ကြောက်မက်ဖွယ် ပြာခွက်
Vol. 13 Ch. 182
“ကယ်ပါ... ကယ်ကြပါ...”
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား၏ ရုံးခန်းထဲတွင် ခန္ဓာကိုယ်အထက်ပိုင်းသာ ကျန်တော့သည့် အမျိုးသမီးတစ်ဦးက အသက်ကယ်ပါရန် အကူအညီတောင်းခံနေ၏။
အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားမှာတော့... ဖုန်းတစ်လုံးထုတ်ကာ app တစ်ခုကိုနှိပ်ရင်း ဗီဒီယိုစတင်ရိုက်ကူးနေတော့သည်။
သူမက အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား ဘာလုပ်နေမှန်း မသိသော်လည်း... တစ်နည်းမဟုတ်တစ်နည်းတော့ စော်ကားခံလိုက်ရသလို ခံစားလိုက်မိသည်။
'ခွေးမသား... ငါက ဒုက္ခရောက်နေမှတော့... တစ်ယောက်ယောက်ကို ငါနဲ့အတူတူ ဆွဲချသွားရမှာပေါ့...'
ထိုသို့စဉ်းစားရင်း ထိုအမျိုးသမီးက လက်တစ်ဖက်ကိုဆန့်တန်းလိုက်ရာ သူမ၏လက်ထဲတွင် ဆံထိုးတစ်ချောင်းပေါ်ပေါက်လာပြီး အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရား၏ဦးခေါင်းဆီသို့ တည့်တည့်ပစ်လွှတ်လိုက်၏။
ဗီဒီယိုရိုက်ကူးပြီးစီးသွားသော အရာအားလုံးကိုသိမြင်နိုင်သောနတ်ဘုရားက ထိုအမျိုးသမီးထံမှလာသော မကောင်းစိတ်ကို ခံစားမိလိုက်သည်။ သူက ‘ဟမ့်’ ခနဲ နှာမှုတ်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုအမျိုးသမီး၏ တည်ရှိမှုတစ်ခုလုံး လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့တော့သည်။
...
တစ်ဖက်တွင်တော့ အမျိုးသမီး၏ အထက်ပိုင်းခန္ဓာကိုယ် ပျောက်ကွယ်သွားပုံကို ရဲရှင်းဟွေ့ စဉ်းစားနေစဉ်မှာပင် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းပါ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြန်သည်။
“ကျစ်... ဘာတွေဖြစ်နေတာလဲ... ဖြစ်နိုင်တာက ငါ့နတ်စွမ်းအားကို ငါကိုယ်တိုင်ပဲ အသက်သွင်းလိုက်မိတာလား...”
ထိုသို့စဉ်းစားရင်း ရဲရှင်းဟွေ့က ညာဘက်မျက်လုံးကိုဖွင့်ကာ မြေပြင်ပေါ်မှကျောက်တုံးတစ်တုံးကို စိုက်ကြည့်လိုက်သည်။
သူ မျက်လုံးများကို စူးစိုက်လိုက်သောအခါ အနက်ရောင်ဝဲဂယက်တစ်ခု ကျောက်တုံးပတ်လည်တွင် ပေါ်ပေါက်လာပြီး ၎င်းကိုဝဲဂယက်ထဲသို့ တိုက်ရိုက်စုပ်ယူသွားခဲ့၏။
“ကျစ်... ဒါ စိတ်ဝင်စားဖို့ကောင်းတာပဲ... ကြည့်ရတာတော့ ငါနောက်တစ်ခါ အမှိုက်ထုတ်ဖို့ အောက်ထပ်ဆင်းစရာမလိုတော့ဘူး...”
