← Chapters

လှောင်အိမ်ထဲကနေ ဖောက်ထွက်ခြင်း

Vol. 189 Ch. 2834

လှောင်အိမ်ထဲကနေ ဖောက်ထွက်ခြင်း

Vol. 189 Ch. 2834

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျက်ခနဲပေါ်ထွက်လာပြီး သူက တစ်စုံတစ်ရာကို ခပ်ရေးရေးခန့်မှန်းမိသွားသည်။

သို့သော်လည်း သူ မတုံ့ပြန်နိုင်ခင် မိုးကောင်းကင်ထက်ရှိ တလက်လက်တောက်ပနေသော မှော်စာလုံးများက အလျှံညီးညီး ကန့်သတ်မှုပင်လယ်တစ်စင်းအဖြစ် စုစည်းကာ သိုင်းတာအိုပင်မခန္ဓာထံသို့ သိပ်သည်းပြင်းထန်ကြီးမားသော လှိုင်းလုံးကြီးများကဲ့သို့ တလိပ်လိပ်တိုးဝင်လာ၏။

ဝုန်း…

လောကတစ်ခုလုံးက အဲဒါကို ခံနိုင်ရည်မရှိဘဲ အဆက်မပြတ်တုန်ခါကာ မြေငလျင်များ လှုပ်လာခဲ့သည်။

မရေမတွက်နိုင်သော တောင်ထွတ်များနှင့် မြေပြင်ပေါ်ရှိ ရှေးဟောင်းသစ်ပင်များက လဲပြိုကျပြီး ကြီးမားသော လှိုင်းလုံးများဖြင့် ဝါးမြိုခြင်းခံလိုက်ရသည်။

ဧရာမ မှော်စာလုံးလှိုင်းလုံးများက သိုင်းတာအိုပင်မခန္ဓာကို ပစ်မှတ်ထားနေခြင်းဖြစ်သော်လည်း မရေမတွက်နိုင်သော ယက္ခိုသ်များကလည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

ယက္ခိုသ်များစွာသည် သူတို့၏ မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုနှင့်အတူ ကူကယ်ရာမဲ့စွာ ကြည့်နေကြ၏။

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာရှိသော တမလွန်ဘုံရတနာကြေးမုံက ရုတ်တရက် ၎င်း၏ ကြေးမုံမျက်နှာပြင်ကိုလှည့်ပြီး ဝင်ရောက်လာသော မှော်စာလုံးလှိုင်းလုံးများကို ချိန်ရွယ်လိုက်၏။

တမလွန်ဘုံရတနာကြေးမုံသည် ၎င်း၏ သူငယ်အိမ်ထဲရှိ ထူးဆန်းသော သွေးရောင်အလင်းနှင့်အတူ ကြောက်စရာကောင်းသော မျက်လုံးတစ်လုံးကဲ့သို့ လေထဲမှာ လွင့်မျောနေ၏။

ရုတ်တရက်ဆိုသလို…

တစ်ဖက်တည်းသောမျက်လုံးမှ သွေးနီရောင်အလင်းက ပစ်လွင့်ထွက်ပေါ်လာပြီး ၎င်းက ဧရာမ မှော်စာလုံးလှိုင်းလုံးများထံသို့ ပစ်ဝင်သွားလေသည်။

သွေးရောင်အလင်းသည် ကောင်းကင်တစ်ခွင်အုပ်မိုးလာသည့် ဧရာမ မှော်စာလုံးလှိုင်းလုံးများနှင့်ယှဉ်လျှင် အရမ်းကို သေးငယ်နေသည်ဟု ထင်ရသည်။ သို့သော်လည်း ၎င်းသည် ဧရာမ မှော်စာလုံးလှိုင်းလုံးများကို နှစ်ပိုင်းဆုတ်ဖြဲလိုက်သည့် သွေးနီရောင်ဆေဘာတစ်လက်ကဲ့သို့ ဖြစ်သည်။

မရေမတွက်နိုင်သော မှော်စာလုံးများက လဲပြိုကျပြီး သူတို့က ဆင်းသက်မလာခင် ဘာမှမကျန်အောင် ပျက်ပြယ်သွားလေသည်။

