← Chapters

ချစ်စရာကြက်လေး....

Vol. 13 Ch. 179

ချစ်စရာကြက်လေး....

Vol. 13 Ch. 179

ဘန်း....။

ရဲရှင်းဟွေ့တစ်ယောက် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်ကျသွားစဉ်မှာပင် လက်မအရွယ်ရှိသော ကျောက်စိမ်းတစ်ခု သူ၏ဦးခေါင်းပေါ်သို့ တည့်တည့်လာမှန်သည်။ ရဲရှင်းဟွေ့ ပြုတ်ကျလာသောကျောက်စိမ်းကိုကောက်ယူလိုက်ရာ ထိုကျောက်စိမ်းတုံးလေးထံမှ ခရမ်းရောင်-ရွှေရောင်အလင်းတန်းတစ်ချက် ဖြာထွက်လာခဲ့၏။

“ဟေး... ရှင်းဟွေ့... မင်းဘာမှမဖြစ်ဘူးမလား...”

ရဲရှင်းချန်၏ အသံသည် ကျောက်စိမ်းတုံးလေးထဲမှ ထွက်ပေါ်လာခဲ့သည်။ ခုနက ရဲရှင်းချန် အလျင်အမြန်ထုတ်လွှတ်လိုက်သော အလင်းတန်းစီးကြောင်းမှာ ထိုကျောက်စိမ်းဖြစ်ကြောင်း ထင်ရှားနေသည်။

ရဲရှင်းဟွေ့ ထိုစကားကိုကြားသောအခါ သူသည် ချက်ချင်းမဖြေဆိုသေးဘဲ ပတ်ဝန်းကျင်ကို ဦးစွာ စူးစမ်းကြည့်လိုက်၏။

သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ သစ်ပင်ကြီးများစွာဖြစ်ပြီး ထိုသစ်ပင်တစ်ပင်စီမှာ လူပေါင်းများစွာ ဝိုင်းဖက်မှသာ ပတ်လည်ရမည့် ပင်စည်ကြီးများ ရှိကြသည်။ ထို့အပြင် ရဲရှင်းဟွေ့ မမျှော်လင့်ထားခဲ့သည်မှာ သူ၏ 'တီဗီလေး' မှာ ထိုအချိန်တွင် အလိုလိုပင် ထွက်ပေါ်လာခြင်းပင်။

'ကြည့်ရတာတော့ ငါက အာကာသအက်ကွဲကြောင်းထဲကို စုပ်ယူခံလိုက်ရလို့ ငါ့အစ်ကိုရဲ့စိတ်အခြေအနေက တစ်ခဏတာ လှုပ်ခတ်သွားတယ်ထင်တယ်...'

ရဲရှင်းဟွေ့သည် သူ ခွန်းလွန်တောင်တွင် မရှိတော့ကြောင်းကို သေချာနေ၏။ ပထမဦးစွာ... ဤနေရာတွင် ထူထပ်သောမြူခိုးမရှိ။ ဒုတိယအနေဖြင့်... ဤနေရာမှဝိညာဉ်စွမ်းအင်မှာ အလွန်ပင် ပေါများလှသည်။

ပတ်ဝန်းကျင်ကို ခဏတာလေ့လာပြီးနောက် ရဲရှင်းဟွေ့သည် ကျောက်စိမ်းတုံးလေးကို စကားပြောလိုက်၏။

“ကျွန်တော် ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့ ကျွန်တော် တခြားနေရာတစ်ခုကို ရောက်လာသလို ခံစားရတယ်...။ ဒါပေမဲ့ စိတ်မပူနဲ့... ကျွန်တော့်မှာ အာကာသတံခါး ရှိတယ်...”

“မင်းမှာ ပြန်လာဖို့နည်းလမ်းတွေရှိမှတော့... အမြန်ဆုံးပြန်လာခဲ့...”

ရဲရှင်းချန်သည် သူ၏ညီမှာ ပြန်လာရန်နည်းလမ်းရှိကြောင်းသိရှိသဖြင့် စိတ်သက်သာရာရသွား၏။

...

