အခန်း (၁၈၀၇-၁၈၁၂)
Vol. 112 Ch. 1807-1812
အခန်း ၁၈၀၇ သူက အပျက်မနဲ့တူတယ်
"အပျက်မနဲ့တူတယ်" ကောရှီယန်က အသံတိုးတိုးဖြင့်ပြောသည်။ တခြားမိန်းကလေးတွေက မကြားပေမယ့် ကုနင်းကကြားသည်။ ကောရှီယန်က သူမအကြောင်းပြောနေတာကို သူမသိသည်။
ကုနင်းက မကျေမနပ်ဖြစ်ပေမဲ့ ကောရှီယန် က သူမနာမည်တပ်ပြောတာမဟုတ်တဲ့အတွက် သူမ ဘာမှ မပြောနိုင်ခဲ့ပါဘူး။ သူမသည်လည်း ပတ်သတ်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် ကုနင်းသည် သူမအား လျစ်လျူရှုကာ သူမ၏ ပစ္စည်းများကို စတင်နေရာချခဲ့သည်။
"ကုနင်း ငါကူညီပေးရမလား" စုန့်မြောင်ကော က မေးသည်။
"မလိုပါဘူး ကျေးဇူးပါ။ ငါ့မှာ ပစ္စည်းအများကြီး မရှိဘူး။ တစ်မိနစ်အတွင်း ပြီးတယ်” ဟု ကုနင်းက ပြောသည်။
“ဟုတ်ပြီ!” စုန့်မြောင်ကောက မတောင်းဆိုပါ။
ကုနင်းသည် သူမနှင့်အတူ ပစ္စည်းအနည်းငယ်သာ ယူဆောင်ထားသည်။ အိပ်ယာခင်း နှစ်စုံနှင့် စောင်၊ အဝတ်ငါးစုံနှင့် ဖိနပ်နှစ်စုံအပြင် နေ့စဉ်သုံးပစ္စည်းများသာ ရှိခဲ့သည်။ ဆောင်းဦးရာသီအစောပိုင်းဖြစ်ပေမယ့် ရာသီဥတုက အရမ်းပူနေသေးတာမို့ လက်တိုလေးတွေပဲယူလာသည်။
အဝတ်အစားတွေက ပေါ့ပါးပြီး ပါးလွှာတဲ့အတွက် နေရာအများကြီးမယူပါ။
အသားအရေထိန်းသိမ်းမှုနှင့် မိတ်ကပ်ပစ္စည်းများ မလိုအပ်သောကြောင့် ကုနင်းတွင် ထိုအရာများမရှိပေ။ သူမရဲ့ အသားအရေကို ဂရုစိုက်ဖို့ မှော်အစွမ်းတွေ ရှိပေသည်။
ကုနင်းက မလိုအပ်ရင် မိတ်ကပ်မလိမ်းပေ။ ထို့ကြောင့် သူမသည် သူမ၏မိတ်ကပ်ထုတ်ကုန်များကို သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် အခြားအ၀တ်အစားများနှင့်အတူ သိမ်းဆည်းထားသည်။
ကောရှီယန်သည် ကုနင်း၏ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် "အို ဆင်းရဲလိုက်တဲ့ မိန်းကလေး" မကြင်နာစွာ ပြောလိုက်သည်။
သူမသည် အသံကို ထိန်းထားဆဲဖြစ်သော်လည်း စုန့်မြောင်ကောသည် ၎င်းကိုကြားပြီး သူမနှင့် နောက်ထပ်တစ်ကြိမ် ငြင်းခုံရန် မတွန့်ဆုတ်ခဲ့ပေ။ “တစ်ယောက်ယောက်က တကယ်တုံးလိုက်တာ။ ဆင်းရဲတဲ့မိန်းကလေးသာဆို ဇိမ်ခံအဆောင်ခန်းကို မတတ်နိုင်လောက်ဘူးပေါ့”
"မင်းဘာပြောလိုက်တယ်?" ကောရှီယန် ဒေါသထွက်သွားသည်။
“ငါက တုံးတဲ့သူကိုပြောတာလေ ဘယ်သူလဲဆိုတာ ပြောလို့လား။ နင်နဲ့ ဘာဆိုင်လို့လဲ" စုန့်မြောင်ကော က လှောင်ပြောင်သည်။
ဝန်ခံရန်ငြင်းဆိုသော်လည်း၊ သူမ၏သဘောထားသည် ကောရှီယန် ကိုဝေဖန်နေသည်မှာ ထင်ရှားသည်။
“မင်း…” ကောရှီယန် ဒေါသထွက်သွားသည်။
စုန့်မြောင်ကောက သူ့နာမည်ကို တပ်မပြောပေမယ့် သူမအကြောင်းပြောနေတာကို သူမသိသည်။
“မင်းက နာမည်တပ်ပြောတာတော့မဟုတ်ပေမယ့် မင်းငါ ပြောပြီးတာနဲ့ နောက်မှာ ပြောတာလေ မင်းငါ့အကြောင်းပြောနေတာပဲ!" ကောရှီယန် က ပြောသည်။
“ဒါဆို မင်း ဆင်းရဲတဲ့ မိန်းကလေးလို့ ပြောတုန်းက ငါ့အကြောင်းကို ပြောနေတာလား” ကုနင်းကို အသံပြတ်ပြတ်ဖြင့် မေးသော်လည်း မကျေမနပ်သံပေါက်နေသည်။
သူမသည် အခြားသူများကို ကြင်နာတတ်သော်လည်း အလွယ်တကူ အနိုင်ကျင့်ခံနိုင်သည်ဟု မဆိုလိုပါ။
"အဲ့တော့ ဘာဖြစ်လဲ? ငါတကယ် မင်းအကြောင်း ပြောတာပဲလေ။ မင်းရဲ့အဝတ်အစားတွေကို ကြည့်လိုက်။ ဇိမ်ခံအဆောင်ခန်းကို တတ်နိုင်ရင်တောင် ပိုက်ဆံနဲ့ ဇိမ်ခံပစ္စည်းကိုပဲ ဂရုစိုက်တဲ့ မိန်းကလေးဖြစ်နိုင်တယ်။ မင်းမှာ မင်းကို ထောက်ပံ့ပေးနေတဲ့ သကြားဖေဖေတစ်ယောက် ရှိရင်ရှိမှာပေါ့” ဟု ကောရှီယန်က လှောင်ပြောင်သည်။
"မင်း ဘာပြောလိုက်တာလဲ" စုန့်မြောင်ကောသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမသည် ရုတ်တရက် ထထိုင်ကာ တစ်ခုခုလုပ်တော့မည်ဖြစ်သော်လည်း ကုနင်းက သူမကို တားရန်တစ်ချက်ကြည့်လိုက်သည်။
ကုနင်းသည် ပျော့ညံ့ခြင်းမရှိမှန်းသိသဖြင့် စုန့်မြောင်ကောသည် သူ့ကိုယ်သူ ငြိမ်သက်လိုက်သည်။ ကုနင်းသည် ဒေါသကို မပေါက်ကွဲပါ။ အမှန်တကယ်တော့ သူမသည် ဒေါသအပြည့်ဖြင့် ကောရှီယန်ကို စိုက်ကြည့်နေသောကြောင့် ကောရှီယန်ကို စိတ်မသက်မသာဖြစ်စေသည်။
"မင်းက ငါက ဆင်းရဲတဲ့ မိန်းကလေး ငါ့မှာ သကြားဖေဖေရှိတယ်လို့ ပြောတယ်နော်။ အဲ့တာက ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား? သကြားဖေဖေရှိတဲ့ ကောင်မလေးက ငါလို ဆင်းရဲတာ မြင်ဖူးလို့လား" ကုနင်းက အေးစက်တဲ့လေသံနဲ့ပြောသည်။ "နောက်ပြီး ငါဆင်းရဲနေရင်တောင် မင်းနဲ့ဘာမှမဆိုင်ဘူး။ ငါ မင်းရဲ့ပိုက်ဆံကို သုံးနေတာမဟုတ်ဘူး"
“အမယ်လေး၊ မင်းမှာ မိတ်ကပ်ပစ္စည်းတွေ မရှိဘူးလေ။ ငါတို့မရှိတဲ့အခါကျရင် မင်း ငါတို့ပစ္စည်းကို ခိုးသုံးနိုင်တာပဲ! ကုနင်း၏အကြည့်အောက်တွင် စိတ်မသက်မသာခံစားရကာ ကောရှီယန်သည် သကြားဖေဖေဟူသော စကားလုံးကို ထပ်မံမပြောဝံ့တော့ပေ။
စုန့်မြောင်ကောသည် မတတ်နိုင်သောပုံစံဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ ကုနင်းသည် မိတ်ကပ်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး သူမတွင် အဆုံးမရှိသော မိတ်ကပ်ပစ္စည်းများကို အလိုရှိသရွေ့ အသုံးပြုရန် ရှိသည်။ ကောရှီယန်က သူ့ကိုယ်သူ ဟာသလုပ်နေသည်။
"မင်း ငါ့ကို သူခိုးလို့ ပြောလိုက်တာလား" ကုနင်းက မကျေမနပ်သံဖြင့် ရယ်မောလိုက်သည်။
“အဆောင်တွေမှာ အမြဲဖြစ်တတ်တာပဲ။ ငါက ငါ့ပစ္စည်းတွေကို ကာကွယ်တာ” ဟု ကောရှီယန်က ဆိုသည်။ သူမက ကုနင်းကို သူခိုးအဖြစ် မှတ်ယူခဲ့တာ ထင်ရှားပေသည်။
“ရယ်စရာကောင်းလိုက်တာ ”
“ဆက်ပြီး ကြွားလုံးထုတ်အုံးလေ! မင်းမျက်နှာက အရမ်းဖြူတယ်။ မိတ်ကပ်အများကြီးမလိမ်းပေမယ့် ဖောင်းဒေးရှင်းတော့ လိမ်းထားတယ်မလား” ဟု ကောရှီယန်က ဆိုသည်။ ကုနင်းမှာ အပြစ်အနာအဆာကင်းတဲ့ အသားအရည်ရှိတယ်ဆိုတာ သူမမယုံပေ။
"ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မင်းက ငါ့ကို တိုက်ခိုက်တာ၊ အရှက်ရစေတာ၊ ဒါမှမဟုတ် စိန်ခေါ်တာကို ရပ်သင့်တယ်။ ငါ့ ဒေါသက မြန်တယ်နော်။ မင်းငါ့ကိုစော်ကားရင် မင်းအပေါ်လုပ်ပစ်မယ့်အရာအတွက် ငါတာဝန်မယူဘူး" ကုနင်းကစိတ်မရှည်တော့ဘဲ ကောရှီယန်ကို သတိပေးလိုက်သည်။
ကောရှီယန်သည် သူမအား ဆဲရေးခြင်းအတွက် တစ်ကြိမ်သာ ခွင့်လွှတ်နိုင်သော်လည်း နောက်တစ်ကြိမ် ထပ်လုပ်ဝံ့ပါက သင်ခန်းစာပေးရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ကောရှီယန်သည် ကုနုင်း၏ လေးနက်သောအမူအရာကြောင့် ကြောက်ရွံ့သွားသော်လည်း နောက်ပိုင်းတွင် သူမသည် ရှက်ရွံ့စိတ်ဖြင့် ဒေါသထွက်လာသည်။
"မင်း ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ!"
