← Chapters

လျှို့ဝှက်ဆန်းကြယ်သောနေရာ

Vol. 189 Ch. 2835

လျှို့ဝှက်ဆန်းကြယ်သောနေရာ

Vol. 189 Ch. 2835

သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်မှာ သိပ်မကြာခင် အင်မော်တယ်ယာဉ်ပျံသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှ ယက္ခိုသ်များအားလုံးကို ဝင်ဆံ့သွားစေသည်။

ထို့နောက် သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ယာဉ်ပျံကို ယက္ခဘုရင်အကြောက်တရားထံ အလျင်အမြန်လွှဲပေးပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဒီအင်မော်တယ်ယာဉ်ပျံကို အရင်တုန်းက မင်းကိုငါပြောထားတဲ့ ကောင်းကင်ဘုံကမ္ဘာက မိစ္ဆာမဟာနယ်မြေဆီယူသွား”

“ပြီးရင် ထျန်ဟွမ်းဂိုဏ်းကိုရှာ”

ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မြေပုံတစ်ချပ်နှင့် သူ၏ စိတ်ဝိညာဉ်အသိစိတ်အမှတ်အသားချန်ထားသည့် သတင်းပို့အဆောင်တစ်ခုကိုထုတ်ယူကာ လေဟာနယ်ယက္ခအား ပေးလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ယက္ခဘုရင်အကြောက်တရားကို သူ၏ ဘေးနားတွင် ခေါ်ထားပြီး သူ့အား အကြောက်တရားဟူသော ဘွဲ့ကိုပင် ပေအပ်ထားသည်မှာ သူသည် လာမည့်အချိန်အတောအတွင်း သူ့ကိုယ်စား ထျန်ဟွမ်ဂိုဏ်းကို ကာကွယ်ပေးစေလိုသောကြောင့်ဖြစ်သည်။

“သခင်… ခင်ဗျားက ဘယ်ကိုသွားမှာလဲ”

လေဟာနယ်ယက္ခသည် သိုင်းတာအိုပင်မခန္ဓာ၏ စကားကို ကြားသောအခါ မေးမြန်းလိုက်၏။

“ငါ့မှာ တခြားလုပ်စရာရှိတယ်”

သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ ရှင်းပြမနေဘဲ မှင်သေသေဖြင့်ပြောလိုက်၏။

သူ၏ မူလအစီအစဉ်က မဟာအရိုင်းကမ္ဘာသို့ သွားရောက်ဖို့ဖြစ်သည်။

ဒါ့အပြင် သူ၏ လက်ဖဝါးထဲမှာ မီးတောက်အမှတ်အသားက ကျန်ရှိနေဆဲဖြစ်ပြီး သူတည်ရှိနေသည့်နေရာက အချိန်မရွေးပေါက်ကြားသွားနိုင်သည်။

သူတို့က လူချင်းခွဲထုတ်ပြီးမှသာ ယက္ခဘုရင်အကြောက်တရားနှင့် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှ ယက္ခိုသ်မျိုးနွယ်စု၏ အသက်များကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

“သခင်… ကျွန်မ..ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့ရမလား”

ယက္ခိုသ်ယုက သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး ညင်သာစွာမေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

ယက္ခိုသ်ယု၏ ရင်ထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။ သို့သော်လည်း သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်သည်။

“ဘုရင်အကြောက်တရားနဲ့အတူ ထျန်ဟွမ်းဂိုဏ်းကိုလိုက်သွား… မင်းအဲဒီမှာ ပိုပြီးတော့ အရေးကြီးတဲ့အရာကို လုပ်စရာရှိတယ်”

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အခု တမလွန်ကိုးဘုံအပြစ်သားကုန်းမြေက ယက္ခိုသ်တွေက လွတ်မြောက်လာခဲ့ပြီ… သူတို့တွေကို လောလောဆယ်ဦးဆောင်ဖို့ တစ်ယောက်ယောက်ကို လိုနေတယ်… မင်းတို့ဘေးမှာ ငါမရှိဘူးဆိုမှတော့ ငါက ဒီကိစ္စကို မင်းကိုပဲ လွှဲပေးထားရလိမ့်မယ်”

