← Chapters

ရဲရှင်းဟွေ့- ငါက အရမ်းကြင်နာတတ်တယ်....

Vol. 13 Ch. 176

ရဲရှင်းဟွေ့- ငါက အရမ်းကြင်နာတတ်တယ်....

Vol. 13 Ch. 176

အပျက်အစီးများ၏ အတွင်းနက်ပိုင်း၌တော့...။

ရဲရှင်းဟွေ့ရော ရဲရှင်းချန်ပါ ဝင်ရောက်စွက်ဖက်ရန် အရိပ်အယောင်မျှ မပြခဲ့ပေ။ သူတို့သည် ဝမ်ပင်းနျဉ်၏ ကိုယ်ရံတော်များ တစ်ယောက်ပြီးတစ်ယောက် ကျောဝ့်၏ ပါးစပ်ထဲတွင် အသက်ပျောက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။

ဝမ်ပင်းနျဉ်သည် သူမ၏လူငါးဦး သေဆုံးသွားသည့်တိုင် ကျောဝ့်၏ ခန္ဓာကိုယ်ကိုထိမှန်သောကျည်ဆံများမှာ လုံးဝအရာမထင်သည်ကို မြင်သောအခါ နောက်ဆုံးတွင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဆေးဖက်ဝင်အပင်များမှာ အလွန်အရေးကြီးသော်လည်း မည်မျှပင်အရေးကြီးသည်ဖြစ်စေ၊ သူမ၏ကိုယ်ပိုင်အသက်လောက် အရေးကြီးသည့်အရာဟူ၍ မရှိပေ။

ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ထံမှ အကူအညီတောင်းခံရန်မူကား... သူမသည် ထိုလူငယ်နှစ်ဦးက ဤကြောက်မက်ဖွယ်သတ္တဝါကြီးကို ဖြေရှင်းနိုင်လိမ့်မည်ဟု လုံးဝမယုံကြည်ပေ။

ရဲရှင်းဟွေ့က ဝမ်ပင်းနျဉ်နှင့် ကိုယ်ရံတော်အချို့ သူ့ထံသို့ပြေးဝင်လာသည်ကိုမြင်သောအခါ သူသည် နှုတ်ခမ်းမဲ့လိုက်ပြီး သူတို့ကိုထွက်ပေါက်မှထွက်ခွာခွင့်ပေးရန် ဘေးသို့စောင်းလိုက်၏။

ရဲရှင်းချန်၏ နောက်တွင်ရပ်နေသော ဖန်လုံသည် သူ၏နဖူးမှချွေးအေးများကို သုတ်လိုက်ပြီး “သခင်လေးနှစ်ယောက်... ငါတို့လည်း အမြန်ထွက်သွားကြရအောင်...” ဟုအကြံပြုလိုက်သည်။

“ဟုတ်တယ်...။ ဒီကျောဝ့်က လူသားတွေယှဉ်ပြိုင်နိုင်တဲ့အရာ သေချာပေါက်မဟုတ်ဘူး...”

ရဲရှင်းချန်၏ နောက်တွင်ရပ်နေသော ကူယွဲ့ကလည်း ထောက်ခံပြောဆိုလိုက်၏။

ခုလေးတင်က ကျောဝ့် ပေါ်ပေါက်လာပြီးနောက်တွင် ဖန်လုံ၊ ကူယွဲ့ နှင့် ဝမ်ပန်းတို့မှာ ရဲရှင်းချန်၏ နောက်သို့ အလိုလို ရွေ့ပြောင်းပြီးဖြစ်နေသည်။ ဖန်လုံမှာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ ထူးခြားဆန်းကြယ်မှုအကြောင်းကို ချွေ့ယာကျဲထံမှ အနည်းငယ် ကြားသိထားသည်။ အကယ်၍ ထိုနေရာတွင် မည်သူမဆို ထိုကြောက်မက်ဖွယ်ကျောဝ့်ကို ဖြေရှင်းနိုင်ပါက ၎င်းမှာ ဤညီအစ်ကိုနှစ်ဦးသာ ဖြစ်နိုင်သည်ဟု ဖန်လုံက ယုံကြည်ထား၏။ ထို့ကြောင့် သူတို့နောက်တွင်ရပ်နေခြင်းမှာ အလုံခြုံဆုံးဖြစ်ပေလိမ့်မည်။

