← Chapters

ရက်စက်သည့်မြို့စားမင်း

Vol. 3 Ch. 7

ရက်စက်သည့်မြို့စားမင်း

Vol. 3 Ch. 7

ကြွယ်ယန်တို့ကိုခေါ်လာသည့်လူသုံးယောက်ထဲမှတစ်ယောက်၏သွားများက သိသိသာသာရှေ့ထွက်နေပြီး ထိုလူ၏အမည်က ပေါက်ခေါဆိုသူဖြစ်ပေမည်။

စံအိမ်ရှေ့မှလူ၏မေးခွန်းကြောင့် ပေါက်ခေါ၏မျက်နှာအနည်းငယ်တင်းမာသွားပြီး မကျေမနပ်ပုံစံဖြင့်ပြောလိုက်သည်။

“ ငါ့နာမည်က ရှင်းယန်ပါကွ....”

သူကပြန်၍ချေပလိုက်သော်လည်းဘေးဘက်ရှိလူများကပါ တခွိခွိရယ်မောလိုက်ကြ၍ ပေါက်ခေါက ဆက်မပြောတော့ဘဲ ကြွယ်ယန်တို့ကိုညွန်ပြ၍ပြောလိုက်သည်။

“ ဒါက ရှောင်လင်ကျောင်းတော်ကလာတဲ့အဝေးရောက်သိုင်းသမားတွေပဲ ။။သူတို့က သူဌေးနဲ့တွေးဖို့လာတာ ဝေးဝေးသွားစမ်း....”

ပေါက်ခေါက အကွက်ကြုံလာ၍ သူ့ကိုလှောင်ပြောင်သည့်လူအားဖိနှိပ်လိုက်သည်။

“ အဟမ်း....ကျုပ်တို့ကို အဖြူရောင်သစ္စာညီနောင်လို့ခေါ်လို့ရပါတယ်....”

အရေးထဲအရာပေါ်ဆိုသလို ဝင်၍ပြောဆိုလိုက်သည့်ကြွယ်ယန့်ကြောင့် စံအိမ်ရှေ့မှလူနှစ်ယောက်လည်းအံ့ဩအားသင့်သွားပြီးမှ အလျှင်အမြန်လမ်းဖယ်ပေးလိုက်ကြသည်။

ထို့နောက် ကြွယ်ယန်တို့နှင့်အတူပါလာသည့်သုံးယောက်ထဲမှ နှစ်ယောက် စံအိမ်ရှေ့တွင်ကျန်ခဲ့ကာ ပေါက်ခေါက သူတို့ကိုဆက်၍ခေါ်ဆောင်သွားလေသည်။

ရှောင်လင်အဝေးရောက်ဂိုဏ်းသားများဖြစ်‌ကြောင်းသိသည်နှင့် တစ်ဖက်လူများ၏ပြောင်းလဲသွားသည့်အမူအယာများကို သဘောအကျကြီးကျနေသည့်ကြွယ်ယန်က အနည်းငယ်မြောက်ကြွကြွဖြစ်နေပြီး ကြွယ်စင်းကား ဘေးဘီကိုအကဲခပ်ရင်းတိတ်ဆိတ်စွာလိုက်ပါလာသည်။

ထို့နောက် စံအိမ်၏ဧည့်ခန်းမကိုကျော်ဖြတ်ကာ အတွင်းဘက်အခန်းငယ်တစ်ခုအတွင်းသို့ဝင်ရောက်လာကြပြီးမှ ပေါက်ခေါက လေးလေးစားစားအမူအယာဖြင့်ပြောလိုက်သည်။

“ သခင်လေးတို့ ဒီမှာစောင့်နေကြပါဦး ကျုပ် သူဌေးကိုအမြန်ဆုံးအကြောင်းကြားလိုက်ပါ့မယ်.....”

