ကောင်းကင်ဘုံတာအိုကို ဖီဆန်ခြင်း
Vol. 189 Ch. 2831
“သခင်… အားလုံးပြီးသွားပါပြီ”
ယက္ခဘုရင်အကြောက်တရားက သိုင်းတာအိုပင်မခန္ဓာဘက်သို့ ပြန်လည်ရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
သူသည် ဤတိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း သူသည် စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်ခဲ့ရပြီး အလွန်တရာ ကျေနပ်သဘောကျနေ၏။
“သခင်…”
ထိုစဉ်မှာပင် ယက္ခိုသ်ယုက ညင်သာစွာခေါ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သူမကို လွှတ်ပေးပြီး လက်ကာပြလိုက်၏။
“မင်းက အောက်ဘုံလောကမှာတုန်းက မင်းရဲ့ လွတ်လပ်ခွင့်ကို ပြန်ရပြီးသွားပြီပဲ… ငါ့ကို ဒီလိုမျိုးခေါ်စရာမလိုတော့ဘူး”
ယက္ခိုသ်ယု၏ မျက်လုံးများက သုန်မှုန်သွားပြီး သူမက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
ထို့နောက် သူမက သတ္တိကို စုစည်းပြီး ပြောလိုက်၏။
“ဒါဆိုလည်း ကျွန်မရှင့်ကို ဘယ်လိုခေါ်ရမလဲမသိဘူး… ကျွန်မက ရှင့်ကို သခင်လို့ခေါ်တာနဲ့ ပိုပြီးတော့အသားကျတယ်… ကျွန်မရဲ့ ကျင့်ကြံမှုက နိမ့်ကျသေးတယ်ဆိုပေမယ့် ကျွန်မက ဝေယျာဝစ္စကိစ္စတချို့ကို လုပ်ပေးနိုင်ပါသေးတယ်”
ပင်ယန်းမြို့မှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ ကွာဟမှုများစွာမရှိခဲ့ပေ။
ထိုစဉ်တုန်းက သူမသည် သိုင်းတာအိုပင်မခန္ဓာထံ အညံ့ခံဖို့ ရွေးချယ်ခဲ့သော်လည်း အခြေအနေအရသာဖြစ်ပြီး သူမက စိတ်လိုလက်ရမရှိဘဲ မချင့်မရဲဖြစ်နေခဲ့သည်။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာသည် သူမမော်ကြည့်ရသည့် အမြင့်တစ်ခုမှာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကိုကြီးမားနေ၏။ သူမက သူ့နောက်သို့ စိတ်လိုလက်ရလိုက်ပါလိုသည်ဆိုလျှင်တောင် သူမရှေ့မှလူက အဲဒါကို သဘောတူလက်ခံချင်မှ လက်ခံပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သူမကို မျှော်လင့်ချက်ပေးထား၏။
သိုင်းတာအိုပင်မခန္ဓာသည် တကယ်တော့ ယက္ခိုသ်ယု၏ တွေဝေရှုပ်ထွေးသော စိတ်ခံစားချက်များကို မသိရှိသလို အဲဒါကို စိတ်ထဲမှာ ထည့်မထားပေ။ အဲဒါက အခေါ်အဝေါ်တစ်ခုသာဖြစ်ပြီး သူက သူမစိတ်ကြိုက် ခွင့်ပြုထားပေးလေသည်။
တကယ်တော့ သူ၏ ထင်မြင်ချက်အရ ယက္ခိုယု၏ ကျင့်ကြံမှုနယ်ပယ်က မနိမ့်ကျပေ။
သူမသည် တက်လှမ်းလာပြီးနောက် ဤအဆင့်ထိကျင့်ကြံလာနိုင်ခဲ့သည်မှာ အတော်လေးကောင်းမွန်လေသည်။ သူမသည် ယန်ပေးချန်၊ နတ်ဆိုးမကျိနှင့် အခြားသူများနှင့် ယှဉ်နိုင်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က လှုပ်ခတ်သွားပြီး ယဇ်ပလ္လင်ဘေးမှာ ရှိသော အမျိုးသမီးကျောက်သားရုပ်တုပေါ်သို့ ဆင်းသက်သွားလေသည်။ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“မဟာဧကရီတမလွန်ကိုးဘုံ”