ရဲရှင်းဟွေ့သည် မတွန့်ဆုတ်ခဲ့ပေ။ သူသည် အာကာသတံခါးများ၏စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ရာ ယခုအခါတွင် သူသည် ဤနေရာသို့ရောက်ရှိခဲ့ပြီးဖြစ်သည့်အတွက် နောင်တစ်ကြိမ်ပြန်လာရန်မှာ လွယ်ကူပေလိမ့်မည်။ ရဲရှင်းဟွေ့သည် ထရပ်လိုက်ပြီး ချက်ချင်းပင် သူ၏လက်ဖြင့် သူ၏ရှေ့တွင် မီးကွင်းတစ်ခုကို ဆွဲလိုက်၏။

ရဲရှင်းဟွေ့ အာကာသတံခါးသို့ ဝင်ရောက်တော့မည်အပြုတွင် လက်ဖျောက်တီးသံတစ်ခုက သူ၏နားထဲသို့ ပျံ့လွင့်ရောက်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့ ခုလေးတင်မှဖွင့်ခဲ့သော မီးကွင်းတံခါးမှာလည်း လေထဲတွင်ပင် ပျောက်ကွယ်သွားသည်။

တစ်စုံတစ်ခုမမှန်ကန်ကြောင်း သဘောပေါက်သောအခါ ရဲရှင်းဟွေ့သည် ပုန်းအောင်းရန်အတွက် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်လိုခဲ့သော်လည်း သူမျှော်လင့်မထားခဲ့သည်မှာ ပတ်ဝန်းကျင်အာကာသမှာ လော့ခ်ချထားသကဲ့သို့ ဖြစ်နေပြီး သူသည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ လုံးဝဝင်ရောက်နိုင်ခြင်းမရှိခြင်းပင်။

“ညီလေး... မင်း အာကာသအက်ကွဲကြောင်းရဲ့ အခြားတစ်ဖက်မှာ ဘာရှိလဲဆိုတာကို ပြောပြလို့ရမလား...”

ထိုအခိုက်တွင် ဆွဲဆောင်မှုရှိသောအသံတစ်ခုက ရဲရှင်းဟွေ့၏နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ရဲရှင်းဟွေ့ နောက်သို့လှည့်ကြည့်လိုက်ရာ ခန္ဓာကိုယ်အပြည့်အစုံရှိသော အနီရောင်ပိတ်ပါးလွှာဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့မြင်ခဲ့ရသည်။ ပတ်ဝန်းကျင်အာကာသ မည်သို့ပိတ်ဆို့ခြင်းခံရသည်ကို သူမသိသော်လည်း ၎င်းမှာ ထိုအမျိုးသမီးနှင့် သေချာပေါက်သက်ဆိုင်ပေလိမ့်မည်။

ရဲရှင်းဟွေ့သည် ထိုအမျိုးသမီးကိုကြည့်ကာ “ခင်ဗျား ဘယ်သူလဲ...” ဟုမေးလိုက်၏။

“ဟဲဟဲဟဲ... အစ်မနာမည်က မုန်ကျိပါ... ပြီးတော့ အစ်မက နတ်ဘုရားတစ်ပါးပဲ...”

“ချစ်စရာကြက်လေး...” (T/N - နာမည်ကိုအနီးစပ်ဆုံးဘာသာပြန်လိုက်ရင် အဲဒီအဓိပ္ပာယ်ထွက်ပါတယ်...)

မုန်ကျိ: “…”

“ဒါက မုန်ကျိ...”

စကားပြောနေရင်း အနီရောင်အနီမြူခိုးတစ်ခု မုန်ကျိ၏လက်ထဲတွင်ပေါ်ပေါက်လာပြီး ရဲရှင်းဟွေ့ထံသို့ တိုးဝင်သွားကာ သူ့ကိုဦးစွာချုပ်နှောင်ရန် ရည်ရွယ်လိုက်၏။

“ကျစ်...” ရဲရှင်းဟွေ့က ကျိန်ဆဲလိုက်ပြီးနောက် သူ၏ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သစ်သားဓားတစ်ချောင်း ပေါ်ပေါက်လာခဲ့သည်။

“ကြက်လေး... ဓားကိုကြည့်...”

ဓားထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် မုန်ကျိသည် ဒူးထောက်လိုက်ပြီး ရဲရှင်းဟွေ့၏ရှေ့တွင်လျှောတိုက်သွားကာ အလွန်လှပသောအမူအရာဖြင့် သူ၏လက်များဖြင့်ဓားကိုလက်ခံရန် ပြင်ဆင်လိုက်၏။

မုန်ကျိ: “…”

မုန်ကျိသည် အလွန်ရှုပ်ထွေးနေပြီး ဘာတွေဖြစ်နေသည်ကို သူမနားမလည်ခဲ့ပေ။

သူမသည် ထူးခြားဆန်းကြယ်သောစွမ်းအားရှိသော နတ်စစ်သူကြီး၏ လက်အောက်ငယ်သားတစ်ဦးပင်။ မကြာသေးမီက ဤဧရိယာတွင် အာကာသလှုပ်ရှားမှုများ မကြာခဏဖြစ်ပွားခဲ့ရာ နတ်စစ်သူကြီးက သူမကို ဘာတွေဖြစ်နေသည်ကို ကြည့်ရှုရန် လာရောက်ခိုင်းခဲ့သည်။ သူမရောက်သည်နှင့် သူမသည် ရဲရှင်းဟွေ့ အာကာသအက်ကွဲကြောင်းတစ်ခုမှ ပျံထွက်လာသည်ကို တွေ့မြင်ခဲ့ရ၏။ ရဲရှင်းဟွေ့က ထွက်ပြေးလွတ်မြောက်ရန် အာကာသတံခါးတစ်ခုဖွင့်ရန်စီစဉ်နေသည်ကိုမြင်သောအခါ သူမသည် ရဲရှင်းဟွေ့အနီးရှိအာကာသကို ပိတ်ဆို့လိုက်ရာ သူသည် သူ၏အာကာသအမျိုးအစားစွမ်းရည်များကို အသုံးမပြုနိုင်တော့ချေ။

...

မုန်ကျိသည် သူမ၏ရှေ့မှအားနည်းသူက ထိုသို့ထူးဆန်းသောစွမ်းရည်များ ရှိနိုင်သည်ဟု မမျှော်လင့်ထားခဲ့ပေ။

“စောင့်ပါဦး... ဒါက... ဥပဒေသစွမ်းအားလား...”

သူမအပေါ်တွင် သက်ရောက်နေသောစွမ်းအားမှာ အလွန်မသန်မာသော်လည်း မုန်ကျိသည် ၎င်းမှာ အမှန်တကယ်ပင် ဥပဒေသစွမ်းအားဖြစ်ကြောင်းကို သေချာနေ၏။ သို့သော်လည်း သူမသည် အံ့ဩရုံသာဖြစ်၏။ သူမသည် ထိုအားနည်းသော ဥပဒေသစွမ်းအားကို ချိုးဖျက်နိုင်မည်ဟု ယုံကြည်၏။ အနီရောင်မြူခိုးများ မုန်ကျိ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံ့နှံ့လာပြီး သူမသည် လျင်မြန်စွာ မြေပြင်မှထရပ်လိုက်၏။

ရဲရှင်းဟွေ့သည် သူ၏အစ်ကိုကြီးပြီးနောက် သူ၏တိုက်ကွက်ကိုမကြောက်သော ဒုတိယလူတစ်ယောက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုသို့စဉ်းစားရင်း သူသည် သူ၏ဓားကို တစ်ဖန်ပြန်ဝှေ့ယမ်းလိုက်ပြီး “ကြက်လေး... ဓားကိုကြည့်...” ဟုဆိုလိုက်၏။

သူမ၏ခန္ဓာကိုယ်မှ ဥပဒေသစွမ်းအားကို ခုလေးတင်မှထုတ်ပယ်ခဲ့သော မုန်ကျိသည် မြေပြင်ပေါ်သို့ တစ်ဖန်ပြန်ဒူးထောက်လိုက်၏။ ထိုမြင်ကွင်းကိုမြင်သောအခါ ရဲရှင်းဟွေ့သည် ထိုအမျိုးသမီးမှာ သူ၏အစ်ကိုကြီးနှင့် မတူညီကြောင်းကို သိရှိလိုက်၏။ သူ၏အစ်ကိုကြီးမှာ သူ၏ကိုယ်ပိုင်စွမ်းရည်များကို တိုက်ရိုက်ပိတ်ဆို့ခဲ့သည်။ သူသာ ချောင်းမြောင်းတိုက်ခိုက်မှုမပြုလုပ်ပါက သူ၏ထိန်းချုပ်မှုစွမ်းရည်များမှာ အခြေခံအားဖြင့် အသုံးမဝင်ပေ။ သို့သော်... ထိုအမျိုးသမီးမှာ သူ၏စွမ်းအားကို အတင်းအကျပ်ထုတ်ပယ်ရပေမည်။

မုန်ကျိ တစ်ဖန်ပြန်ထရပ်သည်ကိုမြင်သောအခါ ရဲရှင်းဟွေ့သည် သူ၏ဓားကို တစ်ဖန်ပြန်ဝှေ့ယမ်းလိုက်၏။

“ကြက်လေး... ဓားကိုကြည့်...”

