← Chapters

အရေးမလှသည့်တိုက်ပွဲ

Vol. 3 Ch. 11

အရေးမလှသည့်တိုက်ပွဲ

Vol. 3 Ch. 11

ရှောင်ယောင်၏လက်သီးချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာက အနည်းငယ်တင်းမာသွားသည် ။

အစမှအဆူံးအထိသူက ရှောင်ယောင့်ကိုဖမ်းဆီးကာ တံဆိပ်ပြားနှစ်ခုကိုအရယူရန်ကြံစည်ထားသော်လည်းသိုင်းပညာထိက်တန်းအဆသ့်သာရှိသေးသည့်ရှောင်ယောင်ကအံ့ဩဖွယိကောင်းလောက်အောင်အရှောင်အတိမ်းကျွမ်းကျင်လှသည့်အပြင် ကိုယ်ဖော့ပညာတွင်လည်း ထိပ်တန်းအဆင့်ရှိနေပေသည် ။

ထိုလူငယ်ကိုဖမ်းဆီးနိုင်ရန်အချိန်အနည်းငယ်အားထုတ်ပြီးနောက်မှလက်ရဖမ်းမိခါနီးတွင် ရှောင်ယောင်က သူ့ကိုအလစ်တိုက်ခိုက်လိုက်သညိ့အတွက် နောက်ဆုတ်ပေးခဲ့ရခြင်းဖြစ်သည် ။

ထို့ကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ခံစားချက်ကင်းမဲ့သည့်မျက်နှာထက်တွင်ပင် ဒေါသထွက်သည့်အရိပ်အယောင်များပေါ်လာပြီး အေးစက်စက်အသံဖြင့်ကြုံးဝါးလိုက်သည်။။

“ သေစမ်း....”

ထိုလူက စကားတစ်ခွန်းမှမဆိုတော့ဘဲ ရှောင်ယောင့်ထဲသို့လှစ်ခနဲတိုးဝင်လာကာ သူ၏လက်ဝါးနှစ်ဖက်က လွန်စွာပြင်းထန်သည့်အရှိန်အဟုန်ဖြင့်တိုးဝင်လာတော့သည်။

တစ်ဖက်လူက ဒေါသထွက်နေပြီး အမှန်အကန်တိုက်ခိုက်တော့မည်ဖြစ်မှန်းရိပ်စားမိလိုက်၍ ရှောင်‌ယောင်လည်း တန်ပြန်တိုက်ခိုက်ရန် မစဉ်းစားဝံ့ဘဲ လက်ဝါးနှစ်ဖက်ကိုသုံးကာ တစ်ကိုယ်လုံးပတ်ပတ်လည်ကာကွယ်ထားလိုက်ရသည်။

အကယ်၍ သူ၏လက်ရှိအဆင့်ဖြင့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦးကိုထိတ်တိုက်ရင်ဆိုင်ပါက ကိုယ့်သေတွင်းကိုယ်တူးသည့်သဘောဖြစ်သွားမည်ဖြစ်ကာ ရှောင်ယောင်၏ဆုံးဖြတ်ချက်ကမှန်ကန်သည်ဟုဆိုရမည် ။

“ ဝုန်း....”

“ ဝုန်း....”

ကြောက်မက်ဖွယ်ပေါက်ကွဲသံများက ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေပြီး ဖျင်ကြမ်းဝတ်စုံဝတ်လူ၏တိုက်ကွက်များက မုန်တိုင်းကျသလိုပြင်းထန်လှ၏။

လေကိုခွင်း၍ဝင်ရောက်လာသည့် ထိုလူ၏လက်ဝါးတိုက်ကွက်များက လွန်စွာကြောက်မက်ဖွယ်ကောင်းလှကာ ရှောင်ယောင်၏နေရာတွင် သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးဆိုလျှင် သိုင်းဆယ်ကွက်အတွင်းကျိန်းသေပေါက်ရှုံးနိမ့်သွားပေမည်။