တမလွန်ဘုံရတနာကြေးမုံကနေ ထုတ်ဖော်လိုက်သော သွေးရောင်အလင်းသည် အရမ်းကို ကြောက်စရာကောင်းသည်။ ဧရာမ မှော်စာလုံးလှိုင်းလုံးများကို ချိုးဖျက်ပြီးနောက် ၎င်း၏ ခွန်အားက လျော့ကျမသွားဘဲ ၎င်းသည် ကျယ်ပြောသော မိုးကောင်းကင်ကို ခုတ်ပိုင်းချလိုက်၏။

ရှဲ… ရှဲ…

သွေးနီရောင်ဆေဘာသည် ကျောက်သားတမံသလင်းများကို ထိုးခွဲလိုက်သည့်အလား စူးရှသောအသံတစ်သံ ထွက်ပေါ်လာ၏။

သွေးနီရောင်အလင်းက မိုးကောင်းကင်၏ အဆုံးထိ အဆက်မပြတ်ဖြန့်ကြက်သွားပြီး ကောင်းကင်ထက်မှာ တုန်လှုပ်စရာကောင်းသော သွေးရောင်ဒဏ်ချက်တစ်ခုကို ကျန်ရစ်ခဲ့စေ၏။

သွေးရောင်အလင်းဖြတ်သွားရာ နေရာတိုင်းမှာ မရေမတွက်နိုင်သော မှော်စာလုံးများက ဖျက်ဆီးခံရပြီး အလင်းရောင်က မှေးမှိန်သွားသည်။

အချိန်ကြာလာသည့်နှင့်အမျှ တမလွန်ဘုံရတနာကြေးမုံပေါ်ရှိ သွေးရောင်အလင်းကလည်း တဖြည်းဖြည်းဖျော့တော့ကာ ပျောက်ကွယ်သွားသည်။

သွေးရောင်အလင်း၏ စွမ်းအားကလည်း အားနည်းလာခဲ့သည်။

ဤတိုက်ခိုက်မှုသည် တမလွန်ဘုံရတနာကြေးမုံထဲရှိ မျိုးဆက်သွေးစွမ်းအားကို ကုန်ခန်းသွားစေသည်။ တမလွန်ဘုံရတနာကြေးမုံသည် ၎င်း၏ အထောက်အပံ့ကို ဆုံးရှုံးသွားပြီး မီးခိုးရောင်ရှေးဟောင်းကြေးမုံတစ်ခုအဖြစ် နောက်တစ်ဖန် မြေပြင်ထက်သို့ ကျဆင်းလာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး တမလွန်ဘုံရတနာကြေးမုံကို သိမ်းယူလိုက်သည်။

ထိုအချိန်တိုအတွင်းမှာ သူသည် ကိစ္စများစွာကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။

သူထင်တာမမှားလျှင် တမလွန်ဘုံရတနာကြေးမုံထဲရှိ မျိုးဆက်သွေးသည် ဗြဟ္မာတစ္ဆေမိခင်၏ မျိုးဆက်သွေးဖြစ်ရပေမည်။

တစ္ဆေကမ္ဘာ၏ တမလွန်ကိုးဘုံချောက်နက်မှာတုန်းက ဗြဟ္မာတစ္ဆေမိခင်က နိုးထလာပြီး သူ့ခန္ဓာကိုယ်ထဲမှ တမလွန်ဘုံရတနာကြေးမုံကို ထုတ်ယူကာ သူ့ကိုပြန်ပေးခဲ့လေသည်။

ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောခဲ့ခြင်း မရှိပေ။ ယခုသူက အဲဒါကို ပြန်စဉ်းစားကြည့်မိပြီး ဗြဟ္မာတစ္ဆေမိခင်သည် ထိုအချိန်တုန်းက တမလွန်ဘုံရတနာကြေးမုံပေါ်မှာ သူမ၏ မျိုးဆက်သွေးတစ်စကို ချန်ထားခဲ့ခြင်းဖြစ်လောက်သည်။

ဗြဟ္မာတစ္ဆေမိခင်၏ ရည်ရွယ်ချက်သည် သူ့ကို အသုံးချကာ တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ၏ ချုပ်နှောင်မှုကို ချိုးဖောက်ဖို့ ဖြစ်လေသည်။

