အခန်း (၁၇၇၇-၁၇၈၂)
Vol. 111 Ch. 1777-1782
အခန်း ၁၇၇၇ တောက်ပ ကြွယ်ဝသော မိသားစု
ပိုင်လီကျုံးယန် နှင့် သူ့ညီမငယ်တို့၏ ရုတ်တရက် ပေါ်လာခြင်းကြောင့် ကုနင်း နောက်သို့ လိုက်သော ကျင့်ကြံသူသည် အခြားဦးတည်ရာသို့ လျှောက်သွားသော်လည်း သူသည် ၎င်းတို့ကို တစ်ချက် တစ်ချက်ချောင်းနေသေးသည်။ ပိုင်လီကျုံးယန် နဲ့ သူ့ညီမလေးက ကုနင်းကို သိတာကို သူ မအံ့သြမိပေမယ့် အနည်းငယ်တော့ စိတ်ပူေနမိသည်။
ပိုင်လီကျုံးယန် သည် လူ့လောကသို့ မကြာခဏ လည်ပတ်လေ့ရှိသောကြောင့် အချို့သော လူများကို သူသည်မှာ ပုံမှန်ဖြစ်သော်လည်း သူတို့သည် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းနှင့် တစ်ခုခုပတ်သတ်မည်ကို စိုးရိမ်နေသည်။ သို့သော် စိတ်ပူလျှင်ေတာင် အသုံးမဝင်ပေ ၎င်းမှာ အမှန်မဟုတ်ဟုသာ မျှော်လင့်ထားနိုင်သည်။
"ဟုတ်လား ဒီနေ့နေ့လည်ပိုင်း အားလား ငါတို့ ထမင်းအတူတူစားကြမယ်လေ" ပိုင်လီကျုံးယန် က မေးသည်။
"ရှင့်ရဲ့အချိန်ဇယားကို နှောင့်နှေးစေမှာလား" ကုနင်းက မေးသည်။ ဒီတစ်ခါတော့ ငြင်းဖို့ ရည်ရွယ်ချက်မရှိလို့ မေးတာပင်။ ဘာပဲဖြစ်ဖြစ် သူတို့လည်း အချိန်ရပြီး ဒီကနေပြန်တာနဲ့ ထမင်းသွားစားကြမည်ဖြစ်သည်။ ညစာအတူတူစားတာက ကြီးကြီးမားမားတော့ မဟုတ်ေပ။ ဒါ့အပြင် ပိုင်လီကျုံးယန် က သူမကို အကြိမ်ပေါင်းများစွာ ဖိတ်ကြားခဲ့ပြီး တစ်ချိန်လုံး သူ့ကို ငြင်းပယ်ခဲ့သည်။ ထပ်ငြင်းရမှာကို သူမအားနာမိသည်။
ပိုင်လီကျုံးယန် က သူမကို မဖိတ်ခဲ့ရင်တောင် ယဉ်ကျေးမှုအရ စားသောက်ရန် ဖိတ်ခေါ်မှာ ဖြစ်သည်။
"ရပါတယ်၊ ဒီနေ့တော့ အားတယ် အဲ့တာကြောင့် ပျော်ဖို့ ထွက်လာတာ" ဟု ပိုင်လီကျုံးယန် က ပြောသည်။
"ကောင်းပြီ ညစာဘယ်မှာစားချင်လဲ" ကုနင်းက မေးသည်။
"မင်းဘာစားချင်လဲ" ပိုင်လီကျုံးယန် က အစား ပြန်မေးလိုက်သည်။ သူသူတို့ကို ထမင်းသွားဝယ်ေကျွးမှာဖြစ်၍ သူတို့ကို ဆုံးဖြတ်ချက်ချခိုင်းမည်။
“ငါတို့ရွေးတတ်တာမဟုတ်ဘူး မင်းအပေါ်မှာပဲ မူတည်တယ်” ဟု မုခယ် က ပြောသည်။ သူတို့ ဘာစားရမှန်း မသိဘဲ အကြံတစ်ခုရရင်တောင်မပြောတတ်ကြပေ။
“တောင်ပိုင်းခရိုင်က အစားအသောက်လမ်းမှာ ဟော့ပေါ့သွားစားကြမလား ဟိုရောက်ရင် ကျွန်မတို့ စားလို့ရမယ့် ဟော့ပေါ့ စားသောက်ဆိုင်တွေကြည့်လို့ရတယ်” ဟာ ကုနင်းက ဆိုသည်။
“ကောင်းပြီ!” ပိုင်လီကျုံးယန် က သဘောတူသည်။ အဲဒီနောက် သူတို့ ကားပေါ်တက်ပြီး အတူတူ ထွက်လာခဲ့ကြသည်။
ကုနင်း၏နောက်မှလိုက်သော ကျင့်ကြံသူသည် သူတို့နှင့် ခပ်ဝေးဝေးတွင်နေသော်လည်း သူတို့ တစ်နေရာသို့သွားရန် သဘောတူညီမှုရခဲ့သည်ကို သူမြင်နေရသည်။
ပိုင်လီကျုံးယန် သည် သူ့ထက်အဆင့်မြင့်နေသောကြောင့် ၎င်းတို့နောက်လိုက်ခြင်းကို ရပ်တန့်လိုက်ရသည်။ သူသာ သူတို့နောက်ကို ဆက်လိုက်နေမယ်ဆိုရင် မကြာခင်မှာ ပေါ်သွားလိမ့်မည်။
ကုနင်းကိုရှာတွေ့ဖို့က မလွယ်ပေမယ့် ပိုင်လီကျုံးယန် နဲ့ သူ့ညီမငယ်တို့ ရုတ်တရက် ပေါ်လာတာက သူ့အစီအစဉ်ကို ပျက်ပြားစေခဲ့သည်။ အရေးကြီးဆုံးကတော့ ပိုင်လီကျုံးယန် ဟာ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းပတ်သတ်ပြီး တစ်ခုခု ကိစ္စရှိနေမှာကို သူစိုးရိမ်နေမိသည်။
သူသည် ကုနင်း၏ အထောက်အထားနှင့် နေရပ်လိပ်စာကို တတ်နိုင်သမျှအမြန်ဆုံး ရှာဖွေတွေ့ရှိသင့်သည်ဟု ထင်လိုက်သည် အဆင်မပြေရင် ငွေဖြင့် စုံစမ်းရမည်။
အဖိုးတန်ကျောက်စိမ်းအပိုင်းအစအားလုံးသည် ကျင့်ကြံသူများ၏အမြင်တွင် ငွေထက် များစွာပို၍ အရေးကြီးပြီး ကျောက်စိမ်းအတွက် ယွမ်ငွေ သန်းပေါင်းများစွာပင် ပေးချေနိုင်သည်။
မှော်စွမ်းအား စစ်စစ်ရှိေသာ ကျောက်စိမ်းဝယ်ရန် ငွေအမြောက်အများ ပေးဆောင်ရန် ဆန္ဒရှိကြသည်။ ကျောက်စိမ်းကို ဝယ်ဖို့က အမြတ်အစွန်းရတဲ့ သဘောတူညီချက်တစ်ခုပင် အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ကျောက်မျက်ရတနာေတွကို သူ့ရဲ့ မှော်အစွမ်းကို စုပ်ယူပြီးနောက် ပြန်လည်ရောင်းချနိုင်တာကြောင့်ပင်။ လူတို့သည် ခြားနားမှုကို မြင်နိုင်မည် မဟုတ်ပေ။
ကုနင်း နဲ့ သူ့သူငယ်ချင်းတွေက တောင်ပိုင်းခရိုင်ကို ပြန်သွားပြီး XX Hot Pot ဆိုင်ကို ရွေးချယ်လိုက်သည်။
ညနေ ၆ နာရီထိုးနေပြီမို့ စားသောက်ဆိုင်ထဲမှာ လူတော်တော်များသည်။ ထို့အပြင် XX Hot Pot သည် အမြဲတမ်း လူကြိုက်များပြီး နေ့စဉ် လူစည်ကားလျက်ရှိသည်။ အချိန်အတော်ကြာလာလျှင် လစ်လပ်ထိုင်ခုံများ ရှိတော့မည်မဟုတ်ပါ။
စားပွဲကြိုတင်မှာယူနိုင်သော်လည်း စားသောက်ဆိုင်သည် ၎င်းတို့အတွက် စားပွဲကို နာရီဝက်သာထားရှိမည်ဖြစ်ပြီး စပေါ်ငွေအဖြစ် ယွမ်တစ်ရာပေးဆောင်ရမည်ဖြစ်သည်။ စိတ်ပြောင်းပြီး မပေါ်လာရင် ငွေပြန်ပေးမှာ မဟုတ်ေပ။
ထို့နောက်တွင် စားသောက်ဆိုင်သည် သူတို့အတွက် စားပွဲကို နာရီဝက်ကြာထားခဲ့ပြီး အခြားဖောက်သည်များကို ငြင်းဆိုခဲ့သည်။ ပိုင်လီကျုံးယန် သည် သီးသန့်အခန်းကို လိုချင်သော်လည်း မည်သူမျှ မရနိုင်သောကြောင့် ခန်းမထဲတွင်သာ စားသောက်နိုင်ကြသည်။
ကုနင်း နဲ့ သူ့သူငယ်ချင်းတွေက ဒါကို လုံးဝစိတ်မဝင်စားပေမယ့် ပိုင်လီကျုံးယန် က ပိုတိတ်ဆိတ်တဲ့ သီးသန့်ခန်းမှာ စားတာက ပိုကောင်းမယ်လို့ ခံစားရသည်။
စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါတွင် စားသုံးသူများစွာသည် တန်းစီစောင့်ဆိုင်းနေကြသော်လည်း လူတစ်စုက စားပွဲထိုးနှင့် ငြင်းခုံနေကြသည်။ တိုကင်နံပါတ် 16 မှလူများသည် စောင့်ဆိုင်းချိန်က ရှည်လွန်းသည်ဟု ထင်သောကြောင့် အချိန်ကိုဖြုန်းရန် အခြားနေရာများသို့ သွားကြသည်။ သို့သော် သူစားချင်သော အခြားအစားအစာကို ရှာမတွေ့သဖြင့် နောက်မှ ပြန်လာခဲ့သည်။
ဟော့ပေါ့ စားသောက်ဆိုင်ရှိ စည်းမျဉ်းအရ ဖောက်သည်သည် ၎င်း၏အလှည့်ကို လွဲချော်ပါက ၎င်း၏နံပါတ်သည် အသုံးမ၀င်ပေ။ တိုက်ဆိုင်စွာပင် တိုကင်နံပါတ်16မှ လူနှင့် သူ့သူငယ်ချင်းများ ပြန်လာသောအခါ တိုကင်နံပါတ် 17 အလှည့်ရောက်တဲ့အချိန်ဖြစ်ပြီး နံပါတ် ၁၆ကလူက နံပါတ်၁၇အား သူတို့ အရင်စားရန် တောင်းဆိုလိုက်သည်။ စားသောက်ဆိုင်က သဘောမတူတဲ့အတွက် အချင်းချင်း ငြင်းခုံကြသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းနဲ့ သူ့သူငယ်ချင်းတွေနဲ့ ဘာမှမဆိုင်တဲ့အတွက် ခန်းမကို တိုက်ရိုက်သွားကြသည်။
ချူးဖေ့ဟန် နှင့် ယွီမီရှီ တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် လျှော့စားမည်မဟုတ်ပေ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တဲ့အတွက် အများကြီးစားရင်တောင် ကိုယ်အလေးချိန်မတက်ကြပေ။ ထို့ကြောင့် နှစ်သက်ရာ အစားအစာကို စားသုံးနိုင်ကြသည်။
ကုနင်းသည်လည်း သူစားချင်သမျှ စားဖို့ တွန့်ဆုတ်မနေပေ။
ကျင့်ကြံသူဖြစ်သော ပိုင်လီကျုံးရွှယ် သည်လည်း ကိုယ်အလေးချိန်တက်လာမည်ကို စိုးရိမ်ခြင်းမရှိပါ။
ဒီတစ်ခါတော့ အများကြီးစားပြီး နောက်မှ အတူတူ ထွက်ခွာလာကြသည်။
ကုနင်းသည် မုခယ် ကို ရှန်းရှစ်ဟိုတယ် သို့မောင်းပို့ရန် လိုအပ်နေသေးသောကြောင့် ပိုင်လီကျုံးယန် နှင့် သူ့ညီမငယ်တို့နှင့် ကားရပ်နားရန်နေရာမှ ခွဲထွက်လာေတာ့သည်။