ယခု ရှောင်လင်၏နာမည်ကျော် ရွှေခေါင်းလောင်းကျင့်စဉ်ကိုသုံးကာ တစ်ကိုယ်လုံးကာကွယ်ထားသည့်ရှောင်ယောင်ကား ဖျက်ဆီးရန်ခက်ခဲသည့်ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးနှင့်တူနေပြီး ဖျင်ကြမ်းဝတ်စုံဝတ်လူမှာ တန်ပြန်အားအင်ကြောင့် တစ်ချက်တစ်ချက်နောက်ဆုတ်ပေးနေရသေးသည်။

တစ်ဖက်လူ၏ကြောက်မက်ဖွယ်တိုက်ကွက်များကို ‌ခုခံမှူသာပြုလုပ်နေရသည့်ရှောင်ယောင့်အနေဖြင့်လည်းမသက်သာဘဲ ရန်သူ၏တိုက်ကွက်နှင့်ထိတ်တိုက်တွေ့ဆုံတိုင်း သူ၏ရင်ဘက်ထဲတွင်အောင့်တက်သွားသည်သာဖြစ်သည်။

အတွင်းအားချင်းယှဉ်လျှင် ထိပ်တန်းအဆင့်သာရှိသေးသည့်သူ၏အတွင်းအားက ပြိုင်ဘက်၏အတွင်းအားထက် ထက်ဝက်ကျော်နိမ့်ကျနေပြီး အပြင်အားလမ်းစဉ်ကိုပါလေ့ကျင့်ထားခြင်းကြောင့်သာယခုလိုခုခံနိုင်ခြင်းဖြစ်ပေသည် ။

သို့တိုင် တိုက်ကွက်ချင်းထိတ်တိုက်‌တွေ့တိုင်း ဝင်ရောက်လာတတ်သည့်ပြင်းထန်သည့်အတွင်းအားလှိူင်းများကြောငိ့ ရှောင်ယောင်၏ခန္တာကိူယ်တစ်ခုလုံးတုန်ယင်သွားကာ အတွင်းဒဏ်ရာအနည်းငယ်ပင်ရရှိနေပြီဖြစ်သည်။

“ ဒီအတိုင်းဆက်သွားနေရင်မဖြစ်တော့ဘူး....”

လည်ချောင်းဝသို့ဆန်တက်လာသည့် ချိုမြမြသွေးများကို ပြန်၍မျိုချရင်း ရှောင်ယောင်၏ စိတ်ထဲတွင်ကြိတ်၍တွေးတောလိုက်မိခြင်းဖြစ်၏ ။

သူတို့နှစ်ဦး၏တိုက်ပွဲက သိုင်းကွက်တစ်ရာမပြည့်မီ အနိုင်အရှုံးကဆုံးဖြတ်ပြီးဖြစ်ကာ ရှောင်ယောင်ကား သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦး၏ပြိုင်ဘက်လုံးဝဟုတ်မနေပေ။

ကျွမ်းကျင်အဆင့်သို့ရောက်ရှိပြီးဖြစ်သည့်သူ၏ရွှေခေါင်း‌လောင်းကျင့်စဉ်ကြောင့်သာမဟုတ်ပါကသိုင်းကွက်ငါးဆယ်အတွင်းကျန်းသေပေါက်ရှုံးနိမ့်သွားမည်ဖြစ်ပြီး ယခုပုံစံအတိုင်းသာဆက်သွားပါက နောက်ထပ်သိုင်းကွက်သုံးဆယ်ပင်ခုခံနိုင်တော့မည်မဟုတ်ပေ။

တစ်ဖက်တွင်ဖျင်ကြမ်းဝတ်စုံဝတ်လူလည်း ဖမ်းရခတ်သည့်ငါးရှဉ့်တစ်ကောင်လို လျှင်မြန်သွက်လက်လှပြီး ခေါင်းလောင်းတစ်လုံးလို ဖြိုခွဲရန်မဖြစ်နိုင်သည့်ရှောင်ယောင်၏ခံစစ်ကြောင့် အတော်လေးအံ့အားသင့်နေမိသည်။

