← Chapters

ကောင်းကင်ဘုံခုံရုံး

Vol. 189 Ch. 2830

ကောင်းကင်ဘုံခုံရုံး

Vol. 189 Ch. 2830

ထိုအပြောင်းအလဲသည် ယင်စန္ဒာမျိုးနွယ်မှ အဖိုးအို၏ မျှော်လင့်ထားသည်ထက် အပြတ်အသတ်ကျော်လွန်သွားသည်။

သူ၏ ကိုယ်ကာယက ထူးခြားပြီး သူ့မှာ ဧကရာဇ်တစ်ပိုင်းကျင့်ကြံမှုရှိလေသည်။ ဤအဆုံးစွန်ယင်ကောင်းကင်လိုဏ်ဂူနှင့်အတူ ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူအားအထားရဆုံးစွမ်းအားသည် သူ့ကိုပြန်ပြီး ဒုက္ခပေးလာလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။

ဝိုင်အိုးက ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အပိုင်းအစများက ပြန့်ကျဲသွား၏။

ယင်စန္ဒာမျိုးနွယ်မှ အဖိုးအိုသည် အရင်ဆုံးလောင်ကျွမ်းခံလိုက်ရပြီး သူ့မှာ ရှောင်တိမ်းဖို့ အချိန်မရခဲ့ပေ။

ချက်ချင်းပင် မရေမတွက်နိုင်သော အပိုင်းအစများက တမလွန်တစ္ဆေမီးနှင့်အတူ လောင်ကျွမ်းပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

“အင်း…”

ယင်စန္ဒာမျိုးနွယ်မှအဖိုးအိုက နာကျင်စွာဖြင့် ညည်းတွားအော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က စကာပေါက်ဖြစ်သွားပြီး မရေမတွက်နိုင်သော သွေးသံရဲရဲအပေါက်များ ပေါ်ထွက်လာ၏။

သွေးသံရဲရဲအပေါက်တစ်ပေါက်ချင်းစီက တမလွန်တစ္ဆေမီးဖြင့် လောင်ကျွမ်းနေသည်။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ထိုမီးတောက်များသည် သူ၏ အသားကို ရူးသွပ်စွာလောင်ကျွမ်းနေပြိး သူ၏ ခန္ဓာကိုယ်က မြင်နိုင်သောနှုန်းထားဖြင့် ကျုံ့ဝင်လာပြီး အထဲမှာရှိသော အရိုးဖြူများကပင် ခပ်ရေးရေးပေါ်ထွက်လာ၏။

သူ၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကောင်းကင်လိုဏ်ဂူကပင် ခြောက်သွေ့အောင်လောင်ကျွမ်းခံလိုက်ရပြီး အက်ကွဲလာခဲ့သည်။ တမလွန်တစ္ဆေမီးက အက်ကွဲကြောင်းထဲကနေ လျှံထွက်လာပြီး အဝေးကနေကြည့်လျှင် စိမ်းညိုရောင်မျက်လုံးတစ်လုံးနှင့်တူနေသည်။

ဤအရေးနိမ့်မှုနှင့်အတူ ယင်စန္ဒာမျိုးနွယ်မှာ အဖိုးအိုသည် တမလွန်တစ္ဆေမီးကို လုံးဝမခုခံနိုင်တော့ပေ။ ထိုအစား သူက ပို၍ပင် ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းခံလာရသည်။

သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

“သခင်လေး… မြန်မြန်ထွက်သွားတော့”

ယင်စန္ဒာမျိုးနွယ်မှ အဖိုးအိုက သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကိုသုံးပြီး တမလွန်တစ္ဆေမီးများကြားကနေ လှမ်းအော်လိုက်သည်။

