← Chapters

အခန်း (၇၇)

Vol. 7 Ch. 77

အခန်း (၇၇)

Vol. 7 Ch. 77

အပိုင်း ၇၇

အန်တီဝူသည် နောက်နေခြင်းမဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် ထပြီး မီးဖိုချောင်ထဲသို့ဝင်ကာ သမင်ချို၊ ဂျင်ဆင်းနှင့် သမင်သွေး စွပ်ပြုတ်ပန်းကန်များကို ယူဆောင်လာခဲ့သည်။ အကြီးဆုံးပန်းကန်ကို ဖေးကျီအန်း အတွက်ဖြစ်ပြီး အနည်းငယ်သေးသော ပန်းကန်များကတော့ ဖေးကျန့်၊ လုနန်နှင့် သူမတို့အတွက် ဖြစ်သည်။

အမှန်တကယ်တွင် သမင်သွေးသည် ကာမအားတိုးစေသော အာနိသင်အတွက်သာမကဘဲ အခြားအာနိသင်များစွာလည်း ရှိသေးသည်။ ထိုဆေးသည် သက်ကြီးရွယ်အိုများအတွက် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ အိပ်မပျော်ခြင်းနှင့် လေးဘက်နာရောဂါများကို ကုသပေးနိုင်သည်။ လူငယ်များအတွက်မူ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး သွေးအားဖြည့်ပေးကာ အလွန်ကောင်းမွန်သော အနွေးဓာတ်ပေးသည့် ဆေးဖက်ဝင်အစားအစာတစ်ခု ဖြစ်သည်။

သမင်ချိုသည် ကျောက်ကပ်အားနည်းခြင်းအတွက် ထိရောက်မှုရှိပြီး အမျိုးသမီးများ၏ သားအိမ်အေးခြင်းနှင့် ကလေးမရနိုင်ခြင်းတို့ကို သက်သာစေသည်။ ထို့အပြင် ‘ချီ’နှင့် သွေးကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို သန်မာစေသည်။ ဂျင်ဆင်းနှင့် ပေါင်းစပ်၍ စွပ်ပြုတ်လုပ်သောအခါ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေကာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။

အန်တီဝူ၏ စွပ်ပြုတ်သည် ထူးခြားကောင်းမွန်စွာ ချက်ထားခြင်းဖြစ်၏။ သမင်ချိုနှင့် သမင်သွေးတို့တွင် ပြင်းထန်သော ညှီနံ့ရှိနိုင်သော်လည်း အန်တီဝူသည် ပါဝင်ပစ္စည်းများ၏ အရသာကို ပေါ်လွင်စေရန် အနံ့ဆိုးများကို အနည်းဆုံးဖြစ်အောင် စီမံထားနိုင်ခဲ့သည်။

ဖေးကျန့်သည် သူ့ပန်းကန်ကို ကောက်ကိုင်လိုက်ရင်း မျက်နှာရှုံ့မဲ့ကာ အလိုမကျစွာဖြင့် တစ်ဇွန်းသောက်လိုက်သည်။ ထိုသို့ သောက်ပြီးနောက် သူ့မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူသည် နောက်တစ်ဇွန်း... ထို့နောက် နောက်တစ်ဇွန်း ထပ်သောက်လိုက်ပြီး နောက်ဆုံးတွင် တစ်ပန်းကန်လုံး ကုန်သွားခဲ့သည်။

သူက လက်မထောင်ပြလိုက်ရင်း ပြောလိုက်သည်။။“အဘွားဝူ၊ ဒါ တကယ်စားလို့ကောင်းတာပဲ”

လူသားတို့၏ ပင်ကိုသဘာဝမှာ ကောင်းမွန်သောအစားအစာကို အမြဲတမ်း နှစ်သက်ကြသည်ပင်။

အန်တီဝူသည် မေးမော့လိုက်ရင်း ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒါပေါ့”

ကုရှောင်ဟွိုက်သည် နှုတ်ခမ်းသပ်ပြီး ပြောလိုက်သည်။ “ရှောင်ဟွိုက် စားမယ်”

ဖေးကျန့် ရယ်မောပြီး ပြောလိုက်သည်။ “လိမ္မာတယ်၊ မင်းနည်းနည်းကြီးလာရင် စားလို့ရပြီ”

ကုရှောင်ဟွိုက်သည် နားလည်သော်လည်း ခေါင်းမာစွာခါယမ်းကာ ပြောလိုက်သည်။ “စားချင်တယ်!”

