← Chapters

နဂါးနက်

Vol. 3 Ch. 28

နဂါးနက်

Vol. 3 Ch. 28

ထိုဓားကွက်၏ရည်ရွယ်ချက်က ပြိုင်ဘက်၏ခြေထောက်များကိုဦးတည်တိုက်ခိုက်ရာမှအာရုံလွှဲ၍ အထက်ပိုင်းသို့ပြောင်းလဲတိုက်ခိုက်သည့်ဓားကွက်ဖြစ်ပြီး ပရိယာယ်များကာ ကြောက်မက်ဖွယ်ကောင်းသည့်ဓားကွက်တစ်ခုဖြစ်၏။

လူရွယ်လည်း လေထဲသို့ခုန်တက်ရင်းရှောင်တိမ်းလိုက်ပြီးမှ ရှာမန်၏ဓားကွက်က အယောင်ပြတိုက်ကွက်မှန်းသိလိုက်၍ ထိတ်ခနဲဖြစ်သွားပြီး အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။

“ ရွှပ် ...”

ခပ်တိုးတိုးအသံနှင့်အတူ လူရွယ်၏ရင်ဘက်၌ ခြစ်ရာတစ်ခုပေါ်လာပြီး သူ၏ခန္တာကိုယ်က ခပ်လှမ်းလှမ်းသို့ပေါ့ပါးစွာရောက်ရှိသွားသည်။

လူရွယ်က သူ၏ရင်ဘက်ရှိသွေးထွက်နေသည့်ဒဏ်ရာကလေးကိုကြည့်လိုက်သည်။

ထိုဒဏ်ရာက သူအိမ်မှထွက်လာစဉ်တစ်လအတွင်းပထမဆုံးရရှိခဲ့သည့်ဒဏ်ရာဖြစ်ပြီး ခေါင်းယမ်း၍ရေရွတ်လိုက်သည်။

“ အင်း.... အတွေ့အကြုံရင့်သိုင်းသမားတွေဆိုတာ တကယ်အထင်မသေးသင့်ဘူးဘဲ....”

ရှာမန်၏တိုက်ကွက်ကိုလူရွယ်က ချီးကျူးလိုက်သလိုရှာမန်၏စိတ်ထဲတွင်လည်း သူ၏အစွမ်းထက်တိုက်ကွက်ကိုရင်ဆိုင်ရသည်ပင် ဒဏ်ရာအသေးအမွှားလေးတစ်ခုသာရရှိလိုက်သည့်လူရွယ့်ကိုအတော်လေးအံ့အားသင့်နေမိသည်။

သို့သော် တစ်ဖက်လူက ယခုအချိန်ထိလက်နက်မထုတ်သေး၍ သူကိုယ်တိုင်လည်းဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲလူရွယ့်ကိုဓားဖြင့်ညွန်ပြ၍မေးလိုက်သည် ။

“ အခု ငါက မင်းလက်နက်ထုတ်ပြီးတိုက်ဖို့အဆင့်မှီပြီလား....”

ရှာမန်၏ခနဲ့သည့်မေးခွန်းကိုလူရွယ်က သဘောကျသည့်ဟန်ဖြင့်ဟက်ခနဲရယ်မောလိုက်သည်။

“ ဒါပေါ့....တစ်ခုတော့ရှိတယ် ကျုပ်က စပြီးတိုက်ခိုက်တာနဲ့ ကျုပ်ကိုယ်ကျုပ်တောင်ထိမ်းချူပ်ဖို့မလွယ်ဘူး....”