ကူယွဲ့အတွက်မူကား... သူသည် လုံးဝပင်ကိုယ်အသိဉာဏ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကူယွဲ့မှာ မရေမတွက်နိုင်သော အသက်နှင့်သေခြင်းအကျပ်အတည်းများကို တွေ့ကြုံခဲ့ဖူးပြီး သူ၏ပင်ကိုယ်အသိစိတ်က သူ့ကို ဤညီအစ်ကိုနှစ်ဦး၏နောက်တွင်သာ ဘေးကင်းလုံခြုံနိုင်မည်ဖြစ်ကြောင်း ပြောပြနေခဲ့သည်။ အရေးကြီးဆုံးအချက်မှာ... ဤနေရာမှာ ကျယ်ဝန်းလှပြီး ကြီးမားသောကျောဝ့် လှုပ်ရှားသွားလာရန်အတွက် လုံလောက်လွန်းသည်။ သူသာ ထွက်ပြေးရန်ကြိုးစားပါက သေချာပေါက် မလွတ်မြောက်နိုင်ပေ။

...

ဖန်လုံနှင့် ကူယွဲ့၏ အကြံပြုချက်များကိုကြားပြီးနောက် ရဲရှင်းချန်သည် ဘာမှမပြောခဲ့ပေ။ ဝမ်ပင်းနျဉ်နှင့် အခြားသူများ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်တွင် သူသည် ငြိမ်သက်စွာ “ငြိမ်ငြိမ်ရပ်နေ...။ ဒီကျောဝ့်က ငါတို့ကိုမထိခိုက်ဘူး...” ဟုဆိုလိုက်၏။

ရဲရှင်းချန်စကားဆုံးသည်နှင့် ကျောဝ့်၏ ဦးခေါင်းကြီးမှာ သူတို့၏ဘက်ဆီသို့ တရှိန်ထိုး ပြေးဝင်လာခဲ့သည်။ ကျောဝ့်၏ ရည်ရွယ်ချက်မှာ သူ၏ဆေးဝါးများကို ခိုးယူရဲသော ထိုလူသားများကို သတ်ဖြတ်ရန်ပင်။

သို့သော် သူ၏ဦးခေါင်းမှာ ရဲရှင်းဟွေ့ထံမှ သုံးမီတာမပြည့်သော အကွာအဝေးသို့ရောက်ရှိသောအခါ သူသည် ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွား၏။

“လူသားလေး... မင်းကိုယ်ပေါ်က အရှိန်အဝါက ဘာလို့ဒီလောက်ရင်းနှီးနေရတာလဲ...”

ကျောဝ့်က ရဲရှင်းဟွေ့၏ ကိုယ်သင်းနံ့ကိုရှူရှိုက်ရင်း ဆိုလိုက်၏။ စကားပြောနေရင်း သူသည် ရဲရှင်းချန်ကိုလည်း တစ်ချက်လှမ်းကြည့်လိုက်သည်။

မျက်နှာကြီးမှာ ပို၍နီးကပ်လာရာ ရဲရှင်းဟွေ့အား အလွန်အမင်းမသက်မသာဖြစ်စေခဲ့ပြီး သူသည် အလိုအလျောက်ပင် 'ခြေနင်းပစ်ချက်' ကို အသုံးပြုလိုက်၏။ ကျောဝ့်မှာ အလွန်ကြီးမားသော်ငြားလည်း ရဲရှင်းဟွေ့က 'ခြေနင်းပစ်ချက်' ကို အသုံးပြုပြီးနောက်တွင် သူ၏တစ်ကိုယ်လုံးမှာ လေထဲတွင် ဝေ့ခနဲလည်ထွက်သွားပြီး ရဲရှင်းဟွေ့သည် သူ၏အောက်မေးရိုးပေါ်တွင်ရပ်ကာ လက်ညှိုးပစ္စတိုအမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။

“ဖြောင်း... ဖြောင်း...ဖြောင်း...”

လက်ညှိုးပစ္စတိုကို အသံပင်ထည့်ပေးလိုက်သေးသည်။

ဖန်လုံ: “…”

ကူယွဲ့: “…”

ဝမ်ပန်း: “…”

လူသုံးဦးမှာ တစ်ချိန်တည်းမှာပင် စကားမပြောနိုင်ဖြစ်သွားကြ၏။

ခုလေးတင်က ထွက်ပြေးသွားခဲ့သော ဝမ်ပင်းနျဉ်မှာ နောက်သို့လှည့်ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို သူမ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအရိပ်အယောင်များဖြင့် မြင်တွေ့လိုက်ရသည်။

“ကျစ်...။ သေနတ်နဲ့တောင်မသေတဲ့ ဒီနတ်ဆိုးက ရဲရှင်းဟွေ့ရဲ့ ခြေဖဝါးအောက်ကို ရောက်နေတာလား...။ ဘာတွေဖြစ်နေတာလဲ...”