…
နေ့လည် ၂ နာရီတွင် ထန်အဖွဲ့သည် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ယခင်ဥက္ကဌသည် အပြင်းနေမကောင်းဖြစ်နေသောကြောင့် ထန်ချင်းယန် သည် ခေါင်းဆောင်အသစ်ဖြစ်လာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထန်လုပ်ငန်းစုသည် မြို့တော်တွင် လူမှုအဆင့်အတန်း အလွန်မြင့်မားသော ကျော်ကြားသော စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သောကြောင့် အဆိုပါသတင်းသည် ထွက်လာပြီးသည်နှင့် လူတိုင်းက ၎င်းအကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။
မကြာသေးမီက ထန်မိသားစု၏ အရှုပ်တော်ပုံများကို လူအများအပြား သတိပြုမိကြပြီး အထူးသဖြင့် အထက်တန်းစား လူ့အဖွဲ့အစည်းဝင်များဖြစ်သည်။
ထိုရလဒ်အနေနဲ့ ထန်ပင်းစန် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တာက အံ့သြစရာတော့ မဟုတ်ပေ။ ထန်ယရှင်း မင်္ဂလာမဆောင်မီအထိ ထန်မိသားစုတွင် နောက်ထပ်သမီးတစ်ယောက်ရှိခဲ့ပြီး ကျီယီကျင်း သည် အငယ်အနှောင်းဖြစ်ကြောင်း လူအများမသိခဲ့ကြပေ။ ထန်ယရှင်း ၏မင်္ဂလာပွဲမှာမှ အထက်ဖော်ပြပါအကြောင်းအရာများကို သူတို့ သိရှိလာကြသည်။
ထန်ပင်းစန် ၏သမီးကြီးသည် ယမန်နှစ်က မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး သူမ မပြန်လာမီတွင် မျက်နှာခွဲစိတ်မှုပြုလုပ်ခဲ့သည်။ ထန်ယရှင်း ရဲ့ မင်္ဂလာပွဲကို ရည်ရွယ်ချက်နှင့် သူမ ဖျက်ဆီးခဲ့သည်။ ထို့အပြင် ထန်အိုက်နင်းတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုသည် ထန်မိသားစုနှင့် ပတ်သက်မှုရှိသည်။
ထန်မိသားစုသည် တောက်ပချမ်းသာသော မိသားစုဖြစ်သည်။ ၎င်း၏မိသားစုဝင်အားလုံးသည် ချမ်းသာရန် အချင်းချင်း ပြိုင်ဆိုင်ပြီး အရာအားလုံးကို လုပ်ဆောင်ခဲ့ကြသည်။
ထန်အိုက်နင်းသည် စည်းစိမ်ဥစ္စာ အမွေကြောင့် မတော်တဆမှု ကြုံခဲ့ရသည်။ ထန်အိုက်နင်း၏စွမ်းရည်များကို ထိုနေ့တွင် လူများစွာက မြင်တွေ့ခဲ့ရသောကြောင့် ထန်မိသားစု၏ အဖြစ်ဆိုးသည် ၎င်းတို့အတွက် အံ့သြစရာမဟုတ်ပေ။
ထိုအချိန်တွင် ထန်အဖွဲ့သည်လည်း အနည်းငယ်ထိခိုက်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းသည် မပြင်းထန်ပါ။
ယခုအချိန်တွင် ထန်ပင်းစန် သည် အပြင်းနေမကောင်းဖြစ်နေပြီး ထန်ယရှင်း ၏ ဦးနှောက် သည်လည်း ပျက်စီးနေပြီဖြစ်ကြောင့် Tang အဖွဲ့တွင် ထန်ချင်းယန် သာလျှင် အရည်အချင်းပြည့်မီသော အမွေဆက်ခံသူ အဖြစ် ကျန်တော့သည်။
ထန်အိုက်နင်း သည် ထန်ပင်းစန် ကို နှစ်ရှည်လများ အာဃာတ ထားခဲ့၍ Tang အဖွဲ့ကို အုပ်စိုးရန် သူမအတွက် မဖြစ်နိုင်ပေ။
အားလုံးကို ခြုံပြောရရင် ထန်ချင်းယန်၏ ထန်အဖွဲ့ကို အမွေဆက်ခံရန်အတွက် ဘယ်သူမှ မတားကြပေ။
ထို့အပြင် ထန်ချင်းယန်သည် နာမည်ကောင်းကို ထိန်းသိမ်းထားသောကြောင့် ထန်ပင်းစန် ကို တမင်တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု လူအများက မထင်ကြပါ။
လူအချို့သာလျှင် ထန်ချင်းယန် က သူ့မိသားစုရဲ့ ချမ်းသာမှုအတွက် ထန်ပင်းစန် ကို တစ်ခုခုလုပ်ခဲ့တာဟု ထင်ကြေးပေးကြသည်။
***
အခန်း ၁၇၇၈ သမီးသူ့ကို ကြိုက်လား?
သို့သော် ၎င်းသည် ထန်ချင်းယန် ကိုမထိခိုက်စေဘဲ ဤသံသယ၀င်သူများသည် ထန်မိသားစု၏အရေးကိစ္စများကို မကြာမီသိရှိလာပြီးနောက် ထန်ချင်းယန် နှင့် ပတ်သက်၍ ၎င်းတို့၏သံသယများ လျော့နည်းလာသည်။
ထန်အိုက်နင်းက သူ့ထံမှ သိမ်းယူထားသော ရှယ်ယာများသည် ထန်ချင်းယန်၏ နာမည်အောက်တွင် ရှိနေကြောင်း ထန်ပင်းစန်က သိလိုက်သောအခါ ထန်ချင်းယန်သည် ထန်အိုက်နင်းနှင့် လက်တွဲနေပြီဟု တွေးလိုက်မိသည်။
ထန်လုပ်ငန်းစုသည် ထန်အိုက်နင်း၏လက်ထက် ထန်ချင်းယန်၏လက်ထဲတွင် ပိုကောင်းသော်လည်း ယေဘုယျအားဖြင့် ထန်ပင်းစန်သည် သူ၏ကုမ္ပဏီကို အခြားလူများက လွှဲပြောင်းယူခဲ့သည်ဟူသောအချက်ကို လက်မခံနိုင်သေးပေ။ ရလဒ်အနေနဲ့ မူးမေ့လဲသွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပိုပြင်းထန်လေသည်။ ညဉ့်နက်သည်အထိ သူ သတိမရသေးပေ။
ထန်ပင်းစန်၏ အတွင်းရေးမှုးက ထန်အိုက်နင်း၏လက်ထဲသို့ မကျရောက်စေရန် တားဆီးရန်အတွက် ထန်အဖွဲ့အစည်းအား ထန်ချင်းယန်သို့ လွှဲပြောင်းပေးသည်ဟု ထင်ခဲ့သည်။ အဲဒီလိုသာဆိုရင် လက်ခံနိုင်လောက်မည်ဟု သူထင်သည်။
သူသည် ထန်ပင်းစန်၏ အတွင်းရေးမှုးဖြစ်ခဲ့သော်လည်း သူ့အကြောင်း လျှို့ဝှက်ချက်အားလုံးကို မသိပေ။ ဥပမာအားဖြင့် ထန်ပင်းစန် ကြောင့် ထန်ချင်းယန်၏ဖခင်သေဆုံးရခြင်းအကြောင်းကို သူမသိခဲ့သဖြင့် ထန်ချင်းယန်သည် ထန်ပင်းစန်ကို တမင်တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု သူမထင်ပေ။
ကျီယီကျင်း သိပြီးနောက် သူမသည် ထန်ပင်းစန်၏ အတွင်းရေးမှုးနှင့် တူညီသော အကြံရှိသော်လည်း သူမလည်း လက်မခံနိုင်သေးပေ။ ထို့နောက် သူမသည် ထန်ပင်းစန်ကိုမေးရန်သွားသော်လည်း ထန်ပင်းစန်က မေ့လဲနေပြန်သည်။
ထန်ပင်းစန် ကိုယ်တိုင်က ထန်ချင်းယန်ကို ကုမ္ပဏီကို ပေးလိုက်တယ်လို့ သူမထင်တာကြောင့် ကျီယီကျင်းက ထန်ချင်းယန်ကိုတော့ မမေးပေ။
ထန်ချင်းယန်သည် အောင်မြင်စွာ လက်စားချေနိုင်ခဲ့ပြီး ထန်အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်လာကာ ပျော်ပွဲရွှင်ပွဲကျင်းပလို့ရနိုင်သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ မတည်မငြိမ်ဖြစ်သဖြင့် စားသောက်ပွဲကျင်းပရန် သူငယ်ချင်းများကို ဖိတ်ကြားခြင်း မပြုေသးပေ။
…
ထန်ချင်းယန်သည် ထန်အဖွဲ့၏ ဥက္ကဌ ဖြစ်လာသောကြောင့် ယနေ့တွင် ရှုချင်ယင်းသည် စိတ်အခြေအနေ အထူးကောင်းမွန်နေသည်။
ထန်ချင်းယန်နှင့် ထန်ပင်းစန်တို့ကြားတွင် ရန်ငြိုးထားမှုများအကြောင်းကို သူမရှင်းလင်းစွာ မသိသော်လည်း ထန်ချင်းယန်အတွက် ပျော်ရွှင်မိသည်။
ည ၈ နာရီထိုးသောအခါ ရှုချင်ယင်းသည် ယခုအချိန်တွင် ထန်ချင်းယန်တွင် အလုပ်မများလောက်ဟု ထင်သောကြောင့် ချီးကျူးဂုဏ်ပြုရန် ဖုန်းခေါ်လိုက်သည်။
အမှန်တော့ ယခုအချိန်တွင် ထန်ချင်းယန်သည် ကုမ္ပဏီကို လွှဲပြောင်းယူဆဲကာလဖြစ်သောကြောင့်ကုမ္ပဏီမှာ ရှိနေဆဲဖြစ်သည်။
သူ့အတွက် လေ့လာစရာတွေ အများကြီးရှိပေမယ့် ဖုန်းပြောဖို့ အချိန်ရှိပါသေးသည်။ ထို့အပြင်၎င်းသည် ရှုချင်ယင်းထံမှဖြစ်သောကြောင့် ထန်ချင်းယန် အတော်လေးစိတ်လှုပ်ရှားနေသည်။
"ဟိုင်း ရှင်အလုပ်များနေလား?" ရှုချင်ယင်းက သူ့ကို မေးလိုက်သည်။
"မများပါဘူး ကိုယ်အနားယူနေတာနဲ့ မင်းဖုန်းဆက်တာနဲ့ ကွက်တိပဲ" ထန်ချင်းယန် ကပြောသည်။ သူအလုပ်ရှုပ်နေမှန်းသိရင် ရှုချင်ယင်းက ဖုန်းချလိုက်မှာကို သူစိုးရိမ်သည်။
"ဂုဏ်ယူပါတယ်! ရှင် အခု ထန်အဖွဲ့အစည်းရဲ့ ဥက္ကဌ ဖြစ်သွားပြီပဲ။ ရှင်တစ်နေ့လုံး အလုပ်ရှုပ်ေနမှာ ဆိုးလို့ အခုချိန်ထိ မခေါ်သေးတာ" လို့ ရှုချင်ယင်းက ဆိုပါသည်။ ထန်ချင်းယန်နှင့် စကားပြောရာတွင် သူမ စိတ်လှုပ်ရှားနေသေးသည်။
"ကျေးဇူးတင်ပါတယ် ကိုယ်နည်းနည်းအလုပ်များပေမယ့် ဖုန်းပြောဖို့တော့ အချိန်ရှိပါသေးတယ်" ဟု ထန်ချင်းယန်ကပြောသည်။ ရှုချင်ယင်းက သူ့ကို ဖုန်းမခေါ်မှာ စိတ်ပူမိသည်။
