ယဇ်ပူဇော် လျှို့ဝှက်အတတ်
Vol. 189 Ch. 2824
ယက္ခိုသ်မျိုးနွယ်များကြားမှာ အုံးအုံးကျက်ကျက်အသံတစ်ခု ထွက်ပေါ်လာ၏။
သူတို့အများစုသည် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ် ယက္ခိုသ်များဖြစ်ကြသည်။ ပကတိစိတ်ဝိညာဉ်နှင့် ဘုရင်နယ်ပယ်မှာရှိသော ယက္ခိုသ်များက စင်ကြယ်အပျိုစင်ကျောက်သားရုပ်တုနှင့် အနီးဆုံးမှာရှိနေပြီး အတော်လေးတည်ငြိမ်နေကြ၏။
သူတို့သည်လည်း ဒေါသပြင်းစွာ ထွက်နေသော်လည်း သူတို့သည် သူတို့ကိုယ်သူတို့ ချုပ်တည်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားနေပြီး အသံတစ်ချက်မထွက်ရဲကြပေ။
လေထဲမှာရှိသော လူငယ်အမျိုးသားနှင့် သူ့နောက်ဘက်ရှိ ကောင်းကင်လိုဏ်ဂူနယ်ပယ် ပညာရှင် ဆယ်ဦးကျော်က လှုပ်ရှားယိမ်းယိုင်ခြင်းမရှိပေ။ သူတို့က လှောင်ရယ်လိုက်ပြီး သူတို့၏ ခြေဖဝါးအောက်မှ ယက္ခိုသ်များကို အထင်သေးစွာဖြင့် ကြည့်နေ၏။
“အဲဒါတော့ အရမ်းကိုလွန်သွားပြီ”
ယက္ခိုသ်အမျိုးသမီးတစ်ဦးက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ ရှေ့သို့ထွက်ပြီး လူငယ်အမျိုးသားနှင့် ရင်ဆိုင်ဖို့ပြင်လိုက်၏။
ထိုယက္ခိုသ်၏ ကျင့်ကြံမှုက မြင့်မားခြင်းမရှိဘဲ အဆင့်-၉ ကောင်းကင်အမြုတေနယ်ပယ်နှင့်သာ တူညီလေသည်။
သို့သော်လည်း ယက္ခိုသ်မျိုးနွယ်၏ ဘိုးဘေးကို အပြင်လူတစ်ယောက်က ထိပါးစော်ကားနေခြင်းကို သူမက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
သူမ၏ ဘေးမှာ ယက္ခိုသ်ပကတိစိတ်ဝိညာဉ်တစ်ဦးက ဒူးထောက်နေ၏။
သူမ၏ အပြုအမူကို အာရုံခံမိသွားပြီး ထိုယက္ခိုသ်က ထိတ်လန့်သွားကာ သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သူမကို ဖိချလိုက်၏။
“ဟေးစုံ... ရှင်ဘာလုပ်တာလဲ”
ယက္ခိုသ်အမျိုးသမီးက သူ့ကို စိမ်းစိမ်းဝါးဝါး လှည့်ကြည့်လိုက်၏။
“တိတ်တိတ်နေ”
ယက္ခိုသ်ဟေးစုံက စိုးရိမ်ပူပန်နေပြီး လေထဲမှာရှိသော ပုံရိပ်များကို တစ်ချက်ကြည့်ပြီးနောက် အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“အာယု... မဆင်မခြင်မလုပ်နဲ့… နင်က ရှေ့ကိုထွက်သွားရင်တောင်မှ အလကားပဲ… နင်က အလကားသက်သက် အသေခံရရုံပဲ ရှိလိမ့်မယ်”
အာယုဟုခေါ်သော ယက္ခိုသ်အမျိုးသမီးက သူမ၏ စိတ်ကို လျှော့မချနိုင်ဘဲ မုန်းတီးစွာဖြင့် ပြောလိုက်၏။
“အဲ့တိရစ္ဆာန်ကောင်က အရှင်မ စင်ကြယ်အပျိုစင်ကို ထိပါးစော်ကားနေတာ ငါတို့က ဒီတိုင်းပဲ ကြည့်နေရမှာလား”
ယက္ခိုသ်ဟေးစုံက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငါတို့ ဘာလုပ်နိုင်မှာလဲ… ငါတို့မျိုးနွယ်ရဲ့ ဘုရင်တွေတောင်မှ မဆင်မခြင်မပြုမူရဲတာကို နင်မတွေ့ဘူးလား”
“ဘာ... ဘာလို့လဲ”
အာယုက တွေဝေရှုပ်ထွေးနေပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ငါတို့မျိုးနွယ်မှာ ဘုရင်ရာချီရှိနေတာပဲ… ငါတို့က အတူပူးပေါင်းပြီး အသေအကြေတိုက်ခိုက်မယ်ဆိုရင် အဲဒီလူဆယ်ယောက်ကျော်ကို ဘာလို့မနိုင်ရမှာလဲ”
