← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 189 Ch. 2826

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 189 Ch. 2826

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်က ယခုတင် သူ၏ မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကို ဖြုတ်ယူပြီး မှော်စာလုံးများကို ကျာပွတ်တစ်ခုအဖြစ်စုဖွဲ့လိုက်စဥ် ယဇ်ပလ္လင်ပေါ်မှာ တစ်ယောက်ယောက်ပျောက်သွားသည်ကို သူက နားလည်သဘောပေါက်လိုက်သည်။

“ဟမ့်...”

“အဲဒီယက္ခတစ္ဆေက ဘယ်ပျောက်သွားတာလဲ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်သည် အနည်းငယ်မှင်တက်ပြီး သူ၏ စိတ်က တွေဝေရှုပ်ထွေးသွား၏။

ရုတ်တရက်ဆိုသလို....။

သူ၏ လည်ဂုတ်ကို တစ်ယောက်ယောက်က လေအေးဖြင့်မှုတ်လိုက်သည့်အလား ခံစားရပြီး သူက ကြက်သီးမွေးညင်းများထလာ၏။

တစ်ချိန်တည်းမှာပင် သူ၏ နားထဲမှာ မကောင်းဆိုးဝါးဆန်ဆန်အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်း ဘယ်သူ့ကို သတ်ချင်နေတာလဲ”

“ဆိုးပြီ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်က တုန်လှုပ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

ယက္ခဘုရင်က သူ၏ နောက်ဘက်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဖြစ်စဥ်တစ်ခုလုံးက လုံးဝကို အသံတိတ်နေခဲ့သည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ထိ ကျင့်ကြံပြီးနောက် သူတို့သည် ဘေးပတ်ဝန်းကျင်ရှိလေဟာနယ်အပေါ် အလွန်တရာထက်ရှသော အာရုံခံစိတ်ရှိလာကြသည်။

တစ်ယောက်ယောက်က တည်နေရာခုန်ကူးခြင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့က အဲဒါကို ချက်ချက်းအာရုံခံမိပေလိမ့်မည်။

ဒါ့အပြင် တည်နေရာခုန်ကူးပြီးနောက် တစ်ဘက်သူ ဆင်းသက်မည့်နေရာကို သူတို့က ဆုံးဖြတ်ဖို့ အရမ်းကို လွယ်ကူလေသည်။

ထိုသို့ဖြင့် သူတို့သည် တည်နေရာခုန်ကူးပြီးနောက် တစ်ဘက်သူကို လက်ဦးမှုရယူခွင့်ပေးလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ဘေးမှာ ထိုယက္ခရောက်ရှိလာသည်ကို သူက လုံးဝ သတိမထားမိခဲ့ပေ။

အဲဒါက မည်ကဲ့သို့သော နည်းလမ်းမျိုးလဲ။

သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သူ၏ ကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်တော့မည့်ဆဲဆဲမှာပင် သူ၏ ဦးခေါင်းက စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ နောက်ခဏ၌ သူ၏ အသိစိတ်က ချောက်နက်တစ်ခုထဲကို နစ်မြုပ်သွားပြီး သူက သူ၏ အာရုံခံစိတ်အားလုံးကို ဆုံးရှုံးလိုက်ရသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ယက္ခဘုရင်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ကို အခွင့်အရေးလုံးဝမပေးခဲ့ပေ။ သူက သူ၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟပြီး ထိုသူ၏ ဦးခေါင်းတစ်ဝက်ကို ကိုက်ချလိုက်၏။

