အချင်းချင်းမိတ်ဆက်ခြင်း
Vol. 3 Ch. 67
ရှောင်ယောင်က သူတို့ကို ကြာပန်းဖြူဂိုဏ်းမှ မိန်းမချောလေးများနှင့်မိတ်ဆက်ပေးတော့မည်ဖြစ်ကြောင်းသိလိုက်၍ ကြွယ်ယန်၏မျက်နှာကြီးက ပြုံးဖြီးသွားသည်။
သို့သော် ကြွယ်စင်းက ရှောင်ယောင့်ကိုအလျှင်အမြန်ပြောလိုက်သည် ။
“ နေဦး အစ်ကိုကြီးအရေးကြီးတာတစ်ခုကျုပ်ပြောစရာရှိတယ် ။ ဒီကို မရီးလည်းရောက်နေပြီနော်.....”
ကြွယ်စင်း၏စကားကိုကြားမှ ထိုကိစ္စကိုသတိရသွားကာ ကြွယ်ယန်လည်း ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဟုတ်တယ် အစ်ကိုကြီးကို သူမြင်ပြီးသွားပြီ ။သိပ်ပြီးအခြေအနေကောင်းမယ်မထင်ဘူး.....”
ထိုနှစ်ယောက်၏ ထူးဆန်းသည့်စကားများကိုနားမလည်နိုင်သေးဘဲ ရှောင်ယောင်က အံ့အားသင့်စွာပြန်မေးလိုက်သည်။
“ မင်းတို့ဘာတွေပြောနေကြတာလဲ မရီးကရော ဘယ်သူလဲ.....”
ရှောင်ယောင်၏မေးခွန်းကို မည်သူမှပြန်မဖြေရသေးမီ အေးစက်သည့်အသံလေးတစ်ခုလွင့်ပျံ့လာတော့သည်။
“ ကျန်းနန်မှာထဲက ငါနင်တို့ကို ရှင်းရှင်းလင်းလင်းသတိပေးပြီးပြီနော် ....နောက်တစ်ကြိမ်ပေါက်ကရပြောရင် လွယ်မယ်မထင်နဲ့....”
ဒေါသသံစွက်နေသည့်အေးစက်ချိုလွင်သည့်အသံကလေးက ရေခဲကန်ထဲမှထွက်ပေါ်လာသလို အေးစက်မှူအတိပြီးနေပြီး ဤနေရာတစ်ဝိုက်ရှိလူများမှာ တိတ်ဆိတ်သွားကြသည်။
သူတို့၏အနီးသို့ဖြေးညင်းစွာလျှောက်လာသည့်ပုံရိပ်ကလေးကို စူးစိုက်ကြည့်နေမိသည့်မျက်လုံးများက အနည်းငယ်ပြူးကျယ်နေပြီး အံ့အားသင့်ဆွံ့အနေသည့်ပုံစံမျိုးဖြစ်သည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လွန်စွာချောမောလှပသည့်မိန်းမလှလေးတစ်ဦးက သူတို့၏မျက်စေရှေ့သို့ရောက်ရှိလာကာ သူမ၏အေးစက်သည့်အကြည့်များက ကြွယ်ယန်နှင့်ကြွယ်စင်းထံသို့ကျရောက်လျက်ရှိသည် ။
သူတို့၏စိတ်ဝိညာဥ်ကိုပင် အေးခဲမလုတတ်အကြည့်များကြောင်ြ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာ မသိမသာနောက်ဆုတ်သွားကြသည်။
သူတို့က ရှောင်ယောင်၏ညီငယ်များဟုသိပြီးနောက် စီးတုယွမ်ချင်းက ကောင်းမွန်စွာဆက်ဆံသော်လည်း သူမ၏အေးစက်သည့်အရှိန်အဝါကြောင့် သူတို့နှစ်ယောက်လုံးထိုမိန်းကလေးကိုထိတ်လန့်မိဆဲပင်။
ထို့အပြငိ ရှောင်ယောင်နှင့်သူမက ရင်းနှီးသည့်မိတ်ဆွေများဟုသာရှင်းပြပြီး မရီးဆိုသည့်အခေါ်အဝေါ်ကိုတားမြစ်ခဲ့သော်လည်း သူမကိုမတွေ့မီကပင် ထိုသို့ပြောဆိုရင်းအကျင့်ပါလာသည့်ကြွယ်စင်းတို့က ပြုပြင်ရခက်ကာလွှတ်ခနဲထွက်သွားမိတတ်သည် ။
စီးတုယွမ်ချင်း၏အေးစက်စက်အကြည့်ကြောင့် ကြွယ်ယန်တို့နှစ်ယောက်နောက်ဆုတ်သွားသော်လည်း ရှောင်ယောင်က သူမ၏အနီးသို့သွားကာ ပျော်ရွှင်ဟန်ဖြင့်မေးလိုက်သည်။
“ ယွမ်ချင်း မင်းလည်းရောက်လာပြီလား....”