ယက္ခိုသ်ဟေးစုံက ပြောလိုက်၏။
“နင်က တက်လှမ်းလာတာ မကြာသေးတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အဲဒီလူတွေက ဘယ်လောက်ထိ စွမ်းအားကြီးမားလဲ နင်မသိဘူး… သူတို့ရဲ့ ခါးပေါ်မှာရှိတဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားတွေက သရုပ်သကန်တံဆိပ်ပြားတွေတင် မဟုတ်ဘူး… အဲဒါတွေက ထူးခြားတဲ့ လက်နက်တွေလည်းဖြစ်တယ်”
“သူတို့က အဲဒါကို အချိန်မရွေး ဆင့်ခေါ်ပြီး ဒီလောကကို ချိပ်ပိတ်ထားတဲ့ စွမ်းအားနဲ့ သူတို့ကို ကျာပွတ်တွေအဖြစ် စုဖွဲ့နိုင်တယ်… သူတို့က သူတို့ရဲ့အစွမ်းကုန်နဲ့ တိုက်ခိုက်လာမယ်ဆိုရင် ငါတို့မျိုးနွယ်က ဘုရင်တွေတောင်မှ အဲဒါကို လုံးဝခုခံနိုင်မှာမဟုတ်ဘူး”
“ငါတို့မှာ ဘုရင်တွေအများကြီးရှိပေမဲ့ သူတို့ရဲ့မျက်လုံးထဲမှာ ငါတို့တွေက စဉ်းတီတုံးပေါ်ရောက်နေပြီး အချိန်မရွေး ခုတ်ပိုင်းသတ်ဖြတ်ခံရနိုင်တဲ့ ငါးတွေလိုပဲ”
အာယုက နှုတ်ဆိတ်သွား၏။
ယက္ခိုသ်ဟေးစုံက ဆက်ပြောလိုက်သည်။
“နောက်ပြီး ငါတို့နိုင်မယ်ဆိုရင်ရော ဘာလုပ်လို့ရမှာလဲ… ဒီလောကက အကျဉ်းထောင်တစ်ခုပဲ… ငါတို့မျိုးနွယ်က မျိုးရိုးစဉ်ဆက် ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ငါတို့က အဲဒီလူတွေကို ဒေါသထွက်စေမိရင် ငါတို့ရဲ့ကလန်သားတွေအများကြီး ရောပါဒုက္ခရောက်ရလိမ့်မယ်”
အာယုက ညင်သာစွာ သက်ပြင်းချပြီး သူမ၏ မျက်လုံးထဲအတွင်း ပူဆွေးဝမ်းနည်းသော အကြည့်တစ်ခု ပေါ်ထွက်လာ၏။
ထိုစဉ်မှာပင် ရှေ့တည့်တည့် လူအုပ်ကြားထဲမှ ယက္ခိုသ်ဘုရင်တစ်ဦးက ရုတ်တရက် မတ်တတ်ထရပ်ပြီး လေထဲမှာရှိသော လူငယ်အမျိုးသားကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်၏။ သူ၏ နောက်ဘက်မှ အသားပြားတောင်ပံသုံးစုံကို ခတ်ပြီး သူက အော်ငေါက်လိုက်လေသည်။
“ငါတို့မျိုးနွယ်က မဟာဧကရာဇ်ကို ထိပါးစော်ကားလို့ မရဘူးကွ”
ရွှစ်…
ဖျတ်ခနဲဆို ယက္ခိုသ်ဘုရင်က အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လူငယ်အမျိုးသားရှိရာသို့ ပစ်ဝင်သွားလေသည်။
လူငယ်အမျိုးသား၏ အမူအရာက တည်ငြိမ်နေပြီး သူ့မျက်နှာပေါ်မှာ သရော်တော်တော် အပြုံးတစ်ခုရှိနေ၏။
သူသည် တိုက်ခိုက်ဖို့ သို့မဟုတ် ရှောင်တိမ်းဖို့ပင် စိတ်ကူးမရှိပေ။
သူ၏ နောက်ဘက်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်တစ်ပါးက သူ၏ ခါးမှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖြုတ်ယူပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ရှေ့သို့စေညွှန်လိုက်၏။
ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက ကောင်းကင်ထက်မှာ တောက်ပလာပြီး မိုးကြိုးလျှပ်စီးများကဲ့သို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားပေါ်မှာ စုစည်းကာ ရှည်လျားသော ကျာပွတ်တစ်လက်ကို ဖြစ်ပေါ်စေပြီး လေထဲမှာရှိသော အနက်ရောင်အရိပ်ကို ရိုက်ချလိုက်၏။
ဖြောင်း...