တစ်ဘက်မှာတော့ လူငယ်အမျိုးသားက သူ့ရှေ့မှမြင်ကွင်းမှာ တုန်လှုပ်နေ၏။

သူသည် ငယ်ရွယ်စဉ်ကတည်းက သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရပြီး သူ၏ အဆင့်အတန်းကြောင့် အခြားသူများက သူ့ကို ကာကွယ်ပေးခဲ့လေသည်။ သူသည် ဤကဲ့သို့သော အခြေအနေနှင့် အန္တရာယ်နှင့် ဘယ်တန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။

ဒါ့အပြင် နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲက အရမ်းကိုမြန်ဆန်ခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်မိရုံနှင့် ခရမ်းရောင်ဝတ်အမျိုးသားသည် မီးတောက်များကိုထွေးထုတ်လိုက်ပြီး ယင်စန္ဒာမျိုးနွယ်မှ အဖိုးအိုသည် တုံ့ပြန်ချိန်များစွာ မရရှိဘဲ ရှုံးနိမ့်သွားရသည်။

ယင်စန္ဒာမျိုးနွယ်မှ အဖိုးအိုထံမှ သတိပေးစကားကို ကြားသောအခါ လူငယ်က နောက်ဆုံးမှာ တုံ့ပြန်လာခဲ့သည်။ သူက ထိတ်လန့်တကြားဖြင့် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ပို့ဆောင်ရေးအဆောင်တစ်ခုကို ဆွဲထုတ်ယူလိုက်၏။

ထိုစဉ်မှာပင် ခရမ်းရောင်ဝတ်အမျိုးသားသည် သူ့ဘေးမှာရှိသော ယက္ခိုသ်အမျိုးသမီးကို ဦးဆောင်ရင်း‌ ဒေါသူပုန်ထနေသော မီးတောက်များကို ဖြတ်ကျော်ကာ ထိခိုက်မှုမရှိဘဲ သူ့ထံသို့ လျှောက်လှမ်းလာနေ၏။

အဲဒါက နှေးကွေးသည်ဟု ထင်ရသော်လည်း သူသည် တစ်ခဏချင်းမှာပင် ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်၍ ခံ့ညားထည်ဝါသော စိတ်စွမ်းအားတစ်ခုက လွှမ်းခြုံကျဆင်းလာ၏။ နောက်ခဏ၌ လူငယ်အပေါ်ဖိအားက ဆပွားတိုးလာပြီး သူ၏ ရင်ဘတ်က သိပ်သည်းလေးလံလာကာ သူ၏ ရင်ဘတ်က တထိတ်ထိတ်ခုန်လာ၏။

လူငယ်သည် လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူ့လက်ထဲမှာ ပို့ဆောင်ရေးအဆောင်ရှိနေသော်လည်း သူက အဲဒါကို မဆုတ်ဖြဲနိုင်ပေ။

“မင်း...မင်း… မင်းငါ့ကို သတ်လို့မရဘူး”

လူငယ်၏ မျက်နှာက ဖြူဖျော့နေပြီး တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။

“ငါ့ရဲ့အဆင့်အတန်းက မင်းမော်ကြည့်ရမယ့်အရာပဲ… မင်းငါ့ကို ဆန့်ကျင်ဖို့ လုံးဝမတတ်နိုင်ဘူး”

“မော်ကြည့်ရမှာလား”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက မှင်သေသေဖြင့်ရှိနေ၏။ သူက လက်လှမ်းပြီး လူငယ်၏ ဦးခေါင်းကို ဖိချလိုက်၏။

ဒုန်း…

အဲဒါကို ခံနိုင်ရည်မရှိဘဲ လူငယ်သည် မြေပြင်ပေါ်မှာ ဒူးထောက်ကျကာ သူ၏ ဒူးနှစ်ဖက်က စုတ်ပြဲသွား၏။

“အား…”

လူငယ်က စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏နဖူးမှာ ချွေများသီးလာကာ သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေ၏။

လူငယ်က သိုင်းတာအိုပင်မခန္ဓာကို အငြိုးအတေးကြီးသောအကြည့်ဖြင့် ခေါင်းမော့၍ကြည့်လိုက်၏။

