← Chapters

ခွန်းလွန်တောင်၏ အတွင်းပိုင်းဒေသသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 170

ခွန်းလွန်တောင်၏ အတွင်းပိုင်းဒေသသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 170

သူတို့၏ ပစ္စည်းကိရိယာများကို စီစဉ်ပြီးနောက်၌ ကူယွဲ့ နှင့် ဝမ်ပန်း တို့သည် ရဲရှင်းဟွေ့နှင့် အခြားသူများကို ခွန်းလွန်တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ကူယွဲ့ ခွန်းလွန်တောင်သို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်၏။ ထိုအချိန်က ထိုသို့သော ဝေးလံခေါင်သီသည့်နေရာတွင် သေနတ်များရရှိရန် လွယ်ကူသော်လည်း ယခုအခါ၌ အခြေအနေများမှာ မတူညီတော့ချေ။ သေနတ်များရရှိရန် ဖြစ်နိုင်သေးသော်ငြားလည်း ၎င်းမှာ နောက်ခံကောင်းကောင်း သို့မဟုတ် အဆက်အသွယ်များ လိုအပ်လေသည်။

မူလက ကူယွဲ့ မှာ ခွန်းလွန်တောင်သို့သွားရောက်ရန် ယုံကြည်မှုများစွာမရှိခဲ့ပေ၊ အကြောင်းမှာ ထိုတောင်မှာ အလွန်အန္တရာယ်များသောကြောင့်ပင်။ သူခွန်းလွန်တောင်၏ အတွင်းနက်ပိုင်းသို့ မဝင်ရောက်သည့်တိုင်အောင် အမျိုးမျိုးသော ကြမ်းတမ်းခက်ထန်သည့် သားရဲများ ရှိနေသေးသည်။

သေနတ်များမပါဘဲ ကြမ်းတမ်းခက်ထန်သော အသားစားသတ္တဝါများနှင့် ကြုံတွေ့ပါက သေဆုံးမှုနှုန်းမှာ မြင့်မားပေလိမ့်မည်။

သို့သော် ယခုအခါမှာတော့ မတူညီတော့ပြီ။

သူ၏ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် နွားများကဲ့သို့ကြီးမားသော ခွေးနှစ်ကောင်ရှိနေပြီး ရှေ့တွင် ဆိုဒ်ကြီးကြီးဟက်စကီး တစ်ကောင်က လမ်းကို စူးစမ်းရှာဖွေနေခဲ့သည်။ ထို့အပြင် ဝမ်ပင်းနျဉ် ၏ အဖွဲ့တွင်လည်း သေနတ်များသယ်ဆောင်ထားပြီး လေးလံသောလက်နက်များပင် ပါဝင်သေး၏။

၎င်းမှာ သူနှင့် ဝမ်ပန်း တို့ တောင်များထဲသို့ ပြုပြင်ထားသောသေနတ်နှစ်လက်ဖြင့် ဝင်ရောက်စဉ်ကထက် များစွာပို၍ ခမ်းနားလှပေသည်။

ထိုတစ်ကြိမ်တွင် သူတို့သည် ဝမ်ပင်းနျဉ် နှင့် သူမ၏အုပ်စုနှင့် တွေ့ဆုံခဲ့ရသည့်အတွက် အလွန်ကံကောင်းသည်ဟု ကူယွဲ့ ယုံကြည်၏။

…….

ခွန်းလွန်တောင်။

ပတ်ဝန်းကျင်မှာ လှပပြီး လေထုမှာ သန့်ရှင်းလတ်ဆတ်သည်ဟု ခံစားရသည်။ တစ်နှစ်ပတ်လုံး တည်ရှိနေသော ထူထပ်သည့်မြူခိုးများက ခွန်းလွန်တောင်ကို ပို၍ပင်လျှို့ဝှက်ဆန်းကြယ်စေခဲ့သည်။

မြူခိုးမှာ အလွန်အမင်းမထူထပ်ဘဲ ထိုနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသောသူများအား ခွန်းလွန်တောင်၏ လှပသောရှုခင်းများနှင့် အပြင်လောကတွင် ရှားရှားပါးပါးမြင်တွေ့ရသော အမျိုးမျိုးသော ထူးခြားဆန်းပြားသည့်ပန်းများနှင့် အပင်များကို ရှုစားခွင့်ပြု၏။