"ဘာဖြစ်လဲ? မင်းငါ့ကို ထပ်တိုက်ခိုက်ဖို့ သတ္တိမရှိလိုက်နဲ့!" ကုနင်းက အေးစက်သောလေသံဖြင့် ပြောသည်။
“မင်း…”
ကောရှီယန်သည် သူမ၏စိန်ခေါ်မှုကိုလက်ခံပြီး ကုနင်းကိုအနိုင်ယူရန် ရုတ်တရက်ထရပ်လိုက်သည်။
သူမသည် ချမ်းသာသောမိသားစု၏ ဆိုးသွမ်းသောကလေးတစ်ဦးဖြစ်ပြီး သူမစိတ်ဆိုးတိုင်း အခြားလူများကို ရိုက်နှက်လေ့ရှိသည်။
စုန့်မြောင်ကောသည် ကုနင်းဟာ အားနည်းတဲ့သူမဟုတ်ကြောင်းကို သိသောကြောင့် ယခုအချိန်တွင် သူမမထွက်ခဲ့ပေ။ ကုနင်းသည် သူမ၏အကူအညီကို လုံးဝမလိုအပ်ပါ။
လုရှောင်ရှောင်သည် ကောရှီယန်ဘက်တွင်ဖြစ်သောကြောင့် သူမကို တားရန် မဖြစ်နိုင်ပေ။ သူမသည် ကုနင်းကို မကြိုက်သလို စုန့်မြောင်ကော ထွက်လာမှာကိုလည်း ကြောက်သည်။
စုန့်မြောင်ကော ငြိမ်သက်နေတာကို သူမမြင်လိုက်ရတော့ သူမစိတ်သက်သာရာရသွားသည်။ တကယ်တော့ စုန့်မြောင်ကောက တိုက်ပွဲမှာ ပါဝင်ခဲ့မယ်ဆိုရင် ကောရှီယန် ဒဏ်ရာ ရသွားမှာကို သူမ တကယ်ပဲ စိုးရိမ်နေလိမ့်မည်။ စုန့်မြောင်ကောသည် တိုက်ခိုက်ရေးကျွမ်းကျင်မှုများစွာကို သင်ယူခဲ့သည်။
ကောရှီယန်သည် ကုနင်း၏ ရှေ့သို့ ပြေးသွားပြီး ကုနင်းကို ပါးရိုက်ရန် သူ့လက်ကို မြှောက်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ပြတ်ပြတ်သားသား ပါးရိုက်သံများကို ကြားလိုက်ရသော်လည်း ကောရှီယန်၏ ပါးကိုရိုက်လိုက်သော ကုနင်းဆီမှ ထွက်လာသောအသံပင်ဖြစ်သည်။
ကောရှီယန်၏လက်သည် ကုနင်း၏ပါးကိုမထိမီ ကုနင်းက သူမကို ဦးစွာပါးရိုက်လိုက်သည်။ သူမသည် ကောရှီယန်၏ပါးကို လေးကြိမ်တိုင်တိုင် ဆက်တိုက်ရိုက်လိုက်ရာ ကောရှီယန်မှာ လုံးဝ ထိတ်လန့်သွားရသည်။ ကောရှီယန်သာမက လုရှောင်ရှောင်လည်း အံ့အားသင့်သွားခဲ့သည်။ ကောရှီယန်ဟာ ပါးရိုက်ခံခဲ့ရတဲ့အတွက် သူတို့အံ့ဩမိသည်။
စုန့်မြောင်ကောသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းသည် သူမ၏မျှော်လင့်ချက်ထက် မကျော်လွန်သောကြောင့် မကြာမီ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
တကယ်တော့ စုန့်မြောင်ကောက အဲဒါကို ကြည့်ရတာ သဘောကျသည်။
"မင်း ငါ့ကို ဒီလိုရိုက်ရဲတဲ့အထိ ဘယ်လိုတောင်သတ္တိရှိရတာလဲ!" ကောရှီယန်သည် ခဏတာ ထုံထိုင်းသွားသော်လည်း သူမ၏ပါးပြင်မှ နာကျင်မှုသည် မကြာမီပင် သူမကို လက်တွေ့ဘဝသို့ ပြန်ရောက်သွားစေသည်။ သူမ ဒေါသထွက်နေပြီ။
***
အခန်း ၁၈၀၈ မင်းပါးစပ်ကိုပိတ်ထား
"ငါသည်းခံနေတာနဲ့ပဲ အားနည်းနေတယ်လို့ ထင်နေတာလား။ ငါကိုဆင်းရဲလို့ မကြိုက်ဘူးဆိုရင် ရတယ်။ ဒါပေမယ့် ငါ့ကိုထောက်ပံ့ဖို့ သကြားဖေဖေရှိတယ်လို့ ပြောရဲရင်တော့ ငါလက်ခံနေမှာမဟုတ်ဘူး။ ငါ့မှာလည်း အကန့်အသတ်ရှိတယ်” ဟုကုနင်းက အေးစက်တဲ့အမူအရာနဲ့ ပြောသည်။ ကောရှီယန်ကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ သူမရဲ့ မှော်အစွမ်းကို အသုံးပြုခဲ့သည်။ ကောရှီယန်သည် ချက်ခြင်းပင် ဖိစီးမှုခံစားရပြီး ကြောက်ရွံ့တုန်လှုပ်သွားသည်။
ကုနင်းက သူမကို တစ်ကြိမ် ခွင့်လွှတ်ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် သူမက ကုနင်းကို မတိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ကုနင်းသည် သူမကို မမေ့နိုင်သော သင်ခန်းစာတစ်ခုပေးရမည်။
"မင်း ငါဘယ်သူလဲဆိုတာ မင်းသိလား။ မင်းငါ့ကို ဒီလိုလုပ်ရဲတဲ့အထိ ဘယ်လောက် သတ္တိရှိနေတာလဲ! ငါ…” ကောရှီယန်သည် ကုနင်း၏ သဘောထားကြောင့် ကြောက်ရွံ့ခဲ့သော်လည်း သူမသည် ဤရလဒ်ကို လက်ခံရန် ဆန္ဒမရှိခဲ့ပေ။ ကုနင်းကို အခုချက်ချင်း မတိုက်ခိုက်ဝံ့တော့ဘဲ ကုနင်းကို သူ့မိသားစုရဲ့ လွှမ်းမိုးမှုနဲ့ ခြောက်ဖို့ကြိုးစားသည်။
“မင်းဟာမင်း ချမ်းသာတဲ့သူဖြစ်ဖြစ် သြဇာကြီးတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းငါ့ကို စော်ကားဖို့ သတ္တိရှိသရွေ့ မင်းကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး" ကောရှီယန်၏စကားမဆုံးခင် ကုနင်းက သူ့ကို နှောင့်ယှက်လိုက်သည်။
“မင်း…” ကောရှီယန်က ကုနင်းသည် ဤမျှလောက် မာနကြီးမည်ဟု မမျှော်လင့်ထားပေ။ ကုနင်း၏မိသားစုသည် သူ့ထက် သြဇာကြီးနိုင်သည်ဟုလည်း သူမထင်သွားသည်။ သို့သော် ကုနင်းသည် သူမထက်သာ၍ လှပတာပဲရှိတာဟု ထင်နေသောကြောင့် သူမမယုံနိုင်သေးပေ။
ထို့နောက် ကုနင်းသည် သူမကို လျစ်လျူရှုပြီး သူမ၏ ပစ္စည်းများကို ဆက်လက် နေရာချခဲ့သည်။
တစ်ဖက်တွင် ကောရှီယန်သည် လက်လျှော့ရန် တွန့်ဆုတ်နေ၏။ သူမသည် စိတ်မြန်လာကာ ကုနင်းကို ရိုက်ဖို့ ကုလားထိုင်ကို ဆွဲကိုင်လိုက်သည်။
"ကုနင်း!" စုန့်မြောင်ကောက ထိတ်လန့်သွားသည်။
ကုနင်းသည် တိုက်ခိုက်ရေးတွင် ထူးချွန်ကြောင်း သူမသိသော်လည်း အဖြစ်အပျက်က မြန်ဆန်လွန်းသောကြောင့် သူမဘေးကင်းရေးကို စိုးရိမ်နေသေးသည်။
နောက်တစက္ကန့်မှာတော့ စုန့်မြောင်ကောဟာ ကောရှီယန်ကို ရပ်တန့်ဖို့ ကြိုးစားရင်း အိပ်ရာထဲကနေ ခုန်ဆင်းသွားသည်။
လုရှောင်ရှောင်လည်း ကြောက်သွားသည်။ ကုနင်းကို သူမမုန်းပေမယ့် ကောရှီယန်ရဲ့ ရုတ်တရတ်လှုပ်ရှားမှုက အရမ်းများလွန်းသည်။ ကုနင်းသာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားရင် ဘယ်လိုလုပ်မလဲ။
တကယ်တော့ ကုနင်းက ခံစားမိလိုက်ပါသည်။ စုန့်မြောင်ကော မရောက်မီတွင် သူမက လှည့်ကြည့်ကာ ကုလားထိုင်ကို တားလိုက်ပြီး ကောရှီယန်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ကောရှီယန်က သူ့လည်ပင်းကို ဓားနဲ့ ထောက်ထားသလို ခံစားေနရသည်။ သူမသည် မလှုပ်ရှားနိုင်၊ အသက်ရှူမဝနိုင်ဖြစ်ကာ တုန်လှုပ်လာသည်။
ကုနင်းသည် လုံးဝမထိခိုက်ဘဲ ထိုင်ခုံကိုတားနိုင်ခဲ့သည့်အတွက် သူမ အံ့အားသင့်သွားရသည်။
မနှောင့်နှေးဘဲ ကုနင်းက ကုလားထိုင်ကို ဆွဲယူပြီး မြေပြင်ပေါ် ချလိုက်သည်။ သူမသည် အခြားအဆောင်ခန်းများကို မထိခိုက်စေလိုသောကြောင့် ဒေါသဖြင့် မပစ်ခဲ့ပေ။
ကုနင်းက ကုလားထိုင်ကို ဆွဲယူသွားပြီးနောက် ကောရှီယန်သည် အလွန်တုန်လှုပ်သွားကာ ထိုနေရာတွင် ရပ်နေသေးသည်။
ကုနင်းသည် သူမထံသို့ ချဉ်းကပ်လာကာ လည်ပင်းကို လှမ်းဆွဲလိုက်သည်။
"ကုနင်း မင်း ဘာလုပ်တာလဲ" ဒါကိုမြင်တော့ လုရှောင်ရှောင် ထိတ်လန့်သွားသည်။ ကုနင်းသည် ကောရှီယန်ကို လည်ပင်းညှစ်သတ်မည်ကို သူမစိုးရိမ်နေမိသည်။
သို့သော် စုန့်မြောင်ကောသည် ကုနင်းမှာ သူမရဲ့အကြောင်းပြချက်ရှိကြောင်း နားလည်သည်။ သူမသည် ကောရှီယန်ကို ဆိုးရွားစွာ ထိခိုက်စေမည်မဟုတ်သော်လည်း နောင်တွင် ကုနင်းကို ထပ်မံနှောက်ယှက်ပါက သူမကို မမေ့နိုင်သောသင်ခန်းစာတစ်ခုသာ ပေးလောက်မည်။ ထို့ကြောင့် စုန့်မြောင်ကောသည် ကုနင်း၏ အပြုအမူ မှားသည်ဟု မထင်ခဲ့ပေ။ သူမသာ ကုနင်းဆိုရင်လည်း ဒီလိုပဲ လုပ်မှာပင်။
"မင်းပါ မပါချင်ရင် ပါးစပ်ပေါက်ကိုပိတ်ထား" ကုနင်းက လုရှောင်ရှောင်ကို ပြောလိုက်သည်။ လုရှောင်ရှောင်ဟာ ကောရှီယန်လောက် မဆိုးသွမ်းပေမယ့် သူတို့ဟာ တူညီတဲ့လူပါပဲ။
လုရှောင်ရှောင်သည် ကုနင်း၏အပြုအမူကိုကြောက်ရွံ့သောကြောင့် သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ သို့သော်လည်း လုရှောင်ရှောင်သည် ကောရှီယန် အပြင်းအထန်ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် သူမသည် အကူအညီတောင်းရန် ဖုန်းခေါ်ဆိုဖို့ကြိုးစားရင်း ဖုန်းကို လျှို့ဝှက်စွာထုတ်ခဲ့သည်။