ထို့နောက် ပေါက်ခေါကလျှင်မြန်စွာထွက်ခွာသွားပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကား အခန်းထဲတွင်ကျန်ရစ်ခဲ့တော့သည်။

သူတို့ရောက်ရှိနေသည့်အခန်းက များစွာကျယ်ဝန်းခြင်းမရှိသော်လည်း သားနားသပ်ရပ်ပြီး နံရံတွင် နာမည်ကြီးပန်းချီကားအချို့ပင်ချိတ်ဆွဲထားသေးသည် ။

အခန်းတွင်းရှိပရိဘောဂများကလည်း အကောင်းစားသစ်သားဖြင့်ပြုလုပ်ထားသည့်လက်ရာမြောက်ပစ္စည်းများသာဖြစ်ပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း အသင့်ရှိနေသည့်စားပွဲဝိုင်းတွင်ထိုင်လိုက်ကြသည်။

“ ဟေ့ ကြွယ်စင်း ငါတို့ကို အဝေးရောက်သိုင်းသမားတွေဆိုပြီးသိတာနဲ့ ဟိုလူတွေဘယ်လောက်အံဩသွားကြတယ်ဆိုတာမြင်လား ။

ပထမတုန်းကတော့ အထင်သေးအမြင်သေးနဲ့ ပြီးတော့ကျ သူတို့မျက်နှာကြီးတွေပြောင်းသွားတာ တကယ်ရယ်စရာကောင်းတယ်...”

ကြွယ်ယန်က အစောပိုင်းကအဖြစ်အပျက်များကိုပြန်၍စားမြုံ့ပြန်လိုက်သည်။

သူ၏စကားကိုခွန်းတုံမပြန်သည့်ကြွယ်စင်းကြောင့် ကြွယ်ယန်လည်းမျက်နှာရှုံ့မဲ့လိုက်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေလိုက်သည်။

အချိန်များစွာမစောင့်လိုက်ရဘဲ အခန်းတွင်းသို့သက်လက်ပိုင်းလူကြီးတစ်‌ယောက်ဝင်ရောက်လာသည်ပြီး သူနှင့်အတူထိပ်တန်းအဆင့်သိုငိးသမားနှစ်ယောက်လည်းပါဝင်သည်။

မျက်လုံးပြူးပြူးနှာတံပေါ်ပေါ်နှင့်ထိုလူကြီး၏ရုပ်သွင်က များစွာခန့်ညားခြင်းမရှိသော်လည်း တည်ကြည်ပြီး စူးရှသည့်မျက်လုံးများက လူအများကိုရှိန်စေနိုင်မည့် အရှိန်အဝါတစ်ခုရှိသည် ။

သူ၏ကိုယ်ပေါ်တွင် ပျော့ပြောင်းသည့်ကတ္တီပါဝတ်စုံဝတ်စုံကိုဝတ်ဆင်ထားကာ လက်နှစ်ဖက်တွင်လည်း တန်ဖိုးကြီးလက်စွပ်လေးငါးကွင်းကိုစွပ်ထားသေးသည်။

ထိုလူကြီး၏သွင်ပြင်က တစ်ချက်ကြည့်ရုံနှင့် ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်မှန်းသိနိုင်ပြီး သူတို့တွေ့ဆုံလိုသည့်သူဌေးချင်ဆိုသူလည်းဖြစ်ဟန်တူသည် ။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း ထိုလူကြီးကိုမြင်သည်နှင့် ထရပ်ကြသည် ။

“ ဒီကသခင်လေးနှစ်ယောက်က ဟူလွန်နဲ့ဟူပင်းကိုကယ်တင်ခဲ့တဲ့သူရဲကောင်းတွေများလား.....”

ရောက်မဆိုက်ဆိုသလို သူတို့ကိုအရိုအသေပေး၍ပြောလိုက်သည့်သူ‌ဌေးချင်၏စကားကြောင့် ကြွယ်စင်းတို့လည်းတစ်‌ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြွယ်စင်းကပြောလိုက်သည်။

“ အမှန်ပါပဲ ...လမ်းမှာ သူတို့နှစ်ယောက်ဒုက္ခရောက်နေတာကိုမြင်လို့ ကျုပ်တို့က ဝင်ရောက်ကယ်တင်ခဲ့တာပါ။

ပြီးတော့ သူတို့က ကောင်းကောင်းမွန်မွန်ရှိကြောင်း ခင်ဗျားဆီကိုသတင်းစကားပါးခိုင်းလိုက်လို့ပါ....”

