သတင်းအပေးအယူ
Vol. 3 Ch. 53
“ ကျုပ်တောင်းတဲ့ဈေးက မများပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန်သိုင်းသမားတစ်ယောက်ရဲ့တည်နေရာကိုရှာပေးရရင် အလွန်ဆုံးမှ ငွေငါးတုံးပဲကျသင့်မယ်။
ဒါပေမယ့် အဲဒီလူရဲ့ကျော်ကြားမှုကိုလိုက်ပြီး ကျသင့်ငွေက ပိုပြီးတိုးလာတာပဲ။ ပြီးတော့ ဓားရူးဘုရင်လို ရောက်ချင်ရာရောက်နေတဲ့လူတစ်ယောက်ကိုရှာဖွေရတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ....”
လိုက်ကာနောက်မှလူ၏စကားကြောင့် အပြာရောင်ဝတ်စုံဝတ်လူက နှာမှုတ်လိုက်သော်လည်းစကားတစ်ခွန်းမှမဆိုတော့ပေ။
ထို့နောက် သူ၏ဘေးတွင်အသင့်ချပေးထားသည့် သစ်သားသေတ္တာကလေးထဲသို့ရွှေသုံးတုံးထည့်ပေးကာ ရှေ့သို့တွန်းပို့ရန်ပြင်လိုက်သည်။
ထိုအခိုက် လိုက်ကာနောက်မှလူ၏စကားသံထွက်ပေါ်လာပြန်သည်။
“ တကယ်လို့ ခင်ဗျားသာ ဘာရည်ရွယ်ချက်နဲ့ ဓားရူးဘုရင်ကိုလိုက်ရှာနေတာလဲဆိုတာအမှန်အတိုင်းပြောမယ်ဆိုရင် ကျုပ် ခင်ဗျားရဲ့ငွေကိုလုံးဝမယူဘူး။
ဘာကြောင့်လဲဆိုတော့ ဓားရူးဘုရင်က နဂါးခုနစ်ကောင်ထဲမှာ သာမန်အဖြစ်ဆုံးလူတစ်ယောက်ဖြစ်လို့ပဲ ။ သူ့မှာမိတ်ဆွေရော ရန်သူပါအများကြီးမရှိဘူး....”
လိုက်ကာနောက်မှလူ၏စကားကိုနားထောင်နေရင်း အပြာရောင်ဝတ်စုံဝတ်လူ၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ စကားအဆုံး၌ သဘောကျစွာရယ်မောလိုက်သည်။
“ ဒီတော့ ကျော်ကြားတဲ့ ကြက်တူရွေးအဖွဲ့ရဲ့နည်းလမ်းကဒီလိုကိုး....ခင်ဗျားတို့က သတင်းအချက်အလက်ဖလှယ်သေးတဲ့အပြင် အသေးအမွှားကိစ္စလေးတွေကိုတောင်အလွတ်မပေးပါလား.....”
အပြာရောင်ဝတ်စုံဝတ်လူ၏စကားကိုလိုက်ကာနေုက်မှလူကတုန့်ပြန်ခြင်းမပြုပေ။
သို့သော် ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းမည်၌ အပြာရောင်ဝတ်စုံဝတ်လူလည်း အပြုံးမျက်နှာဖြင့်ဆက်ပြောလိုက်သည်။
“ ကျုပ်က ဓားရူးဘုရင်နဲ့ ပတ်သတ်နေတယ်။ ဘယ်လိုပတ်သတ်နေတယ်ဆိုတာတော့မပြောနိုင်ဘူးပေါ့.....
ဟဲ ဟဲ ကျုပ်ကလည်းစီးပွားရေးသမားတစ်ယောက်ဆိုတော့ အရှုံးအမြတ်ကိုတွက်ချက်တတ်တယ်လေ။ တကယ်လို့ ကျုပိအကြောင်းကိုသိရင် ခင်ဗျားအတွက် အနည်းနဲ့အများအသုံးဝင်မယ်မလား ဒီတော့.....”
