စွန်းအိမ်တော်သို့
Vol. 3 Ch. 54
အခန်း၏အလယ်တွင် လိုက်ကာခြားနေသော်လည်း ဝင်ရောက်လာသူကို သူတို့၏ဘက်မှနေ၍ကောင်းစွာတွေ့မြင်နိုင်သေးသည်။
ထိုအဖြစ်ကြောင့် ရှင်းဟော်က အံ့သြတုန်လှူပ်သွားပြီး နောက်ဘက်ရှိလျှို့ဝှက်တံခါးကိုလှည့်ကြည့်လိုက်မိ၏ ။
ပုံမှန်ဆိုလျှင် ခြံဝန်းထဲခြေမချမီ ကာကွယ်ရေးအဖွဲ့မှသိုင်းသမားများက မေးမြန်းစစ်ဆေးပြီးမှ သူ့ကိုလာရောက်အကြောင်းကြားတတ်လေသည်။
ယခု သူ၏ခေါင်းဆောင် ရုတ်တရက်ရောက်ရှိလာသည့်တွင်မှထိုလူများက တလွဲလုပ်နေပြီး အမည်မသိလူတစ်ယောက်ကိုသည်အတိူင်းဝင်လာစေရာ ရှင်းဟော်၏စိတ်ထဲတွင် ဒေါသထွက်နေပြီး လျှို့ဝှက်လမ်းမှတစ်ဆင့်အခန်းအပြင်သို့ထွက်ရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမထံမှ စကားသံတစ်ခုထွက်ပေါ်လာသည်။
“ မသေချင်ရင် လုံးဝမလှုပ်ဘဲရပ်နေလိုက်....”
ထိုမိန်းမ၏အသံက ကြည်လင်ချိုအေးနေပြီးကျောက်စက်ကြားမှစမ်းချောင်းရေလို အေးမြကာ နားဝင်ချိုလှသည် ။
ထိုမျှ ကြည်လင်ချိုသာသည့်အသံကိုထောက်ရှုပါက ထိုမိန်းမ၏အသက်က များစွာကြီးမြင့်ခြင်းမရှိဘဲ မိန်းမပျိုတစ်ယောက်ပင်ဖြစ်နိုင်သညမ ။
သို့သော် ထိုအသံက ရေခဲတောင်ကြားမှထွက်ပေါ်လာသလို ခံစားချက်ကင်းမဲ့ပြီး လွန်စွာအေးစက်နေသေးသည် ။
သူတို့၏ကြားတွင်ခြားထားသည့်လိုက်ကာစက အတော်ပင်ထူထဲပြီး တစ်ဖက်မှသာကြည့်၍မြင်နိုင်ရန်ပြုလုပ်ထားသည်။
ထို့ကြောင့် သတင်းဝယ်ယူရန်လာရောက်သူအဖို့ သူတို့ကိုမြင်နိုင်မည်မဟုတ်ဘဲ သူတို့ကသာအထဲမှကြည့်နိူင်ခြင်းဖြစ်သည်။
ယခု ထိုမိန်းကလေးက သူ၏လှုပ်ရှားမှုများကိုသိမြင်နေ၍ ရှင်းဟော်၏စိတ်ထဲတွင် အံ့ဩမှုနှင့်အတူ တုန်လှုပ်မှုတို့ကပ်ညိပါဝင်လာ၏
သို့သော် သူ၏ရှေ့တွင်ရှိနေသူက သူလေးစားရသည့်ခေါင်းဆောင်ဖြစ်၍ စိတ်ထဲမှတုန်လှုပ်မှုများကိုမျက်နှာတွင်မပေါ်စေရန်ထိမ်းချူပ်ကာ တင်းမာသည့်အသံဖြင့်မေးလိုက်သည်။
“ မင်းကဘယ်သူလဲ....”
ရှင်းဟောာ်၏အသံကြောင့် အနက်ရောင်ပဝါအောက်မှစူးရှတောက်ပလှသည့်မျက်ဝန်းများက သူ့ထံသို့ကျရောက်လာပြီး ရှင်းဟော်၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်တိူ့ကိုခံစားမိလိုက်သည်။
ထိုအချိန်မှာပင် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏အေးစက်စက်အသံကထွက်ပေါ်လာပြန်သည်။
“ ရှင်က သွေးကြက်တူရွေးလား ...”