ချက်ချင်းပင် ဦးနှောက်ရည်များက ပြန့်ကျဲသွားပြီး သွေးများက စီးကျလာခဲ့သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်၏ အမြုတေစိတ်ဝိညာဥ်က လေဟာနယ်ယက္ခ၏ ဝါးမျိုခြင်းခံရပြီး သူက နေရာမှာပင် သေဆုံးသွားရသည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်တစ်ဦးမှာ နည်းလမ်းပေါင်းစုံရှိလေသည်။ သို့သော်လည်း သူသည် သူ့နောက်ဘက်မှ လေဟာနယ်ယက္ခ၏ အသေကိုက်သတ်ခြင်းခံလိုက်ရပြီး သူ၏ လှုပ်ရှားကွက်တစ်ကွက်ကိုပင် မထုတ်ဖော်လိုက်ရပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှလူတိုင်းသည် သတ်ဖြတ်ခြင်းမြင်ကွင်းများစွာကို တွေ့မြင်ထားဖူးသော်လည်း သူတို့သည် ဤကဲ့သို့ သွေးသံရဲရဲနှင့် ကြောက်ရာစရာကောင်းသောမြင်ကွင်းကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

ယက္ခသည် ဦးခေါင်းတစ်ခြမ်းကို သူ၏ ပါးစပ်ထဲမှာ ကိုက်ဝါးနေပြီး သူ၏ ထက်ရှသောသွားစွယ်များက ဦးခေါင်းခွံကို အလွယ်တကူထိုးဖောက်ကာ ကြောက်စရာကောင်းသော တဂျွတ်ဂျွတ်အသံ ထွက်ပေါ်လာ၏။

နီရဲနေသောသွေးများက သူ၏ သွားကြားကနေတစ်ဆင့် သူ၏ နှုတ်ခမ်းထောင့်ကနေ စီးကျလာလေသည်။ ယက္ခက အဲဒါကို သတိထားမိပုံမရဘဲ သူတို့ကို သွားဖြဲကာ မကောင်းဆိုးဝါးဆန်ဆန်ကြည့်​နေ၏။

အဲဒါက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းသည်။

ယက္ခိုသ်မျိုးနွယ်မှလူတိုင်းက အံအားတသင့် ရေရွတ်လိုက်ကြ၏။

ယက္ခိုသ်များနှင့် ယက္ခများသည် တူညီသောအရင်းအမြစ်ကနေလာပြီး သူတို့အားလုံးက ဆိုးယုတ်တစ္ဆေများဖြစ်ကြသည်။

သူတို့သည် ကြမ်းကြုတ်ခက်ထန်ပြီး အသွေးအသားကို စားသုံးကြသည်။

သို့သော်လည်း ယက္ခမျိုးနွယ်၏ နည်းလမ်းများသည် ယက္ခိုသ်မျိုးနွယ်ထက် များစွာပိုမိုကြမ်းတမ်းပြီး ပို၍သွေးဆာရက်စက်လေသည်။

ယက္ခဘုရင်သည် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ တစ္ဆေကမ္ဘာကနေရောက်ရှိလာသော လေဟာနယ်ယက္ခဖြစ်သည်။

သူသည် ခါးသက်စိမ့်စမ်းငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချခံထားရပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ သူက လွတ်မြောက်လာသည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းခံခဲ့ရသည်။

တမလွန်ဘုံနှင့် တစ္ဆေကမ္ဘာသို့လာရာ သူ၏ ခရီးစဥ်မှာ တွေ့ကြုံခဲ့ရသော ပညာရှင်များက သူ့ထက်များစွာသာလွန်နေခဲ့သည်။

သူသည် သူ့ရင်ထဲရှိ မကျေမချမ်းမှုများနှင့် အမျက်ဒေါသကို ဖွင့်ထုတ်ဖို့ အခွင့်အရေးမရခဲ့ပေ။ ယခု သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိလာခါစဖြစ်ပြီး သူ့ရှေ့မှလူအုပ်စုက အကောင်းအဆိုးနားမလည်ဘဲ သူတို့ကို သတ်ဖြတ်​ချင်နေလေသည်။ ဤသည်က ယက္ခဘုရင်အကြောက်တရား လိုချင်သောအရာ အတိအကျပင်ဖြစ်သည်။

သူသည် တိုက်ခိုက်ဖို့နှင့် သူ၏ အမျက်ဒေါသကို ဖွင့်ထုတ်ဖို့ အခွင့်အရေးမရမှာကိုသာ စိုးရိမ်နေသည်။

