← Chapters

ညီမငယ်တစ်ဦးလို

Vol. 3 Ch. 63

ညီမငယ်တစ်ဦးလို

Vol. 3 Ch. 63

ရှောင်ယောင်၏မေးခွန်းကို နားလည်သဘောပေါက်ဟန်ဖြင့် ဒေါ်လေးရှောက်က ရှင်းပြလိုက်သည်။

“ ဒါက ငါတို့ဂိုဏ်းရဲ့အစဉ်အလာကြောင့်ပဲ ။ ငါတို့ဂိုဏ်းရဲ့တည်‌ထောင်သူက ဟိုးလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကကြာပန်းဂိုဏ်းဆိုတဲ့ ဂိုဏ်းကြီးကနေဆင်းသက်လာတဲ့မျိူးဆက်တစ်ယောက်ပဲ။

တစ်ခေတ်တစ်ခါက ကြာပန်းဂိုဏ်းကြီးက သိုင်းလောကကိုလွှမ်းမိုးနိုင်တဲ့အထိအင်အား‌ကြီးခဲ့ပေမယ့် ငါတို့ကြာပန်းဖြူဂိုဏ်းကတော့ ခေတ်အဆက်ဆက်မှာ သာမန်ပထမတန်းစားဂိုဏ်းတစ်ခုအဖြစ်ပဲရှိနေခဲ့တယ်။

ဒါကလည်း ဂိုဏ်းရဲ့ကျင့်စဉ်တွေက အဆင့်မြင့်လွန်းပြီး ပေါက်မြောက်အောင်ကျင့်နိုင်တဲ့လူမရှိသလောက်ရှားလို့ပဲ။

ဂိုဏ်းရဲ့ပင်မကျင့်စဥ်ဖြစ်တဲ့နွေဦးပန်းပွင့်ကျင့်စဉ်ဆိုတာ သစ်သားဓာတ်အခြေပြုကျင့်စဉ်တစ်ခုဖြစ်ရုံသာမကဘဲ အောင်မြင်ဖို့မဆိုထားနဲ့ ‌‌နောက်ပိုင်းအဆင့်တွေကို လေ့ကျင့်နိုင်ဖို‌ တောင်အလွန်ခက်ခဲလှတယ် ။

ဒီကျင့်စဉ်ကိုလေ့ကျင့်ဖို့သင့်လျော်တဲ့ပါရမီရှိတဲ့လူကို ဂိုဏ်းချုပ်အဖြစ်တင်မြောက်ရမယ်ဆိုတဲ့စည်းကမ်းလည်းရှိနေပြန်တယ် ။

ချင်းအာက ပါရမီအလွန်ကောင်းတယ်။ ပြီးတော့ အသက်ဆယ့်ငါးနှစ်မပြည့်ခင်မှာပဲ ငါတို့လို ဂိုဏ်းရဲ့ဒုတိယမျိုးဆက်တွေနဲ့တောင်တူညီတဲ့အဆင်ရောက်အောင်လေ့ကျင့်နိုင်ခဲ့သေးတယ်။

ဒါကြောင့် သူ့ကိုဂိုဏ်းချုပ်အဖြစ်ရွေးချယ်ခဲ့တာသိပ်ပြီးမထူးဆန်းပါဘူး။ သူ့ရဲ့ပါရမီအရဆိုရင် အရင်ဂိုဏ်းချုပ်ဖြစ်တဲ့ သူ့အမေထက်တောင်ပိုပြီးသာလွန်နေသေးတယ်.....”

အသက်ဆယ့်ခုနစ်နှစ်သာရှိသေးသော်လည်းအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ရှိနေသည့်လွီချင်းအာ၏ပါရမီကိုပြန်တွေးမိသည့်အခါ ရှောင်ယောင်လည်း အလိုလိုခေါင်းညိမ့်လိုက်မိ၏ ။

ဟိုနန်နယ်မှကြာပန်းဖြူဂိုဏ်းကို သာမန်ပထမတန်းစားဂိုဏ်းတစ်ခုဟုထင်ထားသည့်တိုင် ယခုလိုနက်ရှိုင်းသည့်သမိုင်းကြောင်းများရှိနေမည်ဟုသူမတွေးခဲ့မိပေ။

ဒေါ်လေးရှောင်၏စကားအရဆိုပါက နှစ်ရာနှင့်ချီ၍တည်ရှိခဲ့သည့်ကြာပန်းဖြူဂိုဏ်းကလက်ရှိသိုင်းလောကထဲမှ ထိပ်တန်းအင်အားစုအချို့ထက်ပင် ပို၍ရှေးကျနေသေးပေသည်။