စုန့်မြောင်ကောက ဒါကို သတိပြုမိပြီး ဖုန်းခေါ်ခွင့်မပြုပါ။ သူမသည် လုရှောင်ရှောင်ဆီသို့ လျှောက်သွားပြီး ဖုန်းကို လှမ်းဆွဲလိုက်သည်။
"ငါ့ကို ပြန်ပေး!" လုရှောင်ရှောင် ဒေါသထွက်သွားသည်။
"စိတ်လျှော့ပါ နောက်မှပြန်ပေးမယ်။ တိတ်တိတ်နေ မဟုတ်ရင် မင်းလည်း အပြစ်ပေးခံရလိမ့်မယ်" စုန့်မြောင်ကောက သူ့ကို ခြိမ်းခြောက်သည်။
“မင်း…” လုရှောင်ရှောင်သည် ဘာမှ ထပ်မလုပ်ရဲတော့ပေ။
တစ်ချိန်တည်းမှာပင် ကောရှီယန်သည် ကုနင်းက သူမ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သောကြောင့် ထိတ်လန့်စွာ မျက်လုံးများဝိုင်းစက်သွားခဲ့သည်။ ကုနင်း၏လက်ကို ဖယ်ရှားရန် သူမကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“မင်း…” ကောရှီယန်သည် စကားတစ်ခွန်းကိုပင် ပြီးအောင် မပြောနိုင်တော့။ ဒီအချိန်မှာ သူမ လုံးဝ ကြောက်လန့်နေခဲ့သည်။
“ငါ မင်းကို ငါကဒေါသကြီးတယ်လို့ ပြောပြီးပြီးနော်။ မင်းငါ့ကိုစော်ကားရင် မင်းအပေါ်လုပ်မယ့် ငါ့ရဲ့မကောင်းတဲ့အပြုအမူအတွက် ငါတာဝန်ယူမှာမဟုတ်ဘူး" ဟု ကုနင်းက မှိုင်းညို့တဲ့မျက်နှာနဲ့ပြောခဲ့သည်။ ကောရှီယန်၏ မနာခံမှုကို သူမ အလွန်မကျေမနပ်ဖြစ်မိသည်။ “မင်းတို့မိသားစုရဲ့ လွှမ်းမိုးမှုနဲ့ ငါ့ကို အနိုင်ကျင့်ဖို့ မကြိုးစားနဲ့။ မင်းမိသားစုက ဒီမြို့ကို ပိုင်တာမဟုတ်ဘူး။ မြို့တော်မှာ မင်းတို့ထက် သြဇာကြီးတဲ့ မိသားစုတွေ အများကြီးရှိတယ်။ တစ်ယောက်ယောက်ကို အနိုင်ကျင့်ချင်ရင်တောင် တစ်ဖက်လူရဲ့ မိသားစုနောက်ခံကို အရင်ရှာရင်ပိုကောင်းမယ်။ မင်းကိုယ်မင်း လူတိုင်းထက် သာလွန်တယ်လို့ မထင်နေနဲ့"
“နောက်ဆုံးအကြိမ် သတိပေးပါရစေ။ ငါနဲ့ လာမရှုပ်နဲ့ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့။ မင်းကို ဒီထက် ပိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခံရလိမ့်မယ်” ဟု ကုနင်းကပြောပြီး ကောရှီယန်အားကုတင်ပေါ်ပစ်ချလိုက်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။
ကုနင်းသည် ပဋိပက္ခဖြစ်ရန် တွန့်ဆုတ်နေသော်လည်း ကောရှီယန်သည် သူမအား ရန်စခြင်းကို မရပ်တန့်ခဲ့ပေ။
ကုနင်းသည် ကောရှီယန်ကို ကိုင်တွယ်ပြီးနောက် စုန့်မြောင်ကောသည် လုရှောင်ရှောင်၏ဖုန်းကို သူမထံသို့ ပြန်ပေးခဲ့သည်။
ကုတင်ပေါ်လှဲနေသော ကောရှီယန်သည် ရုတ်တရက် မလှုပ်နိုင်တော့။ သူမ တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်နေပြီ။ ဒီအချိန်မှာ သူမအသိစိတ်ပြန်မ၀င်နိုင်အောင် အရမ်းတုန်လှုပ်နေခဲ့သည်။
လုရှောင်ရှောင်က ကောရှီယန်ရဲ့ အခြေအနေကို စစ်ဆေးဖို့တောင် မဝံ့ရဲပါ။
"နေလောင်ခံခရင်မ် ရှိလား" ကုနင်းက စုန့်မြောင်ကောကို မေးသည်။
“ရှိတယ်လေ” စုန့်မြောင်ကောက ပြောသည်။
"ဘာတံဆိပ်လဲ" ကုနင်းက ထပ်မေးသည်။ စုန့်မြောင်ကောက သူ့ကို နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုလို့ ပြောခဲ့ပေမယ့် ကုနင်းက ကောင်းမွန်တဲ့ သက်ရောက်မှုရှိတယ်လို့ မထင်ပေ။
သူမသည် ခိုကျီနေရောင်ကာ ခရင်မ်တစ်ခုကို ထုတ်ကာ စုန့်မြောင်ကောအား ပေးလိုက်သည်။ "ဒီမှာ မင်းငါ့ကိုယုံရင် စမ်းကြည့်ကြည့်လေ။ စစ်ရေးလေ့ကျင့်မှုအတွင်း မင်းရဲ့အသားအရေကို ကောင်းကောင်းကာကွယ်ပေးနိုင်မယ်လို့ အာမခံတယ်”
"ခိုကျီမလား? ငါ ဒီတံဆိပ်ကို ယုံကြည်ပြီးသား ကျေးဇူး၊ ကုနင်း။"
စုန့်မြောင်ကောသည် ကုနင်းထံမှ လက်ဆောင်ရရှိသည့်အတွက် ပျော်ရွှင်နေသည်။ ထို့အပြင် သူမသည် ခိုကျီအကြောင်းများစွာကို ယခင်ကကြားခဲ့ဖူးသည်။ အလွန်ထိရောက်သော အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သူမသိသည်။ သို့သော် သူမသည် ပုံမှန်အားဖြင့် မိတ်ကပ်မလိမ်းဖြစ်သောကြောင့် မဝယ်ဖြစ်ပေ။
စစ်ရေးလေ့ကျင့်မှုအတွက် နေရောင်ကာခရင်မ် လိုအပ်သည်။ သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ မိတ်ကပ်မလိမ်းထားရင်တောင် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ လိုအပ်သည်။ ဒီလိုမှ မလုပ်ရင် စစ်သင်တန်းပြီးရင် သူတို့ရဲ့ အသားအရေ ပျက်စီးမှာ သေချာသည်။ ယောက်ျားလေးတွေက အဲဒါကို ဂရုမစိုက်ပေမယ့် မိန်းကလေးများက လက်မခံနိုင်ကြပေ။
"ရပါတယ်" ဟု ကုနင်းက ပြောသည်။
ထို့နောက် ကုနင်းသည် သူမ၏ ပစ္စည်းများကို ဆက်လက် စီစဉ်ခဲ့သည်။ ပြီးသွားသောအခါတွင် သူမသည် သန့်ရှင်းရေးလုပ်ကာ အိပ်ရာထဲ၀င်လိုက်သည်။
ကောရှီယန် နှင့် သူမ၏ ပဋိပက္ခတွင် အချိန်အတော်ကြာ ဖြုန်းတီးခဲ့သောကြောင့် သူမ၏ အိပ်ယာပေါ်သို့ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မီးများပိတ်သွားခဲ့သည်။
ကုနင်းသည် အစောကြီး အိပ်လေ့မရှိသောကြောင့် အိပ်ရာပေါ်တွင် လဲလျောင်းရင်း
ဖုန်းသုံးခဲ့သည်။ သူမသည် ချူးဖေ့ဟန်နှင့် WeChat အဖွဲ့ရှိ အခြားသူငယ်ချင်းများနှင့် စကားပြောဆိုခဲ့သည်။
ကုနင်းက သူတို့ အခန်းဖော်တွေနဲ့ ဘယ်လို နေလဲလို့ မေးသည်။ သူမသည် ချူးဖေ့ဟန်၊ ယွီမီရှီနှင့် မုခယ်တို့ကိုသာမက ဟောင်ရန် နှင့် အခြားသော ကောင်လေးများကိုလည်း မေးခဲ့သည်။ တစ်ချိန်တည်းတွင် စာရင်းသွင်းရန် သွားကြသောကြောင့် သူတို့လည်း ကျောင်းမှာပဲ နေကြသည်။
အားလုံးက ကောင်းသောနေ့လေးဖြစ်ကြသော်လည်း ချူးဖေ့ဟန်သည် သူမ၏အခန်းဖော်များနှင့် ငြင်းခုံခဲ့ပြီး ယခုအချိန်တွင် အချင်းချင်း စကားမပြောဖြစ်ကြပေ။ ချူးဖေ့ဟန်သည် ပထမဆုံးနေ့တွင် သူမ၏အခန်းဖော်များနှင့် ပဋိပက္ခဖြစ်ခဲ့ကြောင်း ကုနင်းသိလိုက်သည်နှင့် ကုနင်းသည် သူမအတွက် ခံစားမိပြီး စာတစ်ခုပေးပို့လိုက်သည်။
ကုနင်း : ငါတို့က အရမ်းထူးချွန်လွန်းလို့ မိန်းကလေးတွေက ငါတို့ကို အကြောင်းပြချက်မရှိဘဲ မနာလိုဖြစ်ကြတယ်
***
အခန်း ၁၈၀၉ အဆောင်ခန်းဘေးမှ နောက်အဆောင်ခန်း
ကုနင်းက ထိုစာကို ပေးပို့လိုက်သောအခါ သူမ၏ သူငယ်ချင်းများက ကုနင်း၏ အခန်းဖော်များကလည်း သူမကို ခက်ခဲအောင် တမင်တကာ လုပ်ခဲ့ကြသည်ကို သိသွားကြသည်။
မဆိုင်းမတွဘဲ နောက်ထပ်အသေးစိတ်အချက်အလက်များအား သူမကို မေးမြန်းခဲ့သည်။
ကုနင်းက သူတို့ဖြစ်စဉ်ကို ပြောပြပြီး အားလုံးက သူမကို ထောက်ခံကြသည်။ ကုနင်းနှင့် ချူးဖေ့ဟန် နှစ်ဦးစလုံးသည် ၎င်းတို့ကြားတွင် တိုက်ခိုက်ရေးမှ ထူးချွန်သောကြောင့် အနိုင်ကျင့်ခံရမည်ကိုတော့ မစိုးရိမ်ကြပေ။
စုအန်းယာ : ကမ္ဘာကြီးက သူတို့ကို ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ အမြဲယုံကြည်နေတဲ့ ဒရာမာဘုရင်မတွေအများကြီးရှိတယ် (လူတိုင်းက သူတို့ကိုပဲ အာရုံစိုက်ကြလိမ့်မယ်လို့ အမြဲယုံကြည်နေတဲ့ ဒရာမာဘုရင်မတွေ အများကြီးရှိတယ်)
ဟောင်ရန် : ဟုတ်တယ် မိန်းကလေးတွေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက်မနာလိုတာက အရမ်းထူးဆန်းတာပဲ
ချူးဖေ့ဟန်: @ဟောင်ရန် ငါတို့လည်း မိန်းကလေးတွေပဲလေ။ မိန်းကလေးတိုင်းကို ဝေဖန်လို့မရဘူး
ဟောင်ရန် : ဆောရီးပါဟာ ကောင်မလေးတချို့ပါပဲ
အခြားလူများ : ဟုတ်တယ်
ချူးဖေ့ဟန် - ဘော့စ် အဲ့ကောင်မလေးက ငါ့ကို ဖျော်ဖြေရေး နယ်ပယ်ကနေ ပိတ်ပစ်မယ်လို့ ပြောခဲ့တယ်။ မင်းငါ့ကိုကူညီရမယ်နော်။ ငါကိုယ့်ကိုယ်ကို သက်သေပြဖို့ ဇာတ်ကောင်တစ်ခုလိုတယ်။
ချူးဖေ့ဟန်သည် သူမတကယ် အကူအညီမဲ့နေသကဲ့သို့ ကုနင်းကို ငိုနေသော အီမိုဂျီကို ပေးပို့ခဲ့သည်။
ကုနင်း : စိတ်မပူပါနဲ့ ဒါရိုက်တာလုက မင်းကို အထင်ကြီးတယ်။ သူ့ရဲ့နောက်ထပ်ရှိုးမှာ မင်းကို ဇာတ်ပို့လုပ်ခွင့်ပေးမယ်လို့ သူ ကတိပေးထားတယ်။ မင်းလက်ခံဖို့ ဆန္ဒရှိမရှိ ငါမသိပေမယ့် မင်း လူရွေးပွဲကိုတော့ အရင်အောင်ဖို့လိုတယ်
