← Chapters

အခန်း (၁၈၀၁-၁၈၀၆)

Vol. 112 Ch. 1801-1806

အခန်း (၁၈၀၁-၁၈၀၆)

Vol. 112 Ch. 1801-1806

အခန်း ၁၈၀၁ နှမြောစရာပဲ!

အကွာအဝေးရှိနေဆဲဖြစ်သောကြောင့် ကုနင်းသည် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ ထို့‌ကြောင့် အနီးကပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ စွန့်ပစ်ထားတဲ့ ခြံနားကို ရောက်သွားတာနဲ့ ကုနင်းဟာ ရေတွင်းအောက်ခြေကနေ ယင်ဓာတ်ကို ခံစားလိုက်ရသည်။

ကုနင်းက အထဲကို လျှောက်သွားပေမယ့် ရေတွင်းအောက်မှာ ဘာကြောင့် အရိုးစုတွေ ရှိနေတယ်ဆိုတာ အဖြေရှာဖို့ အချိန်မရပါပေ။ သူမ ကိုင်တွယ်ဖြေရှင်းရမယ့်အရာက ကျင့်ကြံသူကိုပါ။

"အခုထွက်လာခဲ့ပါ! ရှင် ကျွန်မနောက်ကို ရက်အတော်ကြာအောင် လိုက်ခဲ့ပေမဲ့ ကျွန်မကို တိုက်ခိုက်ဖို့ အခွင့်အရေး မရသေးဘူးမလား။ ရှင့်အတွက် ခက်ခဲနေရှာမှာပေါ့” ဟု ကျင့်ကြံသူ မထွက်လာမီ ကုနင်းက လှောင်ပြောင်ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူ့ကိုရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် သူ့သဘောအတိုင်း ပေါ်လာရန် စောင့်နေစရာ မလိုတော့ပေ။ ထို့အပြင် သူမသည် အစပြု၍ အသံကျယ်ကျယ်ပြောနိုင်လျှင် သူမဟာ ပိုသန်မာမည်ဖြစ်သည်။

ပုန်းနေသော ကျင့်ကြံသူက ထိတ်လန့်သွားသည်။ ကုနင်းက သူ့ကိုပြောနေတာလားလို့ သူ သိချင်သည်။ သေမျိုးက သူ့ကို ရှာဖွေတွေ့ရှိနိုင်တာကို မယုံနိုင်ပေ။ သို့သော် ကုနင်းက သူ သူမကို ရက်အတော်ကြာအောင် လိုက်နေမှန်း သူမသိကြောင်း ပြော၍ ထိုအရာက အမှန်တရားဖြစ်သည်။ ဤရက်များအတွင်း သူသည် သူမနောက်သို့သာ လိုက်နေခဲ့သည်။ ဒီလိုလုပ်တဲ့သူက တခြားတစ်ယောက်မှမရှိပေ။ သူ့ကို ဘယ်လိုရှာတွေ့သွားတာလဲ။

“ဟေ့ ငါနဲ့ ငါးမီတာအကွာ နံရံနောက်ကလူ။ ရှင့်ကို ပြောနေတာ။ အခုထွက်လာလိုက်ပါ။ ရှင် ကျွန်မကားကို ဖျက်ဆီးသွားတာကို အရင်ဖြေရှင်းသင့်တယ်!" ကျင့်ကြံသူက ထွက်လာဖို့ တုံ့ဆိုင်းနေတာကို မြင်လိုက်ရတော့ ကုနင်းက သူဘာတွေ တွေးနေလဲဆိုတာ သဘောပေါက်သွားသည်။

ထိုအချိန်တွင် ကျင့်ကြံသူသည် ကုနင်းက သူ့ကို ပြောနေမှန်း သေချာသွားသည်။ သူမသည် အရာအားလုံးကို သိ‌နေသောကြောင့် ချက်ခြင်းပင် တုန်လှုပ်သွားသည်။

ထိုအခြေအနေတွင် သူမသည် နောက်ဆုံးတစ်ကြိမ် ချန်လင်တောင်တွင် သူ့ကို သိသွားတာ ဖြစ်ရမည်ဖြစ်သည်။

သို့ဆိုလျှင် ကုနင်းသည် ပိုင်လီကျုံးယန်နှင့် သူ့ညီမ တို့ကို သိတာလည်းဖြစ်နိုင်ပေသည်။...

ကျင့်ကြံသူသည် သူ့စိတ်ထဲမှာ မေးခွန်းများစွာရှိသော်လည်း အဖြေအတွက် ကုနင်းကို မေးရမည်။ ကုနင်းက သူ့ကိုတွေ့တာကြာပြီဖြစ်တဲ့အချက်ကြောင့် အံ့ဩသွားပေမယ့် သူမကို မကြောက်ပါ။ သူမသည် အရည်အချင်းရှိလျှင်ပင် သူမသည် သေမျိုးမျှသာဖြစ်ပြီး သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။

ထို့ကြောင့် ကျင့်ကြံသူသည် ကုနင်းကို စိုက်ကြည့်ကာ ခြံထဲသို့ ထွက်လာခဲ့သည်။ မနှောင့်နှေးဘဲ “မင်းရဲ့ကားကို ငါဖျက်စီးသွားတာမှန်း မင်းဘယ်လိုသိတာလဲ။ ဒီရက်ပိုင်း မင်းနောက်ကို ငါလိုက်နေတာရော မင်းဘယ်လိုသိလဲ"

“ကျွန်မကားတံခါး ပျက်စီးသွားတယ်၊ ဒါကြောင့် စောင့်ကြည့်ဗီဒီယိုတွေကိုကြည့်ပြီ သက်သေတွေရှာလို့ရတယ် ထူးဆန်းလို့လား။ ရှင် ကျွန်မပတ်ဝန်းကျင်မှာ ခဏခဏပေါ်လာတာကို ကျွန်မသတိထားမိတယ်။ တိုက်ဆိုင်မှုလို့ မထင်ဘူးလေ! စကားမစပ် ကျွန်မက စူးရှတဲ့ အာရုံနဲ့မွေးဖွားလာလို့ လူတစ်ယောက်က အချိန်အကြာကြီး နောက်က လိုက်လာရင် ခံစားနိုင်တယ်။ ကျွန်မရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက် ကျွန်မ စောင့်ကြည့်ကင်မရာ‌တွေကို ပိုအာရုံစိုက်ကြည့်ရတယ်။ ကျွန်မရဲ့အထောက်အထားကို ရှင်သိသွားပြီဖြစ်မယ်ဆိုတာ ကျွန်မလောင်းရဲတယ် ဟုတ်တယ်မလား? ကျွန်မ လိုချင်တဲ့အခါတိုင်း စီစီတီဗီဗီဒီယိုတွေကို ကြည့်ရတာ မခက်ဘူးဆိုတာ ရှင်သိသင့်တယ်” ဟု ကုနင်းကဆိုသည်။

သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိသောကြောင့် လုံး၀လိမ်ညာပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျင့်ကြံသူသည် မျက်မှောင်ကြုတ်သွားသည်။ ကုနင်း၏စကားများသည် အဓိပ္ပာယ်ရှိသော်လည်း ၎င်းတို့အားလုံးကို မယုံပါ။

"မင်းက ငါ့ကို ဒီကို တမင်တကာ ခေါ်လာခဲ့တာလို့ ဆိုလိုတာလား" ကျင့်ကြံသူက မေးသည်။

"မဟုတ်ရင် ကျွန်မဘာလို့ဒီကိုဘာလို့လာရမှာလဲ။ ကျွန်မက နေ့တိုင်းပျော်ပါးနေတာမှမဟုတ်တာ ကျွန်မ ဒီကို အပျော်သဘောနဲ့ လာတာ မဟုတ်ဘူး” ဟု ကုနင်းက ပြောပြီး သူ့လေသံက ကျင့်ကြံသူအပေါ် လှောင်ပြောင်သရော်မှုအပြည့်နဲ့ပြောခဲ့ခြင်းပင်။

"မင်း ထိခိုက်မှာကို မကြောက်ဘူးလား" ကျင့်ကြံသူသည် ကုနင်းကို စိုက်ကြည့်နေသည်။

"ရှင် ကျွန်မအကြောင်း အချက်အလက်တွေ ရှာထားတယ်ဆိုကတည်းက ကျွန်မက အားနည်းတဲ့သူ မဟုတ်ဘူးဆိုတာ ရှင်သိရမယ်။ ဆန့်ကျင်ဘက်ပြောရရင် ကျွန်မ ကွန်ဖူး ကောင်းကောင်း ကျွမ်းတယ်။ ကျွန်မ ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ကျွန်မရှင့်ကို အနိုင်မယူနိုင်ရင်တောင် ကျွန်မမလွတ်မြောက်နိုင်ဘူးလား" ကုနင်းက ပြောပြီး ကျင့်ကြံသူအား နှာခေါင်းရှုံ့ပြလိုက်သည်။

သူမသည် ကျင့်ကြံသူအား သူ့အရည်အချင်းများအကြောင်း ဘာမှမသိကြောင်း ယုံကြည်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ကျင့်ကြံသူသည် သူမကို ပို၍ ပေါ့ပေါ့တန်တန် သဘောလိမ့်မည်။

သူမအောင်မြင်ခဲ့သည်။ ကျင့်ကြံသူသည် ကုနင်းက မာနကြီးပြီး မိုက်မဲသည်ဟု ခံစားမိသောကြောင့် သူသည် သူမကို ပို၍ပင် ပေါ့ပေါ့တန်တန် ခံယူလိုက်သည်။ သူသည် ကျင့်ကြံသူဖြစ်ပြီး၊ ထို့ကြောင့် သေမျိုးနှင့် ဆက်ဆံရန် မလွယ်ကူနိုင်ပါ။ မည်သို့ပင်ဆိုစေ၊ အဲဒီအစား ကုနင်းနဲ့ ယဉ်ကျေးစွာ ပြောဆိုဖို့ ဆုံးဖြတ်လိုက်သည်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရင် ရန်ဖြစ်စရာ မလို‌ပေ။

"မင်းရဲ့ကား ပျက်စီးသွားလို့ တောင်းပန်ပါတယ်။ ပြန်လျော်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု ကျင့်ကြံသူက ပြောသည်။

"အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့" ဟု ကုနင်းက အံ့အားသင့်ဟန်ပြပြီး ပြောလိုက်သည်။ အမှန်တကယ်တော့ သူမဟာ မအံ့သြဘဲ ကျင့်ကြံသူ ဘာလုပ်ရန် စီစဉ်ထားသည်ကို သိ‌ပေသည်။

“ရှင် ကျွန်မကားတံခါးလော့ကိုပဲ ဖျက်ဆီးသွားပေမယ့် ကျွန်မကားက ဈေးမပေါဘူး။ သော့ကိုပြင်ဖို့ ယွမ်တစ်သောင်းကျော်ကုန်ကျတဲ့အတွက် ရှင် ကျွန်မကို ယွမ်တစ်သောင်း ပေးရင်ရပြီ။ ရှင့်ဖုန်းနဲ့ ငွေလွှဲမလား ဒါမှမဟုတ် ငွေသားနဲ့ပဲ ပေးမလား” ကုနင်းက မေးသည်။

“ငါ ပြန်မဆပ်ခင်မှာ မင်းနဲ့ သဘောတူညီချက်တစ်ခု အကြောင်းပြောဖို့ စိတ်၀င်စားမိတယ်” ဟု ကျင့်ကြံသူက ဆိုသည်။ ကုနင်းထံမှ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို ဝယ်နိုင်သရွေ့ သူက ပိုက်ဆံကို လုံးဝ ဂရုမစိုက်ပါ။ ကျောက်စိမ်းကိုယ်တိုင်က ယွမ်ငွေ သန်းသုံးဆယ် တန်ကြေးရှိပေသည်။