ဒါ့အပြင် သူသည် သူ့သခင်အသစ်နောက်သို့ လိုက်ပါလာခါစဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ သူ၏ အစွမ်းအစကို ပြသလိုလေသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိမ်ထားခဲ့ရသည့် သူ၏ အမျက်ဒေါသနှင့် မကျေမချမ်းမှုတို့က ချက်ချင်းပင် ပွင့်ထွက်လာခဲ့သည်။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်က ဘယ်လိုလုပ်အဆုံးသတ်ကောင်းနိုင်ပါ့မလဲ။

လူတစ်ယောက်သေဆုံးသွားခြင်းက မလုံလောက်ပေ။

သူက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်လိုလေသည်။

“မင်းဘယ်လိုတောင် အတင့်ရဲနေတာလဲ ယက္ခ... မင်းက တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ ဘယ်လိုတောင် ရိုင်းစိုင်းနေရဲတာလဲ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်တစ်ဦးက ချက်ချင်းပင်တုံ့ပြန်ပြီး သူ၏ ခါးမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖြုတ်ယူလိုက်၏။ သူက မှော်စာလုံးများကို စုစည်းပြီး ကျိန်းစပ်နေသောကျာပွတ်တစ်ခုကို စုဖွဲ့ကာ ယက္ခဘုရင်အကြောက်တရားကို ပစ်ရိုက်ချလိုက်၏။

ကျာပွတ်က အလွန်တရာမြန်ဆန်ပြီး ချက်ချင်းပင် ရောက်ရှိလာသည်။

“ဟီးဟီး...”

ရုတ်တရက် ယက္ခဘုရင်အကြောက်တရားက ထူးဆန်းစွာရယ်မောလိုက်သည်။ သူ၏ မြင့်မားသောပုံရိပ်က အနည်းငယ်ယိမ်းထိုးသွားပြီး ရုတ်တရက် နှစ်ခုခွဲထွက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ထံ ခုန်ဝင်လာခဲ့လေသည်။

အမြွှာတစ္ဆေတံခါးရိုက်ခြင်း။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်က ပုံရိပ်တစ်ခုကို အပိုင်းပိုင်းရိုက်ချလိုက်သော်လည်း တခြားပုံရိပ်တစ်ခုက အခွင့်အလမ်းကိုချိန်ဆကာ ပစ်ဝင်လာ၏။

ရွှစ်....

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်၏ ကောင်းကင်လိုဏ်ဂူက ယခုတင်ထွက်ပေါ်လာခါစဖြစ်ပြီး ပုံသဏ္ဌာန်ကို မယူနိုင်ခင် ယက္ခဘုရင်အကြောက်တရား၏ ထက်ရှသောတစ္ဆေလက်ဖြင့် နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရ၏။

ခပ်ဖျော့ဖျော့အလင်းတစ်ခုဖြင့်တောက်ပနေသော သေးငယ်သောပုံရိပ်တစ်ခုက ထွက်ပြေးတိမ်းရှောင်ချင်လေသည်။

သို့သော်လည်း ယက္ခဘုရင်အကြောက်တရားက ပို၍ပင်မြန်ဆန်နေ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ၏ နီရဲနေသောလျှာကို ရုတ်တရက်ဆန့်ထုတ်ကာ လေထဲမှာရှိသောအဲဒါကို လိပ်ယူလိုက်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်၏ အမြုတေစိတ်ဝိညာဥ်က မလွတ်မြောက်နိုက်ခင် ၎င်းသည် ယက္ခဘုရင်အကြောက်တရား၏ လျှာဖြင့် သဲ့ယူခြင်းခံရပြီး ထိုသူ၏ အစာအိမ်ထဲသို့ရောက်ကာ သေဆုံးသွားလေသည်။

တစ်ခဏချင်းမှာပင် ယက္ခဘုရင်အကြောက်တရားသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ သက်ရှိနှစ်ဦးကို ဆက်တိုက်သတ်ဖြတ်​လိုက်၏။

ထိုသည်ကို တွေ့မြင်သောအခါ ကျန်ရှိနေသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်များက ဤယက္ခဘုရင်သည် ဘယ်လောက်ကြောက်စရာကောင်းသလဲ နားလည်သဘောပေါက်သွားသည်။

ဝုန်း... ဝုန်း... ဝုန်း...