ထိုအဖြစ်ကိုမြင်သော လုနန်သည် ကုရှောင်ဟွိုက် အာရုံလွဲနေချိန်ကို အခွင့်ကောင်းယူကာ သူ့ဇွန်းလေးကို ကောက်ကိုင်လိုက်ပြီး လက်ဖက်ရည် အနည်းငယ်ထည့်ကာ သူမ ပန်းကန်ထဲမှ စွပ်ပြုတ်ကို ခပ်သကဲ့သို့ ဟန်ဆောင်၍ ရှောင်ဟွိုက်ကို ခွံ့ကျွေးကာ ပြောလိုက်သည်။

“ပါးစပ်ဖွင့်... အာ...။ အစ်ကိုက ရှောင်ဟွိုက်ကို မကျွေးဘူး၊ ဒါပေမဲ့ မားမားက သားကို တစ်ဇွန်းလောက်တော့ မြည်းစမ်းခွင့်ပေးမယ်။ ဒါသောက်ပြီးရင်တော့ ထပ်မတောင်းရတော့ဘူးနော်”

ရှောင်ဟွိုက်သည် နာခံစွာ ခေါင်းညိတ်လိုက်ပြီး ထိုလက်ဖက်ရည်တစ်ဇွန်းကို သောက်လိုက်သည်။

“ဟုတ်ကဲ့”

…ကလေးတစ်ယောက်တောင် လှည့်စားခံလိုက်ရသည်။ ဖေးကျန့် အံ့ဩသွားမိသည်။ ဒီလို လုပ်လို့ရလား။

ခဏလေး၊ ခင်ဗျားက ဘာလို့ကျွန်တော့်ကို ခြေထောက်နဲ့ လာနင်းနေတာလဲ။ အစ်ကိုက မတိုက်ဘူး၊ မာမားက တိုက်မယ်ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။

ဖေးကျန့်သည် စိတ်တိုသွားပြီး သူ့ပန်းကန်ထဲမှ လက်ကျန်ကို တစ်ကျိုက်တည်းဘမော့ချလိုက်သည်။ သူသည် ဝိုင်ပုလင်းကို တိတ်တဆိတ်လှမ်းယူလိုက်သော်လည်း ထိလိုက်သည်နှင့် ချက်ချင်း အနှောင့်အယှက် ပေးခံလိုက်ရသည်။

“အဲ့ဒါကို ပြန်ချထားလိုက်”

ဖေးကျန့် သည် သူ့လက်ကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။

လုနန်သည် သူ့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး ဖေးကျန့် ကဲ့သို့ပင် ဝိုင်ပုလင်းဆီသို့ သတိထားကာ လက်လှမ်းလိုက်သည်။ တဖြည်းဖြည်းနှင့် ပိုနီးကပ်သွားကာ ပုလင်းကိုကိုင်ပြီး ဖန်ခွက်ထဲသို့ ငှဲ့ကာ တစ်ငုံသောက်လိုက်သည်။

မည်သူမျှ သူမကို မတားဆီးခဲ့ပေ။

ဖေးကျန့် - “…” ဟား၊ ကလေးဆန်လိုက်တာ!

ညစာစားပြီးနောက် လုနန်သည် မီးဖိုချောင်မှ အိမ်လုပ်ချယ်ရီကိတ်မုန့်အချို့ကို ယူလာပြီး လူတိုင်းကို ဝေပေးလိုက်သည်။ ကုရှောင်ဟွိုက်ကတော့ အပိုင်းငယ်လေးတစ်ခုသာ ရရှိခဲ့သည်။