"အိုး ဘာကိုလဲ" အဖြေကို သူမ,သိပေမယ့် မေးလိုက်သည်။

ကျင့်ကြံသူသည် တည့်သာပြောလိုက်သည်။ "နန်းတော်ပြတိုက်က မင်းဝယ်ခဲ့တဲ့ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို ငါ့ကို ရောင်းပေးနိုင်မလား။ အဲဒါက ငါ့မိသားစု အမွေအနှစ်ပါ၊ ဒါပေမယ့် ဂူဖောက်တဲ့သူတွေက ခိုးယူသွားခဲ့တယ်။ ငါရှာနေတာ တော်တော်ကြာနေပြီ နောက်ဆုံး‌တွေ့တော့ ငါအဲဒါကိုဝယ်ဖို့ နည်းလမ်းရှာဖို့ကြိုးစားခဲ့ပေမယ့် မင်းငါ့ရှေ့မှာ မမျှော်လင့်ဘဲ ၀ယ်သွားခဲ့တယ်။ မင်းငါ့ကိုရောင်းချင်ရင် မင်းပေးရတဲ့ငွေထက် ယွမ်ဆယ်သန်း ပိုပေးနိုင်တယ်" ဒါဟာလည်း လိမ်ညာမှုတစ်ခုဖြစ်ပြီး ကုနင်းရဲ့‌စေတနာကို ရယူဖို့ ပြောခဲ့ခြင်းဖြစ်သည်။

"အိုး ရှင်က ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို လိုချင်နေတာလား။ ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လဲ! ကျွန်မအဲ့တာကို တခြားလူအတွက် ဝယ်ပေးတာ ကျွန်မဝယ်တာနဲ့ အဲဒီလူကို ပေးလိုက်ပြီးပြီ” ဟု ကုနင်းက စိတ်မကောင်းဟန်ဖြင့် ပြောသည်။

"ဘာ?" ကျင့်ကြံသူသည် အံ့အားသင့်သွားကာ ကျောက်စိမ်း၏လျှို့ဝှက်ချက်ကို ကျင့်ကြံသူများသာ မြင်နိုင်သောကြောင့် ပိုင်လီကျုံးယန်နှင့် သူ့ညီမငယ်တို့ကို ချက်ချင်း တွေးလိုက်မိသည်။ ရှေးဟောင်းချစ်သူတစ်ဦးမှ ဝယ်ယူစုဆောင်းခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက အဲဒီလူက ဘယ်သူလဲဆိုတာ သိနိုင်သည်။

"မင်းကို ဝယ်ဖို့ ဘယ်သူက ပြောတာလဲ" ကျင့်ကြံသူက မေးသည်။ ယခုအချိန်တွင် ကျင့်ကြံသူသည် ကုနင်း၏ စကားကို မှန်ကန်သလား သို့မဟုတ် သံသယဖြစ်စရာရှိသလားဟု သိပ်မစဉ်းစားမိပေ။

“တကယ်တော့ အဲဒီလူကို ကျွန်မမသိဘူး။ ကျွန်မက နန်းတော်ပြတိုက်မှာ အဆက်အသွယ်ရှိတယ်ဆိုတာ သူသိတာမို့ ကျောက်စိမ်းဝယ်ဖို့ ယွမ်ဆယ်သန်း ပေးခဲ့တယ်။ အရမ်းလွယ်တဲ့ အလုပ်ပဲလေ အဲ့တာကြောင့် ကျွန်မသဘောတူခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီတိုင်းရှေးဟောင်းပစ္စည်းပဲမလား” ဟု ကုနင်းက ဆိုသည်။

သူမသည် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းအကြောင်းကို အနည်းငယ်သာ သိသည်ဟူသော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။

***

အခန်း ၁၈၀၂ အဲ့တာတော့ ကျွန်မလည်း မတတ်နိုင်ဘူး

"မင်းငါ့ကိုလိမ်‌နေတာတော့ မဟုတ်ဘူးမလား" ကျင့်ကြံသူသည် သူမအကြောင်းပြချက်ကို ကြားပြီးနောက် သံသယ၀င်သွားသည်။ ကုနင်းသည် သာမန်ပုံပေါက်သော်လည်း သူမသည် ရိုးသားဟန်ဆောင်နေနိုင်သည်။ တကယ်တော့ သူမဟာ သာမန်မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါ။

"ကျွန်မ ရှင့်ကို ဘာလို့လိမ်ရမှာလဲ" ကုနင်းက သူမကို သံသယဝင်နေတာကို မကျေနပ်သလို လေသံနဲ့ ပြောလိုက်သည်။

"မင်း အဲဒီလူကို မသိဘူးဆိုရင် မင်းနန်းတော်ပြတိုက်မှာ အဆက်အစပ်ရှိတယ်ဆိုတာ အဲဒီလူက ဘယ်လိုသိတာလဲ" ကျင့်ကြံသူက မေးသည်။

"ကျွန်မ ရှင့်ကိုမသိပေမယ့် ရှင် ကျွန်မကိုသိတယ်! ကျွန်မကိုသိတဲ့သူတွေ အများကြီးရှိပေမယ့် ကျွန်မသူတို့ကို မသိဘူး။ လူတွေက ကျွန်မနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်မှာ အလွယ်တကူ ရှာဖွေလို့ရတယ်‌လေ” ဟု ကုနင်းက ရှင်းပြသည်။ “အင်း အဲဒီလူက ကျွန်မကို ပြတိုက်ဝန်ထမ်းတွေနဲ့ ပေါင်းသင်းနေတာတွေ့တာ”

ကုနင်း၏စကားများသည် အဓိပ္ပာယ်ရှိသော်လည်း ကျင့်ကြံသူသည် သံသယရှိဆဲဖြစ်သည်။

သူက ဆက်မေးတယ် “မင်း အနည်းဆုံး အဲဒီလူရဲ့ နာမည်ကို သိသင့်တယ် မဟုတ်လား။ သူ့ရဲ့ အသက်၊ ကျား၊ မ နဲ့ ဖုန်းနံပါတ်ကရော။ အဲဒီလူအကြောင်း ဘာမှမသိရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်သွယ်လဲ”

"ဟေ့ ရှင့်လေသံကို ပြောင်းလိုက် ကျွန်မရာဇဝတ်သားမဟုတ်ဘူး။ ရှင်ကျွန်မကိုအကူအညီတောင်းနေတာ‌လေ ရှင်သတိထားရမယ်။ ဒါ့အပြင် တဖက်လူရဲ့သဘောတူညီချက်မရှိဘဲ အခြားသူဆီ သူနဲ့ပတ်သက်တဲ့အချက်အလက်‌တွေကို ပေါက်ကြားပိုင်ခွင့်မရှိဘူး" ကုနင်းက မကျေမနပ်နဲ့ပြောသည်။

"တောင်းပန်ပါတယ် ဒါငါ့အမှားပါ။ အခုတလော ကိုယ့်ကိုကိုယ် ဂရုတစိုက်ပြုမူဖို့ အရမ်းစိတ်ရှုပ်နေလို့ပါ။ မစ္စကု ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ" ကျင့်ကြံသူသည် ချက်ချင်းပင် တောင်းပန်လိုက်သည်။ ကုနင်းပြောသလိုပါပဲ သူက သူမကို အကူအညီတောင်းနေတာဖြစ်တာကြောင့် သူမအ‌ပေါ် ကြင်နာသင့်သည်။

“အင်း ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းက ငါ့အတွက် တကယ်ကို အရေးကြီးလို့ပါ ကျေးဇူးပြုပြီး မင်း အဲ့လူနဲ့ ဒီအကြောင်းကို အရင်ပြောပြ‌ပေးလို့ရမလား။ ဒီလူက ငါ့ဆီရောင်းဖို့ သဘောတူမှာပါ”

"ကောင်းပြီလေ" ကုနင်းကပြောသည်။ ကျင့်ကြံသူကို အာရုံလွှဲရန် ကုနင်းက သူ‌ေပြာသလို ပြုမူရန် ဆုံးဖြတ်ခဲ့သည်။

ဤကျင့်ကြံသူသည် သူမအပေါ် မကြင်နာတာ မဟုတ်သောကြောင့် သူမတွင် အခြားရန်သူရှိရန် မလိုအပ်ပါ။ မည်သို့ပင်ဖြစ်စေ သူမသည် ပြဿနာရှာမည်မဟုတ်ပေ။

ကုနင်းသည် သူမ၏ ဖုန်းကို ထုတ်ကာ ထန်အိုက်နင်း ဟူသော အမည်ရှိသော နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ သူ့ကို စိတ်စွမ်းအင်အာကာပြင်ထဲမှာ ထည့်ထားတာကြောင့် ဘယ်သူမှ ကိုင်မည်မဟုတ်ပေ။

“တောင်းပန်ပါတယ် ဖုန်းမကိုင်ဘူး။ အဲ့တာတော့ ကျွန်မလည်း မတတ်နိုင်ဘူးလေ" ဟု ကုနင်းကပြောသည်။

ကျင့်ကြံသူက စိတ်ဆိုးသွားသည်။ အချိန်အတော်ကြာအောင် ဖုန်းမြည်သံကိုလည်း ကြားနေရသော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိပေ။ ကုနင်းသည် ကျပန်းဖုန်းခေါ်နိုင်သည်ဟု သူခံစားမိသော်လည်း ၎င်းကို ထောက်ပြရန် အလွန်အားနာမိသည်။

ကျင့်ကြံသူသည် ကုနင်းက ဟန်ဆောင်နေတာသာ ဖြစ်နိုင်တယ်လို့ ခံစားမိတာကြောင့် သူမနဲ့ပတ်သက်တဲ့ အသစ်အဆန်းတွေကို ရှာတွေ့နိုင်မလားဆိုတာကို ဆက်ပြီး ထောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

အကြမ်းဖက်မှုကို အသုံးချမယ် ဆိုရင်တောင် အခုအချိန်က မသင့်တော်ပါ။

"မစ္စကု ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ။ အဲ့လူက မင်းကို ပြန်ခေါ်ရင် ငါ့ကို အကြောင်းကြားပါ” ဟု ကျင့်ကြံ‌သူက ပြောပြီး ၎င်း၏ အမည်ကတ်ကို ထုတ်ယူလိုက်သည်။ "ဒါက ငါ့နာမည်ကဒ်" သူက ကုနင်းကို ပေးလိုက်သည်။

“ဟုတ်ပါပြီ” ကုနင်းက သဘောတူပေမယ့် နောက်မှာ သူမ တကယ်လုပ်‌ပေးမှာလား ဆိုတာကတော့ နောက်ကိစ္စတစ်ခုပါပဲ။

ကျင့်ကြံသူဟာ သူမ၏စကားများကို ယုံကြည်‌လောက်မိသည် သို့မဟုတ် သူမပြောခဲ့သောစကားသည် အမှန်ဖြစ်နိုင်မည်ဟု သူမျှော်လင့်ထားတယ်ဆိုတာကို ယုံမိလောက်သည်အထိ ကုနင်းဟာ မနုံအပါ။ သူဟာ ခြေတစ်လှမ်းဆုတ်လိုက်လျှင် အံ့အားသင့်ဖွယ်ရလဒ်ကို ရရှိနိုင်သည်။

သူမပြောခဲ့တာတွေက မမှန်မဟုတ်ဘူးဆိုရင် သူဘာဆက်လုပ်သင့်တယ်ဆိုတာ သိနိုင်ဖို့ သူမနောက်ကို ဆက်လိုက်ရမည်။ နောက်ဆုံးတော့ သူ့ကျောင်းနဲ့ အဆောင်အခန်းကို သိထားပြီးဖြစ်လို့ သူမ ပျောက်မှာကို မကြောက်ပါ။

ဒါပေမယ့် ကုနင်းပြောတာတွေက အမှန်ဖြစ်နေမယ်သာဆိုရင် ကုနင်းနဲ့ အခုပဲ ငြင်းခုံလိုက်ပါက ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားရမှာပါ။

ကုနင်းကတော့ ဘယ်အရာမှ ပြောင်းလဲသွားမှာ မဟုတ်တာကြောင့် ဘာဖြစ်ဖြစ် စိတ်မ၀င်စားပါ။

"မစ္စကု မင်း အခု ငါနဲ့ အပြင်လိုက်မှာလား" ကျင့်ကြံသူက မေးသည်။

“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီမှာ ကျွန်မ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိသေးတယ် မစ္စတာသုန်းဖန်း ‌နောက်မှတွေ့တာပေါ့!" ကုနင်းက ပြောသည်။ သူ့နာမည်ကတ်ကို လက်ခံရရှိပြီးနောက် ကုနင်းသည် သူ၏နာမည်က သုန်းဖန်းချီ ဖြစ်သည်ကို သိရှိခဲ့သည်။ သူ၏မျိုးရိုးအမည်မှာ သုန်းဖန်း ဖြစ်သောကြောင့်၊ သူသည် ကျင့်ကြံရေးလောကတွင် သုန်းဖန်းမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်ရန် အလားအလာများစွာရှိနေသည်။