အပြာရောင်ဝတ်စုံဝတ်လူက သူ၏စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်ထားလိုက်စဉ် လိုက်ကာနောက်မှ သစ်သားသေတ္တာလေးတစ်ခုပြေးထွက်လာသည်။
ထိုသေတ္တာလေးက အပြာရောင်ဝတ်စုံဝတ်လူ၏ရှေ့ရှိသေတ္တာလေးနှင့်တစ်ပုံစံထဲတူညီပြီး အပြာရောင်ဝတ်စုံဝတ်လူလည်း သေတ္တာလေးကိုဖွင့်လှစ်၍ကြည့်လိုက်သည့်အခါ အထဲတွင် တလက်လက်တောက်ပနေသည့်ရွှေတုံးကလေးသုံးတုံးကိုမြင်လိုက်ရသည်။
“ ဒါက ခင်ဗျားအတွက်အဖိုးအခပေါ့.....ဓားကျိုးဘုရင်ရှိတဲ့နေရာကိုလည်း အလကားပြောပြမယ်။ ဟောဒီရွှေသူံးတုံးကိုလည်း ခင်ဗျားအတွက်ပေမယ်။
ခင်ဗျားပြန်လုပ်ပေးရမှာက ဓားရူးဘုရင်နဲ့ခင်ဗျားရဲ့ပတ်သတ်မှုကို ပြန်ပြောပေးရုံပဲ....”
လိုက်ကာနောက်မှတည်ငြိမ်သည့်စကားသံကြောင့် အပြာရောင်ဝတ်စုံဝတ်လူက ရယ်မောလိုက်ပြီး သူ၏ရွှေတုံးများနှင့် တစ်ဖက်လူ၏ရွှေတုံးများကိုပါသိမ်းဆည်းလိုက်သည်။
ထို့နောက် နောက်တညိမ့်ညိမ့်ဖြင့်သဘောကျစွာပြောလိုက်သည်။
“ ကျုပ်က ခင်ဗျားတို့ရဲ့အလုပ်လုပ်ပုံကိုသဘောကျတယ်။
ကောင်းပြီ ကျုပ်အကြောင်းကိုဘည်းအမှန်အတိုင်းပြောပြမယ် ။ ကျုပ်က ဟူပေနယ်က စီးပွားရေးသမားတစ်ယောက် ကုန်သည်တစ်ယောက်ဆိုရင်ပိုမှန်မယ်။
ကျုပ်နာမည်က မုန့်ပေါ် အတိတ်မေ့ဆေးရည်ကိုတိုက်တဲ့အဘွားကြီးမုန့်တော့မဟုတ်ဘူး ကုန်သည်ကြီးမုန့်။
ပြီးတော့ ကျုပ်နဲ့ ရီဟိုင်က ရင်းနှီးတဲ့မိတ်ဆွေတွေ။ တော်တော်လေးရင်းနှီးတယ်ဆိုပါတော့။ အခု သူ့ကိုလိုက်ရှာနေရတာကလည်း ကျုပ် အကူအညီလေးတစ်ခုတောင်းစရာရှိလို့ပါ။
အဲဒိအကူအညီအကြောင်းကိုရော ပြောပြရဦးမလား .....”
အပြာရောင်ဝတ်စုံဝတ်လူ၏စကားအဆုံး၌ လိုက်ကာနောက်မှလူကအချိန်အနည်းငယ်တိတ်ဆိတ်သွားပြီးမှ သူ၏စကားသံထွက်ပေါ်လာပြန်သည်။
“ ရပါပြီ။ ခင်ဗျားပြောတာပြည့်စုံပါတယ်။ ဓားရူးဘုရင်ရှိတဲ့နေကာကို ခင်ဗျားဆီကို နှစ်ရက်အတွင်း ကျုပ်တို့လာပြီးအသိပေးပါ့မယ်.....”
