← Chapters

ရှာဖွေတွေ့ရှိမှု

Vol. 3 Ch. 22

ရှာဖွေတွေ့ရှိမှု

Vol. 3 Ch. 22

ပထမအခန်းက ခန်းမကြီး၏မြောက်ဘက်တွင်တည်ရှိသည့်အခန်းဖြစ်ကာ လူ့နှစ်ရပ်ကျော်မြင့်မားပြီး ခမ်းနားသည့်တံခါးကြီးရှိသည်။

ထိုတံခါးကြီးက အခြားအခန်းများနှင့်မတူဘဲ အကြီးဆုံးဖြစ်သလို အတွင်းဘက်မှ အခန်းသည်လည်းအကြီးဆဲးဖြစ်ဟန်တူသည်။

ကျောက်တံခါးထက်တွင် ထူးဆန်းသည့်ရုပ်ပုံအချို့ကိုရေးထွင်းထားပြီး မည်သည့်အဓိပ္ပာယ်ဖြင့်ရေးထွင်းထားခြင်ဖြစ်သည်ကိုတော့သူလည်းမသိပေ။

ထို့နောက် ရှောင်ယောင်လည်း သူ၏ရင်ဘက်နေရာတွင်ရှိမည့် သေးငယ်ပြီးလက်ရာမြောက်သည့်ဖောင်းကြွနဂါးရုပ်ကလေးသုံးရုပ်ကိုအာရုံစူးစိုက်၍ကြည့်ရှုလိုက်သည် ။

ညလင်းပုလဲများ၏အလင်း‌ရောင်အောက်တွင် နဂါးရုပ်ကလေးများကအစိမ်းရောင်တောက်ပနေပြီး သူ၏ခန့်မှန်းချက်အရဆိုပါက လွန်စွာအရည်အသွေးကောင်းသည့်ကျောက်စိမ်းဖြင့်ပြုလုပ်ထားဟန်တူသည်။

နဂါးရုပ်က‌လေးများ၏မျက်လုံးနေရာတွင် နီရဲနေသည့်ကျောက်မျက်တစ်စုံစီရှိပြီး ဤသည်က ထိပ်တန်းအရည်အသွေးရှိသည့်ပတ္တမြားပင်ဖြစ်ပေမည်။

ရှောင်ယောင်မှာ ငယ်စဉ်ကပင်ငွေကြေးများစွာကိုကိုင်တွယ်သုံးစွဲဖူးခြင်းမရှိသော်လည်း ဤလျှို့ဝှက်နေရာကိုတည်ဆောက်ခဲ့သူ၏ကြွယ်ဝမှုက တိုင်းပြည်ထဲတွင်ထိပ်တန်းနေရာ၌ရှိကြောင်းရိပ်စားမိပေသည်။

အကြောင်းကား ဤနေရာကိုဝင်ရောက်ရန်သော့နှင့်အလားသဏ္ဍာန်တူသည့်ချင်းယန်နှင့်ချင်းခွန်တံဆိပ်ပြားကို ဧကရာဇ်ကျောက်စိမ်းဖြင့်ပြုလုပ်ထား၍ဖြစ်ပြီး ဤနေရာတွင်တွေ့ရသမျှရတနာများက လူအားလုံး၏မျက်လုံးများကို လောဘဖြင့်နီရဲသွားစေနိုင်၍ဖြစ်သည်။

ရှားပါးပြီးအဖိုးမဖြတ်နိုင်သည့်ညလင်းပုလဲများပင်ဖြစ်စေ တံခါးထဲတွင်မြုပ်နှံထားသည့်နဂါးရုပ်ကလေးများပင်ဖြစ်စေသာမန်လူတို့တတ်နိုင်သည့်အရာမဟုတ်ဘဲ သေးငယ်သည့်ထိုပစ္စည်းလေးတစ်ခုခုကိုရောင်းချလျှင်ပင်တစ်ဘဝလုံးကြွယ်ဝချမ်းသာစွာနေထိုင်သွားစေရန်လုံလောက်ပေသည်။

သို့သော် ရှောင်ယောင်က ပစ္စည်းဥစ္စာများအပေါ်ထိုမျှလိုချင်တပ်မက်သူမဟုတ်ဘဲ သူ့အတွက်အရေးကြီးသည့်ထွက်လမ်းကိုသာရှာဖွေနေခြင်းဖြစ်၏ ။