"အင်း ရှင် အခု ထန်အဖွဲ့အစည်း ရဲ့ ဥက္ကဌဖြစ်သွားပြီဆိုတော့ ကျွန်မကို တစ်ဝိုင်းကျွေးဖို့ မမေ့နဲ့နော်" ဟု ရှုချင်ယင်း က ပြောလိုက်သည်။
"ဟုတ်ပါပြီ!" ထန်ချင်းယန် ပြုံးလိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် ခဏလောက် စကားစမြည်ပြောပြီး ဖုန်းချလိုက်သည်။
ထို့နောက် ရှုချင်ယင်းသည် သူမလက်ထဲတွင် ဖုန်းကိုကိုင်လျက် ပြုံးနေမိသည်။ တံခါးဝမှာ သူ့အမေ ခိုးနားထောင်နေတာကို သူမ သတိမထားမိေပ။
ရှုချင်ယင်းက ဖုန်းချပြီးတာနဲ့ သူ့အမေက အထဲကို ဝင်လာပြီး "ထန်အဖွဲ့အစည်း ရဲ့ ဥက္ကဌအသစ် ထန်ချင်းယန်နဲ့က အသိတွလေား" ဟု မေးသည်။
ရှုမိသားစုသည်လည်း ထိုသတင်းကိုကြားပြီး ညက ညစာစားပွဲတွင် ထိုအကြောင်းကို ပြောနေကြသေးသည်။ ထန်ပင်းစန်ဟာ သူ့သမီးကြီး ထန်အိုက်နင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တဲ့အတွက် ထန်ပင်းစန် နဲ့ ထိုက်တန်တယ်လို့ အများစုက ခံယူကြသည်။
မြို့တော်ရှိ ချမ်းသာသော မိသားစုများမှ မိသားစု၀င်များ အချင်းချင်း အဆက်အသွယ် ရှိကြသည်။ ထန်ပင်းစန် သည် မျက်နှာပြင်ပေါ်တွင် သဘောကောင်းသည်ဟု ထင်ရသော်လည်း ဉာဏ်ကောင်းသူများကို မလှည့်စားနိုင်ပေ။
ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထန်မိသားစုနှင့် ယှဉ်ပြိုင်သည့် ကုမ္ပဏီအများစုသည် မတော်တဆမှုများ ကြုံခဲ့ရသည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဖြစ်ခဲ့ပါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း တန်မိသားစုသည် အကြိမ်များစွာ ဖြစ်ပျက်ခဲ့၍ ထိုကိစ္စက တစ်ခုခုတော့ မူမမှန်တော့ပေ။
ထန်မိသားစုက မကောင်းမှန်း လူအများသိသော်လည်း စီးပွားရေးလုပ်ငန်းလုပ်သော မိသားစုတိုင်းလိုလိုတွင် ညစ်ပတ်သောလျှို့ဝှက်ချက်များရှိသောကြောင့် ၎င်းကိုဝေဖန်ရန် မည်သူမျှမဝံ့ရဲကြပေ။ မလိုလားအပ်တဲ့ ပြသနာတွေမှာ ဘယ်သူမှ မပါဝင်ချင်ကြပါ။
ရှုချင်ယင်းသည် သူမ၏မိခင်၏ရုတ်တရက်၀င်လာခြင်းကြောင့် လန့်သွားပြီး မိခင်၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ရှိသောအမူအရာကိုမြင်လိုက်သည်နှင့် သူမ မျက်နှာနီရဲသွားသည်။
"မေမေရယ် ဘာလို့ အသံမပေးပဲ ၀င်လာတာလဲ လန့်သွားတာပဲ!" ရှုချင်ယင်း ညည်းညူလိုက်သည်။
"သမီး တစ်ခုခုကြောင့် အာရုံပျံ့နေတာမဟုတ်ဘူးလား" သူ့အမေက မျက်လုံးကို ဝေ့လိုက်ပြီး ဆက်ပြောသည်။ “အကြောင်းအရာ မပြောင်းနဲ့။ မေမေ မေးတာကို မဖြေသေးဘူး"
"ဘာမေးခွန်းလဲ?" ရှုချင်ယင်း သည် မသိသလိုပြုမူလိုက်သည်။
"ထန်ချင်းယန်နဲ့ သမီးရဲ့ဆက်ဆံရေး”
“သူနဲ့သမီးကြားမှာ ဘာမှထူးခြားတာမရှိပါဘူး။ ဒီတိုင်း သူငယ်ချင်းတွေပဲလေ" ရှုချင်ယင်းက ရှင်းပြသည်။
သူမမှာ ယုံကြည်မှုသိပ်မရှိပေမယ့် ဒါဟာ အမှန်တရားပါပဲ။ သူမနှင့် ထန်ချင်းယန်သည် ယခုအချိန်တွင်တော့ အမှန်တကယ်ပင် သူငယ်ချင်းများဖြစ်သည်။
သူတို့နှစ်ယောက်ကြားမှာ ထူးထူးခြားခြား တစ်ခုခုရှိခဲ့ရင်တောင် နှစ်ယောက်လုံးက မဖွင့်ပြောကြတဲ့အတွက် သူငယ်ချင်းအဖြစ်သာ ရှိနေဆဲပါ။
"တကယ်လား?" သူ့အမေက မယုံပေ။
"ဟုတ်တယ်" ရှုချင်ယင်း သည် တည်ငြိမ်လေးနက်သော မျက်နှာထားနှင့်။
"ဘယ်လောက် နှမြောရာကောင်းလိုက်လဲ!" သူ့အမေ စိတ်ပျက်သွားသည်။ “သူက အရည်အချင်းရှိတဲ့ ကောင်လေးတစ်ယောက်လို့ အမေထင်တယ် အခုဆို ထန်အဖွဲ့အစည်း ရဲ့ ဥက္ကဌတောင် ဖြစ်နေပြီ။ သမီးတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်။ အိုး သူ့မှာ ရည်းစားရှိလား"
"မရှိဘူး" ရှုချင်ယင်း ကပြောသည်။
"သမီးသူ့ကိုကြိုက်လား?" သူ့အမေက ထပ်မေးသည်။
ထိုစကားကိုကြားတော့ ရှုချင်ယင်း ရင်တွေပူလာပြန်သည်။ သူ့ကို သဘောကျပေမယ့် သူ့အမေရှေ့မှာ ငြင်းနေတုန်းပင်။
သို့သော် သူ့အမေက သူ့ကို ကောင်းကောင်းသိသည်။ ရှုချင်ယင်း က ဝန်ခံရန် ငြင်းဆိုသောကြောင့် သူ့အမေက ၎င်းကို စနောက်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ သမီးသူ့ကိုမကြိုက်ရင် အမေသမီးကို အတင်းအကျပ်ခိုင်းမှာမဟုတ်ပါဘူး *ဒါပေမယ့် ကိုယ်ဖန်တီးထားတဲ့ အကျိုးကျေးဇူးတွေက တခြားသူတွေကို အမြတ်ထုတ်ဖို့ ခွင့်မပြုနိုင်ဘူး* (ဒါပေမယ့် ဖိတ်ချင်းဖိတ်ကိုယ်အိတ်ထဲပဲ ဖိတ်အောင်) အမေ သူ့ကို သမီးအမဝမ်းကွဲနဲ့ မိတ်ဆက်ပေးလိုက်မယ်။ သူတို့လည်း လိုက်ဖက်နိုင်တာပဲ” ဟု မိခင်ဖြစ်သူက ပြောသည်။
ရှုချင်ယင်း၏ဝမ်းကွဲသည် မစ္စရှု၏တူမဖြစ်သည်။ ရှုချင်ယင်းက မကျေမနပ်ဖြစ်ပြီး သူမရဲ့လေသံက အနည်းငယ် မနှစ်မြို့ဟန်နှင့် ပြောလာသည်။ “လုပ်ချင်ရင် ကိုယ်တိုင်သွားလုပ်။ သမီးမပါဘူး!"
"ဟုတ်ပြီ အမေကိုယ်တိုင်ဖြေရှင်းလိုက်မယ်" လို့ သူ့အမေကပြောပြီး ရှုချင်ယင်းကို လျစ်လျူရှုပြီး ထွက်သွားသည်။ ရှုချင်ယင်းသည် ထိတ်လန့်စပြုလာသည်။
သူ့အမေက ထန်ချင်းယန်ကို သူ့ဝမ်းကွဲနဲ့ တကယ်မိတ်ဆက်ပေးရင် ဘယ်လိုလုပ်မလဲ။
***
အခန်း ၁၇၇၉ မာနကြီးသောမိန်းကလေး
မနေ့ညထဲက ယွီမီရှီသည် ပစ္စည်းများ အကုန်ထုပ်ပိုးထားပြီး နောက်နေ့မနက်တွင် စောစောထွက်လာကြသည်။
ရှန်းရှစ်ဟိုတယ်တွင် နံနက်စာစားပြီးနောက် ယွီမီရှီ နှင့် မုခယ်၏ကျောင်းသို့ ဦးစွာသွားကြသည်။ ကျောင်းအတွင်းရော အပြင်မှာပါ ကားတွေနဲ့ လူတွေ အများကြီးပင်။ သူတို့အားလုံးက စာရင်းသွင်းဖို့ ရောက်လာကြတဲ့ ကျောင်းသားတွေဖြစ်ပြီး မိဘတွေပါအတူ လိုက်ပါလာခြင်း ဖြစ်သည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယနေ့ခေတ်တွင် မိသားစုအများစုတွင် ကားများရှိသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း အခြားမြို့များမှ လိုင်စင်နံပါတ်ပြားပါသည့် ကားအုပ်စုသည် မြို့တော်အတွင်းမှာ ပြည့်လျှံနေပြီး မြို့တော်ကို ပိုမိုစည်ကားစေသည်။
ကားကောင်းတွေများလွန်းတာကြောင့် ကုနင်းမောင်းသော ဒေါ်လာသန်းချီတန်တဲ့ Hummer က သိပ်မသိသာပေ။ သို့သော်လည်း Hummer သည် ပို၍ဆွဲဆောင်မှုရှိပြီး စျေးမသက်သာသောကြောင့် ၎င်းကို စိုက်ကြည့်နေသူအနည်းငယ်ေတာ့ရှိသည်။
မြို့တော်မှာ ဇိမ်ခံကားတွေ အများကြီးရှိပေမယ့် လူတွေအများကြီးက ၀ယ်နိုင်တာတော့မဟုတ်ပေ။ ယွမ်ငွေသန်းပေါင်းများစွာတန်သော ကားတစ်စီးကို တတ်နိုင်သူများသည် လူနည်းစုဖြစ်နေဆဲဖြစ်သည်။ ယေဘူယျအားဖြင့် အများစုသည် ယွမ် နှစ်သိန်းဝန်းကျင် ကားများကိုသာ မောင်းနှင်ကြသည်။
ခက်ခက်ခဲခဲဖြင့် ကုနင်းသည် သူမ၏ကားကိုရပ်ရန် ကားပါကင်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့နောက် ကားပေါ်မှ ဆင်းကာ ခရီးဆောင်အိတ်များကို ကျောင်းထဲသို့ ဆွဲလာသည်။
အစပိုင်းမှာတော့ ဇိမ်ခံကားကို ဘယ်သူကမှ အထူးဂရုမစိုက်ခဲ့ကြပေမယ့် ကားဒရိုင်ဘာက ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အချိန်မှာတော့ လူတွေက ၄င်းအကြောင်းကို အလွန်အမင်းတွေးတောလာတော့သည်။ အချို့က မနာလို၊ အချို့က အားကျကြသော်လည်း အချို့မှာ မုန်းတီးမှုအပြည့်ရှိကြသည်။
ဒီလိုစျေးကြီးတဲ့ကားကို တတ်နိုင်လို့ သူ့မိသားစုက အရမ်းချမ်းသာပြီး လူတော်တော်များများက မနာလိုစိတ်၀င်သွားကြသည်။