တစ်ဖက်လူ၏ထင်မထားသည့်မေးခွန်းကြောင့် ရှင်းဟော်လည်း အံ့အားသင့်သွားကာ မည်သို့ပြန်ဖြေရမှန်းမသိဘဲ သွေးနီရောင်ဝတ်စုံဝတ်လူကိုကြည့်လိုက်မိသည် ။
ထိုစဉ်မှာပင် သွေးနီရောင်ဝတ်စုံဝတ်လူက ထိုင်ခုံမှဖြေးညင်းစွာထရပ်ကာ အခန်းအလယ်မှလိုက်ကာကိုကျော်ဖြတ်၍ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးနှင့်ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်လိုက်သည်။
သူ့ခေါင်းဆောင်၏လုပ်ရပ်ကြောင့် ရှင်းဟော်တစ်ယောက်အံ့အားသင့်နေစဉ်မှာပင် သွေးနီရောင်ဝတ်စုံဝတ်လူက မိန်းကလေးကိုစူးစိုက်ကြည့်ရင်းတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ သွေးကြက်တူရွေးဆိုတာ ကျုပ်ပါမိန်းကလေး ဘာများကူညီပေးရမလဲ.....”
&&&
မြေနီလမ်း.....
အလယ်ပိုင်းဒေသ၏ကျန်းနန်မြို့တည်ရှိရာသို့ဦးတည်သည့်ထိုလမ်းမထက်တွင် ခရီးသွားများစွာရှိနေသည်။
အလယ်ပိုင်းဒေသ၏နတ်ဘုံ၏တင်စားရသည့်ကျန်းနန်မြို့က ကျန်းနန်ဒေသ၏အချက်အချာကျသည့်နေရာတွင်ရှိကာ နာမည်ကျော်နတ်ရေကန်အပါအဝင် ပျော်ရွှင်စရာနေရာများစွာကြောင့်ကျော်ကြားသည့်နေရာတစ်ခုလည်းဖြစ်သည်။
ကျန်းနန်မြို့တွင် ဆယ့်နှစ်ရာသီကာလပတမလုံး သိုင်းသမားများကိုတွေ့မြင်နိုင်သလို ကျန်းနန်မြို့အပြင်ရှိသူရဲကောင်းကွင်းပြင်သည်လည်း သိုင်းလောကထဲတွင်အထင်ကရနေရာတစ်ခုဖြစ်၏။
ယခု ကျန်းနန်မြို့တည်ရှိရာလမ်းမထက်၌ ခရီးသွားများက ပုံမှန်အချိန်ထက် ပိုများနေပြီး သူတို့ထဲမှအများစုကသိုင်းလောကသားများဖြစ်ကြောင်းတွေ့ရပေမည်။
မှန်ပေသည်။
ကျန်းနန်နှင့် လီအနည်းငယ်အကွာတွင်ရှိသည့်စီးမင်မြို့တွင် သိုင်းလောက၏နာမည်ကြီးစွန်းအိမ်တော်တည်ရှိသည်။
ယခု နေရာအနှံ့မှသိုင်းလောကသားများစွန်းအိမ်တော်သို့ဦးတည်လာနေကြခြင်းက နောက်ထပ်သုံးလေးရက်အကွာတွင်ကျရောက်မည့်စွန်းအိမ်တော်သိုင်းပြိုင်ပွဲကြောင့်သာဖြစ်သည်။
ခွန်လွန်ဂိုဏ်းနှင့်စွန်းအိမ်တော်မှကြီးမှူးကျင်းပပြီး သိုင်းလောကတစ်ခုလုံးရှိလူငယ်မျိုးဆက်များ ပါဝင်ယှဉ်ပြိုင်ကြမည့်ထိုသိုင်းပြိုင်ပွဲက အနှစ်တစ်ရာအတွင်းအကြီးမားဆုံးသိုင်းပြိုင်ပွဲဟုပင်လူအများကပြောစမှတ်ပြုကြသည်။
အကြောင်းကား ယခုလက်ရှိမျိုးဆက်မှလူငယ်များက သူ့ထက်သူလူစွမ်းကောင်းများသာဖြစ်ကြသည့်အပြင် ယခုသိုင်းပြိုင်ပွဲတွင် သူတို့ထဲမှအများစုပါဝင်ယှဉ်ပြိုင်မည့်အတွက်ဖြစ်၏။
ထို့အပြင် ယခုသိုင်းပြိုင်ပွဲကိုမူတည်ကာ သိုင်းလောကလွှမ်းမိုးသူများစာရင်းကိုပြင်ဆင်မည်ဖြစ်ပြိး မူလရှိနေကြသည့်လူငယ်ထိပ်သီးဆယ်ယောက်သာမက ကျော်ကြားလိုသည့်လူငယ်မျိုးဆက်များအတွက် သိုင်းပြိုင်ပွဲက ရွှေရောင်အခွင့်အရေးကြီးဖြစ်ပေသည်။
ထို့ကြောငိ့ စွန်းအိမ်တော်တွင် မကြာမီကျင်းပတော့မည့်သိုင်းပြိုင်ပွဲက ပါရမီရှင်တို့၏တိုက်ပွဲဟုပင်ဆိုနိုင်ပေသည်။
