← Chapters

အရှုပ်ထုပ်ထဲမှလွတ်မြောက်ခြင်း

Vol. 3 Ch. 37

အရှုပ်ထုပ်ထဲမှလွတ်မြောက်ခြင်း

Vol. 3 Ch. 37

ဖုန်ထူသည့်လမ်းမထက်၌ အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်နှစ်ဦးခရီးသွားနေကြသည်။

ထွားကြိုင်းသန်မာသည့်မြင်းကိုယ်စီစီးနင်းထားကြပြီး ရည်မွန်သန့်ပြန့်၍တောင့်တင်းကြံ့ခိုင်သည့်သွင်ပြင်များက မိန်းမပျိုများမျက်စေ့ကျချင်စရာဖြစ်သော်လည်း ထိုးထိုးထောင်ထောင်ဖြစ်နေသည့်ဆံပင်တိုများက သူတို့၏ဟိတ်ဟန်ကိုဖျက်ဆီးလျက်ရှိသည်။

ဖုန်ထူသည့် လမ်းမဖြစ်သည့်အပြင် နွေလေရူးက တဟူးဟူးတိုက်ခတ်နေ၍ သူတို့၏အဖြူရောင်သိုင်းဝတ်စုံများပင် မြေကြီးရောင်ပေါက်နေပြီး ပင်ကိုယ်ရုပ်ရည်များပင်ပျောက်လုမတတ်ဖြစ်နေကြသည်။

လက်ယာဘက်ရှိလူငယ်က ဝဝဖိုင့်ဖိုင့်ခန္တာကိုယ်နှင့်တောင့်တင်းသည့်သွင်ပြင်ရှိပြီး သူစိမ်းတစ်ယောက်ပင်အလွယ်တကူခင်မင်စေနိုင်မည့်ရုပ်သွင်ရှိသည်။

ထိုလူငယ်က ပေါက်ပေါက်ဖောက်လိုတစ်လမ်းလုံးစကားများလာပြီး ကျန်တစ်ယောက်က ဒိုင်ခံနားထောင်လာခြင်းဖြစ်ပေသည်။

ကျန်လူငယ်တစ်ယောက်၏သွင်ပြင်က ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်ရှိကာ ယောင်္ကျားပီသပြီး အေးဆေးတည်ငြိမ်ဟန်တူသည်။

လူငယ်နှစ်ယောက်၏ အပြင်ပန်းသွင်ပြင်များကကွဲပြားကြသော်လည်း ညီရင်းအစ်ကိုများထက်ချစ်ခင်ကြသည့်သွေးသောက်ညီအစ်ကိုများဖြစ်ကာ ထိုနှစ်ယောက်ကား စီရန်မြို့လေးမှခရီးဆက်လာသည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့ပင်ဖြစ်ပေသည်။

စီရန်မြို့မှအရှုပ်ထုပ်ကိုရှင်းလင်းပြီး၍ သူတို့နှစ်ယောက်ခရီးဆက်လာခြင်းဖြစ်ပြီဘာလိုလိုနှင့် ထိုမြို့လေးတွင်တစ်လနီးပါးသောင်တင်သွားခဲ့လေသည်။

ဤသည်က ကြွယ်ယန်၏ဟိုစပ်စပ်သည်စပ်စပ်ဝင်ပါပြီး သူရဲကောင်းလုပ်တတ်သည့်စရိုက်ကြောင့်ဖြစ်ကာ ကံကောင်းထောက်မစွာဖြင့်ရာဇဝတ်သားများမဖြစ်မှလွတ်ကင်းခဲ့ခြင်းဖြစ်၏။

သို့တိုင် ထိုကောင်ကသင်ခန်းစာရသေးဟန်မတူဘဲ ယခုလည်း စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင်မည်သို့ကျော်ကြားရန်လုပ်ဆောင်မည်ဟုတစ်လမ်းလုံးစိတ်ကူးယဉ်ပြောဆိုလာသည်။

ကြွယ်ယန်၏အဆက်မပြက်စကားများကိုသည်းမခံနိုင်တော့သည့်အဆုံး ကြွယ်စင်းက ခပ်ဆက်ဆက်လေသံဖြင့်မေးလိုက်သည်။

“ မောင်မင်းကြီးသား ဘာတွေထပ်ရှုပ်ချင်သေးတာလဲ.... ဟိုမြို့မှာလည်း မင်းကြောင့် ငါတို့လူမှားပြီးဒုက္ခပေးလုလုဖြစ်ခဲ့ရတယ်....”