သူက တမလွန်ကိုးဘုံအပြစ်သားကုန်းမြေသို့ ပို့ဆောင်ခံလိုက်ရသည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။

တမလွန်ဘုံရတနာကြေးမုံကို မဟာဧကရာဇ်တစ်ပါး၏ သွေးဖြင့် အသက်သွင်းခြင်းဖြင့်သာ ဤလောက၏ အဟန့်အတားကို ချိုးဖျက်နိုင်မည်ဖြစ်သည်။

ဖျောက်… ဖျောက်…

ထိုစဉ်မှာပင် မိုးကောင်းကင်ထက်မှ အက်ကွဲသံများ ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက မော့ကြည့်လိုက်သည်။

မိုးကောင်းကင်ထက်ရှိ သွေးရောင်ဒဏ်ချက်၏ ပတ်လည်မှာ အက်ကွဲကြောင်းများက တဖြည်းဖြည်းပေါ်ထွက်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ဖြန့်ကြက်သွား၏။ သိပ်မကြာခင် သူတို့က ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ကမ္ဘာတစ်ခုလုံးက လဲပြိုကျလာတော့မည်ဖြစ်သည်။

မရေမတွက်နိုင်သော ယက္ခိုသ်များက ထိုသည်ကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွလာ၏။

သူတို့သည် မျိုးရိုးစဉ်ဆက် ဤနေရာမှာ အကျဉ်းချခံထားရသည်။ ယခု သူတို့သည် လောကလှောင်အိမ် ကြေမွသွားသည်ကို တွေ့မြင်နေရပြီး သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိတော့မည်ဖြစ်ကာ စိတ်လှုပ်ရှားတက်ကြွလာ၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ယက္ခိုသ်များစွာသည် ထွက်ပြေးလွတ်မြောက်လာနိုင်သည့်အခါမှာပင် သူတို့သည် ဘယ်နေရာကို သွားရမလဲ မသိကြပေ။ သူတို့၏ အနာဂတ်က ရေရာသေချာမှု မရှိပေ။

တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ၏ ပျက်စီးမှုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို သေချာပေါက် သတိဝင်သွားစေပေလိမ့်မည်။

သူတို့ကတော့ မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ဖမ်းဆီးအကျဉ်းချခံထားရသည့် အပြစ်သားစိတ်ဝိညာဉ်များသာဖြစ်သည်။

ယခု သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဆန့်ကျင်မိပြီဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ကျယ်ပြောသည်ဆိုသော်လည်း သူတို့ အခြေချဖို့အတွက် နေရာတစ်နေရာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လိုက်လံဖမ်းဆီးမှုက နေရာအနှံ့ကနေ ဝင်ရောက်လာပေလိမ့်မည်။

သည်ဘက်မျိုးဆက်မှာ သူတို့၏ ကလန်သားများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအကြောင်း ရေရာသေချာစွာ မသိရှိကြပေ။ သူတို့က တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေ ထွက်ပြေးလွတ်မြောက်မည်ဆိုလျှင်တောင် သူတို့က ဘယ်လောက်ဝေးဝေး ထွက်ပြေးနိုင်မှာလဲ။

“လူကြီးမင်း… ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါ… ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းညွှန်မှုပေးပါ”

နောက်ဆုံးမှာ ယက္ခိုသ်ဘုရင်များက သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်၏။

မည်သို့ပင်ဆိုစေ… တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို တစ္ဆေကမ္ဘာမှ ဤသံတမန်က ချိုးဖျက်ပေးခဲ့လေသည်။ ဤအပြစ်သားကုန်းမြေမှ ယက္ခိုသ်များ၏ အနာဂတ်ကံကြမ္မာသည် တစ္ဆေကမ္ဘာမှ ဤသံတမန်အပေါ် မူတည်နေပေလိမ့်မည်။