ခရင်မ်များဖြင့် ဖုံးအုပ်ထားသော ကိတ်မုန့်ပေါ်တွင် သကြားစိမ်ထားသည့် အနေတော်မှည့်သော ချယ်ရီသီးတစ်လုံး တင်ထားသည်။ ချယ်ရီသီးများကို နွေရာသီတွင် ရေခဲသေတ္တာထဲ၌ အေးခဲထားခဲ့ခြင်းဖြစ်ပြီး ခူးဆွတ်စကဲ့သို့ လတ်ဆတ်ခြင်းမရှိသော်လည်း အဓိကအားဖြင့် အလှဆင်ရန်ဖြစ်သောကြောင့် မရှိတာထက်စာလျှင် တော်သေးသည်ဟု ဆိုရမည်။

လုနန်သည် သူမ၏ ကိတ်မုန့်ပေါ်မှ ချယ်ရီသီးကို ယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူမ၏ သွယ်လျဖြူဖွေးသော လက်ချောင်းများဖြင့် သကြားစိမ်ချယ်ရီသီးကို ကိုင်ထညးကာ နီရဲစိုစွတ်နေသော နှုတ်ခမ်းများဆီသို့ ယူဆောင်သွားသည့် မြင်ကွင်းသည် စွဲမက်ဖွယ်ကောင်းလှသည်။

သကြားစိမ်ချယ်ရီသီးသည် အလွန်ချိုလွန်းသောကြောင့် လုနန် မျက်မှောင်ကြုတ်သွားမိသည်။ သူမသည် ကျန်တစ်ဝက်ကို ချထားလိုက်သော်လည်း အစားအသောက်ကို မဖြုန်းတီးချင်သောကြောင့် ပြန်စဉ်းစားကာ အလွန်အမင်း ချိုမြိန်နေသည့်တိုင် ချယ်ရီသီးတစ်ခြမ်းလုံးကို အကုန်စားလိုက်သည်။

သူမ မော့ကြည့်လိုက်သောအခါ လူတိုင်းက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။ သူမ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲဟင်”

အန်တီဝူသည် ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်မောလိုက်ပြီး ပြောသည်။

“ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူးကွယ်။ မီးဖိုချောင်ထဲမှာ ချယ်ရီသီးတွေ အများကြီးရှိသေးတယ်၊ နန်နန်လေး စားချင်သလောက် စားလို့ရတယ်”

လုနန်သည် ပို၍လတ်ဆတ်သော ချယ်ရီသီးများကို ပိုနှစ်သက်သည်။ “ရှောင်ကျန့်နဲ့ ရှောင်ဟွိုက်တို့ကိုပဲ သွားရည်စာအဖြစ် စားခိုင်းလိုက်ပါ၊ ကျွန်မအတွက်တော့ အရမ်းချိုလွန်းတယ်”

ထိုညက စိတ်ဆန္ဒတို့သည် မလွှဲမရှောင်သာ ပြင်းထန်ခဲ့သည်။ ဖေးကျီအန်းသည် ဘာဖြစ်သွားသည်မသိ၊ သူသည် သူမ၏ နှုတ်ခမ်းများကို အဆက်မပြတ်ကိုက်နေပြီး လက်ချောင်းတစ်ချောင်းချင်းစီကို နမ်းရှိုက်နေခဲ့သည်။ နမ်းရှိုက်ပြီးနောက် သူသည် ပြုစားခံနေရသည့်အလား ပို၍ပင် ပြင်းပြလာခဲ့သည်။

လုနန် မခံနိုင်တော့ဘဲ သူမ၏ မြူနှင်းများဖုံးလွှမ်းနေသော မျက်လုံးများကို ဖွင့်ကာ တိုးညင်းစွာ ညည်းညူလိုက်သည်။ “အွန်း... ရှင်ဘာလုပ်နေတာလဲ...”