သုန်းဖန်းကျီယွီကြောင့် ကုနင်းသည် သုန်းဖန်းမိသားစု၏ အဖွဲ့ဝင်များအပေါ် ဆိုးရွားသော အထင်အမြင်ရှိသည်။ သုန်းဖန်းချီသည် သူမအပေါ် ကြင်နာ‌သော်လည်း ရည်ရွယ်ချက်တစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းကြောင့် ကုနင်းသည် သူ့ကို အထင်ကြီးလောက်စရာမရှိပေ။

ပဋိပက္ခကို ရှောင်ရှားနိုင်သရွေ့ သဘောထားကွဲလွဲပါက သူမအတွက် အကျိုးရှိမည်မဟုတ်သောကြောင့် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

"ကောင်းပြီ ငါအခု သွားသင့်ပြီ။ မစ္စကု ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါအုံး" သုန်းဖန်းချီသည် ကုနင်း၏စကားများအား မမှန်နိုင်ဟု သံသယရှိခဲ့သော်လည်း ထိုအကြောင်းကို သူမေးမည်မဟုတ်ပေ။ အဖြေကိုသိချင်ရင် သူမကို ဆက်ပြီး ထောက်လှမ်းနိုင်သည်။

ကုနင်းသည် ဤရက်များတွင် သူ သူမနောက်သို့ လိုက်နေကြောင်းကို တွေ့ရှိသွားသော်လည်း သူမနှင့် ဝေးဝေးကနေလိုက်ပါက နောက်တစ်ကြိမ် ထပ်မမိစေရန် တားဆီးနိုင်သည်ဟု ခံစားရသည်။

ထို့နောက် ကျင့်ကြံသူက ထွက်ခွာသွား‌တော့သည်။

ကုနင်းသည် အဝေးကို လျှောက်သွားသော ကျင့်ကြံသူအား လှမ်းကြည့်ကာ ရေတွင်း၏ အတွင်းဘက်သို့ သွားကြည့်သည်။

ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ အရိုးစုနှစ်ခုပေါ်ကို ကြည့်လိုက်သည်။

အရိုးစုနှစ်ခု၏ဘေးတွင် ကျောက်စိမ်းဆွဲကြိုးနှစ်ချောင်း ပြန့်ကျဲနေပြီး အရိုးစုတစ်ခု၏ ဦးခေါင်းပတ်လည်တွင် လက်ဝတ်ရတနာအချို့ ပြန့်ကျဲနေသည်။ အရိုးစုပုံသဏ္ဍာန်အရ တစ်ယောက်က အခြားအရိုးစု၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည်။ အောက်မှာ လဲလျောင်းနေတဲ့ အရိုးစုက ပုံစံပိုတောင့်တဲ့အတွက် ယောက်ျားလေး ဖြစ်နိုင်သည်။

အမျိုးသားအရိုးစု၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော အရိုးစုသည် အတော်လေးသေးငယ်ပြီး ၎င်း၏ ဦးခေါင်းခွံတစ်ဝိုက်တွင် လက်ဝတ်ရတနာအချို့ ပြန့်ကျဲနေ၍ အမျိုးသမီးဖြစ်ရမည်။

အဲဒါကိုမြင်တော့ ကုနင်းက သူတို့နှစ်ယောက်ဟာ သေသွားတဲ့ စုံတွဲဖြစ်နိုင်တယ်လို့ မှန်းဆခဲ့သည်။ ရေတွင်းထဲမှာ ယင်တွေရှိ၍ နာကြည်းစွာနဲ့ သေဆုံးသွားကြတာဖြစ်လိမ့်မည်။

ကုနင်းသည် အရိုးစုတစ်စုံကို ကြည့်လိုက်ရာ ရုတ်တရက် သူမ၏ မျက်လုံးများရှေ့တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ဒီရေတွင်းရဲ့ဘေးမှာ အစောင့်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဓားနဲ့ထိုးခံရပြီး ခြေတစ်ဖက်နှင့် ကန်ကျောက်ခံရပြီးနောက် ရေတွင်းထဲကို ပြုတ်ကျသွားခဲ့သည်။

ထို့နောက် ချက်ခြင်းပင် ဇိမ်ခံ မန်ချူအ၀တ်အစားများ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည်လည်း မြင်ကွင်း၏ အဆုံးတွင် ခုန်ချသွားခဲ့သည်။

အမျိုးသမီး၀တ်ထား‌သောအဝတ်အစားအရ သူမသည် ကိုယ်လုပ်တော်ဖြစ်ပုံရသည်။

ရုတ်တတရက်ပင် ကုနင်းထံတွင် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုပေါ်လာသည်။ ဧကရာဇ်မင်းသည် နွေအပူဒဏ်ကို ရှောင်ရှားရန် သူ၏ မောင်းမမိဿံများနှင့် နန်းတော်သို့ လာခဲ့သည်။ ထို့နောက်တွင် ကိုယ်လုပ်တော်တစ်ဦးနှင့် အစောင့်အကြပ်၏ ဆက်ဆံရေးကို ဖော်ထုတ်မိခဲ့ပြီး အစောင့်အကြပ်သည် ကွက်မြက်ခံရသောကြောင့် ကိုယ်လုပ်တော်သည် အချစ်ကြောင့် သေဆုံးသွားခဲ့သည်။

ကုနင်း ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ပေမဲ့ ဒါဟာ အမှတ်အသားနဲ့ နီးစပ်တယ်လို့ သူမ ခံစားရသည်။

သို့ဆိုလျှင် သူတို့၏ ရလဒ်ကို သူမ နားလည်နိုင်သည်။

တခြားအကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် တကယ့်အကြောင်းရင်းအစစ်အမှန်က ကုနင်းနဲ့ ဘာမှမဆိုင်ပါ။ ဒါဟာ သမိုင်းကြောင်းဖြစ်နေပါပြီ။ ကုနင်းသည် လောဘကြီးသူမဟုတ်သောကြောင့် လက်ဝတ်ရတနာများရယူရန်အတွက် ရေတွင်းထဲသို့ ဆင်းရန် ရည်ရွယ်ချက်မရှိပေ။

***

အခန်း ၁၈၀၃ စီးပွားရေးအတွက်ဆို ဘယ်တော့မှ ငြင်းလို့မရဘူး

ရေတွင်းထဲမှာ ယင်ရှိပေမယ့် သိပ်မထူပါ။ လူတွေသာ ဒီမှာ အကြာကြီး မနေနိုင်ရင် ထိခိုက်မှာ မဟုတ်‌ပေ။ ထို့အပြင် ဤနေရာသည် လူစုလူဝေးနှင့် ဝေးသောကြောင့် ပုံမှန်အားဖြင့် ဧည့်သည်များ ဤနေရာသို့ မရောက်ပါ။

ထို့ကြောင့် ကုနင်းသည် ၎င်းကို ရေတွင်းထဲတွင်ထားခဲ့ကာ ထွက်ခွာသွားခဲ့သည်။

သူမထွက်သွားသောလမ်းတွင် ကုနင်းသည် သုန်းဖန်းချီကိုတွေ့လိုက်သောကြောင့် သူမဖုန်းကို တမင်တကာပြန်ဖြေပြီး စိတ်ပျက်သည့် ပုံစံကို ပြလိုက်သည်။ "ကောင်းပြီ နောက်နေ့မှ တွေ့တာပေါ့" အဲဒီနောက် သူမ ထွက်သွားခဲ့သည်။

သူမသည် သုန်းဖန်းချီကို လှည့်စားရန်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။ သုန်းဖန်းချီက သူမပြောတာကို မကြားနိုင်ပေမယ့် သူ့နှုတ်ခမ်းတွေကို ဖတ်နိုင်တာကြောင့် သူမသူငယ်ချင်း မလာနိုင်ဘူးလို့ သူယုံကြည်အောင်လုပ်ပြီး အပြင်ကို ထွက်လာခဲ့သည်။

ကုနင်းမှန်ပေသည်။ သုန်းဖန်းချီက သူမပြောတာကို မကြားနိုင်ပေမယ့် သူ့နှုတ်ခမ်းနဲ့ ခန္ဓာကိုယ်ဘာသာစကားကနေ ခန့်မှန်းချက်တစ်ခု ထုတ်လိုက်သည်။ နောက်မှ သူမ ထွက်သွားတာကို သူမြင်တော့ သူ မှန်းဆတာ မှန်တယ်လို့ ထင်ခဲ့သည်။

ကုနင်းထွက်သွားပြီးနောက် သုန်းဖန်းချီသည် သူမနှင့် ပိုဝေးသောအကွာအဝေးတွင် သူမနောက်သို့လိုက်နေသော်လည်း သူ၏ အငွေ့အသက်ကို သူမခံစားနိုင်သေးသည်။

ကုနင်းက ဘာမှမစားရသေးတဲ့အတွက် အမျိုးသားတော်၀င်ပန်းခြံထဲက ထွက်လာပြီး စားသောက်ဆိုင်မှာ စားသောက်ခဲ့သည်။

အစပိုင်းတွင် ကုနင်းသည် သုန်းဖန်းချီကို ရှောင်ရန် မကြိုးစားခဲ့ပေ။ သူတို့ရှေ့မှာ မီးပွိုင့်တွေရှိတဲ့အခါ ကုနင်းက အရင်လမ်းကိုဖြတ်နိုင်သွားသော်လည်း သုန်းဖန်းချီ နောက်မီးစိမ်းတာကို စောင့်ရသည်။ ထို့ကြောင့် ကုနင်းသည် အရှိန်အဟုန်ဖြင့် မောင်းထွက်သွားပြီး သုန်းဖန်းချီ ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။

သုန်းဖန်းချီသည် ကုနင်းက သူ့ကို နောက်တစ်ကြိမ် ရှာဖွေတွေ့ရှိခြင်း ရှိ၊ မရှိ သံသယရှိသော်လည်း သူမနှင့် အဝေးမှ လိုက်သောကြောင့် ဖြစ်နိုင်မည်ဟု မထင်ခဲ့ပေ။

သုန်းဖန်းချီသည် ကုနင်း၏ တက္ကသိုလ်နှင့် အဆောင်အခန်းကို သိသောကြောင့် စိတ်မပျက်ပါ။ ကုနင်းကိုရှာတွေ့ဖို့က အရမ်းလွယ်သည်။

နေ့လည် ၂ နာရီထိုးခါနီးနေပြီမို့ သုန်းဖန်းချီလည်း ထမင်းစားဖို့သွားလိုက်သည်။

…

ကုနင်းက ကုမ္ပဏီကို လာတယ်ဆိုတာ ကေကြားတာနဲ့ အပေါ်ထပ်တက်ပြီး ကောင်းကင်တိုက်ပွဲကို တရားမဝင် ခိုးယူသူများအကြောင်း သူမနဲ့ စကားပြောသည်။

သူတို့သည် ထိုအပန်းဖြေရုံသို့ ချက်ခြင်းမသွားဘဲ အမြတ်အစွန်းရရန် ကောင်းကင်တိုက်ပွဲကိုတရားမ၀င်အသုံးပြုသည့်‌နေရာများကို သိရန်အတွက် အပန်းဖြေရုံများအားလုံးကို လျှို့ဝှက်သွားရောက်ကြည့်ရှုခဲ့သည်။ အရေးယူခြင်းမပြုမီ အထောက်အထားများ စုဆောင်းရန် လိုအပ်သည်။

သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ထိတ်လန့်သွားခဲ့ရသည်။

မြို့တော်တွင် အပန်းဖြေကစားရုံပေါင်း တစ်ရာကျော်ရှိပြီး ၎င်းတို့အနက် ၆၀ တွင် ခိုးယူမှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ အမြတ်ရဖို့အတွက် ကောင်းကင်တိုက်ပွဲကို တရားမဝင်အသုံးပြုနေသူ ၃၀ နီးပါးကို တွေ့ရှိခဲ့သည်။