၎င်းမှာ အမှန်တကယ်နတ်စွမ်းအားဖြစ်စေ မဖြစ်စေ ရဲရှင်းဟွေ့ကတော့ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို အန္တရာယ်ပြုကာ စမ်းသပ်ကြည့်မည်မဟုတ်။ သူ၏ပထမဆုံးအတွေးမှာ ထိုစွမ်းရည်ကို မည်သို့အသုံးချရမည်ဟူ၍သာ ဖြစ်၏။ သဘာဝကျစွာပင်... ထိုစွမ်းရည်မှာ အမှိုက်များကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အကောင်းဆုံးရွေးချယ်မှုပင်တည်း။ ရဲရှင်းဟွေ့အတွက်တော့ ရန်သူများဆိုတာကလည်း အမှိုက်များပင် မဟုတ်လော။
...
ထို့နောက်တွင် ရဲရှင်းဟွေ့က သူ၏မျက်လုံးများ၏ စွမ်းရည်သစ်များကို အဆက်မပြတ်အသုံးပြုကာ အမျိုးမျိုးသောစုပ်ယူမှုစမ်းသပ်မှုများ ပြုလုပ်နေတော့သည်။ သစ်ပင်များ၊ ကျောက်တုံးများ၊ မြေကြီး၊ အမည်မသိသတ္တဝါများ၏ မစင်များပင်... အရာမျိုးစုံမှာ ရဲရှင်းဟွေ့၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
ရဲရှင်းဟွေ့ ပျော်ရွှင်နေစဉ်မှာပင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦး သူ့အထက်ဆီသို့ ဆင်းသက်လာခဲ့သည်။ ထိုလူငယ်၏မျက်နှာမှာ လောကကိုငြီးငွေ့နေဟန်ရှိပြီး သူ၏လက်ထဲတွင် ရွှေရောင်လေးရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ့ဘေးတွင် အစစ်အမှန်မဟုတ်သောပုံရိပ်တစ်ခု ရပ်နေခဲ့၏။ ထိုပုံရိပ်မှာ ရဲရှင်းဟွေ့ ယခင်ကသတ်ဖြတ်ခဲ့သော "ချစ်စရာကြက်လေး" ပင်တည်း။
“သခင်ယီ... အဲ့ဒါ အဲ့ဒီလူပဲ... သူက အဲ့ဒီအာကာသအက်ကွဲကြောင်းကနေ ထွက်လာတာ...”
ယီဟုအမည်ရသော ထိုလူက ရဲရှင်းဟွေ့ကို သေသေချာချာကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်မှကျိုးပဲ့နေသောမြားများကို သတိပြုမိလိုက်သည်။ သူက နောက်ဆုံးတွင် ပြုံးလိုက်ပြီး “မင်းက ငါ့မြားကိုတားဆီးနိုင်တယ်... ဒါက မင်း ကြည့်ရသလောက် အားမနည်းဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...” ဟုဆိုလိုက်၏။
ရဲရှင်းဟွေ့ကလည်း ထိုအထူးပြုလုပ်ချက်များမှာ မသန်မာသော်ငြား ယီဟုအမည်ရသော ထိုလူမှာမူ ဇာတ်ကောင်စရိုက်နှင့်ပြည့်စုံနေကြောင်းကို သတိပြုမိလိုက်သည်။
ရဲရှင်းဟွေ့က ယီကိုကြည့်ကာ စိတ်မချမ်းမြေ့သောလေသံဖြင့် “မင်းက စောစောက အဲ့ဒီမြားကိုပစ်လွှတ်ခဲ့တာလား...” ဟုမေးလိုက်၏။
“ဟုတ်တယ်...”