ထိုနည်းတူ ယခုလိုအကြောင်းအရာများကိုပင်သူ့ကိုပြောပြနေသည်ကိုကြည့်၍ ‌ထိုအမျိူးသမီးက သူ့ကိုရင်းနှီးသည့်မိတ်ဆွေရင်းတစ်ယောက်ပမာသဘောထားကြောင်းသိနိုင်သည်။

ဒေါ်လေးရှောင်၏ယုံကြည်မှုကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် နွေးထွေးသွားမိသည်။

“ ဒါနဲ့ မင်းချင်းအာလေးကို ဘယ်လိုမြင်သလဲ....သူက ရုပ်ရည်ရောသိုင်းပညာပါအပြစ်ပြောစရာမရှိတဲ့အပြင် မင်းကိုလည်းတော်တော့်ကိုခင်တွယ်နေသေးတယ်....”

ရုတ်တရက်မေးလိုက်သည့် ဒေါ်လေးရှောင်၏မေးခွန်းကိုမည်သို့ပြန်ဖြေရမှန်းမသိဘဲဖြစ်သွားပြီး အချိန်အနညိးငယ်ကြာမှ ရှောင်ယောင်က အားတုံ့အားနာဖြစ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ တကယ်တော့ ကျုပ်မှာ သဘောကျတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်.....”

ရှောင်ယောင်၏အဖြေကြောင့် ဒေါ်လေးရှောင်၏မျက်ခုံးများအနည်းငယ်စုကြုံ့သွားပြီး ပြန်မေးလိုက်သည်။

“ အဲဒီမိန်းကလေးက ဘယ်သူလဲဆိုတာ ငါသိခွင့်ရှိမလား။ ချင်းအာက သူ့ထက်ဘယ်နေရာမှ မနိမ့်ကျဘူးဆိုတ ငါယုံကြည်တယ် ။

ပြီးတော့ မင်းရဲ့တည်ကြည်တဲ့စိတ်ထားနဲ့ အရည်အချင်းပြည့်ဝမှုကိုအကဲခပ်မိလို့ ငါအခုလိုမျိုး စတင်ပြီးထုတ်ဖော်ပြောရတာပဲ။ ငါတို့ကိုတော့ အထင်မသေးစေချင်ဘူး ....”

‌‌ဒေါ်လေးရှောင်၏ပွင့်လင်းသည့်စကားကြောင့် ရှောင်ယောင်လည်း သူ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်မိ၏ ။

သူမိခင်ကိုတစ်ချိန်က ကယ်တငိဖူးသည့်ထိုအမျိူးသမီးမှာ ရင့်ကျက်တည်ငြိမ်ပြီးသူ့ကိုလည်း ကောင်းမွန်စွာဆက်ဆံပေသည်။

ထိုနည်းတူ သူ၏တစ်ဦးတည်းသောတူမလေးဖြစ်သည့်လွီချင်းအာကို လွန်စွာချစ်မြတ်နိုးဟန်တူပြီး ယခုမှသူတို့ကိုတွေ့ရခြင်းဖြစ်သည့်တိုင် လွီချင်းအာ၏စိတ်ကိုကောင်းစွာရိပ်စားမိ၍ ယခုလိုပြောဆိုလာခြင်းဖြစ်သည်။

အကယ်၍ လွန်ခဲ့သည့်တစ်လကျော်ကသာ ယခုလိုအခြေအနေမျိုးနှင့်ကြုံတွေ့ပါက ရှောင်ယောင်တစ်ယောက်မည်သို့ဆုံးဖြတ်ရမည်မသိဘဲနေမည်ဖြစ်သော်လည်း ယခုအခါ သူ့ထံ၌ ပြက်သားသည့်အဖြေတစ်ခုရှိနေပေသည်။

သန့်စင်လှပပြီး မြင့်မြတ်တင့်တယ်လှသည့် ထိုပုံရိပ်ကလေးကိုပြန်မြင်ယောင်မိတိုင်းသူ၏ခန္တာကိုယ်ထဲတွင်အားသစ်အင်သစ်များပြညိ့ဝလာသလိုခံစားလိုက်မိကာ မည်သို့သောအခက်အခဲကိုပင်ဖြစ်စေကျော်ဖြတ်နိုင်မည်ဟုယုံကြည်ချက်ရှိပေသည်။

သူ၏ကိစ္စများပြီးစီးပါက လူသူကင်းမဲ့သည့်လျှို့ဝှက်နေရာကြီးထဲတွင် သူမကိုအဖော်ပြုကာ အသက်ထက်ဆုံးနေထိုင်ပေမည်။