မပြီးသေးပါ၊ စုံစမ်းစစ်ဆေးမှုအပြီးမှာ အရေးယူဖို့ လိုပါ‌သေးသည်။ ကုနင်းသည် အမြတ်အစွန်းရရန် ဂိမ်းကို အသုံးပြုခွင့်ပေးရန် ဆန္ဒရှိသော်လည်း မူပိုင်ခွင့်ကြေးကို ဦးစွာပေးဆောင်ရမည်ဖြစ်သည်။ ဘာမှမပေးဘဲ သူမကုမ္ပဏီကထုတ်တဲ့ ဂိမ်းကို ခိုးယူဖို့ မဖြစ်နိုင်ပါ။

“အဲဒီဂိမ်းစက်တွေကို ထုတ်လုပ်တဲ့သူရော ဘယ်လိုလဲ။ ဘယ်သူလဲဆိုတာ သိပြီးပြီလား" ကုနင်းက မေးသည်။ ထုတ်လုပ်သူသည် အဓိကတရားခံဖြစ်ပြီး ၎င်းတို့ကို ဦးစွာအပြစ်ပေးရမည်ဖြစ်သည်။

“သိပါပြီ ကျွန်တော် တတ်နိုင်သမျှ မြန်မြန် ရှာတွေ့ခဲ့တယ် သူက ကျီလင်းနည်းပညာဂိမ်းကုမ္ပဏီကိုပိုင်ဆိုင်တဲ့ဂိမ်းထုတ်လုပ်သူပါ။ ကျီလင်းနည်းပညာဂိမ်းကုမ္ပဏီ က မြို့တော်မှာရှိတဲ့ ဂိမ်းကုမ္ပဏီတစ်ခုပါ။ ပိုင်ဆိုင်မှု ယွမ် ၁.၃ ဘီလီယံခန့် ရှိပါတယ်။ သူ့သူဌေးက အသက် ၄၇ နှစ်အရွယ် လုကျီလင်း ဖြစ်ပြီး မြို့တော်အနောက်ပိုင်းရှိ ဇိမ်ခံရပ်ကွက်၊ အိမ်ယာ၈ အဆောက်အအုံ ဒီ၊ မှာနေပါတယ်။ အို သူတို့ရဲ့ ထုတ်လုပ်ရေး ဗီဒီယိုတွေကိုလည်း စောင့်ကြည့်ထားပါတယ်။ ဒီဂိမ်းစက်တွေကို သူတို့ ထုတ်လုပ်ကြောင်း သက်သေပြဖို့ ခိုင်လုံတဲ့ သက်သေတွေ ငါတို့မှာ ရှိပြီ။” ကေသည် ကျော်ကြားသော နိုင်ငံတကာဟက်ကာတစ်ဦးဖြစ်သောကြောင့် ၎င်းကိုကိုင်တွယ်ဖြေရှင်းရန် သူ့အတွက် မခက်ခဲနိုင်ပါ။

"ကောင်းပြီ ရှင် လုကျီလင်းနဲ့ အရင်စကားပြောလို့ရတယ်။ မူပိုင်ခွင့် အခကြေးငွေ ပေးဖို့ သူ့ကို ပြောပါ။ မဟုတ်ရင် ကျွန်မတို့ သူ့ကို တရားစွဲရမယ်။ စီးပွားရေးမှာ ခိုးယူမှုဆိုတာကို လုံးဝလက်မခံနိုင်‌ပေမယ့်လည်း စီးပွားရေးအတွက်ဆို ကျွန်မတို့ ဘယ်‌‌သောအခါမှ ငြင်းလို့မရဘူး။ ဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ဆို ညှိနှိုင်းရမယ်။ စုံစမ်းစစ်ဆေးမှုရလဒ်အရ ကျွန်မတို့ရဲ့ဂိမ်းကို ဂိမ်းစက်နဲ့က လူကြိုက်များတယ်။ ဒါ့အပြင် ကျွန်မတို့က သူတို့နဲ့ ပူးပေါင်းလိုက်တာနဲ့ သူတို့က သူတို့ကိုယ်တိုင် ခိုးထုတ်ထားတာကို အာရုံစိုက်လိမ့်မယ်။ ကျွန်မတို့ဆီက ခွင့်ပြုချက်သာရရင် တခြားလူတွေကို အမြတ်ခွဲဝေခွင့် ပေးမှာမဟုတ်လောက်ဘူး” ဟု ကုနင်းက ဆိုသည်။

ကုနင်းသည် သူတို့၏တရားမ၀င်အပြုအမူကို စိတ်တိုမိသော်လည်း အဖြစ်မှန်ကို ဂရုမစိုက်ဘဲ သူတို့ကို အပြစ်ပေးမည်မဟုတ်ပေ။ ပိုကောင်းတဲ့အဖြေတစ်ခုရှိခဲ့ရင် ဒီပြဿနာကိုဖြေရှင်းဖို့ ပိုကောင်းတဲ့နည်းလမ်းကို သူမရွေးချယ်မှာပါ။

"ဟုတ်ပါတယ်" ဟု ကေက ဤဂိမ်း၏ကြီးကြပ်ရေးမှူးဖြစ်ပြီး ကုနင်း၏ဆုံးဖြတ်ချက်ကို သူသဘောတူသည်။ စီးပွားရေးအကြောင်းပြောကြပြီးနောက် ကေသည် သူ့အလုပ်ဆက်လုပ်ရန် ထွက်သွားခဲ့သည်။

ခဏအကြာတွင် ကုနင်းထံ မက်ဆေ့ခ်ျအသစ်တစ်ခု‌ရောက်လာသည်။ သူမဖတ်ပြီးနောက် ယွမ်သန်းတစ်ရာကို သူမအကောင့်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိလိုက်ရသည်။ သူမသည် ထန်မိသားစုကို ဖြိုလဲခြင်းအတွက် အခကြေးငွေရမှာဖြစ်သောကြောင့် ထန်ချင်းယန်ဆီမှ ဖြစ်သည်မှာ သေချာပါသည်။

ကုနင်းသည် ထန်ချင်းယန်ကို အကြောင်းပြန်ရန် လုပ်နေသော်လည်း မကြာမီတွငိ နောက်ထပ် မက်ဆေ့ချ်တစ်ခု ရရှိခဲ့သည်။

ထန်ချင်းယန် - မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့နေ့လည်ပိုင်း အချိန်ရမလား? ဖြစ်နိုင်ရင် ငါမင်းကို ထမင်း လိုက်ကျွေးလို့ရမလား? စုန့်နန်၊ ယွေ့ချင်၊ ရှုချင်ယင်း နဲ့ ကူအန်းနာတို့ပါလာမှာ အတူတူစားလို့ရတာပေါ့”

ကုနင်း - ဘာလို့ မရရမှာလဲ။

သူတို့သူငယ်ချင်းတွေက ထန်ချင်းယန်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုကြမှာဖြစ်တဲ့အတွက် သူမမှာ အချိန်ရသရွေ့ ပျက်ကွက်မည်မဟုတ်ပါ။ နောက်ဆုံးတော့ သူမဟာ ဒီပွဲကြီးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးဖြစ်လို့ သူမရဲ့ အောင်မြင်မှုကိုလည်း ဂုဏ်ပြုခြင်းဖြစ်သည်။

ထို့နောက် ထန်ချင်းယန်သည် စားသောက်ဆိုင်၏တည်နေရာနှင့် သူကြိုတင်မှာယူထားသည့် သီးသန့်အခန်းနံပါတ်ကို ကုနင်းအား ပြောပြခဲ့သည်။

ညနေ ၅ နာရီတွင် ကုနင်းသည် လမ်းပေါ်ထွက်ခဲ့သည်။ ချိန်းထားသည့်အချိန်သည် ညနေ ၆ နာရီဖြစ်ပြီး ဟိုတယ်သို့ ကားဖြင့်ရောက်ရန် အနည်းဆုံး မိနစ် ၄၀ ကြာသည်။ ကားပိတ်ချိန်ရောက်လာတော့ လမ်းမှာ ကားအသွားအလာများ‌နေသည်။

ကံမကောင်းစွာပဲ၊ ရန်သူများသည် ကျဉ်းမြောင်းသောလမ်းပေါ်တွင် အချင်းချင်းတွေ့ဆုံရန် ကံပါလာကြသည်။

ကုနင်းဟာ စားသောက်ဆိုင်ကို ရောက်ပြီးချင်းမှာပဲ ယွမ်ရှူးယန်နှင့် ကားရပ်နားရာနေရာတွင် တွေ့ခဲ့သည်။ ယွမ်ရှူးယန်သည် ကုနင်း၏ သရုပ်မှန်ကို သိရှိထားပြီးဖြစ်သောကြောင့် သူမ၏ဇိမ်ခံကားကိုမြင်ရသည်မှာ မအံ့သြမိပေ။

သို့သော် သူတို့၏ အာဃာတကြောင့် ယွမ်ရှူးယန်သည် ကုနင်းကို မုန်းတီးစွာ ကြည့်နေခဲ့သည်။ ရန်သူများသည် တစ်ယောက်နှင့်တစ်ယောက်တွေ့ခြင်းကို အမြဲမုန်းတီးသော်လည်း ယွမ်ရှူးယန်သာလျှင် ကုနင်းအပေါ် မုန်းတီးမှုအပြည့်ရှိနေပြီး ကုနင်းသည် သူမကို ဂရုတောင် မစိုက်ပေ။

ကုနင်းသည် လူရှေ့သူရှေ့တွင် အရှက်ကွဲခဲ့ရတာက သူမဟုတ်သောကြောင့် ယွမ်ရှူးယန်၏တုံ့ပြန်မှုကို သူမ ဂရုမစိုက်ပေ။

ယွမ်ရှူးယန်သည် ကုနင်းကို မည်မျှပင် မကြိုက်သည်ဖြစ်စေ သူမသည် ယခုအချိန်တွင် ကုနင်းကို ဒုက္ခ‌ပေးမည်မဟုတ်ပေ။ ကုနင်းက လုံးဝ မပျော့ညံ့ပါ။ အနိုင်ရရန် ယုံကြည်မှုမရှိလျှင် သူမသည် ကုနင်းကို ထပ်မံစိန်ခေါ်တော့မှာမဟုတ်ပေ။

ယွမ်ရှူးယန်ရဲ့ နံဘေးမှာ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်ရှိသည်။ သူသည် ကုနင်းကို တွေ့လိုက်သည်နှင့် တစ်စက္ကန့်မျှ ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

မနှောင့်နှေးဘဲ သူမသည် ကုနင်းထံသို့ ပြေးသွားပြီး "ကုနတ်ဘုရားမ? မင်းက ကုနတ်ဘုရားမမလား?"

"ဟိုင်း ကျွန်မက ကုနင်းပါ" ကုနင်းက သူမကို ပြုံးပြုံးလေး ပြန်ပြောသည်။

ကောင်မလေးက ယွမ်ရှူးယန်နဲ့ လိုက်လာတာဆိုပေမယ့် ကုနင်းကိုတွေ့တဲ့အခါ သူမရဲ့ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုက တကယ့်အစစ်အမှန်ပင်။ ထို့အပြင် ကောင်မလေးသည် သူတို့ကြားတွင် ရန်ငြိုးထားမှုအကြောင်း ဘာမှမသိပေ။

တခြားသူတွေရဲ့ ကြင်နာမှုကိုရတာ ကုနင်းအတွက်လည်း ကောင်း‌ပေသည်။

***

အခန်း ၁၈၀၄ မြေခွေးအိုရိုင်း

ကုနင်း၏ အပြုံးသည် အလွန်ဆွဲဆောင်မှုရှိသောကြောင့် မိန်းမငယ်ကို အံ့အားသင့်စေခဲ့သည်။ သူမအပြုံးဟာ ဆန့်ကျင်ဘက်လိင်များ အချင်းချင်း ဆွဲဆောင်ခံရရုံသာမက လိင်တူချင်းလည်း အတူတူပင် ဖြစ်သည်။

ယွမ်ရှူးယန်သည် မိန်းမငယ်၏ အပြုအမူကို မြင်လိုက်သည်နှင့် မကျေမနပ်ဖြစ်သွားသော်လည်း ကုနင်း၏ အပြုံးသည် ရင်သပ်ရှုမောဖွယ် ဖြစ်နေကြောင်း သူမ ဝန်ခံလိုက်ရသည်။ ကုနင်း၏ ပြောင်မြောက်သော အသွင်အပြင်ကို သူမ မနာလို။