ထိုပန်းများနှင့် အပင်များမှာ အပြင်လောကတွင် အမှန်တကယ်ပင် ရှားရှားပါးပါးမြင်တွေ့ရသော်ငြားလည်း ၎င်းတို့မှာ မျက်လှည့်ဆေးပင်များ သို့မဟုတ် အဖိုးတန်ဆေးဝါးများမဟုတ်ချေ။ ၎င်းတို့မှာ ခွန်းလွန်တောင်မှ သာမန်ပေါင်းပင်များနှင့် တောပန်းများမျှသာ ဖြစ်လေသည်။

ထိုပန်းများနှင့် အပင်များကို ခွန်းလွန်တောင်မှ ထုတ်ယူသွားပြီးနောက်တွင် ၎င်းတို့သည် အလွယ်တကူ ညှိုးနွမ်းသေဆုံးသွားပေလိမ့်မည်။ ၎င်းတို့ကို စောင့်ရှောက်ပြုစုပျိုးထောင်သည့်တိုင်အောင် ရှင်သန်ရန်မှာ သူတို့အတွက် ခက်ခဲပေလိမ့်မည်။

…

ရဲရှင်းဟွေ့မှာ ရှောင်စစ် ၏ ကျောပေါ်တွင် အလွန်သက်သောင့်သက်သာဖြင့် စီးနင်းလိုက်ပါနေသည်။ အခါအားလျော်စွာ သူသည် သူ၏ခါးမှ ဂျင်ဆင်းကိုထုတ်ကာ သူ၏စီးတော်ယာဉ်ဖြစ်သော ရှောင်စစ် ကို ကျွေးမွေးခြင်း သို့မဟုတ် အချို့သောစိတ်ဝင်စားဖွယ်တောပန်းများနှင့် ပေါင်းပင်များကို ခူးဆွတ်ရန် ဆင်းသက်ခြင်းတို့ကို ပြုလုပ်၏။

ထိုပန်းများနှင့် အပင်များမှာ ခွန်းလွန်တောင်တန်းများ၏ အပြင်ဘက်တွင် ရှင်သန်ရန်ခက်ခဲသော်လည်း ၎င်းတို့ကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ထားရှိပါက အမှန်တကယ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ပေသည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ဝိညာဉ်စွမ်းအင်မှာ ခွန်းလွန်တောင်ထက် ရာပေါင်းများစွာ ပို၍ပေါများလှသည်။

နောက်မှလျှောက်လှမ်းလာနေသော ရှောင်ပုဖန် မှာ ရဲရှင်းဟွေ့ ဂျင်ဆင်းကို ခွေးများအားကျွေးမွေးနေသည်ကိုမြင်သောအခါ အလွန်စိတ်ပျက်နေခဲ့သည်။

ယခင်က ရဲရှင်းဟွေ့က ထိုအဆင့်မြင့်ဂျင်ဆင်းများမှာ အမှန်တကယ်တွင် ခွေးများကိုကျွေးမွေးရန်ဖြစ်သည်ဟု ဆိုသည်ကို သူကြားသောအခါ သူသည် ရဲရှင်းဟွေ့က သူ့ကိုတစ်နည်းနည်းဖြင့် အရှက်ခွဲရန်ကြိုးစားနေသည်ဟု ထင်မှတ်ခဲ့၏။

သို့သော်... သူမျှော်လင့်မထားခဲ့သည်မှာ ထိုအသုံးမကျသောသူဌေးသားက အဆင့်မြင့်ဂျင်ဆင်းကို ခွေးအား အမှန်တကယ်ပင် ကျွေးမွေးခြင်းပင်။

အရေးကြီးဆုံးအချက်မှာ ထိုခွေးမှာ အဆင့်မြင့်ဂျင်ဆင်းကို စားသောအခါ အလွန်တွန့်ဆုတ်နေခြင်းပင်။

ထို့အပြင် ခွေးသည် အဆင့်မြင့်ဂျင်ဆင်းကို ပေါ့ပေါ့ဆဆစားသုံးနိုင်သည်ဖြစ်ရာ ထိုခွေး၏ခန္ဓာကိုယ်မှာ သေချာပေါက် အလွန်သန်မာပြီး ထိုအဆင့်မြင့်ဂျင်ဆင်းကို တစ်နှစ်ပတ်လုံး ကျွေးမွေးခြင်းခံခဲ့ရသည်ဖြစ်တန်ရာ၏။