ကျင့်ကြံမှုနယ်ပယ်အရဖြစ်စေ၊ တိုက်ခိုက်ရည်ခွန်အားအရဖြစ်စေ၊ တစ္ဆေကမ္ဘာမှ သံတမန်တစ်ဦးအဖြစ် သူ၏ အဆင့်အတန်းအရဖြစ်စေ… ဤခရမ်းရောင်ဝတ်အမျိုးသားသည် သူတို့ကို ဦးဆောင်ဖို့ အဆင့်မီသည့် တစ်ဦးတည်းသောသူဖြစ်သည်။

သဘောတရားအရ တစ္ဆေကမ္ဘာမှလာသော ဤသံတမန်သည် အတိတ်ကာလတုန်းက သူတို့၏ မဟာဧကရာဇ်တမလွန်ကိုးဘုံနှင့် တူလေသည်။

ယက္ခိုသ်များ၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများကိုကြည့်ပြီး သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေသည်။

စင်ကြယ်အပျိုစင်တမလွန်ကိုးဘုံကြောင့်ဖြစ်စေ… သို့မဟုတ် ဗြဟ္မာတစ္ဆေမိခင်ကြောင့်ဖြစ်စေ… သိုင်းတာအိုပင်မခန္ဓာသည် ဤယက္ခိုသ်များကို မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပေ။

ဒါ့အပြင် ဤယက္ခိုသ်များသည် အပြစ်သားကုန်းမြေကနေ ထွက်ပြေးလွတ်မြောက်နိုင်သည်နှင့် သူတို့သည် ဆက်လက်ကျင့်ကြံမည်ဆိုလျှင် သူတို့သည် အနာဂတ်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များ သို့မဟုတ် ဧကရာဇ်နယ်ပယ်ပညာရှင်များ ဖြစ်လာနိုင်လေသည်။

သူက ဤယက္ခိုသ်အုပ်စုကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူတို့သည် သူ့အတွက် သိသာထင်ရှားသည့် စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ဤမျှများပြားသော ယက္ခိုသ်များကို အထိုင်ချပေးဖို့က လွယ်ကူသည် မဟုတ်ပေ။ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။

ဤနေရာမှာ ယက္ခိုသ်ပေါင်း သန်းရာချီ ရှိနေပြီး သူတို့က ကြီးမားသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ သူက အချိန်တိုအတွင်းမှာ မည်သူကမှ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ သူတို့ကို အထိုင်ချပေးနိုင်မည့် ကမ္ဘာတစ်ခုကို ဘယ်နေရာမှာ သွားရှာနိုင်မှာလဲ။

ထျန်ဟွမ်ဂိုဏ်းက ဤယက္ခိုသ်အုပ်စုကို ထိန်းသိမ်းထားမည်ဆိုလျှင် သူတို့သည် နောက်တစ်နေ့မှာ ဖျက်ဆီးခံရပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်၏ ကျောက်သားရုပ်တုကို အမှတ်တမဲ့ ဖြတ်သွား၏။ ရုတ်တရက် သူက ရင်တစ်ချက်ထိတ်သွားပြီး သူသွားရမည့်နေရာတစ်ခုကို တွေးမိသွားသည်။

ဝုန်း… ဝုန်း…

ထိုစဉ်မှာပင် လောကက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ကျယ်လောင်သော မြည်ဟည်းသံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာပြီး မိုးကောင်းကင်က မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွကာ တစ်ခုပြီးတစ်ခု ကျဆင်းလာ၏။

တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက လုံးဝကို လဲပြိုကျလာခဲ့လေပြီ။

သိုင်းတာအိုပင်မခန္ဓာသည် စောစောက သေဆုံးခဲ့သော လူငယ်အမျိုးသား၏ သိုလှောင်အိတ်ထဲမှ ရှေးဟောင်းအင်မော်တယ်ယာဉ်ပျံတစ်စင်းကို ဆင့်ခေါ်လိုက်၏။ ၎င်းသည် လက်တစ်ဖဝါးအရွယ်သာ ရှိသော်လည်း ၎င်းက အဆင့်ကိုးဆင့်နှင့်အတူ အလွန်တရာ လက်ရာမြောက်နေ၏။