“ပြီးတော့... အဲ့ဒီ ဖြောင်းဖြောင်းဖြောင်း ဆိုတာကရော... တကယ်ကြီးလား...”

ရှိနေသူများထဲမှ အရှုပ်ထွေးဆုံးသူမှာ ကျောဝ့်ပင်။ သူသည် မူလက ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့၏ နောက်ခံမျိုးရိုးအကြောင်းကို မေးမြန်းလိုခဲ့သော်လည်း သူစကားမပြောမီမှာပင် မမြင်နိုင်သောစွမ်းအားတစ်ခု၏ ဖိအားပေးလှည့်ပတ်ခြင်းကိုခံလိုက်ရပြီးနောက် နင်းခြေခြင်းခံလိုက်ရသည်။

“ခွေးမသား...”

သူသည် ဒေါသတကြီးကျိန်ဆဲလိုက်ပြီးနောက် ပြန်လည်ထရပ်ရန်ကြိုးစားလိုက်၏။ သူ့ရှေ့မှကောင်လေးမှာ မည်သူဖြစ်သည်ဖြစ်စေ သူသည် သူ့ကိုတစ်ကိုက်တည်းဖြင့် မျိုချပစ်လိုက်မည်။ သို့သော် သူလှုပ်ရှားမှုပြုလုပ်စဉ်မှာပင် သူသည် မမြင်နိုင်သောစွမ်းအားတစ်ခု၏ တစ်ဖန်ပြန်လည်လှည့်ပတ်ခြင်းကိုခံလိုက်ရပြီးနောက် နောက်ထပ် “ဖြောင်း...‌ေဖြာင်း...‌ေဖြာင်း” တစ်ခု ထပ်မံထွက်ပေါ်လာခဲ့၏။

မူလကထွက်ပြေးရန်စီစဉ်ထားသော ဝမ်ပင်းနျဉ်သည် ထိုမြင်ကွင်းကိုမြင်သောအခါ ထွက်ပြေးခြင်းကိုရပ်တန့်လိုက်၏။ ယခုအခါတွင် ကြောက်မက်ဖွယ်နဂါးမှာ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီဖြစ်ရာ သူမလုပ်ရမည့်အရာမှာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့နှင့် ကောင်းကောင်းမွန်မွန်စကားပြောရန်သာ ဖြစ်သည်။

...

ဝမ်ပင်းနျဉ်သည် ရဲရှင်းချန်ထံသို့ လျှောက်လှမ်းသွားကာ

“ဆေးဥယျာဉ်ထဲက တခြားဆေးဝါးတွေကို ကျွန်မ မလိုချင်တော့ပါဘူး...။ ကျွန်မ အဲ့ဒီ ပျိုမြစ်ခြင်းမြက်ပင် တစ်ပင်တည်းပဲလိုချင်တယ်... ရနိုင်မလား...။ စိတ်မပူပါနဲ့... ကျွန်မ ဒါကို အလကားတောင်းမှာမဟုတ်ပါဘူး...။ ငါးသန်း...။ ကျွန်မ ခင်ဗျားကို နောက်ပိုင်းမှာ ပျိုမြစ်ခြင်းမြက်ပင်အတွက် ငါးသန်းပေးနိုင်ပါတယ်...” ဟုဆိုလိုက်၏။

ဝမ်ပင်းနျဉ်သည် ရဲရှင်းချန်အား သတိထားကာ ဆိုလိုက်သည်။ သူမသည် ယခုအခါတွင် အခြားဆေးဝါးများအကြောင်းကို စိုးရိမ်ရန်အချိန်မရှိတော့ပေ။ သူမသည် အရေးအကြီးဆုံး ပျိုမြစ်ခြင်းမြက်ပင်ကိုသာ ဦးစွာရရှိလိုခဲ့သည်။

“သန်း ၅၀...”

