ကံခါးပတ်ပိုးစာပင်
Vol. 3 Ch. 21
ကျယ်ဝန်းလှသည့်ခန်းမကြီးတစ်ခု
ခန်းမတစ်ခုလုံးတွင် နေရောင်ခြည်လုံးဝမရဘဲ အမှောင်ထုသာကြီးစိုးနေမည်ဟုထင်ချင်စရာရှိသော်ငြား နံရံနှင့်မျက်နှာကြက်များတွင်မြုပ်နှံထားသည့်ညလင်းပုလဲများကြောင့် နေ့ရောညပါ နေ့အလားထိန်ထိန်လင်းလျက်ရှိသည် ။
ခန်တစ််ခုလုံးကရှေးကျသည့်လက်ရာဖြင့်ခမ်းနားစွာပြင်ဆင်ထားခြင်းဖြစ်ပြီး များပြားလှသည့်ထိုင်ခုံများ ၊ နဂါးများရစ်ခွေနေသဏ္ဍာန်ပြုလုပ်ထားသည့်တိုင်လုံးကြီးများနှငိ့ အနုစိတ်ထွငိးထုထညးသည့်လက်ရာမြောက်အပြင်အဆင်များက ဘုရင့်ညီလာခံခန်းမတစ်ခုအလားပင်။
ခန်းမထိပ်ရှိကြီးမားသည့်ကျောက်နက်ပုလ္လင်ကြီးထက်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ထိုင်နေပြီး ချောမောခန့်ညားသည့်မျက်နှာနှင့် ကြံ့ခိုင်သန်မာသည့်ကိုယ်ဟန်တို့ကြောင့် မင်းသားတစ်ပါးဟုပင်ထင်ရသည် ။
သို့သော် မင်းသားလိုလူငယ်၏မျက်နှာက မှုန်မှိုင်းနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေဟန်တူကာ သူ၏ပါးစပ်မှလည်းတစ်စုံတစ်ခုကိုခပ်တိုးတိုးရေရွတ်နေသည်။
“ ဘယ်အချိန်မှ ဒီနေရာကြီးကထွက်နိုင်မှာပါလိမ့်....ဟူး....”
လူငယ်မှာ ညဉ်းတွားရင်းဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ယခုရက်ပိုင်းအတွင်း သူသက်ပြင်းချမိသည့်အကြိမ်အရေအတွက်က သူတစ်ဘဝလုံးသပ်ပြင်းချသည့်အကြိမ်ထက်ပင်ကျော်လွန်နေပြီဖြစ်ကာ ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာဖြင့်လမ်းပျောက်နေပေသည် ။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဤခန်းမကျယ်ကြီးကိုမြင်တွေ့လိုက်စဉ် သူ၏မျက်စေ့ထဲတွင်အမြင်မှားသည်ဟုပင်တွေးလိုက်မိခဲ့သေးသာိ။
အကြောင်းကားမြေအောက်ဖြစ်ဟန်တူသည့်ဤနေရာတွင် ယခုလိုကြီးကျယ်ခမ်းနားလှသည့်နေရာကြီးတစ်ခုတည်ရှိနေသည်ကိုယုံကြည်ရခက်လှပြီး နေရာအနှံ့စူးစမ်းပြီးမှယုံကြည်လက်ခံမိခြင်းဖြစ်သည်။
ဤနေရာတွင် ခမ်းနားကြီးကျယ်ပြီး ဆန်းကြယ်လှသည့်ဤခန်းမတစ်ခုသာရှိသည်မဟုတ်ဘဲ အခြားအခန်းများလည်းရှိနေသေးကာ ခန့်မှန်းခြေအခန်းပေါင်းနှစ်ဆယ်နီးပါးပင်ရှိပေမည်။
ထိုအခန်းများက ခန်းမကြီကိုဗဟိုပြု၍တည်ရှိနေခြင်းဖြစ်ပြီး သူဝင်ရောက်လာခဲ့သည့်ဥမင်လျှောက်လမ်းလည်းအပါအဝင်ဖြစ်ပေသည် ။
