အခန်း (၁၈၂၅-၁၈၃၀)
Vol. 113 Ch. 1825-1830
အခန်း ၁၈၂၅ နောက်ဆုံး သတိပေးချက်
ချန်ချိုးယင်းသည် ကုနင်းက ဖျက်ဆီးပစ်လိုက်သည်ဟု ခံစားမိသောကြောင့် ကုနင်းကို ကြောက်သော်လည်း သူမထင်မြင်ချက်ကို မပြောင်းလဲခဲ့ပေ။ သို့သော် သူမသည် ယခု အချိန်မှာ စကားတစ်ခွန်းကိုမှ မပြောဝံ့။
ထိုအချိန်တွင် ဖန်ရှန်းဈေးဝယ်စင်တာ၏ လုံခြုံရေးအစောင့် သုံးဦး ရောက်လာသည်။ ချန်ချိုးယင်း နှင့် ရှန်းကျီလင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်းဘာလုပ်နေတာလဲ! အခုလွှတ်လိုက်" လုံခြုံရေးအစောင့်တစ်ယောက်က ကုနင်းကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းပြီး ကုနင်းကို လှမ်းဆွဲလိုက်သည်။
ကုနင်းက ချန်ချိုးယင်းကို မလွှတ်ပေးဘဲ သူမရဲ့ အိတ်ထဲက ဖန်ရှန်းဈေးဝယ်စင်တာရဲ့ Black Card ကို ဆွဲထုတ်ပြီး လုံခြုံရေးအစောင့်တွေကို ပြသခဲ့သည်။
လုံခြုံရေး အစောင့်တွေက ဒီကတ်ကို ချက်ချင်း မှတ်မိသွားသည်။ ထန်မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူများသာ ဖန်ရှန်းဈေးဝယ်စင်တာ မှ Black Card ရနိုင်သည်။ ထို့ကြောင့် ထိုလုံခြုံရေးအစောင့်များသည် ကုနင်းကို မတားတော့ဘဲ ရပ်လိုက်သည်။ ယင်းအစား သူတို့သည် သူမကို လေးစားမှု ပြသခဲ့ကြသည်။
“မစ္စ၊ ဘာဖြစ်သွားတာလဲ ပြောပြပေးနိုင်မလား” ဟု လုံခြုံရေးအစောင့်တစ်ဦးက မေးသည်။
“ဒီအမျိုးသမီးက ကျွန်မကို ဆဲရေးတယ်။ အရှက်ခွဲတယ် လူသိရှင်ကြား နာမည်ဖျက်ပါတယ်။ ကျွန်မ ရှင်းပြချက်တောင်းရုံပါပဲ။ စိတ်မပူပါနဲ့ ကျွန်မ သူ့ကို ထိခိုက်အောင် ဒါမှမဟုတ် ဖန်ရှန်းဈေးဝယ်စင်တာ ထိခိုက်အောင် ဘာပြဿနာမှ မလုပ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကိုအချိန်ခနလောက်ပေးပါ” ဟုကုနင်းက ဆိုသည်။
လုံခြုံရေးအစောင့်တွေက တုံ့ဆိုင်းသွားပေမယ့် သဘောတူပြီး ချက်ချင်းထွက်သွားသည်။
"ဟေ့ကောင်တွေ ပြန်လာကြ!" ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့သည် လုံခြုံရေးအစောင့် ထွက်သွားသည်ကို တွေ့လိုက်သည်နှင့် စိုးရိမ်သွားကြသည်။
"အိုဘုရားရေ! ဘာလဲ? လုံခြုံရေးအစောင့်တွေက သူ့ကို ကိုင်တွယ်ခွင့်ပြုဖို့ ဘာလို့ သဘောတူခဲ့တာလဲ” တစ်ယောက်ယောက်က စိတ်ရှုပ်ထွေးစွာ မေးသည်။
"မသိဘူးလေ! ဒီကောင်မလေးက သာမာန်မဟုတ်ဘူး ထင်တယ်။ သူက ဖန်ရှန်းဈေးဝယ်စင်တာ နဲ့ ဆက်ဆံရေးရှိကောင်းရှိနိုင်တယ်”
“အဲ့တာ ဖန်ရှန်းဈေးဝယ်စင်တာ ရဲ့ Black Card ဖြစ်ပုံရတယ်။ ဒီမိန်းကလေးရဲ့ နောက်ခံက တကယ်ကို မရိုးရှင်းဘူးထင်တယ်!”
"ဘာ? ဖန်ရှန်းဈေးဝယ်စင်တာ ရဲ့ Black Card ဟုတ်လား
“…”
ကုနင်းကလည်း ကြည့်ရှုသူများ၏ ဆွေးနွေးမှုကို ဂရုမစိုက်ပါ။ သူတို့ မပြောသင့်တဲ့အရာမဟုတ်သရွေ့တော့ လျစ်လျူရှုထားလိမ့်မည်။
ကုနင်းသည် ချန်ချိုးယင်းအား လှောင်ပြောင်သော အပြုံးဖြင့် ကြည့်ကာ ထေ့ငေါ့လျက် "မစ္စရှန်း မင်းက လင်မိသားစုကို လုံးဝ မလေးစားပုံရတယ်။ အရာရာတိုင်းကို မင်းစိတ်တိုင်းကျ ဆုံးဖြတ်ရတာကို ကြိုက်တာလား"
သူတို့ဟာ သူတို့ကိုယ်သူတို့ လင်မိသားစုရဲ့ ဆွေမျိုးတွေလို့ ထင်နေတဲ့အတွက် လင်မိသားစုက သူတို့ကို ဘာမှ မလုပ်လောက်ဘူးလို့ထင်နေတာလား။
ဆန့်ကျင်ဘက်အနေနှင့် ကုနင်းသည် ရှန်းမိသားစုက လင်မိသားစု၏ ဂုတ်ကို စီးရန် လောဘကြီးလွန်းသောကြောင့် သို့မဟုတ်လျှင် လင်မိသားစုကို သစ္စာဖောက်တဲ့အတွက် လင်မိသားစုသည် ရှန်းမိသားစုကို အပြစ်ပေးမည်ကို သိထားသည်။
ကံမကောင်းစွာပဲ၊ ရှန်းမိသားစုသည် မြို့တော်တွင် တည်ငြိမ်သောအနေအထား သို့မဟုတ် ကြီးမားသောအားသာချက်များမရှိသောကြောင့် လူမှုရေးလှေခါးကိုတက်ရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ညစ်ပတ်သောလှည့်ကွက်များကို ကစားခြင်းဖြင့် ပိုမိုမြင့်မားသော အနေအထားသို့ တက်သွားသော်လည်း၊ ၎င်းသည် တည်ငြိမ်မည်မဟုတ်ပါ။
ထိုစကားကိုကြားတော့ ချန်ချိုးယင်းနှင့် ရှန်းကျီလင်း နှစ်ယောက်လုံး တုန်လှုပ်သွားပြီး လင်မိသားစုကို ရုတ်တရက် ကြောက်ရွံ့သွားကြသည်။ သူတို့က ကုနင်းကို ခက်ခဲအောင်လုပ်ဖို့သာ အာရုံစိုက်ေနပြီး လင်မိသားစုကို လျစ်လျူရှုခဲ့သည်။
"မဟုတ်ဘူး၊ ငါတို့ လင်မိသားစုကို လေးစားပါတယ်" လို့ ချန်ချိုးယင်းက သူမရဲ့လည်ပင်းအစ်နေတဲ့အခြေအနေနဲ့ ခက်ခက်ခဲခဲ ပြောခဲ့သည်။
"မဟုတ်ဘူး?" ကုနင်းက ဆက်၍ "မဟုတ်ဘူးဆိုရင် ဘာလို့ငါ့ကို မစ္စရှန်းနဲ့ ရှောင်းထင်တို့ရဲ့ ဆက်ဆံရေးကို ပျက်စီးအောင်လုပ်တယ်လို့ ပြောနေရတာလဲ။ အဲ့လိုသာဆို ရှောင်းထင်ကို တာဝန်ယူစိတ်မရှိတဲ့ ပလေးဘွိုင်းတစ်ယောက်လို့ မင်းပြောနေတာပဲလေ။ လင်မိသားစုက အဲ့တာကို ဆန့်ကျင်တာ ဒါမှမဟုတ် သို့မဟုတ် တားတာမလုပ်တော့ လင်မိသားစုမှာ ကိုယ်ကျင့်တရားစံနှုန်း မရှိဘူးလို့ပြောချင်တာမလား။ ဒါနဲ့တင် မင်းက လင်မိသားစုကို လုံးဝ မလေးစားဘူးဆိုတာ သက်သေပြဖို့ မလုံလောက်ဘူးလား"
ကုနင်း၏ စကားများသည် ချန်ချိုးယင်း နှင့် ရှန်းကျီလင်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
သူတို့ ထိတ်လန့်သွားပြီး ချက်ချင်း ရှင်းပြသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့မပြောဘူး….”