သို့သော် လက်ရှိအခြေအနေက သူ့အသာစီးလုံးဝရနေပြီး ရှောင်ယောင်ထွက်မပြေးနိုင်ရန်ကိုဂရုတစိုက်တိုက်ခိုက်နေရသည် ။

ထို့ကြောင့် ရှောင်ယောင်လည်း ပြိုင်ဘက်ကိုအနိုင်ယူရန်လည်းမဖြစ်နိုင် ခုခံရန်လည်းမဖြစ်နိုင်တော့ဘဲ နောက်ဆုံး ထွက်ပြေးလွတ်မြောက်ရန်ပါ မဖြစ်နိုင်သည့်အခြေအနေသို့ရောက်ရှိနေပေသည်။

ယခုတိုက်ပွဲက ရှောင်ယောင်တိုက်ခဲ့သမျှတိုက်ပွဲများထဲတွင် အခက်ခဲဆုံးဟုဆိုရမည်ဖြစ်ပြီး သိုင်းအဆင့်များစွာကွာခြားလှသည့်ပြိုင်ဘက်ကြောင့် လုံးဝအောက်စည်းသို့ရောက်ရှိနေပေသည်။

ထိုအခြေအနေကိုဖောက်ထွက်နိုင်ရန်စွန့်စားမှဖြစ်နိုင်မည်ဖြစ်ပြီး ရှောင်ယောင်လည်းသူ၏အတွေးအတိုင်း ချက်ခြင်းလှုပ်ရှားလိုက်သည်။

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်ဝါးက ရှောင်ယောင်၏ပခုံးဆီသို့တိုးဝင်လာစဉ် ရှောင်ယောင်လည်း ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ပခုံးကိုအတွင်းအားပို့လွှတ်၍အံကြိတ်ကာ ထိတ်တိုက်ခံဆောင်ပေးလိုက်သည် ။

“ ဝုန်း.....”

“ ဖူး...”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏လက်ဝါးရိုက်ချက်တွင်ပါဝင်သည့် ပြင်းထန်လှသည့်အတွင်းအားအရှိန်ကြောင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့်‌တိုင် ရှောင်ယောင်မှာ အတွင်းဒဏ်ရာရရှိသွားပြီး သွေးတစ်ပွတ်အန်ထုတ်လိုက်ရသည်။

သို့သော် သူ၏စိတ်ထဲတွင်ကြိုတင်စီစဉ်ထားသည့်အတိုင်း ပြိုင်ဘက်၏လက်ချက်ကြောင့် ‌နောက်သို့လွင့်မသွားစေရန် ခြေကိုမြဲမြဲရပ်ကာ ပါးစပ်ထဲတွင်ပြည့်တက်လာသည့်သွေးများကို ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာကို မှုတ်ထုတ်လိုက်သည် ။

“ ဟမ်....”

ရှောင်ယောင်၏ထူးဆန်းသည့်အပြုအမူကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူကအံ့အားသင့်သွားပြီး သူ၏မျက်လုံးများကိုအလျှင်အမြန်မှိတ်ထားလိုက်သည်။

ထိုစဉ် ရှောင်ယောင်က သူ၏အတွင်းအား ၊အပြင်အားကို အားကုန်စုကာ ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ရင်ဝသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

“ ဟူး.....”

နွားကောင်လုံးကိုပင်မွမွကြေသွားစေမည့်လက်သီးချက်က ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ရင်ဝသို့လျှင်မြန်စွာတိုးဝင်သွားသည်။

လူချင်းနီးကပ်နေသည့်အခြေအနေတွင် ရှောင်‌ယောင်၏ရှောင်လင်သံမဏိလက်သီးချက်က လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာပင်ကွက်ခနဲပျက်ယွင်းသွားသည်။

သို့သော် အတွေ့အကြံရင့်ဝါရင့်သိုင်းသမားတစ်ယောက်ဖြစ်သည့်အတိုင်း အရေးအကြောင်းကြုံလာလျှင် ကောင်းစွာဆုံးဖြတ်နိုင်ကာ ရှောင်ယောင့်နည်းတူ ခန္တာကိုယ်ကိုအနည်းငယ်တိမ်း‌စောင်း၍ သူ၏ရင်ဝသို့တိုးဝင်လာသည့်လက်သီးချက်ကိုခံဆောင်ပေးလိုက်သည်။

“ ဝုန်း....”