ကြွယ်စင်း၏ထိမိသည့်စကား‌ကြောင့် ကြွယ်ယန်၏မျက်နှာက မီးအိမ်တစ်ခုလိုတွန့်ခွက်သွားပြီး အနည်းငယ်ဒေါသထွက်ဟန်ဖြင့်စောဒကတက်လိုက်သည်။

“ ငါလည်းဘယ်သိမလဲ...အဲဒီတုန်းက သူ‌ဌေးချင်ဆိုတဲ့သက်ကြားအိုကြီးပြောတာကို မင်းလည်းယုံကြည်ခဲ့တာမဟုတ်လား.....”

ကြွယ်ယန်၏အဖော်ညှိသည့်စကားကြောင့် ကြွယ်စင်းက မျက်လုံးလှန်ကြည့်ကာ ပြန်မေးလိုက်သည်။

“ ငါက မင်းလိုမျက်စေ့ စုံမှိတ်ယုံကြည်တာတော့မဟုတ်ဘူး ။ ပြောစမ်းပါဦး အခုငါတို့အဆင်ပြေပြေနဲ့ပြန်ထွက်နိုင်တာ ဘယ်သူ့အကြံကြောင့်လဲ....”

ကြွယ်စင်း၏မေးခွန်းကြောင့် ကြွယ်ယန်မှာ စကားမပြောနိုင်ဘဲဖြစ်သွား၏ ။

မှန်ပေသည် ။

စီရန်မြို့မှမကောင်းမှုများကိုနောက်ကွယ်မှချုပ်ကိုင်‌နေသူက ဝဖီးလှသည့်မြို့စားမင်းမဟုတ်ဘဲ သူဌေးချင်ဆိုသည့်လူပင်ဖြစ်သည်။

မြို့စားမင်းကား လွန်စွာချမ်းသာကြွယ်ဝပြီးအစွမ်းထက်သိုင်းသမားများကိုပင်ငှားရန်ထားသော်လည်း ဤသည်က သူ၏မျိူးရိုးစဉ်ဆက်ကြွယ်ဝမှုကြောင့်သာဖြစ်သည် ။

ထို့အပြင် မတရားသည့်နည်းဖြင့်ချမ်းသာသူများကိုကြည့်မရသည့် မြို့စားမင်းကသာမန်ပြည်သူများကို သူ၏ကိုင်ပိုင်ငွေများထဲမှပင် ငဲ့ညှာကူညီတတ်သေးသည် ။

သူဌေးချင်လိုမကောင်းသည့်သတင်းအနံ့ထွက်နေသူများကိုတော့ မြို့စားကအချိန်ပြည့်စောင့်ကြည့်နေတတ်ပြီး ထိုအချက်ကြောင့်လည်းသူဌေးချင်ကဓားငှားကာ လူသတ်ရန်ကြံစည်ခြင်းဖြစ်သည်။

ကြွယ်ယန်နှင့်ကြွယ်စင်းကိုမြို့စားမင်း၏မကောင်းသတင်းများလုပ်ကြံပြောဆိုကာ မြို့စားမင်းကိုပြန်ပေးဆွဲရန်နောက်ကွယ်မှအကွက်ချကြံစည်ခဲ့ခြင်းဖြစ်သည်။

ကြွယ်ယန်တို့မြို့စားမင်းခြံဝန်းမှလွတ်မြောက်ခါနီး၌ အစောင့်များစွာဝိုင်းလာခြင်းကသူဌေးချင်၏စနက်ကြောင့်ပင်ဖြစ်၏ ။

ထိုမှတစ်ဆင့်ကြွယ်ယန်တို့နှင့်မြိူ့စားကိုတောအုပ်ထဲတွင်အရှောင်ခိုင်းကာ လူအလစ်တွင် မြို့စားမင်းကိုသတ်ဖြတ်၍ သူတိူ့အပေါ်အပြစ်ပုံချရန်ကြံစည်ထားခြင်းဖြစ်၏။

ကံမကောင်းစွာဖြင့် ကြွယ်ယန်တို့၏သိုငိးပညာက သူထင်ထားသည်ထက်များစွာအစွမ်းထက်နေကြသည့်အပြင်မြိူ့စားကိုလည်းအချိန်ပြည့်စောင့်ကြည့်နေရာ လုပ်ကြံရန်အခွင့်မသာဘဲ ဆုငွေထုတ်၍ သိုင်းလောသားများကိုပါဝင်ရောက်ပတ်သတ်စေခဲ့ခြင်းပင်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သစ်တောထဲရှိအိမ်လေးကိုသိုင်းလောကသားများလာရောက်ဝိုင်းရံခြင်းကလည်း သူ‌ဌေးချင်၏အစီအစဉ်ပင်ဖြစ်ပြီး ကြွယ်ယန်တို့နှစ်ယောက်သိုင်းသမားများနှင်အလုပ်များနေစဉ် သူ၏လူကမြို့စားကိုဝင်ရောက်သတ်ဖြတ်ခြင်းဖြစ်၏။