ဖေးကျီအန်းနှင့် လုနန်တို့သည် စကားတစ်ခွန်းမျှမဆိုဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူ့အကြည့်များသည် နက်ရှိုင်းသွားပြီး သူမ စကားမဆုံးမီမှာပင် သူသည် သူမနှုတ်ခမ်းကို ထပ်ဖိကပ်ကာ တားမြစ်ထားသောအရာတစ်ခုကို အရသာခံနေသကဲ့သို့ သူမ၏ပါးစပ်ကို စုပ်ယူမျိုချလိုက်သည်။ သူ့လက်ချောင်းများသည် သူမလက်ချောင်းများကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ခဏအကြာတွင် သူသည် သူမကို မတင်လိုက်ရာ နက်ရှိုင်းသော အနေအထားကြောင့် သူမ စကားပြောရန် အခွင့်မသာတော့ပေ။

နောက်ဆုံးတွင် သူတို့၏ပြင်းထန်မှုများ ငြိမ်သက်သွားသည့်တိုင် ဖေးကျီအန်းသည် သူမကို လွှတ်မပေးသေးပေ။ သူသည် သူမကို ပွေ့ဖက်ထားပြီး ယခင်ကဲ့သို့ ပြင်းထန်ခြင်းမရှိသော်လည်း ခုခံရန်ခက်ခဲသော နောက်ဆက်တွဲ အရှိန်အဟုန်များဖြင့် ဖြည်းညင်းစွာ လှုပ်ရှားနေခဲ့သည်။

လုနန်သည် ဤအတိုင်းသာ ဆက်သွားနေပါက အတွင်း၌ ဘာမှမကျန်တော့သည့်တိုင် ကိုယ်ဝန်ရသွားနိုင်သည်ကို စိုးရိမ်မိသည်။

“ကျွန်မတို့ ကွန်ဒုံးဝယ်ထားရအောင်”

လုနန် မောဟိုက်စွာဖြင့် ပြောလိုက်သည်။

ဖေးကျီအန်းသည် လေပူတစ်ချက်ကို မှုတ်ထုတ်

ပြီး ပြန်ဖြေလိုက်သည်။ “ကောင်းပြီ”

လုနန် သက်ပြင်းချနိုင်သွားပြီး သူမကို အိပ်ချင်မူးတူးဖြစ်စေသော သက်သောင့်သက်သာရှိသည့် စည်းချက်တစ်ခုကို တွေ့ရှိသွားသည်။ ရုတ်တရက် ဖေးကျီအန်းက မေးလိုက်သည်။

“မင်း ဘာလို့ ကလေးမလိုချင်တာလဲ”

လုနန် လန့်သွားသည်။ သူမသည် သူ့ဘက်သို့လှည့်ကြည့်လိုက်ပြီး သူက ဤမျှ တိုက်ရိုက်မေးလိမ့်မည်ဟု မထင်ထားသောကြောင့် အံ့ဩသွားမိသည်။

လုနန် သိထားသည့် ဖေးကျီအန်းက သူမ၏အမြင်များကို အမြဲလေးစားပြီး အကြောင်းရင်းကို မေးခဲသည်။ တစ်ခါတစ်ရံ အဖြေများကို သူကိုယ်တိုင်ခန့်မှန်းတတ်ပြီး အခြားအချိန်များတွင်မူ သူမကို စောင့်ကြည့်ကာ သူ၏ ကိုယ်ပိုင်ကောက်ချက်များကိုသာ ဆွဲတတ်သူဖြစ်သည်။

လုနန်သည် ဖေးကျီအန်း ကို ဖြစ်ကတတ်ဆန်းအဖြေတစ်ခု မပေးချင်ခဲ့ပေ။ သူမသည် လှည့်ထွက်ရန် ကြိုးစားလိုက်စဉ် သူက သူမရည်ရွယ်ချက်ကို သတိပြုမိသွားပြီး သူမကို သူ့ဘက်သို့ မျက်နှာမူလျက် ဖက်ထားလိုက်ရာ ထိုလှုပ်ရှားမှုသည် သူတို့ မမျှော်လင့်ထားသော နည်းလမ်းများဖြင့် ဆက်သွယ်မိသွားစေသည်။

လုနန်သည် ရုတ်တရက် တုန်လှုပ်သွားပြီး အသက်ရှူမှားကာ အသံထွက်ညည်းလိုက်မိသည်။

“အာ...”