ပထမအချက် ယက္ခိုသ်ယုသည် အစကတည်းက ယက္ခိုသ်မျိုးနွယ်မှဖြစ်ပြီး သူမကလည်း တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေလာလေသည်။

သူမသည် ဤမျိုးနွယ်အကြောင်း အတော်လေးနှံ့နှံ့စပ်စပ်သိရှိထားပြီး သူတို့က သူမအပေါ်မှာ ခုခံငြင်းဆန်မှုများစွာ ရှိလိမ့်မည် မဟုတ်ပေ။

ဒုတိယတစ်ချက်... ယက္ခိုသ်သန်းပေါင်းရာချီကြားမှာ ယက္ခိုသ်ယုတစ်ယောက်ကိုသာ သူယုံကြည်နိုင်လေသည်။

ယက္ခိုသ်မျိုးနွယ်သည် ကြီးမားသောအင်အားတစ်ရပ်ဖြစ်သည်။ ယခု သူတို့က ဆက်လက်၍ ချုပ်နှောင်မခံရတော့ဘဲ အမှားအယွင်းတစ်စုံတစ်ရာရှိမလာစေရန် သူတို့ကို ထိန်းသိမ်းပေးမည့် တစ်ယောက်ယောက်ရှိနေရပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် ထိုစကားကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း ယက္ခိုသ်ယုက သူ့စကားမှ ယုံကြည်မှုကို ပြောနိုင်သည်။

သူမက အတော်လေးအံ့အားသင့်သွားသော်လည်း မအီမသာခံစားနေရ၏။ သူမက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“ကျွန်မရဲ့ကျင့်ကြံမှုနယ်ပယ်က သိပ်ပြီးတော့မမြင့်မားဘူး... ကျွန်မက အများသူငှာကို လက်မခံစေနိုင်မှာ စိုးရိမ်မိတယ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ သိုလှောင်အိတ်ထဲကနေ လူငယ်အမျိုးသား၏ သရုပ်သကန်တံဆိပ်ပြားကို ထုတ်ယူလိုက်၏။

လူငယ်အမျိုးသား သေဆုံးသွားပြီးနောက် တံဆိပ်ပြားပေါ်ရှိ အမှတ်သားက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း ထိုတံဆိပ်ပြားကို အလွန်တရာရှားပါး၍ အဖိုးတန်သော ပစ္စည်း ကြယ်သလင်းဖြင့် ပြုလုပ်ထားလေသည်။

ကြယ်တစ်စင်းလုံးကို သန့်စင်မည်ဆိုလျှင်တောင် အဲဒါသည် ကြယ်သလင်းမှုန်တစ်မှုန်ကိုပင် ရရှိချင်မှရရှိပေလိမ့်မည်။

ဤကဲ့သို့ လက်တစ်ဖဝါးအရွယ် တံဆိပ်ပြားတစ်ခုကိုဖန်တီးရန် မရေမတွက်နိုင်သောကြယ်များကို သန့်စင်ထားရပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် ကြယ်သလင်းကို ဆုပ်ကိုင်ပြီး ​၎င်းပေါ်မှာ သူ၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားကို ချန်လိုက်၏။ တစ်ချိန်နည်းမှာပင် သူက တမလွန်တစ္ဆေမီး၏ ဓမ္မတာအိုတစ်ခုကို ချန်ပေးလိုက်လေသည်။

“ဒီတံဆိပ်ပြားကိုယူသွား... ပြီးရင်မင်းက ငါ့ကိုယ်စား တမလွန်ကိုးဘုံယက္ခိုသ်တွေကို ဦးဆောင်ရမယ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ အသံကို ဖုံးကွယ်ထားခြင်းမရှိဘဲ အင်မော်တယ်ယာဥ်ပျံ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားလေသည်။