ချူးဖေ့ဟန်သည် ကုနင်း၏အကူအညီကို အမှန်တကယ်မလိုအပ်ပါ။ လုကျန်းသည် အမှန်တကယ်ပင် သူမအပေါ် ကောင်းသော အမြင်ရှိသည်။ ကုနင်းကိုလည်း ဒီလိုပြောဖူးသည်။
ချူးဖေ့ဟန် : တကယ်လား? ဘုရားရေ ငါအရမ်းကံကောင်းတာပဲ
ချူးဖေ့ဟန် စိတ်လှုပ်ရှားသွားသည်။ သူမရဲ့ အခန်းက အများကြီးမပါတာမဟုတ်ပေမယ့် အတည်ပြုချက်တော့ လိုအပ်သည်။ သူမအမြင်မှာတော့ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ ဘာတစ်ခုမှ မရှိပေ။
…
မီးများပိတ်သွားပြီးနောက် ကောရှီယန်သည် အကြာကြီး အသက်ရှုသွင်းလိုက်သည်။ သူမ ရေချိုးခန်းထဲသို့ ပြေးသွားပြီး အတန်ကြာအောင် ထွက်လာခဲ့သည်။ အထဲမှာ သူမဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှမသိပေမယ့် တခြားလူတွေကတော့ ငိုသံတွေကြားနေရသည်။ သို့သော် ထိုကိစ္စကို မည်သူမျှ ဂရုမစိုက်။
သူမ၏ အိပ်ရာပေါ်တွင် လှဲလျောင်းပြီးနောက်၊ ကောရှီယန်သည် သူမတွေ့ကြုံခဲ့ရသည့်အရာများကို WeChat မှ အကိုဖြစ်သူအား ပြောပြခဲ့သည်။
ကောရှီယန်၏အစ်ကိုဖြစ်သူသည် သူ့ညီမ၏အနိုင်ကျင့်ခံရကြောင်းသိလိုက်ရသည်နှင့်တစ်ပြိုင်နက် ဒေါသတကြီးဖြစ်ခဲ့သည်။ သူက သူ့ညီမလေးကို နှစ်သိမ့်ပေးပြီး ကုနင်းကို ပြန်လက်စားချေပေးမယ်လို့ ကတိပေးလိုက်သည်။ ထို့ကြောင့် ကောရှီယန်သည် များစွာပိုအဆင်ပြေလာသော်လည်း စိတ်တိုနေသေး၍ အိပ်ရာ၀င်နောက်ကျခဲ့ပေသည်။
လုရှောင်ရှောင်သည် အလွန်ထိတ်လန့်သွားပြီး သူမလည်း အိပ်မပျော်နိုင်ပေ။
ကုနင်းနှင့် စုန့်မြောင်ကောတို့ကတော့ မည်သည့်သက်ရောက်မှာမှ မရှိကြပါ။ ဘာပဲဖြစ်ဖြစ် သူတို့ မထိခိုက်ခဲ့ကြပေ။
နောက်တစ်နေ့တွင် ကုနင်းနှင့် စုန့်မြောင်ကောသည် နံနက် ၆ နာရီတွင် တစ်ချိန်တည်း နိုးလာသည်။ သူတို့မှာ စောစောထတတ်တဲ့ အလေ့အထရှိတာကြောင့် ဒီအချိန်မှာ နှိုးစက်မပါပဲ မျက်လုံးပွင့်လာတတ်ကြသည်။
သူတို့နိုးလာကြပြီဖြစ်၍ တန်းထလိုက်ကြသည်။
ကုနင်းက သူ့အိပ်ယာထဲက ထွက်သွားတာကို မြင်တော့ စုန့်မြောင်ကော လည်း ထလိုက်သည်။
ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် လှုပ်ရှားသံများကို ကြားသောအခါ လန့်နိုးလာသော်လည်း ဘာမှ မပြောရဲပေ။ နိုးနေသော်လည်း ယခုထရန် ရည်ရွယ်ချက်မရှိပေ။
သူတို့သည် ကုနင်းကို ရှောင်ရန် ရည်ရွယ်ထားပြီး ကုနင်းမထွက်သွားမချင်း သူတို့အိပ်ရာမှ ထမည်မဟုတ်ပေ။
မျက်နှာသစ်၊ သွားတိုက်ပြီးတဲ့အခါ ကုနင်းက သူတို့ကျောင်းကပေးခဲ့တဲ့ စစ်ဝတ်စုံကို ၀တ်လိုက်သည်။ အစိမ်းနှင့် အညိုရောင် စပ်ထားသော ဘောင်းဘီရှည်နှင့် အပေါ်က လက်တိုအင်္ကျီ နှင့်ဖြစ်သည်။
ကုနင်းလဲ၀တ်ပြီးသွားတဲ့အခါ စုန့်မြောင်ကောက အံ့သြသွားသည်။ "ဝိုး၊ ကုနင်းက မင်းအရမ်းမိုက်တာပဲ။ မင်း အရမ်းလှတယ်၊ ဘယ်အဝတ်အစားနဲ့မဆို ဆွဲဆောင်မှုရှိချက်"
"မင်းလည်း လှတာပဲ!" ကုနင်းပြုံးလိုက်သည်။ ဒါဟာ ယဉ်ကျေးမှုအရပြောတာမဟုတ်ပဲ စိတ်ရင်းအမှန်နဲ့ ပြောတာပါ။
စုန့်မြောင်ကောသည် စစ်စခန်းတစ်ခုတွင် ကြီးပြင်းခဲ့ပြီး ရက်ရှည်အားလပ်ရက်တိုင်းတွင် အခြားစစ်သားများနှင့်အတူ လေ့ကျင့်သင်ကြားခဲ့သည်။ ရလဒ်အနေနဲ့ သူမဟာ စစ်သားတစ်ယောက်ရဲ့ အငွေ့အသက်ကို ရရှိခဲ့တယ်။ ထို့ကြောင့် စစ်ဝတ်စုံသည် သူမနှင့် အလွန်လိုက်ဖက်သည်။
"ကျေးဇူးတင်ပါတယ်!" စုန့်မြောင်ကော၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။
အ၀တ်စားလဲပြီးတာနဲ့ ထွက်သွားကြသည်။ စောနေသေးပေမယ့် အဆောင်ခန်းထဲမှာ မစောင့်ချင်ကြပေ။
ကုနင်းက အရင်ထွက်လာပြီး သိပ်မကြာခင်မှာပဲ သူမအခန်းဘေးက အဆောင်အခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး ပိုင်လီကျုံးရွှယ် ထွက်လာသည်။ ကုနင်းသည် ပိုင်လီကျုံးရွှယ်သည် ဘေးအခန်းရှိ အဆောင်ခန်းတွင် နေသည်ကို သတိပြုမိသောကြောင့် သူမကိုမြင်ရသည်မှာ မအံ့သြမိပေ။
သို့သော် ပိုင်လီကျုံးရွှယ်သည် ကုနင်းကိုမြင်သောအခါ တစ်စက္ကန့်မျှ တုန်လှုပ်သွားခဲ့သည်။ တကယ်တော့ ကုနင်းက ဘယ်အဆောင်မှာနေတယ်ဆိုတာ သူမသိတာကြောင့် ကုနင်းနဲ့ နီးနီးကပ်ကပ်နေဖို့ ရွေးချယ်ခဲ့သည်။ ကုနင်း၏ သံသယကို မနှိုးဆော်ရန်အတွက် သူမနှင့် တစ်ခန်းတည်းတွင် မနေထိုင်ခဲ့ပေ။
ကုနင်းသည် စစ်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိလွန်းသောကြောင့် သူမသည် ငေးမောနေမိသည်။
"ကုနင်း တိုက်ဆိုင်လိုက်တာ။ ငါတို့ အဆောင်ခန်းနီးနီးလေးပဲ" ပိုင်လီကျုံးရွှယ်ကအံ့ဩဟန်ပြသည်။
ကုနင်းသည် သူမသရုပ်ဆောင်သည်ကို သိသော်လည်း သူမမျှော်လင့်ထားပြီးဖြစ်သောကြောင့် ၎င်းကို သိပ်ဂရုမစိုက်ပါ။
"ဟုတ်တယ်၊ တိုက်ဆိုင်လိုက်တာ!" ကုနင်းပြုံးလိုက်သည်။
"မင်း ဒီနေ့ စောစောထတာပဲ" ပိုင်လီကျုံးရွှယ်က ပြောသည်။
“ငါတို့ အစောကြီးနိုးနေလို့။ ငါတို့ အတူတူ မနက်စာ စားကြမလား”ကုနင်းက ပြောသည်။
“ဟုတ်ပြီလေ!” ပိုင်လီကျုံးရွှယ်က သဘောတူပြီး ကုနင်းနဲ့အတူ ရှေ့ကို လျှောက်သွားသည်။
ထို့နောက် ကုနင်းသည် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်ကို အချင်းချင်း မိတ်ဆက်ပေးခဲ့သည်။ စုန့်မြောင်ကောသည် ပိုင်လီကျုံးရွှယ်ကဲ့သို့ပင် တူညီသော စရိုက်ရှိသောကြောင့် မကြာမီမှာပင် သူတို့သည် အချင်းချင်းရင်းနှီးလာကြသည်။
ကုနင်းနဲ့ ကောင်မလေးတွေက အစောကြီး ထွက်လာကြတာမို့ ဒီအချိန် အပြင်မှာ ကျောင်းသား သိပ်မရှိသေးပေ။ အများစုမှာ ယောက်ျားလေးများဖြစ်သည်။
တချို့လူတွေက မနက်ခင်းမှာ ပြေးတတ်တဲ့ အလေ့အကျင့်ရှိ၍ တခြားသူတွေထက် စောပြီးထကြသည်။
ကုနင်းနှင့် ကောင်မလေးများသည် ကန်တင်းတွင် မနက်စာစားရန် သွားကြသည်။ သူတို့ မနက်စာစားပြီးတာနဲ့ ကျောင်းသားတွေ ပိုများလာသည်။
ကုနင်းနှင့် ကောင်မလေးများကို မြင်သည်နှင့် တပြိုင်နက် အာရုံစူးစိုက်မှုများစွာကို စွဲဆောင်သွားခဲ့သည်။
ကုနင်းက မိန်းကလေး သုံးယောက်ထဲမှာ အလှဆုံးဖြစ်ပေမယ့် စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာလည်း အရမ်းလှပေသည်။ ထို့ကြောင့် အခြားကျောင်းသားများက ၎င်းတို့သုံးဦးလုံးကို အာရုံစိုက်ခဲ့သည်။
ထို့အပြင် ၎င်းတို့ သုံးဦးသည် မတူညီသော မိန်းကလေးများ ဖြစ်ကြသည်။ မတူညီသောလူများသည် မတူညီသောအကြိုက်များ ရှိသောကြောင့် မတူညီသောလူများ၏မျက်လုံးများတွင် စ်ယောက်ချင်းစီက အလှဆုံးဖြစ်သည်။
ကုနင်းက ခပ်ချေချေပုံစံနဲ့ဖြစ်ပြီး စုန့်မြောင်ကောက ချစ်စရာကောင်းကာ ပိုင်လီကျုံးရွှယ်က မိန်းကလေးဆန်သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် မျက်နှာပြင်ပေါ်တွင် မည်သည့်ပုံပေါက်နေပါစေ၊ ၎င်းတို့သည် အမှန်တကယ်ပင် ထက်မြက်သော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် မိန်းကလေးများဖြစ်သည်။
သူတို့ရဲ့ ပြောင်မြောက်တဲ့ အသွင်အပြင်ကြောင့် ယောက်ျားလေးတွေက သူတို့အကြောင်း စကားစမြည်ပြောလာကြသည်။ ကုနင်းနှင့် ကောင်မလေးများ ဘေးတွင် ယောက်ျားလေး သုံးယောက် ရှိနေသည်။ သူတို့ကို စောင့်ကြည့်ပြီး သူတို့အကြောင်း အကြာကြီး ပြောနေကြသည်။ အားလုံးက မိန်းကလေးတွေနဲ့ စကားစမြည်ပြောဖို့ ကြိုးစားချင်ကြသည်။
ယောက်ျားလေးတစ်ယောက်က သူတို့နဲ့ စကားစမြည်ပြောဖို့ ပိုရုပ်ချောတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ကို ပြောလိုက်သည်။ ကောင်လေးက အနည်းငယ်ရှက်သွားသော်လည်း သူ့သူငယ်ချင်းများ၏ တိုက်ရိုက်တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