ဖေးကျီအန်းသည် အမှန်တကယ်ပင် သူ့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုံ့ပြန်နေပြီး လုနန်သည် ရုတ်တရက် ကျုံ့သွားသော်လည်း သူသည် သူ၏ ပုံမှန်စည်းချက်ကို မပျက်စေဘဲ အလျင်လိုခြင်း၊ နှေးကွေးခြင်းမရှိဘဲ ဆက်ထိန်းသိမ်းထားသည်။

လုနန်သည် ဒူးထောက်လဲကျမတတ်ပင် ဖြစ်သွားသည်။ ဒါက တမင်လုပ်တာလား၊ ဒါမှမဟုတ် တကယ်ကို တမင်သက်သက်လုပ်တာလား။

သူသည် လုနန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူမခြေထောက်များကို သူ့ခါးပေါ်သို့ မတင်လိုက်သည်။

“ဟင်?”

လုနန် တိုးညင်းစွာ ပြောလိုက်သည်။ “ကလေးမွေးရတာ အရမ်းနာတယ်လို့ ကြားဖူးတယ်။ ကျွန်မ နာမှာကြောက်တယ်၊ ပြီးတော့ အရေပြားပေါ်မှာ အကျည်းတန်တဲ့ အကြောပြတ်ရာတွေလည်း ကျန်ခဲ့နိုင်တယ်။ ဒါ့အပြင် ရှောင်ဟွိုက်ကလည်း ငယ်သေးတယ်”

တစ်ခါတစ်ရံ သူမသည် တစ်စုံတစ်ယောက်ကို အလွန်ချစ်မြတ်နိုးမှသာ ထိုသူနှင့်တူသော ကလေးတစ်ယောက်ကို လိုချင်မိလိမ့်မည်ဟု တွေးမိသည်။ သို့သော် လုနန်သည် တစ်စုံတစ်ယောက်ကို ချစ်သည့်တိုင် သူမ၏ နှလုံးသားကို ငါးဆယ်ရာခိုင်နှုန်းသာ မြှုပ်နှံနိုင်မည်ဖြစ်သည်။ သူမ၏ အရာအားလုံးကို ပေးအပ်ရန်မှာ မဖြစ်နိုင်ပေ။

ဤသည်မှာ ခေတ်သစ်လူသားများကြားတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်နိုင်ပြီး ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်သည်။ အင်တာနက်သည် အလွန်တိုးတက်နေသောကြောင့် လူသားတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် အချစ်၏ အနှစ်သာရကို ဖော်ထုတ်ပြထားသော ဖြစ်ရပ်ပေါင်းများစွာကို မြင်တွေ့နေရသည်။ သူတို့သည် မိုက်မဲစွာဖြင့် ကိုယ့်ကိုယ်ကို ပေးဆပ်ပြီး ကိုယ့်ဘာသာ ကျေနပ်နေခြင်းမျိုး မရှိတော့ဘဲ ကိုယ့်ကိုယ်ကို ပိုမိုချစ်တတ်ရန် သင်ယူလာကြသည်။

ဤသည်မှာ အမှားအယွင်းမရှိပေ။ ပထမဆုံး ကိုယ့်ကိုယ်ကို ချစ်တတ်ရန် သင်ယူရမည်။

တုံ့ပြန်မှုကို မျှော်လင့်၍ ဘယ်တော့မှ မပေးဆပ်သင့်ပေ။ မိဘများ၊ သားသမီးများ သို့မဟုတ် ချစ်သူများဖြစ်စေ၊ အနီးစပ်ဆုံးလူများပင်လျှင် ကိုယ်က အတ္တမပါဘဲ ပေးဆပ်ပါက ဘေးဒုက္ခကို ဆောင်ကြဉ်းလာနိုင်သည်။

ကိုယ်က ပေးဆပ်လေလေ၊ ကိုယ်တိုင်က နစ်နာသည်ဟု ခံစားရပြီး တုံ့ပြန်မှုကို ပိုမိုတောင့်တလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ကိုယ်သည်သာ ပို၍ရင်းနှီးမြှုပ်နှံမိကာ ကိုယ်တိုင် တွယ်ငြိမိပြီး အလွန်အမင်း နာကျင်ခံစားရလိမ့်မည်။

