← Chapters

သတင်းအချက်အလက်ဖလှယ်ခြင်း

Vol. 189 Ch. 2827

သတင်းအချက်အလက်ဖလှယ်ခြင်း

Vol. 189 Ch. 2827

လူငယ်အမျိုးသားက တစ်ချိန်လုံးတိုက်ခိုက်ခြင်းမရှိဘဲ သူ့မှာ စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုရှိနေ၏။ သူက ပြပွဲကို စောင့်ကြည့်လိုသည်မှာ သိသာသည်။

ယင်စန္ဒာမျိုးနွယ်မှ အဘိုးအိုက သူ့ရှေ့ကနေ စောင့်ကြပ်ပေးနေပြီး ယက္ခဘုရင်အကြောက်တရားကို ငေးကြည့်ကာ အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ထား၏။

သူတို့နှစ်ယောက်က တိုက်ခိုက်ခြင်းမရှိလျှင်တောင် ယက္ခဘုရင်အကြောက်တရားပေါ်ရှိ ဖိအားက ကြီးမားလာခဲ့ပြီဖြစ်သည်။

သူသည် ဘုရင်လေးဦးကို တိုက်ရိုက်သတ်ဖြတ်ခဲ့သော်လည်း ထိုနေရာမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်ရှစ်ဦး ကျန်ရှိနေဆဲဖြစ်ပြီး သူတို့က မှော်စာလုံးကျာပွတ်များကို ကိုင်စွဲ၍ ကောင်းကင်လိုဏ်ဂူများကို စုဖွဲ့ကာ သူ့ကို ဝိုင်းပတ်ပိတ်ဆို့ထားလေသည်။

ယက္ခမျိုးနွယ်၏ အထူးခြားဆုံးမျိုးဆက်အနေဖြင့် သူသည် လေဟာနယ်ယက္ခအဖြစ် ကျော်ကြားသည်မှာ သူ့မှာ အလွန်တရာစွမ်းအားကြီးမားသော ပါရမီအရည်အချင်းရှိပြီး လေဟာနယ်ကို ဖြတ်ကျော်နိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် တစ်ဖက်သူကို လုံးဝသတိထားမိစေခြင်းမရှိဘဲ ပထမဆုံး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်အနားကို ချဉ်းကပ်ကာ သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ကို ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများက ချိပ်ပိတ်ထားပြီး သူက တည်နေရာခုန်မကူးနိုင်လျှင်တောင် သူသည် သူ၏ ကောင်းကင်လိုဏ်ဂူကို ဆင့်ခေါ်နိုင်သည်နှင့်အမျှ ထွက်ပြေးလွတ်မြောက်နိုင်ဆဲဖြစ်သည်။

သို့သော်ယခု သူ၏ ပကတိကောင်းကင်လိုဏ်ဂူက ကြေမွသွားခဲ့ပြီး လောလောဆယ်မှာ သူက အဲဒါကို နောက်တစ်ဖန်ပြန်လည်မစုဖွဲ့နိုင်ပေ။

သူသည် သူ၏ အရည်အချင်းနှင့် လေဟာနယ်ကနေတစ်ဆင့် ဖြတ်သန်းသွားလာနိုင်သော်လည်း သူသည် ကောင်းကင်လိုဏ်ဂူရှစ်ခု၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ မလွတ်မြောက်နိုင်ပေ။

ဒါ့အပြင် လေထဲမှာ မရှောင်တိမ်းနိုင်သော ပိုက်ကွန်တစ်ခုအဖြစ် ရောထွေးယှက်ဖြာထားသည့် တဖျတ်ဖျတ်တလက်လက်နှင့် ကြောက်စရာကောင်းသော မှော်စာလုံးကျာပွတ်ရှစ်ခု ရှိနေသည်။

စွမ်းအားကြီးမားသော ကောင်းကင်လိုဏ်ဂူရှစ်ခုနှင့်အတူ သူက ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

လေဟာနယ်ယက္ခအကြောက်တရားက သူ၏ သွေးချီကို လှည့်ပတ်ပြီး လေဟာနယ်ယက္ခမျိုးဆက်၏ ပင်ကိုလှုပ်ရှားမှုနည်းစနစ်အပေါ်သာ မှီခိုကာ သူ၏ အစွမ်းကုန်ဖြင့် ရှောင်တိမ်းနေရသည်။

သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ရှစ်ဦးက ကောင်းကောင်းအချိတ်အဆက်မိနေပြီး သူ့ကိုအလယ်မှာထားကာ အဆက်မပြတ် ချဉ်းကပ်လာနေကြ၏။

ထို့သို့ဖြင့် ယက္ခဘုရင်အကြောက်တရားအတွက် ရှောင်တိမ်းနိုင်သော နေရာလွတ်က ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာခဲ့သည်။