ရှောင်ယောင်၏ဝမ်းသာအားရဆီးကြိုမှုကြောင့် စီးတုယွမ်ချင်း၏အေးစက်စက်မျက်ဝန်းထဲတွင်ဘနူးညံ့သည့်အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားပြီး
ခေါင်းကို အသာညိမ့်ပြလိုက်သည်။
“ အင်း....”
သူမ၏နှုတ်မှထွက်ပေါ်လာသည့် တိုးဖျော့ဖျော့အသံက လွန်စွာအေးစက်လှသည့်ရေခဲနတ်သမီးထံမှဟုတ်ပါစဟုတွေးရလောက်အောင် ပျော့ပြောင်းညင်သာပြီး အနီးရှိလူများလည်းထိုအဖြစ်ကြောင့်မျက်လုံးပြူးသွားကြသည်။
“ နင့်ဆရာမက အရေးတကြီးဆင့်ခေါ်ခဲ့တဲ့ကိစ္စကရော အဆင်ပြေရဲ့လား....”
ရှောင်ယောင်က ပန်းတစ်ရာတောင်ကုန်းမှသူမအလျှင်အမြန်ပြန်သွားသည့်ကိစ္စကိုပြန်တွေးမိရင်းမေးလိုက်သညိ ။
ထိုစဉ်က သူ၏အဆိပ်လက်ကျန်ကိုချေဖျက်နေသည့်ရက်အနည်းငယ်အတွင်း ထိုမိန်းကလေးကသူ့ကိုကောင်းစွာအဖော်ပြုပေးခဲ့သည်။
သူမ၏အေးစက်မှုက အပေါ်ယံသွင်ပြင်သာဖြစ်ပြီး သူမ၏စိတ်ကနွေးထွေးနူးညံ့ကာ အရာရာပြီးပြည့်စုံသည်ဟုထင်ရသော်လည်း အထီးကျန်ဆန်သည့်မိန်းကလေးတစ်ယောက်သာဖြစ်၏။
ထို့ကြောင့် ရှောင်ယောင်လည်း ထိုရက်များအတွင်း သူမကိုအမျိုးမျိူးစနောက်ကာ သူမ၏အေးစက်မှူများ၊ အထီးကျန်ဆန်မှုများကို ပျောက်ကွယ်စေရန်ကူညီပေးခဲ့ပြီး ထိုစဉ်က စီးတုယွမ်ချင်းမှာ အသက်ဝင်လာသည့် ရေခဲပန်းပုရုပ်ကလေးပမာ အရယ်အပြုံးများကိုပင်မကြာခဏတွေ့မြင်ခဲ့ရသည် ။
သူမ၏ယခုပုံစံက ထိုအချိန်ကထက်စာလျှင်များစွာပို၍အေးစက်လာသည်ဟုထင်ရပြီး ခံစားချက်ကင်းမဲ့ဟန်တူသည့််မျက်နှာကလေးကိုမြင်နေရချိန်၌ သူ၏စိတ်ထဲတွင် အနည်းငယ်စိုးရိမ်မိသညိ။
ရှောင်ယောင်မျက်ဝန်းများတွင် သူမအတွက်စိုးရိမ်ပူပန်သည့်အရိပ်အယောင်များကိုမြင်နေရသည့်အတွက်လည်း စီးတုယွမ်ချင်း၏စိတ်ထဲတွင်နွေးထွေးသွားပြီး အေးစက်သည့်မျက်နှာလှလှကလေးထက်တွင် မထင်မရှားအပြုံးရိပ်ကလေးပေါ်လာသည် ။
“ စိတ်မပူပါနဲ့ကျောက်တုံးခေါင်းရဲ့....ငါအဆင်ပြေပါတယ်လို့.....”