မြေနီလမ်းပေါ်တွင် အများသူငါနည်းတူသွားလာနေကြသည့်သိုင်းသမားနှစ်ယောက်လည်းရှိနေသေးသည်။
ထိုသိုင်းသမားနှစ်ယောက်က အဖြူရောင်သိုင်းဝတ်စုံများကိုဝတ်ဆင်ထားကြပြီးအသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသည်။
သို့တိုင်ထိုအသက်အရွယ်ဖြင့် အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိနေကာလူငယ်နှစ်ယောက်က လူငယ်မျိုးဆက်မှပါရမီရှင်များဟုဆိုနိုင်ပေသည်။
ကျန်လူများ၏လေးစားအားကျဟန်တူသည့်အကြည့်များကြောင့် လူငယ်နှစ်ယောက်အနက် ဝဝဖိုင့်ဖိုင့်နှင့် ကြီးမားထွားကြိုင်းသည့်ခန္တာကိုယ်ရှိသူက မြောက်ကြွကြွဖြစ်နေသည်။
ကျန်လူငယ်တစ်ယောက်က ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ရှိကာ ယောင်္ကျားပီသသည့်ရုပ်သွင်ရှိပေသည် ။
တူညီသည့်အချက်ကား သူတို့နှစ်ဦးလုံးက ဆံပင်များစွာမရှည်ကြသေးဘဲ ခေါင်းတုံးဆံပင်ပေါက်ပုံစံများရှိနေကြခြင်းပင်။
“ ဟေ့.. ဝူကျိ အခုသိုင်းပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမယ်ထင်လဲ.....”
“ အာ....မင်းကလည်း ငါဘယ်သိမလဲ....ဒါပေမယ့် သိုင်းပြိုင်ပွဲမှာအနိုင်ရဖို့ရေပန်းစားနေတာက လူငယ်ထိပ်သီးဆယ်ယောက်က ထိပ်ဆုံးသုံးယောက်ပဲလေ။
သူတို့က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုတောင်ယှဉ်နိုင်တယ်ဆိုတော့ သူတို့ကိုဘယ်သူကအနိုင်ယူနိုင်မှာလဲ.....”
“ မင်းကလည်း အဲလိုတစ်ဖက်သက်ကြီးတော့မပြောနဲ့ လူငယ်ထိပ်သီးဆယ်ယောက်ဆိုတာလည်း ဘယ်လောက်အထိအစွမ်းထက်မှာမလို့လဲ။ သိုင်းလောကက ဒီလောက်မထိ ကျယ်ပြန့်တာ ....”
မစားရမသောက်ရသည့်သတင်းများကို သိုင်းသမားနှစ်ယောက်က အချင်းချင်းငြင်းခုန်နေစဉ် ကျန်တစ်ယောက်က ဝင်ပြောလိုက်သည်။
“ မင်းတို့နှစ်ယောက်လုံးတော်လိုက်တော့ ငါပြောပြမယ် ။ လူငယ်ထိပ်သီးဆယ်ယောက်က ထိပ်ဆုံးသုံးယောက်က အစွမ်းထက်တယ်ဆိုတာမှန်တယ် ။ ဒါပေမယ့် သူတို့အစွမ်းကုန်တိုက်ခိုက်တာကိုဘယ်သူမှမမြင်ဖူးဘူး။
ပြီးတော့ နောက်တက်လာတဲ့လူငယ်တွေကိုအထင်မသေးသင့်ဘူး ။
ငါမြင်ဖူးတဲ့တိုက်ပွဲကို ပြောပြမယ် ။အဲဒီတိုက်ပွဲက တကယ့်ကိုကြောက်စရာကောင်းတယ်ကွ လပြည့်ဝန်းကန်ကတိုက်ပွဲအကြောင်းမင်းတို့ကြားဖူးလား.....”
ထိုလူ၏စကားကြောင့် ပထမနှစ်ယောက်ကအံ့အားသင့်သွားကြပြီး အလျှင်အမြန်ပြောလိုက်ကြသည် ။
“ လေပြင်းနဂါးနဲ့ နဂါးနက်တို့ရဲ့တိုက်ပွဲမလား....”
“ မင်းလည်း အဲဒီမှာရှိနေတာပေါ့....”
ရှေ့နားဆီမှလူစု၏ပြောဆိုဆွေးနွေးသံကိုနားထောင်နေရင်း လူငယ်နှစ်ယောက်မှာ တိတ်ဆိတ်နေကြသည်။
သူတို့နှစ်ယောက်က ကျန်လူများ၏ပြောဆိုဆွေးနွေးမှုများကိုနားထောင်လာရင်း လက်ရှိသိုင်းလောကထဲမှ ပါရမီရှင်လူငယ်မျိုးဆက်များအကြောင်းအတော်များများသိရှိလာပေသည်။
“ ကြွယ်စင်း မင်းရော ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်ထင်လဲ....”