“ကြက်လေး... ဓားကိုကြည့်...”

“ကြက်လေး... ဓားကိုကြည့်...”

...

"ချစ်စရာကြက်လေး" ဟုခေါ်သောအမျိုးသမီး ထရပ်သရွေ့ ရဲရှင်းဟွေ့သည် သူ၏ဓားကို ဝှေ့ယမ်းပေလိမ့်မည်။ တစ်ဒါဇင်ကြိမ်အကြာတွင် ထိုအမျိုးသမီးသည် နောက်ဆုံးတွင် လှုပ်ရှားခြင်းရပ်တန့်သွား၏။ ရဲရှင်းဟွေ့သည်လည်း သူ၏အတွင်း၌ အနည်းငယ် စိတ်တိုစပြုနေပြီ။

“ကောင်လေး... ငါ့ကိုအခုလွှတ်ပေး...။ ငါမင်းမှတ်ဉာဏ်ကို ရှာဖွေပြီးရင် ထွက်သွားမယ်...။ မင်းသာ ငါနဲ့အချိန်ဆက်ဖြုန်းနေရင်... ငါ့အဖော်တွေလာတဲ့အခါမှာ မင်းသေလိမ့်မယ်...”

ထိုအခိုက်တွင် မုန်ကျိ၏ခြိမ်းခြောက်စကားများ ရဲရှင်းဟွေ့၏နားထဲသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် မုန်ကျိ၏ပုံရိပ်မှာ ယခင်ကကဲ့သို့ ဆွဲဆောင်မှုမရှိတော့ဘဲ သူမသည် အနည်းငယ်အရှက်ရနေဟန်တူသည်။ သူမဝတ်ဆင်ထားသော ပိတ်ပါးလွှာဝတ်စုံမှာ အကြိမ်တစ်ဒါဇင်ခန့် နောက်ပြန်ရှေ့ပြန်ဒူးထောက်ခြင်းကြောင့် ညစ်ပတ်နေလေပြီ။ သူမသည် အလွန်လျင်မြန်စွာ ဒူးထောက်ထရပ်သောကြောင့် သူမ၏ဆံပင်မှာလည်း အလွန်ရှုပ်ပွနေခဲ့၏။ သူမ၏လက်ရှိအသွင်အပြင်မှာ အရှက်ရဖွယ်ကောင်းသော်ငြားလည်း သူမ၏ခြိမ်းခြောက်မှုမှာ အမှန်တကယ်ပင် အလွန်ယုတ္တိတန်လေသည်...။ ရဲရှင်းဟွေ့သည်လည်း သူသည် ထိုအတိုင်းဆက်လက်မသွားနိုင်တော့ကြောင်းကို ခံစားမိလိုက်သည်။

ထို့ကြောင့် သူသည်... သူ၏တိုက်ကွက်ကို ပြောင်းလဲရန် စီစဉ်လိုက်၏။

“ခြေနင်းပစ်ချက်...”

မူလက မုန်ကျိသည် ရဲရှင်းဟွေ့မှာ ဖျောင်းဖျခြင်းခံလိုက်ရပြီဟု ထင်မှတ်ခဲ့သော်လည်း သူမမျှော်လင့်မထားခဲ့သည်မှာ အခြားဥပဒေသစွမ်းအားတစ်ခု သူမ၏ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်လာပြီးနောက်... ရဲရှင်းဟွေ့သည် သူမ၏ရင်ဘတ်ကို ခြေတစ်ဖက်ဖြင့် နင်းလိုက်ခြင်းပင်။

မုန်ကျိ: “…”

မုန်ကျိသည်... ရဲရှင်းဟွေ့ ရပ်တန့်ရခြင်း၏အကြောင်းရင်းမှာ သူသည် အလျှော့ပေးလိုသောကြောင့်မဟုတ်ဘဲ သူသည် တိုက်ကွက်ပြောင်းလဲလိုရုံသာဖြစ်ကြောင်းကို မျှော်လင့်မထားခဲ့ပေ။

ရဲရှင်းဟွေ့က သူ၏လက်ညှိုးကို သူမထံသို့ညွှန်ပြပြီးနောက် သူ၏ပါးစပ်ဖြင့် "ဒိုင်းညွန့်... ဒိုင်းညွန့်... ဒိုင်းညွန့်..." အသံများပြုလုပ်သည်ကိုမြင်သောအခါ အနက်ရောင်မျဉ်းတစ်ကြောင်း မုန်ကျိ၏နဖူးပေါ်တွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။

...