စကားအဆုံး၌လူရွယ်၏မျက်ဝန်းများက ဖျက်ခနဲတောက်ပသွားပြီး သူ၏နောက်ကျောမှဓားကြီးကိုဖြေးညင်းစွာဆွဲထုတ်လိုက်သညိ။

နက်မှောင်ရှည်လျားသည့်ဓားရှည်က ဓားရိုးနှင့်ဓားသွားတစ်ဆက်ထဲဟုပင်ထင်ရကာ ဓားတစ်ချောင်းလုံးကမည်းနက်နေသည်။

သာမန်ဓားရှာများဖြင့်ခြားနားစွာ ဓား၏ဗျပ်က လက်လေးလုံးခန့်ကျယ်ပြီး ဓားရှည်တစ်ချောင်းထက် ဓားပြားကြီးတစ်လက်နှင့်ပင်ပို၍ဆင်တူနေသည် ။

ဓားနက်ကြီး၏အလေးချိန်က ပုံမှန်ဓားများထက်များစွာသာလွန်ဟန်တူသော်လည်းလူရွယ်က လေထဲတွင်ပေါ့ပါးစွာဝေ့ယမ်းရင်းမှ ရေရွတ်လိုက်သည်။

“ ဒီဓားရဲ့နာမည်က ညနဂါးလို့ခေါ်တယ်.... သာမန်ဓားတွေထက် သုံးဆပိုလေးပြီးတော့ တိုက်ပွဲပေါင်းတစ်ရာ့ရှစ်ပွဲကိုမရှုံးဘဲဖြတ်ကျော်လာပြီးပြီ ။

ခင်ဗျားလည်း ညနဂါးနဲ့အနိုင်ယူခဲရမှာကို ဂုဏ်ယူသင့်တယ်....”

လူရွယ်ကမည်သူ့ကိုမှမကြည့်ဘဲပြောလိုက်ခြင်းဖြစ်သော်လည်း ရှာမန်၏မျက်နှာကအနည်းသယ်တင်းမာသွားသည်။။

‌ “ ကောင်းပြီလေ မင်းကပဲငါ့ကိုအနိုင်ယူနိုင်မလား ငါကပဲမင်းကိုဆုံးမနိုင်မလားကြည့်ကြသေးတာပေါ့....”

ရှာမန်က အေးစက်စက်အမူအယာဖြင့်ပြောရင်း လူရွယ့်ဆီသို့တိုးဝင်သွားလိုက်သည်။

ထိုစဉ် လူရွယ်ပြောဆိုခဲ့သည့်စကားများကြောင့် ကြည့်ရှုနေကြသူများလှုပ်လှုပ်ရွရွဖြစ်သွားကြပြီး အချို့က တစ်စုံတစ်ခုကိုပြန်အမှတ်ရသွားဟန်တူသည်။

“ သူက ဒီရက်ထဲမှာနာမည်ကြီးနေတဲ့ နဂါးနက်ဆိုတဲ့လူနဲ့တူတယ်....”

သိုင်းသမားတစ်ယောက်ကတီးတိုးရေရွတ်လိုက်စဉ် ရှာမန်၏ကျားခေါင်းရွှေဓားနှင့် လူရွယ်၏ဓားတို့ထိတ်တိုက်ဆုံတွေ့သွားတော့သည်။

“ ထန်း....”

ကျယ်လောင်သည့်မည်သံနှင့်အတူ ရှာမန်က နောက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသလို လူရွယ်ကလည်းခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်ရသည် ။

ထိုမြင်ကွင်းကြောင်းကြည့်ရှု‌နေကြသည့် သိုင်း‌သမားများလွန်စွာအံ့အားသင့်သွားရုံသာမက ရှာမန်ကိုယ်တိုင်ပင်တုန်လှူပ်သွားမိ၏ ။

“ ဘယ်လိုဖြစ်နိုင်မှာလဲ....”

တိုက်ကွက်ချင်းထိတ်တိုက်ရင်ဆိုင်မိစဉ် သူတို့‌နှစ်ယောက်စလုံးနောက်ဆုတ်ပေးလိုက်ရသည်မှန်သော်လည်း လူရွယ်၏အတွင်းအားကသူ့ထက်သာလွန်နေ၍ ရှာမန်တစ်ယောက်ယခုလိုတုန်လှုပ်သွားခြင်းဖြစ်၏ ။

ထိုအခိုက် လူရွယ်က သူ၏ဓားနက်ကြီးကိုမြောင်ကာ အော်ဟစ်မာန်သွင်း၍တဟုန်ထိုးပြေးဝင်လာသည်။

“ နဂါးနတ်ဓားသိုင်း....”