ယက္ခိုသ်ဘုရင်၏ ခန္ဓာကိုယ်က ပေါ်ထွက်လာပြီး သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။ သူ၏ ခန္ဓာကိုယ်သည် ကျာပွတ်ရိုက်ချက်ဖြင့် နှစ်ပိုင်းပြတ်ကျသွားခဲ့ပြီဖြစ်ပြီး သူ၏ လက်ဆတ်သော သွေးများက တသွင်သွင်စီးကျနေ၏။
ယက္ခိုသ်ဘုရင်က အလွန်တရာနာကျင်မှုဖြင့် တွန့်လိမ်နေ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ ဘုရင်များက လှောင်ရယ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်၏။ မှော်စာလုံးများဖြင့် ပြည့်နှက်နေသည့် နောက်ထပ် တဖျပ်ဖျပ်တလက်လက် ကျာပွတ်တစ်ခုက စုဖွဲ့လာပြီး ယက္ခိုသ်ဘုရင်ပေါ်ကို ဆင်းသက်သွားလေသည်။
ဖြောင်း...
ယက္ခိုသ်ဘုရင်၏ ခန္ဓာကိုယ်နှစ်ပိုင်းက ကြေမွသွားပြီး စွမ်းအားကြီးမားသော အလျှံညီးညီး မှော်စာလုံးများကြားမှာ နစ်မြုပ်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
စောစောက ဆူညံနေသော ယက္ခိုသ်များက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
မရေမတွက်နိုင်သော ယက္ခိုသ်များက ထိုသည်ကို မြင်တွေ့သွားသောအခါ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားကြ၏။
ကျာပွတ်ရိုက်ချက် နှစ်ချက်မျှနှင့် ယက္ခိုသ်ဘုရင်တစ်ဦးက ပြာကျသွားခဲ့သည်။
သူတို့က ဤကဲ့သို့သော စွမ်းအားကို ဘယ်လိုလုပ်ခုခံနိုင်မှာလဲ။
ယက္ခိုသ်ဘုရင်များသည် ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်းမရှိဘဲ အနည်းငယ်ထုံထိုင်းသည့်ပုံပေါ်နေ၏။
သူတို့သည် ဤကဲ့သို့သော မြင်ကွင်းပေါင်းများစွာကို တွေ့မြင်ခဲ့ဖူးလေပြီ။
သူတို့သည် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်မှာ ရှိခဲ့စဉ်က သူတို့သည် အဲဒါကို မြင်တွေ့ခဲ့ထားပြီးဖြစ်ပြီး သူတို့၏ ဦးနှောက်ထဲမှာ အကြောက်တရားက စွဲထင်နေလေသည်။
သူတို့၏ သွေးထဲမှာ မည်သည့် ခုခံလိုမှုမှ မရှိတော့ဘဲ သတ္တိကြောင်မှုနှင့် အကြောက်တရားကသာ အစားထိုးဝင်ရောက်လာ၏။
အချိန်တစ်ခုကြာပြီးတိုင်း ဤကဲ့သို့ ရဲရင့်၍ အကြောက်အလန့်ကင်းမဲ့သော ယက္ခိုသ်များက ပေါ်ထွက်လာတတ်ပြီး အသေအကြေတိုက်ခိုက်လိုကြလေသည်။ သို့သော်လည်း အဲဒါက ဘာများသုံးစားလို့ရခဲ့လို့လဲ။
အဲဒါသည် မီးပုံထဲသို့ ဝင်တိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့သာ ဖြစ်ခဲ့သည်။
“မကျေနပ်တာ တခြားဘယ်သူရှိသေးလဲ”
လူငယ်အမျိုးသားက သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး မျက်ခုံးပင့်ကာ ပြုံးလိုက်၏။ သူက စင်ကြယ်အပျိုစင်ကျောက်သားရုပ်တု၏ ရင်ဘတ်ကို တမင်သက်သက် လှမ်းဆွဲလိုက်လေသည်။
အစက ယက္ခိုသ်မျိုးနွယ်မှ အာယုသည် စိတ်ဓာတ်ကျသွားခဲ့ပြီဖြစ်၏။
သို့သော်လည်း ထိုသည်ကို မြင်တွေ့သောအခါ သူမ၏ သွေးများက ဆူပွက်လာပြီး ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။