"ထောင်ကျားယိ ဒီကိုလာစမ်း!" ယွမ်ရှူးယန်က သူမကို မ‌ကျေမနပ်ဖြင့် ခေါ်လေသည်။

"ဝမ်းကွဲအမရှူးယန် ညီမကို ခဏ‌စောင့်!" ထောင်ကျားယိကလှည့်၍ ယွမ်ရှူးယန်အား ပြောပြီးနောက် သူမကို လျစ်လျူရှုကာ ကုနင်းနှင့် ဆက်ပြောခဲ့သည်။

"ကုနတ်ဘုရားမ တကယ်အမပဲ တိုက်ဆိုင်လိုက်တာ! အမကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။ ညီမက အမရဲ့အမာခံပရိတ်သတ်ပါ။ ညီမနာမည် ထောင်ကျားယိ ပါ။ အမအကြောင်းသတင်းတွေ အများကြီးဖတ်ဖူးတယ်။ အမက ညီမရဲ့ အိုင်ဒေါလေ ညီမ အမကို ချစ်တယ်!" ဒါကိုကြားတော့ ယွမ်ရှူးယန်က ပိုဒေါသဖြစ်သွားသည်။ သူ့ညီမဝမ်းကွဲက သူ့ရှေ့မှာ ရန်သူကို ချီးမွမ်းတာကို ကြားရတာ စိတ်ရှုပ်စရာပင်။

"မင်းကြိုက်တာကို ခံရလို့ အမဂုဏ်ယူပါတယ်" ဟု ကုနင်းကပြုံးပြီးပြောလိုက်သည်။ ထောင်ကျားယိ သည် ယွမ်ရှူးယန်၏ဝမ်းကွဲညီမဖြစ်သော်လည်း ထောင်ကျားယိကို လုံးဝမုန်းတီးခြင်းမရှိပေ။ ယွမ်ရှူးယန် မကြိုက်တိုင်း သူနဲ့ပတ်သတ်တဲ့လူတွေကို သူမ မုန်းမှာမဟုတပေ။

တစ်ချိန်တည်းမှာပင် ယွမ်မိသားစုအဖွဲ့ဝင်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် သူမအတွက် မဖြစ်နိုင်ပေ။ သူမအပေါ် ကြင်နာတတ်တဲ့ သူတွေအ‌ပေါ်သာ သူမကောင်းကောင်းဆက်ဆံလိမ့်မည်။

"မင်း အခုချက်ချင်း ပြန်မလာဘူးဆိုရင် ငါမင်းကို တစ်ယောက်တည်း ထားခဲ့မှာနော်" ဟု ယွမ်ရှူးယန်က ပြောသည်။ နောက်တစက္ကန့်တွင် သူမ လှည့်သွား၍ ထောင်ကျားယိကို ချန်ထားခဲ့ကာ ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။

ထောင်ကျားယိသည် သူမ၏ဝမ်းကွဲအမက အဘယ်ကြောင့် ရုတ်တရက် စိတ်ဆိုးသွားသည်ကို နားမလည်သော်လည်း ယွမ်ရှူးယန် ထွက်သွားသည်ကိုမြင်ပြီးနောက်တွင် သူမ ငြိမ်မနေရဲ‌တော့ပေ။

"ဘိုင့်ဘိုင် ကုနတ်ဘုရားမ"

“ဘိုင်”

ကုနင်းကို နှုတ်ဆက်ပြီးနောက် ထောင်ကျားယိသည် ယွမ်ရှူးယန်နောက်သို့ အလျင်အမြန် လိုက်ခဲ့သည်။

ကုနင်းလည်း ဓာတ်လှေကားစီးဖို့ အမှန်တကယ် လိုအပ်ပေမယ့် ယွမ်ရှူးယန် လျှောက်သွားနေတာကြောင့် ခဏလောက်စောင့်ဖို့ ဆုံးဖြတ်ခဲ့သည်။

ထောင်ကျားယိက ယွမ်ရှူးယန်ကို မှီသွားသောအခါ "အမ ရှူးယန် အမအခု စိတ်အခြေအနေမကောင်းဘူးလား။ ဘာလို့ရုတ်တရက်စိတ်ဆိုးရတာတာလဲ။ ကုနတ်ဘုရားမကို လက်တွေ့ဘဝမှာ မြင်ဖို့ဆိုတာ မလွယ်ဘူး။ ဘာလို့ ညီမသူနဲ့ အချိန်အကြာကြီး စကားမပြောခိုင်းရတာလဲ”

“ငါသူနဲ့ ရန်ငြိုးရှိတယ်။ ငါ သူ့ကို မတွေ့ချင်ဘူး” ဟု ယွမ်ရှူးယန် က မကျေမနပ်ဖြင့် ပြောသည်။

"ဟမ်? ကုနတ်ဘုရားမကို ရန်ငြိုးရှိတာလား? ဘာလို့လဲ? နားလည်မှုလွဲတာနေမှာပါ။ ကုနတ်ဘုရားမက သူကစပြီး အမကို ဒုက္ခပေးမယ်လို့ မထင်ဘူး" ထောင်ကျားယိက ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားသော်လည်း ကုနင်းအပေါ် သူမ၏ ကောင်းသော အမြင်ကို မပြောင်းလဲခဲ့ပေ။ ယင်းအစား သူမသည် ကုနင်းကို ကာကွယ်ခဲ့သည်။

ထိုစကားကိုကြားတော့ ယွမ်ရှူးယန် ဒေါသထွက်သွားပြန်သည်။ "မင်းက ငါသူ့ကို တမင်တကာ ဒုက္ခပေးတာလို့ ဆိုလိုတာလား။ အင်တာနက်မှာ သူ့အကြောင်း သတင်းတချို့ကို မင်းဖတ်ဖူးရုံပဲ။ သူ တကယ် ဘယ်လိုလူလဲဆိုတာ မင်း သိလို့လား" တကယ်တော့ သူမဟာ ကုနင်းကို တမင်တကာ ဒုက္ခပေးခဲ့တာ အမှန်ဘဲ၊ ဒါပေမယ့် သူမကတော့ ဝန်ခံမှာ မဟုတ်ပါ။

ထောင်ကျားယိက ဘာမှပြန်မပြောပေမယ့် ကုနင်းက ယွမ်ရှူးယန်ကို ပထမဆုံး ဒုက္ခပေးခဲ့တာဆိုတာကို သူမ ငြင်းနေတုန်းပင်။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ ကုနင်းကို အရင်ခက်ခဲအောင်လုပ်ခဲ့တာ ယွမ်ရှူးယန်ပဲဖြစ်မယ်ဟု သူထင်သည်။ သူမဟာ ယွမ်ရှူးယန်ရဲ့ ဝမ်းကွဲဖြစ်ပြီး သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နှစ်ဒါဇင်ကျော်ကြာအောင် သိကျွမ်းလာခဲ့ကြတာပါ။ ယွမ်ရှူးယန်၏ စရိုက်ကို သူမ ရှင်းရှင်းလင်းလင်း သိသည်။

ထောင်ကျားယိ တိတ်တိတ်ဆိတ်ဆိတ်နေနေတာကိုမြင်တော့ ယွမ်ရှူးယန်က သူမဘာတွေတွေးနေလဲဆိုတာ သိလိုက်ရသည်။ ယွမ်ရှူးယန် ဒေါသထွက်နေပေမယ့် အခုချိန်မှာတော့ ဘာမှပြန်မပြောပါ။ သူမဟာ သူမသာပိုဆိုးတဲ့လူလိုဖြစ်သွားမှာကို စိုးရိမ်တာကြောင့်ပင်။

…

ကုနင်းအပြင်မှာစောင့်နေစဉ် ကျန်းယွေ့ချင် လာနေတာကို သူမတွေ့လိုက်ရသည်။

"ဟိုင်း ကုနင်း တိုက်ဆိုင်လိုက်တာ!" ကျန်းယွေ့ချင်က ကုနင်းကို နှုတ်ဆက်သည်။

"ဟိုင်း ယွေ့ချင်!" ကုနင်းက သူ့ကို ခေါ်သည်။

“မသွား‌သေးဘဲ ဒီမှာရပ်နေတာ ငါလာမယ်ဆိုတာ သိလို့ ငါ့ကိုစောင့်နေတာလား" ကျန်းယွေ့ချင် က နောက်ပြောင်သည်။

"ဟုတ်တယ် ဒီအချိန် ရှင်လာတော့မယ်လို့ ကျွန်မခံစားမိ‌‌ေနတယ်လေ" ကုနင်းလည်း အရွှန်းဖောက်သည်။

"အခုသွားရအောင်!" ကျန်းယွေ့ချင်သည် ကုနင်း၏စကားများကို အလေးအနက်မထား‌တော့ပဲ သူတို့နှစ်ယောက် ဆုံကတည်းက နှစ်ယောက်သား အတူ၀င်သွားကြသည်။

“အိုး ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာ ရှေးဟောင်းပစ္စည်းကောင်းတွေ အများကြီး ထပ်ရခဲ့တယ်ဆိုတာ ငါ့အဖိုးဆီက ကြားတယ်။ မန်နေဂျာချန်က ငါ့အဘိုးကို ဖုန်းဆက်တော့ အဖိုးက အိမ်ကနေ အမြန်ထွက်သွားတာလေ။ အဲ့တာနဲ့ သူ ချော်ကျလုနီးပါးတောင်ဖြစ်သွားသေးတယ်!" ကျန်းယွေ့ချင် ကပြောသည်။ သူက ကျန်းကျုံးယွီကို အနည်းငယ် ရယ်မောလိုက်သည်။

အဲဒါကိုသိတော့ ကုနင်းက ပြုံးပြီး သူမနဲ့ဘာမှမဆိုင်တဲ့ လေသံနဲ့ပြောတယ်။ " သူ့ထက်အရင် တခြားလူတွေ ရသွားမှာကို ကြောက်နေတာလား။ သူကိုက အချိန်တိုင်း ပထမဆုံးသတင်းပေးတတ်တဲ့သူပါ။”

“အတိအကျပြောရရင် မန်နေဂျာချန်က ကျွန်တော့်အဘိုးရှေ့မှာ ပြတိုက်မှူးချိုက်ကို ခေါ်လိုက်လို့‌လေ။ ပြတိုက်မှူးချိုက်ကလည်း ရှေးဟောင်းပစ္စည်းကောင်းအသစ်‌တွေရှိကြောင်း သူသိသွားတာနဲ့ အဲ့‌နေရာသို့ အမြန်သွားခဲ့တယ်။ အဘိုးက ဒီလိုအခြေအနေမျိုးမှာ အေးအေးဆေးဆေးနေဖို့ မဖြစ်နိုင်တော့ဘူးလေ။ ပြတိုက်မှူးချိုက်ကို ခြိမ်းခြောက်ပြီး သူ့ဆီကနေ ရှေးဟောင်းပစ္စည်းတစ်ခုကို လုယူသွား‌သေးတယ်” ဟု ကျန်းယွေ့ချင်ကပြောသည်။

“ကောင်း‌ရောပဲ!” ကုနင်းက သဘောကျသွားသည်။ သူတို့သည် ရှေးဟောင်းပစ္စည်းကို အမှန်တကယ် မြတ်နိုးကြသည်။

တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောရင်း သီးသန့်အခန်းထဲကို ရောက်သွားသည်။

ညနေ ၆ နာရီမှ ၁၀ မိနစ်ခန့်သာရှိ‌သေးသော်လည်း လူတိုင်း စောလာကြသည်။ ကုနင်းနှင့် ကျန်းယွေ့ချင်တို့သည် နောက်ဆုံးလူများသာဖြစ်သည်။

ကုနင်းသည် ကျန်းယွေ့ချင် နှင့် တွဲလာခဲ့သော်လည်း ကုနင်းဟာ လင်ရှောင်းထင်၏ ချစ်သူဖြစ်သည်ကို အားလုံးသိကြသောကြောင့် ၎င်းတို့၏ဆက်ဆံရေးကို ဟာသလုပ်ဝံ့ခြင်းမရှိခဲ့ကြပေ။

ထန်ချင်းယန်၏ သက်တော်စောင့်ဖြစ်သူ ပါးထျန်းယန် လည်း ရှိနေသည်။ သူသည် ကုနင်းကိုမြင်ပြီးသည်နှင့် သူမကို ဘော့စ်ဟု အလွန်ရိုသေစွာ ခေါ်ခဲ့သည်။ ပါးထျန်းယန်သည် သက်တော်စောင့် ဖြစ်သော်လည်း လူတိုင်းက သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားသောကြောင့် အတူတူ စားသောက်ကြသည်။

