မင်း ငါ့ကို မမှတ်မိတော့ဘူးလား
Vol. 189 Ch. 2825
မိမိကိုယ်ကိုယ်စွန့်လွှတ်စတေးခြင်း….
ပကတိစိတ်ဝိညာဉ်နှင့် ဘုရင်နယ်ပယ် ယက္ခိုသ်များစွာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ ခေါင်းများကို ခါယမ်းပြီး သက်ပြင်းချလိုက်ကြ၏။
လူငယ်အမျိုးသားပြောသလိုပင် ယဇ်ပူဇော်လျှို့ဝှက်အတတ်က အောင်မြင်မည်ဆိုတော့ရော ဘာဖြစ်လဲ…
ရှည်လျား၍ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတစ်လျှောက်မှာ ကလန်သားများစွာသည် တမလွန်ကိုးဘုံမှ ပညာရှင်များကို ဆင့်ခေါ်ရန် သူတို့၏ အသက်များကို စွန့်လွှတ်စတေးပြီး ကြိုးစားခဲ့ကြဖူးလေပြီ။
သို့သော်လည်း သူတို့သည် ဤလောကမှာ ကျင့်ကြံသည့်အခါ သူတို့သည် ဤလောက၏ ချိပ်ပတ်ထားသောစွမ်းအားဖြင့် အမြဲတမ်းဖိနှိမ်ခံထားရပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်က ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိပေ။
ထို့ကြောင့် ယက္ခိုသ်ဘုရင်တစ်ပါးက သူ့ကိုယ်သူ စွန့်လွှတ်စတေးမည်ဆိုလျှင်တောင် သူဆင့်ခေါ်နိုင်သည့် ကလန်သားသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာသာ ရှိမည်ဖြစ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ သက်ရှိများ၏ သတ်ဖြတ်ခြင်းနည်းလမ်းများကို ခုခံနိုင်မည် မဟုတ်ပေ။
ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များပင်လျှင် သုံးစားမရပေ။ အာယုသည် အဆင့်-၉ ကောင်းကင်အမြုတေနယ်ပယ်ကလန်သားတစ်ဦးကို အောင်မြင်စွာ ဆင့်ခေါ်နိုင်မည်ဆိုလျှင်တောင် ဘာများသုံးစားလို့ရမှာလဲ။
အဲဒါက မည်သည့်အရာကိုမှ ပြောင်းလဲပေးနိုင်မည်မဟုတ်ပေ။ အဲဒါက နောက်ထပ်ဝိညာဉ်တစ်ခုကို ဆုံးရှုံးရရုံသာ ဖြစ်ပေလိမ့်မည်။
အာယုသည် အေးစက်နေသော ယဇ်ပလ္လင်ပေါ် နောက်ပြန်လှန်ချလိုက်ပြီး သူမ၏ မျိုးဆက်သွေးနှင့်ဝိညာဉ်ကို ဝါးမျိုခွင့်ပေးလိုက်၏။ သူမမှာ ခွန်အားများစွာ ဆက်လက်၍ မကျန်ရှိတော့ပေ။
တကယ်တော့ သူမအနေဖြင့် ယဇ်ပူဇော်လျှို့ဝှက်အတတ်ကို အသုံးပြုမည်ဆိုလျှင်တောင် အဲဒါက သုံးစားမရဘူးဆိုတာကို သူမက သိရှိထားလေသည်။
သူမသည် သေရမည်ဆိုလျှင်တောင် အရှက်ခွဲမခံရချင်ရုံသာ ဖြစ်သည်။ အာယုသည် သူမ၏ ဦးခေါင်းထက်ရှိ မည်းမှောင်နေသော ကောင်းကင်ကိုကြည့်ပြီး သူမ၏ မြင်ကွင်းက ဝေဝါးလာခဲ့သည်။ တဖြည်းဖြည်း အတိတ်ကာလမှ မှတ်ဉာဏ်များက ထင်ဟပ်လာပြီး သူမသည် အောက်ဘုံလောကမှအချိန်များကို ပြန်လည်အမှတ်ရလာ၏။
သူမသည် မက်မွန်ပင်များဖြင့် ပြည့်နှက်နေသည့် တည်ငြိမ်အေးချမ်းသော မြို့ငယ်လေးမှာ ထိုလူနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။