“ဒီတံဆိပ်ပြားက ငါ့ရဲ့တည်ရှိမှုကို ကိုယ်စားပြုတယ်... အခုကစပြီး ယက္ခိုသ်ယုက အကုန်လုံးကို တာဝန်ယူဦးဆောင်လိမ့်မယ်”

“နားလည်ပါပြီ”

အင်မော်တယ်ယာဥ်ပျံထဲမှာ ခဏမျှငြိမ်သက်ပြီးနောက် ယက္ခိုသ်များစွာက သဘောတူနာခံလိုက်ကြ၏။

ယက္ခိုသ်ဘုရင်တချို့က အနည်းငယ်တွေဝေတုံ့ဆိုင်းနေသော်လည်း မည်သူကမှ မကျေနပ်မှုကို ဖော်ပြခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်သည်။

“မင်းမဖြေရှင်းနိုင်တဲ့အရာ တစ်ခုခုရှိမယ်ဆိုရင် မင်းက ဘုရင်အကြောက်တရားဆီကနေ အကူအညီရယူနိုင်တယ်”

ယက္ခဘုရင်အကြောက်တရား၏ တိုက်ခိုက်ရည်ခွန်အားနှင့်နည်းလမ်းများနှင့်အတူ တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှ ယက္ခိုသ်များကြား တစ်ခုခုဖြစ်ပွားလာမည်ဆိုလျှင် သူက သူတို့ကို ဖိနှိမ်နိုင်လေသည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာက အတွေးလွန်နေခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ယက္ခိုသ်စင်ကြယ်အပျိုစင်ကဲ့သို့ပင် တစ္ဆေကမ္ဘာကနေလာသည်ကို ယက္ခိုသ်များက ကြားသိရသောအခါ သူတို့၏ ရင်ထဲမှာ အထင်ကြီးလေးစားမှုနှင့် ကြည်ညိုမှုသာလျှင် ရှိတော့လေသည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်ပြီး တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ၏ ​လှောင်အိမ်ကို ချိုးဖြတ်ခဲ့လေသည်။ ထိုသို့ဖြင့် လူတိုင်းက သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာကြသည်။ ဤယက္ခိုသ်အုပ်စုမှာ သူ့ကိုသစ္စာဖောက်မည့်အတွေး လုံးဝမရှိကြပေ။

ဤစီစဥ်ပေးမှုသည် ယက္ခိုသ်ဘုရင်တချို့ကို တွေဝေရှုပ်ထွေးစွာ ခံစားရစေသော်လည်း သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို ကြည်ညိုလေးစားသောအားဖြင့် ကန့်ကွက်မှုရှိကြလိမ့်မည် မဟုတ်ပေ။

ယက္ခဘုရင်အကြောက်တရားသည် ယက္ခိုသ်ယုအပေါ် သိုင်းတာအိုပင်မခန္ဓာထားရှိသည်် ယုံကြည်မှုကို သတိထားမိလေသည်။ သူက ယက္ခိုသ်ယုဘက်ကို သွားဖြီးပြီး ရင်းနှီးဖော်ရွေသောပုံစံဖြင့် ခေါင်းညိတ်ပြလိုက်၏။ သို့သော်လည်း သူ၏ ကြမ်းကြုတ်ခက်ထန်သောပုံပန်းသဏ္ဌာန်ကြောင့် သူ၏ အပြုံးက နှစ်လိုဖွယ်ရာမကောင်းဘဲ ပို၍ပင်ချောက်ချားစရာကောင်းနေ​၏။

ယက္ခိုသ်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။

“သခင်... ကျွန်မတို့ရဲ့အရေအတွက်က များပြားလွန်းတယ်... ကျွန်မတို့က ထျန်ဟွမ်ဂိုဏ်းကို သွားပြီး ကျွန်မတို့ရဲ့လမ်းကြောင်းက ပေါက်ကြားသွားမယ်ဆိုရင် ကျွန်မတို့က ထျန်ဟွမ်ဂိုဏ်းအပေါ် ကပ်ဘေးတစ်ခုဖြစ်လာစေလိမ့်မယ်”