ချမ်းသာသောသူများသည် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုမှ ကင်းလွတ်သည်ဟုလည်း မထင်လိုက်နှင့်။ နှလုံးသားရေးရာကိစ္စများတွင် လူတိုင်းသည် တန်းတူဖြစ်သည်။ ကြည်လင်ပြတ်သားပြီး ယုတ္တိရှိစွာ တွေးခေါ်တတ်သော ချမ်းသာသည့် လူတစ်ယောက်အနေဖြင့် လုနန်သည် ယောက်ျားတစ်ယောက်ကို သူမအား လှည့်စားရန် သို့မဟုတ် နာကျင်စေရန် အခွင့်အရေး တစ်ခါမျှ မပေးခဲ့ဖူးပေ။

သူမ စကားပြောပြီးနောက် ဖေးကျီအန်း တိတ်ဆိတ်သွားသည်။ သူသည် လုနန်၏ ပါးစပ်ကို သူ့လက်ဖြင့် အုပ်ကာ ခေတ္တမျှ စဉ်းစားပြီးနောက်ပြောလာ၏။

“မင်းကို ကိုယ် ဘယ်လိုလုပ်ရမလဲ”

လုနန် နားမလည်နိုင်ဖြစ်သွားသည်။ သူက သူမကို ကလေးကလားနိုင်တယ်လို့ ထင်နေတာလား။

သူမ ဖေးကျီအန်းနှင့် ငြင်းခုံရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ဘဲ သူက သူမကို ကုတင်ခေါင်းရင်းသို့ တွန်းကပ်လိုက်ပြီး သူမလက်များကို ခေါင်းအထက်တွင် ချုပ်နှောင်ကာ မနက်ဖြန် မရှိတော့သည့်အလား ပြုမူတော့သည်။

နောက်တစ်နေ့ လုနန် နိုးလာသောအခါ နေရောင်သည် ထိန်လင်းနေပြီး ဖေးကျီအန်းသည် သူမအနားမှ ထွက်သွားနှင့်ပြီဖြစ်သည်။

ဒီလူ ဘာဖြစ်နေတာလဲ!

မမလေးလုသည် ကြိုးသိုင်းညဝတ်အင်္ကျီကို ဝတ်ဆင်ကာ မကျေမနပ်ဖြင့် သူမခါးကို ပွတ်သပ်လိုက်သည်။ သူမ၏ ပေါင်များက နာကျင်နေပြီး ကုတင်ပေါ်မှ ဆင်းကာ မှန်ရှေ့သို့ လျှောက်သွားရန် အားယူနေရသည်။

မှန်ထဲမှ အမျိုးသမီးသည် ဆံပင်များ ဖွာလန်ကြဲနေပြီး ဆွဲဆောင်မှုရှိသော အမူအရာနှင့်အတူ စပ်သောအစားအစာများ စားထားသကဲ့သို့ နှုတ်ခမ်းများက ဖူးယောင်နေသည်။ သူမ လည်ပင်းနှင့် ညှပ်ရိုးတို့တွင် အနမ်းရာများရှိနေပြီး ညှပ်ရိုးအောက်ရှိ အမှတ်အသားများက ပို၍များပြားလာသည်။

ဤအရာများအားလုံးသည် ညက ကျန်ခဲ့သော အကြွင်းအကျန်များဖြစ်သည်။

ဖေးကျီအန်သည် အတိုင်းအတာတစ်ခုအထိ သိတတ်သူဖြစ်သည်။ သူမသည် ပူပြင်းသောနွေရာသီ၌ ပေါ့ပါးစွာ ဝတ်စားဆင်ယင်လေ့ရှိသည်။ သူမသည် ကျောင်းတက်နေဆဲဖြစ်ကြောင်း သူသိသည်။ သူသည် သူမအပေါ်တွင် နမ်းရာများကို ချန်ထားခဲပြီး အကယ်၍ ချန်ထားခဲ့လျှင်ပင် အလွယ်တကူ မမြင်နိုင်သောနေရာများတွင်သာ ဖြစ်လေ့ရှိသည်။

သို့သော် ညကမူ ထူးခြားခဲ့သည်။ သူမ သူ့ကို ဒေါသထွက်စေမည့် စကားတစ်စုံတစ်ရာ ပြောလိုက်မိတာလား။