လူရွယ်၏ကြုံးဝါးသံက ကြက်သီးထစရာကောင်းသလို သူ၏ပုံစံကလည်း တိုက်ပွဲတိုင်းကိုအောင်နိုင်သည့်စစ်သူကြီးတစ်ယောက်အလားအရှိန်အဝါနှင့်ပြည့်စုံနေသည်။

ရှာမန်မှာ ထိတ်တိုက်ဆုံတွေ့မှုကြောင့်နောက်ဆုတ်ပေးလိုက်ရစဉ်လူရွယ်၏တိုက်ခိုက်မှုများကို ကမန်းကတန်းခုခံလိုက်ရသည်။

“ ချွမ်း.....”

“ ထန်း....”

ဓားနှစ်လက်၏ထိခတ်သံက ကျယ်လောင်စွာထွက်ပေါ်နေပြီး အတွင်းအားနိမ့်ကျသူများနှင့်သာမန်ဆိုလျှင်နားနှစ်ဖက်ကိုပင်အုပ်ကိုင်ထားကြရသည်။

တိုက်ပွဲက တံတား၏အလယ်တွင်ဖြစ်နေခြင်းဖြစ်သော်လည်း နှစ်ဖက်စလုံးရှိလူများက နောက်သို့ကြောက်လန့်တကြားဆုတ်ခွာသွားကြသလို ထိပ်တန်းအဆင်ကသိုင်းသမားများပင်တိုက်ပွဲနှင်ါလွတ်ရာသို့ခုန်ဆုတ်လိုက်ကြရသည်။

တံတားအလယ်ရှိပြင်းထန်သည့်တိုက်ပွဲကဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်က ရှာမန့်ကိုအပေါ်စီးမှဆက်တိုက်တိုက်ခိုက်နေသည်။

ပထမတစ်ကွက်အရေးနိမ့်သွားချိန်မှစ၍ရှာမန်က အောက်စည်းသို့ရောက်ရှိသွားခြင်းဖြစ်ပြီး လူရွယ်၏မုန်တိုင်းကျသလိုဓားကွက်များကိုကြိုးစားခုခံနေရသည်။

လူရွယ်၏အတွင်းအားကသူ့ထက်သာလွန်နေသလို ဓားနက်ကြီး၏အလေးချိန်နှင့်ကြီးမားသည့်အရှိန်မဟုန်က ရှာမန့်ကိုအသက်ရှူချိန်ပင်မရအောင်ဖြစ်စေသည် ။

သို့သော် တိုက်ပွဲများစွာကိုဖြတ်ကျော်ဖူးသည့်ဝါရင့်သိုင်းသမားတစ်ယောက်ပီသစွာ အရေးနိမ့်နေသည့်အချိန်တွင်ပင် ရှာမန်၏စိတ်ကတည်ငြိမ်နေဆဲဖြစ်ပြီး လူရွယ့်ကိုတန်ပြန်ရင်ဆိုင်နိုင်မည့်နည်းလမ်းများကိုရှာဖွေလိုက်သည်။

ရှာမန်တစ်ယောက် ရွှေကျားမင်းဟုဘွဲ့အမည်ရလာခြင်းမှာ သူ၏ကျားခေါင်းရွှေဓားနှင့်ကျားရဲဓားသိုင်းတို့ကြောင့်ဖြစ်ပေသည် ။

ရှာမန်၏ကျားရဲသုံးဆယ့်ခြောက်ကွက်က လျှင်မြန်မှုကိုအသားပေးကာ ပြင်းထန်ကြမ်းတမ်းသည့်တိုက်ကွက်များဖြင့်ဖွဲ့စည်းထားပြီးပြိုင်ဘက်ကိုကျားရဲတစ်ကောင်ဝင်ဆွဲသလိူ တရကြမ်းအဆက်မပြက်တိုက်ခိုက်တတ်ပေသည်။

သို့သော် ယခုအခါ ရှာမန်က အောက်စည်းကနေ၍ရှောင်တိမ်းခုခံနေရပြီး အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကသူ၏ဓားနက်ကြီးကိုလွှဲယမ်းကာ အားရပါးရတိုက်ခိုက်လျက်ရှိသည်။