ရေခဲပန်းပုရုပ်ကလေးအရည်ပျော်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးမယုံကြည်နိုင်ဖြစ်သွားကြသလို စီးတုယွမ်ချင်း၏မျက်နှာထက်ရှိအပြုံးကြောင့် အနီးရှိလူအားလုံး ကျောက်ရုပ်များလိုတောင့်တင်းကုန်ကြသည်။
အေးစက်ပြီးချဉ်းကပ်ရခက်လွန်းသည့်အတွက် ရေခဲနတ်သမီးဟုနာမည်ပြောင်ရရှိထားသည့်စီးတုယွမ်ချင်းမှာ အမှန်တကယ်ပြုံးနေပေသည်။
ထို့အပြင် သူမ၏အပြုံးက လူငယ်တစ်ယောက်အတွက်ဖြစ်၍ အနီးရှိအမျိူးသားများမှာ သူတို့၏အသဲများပင်ကွဲကြေလုမတတ်ခံစားလိုက်ရ၏။
အကြောင်းကား ထိုအပြုံးကလေးတစ်ချက်အောက်တွင် သူတို့အားလုံးကျရှူံးကုန်ကြ၍ဖြစ်သည်။
ထို့အပြင် စီးတုယွမ်ချင်းနှင့် ရှောင်ယောင်တို့က စကားများစွာမပြောခဲ့သော်လည်း စကားတစ်ခွန်းစ နှစ်ခွန်းစဖြင့်တစ်ယောက်ကိုတစ်ယောက်သိနားလည်ကြဟန်တူပြီး ထိုရင်းနှီးမှုက သာမန်မိတ်ဆွေများထက်အဆများစွာသာလွန်လျက်ရှိသည်။
လူများ၏တုန့်ပြန်မှုနှင့် ပတ်ဝန်းကျင်တစ်ခုလုံးထူးထူးဆန်းဆန်းတိတ်ဆိတ်ငြိမ်သက်သွား၍ ရှောင်ယောင်လည်း ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သညိ။
“ အေးပါ ...မင်းကြွယ်ယန်တို့နဲ့ဆုံပြီးပြီထင်တယ်....”
ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏စကားအသွားအလာအရ သူမနှင့်တွေ့ပြီးခဲ့ဟန်တူ၍ ရှောင်ယောင်က ပြောလိုက်ခြင်းဖြစ်သည်။
ထိုမိန်းကလေးက လူအများ၏ရှေ့တွင် သူ၏နာမည်ပြောင်ကိုထုတ်ဖော်ခဲ့ခြင်းကိုအနည်းအံ့သြမိသော်လည်း သူမအဆင်ပြေဟန်တူ၍ သူလည်းကျန်အရာများကိုစိတ်ထဲထားမနေတော့ပေ။
စီးတုယွမ်ချင်းအမူအယာက ပုံမှန်ပြနိဖြစ်သွားပြီး မည်းနက်ဖြောင့်တန်းသည့်မျက်ခုံးကလေးနှစ်ဖက်ကိုတွ့န်ချိုးကာ ဘေးပတ်လည်တွင်ဝိုင်းအုံကြည့်နေကြသည့်လူများကို မလိုလားဟန်ဖြင့်ကြည့်လိုက်၏။
ရေခဲနတ်သမီး၏အပြုံးတစ်ချက်က လူအများကိုတိတ်ဆိတ်ကုန်စေလျှင် သူမ၏မျက်စောင်းတစ်ချက်က ထိုလူများကိုရေခဲရုပ်အဖြစ်ပြောင်းလဲနိုင်စွမ်းရှိပေမည်။