“ကောင်းပြီလေ… ငါ့ရဲ့ ဖဲချပ်တွေကို လှန်ပြရတော့မှပေါ့”

“နားထောင်… ငါက ကောင်းကင်ဘုံခုံရုံးက လာတာပဲ… မင်းငါ့အသက်ကို ရန်ရှာရဲမယ်ဆိုရင် မင်းက ကောင်းကင်ဘုံခုံရုံးရဲ့ အမျက်ဒေါသကို သေချာပေါက်ထိခိုက်ခံစားရလိမ့်မယ်.. မင်းနဲ့ မင်းကလန်သားတွေ… မင်းနဲ့ပတ်သက်ဆက်စပ်တဲ့ ဘယ်သူမဆို မြှုပ်နှံစရာနေရာမရှိဘဲ သေဆုံးရလိမ့်မယ်”

“ကောင်းကင်ဘုံခုံရုံးလား”

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ခဏမျှစဉ်းစားတွေးတောလိုက်၏။

ရုတ်တရက် သူ၏ ရင်ထဲမှာ ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်နှင့် နီးစပ်လာသည့်အလားပင်။

လူငယ်၏ ခြိမ်းခြောက်စကားမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ့အသက်ကို ချမ်းသာပေးစရာအကြောင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက အေးစက်နေပြီး လူငယ်၏ ဦးခေါင်းကို ဖမ်းဆွဲကာ အမြုတေစိတ်ဝိညာဉ်ကို သူ၏ လက်ဖဝါးထဲမှာ ချက်ချင်းပင် ပိတ်လှောင်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်လိုက်သည်။

ထိုစဉ်မှာပင် မထင်မှတ်ထားသော တစ်စုံတစ်ရာဖြစ်ပွားလာ၏။

ရုတ်တရက် လူငယ်၏ အမြုတေစိတ်ဝိညာဉ်ကနေ ချစ်ချစ်တောက်ပူပြင်းသော စွမ်းအားတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

တကယ်ဆို ၎င်းသည် သူ၏ လက်ဖဝါးကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာချင်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ဖဝါးမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

“ဟမ်”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။

သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူ၏ ခန္ဓာကိုယ်ကို နာကျင်မှုခံစားရစေသော စွမ်းအားတစ်ခုသည် အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် သို့မဟုတ် ထိုထက်ပိုမိုမြင့်မားသောအဆင့်မှာ ရှိနေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ပေါ့ပေါ့ဆဆမပြုမူရဲဘဲ သူ၏ သွေးချီကို အလောတကြီးလှည့်ပတ်လိုက်၏။

ဧရာမမီးဖိုတစ်လုံးက သူ၏ ဘေးပတ်လည်မှာ တဖြည်းဖြည်းပေါ်ထွက်လာသည်။

နှစ်ဖက်စလုံးက ခဏမျှလွန်ဆွဲပြီးနောက် ချစ်ချစ်တောက်ပူပြင်းသော စွမ်းအားက တဖြည်းဖြည်းပျက်ပြယ်သွားသည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်းဖြန့်ကြည့်လိုက်၏။

သူ၏ လက်ဖဝါးမှာ ထူးဆန်းသောစာလုံးတစ်ခုကို ခတ်နှပ်ပြီးသားဖြစ်နေသည်။ ထိုစာလုံးသည် ယင်ယန်အဆောင်သုတ္တန်နှင့် စိမ့်စမ်းကိုးခုငရဲသုတ္တန်မှ ဘာသာစကားနှင့်အတူတူပင်ဖြစ်သည်။