အချိန်အနည်းငယ်ကြာပြီးနောက် အပြာရောင်ဝတ်စုံတ်လူကစိတ်ကျေနပ်စွာဖြင့်ထွက်ခွာသွားပြီး လိုက်ကာနောက်ရှိလူက သူ၏နဖူးကိုလကိဖြင့်ဖိရင်း မကျေမနပ်ဖြစ်သည့်လေသံဖြင့်ရေရွတ်လိုက်၏။
“ ဟား.... ဒီတစ်ခါ လူလည်အကျခံလိုက်ရတာပဲ....မုန့်ပေါ် မုန့်ပေါ်.....”
ထိုလူက အသက်ငါးဆယ်ဝန်းကျင်ရှိကာ ပိန်ပါးသည့်ခန္တာကိုယ်ရှိပြီး သူ၏ရုပ်ရည်က သာမန်စံနှုန်းထက်ပင်နိမ့်ကျလျက်ရှိသည်။
ချိုင့်ဝင်နေသည့်မျက်လုံးများ ၊ ကျီးကန်းနှုတ်သီးလို ကောက်ကွေ့သည့်နှာတံနှင့် အရိုးစုလိုမျက်နှာမျိူးက ရုပ်ဆိုးသည်ဟုဆိုနိုင်သော်လည်း ချိူင့်ထဲနစ်ဝင်နေသည့်မျက်လုံးအစုံက စူးရှလျက်ရှိသည်။
သူ၏ကိုယ်ပေါ်တွင်မူ သွေးနီရောင်ဝတ်စုံကြီးကိုခြုံထားပြီး အတွင်းဘက်တွင်လည်း သွေးရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားသေးသည် ။
မီးအလင်းရောင်အားနည်းသည့်အခန်းထဲတွင် သူ၏ပုံစံက ကြောက်မက်ဖွယ်ရာဖြစ်ပြီး ဘေးဘက်ရှိစားပွဲပေါ်၌ ကြက်တူရွေးတစ်ကောင်ပုံသဏ္ဍာန်ရှိသည့်သံမျက်နှာဖုံးတစ်ခုကိုချထားပေသည်။
“ ခေါင်းဆောင် ကျုပ်သူ့နောက်ကိုလူလွှတ်ပြီး ရွှေတုံးတွေပြန်အလုခိုင်းခိုက်ရမလား....မတော်တဆပုံစံအဖြစ်နဲ့ပေါ့ ....”
သူ၏နောက်ဘက်တွင် အနီရောင်ဝတ်စုံဝတ်လူတစ်ယောက်ရပ်နေကာ သွေးနီရောင်ဝတ်စုံဝတ်လူအားမျက်နှာလိုမျက်နှာရဖြင့်ပြောလိုက်သည်။
သူ၏စကားကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူ၏မျက်နှာက ရှုံ့မဲ့သွားပြီး စိတ်ပျက်သည့်ပုံစံဖြင့် ကျွတ်ခနဲ မည်အောင်စုတ်သပ်ရင်းပြန်ပြောလိုက်သည်။
“ လူမိုက် ဘာကြောင့် စွန်းအိမ်တော်ကလွဲရင် ကျန်တဲလသတင်းအဖွဲ့အစည်းတွေ သိုင်းလောကမှာကြာကြာမရှိနိုင်တာလို့ထင်လဲ....။
စွန်းအိမ်တော်ရဲ့ပယောဂကြောင့်လား ။ လုံးဝမဟုတ်ဘူး။
သူတို့က တစ်စုံတစ်ယောက်နဲ့ပူးပေါင်းမိလို့ ဒါမှမဟုတ် တစ်ယောက်ယောက်ကိုရန်စမိလို့ ဖျက်ဆီးခံလိုက်ရတာပဲ ။ အခုလည်း မင်းရဲ့ပြောပုံက ဓားပြတိုက်တာနဲ့ဘာကွာဦးမှာလဲ ....”
သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် အနီရောင်ဝတ်စုံဝတ်လူလည်း သူစကားမှားယွင်းသွားပြီဖြစ်မှန်းရိပ်စားမိလိုက်ကာ အလျှင်အမြန်ဦးညွှတ်အရိုအသေပေးလိုက်သည်။
“ ကျုပ် တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ် ခေါင်းဆောင်.....”