အဲဒါက နှစ်လိုဖွယ်ရာကောင်းသော အတွေ့အကြုံတစ်ခု မဟုတ်ခဲ့ပေ။
ထိုနေရာမှာ သူမ၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးသွားပြီး သူမက သူ့ထံ အညံ့ခံဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရသောကြောင့်ဖြစ်သည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ… သူမသည် မြို့ငယ်လေးမှ ထိုအတွေ့အကြုံကို ပြန်လည်အမှတ်ရသည့်အခါ သူမမျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ပေါ်ထွက်လာ၏။
အစကတော့ သူမသည် မချင့်မရဲနှင့် လက်မခံလိုခဲ့ပေ။
နောက်ပိုင်းမှာ သူမသည် စတင်၍ တွေဝေရှုပ်ထွေးမှုကို ခံစားလာရသည်။
သူမက သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိသောအခါ သူမက ဝမ်းသာပျော်ရွှင်သင့်လေသည်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ သူမက စိတ်ပျက်လက်ပျက်ခံစားနေခဲ့ရသည်။
သူတို့၏ ဆက်ဆံရေးကြောင့်ပင် မျိုးနွယ်စုတစ်သောင်းကြား နောက်ဆုံးတိုက်ပွဲမှာ ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှ ယက္ခိုသ်မျိုးနွယ်က ချမ်းသာရခဲ့ခြင်း ဖြစ်လေသည်။
ထိုလူက အဆက်မပြတ်ကြီးပြင်း၍ မြင့်မားတိုးတက်လာသည်ကို သူမက ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ နောက်ဆုံးမှာ သူသည် လောက၏ အထွတ်အထိပ်မှာ ရပ်တည်ပြီး အစဉ်ထာဝရ ကျော်စောမှုကို ရရှိလာခဲ့သည်။
ထိုမြင်ကွင်းများသည် သူမ၏ မျက်လုံးရှေ့မှာ သူမ မသေဆုံးခင် တဖျပ်ဖျပ်ပေါ်ထွက်လာနေ၏။
နောက်ဆုံးမှာတော့ အဲဒါသည် အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်ပုံရိပ်တစ်ခုပေါ်မှာ ရပ်တန့်သွားလေသည်။
သူမသည် တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီးတာတောင် သူမနှလုံးသားအနက်ပိုင်းထဲရှိ ထိုလူကို ဘယ်တော့မှ မမေ့ဖျောက်နိုင်ဘူးဆိုတာကို သူမ မသေဆုံးခင် အချိန်ကလေးမှာ သိရှိလိုက်ရသည်။
သူမ၏ အောက်ဘက်မှာရှိသော ယဇ်ပလ္လင်က သွေးရောင်အလင်းဖြင့် တလက်လက်တောက်ပနေပုံရ၏။
အာယု၏ မြင်ကွင်းက ဝေဝါးလာခဲ့ပြီဖြစ်သည်။
သူမ၏ ငေးငိုင်နေသော မြင်ကွင်းထဲမှာ အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်ပုံရိပ်တစ်ခုက သူမမျက်လုံးရှေ့မှာ ပေါ်ထွက်လာပုံရသည်။ ထိုပုံရိပ်သည် သူမမှတ်ဉာဏ်များထဲမှ ပုံရိပ်နှင့် တဖြည်းဖြည်းပေါင်းစည်းသွားပြီး ပို၍ပင် အစစ်အမှန်ဆန်လာသည့်ပုံပေါ်သည်။