မှန်ပေသည်။။
ကျောက်နက်ပုလ္လင်ကြီးထက်၌ ဟန်ကျပန်ကျထိုင်နေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသူက ရေတံခွန်နောက်မှလျှို့ဝှက်နေရာတွင်ပိတ်မိသွားသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ဘဲ သူဤနေရာသို့ရောက်ရှိနေသည်ကတစ်ပတ်ခန့်ရှိပြီဖြစ်သည်။
ထိူအချိန်အတောအတွင်း သူရောက်နေသည့်နေရာကြီးတစ်ခုလုံးကိုနှံ့နှံ့စပ်စပ်စူးစမ်းခဲ့ပြီးဖြစ်ကာ အခန်းငယ်များမှာ တစ်ပုံစံထဲတူညီခြင်းမရှိဘဒ အချို့အခန်းများဆိုလျှင် အကျဉ်းခန်းပုံသဏ္ဍာန်ပင်ရှိပေသည်။
ထို့အပြင် သိုင်းပညာလေ့ကျင့်ဟန်တူသည့်အခန်းနှင့် စားသောက်သည့်အခန်းတို့လည်းရှိနေသေးပြီး ဤနေရာတစ်ခုလုံးက လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုနှင့်ပင်တူညီနေသေးသည်။
ထိုအထဲတွင် ရှောင်ယောင်ဖွင့်မရသည့်အခန်းသုံးလေးခုမှအပ ကျန်အခန်းများမှာ တံခါးမရှိဓားမရှိသည်အတိုင်းပွင့်လျက်ရှိနေပြီး ရှောင်ယောင်တစ်ယောက် တစ်ခန်းဝင်တစ်ခန်းထွက်စူးစမ်းခဲ့သည်မှာ နေ့တစ်ဝက်ပင်ကြာသေးသည်။
မူလက ပြင်ပသို့ထွက်နိုင်မည့်ထွက်ပေါက်ကိုရှာဖွေလိုခြင်းဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သည့်ဤနေရာကြီးက သူ၏စိတ်အာရုံကိုဆွဲဆောင်သွားမိပြီး စိတ်ပါဝင်စားစွာစူးစမ်းလေ့လာခဲ့ပေသည်။
နေအလင်းရောင်ကိုမမြင်ရဘဲ နေ့နှင့်ညခွဲမရသည့်ဤနေရာကြီးတွင် တစ်ပတ်ဆိုသည့်အချိန်က သူခန့်မှန်းခဲ့ခြင်းသာဖြစ်ပြီး ထို့ထက်ပိုနိုင်သလို ထို့ထက်လည်းလျော့ကျနိုင်ပေသာ် ။
မည်သို့ပင်ဖြစ်စေ ဤနေရာတွင်တစ်ပတ်နီးပါးနေထိုင်ခဲ့ပြီးနောက် ရှောင်ယောင်သိခဲ့ရသည့်အချက်တစ်ခုမှာ သူရောက်ရှိနေသည့်နေရာကြက အမှန်ပင်လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုဖြစ်နေပြီး လက်ရာခြေရာများကိုအကဲခပ်ရခြင်းဖြင့် နှစ်ရာနှင့်ချီ၍တည်ရှိခဲ့ကာ လူသူမရောက်သည်ကလညိး မည်မျှကြာသည်ကိုမသိရပေ။
သေချာသည့်အရာတစ်ခုက ယခုလိုခမ်းနားကြီးကျယ်လှသည့်နေရာကြီးတစ်ခုကိုတည်ဆောက်နိုင်သူများကမည်သည့်နည်းနှင့်မျှ သာမန်မဟုတ်ဘဲ သမိုင်းစာအုပ်များတွငိပင်မှတ်တမ်းတင်ခံရနိုင်သည်အထိ ကျော်ကြားမည့်ပုဂ္ဂိုလ်များဖြစ်ပေမည်် ။