ယခုလည်း စီးတုယွမ်ချင်း၏ အေးစက်စက်အကြည့်များကြောင့် မျောက်ပွဲပြသလို ဝိုင်းအုံကြည့်နေကြသည့် အနီးအနားရှိလူများမှာ ဟိုလိုလိုသည်လိုလိုဖြင့်ပြန်လှည့်သွားကြတော့၏ ။
သို့ရာတွငိ သူတို့အားလုံးက စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့ကိုမသိမသာအကဲခပ်နေကြဆဲပင်။
ထိုအချိန်တွင် ကြာပန်းဖြူဂိုဏ်းသူများက သူတို့၏အနီးသို့အမှန်တကယ်ရောက်ရှိလာသည့်စီးတုယွမ်ချင်းကြောင့်မယုံကြည်နိုင်ဖြစ်နေကြသလို သူမနှင့်ရှောင်ယောင်၏ရင်းနှီးမှုက သာမန်ထက်များစွာပိုနေ၍ အံ့အားသင့်နေကြသည်။
သို့သော် သူတို့၏ဆက်ဆံရေးက ကောလဟာလများအတိုင်းဟုတ်ဟန်မတူ၍ စိတ်ရှုပ်ထွေးနေကြပြီး သူတို့နှင့်အတူရှိနေသညိ့ဒေါ်လေးရှောင်ပင်နှင်းတောင်ထိပ်မှကြာပန်းပွင့်လေးလို အေးစက်ပြီးချဉ်းကပ်ရခက်သည့်စီးတုယွမ်ချင်း၏အရှိန်အဝါကြောင့်သက်ပြင်းတစ်ချက်ချလိုက်မိသည် ။
မဟူရာနတ်သမီးဆိုသည့်စီးတုယွမ်ချင်းကား သိုင်းလောကထဲမှပြောစကားများလို အမှန်ပငိအေးစက်ပြီး မယုံကြည်နိုင်လောက်အောင် လှပတင့်တယ်ပေသည်။
ရုပ်ရည်ပင်ဖြစ်စေ၊ သိုင်းပညာနှင့်ကျော်ကြားမှုပငိဖြစ်စေ ထိုမိန်းကလေးက သူ၏တူမလေးထက်သာလွန်နေပေသည်။
ရှောင်ယောင်က သူ့ထံတွင်ချစ်မြတ်နိုးရသည့် မိန်းကလေးတစ်ယောက်ရှိပါသည်ဟုအတိအလင်းဝန်ခံထားသော်လည်း ထိုမိန်းကလေးကစီးတုယွမ်ချင်းမဖြစ်နိုင်ဟု သူမရိပ်စားမိပေသည်။
လူ့လောကအတွေ့အကြုံရင့်ကျက်သူတစ်ဦးပီပီ ဒေါ်လေးရှောင်၏စိတ်ထဲတွင်အလိုလိုနားလည်နေသည်က စီးတုယွမ်ချင်းက ရှောင်ယောင့်ကိုအခြားလူများနှင့်ကွဲပြားစွာဆက်ဆံသည်ကိုကြည့်၍ သူမ၏ရင်ထဲတွင် ရှောင်ယောင့်အတွက် နေရာတစ်ခုရှိသည်ကိုအတပ်ပြောနိုင်သည် ။
သို့သော် စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့၏ဆက်ဆံရေးကလည်း ထိုအဆင့်ထိမရောက်သေးဘဲ အနည်းငယ်နားလည်ရခက်သည်ဟုဆိုနိုင်သည်။
ထို့ကြောင့် ရှောင်ယောင်ပြောသည့်ချစ်သူမိန်းကလေးဆိုသူကစီးတုယွမ်ချင်းထက်ပင် ပို၍သာလွန်ဟန်တူကာ ထိူ့အတွက်ကြောင့် သူ၏တူမလေးထံတွင်အခွင့်အရေးမရှိဟုသုံးသပ်မိခြင်းဖြစ်၏။
“ ငါ့တူမလေးက သူ့အမေလိုမျိုးအဖြစ်နဲ့တော့ မကြုံလောက်ပါဘူး.....”
