အခန်း (၁၇၉၅-၁၈၀၀)
Vol. 112 Ch. 1795-1800
အခန်း ၁၇၉၅ ကိုယ့်ဘာသာရှာဖွေပါ
“ကျွန်မအရင် ဘ၀တုန်းက ပင်လယ်ထဲကို ကျသွားပြီးတော့ ကျွန်မဝတ်ထားတဲ့ ကျောက်စိမ်းဆွဲသီးက ရုတ်တရက် အနီရောင်တောက်လာခဲ့တယ်။ နောက်တော့ သတိလစ်သွားတယ်။ ပြန်သတိရလာတဲ့အခါမှာ ကျွန်မက ကုနင်းဖြစ်နေပြီ။ နောက်တော့ ကျွန်မမှာ ကျောက်စိမ်းမျက်လုံးတစ်စုံရှိနေတာကို ရုတ်တရက်တွေ့လိုက်ရပြီး ကျွန်မ စိတ်ထဲမှာ " ‘ဖီးနစ်ရဲ့သွေးစက်’ လို့ နာမည်ပေးထားတဲ့ ရှေးဟောင်းကျောက်စိမ်းတုံးကြီးတစ်ခုရှိတယ်။ အဲ့တာကို ဖီးနစ်ရဲ့ သွေးနှင့် မြေကြီးရဲ့ဝိညာဉ်နဲ့ ပြုလုပ်ထားတယ်။ မင်းကို ထာဝစဉ်အသက်ရှင်စေမှာ ဒါမှမဟုတ် ပြန်လည်မွေးဖွားနိုင်စေမယ့် မှော်အစွမ်း ပါရှိပါတယ်" ဆိုတဲ့ အသံထွက်ပေါ်လာခဲ့တယ်။ ဒါက ကျွန်မမှာ မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းတွေ ရှိနေရတဲ့ အကြောင်းရင်းပါ” ဟု ကုနင်းက ဆိုသည်။
ရှန်းကွမ်းယန်သည် ကုနင်း၏ တုံ့ပြန်မှုမှ အဖြေကို ရရှိနေပြီဖြစ်သော်လည်း သူမ၏ ပါးစပ်မှ အဖြေကို ကြားပြီးနောက် သူ အလွန် အံ့သြနေသေးသည်။
ဖီးနစ်သွေးစက်၏အကျိုးသက်ရောက်မှုကို သူသိသော်လည်း ရှေးစာအုပ်များတွင်သာ ဖတ်ဖူးသည်။ ဖီးနစ်သွေးစက်သည် နှစ်အတော်ကြာအောင် ပျောက်ဆုံးနေသောကြောင့် ယခင်က မတွေ့ခဲ့ရပေ။ သူ့တည်ရှိမှု ဟုတ်သည် မဟုတ်သည်ကို သူမသိ။ အခု သူသိသွားပြီ။ ရှန်းကွမ်းယန် ပိုစိတ်လှုပ်ရှားလာသည်။
"နင်နင်း၊ မင်း ဖီးနစ်သွေးစက်ရဲ့ ကောင်းချီးပေးမှုကြောင့် မင်းဟာ သေမျိုးမဟုတ်တော့ဘူး။ ကျင့်ကြံသူဖြစ်ဖို့ အရမ်းလွယ်သွားပြီ”
အဲဒီအခါမှာ သူတို့အတွက် စိုးရိမ်စရာ မလိုအပ်တော့ပါ။
"ရှင်? တကယ်လား?" ကုနင်း ရုတ်တရက် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး သူမနားကို သူမ မယုံနိုင်ဖြစ်သွားသည်။
သူမကြားတာမှန်ပေမယ့် သူမဟာ ထိုအကြောင်းကို အရမ်းဂရုစိုက်တဲ့အတွက် သူမနားကြားမှားမှာကိုကြောက်မိသည်။
"အမှန်ပဲ။ ဖီးနစ်သွေးစက်က မှော်ဆန်တဲ့ အရာဖြစ်ပေမယ့်လည်း မင်းအမြင့်ဆုံးအဆင့်ကို မရောက်သေးတာကြောင့် သူ့ကို မခံစားနိုင်တာ။ မင်းခန္ဓာကိုယ်မှာ မှော်အစွမ်းရော ရှိလား" ရှန်းကွမ်းယန် က မေးသည်။
"ရှိပါတယ်" ကုနင်းကပြောသည်။
“အဘိုးကို လက်လေးပေး” ရှန်းကွမ်းယန်က ပြောသည်။
ကုနင်းက ချက်ချင်းပဲ လက်ကို ဆန့်ထုတ်လိုက်သည်။ ရှန်းကွမ်းယန် သည် သူမ၏ လက်ဖဝါးကို ကိုင်လိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စတင်ခံစားလိုက်သည်။ သူ မျက်လုံးများကိုမှိတ်ထားပြီး ကုနင်း၏ ခန္ဓာကိုယ်အတွင်းပိုင်းကို မသိစိတ်ဖြင့် ကြည့်နေမိသည်။
အချိန်အတော်ကြာပြီးနောက် ရှန်းကွမ်းယန်သည် မျက်လုံးများကိုဖွင့်ကာ ကုနင်း၏လက်ကို လွှတ်လိုက်သည်။
"မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ မှော်အစွမ်းတွေရှိတယ်။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ထဲမှာတော့ မဟုတ်ဘူး။ အဲ့တာကြောင့် အခုလက်ရှိ မင်းမှာရှိတဲ့ မှော်စွမ်းအားက မင်းကို ကူတော့ ကူညီနိုင်တယ်။ ဒါပေမယ့် မင်းမပိုင်နိုင်ဘူး။ ဒီခန္ဓာကိုယ်က မင်းနဲ့မဆိုင်ဘူး။ မင်းရဲ့စိတ်ဝိညာဉ်ဟာ ဒီခန္ဓာကိုယ်ထဲမှာ တည်ရှိနေပေမယ့် သူတို့ဟာ မရောနှောသေးဘူး။ အဲ့တာကြောင့် မင်းက ဖီးနစ်သွေးစက်ကို မင်းခန္ဓာကိုယ်နှင့် မင်းစိတ်ဝိညာဉ်မှာ လည်ပတ်ဖို့အတွက် အရင်ပေါင်းစည်းရမယ်။ ပြီးမှသာ မင်းကျင့်ကြံရေးစရင်ရပြီ"
"အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?" ကုနင်းက အမြန်မေးလိုက်သည်။
“ဖီးနစ်သွေးစက်က မင်းခန္ဓာကိုယ်ထဲမှာရှိတယ်။ အဲဒါကို မင်းကိုယ်တိုင် အဖြေရှာဖို့ပဲ လိုတယ်။ မင်းမှာ အဲ့တာရှိတော့ အရိုးဖြတ်ခြင်းနှင့် ခြင်ဆီသန့်စင်ခြင်းလုပ်ငန်းစဉ်ကို ဖြတ်သန်းဖို့ မလိုအပ်တော့လို့ မင်းအသက်အန္တရာယ်မရှိနိုင်တော့ပေမယ့်လည်း သူ့ရဲ့စွမ်းအားကို မင်းခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်မှာ လည်ပတ်စေဖို့ဆိုတာ မလွယ်သေးဘူး။ ဒါပေမယ့် ခက်မှာလည်း မဟုတ်ဘူး။ အရာအားလုံးက မင်းရဲ့ကြိုးစားမှုနဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်။ အရမ်းပျင်းစရာကောင်းပါတယ်။ ဒါကြောင့် စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်ရှည်ဖို့ လိုတယ်” ဟု ရှန်းကွမ်းယန် က ပြောသည်။
"ဟုတ်ပါပြီ၊ ကျွန်မနားလည်ပါပြီ" ဟုကုနင်းက စိတ်ပိုင်းဖြတ်ထားသော လေသံနှင့်ပြောလိုက်သည်။ ပျင်းဖို့နေနေသာသာ အရိုးတွေကိုဖြတ်ပြီး ခြင်ဆီသန့်စင်ရမယ်ဆိုရင်တောင် မကြောက်ပေ။ မည်သို့ပင်ဖြစ်စေ ကုနင်းသည် အရိုးဖြတ်ခြင်းနှင့် ခြင်ဆီသန့်စင်ခြင်းလုပ်ငန်းစဉ်ကို ဖြတ်သန်းရန် မလိုအပ်တော့တဲ့အတွက် ပျော်ရွှင်နေခဲ့သည်။
"ဖီးနစ်ရဲ့ သွေးစက်တစ်စက်က အခုဖီးနစ်မဂါးတိမ်တိုက်ပုံစံကျောက်စိမ်းထဲမှာ ရှိနေတာဆိုတော့ ဖီးနစ်သွေးစက်ကို ထိခိုက်စေနိုင်လား။” ကုနင်းက မေးသည်။ သူမ၏ ယခင်ခံစားချက်များကို တွေးတောရင်း ကုနင်းသည် ၎င်းကို ပိုဂရုစိုက်ခဲ့သည်။
“သူ့ရဲ့ သက်ရောက်မှုကို ပြောရရင် မင်းက သူနဲ့ ဆက်စပ်နေတယ်လို့ပဲ ခံစားရလိမ့်မယ်။ လုံးဝ ခြိမ်းခြောက်စရာ ဖြစ်လာမှာတော့မဟုတ်ဘူး။ ဒါအပြင် ဖီးနစ်သွေးအတွက် သွေးတစ်စက်က အရေးမကြီးဘူးလေ။ ဥပမာ လူတစ်ယောက်က သွေးစက်တစ်စက် ဆုံးရှုံးရုံနဲ့ မထိလိုက်သလိုပဲ။ အဲ့သွေးတစ်စက်ကို ပြန်လိုချင်ရင် ကျောက်စိမ်းကို ထုတ်ပြီး အသိစိတ်နဲ့ ပြန်ယူလိုရတယ်။ ဒါပေမယ့် သွေးစက်က ကျောက်စိမ်းထဲက ထွက်သွားရင်တော့ ကျောက်စိမ်းက သာမန်ရှေးဟောင်းပစ္စည်း ဖြစ်သွားလိမ့်မယ်” ဟု ရှန်းကွမ်းယန်က ဆိုသည်။
ကုနင်း၏မျက်နှာသည် ချက်ချင်းတောက်ပလာပြီး "တစ်ယောက်ယောက်က အဲ့ကျောက်စိမ်းဝတ်ထားရင် သူဘယ်သွားသွား ဘယ်မှာရှိနလေဲဆိုတာကို ခံစားနိုင်တယ်လို့ ဆိုလိုတာလား"
“မင်း ပြတိုက်ကို သွားကြည့်မှ ကျောက်စိမ်းကို ခံစားနိုင်တာဆိုရင်တော့ အကွာအဝေးက အကန့်အသတ်တော့ရှိတာပေါ့” ဟု ရှန်းကွမ်းယန်က ဆိုသည်။
"ကောင်းပြီ၊ ဒါပေမယ့် အဲဒါက ကျွန်မကို မထိခိုက်စေနိုင်ဘူးဆိုတော့ အဲ့သွေးစက်ကို ဒီတိုင်းပဲထားလိုက်မယ်" ဟု ကုနင်းက ဆိုသည်။ အနာဂတ်တွင် သူမ လိုအပ်လာနိုင်သည်။
ကုနင်းက သူ့ဘာသာသူ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ရှန်းကွမ်းယန်က ဝင်စွက်ဖက်မှာ မဟုတ်ပေ။
"အိုး၊ အဘိုးရှန်းကွမ်း၊ ကျေးဇူးပြုပြီး ရှောင်းထင် အကြောင်းကို အခုချက်ချင်း မပြောသေးပါနဲ့။ ကျွန်မအဆင်သင့်ဖြစ်တာနဲ့ ပြောပြဖို့ စီစဉ်ထားပါတယ်” ဟု ကုနင်းက ဆိုသည်။ လက်ရှိအခြေအနေအရ ကုနင်းသည် သူမ၏ လူဝင်စားခြင်းကို လင်ရှောင်းထင်မှ ထာဝရလျှို့ဝှက်ထားရန် မဖြစ်နိုင်သော်လည်း လောလောဆယ်တွင် သူ့ကိုပြောပြရန် ရည်ရွယ်ချက်မရှိပေ။
“ဟုတ်ပြီ” ရှန်းကွမ်းယန်က ခေါင်းညိတ်သည်။
ကုနင်းသည် စစ်ဟယ်ယွမ် တွင် ၉ နာရီ နီးပါးကြာအောင် နေပြီးနောက် ထွက်ခွာလာခဲ့သည်။
…