လူတိုင်းက ချမ်းသာချင်ကြတယ်၊ အထူးသဖြင့် ချမ်းသာစွာ မွေးဖွားလာချင်ကြသည်။
တရားမျှတမှု မရှိပေမယ့် ဘယ်သူကမှ ပြောင်းလဲလို့မရပေ။
ကုနင်းကို မနာလိုသူတွေ အားလုံးက မနှစ်မြို့စရာ မျက်နှာထားတွေ နဲ့ပင်။ ချမ်းသာသော မိသားစုရှိ၍ ငယ်ရွယ်စဉ်တွင် ဤကဲ့သို့ ကားကောင်းတစ်စီးကို ပိုင်ဆိုင်နိုင်သောကြောင့် အချို့က သူမအား မနာလိုဖြစ်နိုင်သော်လည်း အချို့က သူမအား တမင်တကာ အသရေဖျက်ကာ အငယ်အနှောင်းဖြစ်သည်ဟု ဆိုကြသည်။
ကုနင်းသည် သူတို့၏ ဆွေးနွေးမှုများကို မကြားရပါ မဟုတ်ပါက သူမ သည်းခံနိုင်မည် မဟုတ်ပေ။
မုခယ်နှင့် ယွီမီရှီတို့သည် ချောမွေ့စွာ စာရင်းသွင်းပြီးနောက် ကုနင်းနှင့် ချူးဖေ့ဟန်တို့က ယွီမီရှီ ၏ ခရီးဆောင်အိတ်များကို သူမ၏ အိပ်ဆောင်သို့ ပို့ဆောင်ရန် ကူညီခဲ့ကြသည်။
မုခယ်ကတော့ သူ့အဆောင်ကို တစ်ယောက်တည်းသွားသည်။ ယွီမီရှီနှင့် မုခယ် နှစ်ဦးစလုံးသည် အဆင့်မြင့်အဆောင်များတွင် နေထိုင်ကြသည်။ အဆင့်မြင့်အဆောင်များတွင် သီးခြားရေချိုးခန်းနှင့် လသာဆောင်တစ်ခုပါရှိပြီး အခန်းတစ်ခန်းတွင် လူလေးဦးနေရမည်။ ကျယ်ဝန်းပြီး ကောင်းမွန်စွာ အလှဆင်ထားသည်။
ယွီမီရှီသည် စောစောရောက်လာသောကြောင့် အိပ်ဆောင်ထဲတွင် မည်သူမျှမရှိကြသေးသဖြင့် စိတ်တိုင်းကျ အိပ်ရာကို ရွေးချယ်နိုင်ခဲ့သည်။
ယွီမီရှီသည် အောက်ကုတင်ကို မကြိုက်သောကြောင့် အပေါ်ထပ်ကုတင်ကို ရွေးချယ်ခဲ့သည်။ သူမဟာ ခရီးဆောင်အိတ်ထဲက ပစ္စည်းတွေချည်းပဲ ထုတ်ပစ်လိုက်သည်။
သူမသည် မနက်ဖြန်တွင် စာရင်းသွင်းမည့် ကုနင်းနှင့်အတူ လိုက်ပါရန် လိုအပ်နေသေးသောကြောင့် ယနေ့တွင် ပြောင်းရွှေ့မည်မဟုတ်ပါ။ ယနေ့ည ကုနင်း၏အိမ်တွင် နေပြီး မနက်ဖြန် မှ ကျောင်းသို့ပြန်လာမည်ဖြစ်သည်။
ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီးသောအခါ နေ့လည်စာ စားချိန်ရောက်ပြီဖြစ်သည်။ ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် ချူးဖေ့ဟန် ၏ကျောင်းအနီးတွင် စားရန်နေရာရှာရန် ထွက်လာခဲ့သည်။
နေ့လယ် ၂ နာရီတွင် စတင်စာရင်းသွင်းရမည်ဖြစ်သော်လည်း ယခု ၁၂း၃၀ သာရှိသေးသည်။ အချိန်အကြာကြီးထိုင်ရတာ အဆင်ပြေဖို့အတွက် အနီးနားက စားသောက်ဆိုင်ကို ရှာကြသည်။
သူတို့သည် ရုပ်ရှင်အကယ်ဒမီနှင့် နီးပြီး ယနေ့သည် ကျောင်းအပ်သည့် ပထမဆုံးနေ့ဖြစ်သောကြောင့် စားသောက်ဆိုင်များတွင် စားသောက်သူအများစုမှာ ကျောင်းသားလေးများနှင့် သူတို့၏မိဘများသာဖြစ်သည်။
ရုပ်ရှင် အကယ်ဒမီမှာ နိုင်ငံတဝှမ်းမှာ အလှဆုံး မိန်းကလေးတွေနဲ့ ချောမောတဲ့ ယောက်ျားလေးတွေ ရှိတယ်လို့ ပြောကြတာ အမှန်ပါပဲ။ ဖျော်ဖြေရေးနယ်ပယ်တွင် ကျော်ကြားမှုရရှိရန် သရုပ်ဆောင်စွမ်းရည်နှင့် ရုပ်ရည်ကောင်းသူဖြစ်ရမည်။ ထို့ကြောင့် သူတို့၏အမြင်တွင် သူတို့အရွယ် ယောက်ျားလေးများနှင့် မိန်းကလေးအများစုသည် ရုပ်ရည်ချောမောကြသည်။
မည်သို့ပင်ဆိုစေကာမူ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ဝင်လာသည်နှင့် တပြိုင်နက် ရုပ်ရည်ချောမောသော မိန်းကလေးများနှင့် ယောက်ျားလေးများ အားလုံး လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် အာရုံစူးစိုက်မှုနှင့် ဆွေးနွေးမှုများစွာကို ဆွဲဆောင်ခဲ့သည်။
"သူတို့ကိုကြည့်ကြည့်! အရမ်းချောတာပဲ!”
“ဟုတ်တယ် အထူးသဖြင့် အဖြူနဲ့တစ်ယောက်ရယ် အနီရောင်နဲ့တစ်ယောက်ရယ် ဒီရုပ်ရှင်အကယ်ဒမီမှာ ချောတဲ့ ကောင်မလေးတွေ မရေမတွက်နိုင်အောင် ရှိပေမယ့် တော်တော်များများကို တွေ့ဖူးတယ်။ သူတို့လိုက တကယ်အံ့ဩစရာကောင်းပြီး ရှားပါးတယ်”
အဖြူရောင်က ကုနင်းဖြစ်ပြီး အနီရောင်က ချူးဖေ့ဟန် ဖြစ်သည်။ ယွီမီရှီ က ရုပ်ဆိုးတာတော့မဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် လှပလွန်းသော်လည်း ကုနင်းနှင့် ချူးဖေ့ဟန်တို့နှင့် မယှဉ်နိုင်ပေ။
“ဟုတ်တယ်။ သူတို့လည်း ငါတို့ကျောင်းရဲ့ ကျောင်းသားသစ်တွေဖြစ်ရမယ်။ ဒီက လက်ခံမှတော့ ထူးချွန်သူတွေပေါ့။ သူတို့ ဖျော်ဖြေရေးနယ်ပယ်မှာ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းနဲ့အလွယ်တကူ နာမည်ကြီးလာနိုင်တယ်လို့ ခံစားမိတယ်”
“ဟုတ်တယ် သူတို့ သရုပ်ဆောင်တာ ကောင်းကောင်းမလုပ်နိုင်ရင်တောင် သူတို့ရဲ့ အသွင်အပြင်နဲ့ ကျော်ကြားမှု ရရှိနိုင်မှာပါ”
“…”
သူတို့ရဲ့ ချီးကျူးစကားတွေကို ကြားတော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ကျင့်သားရနေပြီမို့ဘာမှမပြောပေ။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် မကျေမနပ်ဖြစ်ကာ အသံထွက်လာသည်။ "ငါတော့မထင်ပါဘူး! ငါ့သမီးက သူတို့ထက် အများကြီး ပိုလှပြီး တီဗီရှိုးနှစ်ခုမှာ သရုပ်ဆောင်ဖူးတယ်။ သူက မကြာခင် ဒါမှမဟုတ်ရင် နောက်ပိုင်းမှာ နာမည်ကြီးလာတော့မှာ” သူ့မျက်လုံးထဲမှာတော့ သူ့သမီးက အမြဲတမ်း အကောင်းဆုံးဖြစ်နေတော့ လူတွေက သူ့ရှေ့မှာ တခြားကောင်မလေးတွေကို ချီးမွမ်းတဲ့အခါ သည်းမခံနိုင်ပေ။ တခြားမိန်းကလေးတွေက သူ့သမီးမရရှိခဲ့တဲ့ ချီးကျူးမှုတွေနဲ့ မထိုက်တန်ဘူးလို့ သူမထင်သည်။
သူ့အသံကိုကြားတော့ အားလုံးက သူမကို လှည့်ကြည့်လိုက်သည်။ လူလတ်ပိုင်းအမျိုးသမီးသည် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အသက် ၁၇ နှစ်ခန့် မိန်းကလေးတစ်ဦးတို့နှင့်အတူ ထိုင်နေသည်။ မိန်းကလေးသည် လူလတ်ပိုင်းအမျိုးသမီး၏သမီးဖြစ်ရမည်။
ကောင်မလေးက ရုပ်ချောပေမယ့် အထူးသဖြင့် ဒီရုပ်ရှင်အကယ်ဒမီက ကျောင်းသားတွေကြားမှာ ထင်းမနေပေ။ သို့သော်လည်း သူမသည် အလွန်ဂုဏ်ယူနေပုံရပြီး သူမပြောသည့်စကားအပေါ် မိခင်ဖြစ်သူနှင့် သိသိသာသာ သဘောတူနေပုံရသည်။
သူမသည် သူ့ကိုယ်သူ အမြင်မှန်မရှိဘဲ မာနကြီးသော မိန်းကလေး ဖြစ်ပုံရသည်။
သူမသည် ကုနင်းနှင့် ချူးဖေ့ဟန်ထက် လုံးဝ မလှပသောကြောင့် လူအများက အထင်အမြင်သေးကြသည်။ ထို့အပြင် မိန်းကလေးသည် တီဗီရှိုးနှစ်ခုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို မည်သူမျှ မသိခဲ့ကြပေ။
မိန်းကလေး၏ဖခင်သည် ရှက်ရွံ့သလို ခံစားခဲ့ရပြီး မိန်းကလေး၏မိခင်ကို ဝေဖန်လိုက်သည်။ "အဓိပ္ပာယ်မရှိလိုက်တာ! မင်းရှက်ဖို့ကောင်းတယ်လို့မထင်ဘူးလား"
"ကျွန်မပြောတာ မှားလို့လား?" မိန်းကလေး၏မိခင်သည် မိမိကိုယ်ကိုယ်မှားယွင်းစွာပြောဆိုမိသည်ဟု မထင်ပေ။
"အိုး အန်တီ့သမီးက အနုပညာ စာမေးပွဲမှာ ဘယ်အဆင့်လဲ။ မြို့တော်ရုပ်ရှင်အကယ်ဒမီ ဝင်ခွင့်စာမေးပွဲရဲ့ စုစုပေါင်းရမှတ်ကရော ဘယ်လောက်လဲ" ထိုမိန်းမကို မကြိုက်တဲ့သူတစ်ေယာက်က မေးလိုက်သည်။
အနုပညာစာမေးပွဲတွင် A၊ B နှင့် C ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။ A သည် ထူးချွန်သည် B သည် ကောင်းသည် ဖြစ်ပြီး C သည် အတော်အသင့်ဖြစ်သည်။
“ငါ့သမီးက အဆင့် B စုစုပေါင်းရမှတ်က ၄၆၈ မှတ်ပဲ” ဟု သက်လတ်ပိုင်းအမျိုးသမီးက ဂုဏ်ယူစွာပြောသည်။
"ဟားဟားဟားဟား" ဒါကိုသိလိုက်ရတော့ ချူးဖေ့ဟန် အပါအဝင် လူတော်တော်များများက ရယ်မောလိုက်ကြသည်။