နတ်စစ်သူကြီးယီက ထိုစကားကို မငြင်း။ သူငြင်းစရာလည်း မလိုပေ။ အကြောင်းမှာ ထိုကမ္ဘာတွင် သူ့ထက်သန်မာသောသူ အနည်းငယ်သာရှိသောကြောင့်ပင်။
စကားပြောနေရင်း သူက လက်ထဲမှလေးရှည်ကိုလည်း ဆွဲလိုက်၏။ လေးရှည်ကို အပြည့်ဆွဲလိုက်သောအခါ မြားတစ်စင်းက လေးကြိုးပေါ်တွင် ရုတ်တရက်ပေါ်ပေါက်လာသည်။
ထိုကောင်က တိုက်ခိုက်လိုသေးသည်ကိုမြင်သောအခါ ရဲရှင်းဟွေ့ပတ်လည်တွင် ပုန်းကွယ်နေခဲ့သော ရွှေရောင်အရှိန်အဝါမှာ တစ်ဖန်ပြန်ပေါက်ကွဲထွက်လာခဲ့၏။
ရဲရှင်းဟွေ့ လှုပ်ရှားရန်ပြင်စဉ်မှာပင် နောက်ထပ်မြားတစ်စင်း အာကာသကိုဖောက်ထွက်ကာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ ရဲရှင်းဟွေ့က သူသည် ထိုမြားကို သူကိုယ်တိုင်ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်းကို သိ၏။
သူမရှောင်တိမ်းနိုင်မှတော့ ၎င်းကိုပျောက်ကွယ်သွားအောင် လုပ်ပစ်ရုံသာရှိသည်။
ထိုသို့စဉ်းစားရင်း ရဲရှင်းဟွေ့က မြားကိုစိုက်ကြည့်လိုက်ရာ မြားမှာ အနက်ရောင်ဝဲဂယက်၏ မျိုချခြင်းကိုခံလိုက်ရပြီး လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့၏။ မျက်စိရှေ့မှောက်၌ အရာအားလုံးကိုမြင်တွေ့နေရသည့် နတ်စစ်သူကြီးယီ၏ ဂရုမစိုက်ဟန်ပန်မှာ ရုတ်ခြည်း တည်ငြိမ်သွားတော့၏။
သူ၏မြားများမှာ အာကာသကိုဖောက်ထွက်နိုင်စွမ်းရှိပြီး မည်သည့်အာကာသအမျိုးအစားစွမ်းရည်မဆို သူ၏မြားများရှေ့တွင် အသုံးမဝင်ပေ။ သို့သော်... ခုလေးတင်က အာကာသစွမ်းရည်နှင့်တူသော အနက်ရောင်ဝဲဂယက်က သူ၏မြားကို မျိုချသွားသည်။
“ဒါက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ... ကြည့်ရတာတော့ အာကာသအက်ကွဲကြောင်းရဲ့ အခြားတစ်ဖက်ကလည်း အစွမ်းထက်တဲ့သတ္တဝါတွေရှိတဲ့ကမ္ဘာဖြစ်ရမယ်...”
စကားပြောနေရင်း နတ်စစ်သူကြီးယီက လက်တစ်ဖက်မြှောက်ကာ ရဲရှင်းဟွေ့၏ တိုက်ခိုက်လာသောလက်သီးကို တားဆီးလိုက်သည်။
“စွမ်းအားက ကောင်းတယ်... ဒါပေမဲ့...”
ထိုသို့ပြောပြီးနောက် သူ၏လေးရှည်၏ ဘေးနှစ်ဖက်မှာ ရွှေရောင်နဂါးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရဲရှင်းဟွေ့၏ လက်မောင်းများနှင့် လည်ပင်းကို တိုက်ရိုက်ကိုက်ခဲလိုက်၏။ ရဲရှင်းဟွေ့က နောက်သို့ရွေ့လျားခဲ့သော်လည်း အခြားတစ်ဖက်၏လက်က သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားနှင့်ပြီ။
သူဆုတ်ခွာနိုင်မည်မဟုတ်ကြောင်း သိလိုက်သောအခါ ရဲရှင်းဟွေ့က သူ၏ညာဘက်မျက်လုံး၏စွမ်းရည်ကို တစ်ဖန်ပြန်အသုံးပြုလိုက်၏။
နတ်စစ်သူကြီးယီက ရဲရှင်းဟွေ့၏ညာဘက်မျက်လုံးကိုမြင်သောအခါ သူ၏ဦးရေပြားမှာ ချက်ချင်းပင် ထုံကျင်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အလိုအလျောက်ပင် ဘေးသို့ရှောင်တိမ်းသွားခဲ့သည်။ သူ၏ပုံရိပ်မှာ အကြိမ်များစွာ လင်းလက်သွားပြီးနောက် သူသည် ရဲရှင်းဟွေ့ထံမှ မီတာတစ်သောင်းအကွာတွင် ရောက်ရှိနေလေပြီ။
“ဘာကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးတွေလဲ...။ ဒါတွေက ဘာတွေလဲ... ဘာလို့ငါက အဲ့ဒီထဲမှာ ဘုရားတစ်ပါးကို မြင်နေရတာလဲ...”