ချူးဖေ့ဟန်သည်သာ သူမ၏အခန်းဖော်များနှင့် ပထမအကြိမ်တွေ့ဆုံမှုတွင် အငြင်းအခုံဖြစ်ခဲ့သည့် တစ်ဦးတည်းသောသူမဟုတ်ပါ။
စုန့်မြောင်ကောသည်လည်း အလားတူဒုက္ခကို ခံစားခဲ့ရပါသည်။
စုန့်မြောင်ကောသည် အဆောင်ခန်းထဲတွင် ည ၉ နာရီအထိ တစ်ယောက်တည်းနေပြီး ကျန်အခန်းဖော် နှစ်ယောက်သည် နောက်ပိုင်းတွင် အတူတူ ပြန်လာခဲ့ကြသည်။
အစပိုင်းတွင် အချင်းချင်း ကြင်နာစွာ နှုတ်ဆက်ကြပြီး အချင်းချင်း မိတ်ဆက်ကြသည်။ မိန်းကလေးများထဲမှ တစ်ယောက်သည် အနည်းငယ် မာနကြီးသော်လည်း သူမသည် ယဉ်ကျေးသောကြောင့် စုန့်မြောင်ကောက ၎င်းကို စိတ်ထဲမထားပါ။သို့သော် မာနကြီးသောမိန်းကလေးက နောက်ပိုင်းတွင် စုန့်မြောင်ကောအား "ဟေ့ မင်းမိသားစု ဘာအလုပ်လုပ်တာလဲ" ဟု မေးသည်။
မာနကြီးသောမိန်းကလေး၏အမည်မှာ ကောရှီယန် ဖြစ်သည်။ သူမသည် အရပ် ၁.၇ မီတာခန့်ရှိပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပိုင်ဆိုင်ထသည်။ သူ့မျက်နှာကတော့ ဆွဲဆောင်မှု မရှိပဲ သာမာန်မျက်နှာပေါက်ဖြစ်သည်။
စုန့်မြောင်ကောက “ငါ့အဖေက စစ်သားဖြစ်ပြီး အမေက ရဲမေပါ” ဟု ဆိုသည်။ သူမ၏မိဘများသည် သာမာန်အရာရှိများမဟုတ်သည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း စုန့်မြောင်ကောသည် သိုဝှက်စွာနေသောကြောင့် သူတို့၏ ရာထူးများကို မပြောပြခဲ့ပေ။
ကောရှီယန်က စုန့်မြောင်ကောသည် သာမန်အရာရှိမိသားစုမှ မွေးဖွားလာသည်ဟု ထင်သောကြောင့် သူမ၏မျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
စုန့်မြောင်ကောသည် သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကောရှီယန်သည် သူမအား သူ့ထက် သာလွန်သည်ဟု မထင်ကြောင်း သူမ,သိသော်လည်း သူမ၏ မိသားစုနောက်ခံကို ဖော်ပြရန် ရည်ရွယ်ချက်မရှိသေးပေ။
"ငါ့အဖေက မြို့တော်မှာရှိတဲ့ ပြည်နယ်သစ်တောအုပ်ချုပ်ရေးရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီးတော့ ငါ့အမေက XX သားဖွားဆေးရုံရဲ့ လက်ထောက်ညွှန်ကြားရေးမှူးလေ" ဟု ကောရှီယန်က ပြောကြားခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် သူမသည် အာရုံစိုက်ခံလိုတဲ့သူဖြစ်ပြီး သူမတို့က ထူးထူးခြားခြားဖြစ်နေသကဲ့သို့ သူမ၏ မိသားစုနောက်ခံကို ပြောပြရန် တွန့်ဆုတ်မနေပေ။
စုန့်မြောင်ကောက မျက်လုံးများကို ဝေ့လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ကောရှီယန်၏မိဘများသည် အစိုးရတွင် အကြီးတန်းအရာရှိများမဟုတ်ပဲ ထုတ်ဖော်ကြွားဝါပြောနေခြင်းက ရှက်စရာကောင်းလှသည်။ သာမန်လူများအတွက် မြို့တော်ရှိ ပြည်နယ်သစ်တောအုပ် ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူးနှင့် XX သားဖွားဆေးရုံ၏ ဒုညွှန်မှူးတို့သည် အမှန်တကယ် သြဇာညောင်းသော်လည်း အခုက မြို့တော်မှာဖြစ်သည်။ နေရာတိုင်းတွင် ချမ်းသာပြီး သြဇာကြီးမားသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများ ရှိပေသည်။ ကောရှီယန် က ထုန်ဖော်ပြသချင်ရင်တောင်မှ သူမနဲ့ သင့်တော်တဲ့ ပြိုင်ဘက်ကို ရှာရမည်။
***
အခန်း ၁၇၉၆ ရန်ဖြစ်ချင်တာလား?
ကံမကောင်းစွာပဲ သူမဟာ သူ့ကိုယ်သူ စုန့်မြောင်ကော ရှေ့မှာ ဖော်ထုတ်ဖို့ ရွေးချယ်ခဲ့တာက ဟာသဖြစ်စေခဲ့သည်။
"အင်း ငါ့အဖေက ထျန်းဟွာအဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်ပြီး ငါ့အမေက အိမ်ရှင်မပါ" ဟု လုရှောင်ရှောင် ဟုခေါ်သော အခြားအခန်းဖော်က ပြောသည်။ သူမသည် ကောရှီယန် ကဲ့သို့ အာရုံစိုက်ခံလို၍ ပြောနေခြင်း မဟုတ်သော်လည်း၊ သူမ၏အမူအရာသည် စုန့်မြောင်ကော အပေါ် အထင်အမြင်သေးမှုပြနေသေးသည်။
ထျန်းဟွာအဖွဲ့အစည်းသည် မြို့တော်ရှိ ထိပ်တန်းစီးပွားရေးလုပ်ငန်း 100 ထဲတွင် အဆင့်သတ်မှတ်ထားခြင်းခံရသည်။ သူ့အဆင့်က အတော်လေးနိမ့်ပေမယ့် အရေးကြီးတဲ့ နေရာကို ကိုင်စွဲထားဆဲပါ။ ပိုင်ဆိုင်မှု ယွမ်တစ်ဘီလီယံခန့်ဖြင့် ချမ်းသာသောမိသားစုအဖြစ် သတ်မှတ်ထားသော်လည်း သာမန်သာဖြစ်သည်။
ထျန်းဟွာအဖွဲ့အစည်းတွင် ယွမ်ဘီလီယံချီသော ပိုင်ဆိုင်မှုရှိသော်လည်း ၎င်းကို လုမိသားစုမှ လုံးလုံးမပိုင်ပါ။ ၎င်းသည် အစုရှယ်ယာ 51% နှင့် 60% ကြားတွင်သာ ပိုင်ဆိုင်ပြီး အခြားသော အစုရှယ်ယာရှင်များစွာလည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် သာမန်လူများထက်တော့ များစွာမြင့်မားသော လူတန်းစားတစ်ရပ်တွင် ရှိနေသည်။
ရလဒ်အနေနဲ့ ထုတ်ဖော်မပြဖို့ ခက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်ကို မှားယွင်းရွေးချယ်ခဲ့သည်။
နောက်တွင် ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ၎င်းတို့၏ ဇိမ်ခံဘဝကို ကြွားဝါးရန် အလုပ်များနေလေသည်။ စုန့်မြောင်ကော ကတော့ သူတို့ကို ဂရုမစိုက်ပေ။
ကောရှီယန်သည် လုရှောင်ရှောင်ထက်မချမ်းသာသော်လည်း လုရှောင်ရှောင်သည်လည်း ကောရှီယန် ထက်အာဏာမရှိပေ။
ည ၁၁ နာရီထိုးခါနီးတွင် စည်းကမ်းများအတိုင်း မီးများပိတ်တော့မည်ဖြစ်သော်လည်း သူတို့၏နောက်ဆုံးအခန်းဖော်မှာ ပျက်ကွက်နေတာက ကောရှီယန် ၏အာရုံကို နှိုးဆွပေးသွားသည်။
“အိုး မီးတွေပိတ်တော့မယ်၊ ဒါပေမယ့် ငါတို့အဆောင်ရဲ့ နောက်ဆုံးတစ်ယောက်ကို မတွေ့သေးဘူး။ မကောင်းတာတွေလုပ်ဖို့ ထွက်သွားတာများလား" ကောရှီယန်က မကြင်နာတဲ့ လေသံနဲ့ ပြောလိုက်သည်။ ပျက်ကွက်နေသော အခန်းဖော်ကို သူမ အသရေဖျက်သည်။
စုန့်မြောင်ကောက မကျေမနပ်ဖြစ်သွားသည်။ သူမက အေးစက်စွာပြောလိုက်သည် "ကုနင်း ဒီနေ့ မအားလို့ သူပြန်မလာတော့ဘူး။ မကောင်းတာတွေလုပ်ဖို့ ထွက်သွားတာမဟုတ်ဘူး။ ကောရှီယန် ကျေးဇူးပြုပြီး တခြားသူတွေရဲ့ နာမည်ဂုဏ်သတင်းကို မဖျက်ပါနဲ့”
ကုနင်းအကြောင်း လူတိုင်း မကြားဖူးကြပါ။ ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် သူမမည်သူဖြစ်သည်ကို မသိကြသောကြောင့် သူမနာမည်ကိုကြားလိုက်သောအခါတွင် ဘာမှမခံစားရပေ။
"မကောင်းတာလုပ်ဖို့ ထွက်သွားတာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ မင်း ဘယ်လိုသိလဲ" ကောရှီယန်က ရယ်မောကာ မေးလိုက်သည်။ သူမ၏ လေသံအရ ကုနင်းသည် မကောင်းတာ လုပ်ရန် ထွက်သွားသည်ဟု ယုံကြည်နေပုံရသည်။
တကယ်တော့ ကျောင်းအပ်ပြီးတာနဲ့ ကျောင်းသားသစ်တစ်ယောက်အနေနဲ့ အကျင့်ဆိုးတွေ လုပ်နိုင်မယ်လို့ သူမတကယ်မထင်ပေမယ့် သူမဟာ တစ်ဇောက်ကန်းလူပင်။ အမှန်တရားဖြစ်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ မိမိကိုယ်မိမိ ပျော်ရွှင်စေရန်အတွက် အမှန်တရားဖြစ်ကြောင်း အခိုင်အမာပြောဆိုသွားမည်ဖြစ်သည်။
“ငါသိတယ်။ ငါမင်းကို အားလုံးကို တင်ပြနေရမှာလား။ ဒီနေ့ မရှိတာက မင်းဖြစ်ပြီး မင်းနောက်ကွယ်မှာ ဒီလို ပုတ်ခတ်ပြောဆိုနေရင် မင်းဆိုရင်ရော ပျော်နေမှာလား။ ဒါ့အပြင် ဒီနေ့ခေတ်မှာ လူတိုင်းကို အိပ်ဆောင်မှာ နေရမယ်လို့ စည်းကမ်းမသတ်မှတ်ထားဘူး။ သူမ ဒီည သူ့နေရာမှာပဲ နေလို့ရတယ်” ဟု စုန့်မြောင်ကောက ဆိုသည်။