ရှောင်ပုဖန် က သူ့ဘာသာသူ "ကျစ်.... ငါပါခွေးဖြစ်ချင်သွားတယ်....” ဟုဆိုလိုက်သည်။

ရှောင်စစ် ပေါ်တွင်ထိုင်နေသော ရဲရှင်းဟွေ့က ရှောင်စစ် မှာ ဂျင်ဆင်းစားရန် တွန့်ဆုတ်နေသည်ကိုမြင်သောအခါ သူသည် ပြုံးလိုက်ပြီး “ဘာလဲ....။ မင်း ဂျင်ဆင်းမစားချင်ဘူးလား....။” ဟုဆိုလိုက်၏။

“ဟုတ်တယ်....” ရှောင်စစ် က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ရှောင်စစ် ၏ အသံမှာ ခွေး၏ပါးစပ်မှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ၏လည်ပင်းပတ်လည်ရှိ လည်ပတ်မှ ထွက်ပေါ်လာခြင်းပင်။

ထိုသည်မှာလည်း ရဲရှင်းဟွေ့၏ ကိုယ်ပွားများ၏ သုတေသနရလဒ်တစ်ခု ဖြစ်လေသည်။

အနာဂတ်တွင် ရဲရှင်းဟွေ့သည် အမျိုးမျိုးသော လူသားမဟုတ်သည့် လက်အောက်ငယ်သားများကို သေချာပေါက် လက်ခံပေလိမ့်မည်ဖြစ်ရာ ဆက်သွယ်ရေးပြဿနာများကို ကြိုတင်ဖြေရှင်းရန်မှာ လိုအပ်ပေသည်။

ထို့ကြောင့် ထိုကိုယ်ပွားများက ရုတ်တရက်စိတ်ကူးတစ်ခုရရှိခဲ့ပြီး ထိုတိရစ္ဆာန်ဘာသာစကားပြန် လည်ပတ်ကို ပြုလုပ်ခဲ့၏။

“မင်း ငါနဲ့အတူ ဒီလောက်ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့တာကိုကြည့်ပြီး.... ငါမင်းကို ဂေါ်ဖီထုပ်တစ်လုံးစားခွင့်ပြုမယ်....”

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ရှောင်စစ် ရုတ်တရက်စိတ်လှုပ်ရှားသွားပြီး သူ၏ပါးစပ်ထဲမှ တစ်ဝက်ဝါးထားသော ဂျင်ဆင်းကို ချက်ချင်းအန်ထုတ်လိုက်၏။

အခြားတစ်ဖက်ရှိ ရှောင်စ နှင့် ရှေ့တွင် လမ်းစူးစမ်းရှာဖွေရင်း ပျော်ရွှင်နေသော ရှောင်ဟာ့ တို့သည်လည်း ရောက်ရှိလာကြပြီး သူတို့ဂေါ်ဖီထုပ်စားလိုကြောင်းကို ဖော်ပြကြသည်။

ထိုသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှ ဂေါ်ဖီထုပ်တစ်လုံးကိုထုတ်ယူကာ ဂေါ်ဖီထုပ်၏အရွက်များကို ချိုးဖဲ့ပြီး စွတ်ဖားလှည်းခွေး သုံးကောင်ထံသို့ ကမ်းပေးလိုက်သည်။

စွတ်ဖားလှည်းခွေး သုံးကောင်မှာ သူတို့တောင့်တနေသော ဂေါ်ဖီထုပ်ကို စားသုံးရသည့်အတွက် အလွန်ပျော်ရွှင်နေကြ၏။

ထိုသည်က အရာအားလုံးကို သူ၏မျက်စိထဲတွင် မြင်တွေ့နေရသော ရှောင်ပုဖန် ကို ပို၍ပင်မပျော်မရွှင်ဖြစ်သွားစေသည်။

ရှောင်ပုဖန် က မြေပြင်ပေါ်မှ ဝါးစားပြီးသား အဆင့်မြင့်ဂျင်ဆင်းအကြွင်းအကျန်ကိုကြည့်ကာ သူ့ဘေးမှ ဝမ်ပင်းနျဉ် ကို “အမ်... မမဝမ်.... ခင်ဗျားတို့အရင်သွားနှင့်... ကျွန်တော် အိမ်သာသွားလိုက်ဦးမယ်....” ဟုဆိုလိုက်၏။