ရဲရှင်းချန်သည် ဈေးနှုန်းကို တိုက်ရိုက်ဆယ်ဆတိုးမြှင့်လိုက်၏။ ၎င်းမှာ ရဲရှင်းချန်က ငွေလိုအပ်နေခြင်းကြောင့်မဟုတ်ဘဲ ပျိုမြစ်ခြင်းမြက်ပင်မှာ ထိုဈေးနှုန်းနှင့် ထိုက်တန်သောကြောင့်ပင်။

သန်း ၅၀ ဈေးနှုန်းကို သူမကြားသောအခါ ဝမ်ပင်းနျဉ်သည် တွေဝေသွားသည်၊ အကြောင်းမှာ သူမတွင် ထိုမျှကြီးမားသော ရန်ပုံငွေပမာဏမရှိသောကြောင့်ပင်။ စဉ်းစားပြီးနောက် ဝမ်ပင်းနျဉ်က “ကျွန်မ ဟောင်ကောင်ကိုပြန်ရောက်ပြီးမှ ပိုက်ဆံပေးလို့ရမလား...” ဟုမေးလိုက်သည်။

“ရတယ်...” ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီး “ငါ့ညီရဲ့ကတ်နံပါတ်ကိုသာ သိမ်းထား...။ ဒါ့အပြင်... လဝက်အတွင်းမှာ ပိုက်ဆံမရောက်ရင်... ငါမင်းကို ဟောင်ကောင်ကို ကိုယ်တိုင်လာရှာမယ်...” ဟုဆိုလိုက်၏။

...

'ခြေနင်းပစ်ချက်' ဖြင့် နဂါးကိုထိန်းချုပ်နေခဲ့သော ရဲရှင်းဟွေ့မှာ သဘာဝကျစွာပင် နှစ်ဦးသား၏ စကားပြောဆိုမှုကို ကြားခဲ့ရသည်။ သူသိသည်မှာ ဝမ်ပင်းနျဉ်မှာ ဟောင်ကောင်သို့ပြန်ရောက်ပြီးနောက်တွင် ပိုက်ဆံကို နာခံစွာပေးချေမည်မဟုတ်ဟူ၍ပင်။ ထိုအခါ သူ၏အစ်ကိုသည် အကြွေးများဖြေရှင်းရန် ဟောင်ကောင်သို့ သွားရောက်ပေလိမ့်မည်။ ဝမ်ပင်းနျဉ်၏မိသားစုမှာ သူတို့၏ခွန်အားအပေါ် အလွန်ယုံကြည်ချက်ရှိမည်ဖြစ်ပြီးနောက် သူတို့သည် သူ၏အစ်ကို၏ရန်သူဖြစ်ရန် ရွေးချယ်ပေလိမ့်မည်။ နောက်ဆုံးတွင်... မိသားစုတစ်စုလုံး အသတ်ခံရပေလိမ့်မည်။

သူသည် နောက်ဆက်တွဲဇာတ်ကွက်ကို သိရှိသော်လည်း ရဲရှင်းဟွေ့သည် ၎င်းကိုမတားဆီးခဲ့ပေ။ ရဲရှင်းဟွေ့သည် ဟောင်ကောင်မှ ဝမ် မိသားစုထံမှ ဘီလီယံ ၅ ထောင်ကိုယူကာ သူ၏ကတ်ထဲသို့ လွှဲပြောင်းရန် Jarvis ကို တိုက်ရိုက်ပြောဆိုရန် စီစဉ်ထား၏။

ဝမ် မိသားစုတစ်စုလုံးကို ဒေဝါလီခံစေရန် ဘီလီယံ ၄.၉၅ ထောင်ကို အသုံးပြုခြင်းမှာ ကောင်းမွန်သောသဘောတူညီချက်တစ်ခုဖြစ်သင့်သည်။ သူတို့ဒေဝါလီခံသောအခါ သူတို့သည် သူ၏အစ်ကိုကြီးကို နှောင့်ယှက်ရန် ကြိုးစားဖွယ်မရှိတော့ဘဲ ထိုအကျိုးဆက်အနေဖြင့် အသတ်ခံရတော့မည်မဟုတ်ပေ။ ဟောင်ကောင်မှ ဝမ် မိသားစုမှာ သူ့ကိုကျေးဇူးတင်သင့်သည်။

'ဪ... ဇာတ်ကွက်ကိုသိရတာ တကယ်ကောင်းတာပဲ...။ ငါမရည်ရွယ်ဘဲနဲ့ နောက်ထပ်ကောင်းမှုတစ်ခုလုပ်မိပြန်ပြီ...။ နောက်တစ်ခုက ဆေးဘုရင်တောင်ကြား...။ ငါ့အစ်ကို ဆေးဘုရင်တောင်ကြားကို ဖျက်ဆီးဖို့မသွားခင်မှာ အဲ့ဒါကိုလုယက်လိုက်ရင် ဘယ်လိုနေမလဲ...။ ငါခန့်မှန်းရသလောက်တော့ ငါ့အစ်ကိုက အရင်းအမြစ်မရှိတဲ့ ဆေးဘုရင်တောင်ကြားတစ်ခုကို ဖျက်ဆီးဖို့ စိတ်ဝင်စားမှာမဟုတ်ဘူး...'