လင်ရှောင်းထင်နှင့် လင်မိသားစုကို ထိုကဲ့သို့ မတွေးဝံ့ကြပေ။ ဒါဟာ လုံးဝမရှိတဲ့အရာတစ်ခုဖြစ်ပြီး သူတို့ကိုယ်တိုင် ဖန်တီးခဲ့တာပါ။
စုန့်မြောင်ကောက ကုနင်းက လင်မိသားစုအကြောင်းပြောနေတာကို ကြားတဲ့အခါ ပထမဆုံးတွေးမိတာက မြို့တော်မှာရှိတဲ့ အဓိကမိသားစုလေးခုထဲက လင်မိသားစုပါပဲ။ ဖြစ်နိုင်ရဲ့လား။ သူမ မယုံနိုင်ခဲ့ပါ။ ကုနင်းသည် အလွန်အောင်မြင်ပြီး ထူးချွန်သော်လည်း စုန့်မြောင်ကောသည် လင်မိသားစုမှ ဆင်းသက်လာသူများ မဆိုထားနှင့် ထိုကဲ့သို့ အင်အားကြီးသော မိသားစုနှင့် ပေါင်းသင်းဆက်ဆံရန် မဖြစ်နိုင်ကြောင်း တွေးထင်ခဲ့သည်။ ကုနင်းကို သူမ ရှုံ့ချတာမဟုတ်ပေမယ့် ကုနင်းနဲ့ လင်မိသားစုကြားက ကွာဟချက်ကြီးကြီးမားမားရှိသည်။ ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် သူတို့ အချင်းချင်း ရင်းနှီးဖို့ အခွင့်အလမ်း မရှိပေ။
လင်မိသားစုနဲ့ သိတဲ့လူအားလုံးဟာ အဆင့်အတန်းမြင့်တဲ့လူမဟုတ်ပေမယ့် စုန့်မြောင်ကောက မဖြစ်နိုင်ဘူးလို့ ခံစားနေတုန်းပါပဲ။ တခြား လင်မိသားစုလည်း ဖြစ်နိုင်ပေသည်။ လူတွေက လင်မိသားစုအကြောင်းပြောတဲ့အခါ မြို့တော်မှာရှိတဲ့ အဓိကမိသားစုလေးခုထဲက တစ်ခုကို ရည်ညွှန်းလေ့ရှိပါတယ်။ သို့သော်လည်း မြို့တော်တွင် မျိုးရိုးအမည်လင်နှင့် အခြားချမ်းသာသော မိသားစုများစွာ ရှိသော်လည်း ၎င်းတို့ မသိကြသေးပေ။
သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို လျစ်လျူရှုပြီး ကုနင်းက “မစ္စရှန်းက ရှောင်းထင် နဲ့ အထူးဆက်ဆံရေးရှိတယ်လို့ မင်းပြောခဲ့တယ်နော်။ ဒါပေမယ့် ငါသိသလောက် မစ္စရှန်းက ရှောင်းထင်ကို အကြိမ်အနည်းငယ်ပဲ မြင်ဖူးတယ်။ ဆုံကြရင်တောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောတာ ရှားတယ်။ မင်းပြောတဲ့အတိုင်းသာဆို ငါတို့ လင်မိသားစုရဲ့အိမ်ကို သွားပြီး အဘိုးလင်နဲ့ ရှောင်းထင်ကိုမေးပြီး အဖြေရှာကြည့်ကြမလား"
ထိုစကားကိုကြားသောအခါ ချန်ချိုးယင်း အံ့သြသွားပြီး ခေါင်းယမ်းလိုက်သည်။
“မလုပ်ပါနဲ့” ဘာစကားမှမပြောသော ရှန်းကျီလင်းသည်လည်း မသိစိတ်မှ မှုန်ဝါးသွားသည်။
ကုနင််းပြောသည့်အတိုင်း အတိအကျဖြစ်သောကြောင့် ၎င်းတို့သည် လင်မိသားစုအိမ်သို့ လုံးဝသွား၍ မဖြစ်ပါ။
လင်ရှောင်းထင်နှင့် ရှန်းကျီလင်းတို့သည် တစ်ဦးနှင့်တစ်ဦး အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသည်။ ဆုံတွေ့ဖူးကြသော်လည်း လင်ရှောင်းထင်သည် ရှန်းကျီလင်းကို အမြဲဂရုမစိုက်သောကြောင့် သူမနှင့် စကားပြောခဲသည်။ သူတို့အားဆွေမျိုးများအဖြစ် မြင်ကြစေရန်အတွက် လင်ရှောင်းထင်အား နှုတ်ဆက်သောအခါတွင် သူက ခေါင်းသာပြန်ညိတ်ပြလေ့ရှိသည်။
ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့ထိတ်တလန့်ဖြစ်နေသည်ကိုမြင်ရသော် အမှန်တရားသည် ဒီထက် ပို၍ထင်ရှားနိုင်မည်မဟုတ်ပေ။ မိခင်နှင့်သမီးတို့သည် လိမ်ညာနေမှန်း သိသာထင်ရှားစွာ မြင်တွေ့နေရသောကြောင့် ကြည့်ရှုသူများ မထီမဲ့မြင်ပြုလာကြသည်။
“သူတို့ လိမ်နေတာ ပေါ်လာပြီ။ ဒီမိန်းမက အဲ့ယောက်ျားကို သဘောကျပြီး အဲ့ယောက်ျားက သူ့အပိုင်လို့ ယုံကြည်နေတာ။ ဒီမိန်းကလေးက သူနဲ့ အဲ့ယောက်ျားနှင့် ဆက်ဆံရေးကို ဖျက်စီးတယ်လို့တောင် အခိုင်အမာဆိုနေသေးတယ်။ ဒါပေမယ့် ဒီမိန်းမ အဲ့ယောက်ျားနဲ့တွေ့ပြီး စကားပြောဖို့တောင် အခွင့်အလမ်းရှားတယ်”
“ဟုတ်တယ်။ ဒီမိန်းမနှစ်ယောက်က အရှက်မရှိလိုက်တာ”
"ဟုတ်တယ်၊ သူတို့က အရှက်ကင်းလွန်းတယ်"
“အဲဒီလူက အရမ်းအပြစ်ကင်းတယ်လို့ ခံစားရတယ်။ သူတို့ ပြောပုံအရဆို သူက တာဝန်မကျေတဲ့ လူဆိုးလိုပဲ”
“အတိအကျပြောရရင် ဒီမိန်းကလေးဟာ ဟိုလူရဲ့ချစ်သူအစစ်အမှန်ဆိုတာ သိသာထင်ရှားပါတယ်၊ ဒါပေမယ့် တခြားမိန်းမတစ်ယောက်လို ဆဲဆိုခြင်းခံရတယ်။ သူမရဲ့ နာမည်ပျက်သွားပေမယ့် ဒါဟာ လိမ်ညာမှုသာ ဖြစ်တယ်”
“…”
လူတိုင်းက တယောက်ပြီး တယောက် လှောင်ပြောင်သရော်ကြသည်။ ကုနင်းကို ဝေဖန်ဖူးသူတွေဟာ ယခုအခိုက်အတန့်မှာ ရှက်ရွံ့နေကြပါပြီ။ သူတို့ လူမှားစွပ်စွဲမိသည်။
"မဒမ်ရှန်း၊ မစ္စရှန်း, ငါမင်းတို့ကိုနောက်ဆုံးအကြိမ်သတိပေးမယ်။ မင်းက ငါ့ဒေါသကို လာဆွပြီး ထပ်ဆဲဆိုရဲရင် အဘိုးလင်နဲ့ ရှောင်းထင်တို့ကို ပြောပြလို့ ငါ့ကို အပြစ်မတင်ပါနဲ့။ အဲ့အချိန်ကျရင် ဖြစ်လာမယ့် အကျိုးဆက်များကို မင်းတို့ ခံနိုင်ရည်ရှိမလား” ကုနင်းက အေးစက်စွာသတိပေးပြီးနောက် ချန်ချိုးယင်း ကို ပစ်ချလိုက်သည်။
ကုနင်းသည် ခွန်အားများစွာကို အသုံးပြုထားသောကြောင့် ချန်ချိုးယင်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချခံခဲ့ရသည်။ ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရသော်လည်း ညည်းညူခြင်း မပြုနိုင်ပေ။
"သူ့ကို အခုလွှတ်ပေးလိုက်တော့!" ကုနင်းသည် ပိုင်လီကျုံးရွှယ် ကိုကြည့်ကာ ပြောလိုက်သည်။
ပိုင်လီကျုံးရွှယ်သည် ရှန်းကျီလင်း ကို ချက်ချင်း လွှတ်လိုက်သော်လည်း ချန်ချိုးယင်းဆီသို့ တည့်တည့် တွန်းလိုက်၍ ချန်ချိုးယင်းပေါ်သို့ လဲကျသွားသည်။
***
အခန်း ၁၈၂၆ တစ်လပဲလိုတော့တယ်