ကောင်လေးက ကုနင်းနှင့် ကောင်မလေးများရှေ့သို့ တွန်းထုတ်ခြင်းခံလိုက်ရသောကြောင့် နှုတ်ဆက်လိုက်ရသည်။ "ခွင့်ပြုပါ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ငါက ဂျာနယ်လစ်မေဂျာက ကျောင်းသားသစ် တုကျားလဲ့ပါ။ တွေ့ရတာ အရမ်းဝမ်းသာပါတယ်" တုကျားလဲ့က ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ ကောင်မလေးတွေက သူ့ကို လျစ်လျူရှုမှာကို ကြောက်မိသည်။
***
အခန်း ၁၈၁၀ အခြားသူများ၏နောက်ကွယ်တွင် ဆဲဆိုခြင်း
သူ့ရဲ့ ဖော်ရွေတဲ့ နှုတ်ဆက်မှုကို တွေ့ပြီးနောက် ကောင်မလေးတွေက သူ့ကို သဘောကျကြသည်။
“ငါ့နာမည်က စုန့်မြောင်ကောပါ။ ရူပဗေဒမေဂျာက"
"ငါက ပိုင်လီကျုံးရွှယ်ပါ။ ငါက သမိုင်းမေဂျာက"
"ဟိုင်း ငါက ကုနင်းပါ။ စီးပွားရေးမေဂျာကပါ” သူတို့ကိုယ်သူတို့ မိတ်ဆက်သည်။
သို့သော် ကုနင်း၏ မိမိကိုယ်ကို နိဒါန်းပျိုးနှုတ်ဆက်လိုက်သည်ကို တုကျားလဲ့ ကြားလိုက်သည်နှင့် တုန်လှုပ်သွားသည်။
“အာ မင်းက စီးပွားရေးမေဂျာက ကုနင်းလား။ ဒီနှစ်ရဲ့ အမှတ်အများဆုံးသူမလား။” သူ စိတ်လှုပ်ရှားလာသည်။ ဒီမေးခွန်းကို သူမေးလိုက်ကတည်းက ကုနင်းအကြောင်း ကြားသိခဲ့ရပေမယ့် သူမကို မမှတ်မိခဲ့ပုံရသည်။ သူသည် ဒီတိုင်း လှပသော မိန်းကလေးနှင့် စကားစမြည်ပြောခဲ့ပြီး ထိုမိန်းကလေးက ကုနင်းဖြစ်နေသည့်အတွက် အံ့အားသင့်နေရသည်။
တုကျားလဲ့၏ အာမေဋိတ်သံကိုကြားတော့ သူ့သူငယ်ချင်းနှစ်ယောက်လည်း အံ့သြသွားကြသည်။ သူတို့သည် တုကျားလဲ့၏သူငယ်ချင်းများဖြစ်သောကြောင့် ကုနင်းအကြောင်းကိုလည်း သူတို့ကြားသိနေခဲ့ရသည်။ ကုနင်းကို တွေ့တော့ သူတို့လည်း အံ့သြသွားသည်။
"ဟုတ်တယ်၊ ငါပါ" ကုနင်းပြုံးလိုက်သည်။
သူမ၏အတည်ပြုချက်ကြောင့် တုကျားလဲ့ သည် ရုတ်တရက် တုန်လှုပ်သွားပြီး “အင်း ငါ မင်းနဲ့ပတ်သက်တဲ့ သတင်းအားလုံးကို ဖတ်ဖူးတယ် မင်းက မယုံနိုင်စရာပဲ။ မင်းက ငါ့ရဲ့အိုင်ဒေါပါ။ တောင်းပန်ပါတယ် ၊ငါမင်းရဲ့ဓာတ်ပုံတွေကို မြင်ဖူးပေမယ့် အခု မင်းကို မမှတ်မိလိုက်ဘူး။"
"ရပါတယ်" ဟု ကုနင်းကပြောသည်။ တုကျားလဲ့၏ သူငယ်ချင်းနှစ်ယောက်သည် နောက်မှ ကနင်းဆီသို့ လျှောက်သွားကြသည်။ မိန်းကလေးများကို ယဉ်ကျေးစွာ နှုတ်ဆက်ကြပြီး မိန်းကလေးများကလည်း ပြန်နှုတ်ဆက်ကြသည်။
ကုနင်းနဲ့တွေ့သောကြောင့် အတော်လေး စိတ်လှုပ်ရှားခဲ့ကြပေမယ့် သူမကို အံ့ဩတကြီးဖြစ်နေကာ ဒီတိုင်းရပ်နေမိသည်။ ထို့ကြောင့် ခဏတာ စကားစမြည်ပြောပြီးနောက် အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။
“ဘုရားရေ ဒီတိုင်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားစမြည်ပြောမလို့လုပ်တာ သူ့က ကုနင်းဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါအခု အရမ်းစိတ်လှုပ်ရှားနေမိတယ်"
သူတို့ထွက်သွားပြီးနောက် တုကျားလဲ့၏သူငယ်ချင်း ကုနင်းအကြောင်း ဆွေးနွေးခဲ့သည်။
“ဟုတ်တယ်၊ ငါလည်း စိတ်လှုပ်ရှားနေတာ ငါတို့က ရွယ်တူတွေဘဲ၊ ဒါပေမယ့် သူက ငါတို့အတွက် အကြီးလို့ ငါခံစားရတယ်။ သူ့ကို ကြည့်နေရင်းတောင် အံ့ဩမိနေတာ” ဟု တုကျားလဲ့၏ သူငယ်ချင်းက ပြောသည်။
"ငါတို့က ရွယ်တူတွေဆိုပေမယ့် ငါတို့သာမန်ကောလိပ်ကျောင်းသားဖြစ်နေချိန်မှာ သူကအရမ်းအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီဆိုတော့ သဘာ၀အတိုင်း သူ့ရှေ့မှာ ဖိစီးမှုခံစားရတာပေါ့" ဟု တုကျားလဲ့မှ ပြောကြားခဲ့သည်။
ကုနင်းနှင့် ကောင်မလေးများသည် အားကစားကွင်းသို့ ရောက်သောအခါ နံနက် ၇ နာရီသာရှိသေး၍ စစ်ရေးလေ့ကျင့်ရန် တစ်နာရီ လိုတော့သည်။ ထို့ကြောင့် အားကစားကွင်းတွင် လမ်းလျှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သိပ်မကြာခင်မှာ ကျောင်းသားတွေ ပိုများလာသည်။ နံနက် ၇း၃၀ အချိန်တွင် ကျောင်းရေဒီယိုမှ အသံထွက်လာပြီး ကျောင်းသားသစ်များအား ဌာနခွဲတစ်ခုစီ၏ အတန်းအလိုက် တန်းစီရန် ညွှန်ကြားထားသည်။
အတန်းတစ်တန်းကို ယောက်ျားလေးများအတွက်နှင့် နောက်တစ်ခုက မိန်းကလေးများအတွက်ဟူ၍ အတန်းနှစ်တန်းခွဲထားသည်။
သူတို့အားလုံးက ကျောင်းသားသစ်တွေဖြစ်လို့ သူတို့အဖွဲ့ကို ရှာမတွေ့တဲ့အခါ သူတို့၏ အတန်းပိုင်ဆရာမထံ သွားကြသည်။ သူတို့အားလုံးသည် သူတို့၏ အတန်းပိုင်များကို သိကြသောကြောင့် အဖွဲ့များကို တစ်ချက်ကြည့်ရုံနဲ့ အလွယ်တကူ ရှာတွေ့နိုင်ကြသည်။
အသံလွှင့်တာကို ကြားတော့ ကျောင်းသားအားလုံး တန်းစီပြီး ရပ်ကြသည်။ ကုနင်းတို့သည် ဌာနအသီးသီးတွင် ရှိနေသောကြောင့် စုန့်မြောင်ကော နှင့် ပိုင်လီကျုံးရွှယ်နှင့် ကွဲကွာသွားခဲ့သည်။
ကုနင်းသည် စီးပွားရေးဌာနအဖွဲ့သို့ ရောက်သည်နှင့် သူမသည် အာရုံစူးစိုက်မှုများစွာရခဲ့သည်။ ကျောင်းသားအချို့က သူမကို မှတ်မိပြီး နှုတ်ဆက်ကြသည်။ ကုနင်းကလည်း သူတို့ကို ကြင်နာစွာ ပြုံးပြသည်။
ကုနင်းသည် သူတို့၏ အတန်းအဖွဲ့တွင် ပါဝင်ခဲ့ပြီး သူမ၏ အတန်းဖော်များက သူမနှင့် စကားပြောနေခဲ့သည်။ အတန်းပိုင်က ငြိမ်ငြိမ်နေဖို့ ပြောတော့ ပါးစပ်ပိတ်လိုက်ရသည်။
ကုနင်းက သူတို့နဲ့ စကားပြောချင်ပေမယ့် ခဏတာ တိတ်တိတ်နေဖို့ကို လိုလားသည်။
သူတို့ရဲ့အတန်းပိုင်က ကုနင်းကို ကျောင်းသားတွေအရှေ့မှာ မတ်တပ်ရပ်ခိုင်းပြီး ဘယ်သူကမှ သူမနဲ့ ထပ်ပြီး စကားမပြောရဲအောင် နေရာချလိုက်သည်။
တခြားအတန်းက ကျောင်းသားတွေကလည်း ကုနင်းအကြောင်း ပြောနေကြသည်။ တစ်ချို့က သူမကို အားကျပြီး တစ်ချို့က သူမကို သူတို့ရဲ့အိုင်ဒေါအဖြစ်ယူကြကာ အချို့က သူ့ကို သဘောကျကြသည်။ သူမကို မနာလိုသော ကျောင်းသားအချို့လည်း ရှိခဲ့သည်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီတော်တော်များများကို သူပိုင်တယ်ဆိုပဲ။ သူတို့အားလုံးက သူဟာမဟုတ်မဟုတ်ဆိုတာ ပြောဖို့ခက်တယ်။ ကုမ္ပဏီတွေက အပေါ်ယံကြည့်ရင်တော့ သူဌေးတစ်ယောက်ထဲဖြစ်ပေမယ့်လည်း အခြားသူတွေနဲ့လည်း သက်ဆိုင်သေးတယ်လေ”
“ဟုတ်တယ်၊ သူက လုပ်ငန်းရှင်တစ်ယောက်ယောက်ရဲ့ အငယ်အနှောင်းဖြစ်မယ်ထင်တယ်။ သူ့နာမည်အောက်မှာရှိပေမယ့် အဲဒီကုမ္ပဏီတွေက စီးပွားရေးသမားနဲ့ သက်ဆိုင်တယ်နေမယ် သူက ဒီတိုင်း ဖော်ရှိုးပဲ”
"ထင်တာပဲ။ အင်တာနက်မှာ သူ့အကြောင်း သတင်းတွေ ဖတ်ဖူးတယ်။ သူ့မှာ မယုံနိုင်စရာ အဆက်အသွယ်တွေ ရှိတယ်တဲ့။ ဖြစ်နိုင်တယ်ထင်လား? သူက အရမ်းငယ်တယ်လေ။ အဲဒီအရေးကြီးတဲ့ အဆက်အသွယ်တွေက သူ့သကြားဖေဖေကြောင့် သူနဲ့ ခင်တာနေမှာပေါ့”
“…”
ကုနင်း၏အသက်အရွယ်အရ အခြားလူများက သူမ၏စွမ်းရည်ကို သံသယဖြစ်ရန် ရှောင်လွှဲ၍မရသော်လည်း အခြားကျောင်းသားများက သူမအား လူရှေ့သူရှေ့တွင် အရှက်ခွဲသောအခါ ၎င်းကို လက်မခံနိုင်ပေ။
မဆိုင်းမတွဘဲ ကုနင်းသည် သူမကို နောက်ကွယ်မှ ဆဲဆိုနေသော မိန်းကလေးများနှင့် ငြင်းခုံရန် Class C အဖွဲ့ထံ လျှောက်သွားခဲ့သည်။
ကုနင်း၏အတန်းဖော်များနှင့် အတန်းပိုင်သည် ထိုမိန်းကလေးများ၏ ဆွေးနွေးမှုကို မကြားရတော့သောကြောင့် သူမရုတ်တရက် ထွက်ခွာသွားသောအခါတွင် သူတို့ စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ရဲ့ အတန်းပိုင်က ဘာကြောင့်မှန်း မသိပေမယ့် သူမကို မတားပေ။ အခုကစစ်ရေးလေ့ကျင့်ချိန်မဟုတ်သေးပါ။