ဝမ်ပင်းနျဉ် သည် ရှောင်ပုဖန် ၏ စကားကိုကြားသောအခါ သူမသည် မူလက ကိုယ်ရံတော်နှစ်ဦးကို နေရစ်ခဲ့ကာ သူ့ကိုကာကွယ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ရှောင်ပုဖန် က ငြင်းပယ်ခဲ့သည်။

ရှောင်ပုဖန်က ခဏနေတွင် အလွန်အရှက်ရဖွယ်ကောင်းသောအရာတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ရာ သူသည် အခြားသူများကို မသိရှိစေရပေ။

ရှောင်ပုဖန် ထိုသို့ဖြစ်နေသည်ကိုမြင်သောအခါ ဝမ်ပင်းနျဉ် သည် သူမ၏မျက်စိဒေါင့်က ရှောင်စစ် အန်ထုတ်ထားသော အဆင့်မြင့်ဂျင်ဆင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။

သူမ တစ်စုံတစ်ခုကိုစဉ်းစားမိသကဲ့သို့ သူမခေါင်းညိတ်လိုက်ပြီး ဝါးစားပြီးသားအဆင့်မြင့်ဂျင်ဆင်းကို နောက်သို့မလှည့်ဘဲ ဆက်လက်ရှေ့သို့ရွေ့လျားသွားသည်။

လူတိုင်းထွက်ခွာသွားသည်ကိုမြင်ပြီးနောက် ရှောင်ပုဖန် သည် ဝါးစားပြီးသားအဆင့်မြင့်ဂျင်ဆင်းပုံထံသို့ လျင်မြန်စွာရောက်ရှိလာပြီး သူ၏လက်ကိုင်ပဝါကိုထုတ်ကာ ၎င်းတို့အားလုံးကို စုဆောင်းလိုက်၏။

စုဆောင်းနေရင်း သူသည် “ဘာရတနာကြီးလဲ....။ ဒီလောက်အဖိုးတန်တဲ့အဆင့်မြင့်ဂျင်ဆင်းကို ခွေးတွေကို ဘယ်လိုကျွေးမွေးနိုင်ရတာလဲ....။ ကျစ်....။ ငါတကယ်ပဲ သူ့ခွေးဖြစ်ချင်တယ်....။ နဂါးနန်းတော်မှာ ခွေးတွေကို ဒီလောက်ဇိမ်ခံကျကျကျွေးမွေးကြတာလား....။” ဟုတီးတိုးရေရွတ်နေမိသည်။

ရှောင်ပုဖန် အဆင့်မြင့်ဂျင်ဆင်းအကြွင်းအကျန်များကို စုဆောင်းနေစဉ်မှာပင် သူသည် သူ၏ပတ်ပတ်လည်မှမြူခိုးများ ထူထပ်လာသည်ကို ရုတ်တရက်ခံစားမိလိုက်၏။

မူလက ဆယ်မီတာအကွာရှိနေရာကို မသဲမကွဲမြင်နိုင်သော်လည်း ယခုအခါ... နှစ်မီတာအကွာရှိနေရာကို ရှင်းရှင်းလင်းလင်းမြင်ရန်မှာ ခက်ခဲနေသည်။

“ဘာတွေဖြစ်နေတာလဲ....။”

တီးတိုးရေရွတ်ပြီးနောက် ရှောင်ပုဖန် သည် ဝမ်ပင်းနျဉ် နှင့် အခြားသူများထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်လံနောက်ယောင်ခံသွား၏။

……..

ရှေ့တွင်လျှောက်လှမ်းနေသော ရဲရှင်းဟွေ့နှင့် အခြားသူများသည်လည်း မြူခိုးများ အနည်းငယ်ထူထပ်လာသည်ကို သတိပြုမိကြသည်။

“ဘာတွေဖြစ်နေတာလဲ....။” ဖန်လုံ က ကူယွဲ့ ကို တည်ငြိမ်သောအမူအရာဖြင့်ကြည့်ကာ မေးလိုက်သည်။

ကူယွဲ့ မှာ ထိုလူအုပ်စုထဲတွင် ခွန်းလွန်တောင်ကို အသိဆုံးသူဖြစ်၏။

ကူယွဲ့ သည် ဝမ်ပန်း နှင့်အတူ ခွန်းလွန်တောင်မှလွတ်မြောက်ပြီးနောက်တွင် သူသည် ခွန်းလွန်တောင်မှ အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သည့်ဖြစ်စဉ်များကို သုတေသနပြုလုပ်နေခဲ့သည်။