အခြေအနေက ပို၍ သေရေးရှင်ရေး ဖြစ်လာလေသည်။

ထိုစဉ်မှာပင် ယင်စန္ဒာမျိုးနွယ်မှ အဘိုးအိုက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ မျက်လုံးထဲမှာ နားလည်သဘောပေါက်မှုအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

“ငါသိပြီ… ဒီယက္ခက ယက္ခတစ္ဆေတွေရဲ့ ဗီဇကွဲ လေဟာနယ်ယက္ခပဲ”

“အဲ့လိုမျိုးယက္ခတွေက အရမ်းကိုရှားပါးပြီး နတ်ဘုရားခွန်အားနဲ့ မွေးဖွားလာတယ်လို့ ဆိုကြတယ်… နောက်ပြီး သူတို့တွေက လေဟာနယ်ကို ဖြတ်ကျော်ပြီး တမလွန်ဘုံကို ဝင်ရောက်နိုင်ကြတယ်”

“ကျုပ်သိပြီ”

လူငယ်၏ မျက်လုံးက ဟိုဟိုသည်သည်လှည့်ပတ်ကြည့်ရှုပြီး ရုတ်တရက်ပြောလိုက်၏။

“ညင်ညင်သာသာလုပ်ကြ… သူ့ကို မသတ်လိုက်နဲ့… သူ့ကို ချိုးနှိမ်ရုံပဲလုပ်… ငါ့ဘေးမှာ သင့်လျော်တဲ့ အစေခံတစ်ယောက် လိုအပ်နေသေးတယ်… ဒီလေဟာနယ်ယက္ခက မဆိုးဘူး”

“နားလည်ပါပြီ”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ရှစ်ဦးက တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြ၏။

မှော်စာလုံးကျာပွတ်များပေါ်ရှိ အလင်းရောင်က တကယ်ပင် ဖျော့တော့သွားလေသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက ထက်ရှနေဆဲဖြစ်ပြီး လေဟာနယ်ယက္ခဘုရင်အကြောက်တရား၏ လှုပ်ရှားနိုင်သော နေရာလွတ်ကို အဆက်မပြတ် ဖိနှိမ်လာခဲ့လေသည်။

သိပ်မကြာခင် ယက္ခဘုရင်အကြောက်တရားက ဆက်လက်၍ မရှောင်တိမ်းနိုင်တော့ပေ။ သူက ဘေးပတ်လည်ကို မာန်ဖီဟိန်းဟောက်ပြီး ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။ သို့သော်လည်း သူ၏ မျိုးဆက်သွေးနယ်မြေအငွေ့အသက်က မှော်စာလုံးကျာပွတ်များကို ခုခံနိုင်ခြင်းမရှိဘဲ တစ်ခဏချင်းမှာပင် ကြေမွသွားသည်။

ဖြောင်း….

မှော်စာလုံးကျာပွတ်များက လေဟာနယ်ယက္ခ၏ ခန္ဓာကိုယ်ပေါ်သို့ နောက်တစ်ဖန်ဆင်းသက်လာပြီး သူ၏ အသားများက ပွင့်ထွက်သွားလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲအမှတ်အသားများ ချက်ချင်းပင် ကျန်ရစ်ခဲ့၏။

ကျာပွတ်များ၏ စွမ်းအားက သိသိသာသာ လျော့ကျနေ၏။

သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်ကနေ စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရဆဲဖြစ်သည်။

ဖြောင်း… ဖြောင်း… ဖြောင်း…

မှော်စာလုံးကျာပွတ်များက သူ၏ မျက်နှာပေါ်သို့ တစ်ကြိမ်ဆင်းသက်လာတိုင်း သွေးစက်များစွာက ဖိတ်စင်ပြန့်ကျဲသွားလေသည်။

တစ်ခဏချင်းမှာပင် ယက္ခဘုရင်အကြောက်တရားက ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ယက္ခဘုရင်အကြောက်တရားက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။ သူက နာကျင်မှုကို ကြိတ်မှိတ်ခံစားပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ရှစ်ဦးကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ သူက သူတို့ကို အရှင်လတ်လတ် အရေခွံနွှာပစ်ချင်နေသည်။

ခါးသက်စိမ့်စမ်းငရဲ၏ အကျဉ်းထောင်မှာ သူတွေ့ကြုံခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုက ယခုထက် ပိုမိုပြင်းထန်လေသည်။

သူအသက်ရှင်နိုင်သည်နှင့်အမျှ ဤနာကျင်မှုက သူ့အတွက် ဘာမှမဟုတ်ပေ။

မှော်စာလုံးကျာပွတ်ရှစ်ခုထဲမှလေးခုက လေဟာနယ်ယက္ခဘုရင်အကြောက်တရား၏ ခြေလက်များကို တုပ်နှောင်ထားပြီး သုံးခုက သူ၏ ခါးနှင့် ဝမ်းဗိုက်ကို ရစ်ပတ်ကာ တစ်ခုက သူ၏ လည်ပင်းကို တင်းကျပ်စွာ ချုပ်နှောင်ထားသည်။

ရှဲ... ရှဲ...

လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများ၏ စွမ်းအားက အဆက်မပြတ်နှိုးဆွခံနေရပြီး ယက္ခဘုရင်အကြောက်တရား၏ အသားကို ဆုတ်ဖြဲကာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာကို ကျန်ရစ်ခဲ့စေ၏။

“ဒူးထောက်ပြီး အညံ့ခံလိုက်”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်တစ်ဦးက အော်ပြောပြီး သူ၏ မှော်စာလုံးကျာပွတ်ဖြင့် ယက္ခဘုရင်အကြောက်တရား၏ လည်ပင်းကို ချိတ်ဆွဲကာ ထိုသူ့ကို ဦးညွှတ်စေချင်လေသည်။

ယက္ခဘုရင်အကြောက်တရားက အကြောက်အလန့်မရှိပေ။ သူက သူ၏ ခေါင်းကို ထောင်ထားပြီး သူ၏ အကြည့်က ကြမ်းကြုတ်ခက်ထန်နေ၏။ သူက အံကိုတင်းတင်းကြိတ်ထားပြီး တကျွိကျွိအသံများ ထွက်ပေါ်နေသည်။

သူသည် ခါးသက်စိမ့်စမ်းငရဲမှာ နှစ်ပေါင်းများစွာ အကျဉ်းချခံထားခဲ့ရသော်လည်း သူက အညံ့မခံခဲ့ပေ။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ကယ်တင်ခြင်းခံရပြီးနောက် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာပြီးတာတောင် သူက အညံ့မခံခဲ့ပေ။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်းခံရပြီး လက်ခံယုံကြည်လာသည်အထိ ရိုက်နှက်ခံရပြီးတာတောင် သူသည် သိုင်းတာအိုပင်မခန္ဓာနောက်သို့ အမှန်တကယ် လိုက်ပါလိုခဲ့ခြင်း မရှိပေ။ သူ့ရှေ့မှာရှိသော လူတချို့က သူ့ကို ဘယ်လိုလုပ် အညံ့ခံစေနိုင်ပါ့မလဲ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ရှစ်ဦးထဲမှ မည်သူမဆို သူ့ကိုတစ်ယောက်ချင်း မယှဉ်နိုင်ပေ။

သူတို့က ပူးပေါင်းထားမည်ဆိုလျှင်တောင် သူတို့သည် သူ့ကို သေချာပေါက် ချုပ်နှောင်နိုင်လိမ့်မည် မဟုတ်ပေ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်ရှစ်ဦးက ဤကဲ့သို့ ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်လာနိုင်သည်မှာ သူတို့၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများကနေ စုဖွဲ့ထားသော မှော်စာလုံးကျာပွတ်များကြောင့်ဖြစ်သည်။

ယင်စန္ဒာမျိုးနွယ်မှ အဘိုးအိုက သုန်မှုန်စွာကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“လေဟာနယ်ယက္ခ… ငါ မင်းကို အချိုးပြေပြေနေဖို့ အကြံပေးလိုက်မယ်… အခုအချိန်မှာ ငါတို့က မင်းကိုအသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်… ကျေးဇူးမကန်းနဲ့”

“ဂါး…”

လေဟာနယ်ယက္ခအကြောက်တရားက ဤကဲ့သို့ မောက်မာသည့်စကားလုံးများကို ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ။ အမျက်ဒေါသက သူ၏ ရင်ထဲမှာ တလိပ်လိထိုးတက်လာပြီး သူက ယင်စန္ဒာမျိုးနွယ်မှ အဘိုးအိုရှိရာဘက်သို့ ဟိန်းဟောက်လိုက်၏။

ယင်စန္ဒာမျိုးနွယ်မှ အဘိုးအို၏ အမူအရာက သုန်မှုန်သွားလေသည်။ သူက သူ့ဘေးမှာရှိသော လူငယ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“သခင်လေး… ကြည့်စမ်းပါဦး….”