လဲကျသွားသော ချန်ချိုးယင်းသည် ရှန်းကျီလင်း၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ထပ်မံခံရပြီးနောက် နာကျင်စွာ မူးလဲလုနီးပါး ဖြစ်သွားသည်။
ချန်ချိုးယင်းသည် သူမ၏ ခန္ဓာကိုယ်အောက်တွင် ရှိနေသောကြောင့် ရှန်းကျီလင်းသည် နာကျင်မှုသက်သာသော်လည်း သူမ အော်ဟစ်ဆဲဖြစ်သည်။ တကယ်တော့ သူမဟာ ပျော့ညံ့သိမ်မွေ့ပြီး ချမ်းသာတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမပြုတ်ကျတာက ကုနင်းနှင့် သူမ၏သူငယ်ချင်းများအတွက်တော့ အလွန်ပေါ့ပါးသည်ဟုထင်ရသော်လည်း ရှန်းကျီလင်းအတွက်တော့ မပေါ့ပါးပေ။
ထို့နောက် ကုနင်းသည် ၎င်းတို့အား အာရုံစိုက်မှုရပ်တန့်ကာ စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ရှန်းကျီလင်းက ထိတ်လန့်နေ၍ ကုနင်းထွက်သွားတာကိုပဲ ကြည့်နေနိုင်သည်။ သူမသည် ကုနင်းနှင့် ထပ်မံငြင်းခုံရန် မဝံ့ရဲတော့သော်လည်း ဤရလဒ်ကို သူမလက်မခံနိုင်ပါ။ သူမသည် ကုနင်းအား သေချာပေါက် ပြန်ပေးဆပ်ခိုင်းရလိမ့်မည်။
ကုနင်းသည် လင်ရှောင်းထင်၏ရည်းစားဖြစ်သော်လည်း ရှန်းကျီလင်းသည် သူမကိုယ်သူမထုတ်ဖော်သရွေ့ သူမက ကုနင်းအပေါ် ကြံရွယ်ခဲ့သည်ကို မည်သူမျှမသိနိုင်ပေ။
အဲဒါကို တွေးရင်း ရှန်းကျီလင်းရဲ့ အမူအရာက မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
အဖြစ်အပျက်ပြီးသွားတဲ့အတွက် ကြည့်ရှုသူတွေ အားလုံး လူစုခွဲသွားကြသည်။ သို့သော် သူတို့မထွက်ခွာမီတွင် ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့ကို ပျက်ရယ်ပြုရန်မမေ့လျော့ခဲ့ကြပေ။
လုံခြုံရေးအစောင့်တွေက ကုနင်းက သူတို့ကို သင်ခန်းစာသင်ပေးတာကို မတားပေမယ့် ဒီအဖြစ်အပျက်က ကုန်တိုက်ထဲမှာ ဖြစ်သွားတာဖြစ်သည်။ ထို့ကြောင့် ကုနင်းထွက်သွားပြီးနောက် လုံခြုံရေးအစောင့်တစ်ဦးက ချန်ချိုးယင်းနှင့် ရှန်းကျီလင်း အတွက် အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ကုန်တိုက်မှာ မတောတဆဖြစ်၍ မဖြစ်ပေ။
ဖန်ရှန်းဈေးဝယ်စင်တာက ကုနင်းရဲ့ အပြုအမူကို မျက်ကွယ်ပြုထားတာကြောင့် ရှန်းကျီလင်းက ဝန်ထမ်းတွေကို ရှင်းပြပေးဖို့ အော်ဟစ်ကြွေးနေသည်။
ဒါပေမယ့် အဲဒါက သူတို့ရဲ့အမှားဖြစ်ပြီး သူတို့ကအရင်ဆုံး ဒုက္ခပေးခဲ့တာဖြစ်လို့ အခုချိန်မှာ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ပါ။
"ကုနင်း၊ မင်း အရမ်းမိုက်တာပဲ" ထွက်သွားပြီးနောက် စုန့်မြောင်ကောက ကုနင်းကို လက်မထောင်ပြကာ ပြောလိုက်သည်။
တကယ်တော့ ကုနင်းဟာ ချန်ချိုးယင်းရဲ့လည်ပင်းညှစ်လိုက်တဲ့ လုပ်ရပ်ကြောင့် သူမဟာ ကြောက်စရာကောင်းတဲ့ ကုနင်းကို ပထမဆုံးအကြိမ်တွေ့လိုက်ရတဲ့အတွက် ထိတ်လန့်သွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သူမသည် ကုနင်းကို အလွန်စိုးရိမ်ခဲ့သည်။ အကယ်၍ ချန်ချိုးယင်း တကယ်ပင် အသက်ရှူကြပ်ကာ သေသွားပါက ချန်ချိုးယင်း၏အပြစ်ဖြစ်လျှင်ပင် ကုနင်းသည် အပြစ်ကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ကုနင်းသည် မည်သည့်အချိန်တွင် ရပ်ရမည်ကို သိခဲ့သည်။
“အမေရော သမီးရော အရှက်မဲ့လွန်းတယ်။ သူတို့မလို့ ဘာမဆို ပြောရဲရတယ်လို့ !” ပိုင်လီကျုံးရွှယ်က ရွဲ့စောင်းကာ ပြောလိုက်သည်။
"ဟုတ်တယ်! အဲဒီတုန်းက သူတို့ကို အရမ်းအနိုင်ယူချင်ပေမယ့် ကုနင်းလုပ်နေတာတွေကို အနှောက်အယှက်ဖြစ်မှာ ဆိုးလို့သာ" စုန့်မြောင်ကောက ဒေါသတကြီး ပြောသည်။
ရိုးရိုးသားသား ပြောရလျှင် သူမသည် ထိုအချိန်က သူတို့ကို အနိုင်ယူရန် အမှန်တကယ်ပင် ရိုက်ပစ်ချင်ခဲ့သည်။
“ငါရောပဲ” ဟု ပိုင်လီကျုံးရွှယ် က ပြောသည်။ အစမှအဆုံးထိ နှုတ်ဆိတ်နေပြီး ဘာမှမလုပ်ခဲ့တာက သူတို့ အမှားလုပ်မိမှာ၊ ပြောမိမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
“အင်း၊ သူတို့ ငါ့ကို အနိုင်ကျင့်လို့ မရဘူး။ မြင်တယ်မလား? သူတို့က နောက်ဆုံးမှာ ဒုက္ခရောက်ခဲ့ကြသူတွေပဲ” ကုနင်းက သူ့ကို အကာအကွယ်ပေးနေတဲ့ မိန်းကလေးနှစ်ယောက်ကို နှစ်သိမ့်ပေးသည်။ သူတို့သည် သူမကို အမှန်တကယ် ဂရုစိုက်ကြောင်း သူမနားလည်သည်။
ပိုင်လီကျုံးရွှယ်က သူမနဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းသင်းခဲ့တာဆိုရင်တောင် ပိုင်လီကျုံးရွှယ်က သူမနဲ့ တကယ်ပဲ သူငယ်ချင်းဖြစ်ချင်တယ်လို့လည်း ခံစားခဲ့ရသည်။
အတိအကျပြောရလျှင် သူမသည်လည်း ပိုင်လီကျုံးရွှယ်နှင့် အချိန်ဖြုန်းရန် ဆန္ဒရှိသည်။ သူမသည် ယခု ပိုင်လီကျုံးရွှယ် မှတစ်ဆင့် ကျင့်ကြံရေးလောကအကြောင်း နောက်ထပ်လေ့လာရန် မလိုအပ်တော့ပါ။ အဲ့အကြောင်း တစ်ခုခုသိချင်ရင် ကျင်းကျီနဉ်ကို တိုက်ရိုက်မေးတာက ပိုကောင်းသည်။ ပိုင်လီကျုံးရွှယ်သည် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နိုင်သည်ဟု သူမ ခံစားမိသောကြောင့် ပိုင်လီကျုံးရွှယ်နှင့် ဆက်လက် ပေါင်းသင်းခြင်းသာဖြစ်သည်။
“တကယ်လို့ မင်းအထိနာတာတစ်ခုခုဖြစ်လာရင် မင်းကို ကူညီဖို့ ငါတို့ တစ်ခုခု လုပ်ခဲ့မှာပါ” ဟု စုန့်မြောင်ကောက ဆိုသည်။ ကုနင်းက အရှုံးကိုမခံစားခဲ့ရသောကြောင့်လည်း သူတို့စိုးရိမ်မှုနည်းပါးသွားခဲ့သည်။