သူ၏ စိတ်ဝိညာဉ်အသိစိတ်က အင်မော်တယ်ယာဉ်ပျံထဲသို့ ဝင်ရောက်သွားသည့်အခါ အထဲမှာရှိသော နေရာလွတ်က မနှိုင်းယှဉ်သာအောင် ကြီးမားသည်ကို သူက နားလည်သဘောပေါက်လိုက်သည်။

ဤအင်မော်တယ်ယာဉ်ပျံကို ပုံသွင်းခြင်းဖြစ်စဉ်အတွင်း ၎င်းသည် အရာရာတိုင်းကို သေးငယ်အောင် ဆွဲချုံ့နိုင်သော ဓမ္မတာအိုနှင့် ပေါင်းစည်းထားရုံသာမက ၎င်းသည် ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး၏ လောကအပိုင်းအစတစ်ခုနှင့်ပင် ပေါင်းစည်းထားလေသည်။

ဤသည်က အလွန်တရာ ရှားပါးသော ရတနာပစ္စည်းတစ်ခုဖြစ်သည်။

ဧကရာဇ်နယ်ပယ်ပညာရှင်များပင်လျှင် ဤကဲ့သို့သော လောကအပိုင်းအစ တစ်ခုကို သေချာပေါက် အရယူလိုကြပေလိမ့်မည်။

ဤအင်မော်တယ်ယာဉ်ပျံတစ်စင်းကို ဖန်တီးရန် ဘယ်လောက်တောင် ကြိုးစားအားထုတ်မှု ပြုလုပ်ထားသလဲ သိသာထင်ရှားနေ၏။

ဤအင်မော်တယ်ယာဉ်ပျံမှာ သူ့ကိုယ်ပိုင်လောကတစ်ခု ရှိနေသည်ဟုဆိုလျှင် ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ယာဉ်ပျံကို ထုတ်ယူပြီး သူ၏ မီးတောက်ခြောက်ခုကို ဆင့်ခေါ်ကာ ၎င်းပေါ်ရှိ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားကို အတင်းအကျပ် ချေဖျက်လိုက်၏။

ထို့နောက် သူက အဲဒါကို လေထဲသို့ မြှောက်တင်လိုက်လေသည်။

“အဲဒီပေါ်ကို တက်လိုက်ကြ”

သိုင်းတာအိုပင်မခန္ဓာက လက်ကာပြပြီး ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်၏။

ယက္ခိုသ်များသည် သိုင်းတာအိုပင်မခန္ဓာ၏ ကယ်တင်ခြင်းခံထားရပြီး သူ့အပေါ်ကို လုံးဝယုံကြည်မှုရှိနေ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားပြီး အင်မော်တယ်ယာဉ်ပျံရှိရာသို့ ပျံသန်းသွားလေသည်။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်က အင်မော်တယ်ယာဉ်ပျံနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်၏။

“အမ်…”

တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား သိုင်းတာအိုပင်မခန္ဓာက စိတ်ဖြင့် စေညွှန်လိုက်၏။ ရုတ်တရက် သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ခုသည် အင်မော်တယ်ယာဉ်ပျံ၏ အခန်းတိုင်းထဲကနေ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှာရှိသော ယက္ခိုသ်များစွာကို အဆုံးမဲ့တွင်းနက်တစ်ခုကဲ့သို့ စုပ်ယူသွင်းလိုက်လေသည်။

ဤဓမ္မတာအိုသည် အင်မော်တယ်ယာဉ်ပျံ၏ ထူးခြားအံ့ဩဖွယ်ရာတစ်ခုလည်း ဖြစ်လေသည်။

ထိုအရာသည် ပျံသန်းနိုင်သော စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်ရုံသာ မဟုတ်ပေ။ ၎င်းသည် အရာရာတိုင်းကို ဝါးမြိုနိုင်၊ ဝင်ဆံ့စေနိုင်ပြီး တိုက်ခိုက်ရည်အတွက်ပင် အသုံးချနိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ် လှည့်ပတ်မှုအောက်မှာ သန်းပေါင်းရာချီ ယက္ခိုသ်များသည် အလင်းစက်များအသွင်ပြောင်းလဲပြီး အင်မော်တယ်ယာဉ်ပျံထဲသို့ တလိပ်လိပ်တိုးဝင်သွားကြလေသည်။

All Chapters