ကြွယ်ယန်ပေါက်ကရဝင်ပြောမည်စိုး၍ ကြွယ်စင်းက ဦးစွာဝင်ပြောလိုက်ခြင်းဖြစ်ပြီး သူ၏စကား‌အဆုံး၌ သူ‌ဌေးချင်ကခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီး သူ၏နောက်ဘက်ရှိသိုင်းသမားနှစ်ယောက်ကိုလက်ပြလိုက်သည်။

ထိုအခါ ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်က အခန်းပြင်သို့အလိုက်တသိထွက်သွားကြပြီး အခန်းတံခါးကိုပင်ပြန်ပိတ်ပေးလိုက်ကြသည်။

သူဌေးချင်၏အပြုအမူကြောင့် ကြွယ်ယန်တို့လည်း တစ်စုံတစ်ခုထူးခြားနေသည်ကိုရိပ်စားမိလိုက်စဉ် သူဌေးချင်က သူတို့ကို အကြိမ်ကြိမ်အရိုအသေပေးကာ ဝမ်းမြောက်ဝမ်းသာဖြစ်သည့်လေသံဖြင့်ပြောလိုပ်သည်။

“ ကျေးဇူးတင်ပါတယ် သူရဲကောင်းလေးတို့....ကျုပ်ရဲ့တူလေးနဲ့တူမလေးကိုကယ်တင်ပေးခဲ့တာကို ဘယ်လိုကျေးဇူးတင်လို့တင်ရမှန်းမသိပါဘူး.....”

သူဌေးချင်၏လှိုက်လှိုက်လှဲလှဲရှိလှသည့်ပုံစံကြောင့် ကြွယ်ယန်ပင်အနေရခက်သွားကာ ခေါင်းယမ်း၍ပြောလိုက်သည်။

“ ဒါတွေမလိုပါဘူး ကျုပ်တို့က အမှန်တရားဘက်တော်သားတွေမဟုတ်လား... ကိုယ့်ရှေ့မှာ မတရားတာကိုမြင်ရင် ဘယ်လိုလုပ်ရပ်ကြည့်နေနိုင်ပါ့မလဲ .....”

ဖြောင့်မက်မှန်ကန်သည့်အဖြူရောင်သိုင်းသမားတစ်ယောက်၏ဟန်ဖမ်း၍ဝင့်ကြွားစွာပြောလိုက်သည့်ကြွယ်ယန်၏စကားကြောင့် သူဌေးချင်၏အမူအယာကလေးစားအားကျသည့်ပုံစံဖြစ်သွားသည်။

ထို့နောက် သူတို့သုံးယောက်က စားပွဲခုံတွင်ပြန်ထိုင်လိုက်ကြရင်းမှ အာလာပသာလာပ စကားအနည်းငယ်ပြောဆိုလိုက်ကာ သူဌေးချင်းက အနည်းငယ်တွန့်ဆုတ်သည့်ဟန်ဖြင့်မေးလိုက်သည်။

“ ဒါနဲ့ သူရဲကောင်းလေးတို့ ကျုပ်တူလေးတွေကိုကယ်တင်တုန်းက အပြာရောင်ဝတ်စုံကိုဆင်တူဝတ်ထားတဲ့သိုင်းသမားတွေနဲ့တိုက်ခိုက်ခဲ့ရသေးလား....”