ယခုနေရာကြီးက သိုင်းလောကအတွင်းရှိထိပ်တန်းအင်အားစုအများစု၏ဌာနချုပ်များထက်ပင်ပို၍ ကောင်းမွန်နေသေးပြီး အင်အားစုတစ်ခုတည်ဆောက်ရန်လွန်စွာသင့်လျော်သည့်နေရာပင်ဖြစ်တော့၏။
ထိုအကြောင်းကိုသာသိုင်းလောကထဲတွင်ပျံ့နှံ့သွားပါက ဤနေရာကိုရရှိပိုင်ဆိုင်နိုင်ရန် တိုက်ပွဲများပင်ဖြစ်ကြပေမည်။
ယခုအချိန်တွင်တော့ ရှောင်ယောင်တစ်ဦးသာ ဤနေရာကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီးသူ့အတွက်အသုံးမဝင်သလို အင်အားစုတစ်ခုထူထောင်ရန်စိတ်ကူးမရှိ၍ အသုံးကျခြင်းလည်းမရှိပေ။
ရှောင်ယောင်အဖြစ်က ရတနာတစ်ခုကိုကောက်ရပြီးမှ ဝါးမရမြိုမရဖြစ်နေသည့် သေခါနီးလူတစ်ယောက်ပမာ ယခုလိုထူးဆန်းလျှို့ဝှက်လှသည့်နေရာကြီးကိုရှာဖွေတွေ့ရှိသည့်တိုငိ ပြင်ပသို့မထွက်နိုင်ဘဲ အထဲတွင်သာ သေတပန်သက်တဆုံးနေရတော့မည့်ပုံရသည်။
ဤသို့ပြောရခြင်းကအကြောင်းမဲ့မဟုတ်ဘဲ ပြီးခဲ့သည့်တစ်ပတ်အတွင်းက ဤနေရာကြီးတစ်ခုလုံးကို ထောင့်တစ်နေရာပင်မကျန်လေ့လာခဲ့သော်လည်း အပြင်ထွက်နိုင်မည့်ထွက်ပေါက်ကိုရှာမတွေ့၍ဖြစ်သည်။။
ထို့ကြောင့်ပြင်ပသို့ထွက်နိုင်မည့်လမ်းက သူဖွင့်မရသည့်တံခါးလေးချပ်၏နောက်တွင်ရှိခြင်းဖြစ်မည်ဟုတွေးတောမိပြီး တစ်ချိန်လုံးထိုင်၍အကြံထုတ်နေခြင်းဖြစ်ပေသည်။
သူ၏နေရာတွင်အခြားလူများဆိုလျှင် စိတ်ဓာတ်ကျမှုကြောင့်မလုပ်ချင်မကိုင်ချင်ဖြစ်မိမည်ဖြစ်သော်လည်းစိတ်ဓာတ်ခိုင်မာလှသည့်ရှောင်ယောင်ကား မကောင်းသည့်အတွေးများဝင်လာလျှင်ပင်အလျှင်အမြန်ရှင်းထုတ်ပစ်တတ်သည်။
ရှောင်ယောင်သည်လည်း လူသားများထဲမှလူတစ်ဦးပင်ဖြစ်၍ မည်သည့်နည်းနှင့်မှထွက်လမ်းရှာမရဘဲ ယခုလို နည်းလမ်းကုန်နေသည့်အချိန်မျိုး၌ သူ့ထံတွင် စိတ်ပျက်အားလျော့သည့်စိတ်များပေါ်လာတတ်သော်ပေသည်။
ထိုအကြောင်းကိုတွေးမိလိုက်တိုင်းသူ၏စိတ်ထဲတွင်ပေါ်လာတတ်သည်က သူဂရုစိုက်ရသညိ့လူများ မပြီးပြက်သေးသည့်ကိစ္စများ၊ သူထားခဲ့သည့်ကတိများဖြစ်ပြီး ထိုကိစ္စများကိုလုပ်ဆောင်နိုင်ရန် ကျန်းသေပေါက်အပြင်ပြန်ထွက်မှဖြစ်ပေမည်။
ထိုနည်းတူ ရှောင်ယောင်၏စိတ်ထဲတွင်ယခုလိုဆန်းကြယ်လှသည့်လျှို့ဝှက်နေရာကြီးတစ်ခု၏ပဟေဠိကိုအဖြေညှိရန် ပို၍စိတ်အားထက်သန်လာပေသည် ။
“ ကိုင်း....စဉ်းစားတာတွေတော်လောက်ပြီ..အစားစားမှအားရှိမယ် ဒါမှ စိတ်အကြံကောင်းကောင်းထွက်မယ်...”