“တကယ်တော့ မင်း သူ့ကို လည်ပင်းညှစ်သတ်မိမှာ ငါ အရမ်းစိုးရိမ်ခဲ့သေးတယ်။ သူ့အပြစ်ဆိုရင်တောင် သတ်ပစ်လိုက်ရင် မင်းပဲ ဥပဒေနဲ့အညီ အပြစ်ပေးခံရမှာလေ” ဟု ပိုင်လီကျုံးရွှယ်က ပြောသည်။
"ဟုတ်တယ် ငါလည်းတွေးနေသေးတယ်" စုန့်မြောင်ကောက ချက်ချင်း သဘောတူလိုက်သည်။ ထိုအချိန်က အခြေအနေကို တွေးကြည့်တော့ စုန့်မြောင်ကောသည် အနည်းငယ် ထိတ်လန့်နေသေးသည်။
ကုနင်းက သူတို့ကို သဘောကျသွားပြီး တစ်ချိန်တည်းမှာပင် ရင်ထဲထိသွားသလို ခံစားလိုက်ရသည်။ "စိတ်မပူပါနဲ့! ငါ ဘာပဲလုပ်လုပ် အကျိုးဆက်တွေကို အမြဲထည့်စဉ်းစားမှာပါ”
ကုနင်း၏ရှင်းပြချက်ကိုကြားပြီးနောက် သူတို့သည် ပို၍သက်တောင့်သက်သာခံစားရပြီး အဝတ်အစားများကို ဆက်လက်ကြည့်ရှုကြသည်။
လမ်းတစ်လျှောက်တွင် လက်၀တ်ပစ္စည်းဆိုင်အချို့သို့ လျှောက်သွားကြသည်။ စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ် နှစ်ယောက်စလုံးက တချို့ကို ဝယ်ကြသည်။ ကုနင်းက ဒီပစ္စည်းလေးတွေကို မကြိုက်တဲ့အတွက် မဝယ်ခဲ့ပါ။
နောက်ထပ်အဝတ်အစားဆိုင်အချို့ကို လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် သူတို့ကြိုက်သောအရာကို ရှာမတွေ့သေးသဖြင့် ကုဖန်းသို့ သွားခဲ့သည်။
ကုဖန်းသည် ယခင်က ၎င်းတို့လည်ပတ်ခဲ့သည့်ဆိုင်များထက် ဖောက်သည်အရေအတွက် ပိုမိုများပြားပြီး ဖောက်သည်အများစုမှာ အဝတ်အစားများကို စမ်း၀တ်ကြည့်ရန် အချိန်အတော်ကြာအောင် နေခဲ့ကြသည်။
ယေဘူယျအားဖြင့် အဝတ်အစားကို စမ်းကြည့်ဖို့ အချိန်အကြာကြီး စောင့်နေသူတွေဟာ အဝတ်အစားဝယ်ဖို့ အလားအလာ ပိုများသည်။
စတိုးဆိုင်ထဲကို ဝင်လိုက်တာနဲ့ အရောင်းဝန်ထမ်းတွေအားလုံးက ကုနင်းကိုတွေ့ပြီး မစ္စကုဟု ရိုသေစွာနဲ့ ခေါ်ကြသည်။
ကုနင်းက အရင်က တောင်းဆိုထားတာမို့ သူမကို မစ္စကုလို့သာ ခေါ်ခြင်းဖြစ်ပါသည်။ ကုနင်းသည် ကုဖန်း ၏ သူဌေးဖြစ်သည်ကို လူအများသိကြသော်လည်း ကုနင်းသည် ၎င်းတို့နှင့် ဆက်ဆံရန် ပျင်းလွန်းသောကြောင့် သူမကိုလူပိုသိစေရန် ရှောင်ရန်မှာ ပိုကောင်းသည်ဟု ယူဆခဲ့သည်။
သို့သော် ဒရာမာများသည် နေရာတိုင်းတွင် ရှိခဲ့သည်။ တစ်ခုက ရပ်သွားပြီး နောက်တစ်ခုက ပြန်စပြန်သည်။
စုန့်မြောင်ကောက ၀တ်စုံကို ရွေးပြီး စမ်း၀တ်ကြည့်ရန် အဝတ်လဲခန်းသို့ သွားခဲ့သည်။ အဝတ်လဲခန်းထဲရောက်တဲ့အခါ စုန့်မြောင်ကောရွေးထားတဲ့ ၀တ်စုံနဲ့ တူညီစွာ၀တ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက် ထွက်လာသည်။
ဒီမိန်းကလေးဟာ စုန့်မြောင်ကောရဲ့ အသိအကျွမ်းဟောင်းလည်း ဖြစ်သည်။ ကောင်မလေးက စုန့်မြောင်ကောကိုမြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ သူမသည် ဤနေရာတွင် စုန့်မြောင်ကောနဲ့ တွေ့ရန်မမျှော်လင့်ခဲ့ပေ။
ထို့နောက် ကောင်မလေးက လှောင်ပြောင်ကာ မကြင်နာသောလေသံဖြင့် “အိုး! စုန့်မြောင်ကော မလား? မင်းအဝတ်အစားဝယ်ဖို့လာတာလား။"
သူမပြောပြီးနောက် စုန့်မြောင်ကောရဲ့လက်ထဲက ၀တ်စုံကို ကြည့်ကာ “အို! အကြိုက်ကကောင်းသားပဲ။ မင်း ငါနဲ့ တူတဲ့ ၀တ်စုံကို ရွေးတာပဲ ဒါပေမယ့် မင်း ငါ့လို ဆွဲဆောင်မှု ရှိနိုင်ပါ့မလားလို့ ငါ တွေးမိတယ်"
မိန်းကလေးသည် စုန့်မြောင်ကောထက် အနည်းငယ်ပို၍ လှပပြီး sexy ကျသော ခန္ဓာကိုယ်ရှိသည်။ သူမရဲ့ အသက်အရွယ်ကြောင့် ဝတ်စားဆင်ယင်မှုမှာ အတော်လေးကို ဆွဲဆောင်မှုရှိတယ်လို့ ဆိုနိုင်သည်။ သို့သော်လည်း သူမ၏ ရုပ်ရည်နှင့် ရုပ်ရည်သည် မည်မျှပင် လှပနေပါစေ သူမ၏ ကြင်နာမှုကင်းသော မျက်နှာသည် သူမအား ဖျက်ဆီးနေသည်။
ကောင်မလေးကိုမြင်လိုက်ရတော့ စုန့်မြောင်ကော က သိသိသာသာကို မကျေမနပ်ဖြစ်သွားသည်။ မိန်းကလေး၏ လှောင်ပြောင်သံကို ကြားသောအခါ စုန့်မြောင်ကော သည် ပို၍ပင် စိတ်ဆိုးလာသည်။
သူမက ထိုကောင်မလေးကို အေးစက်စွာကြည့်ကာ "ကျီဝမ်နာ၊ ဒီဝတ်စုံက ငါနဲ့ အဆင်ပြေနိုင်လား မပြေနိုင်ဘူးလားဆိုတာ မင်းကိစ္စမဟုတ်ဘူး။ မင်းငါ့ကိုတွေ့တိုင်း ဘာလို့ရန်လာစနေတာလဲ။ ငါ့လက်ချက်စာ မိချင်လို့လား"
"အင်း" အဲဒါကြားတော့ ကျီဝမ်နာလို့ခေါ်တဲ့ မိန်းကလေးက ဒေါသမထွက်ပေမယ့် ပိုလို့တောင် ဖော်ရွေမနေတော့ကာ "ငါက မင်းဘဝကို အဆင်မပြေအောင် လုပ်ရတာကို ကြိုက်လို့လေ။ အဲ့တော့ ဘာဖြစ်လဲ၊ မင်းက အရှုံးသမားသာသာပဲဟာ။ ဒီလိုလုပ်ခံရတာ မကြိုက်ရင် ငါ့ကိုအနိုင်ယူဖို့ကြိုးစားလေ။ အဲ့တာဆိုရင် အနာဂတ်မှာ ငါမင်းရဲ့လမ်းမှာ ထပ်မရပ်တော့ဘူး။ ဒါနဲ့ ငါတို့ရဲ့ နှစ်ဝက်လောင်းကြေးက တစ်လပဲ လိုတော့တယ်နော်။ မင်းငါ့ကိုအနိုင်ယူဖို့ ယုံကြည်မှုရှိမရှိတော့ ငါမသိဘူး။ ရှုံးရင် ရေကူးဝတ်စုံနဲ့ တိုင်ပတ်အကပြီး အင်တာနက်ပေါ်တင်ရမှာနော် ဟားဟား ဟားဟား။" ထိုစကားကိုပြောရင်း စုန့်မြောင်ကော ရှုံးမည်ကို သူမမြင်နိုင်သလို ကျီဝမ်နာက အောင်ပွဲခံပြုံးပြလိုက်သည်။
စုန့်မြောင်ကော ရှုံးမည်ဟု သူမယုံကြည်ခဲ့သည်မှာ မထူးဆန်းပေ၊ အကြောင်းမှာ စုန့်မြောင်ကောသည် သူမကို အမှန်တကယ် ရှုံးရမှာဖြစ်သောကြောင့်ဖြစ်သည်။ စုန့်မြောင်ကောသည် ခြောက်လအတွင်း ဤမျှလောက် တိုးတက်ရန် မဖြစ်နိုင်ပေ။
***
အခန်း ၁၈၂၇ မင်းရည်ရွယ်ချက်ရှိရှိလုပ်တာ!