ရှောင်ယောင်၏လက်သီးချက်ကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ခန္တာကိုယ်ကအနည်းငယ်ယိမ်းယိုင်သွားပြီး သူ၏ပုံစံက အတွင်းဒဏ်ရာအနည်းငယ်ရရှိသွားဟန်တူသည် ။

သို့သော် သူ၏မျက်နှာက တစ်ချက်ကလေးမှ မဲ့မသွားဘဲ လက်နှစ်ဖက်က ရှောင်ယောင့်ဆီသို့ ရိပ်ခနဲပြေးဝင်သွားလေသည်။

တစ်ဖက်လူ၏ပြက်သားသည့်ဆုံးဖြတ်ချက်ကြောင့် ရှောင်ယောင်ပင်အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားစဉ် လက်ဝါးရိုက်ချက်များက လျှင်မြန်စွာတိုးဝင်လာ၍ သေလုမျောပါးရှောင်တိမ်းလိုက်ရသည်။

သို့သော် ထိုလူ၏တိုက်ကွက်များကလွန်စွာမြန်ဆန်လှ၍ အဖျားခတ်သွားသည့်လက်ဝါးရိုက်ချက်ကရှောင်ယောင့်ကိုနောက်ဘက်သို့လွင့်စင်သွားစေသည်။

“ ဝုန်း....”

ကျယ်လောင်သည့်မည်သံနှင့်အတူ ရှောင်ယောင်၏ခန္တာကိုယ်က အတော်ဝေးဝေးသို့ရောက်ရှိသွားပြီး မြေပြင်ပေါ်သို့ပြင်းစွာပြုတ်ကျသွားလေသည်။

“ ဝေါ့....”

အစောပိုင်းကပင်အတွင်းဒဏ်ရာရရှိထားသည့်ရှောင်ယောင်မှာ ရင်ဘက်တစ်ခုလုံးကျိုးကြေတော့မလိုခံစားလိုက်ရပြီး သွေးတစ်ပွတ်အန်ထုတ်လိုကိရသည်။

သူ၏အဖြူရောင်သိုင်းဝတ်စုံက သွေးများဖြင့်နီရဲနေပြီး ဖုန်များသဲများဖြင့်ညစ်ပေနေတော့သည်။။

သို့သော် ယခုတိုက်ပွဲက လက်ရည်စမ်းတိုက်ခိုက်ပွဲဟုတ်၍ တစ်ဖက်လူက သူပြန်ထသည်အထိစောင့်မည်မဟုတ်ဘဲ ရှောင်ယောင်လည်း လေတိုးသံသဲ့သဲ့ကြားသည်နှင့် နောက်သို့လူးလိမ့်ကာ ရှောင်‌တိမ်းလိုက်လေသည်။

“ ဝှစ်....”

ဖျင်ကြမ်းဝတ်စုံဝတ်၏လူ၏ဖမ်းဆုပ်မှုက လေထုကိုသာထိတွေ့သွားပြီး ရှောင်‌ယောင်၏ရှောင်တိမ်းမှုသာအချိန်အနည်းငယ်နောက်ကျသွားပါက ပြိုင်ဘက်၏လက်ထဲတွင် ကြက်ကလေးငှကိကလေးများသဖွယ်ဖမ်းမိသွားပေမည်။

ထို့နောက် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏တိုက်ကွက်များကဆက်လက်ကျရောက်မလာတော့ဘဲ နေရာတွင်ရပ်ကာ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

“ အခု တံဆိပ်ပြားနှစ်ခုကို ထုတ်ပေးမယ်ဆိုရင် မင်းရဲ့အသက်ကိုချမ်းသာပေးမယ်....”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏အေးစက်စက်စကားသံအ‌ဆုံးတွင် ရှောင်ယောင်လည်းယိုင်နဲ့နဲ့ဖြင့်ရပ်နေရင်းမှ ထူးဆန်းစွာပြုံးလိုက်သည်။