ချူးဖေ့ဟန်ပင်လျှင် အဆင့် A တွင်ရှိပြီး သူမ၏ စုစုပေါင်းရမှတ်မှာ ၆၅၃ မှတ်ရှိသော်လည်း သူမကိုယ်သူမ အကောင်းဆုံးဟု မထင်ပေ။ တကယ်တော့ သူမဟာ မြို့တော်ရုပ်ရှင်အကယ်ဒမီက တခြားကျောင်းသားတွေနဲ့ ယှဉ်ရင် သူမရဲ့ စုစုပေါင်းရမှတ်က အတော်လေး မြင့်မားသည်။
သို့သော် ဤလူလတ်ပိုင်းအမျိုးသမီး၏သမီးသည် အမှတ် ၅၀၀ တောင် မရသော်လည်း သူ့သမီးသူ အခြားသူများထက် သာလွန်သည်ဟု ထင်နေသည်။
***
အခန်း ၁၇၈၀ ကိုယ်ပိုင် အသိမရှိဘူး
“အင်း ခင်ဗျားက ခင်ဗျားသမီးကို အရမ်း အထင်ကြီးလွန်းတာပဲ ကျွန်တော့်သားရဲ့ အနုပညာစာမေးပွဲရမှတ်က A နဲ့ သူ့ရဲ့ စုစုပေါင်းရမှတ်က ၅၀၆ မှတ်လေ။ ဒါပေမယ့် သူက ကျောင်းသားအားလုံးကြားထဲမှာတော့ အလယ်အလတ်အဆင့်ပဲရှိသေးတယ်။ ကျွန်တော်တောင် ကျွန်တော့သား ဘယ်လောက် ထူးချွန်တယ်ဆိုတာ မပြောရဲပေမယ့် ခင်ဗျားမှာ ခင်ဗျားရဲ့သမီးကို ကြွားဝါဖို့ ယုံကြည်ချက်ရှိနေတာပဲ” ဟု လူအုပ်ထဲမှ အမျိုးသားတစ်ဦးက လှောင်ပြောင်ပြောဆိုလိုက်သည်။
အခြားလူများကလည်း သက်လတ်ပိုင်း အမျိုးသမီး၏ မိသားစုကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။ တကယ်တော့ သူ့သမီးက အကောင်းဆုံးမဟုတ်ဘဲ သူ့သမီးကို ကြွားဝါးပြောဆိုခဲ့ခြင်းဖြစ်သည်။
အမှန်မှာ ကျောင်းသားအများစုသည် သူ့သမီးထက် ရမှတ်များပိုများသော်လည်း မိဘများက ပိုကောင်းသူအမြဲရှိနေကြောင်း သူတို့သိသောကြောင့် နှုတ်ဆိတ်နေခဲ့သည်။
သူတို့၏ကလေးများသည် အနာဂတ်တွင် ရေပန်းစားလာမည်ဟု မပြောဝံ့ကြသော်လည်း လူလတ်ပိုင်းအမျိုးသမီးက သူ့သမီးသည် နာမည်ကြီးဖြစ်လာလိမ့်မည်ဟု တစ်ထစ်ချယုံကြည်ခဲ့သည်။ ဒါဟာ တကယ့်ကို ရယ်စရာကောင်းလွန်းသည်။
“ရှင်…” လူလတ်ပိုင်း အမျိုးသမီးသည် အလွန်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူမသည် မာနကြီးသော်လည်း လူပိန်းမဟုတ်တဲ့အတွက် အခြားလူများက သူမကို ဝေဖန်သောအခါတွင် အရှက်ရမိသည်။
သို့သော် သူမကိုယ်သူမ မှားသည်ဟု မထင်ပေ။ အဲဒီအစား သူမအား တမင်မျက်နှာဖျက်သည်ဟုဆိုကာ တခြားလူတွေကို အပြစ်တင်သည်။
တကယ်တော့ သူမဟာ သူ့ကိုယ်သူ သိက္ခာချထားတာကြောင့် သူမကို လေးစားမှုရှိပေးဖို့က တခြားသူတွေ၏ တာဝန်မဟုတ်ပေ။ လူတိုင်းသည် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းရန် သင်ယူရမည်ဖြစ်သည်။
"မင်းမှာ အသိမရှိဘူးလား။ အခု ပါးစပ်ပိတ်ထား!" သက်လတ်ပိုင်း အမျိုးသမီး၏ခင်ပွန်းက သူမကို လှမ်းငေါက်သည်။ သူတို့သည် အများသူငှာ နေရာတွင် ရှိနေသောကြောင့် ၎င်းအကြောင်းကို သိပ်မပြောနိုင်ပေ။ သူ့မိန်းမကို ပါးစပ်ပိတ်ထားဖို့သာ ပြောနိုင်သည်။
ကုနင်းနှင့် ချူးဖေ့ဟန်တို့သည် လူလတ်ပိုင်းအမျိုးသမီး၏သမီးထက် ပို၍ထူးချွန်ကြ၍ လျစ်လျူရှုထားသည်မှာ သိသာလွန်းလှသည်။ လူလတ်ပိုင်းအမျိုးသမီး၏ခင်ပွန်းသည် သူတို့၏သမီးသည် အလွန်ထူးချွန်ကြောင်း သိသော်လည်း ကျိုးနွံသင့်သည်။
“ရှင်…” ခင်ပွန်းဖြစ်သူရဲ့ လူမြင်ကွင်းမှာ အပြစ်တင်ဝေဖန်ခံရ၍ လူလတ်ပိုင်းအမျိုးသမီးက အရှက်ရသွားသည်။
ခင်ပွန်းဖြစ်သူနှင့် ငြင်းခုံချင်သော်လည်း ခင်ပွန်းဖြစ်သူ၏ ဒေါသမျက်နှာကို မြင်သောအခါ စွန့်လွှတ်လိုက်သည်။ သူမသည် ခင်ပွန်းသည်ကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့သည် မဟုတ်ပါက သူမ၏ စရိုက်ကြောင့် မလိုအပ်သော ပြဿနာများစွာကို ဖြစ်ပေါ်စေလိမ့်မည်။
ချူးဖေ့ဟန်က သူတို့ကို ရယ်ချင်ပေမယ့် ကုနင်းက သူမကို တားလိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီးက သူတို့ကို တမင်တကာ အထင်အမြင်သေးနေပေမယ့် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပေ။ သူမသာ အဲ့လိုလိုက်လုပ်လျှင် တခြားလူတွေ၏ ဝေဖန်ခြင်းကိုခံရလိမ့်မည်။
တစ်ခါတစ်ရံတွင် အခြားသူများ၏ထင်မြင်ယူဆချက်များကို လျစ်လျူရှုနိုင်သော်လည်း ၎င်းတို့၏ပုံရိပ်ကို ဂရုစိုက်သင့်ဆဲဖြစ်သည်။
“လူလတ်ပိုင်းအမျိုးသမီးက ဘာကို ဒီလောက်ယုံကြည်ချက်ရှိနေလဲမသိဘူး။ ရုပ်ရှင်အကယ်ဒမီမှာ ချောမောလှပတဲ့ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ဒါ့အပြင်ကို ကျောင်းကလက်ခံဖို့ လွယ်ကူတာလည်း မဟုတ်။ ဒီတက္ကသိုလ်မှာ လူငယ်စတားတွလေည်း ရှိတာပဲကို” ချူးဖေ့ဟန်သည် တိတ်တဆိတ် ညည်းညူလိုက်သည်။
သူမသည် သူမ၏ ပြောင်မြောက်သောအသွင်အပြင် သို့မဟုတ် မိသားစုနောက်ခံကြောင့် အခြားသူများထက် သာလွန်သည်ဟု မခံစားဖူးပေ။ တကယ်တော့ သူမဟာ သူတို့ကို အလေးအနက်မထားပါ။ သူမသည် အနည်းငယ် ရန်လိုပြီး သူ့ကိုယ်သူ ဂုဏ်ယူနေသော်လည်း သူမနှင့် ရင်းနှီးသော သူငယ်ချင်းများကို ဂရုစိုက်ကာ အားနည်းသူများကို ကူညီရန် ဆန္ဒရှိသည်။
သူမသည် စိတ်ဓာတ်ညံ့ဖျင်းခြင်း သို့မဟုတ် တွက်ချက်ခြင်းလုံးဝမရှိပါ။ သူမသည် ထက်မြက်သော်လည်း အပြစ်မဲ့သူများကို ထိခိုက်ခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်းများ ပြုလုပ်မည်မဟုတ်ပေ။
ထမင်းစားပြီးနောက် ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် စားသောက်ဆိုင်တွင် အနားယူမည်ဖြစ်ပြီး နေ့လည် ၂ နာရီအထိ ထွက်မည်မဟုတ်ပေ။
ရုပ်ရှင်အကယ်ဒမီမှာ ရုပ်ရည်ချောမောသူတွေ မရေမတွက်နိုင်အောင် ရှိပေမယ့် အာရုံစူးစိုက်မှု အများအပြားရရှိနေဆဲပါ။
တစ်ချိန်တည်းတွင် သတင်းထောက်များစွာသည် လူငယ်ကြယ်ပွင့်များရှာရန်အတွက် ကျောင်းဝင်းအတွင်း လျှောက်ပတ်နေကြသည်။
ကျောင်းသို့သွားရာ လမ်းတွင် ဖျော်ဖြေရေး သတင်းထောက် အများအပြားသည် ၎င်းတို့၏ ကင်မရာများ ကိုင်ဆောင်ကာ လှပသော မိန်းကလေးတစ်ယောက်နောက်သို့ လိုက်နေကြသည်။
ချူးဖေ့ဟန်သည် လျင်မြန်သောအကြည့်ဖြင့် ထိုကောင်မလေးကို မှတ်မိလိုက်သည်။ ထိုကောင်မလေးက ဖူရှောင်ရှောင် ပင်။ သူမသည် တီဗီရှိုးများစွာတွင် ဇာတ်ပို့အဖြစ် ပါဝင်ဖူးသည်။ သူမသည် အဓိကဇာတ်ဆောင်မဟုတ်သော်လည်း ကျော်ကြားမှုအချို့ရရှိခဲ့သည်။
သို့သော်လည်း ထိုဖျော်ဖြေရေး သတင်းထောက်များသည် ကုနင်းနှင့် ချူးဖေ့ဟန်ကို သတိပြုမိသည်နှင့် တပြိုင်နက် ၎င်းတို့သည် အာရုံပျံ့လွင့်သွားပြီး ဖူရှောင်ရှောင် ကို လျစ်လျူရှုလိုက်သည်။ ဒါကိုမြင်တော့ ဖူရှောင်ရှောင်က မကျေမနပ်ဖြစ်သွားသည်။
သို့သော် ၎င်းတို့သည် လူအများရှေ့တွင် ရှိနေသောကြောင့် သူမသည် ကောင်းမွန်သောပုံရိပ်ကို ထိန်းသိမ်းထားရန် လိုအပ်သောကြောင့် သူမမျက်နှာတွင် မကျေနပ်မှုများကို မပြသခဲ့ပေ။
ထို့နောက် ကုနင်းနှင့် ချူးဖေ့ဟန်ကို သူမ တွေ့လိုက်သောအခါတွင် သူတို့သည် သူမထက် ပိုလှနေသည်မှာ မငြင်းနိုင်သောကြောင့် သူတို့အား မနာလိုဖြစ်မိသည်။
"ဟိုင်း ခွင့့်ပြုပါ။ မင်းကို တော်တော်ရင်းနှီးနေသလိုပဲတီဗီရှိုးတွေမှာ သရုပ်ဆောင်ဖူးလား” သတင်းထောက်တစ်ယောက်က ကုနင်းကိုမေးသည်။ ဒါဟာ မယဉ်ကျေးပေမယ့် ကုနင်းကို ရင်းနှီးပုံရတယ်လို့ သူတကယ်ထင်ခဲ့တယ်။
“ကျွန်မက သူငယ်ချင်းတွေနဲ့ တီဗီရှိုးမှာ ဇာတ်ရံလုပ်ဖူးပေမယ့် အဲ့တာက မထုတ်လွှင့်သေးပါဘူး။ စကားမစပ် ကျွန်မက ဒီရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းသားမဟုတ်ပါဘူး။ ကျွန်မသူငယ်ချင်းတွေနဲ့ ကျောင်းအပ်ဖို့ လာခဲ့တာပါ” ဟု ကုနင်းက ယဉ်ကျေးစွာပြောသည်။