ရှောင်ယောင်လည်း တစ်ကိုယ်တည်းခပ်မြူးမြူးလေးတွေးလိုက်မိရင်း စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် ကျောက်နက်ပုလ္လင်ထက်မှပေါ့ပါးစွာခုန်ဆင်းကာ အခန်းတစ်ခုသို့ဦးတည်လာခဲ့ပေသည်။
ရှောင်ယောင့်အတွက် ယခုလိုထူးဆန်းသည့်နေရာကြီးတစ်ခုကိုရောက်ရှိနေသည့်တိုင်စိတ်ဓာတ်ပျက်ပြားခြင်းမရှိဘဲသိုင်းပညာလေ့ကျင့်ခြင်းကိုလည်းမပျက်ခဲ့ပေ။
သူ၏အချိန်အများစုကိုထွက်ပေါက်ရှာဖွေရာတွင်သုံးကာ စားသောက်ချိန်နှင့်အိပ်စက်ချိန်များမှအပတစ်ချိန်လုံးသိုင်းပညာလေ့ကျင့်နေခဲ့သည်။
ပြင်ကအနှောင့်အယှက်မရှိဘဲ သူတစ်ဦးသာရှိကာ အချိန်ပြည့်သိုင်းပညာလေ့ကျင့်နေနိုင်သည့်ယခုလိုနေရာမျိုး၌ ရှောင်ယောင်၏တိုးတင်မှုက ရှောင်လင်ကျောင်းတော်တွင်ရှိစဉ်နေ့များထက်တွင်ပင်ပို၍မြန်ဆန်ခဲ့ပြီး အသိသာဆုံးက သူ၏အတွင်းအားများဖြစ်သည်။
ထိပ်တန်းလွန်သိုင်းအဆင့်သို့ရောက်ရှိသွားသည့်ရှောင်ယောင်၏သိုင်းအဆင့်က ဟောင်ရန်တို့စီးတုယွမ်ချင်းတို့လို ပါရမီရှင်များထက်နိမ့်ကျနေသေးသော်လည်း လူငယ်မျိုးဆက်မှထူးချွန်သူတစ်ယောက်ဟုခေါ်ဆိုနိုင်ပြီဖြစ်သည် ။
တိုက်ပွဲစွမ်းအားအရာတွင်ကား အတွင်းအားအပြင်အားနှစ်ခုလုံးကိုလေ့ကျင့်သည့်ရှောင်ယောင့်အတွက် ထိပ်တန်းလွန်ဆင့်မရောက်မီက အစွမ်းထပ်ထိပ်သီးများကိုယှဉ်နိုင်ကာ ယခုဆိုလျှင် အစွမ်းထက်ထိပ်သီးများကိုအနိူင်ယူနိုင်သည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။
သူရင်ဆိုင်ဖူးသည့်ချူးကုနန်တို့ အန်းဒူတို့ကိုတစ်ဦးချင်းအနိုင်မယူနိုင်သေးသော်လည်း ရွှေခေါင်းလောင်းသိုင်းဖြင့်ဆိုပါက မရှုံးနိမ့်နိုင်ဟုသေချာပေသည်။
အန်းဒူကိုပင်တစ်ဦးထဲဖိနှိပ်နိုင်သည့်စီးတုယွမ်ချင်းဆိုလျှင်တော့ သူလည်းခုခံနိူင်ရန်မသေချာဘဲ ထိုအရှုပ်ထုပ်မလေးကိုအနိုင်ယူရန်ကြိူးကြိုးစားစားလေ့ကျင့်ရဦးမည်ဟုလည်းတွေးလိုက်မိ၏။
ရုတ်တရက် မွှေးကြိုင်သည့်ရနံ့တစ်ခုကိုရရှိလိုက်၍ ရှောင်ယောင်လည်း တစ်ဦးထဲတွေးတောရင်း သူဦးတည်လာသည့်အခန်းထဲသို့ရောက်ရှိနေပြီဖြစ်မှန်းသတိထားမိလိုက်သည် ။
ထိုအခန်းထဲ၌ ပေနှစ်ဆယ်ကျော်မြင့်မားပြီး လိုဏ်ဂူမျက်နှာကြက်သို့ပင်ထိလုမတတ်ကြီးမားလှသည့်သစ်ပင်ကြီးတစ်ပင်ရှိနေပေသည်။