သူမသည် အခြားသူများနှင့် ငြင်းခုံခြင်းကို မုန်းတီးသော်လည်း ပျော့ညံ့သူ လုံးဝမဟုတ်ပေ။ သူမသည် ပြုံး၍ သည်းမခံနိုင်တော့ပဲ လိုအပ်လာသောအခါတွင် သူမနှင့် သူမ၏ သူငယ်ချင်းများကို ခုခံကာကွယ်ရန် ရွေးချယ်ရမည်။
“မင်း…” စုန့်မြောင်ကော၏ ငြင်းခုံမှုကို ရင်ဆိုင်ရင်း ကောရှီယန် သည် ဒေါသထွက်လာသည်။
"ဒါက မင်းကိစ္စမဟုတ်ဘူး! မင်းပါးစပ်ပိတ်ထားလို့မရဘူးလား"
"ကုနင်းက ငါ့သူငယ်ချင်း။ မင်းသူ့ကို မကောင်းပြောလို့ ငါသူ့ကို ကာကွယ်သင့်တယ်” ဟု စုန့်မြောင်ကောက ဆိုသည်။ သူတို့သည် သူငယ်ချင်းမဟုတ်ကြသေးသော်လည်း၊ သူမသည် ကုနင်း၏သူငယ်ချင်းဖြစ်လာရန် အမှန်တကယ်မျှော်လင့်ထားသည်။ ဒါ့အပြင် သူတို့နှစ်ယောက်လည်း အချိန်အတော်ကြာ အတူတူ ကုန်ဆုံးခဲ့ကြပါသေးသည်။ ကုနင်း ကိုလည်း သဘောကျတဲ့အတွက် သူမကို အကာအကွယ်ပေးမှာ သေချာသည်။
“…”
ကောရှီယန်က ရုတ်တရက် ဘာပြောရမှန်း မသိတော့ပဲ ဒေါသတွေ ပြည့်နှက်နေသည်။
"မင်း ကုနင်းအကြောင်းသိတယ်ဆိုရင် သူ့မိသားစုရဲ့ နောက်ခံအကြောင်း ပြောပြ" လုရှောင်ရှောင်က စူးစမ်းချင်စိတ်ဖြင့် ပြောသည်။ ကုနင်းသည် သာမန်မိသားစုမှဖြစ်မည်ဟု သူမယုံကြည်ခဲ့သည်။
မြို့တော်တွင် မရေမတွက်နိုင်သော ချမ်းသာပြီး အားကောင်းသည့် မိသားစုများ ရှိသော်လည်း သာမန်လူများလည်း ရှိသေးသည်။ ထို့အပြင် တူညီသောအဆင့်ရှိကျောင်းသားများကို အဆောင်တစ်ခန်းတည်းတွင်နေရန် စီစဉ်ပေးထားသည်ကို သူတို့မသိသောကြောင့် အခန်းဖော်များသည် သူတို့နှင့် လူမှုရေးအဆင့်အတန်းတူလိမ့်မည်ဟု မထင်ကြပေ။
“မနက်ဖြန် သူလာတဲ့အခါ မင်းသူ့ကို မေးလို့ရတယ်” ဟု စုန့်မြောင်ကော ကဆိုသည်။
"မင်းက သူ့သူငယ်ချင်းမဟုတ်လား? မင်းသူ့အကြောင်းဘာမှမသိဘူးလား" လုရှောင်ရှောင် က သရော်လှောင်ပြောင်စွာဖြင့် မေးလိုက်သည်။
"ငါသိတယ်။ ဒါပေမယ့် မင်းကို မပြောချင်ဘူး။ မင်းဘာတတ်နိုင်သေးလဲ" စုန့်မြောင်ကော က ပြန်ပြောသည်။
“မင်း…” လုရှောင်ရှောင် ဒေါသထွက်သွားသော်လည်း သူမသည် ထိုကိစ္စကို အမှန်ပင် ဘာမှ မလုပ်နိုင်ပါ။
သို့သော် ကောရှီယန်သည် စုန့်မြောင်ကော၏ သဘောထားကြောင့် လုံးဝ စိတ်ဆိုးသွားခဲ့သည်။ သူမ ကုတင်ပေါ်ကနေ ရုတ်တရက် ထလိုက်ပြီး စုန့်မြောင်ကောကို ဒေါသတကြီး အော်ငေါက်လိုက်သည်။ "စုန့်မြောင်ကော မင်း ငါတို့ထက် သာတယ်လို့များ ထင်နေတာလား။ ဆင်းလာခဲ့ ငါနဲ့တစ်ပွဲစမ်းကြည့်ရအောင်" ကောရှီယန်သည် ကျောင်းတွင် အနိုင်ကျင့်သူ ဖြစ်ခဲ့ဖူးသည်။ သူမသည် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ရန်ဖြစ်ခြင်းစသည့် မကောင်းမှုများစွာကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူမသည် တိုက်ခိုက်ရာတွင် ထူးချွန်ခဲ့သည်။
တကယ်တော့ သာမန်မိန်းကလေးတွေနဲ့ ယှဉ်ရင် ကောရှီယန်က ပိုသန်မာပြီး စုန့်မြောင်ကောက ပိန်ပြီး အားနည်းနေပုံရသည်။
"ဒီမှာ ရန်လိုနေတဲ့သူက မင်းတစ်ယောက်ထဲပဲ!" စုန့်မြောင်ကောလည်း စိတ်ဆိုးသွားသည်။ နောက်တစ်စက္ကန့်တွင် သူမသည် အပေါ်ထပ်ကုတင်ပေါ်မှ တိုက်ရိုက်ခုန်ဆင်းလိုက်၍ မြေပြင်ပေါ်တွင် ရပ်လိုက်တာက ကောရှီယန်နှင့် လုရှောင်ရှောင်ကို ထိတ်လန့်စေခဲ့သည်။ ကောရှီယန်သည် မသိစိတ်ကပင် နောက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။
သူတို့က ငတုံးများ မဟုတ်ပါ။ စုန့်မြောင်ကော လုပ်သလို သာမာန်မိန်းကလေးတွေ မလုပ်နိုင်ပေ။ ဒါက စုန့်မြောင်ကော လုံးဝမအားနည်းဘူးဆိုတာ ထင်ရှားပါသည်။
"ဘာလဲ? ရန်ဖြစ်ချင်တာ မဟုတ်ဘူးလား? မင်းဘာလို့ နောက်ပြန်ဆုတ်သွားတာလဲ။ ငါက စစ်စခန်းမှာ ကြီးပြင်းခဲ့ပြီး စစ်သားတစ်ဒါဇင်လောက်ကို တစ်ယောက်တည်း အနိုင်ယူနိုင်တယ်။ မင်း ငါ့ထက် ပိုတော်တယ်လို့ မင်းထင်နေတာလား" စုန့်မြောင်ကော က ပြောသည်။
စုန့်မြောင်ကောက ကောရှီယန်ကို ခြောက်ရန်အတွက် တမင်ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာကို ဝန်ခံရပါမယ်။ ကောရှီယန်ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း အခြားရွေးချယ်မှုတစ်ခုရှိသရွေ့ အကြမ်းဖက်မှုကို အသုံးချရန် ဆန္ဒမရှိပေ။ ပြီးတော့ ဒါဟာ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ပါ။
စုန့်မြောင်ကော ပြောတာကိုကြားတော့ ကောရှီယန်က ချက်ချင်းလက်လျှော့လိုက်ချင်သည်။ သူမက စစ်သားတစ်ဒါဇင်ကို တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့သောကြောင့်၊ စက္ကန့်ပိုင်းအတွင်း ကောရှီယန် ကို အနိုင်ယူနိုင်သည်မှာ သံသယဖြစ်နိုင်စရာမရှိပေ။
ကောရှီယန်သည် စုန့်မြောင်ကော ပြုလုပ်လိုက်သော အရာသည် သူမ၏ အရည်အချင်းကို သက်သေပြနေပြီ ဖြစ်သောကြောင့် သူမ၏ စကားကို သံသယမရှိပေ။ ကောရှီယန် သည် ယခု စွန့်စားဝံ့ခြင်းမရှိတော့ပေ။
"ငါ မင်းနဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။ လူတွေကြားထဲ ဝေဖန်ခံရရင် တော်တော်ရှက်စရာ ကောင်းတယ်” ကောရှီယန်သည် ရှုံးနိမ့်မှုကို ဝန်ခံရန် တွန့်ဆုတ်နေသော်လည်း စုန့်မြောင်ကောကို တိုက်ခိုက်ရန် သတ္တိမရှိသောကြောင့် သူမသည် ထိုအကြောင်းပြချက်ဖြင့် သူ့ကိုယ်သူ လက်လျော့လိုက်သည်။
ထို့နောက် သူမသည် ဒေါသထွက်ကာ အိပ်ရာပေါ်သို့ ပြန်လာခဲ့သည်။
ကောရှီယန်က သူမကို ဆက်ပြီးဒုက္ခမပေးတော့တဲ့အတွက် စုန့်မြောင်ကောကလည်း သူမနဲ့ ငြင်းခုံခြင်းကို ရပ်လိုက်သည်။ သူမသည်လည်း ပြသနာတစ်ခုဖန်တီးရန် ဆန္ဒမရှိပေ။
ထို့နောက် သူမသည် အိပ်ရာပေါ်သို့ ပြန်တက်လိုက်သည်။
နောက်နာရီပိုင်းတွေမှာ ကောရှီယန်နဲ့ လုရှောင်ရှောင်တို့ဟာ ကုနင်းအကြောင်းပြောနေတာကို ရပ်လိုက်ပြီး တခြားအရာတွေနဲ့ ဆက်ပြောနေကြသည်။
…
နောက်တစ်နေ့တွင် အတန်းမစသေးသောကြောင့် ကျောင်းသားများသည် ၎င်းတို့၏ဌာနများတွင် စာရင်းသွင်းပြီး လမ်းညွှန်မှုကို တက်ရောက်ကြသည်။
နောက်နေ့ မနက်ပိုင်းကစပြီး သူတို့ရဲ့ သင်တန်းတွေ တရားဝင်မစခင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာများ အစည်းအဝေးကျင်းပမည့်အချိန်ကို အမှတ်(၁) မာလ်တီမီဒီယာစာသင်ခန်းတွင် နံနက် ၉ နံနက်၌ သတ်မှတ်ထားသည်။ ကုနင်းနဲ့ အဆောင်ခန်းမှာ အတူနေတဲ့သူတွေမှာ သူမနဲ့ မေဂျာတူမရှိတာကြောင့် ကုနင်းဟာ မနက်ခင်း ကျောင်းကိုရောက်တဲ့အခါ စုန့်မြောင်ကောကို မဆက်သွယ်ခဲ့ပေ။
***
အခန်း ၁၇၉၇ ကျောင်းသူတစ်ယောက်အကြောင်းကို အထူး ပြောပြခြင်း
မနေ့က သူတို့နှစ်ယောက် အတူတူထမင်းစားတုန်းက ကုနင်းဟာ စုန့်မြောင်ကောနဲ့ ဖုန်းနံပါတ်တွေ ဖလှယ်ခဲ့သည်။ ဆိုလိုတာကတော့ သူမဟာ စုန့်မြောင်ကောကို သူ့သူငယ်ချင်းအဖြစ် သဘောထားပြီး ဖြစ်သော်လည်း သူတို့နှစ်ယောက်က အခုအချိန်အထိ သာမန်သူငယ်ချင်းတွေပါပဲ။
နံနက် 9 နာရီခန့်တွငိ ကုနင်းသည် အမှတ် (၁) မာလ်တီမီဒီယာအခန်းသို့ ရောက်ပြီး ကျောင်းသားများစွာလည်း ရောက်ရှိနေကြပြီဖြစ်သည်။
အခန်းထဲရှိ ကျောင်းသားများစွာကို ကြည့်ရင်း ကုနင်းဟာ သဘောကျသွားသည်။ စီးပွားရေးဘာသာရပ်ကို အဓိကသင်ကြားသော ကျောင်းသားများကို အတန်းများစွာ ခွဲထားရမည်ဟု သူမထင်မိသည်။