သူဌေးချင်၏ပုံစံကအနည်းငယ်ထူးခြားနေပြီး အနည်းငယ်ကြောက်ရွံ့နေဟန်တူ၍ ကြွယ်ယန်ကပြုံး၍ပြောလိုက်သည်။

“ သူတို့ကို စိတ်ပူနေစရာမလိုဘူးသူဌေး...ကျုပ်နဲ့ကြွယ်စင်းတို့ ကောင်းကောင်းဆုံးမလိုက်ပြီ ။ နောက်တစ်ကြိမ်သူတို့ကျုပ်ရှေ့ကိုပေါ်မလာရဲတော့ဘူး....”

ကြွယ်ယန်၏လေးနက်သည့်အမူအယာကြောင့် သူဌေးချင်က ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး ကျေနပ်အားရသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။

“ ‌သူရဲ‌ကောင်းလေးတို့က ရှောင်လင်ကျောင်းတော်ကအဝေးရောက်သိုင်းသမားတွေဆိုတာ ကျုပ်သိပြီးပါပြီ။

ဒါကြောင့်လည်း အဲဒီခွေးကောင်တွေကို ဆုံးမနိုင်တာပေါ့....ကျုပ်တို့ပြည်သူတွေကတော့ သူတို့နိုင်ကျင့်သမျှငြိမ်ခံလာရတာ ဘယ်လောက်တောင်ကြာနေပြီဆိုတာမသိတော့ပါဘူး....”

သူ‌ဌေးချင်၏မျက်နှာက ခံပြင်းဒေါသထွက်နေဟန်တူပြီး သူ၏စကားကြောင့် ကြွယ်ယန်နှငိ့ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်လိုက်မိကာ ကြွယ်ယန်ကသိလိုစိတ်ဖြင့်မေးလိုက်သည်။

“ ကျုပ်တို့လည်း ဟိုနှစ်ယောက်ဆီက ဒီမြို့ရဲ့မြို့စားဘယ်လောက်ယုတ်မာကောက်ကျစ်တယ်ဆိုတာ အနည်းအကျဉ်းတော့သိထားပြီးပါပြီ။ ဒါပေမယ့် ကျုပ်တို့ အစုံအလင်သိရအောင် ပြောပြပေးလို့ရမလား .....”

ကြွယ်ယန်၏မေးခွန်းကြောင့် သူဌေးချင်မှာ ငိုချင်လျက်လက်တို့ဆိုသလိုဖြစ်သွားပြီး မြို့စားနှင့်ပတ်သတ်သည့်မကောင်းသတင်းများကိုအချိန်အနည်းငယ်ကြာအောင် ထိုင်ပြောနေတော့သည်။

သူ၏စကားများကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင် တစ်ကြိမ်မှမမြင်ဖူးသည့်မြိူ့စားဆိုသူကို ဒေါသထွက်မိပြီး ကြွယ်စင်းက ရုတ်တရက်ဖြတ်မေးလိုက်သည်။

“ ဒါနဲ့ သူကအခုလောက်ရမ်းကားယုတ်မာနေတာ မြို့သူမြို့သားတွေက တိုင်တာတောတာတွေမလုပ်ကြဘူးလား....ပြီးတော့ ခင်ဗျားဆီမှာလည်း သိုင်းပညာအဆင့်မြင့်တဲ့လက်အောက်ငယ်သားတွေရှိတယ်မလား သူတို့ရှိနေတာတောင် ဘာလို့ မြို့စားရဲ့အနိုင်ကျင့်မှုတွေကို ခေါင်းငုံ့‌ခံနေတာလဲ....”

ကြွယ်စင်း၏မေးခွန်းကြောင့် သူဌေးချင်၏မျက်နှာကအနည်းငယ်ပြောင်းလဲသွားပြီး သက်ပြင်းတစ်ချက်ချကာ ညိုးငယ်သည့်လေသံဖြင့်ဆိုလိုက်သည်။

“ သူရဲကောင်းလေးတို့ပြောတာလညါးဟုတ်ပါတယ်။ ဒါ‌ပေမယ့် ချီမော့ဆိုတဲ့ကောင်က ယုတ်မာရက်စက်သလောက်ဉာဏ်လည်းများသေးတယ်။

