ပျက်ပြယ်ကာ ပျောက်ကွယ်သွားလေသည်။

ယက္ခဧကရာဇ်က စဉ်းစားရခက်နေပြီး မနေနိုင်ဘဲ မေးလိုက်၏။

“ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်... ဒီလူသားက ယက္ခဘုရင်အတော်များများကို သတ်ဖြတ်ခဲ့တယ်… သူက အခုပဲ ခင်ဗျားအနားယူနေတာကို နှောင့်ယှက်ခဲ့တယ်… သူက...”

“နင် ငါ့ကိုမေးခွန်းထုတ်နေတာလား”

ယက္ခဧကရာဇ်က စကားဆုံးအောင်မပြောရသေးခင် ဗြဟ္မာတစ္ဆေမိခင်က သူ့ကိုဖြတ်ပြောလိုက်၏။ သူမ၏ လေသံက တည်ငြိမ်နေသော်လည်း ကျောချမ်းစရာကောင်းနေ၏။

ယက္ခဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခေါင်းကို အလောတကြီးခါယမ်းလိုက်၏။

“မဟုတ်… မဟုတ်ပါဘူး… ကျုပ်... ကျုပ်က...”

“ဖောက်…”

ရုတ်တရက် နက်မှောင်နေသော လက်ညှိုးတစ်ချောင်းက အမှောင်ထုထဲကနေ ဆန့်ထွက်လာပြီး ယက္ခဧကရာဇ်၏ ဦးခေါင်းကို ချက်ချင်းပင် ထိုးဖောက်လိုက်လေသည်။

ယက္ခဧကရာဇ်မျက်နှာက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်ကာ သူ၏ မျက်လုံးများက ပြူးကျယ်နေ၏။

ဧကရာဇ်ပညာရှင်တစ်ဦး၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး သူက မချင့်မရဲဖြင့် နေရာမှာတင် သေဆုံးသွားသည်။

ဘေးပတ်လည်မှာရှိသော တစ္ဆေများက ကြောက်ရွံ့စွာဖြင့် တုန်ယင်နေပြီး အသက်ပင် ကောင်းကောင်းမရှူရဲကြပေ။

လေဟာနယ်ယက္ခက ပို၍ပင် စိုးရွံ့ထိတ်လန့်လာ၏။

သူ၏ မူလအစီအစဉ်သည် သိုင်းတာအိုပင်မခန္ဓာကို ဗြဟ္မာတစ္ဆေမိခင်ထံ မျှားခေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ အသက်ကို အသုံးချကာ သူ၏ အပြစ်များကို ပြေလျော့စေဖို့ဖြစ်သည်။

သို့သော် ယခု ဗြဟ္မာတစ္ဆေမိခင်သည် သိုင်းတာအိုပင်မခန္ဓာကို မသတ်ဖြတ်ရုံသာမက သူသည် ယက္ခဧကရာဇ်တစ်ဦးကိုပင် သတ်ဖြတ်လိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည်လည်း ဘေးကနေရပ်ကြည့်ရင်း တိတ်တဆိတ် တုန်လှုပ်သွား၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အထွတ်အထိပ်နီးပါး တည်ရှိမှုဖြစ်သော ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦးသည် ဗြဟ္မာတစ္ဆေမိခင်၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

အတိအကျဆိုရလျှင် စောစောက ယက္ခဧကရာဇ် ပြုလုပ်ခဲ့သောအရာကို မေးခွန်းထုတ်ခြင်းဟု လုံးဝမဆိုနိုင်ပေ။ သူက သူ့ရင်ထဲရှိ သံသယကို ထုတ်ဖော်ပြောဆိုခြင်းသာဖြစ်လေသည်။

သို့သော်လည်း ဗြဟ္မာတစ္ဆေမိခင်သည် သူ့ကိုရှင်းပြဖို့ အခွင့်အရေးတစ်ခုပင်မပေးဘဲ ချက်ချင်းသတ်ဖြတ်လိုက်၏။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် ထင်ယောင်ထင်မှားခံစားချက်တစ်ခုကိုပင် ရရှိလာသည်။

ဗြဟ္မာတစ္ဆေမိခင်သည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေလိုက်သည့်အလား ယက္ခဧကရာဇ်ကို သတ်ဖြတ်ခဲ့လေသည်။

“နင့်နာမည်ဘယ်သူလဲ”

ဗြဟ္မာတစ္ဆေမိခင်က အမှောင်ထုထဲမှ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေပုံရပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