ကုနင်းလျှောက်လာနေတာကိုမြင်တော့ အဲဒီမိန်းကလေးတွေက ချက်ချင်းကြောက်လန့်သွားပြီး ကုနင်းအကြည့်ကို ရှောင်လိုက်သည်။ သူတို့ဟာ နောက်ကွယ်မှာ ကုနင်းအကြောင်းပြောဖို့ သတ္တိရှိပေမယ့် ကုနင်းရှေ့မှာတော့ မလုပ်ရဲကြပေ။
ကုနင်းသည် ရင်းနှီးသော မျက်နှာကို မြင်လိုက်၍ လာသည်ဟု ထိုကောင်မလေးများကထင်သော်လည်း သူတို့၏ ဆွေးနွေးမှုကို ကြားသော အခြားကျောင်းသားများက ကုနင်းက သူတို့ကြောင့် လာသည်ဟု ယုံကြည်ကြသည်။
ကုနင်းသည် သူတို့နှင့် ဝေးကွာစွာ ရပ်နေ၍ သူတို့၏ အသံများသည် တိုးသောကြောင့် မယုံနိုင်ဖြစ်နေရသည်။
သူတို့ ပြောစကားတွေကို သူမ ဘယ်လိုကြားခဲ့ရလဲ။
ကုနင်းက "မင်းတို့ကို မြို့တော်တက္ကသိုလ်က လက်ခံခဲ့တော့ မင်းတို့က အထက်တန်းကျောင်းမှာ ထူးချွန်တဲ့ ကျောင်းသားတွေ ဖြစ်ရမယ်၊ ဒါပေမယ့် တခြားသူတွေကို နောက်ကွယ်မှာ ဘာကြောင့် ဆဲဆိုနေရတာလဲ။ ဒါက မင်းတို့ကိုယ်မင်းတို့ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ မလေ့လာရသေးဘူးဆိုတာကို ပြသနေတာပဲ။ လူတိုင်းက မင်းတို့လိုမျိုးမဟုတ်သလို တခြားသူတွေက မင်းမလုပ်နိုင်တဲ့ဟာကို အောင်မြင်နိုင်တယ်။ သူတို့က ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရထားတာကြောင့် တခြားသူတွေက သူတို့ကို တိုက်ခိုက်လို့ မရဘူး။ ဘယ်သူပဲဖြစ်ဖြစ် အမြတ်အစွန်းရှိတဲ့ ကုမ္ပဏီကို ထူထောင်ချင်ပါစေ၊ သူတို့ရဲ့ အချိတ်အဆက်တွေနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်မှာ သေချာတယ်။ ကံတရားကလည်း အရေးကြီးတဲ့ အချက်တစ်ခုပဲ။ မြို့တော်တက္ကသိုလ်က ဆရာတွေဆီ သွားမေးလို့ရတယ်။ တကယ်တော့ ကောလိပ်မှာ အောင်မြင်ပြီးသား ကျောင်းသားတွေ အများကြီးရှိတာပဲ” ကုနင်း၏အသံသည် ကျယ်လောင်ခြင်းမရှိသောကြောင့် သူ့ပတ်ဝန်းကျင်ရှိလူများသာ ကြားနိုင်ပေသည်။
ထိုမိန်းကလေးများကို ဝေဖန်သောအခါတွင် သူမသည် အနည်းငယ် မာနထောင်လွှားနေပုံပေါက်သော်လည်း သူမ၏စကားများသည် အဓိပ္ပာယ်ရှိလှသည်။
ဤကမ္ဘာပေါ်တွင် လူအမျိုးမျိုးရှိခဲ့သည်။ လူတိုင်းမှာ သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ အခွင့်အလမ်းတွေ ရှိကြသည်။
အချို့သောသူများသည် အောင်မြင်သော စီးပွားရေးသမားများ သို့မဟုတ် အကြီးတန်းအရာရှိများ ဖြစ်လာနိုင်သည်။ လူအချို့သည် သူခိုး သို့မဟုတ် သူတောင်းစားများ ဖြစ်လာနိုင်ကာ အဓိပ္ပါယ်မဲ့ဘဝဖြင့် နေထိုင်ကြရမည်။
***
အခန်း ၁၈၁၁ ရုန်ကျွယ်
အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များနှင့် အကြီးတန်းအရာရှိများအားလုံးသည် ညစ်ပတ်သောလှည့်ကွက်များဖြင့် ၎င်းတို့၏ရာထူးများကို ရရှိကြသည်မဟုတ်ပေ။
တစ်ချို့က ကျော်ကြားမှု သို့မဟုတ် ဓနဥစ္စာရရှိရန် လှည့်ကွက်များ လုပ်ခဲ့ကြသော်လည်း ကောင်းမွန်သောဘဝတွင် နေထိုင်ရန် ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းများကို အားကိုးသူက ပိုများသည်။ ဒီလိုမှမဟုတ်ရင် သူတို့နိုင်ငံဟာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ပါ။
ထိုမိန်းကလေးများသည် ကုနင်း၏ ဝေဖန်ခြင်းကို ခံရခြင်းအတွက် ရှက်ရွံ့သွားကြသည်။ အခြားကျောင်းသားတွေကလည်း သူတို့ကို ရွံရှာစွာ ကြည့်နေကြသည်။ ဒီအချိန်မှာ သူတို့ထွက်သွားဖို့ မစောင့်နိုင်ကြတော့ပေ။
တစ်ချိန်တည်းမှာပင်၊ သူတို့သည် ကုနင်း၏ လေးနက်သောအကြည့်အောက်တွင် ဖိစီးမှုခံစားနေရသည်။ သူတို့သည် သာမန်မိန်းကလေးများဖြစ်သောကြောင့် ကုနင်း၏ ဒဏ်ကို အလွယ်တကူခံရသည်။
ကျောင်းသားအချို့သည် ၎င်းတို့နှင့် တူညီသော အတွေးအမြင်ရှိကြသော်လည်း ၎င်းတို့သည် လူမြင်ကွင်းတွင် အသံကျယ်ကျယ် မပြောကြပေ။ မလိုလားအပ်တဲ့ ပြဿနာတွေမှာ ဘယ်သူကမှ ပါဝင်ဖို့ ဆန္ဒမရှိပါ။
Class C အတန်းပိုင်သည် ကောင်မလေးများထံ ကုနင်းလျှောက်သွားသောအခါ ကြိုတင်သတိပေးချက်တစ်ခုရရှိလိုက်သဖြင့် သူမနောက်သို့ လိုက်သွားခဲ့သည်။
ကုနင်းစကားကိုကြားပြီးနောက် သူတော်တော်စိတ်မကောင်းဖြစ်မိသည်။ "အားလုံးပဲ ကုနင်းကို အခုချက်ချင်း တောင်းပန်ပါ!" Class C မှ အတန်းပိုင်က ချက်ချင်း အမိန့်ပေးလိုက်သည်။ အဆင့်အတန်းမရှိသော ကျောင်းသားကို မည်သူမျှ မကြိုက်ပါ။ မနှစ်မြို့စရာကောင်းတဲ့ ကျောင်းသားတွေ သူ့အတန်းထဲမှာ ရှိနေတာ ရှက်စရာပင်။
ကုနင်း၏ အောင်မြင်မှုများသည် သူမအသက်အရွယ်နဲ့စာရင် မယုံနိုင်လောက်အောင် ဖြစ်ရသည်ဟုလည်း ခံစားခဲ့ရသော်လည်း ကုနင်း၏ မိသားစုသည် အလွန်ချမ်းသာသည် သို့မဟုတ် ဩဇာကြီးမားသောကြောင့် သူမမိသားစုထံမှ အထောက်အပံ့ကောင်းများ ရနိုင်သည်။
ကုနင်းသည် အောင်မြင်သော စွန့်ဦးစီးပွားရေးတစ်ခုတွင် အဆက်အသွယ်၊ အရည်အချင်းများနှင့် ကံကောင်းမှုများ လိုအပ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ တစ်နည်းဆိုရသော် သူမသည် မိမိကိုယ်မိမိ အားကိုးရသည့်အစား အခြားသူများထံမှ အကူအညီရရှိပြီး ကံကောင်းခြင်းများစွာကို ရရှိခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် သူမသည် ဤမျှအထိ အောင်မြင်လာနိုင်သည်မှာ မထူးဆန်းတော့ပေ။
"တောင်းပန်ပါတယ် ကုနင်း" ထိုမိန်းကလေးများသည် သူတို့၏ အတန်းပိုင်စကားကို နားထောင်ရသောကြောင့် ကုနင်းအား ချက်ချင်းပင် မကျေမနပ်ဖြင့်တောင်းပန်ခဲ့ကြသည်။
ကုနင်းက သူတို့ကို ဝေဖန်တာကို ရပ်လိုက်ပြီး ထွက်သွားတော့သည်။
ကုနင်းသည် သူမ၏အတန်းအဖွဲ့သို့ ပြန်သွားပြီးနောက်တွင် သူမ၏အတန်းပိုင်က သူမကို ဘာဖြစ်တာလဲဟု မေးသည်။ ကုနင်း၏အတန်းဖော်များသည်လည်း စိတ်ရှုပ်ထွေးနေကြသော်လည်း သူတို့၏အတန်းပိုင်တည်ရှိမှုကြောင့် မမေးဝံ့ကြပေ။ သူတို့ငြင်းခုံသံကို မကြားရသော်လည်း သူတို့၏မျက်နှာများကို မြင်နေရသောကြောင့် စိတ်မသက်မသာဖြစ်နေကြသည်ကို သိသည်။
“သူတို့က ကျွန်မကို လူသိရှင်ကြား ဆဲဆိုကြတဲ့အတွက် ကျွန်မ သူတို့နဲ့ ငြင်းခုံဖို့ သွားခဲ့တာပါ” ဟု ကုနင်းက ဆိုသည်။ ဒါကိုသိတော့ သူ့အတန်းပိုင်က ဘာမှဆက်မပြောတော့ပေ။
ကုနင်း၏အပြုအမူသည် မသင့်လျော်ဟု သူ မထင်ခဲ့ပေ။ သူမသည် ထိုမကြင်နာသူများကို ပြန်တွန်းလှန်ရမည် မဟုတ်လျှင် ဆဲဆိုခြင်းသည် ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်ပေ။
ထိုမိန်းကလေးများ၏ ဆွေးနွေးမှုကို သူ မကြားခဲ့ရသော်လည်း ကုနင်းက ကြားခဲ့ရသောကြောင့် ကုနင်း၏အကြားအာရုံ ပိုကောင်းရမည်ဟု သူထင်ခဲ့သည်။
ကုနင်းက သူတို့အတန်းကို ပြန်ရောက်တော့ မနက် ၈ နာရီရှိပြီဖြစ်သည်။ ရှေးဦးစွာ ၎င်းတို့ကျောင်း၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စင်မြင့်ပေါ်သို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပြီး ယင်းနောက်တွင် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှု တာဝန်ခံ နည်းပြချုပ် လိုက်ပါလာခဲ့သည်။
နည်းပြဆရာ ထွက်လာသည်နှင့် တပြိုင်နက် ပရိတ်သတ်များ တအံ့တသြ အော်ဟစ်နေကြသည်၊ အဘယ်ကြောင့်ဆိုသော် ဆရာသည် အသက် (၃၀) မပြည့်သေးသော ငယ်ရွယ်လှသော လူငယ်တစ်ဦးဖြစ်သောကြောင့်ပင်။
"တိတ်တိတ်နေကြ!" ဆူညံနေသော ကျောင်းသားများကို မျက်နှာမူကာ ငြိမ်ငြိမ်နေရန် နည်းပြချုပ်က အမိန့်ပေးခဲ့သည်။ လူတိုင်းသည် ဖိစီးမှုခံစားရပြီး ပါးစပ်ပိတ်လိုက်ကြသည်။
ကုနင်းက သူ့ရာထူးကို သတိထားမိသည်။ သူသည် လင်ရှောင်းထင်နှင့် မယှဉ်သာသော ဗိုလ်မှူးတစ်ဦးသာဖြစ်သည်။ ဒါကိုတွေးပြီး ကုနင်းက သူ့ချစ်သူအတွက် ဂုဏ်ယူနေခဲ့သည်။ လင်ရှောင်းထင်သာသိရင် သူ ပီတိဖြစ်မှာ သေချာသည်။ တကယ်တော့ အသက် ၃၀ ထက်ငယ်တဲ့ ဗိုလ်မှူးတစ်ယောက်အနေနဲ့ သူတော်တော်ထူးချွန်ပေမယ့် လင်ရှောင်းထင်က သူ့ထက်တောင် ပိုတော်တာမို့ ကုနင်းက မအံ့သြပါ။