သူမ (အခန်းထဲသို့)လှမ်း၀င်လာသည်။ အချင်းချင်း စကားစမြည်ပြောနေကြသည့် ကျောင်းသားများစွာရှိသောကြောင့် အထဲသို့ သူမဝင်လာသည်ကို အနည်းငယ်သာ သတိထားမိသည်။ ထို့အပြင် ကုနင်းသည် သိုဝှက်စွာနေရန် စီစဉ်နေသောကြောင့် သူမသည် ရည်ရွယ်ချက်ရှိရှိ ခေါင်းငုံ့ကာ ၀င်လာခဲ့သည်။
တချို့က သူမကို မြင်ဖူးကြသလို ခံစားခဲ့ကြသော်လည်း ကုနင်း၏အမည်ကိုတော့ လူတိုင်းမကြားဖူးကြပေ။ သူမအကြောင်းကို ကြားဖူးတယ်ဆိုရင်တောင်မှ လူတိုင်းက သူမကို မှတ်မိနိုင်ကြမည်မဟုတ်ပါ။ သူတို့ဟာ သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကြောင့်သာ အံ့အားသင့်သွားကြသည်။
ကုနင်းသည် သိပ်မသိသာသော ထိုင်ခုံတစ်ခုကို တွေ့လိုက်တာနဲ့ ၀င်ထိုင်လိုက်သည်။ သူမထိုင်ပြီးတာနဲ့ ကျောင်းသားတစ်ယောက်က သူမနဲ့ စကားစမြည်ပြောဖို့ ကြိုးစားခဲ့သည်။
"ဟိုင်း မင်းနာမည်ကို သိလို့ရမလား မင်းကဘယ်အတန်းကလဲ"
"ကျွန်မနာမည်က ကုနင်းပါ။ Class A က” ကုနင်းက ယဉ်ကျေးစွာ ပြောသည်။
"ကုနင်း? မင်းက…” ကျောင်းသားလေးသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးဝိုင်းစက်သွားသည်။ သူမအကြောင်း ကြားဖူးသည်မှာ ထင်ရှားသည်။
“ရှူး!” ကျောင်းသားလေး စကားမဆုံးခင်မှာ ကုနင်းက ချက်ချင်းပဲ သူ့ပါးစပ်ကို ပိတ်ခိုင်းလိုက်သည်။ သူမသည် တိရစ္ဆာန်ရုံရှိ မျောက်တစ်ကောင်လို လူများ၏ ၀န်းရံကြည့်ရှုခြင်းကို မခံလိုတော့ပေ။
ကျောင်းသားသည် ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ ကံကောင်းစွာပဲ မာလ်တီမီဒီယာခန်းထဲမှာ အနည်းငယ် ဆူညံနေတာကြောင့် သူ့အော်သံကို လူအတော်များများ မကြားခဲ့ကြပါပေ။
ကုနင်းကို အထူးအာရုံစိုက်နေကြသော ကျောင်းသားအများအပြားသည် သူမကိုယ်သူမမိတ်ဆက်ပြီးနောက် သူမဘယ်သူလဲဆိုတာ သိသွားကြသည်။ သူတို့လည်း စိတ်လှုပ်ရှားပြီး အံ့အားသင့်သွားပေမယ့် အသံတွေကို လျော့လိုက်ကြသည်။
ကုနင်းက အာရုံစိုက်မခံလိုတဲ့အတွက်ကြောင့် သူတို့လည်း ဘာမှ မပြောကြပေ။
"အဲဒါကို ငါတို့ကြားမှာပဲ ထားပေးနော်" ကုနင်းက သူမကို မှတ်မိသွားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတဲ့ အမူအရာပြတဲ့အတွက် တခြားလူတွေက ခေါင်းညိတ်လိုက်ကြသည်။
သူမသည် အချိန်မတန်မီ ငါးမိနစ်အလိုတွင် အခန်းသို့ ရောက်လာသောကြောင့် မကြာမီအချိန်အတွင် ဌာနအသီးသီးမှ ခေါင်းဆောင်များနှင့် ဆရာဆရာမများအားလုံးသည် ရောက်လာပြီး ပထမတန်းတွင် အတူတကွ ထိုင်လိုက်ကြသည်။
သူတို့ပေါ်လာသောအခါ ဆူညံနေသည့် မာလ်တီမီဒီယာအခန်းသည် တိတ်ဆိတ်သွားသည်။
ထို့နောက် ဆရာနှင့် အစီအစဉ်တင်ဆက်သူတို့က စင်မြင့်ပေါ်သို့ တက်၍ မိန့်ခွန်းပြောသည်။
ခဏအကြာတွင် ဌာနမှူးက မိန့်ခွန်းပြောရန် အလှည့်ရောက်လာသည်။
ဌာနမှူးက လေးနက်သော မျက်နှာထားနှင့်ဖြစ်ပြီး အသက်လည်းကြီးပြီဖြစ်သည်။ ရလဒ်အနေဖြင့် ကျောင်းသားများစွာသည် သူ၏မိန့်ခွန်းကိုကြားသောအခါ အိပ်ငိုက်လာသော်လည်း မည်သူမျှ မအိပ်ရဲကြပေ။
အတန်းများ တရားဝင်မစမီ ပထမနေ့ စုဝေးပွဲမှာကတည်းက အိပ်ငိုက်ခြင်းကို မိသွားပါက အလွန်ရှက်စရာကောင်းလိမ့်မည်။
လူတိုင်း ပျင်းရိလာကြတဲ့အခါ ဌာနမှူးက “အခုကျောင်းသူတစ်ယောက်အကြောင်းကို အထူး ပြောပြချင်တယ် သူ့နာမည်က ကုနင်းလို့ခေါ်တယ် ” ဟု ရုတ်တရက် ပြောလိုက်သည်။
ဌာနမှူးက ကျောင်းသူတစ်ယောက်အကြောင်းကို အထူးပြောပြချင်တယ်ဆိုတာကို ကုနင်း ကြားလိုက်သည်နှင့် သူမသည် သူမဖြစ်ရမည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူမခံစားချက်မှန်ပေသည်။
ကုနင်းအနီးတွင်ထိုင်နေသော ကျောင်းသားအများအပြားသည် သူမကို နှောင့်နှေးမနေပဲ စိုက်ကြည့်လာကြသည်။ လူသိရှင်ကြား ချီးမွမ်းရန်အတွက် ဌာနမှူးက သူမအား အထူးတလည် ပြောဆိုသည်ကို သူတို့သိသောကြောင့် သူမကို လေးစားသဘောကျစိတ်နဲ့ ကြည့်နေကြသည်။
ကုနင်းအကြောင်းကို ကြားဖူးသူတွေကလည်း ဌာနမှူးက သူ့ကို ချီးကျူးတော့မယ်ဆိုတာ သိတဲ့အတွက် ပတ်ပတ်လည်ကို လိုက်ရှာနေကြသည်။
ဌာနမှူးက ကုနင်းအကြောင်းကို ပြော၍ ကုနင်းက သူတို့ဌာနရဲ့ ကျောင်းသားဖြစ်ရမည်။
သို့သော် အနည်းငယ်မျှသာ ကုနင်းကို မှတ်မိနိုင်ကြပြီး တိတ်ဆိတ်နေကြသည်။ သူတို့က အခု စုဝေးပွဲမှာ ရှိနေတာကြောင့် သူမကို တစ်ချက် ကြည့်လိုက်ရုံပါပဲ။
ကုနင်းကို သဘောကျပြီး သူ့ကို သူတို့ရဲ့ အိုင်ဒေါအဖြစ်မှတ်ယူတဲ့ ကျောင်းသားတွေ ရှိသလို၊ သူ့ကို မနာလို မုန်းတီးတဲ့ ကျောင်းသားတွေလည်း ရှိသည်။
သူမသည် ထူးချွန်သောကြောင့် လူတိုင်းက သူမကို အထင်ကြီးမည်မဟုတ်ပေ။ တစ်ချို့လူတွေက အရမ်းမနာလိုစိတ်ကြီးပြီး စိတ်သဘောထားမကောင်းပေ။ သူတို့တွေဟာ တခြားလူတွေက သူတို့ မတတ်နိုင်တဲ့အရာ၊ မလုပ်နိုင်တဲ့အရာကို လုပ်နိုင်သွားပါက၊ ရရှိသွားပါက မနာလိုစိတ်သာ ဖြစ်ပေါ်ကြသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားအချို့က ကြနင်းအကြောင်း တစ်ခါမှ မကြားဖူးကြသောကြောင့် ဌာနမှူးက သူမကို ဘာကြောင့် အထူးတလည်ပြောပြရမယ်ဆိုတာ နားမလည်ခဲ့ကြပေ။ သိပ်မကြာခင်မှာပဲ အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားကြသည်။
ဌာနမှူးက ကုနင်းအကြောင်းပြောသောအခါတွင် သူ၏ လေးနက်သော မျက်နှာသည် ဖုံးကွယ်၍မရနိုင်သော ပျော်ရွှင်မှုနှင့်အတူ နူးညံ့လာသည်။ သူတို့၏တက္ကသိုလ်သည် မယုံနိုင်စရာကောင်းလောက်အောင် ပါရမီရှင် ကုနင်းအတွက် သူတို့နိုင်ငံရှိ အခြားနာမည်ကြီးတက္ကသိုလ်များနှင့် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတွင် သူမသည် ၎င်းတို့၏တက္ကသိုလ်နှင့် ၎င်းတို့၏ဌာနကို ရွေးချယ်ခဲ့ခြင်းကြောင့် အလွန်ပျော်ရွှင်သွားရသည်။
တက္ကသိုလ်ပညာရေးပြီးဆုံးသည်အထိ ကုနင်း၏အပြုအမူများကို ကန့်သတ်မထားရန် သူတို့၏ကျောင်းအုပ်ကြီးက သူ့ကိုပြောခဲ့သည်။
"ကုနင်းအကြောင်း တော်တော်များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ သူက ဆရာတို့နိုင်ငံစတင်တည်ထောင်ချိန်မှစပြီး သမိုင်းတစ်လျှောက် ပထမဆုံးအမှတ်အများဆုံးဖြေဆိုသူဖြစ်တယ်။ ဆရာတို့နိုင်ငံမှာ နာမည်ကြီး တက္ကသိုလ်တွေအားလုံးက သူ့ကို လိုချင်လို့ပြိုင်ဆိုင်နေကြပေမယ့် ကုနင်းက ဆရာတို့ကျောင်းကို ရွေးချယ်ခဲ့လို့ ဆရာတို့ ဂုဏ်ယူရပါတယ်”
ဒါကိုသိတော့ ကုနင်းအကြောင်းကို တစ်ခါမှ မကြားဖူးတဲ့ ကျောင်းသားတွေအားလုံးက အံ့သြသွားကြသည်။ ကုနင်းသည် ရမှတ်အပြည့်ဖြင့် ၀င်ခွင့်ရခဲ့တဲ့ ကျောင်းသူဖြစ်တဲ့အတွက် အံအားသင့်ရခြင်းပင်။ ထိုအခြေအနေမျိုးတွင်၊ သူမသည် သမိုင်းတစ်လျှောက်တွင် ရမှတ်အပြည့်ဖြင့် ပထမဆုံးဖြေဆိုသူဖြစ်ပေသည်။
ကုနင်းက ဘယ်သူလဲ။ သိချင်လာကြသည်။
လူများ ပိုများလာကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လာသော်လည်း အများစုမှာ သူမကို မသိသောကြောင့် ရှာမတွေ့ခဲ့ကြပေ။
"ကုနင်းက ဘယ်သူလဲ။ သူက မယုံနိုင်စရာပဲ သူမဟာ ရမှတ်အပြည့်နဲ့ ထိပ်တန်းဖြေဆိုသူဖြစ်တယ်တဲ့ မယုံနိုင်ဘူး!”