လူငယ်က တွေဝေတုံ့ဆိုင်းနေသည့်အလား တိတ်တဆိတ်စဉ်းစားတွေးတောနေ၏။

ထိုစဉ်မှာပင် ယဇ်ပလ္လင်ပေါ်မှာရှိနေသည့် သိုင်းတာအိုပင်မခန္ဓာက သူ၏ ငေးငိုင်ရာကနေ နိုးထလာပုံရသည်။ သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာပြီး သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

သူသည် တမင်သက်သက် ဘေးကနေ ရပ်ကြည့်နေခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း ဤနေရာသို့ သူဆင်းသက်လာသည့်ခဏမှာပင် သူက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုတစ်ခုတည်ဆောက်ဖို့ ကြိုးပမ်းခဲ့၏။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားသည်။

အစစ်အမှန်ခန္ဓာနှစ်ခုက နောက်ဆုံးမှာ တစ်ဖန်ပြန်လည်ဆက်သွယ်နိုင်ကြပြီ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်သို့ ပြန်လည်ရောက်ရှိလာပြီဟု ဆိုလိုသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဤအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အလျင်အမြန် ပေးပို့ပေးလိုက်၏။ ထိုအထဲမှာ သူကြားသိထားသည့်အရာရာတိုင်း၊ လျှို့ဝှက်ချက်တချို့၊ ထင်မြင်ယူဆချက်များနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်သည့် အရာရာတိုင်း ပါဝင်လေသည်။

သိုင်းတာအိုပင်မခန္ဓာကလည်း တစ္ဆေကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သူကြုံတွေ့ခဲ့ရသည့် အခြေအနေများအားလုံးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်ပို့ပေးလိုက်၏။

စောစောက သူသည် ငြိမ်သက်နေခဲ့သည်မှာ အစစ်အမှန်ခန္ဓာနှစ်ခုက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေခဲ့သောကြောင့်ဖြစ်သည်။

“ဆိုတော့… နှစ်နှစ်ထောင်ကြာသွားခဲ့ပြီပေါ့”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

သူနှင့် ယက္ခဘုရင်အကြောက်တရားသည် ပြန်ဝင်စားခြင်းစက်ဝန်းထဲမှာ လွင့်မျောနေပြီး အချိန်စီးဆင်းမှုကို အာရုံမခံနိုင်ခဲ့ပေ။ အဲဒါက နှစ်တစ်ထောင် သို့မဟုတ် နှစ်နှစ်ထောင် ကြာသွားလောက်ပြီဟု သူက အကြမ်းဖျင်းခန့်မှန်းမိခဲ့သည်။

ယခုအခါမှသာ သူက ကုန်ဆုံးခဲ့သည့် အချိန်အတိအကျကို သိရှိသွားခြင်းဖြစ်လေသည်။

အစစ်အမှန်ခန္ဓာနှစ်ခုကြား သတင်းအချက်အလက်ဖလှယ်မှုက သူတို့နှစ်ယောက်စလုံးအတွက် အကျိုးအမြတ်ကြီးမားလေသည်။

သတင်းအချက်အလက်ဖလှယ်မှုမှာ သံသယများနှင့် လျှို့ဝှက်ချက်များစွာက တဖြည်းဖြည်း ပြေလည်သွားလေသည်။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အပြစ်သားကုန်းမြေဆယ်ခု”

သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေ၏။

သူဆင်းသက်လာသည့်ခဏမှာပင် ဤနေရာသည် အနည်းငယ်ထူးခြားနေသည်ဟု သူက ခံစားခဲ့ရသည်။ ဤနေရာသည် အလယ်အလတ်ကမ္ဘာထောင်လောက၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း အဲဒါသည် တစ်မူထူးခြားသော နိယာမကန့်သတ်ချက်များနှင့်အတူ သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်ပေါ်နေပုံရသည်။

သူသည် မြေပြင်ပေါ်မှာ ဒူးထောက်နေသည့် မျက်စိတစ်ဆုံးယက္ခိုသ်များကို တွေ့မြင်သည့်အခါ ပို၍ပင် အံ့အားသင့်သွားသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ရရှိပြီးနောက် သူ့ရှေ့မှမြင်ကွင်းနှင့် တိုက်ကြည့်ကာ သူက အဖြေတစ်ခုကို တဖြည်းဖြည်းကောက်ချက်ချမိလိုက်၏။

သူထင်တာမမှားဘူးဆိုလျှင် ဤနေရာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အပြစ်သားကုန်းမြေဆယ်ခုထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများနှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ လာခြင်းဖြစ်ပေမည်။

လူငယ်နှင့် အဘိုးအို၏ ခါးပေါ်ရှိ တံဆိပ်ပြားများက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများနှင့် သိသိသာသာကွဲပြားခြားနားနေသည်။

ဒါ့အပြင် သူတို့မှာ ပိုမိုမြင့်မားသည့် အဆင့်အတန်းများ ရှိသည့်ပုံပေါ်လေသည်။ သူတို့က ဘယ်နေရာကနေ ရောက်လာတာလဲ။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာမှာ မေးခွန်းများစွာရှိနေဆဲဖြစ်သည်။ သူ့ဘေးမှာရှိသော ယက္ခိုသ်ယုကသာ အဖြေတစ်ခုကို ပေးကောင်းပေးနိုင်ပေမည်။

သို့သော်လည်း ယခုက မေးမြန်းရမည့်အချိန် မဟုတ်သေးပေ။

All Chapters