အေးစက်မှုတို့ပျောက်ကွယ်သောအခါ
Vol. 3 Ch. 59
အရေးအကြီးဆုံးအချက်က ထိုနှစ်ယောက်က သူတို့အစ်မကြီး၏မကောင်းသတင်းများကိုပြောဆိုနေခြင်းပင်ဖြစ်တော့သည်။
သူတို့အတွက် စီးတုယွမ်ချင်းက ဂိုဏ်းတူအစ်မတစ်ယောက်ထက်ပိုကာ စံပြပုဂ္ဂိုလ်လည်းဖြစ်သည်။
ထို့ကြောင့် သိုင်းလောကထဲတွင်ပျံ့နှံ့နေသည့် စီးတုယွမ်ချင်း၏အချစ်ရေးကောလဟာလသတင်းများကို လုံးဝယုံကြည်ခြင်းမရှိကြပေ။
ယခု စီးတုယွမ်ချင်းကို ကြွယ်ယန်က မကောင်းပြောနေရာ သူတို့အားလုံးဒေါသထွက်သည်ကမဆန်းပေ။
အစောပိုင်းက ကြွယ်ယန်၏စကားကအနည်းငယ်ကျယ်သွား၍ စီးတုယွမ်ချင်းလိုသိုင်းထိပ်သီးတစ်ယောက်သာမက ကျန်ဂိုဏ်းသူများပင်ကြားလိုက်ရသည်။
ထို့ကြောင့်လည်း အော့မေ့ဂိုဏ်းသူများကသူတို့ကိုဒေါသထွက်နေခြင်းဖြစ်ကာအစောပိုင်းမှအထင်ကောင်းအမြင်ကောင်းများပင် ပျောက်ကွယ်သွားကြသည်။
အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို ကြွယ်ယန်၏မဆင်ခြင်သည့်စကားတစ်ခွန်းကြောင့် နှစ်ဖက်အခြေအနေများက တင်းမာလာကြပေသညိ ။
အော့မေ့ဂိုဏ်းသူများ၏တင်းမာသည့်အကြည့်နှင့် မကျေမနပ်ပုံစံများကြောင့် ကြွယ်စင်းတို့နှစ်ဦးစလုံးရှက်ရွံ့သွားကြသညိ့တိုင် ကြွယ်ယနိက အရှက်မဲ့၍မျက်နှာပြောင်သူပီပီ နှုတ်လှန်ထိုးလိုက်၏။
“ ငါပြောတာမှားလို့လား....ငါတို့က ယဉ်ယဉ်ကျေးကျေးလာမိတ်ဆက်တာတောင် သူက ဘယ်လိုမျိူးပြန်ပြီးဆက်ဆံတာလဲ.....”
ကြွယ်ယန်က အေးစက်စက်မျက်ဝန်းများဖြင့်သူတို့ကိုစူးစိုက်ကြည့်နေသည့်စီးတုယွမ်ချင်းကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ကြွယ်ယန်၏ခွန်းတုံ့ပြန်မှုကြောငိ့ အော့မေ့ဂိုဏ်းသူများမှာ ပို၍ပင်ဒေါသထွက်သွားဟန်တူပြီး တစ်ယောက်ကပြောလိုက်သည်။
“ ဒါက အစ်မကြီးရဲ့ပင်ကိုယ်ပြောတဲ့ပုံစံပဲလေ ။ ရှင်တို့ကသာမိန်းမလိုမိန်းမရနဲ့ အတင်းပြောနေတာ....”
ထိုမိန်းကလေး၏စကားက သူ၏အရှိုက်ကိုထိသွား၍ ကြွယ်ယန်၏မျက်နှာကြီးကရှုံ့မဲ့သွားကာ အံကြိတ်လိုက်သည်။
ပုံမှန်ဆိုလျှင် ကြွယ်ယန်က ပျော်ပျော်နေတတ်ပြီး အတေးအမှတ်မရှိသော်လည်း ယခုလိုမိန်းကလေးတစ်စု၏လှောင်ပြောင်မှုကိုခံနေရချိန်၌ ဒေါသထွက်မိသည်ကမဆန်းပေ။
အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ကိန်းဖြစ်၍ ကြွယ်စင်းက ကြွယ်ယန့်ကိုအတင်းဆွဲထားကာပြောလိုက်သည်။
“ ကဲ ကဲ ကြွယ်ယန့်ကိုယ်စား ကျုပ်ကပဲတောင်းပန်ပါတယ် ။ ကျူပ်တို့ထွက်သွားပါ့မယ်ဟုတ်ပြီလား.....”