“ဟုတ်တယ်၊ သူ့သတင်းကို မကြာသေးမီက တွေ့လိုက်သေးတယ်။ ဒါပေမယ့် ငါသိပ်ဂရုမစိုက်မိလိုက်ဘူး”
“…”
စူးစမ်းလိုစိတ်ဖြင့် ဆွေးနွေးခဲ့ကြသော်လည်း ဌာနမှူးက တိတ်တိတ်နေရန် ပြောခဲ့သည်။
ဌာနမှူးက ဆက်လက်၍ “တကယ်တော့ ကုနင်းက အဲဒါထက် ပိုအောင်မြင်တယ်။ ငယ်ငယ်ထဲက သူမဟာ Jade Beautyလက်ဝတ်ရတနာ၊ ဖုန့်ဟွာအင်တာတိန်းမန့်၊ ခိုကျီ၊ ကိုလိန်း၊ Charm နှင့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တို့ကို တည်ထောင်နိုင်ခဲ့ပြီ။ အဲဒီကုမ္ပဏီများအားလုံးကလည်း သူတို့နယ်ပယ်မှာ အရေးပါတဲ့ နေရာရထားပြီး လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေဆဲပဲ။ မင်းတို့တွေ ကုနင်းဆီက သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"
ထိုစကားကိုကြားတော့ ကုနင်း၏အောင်မြင်မှုများကို သတိမထားမိသူများသည် ယခုအခိုက်အတန့်တွင် ထိတ်လန့်သွားကြသည်။ သူတို့နားကိုပင် မယုံနိုင်။
အဲ့ကုမ္ပဏီများအားလုံးကို ကုနင်းက ပိုင်တယ်တဲ့လား။
"ငါကြားလိုက်တာမှန်ရဲ့လား? အဲဒီကုမ္ပဏီတွေအားလုံးကို ကုနင်း ပိုင်တယ် ဟုတ်လား”
“ဘုရားရေ သူကအံ့ဩစရာပဲ။ သူက အဲ့လောက်ထိ အမြတ်အစွန်းတွေရှိတဲ့ ကုမ္ပဏီတွေကို ထူထောင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပဲ။ တော်တော်များများက အရမ်းနာမည်ကြီးတယ်”
“…”
ယခုအချိန်တွင် Jade Beautလက်ဝတ်ရတနာ၊ ဖုန့်ဟွာအင်တာတိန်းမန့်၊ ခိုကျီ၊ ကိုလိန်း နှင့် Charm တို့သည် ကျော်ကြားမှုများစွာရရှိေနသည်။
ထို့အပြင် ကျောင်းသားအများစုသည် ဖုန့်ဟွာအင်တာတိန်းမန့်၊ ခိုကျီ နှင့် ကိုလိန်းတို့၏သတင်းများကိုဖတ်ရှုခဲ့ဖူးကြသည်။
***
အခန်း ၁၇၉၈ ကုနင်းနဲ့ ရန်ငြိုးရှိလို့လား
လူအများစုသည် ဖျော်ဖြေရေးနယ်ပယ်၏ အတင်းအဖျင်းများကို စိတ်၀င်စားကြပြီး ဖုန့်ဟွာ အင်တာတိန်းမန့်သည် ယခင်က Weibo တွင် အကြိမ်များစွာ အကျော်ကြားဆုံးအကြောင်းအရာများထဲမှ တစ်ခုဖြစ်ဖူးသောကြောင့် ကျောင်းသားအများအပြား ကြားဖူးခဲ့ကြသည်။
အချို့သောသူများသည် ကုမ္ပဏီပိုင်ရှင်အစား ကုမ္ပဏီကိုသာ ဂရုစိုက်ကြသောကြောင့် ကုနင်းသည် ဖုန့်ဟွာ အင်တာတိန်းမန့်၏ သူဌေးဖြစ်ကြောင်း လူတိုင်းမသိခဲ့ကြပေ။
ခိုကျီနှင့်ပတ်သက်ပြီး ကျောင်းသူအများအပြားက ၎င်းကိုအသုံးပြုနေကြပြီး သူတို့အားလုံးသည် ၎င်း၏ မယုံနိုင်စရာအကျိုးသက်ရောက်မှုများကြောင့် သဘောကျခဲ့ကြသည်။
မိသားစုအများစုသည်လည်း အခြားဆေးဝါးများထက် ကိုလိန်းဟာ ပိုထိရောက်သောကြောင့် သူတို့၏အိမ်တွင် ကိုလိန်းထုတ်ကုန်များကို ဆောင်ထားလေ့ရှိကြသည်။
ကုနင်း၏ အခြားကုမ္ပဏီများအကြောင်း လူများစွာကြားသိခဲ့ရသော်လည်း ၎င်းတို့သည် ကျောင်းသားများဖြစ်သောကြောင့် ၎င်းတို့အကြောင်းကို အနည်းငယ်သာ သိရှိကြသည်။
လက်ဝတ်ရတနာများ၊ ၀တ်စုံများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများကို ပိုင်ဆိုင်နိုင်မည် အရွယ်များ မဟုတ်ကြပေ။
ကုနင်းပတ်ဝန်းကျင်ရှိ ကျောင်းသားအများအပြားက သူမသည် ယခုနှစ်တွင် ရမှတ်အပြည့်ဖြင့် ရမှတ်အများဆုံးဖြစ်မှန်းသိသော်လည်း သူမသည် နာမည်ကြီးကုမ္ပဏီများ၏ သူဌေးလည်းဖြစ်မှန်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။
“အင်း၊ တကယ်တော့ အဲဒါထက်တောင် ပိုသေးတယ်။ အင်တာနက်မှာ ကုနင်းအကြောင်း နောက်ထပ် အချက်အလက်တွေကို ရှာကြည့်ကြည့် မင်းတို့ အံ့သြသွားမှာ သေချာတယ်”
ကုနင်းအကြောင်း ပိုသိတဲ့ ကျောင်းသားတစ်ယောက်က သူ့ကို တခြားလူတွေနဲ့ မိတ်ဆက်ပေးသည်။ အဲဒါကိုကြားတော့ ကျောင်းသားတော်တော်များများက စုဝေးပွဲထဲမှာ ရှိသေးတာကို မေ့သွားပြီး ကုနင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို ရှာဖွေဖို့ သူတို့ရဲ့ ဖုန်းတွေကို ထုတ်လိုက်သည်။
ကုနင်းသည် ဌာနမှူးက သူမအား လူအများ၏အာရုံစူးစိုက်မှုကို ရရှိအောင်ပြုလုပ်ပြီးနောက် စိတ်မသက်မသာပုံပေါက်လာသည်။ ဌာနမှူးက သူမကို မတ်တပ်ရပ်ဖို့ မပြောပါစေနဲ့ မဟုတ်ရင် သူမဟာ တိရစ္ဆာန်ရုံက မျောက်တစ်ကောင်လို လူတိုင်းရဲ့ ဝိုင်းရံကြည့်ရှုခြင်းကို ခံရမှာမို့ မတ်တပ်ရပ်ဖို့ မပြောပါစေနဲ့လို့သာ ဆုတောင်းနေရသည်။
ကုနင်းကို မလိုလားအပ်တဲ့ ဒုက္ခဖြစ်စေမယ်ဆိုတာ ဌာနမှူးက သိတဲ့အတွက် သူ့ကို မတ်တပ်ရပ်ဖို့ မပြောပါပေ။ တစ်ချိန်တည်းမှာပင် အစည်းအဝေးတွင် ကုနင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရန် ဖုန်းကိုထုတ်သည့် ကျောင်းသားများကို ငေါက်လိုက်သည်။
သူသည် ကုနင်းကြောင့်သာမက ယခု စုဝေးနေဆဲကာလတွင် ရှိနေသောကြောင့်ဖြစ်သည်။ ကျောင်းသားများကို အစည်းအဝေးတွင် ၎င်းတို့၏ ဖုန်းများ သုံးခွင့်မပြုပါ။ ဒါကိုမြင်တော့ ကုနင်းစိတ်သက်သာရာရသွားသည်။
ယင်းနောက် ဌာနမှူးက မနက်ဖြန် နံနက် ၈ နာရီမှ စတင်မည့် ၁၅ ရက်တာ ကြာမြင့်မည့် စစ်ရေးလေ့ကျင့်မှု အကြောင်းပြောသည်။
ဌာနမှူးက မနက် ၁၁ နာရီမှာ သူတို့ကိုယ်ပိုင်အတန်းမှာ အစည်းအဝေးလုပ်ခိုင်းပြီးနောက် ပြန်ထွက်သွားတော့သည်။
ဌာနမှူးက တစ်နာရီအတွင်း အစည်းအဝေး ပြီးသွားတဲ့အတွက် မနက် ၁၀ နာရီပဲ ရှိသေးသည်။ အတန်းအစည်းအဝေးနဲ့ တစ်နာရီလောက်ဝေးသေးသည်။
နောက်ထပ်ဒုက္ခမဖြစ်အောင် ကုနင်းက မာလ်တီမီဒီယာ စာသင်ခန်းထဲကနေ အမြန်ပြေးထွက်လာတဲ့အတွက် သူမကို မှတ်မိတဲ့သူတွေက သူမနဲ့ စကားမပြောဖြစ်ခဲ့ကြပေ။
ထို့ကြောင့် တစ်စုံတစ်ဦးက မကျေမနပ်ဖြစ်ခဲ့သည်။ "ဘာလို့ ဒီလောက်မြန်အောင် ရှောင်သွားရတာလဲ။ သူ့ကိုယ်သူ ဘာလို့ထင်နေတာလဲ ဒီတိုင်း ပိုက်ဆံပေါတဲ့ စာတော်တဲ့သူလေးပဲကို!" ကျောင်းသူတစ်ဦးက မကျေမနပ်ဖြင့် ပြောသည်။
"မင်း ကုနင်းနဲ့ ရန်ငြိုးရှိလို့လား" ကျောင်းသားတစ်ယောက်က မေးသည်။
"မဟုတ်ပါဘူးဘာလို့လဲ?" ကျောင်းသူက စိတ်မရှည်စွာ ပြန်ဖြေသည်။
"မင်းတို့နှစ်ယောက်ကြား ရန်ငြိုးမရှိပဲနဲ့ မင်းဘာလို့ သူ့ကိုနောက်ကွယ်မှာ စော်ကားနေတာလဲ။ အစည်းအဝေးက ပြီးသွားပြီလေ။ သူထွက်သွားချင်သလို မြန်မြန်ထွက်သွားလို့ရတယ်။ စကားမစပ်၊ သူက တကယ်ပဲ တစ်ယောက်ယောက်ပဲလေ မင်းကိုယ်မင်း သူနဲ့ ယှဉ်နိုင်မယ်ထင်နေတာလား" ကျောင်းသားက ကုနင်းကို ခုခံကာကွယ်ခဲ့သည်။
“ရှင်…” ကျောင်းသူက ဒေါသတကြီးနဲ့ “ဒါ ရှင့်ကိစ္စမဟုတ်ဘူး!”
“ကိုယ့်ကို အခြားသူတွေ အကဲဖြတ်တာကို မကြိုက်ရင် ကိုယ်က သူများကို အကဲမဖြတ်မိအောင် အရင်သင်ယူသင့်တယ်။ မြို့တော်တက္ကသိုလ်က မင်းကို လက်ခံခဲ့တာပဲ။ ဒီလိုရိုးရှင်း ကိစ္စကိုတောင် မသိဘူးလား" ကျောင်းသားက ပြောသည်။
တကယ်တော့ ဒါဟာ သူနဲ့ မဆိုင်ပေမယ့် သူဟာ တရားမျှတမှု လိုလားသူဖြစ်သည်။ သူတို့ပတ်ဝန်းကျင်က ကျောင်းသားတော်တော်များများက ဖြစ်ပျက်ခဲ့တာကို နားလည်တဲ့အတွက် ထိုကျောင်းသူကို အထင်အမြင်သေးစွာ ကြည့်နေခဲ့ကြသည်။
ကျောင်းသူသည် ရှက်ရွံ့သလို ခံစားခဲ့ရသော်လည်း ၎င်းမှာ သူမ၏ အမှားဖြစ်ကြောင်း သိရှိပြီး မည်သို့ ပြန်ပြောရမည်ကို မသိသောကြောင့် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
"မင်းတို့ထဲက တစ်ယောက်ယောက် ကုနင်းကို သိလား။ ငါ သူ့ကို လုံးဝ မတွေ့ဖူးဘူး” ဟု ရုတ်တရက် မေးလိုက်သည်။
"ငါရောပဲ!"
“သူသွားပြီလေ။ သူ့ရုပ်ကို သိချင်တယ်ဆိုရင် သူ့ရဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာ ရှာကြည့်လိုက် အဲဒီအခါဆို မင်းသူ့ကို နောက်တစ်ကြိမ်တွေ့တဲ့အခါကျရင် မှတ်မိနိုင်တာပေါ့” ကျောင်းသားတော်တော်များများက ခေါင်းညိတ်ပြပြီး အင်တာနက်မှာ ကုနင်းနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို ရှာဖွေကြသည်။ အဲဒီနောက်မှာတော့ သူမအကြောင်းတွေထပ်ပြောဖြစ်ခဲ့ကြသည်။
အခုအချိန်မှာတော့ စီးပွားရေးဌာနက လူတိုင်းဟာ ကုနင်းကို သိသွားကြပြီး ကျောင်းသား 80% လောက်က သူ့ကို သဘောကျကြသည်။ ဒါမှမဟုတ် သူ့ကို သူတို့ရဲ့ အိုင်ဒေါ တွေအဖြစ် သတ်မှတ်ကြသည်။ ကျန်တဲ့သူတွေက သူ့ကို မနာလို မုန်းတီးကြသည်။
"အိုး ငါနဲ့ မလှမ်းမကန်းမှာ ထိုင်ခဲ့တဲ့ မိန်းကလေးက ကုနင်းပဲ။ အဲဒါကို ငါမသိလိုက်ဘူးကွာ" ကုနင်း၏ ဓာတ်ပုံများကို တွေ့ပြီးနောက် ကျောင်းသားတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောသည်။
"ကုနင်းက ဘယ်အတန်းကို သိလား"
"Class A ကထင်တယ်"
“ကောင်းလိုက်တာ! ငါ ကုနင်းနဲ့ အတန်းတူတယ်။ ငါသူ့ကိုခဏနေတွေ့ရမှာပဲ"
“…”
ကုနင်းသည် မာလ်တီမီဒီယာ စာသင်ခန်းမှ ထွက်သွားကာ ကျောင်းဝင်းအတွင်း လမ်းလျှောက်ထွက်ခဲ့သည်။ အတန်းအစည်းအဝေးက ၁၁ နာရီမှစမှာဖြစ်၍ လိုသေးသည်။
အေးချမ်းတဲ့နေရာကို ရှာတွေ့ပြီး သတင်းဖတ်ဖို့ ဖုန်းကိုထုတ်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် သူမသည် ယုကျီ နှင့်ပတ်သက်သည့်သတင်းကိုဖတ်လိုက်ရသည်။ ယုကျီသည် ဒီဇိုင်းဆုနှစ်ဆုဆက်တိုက်ရရှိခဲ့ပြီး သူမသည် ပဲရစ်မြို့မှ ဖက်ရှင်ဒီဇိုင်နာ ဂျေဆန်၏ အလုပ်သင်တစ်ဦးဖြစ်လာသဖြင့် အချိန်တိုအတွင်း ဖက်ရှင်လောကတွင် လူသိများလာခဲ့သည်။
ဒါ့အပြင် အင်တာဗျူးတွေမှာလည်း ယုကျီက Charm ကို လူသိများလာစေတဲ့အတွက် အခု Charm ဟာ ဖက်ရှင်လောကမှာ နာမည်ကြီးလာသည်။ ကုနင်းက မပြုံးပဲ မနေနိုင်တော့ပေ။ သူမသည် မှန်ကန်သောလူကို ရွေးချယ်ခဲ့ခြင်းကြောင့် ယုကျီနှင့် သူမအတွက် ပျော်ရွှင်မိပါသည်။
မနက် ၁၁ နာရီထိုးခါနီးတွင် ကုနင်းသည် အတန်းအစည်းဝေးသို့ ထွက်လာခဲ့သည်။ အတန်းထဲရောက်တာနဲ့ အထဲမှာ ကျောင်းသားတွေ အများကြီးရှိနေပြီ။ ထို့ကြောင့် သူမ၏ အသွင်အပြင်သည် လူအများကြားတွင် ထိတ်လန့်စေခဲ့သည်။
သူတို့အားလုံးက သူတို့ဌာန အစည်းအဝေးအပြီးအင်တာနက်မှာ ကုနင်းအကြောင်း နောက်ထပ် အချက်အလက်တွေကို ရှာဖွေခဲ့ကြတာမို့ အများစုဟာ ကုနင်းရဲ့ မျက်နှာကို မှတ်မိနေခဲ့ကြသည်။ အရေးကြီးဆုံးကတော့ ကုနင်းဟာ ထူးထူးခြားခြား လှပတာမို့ တခြားသူတွေ သူမကို မှတ်မိဖို့ အရမ်းလွယ်ကူသည်။
"ဟိုင်း အားလုံးတွေ့ရတာဝမ်းသာပါတယ်!" အားလုံးက သူမကို စိုက်ကြည့်နေတာကိုမြင်တော့ ကုနင်းက သူတို့ကို အရင်စ နှုတ်ဆက်လိုက်သည်။ သူမသည် အလွန်နူးညံ့သိမ်မွေ့ပြီး မာနကြီးပုံမပေါ်ပေ။
"တွေ့ရတာဝမ်းသာပါတယ် ကုနတ်ဘုရားမ!"