“ ချင်းအာရဲ့သဘောထားကို ကျုပ်ရိပ်မိသလို ‌ဒေါ်လေးရဲ့စိတ်ကိုလည်း ကျုပ်ကောင်းကောင်းနားလည်ပါတယ် ။

ကျုပ်လက်မခံနိုင်တဲ့ အကြောင်းကလည်းကျုပ်မှာချစ်မြတ်နိုးရတဲ့မိန်းကလေးတစ်ယောက်ရှိနေလို့ပဲ။

တကယ်တမ်းကျတော့ ကျုပ်ကပဲတစ်ဖက်သက်ချစ်နေရတာဆိုပါတော့ ။ သူ့ကိုပိုင်ဆိုင်ခွင့်ရဖို့မဖြစ်နိုင်သလို ပေါင်းဖတ်နိုင်ဖို့ဆိုတာ ဝေလာဝေးပဲ။

ဒါပေမယ့် ကျုပ်သူ့ကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်မြတ်နိုးတယ် ။ သူ့နေရာမှာ ဘယ်သူ့ကိုမှအစားထိုးမှာမဟုတ်သလို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း နောက်ထပ်ချစ်မှာမဟုတ်တော့ဘူး ။ ဒါက ကျုပ်ရဲ့မှန်ကန်တဲ့သစ္စာပါ.....”

တည်ကြည်လေးနက်လှပြီး ချိုးဖျက်မရသည့် ယုံကြည်မှုတို့ဖြင့်ပြည့်ဝေသည့် ရှောင်ယောင်၏စကားကြောင့် ဒေါ်လေးရှောင်ပင်အနည်းငယ်အံ့အားသင့်သွားပြီး အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားသည်။

ထို့နောက် ရှောင်ယောင့်ကိုစူးစိုက်ကြည့်ကာလေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။။

“ ချင်းအာက ကလေးစိတ်မကုန်သေးသလို မင်းကိုလည်းတွယ်တာလှတယ် ။ ဒါကြောင့် သူမင်းအပေါ်ဆိုးတာတွေရှိရင် သည်းခံပေးပါလို့ငါတောင်းပန်ချင်ပါတယ်။။

ပြီးတော့ မင်းမှာ ဆိုင်သူရှိနေပြီဆိုတော့ သူ့ကို အဖြူရောင်သံယောဇဉ်နဲ့ပဲ စောင့်ရှောက်ကာကွယ်ပါလို့ ငါမျှော်လင့်ပါတယ် .....”

ဒေါ်လေးရှောင်၏စကားက လေးနက်တည်ကြည်လှပြီး သူမ၏မျက်လုံးများက စူးရှတောက်ပလျက်ရှိသည်။

ဤသည်က တောင်းဆိုမှုတစ်ခုသာမဟုတ်ဘဲ သတိပေးစကားလည်းမည်၏။

သူမ၏စကားအဆုံး၌ရှောင်ယောင်က အပြုံးမျက်နှာဖြင့်တုန့်ပြန်လိုက်သည်။

“ ကိစ္စမရှိပါဘူး။ ကျုပ် ချင်းအာကို ကျုပ်ရဲ့ညီမအရင်းလေးတစ်ယောာက်လို သေချာဂရုတစိုက်စောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ် ....”

ရှောင်ယောင်က ခပ်လှမ်းလှမ်းသို့လှမ်း‌မျှော်ကြည့်လိုက်ရာ သူတို့ဘက်သို့လှမ်း၍အကဲခပ်နေသည့် မိန်းမလှလေး၏မျက်ဝန်းများနှင့်အကြည့်ချင်းဆုံသွားသည် ။

ထိုအခါ လွီချင်းအာက သူ့ကို့လျှာထုတ်၍ပြောင်ပြလိုက်ရာ ရှောင်ယောင်လည်း မနေနိုင်ဘဲပြုံးလိုက်မိ၏။

“ ကောင်းပြီလေ ဒါဆိုရင် ငါသူတို့နဲ့အတူ မြို့ထဲကိုပြန်တော့မယ်.....”