“ နေစမ်းပါကွ...ငါမှမှားတာ...”
“ ရှင်တို့ကစပြီးပြောတာလေ....”
ကြွယ်စင်းက အခြေအနေကိုပြန်ဖြေရင်းပြောလိုက်သော်လည်း ကြွယ်ယန်က သူ၏လက်မှရုန်းထွက်လိုက်သလို အော့မေ့ဂိုဏ်းသူများကလည်း ဒေါသထွက်နေကြသည် ။
ထိုအချိန်၌ စီးတုယွမ်ချင်း၏မျက်နှာထက်တွင်ထူးခြားသည့်အမူအယာတစ်ခုရှိနေကာ အေးစက်လှပသည့်မျက်နှာလေးက အနည်းငယ်အံ့အားသင့်နေဟန်တူသည် ။
“ တော်ကြစမ်း....”
စီးတုယွမ်ချင်း၏အေးစက်သည့်စကားသံကြောင့် အော့မေ့ဂိုဏ်းသူများတိတ်ကျသွားသလို ထိုဂိုဏ်းသူများနှင့်စကားစစ်ထိုးနေသည့်ကြွယ်ယန်ပင် ရပ်သွားလေ၏။
စီးတုယွမ်ချင်း၏အေးစက်စက်အမူအယာကြောင့် ဒေါသထွက်နေသည့်ကြွယ်ယန်ပင် တံတွေးတစ်ချက်မြိုချလိုက်မိကာ ဘေးတွင်ရှိနေသည့်ကြွယ်စင်းလည်း မျက်မှောင်တင်းတင်းကြုတ်ထားမိသညိ ။
အော့မေ့ဂိုဏ်းသူများကား စကားများပြီး အငြင်းသန်သည့်ထိုကောင်ကို သူတို့အစ်မကြီးဆုံးမတော့မည်ဟုတွေးကာကျေနပ်နေကြစဉ် စီးတုယွမ်ချင်းက ကြွယ်ယန်နှင့်ကြွယ်စင်းကိုစူးစိုက်ကြည့်ကာမေးလိုက်သည် ။
“ နင်တို့က ကြွယ်ယန်နဲ့ကြွယ်စင်းလား....”
စီးတုယွမ်ချင်းထံမှ ထင်မထားသည့်မေးခွန်းကြောင့် အော့မေ့ဂိုဏ်းသူများအံ့အားသင့်သွားသလို ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းအလားတူဖြစ်သည်။
အစောပိုင်းက ကြွယ်ယန်၏နာမည်ကိုကြွယ်စင်းထုတ်ဖော်ပြောဆိုဖူးသော်လည်းမည်သည့်အတွက် စီးတုယွမ်ချင်းက သူတို့နှစ်ယောက်လုံးကိုသိရှိနေရသနည်း။
ကြွယ်စင်းက ထိုအကြောင်းကိုတွေးတောနေစဉ် ယုံကြည်မှုပြည့်ဝလာပြီဖြစ်သည့် ကြွယ်ယန်ကား သူ၏ရင်ကိုကော့ကာ လက်နှစ်ဖက်မှ ကျားရုပ်နှင့်နဂါးရုပ်ကိုမသိမသာပြရင်းမေးလိုက်သညိ။
“ ဘာလဲ အဖြူရောင်သစ္စာညီနောင်ဆိုတဲ့ကျုပ်တို့နာမည်ကိုကြားဖူးလို့လား.....”
“ ဟမ် အဲဒီနာမည်ကိုတစ်ခါမှလဲမကြားဖူးဘူး.....”