"ဟိုင်း ကုနင်း"
"ဟိုင်း ကုနတ်ဘုရားမ" ကုနင်းက သူတို့ကို အရင်စ နှုတ်ဆက်တဲ့အခါ လူတော်တော်များများက ပျော်ရွှင်ကာ ကုနင်းကို ချက်ချင်း နှုတ်ဆက်ကြသည်။
သူတို့အများစုဟာ ကုနင်းထက် ပိုချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပေမယ့် ကုနင်းဟာ အောင်မြင်ဖို့အတွက် သူ့ကိုယ်သူ အားကိုးပြီး သူတို့ကတော့ မိသားစုကို အဓိကအားကိုးရတာကြောင့် သူမကို အထင်မကြီး၊ မလေးစားပဲ မနေနိုင်ပေ။ ထို့ကြောင့် သူတို့သည် သူတို့ကိုယ်သူတို့ ကုနင်းထက် ပိုသာသည်ဟု မထင်ခဲ့ကြပေ။
Class A တွင် လူများစွာသည် ကုနင်းကို မုန်းတီးခြင်း မရှိပေ။ ပြီးတော့ သူမကို မကြိုက်တဲ့သူတွေက သူမကို တမင်ဒုက္ခပေးမှာတော့ မဟုတ်ပါ။ ယင်းအစား သူတို့သည် သူမကို မနာလိုသာ ဖြစ်ခဲ့ကြသည်။
ရှေ့ဆုံးတန်းမှာထိုင်ရတာကို ဘယ်သူမှမကြိုက်တဲ့အတွက် ဒုတိယတန်းကနေ ထိုင်ခုံတိုင်းနီးပါးကို နေရာယူထားကြသည်။ လစ်လပ်သော ထိုင်ခုံအနည်းငယ်သာရှိသော်လည်း ကုနင်းသည် ထိုကိစ္စကို သိပ်ဂရုမစိုက်သောကြောင့် ထိုနေရာတွင် လူများ ထိုင်လိုစိတ်မရှိမှန်းသိပြီးနောက် ပထမတန်းတွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည်။
ထို့နောက်မှာ ကျောင်းသားတစ်စုက ကုနင်းကို မေးခွန်းမျိုးစုံ မေးလာခဲ့သည်။
***
အခန်း ၁၇၉၉ အတန်းခေါင်းဆောင်လုပ်ရန် ငြင်းဆိုခြင်း
သူတို့သည် သူမအား ခက်ခဲသောမေးခွန်းများကို မမေးခဲ့ကြသောကြောင့် ကုနင်းက ၎င်းတို့၏မေးခွန်းများကို ဖြေခဲ့သည်။ သူမရဲ့ ကြင်နာတတ်တဲ့ အမူအရာက လူတိုင်းကို ပိုကောင်းတဲ့ ခံစားချက်တွေ ထားခဲ့သည်။
သိပ်မကြာခင်မှာပဲ သူတို့အတန်းပိုင်ရောက်လာ၍ ကိုယ်နေရာကိုယ် ပြန်သွားကြသည်။
Class A ၏ အတန်းပိုင်ဆရာမှာ ဟယ်ချီဟန် ဖြစ်သည်။ သူက မျက်မှန်တပ်ပြီး တည်တံ့ပြီး တင်းကြပ်တဲ့ပုံပေါက်တဲ့ အသက် ၄၀ လောက်ရှိတဲ့ အမျိုးသားတစ်ယောက်ပါ။
ကုနင်းနဲ့ ပထမဆုံးတွေ့ဆုံတာဖြစ်ပေမယ့် သူမအကြောင်း အများကြီးကြိုတင်သိခဲ့သည်။ သူမဓာတ်ပုံတွေကိုလည်း မြင်ဖူးတာမို့ သူမကို ဒုတိယအကြိမ်တွေ့ပြီးနောက် မှတ်မိလေသည်။
ဟယ်ချီဟန်က ကုနင်းကို Class A မှာ တွေ့ရတာ တော်တော်ပျော်မိသည်။
ကုနင်းဟာ ဘယ်လောက်ပဲ ထူးချွန်ပါစေ သူမဟာ အခုအချိန်မှာ သူ့ရဲ့ ကျောင်းသားဖြစ်တဲ့အတွက် သူမအတွက် ဂုဏ်ယူမိသည်။
ဟယ်ချီဟန်သည် ကုနင်းအား အထူးအလေးပေးဆက်ခံခြင်းပြုလုပ်မည်မဟုတ်ပါ။ သူမ၏ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများနှင့် သူမအပေါ် သူ၏ နှစ်သက်မှုကြောင့် သူမအား အထူးတလှယ်မနှုတ်ဆက်ပါ။ အဲဒီအစား သူ့ကျောင်းသားအားလုံးကိုလည်း တန်းတူရည်တူဆက်ဆံသည်။
ဟယ်ချီဟန်၏ အသွင်အပြင်ကြောင့် လူတိုင်းက သူသည် ဌာနမှူးကဲ့သို့ လေးနက်မည်ဟု ယုံကြည်ခဲ့ကြသော်လည်း မှားသည်။ ဟယ်ချီဟန်သည် အလွန်ရယ်ရပြီး ဘယ်သူမှ မငြီးငွေ့သောကြောင့် အံ့အားသင့်ရသည်။
ဟယ်ချီဟန်က ကုနင်းကို အထူးတလည် မနှုတ်ဆက်ခဲ့ပေမဲ့ သူက သူမကို ချီးကျူးခန်းတော့ဖွင့်သည်။
ခဏကြာတော့ ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ဖို့ စင်ပေါ်ကို တက်သွားသည်။ တစ်ယောက်နဲ့တစ်ယောက် သိဖို့လိုပြီး သူတို့ရဲ့ အတန်းခေါင်းဆောင်ကို ရွေးချယ်ပါတော့မည်။
သူတို့သည် လက်ရှိအချိန်တွင် ယာယီအတန်းခေါင်းဆောင်တစ်ဦး လိုအပ်ပြီး စစ်ရေးလေ့ကျင့်မှုအပြီးတွင် တရား၀င် အတန်းကိုယ်စားလှယ်ကို ရွေးချယ်မည်ဖြစ်သည်။
“ကောင်းပြီ၊ အတန်းခေါင်းဆောင်နဲ့ လက်ထောက်အတန်းခေါင်းဆောင်တစ်ယောက် လိုတယ်။ ဒီရာထူးနှစ်ခုအတွက် ဘယ်သူက အရည်အချင်းပြည့်မီတယ်လို့ ထင်လဲ” ဟယ်ချီဟန်က မေးသည်။
ဟယ်ချီဟန် မေးပြီးတာနဲ့ ကျောင်းသားတော်တော်များများက ကုနင်းရဲ့ နာမည်ကို ပြောကြသည်။
"ကုနင်းက အတန်းခေါင်းဆောင်ဖြစ်နိုင်မယ်လို့ ထင်ပါတယ်"
"ဟုတ်ပါတယ် ကုနင်းကပဲ အကောင်းဆုံးရွေးချယ်မှုပါ"
"ကုနင်းက အသင့်တော်ဆုံးပဲ"
“ကုနင်းပါ…” ကျောင်းသားအများစုက ကုနင်းရဲ့ နာမည်ကို ပြောကြသည်။ တချို့ကျောင်းသားတွေကလည်း နာမည်အမျိုးမျိုးပြောကြပေမဲ့ ကုနင်းနာမည်ခေါ်သံက တခြားသူတွေထက် အများကြီးပိုကျယ်သည်။
တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြပြီး အနည်းငယ်သာ အချင်းချင်း ရင်းနှီးကြပေသည်။ အတန်းပိုင်ဆရာက သူတို့နာမည်ကို ခေါ်ပေမယ့် အများကြီး မမှတ်မိကြပေ။
ကုနင်းကိုတော့ အတန်းရှိလူတိုင်းကသိသည်။ ထို့အပြင် သူမတွင် ထူးချွန်သော အရည်အချင်းများ ရှိသောကြောင့် ကျောင်းသားအများစုက သူမသည် သူတို့၏အတန်းခေါင်းဆောင်အတွက် အသင့်တော်ဆုံးလူဟု ယုံကြည်ကြသည်။
သို့သော်လည်း လူတိုင်းကတော့ ကုနင်းကို အတန်းခေါင်းဆောင် မဖြစ်စေချင်ကြပေ။ တချို့က သူကိုယ်တိုင် အတန်းခေါင်းဆောင်ဖြစ်ချင်ကြသည်။
အတန်းကိုယ်စားလှယ်ဖြစ်ရခြင်းသည် ကိုယ်ကိုယ်တိုင်၏ အရည်အချင်းကို လေ့ကျင့်ရန် အခွင့်ကောင်းတစ်ခုဖြစ်သောကြောင့် အချို့သောသူတို့သည် မိမိကိုယ်ကို သက်သေပြရန် ဤအခွင့်အရေးကို လိုအပ်ေပသည်။
ကံမကောင်းစွာပဲ လူတိုင်းနီးပါးက ကုနင်းရဲ့ နာမည်ကို ခေါ်နေကြတာမို့ အတန်းခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့သူတွေက သူတို့ကိုယ်သူတို့ အကြံမပြုရဲကြပေ။
“ကောင်းပြီ ငြိမ်ငြိမ်နေ” ဟယ်ချီဟန်ကပြောပြီးနောက် စာသင်ခန်းသည် တိတ်ဆိတ်သွားသည်။
ဟယ်ချီဟန်က ကုနင်းဆီကို လှည့်ပြီး “ကုနင်း လူတိုင်းက မင်းကို အတန်းခေါင်းဆောင် ဖြစ်စေချင်တယ်။ မင်းရောဘယ်လိုထင်လဲ?" ကုနင်းကို အကောင်းဆုံးရွေးချယ်မှုဟု ယုံကြည်ထားသော်လည်း သူမ၏ထင်မြင်ယူဆချက်များကို တောင်းဆိုရန် လိုအပ်နေသေးသည်။ သူမကို အတန်းခေါင်းဆောင်အဖြစ် အတင်းအကြပ်လုပ်ခိုင်းရန် ဆန္ဒမရှိပေ။
ကုနင်းသည် အတန်းခေါင်းဆောင်အဖြစ် ကောင်းကောင်းလုပ်ရန် အလွန်လွယ်ကူကြောင်း ဟယ်ချီဟန်က သိထားသော်လည်း ကုနင်းသည် ကျောင်းတွင်နေထိုင်မှာ မဟုတ်သည့်အပြင် အတန်းပုံမှန်မတက်နိုင်ကြောင်းဟူသော သဘောတူညီချက်ဖြင့် မြို့တော်တက္ကသိုလ်တွင် ပညာသင်ကြားရန် သဘောတူခဲ့ကြောင်း သူသိထားသည်။ မြို့တော်တက္ကသိုလ်က လက်ခံတဲ့အတွက် ဟယ်ချီဟန်က ဒါကို မကန့်ကွက်ပါ။
ထိုအခြေအနေမျိုးတွင် ကုနင်းသည် ကျောင်းတွင် အချိန်များစွာရှိမည်မဟုတ်သောကြောင့် သူမသည် ထိုနေရာအတွက် မသင့်လျော်ပေ။
"အားလုံးရဲ့ထောက်ခံချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မအတန်းခေါင်းဆောင် မဖြစ်နိုင်မှာ ဆိုးရတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်မမှာ စီမံခန့်ခွဲဖို့ ကုမ္ပဏီတွေ အများကြီးရှိတယ်၊ ဒါကြောင့် အတန်းကို စီမံခန့်ခွဲဖို့ ကျွန်မမှာ အချိန်အများကြီး မရှိဘူး။ တောင်းပန်ပါတယ်" ကုနင်းက ငြင်းသည်။ သူမသည် အနာဂတ်တွင် အတန်းများ ပုံမှန်တက်နိုင်မည်မဟုတ်သောကြောင့် အတန်းခေါင်းဆောင်ဖြစ်နိုင်စွမ်းမရှိပေ။
အဲဒါကို သိလိုက်ရတော့ ကျောင်းသားအများစု စိတ်ပျက်သွားပေမယ့် သူတို့ နားလည်နိုင်ကြသည်။ ကုနင်းသည် သူမ၏ နာမည်အောက်တွင် ကုမ္ပဏီများစွာရှိသောကြောင့် အလုပ်များလိမ့်မည်ဖြစ်သည်။