သို့သော်လည်း ကုနင်းသည် ထိုဆရာက မြို့တော်ရှိ ရုန်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိခဲ့သည်။ သူမ၏ ယခင် သူ့ဇာတိတွင် အချင်းချင်း ရန်ဖြစ်ခဲ့ကြသော်လည်း ပြင်းထန်ခြင်းမရှိသောကြောင့် ကုနင်းသည် ရုန်ကျွယ်ကိုမြင်လျှင် ငြိမ်သက်နေခဲ့သည်။
"မောနင်းပါ အားလုံးပဲ၊ ငါက မင်းရဲ့ နည်းပြချုပ် ရုန်ကျွယ် ပါ" ရုန်ကျွယ်က သူ့ကိုယ်သူ မိတ်ဆက်ပြီး စည်းကမ်းအချို့ကို ပြောပြသည်။ သူ့စကားသည် ရှည်လျားသည် သို့မဟုတ် နားလည်ရန် ခက်ခဲသည်မဟုတ်သော်လည်း အလွန်ဆွဲဆောင်မှုရှိသည်။ ထို့အပြင် သူသည် အလွန်လေးနက်သော လေသံဖြင့် သူ၏မိန့်ခွန်းကို အပြီးသတ်ခဲ့သည်။ အတိအကျပြောရလျှင် ကျောင်းသားများစွာသည် မသိစိတ်က သူ့အား အံ့အားသင့်သွားကြသည်။
တစ်နာရီခန့်အကြာတွင် မတူညီသော အတန်းများကို မတူညီသော လေ့ကျင့်ရေးနည်းပြများက ခေါ်ဆောင်သွားခဲ့သည်။
အစပိုင်းမှာတော့ သူတို့ဟာ သတိအနေအထားနဲ့ရပ်ပြီး လေ့ကျင့်ကြသည်။ သူတို့၏ နည်းပြက သူတို့ကို အကြာကြီး မတ်တပ်ရပ်ခိုင်းတာ မဟုတ်ဘဲ အစပိုင်း နာရီဝက်ပဲ ရှိပါသေးသည်။
နာရီဝက်လောက် မတ်တပ်ရပ်တာက စစ်သားတွေအတွက် ဘာမှမဟုတ်ပေမယ့် သာမန်ကျောင်းသားတွေအတွက်တော့ နှိပ်စက်ညှဉ်းပန်းနေသလိုပါပဲ။ အများစုမှာ ဒုက္ခရောက်နေကြသော်လည်း မကျေမနပ်ဖြစ်နေကြသည်။
ကုနင်းကတော့ ခြွင်းချက်ပင်။ တကယ်တော့ နာရီပေါင်းများစွာ အာရုံစိုက်နေရတာက သူမအတွက်တော့ အသေးအဖွဲပါ။
စက်တင်ဘာလ ရောက်နေပြီဖြစ်သော်လည်း ပူပြင်းနေသေးသောကြောင့် မတ်တပ်ရပ်ပြီး မကြာမီ ကျောင်းသားအများစုမှာ ချွေးသီးချွေးပေါက်များ ကျလာကြသည်။
ချွေးတွေ ပါးပြင်တွေ လိမ့်ဆင်းလာတဲ့အခါ အဆင်မပြေဖြစ်တာကြောင့် သုတ်ပစ်ချင်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လှုပ်ရှားရန် တားမြစ်ထားသည်။ ထို့ကြောင့် သူတို့သည် နာကျင်မှုကို ခံခဲ့ကြရသည်။
တစ်ဖက်တွင် ကုနင်းသည် သူမ၏မျက်နှာတွင် ချွေးလုံးဝမထွက်ပေ။ သူမသည် အတော်လေး သက်တောင့်သက်သာရှိနေပုံရသည်။
တကယ်လည်း ကုနင်းဟာ တကယ်ကို သက်တောင့်သက်သာရှိနေပြီး သူမရဲ့ မှော်အစွမ်းကိုတောင် အသုံးမပြုသေးပါ။
ပိုင်လီကျုံးရွှယ်သည် သူမနှင့် မဝေးသောကြောင့် ကုနင်းသည် သူမ၏ မှော်အစွမ်းကို အသုံးမပြုတော့ပေ။ သို့သော်လည်း သူမသည် ၎င်းကို အသုံးမပြုသော်လည်း သူမ၏ ကာယကြံ့ခိုင်မှုဖြင့် လုံးဝ ကောင်းမွန်နေသေးသည်။
ထို့ကြောင့် ရုန်ကျွယ်နှင့် ၎င်းတို့၏ ကျောင်းခေါင်းဆောင်များ လမ်းလျှောက်လာသောအခါ ကုနင်း၏ စွမ်းဆောင်ရည်ကြောင့် သူတို့ အံ့အားသင့်သွားခဲ့သည်။ ကုနင်းက သက်တောင့်သက်သာရှိေနရုံတင်မကဘဲ သူမဟာ အာရုံစူးစိုက်မှုမှာလည်း ထူးချွန်သည်။ သူမသည် သူ့လက်အောက်ငယ်သားများထက် မဆိုးကြောင်း ဝန်ခံရမည်။
ထို့အပြင် ကုနင်းသည် အလွန်လှပပြီး ထူးခြားသော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ ရုန်ကျွယ်က သူမသည် စစ်တပ်မိသားစုမှ ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
Class A ကို စစ်ဆေးပြီးနောက် တခြားအတန်းတွေကို သွားကြည့်ကြသည်။ ရုန်ကျွယ် ထွက်သွားသည်နှင့် မတတ်နိုင်ပဲ ကုနင်းအား နောက်တချက်ကြည့်လိုက်မိသည်။
အခြားလူများက ရုန်ကျွယ်၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိမထားမိကြသော်လည်း Class A ၏ နည်းပြက ၎င်းကို သိသွားပြီး ရုန်ကျွယ်သည် ထိုမိန်းကလေးကို သိမည်ဟု ထင်ခဲ့သည်။ နည်းပြဆရာသည် ထိုအကြံသာရှိ၍ ထိုအကြောင်းကို ဆက်မတွေးတော့ပါ။ ရုန်ကျွယ်က ကုနင်းကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူနှင့်ဘာမှမဆိုင်ပါ။
သတိအနေအထားနဲ့ရပ်ပြီး လေ့ကျင့်မှုအတွက် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းခြင်းသည် စစ်တပ်မိသားစုတွင် မွေးဖွားခဲ့သည့် စုန့်မြောင်ကောအတွက် ပြဿနာမဟုတ်ပေ။ သူမလည်း ချွေးလုံးဝမထွက်ပေ။
ရုန်ကျွယ်သည် စုန့်မြောင်ကောကို မှတ်မိသောကြောင့် သူမ၏ စွမ်းဆောင်မှုကို မအံ့သြမိပေ။ စုန့်မြောင်ကောသည် ရုန်ကျွယ်ကို မြင်သောအခါတွင် သူမသည် သူ၏ ချောမောသော ရုပ်ရည်နှင့် မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်မှုမှာ ဆွဲဆောင်ခံခဲ့ရသည်။ သူက ၂၇ နှစ်ပဲရှိသေးပေမယ့် ဗိုလ်မှူးဖြစ်နေပါပြီ။ သူ့ကို မလေးစားဖို့ဆိုတာ ခက်ပေသည်။
***
အခန်း ၁၈၁၂ နည်းပြဆရာနဲ့ ပြိုင်ပွဲ
သူ့ကို သဘောကျပေမယ့် သူမအခု ချက်ချင်း တစ်ခုခုလုပ်မယ်လို့တော့ မဆိုလိုပါ။
ထို့အပြင် မိသားစုများကြား လူမှုအဆင့်အတန်း ကွာဟချက်ကြောင့် သူမတို့ ပျော်ရွှင်စွာ ကုန်ဆုံးရန် မဖြစ်နိုင်ပေ။
စုန့်မြောင်ကောသည် စစ်တပ်မိသားစုမှ မွေးဖွားလာသောကြောင့် သူမသည် အခြားသူများထက် စစ်တပ်အသိုင်းအဝန်းအကြောင်းကို ပိုသိသည်။ လင်မိသားစု၏ အကြီးဆုံးမြေး လင်ရှောင်းထင်ကဲ့သို့ ရုန်ကျွယ်ထက် ထူးချွန်သော အရာရှိငယ်များစွာ ရှိသည်ကို သူမ သတိပြုမိသည်။
လင်ရှောင်းထင်သည် အသက် ၂၇ နှစ်အရွယ် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး သူမ၏ တကယ့် အိုင်ဒေါလည်းဖြစ်သည်။ သို့သော် စုန့်မြောင်ကောသည် လင်ရှောင်းထင်ကို ယခင်က မတွေ့ဖူးသောကြောင့် သူမည်သို့မည်ပုံရှိမည်ကို သူမမသိခဲ့ပေ။ ထို့ကြောင့် သူမသည် သူ့အပေါ် အထူးတလည် ခံစားချက်မရှိခဲ့ပေ။ ရုန်ကျွယ်ကိုတော့ သူမကို အကြိမ်ပေါင်းများစွာ တွေ့ဖူးသည်။
ပိုင်လီကျုံးရွှယ်သည် ကျင့်ကြံသူအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်ရန် မှော်အစွမ်းရှိသောကြောင့် ပူပြင်းသောနေရောင်အောက်တွင် မည်သို့မျှ လုံးဝမခံစားခဲ့ရပေ။
သူမသည် တစ်နေ့တာလုံး အာရုံစိုက်နေရမည်ဆိုလျှင်ပင် ခက်ခဲမည်မဟုတ်ပေ။
ပိုင်လီကျုံးရွှယ်သည် မှော်အစွမ်းရှိသောကြောင့် အလွန်ကောင်းမွန်သော အခြေအနေတွင် ရှိနေသည့်အတွက် သူမသည် ရုန်ကျွယ်၏ အာရုံကို ဆွဲဆောင်သွားနိုင်သည်။ တစ်ချက်ကြည့်ရုံနဲ့ ဒီမိန်းကလေးက မရိုးရှင်းဘူးဆိုတာ သူသိသည်။
တခြားသာမန်ကျောင်းသားတွေအတွက် ကိုယ်နေဟန်ထားငြိမ်အောင်ပြုလုပ်ပြီး ချွေးမထွက်ဖို့ဆိုတာ ခက်ပေသည်။
တချို့က အဆင်မပြေတဲ့ ခံစားချက်ကို သည်းမခံနိုင်ကြတဲ့အတွက် သင်တန်းဆရာအား ဂရုမစိုက်နိုင်တော့ဘဲ တိတ်တဆိတ် သုတ်ပစ်လိုက်သည်။ ၎င်းတို့ထဲမှ အချို့ဟာ ကံကောင်းစွာနဲ့ ရှာဖွေတွေ့ရှိခြင်း မခံခဲ့ရပေမယ့် အချို့မှာ ကံမကောင်းစွာနဲ့ အသင်းရှေ့တွင် ထွက်လာရန် ခေါ်ခြင်းခံရသည်။
သူတို့သည် အတန်းဖော်များထက် ၁၀ မိနစ်ကြာအောင် သတိအနေအထားနဲ့ ရပ်နေခဲ့ရသည်။ အချို့သူများ အပြစ်ပေးခံရသည်ကို မြင်လျှင် အခြားကျောင်းသားများသည် ချွေးများကို တိတ်တဆိတ် သုတ်ရန် မဝံ့ရဲကြပေ။
အချိန်တွေကုန်သွားတဲ့အခါ ဆရာက သူတို့ကို ၁၀ မိနစ်လောက် အနားယူခိုင်းသည်။ ကျောင်းသားအားလုံး နာကျင်စွာ ညည်းညူရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ အခုအချိန်မှာ သူတို့ရဲ့ပုံရိပ်ကို ဘယ်သူကမှ ဂရုမစိုက်နိုင်တော့ပါ။ အေးမြသောနေရာများသို့ လမ်းလျှောက်ရန် ခွန်အားမရှိကြပေ။
ကုနင်းသည် ပင်ပန်းသည်ဟု လုံးဝမခံစားရသောကြောင့် ထိုင်မနေဘဲ ခြေလက်များကို ဖြေလျှော့လိုက်သည်။
"ဘုရားရေ ကုနင်းမင်း လုံးဝမပင်ပန်းဘူးလား?"