စုန့်မြောင်ကောဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး ကျီဝမ်နာလည်း အလားတူပါပဲ။ သူမသည် စုန့်မြောင်ကော ထက်သာလွန်နေပြီဖြစ်သောကြောင့် သူမသည် သူမကိုယ်သူမ စုန့်မြောင်ကောထက် တိုးတက်မှုနှေးကွေးမည်ဟု မထင်ပေ။
ကျီဝမ်နာ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း နိမ့်သည်မဟုတ်သောကြောင့် ဈေး၀ယ်သူများစွာက ၎င်းတို့ကို လှည့်ကြည့်ကြသည်။
ရေကူးဝတ်စုံနဲ့လား? တိုင်ပတ်အကကရမယ်? ဗီဒီယိုနဲ့ မှတ်တမ်းယူပြီး အင်တာနက်ပေါ်ကိုတောင်တင်အုံးမယ်တဲ့။ သေချာပေါက် တဟုန်ထိုးနာမည်ကြီးသွားလိမ့်မည်။
ထိုစကားကြောင့် စုန့်မြောင်ကောနှင့် ကျီဝမ်နာတို့သည် အခြားသူများ၏အမြင်တွင် ဆိုးသွမ်းသောမိန်းကလေးများအဖြစ် မြင်လာကြပြီး သူတို့အား အနည်းငယ်မထီမဲ့မြင်ပြု၍ စိုက်ကြည့်လာကြသည်။
စုန့်မြောင်ကောက စိတ်ဆိုးနေပေမယ့် အထောက်အထားတွေရှိတာကြောင့် သူတို့လုပ်ခဲ့တဲ့ လောင်းကြေးကို ငြင်းလို့မရပါ။
"ကြည့်ရသေးတာပေါ့! ငါမင်းကိုအနိုင်ယူပြမယ်" လို့ စုန့်မြောင်ကောက စိတ်ပိုင်းဖြတ်ထားပေမယ့် သူမမှာ ယုံကြည်မှုသိပ်မရှိခဲ့ပါ။
ဘာပဲဖြစ်ဖြစ် သူမ အရှုံး မပေးနိုင်။ သူမရှုံးရင် ရေကူးဝတ်စုံဝတ်ပြီး တိုင်ပတ်အကကကာ ဗီဒီယိုကို အင်တာနက်မှာ တင်ရမည်။ တကယ် အဲ့လိုဖြစ်လာရင် သူမသာအရှက်ရရုံသာမက သူမမိသားစုဖြစ်သော စုန့်မိသားစုလည်း အရှက်ရလိမ့်မည်။ သို့သော်လည်း သူမသည် ယခုအချိန်တွင် ရွေးချယ်စရာမရှိတော့ပေ။ ကျီဝမ်နာက သူမကို ဒီလိုလုပ်ဖို့ နှိုးဆော်ထားတာကြောင့် ဒီလိုအခြေအနေမျိုးကို သူမသဘောတူခဲ့တာပါ။
"ကောင်းပြီ၊ ဒါဆို မင်းငါ့ကိုအနိုင်ယူတာကိုစောင့်နေမယ်။ ဒါပေမယ့် ငါ့ကိုတော့ စိတ်မပျက်စေနဲ့ပေါ့!" ကျီဝမ်နာက ပြုံးလိုက်ပြီး စုန့်မြောင်ကောကို လျစ်လျူရှုကာ မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်ဖို့ လမ်းလျှောက်ရင်း သူမကို ဖြတ်သွားသည်။ စုန့်မြောင်ကော ဖြတ်သွားစဉ်တွင် သူမပုခုံးကို ဆောင့်တွန်းလိုက်ပြီး တမင်ရန်ဆွလိုက်သည်။
“မင်း…” စုန့်မြောင်ကောသည် အလွန်ဒေါသထွက်ကာ သည်းခံစိတ်ဆုံးရှုံးတော့မည်ဖြစ်သော်လည်း ဤနေရာသည် ကုနင်း၏ဆိုင်ဖြစ်သည်ကို တွေးပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ် နှစ်ဦးစလုံးသည် အရာအားလုံးကို မျက်မြင်တွေ့ခဲ့ကြရသောကြောင့် သူတို့လည်း စိတ်မကျေမနပ်ဖြစ်ခဲ့ကြရသည်။
စုန့်မြောင်ကောသည် အဝတ်အစားကို စမ်း၀တ်ကြည့်ရန် စိတ်မဝင်စားတော့တဲ့အတွက် အ၀တ်စမ်း၀တ်ကြည့်ဖို့ကို လက်လျော့လိုက်သည်။ သူမက ထိုအင်္ကျီကို ပြန်ထားရန်အတွက် နောက်ပြန်လှည့်လိုက်သည်။
ထိုအချိန်တွင် ကုနင်းသည် စုန့်မြောင်ကောထံသို့ လျှောက်သွားပြီး "သူ စိတ်ဆိုးတာ မြင်ချင်လား?"
ဒါကိုကြားတော့ စုန့်မြောင်ကောရဲ့ မျက်လုံးတွေ တောက်ပလာသည်။ ကုနင်းမှာ နည်းလမ်းရှိမှန်း သူမသိသောကြောင့် သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့။"
"ငါ့ကိုကြည့်ထား" ကုနင်းကပြောပြီး သူမလက်ထဲက ၀တ်စုံကိုယူကာ အဝတ်လဲခန်းဆီသို့ လျှောက်သွားသည်။
ကုနင်းက ကျီဝမ်နာကို လွှမ်းမိုးဖို့ ဆုံးဖြတ်လိုက်သည်။
ကုနင်းသည် သူမက အလှပဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးမိန်းကလေးဖြစ်သည်ဟု မထင်သော်လည်း ကျီဝမ်နာကိုတော့ လွှမ်းမိုးနိုင်မည်ဟု သူမယုံကြည်သည်။
သူ့သူငယ်ချင်းက သူ့ဆိုင်မှာ အနိုင်ကျင့်ခံရတာဖြစ်တဲ့အတွက် တစ်ခုခုလုပ်ရမည်။
ကုနင်းသည် အဝတ်လဲခန်းထဲသို့ ၀င်သွားပြီးနောက် စုန့်မြောင်ကောသည် အကြံကောင်းမဟုတ်ဟု ထင်လာသည်။ သူမက ပိုင်လီကျုံးရွှယ်ကို "ကုနင်း ဖောက်သည်တစ်ယောက်ကို ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ"
"စိတ်လျှော့ပါ။ ကုနင်းသာအဲဒါကို ဂရုစိုက်ရင် သူ မင်းအတွက် ရပ်တည်ပေးမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့ ကုနင်းက ဂရုမစိုက်ပါဘူး။ ငါသာ သူဆိုလည်း ဒီလိုပဲလုပ်မှာပဲ။ မင်းဆိုရင်လည်း အဲ့လိုပဲ တွေးမယ်လို့ ငါယုံတယ်။ ဟုတ်တယ် မဟုတ်လား။ ငါတို့က သူငယ်ချင်းတွေလေ။ အချင်းချင်း ကူညီသင့်တာပေါ့” ပိုင်လီကျုံးရွှယ်သည် စုန့်မြောင်ကောကို နှစ်သိမ့်ပေးသည်။
"ဟုတ်တယ်၊ မင်းအနိုင်ကျင့်ခံရရင်လည်း မင်းဘက်ကရပ်တည်ပေးမှာ" စုန့်မြောင်ကောသည် ပိုင်လီကျုံးရွှယ်၏စကားကိုကြားပြီးနောက် များစွာ အဆင်ပြေလာသည်။
ပြီးတော့ ကုနင်းထွက်လာတာကို တိတ်တဆိတ် စောင့်နေကြသည်။ ကုနင်းသည် တီရှပ်အပွ၊ ဂျင်းဘောင်းဘီတိုနှင့် ဦးထုပ်ဆောင်းထားကာ ပေါ့ပေါ့ပါးပါး ဖိနပ်ကို ဝတ်ဆင်ထားသောကြောင့် သူမကို မည်သူမျှ အထူးဂရုမစိုက်ကြပေ။
သို့သော် ယခု ကုနင်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်မှ ဒေါက်မြင့်ဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။ ဆံပင်ကို မြင်းမြီးပုံစံစည်းကာ အလှကုန်ထုတ်ပြီး ပေါ့ပါးသော မိတ်ကပ်ကို အမြန်လိမ်းလိုက်သည်။ သူမကြည့်ရတာ လုံးဝကို ကွဲပြားသွားပေသည်။
ကျီဝမ်နာသည် တခြားအဝတ်အစားများကို ကြည့်ရင်း ထိုဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ဒီဝတ်စုံကို ဝယ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ ဒါပေမယ့် တခြားဟာကို ကြည့်ဖို့တော့ လိုပါသေးသည်။ သူမဒီအထိရောက်ကတည်းက နောက်ထပ်အနည်းငယ်ဝယ်ဖို့ စီစဉ်ထားသည်။
ကုနင်းအားလုံးပြင်ဆင်ပြီးသွားပြီးနောက် သူမ ထွက်လာခဲ့သည်။ စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကုနင်းသည် သူမလုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် အမှားအယွင်းမရှိနိုင်သည်ကို သိသော်လည်း ကုနင်း ပြန်ပေါ်လာပြီးနောက် အံ့အားသင့်သွားကြသည်။ သူတို့သည် ခဏတာမျှ မတုံ့ပြန်နိုင်တော့တဲ့အထိ အံသြသွားကြသည်။
ကုနင်းကိုမြင်တဲ့ စတိုးဆိုင်ထဲက တခြားလူတွေလည်း အံ့သြသွားသည်။
"ဘုရားရေ! အရမ်းလှတာပဲ!"