အပင်ကြီး၏အကိုင်းအခက်များက ဝေဖြာနေသလို ပင်စည်နှင့်ကိုင်းလက်များတွင်လည်း ဆူးချွန်များပြည့်နေသည်။
အခန်းတစ်ခုလုံးက ပေသုံးဆယ်ပတ်လည်ကျယ်ဝန်းသော်လည်း သစ်ပင်ကြီး၏အကျယ်အဝန်းက အခန်းတစ်ခုလုံးကိုပြည့်နေသည့်ယခုပုံစံအတိုင်းသာဆက်သွားပါက အပင်၏ကြီးထွားမှုကို အခန်းကပင်အဟနိ့အတားဖြစ်စေနိုင်မည့်ပုံရသည် ။
သစ်ပင်ကြီး၏အောက်တွင် သစ်ရွက်ကြွေများကထူထပ်နေပြီး ကြွေကျနေသည့်သစ်သီးများလည်းအနှံ့အပြားရှိနေသည်။
အမြင်နှင့်ပင်မာကျောမှန်းသိသာစေသည့်ထိုသစ်ပင်ကြီးက သာမန်ဓားလှံများနှင့်ပင်ခုတ်ဖြတ်မရဘဲ ကိုင်းငယ်များသည်ပင်ထိုနည်းတူဖြစ်၏။
အခန်းထဲသို့ဝင်ဝင်ချင်းရလိုက်သည့်အမွှေးနံ့က ထိုသစ်ပင်ကြီးဆီမှာလာခြင်းဖြစ်ပြီး သစ်ပင်ကြီးပေါ်တွင်မူများပြားလှသည့်သစ်သီးများရှိနေကာ အသစ်များကလက်သီးဆုပ်ခန့်ကြီးမားပြီး လုံးဝန်းသည့် ခရမ်းရောင်ပုံသဏ္ဍာန်ရှိသည်။
ထိုသို့သောသစ်ပင်မျိုးက ပြင်ပကမ္ဘာတွင်မရှိနိုင်တော့ဘဲ လွန်စွာရှားပါးသည့်သစ်ပင်အမျိုးအစားဖြစ်ကာ စာအုပ်စာပေကိုစုံလင်စွာဖတ်ရှုဖူးသည့်ရှောင်ယောင်ပင် ထိုအပင်ကြီး၏အမည်ကိုအတော်လေးစဉ်းစားပြီးမှ အဓိပ္ပာယ်ဖော်နိုင်ခဲ့သည်။
ဒဏ္ဍာရီထဲတွင်သာတွေ့ရတတ်သည့်ထိုအပင်ကြီးကိုကံခါးပတ်ပိုးစာပင်ဟုခေါ်ပြီး ဖျက်ဆီးမရဟုကျော်ကြားပေသည်။
သံမဏိလိုမာကျောသည့်အကိုင်းအခတ်များက မည်သည့်နည်းနှင့်မျှဖျက်ဆီး၍မရသလိုရေနှင့်မီးဒဏ်ကိုပင်ခံနိုင်ရည်ရှိသည် ။
သစ်ပင်ကြီး၏အနှံ့အပြားရှိချွန်ထွက်နေသည့်စူးချွန်များက လွန်စွာပြင်းထန်သည့်အဆိပ်များတစ်ပါထဲပါရှိနေပြီး သွေးထွက်အောင်ခြစ်မိရုံဖြင့် သာမန်လူတစ်ယောက်ကိုတုံးခနဲလဲကျသေစေနိုင်သည်။
ရှောင်ယောင်ပင် ထိုဆူးချွန်များကိုကံကောင်းထောက်မ၍မစမ်းသပ်မိခဲ့ခြင်းဖြစ်ပြီး ထိုဆူးချွန်များနှင့်သာထိခိုက်ပါက သူမိဖူးသည့်ခြေသူံးလှမ်းမရဏအဆိပ်ထက်ပင်ပြင်းထန်သည့်အဆိပ်ဒဏ်ကြောင့် မပြန်လမ်းသို့ကြွမြန်းရပေမည်။
သို့သော် ကံခါးပတ်ပိုးစာပင်၏ထူးခြားချက်ကဤမျှမကသေးဘဲ သစ်ပင်ပေါ်ရှိခရမ်းရောင်သစ်သီးများက စားသောက်၍ရခြင်းဖြစ်ကာ ထောပတ်သီးနှင့်ဆင်တူသည့်အရသာရှိသည်။