သူတို့အနေဖြင့် အင်မော်တယ်ယာဥ်ပျံထဲမှာ တစ်ချိန်လုံးပုန်းကွယ်နေခြင်းက ဘေးကင်းလုံခြုံသော်လည်း အဲဒါသည် တမလွန်ကိုးဘုံးအပြစ်သားကုန်းမြေမှာ တစ်နှစ်ပတ်လုံးပိတ်မိနေသည်နှင့် မကွာခြားပေ။

ဒါ့အပြင် အင်မော်တယ်ယာဥ်ပျံမှာ သူ့ကိုယ်ပိုင်လောကတစ်ခုရှိသော်လည်း အထဲမှာ မည်သည့်ကောင်းကင်နှင့်မြေကြီးအမြုတေချီမှ မရှိပေ။

ကျင့်ကြံစရာနည်းလမ်းမရှိပါက ယက္ခိုသ်များအတွက် နေ့ရက်တိုင်းက ရှည်ကြာလွန်းနေပေလိမ့်မည်။

သို့သော်လည်း သူတို့သည် အင်မော်တယ်ယာဥ်ပျံထဲကနေ ထွက်ခွာသည့်အချိန်မှာပင် တစ်စုံတစ်ဖြစ်ပွားလာမည်ကို ယက္ခိုသ်ယုက စိုးရိမ်ပူပန်နေ၏။

သိပ်မကြာခင် ယနေ့ဖြစ်ပျက်ခဲ့သောကိစ္စက အထက်ဘုံလောကတစ်ဝန်း ပျံ့နှံ့သွားပေလိမ့်မည်။

သူတို့၏ လမ်းကြောင်းက ပေါက်ကြားသွားပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့နောက်သို့ လိုက်လံဖမ်းဆီးလာသည်နှင့် ဘယ်သူက အဲဒါကို ခုခံပေးနိုင်မှာလဲ။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာခေါင်းခါပြလိုက်၏။

“ကောင်းကင်ဘုံကမ္ဘာက မင်းတို့ရဲ့နောက်ဆုံးခရီးပန်းတိုင် မဟုတ်သေးဘူး”

“မင်းတို့က ကောင်းကင်ဘုံကမ္ဘာက ထျန်ဟွမ်ဂိုဏ်းကိုရောက်ရပြီးရင် စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေထဲက လူတစ်ယောက်နဲ့ တွေ့ဆုံရမယ်... သူက ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက မိစ္တာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်ပဲ... သူကမင်းနဲ့မျိုးဆက်အတူတူပဲ မင်းသူ့ကို မှတ်မိမှာပေါ့”

“မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင်လား”

ယက္ခိုသ်ယုက ပြန်ပြောင်းစဥ်းစားသော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး တီးတိုးရေရွတ်လိုက်၏။

“ကျိယောင်ယန်လား”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်သည်။

“သူက လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုကို သိထားတယ်.... မင်းတို့တွေက အဲဒီနေရာမှာ အခြေချကောင်းချနိုင်လိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေမှာ နတ်ဆိုးမကျိနှင့် ပြန်လည်ဆုံစည်းခဲ့စဥ်က သူမသည် သူ့ကို ကိစ္စတစ်ခု ​ပြောပြခဲ့လေသည်။

သူမသည် လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုမှ ရှေးဟောင်းမဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့သည်။

ထိုမဟာဧကရာဇ်သည် စင်ကြယ်အပျိုစင်တမလွန်ကိုးဘုံပင်ဖြစ်သည်။

မဟာဧကရာဇ်တစ်ပါးက သူ၏ ဓမ္မတာအိုအမွေအနှစ်ကို ချန်ထားရစ်ခဲ့သည့်နေရာသည် သေချာပေါက် အလွန်တရာလျှို့ဝှက်ပြီး ရှာဖွေတွေ့ရှိဖို့ခက်ခဲလေသည်။