"ဟုတ်တယ်! ဒီဝတ်စုံနဲ့ ဟိုကောင်မလေးက ကြည့်ကောင်းတယ်လို့ ထင်ခဲ့မိပေမယ့် အခု ဒီကောင်မလေးက အဲ့ထက် ပိုကြည့်ကောင်းလာမယ်လို့ မမျှော်လင့်ထားဘူး”
"ဒါက သူ့နဲ့ အံဝင်ခွင်ကျပဲ!"
“…”
အရောင်းဝန်ထမ်းတစ်ဦးက သတိပြုမိပြီးသည်နှင့် သူမ၏ သူဌေးက သူ့သူငယ်ချင်းအတွက် လက်စားချေပေးတော့မည်ဟု တွေးလိုက်မိသည်။ သူမ၏ စိတ်ထဲတွင်တော့ သူဌေး၏ သူငယ်ချင်းကို မနာလို ဖြစ်မိသည်။ သူမရဲ့ သူဌေးက သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူငယ်ချင်းအစစ်ဆိုတာ ဒီလိုမျိုးဖြစ်ရမည်။
ကုနင်းက သူတို့ကို အနိုင်ကျင့်တာကို မြင်ပြီးတာနဲ့ သူ့သူငယ်ချင်းတွေကို ကူညီဖို့ တွန့်ဆုတ်မနေပါဘူး။
အံ့သြမှုနှင့် ချီးမွမ်းသံများက ကျီဝမ်နာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့ပြီး သူမသည် ချက်ချင်း တစ်ချက်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာသည် မနာလိုစိတ်များဖြင့် ညိုမဲလာခဲ့သည်။ မနာလိုမှုနှင့် မုန်းတီးမှုများကို သူမမျက်နှာတွင် ဖုံးကွယ်ထား၍မရပေ။
“ဘုရားရေ! ကုနင်း၊ မင်းက ဒီဝတ်စုံနဲ့ အရမ်းလှတာပဲ" စုန့်မြောင်ကောက သူ့အသိ ပြန်၀င်လာတဲ့အခါ ကုနင်းဆီကို လျှောက်သွားသည်။ သူမရဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးကို ချန်ထားခဲ့လိုက်ပါပြီ။
"အင်း ကုနင်းက လှပပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိလို့ အဝတ်အစားအားလုံးနဲ့ ဆွဲဆောင်မှုရှိနေမှာပါပဲ။ သူစမ်း၀တ်ကြည့်ဖို့အတွက် အ၀တ်အစားတစ်ထည်ကို ကျပန်းရွေးကြည့်ပါလား။ သေချာပေါက် ကြည့်ကောင်းလိမ့်မယ်” ဟု ပိုင်လီကျုံးရွှယ်က ပြောသည်။ ချဲ့ကားမှု လုံးဝမဟုတ်ပါ။
"မင်းပြောတာမှန်တယ်။ သူ့က လှပပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်အ၀တ်အစားမဆို ဆွဲဆောင်မှုရှိနေမှာ"ဟု စုန့်မြောင်ကောက ချက်ချင်း သဘောတူလိုက်သည်။
"စုန့်မြောင်ကော၊ မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာ" ကျီဝမ်နာသည် ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်ကာ စုန့်မြောင်ကောဆီသို့ နှောင့်နှေးမနေဘဲ သွားလိုက်သည်။
သူတို့ကတစ်ဖွဲ့ထဲပင်။ ကုနင်းက ဒီဝတ်စုံကို ဝတ်ထားပြီး သူ့ထက်တောင် ပိုကြည့်ကောင်းနေသည်။ သူမသည် ငတုံးမဟုတ်တာကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာကို မြင်နိုင်သည်။
စုန့်မြောင်ကောက ကျီဝမ်နာကို သူမစိတ်ထဲမှာတော့ အထင်အမြင်သေးနေပေမဲ့ သူမဟာ အပြစ်ကင်းတဲ့ပုံနဲ့ ပြန်ကြည့်လိုက်ကာ "ငါ ဘာကိုရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ? မင်းပြောတာကို ငါနားမလည်ဘူး"
“မသိချင်ယောင်ဆောင်မနေနဲ့။ မင်း ဒီဝတ်စုံ၀တ်ရင် ငါလောက် မလှဘူးဆိုတာ မင်းသိတယ်၊ ဒါကြောင့် မင်းသူ့ကို ဝတ်ခိုင်းပြီး ငါ့ကို တမင်တကာ လွှမ်းမိုးဖို့ တောင်းဆိုခဲ့တာ” ဟု ကျီဝမ်နာက ဆိုသည်။ ဆိုလိုတာက ဒီဝတ်စုံကို သူမ၀တ်ဝတ်တာထက် ကုနင်း၀တ်တာကပိုလှတယ်လို့ သူမက ဝန်ခံခဲ့သလိုပါပဲ။
ငြင်းဆိုရအောင်လည်း သိသာလွန်းလှသည်။
ကျီဝမ်နာနဲ့ စုန့်မြောင်ကောတို့ ပဋိပက္ခဖြစ်နေပြီဆိုတာ သိတဲ့ တခြားသူတွေက အခုဘာတွေဆက်ဖြစ်နေတာလဲဆိုတာ သိပေသည်။ သို့သော်လည်း ကုနင်း၏ အပြုအမူနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အမှားအယွင်း ရှိမည်ဟု သူတို့ မထင်ခဲ့ပေ။ နောက်ဆုံးတော့ ကျီဝမ်နာရဲ့ မထီမဲ့မြင်ပြုတဲ့အမူအရာက လူတိုင်းကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
“ရယ်စရာကောင်းလိုက်တာ။ တခြားလူတွေကို ဒီဝတ်စုံမဝတ်ဖို့ ဘယ်လိုလုပ်တားလို့ရမှာလဲ။ ဒီဆိုင်က လူတိုင်းအတွက် ဖွင့်ထားတာ။ တူညီတဲ့ဝတ်စုံနှစ်ခုရှိတယ်လေ။ ဆိုလိုတာက မင်းတစ်ယောက်ထဲပဲ ဝယ်နိုင်တာမဟုတ်ဘူး။ တခြားလူတွေကို မဝယ်ဖို့ တားလို့မရဘူး။ ငါ့သူငယ်ချင်းက ဒီဝတ်စုံကို စမ်း၀တ်ကြည့်တာ။ ပြီးတော့ သူက မင်းကို ဒီဟာ ဝယ်တာကို တားနေတာလည်း မဟုတ်ဘူး” လို့ စုန့်မြောင်ကော က ဆိုသည်။
“မင်း…” ကျီဝမ်နာ စိတ်ဆိုးသွားသည်။ သူမကို မဝယ်နိုင်ဘူးလို့ ဘယ်သူမှ မပြောပေမယ့် တခြားမိန်းကလေးက သူ့ထက် ပိုလှနေတာကို တွေ့လိုက်ရလို့ စိတ်ဝင်စားမှု ပျောက်ကွယ်သွားသည်။
စုန့်မြောင်ကောက "မင်း ဒီအင်္ကျီကို တခြားမိန်းကလေးတွေ မဝတ်စေချင်ဘူးဆိုရင် ဒီဆိုင်မှာ ရှိတဲ့ဟာတွေအကုန်ဝယ်သွားပါလား"
***
အခန်း ၁၈၂၈ မင်းကိုရှုံးခွင့် မပေးနိုင်ဘူး
ကျီဝမ်နာ ဒေါသထွက်နေသော်လည်း စုန့်မြောင်ကောကတော့ ဒါကိုမြင်ရလို့ ကျေနပ်မိသည်။