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်တယ်ဦးက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူများကို စုဖွဲ့လိုက်ကြ၏။

ထိုသို့ဖြင့် အနည်းဆုံး သူတို့သည် ယက္ခဘုရင်၏ ချက်ချင်းသတ်ဖြတ်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

ယင်စန္ဒာမျိုးနွယ်မှ အဖိုးအိုက မျက်မှောင်ကြုတ်လိုက်၏။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ့နောက်ဘက်မှာရှိသောလူငယ်ကို ကာပေးထားလိုက်လေသည်။

“ဟမ့်...”

ယင်စန္ဒာမျိုးနွယ်မှ ဤအဖိုးအိုက ကိုင်တွယ်ရမလွယ်ကူသည်ကို ယက္ခဘုရင်အကြောက်တရားက ပြောနိုင်ပြီး သူက ထိုသူကို စတင်ရန်စခြင်း မရှိပေ။ ထိုအစား သူက သူ၏ လမ်းကြောင်းကိုပြောင်းလဲပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ဆယ်ဦးထဲမှ အားအနည်းဆုံးနှစ်ဦးကို ပစ်မှတ်ထားလိုက်သည်။

ထိုမွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်နှစ်ဦးသည် ကောင်းကင်ဘုံအသေးများကိုသာ စုဖွဲ့ထားပြီး သူ၏ တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ပေ။

ယက္ခဘုရင်အကြောက်တရားကလည်း သူ၏ ကောင်းကင်လိုဏ်ဂူတစ်ခုကို မြှောက်တင်လိုက်၏။ အဲဒါသည် အထဲမှာပိန်းပိတ်အောင်နက်မှောင်နေပြီး တစ္ဆေချီဖြင့်ပြည့်နှက်ကာ တစ္ဆေသရဲညည်းတွားသံများ ထွက်ပေါ်နေ၏။

ထို့နောက်ချက်ချင်းပင် သူ၏ ပုံရိပ်က ဖျတ်ခနဲလက်ပြီး နေရာကနေပျောက်ကွယ်သွားသည်။

သူပြန်လည်ပေါ်ထွက်လာသည့်အခါ ယက္ခဘုရင်အကြောက်တရားသည် သာမန်ဘုရင်နှစ်ဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုသည်ကို တွေ့မြင်သောအခါ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်များ၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူတို့က ရင်တထိတ်ထိတ်ဖြစ်သွား၏။

ယခုသူတို့သည် ကြီးမားသည့်တိုက်ပွဲတစ်ခု၏ အလယ်မှာ ရောက်ရှိနေပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်သည် သူတို့၏ ကောင်းကင်လိုဏ်ဂူများဖြင့် ပိတ်ဆို့ခြင်းခံထားရလေသည်။ တစ်ယောက်ယောက်က တည်နေရာခုန်ကူးဖို့ မဖြစ်နိုင်တော့ပေ။

ထိုအတွေးက သူတို့၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်များက စဥ်းစားနေဖို့ အချိန်မရပေ။ သူတို့က သူတို့၏ လက်ထဲရှိ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကို ထုတ်ယူပြီး ကျာပွတ်များကိုစုဖွဲ့ကာ မရှောင်တိမ်းနိုင်သောပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖြာပြီး ယက္ခဘုရင်အကြောက်တရားအပေါ် အုပ်မိုးချလိုက်၏။

ယက္ခဘုရင်အကြောက်တရားက ဤမှော်စာလုံးကျာပွတ်များကို ရှောင်တိမ်းချင်သည်ဆိုလျှင် သူသည် သူ့ရှေ့မှာရှိသော သာမန်ဘုရင်နှစ်ဦးကို ဆက်လက်၍သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။

သူ့အနေဖြင့် သွေးကို မမြင်ရတော့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး သူက သွေးဆာနေခဲ့ပြီဖြစ်သည်။