သတင်းထောက်က ကုနင်းကို ရင်းနှီးသလိုလို ခံစားရတာကြောင့် သူမကို အရင်က တစ်နေရာရာမှာ မြင်ဖူးကြတာဖြစ်နိုင်သည်။ စစ်သွေးဧကရီ၏ ရုပ်ပုံများကို သူမြင်ဖူးပေလောက်မည်။
တကယ်တော့ ကုနင်းဟာ ဒီရုပ်ရှင်အကယ်ဒမီက ကျောင်းသားတွေထက်တောင် ပိုလှသည်။ သူမသာ ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာမယ်ဆိုရင် မင်းသမီးတော်တော်များများ လွှမ်းမိုးခံလိုက်ရမှာ သေချာသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက တီဗီရှိုးမှာ အရံတစ်ခန်းပဲဖြစ်တာမို့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပေ။
ဖူရှောင်ရှောင်သည် ယခင်က တီဗီရှိုးများစွာတွင် အရေးကြီးသော အစိတ်အပိုင်းများစွာတွင် ပါဝင်ခဲ့ဖူးသောကြောင့် ၎င်းကို အလေးအနက်မထားပေ။ သူမသည် အရံများကို အထင်သေးပြီး ကုနင်းသည်လည်း ဤရုပ်ရှင်အကယ်ဒမီ၏ ကျောင်းသူမဟုတ်ကြောင်း သိလိုက်ရသောအခါ စိတ်သက်သာရာရသွားသည်။
ကုနင်း၏သရုပ်ဆောင်စွမ်းရည်ကို သူမမသိသေးသော်လည်း ကုနင်းမှာနာမည်ကျော်ကြားမှုမရှိသေးပေမယ့် ထိုကဲ့သို့ ရင်သပ်ရှုမောဖွယ်ပြိုင်ဖက်တစ်ဦးနှင့် ရင်ဆိုင်ရသည်မှာ စိတ်ဖိစီးနေဆဲဖြစ်သည်။
ဖျော်ဖြေရေးနယ်ပယ်မှာ ထူးထူးခြားခြား အသွင်အပြင်ကြောင့် ကျော်ကြားသူတွေ အများကြီးရှိသည်။ ကုနင်းအပြင် ချူးဖေ့ဟန် ကလည်း သူမထက် ပိုလှသည်။
"မင်းက ဒီရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းသားမဟုတ်လို့ နှမြောစရာကောင်းလိုက်တာ" သတင်းထောက်က ပြောသည်။
ကုနင်းက ဒီမှာ စာမသင်တာ နှမြောစရာလို့ မြင်သူတွေကတောင် ခံစားရသည်။
ဖူရှောင်ရှောင်သည် ကုနင်းသည် သူ့ထံမှ လူအများ၏အာရုံကို ခိုးယူသွားသည်ဟု ထင်သောကြောင့် မကျေမနပ်ကြီးဖြင့် ဘေးမှကြည့်နေသည်။
"အင်း မတူညီတဲ့လူတွေမှာ မတူညီတဲ့အိပ်မက်တွေရှိတာပဲ" ကုနင်းကပြောလိုက်သည်။
တစ်ချို့က အနုပညာကို ဝါသနာပါတာကြောင့် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ပြီး တစ်ချို့ကတော့ ကျော်ကြားမှုနဲ့ ငွေကြေးအတွက် လုပ်ခဲ့ကြတာပင်။
ကုနင်းသည် သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကြောင့် အလားတူ လုပ်ဆောင်နိုင်သော်လည်း အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ရန်သာ နှစ်သက်သည်။
***
အခန်း ၁၇၈၁ သူမက ထူးခြားတယ်
"မင်း ဘယ်တက္ကသိုလ်မှာ ကျောင်းတက်မှာလဲဆိုတာ သိလို့ရမလား" သတင်းထောက်က ထပ်မေးသည်။
“မြို့တော်တက္ကသိုလ်မှာပါ” ဟု ကုနင်းက ပြောသည်။
"အို မင်းက အရမ်းတော်တဲ့ ကျောင်းသားဖြစ်ရမယ်!" အဲဒါကို သိလိုက်ရတော့ မြို့တော်တက္ကသိုလ်က လက်ခံဖို့ အရမ်းခက်တဲ့အတွက် လူအများက လေးစားမှု ပြကြသည်။
ကုနင်းက ပြုံးပြသော်လည်း ဘာမှ မပြော။
"မင်းတို့က ဒီရုပ်ရှင်အကယ်ဒမီမှာ ကျောင်းသားသစ်တွေလား?" သတင်းထောက်က သူ့ဘေးနားရှိ ကုနင်း၏ သူငယ်ချင်းများကို မေးကြည့်သည်။
"သူတို့တော့ မဟုတ်ပေမယ့် ကျွန်မက ပါပဲ" ဟု ချူးဖေ့ဟန် က ပြောသည်။
“မင်းလည်း ရင်းနှီးနေသလိုပဲ။ အရင်က တီဗီရှိုးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးလား” သတင်းထောက်က မေးသည်။
ဒီမေးခွန်းကိုကြားတော့ လူတော်တော်များများ သူတို့၏ မျက်လုံးများကို ဝေ့လိုက်ကြသည်။ ဒါဟာ ရုပ်ရည်ချောမောတဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့တိုင်း အတူတူမေးလေ့ရှိတဲ့ မေးခွန်းပင်။
“လုပ်ဖူးပါတယ်။ ဒါပေမယ့် ဒါက အရင်တုန်းက နာမည်ကြီးရုပ်ရှင်တစ်ခုမှာပါ အရေးမကြီးပါဘူး" လို့ ချူးဖေ့ဟန်က ဆိုသည်။ သူမသည် ၎င်းကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။ အကြောင်းမှာ ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်ရန် ရည်မှန်းထားသူ အများစုမှာ ယခင်က အရံများ ဖြစ်ဖူးကြသောကြောင့် ဖြစ်သည်။ သူ့အဖြေကိုကြားတော့ အားလုံးက အံ့သြသွားကြသည်။
"နာမည်ပြောပြလို့ရမလား" သတင်းထောက်လည်း စိတ်ဝင်စားသွားသည်။ အကြောင်းမှာ သူသည် ချူးဖေ့ဟန်ကို တကယ်ရင်းနှီးသည်ဟု ခံစားမိသောကြောင့်ပင်။ မဟုတ်ပါက သူမကို ထိုမေးခွန်း မေးမည်မဟုတ်ပေ။
ဖျော်ဖြေရေးသတင်းထောက်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်က အဖြစ်အပျက်တွေကို သေချာအာရုံစိုက်သင့်သည်။ ထို့ကြောင့် သူသည် အထူးသဖြင့် လူကြိုက်များသော တီဗီရှိုးများနှင့် ရုပ်ရှင်များစွာကို ကြည့်ဖူးသည်။
"ဒါရိုက်တာလု ရိုက်ကူးတဲ့ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’မှာ ကျွန်မက ရှေးဟောင်းသုတေသနအဖွဲ့က ကျောင်းသားတစ်ယောက်နေရာကပါ” ဟု ချူးဖေ့ဟန်က ပြောသည်။
"‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’? ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ မှာ ပါဝင်သရုပ်ဆောင်ဖူးတာလား။ အံ့သြစရာပဲ! ဒီဇာတ်ကားက တော်တော်ကြောက်စရာကောင်းပြီး နာမည်ကြီးတယ်လေ”
“ငါလည်း ကြည့်ဖူးတယ် အရမ်း လန့်ဖို့ကောင်းတာပဲ”
“ငါသူငယ်ချင်းက သူသဘောကျတဲ့ မိန်းကလေးနဲ့ သွားကြည့်တာ ရုပ်ရှင်ပြီးတာနဲ့ ကောင်မလေးက သူ့ရည်းစား ဖြစ်သွားရောတဲ့”
“…”
လူတွေက စိတ်လှုပ်ရှားပြီး ရုပ်ရှင်အကြောင်း ချက်ချင်း ပြောလာကြသည်။ အလွန်ရေပန်းစားခဲ့သောကြောင့် လူအများက ၎င်းကို လေးလေးနက်နက် စွဲမှတ်ထားကြသည်။
ကံမကောင်းစွာပဲ၊ အဲဒါက ကြောက်စရာကောင်းလွန်းတဲ့အတွက် လူတော်တော်များများက အရေးမကြီးတဲ့ သရုပ်ဆောင်တွေရဲ့ မျက်နှာတွေကို မမှတ်မိနိုင်ကြပေ။
ထို့ကြောင့် ချူးဖေ့ဟန်ကို စစတွေ့တဲ့အခါတုန်းက မည်သူမှ မမှတ်မိခဲ့ပေ။
ချူးဖေ့ဟန်က သူမသည်ရှေးဟောင်းသုတေသနအဖွဲ့မှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ပြောပြပြီးနောက် လူအများက သူမ၏မျက်နှာနှင့် နာမည်ကို မှတ်မိသွားကြသည်။
"အိုး မင်းဘယ်သူလဲဆိုတာ ငါသိတယ်။ မင်းနာမည်က ချူးဖေ့ဟန် ဟုတ်တယ်မလား?" သတင်းထောက်က မေးပေမယ့် သူ့စိတ်ထဲမှာ အဖြေရှိပြီးသားပင်။
"ဟုတ်ပါတယ်" ချူးဖေ့ဟန် ကပြောသည်။
ဖူရှောင်ရှောင်ဟာ ဒီဇာတ်ကားကို မကြည့်ဖူးပေမယ့် တော်တော်များများ ကြားသိခဲ့ရသည်။ ချူးဖေ့ဟန်သည် အံ့အားသင့်စရာကောင်းလောက်အောင် လူကြိုက်များသည့်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နိုင်ခဲ့သည်။ အခန်းကဏ္ဍက အရေးမကြီးပေမယ့်လည်း သူမစိတ်မချမ်းမြေ့ဖြစ်နေမိသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ကျောင်းအပ်ရန် မထွက်ခွာရမည်ဖြစ်၍ သတင်းထောက်များနှင့် အချိန်ကြာကြာ စကားမပြောဖြစ်ခဲ့ကြပေ။
ဖူရှောင်ရှောင်လည်း ဒေါသတကြီး ထွက်သွားသည်။
ဖူရှောင်ရှောင်သည် ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်နေပြီဖြစ်သောကြောင့် သူမတွင် မည်သည့်ကုမ္ပဏီနှင့်မှ စာချုပ်မချုပ်ရသေးသော်လည်း ယခုအခါ လက်ထောက်တစ်ဦးရှိသည်။ သူတို့ထွက်သွားပြီးတာနဲ့ သူ့လက်ထောက်က သူ့ကို ကာကွယ်ပေးသည်။
“ဒီသတင်းထောက်တွေက လုံးဝ ပရော်ဖက်ရှင်နယ် မဟုတ်ဘူး။ သူတို့က မင်းကို အင်တာဗျူးနေတာကို တစ်၀က်တစ်ပျက်နဲ့ ဘယ်လိုထားခဲ့နိုင်တာလဲ!"