ထိုစာလုံးက မီးတောက်ဟူသော စာလုံးဖြစ်လေသည်။ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သွေးချီကို လှည့်ပတ်သည်ဖြစ်စေ၊ သူ၏ သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်သည်ဖြစ်စေ သူသည် သူ့လက်ဖဝါးပေါ်ရှိ အမှတ်အသားကို ဖျောက်ဖျက်နိုင်ခြင်းမရှိဘဲ အချည်းနှီးသာ ဖြစ်ရသည်။ ဤကဲ့သို့သော နည်းလမ်းမျိုးကို လူငယ်ကို နောက်ခံပေးထားသည့် ပညာရှင်တစ်ဦးက ချန်ထားခဲ့ခြင်းဖြစ်လောက်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တည်ငြိမ်နေပြီး ဤကိစ္စကို လောလောဆယ်မှာ ခဏဘေးဖယ်ထားလိုက်၏။

လူငယ်၏ အမြုတေစိတ်ဝိညာဉ်သည် စောစောက သူ၏ သိုင်းတာအိုမီးဖိုဖြင့် အကင်ခံရပြီးနောက် လောင်ကျွမ်းပြာကျကာ သေဆုံးသွားခဲ့ပြီဖြစ်သည်။

“နှမြောစရာပဲ”

သိုင်းတာအိုပင်မခန္ဓာက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

လူငယ်သည် လျှို့ဝှက်ချက်များစွာကို သေချာပေါက်သိရှိထားပေမည်။ ကံဆိုးစွာနှင့်ပင် သူက ထိုသူ၏ ဝိညာဉ်ကို အောင်မြင်စွာ မရှာဖွေနိင်ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် စောစောကတင် သူဖမ်းဆီးထားသည့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်သုံးဦး၏ အမြုတေစိတ်ဝိညာဉ်များကို ထုတ်ယူကာ သူတို့သုံးယောက်အပေါ် ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ဝိညာဉ်ရှာဖွေခြင်းအတတ် ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့သုံးဦး၏ အမြုတေစိတ်ဝိညာဉ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားလေသည်။ စွမ်းအားတစ်မျိုးက နှိုးဆွခံရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံလိုက်ရသည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာက ဤရလဒ်မှာ အံ့အားသင့်သွားခြင်း မရှိပေ။ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် သူတို့၏ ဝိညာဉ်များကို အပြင်လူများရှာဖွေခြင်းကနေ ပိတ်ပင်တားဆီးရန် သူတို့ထံမှာ ကန့်သတ်ချိပ်စည်းတချို့ကို ထည့်သွင်းထားခြင်းဖြစ်ရပေမည်။

သူသည် ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အသုံးမပြုခဲ့လျှင်တောင် သူသည် သူတို့သုံးယောက်ထံမှ အသုံးဝင်သော သတင်းအချက်အလက်တစ်စုံတစ်ရာကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

မလှမ်းမကမ်းမှာ ယင်စန္ဒာမျိုးနွယ်မှာ အဖိုးအိုသည် အရိုးစုတစ်ခုအဖြစ်‌ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်အသက်ဓာတ်မှမကျန်ရှိတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် လောင်ကျွမ်းပြာကျသွားသည်။

တစ်ဘက်မှာ စောစောကတင် လွတ်မြောက်ခဲ့သော ယက္ခဘုရင်အကြောက်တရားသည် ကျန်ရှိနေသော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်နှစ်ဦးကို သတ်ဖြတ်ပြီး ချောက်ချားစရာကောင်းသောပုံစံဖြင့် သူတို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်ဆယ်ပါးကျော်နှင့် ကောင်းကင်ဘုံခုံရုံးမှ လူနှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။