သူဌေးချင်ဆိုသည့်လူက အကြံအစည်ကောင်းပြီးလွန်စွာဉာဏ်များသည်ကိုတော့ဝန်ခံရပေမည်။

သို့‌သော်လည်း သူဌေးချင်ကိုသံသယဝင်နေပြီဖြစ်သည့်ကြွယ်စင်းက မြိူ့စားနှင့်နှစ်ဦးထဲတိုင်ပင်ကာ လုပ်ကြံမှုကိုကာကွယ်နိုင်ရန်သားရေချပ်များကို မြို့စား၏အဝတ်များအောက်၌ဝတ်ဆင်ထားစေပြီး လုပ်ကြံသူရောက်ရှိလာပါက ချက်ခြင်းအသိပေးရန်မှာကြားထားခြင်းဖြစ်၏။

သူဌေးချင်၏လူဖြစ်သည့်ထိပ်တန်းအဆင့်သိုင်းသမားလာရောက်လုပ်ကြံစဉ်ထူထဲသည့်သားရေပြားများကြောင့်ဓားမတိုးဘဲ အံ့ဩတကြီးဖြစ်သွားရပြီး ထိုခဏတွင် မြို့စား၏အချက်ပေးမှုကြောင့် ထိုလူ့ကိုလက်ရဖမ်းဆီးနိုင်ခြင်းဖြစ်၏။

ထိုအစီအစဉ်တစ်ခုလုံးကို ကြွယ်စင်းနှင့်မြို့စားမင်းတို့တိုင်ပင်ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးကြွယ်ယန်ပင်နောက်မှအကြောင်းစုံသိရခြင်းဖြစ်၏ ။

ထို့နောက် သူဌေးချင်နှငိ့သူ၏အပေါင်းအပါများကိုကူညီနှိမ်နင်းရင်း ထိုမြို့တွင်တစ်ပတ်ကျော်ထပ်မံကြာမြင့်သွားခြင်းဖြစ်ကာ ယခု သူတို့၏မူလဦးတည်ရာဖြစ်သည့်စွန်းအိမ်တော်သို့ထွက်လာကြခြင်းဖြစ်၏။

“ တောက်... ဒါတွေအားလုံးကို ကောက်ကျစ်တဲ့ဟိုလင်မယားကြောင့်ပဲ သူတို့ကိုကူညီတယတောင် မလိမ့်မပတ်လုပ်သွားသေးတယ်....”

တငိးမာသည့်လေသံဖြင့်ရေရွတ်လိုက်သည့်ကြွယ်ယန့်ကြောင့် အတွေးထဲတွင်နစ်မျောနေသည့်ကြွယ်စင်းလည်း ခေါင်းညိမ့်လိုက်မိ၏။

ထိုအရှုပ်ထုပ်ထဲသို့သူတို့ရောက်ရှိသွားခြင်း၏အစက ဒုက္ခရောက်နေသညိ့လူနှစ်ယောက်ကိုကူညီရာမှစတင်ခဲ့ခြင်းဖြစ်ကာ မောင်နှမဟုသူတို့သိခဲ့သည့်ထိုနှစ်ယောက်က သိုင်းလောကမှနာမည်ကြီးလူလိမ်လင်မယားဖြစ်သည်။

မြို့စားမင်း၏စံအိမ်မှ အဖိုးတန်ပစ္စည်းတစ်ခုကို ခိုးယူထွက်ပြေးလာသည့် ထိုလူလိမ်လင်မယားက ကြွယ်ယန်တို့နှစ်ယောက်၏အတွေ့အကြံနည်းပါးမှုကိုအခွင့်ကောင်းယူ၍ သူတို့နှင့်ပုလင်းတူဗူးဆို့ဖြစ်သည့်သူဌေးချင်ဆီသို့ရောက်အောင်လမ်းညွှန်ပေးခဲ့ခြင်းပင်ဖြစ်၏။

ထို့ကြောင့် ကြွယ်ယန်တို့က သူဌေးချင်၏လှည့်ကွက်ထဲသို့ကျရောက်ခဲ့ခြင်းဖြစ်ကာ ကြွယ်စင်း၏ပါးနပ်မှု‌နှင့် မြို့စားမင်း၏အတွေ့အကြုံကြွယ်ဝမှုတို့ကြောင့်သာမဟုတ်ပါက သူဌေးချင်ကိုဖော်ထုတ်နိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စများကြောင့်လည်းသူဌေးချင်နှင့်အပေါင်းအပါများကိုနှိမ်နင်းနိုင်ခဲ့ခြင်းဖြစ်ကာ သဘောမနောကောင်းသည့်မြို့စားမင်းကြောင့် သူတို့၏နာမည်ဆိုးကိုပယ်ဖျက်နိုင်ရုံသာမက မြို့ထဲမှလူများပင် သူတို့ထွက်ခွာလာချိန်၍ သူရဲကောင်းများပမာ မြို့လုံးကျွတ်နှုတ်ဆက်နေကြသေးသည်။။

သို့သော်လည်း.....

“ ဘာလဲကွာ မျောက်သူရဲကောင်းနဲ့ဝက်သူရဲကောင်းဆိုတာက ...လခွမ်း ငါ့နာမည်တော့သွားပါပြီ.....”

ကြွယ်ယန်က ဒေါသထွက်ဟန်ဖြင့်ရေရွတ်လိုက်ရင်း သူ၏မကျေမနပ်ပုံစံကြောင့် ကြွယ်စင်းလည်း အသာပြုံးလိုက်မိသည်။

မူလက သူတို့ကိုမျောက်မိစ္ဆာနှင့်ဝက်မိစ္ဆာဟုဆုငွေထုတ်ခဲ့သော်လည်း မြို့စားကိုကယ်တင်နိုင်မှု၊သူဌေးချင်နှင့်သူ၏လူများကိုနှိမ်နင်းနိုင်မှုစသည်တို့ကြောင့် စီရန်မြို့ခံများက သူတို့နှစ်ယောက်က သူရဲကောင်းများဟုခေါ်ဆိုကြပေသည်။

မှန်ပေသည် ။

ထိုအမည်များကအနည်းငယ်အောင့်သက်သက်နိုင်သည့် မျောက်သူရဲကောင်းနှင့်ဝက်သူရဲကောင်းဟူ၍ဖြစ်၏။

အနည်းငယ်ရယ်စရာကောင်းသည့်အချက်က ခန္တာကိုယ်ဝဖိုင့်သည့်ကြွယ်ယန့်ကိုဝက်သူရဲကောင်းဟုခေါ်ကြပြီး ကြွယ်စင်းကိုမျောက်သူရဲကောင်းဟု မှားယွင်းခေါ်ဆိုနေကြခြင်းဖြစ်၏။

ထိုနာမည်များက မြို့သူမြိူ့သားများကြားတွင်ပျံ့နှံ့နေပြီးဖြစ်၍ ကြွယ်ယန်ပင်မတတ်နိုင်လဲလက်မှိုင်ချရကာ ထိုညက ပေါက်ကရမျက်နှာဖုံးများကိူတပ်ရန်အကြံပေးခဲ့သည့်သူ့ကိုယ်သူဘယ်ပြန်ညာပြန်ပါးချလိုစိတ်များဖြစ်ပေါ်နေမိသည်။

“ ဘာပဲဖြစ်ဖြစ်ပါ ဒီလိုအတွေ့အကြုံမျိုးက ရခဲပါတယ်။ အစ်ကိုရှောင်ယောင့်ကိုတွေ့တဲ့အခါ ပြန်ပြောစရာရတာပေါ့.....”

ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည့်ကြွယ်စင်း၏စကားကြောင့် ကြွယ်ယန်လည်းပြန်၍ရွှင်လန်းတက်ကြွလာလေသည်။

“ ဟုတ်တယ်ကွ အစ်ကိုရှောင်ယောင်နဲ့တွေ့ရင် ငါတို့အဖြူရောင်သစ္စာညီနောင်ရဲ့စွန့်စားခန်းတွေကိုပြောရမယ်.....”

ကြွယ်ယန်၏မျက်ဝန်းများက တလက်လက်တောက်ပနေပြီး သူ၏ပုံစံက ယခင်ကလိုဟိတ်ဟန်ကြီး၍ ဝင့်ကြွားသည့်သွင်ပြင်သို့ပြန်လည်ရောက်ရှိသွားတော့သည်။

&&&

“ အစ်ကိုရှောင်‌ယောင် အစ်ကိုရှောင်ယောင်နဲ့ မင်းပါးစပ်ကခဏခဏထွက်နေတာ မင်းစကားဆယ်ခွန်းပြောရင် ခုနစ်ခွန်းလောက်က သူ့အကြောင်းပါတယ်။

မင်းသာ ယောင်္ကျားလေးတစ်ယောက်မဟုတ်ဘူးဆိုရင် မင်းကသူ့ကိုကြိုက်နေတာလို့ငါထင်မိမှာ.....”

အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးက ပြောလိုက်သည်။

သူ၏စကားကြောင့် အပြာရောင်စာပေသမားဝတ်စုံဝတ်လူငယ်၏မျက်နှာက နီရဲသွားပြီး ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည်။

“ ကျုပ်ဘာသာကျုပ် အစ်ကိုရှောင်‌ယောင်အကြောင်းပြောတာဘာဖြစ်လဲ။ သူက ကျုပ်တွေ့သမျှလူတွေထဲမှာအထူးချွန်ဆုံးပဲ။

ပြီးတော့ အရာရာကိုသိနားလည်ပြီး အံ့ဩစရာလည်း‌ကောင်းသေးမယ်.....”

အရောင်လက်နေသည့်မျက်လုံးများဖြင့် သူ၏စကားကိုပြန်လည်ချေပနေသည့်လူငယ်လေးကိုကြည့်ရင်းအဖြူရောင်ဝတ်စုံဝတ်လူလည်း သူ၏ဦးခေါင်းကိုခါယမ်းလိုက်မိ၏ ။

“ ကြည့်ကြသေးတာပေါ့.... စွန်းအိမ်တော်ကိုရောက်ရင် ဒီကောင်လေးက မင်းပြောသလိုထူးချွန်မှုရှိမရှိဆိုတာ....”

“ စောင့်ကြည့်နေလိုက်....”

အပြာရောင်ဝတ်စုံဝတ်လူငယ်က ယုံကြည်မှုပြည့်ဝသည့်ဟန်ဖြင့်ပြန်လည်ချေပရင်း စားပွဲပေါ်ရှိရေနွေးကြမ်းတစ်ခွက်ကိုတဖူးဖူးမှုတ်သောက်လိုက်သည်။

သူတို့နှစ်ဦးကလူစည်ကားရာစားသောက်ဆိုင်တစ်ခု၏ဒုတိယထပ်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ထိုအထပ်တွင်တော့ အတန်လူရှင်းပေသည်။

ထို့ကြောင့် စားသောက်ဖွယ်ရာများကိုစောင့်ဆိုင်းနေရင်း ရောက်တတ်ရာရာပြောဆိုငြင်းခုန်နေခြင်းဖြစ်ကာ နှစ်ဦးစလုံးက အငြင်းသန်၍ အကြောင်းအရာတစ်ခုကိုပြောဆိုမိလျှင်တော်တော်နှင့်စကားစဖြတ်ရခက်လေ့ရှိသည်။

အပြာရောင်ဝတ်စုံဝတ်လူငယ်ကလည်းအခြားအကြောင်းအရာများကိုပြောဆိုလျှင် ထိုမျှမဟုတ်သော်လည်း ရှောင်ယောင်ဆိုသည့်လူ၏အကြောင်းကိုပြောဆိုရာ၌ တစ်ဖက်သက်စွတ်ကန်ငြင်းခုန်တတ်သည်။

သူ၏စကားများအရဆိုလျှင် အရာရာပြီးပြည့်စုံသည်ဆိုသည့်ထိုလူငယ်က သာမန်လူသားတစ်ယောက်ပင်မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါးနီးနီးသို့ပင်ရောက်ရှိနေနိုင်သည်။

ထို့ကြောင့်လည်း အဖြူရောင်ဝတ်စုံဝတ်လူက အပြာရောင်ဝတ်စုံဝတ်လူငယ်ကိုစနောက်လိုလျှင် သူအထိမခံသည့်လူငယ်၏အကြောင်းကို မကောင်းပြောရ‌န်သာလိုအပ်ပေသည်။

“ ပြောလို့ပြောတာမဟုတ်ဘူး....အစ်ကိုရှောင်ယောင်က စာပေပညာမှာလည်းကျွမ်းကျင်နှံ့စပ်သေးတယ်။ အရူးသုံးဖော်ဆိုတဲ့စာပေသမားသုံးယောက်ကိုသိတယ်မလား သူတို့ထဲက ကဗျာဆရာဆုဖိန်တောင် အစ်ကိုရှောင်ယောင့်ကိုချီးကျူးရသေးတယ်.....”

လူငယ်၏စကားကြောင့်အဖြူရောင်ဝတ်စုံဝတ်လူက အနည်းငယ်အံ့အားသင့်သွားပြီးပြန်မေးလိုက်သည်။

“ ဆုဖိန်တို့ဝမ်ဝူးတို့လိုအရူးသုံးကောင်နဲ့ မင်းတို့က သိလို့လား....”

&&&&

All Chapters