ဒေါ်လေးရှောင်က စိတ်ထဲတွင်သက်ပြင်းတစ်ချက်ချလိုက်မိပေသည်။
ဒေါ်လေးရှောင်တစ်ယောက်အတွေးများဖြင့် တစ်ဦးထဲတိတ်ဆိတ်နေစဉ် ရှောင်ယောင်က ကြွယ်ယန်၊ ကြွယ်စင်းနှင့် စီးတုယွမ်ချင်းတို့ကိုထိုလူစုဖြင့်မိတ်ဆက်ပေးလိုက်သည်။
စီးတုယွမ်ချင်းကား သူမ၏ပင်ကိုယ်အေးစက်စက်ပုံစံဖြင့်ရှိသော်လည်း ဒေါ်လေးရှောင်နှင့်ကြာပန်းဖြူဂိုဏ်းသူများကိုကောင်းမွန်စွာနှုတ်ဆက်လိုက်သညိ။
မိန်းမချောလေးများကိုမြင်၍သွားရေကျနေသည့်
ကြွယ်ယန်ကားအထူးပြောစရာမလိုအောင် တက်ကြွနေပြီး ကြွယ်စင်းက သူ၏ပုံစံအတိုင်းတည်ငြိမ်စွာပင်ရှိနေသည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကိုများစွာစိတ်ဝင်စားဟန်မပြသော်လည်း စီးတုယွမ်ချင်းနှင့်မိတ်ဆက်ပေးရာတွင် ကြာပန်းဖြူဂိုဏ်းသူများမှာ များစွာစိတ်လှူပ်ရှားနေကြပြီး သူမတို့၏စံပြပုဂ္ဂိုလ်တစ်ဦးနှင့်သိကျွမ်းခွင့်ရရှိရာ သူတို့၏စိတ်ထဲရှိပျော်ရွှင်မှုကိုဖော်ပြ၍ပင်ရနိုင်မည်မဟုတ်ပေ။
ထိုအဖြူကြောင့် ကြွယ်ယန်၏အမူအယာကအနည်းငယ်ရှုံ့မဲ့သွားသော်လည်း တစ်ဖက်လူများက ချောမောလှပသည့်မိန်းကလေးများဖြစ်နေရာ စိတ်မဆိုးနိုင်ဘဲဖြစ်ရသည်။
“ ချင်းအာ...ဒါက အစ်ကို့ရဲ့ညီအစ်ကိုတွေနဲ့ အစ်ကို့သူငယ်ချင်းစီးတုယွမ်ချင်း....”
“ သူကတော့ ကြာပန်းဖြူဂိုဏ်းချုပ် လွီချင်းအာတဲ့ ငါနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပေါ့....”
ရှောင်ယောင်၏မိတ်ဆက်ပေးမှုကြောင့် လွီချင်းအာ၏မျက်လုံးနက်နက်ကလေးများက ကြွယ်ယန်တို့ဆီသို့တစ်ချက်သာရောက်ရှိလာပြီး စီးတုယွမ်ချင်းကိုအချိန်အတော်က့ာအောင်စူးစိုကိကြည့်နေသည်။
စီးတုယွမ်ချင်းတို့သုံးယောက်ကား ရှောင်ယောင်၏အနီးတွင် တွယ်ကပ်နေသည့်ထိူမိန်းကလေးက ပထမတန်းစားအင်အားစုတစ်ခု၏ခေါင်းဆောင်ဖြစ်မှန်းသိလိုက်၍အံ့ဩမိကြသည်။
သို့သော် လွီချင်းအာ့ သူ့ကိုပြိုင်ဘက်တစ်ဦးသဖွယ် စူးစူးရဲရဲစိုက်ကြည့်နေ၍ စီးတုယွမ်ချင်း၏စိတ်ထဲတွင် သဘောမကျဘဲ အေးစက်စက်ပုံစံဖြင့်ပြောလိုက်သည်။
“ တွေ့ရတာဝမ်းသာပါတယ်။ ကျမက စီးတုယွမ်ချင်းပါ....”
စီးတုယွမ်ချင်း၏စကားက ယဉ်ကျေးသော်လည်း အနိမ့်အမြင့်မရှိဘဲ ခံစားချက်ကင်းမဲ့သည့်လေးသံက အနည်းငယ်ကိုးယိုကားယားဖြစ်စေသည်။
ကြွယ်ယန်ကတော့ သူ၏ရင်ဘက်ကိုပုတ်ကာ တည်ကြည်လေးနက်သည့်ဟန်ဖမ်းရင်းပြောလိုက်သညိ။
“ မိန်းကလေး ကျုပ်က ပိုငိဖုန်းယန် ၊ သူကတော့ ရှောင်လုစင်း ကျုပ်တို့ကို သိုင်းလောကသားတွေပ အဖြူရောင်သစ္စာညီနောင်လို့ခေါ်တယ်။ ။
နောင်အချိနိကျရင် အကူအညီတစ်ခုခုလိုရင် ကျုပ်တို့နာမည်ကိုသာထုတ်ပြောလိုက် အားလုံးပြေလည်သွားစေရမယ်.....”