ဂိုဏ်းသူတစ်ယောက်၏ရေရွတ်သံကြောင့် လှည်းနင်းခံရသည့်ဖားပြုပ်ကြီးလို ကြွယ်ယန်တစ်ယောက် ကားယားကြီးဖြစ်သွားစဉ် စီးတုယွမ်ချင်းက ထူးဆန်းလေသံဖြင့်ပြောလိုက်သည်။
“ ငါက နင်တို့အစ်ကိုရှောင်ယောင်နဲ့ ရင်းနှီးပါတယ် ။နင်တို့အကြောင်းကို သူခဏခဏပြောဖူးလို့သိနေတာ.။ သူရော နင်တို့နဲ့အတူဒီမြို့မှာရှိလား ...”
သူမ၏လေသံကအစောပိုင်းကလောက် အေးစက်ခြင်းမရှိသည့်အပြင် အနည်းငယ်ပျော့ပြောင်းနေသေးသည်။။
ထိုအကြောင်းကိုပြောဆိုရာ၌ စီးတုယွမ်ချင်း၏မျက်နှာထက်တွင်ရှားပါးလှသည့် ညင်သာသည့်အမူအယာတစ်ခုရှိနေကာ ကျန်လူများကား ကျောက်ရုပ်များလို တောင့်တင်းသွားကြ၏ ။
ရေခဲပန်းပုရုပ်အရည်ပျော်သလို စီးတုယွမ်ချင်း၏မျက်နှာထက်ရှိအေးစက်မှူတို့ပျောက်ကွယ်ရန်က ခက်ခဲလှသည်မဟုတ်ပါလား ။
&&&
စီးမင်မြို့တွင်းရှိတည်းခိုခန်းများနှင့် စားသောက်ဆိုင်များကလူများပြည့်ကြပ်နေကြသည်။
ကျယ်ဝန်းလှသည့်စွန်းအိမ်တော်ရှိ ဧည့်သည်နားနေဆောင်များပင်လူပြည့်နေပြီး မြို့တွင်းရှိညအိပ်ညနေနေနိုင်သည့်နေရာများသည်လည်းထိုနည်းတူပင်။
ထို့ကြောင့်လည်း အချို့သိုင်းသမားများဆိုလျှင် စီးမင်နှင့်များစွာကွာဝေးခြင်းမရှိသည့် ကျန်းနန်သို့သွားရောက်လည်ပတ်ရင်း တည်းခိုနေကြပေသည်။
စွန်းအိမ်တော်သိုင်းပြိုင်ပွဲက ရက်ပိုင်းသာလိုတော့၍ စီးမင်သို့ရောက်ရှိလာသည့်သိုင်းလောကသားများစွာကြောင့်ယခုလို နေရာတိုင်း၌သိုင်းသမားများကိုတွေ့နိုင်ခြင်းဖြစ်သည်။
စီးမင်မြို့၏လမ်းမဘေးရှိ နှစ်ထပ်အဆောက်အဦးမှာ မူလက ပုံမှန်ဧည့်သည့်အနည်းငယ်သာရှိသည့်တည်းခိုခန်းတစ်ခုဖြစ်သည် ။
ယခုအခါ စွန်းအိမ်တော်သိုင်းပြိုင်ပွဲ၏ကျေးဇူးဖြင့် အခန်းတိုင်း၌လူပြည့်နေသည့်အပြင် ထိုလူများက ညအိပ်ညနေနေကြ၍ အစားအသောက်များပါရောင်းချရလေသည်။
ထို့ကြောင့်ယခုရက်ပိုင်း ဆိုင်ရှင်လူကြီး၏မျက်နှာထက်တွင် အပြုံးပန်းများဝေနေကာ တည်းခိုခန်းရှိဧည့်သည်များကို အကောင်းဆူံးဝန်ဆောင်မှုပေးလျက်ရှိသည်။
ထိုသို့မလုပ်လျှင်လည်မဖြစ်ပေ ။အကြောင်းကား စီးမင်သို့ရောက်ရှိနေသူများထဲတွင်အဖြူရောင်သိုင်းလောကသားများသာမက အနက်ရောင်သိုင်းသမားများလည်းပါဝင်သည်မဟုတ်ပါလား ။