မှန်ပေသည်။
ရှောင်ယောင့်အတွက် သေစေနိုင်သည့်စူးချွန်များပြည့်နေသည့်သစ်ပင်ထက်သို့တက်၍ခူးစရာမလိုဘဲ အောက်သို့ကြွေကျနေသည့်သစ်သီးများကိုသာ အသင့်စားရုံဖြစ်သည်။
သစ်သီးတစ်လုံးက လက်သီးဆုပ်ခန့်သာရှိသော်လည်း လွန်စွာချိုအီမွှေးပျံ့ပြီး ရှောင်ယောင်စားဖူးသမျှသစ်သီးများထဲ၌ အရသာအရှိဆုံးဖြစ်သည်။
ထူးခြားချက်တစ်ခုက သစ်ပင်ကြီးထက်၌ သစ်သီးပေါင်းရာနှင့်ချီ၍ရှိနေသော်လည်း တစ်ရက်လျှင်ငါးလုံးပြည့်အောင်ကြွေမကျဘဲ ကြွေကျသည့်အခြားသစ်သီးများလို လျှင်မြန်စွာပုတ်သိုးမှုကင်းမဲ့ခြင်းဖြစ်သည် ။
ရှောင်ယောင်ဤနေရာသို့ရောက်ရှိနေသည့်တစ်ပတ်အတွင်း ကြွေကျထားသည်ဘ သစ်သီးတစ်လုံးတစ်လေမှပုတ်သိုးခြင်းမရှိဘဲ သာမနမရိက္ခာခြောက်များထက်ပင်အထားခံနိုင်ပေသည်။
ရှောင်ယောင်လည်း ထောင့်တစ်နေရာတွင်သူစုထားသည့်သစ်သီးပုံထဲမှတစ်လုံးကိုကောက်ယူကာ ဝါးလိုက်သည်။
မွှေးပျံသည့်အနံ့နှင့်မတူ အရည်ရွှမ်းသည့်သစ်သီးတစ်လုံးကိုစားမိသကဲ့သို့အရသာရှိပြီး ချိုအီသော်လည်း တင်းတိမ်နိုင်ခြင်းမရှိဘဲ တစ်လုံးလုံးကုန်သည်အထိစားလိုက်ပေသည်။
သစ်သီ၏အရွယ်အစားက များစွာကြီးမားခြင်းမရှိသော်လည်း တစ်လုံးကုန်သည်နှင့်ဗိုက်ပြည့်သွားတတ်ပြီး ထိုသစ်သီးတစ်လုံးက ရှောင်ယောင့်အတွက် တစ်နေကုန်အစာအာဟာရထောက်ပံ့ပေးပေသည်။
ကံခါးပတ်ပိုးစာပင်၏ထူးခြားချက်များကပြော၍ကုန်မည်မဟုတ်ဘဲ သူမသိသည့်အခြားထူးခြားမှုများပင်ရှိကောင်းရှိနိုင်ပေသညမ ။
ရှောင်ယောင်သာဤနေရာတွင်ပိတ်မိနေခြင်းမရှိပါက စားရေးသောက်ရေးနေရေးထိုင်ရေးမပူရဘဲ အချိန်ပြည့်သိုင်းပညညလေ့ကျင့်နိုင်သည်ြ ဤမျှပြီးပြည့်စုံသည့်နေရာမျိုးတွင် အချိန်အတော်ကြာသည်အထိ ဆက်၍နေမိပေမည် ။
သို့သော်ယခုလောလောယ်ဆယ် သူ၏ရည်မှန်းချက်က အပြင်သို့ထွက်နိုင်မည့်ထွက်ပေါက်ကိုရှာဖွေတွေ့ရှိရန်ဖြစ်၍ ရှောင်ယောင်လည်း စားသောက်ပြီးစီးသည့်နှင့်အချိန်မဖြုန်းတော့ဘဲ အခန်းပြင်သို့ထွက်လာခဲ့တော့သည်။
ထို့နောက် သူ၏နိစ္စဓူဝလုပ်နေကျဖြစ်သည့် ထွက်ပေါက်ရှာဖွေရန်ကိုဆက်လက်လုပ်ဆောင်ရန် သူမဖွင့်နိုင်သည့်အခန်းလေးခုရှိရာသို့ဦးတည်၍သွားလိုက်သည်။
&&&