အတန်းခေါင်းဆောင်ရာထူးကို ယှဉ်ပြိုင်လိုသော ကျောင်းသားများသည် ကုနင်းငြင်းဆိုသောအခါ စိတ်သက်သာရာရသွားကြသည်။ လက်ရှိတွင် ယာယီအတန်းခေါင်းဆောင်တစ်ဦးသာ လိုအပ်သော်လည်း ကျောင်းသားသည် အလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်ပါက အဆိုပါရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
"ကောင်းပြီ၊ ကုနင်းငြင်းလိုက်တော့ ငါတို့နောက်ထပ်ကျောင်းသားကို ရွေးရမယ်" ဟု ဟယ်ချီဟန်က ပြောသည်။
“ဆရာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဆုံတာ မကြာသေးလို့ တစ်ယောက်အကြောင်း တစ်ယောက် သိပ်မသိကြသေးတာ ဒီနေရာကို ဘယ်သူ လိုချင်လဲလို့ မေးရင်ရော” ဟု ကျောင်းသားတစ်ဦးက ပြောသည်။
"ဟုတ်ပြီ အတန်းခေါင်းဆောင်ဖြစ်ချင်တဲ့သူတစ်ယောက်ရှိလား" ဟယ်ချီဟန် က ချက်ချင်းမေးလိုက်သည်။ လူအများစုသည် တခဏအတွင်း တိတ်ဆိတ်သွားကြသည်။ အများစုမှာ အတန်းကိုယ်စားလှယ်ဖြစ်ရန် စိတ်မဝင်စားကြသော်လည်း ယင်းကို စိတ်ဝင်စားသူများသည် မိမိတို့ကိုယ်ကို အကြံပြုရန် အနည်းငယ်ရှက်ရွံ့ကြသည်။
"ဘယ်သူမှမရှိဘူးလား?" ဟယ်ချီဟန်သည် သူ၏ မလှုပ်မယှက် ကျောင်းသားများအတွက် အနည်းငယ် စိတ်ပျက်သွားသည်။ တကယ်တော့ ဆရာတွေက သူတို့ကိုယ်သူတို့ သိပ်ဂုဏ်မြောက်မနေသရွေ့ တက်ကြွတဲ့ ကျောင်းသားတွေကို ပိုသဘောကျသည်။ လူတစ်ယောက်ရဲ့ သဘောထားက အရေးကြီးဆုံးပါ။
"ဆရာ၊ ကျွန်တော် အထက်တန်းတုန်းက အတန်းခေါင်းဆောင်ဖြစ်ဖူးလို့ အခုလည်း ကြိုးစားကြည့်ချင်တယ်" ထိုအချိန်တွင် ကျောင်းသားတစ်ဦးက မတ်တပ်ထရပ်သည်။
"ကောင်းပြီ မင်းက ယာယီအတန်းခေါင်းဆောင်လုပ်လိုက်တော့" ဟယ်ချီဟန်က မနှောင့်နှေးဘဲ သဘောတူလိုက်တယ်။ ကျောင်းသားသည် အထက်တန်းကျောင်းတွင် အတန်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သောကြောင့် အတွေ့အကြုံရှိပြီး လုပ်နိုင်စွမ်းရှိသူဖြစ်ရမည်။
"ကိုယ့်ကိုကိုယ်ပြန်မိတ်ဆက်လို့ရမလား မင်းကို လူတိုင်းမမှတ်မိမှာဆိုးလို့” လို့ ဟယ်ချီဟန်က ဆိုသည်။ သူကိုယ့်ကိုယ်ကိုယ် တစ်ကြိမ် မိတ်ဆက်ဖူးပေမယ့် လူတိုင်းက သူ့ကို မမှတ်မိကြပေ။ သူ့ကိုယ်သူ ပြန်မိတ်ဆက်ပြီးရင် တခြားကျောင်းသားတွေအတွက် သူ့ကို မှတ်မိဖို့ ပိုလွယ်လိမ့်မည်။
“ရပါတယ် ကျွန်တော်နာမည်က လုခိုင်ရွှမ် ပါ။ ကျွန်တော်က Cမြို့ ကဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အတန်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ရလို့ အလွန်ဝမ်းသာပါတယ်။ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ပါမယ်။ အမှားများပါခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ အမှားကို ပြင်ဖို့လည်း တွန့်ဆုတ်မှာ မဟုတ်ပါဘူး" ဟု လုခိုင်ရွှမ် မှပြောကြားသည်။ သူ့ကိုယ်သူ အကြံပြုသော်လည်း မာနကြီးပုံမပေါ်။ အဲဒီအစား သူက အတော်လေး ကျိုးနွံသည်။
သီးခြားမိတ်ဆက်ပြီးနောက် အတန်းရှိ အခြားကျောင်းသားအားလုံးက သူ့ကို သိသွားကြသည်။ ထို့နောက် လက်ထောက်အတန်းခေါင်းဆောင်ကို ရွေးချယ်ရန် လိုအပ်လာသည်။
လက်ထောက်အတန်းခေါင်းဆောင်သည် မိန်းကလေးဖြစ်ခဲ့ပြီး သူမလည်း ကိုယ်တိုင် အကြံပြုခဲ့သည်။ သူမသည် အထက်တန်းကျောင်းတက်စဉ်တွင် သင်ကြားရေးတာဝန်ခံဖြစ်ခဲ့သည်။
အတန်းကိုခေါင်းဆောင်ရန်အတွက် အတန်းခေါင်းဆောင်နေရာနှင့် အတွေ့အကြုံရှိသည့် ကျောင်းသားများက ပိုမိုကောင်းမွန်ပေသည်။ အကြောင်းမှာ သူတို့သည် ပြဿနာကြုံလာသောအခါတွင် အရှုံးပေးမည်မဟုတ်ပေ။
အတန်းခေါင်းဆောင်နှင့် လက်ထောက်အတန်းခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဟယ်ချီဟန်သည် ကျောင်းသားများအား အချို့အရာများကို သတိထားရန် သတိပေးခဲ့ပြီးနောက် အစည်းအဝေးပြီးဆုံးသွားခဲ့သည်။ တစ်နာရီနီးပါးကြာတာမို့ နေ့လည်စာစားချိန်ရောက်ပါပြီ။
အမှန်တကယ်တော့ ကျောင်းသားတော်တော်များများက ကုနင်းနဲ့ ရင်းနှီးချင်ပေမယ့် ထမင်းစားဖို့ ဖိတ်ခေါ်ဖို့ မဝံ့မရဲဖြစ်နေသည်။ နောက်ဆုံးတော့ ကုနင်းနဲ့ သူတို့ဟာ ဝေးကွာတယ်ဆိုတဲ့ ခံစားချက် ရနေတုန်းပါပဲ။
***
အခန်း ၁၈၀၀ ရေတွင်းထဲမှာ အရိုးစုရှိတယ်
ကုနင်း၏ စိတ်နေသဘောထားသည် အလွန်ကောင်းမွန်သော်လည်း၊ သူမ၏ အောင်မြင်မှုများသည် သူမနှင့် နီးစပ်နိုင်သည်ဟု ခံစားရစေရန် ကြီးမားလွန်းလှသည်။ ကုနင်းသည် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူတို့သည် သာမန်ကောလိပ် ကျောင်းသားများသာဖြစ်သည်။ ကုနင်းကတော့ အဲဒါကို သိပ်ဂရုမစိုက်ပါ။
ဒီနေ့နေ့လည်ကျောင်းမှာ ဘာကိစ္စမှမရှိလို့ သူ့ကုမ္ပဏီကို ထွက်လာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုကို မနက်ဖြန်မနက်မှာ စတင်တော့မှာဖြစ်လို့ ကုနင်းက ဒီည အဆောင်မှာနေမှာပါ။ အထူးဆက်ဆံမှု ခံယူထားသော်လည်း မလိုအပ်ပါက ကျောင်းမှထွက်မည်မဟုတ်ပေ။
ကုနင်းထွက်လာတဲ့လမ်းမှာ သူမဟာ အမြဲလိုလိုလို အာရုံစိုက်မှုများစွာကို ဆွဲဆောင်ခဲ့သည်။ အချို့က သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကို စွဲဆောင်ကြပြီး အချို့က သူမကို မှတ်မိကြသည်။
သူမကို မှတ်မိပြီးနောက်မှာတော့ လူတော်တော်များများက သူမအကြောင်းကို အသံတိုးတိုးနဲ့ ပြောခဲ့ကြသည်။ သူတို့က သူမကို နှုတ်ဆက်ချင်ပေမယ့် သတ္တိမရှိကြပေ။
ကုနင်းသည် မာနကြီးသူမဟုတ်သော်လည်း သူစိမ်းများနှင့် ခပ်ဝေးဝေးနေလေ့ရှိသည်။ တကယ်တော့ သူမဟာ သူမအပေါ်ကောင်းတဲ့သူတေွ အပေါ်ကိုတော့ ကြင်နာပါသည်။
ကျောင်းဝင်းတံခါးဝသို့ ရောက်သောအခါ ကုနင်းသည် ကျင့်ကြံသူ၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
ကုနင်းသည် ပိုင်လီကျုံးရွှယ်ကိုသာသိပြီး ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကြောင့် သူမနောက်လိုက်ခဲ့သော ကျင့်ကြံသူသည်လည်း မြို့တော်တက္ကသိုလ်တွင် ပေါ်လာနိုင်သည်။
ကျင့်ကြံသူ၏အဆင့်အရ ၎င်းသည် ပိုင်လီကျုံးရွှယ် မဖြစ်နိုင်ပါ။ ထို့ကြောင့် ၎င်းသည် ကျောက်စိမ်းကြောင့် သူမနောက်သို့ လိုက်ခဲ့သော ကျင့်ကြံသူဖြစ်ရမည်။
ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို ချက်ချင်းအသုံးပြုလိုက်သောအခါ အမှန်ပင် ထိုကျင့်ကြံသူဖြစ်နေသည်။ သူမသည် စိတ်အနှောက်အယှက်မဖြစ်သလို သူ့ကို ရှောင်ရန်လည်း ရည်ရွယ်ချက်မရှိပေ။ အဲဒီအစား သူမ အပြင်ကို ဆက်လျှောက်သွားသည်။
မြို့တော်တက္ကသိုလ် တံခါးပေါက်၏ ညာဘက်တွင် မြို့တော်တက္ကသိုလ်၏ ဆရာများနှင့် ကျောင်းသားများအတွက် အထူးသတ်မှတ်ထားသည့် မြေအောက်ကားပါကင်တစ်ခုရှိသည်။
ကုနင်းပေါ်လာသည်နှင့် ကျင့်ကြံသူသည် သူမကို စိုက်ကြည့်နေသည်။ ထို့နောက် ကုနင်းသည် ကားပါကင်ဆီသို့ တည့်တည့်သွားခဲ့သည်။ သူမသည် ကားကို မောင်းထုတ်ပြီး ထွက်သွားသည်။
စက္ကန့်အနည်းငယ်ကြာတော့ သူမနောက်က ကားတစ်စီးကို တွေ့လိုက်ရပြီး ကျင့်ကြံသူလည်း အဲဒီထဲမှာ ရှိနေသည်။
ကုနင်းသည် ခဏလောက်စဉ်းစားနေသည်။ သူ့ကျောင်းမှာ ဘာကိစ္စမှ မရှိတော့လို့ ဒီနေ့ နေ့လည်က သူ့ကုမ္ပဏီကို သွားဖို့ ဆုံးဖြတ်ထားသည်။ အခုက ဤကျင့်ကြံသူနှင့် ဆက်ဆံရန် အချိန်တန်ပြီ။ သူက အဆင့်အတန်းမြင့်ပေမယ့် ကုနင်းကသူ့ကို မကြောက်ပါ။
မြို့တော်တက္ကသိုလ်၏ ညာဘက်မနီးမဝေးတွင် အမျိုးသားဧကရာဇ်နန်းတော်ပန်းခြံရှိသည်။