ဤကျောက်သားရုပ်တုသည် အစစ်အမှန်သိုင်းကပ်ဘေး၏ ဒသမအဆင့်မှာ သူတွေ့ကြုံခဲ့ရသော အဖြူရောင်ဝတ်အမျိုးသမီးနှင့် ထပ်တူထပ်မျှ တူညီလေသည်။
ထိုကပ်ဘေးဖြတ်ကျော်စဉ်အတောအတွင်း ကြုံတွေ့ခဲ့ရသော အဖြူရောင်ဝတ်အမျိုးသမီးသည် ဒဏ္ဍာရီလာ မဟာဧကရီတမလွန်ကိုးဘုံဖြစ်သည်ဟု နတ်ဆိုးမကျိထံမှ သူကြားသိခဲ့ရသည်။
“မဟာဧကရီတမလွန်ကိုးဘုံရဲ့ ကျောက်သားရုပ်တုက ဒီနေရာမှာ ဘာလို့ရှိနေတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ယက္ခိုသ်ယုက ရှင်းပြလိုက်သည်။
“အရှင်မစင်ကြယ်အပျိုစင်က ကျွန်မတို့ ယက္ခိုသ်မျိုးနွယ်ရဲ့ ဘိုးဘေးဘဲ… ကျွန်မတို့ကလန်သားတွေက နေ့စဉ်နေ့တိုင်း သူ့ကို ဝတ်ပြုပြီး ဆုတောင်းကြတယ်”
“ဟမ်”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရတ်တရက်မေးလိုက်၏။
“မဟာဧကရီတမလွန်ကိုးဘုံက ယက္ခိုသ်မျိုးနွယ်ကလား”
“ဒါပေါ့…”
ယက္ခိုသ်ယုက ခေါင်းညိတ်ပြလိုက်၏။
“ဒဏ္ဍာရီအရဆို အရှင်မစင်ကြယ်အပျိုစင်က တမလွန်ကိုးဘုံတစ္ဆေကမ္ဘာရဲ့ ချောက်နက်ထဲကနေ သူ့ရဲ့ ကလန်သားတွေကိုခေါ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်ကို ရောက်လာခဲ့တယ်”
“အရှင်မစင်ကြယ်အပျိုစင်ရဲ့ ဦးဆောင်မှုအောက်မှာ ယက္ခိုသ်မျိုးနွယ်က မြင့်မားတိုးတက်လာပြီး တမလွန်ကိုးဘုံကမ္ဘာကို တည်ဆောက်ခဲ့ကြတယ်… နောက်ဆုံးမှာတော့ သူတို့က ဂုဏ်ကျက်သရေထွန်းတောက်တဲ့ တမလွန်ကိုးဘုံခေတ်ကို ဖန်တီးခဲ့ကြတယ်”
ခဏမျှရပ်တန့်ပြီးနောက် ယက္ခိုသ်ယုက ညင်သာစွာသက်ပြင်းချလိုက်၏။
“ကံဆိုးစွာနဲ့ပဲ အရှင်မစင်ကြယ်အပျိုစင်က ကောင်းကင်ဘုံကိုဖီဆန်မိပြီး ကောင်းကင်တာအိုနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်… နောက်ဆုံးမှာတော့ သူက ရှုံးနိမ့်ပြီး သေခဲ့ရတယ်… တမလွန်ကိုးဘုံကမ္ဘာကလည်း ဖျက်ဆီးခံရပြီး သူ့ရဲ့ ကလန်သားတွေက မျိုးရိုးအဆက်ဆက် အပြစ်သားစိတ်ဝိညာဉ်တွေအဖြစ် လျှော့ကျသွားခဲ့တယ်… သူတို့တွေက ဒီနေရာမှာ အကျဉ်းချခံထားရပြီး ဒီနေရာကို တမလွန်ကိုးဘုံအပြစ်သားကုန်းမြေလို ခေါ်ကြတယ်”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် သတင်းအချက်အလက်နှင့် သဲလွန်စပေါင်းများစွာက စုစည်းလာပြီး သူ့ရှေ့မှ မြူခိုးများက တဖြည်းဖြည်းရှင်းလင်းလာ၏။
ထိုအခိုက်အတန့်မှာ သူ၏ ရင်ထဲတွင် ရစ်ဝဲနေခဲ့သည့်မေးခွန်းက နောက်ဆုံးမှာ ပြေလျော့သွားလေသည်။
သူသည် တစ္ဆေကမ္ဘာသို့ ဝင်ရောက်ပြီး တမလွန်ကိုးဘုံချောက်နက်ကို ကြားရစဉ်က သူ့မှာ အတွေးတစ်ခုရှိနေခဲ့သည်။
တမလွန်ကိုးဘုံချောက်နက်သည် မဟာဧကရီတမလွန်ကိုးဘုံနှင့် ဆက်စပ်နေမလား သူမသိခဲ့ပေ။