‌ဒေါ်လေးရှောင်က ရှောင်ယောင့်ကိုနှုတ်ဆက်စကားဆိုကာ ထွက်သွားလိုက်သည်။

သူမ၏ပုံစံကအနည်းငယ်တင်းမာနေ၍ ရှောင်ယောင်လည်း သက်ပြင်းတစ်ချက်ချကာ ခေါင်းယ်မ်းလိုက်မိသည် ။

ထိုစဉ် ဒေါ်လေးရှောင်က နောက်ပြန်လှည့်လာပြီး တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ပြောလိုက်သည်။

“ မင်းဆီက ကျောက်စိမ်းပုလွေကိုမြင်မှသတိရတယ် ။

ဟုတ်တာပဲ။ အဲဒီအချိန်က မင်းအမေနဲ့အတူပါလာတဲ့ အနက်ရောင်ပုလွေလေးတစ်ချောင်းကို ‌ငါတို့ဆီအပ်ထားခဲ့တယ်။ ထူးဆန်းတာက အဲဒီပုလွေက ဘယ်လိုပဲတီးမှုတ်ပါ‌စေ အသံမထွက်တဲ့ပုလွေတစ်ချောင်းဖြစ်နေတာပဲ။။

အခုတော့ပါမလာသေးဘူး မင်းငါတို့ဂိုဏ်းကို လမ်းကြိုတဲ့အခါ ဝင်ယူပေါ့.....”

&&&

စွန်းအိမ်တော်သိုင်းပြိုင်ပွဲ

သို့မဟုတ်

လူငယ်ထိပ်သီးသိုင်းပြိုင်ပွဲက ရောက်ရှိလာချေပြီ။

အနယ်နယ်အရပ်ရပ်မှသိုင်းသမားများသာမက ဝေးလံသည့်နေရာဒေသမှသိုင်းသမားများပင် စွန်းအိမ်တော်သို့ရောက်ရှိနေကြပြီဖြစ်သည်။

သူတို့ထဲမှအချို့ဆိုလျှင်လွန်ခဲ့သည့်တစ်ပတ်ကပင် ကြိုတင်ရောက်ရှိနေကြခြင်းဖြစ်ပြီး ပြိုင်ပွဲရက်နီးကပ်လာသည်နှင့် ရောက်ရှိလာသူများက ပို၍ပင်များပြားလာပေသည်။

သိုင်းပြိုင်ပွဲသို့ဝင်ရောက်ခွင့်ရသူများက အသက်သုံးဆယ့်ငါးနှစ်အောင်လူငယ်မျိုးဆက်များဖြစ်သော်လည်း အများစုက သိုင်းပြိုင်ပွဲကိုကြည့်ရှုရန်အရောက်လာခြင်းဖြစ်သည်။

လက်ရှိလူငယ်မျိုးဆက်ထဲတွင် ပါရမီအရည်အချင်းရှိသူများလွန်စွာများပြားလှသည့်အပြင် လူငယ်ထိပ်သီးဆယ်ယောက်လို အစွမ်းထက်လူငယ်များရှိနေ၍လည်းသိုင်းပြိုင်ပွဲက ပို၍ပင်ကြီးကျယ်နေခြင်းဖြစ်၏။

ယခုသိုင်းပြိုင်ပွဲက လူငယ်မျိုးဆက်မှထိပ်သီးစာရင်းကိုအစစ်အမှန်သက်မှတ်ပေးမည့်ပွဲတစ်ခုဖြစ်ပြီး နာမည်ကြီးလူငယ်များက သူတို့၏နာမည်ကိုပို၍ကျော်ကြားစေလိုစလို ရွက်ပုန်းသီးလူငယ်များကလည်း သူတို့ထွန်းထောက်လာစေရန်အခွင့်အရေးဟုသက်မှတ်ထားကြသည်။

အသက်သုံးဆယ်မပြည့်မီ အဆင့်လွန်ထိပ်သီးအဆင့်သို့မရောက်ပါက ပါရမီရှင်ဟုခေါ်ဆိုနိုင်ခြင်းမရှိဘဲ လက်ရှိလူငယ်မျိုးဆက်တွင်ထိုသို့သောလူများစွာရှိကြသည်။

ထိုအထဲတွင် အကျော်ကြားဆုံးက လူငယ်ထိပ်သီးစာရင်းဝင်များဖြစ်ကာ သူတို့ထဲမှအနိမ့်ဆုံးလူကပင် ကြောက်စရာကောင်းသည့်ထိပ်သီးအဆင့်ရှိသည်။

ထို့ကြောင့် စွန်းအိမ်တော်သိုင်းပြိုင်ပွဲက ပါရမီရှင်တို့၏ယှဉ်ပြိုင်ပွဲ သို့မဟုတ် လူငယ်မျိုးဆက်တို့၏တိုက်ပွဲကွင်းပြင်ပင်ဖြစ်တော့၏။

လူထောင်နှင့်ချီ၍ဆန့်သည့် စွန်းအိမ်တော်ကွင်းပြင်ထဲတွင် လူများတဖွဲဖွဲရောက်ရှိလာနေပြီးလက်ရှိရောက်နေကြသူများပင် သုံးရာကျော်လာရုခန့်ရှိနေပြီဖြစ်သည်။