သူတို့နှစ်ယောက်အမှန်အကန်တိုက်ခိုက်ခြင်းမရှိသေးမီက လူရွယ်၏သတိပေးစကားမှာ များစွာမှန်ကန်ပြီး သူတိုက်ခိုက်သည်နှင့် သူ့ကိုယ်သူပင်ထိမ်းချုပ်နိူင်စွမ်းကင်းမဲ့သွားဟန်တူသည်။

အရောင်လက်နေသည့်မျက်လုံးများ၊ စိတ်အားထက်သန်သည့်အမူအယာတို့ဖြင့် လေးလံသည့်ဓားနက်ကြီးကိုကိုင်စွဲကာအဆက်မပြက်တိုက်ခိုက်နေသည့်လူရွယ်၏ပုံသဏ္ဍာန်ကိုလပြည့်ဝန်းကန်တွင်ရှိနေသူတိုင်း စွဲမြဲစွာမှတ်သားမိလိုက်ကြသည်။

“ သူက ရှာမန့်ကိုတောင်ဒီလိုအခြေအနေအထိဖိအားပေးနိုင်တာပဲ....”

ရေကန်၏တစ်ဖက်ခြမ်းတွင်ရှိနေသည့်လူစုထဲမှတစ်ယောက်ကရေရွတ်လိုက်သည်။

အနက်ရောင်သိုင်းဝတ်စုံကိုဆင်တူဝတ်ဆင်ထားကြပြီး အနီရောင်ခါးစည်းများကိုစည်းနှောင်ထားကြသည့်သူတို့၏ပုံစံက ဂိုဏ်းအဖွဲ့တစ်ခုထဲမှဖြစ်ကြောင်းသိနိုင်သည်။

အနီးအနားရှိလူများမှာ ထိုလူစုကိုကွက်ကြည့်ကွက်ကြည့်ဖြင့်လုပ်၍အချင်းချင်းတီးတိုးပြောဆိုနေကြသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူများကား တံတားပေါ်ရှိတိုက်ပွဲကိုသာစူးစိုက်ကြည့်နေကြသည်။

အစောပိုင်းကရေရွတ်လိုက်သူက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အသက်သုံးဆယ်အရွယ်လူရွယ်တစ်ယောက်ဖြစ်သည် ။

သူ၏စကားကြောင့် သူ၏နောက်ရှိလူတစ်ယောက်က အနည်းငယ်စိုးရိမ်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ သခင်လေး ဒီလိုလူမျိုးကို ကျုပ်တို့ရင်ဆိုင်နိုင်ပါ့မလား....”

ထိုလူက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအောက်၌ ဆယ်ကွက်ပင်ခုခံနိုင်ရန်ယုံကြည်ချက်မရှိပေ။

သူ၏မေးခွန်းကြောင့် သခင်လေးဆိုသည့်ဝတ်စုံဖြူဝတ်လူရွယ်ကတည်ကြည်လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။။

“ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့သိသင်းသင်တန်းကျောင်းကလူတွေကိုထိခိုက်စေပြီးပြီလေ... ဒီကိစ္စကို မဖြေရှင်းရင် ငါတို့သိုင်းသင်တန်းကျောင်းက ထျန်ရှန်မှာ ဆက်ပြီးမျက်နှာပြဝံ့ပါဦးမလား....”

သူ၏စကားကြောင့်အစောပိုင်းကလူကတိတ်ဆိတ်သွားပြီး လူရွယ်က ဆက်၍တီးတိုးရေရွတ်လိုက်သည်။

“ သူ့ရဲ့ညနဂါးနဲ့ ငါ့ရဲ့ ငွေနဂါးဘယ်ဟာကပိုသာလဲကြည့်ကြသေးတာပေါ့....”

ထိုအချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူရွယ်နှင့်တိုက်ခိုက်နေသည့်ရှာမန်၏အခြေအနေက လွန်စွာဆိုးရွားလျက်ရှိသည် ။

မူလက တစ်ဖက်လူ၏အားနည်းချက်ကိုရှာကာ တန်ပြန်တိုက်ခိုက်ရန်တွေးထားခဲ့သော်လည်း သိုင်းကွက်တစ်ရာနီးပါးရှိလာသည်အထိ အနက်ရောင်ဝတ်စုံဝတ်လူရွယ်၏အားနည်းချက်ကိုရှာမတွေ့ခဲ့ပေ။

အတွင်းအား၊ ဓားပညာ၊ ကိုယ်ဖော့ပညာစသည်တို့တွင်တစ်ဖက်လူကသူ့ထက်သာလွန်နေပြီး ယခုက သေခြင်စရှင်ခြင်းတိုက်ပွဲမဟုတ်ဘဲလူရွယ်က ရက်စက်စွာတိုက်ခိုက်ခြင်းမပြုခြင်းဖြစ်၏။

လူရွယ်၏ပြင်းထန်ကြမ်းတမ်းသည့်ဓားကွက်မျာ၊ ထက်သန်ပြင်းပြလှသည့်တိုက်ခိုက်လိုစိတ်တို့အောက်၌ ရှာမန်မှာ စိတ်ခွန်အားများလျော့နည်းလာပြီး ပြိုင်ဘက်ကိုအနိုင်ယူနိုင်မည်မဟုဆိုသည့်အသိက သူ့ကိုပို၍ပင်အားနည်းစေသည်။

ထို့ကြောင့် သူတို့၏တိုက်ပွဲကသိုင်းကွက်တစ်ရာကျော်လာသည်နှင့်ရှာမန်၏ဓားကွက်များက ဖရိုဖရဲဖြစ်လာပြီး ပြိုင်ဘက်ကိုတန်ပြန်တိုက်ခိုက်ရန်ထက် မရှူံးနိမ့်စေရန်အတွက်ခံစစ်ကိုသာဦးစားပေးကာကွယ်လာပေသည် ။

ထိုအခြေအနေကလူရွယ့်အတွက် ပို၍ပင်အကြိုက်ကျသွားပြီး အပေါ်စီးမှနေ၍ တရစက်တိုက်ခိုက်နေကာ ဓားနက်ကြီးကိုတစ်ချက်ဝေ့ယမ်းတိုင်း ရှာမန်၏ကျားခေါင်းရွှေဓားပေါ်တွင် ခြစ်ရာတစ်ခုထင်ကျန်နေစေသည်။

သူတို့၏အတွင်းအားက အဆမတန်ကွာခြားခြင်းမရှိသော်လည်း ဓားနက်ကြီး၏ကြီးမားလေးလံမှု၊ ပြင်းထန်အားကောင်းသည့်တိုက်ကွက်များ၏အရှိန်အဟုန်စသည်တို့ကြောင့် တိုက်ပွဲအချိန်အနည်းငယ်ကြာပြီးနောက် ရှာမန်၏ဓားကိုင်လက်ကထုံကျင်လာပြီး သူ၏ခန္တာကိုယ်ကလည်းတဆက်ဆက်တုန်ယင်လာတော့သည်။

အရေးထဲအရာပေါ်ဆိုသလို ပြိုင်ဘက်ကိုတိုက်ခိုက်လိုသည့်တက်ကြွသည့်စိတ်ဆန္ဒပင်ပျောက်ဆုံးသွားပြီးနောက် ရှာမန်မှာ လက်ထဲမှဓားကိုပင်မြဲအောင်မကိုင်နိုင်တော့ဘဲ သူ၏ဓားမှာ လက်ထဲမှလွတ်ထွက်သွားတော့သည်။

ထို့နောက် လူရွယ် ခုတ်ပိုင်းချက်အောက်၌ ထိတ်လန့်တကြားဖြစ်သွားပြီး ကြည့်ရှုနေသူများ၏ကြောက်လန့်တကြားအော်ဟစ်သံများထွက်ပေါ်လာသည်။

“ ချွမ်း.....”

“ အား....”

“ အမလေး....”

&&&&

All Chapters