"အင်း မင်းအသံကို လျှော့လိုက်။ တခြားလူတွေ ကြားသွားမယ် ဒီကိစ္စကို ဆက်မပြောနဲ့” ဖူရှောင်ရှောင်သည် အလွန်စိတ်ဆိုးနေသော်လည်း သူမ၏ခံစားချက်အစစ်အမှန်ကို လူအများရှေ့တွင် ဖုံးကွယ်ထားရမည်။ သူမကနာမည်ကြီးနေပြီမို့ အပြင်မှာ သတိထားရမည်။
ဖူရှောင်ရှောင်က ထိုသို့ပြော၍ သူ့လက်ထောက်က ဒီအကြောင်းကို ဆက်မပြောတော့ပေ။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာသွားပြီးနောက် သူမနှင့် ရင်းနှီးသည်ဟု ထင်ရသည့် သတင်းထောက်သည် သူမကို မြင်ဖူးသည့်နေရာကို တွေးနေဆဲဖြစ်သည်။ သူ့အလုပ်ကြောင့် ရင်းနှီးသောမျက်နှာများစွာကို မြင်နိုင်သော်လည်း ကုနင်းက သူ့ကို အထူးခံစားချက်တစ်ခုပေးသည်။
"မင်းဘာတွေတွေးနလေဲ?" သူ့လုပ်ဖော်ကိုင်ဖက်က မေးသည်။
"အဲ့ကောင်မလေးက ဘယ်သူလဲ သိလား သူ့ကို ဘာကြောင့် ဒီလောက်ရင်းနှီးနေတယ်လို့ ခံစားရတာလဲမသိဘူး” ဟု သတင်းထောက်က မေးသည်။
"တကယ်ထူးဆန်းနေတာလား? နေ့စဉ်နဲ့အမျှ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးတွေ့နေရတာပဲ” ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်က လေအေးအေးလေးနဲ့ပြောသည်။
“မဟုတ်ဘူး၊ သူက ထူးခြားတယ်” ဟု သတင်းထောက်က ဆိုသည်။
"အိုး ကုနတ်ဘုရားမမဟုတ်ဘူးလား။ သူက ကုနတ်ဘုရားမနဲ့တူလိုက်တာ!" ထိုအချိန်တွင် မိန်းကလေးတစ်ယောက်၏ စိတ်လှုပ်ရှားနေသော အသံတစ်ခုထွက်ပေါ်လာပြီး သတင်းထောက်သည် ကုနင်းကို မြင်ဖူးသည့်နေရာကို နောက်ဆုံးတွင် မှတ်မိသွားသည်။
“သူဟာ အင်တာနက်မှာ နာမည်ကြီးတဲ့ ကုနတ်ဘုရားမပဲ။ အဲ့တာကြောင့် သူ့ကို အရမ်းရင်းနှီးသလို ခံစားခဲ့ရတာ မဆန်းဘူး။ သူ့ကို အင်တာဗျူးဖို့ အခွင့်အရေးကောင်းကို လွှတ်လိုက်ရတာ နှမြောစရာကွာ!” ကုနင်းက အဝေးရောက်သွားပြီမို့လို့ သတင်းထောက်က ပြောသည်။
"ဘာ? သူက ကုနတ်ဘုရားမလား?" သူ့လုပ်ဖော်ကိုင်ဖက်လည်း အံ့သြသွားသည်။
ကုနင်း၏အောင်မြင်မှုများအကြောင်းကို သူတို့ကြားသိခဲ့ကြသော်လည်း အများအပြားကြားသိခဲ့ခြငမဟုတ်သောကြောင့် သူမကို မမှတ်မိခဲ့ခြင်းပင်။
…
ရုပ်ရှင်အကယ်ဒမီတွင် လူအများအပြားသည်ဟ ဟိုနေရာ ဒီနေရာတွင် ဝိုင်းရံနေကြပြီး အများစုမှာ ကျော်ကြားမှုရှိသော သရုပ်ဆောင်အသစ်များဖြစ်သည်။
ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် ပြသနာပိုမိုမကြုံတွေ့ဘဲ ကျောင်းအပ်ရန်အတွက် ချူးဖေ့ဟန်နှင့်အတူ လိုက်ပါခဲ့သည်။ သူတို့သည် အာရုံစူးစိုက်မှုများစွာကို စွဲဆောင်ခဲ့ပြီး လမ်းတစ်လျှောက်တွင် မနှစ်မြို့သောအကြည့်အချို့လည်းရှိသည်။
အိပ်ဆောင်သို့သွားသောအခါ မုခယ်သည် ယောက်ျားလေးဖြစ်သောကြောင့် အောက်ထပ်တွင် စောင့်နေခဲ့သည်။
ချူးဖေ့ဟန်နဲ့အတူတူ အဆောင်ခန်းမှာ တခြားမိန်းကလေးတွေ ရောက်နေပြီဖြစ်ပြီး အပေါ်ထပ် ကုတင်တစ်လုံးပဲ ကျန်တော့သည်။ ချူးဖေ့ဟန်က အောက်ခြေမှာ အိပ်ရတာကို မကြိုက်တာကြောင့် ဒါဟာ မကောင်းတဲ့အရာလို့ မထင်ပေ။ ရိုးရိုးရှင်းရှင်းလေးနေရာချပြီးမှ ထွက်သွားကြသည်။
မထင်မှတ်ပဲ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက အဘိုးကြီးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ကုနင်းသည် အဖိုးအိုသည် သူမအား မှတ်မိနေမည်ဟု ခံစားမိသောကြောင့် မထူးဆန်းပေ။
တကယ်တော့ အဲဒီလူဟာ အသက်သိပ်မကြီးသေးပါဘူး။ သူက အသက် ၆၀ ထက် ငယ်ပြီး အားအင်ပြည့်ဝနေပါသေးသည်။
အတန်ကြာအောင်ကြည့်ပြီးနောက် အဘိုးအိုသည် သူတို့ဆီသို့ လျှောက်လာသည်။ တစ်ချိန်တည်းမှာပင် ဘေးမှဖြတ်လျှောက်သွားကြသော ကျောင်းသားအများအပြား အံ့အားသင့်သွားကြသည်။ ဒီကျောင်းသားသစ်တွေက ပါမောက္ခကုနှင့် သိတဲ့အတွက် သူတို့ အံ့သြသွားကြသည်။
ပရော်ဖက်ဆာကုသည် မြို့တော်ရုပ်ရှင်အကယ်ဒမီတွင် အလေးစားဆုံးဆရာဖြစ်သောကြောင့် လူတိုင်းမနာလိုဖြစ်မိသည်။ သူ၏ ကျောင်းသားတိုင်းသည် အလွန်တောက်ပသော အနာဂတ်ရှိကြသည်။
သူ့ကျောင်းသားတွေ အားလုံးက ဖျော်ဖြေရေးနယ်ပယ်ထဲ ၀င်နိုင်ကြတာတော့ မဟုတ်ပေမယ့် သူတို့ဟာ ဖန်သားပြင်တွေရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ အနေအထားကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် ကျောင်းသားများစွာက ပရော်ဖက်ဆာကုထံမှ သင်ယူချင်ပါသော်လည်း ပါမောက္ခကု သည် ကျောင်းသားတစ်ဦးကို လက်ခံရန် အလွန်ခက်ခဲသည်။
ပါမောက္ခကု၏ အာရုံစိုက်မှုနှင့် အသိအမှတ်ပြူမှုကို ရရှိရန် အလွန်ကံကောင်းရမည်ဖြစ်သည်။ ထို့အပြင် ပါမောက္ခကုသည် ဖျော်ဖြေရေးနယ်ပယ်တွင် အဆက်အသွယ်များစွာရှိသည်။ ကျောင်းသားတစ်ဦးသည် ၎င်း၏ထောက်ခံမှုကို ရရှိသရွေ့ သူ သို့မဟုတ် သူမသည် ရုပ်ရှင်များ သို့မဟုတ် တီဗီရှိုးများတွင် ထူးချွန်စွာသရုပ်ဆောင်ရန် အဆုံးမရှိအခွင့်အရေးများ ရရှိနိုင်သည်။
အရေးအကြီးဆုံးကတော့ ပါမောက္ခကုဟာ ယုံကြည်စိတ်ချရတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး သူက ဖော်ထုတ်မထားတဲ့စည်းမျဉ်းများကို မကြိုက်ပေ။
***
အခန်း ၁၇၈၂ မင်းတော်တော် ကံကောင်းတယ်
"မင်းက ကုနင်းမလား?" အဖိုးအိုက ကုနင်း ကို တိုက်ရိုက်မေးသည်။ မေးခွန်းတစ်ခုဖြစ်သော်လည်း၊ သူ့တွင် ခိုင်လုံသောအဖြေရှိနေပြီဟုထင်ရပြီး ကုနင်း၏နှုတ်မှ အဖြေကိုကြားရန် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။
အဘိုးကြီးသည် ကုနင်း၏ အောင်မြင်မှုအများစုကို ကြားသိခဲ့ရပြီး သူမကို အလွန်သဘောကျသည်။
"ဟုတ်တယ် ကျွန်မပါ" ကုနင်းကပြောသည်။
"ကျောင်းအပ်ဖို့ မင်းသူငယ်ချင်းနဲ့လိုက်ခဲ့တာလား" အဖိုးအိုက ထပ်မေးသည်။ တကယ်တော့ ကုနင်းကို မြို့တော်တက္ကသိုလ်က လက်ခံထားပြီးသားဆိုတာ သူသိသည်။
"ဟုတ်ပါတယ်" လို့ ကုနင်းက ယဉ်ယဉ်ကျေးကျေး ဖြေပြီး "နာမည်လေးတစ်ချက်လောက် သိလို့ရမလား"
"ငါက မြို့တော်ရုပ်ရှင်အကယ်ဒမီ ရဲ့ သရုပ်ဆောင်ဌာနက ပရော်ဖက်ဆာကုကွမ်းမြောင်ပါ" အဘိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ပရော်ဖက်ဆာကု"
ကုနင်းက သူပြောတာကိုကြားသောအခါ ပြန်နှုတ်ဆက်သည်။ ချူးဖေ့ဟန် နှင့် သူမ၏ အခြားသူငယ်ချင်းများကလည်း သူ့ကို နှုတ်ဆက်ကြသည်။
"ဒါဆို မင်းတို့ထဲက ဘယ်သူက စာရင်းသွင်းဖို့လဲ" ကုကွမ်းမြောင်က မေးသည်။
"ကျွန်မပါ ပရော်ဖက်ဆာကု" ချူးဖေ့ဟန်က ပြောသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ?"