ချင်မင်းဆက်၏ ဧကရာဇ်များ၏ သီးသန့်ဥယျာဉ်ဖြစ်သည်။ ၃၅၀ ဟက်တာကျော်ရှိ မြေကွက်ပေါ်မှာ ရှိပေသည်။ ၎င်း၏ အဆောက်အဦးဧရိယာသည် စတုရန်းမီတာ နှစ်သိန်းအထိ ရှုခင်းပေါင်း ၁၅၀ ကျော်ထိရှိသည်။ ၎င်းကို "ဥယျာဉ်များရဲ့ဥယျာဉ်" ဟုလည်းခေါ်ဆိုကြသည်။
နွေရာသီတွင် ချင်မင်းဆက်၏ ဧကရာဇ်များသည် နွေရာသီအပူဒဏ်မှ လွတ်မြောက်ရန်၊ နိုင်ငံရေးနားထောင်ရန်နှင့် စစ်ရေးကိစ္စများကို ကိုင်တွယ်ရန် ဤနေရာသို့ ရောက်ရှိလာသောကြောင့် “နွေရာသီနန်းတော်”ဟု အခြားအမည်တစ်ခုလည်း ပေးခဲ့သည်။
ယနေ့ခေတ်တွင် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာပြီး မရေမတွက်နိုင်သော ခရီးသွားများ နေ့စဉ်လာရောက်လည်ပတ်ကြသော်လည်း အမျိုးသား တော်ဝင်နန်းတော်ဥယျာဉ်သည် အလွန်ကျယ်ဝန်းသောကြောင့် မဖွံ့ဖြိုးသေးသော နန်းတော်များနှင့် ခြံဝင်းများစွာရှိ၍ လူမ၀င်ရန် တားမြစ်သည့် ဆိုင်းဘုတ်များတပ်ဆင်ထားသည်။
ထို့ကြောင့် ကုနင်းနှင့် ကျင့်ကြံသူသည် ထိုဝေးလံသော နန်းတော်များနှင့် ခြံဝင်းများတွင် တိုက်ခိုက်ပါက မည်သူမျှ သိမည်မဟုတ်ပေ။
တစ်ယောက်က သူတို့ကို မြင်ခဲ့ရင်တောင် ကုနင်းက ဘယ်သူမှ ဒုက္ခရောက်အောင် ပြသနာထဲ၀င်ပါဖို့ ဆန္ဒရှိမှာ မဟုတ်ဘူးလို့ ယုံကြည်သည်။ ထို့ကြောင့် ကုနင်းသည် အမျိုသားတော်၀င်နန်းတော်ဥယျာဉ်သို့ သွားခဲ့သည်။
ကျင့်ကြံသူသည် သူ့ကိုယ်သူဖော်ထုတ်ပြီးသားဖြစ်ကြောင်း မသိသောကြောင့် သူမနောက်သို့ လိုက်သွားခဲ့သည်။
ပန်းခြံသို့ရောက်ပြီးနောက် ကုနင်းသည် ကားပေါ်မှဆင်းကာ လက်မှတ်ဝယ်ရန် သွားခဲ့သည်။
အဲ့ဒါကိုမြင်တော့ ကျင့်ကြံသူက ကုနင်းက ဒီကိုလာလည်တာလို့ စဉ်းစားမိသည်။ သူမသည် ဤနေရာတွင် တစ်ယောက်တည်း လာသည်မှာ သာမန်ပင်။ သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိကောင်းရှိနိုင်ပေမယ့် သူ့သူငယ်ချင်းတွေက စောစောလာတာဖြစ်နိုင်ပြီး ဒါမှမဟုတ် မလာသေးတာလည်းဖြစ်နိုင်သည်။
သူမသည် ဒီတိုင်းလမ်းလျှောက်ရန်အတွက် ဤနေရာကို လာတာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူက မည်သည့် သံသယမှမရှိပေ။ ထို့အပြင် ကျင့်ကြံသူသည် ကုနင်းကို အလွန်ပေါ့ပေါ့တန်တန် သတ်မှတ်ထားသည်။ သူမသည် အခြားသတ္တဝါများနှင့် ယှဉ်လျှင် သန်မာသော်လည်း၊ သူ့ကိုတော့ ယှဉ်နိုင်မယ်လို့ မထင်ပေ။
ယနေ့ အမျိုးသားတော်ဝင်နန်းတော်ပန်းခြံတွင် လာရောက်လည်ပတ်သူ အများအပြား ရှိခဲ့သည်။ တကယ်တော့ မိုးမရွာသရွေ့ ပန်းခြံက ဧည့်သည်တွေနဲ့ အမြဲပြည့်လျက်ရှိပါသည်။
အထူးသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြို့တော်သို့ လူသစ်များ ရောက်လာသောကြောင့် ခရီးသွားများ ပိုမိုများပြားလာခဲ့သည်။ သူတို့ဟာ အားလပ်တဲ့အချိန်တိုင်း မြို့ထဲတွင် လည်ပတ်ကြသည်။
အမျိုသားတော်၀င်နန်းတော်ပန်းခြံသည် ချင်မင်းဆက်ရှိ ဧကရာဇ်ဥယျာဉ်တစ်ခုဖြစ်ပြီး သမိုင်းဝင်နေရာတစ်ခုဖြစ်၍ မည်သည့်ဧည့်သည်မှ လက်လွတ်မခံချင်ပါ။ အထူးသဖြင့် အားလပ်ရက်များတွင် အလွန်စည်ကားပါသည်။
ဒီနေ့ မနက်က အစည်းအဝေးရှိ၍ ဒီကို မရောက်ဖူးသေးတဲ့ ကျောင်းသားတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် နေ့လည်စာ စားချိန်ရောက်ပြီမို့ သူတို့ဒီကို သိပ်မကြာခင် လာနိုင်သည်။
ကုနင်းသည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။
လက်မှတ်ဝယ်ပြီးနောက် ကုနင်းသည် ပန်းခြံထဲသို့ လျှောက်သွားပြီး ကျင့်ကြံသူက နောက်မှ လိုက်သွားခဲ့သည်။
ကုနင်းသည် ကျင့်ကြံသူအား လူနည်းကာ ဝေးလံသော ပန်းခြံတစ်ခုသို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းသည် ကျင့်ကြံသူ၏ သံသယကို နှိုးဆွနိုင်သောကြောင့် သိသာစွာ မလုပ်ဆောင်နိုင်ခဲ့ပေ။ အကြောင်းပြချက်မရှိဘဲ ဝေးလံခေါင်သီသောအရပ်သို့ မည်သူမျှ လမ်းလျှောက်မည်မဟုတ်ပါ။ သူမဟာ ဒီပန်းခြံရဲ့ အဝေးဆုံးထောင့်ကို သွားလိုက်သည်။
ကုနင်းက သူ့ကို သတိပြုမိနေပြီဆိုတာကို ကျင့်ကြံသူက မသိသေးပါ။ အကယ်၍ သူမသတိမထားပဲနေပါက ကျင့်ကြံသူသည် တစ်ခုခုမှားနေပြီဟု ယူဆနိုင်သည်။ ကျင့်ကြံသူနဲ့ ဆက်ဆံရတာ မလွယ်ပေ။
ထို့ကြောင့့် ကုနင်းသည် သူမပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုပြီး နန်းတော်ဆီသို့ လျှောက်သွားရင်း လျှို့ဝှက်တစ်ခု ရှိ ဟန်ဆောင်ခဲ့သည်။
ကုနင်းသည် အမျိုသားတော်၀င်နန်းတော်ဥယျာဉ်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး သူမနှင့် မရင်းနှီးခဲ့ပေ။ ကံကောင်းစွာနဲ့ပဲ သူမမှာ ကျောက်စိမ်းမျက်ဝန်း တစ်စုံရှိတာကြောင့် ဘယ်နန်းတော်က လွတ်နေလဲဆိုတာ အလွယ်တကူ ရှာတွေ့နိုင်မှာပါ။
ကုနင်း၏ အပြုအမူကို မြင်လိုက်ရတော့ ကျင့်ကြံသူသည် သူမတွင် လျှို့ဝှက်ချက်များ ဝှက်ထားသည်ဟု ချက်ချင်းယုံကြည်ခဲ့သည်။ ထို့အပြင် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းနှင့် သက်ဆိုင်သည်ဟု သူထင်သည်။ သူမသည် ဤနေရာတွင် ကျောက်စိမ်းကို ဝှက်ထားနိုင်သည်ဟု သူထင်ခဲ့သည်။
ဒါဟာ သူ့ရဲ့ ခန့်မှန်းချက်ဖြစ်ပြီး ဖြစ်နိုင်ခြေ မြင့်မားတယ်လို့တော့ သူ မထင်ပါ။ ဘာပဲဖြစ်ဖြစ် အထူးသဖြင့် ဒီအချိန်မှာ သူမနောက်ကို လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ဝေးလံခေါင်သီတဲ့ အရပ်ကို ရောက်သွားသရွေ့ သူမကို ဘယ်သူမှ မသိဘဲ တိုက်ခိုက်ဖို့ အခွင့်ကောင်း ရပါလိမ့်မည်။
ကုနင်းသည် လူစုလူဝေးနှင့် ဝေးရာသို့ လျှောက်သွားကာ တားမြစ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် သူမ မဆိုင်းမတွ ဝေးလံသော ခြံတစ်ခြံဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် ကျောက်စိမ်းမျက်ဝန်း ရှိသောကြောင့် ဤနေရာရှိ အရာအားလုံးနှင့် ရင်းနှီးနေပုံရသည်။
သူတို့သည် ကမ္ဘာလှည့်ခရီးသည်များနှင့် ဝေးပြီး ၎င်းတို့ပတ်ဝန်းကျင်တွင် အခြားမည်သူမျှမရှိသော်လည်း ကျင့်ကြံသူသည် ကုနင်းကို ယခုချက်ချင်းတိုက်ခိုက်ရန် အလျင်စလိုမလုပ်ဆောင်ခဲ့ပေ။ ကုနင်းအဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာသည်ကို သိချင်သည်။ တစ်ချိန်တည်းမှာပင် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောင်စိမ်း နှင့်ပတ်သက်သည့် သဲလွန်စများကို ရှာတွေ့နိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။
ကုနင်းသည် ကျောက်စိမ်းမျက်ဝန်း၏အကူအညီဖြင့် သူမရှေ့ရှိအရာများကို မြင်ရသည်။ ၁၀ မီတာခန့်အကွာ သူမသည် အလယ်ဗဟိုတွင် ရေတွင်းတစ်ခုပါသော စွန့်ပစ်ထားသော ခြံဝင်းတစ်ခုကို တွေ့လိုက်ရသည်။ ရေတွင်းမှ အဖြူရောင်နှင့် အနက်ရောင် မီးခိုးလုံးများ ထွက်လာပြီး အတော်လေး ပေါ့ပါးသောကြောင့် ကုနင်းသည် ၎င်းတို့ကို ယခုအချိန်တွင်သာ မြင်သော်လည်း မခံစားရပေ။
သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ရေတွင်း၌ မကောင်းသောအရာများ ရှိရမည်။ ထို့နောက် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြု၍ ရေတွင်းရှိ အရာများကို ကြည့်ရှုသည်။
ရေတွင်း၏အတွင်းပိုင်းသည် ခန်းခြောက်နေပြီဖြစ်ပြီး ရေတွင်းအောက်ခြေတွင် အရိုးစုနှစ်ခုရှိနေသည်။