“ကောင်းပြီလေ!” ကျီဝမ်နာက ဒီဝတ်စုံကို မလိုချင်တော့တဲ့အတွက် အဝတ်စားလဲခန်းဆီကို အမြန်ပြေးပြီး ချွတ်လိုက်သည်။
ကုဖန်းသည် ကုနင်း ပိုင်ကြောင်းကိုတော့ ကျီဝမ်နာ မသိပေ။ ဒီဝတ်စုံကို သူမလိုချင်တော့ပေမယ့် နောက်တစ်မျိုးကို ရွေးနိုင်ပါသေးသည်။ စုန့်မြောင်ကောကြောင့် လှပသောအဝတ်အစားများဝယ်ခြင်းကို ရပ်တန့်မည်မဟုတ်ပါ။
ကျီဝမ်နာ ထွက်လာပြီးနောက် သူမသည် စုန့်မြောင်ကောကို ဘာမှမပြောဘဲ စူးစူးဝါးဝါးစိုက်စိုက်ကြည့်ကာ သူမ၏အဝတ်အစားများကို ရွေးချယ်ရန် ဆက်သွားခဲ့သည်။
ခဏအကြာတွင် ကျီဝမ်နာသည် စတိုးဆိုင်တွင် နောက်ဆုံးထွက်သည့် ၀တ်စုံကို စမ်းကြည့်ရန် ရှာတွေ့ခဲ့သည်။ ကုနင်းသည် ချက်ခြင်းပင် မတူသည့်အရာတစ်ခုကို ရှာတွေ့သွားပြီး ၎င်းကိုလည်း စမ်း၀တ်ကြည့်သည်။
သူတို့တစ်ဖန်ပြန်ပေါ်လာသောအခါ ကျီဝမ်နာသည် ကုနင်း၏လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်သည်။
ကျီဝမ်နာသည် ဒေါသအလွန်ထွက်ကာ ဒေါသကို ပေါက်ကွဲမိတော့မည်။ သူတို့သည် သူမအား နောက်ဆုံးအချိန်ထိ ဤကဲ့သို့ တမင် ပြုမူကြမည်ဆိုတာကို သူမသဘောပေါက်ခဲ့သည်။
"ဒီလိုလုပ်တာ ဘာကိုဆိုလိုချင်တာလဲ" ကျီဝမ်နာသည် ကုနင်းကို တိုက်ရိုက်မေးမြန်းခဲ့သည်။ သူမထက် အများကြီး ပိုလှသော ကုနင်း၏ မျက်နှာကို ကြည့်ပြီး သူမ မနာလို ဖြစ်ကာ ဖျက်ဆီးပစ်ချင်နေသည်။
"ဒါ မင်းကိစ္စမဟုတ်ဘူး! ငါတို့က အဝတ်အစားကို စမ်းကြည့်တာ။ မင်းကို ၀င်ရှုပ်နေတာမှမဟုတ်တာ။ ငါ့ကို ဘာလို့ဒီလိုမေးခွန်းထုတ်ရဲရတာလဲ!” ကုနင်းက သူမကို အေးစက်စွာကြည့်ကာ ငြင်းခုံလိုက်သည်။
“မင်း…” ကျီဝမ်နာက ဘာပြန်ပြောရမှန်းမသိ။ သူတို့သည် သူ့ကို၀င်ရှုပ်နေတာမဟုတ်သောကြောင့် ကုနင်းကို သူမမေးသင့်ပေ။ သို့ရာတွင်၊ သူတို့သည် သူမအား ဆန့်ကျင်နေခြင်းကို မရပ်တန့်ခဲ့ပေ။ နောက်ဆုံးတွင် သူမသည် သူမကြိုက်သည့်အဝတ်အစားများ ဝယ်ခြင်းကို စွန့်လွှတ်ခဲ့ရသည်။
ရလဒ်အနေနဲ့ ကျီဝမ်နာဟာ အဝတ်အစားအသစ်တွေကို ကြည့်နေတာကို ရပ်လိုက်ပြီး အဝတ်လဲခန်းထဲကို တည့်တည့်ဝင်သွားသည်။ သူမရဲ့ အဝတ်အစားကီ ပြန်လဲပြီး တုံ့ဆိုင်းမနေဘဲ ထွက်သွားတော့သည်။
သူမထွက်သွားစဉ် ကျီဝမ်နာသည် စုန့်မြောင်ကောကို စိုက်ကြည့်ကာ “စုန့်မြောင်ကော၊ စောင့်ကြည့်ကြတာပေါ့ တစ်လအတွင်း ငါနင့်ကို ဖျက်ဆီးပြမယ်" အဲဒီနောက် သူမ ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် စုန့်မြောင်ကောလည်း စိတ်ဆိုးသွားသည်။ ကုနင်းသည် သူမကို အရှက်ရစေသော ကျီဝမ်နာကို လက်စားချေရန်အတွက်ကူညီပေး၍ သူမသည် ခေတ္တ သက်သာရာရသွားသည်ဟု ခံစားခဲ့ရသော်လည်း တစ်လအကြာတွင် ဘာဖြစ်လာနိုင်သည်ကို တွေးတောမိနေသေးသည်။
“စိတ်မပူပါနဲ့၊ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်အောင် ငါကူညီပေးနိုင်တယ်။ ငါ မင်းကို ရှုံးခွင့် မပေးနိုင်ဘူး" ကုနင်းက သူမကို ချက်ချင်းနှစ်သိမ့်ပေးခဲ့ပေမယ့် သူမပြောခဲ့တာတွေက အမှန်ပါပဲ။
"တကယ်လား?" ဒါကိုကြားတော့ စုန့်မြောင်ကော ပြုံးပြီး မေးသည်။
"ငါပေးလိုက်တဲ့ဆေးက မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တယ်၊ ပြီးတော့ မင်းကို နောက်ရက်အနည်းငယ် ငါလေ့ကျင့်ပေးမယ်" ဟု ကုနင်းကပြောသည်။
“ကောင်းလိုက်တာ၊” စုန့်မြောင်ကောက ကုနင်းကို ယုံကြည်ပြီး သူမရဲ့စိုးရိမ်စိတ်တွေ ပျောက်သွားသည်။ မကြာမီ သူမသည် အဝတ်အစားများကို ဆက်လက်ကြည့်ရှုရန် စိတ်အားထက်သန်လာသည်။
ကျီဝမ်နာ ထံတာဝန်ထမ်းဆောင်နေသော အရောင်းစာရေးမသည် သူမရရှိမည့်တာဝန်မှာ ကုနင်းကြောင့် ထွက်သွားကြောင်း သိလိုက်ရသည်။ သူမ မကျေမနပ်ဖြစ်နေသော်လည်း ထိုအကြောင်းကို မညည်းညူဝံ့ပေ။
ကုနင်းသည် သူမ၏ တုံ့ပြန်မှုကို သတိပြုမိသောကြောင့် စုန့်မြောင်ကောကို သူမအစား တာ၀န်ထမ်းဆောင်ဖို့ တိုက်ရိုက်ပြောလိုက်သည်။
သူမတို့ လာတုန်းက အရောင်းဝန်ထမ်းတစ်ယောက်က သူတို့ကို ဝန်ဆောင်မှုပေးချင်ပေမယ့် ကုနင်းက ငြင်းခဲ့သည်။
ဆိုင်မှာ ဖောက်သည်တွေ အများကြီးရှိတာကြောင့် တခြားဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ ပြောလိုက်သည်။ စုန့်မြောင်ကောသည် သူမ၏ သူငယ်ချင်းဖြစ်သောကြောင့် သူမကို သူကိုယ်တိုင် ဝန်ဆောင်မှုပေးနိုင်သည်။ ထို့ကြောင့်၊ စုန့်မြောင်ကောသည် သူမအား အမှုဆောင်ရန် အရောင်းဝန်ထမ်းတစ်ဦးမှ မရှိခဲ့ပါ။
ကုနင်းရဲ့အမိန့်ကိုကြားတော့ အရောင်းဝန်ထမ်းက ဝမ်းသာအားရနဲ့ စုန့်မြောင်ကောကို အလျင်အမြန် ဆောင်ရွက်ပေးခဲ့သည်။