ယက္ခိုသ်များစွာသည် သွေးသံရဲရဲတိုက်ပွဲမြေကို ကြည့်ရင်းကြက်သေသေကာ တုန်လှုပ်နေကြ၏။

ယက္ခိုသ်ယု၏ စွန့်လွှတ်စတေးခြင်းဖြင့် ဆင့်ခေါ်လိုက်သော ဤလူနှစ်ယောက်က တကယ်ပင် ကြောက်စရာကောင်းလွန်းလေသည်။ သူတို့ထဲမှတစ်ယောက်သည် ယက္ခိုသ်ယုနှင့် အသိအကျွမ်းဟောင်းတစ်ဦးဖြစ်ပုံရပြီး သူမကို တစ်ချိန်လုံးခေါ်ထားလေသည်။ သူက လက်တစ်ဖက်တည်းဖြင့် သူ၏ တစ်လမ်းလုံးကို ဖယ်ရှားရှင်းလင်းကာ ပြိုင်ဘက်ကင်းနေသည်။

အထက်ကနေရောက်ရှိလာသော ဧကရာဇ်တစ်ပိုင်းပညာရှင်ပင်လျှင် သူ့ထံမှ မီးတောက်များဖြင့် သေသည့်တိုင်အောင် လောင်ကျွမ်းခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး သူ့ရှေ့တိုက်ပွဲမြေပြင်မှာ ပြန့်ကျဲနေသည့် ကောင်းကင်လိုဏ်ဂူအပိုင်းအစများစွာကို စုစည်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူက ပါးစပ်ကို ဖွင့်ဟပြီး အသက်တစ်ချက်ရှိုက်လိုက်၏။

ကောင်းကင်လိုဏ်ဂူအပိုင်းအစများသည် အစားအစာများကဲ့သို့ သိုင်းတာအိုပင်မခခန္ဓာ၏ ဝါးမျိုခြင်းခံလိုက်ရသည်။

ယက္ခိုသ်ဘုရင်များက ကြောင်အ,မှင်တက်နေကြ၏။

အဲလိုလုပ်ဖို့ဖြစ်နိုင်ရဲ့လား။

ကောင်းကင်လိုဏ်ဂူအပိုင်းအစတိုင်းမှာ ဘုရင်တစ်ပါး၏ စိတ်စွမ်းအားနှင့် ဓမ္မတာအိုတို့ ပါဝင်နေ၏။

သူတို့က ကောင်းကင်လိုဏ်ဂူအပိုင်းအစများ၏ ဓမ္မတာအိုများကို သန့်စင်မွန်းမံချင်သည်ဆိုလျှင် သူတို့သည် အဲဒါကို တစ်ဆင့်ချင်းပြုလုပ်ရမည်ဖြစ်ပြီး တစ်စတစ်စချေဖျက်ရပေမည်။ သူတို့က ကောင်းကင်လိုဏ်ဂူအပိုင်းအစများကို သိုင်းတာအိုပင်မခန္ဓာကဲ့သို့ ဝါးမျိုမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေ၏။

သူ၏ ခန္ဓာကိုယ်သည် သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူပင်ဖြစ်လေသည်။

ဘုရင်ဆယ်ပါးကျော်၏ ကောင်းကင်လိုဏ်ဂူအပိုင်းအစများသည် အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားသော သိုင်းကောင်းကင်လိုဏ်ဂူအတွက် ဘာမှပြောပလောက်စရာမဟုတ်ပေ။

ဤတိုက်ပွဲမှာ သူရရှိသည်က ဤမျှသာမကပေ။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို ဝေ့ယမ်းပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်များ၊ ဧကရာဇ်တစ်ပိုင်းပညာရှင်နှင့် လူငယ်အမျိုးသားတို့၏ သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဘုရင်များ၏ သိုလှောင်အိတ်များထဲမှာ ရတနာများစွာရှိနေသော်လည်း သိုင်းတာအိုပင်မခန္ဓာက မည်သည့်တစ်ခုကိုမှ စိတ်မဝင်စားပေ။

သို့သော်လည်း ဧကရာဇ်တစ်ပိုင်းပညာရှင်နှင့် လူငယ်အမျိုးသား၏ သိုလှောင်အိတ်များထဲမှာ ရှားရှားပါးပါးရတနာတချို့ တကယ်ပင်ရှိနေသည်။

All Chapters