လုနန်သည် ပြတင်းပေါက်အနီးရှိ ကြိမ်ကုလားထိုင်တစ်လုံးတွင် ထိုင်ကာ ပြန်စဉ်းစားကြည့်မိသည်။ သူမသည် ဖေးကျီအန်းကို ကွန်ဒုံးဝယ်ရန် ပြောခဲ့ပြီး သူကလည်း ပုံမှန်အမူအရာဖြင့် သဘောတူခဲ့သည်။

ထို့နောက် သူက သူမကို ဘာကြောင့် ကလေးမလိုချင်တာလဲဟု မေးခဲ့သည်။

သူမ၏အဖြေမှာ ကလေးမွေးရတာ နာကျင်သည်ဟု ကြားဖူးကြောင်း၊ နာကျင်မှာကြောက်ကြောင်း၊ ပြီးတော့ အကျည်းတန်သော အကြောပြတ်ရာများလည်း ရရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် ရှောင်ဟွိုက်ကလည်း ငယ်သေးကြောင်း ဖြေခဲ့သည်။

'ခဏ' လုနန် ရုတ်တရက် ထရပ်လိုက်မိသည်။ “သူမ” သည် ကလေးမွေးပြီးသား မဟုတ်လား။ သူမက ဘာကြောင့် “ကြားဖူးတယ်” ဟု ပြောလိုက်မိသနည်း။

ဖေးကျီအန်းက သူမမှာ ပြဿနာတစ်ခုခုရှိနေသည်ကို သိသွားပြီလား။ သူ သူမကို သံသယဝင်နေပြီလား။

မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး။ ဖေးကျီအန်းသည် လုံးဝယုတ္တိတန်ပြီး ထူးကဲစွာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်သည်။

သူမတွင် ယုံကြည်ရလောက်သော အကြောင်းပြချက်ရှိသည်။ အကယ်၍ ဖေးကျီအန်းက သူမသည် “လုနန်” မဟုတ်ဟု သံသယဝင်ခဲ့ပါက သူ ပထမဆုံးလုပ်မည့်အရာမှာ တည်ငြိမ်ဟန်ဆောင်ခြင်းပင်ဖြစ်ပြီး သူမ ပါးစပ်ကိုအုပ်ကာ “မင်းကို ကိုယ် ဘယ်လိုလုပ်ရမလဲ” ဟူသော မထင်မရှားစကားကို ပြောဆိုပြီးနောက် အပြစ်ပေးသည့်ပုံစံဖြင့် သူမနှင့် အတူနေတာမျိုး လုပ်မည်မဟုတ်ပေ။

အကယ်၍ ဖေးကျီအန်းက သူမကို ချစ်မိသွားပြီဆိုလျှင်လည်း လုနန်အတွက် ပို၍ပင်ယုံရခက်နေသည်။ အကြောင်းပြချက်မှာ အတူတူပင်ဖြစ်သည်၊ ဖေးကျီအန်းသည် လုံးဝယုတ္တိတန်သော လူတစ်ယောက်ဖြစ်သည်။ သူသည် နိုင်ငံတော်ကို ဦးစားပေးသည်ဟုပင် ပြောထားဖူးရာ သူမသည် သူလျှိုဟုတ်မဟုတ် မသေချာဘဲ သူမကို ချစ်မိသွားရန်မှာ မဖြစ်နိုင်ပေ။

လုနန်သည် ဖေးကျီအန်းကို နားမလည်နိုင်ခဲ့ပေ။ သို့သော် သူက သူမကို သံသယဝင်သည့်တိုင် သူမသည် ထိတ်လန့်မည် မဟုတ်ပေ။ အကြောင်းမှာ သူမသည် အစစ်အမှန် လုနန် ဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် မေးမြန်းခြင်းတို့ကို ကြောက်ရွံ့စရာအကြောင်းမရှိသောကြောင့် ဖြစ်သည်။

သူမသည် နောင်တွင် ပို၍သတိထားပြီး သဲလွန်စများ မကျန်အောင် ရှောင်ရှားရန်သာ လိုအပ်သည်။

သူမ၏ အတွေးများကို အဆုံးသတ်ပြီးနောက် လုနန် လိုက်ကာကို ဆွဲလိုက်ရာ ဖြူဖွေးတောက်ပသော မြင်ကွင်းတစ်ခုက သူမကို ကြိုဆိုနေသည်။ နေ့အလင်းရောင်က ပုံမှန်ထက် ပို၍လင်းနေသည်မှာ အံ့ဩစရာမရှိပေ။ အပြင်ဘက်တွင် နှင်းကျနေသည်!