"ကျွန်မနာမည် ချူးဖေ့ဟန် ပါ"
"ချူးဖေ့ဟန်? ဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ စကားမစပ် အနုပညာစာမေးပွဲမှာ မင်းရဲ့အဆင့်နဲ့ ဘယ်နှမှတ်နဲ့ ၀င်ခွင့်ရခဲ့တာလဲ" ကုကွမ်းမြောင်က မေးလိုက်သည်။
ဒါကိုကြားတော့ ကုနင်းနဲ့ တခြားသူငယ်ချင်းတွေက အနည်းငယ် အံ့သြသွားတယ်။ စာမေးပွဲတွင် ထူးချွန်စွာစွမ်းဆောင်နိုင်သောကြောင့် ပရော်ဖက်ဆာကုသည် ချူးဖေ့ဟန်၏အမည်ကို ကြားဖူးသည်ဟု ထင်ကြသည်။
ဒါဟာအမှန်ပါပဲ။ စာမေးပွဲတွင် ချူးဖေ့ဟန်၏ပြောင်မြောက်သောစွမ်းဆောင်ရည်ကြောင့် ကုကွမ်းမြောင်သည် အခြားဆရာများ၏ဆွေးနွေးမှုမှ သူမ၏နာမည်ကိုကြားသိခဲ့ရသော်လည်း ၎င်းကိုအာရုံစိုက်ခဲ့ခြင်းမရှိပေ။ ရလဒ်အနေဖြင့် သူမကို လေးလေးနက်နက် မှတ်မိခြင်း မရှိခဲ့ပေ။
"ကျွန်မရဲ့ အနုပညာစာမေးပွဲရမှတ်က Aပါ ၀င်ခွင့်ရမှတ်ကတော့ ၆၅၃ မှတ်ပါ" ဟု ချူးဖေ့ဟန် က တည်ငြိမ်စွာပြောသည်။ ဤမျှကောင်းမွန်သောရလဒ်ဖြစ်သေည်လည်း သူမသည် မာနတရားနှင့် ကျေနပ်မှုများစွာကို မပြသခဲ့ပေ။
"အရမ်းကောင်းတယ်! မင်းက ဒီနှစ်ရဲ့ ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ပဲ” ဟု ကုကွမ်းမြောင်က ကျေနပ်စွာပြောသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာကု" ချူးဖေ့ဟန် ပြုံးလိုက်သည်။ သူတို့ရဲ့ ရုပ်ရှင်အကယ်ဒမီမှာ အရမ်းလေးစားရတဲ့ ပါမောက္ခတစ်ယောက်ရဲ့ ချီးကျူးမှုကို ရလို့ အရမ်းပျော်မိသည်။
"အို မင်းအရင်က သရုပ်ဆောင်ဖူးလား" ကုကွမ်းမြောင်က ထပ်မေးသည်။
“‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ မှာ အရေးမကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖူးပါတယ်။ ဇာတ်ကောင်နာမည်က ဖေးဖေး ပါ။ ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ပါ၀င်ခဲ့တာပါ” ဟု ချူးဖေ့ဟန် က ပြောသည်။
"အိုး မင်းက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ထဲက ဖေးဖေးလို့ ခေါ်တဲ့ မိန်းကလေးပဲ။ ငါ အဲ့ရုပ်ရှင်ကြည့်ဖူးတယ်။ မင်းရဲ့သရုပ်ဆောင်ချက်က မဆိုးဘူး" ဟု ကုကွမ်းမြောင်က အံ့အားသင့်စွာဖြင့် ပြောကြားခဲ့ပြီး ချူးဖေ့ဟန်၏ စွမ်းဆောင်ရည်ကို ပိုမိုကျေနပ်သွားခဲ့သည်။
ချူးဖေ့ဟန်သည် ပရော်ဖက်ဆာကု ၏ အသိအမှတ်ပြုမှုကို ထပ်မံရရှိသည့်အတွက် ပျော်ရွှင်နေသော်လည်း သူမ၏မျက်နှာတွင် သူမ၏ခံစားချက်အစစ်အမှန်ကို များများစားစားမပြခဲ့ပေ။
"ကျေးဇူးတင်ပါတယ် ပါမောက္ခကု။ ပါမောက္ခရဲ့အသိအမှတ်ပြုခြင်းခံရလို့ ဂုဏ်ယူပါတယ်။ ထူးချွန်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ချူးဖေ့ဟန်သည် ကုကွမ်းမြောင်၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို သိပါက သူမသည် ယခုထက် များစွာ ပို၍ ပျော်ရွှင်နေမည်မှာ သေချာပါသည်။
"မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။ ကောင်းပြီ၊ ငါမင်းတို့ရဲ့အချိန်ကို မယူေတာ့ဘူး မင်းတို့အခုသွားလို့ရပြီ!" ကုကွမ်းမြောင်က ပြောသည်။
"နောက်မှတွေ့ပါမယ် ပရော်ဖက်ဆာကု" ကုကွမ်းမြောင် ကို နှုတ်ဆက်ပြီး အတူတူ ထွက်သွားကြသည်။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ထွက်သွားပြီးတာနဲ့ ဆရာတစ်ယောက်က ပရော်ဖက်ဆာကု ဆီကို လှမ်းလာသည်။
"ပရော်ဖက်ဆာကု သူက မင်းရဲ့ ဆွေမျိုးလား။" ကုကွမ်းမြောင်သည် သူ့သဘောအတိုင်း ကျောင်းသားများနှင့် စကားပြောရန် စိတ်ဝင်တစားမရှိသည်မှာ လျှို့ဝှက်ချက်မဟုတ်သောကြောင့် ဤဆရာက ၎င်းတို့သည် ဆွေမျိုးများဖြစ်မည်ဟု ထင်ခဲ့သည်။
“မဟုတ်ဘူး။ သူက ကျောင်းသားသစ်ပါ။ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက ကုနင်းလို့ခေါ်တယ်။ သူက ပါရမီရှင်လေ ဒီနှစ် အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အပြည့်နဲ့ မြို့တော်တက္ကသိုလ် သို့ ကြိုတင်ဝင်ခွင့်ရတာ တခြားအရည်အချင်းတွလေည်း ရှိသေးတယ်။ သူက ငယ်ငယ်ထဲက ကိုယ်ပိုင်စီးပွားရေးကို စလုပ်ခဲ့တာ အခု ဘီလီယံနာတောင်ဖြစ်နေပြီ။ သူ့အကြောင်း သတင်းတွေ အများကြီးဖတ်ဖူးတာမလို့ အခုမှတွေ့တော့ နှုတ်ဆက်တာပါ” လို့ ကုကွမ်းမြောင် က ဆိုသည်။
"ဗျာ? သူက ကုနင်းလား? ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့ပြီး အခု ဘီလီယံနာတောင် ဖြစ်နေပြီ" ထိုစကားကိုကြားတော့ ဆရာက အံ့ဩသွားသည်။ ယခုနှစ် ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးသူမှာ ကုနင်း ဖြစ်ကြောင်း သူသိသော်လည်း သူမသည် အလွန်ချမ်းသာကြောင်း မသိသေးပေ။
“ဟုတ်တယ်!” ကုကွမ်းမြောင် က ပြောသည်။
ကုနင်းနဲ့ သူ့သူငယ်ချင်းများ၏ သွားရာလမ်းကို မိန်းကလေးနှစ်ယောက်က ပိတ်ဆို့လိုက်၍ သူတို့ ဆက်သွားလို့မရတော့ပေ။ သို့သော် ရန်လိုမှုနှင့် ပိတ်ဆို့ခြင်းတော့မဟုတ်ပါ။ အဲဒီအစား သူတို့ တော်တော်စိတ်လှုပ်ရှားနေကြသည်။
"မင်းကို နှောက်ယှက်မိလို့တောင်းပန်ပါတယ်။ မင်းက ပရော်ဖက်ဆာကု ရဲ့ ဆွေမျိုးလား" မိန်းကလေးတစ်ယောက်က ချူးဖေ့ဟန် ကိုမေးသည်။
"မဟုတ်ပါဘူး" ချူးဖေ့ဟန်က ထူးဆန်းတယ်လို့ ခံစားရသည်။ သူမသည် ပရော်ဖက်ဆာကု နှင့် ခဏတာသာ စကားပြောဖူးသည်။ အဘယ့်ကြောင့် သူမကို ဆွေမျိုးဟု ထင်သွားကြတာလဲ။
"မဖြစ်နိုင်တာ! မဟုတ်ရင် သူ မင်းကို ဘာလို့ ဒီလောက်ကြာအောင် ပြောမှာလဲ" တခြားမိန်းကလေးက မယုံနိုင်ဘဲ ငြင်းသည်။ ချူးဖေ့ဟန်က သူတို့ကို လိမ်နေတယ်လို့ သူမထင်နေသည်။
ချူးဖေ့ဟန်သည် မျက်လုံးများကို ဝေ့လိုက်သည်။
"ပရော်ဖက်ဆာကု က သူ့ဆွေမျိုးတွေအပြင် တခြားလူတွေနဲ့ စကားပြောလို့မရဘူးလား" သူတို့သည် ချူးဖေ့ဟန် ၏မျက်လုံးထဲတွင် ထူးဆန်းသောလူများ ဖြစ်နေသည်။
သို့သော် ကုနင်းသည် ပရော်ဖက်ဆာကု သည် ဤကျောင်းတွင် အလွန်ထူးခြားမည်ကို သဘောပေါက်သည် အဘယ်ကြောင့်ဆိုသော် လူတိုင်းက ပရော်ဖက်ဆာကု က သူတို့နှင့် စကားပြောသောအခါ အံ့အားသင့်သွားသောကြောင့်ပင်။
"ပရော်ဖက်ဆာကု မှာ အလွန်ထူးဆန်းတဲ့ စရိုက်ရှိတယ်ဆိုတာ ကျွန်မတို့အားလုံးသိကြပြီး၊ သူ့အတန်းထဲမှာမဟုတ်ရင် သူ့သဘောအတိုင်း ကျောင်းသားတွေနဲ့ ဘယ်တော့မှ စကားမပြောဘူးလေ" လို့ မိန်းကလေးက ပြောကြသည်။
"မင်း ပရော်ဖက်ဆာကု ရဲ့ ဆွေမျိုးမဟုတ်ရင် မင်းမိဘတွေနဲ့ သူ့နဲ့ အသိဖြစ်ရမယ်" ဘာပဲဖြစ်ဖြစ် ချူးဖေ့ဟန်ဟာ ပရော်ဖက်ဆာကု ရဲ့ အသိအကျွမ်းဖြစ်ရမယ်လို့ သူတို့ယုံကြည်ကြသည်။
ချူးဖေ့ဟန် သည် နောက်ဆုံးတွင် သူတို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည် ပရော်ဖက်ဆာကုနှင့် ဆက်ဆံရေးရှိကြောင်း ထင်ကြပြီး ထိုမှတစ်ဆင့် ဤကျောင်းသို့ဝင်ရောက်ခဲ့သည်ဟု ထင်မှတ်နေကြသည်။
ချူးဖေ့ဟန် က လုံး၀ မကျေမနပ်ဖြစ်ပြီး ကဲ့ရဲ့ရှုံ့ချလိုက်သည်။ "ငါတို့က ပရော်ဖက်ဆာကုရဲ့ ဆွေမျိုးတွေ မဟုတ်ပါဘူး၊ အခုမှ သူနဲ့ ပထမဆုံး အကြိမ် တွေ့ဖူးတာပါ။ ယုံယုံ မယုံယုံသဘောပါ အခုတော့ သွားလိုက်အုံးမယ်” ထို့နောက် ချူးဖေ့ဟန် သည် ကုနင်းကိုဆွဲထုတ်လာပြီး မုခယ် နှင့် ယွီမီရှီ တို့နှင့်အတူ ထွက်ခွာသွားတော့သည်။
ကောင်မလေးနှစ်ယောက်က သူတို့ကို မတားဘဲ ထွက်သွားပြီးနောက် တစ်ယောက်က ဒေါသတကြီး အော်ဟစ်လေသည်။ “လျှောက်ပြောနေတာ။ သူက ပရော်ဖက်ဆာကု နဲ့အသိဖြစ်လိမ့်မယ် ဒါပေမယ့် ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ပရော်ဖက်ဆာကု ကိုသိတယ်ဆိုရင်တောင် သူ့တပည့်ဖြစ်လာမှာမှမဟုတ်တာ” ဤမိန်းကလေးသည် ချူးဖေ့ဟန် ကို မနာလိုသည်မှာ ထင်ရှားသည်။
ကုနင်းသည် မိန်းကလေး၏ စကားကိုကြားပြီး ပရော်ဖက်ဆာကုသည် လုံးဝ သာမာန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
နှောင့်နှေးမှုမရှိဘဲ ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်တွင် သူနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွလေိုက်သည်။ သာမာန်အားဖြင့်၊ ကျော်ကြားသော တက္ကသိုလ်တစ်ခု၏ နာမည်ကျော် ပါမောက္ခတစ်ဦးသည် အင်တာနက်ပေါ်တွင် အခြေခံမိတ်ဆက်စာ စာမျက်နှာတစ်ခုရှိသည်။ သူ့အကြောင်းအချက်အလက်ကိုဖတ်ပြီးနောက် ကုနင်းအံ့သြသွားသည်။ ကုကွမ်းမြောင် သည် ကြီးကျယ်သော ဂုဏ်သတင်းနှင့် အံ့မခမ်းဂုဏ်ကို ရရှိထားသည်။
"ချူးဖေ့ဟန် နင်ဒီနေ့တော်တော်ကံကောင်းတာပဲ!" ကုနင်းက ပြုံးပြီး ပြောသည် ။ ကုကွမ်းမြောင် က သူမကို ချီးကျူးတဲ့အတွက် ချူးဖေ့ဟန် အတွက် ဝမ်းသာမိသည်။
"ဟင် ဘာကိုလဲ?" ချူးဖေ့ဟန် စိတ်ရှုပ်သွားသည်။
"ကိုယ့်ဘာသာဖတ်ကြည့်!" ကုနင်းသည် သူမ၏ဖုန်းကို ချူးဖေ့ဟန် ထံသို့ ပေးလိုက်၍ ချူးဖေ့ဟန် သည် ချက်ချင်းပင် ယူကြည့်လိုက်သည်။
ကုကွမ်းမြောင် အကြောင်း အချက်အလက်ကို ဖတ်ပြီးနောက် ချူးဖေ့ဟန် သည် ပီတိဖြစ်သွားသည်။
“ဘုရားရေ ပရော်ဖက်ဆာကုက ရုပ်ရှင်လုပ်ငန်းမှာ အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်ပဲ။ ငါတကယ်ကို ဒီနေ့တော်တော်ကံကောင်းနေတယ် ဖြစ်ရမယ်”
ပရော်ဖက်ဆာကု က သူမကို ချီးကျူးနေရုံဆိုပေမယ့် ချူးဖေ့ဟန်က သူမ တော်တော် ကံကောင်းတယ်လို့ ခံစားရသည်။
"အင်း ပရော်ဖက်ဆာကုက နင့်ကို သူ့တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိနေရင် အကောင်းဆုံးပဲ မဟုတ်ရင်လည်း သူ့အကြံဉာဏ်ကို ရတာလည်း ကောင်းပါတယ်” လို့ ကုနင်းက ပြောလိုက်သည်။