ပုံမှန်ဆိုလျှင်အဖြူအနက်သိုင်းလောကသားများစုရုံးမိလျှင်ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်ပွားတတ်ပြီး တိုက်ပွဲဆိုသည်က ဖြစ်နေကျအရာတစ်ခုသာဖြစ်သည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် စီးမင်မြို့ထဲတွင်လူစည်ကားနေသည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်သော်လည်းယနေ့အချိန်ထိ လူသေဆုံးသည့်သတင်းကိုမကြားရသေးပေ။
အဖြူရောင်သိုင်းသမားများကြား၌ မကျေလည်မှုများပွတ်တိုက်မှုများဖြစ်ကာ အသေးစားအငြင်းပွားမှုများစွာဖြစ်သော်ငြား ကိုယ်ထိလက်ရောင်မတိုက်ခိုက်မိရန်ထိမ်းချူပ်ထားကြသည်။
အကြောင်းကား အဖြူရောင်သိုင်းလောက၏လွှမ်းမိုးသူများဖြစ်သည့်သိုင်းမဟာမိတ်နှင့် အနက်ရောင်သိုင်းလောက၏ မိစ္ဆာဝိညာဉ်မှ စီးမင်မြို့တွင်ပြဿနာမဖြစ်စေရန်အမိန့်ထုတ်ထား၍ဖြစ်သည်။
ပုံမှန်ဆိုလျှင်ထိုအဖွဲ့အစည်းနှစ်ခုက တွေ့သည်နေရာတွင် တစ်ဘက်ကိုတစ်ဘက် လှောင်ပြောင်ရန်စကာ တိုက်ပွဲများဖြစ်ပွားတတ်သော်လည်း ယခုက သိုင်းလောကတစ်ခုလုံးရှိထိပ်တန်းအင်အားစုများလာမည်ဖြစ်၍ နှစ်ဘက်အင်အားများကိုထိမ်းချူပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့်လည်း အခိုက်အတန့်အားဖြင့် စီးမင်မြို့ထဲတွင် ငြိမ်းချမ်းမှုရနေကာ လမ်းမများ ၊ ဆိုင်များထဲတွင်တော့ သိုင်းသမားများကိုနေရာအနှံ့တွေ့နေရပေသည်။
မြို့လယ်လမ်းမဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ လူနှစ်ယောက်ဝင်ရောက်လာသည်။
အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီးကျောက်စိမ်းပုလွေတစ်ချောင်းကိုခါးတွင်ထိုးထားသည့်လူငယ်၏ပုံစံက သန့်ပြန့်ခန့်ညားလှသလို သူ၏ဘေးရှိအဖြူရောင်ဝတ်စုံဝတ်မိန်းမလှလေးကလည်း လွန်စွာချောမောလှပပေသညိ။
လူငယ်နှင့်မိန်းမလှလေးတို့၏ သိသိသာသာထင်းထွက်နေသည့်ရုပ်ရည်များကြောင့် ဆိုင်ထဲရှိလူအားလုံး သူတို့ကိုအာရုံစိုက်လိုက်မိကြသလို အချင်းချင်းလိုက်ဖက်လှသည့်ထိုနှစ်ယောက်၏သွင်ပြင်ကြောင့် သူတို့၏စိတ်ထဲတွင်မနာလိုအားကျမှုတို့ကိုခံစားမိလိုက်ကြ၏။
လူငယ်နှင့်မိန်းကလေးကား ကျန်လူများ၏အမူအယာကိုဂရုမစိုက်ဘဲ တစ်စုံတစ်ခုကိုရှာဖွေဟနိဖြင့်ဆိုင်တွင်းသို့အကဲခပ်လိုက်ပြီး ဆိုင်ထောင့်ရှိစားပွဲဝိုင်းကိုမြင်သည့်အခါ မိန်းကလေး၏မျကိလုံးများကတောက်ပသွားသည်။
ထို့နောက် လူငယ့်ကိုခေါ်၍ ထိုစားပွဲဝိုင်းဆီသို့ဦးတည်သွားလိုက်ကြပြီး စားပွဲဝိုင်းရှိလူများကလည်းသူတို့နှစ်ယောက်ကိုမြင်သည့်အခါ အံ့ဩပျော်ရွှင်သွားကြဟန်တူသည်။
“ ဒေါ်လေးရှောင် ရောက်လာပြီပေါ့....”