သူသည် နတ်စစ်သူကြီးတစ်ဦးဖြစ်သော်ငြားလည်း သူခုလေးတင်မှ မြင်တွေ့ခဲ့ရသော သံကြိုးများဖြင့်ချည်နှောင်ထားသည့် ထိုခန္ဓာကိုယ်၏ပုံရိပ်နှင့်ရင်ဆိုင်ရသောအခါ သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ ယခုအခါတွင် နတ်စစ်သူကြီးယီက ရဲရှင်းဟွေ့နှင့် ရဲရှင်းဟွေ့၏နောက်ကွယ်မှကမ္ဘာအပေါ်တွင် လုံးဝစိတ်ဝင်စားမှုတစ်စုံတစ်ရာမရှိတော့ပေ။ သူသည် စိတ်ဝင်စားမှုမရှိခြင်းမဟုတ်ဘဲ လုံးဝစိတ်ဝင်စားရန် မဝံ့ရဲခြင်းသာ။
...
အခြားတစ်ဖက် ဆုတ်ခွာသွားစဉ် ရဲရှင်းဟွေ့က သူ၏ညာဘက်မျက်လုံး၏စွမ်းရည်ကို ပိတ်တော့မည်အပြုတွင် သူ၎င်းကိုမပိတ်မီမှာပင် အနက်ရောင်ဝဲဂယက်မှ တစ်စုံတစ်ခုပျံထွက်လာခဲ့၏။
၎င်းမှာ ဖန်ပြာခွက်တစ်ခုဖြစ်ပြီး ၎င်းထဲတွင် ဆေးလိပ်ပြာအချို့ ကျန်ရှိနေသေးသည်။
ပြာခွက်မှာ အလွန်လျင်မြန်စွာ ပျံထွက်လာပြီး ၎င်း၏ပစ်မှတ်မှာ ရဲရှင်းဟွေ့၏ ရုပ်ချောသောမျက်နှာပင်။
“ချီး...”
ရဲရှင်းဟွေ့က ကျိန်ဆဲလိုက်ပြီး လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
သူ အလွန်လျင်မြန်စွာ ရှောင်တိမ်းခဲ့သော်လည်း ပြာခွက်မှာ ပို၍လျင်မြန်လေသည်။ နောက်ဆုံးတွင် ပြာခွက်က ရဲရှင်းဟွေ့၏ပါးကိုပွတ်တိုက်သွားပြီး သွေးအနည်းငယ်ကျစေခဲ့၏။ ပြာခွက်က ရဲရှင်းဟွေ့၏ပါးကို ပွတ်တိုက်သွားပြီးနောက် အောက်ဘက်မှတောအုပ်ကို ထိမှန်သွားခဲ့သည်။
“ဘုန်း...”