“အထီးကျန်သိုင်းသခင်”

သိုင်းတာအိုပင်မခန္ဓာက ထိုအချက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။

“နင်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားချင်တာလား”

ဗြဟ္မာတစ္ဆေမိခင်က ထပ်မေးလိုက်သည်။

“ဟုတ်ပါတယ်”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ဗြဟ္မာတစ္ဆေမိခင်က ပြောလိုက်သည်။

“ငါ နင့်ကို သုံးရက်နေရင် တစ္ဆေကမ္ဘာကနေ ထုတ်ပေးမယ်”

“ဘယ်လိုအပေးအယူနဲ့လဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ဗြဟ္မာတစ္ဆေမိခင်သည် ဤကိစ္စကို ဤမျှအထိ အလွယ်တကူလက်ခံလိုက်သည်မှာ ထူးဆန်းနေသည်ဟု သူက ခံစားရသည်။

“ဟီးဟီး…”

ရုတ်တရက် နက်ရှိုင်း၍ ခြောက်သွေ့အက်ကွဲနေသော ရယ်မောသံက အမှောင်ထုထဲကနေ ထွက်ပေါ်လာ၏။ ဗြဟ္မာတစ္ဆေမိခင်က ပြောလိုက်သည်။

“နင်က အရမ်းကို အားနည်းတယ်ဆိုပေမဲ့ နင်က ငရဲအရှင်ဖြစ်နေတုန်းပဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဗြဟ္မာတစ္ဆေမိခင်သည် ငရဲအရှင်အဖြစ် သူ၏ သရုပ်သကန်ကို ထောက်ထားပြီး သူ့ကို တစ္ဆေကမ္ဘာကနေ ထွက်ခွာရန် ကူညီပေးမည်ဟု ဆိုလိုခြင်းလား…။ သူက ဘာအပေးအယူကိုမှ ပြုလုပ်စရာမလိုဘူးလား…။

သိုင်းတာအိုပင်မခန္ဓာက အဝေးမှာရှိသော အမှောင်ထုကိုကြည့်ပြီး ခဏမျှစဉ်းစားတွေးတောပြီးနောက် ထပ်မံ၍ပြောလိုက်၏။

“ကျုပ်ပြောစရာတစ်ခုရှိတယ်… ကျုပ်က အကျည်းတန်ကျေးကျွန်လို့ခေါ်တဲ့ အဲဒီလေဟာနယ်ယက္ခကို ခေါ်သွားချင်တယ်”

“သူက သေမိန့်ကျထားတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ထားတယ်”

ဗြဟ္မာတစ္ဆေမိခင်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။

သို့သော်လည်း လေဟာနယ်ယက္ခက ရင်ထဲမှာ အေးစက်လာခဲ့လေသည်။

ထိုလေသံသည် ဗြဟ္မာတစ္ဆေမိခင်က ယက္ခဧကရာဇ်ကို သတ်ဖြတ်ခဲ့စဉ် ပြောခဲ့သောလေသံ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ဗြဟ္မာတစ္ဆေမိခင်၏ စကားလုံးများမှ သတ်ဖြတ်လိုစိတ်ကို သတိထားမိပုံမရဘဲ မှင်သေသေဖြင့် ပြောလိုက်၏။

“ကျုပ်က ငရဲအရှင်အနေနဲ့ ယက္ခတစ်ဦးကို ကာကွယ်ပေးချင်တာ ကိစ္စကြီးတစ်ခု ဟုတ်ပုံမရပါဘူး”

ထိုစကားကို ကြားသောအခါ တစ္ဆေများစွာက တိတ်ဆိတ် ဆွံ့အသွားကြသည်။

သူတို့ထဲ မည်သူကမှ ဤကဲ့သို့သော လေသံဖြင့် ဗြဟ္မာတစ္ဆေမိခင်ကို ပြောဆိုရဲခြင်း မရှိပေ။

ယက္ခိုသ်ကုသဒန္တီက သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်း လှည့်ကြည့်လိုက်၏။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဗြဟ္မာတစ္ဆေမိခင်၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။

“နင်က တော်တော်ရဲတင်းတာပဲ”

ထို့နောက် အမှောင်ထုက နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွား၏။

လူတိုင်းအပေါ် လွှမ်းခြုံထားသည့် ကြောက်စရာကောင်းသော ဖိအားက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဗြဟ္မာတစ္ဆေမိခင်က ထွက်ခွာသွားပြီဖြစ်သည့်အလားပင်။

All Chapters