သူ၏အတွေးသာမမှားပါက ထိုနဂါးရုပ်ကလေးသုံးရုပ်မှာ အခန်းကိုဖွင့်သည့်လျှို့ဝှက်ခလုပ်ဖြစ်ဟန်တူပြီး မည်သို့ဖွင့်ရမည်ကိုတော့ သူကိူယ်တိုင်လည်းသိရှိခြင်းမရှိပေ။

ရေတံခွန်နောက်လျှို့ဝှက်နေရာကိုဖွင့်သည့် စက်ဝိုင်းတွင်းရှိနဂါးရုပ်ကလေးပင်ဖြစ်စေ၊ ခန်းမထဲတွင်ရှိသည့်အရာများစွာ၌တွေ့ရသည့်နဂါးရုပ်များပင်ဖြစ်စေ ဤကျောက်တံခါးပေါ်ရှိနဂါးရုပ်က‌လေးများပင်ဖြစ်စေ အရာအားလုံးကနဂါးဆိုသည့် ဒဏ္ဍာရီလာအရှင်သခင်နှင့်ပတ်သတ်နေပြီး ရှောင်ယောင်၏စိတ်ထဲတွင် ဤနေရာကြီးကိုတည်ဆောက်ခဲ့သူမှာ နဂါးများအပေါ်အတော်လေးသဘောကျနှစ်ခြိုက်မှုရှိရမည်ဟုတွေးလိုက်မိသေးသည်။

တံခါးဖွင့်သည့်ခလုပ်ဖြစ်ဟန်တူသည့် နဂါးရုပ်ကလေးသုံးခုကသူ၏ရှေ့ရှိတံခါးပေါ်တွင်သာမကဘဲ ကျန်တံခါးသုံးခုပေါ်တွင်လည်းရှိနေပြီး ရှောင်ယောင်မှာ နေ့တိုင်းလိုလိုနည်းလမ်းမျိုးစုံဖြင့်ကြိုးစားကြည့်သည့်တိုင် ဖွင့်လှစ်နိုင်ခြင်းမရှိပေ။

ထိုတံခါးရှေ့တွင်အချိန်အတော်ကြာသည်အထိကြိုးစားပြီးနောက် ရှောင်‌ယောင်လည်း ခေါင်းယမ်း၍ရေရွတ်လိုက်သည်။

“ ဒီတစ်ခုလည်းအဆင်မပြေပြန်ဘူး....”

ရှောင်ယောင်၏စိတ်ထဲတွင်လက်လျော့အရှုံးပေးလိုသည့်စိတ်မရှိသော်လည်း အချည်းနှီးဖြစ်မည့်အရာတစ်ခုကိုကြိုးစားရင်းအချိန်ကုန်မခံလိုပေ။

ထို့နောက် ကျန်တံခါးနှစ်ခုသည်လည်းထိုနည်းတူပင်ဖြစ်ပြီး သူကြိုးစားရန်ကျန်ရှိနေသည်က စတုတ္ထမြောက်တံခါးသာကျန်ရှိတော့သည်

ထိုတံခါးက ခန်းမ၏ထောင့်တွင်ရှိပြီး သူဖွင့်မရသည့်တံခါးလေးချပ်ထဲတွင်အသေးငယ်ဆုံးလည်းဖြစ်သည်။

ထိုနည်းတူကျန်တံခါးများကို နဂါးရုပ်ကလေးသုံးရုပ်စီရှိမနေဘဲ တစ်ရုပ်သာရှိပြီး ထိုနဂါးရုပ်ကလေး၏ ပုံသဏ္ဍာန်က ကျန်အရုပ်များနှင့်တထေရာထဲတူညီလျက်ရှိသည်။။

ရုတ်တရက် ရှောင်ယောင်၏မျက်ဝန်းများက တောက်ပသွားပြီး ထိုနဂါးရုပ်ကလေးကိုမမှိတ်မသုန်စိုက်ကြည့်နေရာမှ ဖြေးညင်းစွာလက်လှမ်းလိုက်သညိ။

အကြောင်းကား ထိုနဂါးရုပ်ကလေး၏မျက်ဝန်းများက အခြားအရုပ်များထက်တောက်ပနေသည်ကိုသတိပြုမိ၍ဖြစ်ပြီး ဖုံမှုန့်များစွာမရှိဘဲ တောက်ပြောင်လျက်ရှိသည် ။

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း ။

ဤနေရာရှိပစ္စည်းများ၊ နေရာများအားလုံးက နှစ်ရာနှင့်ချီ၍လူသူမရောက်တော့သညိဖြစ်၍ ဖုန်မှုန့်များစွာကပ်ညိနေကြသည်။