သူသည် ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်ပြီး မဟာဧကရီတမလွန်ကိုးဘုံကို တွေ့မြင်ခဲ့စဉ်က ထိုပုဂ္ဂိုလ်သည် လူသားမဟာဧကရာဇ်ပညာရှင်တစ်ဦးဖြစ်မည်ဟု အလိုလိုတွေးမိခဲ့၏။
သို့သော်လည်း တကယ်တမ်းမှာတော့ ယက္ခိုသ်အမျိုးသမီးများနှင့် လူသားများကြား ရုပ်ရည်သွင်ပြင်ကွာခြားချက် မရှိသလောက်နီးပါးပင်။
ယခု သူသည် အဲဒါကို ယက္ခိုသ်ယုပြောသည့် ဒဏ္ဍာရီနှင့်ယှဉ်ကြည့်ပြီး မဟာဧကရီတမလွန်ကိုးဘုံက တစ္ဆေကမ္ဘာကနေလာခြင်းဖြစ်သည်ကို သူ သေချာသလောက်နီးပါးဖြစ်လာခဲ့သည်။
သို့သော်လည်း မဟာဧကရီတမလွန်ကိုးဘုံသည် တစ္ဆေကမ္ဘာမှ ဗြဟ္မတစ္ဆေမိခင်နှင့် ဘယ်လိုဆက်ဆံရေးရှိသလဲ သူမသိပေ။
ယက္ခဘုရင်အကြောက်တရားပြောပုံအရ ဗြဟ္မတစ္ဆေမိခင်သည် ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်တို့ကို ဖန်တီးခဲ့ပြီး မဟာဧကရီတမလွန်ကိုးဘုံသည် ဗြဟ္မတစ္ဆေမိခင်၏ လက်အောက်မှာ ဖြစ်သင့်လေသည်။
“အရှင်မစင်ကြယ်အပျိုစင်လား”
ထိုစဉ်မှာပင် ယက္ခဘုရင်အကြောက်တရားက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား တီးတိုးရေရွတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။
“မင်းသူ့ကိုကြးဖူးလို့လား”
ယက္ခဘုရင်အကြောက်တရားက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“တစ္ဆေကမ္ဘာရဲ့သမိုင်းထဲမှာ ယက္ခိုသ်တစ္ဆေမဟာနယ်မြေရဲ့ ယက္ခိုသ်အမျိုးသမီးဆယ်ဦးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ ယက္ခိုသ်စင်ကြယ်အပျိုစင်ဆိုတာ တကယ်ပဲရှိခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာက အလေးအနက်စဉ်းစားတွေးတောလိုက်၏။
ယက္ခိုသ်အမျိုးသမီးဆယ်ဦးသည် ယက္ခိုသ်တစ္ဆေမဟာနယ်မြေကို အုပ်စိုးသော ဧကရာဇ်ပညာရှင်ဆယ်ဦးဖြစ်သည်။
သူသည် တမလွန်ကိုးဘုံချောက်နက်မှာ သူတို့ထဲကတစ်ယောက်နှင့် ကြုံတွေ့ခဲ့ဖူးသည်။
ယက္ခိုသ်စင်ကြယ်အပျိုစင်သည် ယက္ခိုသ်အမျိုးသမီးဆယ်ဦး၏ ခေါင်းဆောင်ဖြစ်မည်ဆိုလျှင် သူမ၏ တိုက်ခိုက်ရည်ခွန်အားနှင့်ပတ်သက်၍ သံသယရှိစရာမလိုပေ။
သို့သော်လည်း ယက္ခိုသ်စင်ကြယ်အပျိုစင်သည် တစ္ဆေကမ္ဘာမှာ ရှိခဲ့စဉ်က မဟာဧကရာဇ်ပညာရှင်တစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းမရှိဟု သိုင်းတာအိုပင်မခန္ဓာက ထင်မြင်ယူဆမိသည်။
ခေတ်တစ်ခေတ်မှာ မဟာဧကရာဇ်တစ်ပါးသာရှိသည်ဟု ကောင်းကင်ဘုံဝံပုလွေက ပြောခဲ့ဖူးလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဆင်းသက်လာသော ရှေးဟောင်းစာအုပ်များမှာ မဟာဧကရာဇ်များသည် ရွှေခေတ်တစ်ခေတ်ကို ဖန်တီးနိုင်သည်ဟု တကယ်ပင် မှတ်တမ်းတင်ထားလေသည်။
အဲဒီမှာ မဟာဧကရာဇ်နှစ်ဦး အတူယှဉ်တွဲတည်ရှိခဲ့သော အခြေအနေတစ်ရပ် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးပေ။