လက်ရှိသူ၏အခြေ‌အနေက လုံးဝကောင်းမွန်ခြင်းမရှိတော့ဘဲ ပြိုင်ဘက်၏လက်ချက်ကြောင့် ပြင်းထန်သည့်အတွင်းဒဏ်ရာရရှိထားရုံသာမက သူ၏တစ်ကိုယ်လုံးရှိအရိုးများကြေမွသဦးတော့မတတ်နာကျင်မှုကိုခံစားနေရသည် ။

ရွှေဝတ်ရုံလွှာကျင့်စဉ်ဖြင့် နေ့စဉ်လိုလိုအပြင်အားလေ့ကျင့်နေသည့်ရှောင်ယောင်အတွက် ထိုနာကျင်မှုက မပြောပလောက်သော်လည်း ပြိုင်ဘက်ကိုဆန့်ကျင်တိုက်ခိုက်ရန်အခွင့်အရေးမရှိခြင်းက သူ၏တိုက်ခိုက်လိုစိတ်ကိုပင် ပျောက်ဆုံးလုဆဲဆဲဖြစ်သွားစေခဲ့သည်။

တဖန် ပြိုင်ဘက်၏ကိုယ်ဖော့ပညာက သူ့ထက်သာလွန်နေပြန်ရာ ထွက်ပြေးရှောင်တိမ်းလျှင်ပင်မဖြစ်နိုင်ဘဲ လမ်းဆုံးသို့ရောက်ရှိနေပေသည်။

သို့သော် ရှောင်ယောင်က ထိုမျှလွယ်လွယ်လက်လျော့အရှုံးပေးတတ်သူတစ်ယောက်မဟုတ်ပေ။

“ ဟူး....ဒီတစ်နည်းပဲရှိတော့တာပေါ့....”

ရှောင်ယောင်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်ရင်းမှ နောက်သို့ချာခနဲလှည့်ကာ လျှင်မြန်စွာပြေးလွှားသွားလေသည်။

သူ၏အပြုအမူကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏အမူအယာက ပို၍ပင်အေးစက်လာပြီး ရှောင်ယောင့်ကို ‌ဒေါသထွက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ အချည်းနှီးရုန်းကန်မှုတွေလုပ်နေမယ်ဆိုရင် မင်းရဲ့အသက်ကိုငါအာမမခံတော့ဘူး....”

ထိုအခိုက် ဖျင်ကြမ်းဝတ်စုံ၏မျက်နှာက အံ့ဩတုန်လှုပ်သွားဟန်တူပြီး အလျှင်အမြန်အော်ဟစ်လိုက်သည်။

“ ရပ်လိုက်စမ်း.....”

ထိုလူ၏ဟန့်တားသံကိုမကြားသည့်အလား ရှောင်ယောင်က တဝုန်းဝုန်းအသံမြည်၍ စီးကျနေသည့်ရေတံခွန်ချောက်ထဲသို့ခုန်ချလိုက်ပြီး သူ၏တည်ငြိမ်သည့်အသံကအပေါ်တွင်ကျန်ရစ်ခဲ့သည်။

“ ကျုပ်ဆီက ခင်ဗျားလိုချင်တာရဖို့မမျှော်လင့်နဲ့....”

ရှောင်ယောင်၏စကားသံကို တဝုန်းဝုန်းအသံမြည်နေသည့်ရေစီးသံကဖုံးလွှမ်းသွားပြီးဖျင်ကြမ်းဝတ်စုံဝတ်လူလည်း အောက်ဘက်တွင် ခပ်ရေးရေးမြင်နေရသည့် ရေမှုန်ရေမွှားများတဖွားဖွားပေါ်ထွက်ရာ ချောင်းငယ်လေးကိုငုံ့ကြည့်ရင်း တောက်တစ်ချက်ခေါက်လိုက်သည် ။

ထို့နောက် သူ၏ခန္တာကိုယ်က ရေတံခွန်ထိပ်ပိုင်းမှ လျှင်မြန်စွာပျောက်ကွယ်သွားတော့သည် ။

-&&&&

All Chapters