“တိရစ္ဆာန်ကောင်... နင့်ရဲ့ လက်သည်းတွေကို သူ့ပေါ်ကနေ ဖယ်လိုက်”
“အာယု မလုပ်နဲ့”
ယက္ခိုသ်ဟေးစုံက သူမကို တားဆီးချင်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် လေထဲမှာရှိသော ပုံရိပ်များကို ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဘုရင်တစ်ပါးက လှောင်ရယ်လိုက်၏။ သူက အာယုကို သတ်ဖြတ်ရန် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ တံဆိပ်ပြားကို ထုတ်ယူတော့မည့်ဆဲဆဲမှာပင် လူငယ်အမျိုးသားက ရုတ်တရက် သူ့ကိုတားဆီးလိုက်၏။
လူငယ်အမျိုးသားက လူအုပ်ကြားထဲမှာ ထင်ရှားပေါ်လွင်စွာ မတ်တတ်ရပ်နေသည့် အာယုကို ကြည့်ပြီး ထပ်တလဲလဲ ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။
“မဆိုးဘူးပဲ… မဆိုးဘူး... မင်းမှာ ညှို့ငင်ဓာတ်တချို့ရှိနေတာပဲ”
လူငယ်အမျိုးသား၏ အကြည့်က တစ်ယောက်ယောက်ကို ဝါးမြိုတော့မည့်အလားပင်။
နောက်ဆုံးမှာတော့ အာယုသည် ကြောက်ရွံ့လာဆဲဖြစ်ပြီး နောက်သို့ ခြေလှမ်းဝက်အလိုလိုဆုတ်လိုက်၏။
လူငယ်အမျိုးသားက ရှေ့သို့လျှောက်လှမ်းလာပြီး အာယု၏ ရှေ့တည့်တည့်မှာ မတ်တတ်ရပ်လိုက်၏။ သူက သူမကို ငုံ့ကြည့်ပြီး ပြုံး၍ မေးလိုက်၏။
“မင်းနာမည် ဘယ်သူလဲ”
သူမထက် များစွာပိုမိုသန်မာသည့် မနှိုင်းယှဉ်နိုင်သာအောင် စွမ်းအားကြီးမားသော လူငယ်အမျိုးသားကိုကြည့်ရင်း အာယုသည် အလွန်တရာ စိုးရိမ်ထိတ်လန့်လာ၏။ သို့သော်လည်း သူမသည် အံကိုတင်းတင်းကြိတ်ထားဆဲဖြစ်ပြီး သူမ ရင်ထဲရှိ အကြောက်တရားကို အတတ်နိုင်ဆုံး ဖိနှိမ်ဖို့ကြိုးစားကာ အသံတစ်ချက်မှမထွက်ပေ။
“ကောင်းတယ်ကွာ... မင်းရဲ့ ဒေါသထွက်နေတဲ့ပုံက နောက်ဆုံးတော့ ငါ့ကို စိတ်ကျေနပ်စေတာပဲ”
လူငယ်အမျိုးသားက သူ၏ လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်၏။
“လာခဲ့လေ... ငါ့နားကို တိုးလာခဲ့”
အာယုက ခုခံဆန့်ကျင်ချင်သော်လည်း သူမ၏ ခန္ဓာကိုယ်ကို လုံးဝထိန်းချုပ်လို့ မရတော့ဘူးဆိုတာကို နားလည်သဘောပေါက်လိုက်၏။ မမြင်ရသော အင်အားတစ်ရပ်က ဆွဲယူသွားသည့်အလား သူမသည် လူငယ်အမျိုးသားထံသို့ ဖြည်းဖြည်းချင်း လွင့်မျောသွားသည်။
အာယု၏ ရင်ထဲမှာ စိတ်ပျက်အားငယ်မှုက ပြည့်နှက်လာပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုက ပေါ်ထွက်လာ၏။
သူမသည် သူမ၏ လက်ကောက်ဝတ်ကို လှီးဖြတ်ပြီး နီရဲနေသော သွေးများကို စီးကျလာစေ၏။ တစ်ချိန်တည်းမှာပင် သူမက သူမ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ရွတ်ဆိုလိုက်၏။
“လမ်းညွှန်မှုအဖြစ် ကျွန်မရဲ့သွေးနဲ့ ကြားခံအဖြစ် ဝိညာဉ်တစ်ခု… တမလွန်ကိုးဘုံကို ချိတ်ဆက်ပြီး ကျွန်မရဲ့ကိုယ်ကို ဗြဟ္မာတစ္ဆေမိခင်ထံ...”