အဲဒါက တခြားသူများသာဆိုလျှင် သူတို့သည် အထဲသို့ဝင်ရောက်နိုင်ချင်မှ ဝင်ရောက်​နိုင်ပေမည်။

သို့သော်လည်း ယက္ခိုသ်ယုနှင့် အခြားသူများ၏ ဘိုးဘေးက စင်ကြယ်အပျိုစင်တမလွန်ကိုးဘုံဖြစ်သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သောနေရာသည် ယက္ခိုသ်ယုနှင့် အခြားသူများကို ငြင်းဆန်လိမ့်မည်မဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက ထင်မြင်ယူဆမိသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သောနေရာသည် ယက္ခိုသ်ယုနှင့် တခြားသူများအတွက် ထွက်ပြေးတိမ်းရှောင်ရာလမ်းကြောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဤလောကက ကြေမွတော့မည်ဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ပညာရှင်များကလည်း အချိန်မရွေးဆင်းသက်ရောက်ရှိလာနိုင်သည်။

တကယ်ဆို ပို၍ပင်ကြီးမားသော အန္တရာယ်များက ဆင်းသက်လာနေနိုင်သည်။ သူတို့က ထပ်မံ၍ကြန့်ကြာနေလို့ မရတော့ပေ။

“သွားကြတော့”

သိုင်းတာအိုပင်မခန္ဓာက အကုန်လုံးကို ရှင်းပြပြီးနောက် သူက ယက္ခဘုရင်အကြောက်တရားနှင့် ယက္ခိုသ်ယုတို့ကိုကြည့်ကာ သီးခြားခွဲထွက်သွားသည်။

ယက္ခိုသ်ယုကလည်း အင်မော်တယ်ယာဥ်ပျံထဲသို့ ဝင်ရောက်လိုက်၏။

ယက္ခဘုရင်အကြောက်တရားက အင်မော်တယ်ယာဥ်ပျံကို သိမ်းဆည်းပြီး သိုင်းတာအိုပင်မခန္ဓာကို ခေါင်းညိတ်ပြလိုက်သည်။ သူက လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲကာ ပျောက်ကွယ်သွားသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး ယက္ခဘုရင်အကြောက်တရားပျောက်ကွယ်သွားရာနေရာကို ခဏကြာကြည့်နေ၏။ သူက မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့တော့သည့်အခါမှသာ စိတ်သက်သာစွာသက်ပြင်းချလိုက်သည်။

ထိုသူက သာမန်ဘုရင်တစ်ပါးသာဆိုလျှင် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ချင်မှလွတ်မြောက်နိုင်မည်ကို သိုင်းတာအိုပက်မခန္ဓာက တကယ်ပင် စိုးရိမ်ရပေလိမ့်မည်။

သို့သော်လည်း လေဟာနယ်ယက္ခ၏ လေဟာနယ်အပေါ် ခံစားသိမြင်မှုက အခြားသောမျိုးနွယ်များထက် များစွာသာလွန်လေသည်။

လေဟာနယ်ယက္ခများသည် ရှည်လျားသောအကွာအဝေးတစ်ခု ခုန်ကူးခြင်းနှင့် အာကာသဥမင်များအကြား ဖြတ်သန်းသွားလာခြင်းမှာ အတော်ဆုံးဖြစ်သည်။ ဒါ့အပြင် သူတို့သည် ခိုးကြောင်ခိုးဝှက်သွားလာနိုင်ပြီး မည်သည့်အငွေ့အသက်ကိုမှ ကျန်ရစ်ခဲ့စေမည်မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခေါင်းကိုငုံ့ပြီး သုန်မှုန်နေသောအမူအရာဖြင့် သူ့လက်ဖဝါးပေါ်မှ အမှတ်အသားကို ကြည့်လိုက်၏။

သူ၏ အန္တရာယ်က ယခုအချိန်ထိ မပြေလည်သေးပေ။

ဒါ့အပြင် မီးတောက်စာလုံးအမှတ်အသားက စတင်၍ ပူပြင်းသည်ထက်ပူပြင်းလာနေသည်။

All Chapters