နောက်ဆုံးတော့ စုန့်မြောင်ကောက ၀တ်စုံတစ်စုံ၊ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ ဖိနပ်တစ်ရံကို ဝယ်လိုက်သည်။ ပိုင်လီကျုံးရွှယ်သည်လည်း ၀တ်စုံ၊ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်နှင့် ဖိနပ်တစ်ရံကိုလည်း ဝယ်ခဲ့သည်။
ကုနင်းက သူတို့ကို 30% လျှော့စျေး ပေးသည်။ စတိုးဆိုင်ရှိ အဆင့်မြင့် VIP ကိုပင် 20% လျှော့စျေး ပေးနိုင်သည်။
ကုဖန်း မှာရှိတဲ့ အဝတ်အစားတွေက ဈေးမသက်သာပေမယ့် စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ် နှစ်ယောက်စလုံးက ချမ်းသာတဲ့ ကလေးတွေမို့ ဂရုမစိုက်ကြပါ။ သူတို့မိသားစုက ပေးတဲ့ လစဉ်ထောက်ပံ့ကြေးက ယွမ် တစ်သိန်းကျော်တောင် ရှိပေသည်။ သုံးစွဲလို့ကုန်သွားရင် ပိုက်ဆံထပ်တောင်းနိုင်ပေသည်။
သူတို့က ပိုက်ဆံနဲ့ လူတွေ ခွဲခြားဆက်ဆံမှာမဟုတ်ဘူးဆိုတာကို နားလည်ပြီး ယုံကြည်တာကြောင့် သူတို့မိသားစုတွေက ပိုက်ဆံတွေ အများကြီးပေးတာပါ။
သုံးသင့်တဲ့နေရာမှာ သုံးသရွေ့ ပိုက်ဆံက နည်းနည်းပဲဖြစ်ဖြစ် အများပဲဖြစ်ဖြစ် အရေးမကြီးပါ။
အဝတ်အစားတွေဝယ်ပြီး “ခိုကျီအရောင်းဆိုင်” ဆီသို့ လျှောက်သွားကြသည်။
သူတို့ထွက်လာတဲ့လမ်းမှာ ကုနင်းက စုန့်မြောင်ကော ကိုမေးသည်။ "မြောင်ကော ၊ မင်းနဲ့ ကျီဝမ်နာက ဘာအငြိုးရှိတာလဲ။ မင်း ငါတို့ကို ပြောပြချင်ရင် ပြောပြလေ။ မဟုတ်ရင်တော့ ငါမင်းကို အတင်းအကြပ်မေးမှာမဟုတ်ပါဘူး။"
“ဒါက ငါ မပြောနိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျီဝမ်နာနဲ့ ငါက တပ်စုတစ်ခုထဲမှာ အတူတူ ကြီးပြင်းလာခဲ့တယ်။ သူ့အဖေနဲ့ ငါ့အဖေ နှစ်ယောက်လုံးက စစ်သားတွေဖြစ်ကြပေမယ့် သူတို့နှစ်ယောက်လုံးက စစ်စခန်းတစ်ခုတည်းမှာ မနေကြဘူး။ ငါတို့က ငယ်ငယ်ကတည်း က တစ်ခါမှ မတည့်ဘူး၊ မကြာခဏ ရန်ဖြစ်ခဲ့ကြတယ်။ စစ်စခန်းတစ်ခုထဲမှာ ကြီးပြင်းလာရတဲ့အတွက် တိုက်ခိုက်ရေးစွမ်းရည်တွေကို သင်ယူခဲ့ရတယ်။ ငါတို့ဆုံတိုင်း အချင်းချင်း ရန်ဖြစ်ကြတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ငါသူနဲ့ရန်ဖြစ်ခဲ့ပြီး ရှုံးခဲ့တယ်။ ဒါပေမယ့်လည်း ရလဒ်ကို ငါလက်မခံနိုင်တာကြောင့် နှစ်ဝက်အတွင်း သူ့ကို အနိုင်ယူမယ်လို့ ကတိပြုခဲ့တယ်။ ကျီဝမ်နာက ဒီတိုင်းအနိုင်ရတာ အဓိပ္ပါယ်မရှိဘူးဆိုပြီး လောင်းကြေးထည့်ခဲ့တာပါ။ ရှုံးတဲ့သူက ရေကူးဝတ်စုံနဲ့ တိုင်ပတ်အကကို ကပြရမယ်။ အဲ့တာကို ဗီဒီယိုရိုက်ပြီး အနိုင်ရတဲ့သူက အင်တာနက်ပေါ်ကို တင်မယ်ဆိုပြီးပေါ့။ ငါတို့လို မိသားစုတွေအတွက် နာမည်ဂုဏ်သတင်းကို အရမ်းဂရုစိုက်တယ်လေ။ ဒီလိုမျိုးဖြစ်သွားရင် အရှုံးသမားနဲ့ သူ့မိသားစု နှစ်ယောက်စလုံး အရှက်ရလိမ့်မယ်။ အဲဒီတုန်းကတော့ ဒေါသနဲ့ သဘောတူလိုက်တာပေါ့။ စာရွက်ပေါ်မှာလည်း သဘောတူ လက်မှတ် ရေးထိုးခဲ့ကြတယ်။ ဒါကြောင့် ဘယ်သူမှ ငြင်းလို့မရတော့ဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး လအနည်းငယ်ကြာအောင် လေ့ကျင့်ခဲ့ပါတယ်။ ငါအများကြီး တိုးတက်လာပေမယ့် ကျီဝမ်နာလည်း လေ့ကျင့်နေတာဆိုတော့ ယုံကြည်မှုတော့ သိပ်မရှိဘူး” ဟု စုန့်မြောင်ကော က ဆိုသည်။
ကုနင်းက သူမကို ကူညီမည်ဟု ပြောခဲ့သော်လည်း ထိုကိစ္စကို တွေးရင်း သူမ စိတ်မကောင်း ဖြစ်မိသေးသည်။
"မင်းပြီးခဲ့တဲ့ ရန်ပွဲတုန်းက သူက မင်းထက် အရည်အချင်း ဘယ်လောက် ပိုကောင်းလဲ" ကုနင်းက မေးသည်။
"ငါ့ထက်အများကြီးတော့ မတော်ပါဘူး!" စုန့်မြောင်ကော က ပြောသည်။
“ဒါဆို ပြဿနာမရှိပါဘူး” ဟု ကုနင်းကဆိုသည်။ စုန့်မြောင်ကော၏အဆင့်ကို သူမမသိသော်လည်း စုန့်မြောင်ကော သည် ကျီဝမ်နာကို တစ်လအတွင်း ကျော်တက်အောင် ကူညီတာက သူမအတွက် လွယ်ကူပေသည်။
“နေ့လည်ကျောင်းပြန်ရောက်ရင် မင်းရဲ့အဆင့်ကို အရင်စစ်မယ်။ စိတ်မပူပါနဲ့၊ ငါ့သူငယ်ချင်းတွေက ငါ့လေ့ကျင့်မှုရပြီးပြီးချင်း အချိန်တိုလေးအတွင်းမှာ အများကြီး တိုးတက်လာတယ်” ဟု ကုနင်းက ဆိုသည်။
“ဟုတ်ပြီ” ကုနင်း၏အကူအညီဖြင့် စုန့်မြောင်ကောသည် ပို၍သက်တောင့်သက်သာရှိလာသည်။
ကုနင်းနဲ့ သူမရဲ့ သူငယ်ချင်းနှစ်ယောက် ခိုကျီကို ရောက်တဲ့အခါမှာတော့ ဆိုင်ထဲမှာ လူတွေ အများကြီး ရှိနေပြီး နည်းနည်းတော့ စည်ကားနေသည်။ ထို့အပြင် ကောင်တာတွင် ငွေပေးချေရန် တန်းစီနေကြသည်။ တစ်ဒါဇင်ကျော် လောက် တန်းစီနေကြသည်။
“ဘုရားရေ! အရမ်းနာမည်ကြီးတာပဲ!"
"ဟုတ်တယ်၊ တခြား skincare ဆိုင်တွေမှာ ခိုကျီ ရဲ့ဖောက်သည်တစ်ဝက်လောက်တောင်ရှိမယ် မထင်ဘူး!" စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် နေရာအား မျက်မြင်တွေ့မြင်ရသဖြင့် မအော်ဟစ်ပဲ မနေနိုင်တော့ပေ။
တခြား အသားအရေ ထိန်းသိမ်းမှုဆိုင်တွေမှာ ခိုကျီမှာ ဖောက်သည် တစ်ဝက်လောက် မရှိဘူး ