← Chapters

တိုက်ပွဲတဖြတ်

Vol. 3 Ch. 40

တိုက်ပွဲတဖြတ်

Vol. 3 Ch. 40

“ ဝှစ်....ဝှစ်....”

အရှိန်ပြင်းစွာဝင်ရောက်လာသည့်ကျောက်စရစ်ခဲလေးများစွာက အနက်ရောင်ဝတ်စုံဝတ်လူများဆီသို့အရှိန်ပြင်းစွာတိုးဝင်သွားပြီး ထိုလူများမှာ အထိတ်တလန့်ဖြင့်အော်ဟစ်လိုက်ကြသည်။။

“ အု....”

“ ချွမ်း....”

“ ဘယ်သူလဲကွ...”

အော်ဟစ်သံများက ဆူညံသွားတော့သည် ။

ကျောက်စရစ်ခဲများက အနက်ရောင်ဝတ်စုံဝတ်လူများဆီသို့တည့်မည်စွာတိုးဝင်သွားသည့်အပြင် အားပြင်းမြန်ဆန်လှ၍ လူတစ်ဝက်ခန့်က အသံပင်မထွက်နိုင်ရှာဘဲ တုံးခနဲလဲကျသွားကြသည် ။

ထိုနည်းတူသတိကောင်းသည့်လူအနည်းငယ်ကသာ ကျောက်စရစ်ခဲများကိုရိုက်ထုတ်နိုင်ခဲ့ပြီး သူတို့၏ဓားကိုင်လက်များပင်ထုံကျင်သွား၍ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ထိုနည်းတူ ကျောက်စရစ်ခဲများထိမှန်လဲကျသွားသူများက ပြူးကျယ်နေသည့်မျက်လုံးများဖြင့်တောင့်တင်းနေကြပြီး အသံတစ်စက်ကလေးပင်မထွက်နိုင်ကြတော့ပေ။

ထိုသို့သောလူအရေအတွက်က စုစုပေါင်းကိုးယောက်အထ်ိရှိပြီး စုပေါင်းအင်အား၏တစ်ဝက်နီးပါးပင်ဖြစ်သည် ။

အနက်ရောင်ဝတ်စုံဝတ်လူများမှာ လဲကျသွားသည့်လူများကိုသယ်ဆောင်၍ ကြောက်လန့်တကြားနောက်ဆုတ်သွားကြသလို မိန်းကလေးများသည်လည်း အမှောင်ထဲမှလူကသူတို့ကိုပါတိုက်ခိုက်မည်စိုး၍အလျှင်အမြန်စုရုံးလိုက်ကြ၏ ။

ဤသို့ဖြင့်အပြင်းအထန်တိုက်ခိုက်နေသည့်တိုက်ပွဲက ရပ်တန့်သွားပြီး နှစ်ဖက်စလုံစရှိလူများအထိတ်လန့်နောက်ဆုတ်လိုက်ကြသလို လူငယ်၏ဘေးတွင်ရပ်နေသည့်အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူက သစ်ပင်များကြားသို့ကြည့်ရင်းအော်ဟစ်လိုက်သည်။

“ ဘယ်သူလဲကွ....”

ကျယ်လောင်ကာအတွင်းအားပြည့်ဝသည့်ထိုလူ၏အသံက ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်မှန်းသိသာပြီး ထိုလူက တိုက်ပွဲတွင်းသို့ဝင်ရောက်ခြင်းမပြုဘဲ လူငယ်၏ဘေးတွင်သာတစ်ချိန်လုံးစောင့်ကြပ်နေခြင်းဖြစ်၏။

ထို့ကြောင့် မိန်းကလေးများက ယခုအချိန်ထိတောင့်ခံနိုင်ခြင်းဖြစ်ကာ ထိုလူသာဝင်ရောက်တိုက်ခိုက်ပါက သူတစ်ဦးထဲဖြင့် မိန်းကလေးအားလုံးကိုအနိုင်ယူနိုင်ပေမည်။

ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးတစ်ဦးက လူငယ်၏ဘေးတွင်သက်တော်စောင့်တစ်ဦးပမာ ရပ်နေသည်ကအံ့ဩဖွယ်ဖြစ်ပြီး ယခု သူ၏လူများခံလိုက်ရ၍ အော်ဟစ်မေးမြန်းလိုက်ခြင်းဖြစ်သည်။

သို့တိုင် တောအုပ်ထဲရှိအရာအားလုံးကတိတ်ဆိတ်ပြီး လူသူအရိပ်အယောင်ကိုပင်မမြင်ရပေ။

ထိုအဖြစ်ကြောင့် အစွမ်းထက်သိုင်းသမားတစ်ဦးဦးပုန်းအောင်းနေပြီဖြစ်မှန်းရိပ်စားမိလိုက်သည့် သက်လက်ပိုင်းလူက ကျန်အဆင့်လွန်ထိပ်သီးနှစ်ဦးကို လေးနက်သည့်အမူအယာဖြင့်ပြောဆိုလိုက်သည် ။

“ သခင်လေးကို စောင့်ရှောက်ထားလိုက်.....ငါအနီးအနားကိုပတ်ကြည့်လိုက်ဦးမယ်....”

ထိုအခိုက် သစ်ပင်များကြားမှလှောင်ပြောင်လိုသည့်စကားသံတစ်သံထွက်ပေါ်လာလေသည်။

“ ဟားဟား.....ယောင်္ကျားကြီးတန်မဲ့မိန်းကလေးတွေကိုဝိုင်းတိုက်နေတာမရှက်ဘူးလား.....သတ္တိရှိရင် ငါ့ကိုလာတိုက်လေ....”

ကျယ်လောင်သည့်စကားသံနှင့်အတူ အဖြူရောင်အရိပ်တစ်ခုကလျှင်မြန်စွာဖြတ်ပြေးသွားသည်။

ထိုအဖြစ်ကြောင့် သက်လင်ပိုင်းလူ၏မျက်လုံးများကျဉ်းမြောင်းသွားကာ အလျှင်အမြန်အော်ဟစ်လိုက်သည်။

“ ရပ်လိုက်စမ်း....”

ထိုလူကပြောပြောဆိုဆိုဖြင့် အဖြူရောင်အရိပ်ထွက်ခွာသွားရာ သစ်ပင်များကြားသို့ရိပ်ခနဲခုန်ဝင်သွားတော့သည်။

မမြင်ရသည့်ရန်သူက အနည်းဆုံးအဆင့်လွန်ထိပ်သီးအဆင့်ရှိမည့်အပြင် ထိုလူ၏လက်နက်ပုန်းပညာက အဆင့်မြင့်လှ၍သူတို့ကိုချိန်းခြောက်နိုင်စွမ်းရှိပေသည် ။

ထို့ကြောင့်လည်း သက်လက်ပိုင်းလူက ပုန်းအောင်းနေသူကိုဦးစွာရှာဖွေရန်ထွက်သွားခြင်းဖြစ်ပြီး ထိုလူမရှိတော့သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူငယ်ကစိုးရိမ်ဟန်မတူဘဲ သူ၏လက်ကိုဝေ့ယမ်းကာပြောလိုက်သည်။

“ သူတို့ထွက်ပြေးသွားလိမ့်မယ် မြန်မြန်ဝိုင်းထားစမ်း.....”

သူတို့သခင်လေး၏အမိန့်ကြောင့် ပတ်ဝန်းကျင်ကိုကျီးလန့်စာစားကြည့်နေသည့်လူများမှာ မိန်းကလေးများကိုအလျှင်အမြန်ဝိုင်းထားလိုက်ကြရသည်။

မိန်းကလေးများက နောက်ထပ်ထွက်ပေါ်လာသည့် အဖြူရောင်အရိပ်က သူတို့ကိုကူညီနေမှန်းသိ၍ ဆုတ်ခွာထွက်ပြေးရန်ကြံစည်လိုက်သော်လည်း လူငယ်၏စကားကြောင့်ထွက်ခွာနိုင်ခြင်းမရှိကြတော့ပေ။

ကျောက်စရစ်ခဲများ၏လက်ချက်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူများစွာလဲကျသွားသော်လည်း သူတို့၏ဘက်တွင်ဆယ်ယောက်ကျော်ကျန်သေးကာ ဒဏ်ရာကိုယ်စီဖြင့် ခြေကုန်လက်ပမ်းကျနေသည့်မိန်းကလေးခြောက်ယောက်ကား တိုက်ခိုက်နိုင်စွမ်းကင်းမဲ့နေပြီဖြစ်သည်။

“ ဟီးဟီး.....အစောကြီးထဲက ငါ့အလိုလိုက်ပြီး ငါ့ကိုယူလိုက်ရင် နင့်လူတွေတောင်သေစရာမလိုဘူး အခုတော့ ငါနင့်‌ကိုလုပ်ပြီးရင် ကျန်တဲ့မိန်းကလေးတွေကိုပါဆက်ပြီးလုပ်မယ်.....”

လူငယ်၏အတွေးများက လွန်စွာယုတ်ညံ့လှပြီး ထိုအချက်ကိုဖုံးကွယ်ထားခြင်းမရှိဘဲပြောဆိုနေပေသည်။

သူ၏စကားကြောင့်မိန်းကလေးများမှာ ထိုကောင့်ကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်နေသော်လည်း အားမတန်၍မာန်လျော့ကာ မုန်းတီးသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေကြတော့သည် ။

ထိုအခိုက် ဂိုဏ်းချုပ်မိန်းမလှလေးက သူမ၏လူများကိုတီးတိုးပြောလိုက်သည်။

“ အခု သူ့လူတွေက တစ်ဝက်လောက်ပဲကျန်တော့တယ်။ သူတို့ထဲကအစွမ်းအထက်ဆုံးလူကလည်းမရှိဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ဖောက်ထွက်ကြရအောင် ....”

သူမ၏စကားကြောင်က မိန်းမချောလေးများမှာ လွန်စွာပင်ပန်းနေကြသည့်တိုင်မျက်လုံးများတောက်ပလာပြီးခေါင်းညိမ့်ပြလိုက်၏။

ထိုအချိန်တွင် သူတို့ကိုမျက် စေ့ထောက်ထောက်အကဲခပ်နေသည့်လူငယ်က သူ၏အနီးရှိသိုင်းထိပ်သီးနှစ်ယောက်ကိုပြောလိုက်သည်။

“ မင်းတို့နှစ်ယောက် ချင်းအာကိုမြန်မြန်ဖမ်းခဲ့စမ်း....သူ့ကိုနောက်ထပ်ဒဏ်ရာမရစေနဲ့တော့။ ကျန်တဲ့လူတွေကိုလည်းမသေစေနဲ့ဦး နှမျောစရာကြီးတွေ ....”

လူငယ်က မိန်းမချောလေးများကို တဏှာမျက်လုံးများဖြင့်ကြည့်ကာအမိန့်ပေးလိုက်သည်။

သို့‌‌သော် အနက်ရောင်ဝတ်စုံဝတ်ထိပ်သီးနှစ်ယောက်ထဲမှတစ်ယောက်က သဘောမတူသည့်ဟန်ဖြင့် လူငယ့်ကိုပြောလိုက်သည်။

“ သခင်လေး အစ်ကိုချန်ပြန်မလာခင်မှာ ကျုပ်တို့မလှုပ်ရှားတာ‌ကောင်းမယ်....”

“ ဟုတ်တယ်သခင်လေး အမှောင်ထဲမှာ ပုန်းနေတဲ့နောက်ထပ်ရန်သူတွေရှိနိုင်သေးတယ်....”

ထိုလူနှစ်ယောက်၏စကားက ကျိူးကြောင်းသင့်လျော်သော်လည်း တဏှာစိတ်မွန်နေသည့်လူငယ်က နားမဝင်တော့ပေ။

“ လျှာမရှည်နဲ့ ငါခိုင်းတဲ့အတိုင်းလုပ် မဟုတ်ရင် ဂိုဏ်းကိုပြန်ရောက်တဲ့အခါ မင်းတို့ကိုကောင်းကောင်းဆုံးမပစ်မယ်.....”

ရက်စက်ကြမ်းကြုတ်ပြီး လက်အောက်ငယ်သားများကိုမညှာမတာအပြစ်ပေးတတ်သည့်လူငယ်၏အကြောင်းကိုသိနေ၍ ကျန်လူများမှာ မျက်နှာပျက်သွားကြသည်။

သူတိ့သခင်လေး၏ခေါင်းမာသည့်ပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်သိုင်းထိပ်သီးနှစ်ယြော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သက်ပြင်းချ၍ပြောလိုက်သည်။

“ ကောင်းပြီ....သခင်လေး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ .....”

ထိုလူနှစ်ယောက်က ပြောပြောဆိုဆိုဖြင့်မိန်းကလေးခြောက်ယောက်ဆီသို့ခုန်ဝင်သွားသလို မိန်းကလေးများကလည်း သူတို့၏ပတ်လည်တွင်ဝိုင်းထားသူများကိုတိုက်ခိုက်လိုက်ကြသည်။

ရန်သူများ၏အရေအတွက်က တစ်ဝက်နီးပါးသာကျန်ရှိတော့သော်လည်း သူတို့ထက်သာလွန်နေဆဲဖြစ်သည့်အပြင် လွန်စွာနွမ်းလျနေသည့်မိန်းကလေးများမှာ ပြိုင်ဘက်များ၏ဝန်းရံမှုကိုပင်ဖောက်ထွက်နိုင်ခြင်းမရှိကြပေ။

အနက်ရောင်ဝတ်စုံဝတ်လူငယ်ကား တိုက်ပွဲကိုအရောင်လက်နေသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည် ။

“ ဟိုနန်နယ်ရဲ့မိန်းမလှဟုတ်လား နောက်ဆုံးတော့လည်း ဒီသခင်လေးရဲ့လက်ကိုပဲကျတော့မှာပါ။

ဒီလောက်ခေါင်းမာတဲ့ကောင်မ မင်းကိုအားရအောင်ကစားပြီးမှသတ်ပစ်ရမယ်....”

လူငယ်က တစ်ကိုယ်တည်းယုတ်ညံ့စွာတွေးတောရင်း သူ၏အနီးတွင်အတုံးအရုံးလဲကျနေသည့်လူများကိုစစ်ဆေးကြည့်လိုက်သည်။

ထိုလူများက အမှောင်ထဲမှထွက်ပေါ်လာသည့်ကျောက်စရစ်ခဲများကြောင့်ဆန်းကြယ်စွာလဲကျသွားခြင်းဖြစ်ပြီး တောင့်တင်းနေသည့်ပုံစံများက အကြောပိတ်ခံထားရဟန်တူသည်။

သို့သော်လည်း ယခုလိုလူပေါင်းများစွာကိုတူညီသည့်နည်းလမ်းဖြင့်တစ်ချိန်ထဲအကြောပိတ်နိုင်သည်က တစ်ဖက်လူ၏လက်နက်ပုန်းပညာမြင့်မားကြောင်းသိနိုင်ပြီးလူငယ်လည်း အကြိမ်အနည်းငယ်ကြိုးစားပြီးအကြောမဖြေနိုင်မှန်းသိ၍ ဒေါသထွက်ကာ သူ၏ရှေ့ရှိလူကိုကန်ကြောက်လိုက်သည်။

“ အမှိုက်တွေပဲ ကျောက်ခဲလေးနည်းနည်းကိုတောင်မရှောင်တိမ်းနိုင်ဘူး....”

ထိုအခိုက် ကျောက်စရစ်ခဲလေးများကလေထုကိုအရှိန်ပြင်းစွာထိုးခွင်း၍ပြေးဝင်လာပြန်ကာ သူတို့၏ဦးတည်ရာက ကျန်ရှိနေသည့်အနက်ရောင်ဝတ်စုံဝတ်လူများဆီသို့ပင်ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ်လူများကား မိန်းကလေးများကိုအနိုင်ရခါနီး၍ အာရုံစိုက်တိုက်ခိုက်နေသည့်အပြင် အမှောင်ထဲမှရန်သူ၏နောက်သို့ အစ်ကိုချန်လိုက်ပါသွား၍ သတိပေါ့လျော့နေကြသည်။

ထို့ကြောင့် အဆင့်လွန်ထိပ်သီးနှစ်ယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်မှလွဲ၍ ကျန်လူများမှာ ကျောက်စရစ်ခဲများထိမှန်ကာ လဲကျသွားပြီး အစောပိုင်းကနှင့်တူညီသည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာလေသည် ။

“ တိုက်ကြ....”

ယခုတစ်ကြိမ်၌ ဂိုဏ်းချုပ်မိန်းမလှလေးက အံ့ဩမနေတော့ဘဲ အော်ဟစ်အမိန့်ပေးလိုက်သည် ။

အမှောင်ထဲမှလူကသူတို့ကိုကူညီနေမှန်းအသိသာကြီးဖြစ်ရာ သူတို့လည်းထိုလူ့ကိုစိုးရိမ်စရာလိုမည်မဟုတ်ပေ။

လက်ရှိအခြေအနေကိုအခွင့်ကောင်းယူကာ မိန်းကလေးများက လက်ကျန်ခွန်အားဖြင့်အစွမ်းကုန်တိုက်ခိုက်လိုက်ကြရာတွင် အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်မှာ အနည်းငယ်အလုပ်ရှုပ်သွားလေသည်။

ထိုမြင်ကွင်းကိုအထင်းသားမြင်နေရသည့်လူငယ်မှာ အသုံးမကျသည့်သူ၏လူများကို အော်ဟစ်ဆဲဆိုခြင်းမပြုနိုင်မီ လေအေးတစ်ချက်နှင့်အတူ သူ၏ခန္တာကိုယ်က တင်းကြပ်စွာချုပ်ကိုင်ခံလိုက်ရတော့သည်။

လူငယ်လည်း အမည်မသိရန်သူကသူ၏နောက်ဘက်သို့ရောက်ရှိနေမှန်းရိပ်စားမိ၍ ထိတ်လန့်တုန်လှုပ်စွာဖြင့်တစ်ပတ်လှည့်ကာတိုက်ခိုက်ရန်ပြင်လိုက်သော်လည်း သူ၏ခန္တာကိုယ်ကလှုပ်ရှားမရတော့ဘဲ တစ်ဖက်လူက သူ၏အရိုးအဆစ်များကိုပိုင်နိုင်စွာချူပ်ကိုင်ထားပြီးဖြစ်ကြောင်းသိလိုက်ရသည်။

“ ရပ်လိုက်စမ်း....”

ကြည်လင်ပီသသည့်အသံက ခပ်တိုးတိုးထွက်ပေါ်လာပြီး တိုက်ခိုက်နေသူအားလုံးရပ်သွားကြပြန်သည်။

အမှောင်ထဲမှလူ၏အန္တရာယ်အပြင် မိန်းကလေးများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူများမှာ အသံထွက်ပေါ်လာရာနေရာသို့ကြည့်လိုက်မိကြသည့်အခါ မိုးကြိုးပစ်ခံရသလို ထိတ်လန့်သွားကြ၏။

အကြောင်းကား ညစ်ပတ်နေသည့်အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်က သူတို့၏သခင်လေးကိုဖမ်းဆီးချုပ်ကိုင်ထား၍ပင်။

&&&

All Chapters