ခြံဝင်းထဲတွင် နှင်းများထူထပ်စွာ ကျနေပြီး အရာအားလုံးက တိတ်ဆိတ်နေကာ ရံဖန်ရံခါ သစ်ကိုင်းများပေါ်မှ နှင်းထုများ ပြုတ်ကျသံကိုသာ ကြားနေရသည်။

လုနန် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ ယခုနှစ်၏ ပထမဆုံး နှင်းကျခြင်းသာမကဘဲ နှင်းလူသားပြုလုပ်ရန် အကောင်းဆုံးဖြစ်သော အကြီးမားဆုံး နှင်းမုန်တိုင်းလည်း ဖြစ်သည်။

သူမသည် အလျင်အမြန် အဝတ်အစားလဲပြီး အောက်ထပ်သို့ ပြေးဆင်းသွားချိန် အန်တီဝူသည် သူမ ခေါင်းပေါ်မှ နှင်းပွင့်များကို ခါချရင်း အိမ်ထဲသို့ ဝင်လာခါစဖြစ်သည်။

“နှင်းတွေ တော်တော်ကျတာပဲ! နောက်နှစ် သီးနှံတွေ အထွက်ကောင်းတော့မှာပဲ”

လုနန်သည် အန်တီဝူ၏ ဘေးမှ လေပြင်းတစ်ချက်ကဲ့သို့ ဖြတ်ပြေးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားသည်။

“သမီး အပြင်ထွက်ပြီး နှင်းလူသားသွားလုပ်တော့မယ်!”

“ဟေး၊ အပြင်မှာ အေးတယ်နော်။ အနွေးထည်ဝတ်သွား၊ အအေးမမိစေနဲ့!”

“သိပါတယ်! သမီး လုံလောက်အောင် နွေးနွေးထွေးထွေး ဝတ်ထားပါတယ်!”

အန်တီဝူ ခေါင်းခါလိုက်သည်။ “ဒီကလေးက အမေဖြစ်နေပြီ၊ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကောင်မလေးတစ်ယောက်လိုပဲ စကားပြောနေတုန်းပဲ”

နှင်းများက ထူထပ်စွာ ဆက်ကျနေပြီး အစောပိုင်းက ရှင်းလင်းထားသော လမ်းပေါ်တွင် အလွှာသစ်တစ်ခု ထပ်မံဖုံးလွှမ်းသွားသည်။

လုနန်သည် နှင်းထဲတွင် ပတ်ချာလည်လိုက်ပြီး ဥယျာဉ်ငယ်လေးထဲသို့ ပြေးဝင်သွားသည်။ သူမသည် နှင်းဘောလုံးတစ်လုံးကို လုံးလိုက်ပြီး မြေပြင်ပေါ်တွင် လှိမ့်ကာ ကြီးမားသော နှင်းဘောလုံးဖြစ်လာသည်အထိ လှိမ့်လိုက်သည်။ ထို့နောက် သူမသည် သေးငယ်သော နှင်းဘောလုံးတစ်လုံးကို လုံးပြီး ခေါင်းအဖြစ် အပေါ်တွင် တင်လိုက်သည်။

နောက်ဆုံးတွင် နှင်းလူသား ပြီးစီးသွားလေပြီ!

နှင်းလူသားကို တည်ငြိမ်စေရန် လုနန်သည် ဂေါ်ပြားတစ်ချောင်းသုံးကာ နှင်းများကို ပတ်ပတ်လည်တွင် ပုံလိုက်သည်။ ပြီးစီးသွားသောအခါ သူမသည် မြေကြီးပေါ်တွင် ထိုင်ချကာ မောဟိုက်စွာ အသက်ရှူနေသည်။ သူမ၏ နာကျင်နေပြီးဖြစ်သော ခန္ဓာကိုယ်သည် ယခုအခါ ပို၍ပင် ကိုက်ခဲနေတော့သည်။

All Chapters