အချိန်က နံနက်ခင်းနေထွက်စအချိန်ဖြစ်ကာ သာမန်အိပ်ယာထနောက်ကျသူတို့အဖို့ အိပ်ယာထဲတွင်ကွေးကောင်းသည့်အချိန်ပင်ရှိသေးသည်။

သို့သော် စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုကြည့်ရှုရန်စိတ်အားထက်သန်နေကြသည့် သိုင်းလောကသားများကား မိုးမလင်းမီကပင်ရောက်ရှိနေကာ ယခုဆိုလျှင် ကွင်းပြင်၏သုံးပုံတစ်ပုံကို လူများစွာနေရုယူထားကြပြီဖြစ်၏။

စံအိမ်၏ရှေ့ရှိ ကျယ်ပြန့်သည့်ကွင်းပြင်အလယ်တွင် ကျောက်သားဖြင့်ပြုလုပ်ထားသည့်စင်မြင့်တစ်ခုရှိကာ ခြောက်ပေခန့်မြင့်မားသည်။

အကျယ်အဝန်းအနေဖြင့် ပေသုံးဆယ်ဝန်းကျင်ရှိသည့်ထိုစင်မြင့်က လူနှစ်‌ယောက်သုံးယောက်သာ်က လေးငါးယောက်၏တိုက်ပွဲကိုပင်ကောင်းစွာလုံလောက်ပြီး မာကျောသည့်ကျောက်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ မည်မျှတိုက်ခိုက်ပါစေ ကြီးကြီးမားမားပျက်စီးမည်မဟုတ်ပေ။

စွန်းအိမ်တော်၏ပင်မနေရာဖြစ်သည့် စံအိမ်၏ရှေ့တွင် စားပွဲဝိုင်းများကိုတည်ခင်းထားပြီး ကြီးမားသည့်ထိုင်ခုံများကိုနေရာချထားလေသညိ။

ထိုင်ခုံများ၏စုစုပေါင်းအရေအတွက်က ဆယ့်နှစ်ခုခန့်အထိရှိကာ ဤသည်က ပြိုင်ပွဲကိုအကဲဖြတ်ပေးမည့်ဒိုင်လူကြီးအရေအတွက်ဖြစ်သည် ။

လူအများ၏ပြောစကားအရ ပြိုင်ပွဲကိုအကဲဖြတ်ရန် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှအစွမ်းထက်ပုဂ္ဂိုလ်များအပြင် သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်မှ ခေါင်းဆောင်များကိုပါဖိတ်ခေါ်ထားသည်ဟုသိရသည်။

ပြိုင်ပွဲဝင်များထဲတွင်လည်း အဖြူရောင်သိုင်း‌လောကသားများသာမက အနက်ရောင်သိုင်းသမားများလည်းပါဝင်ရာ ယခုသိုင်းပြိုင်ပွဲက အမှန်ပင် ရာစုနှစ်၏အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပေသည်။

စံအိမ်ရှေ့ကွင်းပြင်ရှိလူများထဲတွင်လူမသိသူမသိသိုင်းသမားများပါဝင်သလို နာမည်ကြီးသိုင်းသမားများစွာလည်းပါဝင်ပေသည်။

ဂိုဏ်းအဖွဲ့အစည်းများမှလူများပါဝင်သလို ၊ တစ်ကိုယ်တော်သိုင်းသမားများလည်းရှိသည်။

သူတို့၏ကြားတွင်အချင်းချင်းပြောဆိုသံ၊ ဆွေးနွေးငြင်းခုန်သံတို့ဖြင့် ဆူညံနေပြီး အမှန်ပင် စည်ကားသိုက်မြိုက်ပြီးပရမ်းပတာဖြစ်သည့်မြင်ကွင်းတစ်ခုဖြစ်လေသည်။

လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲဟုဆိုသော်လည်း သိုင်းလောကတစ်ခုလူံးမှသိုင်းသမားများက စိတ်ဝင်စားကြ၍ ယခုလိုများပြားလှသည့်လူအုပ်ကြီးတစ်ခုဖြစ်လာသည်က အထူးအ‌ဆန်းတော့မဟုတ်ပေ။

ယခုလည်း လူလေးရာနီးပါးရောက်ရှိနေကြပြီဖြစ်သည့်တိုင် တဖွဲဖွဲလာရောက်နေဆဲဖြစ်ပြီး ထိုမျှများပြားသည့်သိုင်းသမားများကိုတစ်ကြိမ်မှမမြင်ဖူး၍ ရှောင်‌ယောင်တစ်ယောက်အံ့အားသင့်နေမိသည်။

&&&&

All Chapters