သို့သော်လည်း ခရမ်းရောင်ဝတ်အမျိုးသားက အေးစက်စက် ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထား၏။
အာယုသည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေပေ။ သူမ သေအံ့ဆဲဆဲအချိန်မှာ ထင်ယောင်ထင်မှားမြင်မိလာသည်ဟုသာ တွေးလိုက်သည်။
ထိုစဉ်မှာပင် ခရမ်းရောင်ဝတ်အမျိုးသားက သူ၏ ဦးခေါင်းကို အနည်းငယ်ငုံ့ပြီး ကြည့်လိုက်၏။
သူတို့၏ အကြည့်များက လေထဲမှာ ဆုံသွားလေသည်။
အာယုက ပြုံးပြလိုက်သည်။
ခရမ်းရောင်ဝတ်အမျိုးသား၏ မျက်လုံးများကလည်း ထိုလူနှင့် ဆင်တူနေပုံရသည်။
“ဟမ်…”
အာယု၏ ယောက်ယက်ခတ်နေသော စိတ်ထဲမှာ တွေဝေရှုပ်ထွေးသော အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
ဤပုံရိပ်သည် သူမ၏ မှတ်ဉာဏ်များထဲမှ ပုံရိပ်တစ်ခုဆိုမှတော့ သူက ဘာလို့ သူ့ခေါင်းကိုငုံ့ပြီး သူမကို ကြည့်လာရမှာလဲ…
ခရမ်းရောင်ဝတ်အမျိုးသား၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုအကြည့်တစ်ခု ပေါ်ထွက်လာပုံရသည်။
“ယက္ခိုသ်ယု...”
ရုတ်တရက် ခရမ်းရောင်ဝတ်အမျိုးသားက တီးတိုးခေါ်ဆိုလိုက်၏။
ဒီအသံက...
ရုတ်တရက် အာယု၏ မျက်လုံးများက ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုနှင့်အတူ မျက်တောင်မခတ်ဘဲ ခရမ်းရောင်ဝတ်အမျိုးသားကို စိုက်ကြည့်နေ၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
အဲဒါက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား…
ဒါပေမဲ့ ဒီအသံက သူ့အသံဆိုတာ...
သူမ၏ ရင်ထဲမှာ ရှုပ်ထွေးနောက်ကျိနေပြီး အဲဒါက အိပ်မက်လား၊ တကယ်လားဆိုတာ သူမ မပြောနိုင်ပေ။
သို့မဟုတ် သူမသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး တမလွန်ဘုံကို ရောက်ရှိလာတာလား…
ထိုစဉ်မှာပင် ခရမ်းရောင်ဝတ်အမျိုးသားက ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းညွတ်ပြီး အေးစက်နေသော ယဇ်ပလ္လင်ထက်မှ သူမကို ထူမပေးလိုက်၏။ သူက ညင်သာစွာပြောလိုက်လေသည်။
“မင်း ငါ့ကို မမှတ်မိတော့ဘူးလား”
ထိုစကားလုံးများက ညင်သာသော်လည်း အဲဒါက သူမ၏ နားထဲမှာ မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
သူမ မတုံ့ပြန်နိုင်ခင် ကြွယ်ဝသော အသက်ဓာတ်အားတစ်ခုက သူမ၏ ကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး တစ်ခဏချင်းမှာပင် သူမ၏ ဒဏ်ရာအပြင်းအထန်ရရှိထားသော ခန္ဓာကိုယ်ကို ကုသပေးနေ၏။
စောစောက ဆုံးရှုံးခဲ့ရသော မျိုးဆက်သွေးနှင့် ဝိညာဉ်ကိုပင်လျှင် အလျင်အမြန်ပြန်လည်ရရှိလာနေ၏။