ထိုနဂါးရုပ်ကလေး၏မျက်လုံးများက တစ်စုံတစ်ယောက်သန့်ရှင်းထားသလိုဖြစ်နေကာ အရည်လဲ့နေသည့်ပတ္တမြားနှစ်လုံးက ပို၍ပင်တောက်ပနေသေးသည်။။

ယခင်ရက်များက ရှောင်ယောင့်အနေဖြင့်အခန်းများကိုဖွင့်လှစ်နိုင်ရန်နဂါးရုပ်များကိုအမျိူးမျိုးကြိူးစားကြည့်သော်လည်းအကြောင်းမထူးခဲ့။

သို့သော် နဂါးရုပ်များ၏မျက်လုံးများကိုတော့ သူလည်းထိမကြည့်ခဲ့မိဘဲ ယခုမှသာ တစ်ရုပ်ထဲရှိသည့်နဂါးရုပ်၏မျက်လုံးများမှထူးခြားမှုကိုသတိပြုလိုက်မိခြင်းဖြစ်သည်။

သူ၏လက်က နဂါးရုပ်ကလေး၏မျက်လုံးများပေါ်သို့ရောက်ရှိသွားပြီးအသာပွတ်သတ်ကြည့်လိုက်သည့်အခါ မျက်လုံးများအဖြစ်အသုံးပြုထားသည့်ပတ္တမြားလေးနှစ်ခုကတစ်ပတ်လည်သွားပြီး ချောက်ခနဲမည်သံနှင့်အတူ သူ၏ရှေ့ရှိကျောက်တုံးတံခါးဝက ဖြေးညင်းစွာပွင့်ဟသွားသည်ကိုတွေ့မြင်လိုက်ရသည် ။

ထိုမြင်ကွင်းကြောင့် ရှောင်ယောင်၏နှလုံးက တဒိန်းဒိန်းမည်ဟည်းနေပြီး စိတ်လှုပ်ရှားလွန်း၍ သူ၏နှလုံးမှာ ပါးစပ်ထဲမှခုန်ထွက်တော့မည်လောဟုပင်ထင်ရသည် ။

နောက်ဆုံးတော့ ဤနေရာတွင် တစ်ပတ်ကျော်ပိတ်မိနေပြီးနောက်တွင် ပြင်ပကမ္ဘာသို့ပြန်လည်ထွက်ခွာနိုင်တော့မည်ဖြစ်၍ရှောင်ယောင်၏စိတ်ထဲတွင်အထူးတက်ကြွနေပြီး သူ၏မျက်လုံးများက တလက်လက်တောက်ပလျက်ရှိသည် ။

သို့သော် သူ့ကိုစောင့်ကြိုနေသည့်အရာကား သန့်ရှင်းလက်ဆက်သည့်လေများ၊ နွေးထွေးသည့်နေရောင်ခြည်နှင့်စိမ်းစိုသည့်သစ်ပင်များရှိသည့်ရှုခင်းတစ်ခုမဟုတ်ဘဲမှောင်မည်းနေသည့်အခန်းငယ်တစ်ခုသာဖြစ်သည်။

ရှောင်ယောင်၏စိတ်ထဲတွင် အနည်းငယ်စိတ်ပျက်သွားသော်လည်း ရုတ်တရက်ထူးခြားမှုတစ်ခုကိုရှာတွေ့လိုက်သညမ ။

အခန်းထဲတွင် အမှောင်ထဲတွင်ပင်အစိမ်းရောင်တောက်ပနေသည့်အရာကြီးတစ်ခုရှိနေပြီး ရှည်မျောမျောသဏ္ဍာန်ရှိသည့်ထိုအရာကြောင့် ရှောင်ယောင်၏မျက်ဝန်းများက ပြူးကျယ်သွားပြီး သူ၏နှုတ်မှစကားလုံးအချို့အလိုလိုထွက်ပေါ်လာသည်။

“ အခေါင်းကြီးတစ်ခုပါလား....”

&&&&

“ မင်းပြောတာဒီနေရာလား ....”

နူးညံ့ညင်သာသည့်မေးမြန်းသံတစ်ခုထွက်ပေါ်လာသော်လည်းဖျင်ကြမ်းဝတ်စုံဝတ်လူ၏ခန္တာကိုယ်ကဆက်ခနဲတုန်ယင်သွားပြီး ခေါင်းငုံ့ကာပြောလိုက်သည်။

“ ဟုတ်ပါတယ်ခေါင်းဆောင်ကြီး....”

ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီးသာမန်ရုပ်ရည်သာရှိသည့်ထိုလူက ရှောင်ယောင့်ကိုလိုက်လံဖမ်းဆီးခဲ့သည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားမှလွဲ၍အခြားမဟုတ်ဘဲယခုအခါသူ၏ပုံစံက တစ်စုံတစ်ခုကိုစိုးရိမ်ထိတ်လန့်သည့်ပုံစံဖြင့်ရှိ နေသည်။

သူ၏ဘေးတွင် အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ဦးရှိနေကာ ဖျင်ကြမ်းဝတ်စုံဝတ်လူကိုတစ်ချက်ကြည့်ရင်း သူတို့၏ရှေ့ရှိလူကြီးကိုအရိုအသေပေးရင်းပြောလိုက်သည်။

“ ခေါင်းဆောင် ချင်မန်က ပေါ့လျော့မိပြီး သူ့ရဲ့တာဝန်ကိုကျရှူံးခဲ့တယ်ဆိုပေမယ့် ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးဖို့ကျုပ်တောင်းပန်ချင်ပါတယ်....”

သူ၏လေသံက တောင်းပန်တိုးလျှိုးဟန်ရှိနေပြီး အဖြူရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားပြီး အသက်‌ခြောက်ဆယ်ဝန်းကျင်ခန့်ရှိမည့် လူကြီးကနောက်လှည့်လာကာပြောလိုက်သည်။

“ သူဒီနေရာတစ်ဝိုက်မှာပျောက်သွားတာ သေချာရဲ့လား....”

ထိုလူကြီးက အနက်ရောင်ဝတ်စုံဝတ်လူကိုဂရုမစိုက်ဘဲ ဖျင်ကြမ်းဝတ်စုံဝတ်လူကိုသာမေးလိုက်ခြင်းဖြစ်ပြီး သူ၏မေးခွန်းကြောင့်ထိုလူက ဦးညွှတ်အရိုအသေပေးကာပြန်ဖြေလိုက်သည်။

“ မှန်ပါတယ်ခေါင်းဆောင်ကြီး....သူက ရေတံခွန်ထဲကိုခုန်ချသွားခဲ့ပြီး ကျုပ်ရောက်သွားတော့ ဒီနေရာမှာမရှိတော့ပါဘူး ။

ပထမဝောာ့ သူထွက်ပြေးလွတ်မြောက်သွားတယ်လို့တွေးလိုက်မိပေမယ့် တောအုပ်တစ်ခုလုံးစေ့စေ့စပ်စပ်ရှာဖွေတာတောင်ခြေရာလက်ရာမတွေ့ရပါဘူး ။

ဒါကြောင့် သူဒီနေရာမှာပဲထူးထူးဆန်းဆန်းပျောက်သွားခဲ့တာပါ....”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ တည်ကြည်လေးနက်သည့်စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“ မင်းက တာဝန်ကိုမအောင်မြင်ခဲ့ဘူးဆိုပေမယ့် တခြားကိစ္စတစ်ခုကိုအစဆွဲထုတ်နိုင်ခဲ့တယ်ဆိုတော့ မင်းကိုအပြစ်မပေးတော့ပါဘူး....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏တောင့်တင်းနေသည့်အကြောအချက်များက ပြေ‌လျော့သွားပြီး သူ၏စိတ်ထဲရှိတင်းကြပ်မှုများပျောက်ဆုံးသွားသည်။

ထိုနည်းတူအနက်ရောင်ဝတ်စုံဝတ်လူ၏မျက်ဝန်းထဲတွင်လည်း စိတ်သက်သာရာရသည့်အရိပ်အယောင်တစ်ခုပေါ်လာစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီး၍ လက်နောက်ပစ်၍တစ်ဖက်သို့လှည့်ကာပြောလိုက်သည်။။

“ မင်းက အကျိုးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့် တာဝန်ကိုကျရှုံးခဲ့တာကတော့ ပြောင်းလဲလို့မရဘူး...ဘာပဲဖြစ်ဖြစ် ဘဲစားဘဲချေဖြစ်သွားတာဆိုတော့ဒီတစ်ကြိမ်ခွင့်လွှတ်ပေးလိုက်မယ်...