ရဲရှင်းဟွေ့သည် သူ့ဘာသာသူတွေးတောမိ၏။

“ကျစ်...။ ငါက အရမ်းကြင်နာတာပဲ...”

ရဲရှင်းဟွေ့သည် သူ၏ကြင်နာမှုကြောင့် ရုတ်တရက်စိတ်လှုပ်ရှားသွားသည်။

ထိုအခိုက်တွင် သူ၏ခြေထောက်အောက်မှ ကျောဝ့်သည် တစ်ဖန်ပြန်ရုန်းကန်ကာ ထရပ်ရန်ကြိုးစားသော်လည်း သူအောင်မြင်စွာမထရပ်နိုင်မီမှာပင် သူသည် ရဲရှင်းဟွေ့၏ 'ခြေနင်းပစ်ချက်' ဖြင့် တစ်ဖန်ပြန်ရိုက်နှက်ခြင်းခံလိုက်ရသည်။

...

တစ်ဖက်တွင်တော့ သဘောတူညီချက်အဆုံးသတ်ပြီးနောက် ဝမ်ပင်းနျဉ်သည် ပျိုမြစ်ခြင်းမြက်ပင်ကိုခူးဆွတ်ရန် ဆေးဥယျာဉ်ထဲသို့ ကိုယ်တိုင်ဝင်ရောက်သွားခဲ့၏။ သဘာဝကျစွာပင် ရဲရှင်းဟွေ့သည် သူ၏ဘဏ်ကတ်နံပါတ်ကိုလည်း ဝမ်ပင်းနျဉ်ထံသို့ ပေးအပ်ခဲ့သည်။

အရာအားလုံးဖြေရှင်းပြီးနောက် ဝမ်ပင်းနျဉ်သည် အသက်ရှင်ကျန်ရစ်သော ကိုယ်ရံတော်သုံးဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

အစိတ်ဝင်စားဆုံးအချက်မှာ ရှောင်ပုဖန်ထွက်ခွာခြင်းမပြုမီတွင် သူသည် ရဲရှင်းချန်အတွက် ဖုန်းနံပါတ်နှင့် လိပ်စာတစ်ခုကို ထားခဲ့ခြင်းပင်။

“ညီလေးနှစ်ယောက်... ဒီမှာ ကျွန်တော့်ဖုန်းနံပါတ်နဲ့ ကျွန်တော်တို့ဆေးဘုရင်တောင်ကြားရဲ့ လိပ်စာပါ...။ ခင်ဗျားတို့ကို ဆေးဘုရင်တောင်ကြားကို အချိန်မရွေးလာရောက်လည်ပတ်ဖို့ ကြိုဆိုပါတယ်...”

ရဲရှင်းချန်သည် ဆေးဘုရင်တောင်ကြားကို အတော်လေးစိတ်ဝင်စားသဖြင့် သူသည် လိပ်စာနှင့် ဖုန်းနံပါတ်ကို ယူလိုက်၏။ သူသည် ဆေးကျမ်းအမွေအနှစ် သို့မဟုတ် တစ်စုံတစ်ခုရှိမလားဟု ကြည့်ရှုရန် အချိန်ရသောအခါတွင် ဆေးဘုရင်တောင်ကြားသို့ သွားရောက်ရန် စီစဉ်ထားသည်။

ရဲရှင်းဟွေ့အတွက်မူကား ရှောင်ပုဖန်၏အပြုအမူများကိုမြင်ပြီးနောက် သူသည် သူ၏စိတ်ထဲတွင် လျှို့ဝှက်စွာ သက်ပြင်းချလိုက်၏။

'ဪ... ဒါက ဝံပုလွေကိုအိမ်ထဲသို့ဆွဲဆောင်ခြင်းလို့ခေါ်တာပဲ...။ ကြည့်ရတာတော့ မင်းတို့ဆေးဘုရင်တောင်ကြားရဲ့ရှင်သန်ရေးအတွက်... ငါတကယ်ပဲ လုယက်... အား... မဟုတ်ဘူး... ငါမင်းတို့ရဲ့ပိုင်ဆိုင်မှုကို လွှဲပြောင်းရာမှာ ကူညီပေးရတော့မယ်...'

All Chapters