တစ်ချိန်တည်းမှာပင် ယက္ခိုသ်ယုသည် သူမ၏ အသိစိတ်ကို တဖြည်းဖြည်းပြန်လည်ရရှိလာပြီး သူမဘေးမှာရှိသော ခရမ်းရောင်ဝတ်အမျိုးသားကို ငေးငိုင်စွာဖြင့် ကြည့်လိုက်၏။ သူမက သူ၏ နက်ရှိုင်း၍ တောက်ပနေသော မျက်လုံးများကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
သူမသည် ခရမ်းရောင်ဝတ်အမျိုးသား၏ လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ပြီး လွှတ်မပေးရဲပေ။
သူမ လွှတ်ပေးလိုက်လျှင် သူမရှေ့မှာရှိသော ခရမ်းရောင်ဝတ်အမျိုးသားက ရုတ်တရက်ပျောက်ကွယ်သွားမှာကို သူမက စိုးရိမ်နေ၏။
သူမရှေ့မှမြင်ကွင်းသည် ယက္ခိုသ်များစွာကြားမှာလည်း အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
ယက္ခိုသ်ဘုရင်ရာချီပင်လျှင် တွေဝေရှုပ်ထွေးစွာ ကြောင်အ,မှင်တက်နေ၏။
ဘာတွေဖြစ်နေတာလဲ…
ယဇ်ပူဇော်လျှို့ဝှက်အတတ်က အောင်မြင်သွားတာလား…
သို့သော်လည်း ယက္ခိုသ်ယုသည် သူမ၏ ဓမ္မပညာရပ်ကို တစ်ဝက်သာ ထုတ်ဖော်ရသေးပြီး သူမ၏ သွေးက ယဇ်ပလ္လင်တစ်ခုလုံးကို နီစွေးစေခြင်း မရှိသေးပေ။ ယေဘုယျအားဖြင့်ပြောရလျှင် သူမအနေဖြင့် တစ်ယောက်ယောက်ကိုဆင့်ခေါ်ဖို့က မဖြစ်နိုင်သေးပေ။
သို့သော်လည်း လူနှစ်ယောက်ကို တစ်ကြိမ်တည်းမှာ ဆင့်ခေါ်လိုက်လေသည်။
ယက္ခိုသ်ဘုရင်တစ်ပါးက ယဇ်ပူဇော်လျှို့ဝှက်အတတ်ကို အသုံးပြုမည်ဆိုလျှင်တောင် သူသည် ကလန်သားနှစ်ဦးကို ဆင့်ခေါ်နိုင်မည် မဟုတ်ပေ။
ပို၍ပင်ထူးဆန်းသည့်အရာမှာ သူတို့နှစ်ယောက်သည် ယက္ခိုသ်များ လုံးဝမဟုတ်ကြပေ။
အနက်ရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ်အမျိုးသားက လူသားတစ်ယောက်နှင့်တူလေသည်။ သူ့၏ ခန္ဓာကိုယ်ကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မတွေ့မြင်ရပေ။
သူ့နောက်မှာရှိသောလူက အရပ်အမောင်းမြင့်မားပြီး နဖူးကနေ ခြေဖျားအထိ နက်မှောင်နေသော ခြုံထည်တစ်ခုကို ဝတ်ဆင်ထား၏။ သူ၏ ခေါင်းခြုံက သူ၏ မျက်နှာကို ဖုံးအုပ်ထားပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို မတွေ့မြင်ရပေ။
သို့သော်လည်း ဤလူသည် ကြမ်းကြုတ်ခက်ထန်၍ အရိုင်းဆန်သော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။ သူသည်လည်း ယက္ခိုသ်မျိုးနွယ်က မဟုတ်သည်မှာ သိသာနေ၏။
ထိုစဉ်မှာပင် ထိုသူက သူ၏ စိမ်းညစ်ညစ် လက်သည်းများကို ဆန့်ထုတ်ပြီး သူ၏ ဦးခေါင်းပေါ်မှ ခေါင်းခြုံကို ဖယ်ရှားကာ ဆိုးယုတ်၍ အကျည်းတန်သော မျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။ သူ၏ အသားအရေက အစိမ်းရောင်ဖြစ်ပြီး သူ့မှာ ကြောက်မက်ဖွယ်ရာကောင်းသော သွားစွယ်များ ရှိနေသည်။
ယက္ခမျိုးနွယ်...