အားလုံးရောက်ပြီးတာနဲ့ အစားအသောက်တွေ မှာလိုက်ကြသည်။ မိမိစိတ်ကြိုက် မှာယူရန် မည်သူမျှ တုံ့ဆိုင်းမနေပါ။ အော်ဒါမှာပြီးတာနဲ့ စားပွဲထိုးက ထွက်သွားတော့ သူတို့ စကားစမြည်ပြောကြသည်။

"ကုနင်းကိုတွေ့တိုင်း အံ့သြမိတယ်" ဟု ကူအန်းနာက ရုတ်တရက် ပြောလိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ?" တခြားသူတွေက စပ်စုကြသည်။

"သူက ကျောင်းသားဖြစ်နေတုန်းလေ!" ကူအန်းနာက တုန်လှုပ်ခြောက်ခြားစွာ ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဟားဟား၊ ငါလည်း အဲ့ပဲ ခံစားချက်ရှိတယ်။ ကုနင်း လူ့အဖွဲ့အစည်းထဲမှာဆို မြေခွေးအိုရိုင်းတစ်ကောင်လို အကြိမ်ကြိမ် ခံစားမိတယ်” ရှုချင်ယင်းသည် ကူအန်းနာနှင့် သဘောတူခဲ့သည်။

ကူအန်းနာနဲ့ ရှုချင်ယင်း တင်မကဘဲ စားပွဲဘေးက တခြားလူတွေလည်း အလားတူ ခံစားချက်မျိုးရှိကြသည်။

ကုနင်းသည် ကျောင်းသားသာဖြစ်သေးသည်ဟူသောအချက်ကို တစ်ခါတစ်ရံ လျစ်လျူရှုမိကြသည်။ ကုနင်းကဲ့သို့ ရင့်ကျက်တည်ငြိမ်သော အခြားကျောင်းသား မရှိပါ။ ကုနင်းမှလွဲ၍ မည်သည့်ကျောင်းသားမျှ ငယ်ရွယ်စဉ်တွင် ဘီလျံနာမဖြစ်လာနိုင်ပေ။ အနည်းဆုံး ကုနင်းသည် သူတို့၏ တစ်သက်တာတွင် ၎င်းကို လုပ်နိုင်သောသူ တစ်ဦးတည်းသာ ဖြစ်သည်။

“ကျွန်မက မိန်းကလေးငယ်လေးပါ။ ဘယ်လိုဖြစ်လို့ မြေခွေးအိုရိုင်းလို့ ပြောရတာလဲ။ မသင့်တော်လိုက်တာ” ကုနင်းက မကျေနပ်သဖြင့် ငြင်းခုံသည်။

"ဒါဆို ပါးနပ်တဲ့ မြေခွေးအိုဆိုရင်‌ရော ဘယ်လိုလဲ" ရှုချင်ယင်းက နာမည်ပြောင် ပြောင်းလိုက်ပေမယ့် အဆင်မပြေ‌ပေ။ တကယ်တော့ ရှုချင်ယင်းက ကုနင်းကို တမင်တကာ စနောက်နေတာပါ။

ကုနင်းသည် သူမအား စိတ်ကောက်သော အကြည့်တစ်ချက် ပေးခဲ့သော်လည်း သူမနှင့် ငြင်းခုံခြင်း မပြုခဲ့ပေ။

"စကားမစပ် ကုနင်းမင်း ကျောင်းမှာ‌နေမှာလား မင်းအိမ်မှာပဲ‌နေမှာလား" ကျန်းယွေ့ချင် က ကုနင်းကိုမေးသည်။

ကုနင်းသည် စီးပွားရေးသမားဖြစ်သည်။ သူမသည် ယခုအချိန်တွင် သူမ၏ ကုမ္ပဏီများကို စီမံခန့်ခွဲခြင်း မရှိသော်လည်း လိုအပ်သည့်အခါတိုင်း အရေးကြီးသောအရာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်‌နေသေးသည်။

***

အခန်း ၁၈၀၅ အောင်မြင်မှုကို အတူဂုဏ်ပြုခြင်း

"အင်း ငါ့အပေါ်မှာပဲမူတည်တယ်။ အရေးကြီး ကိစ္စမရှိဘူးဆိုရင် ကျောင်းပဲတက်မယ်။ ငါ့ကျောင်းနေဖက်တွေနဲ့ ရင်းနှီးဖို့ လိုတယ်‌လေ။ သူတို့ကြားထဲမှာ ကျွမ်းကျင်တဲ့လူတွေကို ရှာလို့လည်း ရတယ်။ တစ်နေ့ သူတို့ ငါ့အတွက် အလုပ်လုပ်ပေးလို့ရနိုင်တယ်လေ။ ကျောင်းကထွက်ရမယ်ဆိုရင်လည်း အချိန်မရွေး ခွင့်တောင်းလို့ ရပါတယ်” ဟု ကုနင်းက ဆိုသည်။

“ငါ အံ့သြတယ်။ မင်းလို အလကားရတဲ့ ကျောင်းသားကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ တခြားလူတွေက မင်းမိသားစုက အဲ့တက္ကသိုလ်ကို ပိုင်တယ်လို့တောင် ထင်‌နေကြအုံးမယ်။ မင်းကြိုက်သလို သွားလာလို့ရနေတော့” ဟု ကူအန်းနာက ဆိုသည်။ သူမသည် မကြင်နာပုံမပေါ်သော်လည်း သူတို့၏ဆက်ဆံရေးကောင်းမွန်သော‌ကြောင့် ကုနင်းကို တိုက်ခိုက်ရန် မရည်ရွယ်ပါ။

“အင်း ငါက သမိုင်းတစ်လျှောက်မှာ ရမှတ်အပြည့်ရတဲ့ ပထမဆုံး‌ဖြေဆိုသူပါ။ ငါကစီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ပိုင်ဆိုင်တဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလေ ငါတို့ကျောင်းအုပ်ကြီးက ငါ့အခြေအနေကို သဘောတူလို့သာ မဟုတ်ရင် ငါ မြို့တော်တက္ကသိုလ်ကို ရွေးချယ်မှာမဟုတ်ဘူး။ ငါ့ကိုလိုချင်လို့ မရေတွက်နိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တွေ အချင်းချင်း ပြိုင်ဆိုင်မှု‌တွေရှိခဲ့တယ်။ အနည်းဆုံး သူတို့ထဲက တစ်ယောက်ယောက်က ငါသတ်မှတ်ထားတဲ့ အခြေအနေကို လက်ခံမှာပဲလေ။ အရေးကြီးဆုံးကတော့ ငါက ထူးခြား‌တော့ ဒီ‌လောက်လွယ်တဲ့အခြေအနေကြောင့် ငါ့ကိုလက်မခံရင် သူတို့ရှုံးမှာ‌ပေါ့” ဟု ကုနင်းက ဂုဏ်ယူစွာပြောသည်။

ကူအန်းနာက ကုနင်းကို မျက်လုံးပြူးပြီး အထင်အမြင်ကြီးစွာဖြင့် "မင်းကိုကြည့်။ ကောင်းပြီ မင်းအကောင်းဆုံးပဲ။ စကားမစပ်၊ ရမှတ်အပြည့်နဲ့ ၀င်ခွင့်ရခဲ့တဲ့ ကျောင်းသားက သူ့ဝင်ခွင့်ကို ဂုဏ်ပြုဖို့ ငါတို့ကို မဖိတ်ခေါ်သေးဘူးလား။ မေ့ချင်ယောင်ဆောင်နေတာများလား" သူမသည် ကုနင်းကို တစ်ဝိုင်း၀ယ်ကျွေးခိုင်းရန် ရည်ရွယ်ထားသည်။

ကူအန်းနာ၏စကားကိုကြားတော့ ကုနင်းသည် ဝင်ခွင့်ရပွဲကျင်းပရန် သူတို့ကို အမှန်တကယ်ဖိတ်ကြားခြင်းမရှိသေးကြောင်း ရုတ်တရက်သိလိုက်ရသည်။ သူမသည် ဝင်ခွင့်စာကို လက်ခံရရှိပြီးနောက် လိုအပ်မည်ဟု မထင်သောကြောင့် ဂုဏ်ပြုပွဲကျင်းပရန် ဘာမှ မလုပ်ခဲ့ပေ။

သို့သော် အတူတူ ဂုဏ်ပြုရန် သူမ၏ သူငယ်ချင်းများကို ဖိတ်ကြားရန် လိုအပ်သည်။ “အမ်၊ မင်းသာမပြောရင် ငါလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒီတိုင်းကျော်သွားလို့တော့ ဘယ်ဖြစ်မလဲ၊ ဒီနေ့ ကျောင်းပြန်သွားရမှာဆိုတော့ နောက်တစ်ရက်မှာ ငါကျောင်းသွားစရာမလိုလို့ အဲ့နေ့လုပ်လို့ရတယ်။ အတူတူသောက်ပြီး အောင်ပွဲခံကြတာပေါ့!” ကုနင်း က ပြောသည်။

“ကောင်းလိုက်တာ! ငါမှတ်ထားမှာနော် ငါတို့ကို စောင့်ရအောင်မလုပ်နဲ့!" ကူအန်းနာ ကျေနပ်သွားသည်။

ဒီအရာက အဓိပ္ပါယ်ရှိသောကြောင့် ကုနင်းကို မေ့သွားမည် သို့မဟုတ် ဒုက္ခပေးမိသလိုဖြစ်မည်ကို သူတို့မစိုးရိမ်ကြပါ။

စကားစမြည်ပြောရင်း ပန်းကန်များကို စားပွဲပေါ်‌ရောက်လာသောကြောင့် အစားအသောက်ကို စတင်စသောက်ကြသည်။

ဂုဏ်ပြုပွဲမို့ သူတို့သောက်ဖို့လိုအပ်တာ သေချာသည်။

"ကုနင်း ဒီနေ့ မင်းသောက်လို့ရရဲ့လား" နောက်ကျရင် ကျောင်းပြန်ရမှာမို့လို့ ထန်ချင်းယန်က မေးသည်။ အရက်သောက်ရင် ပြဿနာတက်နိုင်တာမို့ ကြိုပြီးမေးခြင်းပင်။

အစကတည်းက ကုနင်းအရက်သောက်မှာကို တားထားရင် မသင့်တော်ပါ။

“ဒီနေ့က ထူးခြားတဲ့နေ့ပဲဟာ။ ဒါကြောင့် မင်းတို့နဲ့ သောက်သင့်တယ်။ ငါ့ရဲ့ သက်တော်စောင့်က ငါ့ကို ကျောင်းပြန်ပို့လိမ့်မယ်” လို့ ကုနင်းက ပြောသည်။

သူသောက်ရင်တောင်မှ သူမရဲ့ မှော်စွမ်းအားအကူအညီနဲ့ အရက်ရဲ့ အာနိသင်ကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါသည်။ သို့သော်လည်း သူမသည် သူ့သူငယ်ချင်းများကို မပြောနိုင်ပေ။

ထို့ကြောင့် သူမသည် ချောင်ယကို နောက်ပိုင်းတွင် ဖုန်းဆက်ခေါ်ရမည်။

“ကောင်းပြီ!” ကုနင်းကထိုသို့ပြော၍ ထန်ချင်းယန် လည်း ဘာမှပြန်မပြောဘဲ ကုနင်းအတွက် ဝိုင်တစ်ခွက်ငှဲ့‌ပေးလိုက်သည်။

ဝိုင်နီအချို့သာ‌သောက်ပြီး အရက်ပြင်းပြင်းကို‌‌တော့ မသောက်ကြပါ။

ကုနင်းအတွက် ဝိုင်ထည့်ပြီးနောက် ထန်ချင်းယန်က ထရပ်ပြီး သူ့ပထမဆုံးခွက်ကို သူမဘက်ဦးတည်ကာ မြှောက်လိုက်သည်။ "ကုနင်း ငါ့ကို ကြီးမားတဲ့အကူအညီ‌ပေးတဲ့အတွက် ငါ့ပထမဆုံးခွက်နဲ့ ကျေးဇူးတင်ပါမယ်"

ထန်ချင်းယန် အပါအဝင် ကုနင်းသည် "ထန်အိုက်နင်း" ဖြစ်သည်ကို မည်သူမျှ မသိကြသော်လည်း ထန်မိသားစုအပေါ် ကုနင်း၏ အာဃာတကို သိရှိခဲ့ကြသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ထန်မိသားစု၏ ကံဆိုးမှုနှင့် ကုနင်း ပတ်သတ်နေတယ်ဆိုတာက တစ်စုံတစ်ရာ အံ့သြစရာမဟုတ်ပေ။

အသေးစိတ် အချက်အလက်တွေကိုတော့ သူတို့ မသိသလို မမေးကြပေ။ ထိုအရာများသည် လျှို့ဝှက်ချက်များသာဖြစ်သည်။

ကုနင်းလည်း သူမလက်ထဲတွင် ခွက်ကိုကိုင်ကာ ထရပ်လိုက်သည်။ “ရှင် ကျေးဇူးတင်ဖို့ မလိုဘူး။ ကျွန်မတို့ ရန်သူက တူတူပဲလေ။ ရှင်က ကျွန်မဘက်က မဟုတ်ရင်တောင်မှာ ကျွန်မဒီလိုပဲ လုပ်မှာပါ။ ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ကျေးဇူးတင်စိတ်ကို ကျွန်မခံစားနိုင်ပါတယ်။ ငါတို့နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်!”