"မင်းတော်တော်တော်တာပဲ! ငါတို့တော့ ပင်ပန်းနေပြီ။"
“…”
ကုနင်း၏ အခြေအနေကြောင့် လူတိုင်း အံ့ဩသွားကြသည်။
"ကုနင်းက ကွန်ဖူး ချစ်သူဆိုတာ မမေ့နဲ့လေ။ သူက ကွန်ဖူးပညာမှာ ထူးချွန်တယ်။ သူမဟာ အရင်က ပရော်ဖက်ရှင်နယ်လေ့ကျင့်မှု ခံယူဖူးသူ ဖြစ်ရမယ်၊ ဒါကြောင့် နာရီဝက်လောက် မတ်တပ်ရပ်တာလောက်က သူ့မျက်လုံးထဲမှာ ဘာမှ မဟုတ်သေးဘူး” တစ်စုံတစ်ယောက်က တခြားသူတွေကို ရှင်းပြသည်။
အဲဒါကိုကြားတော့ တခြားသူတွေက ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ငါ ငယ်ငယ်က ကွန်ဖူးကို စလေ့ကျင့်ခဲ့တယ်၊ ဒါကြောင့် နာရီဝက်လောက် အာရုံစိုက်ဖို့က ငါ့အတွက် အသေးအဖွဲပါ" ဟု ကုနင်းက ဆိုသည်။ သူမက ကြွားလုံးထုတ်တာတော့ မဟုတ်ပါ။
"တကယ်လား?"
ကုနင်းပြောပြီးသွားတော့ သူတို့နောက်ကနေ လေးနက်တဲ့ အမျိုးသားအသံကိုကြားလိုက်ရသည်။ ကုနင်းက သူတို့ နည်းပြဖြစ်ရမယ် ဆိုတာ သိသည်။
ထို့နောက် သူမ လှည့်ကြည့်ကာ "ဟုတ်ပါတယ်" ဟု ယုံကြည်စွာ ပြောလိုက်သည်။ နည်းပြဆရာကို မျက်နှာမူပြီး ကုနင်းက လုံးဝစိတ်မလှုပ်ရှားနေပါ။ တခြားကျောင်းသားတွေက အနည်းငယ်ကြောက်နေချိန်မှာ သူမဟာ သူမ၏ယုံကြည်မှုကို အမြဲထိန်းသိမ်းထားသည်။ ကုနင်း၏အဖြေကိုကြားတော့ သူတို့စိတ်သက်သာရာရသွားသည်။
ကုနင်းက အမှန်အတိုင်းပြောနေသော်လည်း အချို့က သူမသည် နည်းပြဆရာကို တမင်စိန်ခေါ်နေသည်ဟု ထင်ကြသည်။
"ဒါဆိုရင် မင်း ကိုယ်ခံပညာ ကောင်းကောင်းတတ်ရမယ် မဟုတ်လား" နည်းပြကမေးသည်။ သူသည် ကုနင်းကို တည့်တည့်စိုက်ကြည့်သော်လည်း ဒေါသကင်းသည်။ နည်းပြက ကုနင်းကို စိတ်ဖိစီးအောင် ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ သူ မအောင်မြင်ခဲ့ပါ။
ကုနင်းက "ကျွန်မကိုယ်ခံပညာက မဆိုးပါဘူး"
တကယ်တော့ သူမဟာ ကွန်ဖူးပညာကို အတော်လေး တတ်မြောက်ခဲ့ပေမယ့် ကျိုးနွံတတ်သူပါ။
အဲဒါကိုကြားတော့ နည်းပြက ကုနင်းကို စက္ကန့်အနည်းငယ်လောက် မျက်စိေဆွကြည့်လိုက်ပြီး "မင်း ငါနဲ့ ပြိုင်ဖို့ သတ္တိရှိလား"
တကယ်တော့ ကုနင်းရဲ့ သတိအနေအထားနဲ့ရပ်သောစွမ်းဆောင်ရည်ကနေ သူမဟာ အရင်က လေ့ကျင့်မှု ခံယူခဲ့ဖူးရမယ်ဆိုတာ နည်းပြက သိခဲ့သည်။ ဒီအကြောင်းကို သူ ပိုသိချင်လာကာ အခုချက်ချင်း သိဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
ကျောင်းသားအားလုံး ရင်ခုန်နေကြသည်။ ကုနင်းက ပျော့ညံ့သူမဟုတ်ကြောင်း သူတို့သိထားသောကြောင့် သူမရှုံးမည်ဟု မထင်ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ကုနင်းသည် အလွယ်တကူအနိုင်ရနိုင်သည်ဟု သူတို့ယုံကြည်ကြသည်။
တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုများရှိခဲ့သည်။ နည်းပြက ကုနင်းကို လူမြင်ကွင်းမှာ ရှုံးလို့ အရှက်ကွဲသွားရင်ရော။ စစ်သင်တန်းတက်ပြီးနောက် ကုနင်းကို သူအငြိုးထားမှာလား။
သူတို့သည် နည်းပြကို အကဲဖြတ်တာ မဟုတ်သော်လည်း ထိုအရာက ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဖြစ်ပေသည်။
"ရပါတယ်၊ ဒါပေမယ့် ဆရာ ပြိုင်ပွဲမှာ ရှုံးသွားလို့ အရှက်ကွဲရင်ရော ကျွန်မကို အငြိုးထားမှာလား" ကုနင်းက မေးသည်။ သူမသည် နည်းပြဆရာအပေါ် သူမ၏ ချို့ယွင်းချက်ကို မဖော်ပြဘဲ မလိုအပ်သော ပြဿနာများတွင် ပါဝင်ရန် ဆန္ဒမရှိသောကြောင့် ထိုမေးခွန်းကို ကြိုမေးရန် ဆုံးဖြတ်ခဲ့သည်။
ကုနင်း၏မေးခွန်းကိုကြားတော့ ဆရာက မကျေမနပ်ဖြစ်နေသည်။ “ငါက ကျရှုံးတာကို ဝန်ခံဖို့ ငြင်းမယ့်လူ မဟုတ်ဘူး။ နောက်ကျောဓားနဲ့ ထိုးတတ်တဲ့လူတစ်ယောက်လည်း မဟုတ်ဘူး”
ကုနင်း၏မေးခွန်းကို သူမကျေနပ်သော်လည်း သူမ၏စိုးရိမ်မှုကို သူနားလည်သည်။ နောက်ဆုံးတွင် သူသည် ဆရာဖြစ်ခဲ့ပြီး ကျောင်းသားအားလုံးသည် သူ့အမိန့်ကို နာခံကြရသည်။ ကုနင်းက သူ့ကို ဆန့်ကျင်မိရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်သည်။
"ကောင်းပြီ ကျွန်မတို့ ပြိုင်ကြတာပေါ့" နည်းပြက ဒီလိုပြောပြီးကတည်းက ကုနင်းက သဘောတူလိုက်သည်။
သူ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပေမယ့် နည်းပြဆရာက သူ့ကို အငြိုးထားရင်တောင်မှ သူမ ကြောက်မှာ မဟုတ်ပါ။ အဲဒါကိုမြင်တော့ တခြားလူတွေကလည်း ကုနင်းနဲ့ နည်းပြအတွက် နေရာတစ်ခုချန်ပြီး ထွက်သွားကြသည်။
ကုနင်းနဲ့ နည်းပြဆရာက လူအုပ်အလယ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ကာ ရပ်နေသည်။
တခြားအတန်းက ကျောင်းသားတွေက သူတို့လုပ်နေတာတွေကို သတိထားမိပြီး စူးစမ်းချင်စိတ်နဲ့ ပြေးလာကြသည်။ အားလပ်ချိန်ဖြစ်သောကြောင့် လူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။
ဆရာအချို့လည်း လျှောက်လာခဲ့ပြီး ရုန်ကျွယ်လည်း ပါဝင်လာသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ?" ရုန်ကျွယ်က လေးနက်သောလေသံဖြင့် မေးလိုက်သည်။
"ဗိုလ်မှူးရုန်၊ ငါတို့ တိုက်ခိုက်ရေး ပြိုင်ချင်လို့ပါ" ဟု နည်းပြဆရာက ပြောသည်။ ရုန်ကျွယ်က ကုနင်းကို လှည့်ကြည့်လိုက်သည်။ သူမမျက်နှာမှာ သဘောထားကွဲလွဲတာ မတွေ့ရတော့တဲ့အတွက် ဘာမှပြန်မပြောပေ။
တပ်ထဲမှာ တိုက်ပွဲတွေ ပြိုင်ဆိုင်ရတာက သာမန်ဖြစ်ရိုးဖြစ်စဉ်မို့ ကျောင်းသားသဘောတူသရွေ့တော့ ကိစ္စကြီးကြီးမားမား မရှိပါ။
နည်းပြဆရာက ကုနင်းနဲ့ တိုက်ပွဲပြိုင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ တခြားလူတွေအားလုံး အံ့သြသွားကြသည်။ ကုနင်း၏အဆင့်ကို သိရှိသူများသည်လည်း စိတ်လှုပ်ရှားကြသည်။
လေ့ကျင့်ရေးဆရာသည် နေ့တိုင်းလေ့ကျင့်နေသော စစ်သားဖြစ်သောကြောင့်၊ အချို့က မဖြစ်နိုင်ဟု ထင်ကြသော်လည်း သူမပဲ ကျိန်းသေအောင်နိုင်မည်ဟု ယုံကြည်ကြသည်။
ကုနင်းအကြောင်း ဘာမှမသိတဲ့လူတွေက သူမ ကျရှုံးဖို့ ဆုံးခန်းတိုင်ပြီလို့ ထင်နေကြသည်။ ကုနင်းကို မကြိုက်တဲ့သူတွေကတော့ သူမ အရိုက်ခံရတာကို စောင့်မျှော်နေကြသည်။
"အဆင်သင့်ဖြစ်ပြီလား?" နည်းပြက ကုနင်းကိုမေးသည်။
"အဆင်သင့်ပါပဲ" ကုနင်းကပြောသည်။
"ကောင်းပြီ၊ အခုစလိုက်ရအောင်" ဟု နည်းပြက ပြောသည်။
ထို့နောက် ကုနင်းနှင့် နည်းပြဆရာ နှစ်ယောက်စလုံး တပြိုင်နက် လှုပ်ရှားခဲ့ကြသည်။
ကုနင်းသည် နည်းပြဆရာကို တစ်မိနစ်အတွင်း အနိုင်ယူရန် အလွန်လွယ်ကူသော်လည်း ကုနင်းသည် သူ့ကို လုံးလုံးလျားလျား ကျရှုံးစေရန် ရည်ရွယ်ချက်မရှိသောကြောင့် အစပိုင်းတွင် ခွန်အားကို များစွာအသုံးမပြုခဲ့ပေ။ ရလဒ်ကတော့ သရေဖြစ်မည့်ပုံရပေသည်။
***
စာစဉ် ၁၁၂ ပြီး၏။