အရပ်မောင်းမြင့်မားသော သက်ရှိက သူ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ထုတ်ဖော်လိုက်သည့်အခါ ယက္ခိုသ်ဘုရင်များစွာသည် သူ့ကို ချက်ချင်းပင် မှတ်မိသိရှိသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ယက္ခသည် သူ့ရှေ့မှမြင်ကွင်းကို တွေ့မြင်သောအခါ သူက ရုတ်တရက်သွားဖြဲလိုက်၏။ သူ၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏ မျက်နှာတစ်ခုလုံးက ပို၍ပင်ကြမ်းကြုတ်ခက်ထန်ကာ ပို၍ကြောက်စရာကောင်းလာသည်။
ယက္ခိုသ်ဘုရင်များက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်ပြီးနောက် တုန်လှုပ်သွားကြသည်။
ဤသူသည် ယက္ခတစ်ဦးဖြစ်ရုံသာမက သူသည် ပကတိကောင်းကင်လိုဏ်ဂူဘုရင်တစ်ပါးလည်း ဖြစ်နေသည်။
ယက္ခဘုရင် ထုတ်ဖော်ထားသည့် အော်ရာက သူတို့ထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
ယက္ခိုသ်များစွာက ကြက်သေသေနေကြသည်။
အဆင့်-၉ ကောင်းကင်အမြုတေနယ်ပယ် ယက္ခိုသ်အမျိုးသမီးတစ်ဦးက သူမ၏ ယဇ်ပူဇော်လျှို့ဝှက်အတတ်တစ်ဝက်တစ်ပျက်မှာ လူနှစ်ယောက်ကို ဆင့်ခေါ်လိုက်နိုင်တာလား။
သူတို့ထဲမှတစ်ယောက်က လူသားတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ယက္ခဘုရင်တစ်ဦးဖြစ်နေသည်။
မလှမ်းမကမ်းမှ လူငယ်အမျိုးသားကလည်း ထိုသည်ကို တွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်ကြုတ်ပြီး အံ့အားသင့်သွားပုံရသည်။
သို့သော်လည်း သိပ်မကြာခင် သူ၏ အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်လာ၏။ သူက သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“သူတို့အားလုံးကို သတ်”
သူတို့က လူဘယ်လောက်များများကို ဆင့်ခေါ်လိုက်သည်ဖြစ်စေ… သို့မဟုတ် မည်သည့်မျိုးနွယ်ဝင်များ ရောက်ရှိလာသည်ဖြစ်စေ… သူတို့အားလုံးက သူ့မျက်လုံးထဲမှာ ပုရွက်ဆိတ်များသာဖြစ်သည်။
တကယ်ဆို သူသည် သူတို့ကို ကိုယ်တိုင်သတ်ဖို့ပင် အရေးလုပ်မနေပေ။
“နားလည်ပါပြီ”
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်တစ်ပါးက သဘောတူနာခံပြီး သူ၏ ခါးထက်မှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို အေးအေးဆေးဆေးဖြုတ်ယူလိုက်၏။
“သတိထား”
ထိုသည်ကို တွေ့မြင်သောအခါ ယက္ခိုသ်ယုက လျင်မြန်စွာ တုံ့ပြန်ပြီး ခရမ်းရောင်ဝတ်အမျိုးသား၏ လက်မောင်းကို အလောတကြီး လှုပ်ခါလိုက်၏။ သူမက ပူပန်ကြောင့်ကျသော အမူအရာတစ်ခုနှင့် ကျယ်လောင်စွာ သတိပေးနေသည်။
ခရမ်းရောင်ဝတ်အမျိုးသားက မိန်းမောနေပုံရလေသည်။
သူက ယက္ခိုသ်ယု၏ သတိပေးစကားကို ကြားရသည့်ပုံမပေါ်ပေ။
သို့သော်လည်း သူ၏ နောက်ဘက်မှာရှိသော ယက္ခဘုရင်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။