အနီရောင်ဝတ်စုံဝတ်လူက အနည်းငယ်တုန်လှူပ်ဟန်ဖြင့်အထပ်ထပ်တောင်းပန်စကားဆိုလိုက်၍ သွေးနီရောင်ဝတ်စုံဝတ်လူလည်း သူ၏လက်ကိုဝေ့ယမ်းပြကာပြောလိုက်သည်။
“ ထားလိုက်တော့.... ဒီနေ့ငါစိတ်ကောင်းဝင်နေတယ်။ မင်းကို သတင်းအဖွဲ့အစည်းတစ်ခုမှာလုပ်မယ်ဆိုရင် မသေမချင်းမှတ်သားရမယ့်အချက်တွေရှင်းပြမယ်။။
မင်းမြဲမြဲမှတ်ထား ရှင်းဟော် သတင်းအဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်မယ်ဆိုရင် နံပါတ်တစ်လိုအပ်ချက်က နှုတ်လုံဖို့။
ငါတောင် မင်းတို့ကို စစ်ဆေးမှူအထပ်ထပ်နဲ့ရွေးချယ်ခဲ့တာမလား.....နောက်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့လူတစ်ရာကျော်ထဲမှာ မင်းအပါအဝင် ဆယ်ယောက်ပဲအောင်မြင်ပြီး ငါ့ရဲ့လက်ထောက်တွေဖြစ်ခဲ့တာလေ....”
အနီရောင်ဝတ်စုံဝတ်လူက ခေါင်းညိမ့်ပြလိုက်ပြီး သူ၏အတွေးများက လွန်ခဲ့သည့်နှစ်အနည်းငယ်ဆီသို့ရောက်ရှိသွားလေသည်။
ထိုစဉ်က လမ်းဘေးတွင်စားရမဲ့သောက်ရမဲ့ဖြင့် ငတ်တစ်လှည့်ပြတ်တစ်လှည့်ဖြစ်နေသည့်သူ့ကို ယခုလိုဘဝမျိူးရောက်ရှိအောင်ကယ်တင်ခဲ့သည်က သူ၏ရှေ့မှောက်ရှိလူပင်ဖြစ်၏။
ထို့ကြောင့် အဖွဲ့အစည်းထဲတွင် ထိုလူ့ကိုသစ္စာအရှိဆုံးလူကိုဆိုရပါလျှင် သူ့ကိုယ်သူ ရဲဝင့်စွာအာမခံနိုင်ပေသည် ။
သွေးနီရောင်ဝတ်စုံဝတ်လူက သူ၏လက်ထောက်လည်းဖြစ် တပည့်လည်းဖြစ်သူကိုတစ်ချက်အကဲခပ်ရင်း စိတ်ကျေနပ်သည့်ဟန်ဖြင့်ဆက်ပြောလိုက်သည် ။
“ သတင်းအဖွဲ့အစည်းက လူတစ်ယောက်အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖောက်သည်တွေကိုပဲဖြစ်ဖြစ် သူတို့အကြောင်းတွေကို အသက်သေရင်တောင်ထုတ်မပြောရဘဲ နှုတ်လုံရမယ်။
သတင်းအဖွဲ့အစည်းနဲ့ဖောက်သညိတွေရဲ့ကြားက အခြေခံအကျဆုံးစည်းမျဉ်းက ယုံကြည်မှူပဲ။ဒီလိုယုံကြညိမှုရှိဖို့က ပထမဆုံးအနေနဲ့ နှုတ်လုံရမယ်။
နံပါတ်နှစ်အချက်က အကင်းပါးဖို့ပဲ။ မင်းဘာသာမင်းဘယ်လောက်ကိုယ်ဖော့ပညာကောင်းကောင်း သတင်းအချက်အလက်အစုံအလင်ရရှိဖို့ဆို တစိချိန်လုံး သူခိုးတွေလိုလှုပ်ရှားနေလို့မရဘူး ။
လူပေါင်းစုံနဲ့ပေါင်းသင်းတတ်ရမယ်။ ပါးနပ်ပြီးအကင်းပါးရမယ်။ ဒါက နံပါတ်နှစ်အချက်ပဲ .....”