အပြစ်လုပ်တော့မယ်ဆိုရင် သိသာထင်ရှားတဲ့မြို့စောင့်တပ်ကိုမသုံးဘဲ သူ့စံအိမ်ကသိုင်းသမားတွေကိုပဲစေခိုင်းလေ့ရှိတယ်။

ပြီးတော့ သူက မကောင်းမှုတွေပေါင်းစုံကိုနောက်ကွယ်ကနေကြိုးကိုင်ထားပေမယ့် ဘယ်တော့မှလူလုံးထွက်မပြဘူး ။

သူ့ရဲ့စံအိမ်မှာက သိုင်းပညာအဆင့်မြင့်တဲ့ သိုင်းသမားတွေအတော်များများရှိပြီး သူတို့ရဲ့ခေါင်းဆောင်ဆိုရင် အဆင့်လွန်ထိပ်သီးတစ်ယောက်‌ပဲ။ သခင်လေးတို့ဆုံးမခဲ့တဲ့အင်အားက သူ့စံအိမ်ကသိုင်းသမားစုစုပေါင်းရဲ့တစ်ဝက်‌တောင်မရှိဘူး ။

ဒါကြောင့် ကျုပ်လည်း ကျုပ်ရဲ့လုံခြုံရေးအတွက် သိုင်းသမားတွေကိုငှားရမ်းထားတာပါ .....”

ထိုစကားကြောင့် ကြွယ်စင်းလည်းဘာမှဆက်မပေးတော့ဘဲ ခေါင်းညိမ့်လိုက်မိသည်။

အကြောင်းကားသူဌေးချင်၏စံအိမ်တွင်သူတို့မြင်ခဲ့ရသည်က ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်နှင့် အဆင့်မြင့်သိုင်းသမားငါးယောက်သာရှိပြီးထိုအင်အားကသူတိူဘနှင့်တိုက်ခိုက်ခဲ့သူများထက်ပင်ပို၍အင်အားနည်းနေသေးသည် ။

ကြွယ်စင်း၏မျက်နှာကိုအကဲခပ်နေသည့် ကြွယ်ယန်က ရုတ်တရင်ကောက်ကာငင်ကာဖြင့်ထပြောလိုက်သည်။

“ ဟုတ်ပြီ....ဒါဆိုရင် ကျူပ်တို့ ဒီမြို့မှာနေတုန်း အဲဒီမြို့စားကို ဆုံးမပေးခဲ့မယ်....”

ကြွယ်ယန့်ထံမှထင်မှတ်မထားသည့်စကားကိုကြားလိုက်ရသည့်အတွက် သူဌေးချင်၏မျက်နှာက ဝင်းလက်သွားပြီး ပျော်ရွှင်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ကျုပ်လည်း သူရဲကောင်းလေးတို့ကို အကူအညီတောင်းချင်နေတာပါ ။ ဒါပေမယ့် သူရဲကောင်းလေးတို့ဒုက္ခများမှာစိုးတဲ့အတွက်....”

သူဌေးချင်၏အားတုံ့အားနာဖြစ်သည့်ပုံစံကြောင့် ကြွယ်ယန်က လက်ဝေ့ယမ်းကာပြောလိုက်သည်။

“ ဘာမှစိုးရိမ်‌မနေနဲ့ ကျုပ်တို့က သူတို့ကိုသေချာပေါက်ဆုံးမပေးမယ်။ ဟုတ်တယ်မလားကြွယ်စင်း.....”

ကြွယ်ယန်က ကြွယ်စင်း၏သဘောတူညီမှုကို တောင်းခံလိုက်သည်။။

သူ၏တက်ကြွနေသည့်ပုံစံနှင့် သူဌေးချင်၏မျှော်လင့်တကြီးအမူအယာတို့ကြောင့် ကြွယ်စင်းလည်းသက်ပြင်းတစ်ချက်ချကော ခေါင်းညိမ့်ပြလိုက်သည်။

“ ကောင်းပြီလေ....”

All Chapters