ကုနင်းကြောင့် ထန်ချင်းယန်သည် ကြီးမားသော အားသာချက်ကို ရယူနိုင်ခဲ့သည်။ ကုနင်းကို ရိုးသားစွာ ကျေးဇူးတင်ကြောင်းကို လုံး၀ နားလည်နိုင်သည်။

သူတို့သည် သူတို့၏ခွက်များကို တိုက်ကာ အတူတူ သောက်ကြသည်။

ထို့နောက် စားပွဲဝိုင်းတွင် အခြားသူများနှင့် အတူ မုန့်စားကြသည်။

ထမင်းစားနေစဉ် ကုနင်းက ချောင်ယကို ဖုန်းခေါ်သည်။ သူမအားနေမှန်းသိ၍ ကုနင်းက သူမကို လာခေါခေါ်ခိုင်းပြီး ကျောင်းပြန်ပို့ပေးဖို့ ပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောတဲ့အခါ ထန်မိသားစုအကြောင်း ပြောဖို့က ရှောင်လွှဲလို့ မရ‌ပေ။ သူတို့အားလုံးက သူငယ်ချင်းကောင်းတွေမို့ တော်တော်များများ ကြားဖူးကြပြီးသားပင်။ ထို့ကြောင့် သူတို့၏ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားရန် မလိုအပ်ပါ။

“ထန်ပင်းစန်က အခု ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီ သူဘယ်နှစ်လလောက် ရှင်သန်နိုင်မလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျီယီကျင်း အဖမ်းခံရပြီး ငါက အခု ထန်အဖွဲ့ရဲ့ ဥက္ကဌဖြစ်နေပါပြီ။ သူတို့ကိစ္စတွေကို ငါတာဝန်ယူလိုက်မယ်။ ငါသူတို့ကို ဂရုမစိုက်ရင် အပြင်ကလူတွေက ငါ့ကို ဝေဖန်ကြလိမ့်မယ်” ထန်ချင်းယန်က ပြောသည်။

“သူ ဘယ်လိုမှ အသက်ရှည်မှာ မဟုတ်ဘူး။ ဒီရက်ပိုင်း မင်း သူ့ကို ကောင်းကောင်း ဂရုစိုက်လို့ရတယ်။ အနည်းဆုံးတော့ မင်းအပေါ်ယံမှာ‌တော့ ဆွေမျိုးကောင်းတစ်ယောက် ဖြစ်လာလိမ့်မှာ‌ပေါ့” လို့ ကုနင်းက ဆိုသည်။

သူမနှင့် ထန်ပင်းစန်တို့သည် ခါးသီးသောရန်သူများဖြစ်ကြသော်လည်း သူ့အပေါ်ထားရှိသော သူမ၏မုန်းတီးမှုသည် များစွာသောကိစ္စများကို ဖြတ်သန်းပြီးနောက် ပျောက်ကွယ်သွားလေပြီ။

ထန်ပင်းစန်သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သေတော့မည်ဖြစ်သောကြောင့် ယခု သူ့ကို ဂရုမစိုက်တော့ပါ။ တကယ်တော့ သူ‌နောက်ကျမှ သေလေလေ ပိုနာကျင်ခံစားရလေလေပါပဲ။

ထန်ပင်းစန်နှင့် ထန်ယရှင်းကို မည်သည့်ဆရာဝန်မှ မကုသနိုင်ခဲ့ပါ။ ကုနင်းကတော့ ကုပေးနိုင်ပေမယ့် သူမ ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူမသည် သူတို့ကို သေစေလိုသောကြောင့် သူတို့ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဤကဲ့သို့ကြေကွဲဖွယ်ရလဒ်များကို ၎င်းတို့ကိုယ်တိုင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"အိုး၊ ကုမ္ပဏီမှာ မင်းအတွက် ခက်ခဲအောင် လုပ်ရဲတဲ့သူရှိလား" ကုနင်းက မေးသည်။

“တချို့တွေ‌တော့ရှိတယ်၊ ဒါပေမယ့် ငါမှာ သူတို့နဲ့ ပတ်သက်တာတွေရှိတယ်‌လေ။ ငါသူတို့ကို အဲ့တာနဲ့ ခြိမ်းခြောက်လိုက်တာနဲ့ ငါ့ကို ဆန့်ကျင်တာ ရပ်သွားကြတယ်။ အခု‌တော့ အားလုံးအဆင်ပြေသွားပါပြီ” ဟု ထန်ချင်းယန်က ပြောသည်။

ကုနင်းသည် သူတို့၏ညစ်ညမ်းသောလျှို့ဝှက်ချက်များကို သူနှင့်မျှဝေပေးသောကြောင့် ကုနင်းကိုကျေးဇူးတင်သင့်သည်။

"ကြားရတာဝမ်းသာပါတယ်။ ရှင့်ကျွန်မကို အချိန်မရွေး လိုအပ်ရင် ပြောပါ" ဟု ကုနင်းက ဆိုသည်။

ထန်ချင်းယန်မှာ အရည်အချင်းကောင်းတွေရှိပေမယ့် ထန်အဖွဲ့ကို လောလောလတ်လတ်သိမ်းပိုက်ထားခြင်းဖြစ်သည်။ သူ့အတွက် သင်ယူစရာတွေ အများကြီးရှိသည်။ ယခုအချိန်တွင် ထန်အဖွဲ့အစည်းကို ပြဿနာဖြစ်စေရန် အခြားကုမ္ပဏီများက ရွေးချယ်ခဲ့လျှင် အခြေအနေကို ကိုင်တွယ်ရန် သူ့အတွက် ခက်ခဲနိုင်‌ပေသည်။

"ဟုတ်ပြီ ငါပြောမှာပါ မင်းငါ့ကို အနှောက်အယှက်မဖြစ်‌ေလာက်ဘူးလို့ ငါမျှော်လင့်ပါတယ်” ဟု ထန်ချင်းယန်က မဆိုင်းမတွပြောသည်။ သူသည် သူ၏အစွမ်းအစတွေကို ရှင်းရှင်းလင်းလင်း သိနားလည်သည်။ ဒီလိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို သိမ်းပိုက်ပြီးရင် သူ့အတွက် သင်ယူစရာတွေ အများကြီးရှိသည်။ ထို့အပြင် သူတာဝန်ယူပြီးနောက် ကုမ္ပဏီကို သိသိသာသာ အပြောင်းအလဲလုပ်တော့မည်ဖြစ်သည်။ စိတ်မပူပန်ဘူးလို့ ပြောရင်တော့ လိမ်ရာကျလိမ့်မည်။

ရှုချင်ယင်းကလည်း ထန်ချင်းယန်ကို လိုအပ်သည့်အခါတိုင်း အကူအညီတောင်းရန် သူမထံ အကြောင်းကြားရန်‌ပြောထားသည်။ သူမ မကူညီနိုင်သော်လည်း ကျင်းလင်အဖွဲ့အစည်းက တတ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူမကိုယ်တိုင်က သူ့ကို မကူညီနိုင်သောကြောင့် သူမကို ပြောခြင်းသည် မသင့်တော်ပါ။

အရေးအကြီးဆုံးကတော့ သူတို့မှာ လေးနက်တဲ့ ဆက်ဆံရေးရှိဖို့ပါပဲ။ သူတို့နှစ်ယောက်လုံးက လူသိရှင်ကြား မထုတ်ပြန်သေးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။

ထို့ကြောင့် ရှုမိသားစုသည် ထန်ချင်းယန်အတွက်ရပ်တည်ပေးပါက သူသည် ကောင်‌မလေးကို အားကိုးခြင်းဖြင့် အောင်မြင်လာသည်ဟု အပြင်လူများက ထင်ကြပေလိမ့်မည်။

***

အခန်း ၁၈၀၆ ရန်ဖြစ်ချင်လို့လား?

ကုနင်းနှင့်မူ သူတို့သည် သူငယ်ချင်းများသာဖြစ်သောကြောင့် ကွဲပြားသည်။ သူမက ထန်ချင်းယန်ကို ကူညီခဲ့ပေမဲ့ သူတို့နဲ့ပတ်သတ်ပြီး အဆိုးမြင်တာ ဘယ်သူမှ မပြောကြပေ။

ထမင်းစားပြီးတာနဲ့ ၈ နာရီထိုးပြီဖြစ်သည်။

ထန်ချင်းယန်နှင့် သူ၏သူငယ်ချင်းများသည် ကုနင်းကျောင်းပြန်သွားချိန်တွင် စုန့်နန်၏ဘားသို့ ခေတ္တ‌၀င်ခဲ့သည်။

ယခုအချိန်တွင် ထန်ချင်းယန်သည် အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိနေဆဲဖြစ်သည်။ ပါးထျန်းယန်က သူ့ဘေးမှာ ရှိနေတာကြောင့် သူ အပြင်ထွက်ဖို့ သတ္တိရှိခြင်းပင်။

ထန်ချင်းယန်ဟာ လုံခြုံပြီး တည်ငြိမ်တဲ့ အနေအထားရောက်မလာမချင်း ပါးထျန်းယန်ဟာ ကုနင်းရဲ့ ကုမ္ပဏီကို ပြန်သွားမည်မဟုတ်ပါ။

ချောင်ယသည် စားသောက်ဆိုင်သို့ ညနေ 7:30 တွင် ရောက်ရှိလာပြီး ခန်းမထဲတွင် စောင့်နေသည်။

သူမစားပြီးပြီမို့ ကုနင်းက သူမကို သူတို့နဲ့ပူးပေါင်းဖို့ မဖိတ်ခေါ်‌တော့ပါ။ ချောင်ယက သူမကို ကျောင်းပြန်ပို့တော့မှာမို့ ကုနင်းက အရက်ရဲ့ အာနိသင်ကို ဖယ်ရှားဖို့ သူမရဲ့ မှော်အစွမ်းကို အသုံးပြုမနေတော့ပေ။ ချောင်ယနဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်းမှသာ သူမလုပ်မှာပါ။

ကုနင်းက သိပ်မသောက်ဖြစ်တာကြောင့် သူမဆီကနေ အရက်နံ့ အနည်းငယ်သာ ရသည်။ ကျောင်းဝင်းသည် မြို့လယ်နှင့် ခြားနားသော ခရိုင်တွင်ရှိသောကြောင့် အနည်းငယ်ဝေးနေသေးသည်။ ပိုဆိုးတာက ကားအသွားအလာ များတဲ့အတွက် လမ်းမှာ တစ်နာရီ မိနစ်နှစ်ဆယ်လောက် ကြာသည်။

ကျောင်းဝင်းအပြင်ဘက်သို့ ရောက်သောအခါ ည ၉း၃၀ နီးပါးရှိပြီ။ မြို့တော်တက္ကသိုလ် မှာ ၁၀:၃၀ နာရီအထိ ဂိတ်မပိတ်သောကြောင့် ကျောင်းသားများ လျှောက်သွားနေကြဆဲဖြစ်သည်။