ကိုယ့်ရဲ့တန်ဖိုးကိုသက်သေမပြတဲ့လူတွေကိုငါ့လက်အောင်မှာမထားတတ်တော့ နောက်တစ်ကြိမ်ဒီဖြစ်စ်မယ်ဆိုရင်တော့....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏စကားကိုရပ်တန့်လိုက်သော်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏စိတ်က မမြင်ရသည့်လက်ကြီးတစ်ဖက်၏ဖျစ်ညှစ်ခြင်းခံလိုက်ရသလို တဆက်ဆက်တုန်ယင်သွားပေသည် ။

သူ၏ဟန်အမူအယာကင်းမဲ့သည့်မျက်နှာထက်၌ ကြောက်ရွံ့ထိတ်လန့်သည့်အမူအယာတစ်ခုပေါ်လာပြီး အလျှင်အမြန်ဒူးထောက်ကာပြောလိုက်သည်။

“ နောက်ထပ်ဒီလိုအဖြစ်မျိုးလုံးဝမဖြစ်စေရတော့ပါဘူးခေါင်းဆောင်ကြီး....”

ဖျင်ကြမ်းဝတ်စုံဝတ်လူ၏စကားကိုတုန့်ပြန်မှုမရှိဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခပ်လှမ်းလှမ်းရှိကျောက်နံရံတွင်မြင်နေရသည့်ချိုင့်ခွက်သဏ္ဍာန်နှစ်ခု၏အတွင်းနက်နက်ထဲမှ နဂါးပုံသဏ္ဍာန်လေးကိုစူးစိုက်ကြည့်နေရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ ဒီတော့ သူတို့နှစ်‌ယောက်တွေ့လောက်ပြီ ။ ဘယ်လိုဆက်ဖြစ်မလဲစိတ်ဝင်စားစရာပဲ....”

&&&

မှောက်မိုက်နေသည့်အခန်းလေးထဲတွင် ကျောက်စိမ်းရောင်တောက်ပနေသည့်ခေါင်းတလားတစ်လုံးကိုရုတ်တရက်မြင်လိုက်ရ၍ သူ၏ခြေလှမ်းများကနေရာတွင်တုံ့ခနဲရပ်သွားမိသည်။။

အကြောင်းကားထိုအခန်းမှာထွက်‌ပေါက်မဟုတ်လျှင်ပင် အခြားတန်ဖိုးကြီးပစ္စည်းများထားရှိရာဟုစဉ်းစားထားပေသည် ။

သို့သော်လည်း အခန်းတွင်း၌အခြားပစ္စည်းတစ်စုံတစ်ရာမရှိဘဲဗလာဖြစ်နေပြီး ကျောက်စိမ်းရောင်တောက်ပနေသည့်ခေါင်းတလားတစ်လုံးကိုသာမြင်လိုက်ရခြင်းက ရှောင်‌ယောင်၏စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအချိန်အနည်းငယ်ရပ်တန့်သွားစေသည်။

ထို့နောက်မှ ရှောင်ယောင်လည်းထူးခြားဆန်းကြယ်မှုများပြည့်နှက်နေသည့်နေရာ၌ယခုလိုခေါင်းတလားတစ်လုံးတွေ့ရခြင်းက များစွာအံ့အားသင့်စရာမရှိဟုတွေးလိုက်မိကာ ကိုယ့်ကိုယ်ကိုပြန်၍ရယ်မောလိုက်မိသည် ။

သို့တိုင်သူ၏သတိထားစိတ်ကိုလျော့ချခြင်းမရှိဘဲ သတိအပြည့်ဖြင့် အခန်းငယ်ထဲသို့ဝင်ရောက်လာခဲ့သည်။

ဤအခန်းလေးထဲတွင် ခေါင်းတလားမှအပအခြားပစ္စည်းများမရှိသော်လည်း သူဖွင့်မရသည့်အခန်းလေးခုထဲမှတစ်ခုဖြစ်၍ လျှို့ဝှက်ထောက်ချောက်တစ်စုံတစ်ရာရှိနိုင်၍ ရှောင်ယောင်လည်းသတိမလွတ်ရဲပေ။

သို့သော် ခေါင်းတလား၏အနီးသို့ရောက်ရှိလာသည့်တိုင် အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ရှောင်ယောင်လည်း ဤနေရာ၏ပိုင်ရှင်ဟောင်းမှာ ထိုမျှရက်စက်ကြမ်းကြုတ်သူမဟုတ်ဟုတွေးလိုက်မိသည် ။

ထို့နောက် သူ၏ခြေလှမ်းများက ဖြေးဖြေးမှန်မှန်ရွေ့လျားသွားပြီး ထူးခြားသည့်ခေါင်းတလားအနီးသို့ရောက်ရှိသွားလေသည်။

&&&&

All Chapters