သိုင်းတာအိုပင်မခန္ဓာသည် အကြောင်းအရင်းကို မသိရှိသော်လည်း အဲဒါက မမှားဟု သူက ယုံကြည်လေသည်။
သို့သော်လည်း သူသည် ငရဲသို့ ဝင်ရောက်ခဲ့စဉ်က သူသည် တမလွန်ဘုံကို ဖြတ်ကျော်ပြီး ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ကျဆင်းခဲ့သည်။
သူသည် တစ္ဆေကမ္ဘာသို့ ဝင်ရောက်လာပြီး ရှေးဟောင်းနှစ်များမှာ ကျန်ရစ်ခဲ့သည့် သဲလွန်စများကို တွေ့မြင်ခဲ့ရသည်။
ထိုသက်သေအထောက်အထားသည် ရှေးဟောင်းခေတ်အချို့မှာ မဟာဧကရာဇ်တစ်ပါးထက်မက ရှိခဲ့သည်ကို သက်သေပြပေးနေ၏။
တကယ်တော့ သူတို့နှစ်ဦးကြားမှာ မည်သည့် ပဋိပက္ခမှ မရှိခဲ့ပေ။
ဥပမာအားဖြင့် အနန္တခေတ်အတွင်း မဟာဧကရာဇ်အနန္တအပြင် ထိုစဉ်တုန်းက ငရဲအရှင်သည်လည်း မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖို့များလေသည်။
ယက္ခဘုရင်အကြောက်တရားပြောပုံအရ တူညီသောအချိန်အတောအတွင်း တမလွန်ဘုံ၏ အရှင် ဗြဟ္မတစ္ဆေမိခင်ကလည်း မဟာဧကရာဇ်တစ်ပါးဖြစ်ခဲ့လေသည်။
ဤမဟာဧကရာဇ်များနေထိုင်ရာ လောကများက သီးခြားရပ်တည်နေပြီး တစ်ခုနှင့်တစ်ခု ကြားဝင်စွက်ဖက်ခြင်း မရှိကြပေ။
တစ်နည်းအားဖြင့်ဆိုသော် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးသာလျှင် ရှိနိုင်သည်။
သီးခြားလောကတစ်ခုအနေဖြင့် ငရဲကမ္ဘာသည်လည်း မဟာဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးနိုင်သည်။
တစ္ဆေကမ္ဘာနှင့် တမလွန်ဘုံမှာလည်း အတူတူပင်ဖြစ်သည်။
ရှေးဟောင်းခေတ်တစ်ခုမှာ မဟာဧကရာဇ်များစွာသည် အတူယှဉ်တွဲတည်ရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့သည် သီးခြားရပ်တည်နေသော လောကများမှာ မဟာဧကရာဇ်များဖြစ်ခဲ့ကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအနေဖြင့် ခေတ်တစ်ခေတ်မှာ မဟာဧကရာဇ်တစ်ပါးသာရှိခဲ့သည်မှာ တကယ်ပင်ဖြစ်သည်။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အပြင်ဘက်မှာ ငရဲကမ္ဘာ၊ တစ္ဆေကမ္ဘာနှင့် တမလွန်ဘုံတို့မှာ တခြားသော မဟာဧကရာဇ်ပညာရှင်များ ရှိခဲ့ကြသည်။
တစ္ဆေကမ္ဘာမှာ ဗြဟ္မတစ္ဆေမိခင် ရှိနေလေသည်။
ယက္ခိုသ်စင်ကြယ်အပျိုစင်က မဟာဧကရာဇ်တစ်ပါးဖြစ်လာလိုသည်ဆိုလျှင် တစ်ခုတည်းသောနည်းလမ်းမှာ သူမသည် ထိုနေရာကနေထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဝင်ရောက်လာဖို့ပင်။ အဲဒါသည် ယက္ခိုသ်ယုပြောပြခဲ့သော ဒဏ္ဍာရီ၏ မူလဇာစ်မြစ်ပင်ဖြစ်သည်။
တကယ်တော့ သူ့မှာ တခြားသံသယများရှိနေဆဲပင်။
မဟာဧကရီတမလွန်ကိုးဘုံသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အရှင်သခင်ဖြစ်လာခဲ့လေပြီ။ သူမသည် ဘာ့ကြောင့်ကောင်းကင်ဘုံကို ဖီဆန်ပြီး ကောင်းကင်ဘုံတာအိုကို ဆန့်ကျင်ရမှာလဲ။