“ခွေးမ”
လူငယ်အမျိုးသားက အာယု၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်တွေ့သောအခါ သူက သူ၏ အပြုံးကို ရုပ်သိမ်းပြီး ကျိန်ဆဲလိုက်၏။ သူက အာယု၏ လည်ပင်းကို ဖမ်းဆွဲပြီး ပစ်ထုတ်လိုက်လေသည်။
အာယုသည် စင်ကြယ်အပျိုစင်ကျောက်သားရုပ်တုနှင့် ပြင်းထန်စွာ ပစ်ဆောင့်မိပြီး ယဇ်ပူဇော်ပလ္လင်ပေါ်သို့ ဆင်းသက်သွားသည်။ သူမက သွေးများစွာကို ထွေးထုတ်နေရပြီး သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာ၏။
သို့သော်လည်း သူမက တတွတ်တွတ်ရွတ်ဆိုနေခြင်းကို မရပ်တန့်လိုက်ပေ။ သူမ၏ အသံက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော်လည်း သူမ၏ အကြည့်က တည်ကြည်ခိုင်မာနေ၏။
လက်ဆတ်သော သွေးများက ယဇ်ပလ္လင်ပေါ်သို့ စီးကျနေပြီး ယဇ်ပလ္လင်ပေါ်ရှိ မှော်စာလုံးများနှင့်အတူ တစ်စတစ်စ ဖြန့်ကြက်သွားသည်။
သွေးနှင့်ဝိညာဉ်က အဆက်မပြတ် စီးဆင်းနေစဉ် အာယု၏ အမူအရာက ပို၍ပင် အကျည်းတန်လာပြီး သူမ၏ အော်ရာက ပို၍အားနည်းလာခဲ့သည်။
ထိုအရာသည် ယက္ခိုသ်မျိုးနွယ်၏ ယဇ်ပူဇော်လျှို့ဝှက်အတတ်ဖြစ်သည်။
လမ်းညွှန်မှုအဖြစ် သူမ၏ လက်ဆတ်သောသွေးနှင့် ကြားခံအဖြစ် သူမ၏ ဝိညာဉ်ကို သုံးပြီး သူမသည် သူမ၏ အသက်ဓာတ်မကုန်မချင်း ဒဏ္ဍာရီလာ တမလွန်ကိုးဘုံမှ ဒဏ္ဍာရီလာ ယက္ခိုသ်တစ္ဆေများကို ဆင့်ခေါ်နေခြင်းဖြစ်သည်။
တကယ်တော့ ဤကဲ့သို့သော ယဇ်ပူဇော်လျှို့ဝှက်အတတ်တစ်ခုသည် အောင်မြင်ခြင်းမရှိဘဲ သူမ၏ အသက်က အလဟဿဖြစ်သွားဖို့ ဖြစ်နိုင်ခြေပိုများသည်။
ဒါ့အပြင် သူမက အောင်မြင်ပြီဆိုလျှင်တောင် သူမ ဆင့်ခေါ်လိုက်သည့် ယက္ခိုသ်တစ္ဆေ၏ ကျင့်ကြံမှုနယ်ပယ်က ယဇ်ပူဇော်ပသနေသည့် သူမကိုယ်တိုင်ထက် ပိုမိုမြင့်မားလိမ့်မည် မဟုတ်ပေ။
“ငါ့ရှေ့မှာ ဒီလို ယဇ်ပူဇော်လျှို့ဝှက်အတတ်တစ်ခုကို သုံးတာ ဘာများသုံးစားလို့ရမှာလဲ”
လူငယ်အမျိုးသားက အေးစက်စွာ ပြောလိုက်၏။
“တစ်ယောက်ယောက်က ဒီနေရာကို တကယ်ပဲ ဆင်းသက်လာနိုင်မယ်ဆိုရင် ငါ သူတို့ကို နင်နဲ့အတူ ငရဲကို ပို့ပေးမယ်။”