တစ်နာရီလောက်လို‌သေး၍ ကုနင်းက ဒီအချိန်မှာ ကျောင်းပြန်မနောက်ကျပါ။

မြို့တော်တက္ကသိုလ်တွင် တင်းကျပ်သော စည်းကမ်းများ ရှိသော်လည်း ကျောင်းသား/သူ များသည် ကျောင်းသားမှတ်ပုံတင် ကတ်ပြား မရသေးဘဲ အခြားအတန်းမှကျောင်းသားများလည်း မရောက်သေးသောကြောင့်လောလောဆယ် သူတို့ စိတ်ကြိုက် သွားလာခွင့် ပေးထားသည်။

စုန့်မြောင်ကောဟာ မနေ့က ကောရှီယန်နဲ့ စကားများထားတာကြောင့် အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြပေ။ သူတို့နှစ်ယောက်လုံးက တစ်ယောက်အ‌ပေါ်တစ်ယောက် ကောင်းတဲ့အမြင်မရှိတဲ့အတွက် ဒါဟာ အရေးမကြီးပါ။

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ယခုချိန်ထိ ကုနင်းက မည်သူဖြစ်သည်ကို မသိကြသေးပေ။

ကုနင်းသည် စီးပွားရေးဌာနတွင် ကျော်ကြားသော်လည်း ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် အခြားဌာနများမှ ဖြစ်သည်။ ကုနင်း အကြောင်း မည်သူ့ဆီကမျှ မကြားခဲ့ရသောကြောင့် သူမအကြောင်း ဘာမှမသိခဲ့ကြပေ။

၁၀ နာရီခန့်အထိ စတုတ္ထအခန်းဖော် မရှိ‌သေးသဖြင့် ကောရှီယန်သည် ထပ်၍ ပြသနာရှာလာပြန်သည်။ "ကြည့်ပါဦး အခုဘယ်အချိန်ရှိပြီလဲ။ ဟိုတစ်ယောက်အခုထိနေရာမှ မရှိသေးဘူး” ကောရှီယန်သည် ကုနင်း၏အမည်ကို တိုက်ရိုက်မဖော်ပြသော်လည်း ကုနင်းကို ပြောနေမှန်း ဒီထက် ပို၍ရှင်းလင်းစွာမသိနိုင်ပေ။

“ဟုတ်တယ်!” လုရှောင်ရှောင်လည်း အော်ဟစ်ထောက်ခံလိုက်သည်။

အဲဒါကိုကြားတော့ စုန့်မြောင်ကော ဟာမခံမရပ်နိုင်ဖြစ်သွားပြီး ကောရှီယန်နဲ့ လုရှောင်ရှောင်တို့ဟာ ဖော်ရွေမှုမရှိဘူးလို့ မှတ်ယူလိုက်သည်။ “အင်း တချို့လူတွေက ဟန်ဆောင်တာကို မရပ်နိုင်ကြဘူး။ သူတို့ကိုယ်သူတို့ အာရုံစိုက်ဖို့ အရမ်းအား‌နေကြတယ်ထင်ပါရဲ့။ အခြားသူတွေအကြောင်းကို အဲ့လောက်တွေးတော့ရတာကြိုက်တဲ့သူတွေက ပုံမှန်မဟုတ်တဲ့ဘဝနဲ့ နေရမှာဆို‌ပေမယ့်လည်းလည်း ကမ္ဘာပေါ်ကလူတိုင်းက တူညီတဲ့ဘဝမှာ နေကြတာတော့ မဟုတ်ပါဘူး”

"မင်းဘာပြောလိုက်တာ?" ကောရှီယန်က ဒေါသထွက်သွားသည်။ စုန့်မြောင်ကောက သူမအကြောင်းပြောနေတာကို သူမသိသည်။

“မင်းနာမည်ကို ငါမပြောဘူး‌လေ။ မင်းဘာလို့ရုတ်တရက် ထစိတ်ဆိုးရတာလဲ။ မင်းနဲ့ ဆိုင်သွားလို့လား? အဲ့လိုဆို ငါ့ကို အပြစ်မတင်နဲ့‌လေ” ဟု စုန့်မြောင်ကောက စက်ဆုတ်စွာ‌ပြောသည်။

“မင်း…” ကောရှီယန် ဒေါသထွက်သွားသည်။ “မင်း ငါ့နောက်ကွယ်မှာ ပြောတာလေ။ မင်းငါ့အကြောင်းပြောနေတာ ငါသိတယ်။"

"ဒါဆို မင်းက ကုနင်းအကြောင်းပြောနေတာ မလို့လား" စုန့်မြောင်ကော က မေးသည်။

"ဟုတ်တော့ရော ဘာဖြစ်လဲ? ငါ နင့်အကြောင်းပြောနေတာမဟုတ်ဘူး။ နင်က ဘာဆိုင်လို့ ၀င်ပါရတာလဲ" ကောရှီယန် သည် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

"ငါက ၀င်ပါရတာ ကြိုက်တယ်လေ! အဲ့တော့? ရန်ဖြစ်ချင်လို့လား" စုန့်မြောင်ကောက သူ့ကို စိန်ခေါ်ခဲ့သည်။

“နင်…” ကောရှီယန် ချက်ခြင်းပင် သတ္တိ‌ကြောင်သွားသည်။

သူမသည် စုန့်မြောင်ကောကို တိုက်ခိုက်ရာတွင် သေချာပေါက် အနိုင်မယူနိုင်တဲ့အတွက် တကယ်ကို ဒေါသသာဖြစ်ရသည်။ စုန့်မြောင်ကောက ၎င်းသည် သူမ၏ကိစ္စမဟုတ်ကြောင်း နားလည်သော်လည်း ကောရှီယန်က ကုနင်းအကြောင်းကို ပြောသောအခါ သူမမုန်းတီးမိသည်။

ကောရှီယန်က တခြားလူတွေကို အသရေဖျက်ရင် သူမ ဘာမှ၀င်ပြောမည်မဟုတ်ပါ။

ကောရှီယန်က တစ်ခုခု ထပ်ပြောဖို့ လုပ်နေချိန်မှာ ကုနင်းက သူတို့ရဲ့ အဆောင်ခန်း တံခါးကို ရောက်သွားသည်။ သူတို့ရဲ့ ငြင်းခုံမှုကို သူမကြားပြီး သူမရဲ့ အခြားအခန်းဖော်တွေက သူမကို နောက်ကွယ်ကနေ အတင်းတုတ်နေချိန်မှာ စုန့်မြောင်ကောက သူမကို တက်ကြွစွာ ခုခံကာကွယ်နေတယ်ဆိုတာကို သိလိုက်ရသည်။

ကုနင်းဟာ သူတို့ကတစ်ယောက်နှင့်တစ်ယောက်တွေ့တာ သိပ်မကြာသေးတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ စုန့်မြောင်ကောက‌တော့ သူမအား ခုခံကာကွယ်ရန် တွန့်ဆုတ်မနေပေ။

သူတို့အဆောင်ရဲ့ အခန်းတံခါးကို ပိတ်ထားပေမယ့် လူတိုင်းပြန်မလာ‌သေးတဲ့အတွက် သော့‌တော့မခတ်ထားပါ။

ကုနင်းကသော့ကိုယူ၍ ဖွင့်လိုက်သည်။

အသံကြားတော့ တခြားမိန်းကလေးတွေက ကုနင်းပြန်ရောက်လာပြီဆိုတာ သိလိုက်ရသည်။

ကောရှီယန်က အခုတင် ကုနင်းအားမကောင်းကြောင်း ပြောနေသောကြောင့် ကုနင်းပြန်ရောက်တဲ့အခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူမကို မိသွားတယ်လို့ ခံစားရသည်။ သို့သော် သူတို့‌ပြောနေတာကို ကုနင်း ကြားသွားသည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် တစ်စက္ကန့်မျှ အထိတ်တလန့်ဖြစ်ပြီးနောက် သူမသည် ပုံမှန်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကုနင်းသည် မိန်းကလေးမျှသာဖြစ်ပြီး အန္တရာယ်ရှိသော သားရဲတစ်ကောင်မဟုတ်ဟု သူမထင်ခဲ့သည်။ ကောရှီယန်က သူ့မာနကို ဘယ်တော့မှမလျှော့‌ပေ။ စုန့်မြောင်ကောက သူမကိုပြသခဲ့တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မေ့သွားတာကြောင့် စုန့်မြောင်ကောကို လောလောဆယ် လျစ်လျူရှုခဲ့သည်။

ထို့အပြင် ကုနင်းကို စုန့်မြောင်ကောထက်ပင် အားကောင်းသည်ဟု သူမ မထင်ခဲ့ပေ။

တံခါးဖွင့်လိုက်သည်နှင့် စုန့်မြောင်ကောက ခေါင်းကို မော့ကာ ကုနင်းအား စိတ်လှုပ်ရှားစွာ နှုတ်ဆက်သည်။ "ဟိုင်း ကုနင်း!"

"ဟိုင်း!" ကုနင်းက ပြောသည်။

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ကုနင်းကိုမြင်သည်နှင့် တပြိုင်နက် အံ့ဩသွားကြသည်။ သူတို့ရဲ့ နောက်ဆုံးအခန်းဖော်က အရမ်းလှသည်။ ကုနင်းက တော်တော်လှတယ်ဆိုတာ သူတို့ ဝန်ခံရမည်။ သို့သော် အတိအကျပြောရလျှင် သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကြောင့် အံ့အားသင့်သွားပြီးနောက် ၎င်းတို့သည် သူမအား မနာလိုဖြစ်ခဲ့ကြသည်။

လုရှောင်ရှောင်သည် သူမ၏ မနာလိုမှုများကို ဖုံးကွယ်ထားသော်လည်း ကောရှီယန်က ၎င်းကို သူမ၏ မျက်နှာပေါ်တွင် ပြသခဲ့သည်။

ကုနင်းက ကောရှီယန်နဲ့ လုရှောင်ရှောင်ကို မနှုတ်ဆက်ခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က သူမပေါ်မလာခင်ကတည်းက သူ့ကို မကောင်းပြောထားလို့ပါ။ ထိုအချိန်တွင် သူတို့သည် သူမအား မနာလိုမှုနှင့် မုန်းတီးမှုများဖြင့် ကြည့်နေကြတဲ့အတွက် သူတို့ဟာသူငယ်ချင်းဖြစ်ရန် မဖြစ်နိုင်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် ကုနင်းသည် သူတို့အ‌ပေါ်မေတ္တာထားရန် စွန့်လွှတ်လိုက်သည်။ သူမနောက်ကွယ်မှာ သူတို့ပြောခဲ့တဲ့စကားအတွက် သူမအနေနဲ့ သူတို့ကို အပြစ်ပေးမှာ မဟုတ်ပါ။ ဒါပေမယ့် ထပ်ဖြစ်ရင် သည်းခံနေမည်လည်းမဟုတ်ပေ။

ကုနင်းဟာတံခါးကိုပိတ်ပြီး သူ့ကုတင်ဆီသို့ တန်းတန်းမတ်မတ်ပြန်သွားသည်။

သူတို့သည် အောက်ခြေတွင် ဗီရိုနှင့် စားပွဲခုံများပါရှိသော အထပ်မြင့်ကုတင်များကို အသုံးပြုထားသောကြောင့် ၎င်းတို့သည် အမှန်တကယ်တွင် ကိုယ်ပိုင် သီးခြားနေရာရှိသည်။

အခန်းဖော်တွေက တစ်ယောက်နဲ့တစ်ယောက် ပတ်သတ်မိမှာမဟုတ်ပါ။

အဆောင်တစ်ခုလုံးက တော်တော်ကျယ်သည်။

ဤသည်မှာ ယေဘူယျအဆောင်များနှင့် ကွဲပြားသည့် ဇိမ်ခံအဆောင်တစ်ခုဖြစ်သည်။ ကြီးမားရုံသာမက ပရိဘောဂများဖြင့် အကောင်းဆုံးပြင်ဆင်ပေးထားသည်။

၎င်း၏အခကြေးငွေမှာလည်း အလွန်မြင့်မားသည်။ မည်သို့ပင်ဆိုစေကာမူ မြို့တော်တက္ကသိုလ်မှ အထူးလက်ခံထားသော ကျောင်းသားတစ်ယောက်အနေဖြင့် ကုနင်းသည် အရာအားလုံးကို အခမဲ့ရရှိခဲ့သည်။

All Chapters