ဖျတ်ခနဲဆို ယက္ခဘုရင်အကြောက်တရား၏ မျက်လုံးထဲတွင် ကြမ်းကြုတ်ခက်ထန်သောအလင်းတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူက ဆုံးဖြတ်ချက်ချပြီး သူ၏ ပကတိကောင်းကင်လိုဏ်ဂူနှင့် အတင်းအကျပ်တိုက်ခိုက်ကာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်နှစ်ဦး၏ ကောင်းကင်လိုဏ်ဂူအသေးများကို ချက်ချင်းပင်ကြေမွသွားစေ၏။

နောက်ခဏ၌ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏ ဧရာမတစ္ဆေလက်ကို ဆန့်ထုတ်ကာ သာမန်ဘုရင်နှစ်ဦး၏ ဦးခေါင်းများကို ခြေမွှပစ်လိုက်၏။

ထိုအချိန်မှာ မှော်စာလုံးကျာပွတ်သုံးခုက သူ၏ ပကတိကောင်းကင်လိုဏ်ဂူပေါ်သို့ တစ်ချိန်တည်းနီးပါး ဆင်းသက်ရောက်ရှိလာ၏။

ဘုန်း...

ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာသည်။

သူ၏ ပကတိကောင််းကင်လိုဏ်ဂူသည် အဲဒါကို ခံနိုင်ရည်မရှိဘဲ ဝုန်းခနဲမြည်သံနှင့်အတူ လဲပြိုကျကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်ပြောင်းလဲပြီး ပျက်ပြယ်သွားလေသည်။

ပကတိကောင်းကင်လိုဏ်ဂူ၏ ကာကွယ်မှုမရှိဘဲ စတုတ္ထမြောက်မှော်စာလုံး​ကျာပွတ်က သူ့ပေါ်ကို ကျဆင်းလာခဲ့၏။

“အား”

ယက္ခဘုရင်အကြောက်တရားက နာကျင်စွာဖြင့် ခပ်စူးစူးအော်ဟစ်လိုက်၏။

သူ၏ ကျောပေါ်မှာ ဧရာမဒဏ်ရာတစ်ခုကျန်ရစ်ခဲ့လေသည်။ ဒဏ်ရာက အရမ်းကို နက်ရှိုင်းပြီး သူ၏ အရိုးများကိုပင် တွေ့မြင်နေရသည်။ အဲဒါက တုန်လှုပ်စရာကောင်းသောမြင်ကွင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကျလုမတတ်ပင်။

ဟူး...

ယက္ခဘုရင်အကြောက်တရားက ပင့်သက်ကိုရှိုက်ပြီး ပေါ့ပေါ့ဆဆ မပြုမူရဲတော့ပေ။ သူ၏ အရင်က ကြမ်းကြုတ်ခက်ထန်မှုက ချက်ချင်းပင်ပျောက်ကွယ်သွားပြီး သူက ကြွက်တစ်ကောင်ကဲ့သို့ ပြေးထွက်ကာ ဆိုးဆိုးဝါးဝါးအခြေအနေနှင့် ကျန်ရှိနေသောကျာပွတ်များကို ပွတ်ကာသီကာရှောင်တိမ်းလိုက်၏။

“ဒီကျာပွတ်တွေက ဘာလဲဟ... ဘာလို့အဲလောက်ထိ စွမ်းအားကြီးမားနေရတာလဲ”

ယက္ခဘုရင်အကြောက်တရားက စိတ်ထဲကနေကျိန်ဆဲလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သူ့နောက်ဘက်ရှိမွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်တချို့၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့အနေဖြင့် ပူးပေါင်းထားမည်ဆိုလျှင်တောင် သူ့ကိုခြိမ်းခြောက်ဖို့က မလွယ်ကူပေ။

သို့​သော်လည်း သူ၏ ပကတိကောင်းကင်လိုဏ်ဂူသည် ကျာပွတ်ရိုက်ချက်သုံးချက်ကို ခံနိုင်ရည်မရှိဘဲ နေရာမှာတင် ကြေမွသွားခဲ့သည်။

All Chapters