အနီရောင်ဝတ်စုံဝတ်လူက သူ့ခေါင်းဆောင်၏စကားများကိုအသေအချာအာရုံစိုက်၍နားထောင်မှတ်သားလျက်ရှိ၏ ။
သို့သော် သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားက တစ်ပိုင်းတစ်စဖြင့်ရပ်သွား၍ အားမလိုအားမရဟန်ဖြင့်မေးလိုက်သည်။
“ ဟို ခေါင်းဆောင် ကျန်တဲ့အချက်တွေကိုဆက်ပြောလို့ရမလား.....”
အနီရောင်ဝတ်စုံဝတ်လူက သိလိုစိတ်ဖြင့်ဖင်တကြွကြွဖြစ်နေသော်လည်း သွေးနီရောင်ဝတ်စုံဝတ်လူက တစ်စုံတစ်ခုကိုသဘောကျဟန်ဖြင့်ပြုံးရင်းမေးလိုက်သည်။
“ ရှင်းဟော် မင်းဆီမှာ စုစုပေါင်းလူဘယ်လောက်ရှိလဲ....ဒီခြံဝန်းထဲကလူတွေကိုမေးတာ....”
သွေးနီရောင်ဝတ်စုံဝတ်လူ၏ မဆီမဆိုင်မေးခွန်းကြောင့် ရှင်ဟော်ဆိုသည့်အနီရောင်ဝတ်စုံဝတ်လူက အနည်းငယ်အံ့အားသင့်သွားသော်လည်း တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
“ နေရာအနှံက အဖွဲ့သားတွေကိုထည့်မတွက်ရင် ကျုပ်လက်အောက်မှာ စုစုပေါင်းလူတစ်ရာ့ရှစ်ယောက်ရှိတယ် ။
အဲဒီထဲက ရှစ်ယောက်က ဒီခြံဝန်းထဲမှာပဲ။ ပြီးတော့ ကာကွယ်ရေးအဖွဲ့က အဆင့်မြင့်သိုင်းသမားဆယ်ယောက်၊ ထိပ်တန်းအဆင့်သိုင်းသမားသုံးယောက်နဲ့ အဆင့်လွန်ထိပ်သီးတစ်ယောက်လည်းရှိသေးတယ်.....”
ရှင်းဟော်၏အဖြေကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူက အနည်းငယ်နှမျောတသဖြစ်ဟန်ဖြင့်ရေရွတ်လိုက်သည် ။
“ အင်း... သူတို့အားလုံးကိုတော့ မဆုံးရှုံးလောက်ပါဘူးလေ.....”
သွေးနီရောင်ဝတ်စုံဝတ်လူ၏စကားအဆုံးတွင် အခန်းတံခါးကဖျက်ခနဲပွင့်လာပြီး အစိမ်းရောင်ဝတ်စုံဝတ်လူတစ်ယောက်ဝငမရောက်လာပေသည်။
ထိုလူက အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အနက်ရောင်ခမောက်ကြီးတစ်လုံးကိုဆောင်းထားသေးသည် ။
ကြီးမားသည့်ခမောက်ကြီးနှင့် အနက်ရောင်အဝတ်စတို့ကြောင့် သူ၏ရုပ်ရည်ကို တစ်စွန်းတစ်စကလေးပင်မမြင်ရသော်လည်း အားနည်းသည့်မလင်းရောင်အောက်တွင်ပင် ထိုလူ၏အချိူးအဆစ်ကျလှသည့်ခန္တာကိုယ်လေးကိုတွေ့မြင်နိုင်ပေသည်။
အခန်းတွင်းသို့ ခွင့်မတောင်းဘဲဝင်ရောက်လူသူက မိန်းမတစ်ယောက်ဖြစ်သည်။
ပို၍တိတိကျကျဆိုရလျှင် ရုပ်ရည်ကိုဖုံးကွယ်ထားသော်လည်း လွန်စွာလှပသည့်မိန်းမတစ်ယောက်ဖြစ်ဟန်တူသည် ။