ကျယ်လောင်သောအသံတစ်သံသာ ထွက်ပေါ်လာပြီး အောက်ဘက်မှတောအုပ်မှာ ဥက္ကာခဲဖြင့်ထိမှန်ဘိသကဲ့သို့ ဖြစ်သွားခဲ့၏။ ပြာခွက်ကိုဗဟိုပြု၍ မီတာထောင်ပေါင်းများစွာအချင်းဝက်မှာ ချက်ချင်းပင် မြေလှန်ခြင်းခံလိုက်ရသည်။ ထိုမိုးထိအောင်မြင့်မားသောသစ်ပင်များမှာမူ... ၎င်းတို့အားလုံးမှာ အမှိုက်များအဖြစ်သို့ လျော့ကျသွားခဲ့၏။ မြေပြန့်၏အလယ်တွင် ကြီးမားသော စက်ဝိုင်းပုံတွင်းကြီးတစ်ခု ရှိနေခဲ့သည်။ လေလှိုင်းများက လှုပ်ခတ်သွားပြီး လေထဲတွင်ပျံဝဲနေသော ရဲရှင်းဟွေ့နှင့် နတ်စစ်သူကြီးယီ နှစ်ဦးစလုံးထံသို့ ပြေးဝင်သွားခဲ့သည်။
အရာအားလုံးငြိမ်သက်သွားသောအခါ ရဲရှင်းဟွေ့ရော နတ်စစ်သူကြီးယီပါ အောက်ဘက်မှမြင်ကွင်းကိုကြည့်ကာ အနည်းငယ်မှင်တက်သွားကြ၏။
နတ်စစ်သူကြီးယီက အောက်ဘက်မှပျက်စီးမှုကို ဘာကြောင့်ဖြစ်ပေါ်စေသည်ကိုမသိသော်လည်း ရဲရှင်းဟွေ့ကတော့ သိသည်။
'အဲ့ဒါဘာလဲ... ဒါက ပြာခွက်နဲ့တူတယ်... ပြီးတော့... အဲ့ဒီထဲမှာ ဆေးလိပ်တိုတွေနဲ့ ပြာတွေရှိနေတယ်...'
နတ်စစ်သူကြီးယီက ဝေဟင်အလယ်မှ ရဲရှင်းဟွေ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လှည့်ကာ ထွက်ပြေးသွားခဲ့၏။
ရဲရှင်းဟွေ့မှာမူ... ပြာခွက်ကိုရှာဖွေရန် အောက်ဘက်မှကြီးမားသောတွင်းထဲသို့ ပျံသန်းသွားခဲ့သည်။ နောက်ဆုံးတွင် ၎င်းမှာ သူ၏ကိုယ်ပိုင်စွမ်းရည်မှ ပျံထွက်လာခဲ့သည်ဖြစ်ရာ သူ၏ပိုင်ဆိုင်မှုဖြစ်ရပေမည်။ ၎င်းမှာ ထိုမျှကြီးမားသောဖျက်ဆီးစွမ်းအားကို ဖြစ်ပေါ်စေနိုင်ပါက သာမန်အရာတစ်ခု မဖြစ်သင့်ပေ။
“ဒီလောက်အံ့ဩဖွယ်ကောင်းတဲ့အရာ...။ ဒါက ပြာခွက်နဲ့တူရုံပဲ ဖြစ်နိုင်တယ်...။ ဖြစ်နိုင်တာက ဒါက တစ်မျိုးမျိုး ရှေးဟောင်းပစ္စည်းပဲ...”
ရဲရှင်းဟွေ့သည် နက်ရှိုင်းသောတွင်းထဲတွင် ပြာခွက်၏တည်နေရာကိုရှာဖွေရင်း တီးတိုးရေရွတ်နေမိသည်။
ခုလေးတင်က ပြာခွက်သည် အနက်ရောင်ဝဲဂယက်မှ ပျံထွက်လာပြီးနောက် ရဲရှင်းဟွေ့က သူ၏မျက်လုံးများ၏စွမ်းအားမှာ ခဏတာမျှ အသုံးမဝင်တော့မည်ဖြစ်ကြောင်းကို ခံစားမိလိုက်သည်။ ၎င်း၏စွမ်းအင်ကုန်ဆုံးသွားပြီး ပြန်လည်အားသွင်းရန်လိုအပ်သကဲ့သို့ပင်။
ရဲရှင်းဟွေ့သည် တစ်နာရီကျော်မျှ ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် အပေါက်၏အလယ်ဗဟိုရှိ အနက်ဆုံးနေရာတွင် ပြာခွက်ကို ရှာဖွေတွေ့ရှိခဲ့၏။
ပြာခွက်ကို သူ၏လက်ထဲတွင် ကိုင်ဆောင်ရင်း ရဲရှင်းဟွေ့က ၎င်းမှာ အမှန်တကယ်တွင် ပြာခွက်တစ်ခုမျှသာဖြစ်ကြောင်းကို ဝန်ခံရပေမည်