သူသည် ထိုထူထပ်သောမြူခိုးဖြစ်စဉ်နှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီး သူသည် ယခင်က ထိုဖြစ်စဉ်နှင့်လည်း ထိတွေ့ခဲ့ဖူး၏။

“ဒါ... ဒီထူထပ်တဲ့မြူခိုးက ငါတို့ ခွန်းလွန်တောင်ရဲ့ အတွင်းနက်ပိုင်းကို ဝင်ရောက်သွားပြီဆိုတာကို ဆိုလိုတယ်....။ မဟုတ်သေးဘူး...။ တကယ်ဆို.... ငါတို့ အရမ်းဝေးဝေးမသွားရသေးဘူး....။ ငါတို့ ဘယ်လိုလုပ် ခွန်းလွန်တောင်ရဲ့ အတွင်းပိုင်းဒေသကို ဝင်ရောက်သွားနိုင်မှာလဲ....။”

“ဒါမှမဟုတ်... ခွန်းလွန်တောင်ရဲ့ အတွင်းပိုင်းပတ်ဝန်းကျင်က တဖြည်းဖြည်းချဲ့ထွင်နေတယ်ဆိုတာက အမှန်ပဲလား....။”

ကူယွဲ့ က လျင်မြန်စွာ ဖန်လုံ ကိုကြည့်ကာ

“မဟုတ်ဘူး....။ ငါတို့ ဒီနေရာကနေ ထွက်သွားရမယ်....။ ရှေ့ဆက်သွားနေရင် အရမ်းအန္တရာယ်များတယ်....” ဟုဆိုလိုက်သည်။

ကူယွဲ့ ၏ အဆိုပြုချက်နှင့်ပတ်သက်၍ ဝမ်ပန်းမှလွဲ၍ ရှိနေကြသောလူတိုင်းက ငြင်းခဲ့ကြသည်။

ညီအစ်ကိုနှစ်ဦးဖြစ်သော ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ သူတို့က မကြောက်တတ်ဘဲ သူတို့၏ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကိုသာမက အခြားသူများကိုပါ ကာကွယ်ပေးနိုင်သောစွမ်းအားရှိသောကြောင့် ငြင်းကြသည်။

ဝမ်ပင်းနျဉ် မှာမူ လိုင်စန်း ၏ စကားများကြောင့် ငြင်းခဲ့တာဖြစ်၏။

လိုင်စန်း က "ငါတို့ နည်းနည်းလေးထပ်လျှောက်သွားရင် ရှေးဟောင်းအုတ်ဂူအပျက်အစီးတွေကို ရောက်နိုင်ပြီ....” ဟုဆိုလိုက်၏။

သူမ ကိုယ်ပိုင်ချမ်းသာလာရန်နှင့် အသက်အတွက် ဝမ်ပင်းနျဉ် သေချာပေါက် အလွယ်တကူစွန့်လွှတ်မည်မဟုတ်ပေ။

“မင်းတို့ မပြန်ချင်မှတော့.... မင်းတို့ဘာသာမင်းတို့ပဲ....”

လူတိုင်း မနာခံသည်ကိုမြင်သောအခါ ကူယွဲ့ သည် သူသည် ထိုအလုပ်ကို နောက်ထပ်မလုပ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်၏။

ကူယွဲ့ သည် ဝမ်ပန်း နှင့်အတူ မထွက်ခွာနိုင်မီမှာပင် ရိုင်ဖယ်များကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သန်မာသောလူအများအပြားက သူ့ကို ပိတ်ဆို့လာသည်။

တစ်ချိန်တည်းမှာပင် ဝမ်ပင်းနျဉ် ၏ အသံသည်လည်း ထွက်ပေါ်လာခဲ့၏။

“မစ္စတာ ကူယွဲ့.... မစ္စတာ ဝမ်ပန်း.... လိုင်စန်း ကလွဲရင်.... ရှင်တို့က ခွန်းလွန်တောင်ကို အသိဆုံးလူတွေဆိုတာ ကျွန်မသိတယ်....။ ရှင်တို့ နေရစ်ခဲ့ပေးဖို့ ကျွန်မမျှော်လင့်ပါတယ်....”

All Chapters