အဖြူရောင်ဝတ်စုံဝတ်မိန်းမချောလေးက ဆိုင်ထောင့်ဝိုင်းရှိလူငါးယောက်ထဲမှ သက်လက်ပိုင်းအမျိူးသမီးကိုပြောလိုက်သည်။
ထိုဝိုင်းရှိလူများကလည်းထူးခြားလှပြီး တူညီသည့် အဖြူရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြပြီး ချောမောလှပသည့်မိန်းမများသာဖြစ်သည်။
သူတို့ထဲမှသုံးယောက်က အသက်သူံးဆယ်အောက်မိန်းမပျိုများဖြစ်ကာ ကျန်နှစ်ယောက်က သက်လက်ပိုင်းအရွယ်အမျိူးသမီးနှစ်ယောက်ဖြစ်၏ ။။
မိန်းကလေးများက တစ်ယောက်တစ်မျိူးစီချောမောကြသလို အမျိုးသမီးနှစ်ယောကိကလည်းတည်ငြိမ်ရင့်ကျက်သည့်အလှဖြင့်ကြည့်ကောင်းကြပေသည်။
ထို့ကြောင့် ဆိုင်ထောင့်ရှိစားပွဲဝိုင်းတွင်ထိုင်နေသညိ့တိုင် သူတို့ငါးယောက်လုံးက ဆိုင်တွင်းရှိလူအားလုံး၏အာရုံစိုက်ရာဖြစ်နေ၏။
ယခု မိန်းမလှလေးနှငိ့လူငယိတို့က ထိုဝိုင်းရှိလူများနှင့်ရင်းနှီးသိကျွမ်းဟန်တူ၍ ဆိုင်တွင်းရှိလူများမှာ သူတို့ကို သိသိသာသာတစ်မျိူး မသိမသာတစ်ဖုံ အကဲခပ်နေကြသည်။
“ ချင်းအာ....”
မိန်းမလှလေးကိုမြင်သည်နှင့် သက်လက်ပိုင်းအမျိူးသမီး၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာသည်။
ထိုနည်းတူ ကျန်လေးယောက်ကလည်း မိန်းမလှလေးကို အရိုအသေပေးလိုက်ကြသည် ။
“ ဂိုဏ်းချုပ် .....”
သူတိူ့၏ထူးခြားသည့်ဆက်ဆံရေးကြောင့် ကျန်ရှိနေသည့်လူများမှာ မျက်လုံးပြူးသွားကြသည်။
ကျန်လူများ၏အံ့ဩတကြီးအကြည့်များကြောင့် မိန်းမလှလေးကအနည်းငယ်ရှက်ရွံ့သွားပြီး သူမ၏လက်ကိုဝေ့ယမ်းကာ ခပ်တိုးတိုးပြောလိုက်သည်။
“ လူကြားထဲမှာအစဉ်အလာတွေလုပ်မနေနဲ့လေ....”
တိုးတိုးကြိတ်ကြိတ်ပြောနေသည့်သူမ၏ပုံစံကြောင့် အဖြူရောင်ဝတ်စုံဝတ်မိန်းကလေးများလည်းရယ်မောလိုက်ကြသည်။
ထိုမိန်းကလေးက သူတို့၏ဂိုဏ်းချုပ်ဖြစ်သော်လည်း သူတို့၏ကြားရှိဆက်ဆံရေးက ညီအစ်မများအလားရင်းနှီးကြပေသညိ။
ထို့ကြောင့်ပင် ပုံမှန်အချိန်များ၌မိန်းမလှလေးနှင့်ပြောရဲဆိုရဲရှိကြပြီး မိန်းကလေးတစ်ယောက်က ရှောင်ယောင့်ကိုမျက်စပစ်ကာမေးလိုကိသညိ။
“ ဂိုဏ်းချုပ် ဟိုတစ်ယောက်က ဂိုဏ်းချုပ်ရဲ့ ကယ်တင်ရှင်သူရဲကောင်းကြီးဆိုတာလား ... “