ဝဝဖိုင့်ဖိုင့်လူငယ်က ဘေးနားရှိကြံ့ခိုင်သန်မာသည့်လူငယ်ကို ခပ်တိုးတိုးကပ်မေးလိုက်သည်။
သူ၏မေးခွန်းကြောင့် ထိုလူငယ်၏မျက်ခုံးများစုကြုံ့သွားပြီး အနည်းငယ်လေးလံသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ဘယ်သူနိုင်မယ်ဆိုတာမသိပေမယိ့ မင်းရောငါရောအခြေအနေမကောင်းနိုင်ဘူး ....”
ကြွယ်စင်း၏စကားကြောင့် ကြွယ်ယန်၏မျက်နှာက အီးမှန်ထားသလိုရှုံ့မဲ့သွားပြီး ကြွယ်စင်း၏ပခုံးကိုပုတ်ကာဝါရင့်သိုင်းသမားတစ်ယောက်၏ဟန်ဖြင့်ပြောလိုက်သည်။
“ မှတ်ထား ကြွယ်စင်း စစ်မရောက်ခင် ဘယ်တော့မှမြားမကုန်ရဘူး....မကြိူးစားဘဲ ဘယ်လိုလုပ်အနိုင်မရဘူးဆိုတာသိနိုင်မှာလဲ။
ငါတို့က တခြားလူတွေကိူအနိုင်မယူနိုင်ဘူးဆိုရင်တောင် ကြိူးစားမကြည့်လဲ လက်မလျော့နိုင်ဘူး ...”
ကြွယ်စင်း၏အသံက ပီသကျယ်လောင်ပြီး အားမာန်ပြည့်ဝလှ၍ အနီးရှိလူများပင် ခေါင်းညိမ့်လိုက်မိကြ၏။
ထိုအခြေအနေကြောင့် ကြွယ်စင်းက တိုးတိုးကြိတ်ကြိတ်သတိပေးလိုက်သည်။
“ ကြွယ်ယန် မင်းကတိပေးထားတယ်နော်....ဘယ်လိုပြဿနာမှဝင်မပါဘူးလို့.....”
ကြွယ်စင်း၏သတိပေးစကားကြောင့် ကြွယ်ယန်၏ပုံစံက လေလျော့သွားသည့်ပူပေါင်းတစ်ခုလို ပျော့ခွေသွားသည်။
စီရန်မြို့မှထွက်လာပြီးနောက်ပိုင်း သူတို့နှစ်ယောပ် စွန်းအိမ်တော်ရှိရာသို့ဦးတည်၍လာခြင်းဖြစ်သည်။
လမ်းတွင် ကြွယ်စင်း၏အတင်းအကြပ်ပြောဆိုမှုကြောင့် ကြွယ်ယန်မှာ နာမည်ကျော်ကြားရန် ပေါက်တတ်ကရပြုလုပ်မည့်အကြံများကိုမနည်းပင်ချိုးနှိမ်လာခဲ့ရသည် ။
သို့သော်လည်း မကြာမီ စွန်းအိမ်တော်သို့ရောက်ရှိ၍သိုင်းပြိုင်ပွဲဝင်ကာ နာမည်ကျော်ကြားတောပမည်ဖြစ်၍ ကြွယ်ယန်တစ်ယောက် တက်ကြွရွှင်လန်းနေပေသည်။
“ ဟိုရောက်ရင်တော့ အစ်ကိုရှောင်ယောင့်ကိုတွေ့ရကောင်းပါရဲ့....”
ကြွယ်ယန်က ယခုပိုင်းအတွင်း သတင်းမကြားသည့် ရှောင်ယောင်တစ်ယောက် စွန်းအိမ်တော်တွင်ရောက်ရှိမည်မသေချာ၍ အနည်းငယ်ပူပန်ဟန်ဖြင့်ပြောလိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ထပ်ပြောလိုက်သည်။။
“ အစ်ကိုရှောင်ယောင်ကတော့ သိုင်းပြိူင်ပွဲမှာကျိန်းသေပေါက် နေရာကောင်းကောင်းရမှာပဲ။
ဘယ်သူသိမလဲ သူဗိုလ်စွဲရငိတောင်စွဲသွားနိုင်သေးတယ် ....”
ရှောင်ယောင်၏သိုင်းပညာကို သံသယမရှိသော်လည်း ကြွယ်ယန်၏ ယုံကြည်မှုလွန်ကဲသည့်စကားများကြောင့် ကြွယ်စင်းက ခေါင်းကိုဖြေးညင်းစွာခါယမ်းပြလိုက်သည်။