ရဲရှင်းဟွေ့သည် သဘာဝကျစွာပင် မုန်ကျိ၏အတွေးများကို လျစ်လျူရှုလိုက်၏။ သူ၏ဦးနှောက်တွင် လက်ရှိတွင် စကားလုံးနှစ်လုံးသာရှိသည် - "အရမ်းနူးညံ့တာပဲ...”

လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းကဲ့သို့ပင် မုန်ကျိသည် ထိုစွမ်းရည်ကိုလည်း အလွန်လျင်မြန်စွာ ချိုးဖျက်ခဲ့၏။ သို့သော်လည်း သူ့ကိုယ်သူ ငြီးငွေ့ခြင်းမခံစားရစေရန်အတွက် ရဲရှင်းဟွေ့သည် ခြေနင်းပစ်ချက်ကို တစ်ကြိမ်အသုံးပြုပြီးနောက် ဓားဖမ်းဆုပ်ခြင်းကို တစ်ကြိမ်အသုံးပြုကာ ထို့နောက် ခြေနင်းပစ်ချက်၊ ထို့နောက် ဓားဖမ်းဆုပ်ခြင်း...

ရဲရှင်းဟွေ့မှာ ငြီးငွေ့ခြင်းမရှိသော်လည်း မုန်ကျိမှာတော့...။

ရဲရှင်းဟွေ့သည် မုန်ကျိကိုထိန်းချုပ်ရင်း သူ၏ 'တီဗီလေး' ကို ထုတ်ယူရန်စဉ်းစားနေခဲ့၏။ လက်ရှိတွင် သူအပေါ်မှ အာကာသပိတ်ဆို့မှုမှာ မရုပ်သိမ်းရသေးပေ။ ရဲရှင်းဟွေ့သည် မူလက အာကာသပိတ်ဆို့မှုမှာ အချိန်အကန့်အသတ်ရှိသင့်ပြီး အလွန်ကြာရှည်ခံမည်မဟုတ်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင် ထိုအာကာသပိတ်ဆို့မှုမှာ ခဏတာမျှ ရုပ်သိမ်းမည်မဟုတ်ဟု ထင်ရ၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်သူကယ်တင်ရန်နည်းလမ်းအတွက်မူကား... ထင်ရှားစွာပင် ၎င်းမှာ လှည့်စားခြင်းဖြင့်ပင်။

'တီဗီလေး' သည် သူ၏ခန္ဓာကိုယ်မှ ပျံထွက်လာသောအခါ ရဲရှင်းဟွေ့သည် ၎င်းကိုတစ်ချက်လှမ်းကြည့်လိုက်ရာ ထိုတစ်ချက်ကြည့်ခြင်းက ရဲရှင်းဟွေ့၏မျက်ဆံများကို တိုက်ရိုက်ကျယ်ပြန့်သွားစေပြီး သူ၏အသက်ရှူနှုန်းမှာ လျင်မြန်လာခဲ့သည်။

ဘာကြောင့်လဲ...။ အကြောင်းမှာ ရဲရှင်းဟွေ့မြင်တွေ့ခဲ့သောအရာမှာ... Dragon Ball Z ဖြစ်သောကြောင့်ပင်။

အကယ်၍ ၎င်းမှာ Dragon Ball ၏ ပထမစီးရီးသာဖြစ်ခဲ့ပါက ရဲရှင်းဟွေ့သည် ထိုမျှစိတ်လှုပ်ရှားမည်မဟုတ်ပေ၊ သို့သော် Dragon Ball Z တွင် ဖရီဇာ arc မှစတင်ကာ စွမ်းအားအဆင့်များမှာ ကြယ်များကိုပင် ဖျက်ဆီးနိုင်လုနီးပါးဖြစ်နေပြီ။

All Chapters