ဗြဟ္မတစ္ဆေမိခင်ကိုပါ ထည့်တွက်မည်ဆိုလျှင် တစ္ဆေကမ္ဘာမှာ မဟာဧကရာဇ်နှစ်ပါးရှိနေခဲ့ပြီဖြစ်သည်။
မဟာဧကရီတမလွန်ကိုးဘုံသည် ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့စဉ်က ဗြဟ္မတစ္ဆေမိခင်က ဘယ်အခန်းကဏ္ဍကနေ ပါခဲ့သလဲ။
မဟာဧကရာဇ်နှစ်ဦး အတူပူးပေါင်းထားမည်ဆိုလျှင် အထက်ဘုံလောကမှာ ဘယ်သူက သူတို့ကို အနိုင်ယူနိုင်မှာလဲ။
ဤကိစ္စသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကို တိုက်ခတ်ခဲ့သော ကစဉ့်ကလျားအခြေအနေနှင့် တစ်နည်းတစ်ဖုံပတ်သက်နေမလား။
သူတို့ထဲမှာ မိစ္ဆာအရှင်ရောပါလား။
ဗြဟ္မတစ္ဆေမိခင်သည် လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။
မဟာဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းက အဆုံးမဲ့ခြင်းမဟုတ်ဘဲ အကန့်အသတ်ရှိလေသည်။
မဟာဧကရာဇ်ဒီဃာယုပင်လျှင် ဘဝသက်တမ်းနှစ်ပေါင်းသန်းနှစ်ဆယ်သာ နေထိုင်နိုင်ခဲ့လေသည်။
ဗြဟ္မတစ္ဆေမိခင်က မဟာဧကရာဇ်တစ်ပါးဖြစ်သည်ဆိုလျှင် သူမက ယခုအချိန်ထိ ခေတ်ပေါင်းဘယ်လောက်များများ ရှင်သန်နေထိုင်ခဲ့ပြီးပြီလဲ။
တမလွန်ကိုးဘုံခေတ်ကနေ ရေတွက်ကြည့်မည်ဆိုလျှင်ပင် နှစ်ပေါင်းဘီလီယံပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
“ကောင်းကင်ဘုံကိုဖီဆန်တာ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ… ကောင်းကင်ဘုံခုံရုံး”
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နေသည့်အလား တီးတိုးရေရွတ်နေ၏။
“ကျေးဇူးရှင်တို့ ခင်ဗျားတို့နှစ်ယောက်က ဘယ်နေရာနေရောက်လာတာလဲ… ခင်ဗျားတို့က တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ဘယ်လိုဆင်းသက်လာတာလဲ… ကျုပ်မေးပါရစေ”
ယက္ခိုသ်ဘုရင်တစ်ဦးက သိုင်းတာအိုပင်မခန္ဓာနှင့် ယက္ခဘုရင်အကြောက်တရားရှိရာဘက်ကို ဦးညွှတ်ပြီး မေးလိုက်လေသည်။
ယက္ခိုသ်ယုသည် ယဇ်ပူဇော်လျှို့ဝှက်အတတ်ကို အရင်ဆုံးထုတ်ဖော်ခဲ့သော်လည်း သူမ၏ ယဇ်ပူဇော်လျှို့ဝှက်အတတ်က မပြီးမြောက်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာနှင့် ယက္ခဘုရင်အကြောက်တရားက ဆင်းသက်ရောက်ရှိလာ၏။
အဲဒီမှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေရပေမည်။
“တစ္ဆေကမ္ဘာက”
ယက္ခဘုရင်အကြောက်တရားက တစ်ဘက်သူကို သွားဖြဲပြကာ ပြောလိုက်၏။
“ဂုဏ်သရေရှိအမျိုးသမီး တစ္ဆေမိခင်ကိုယ်တိုင် ငါ့သခင်နဲ့ ငါ့ကို စေလွှတ်ခဲ့တာပဲ”
တစ္ဆေကမ္ဘာ။
ယက္ခိုသ်များစွာက ထိုနာမည်ကို ကြားသောအခါ သူတို့က ရင်တထိတ်ထိတ်ဖြစ်သွားကြသည်။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာနှင့် ယက္ခဘုရင်အကြောက်တရားကို အလွန်တရာရိုသေလေးစားသောအမူအရာများဖြင့် စိတ်လှုပ်ရှားတက်ကြွစွာ ကြည့်လာကြ၏။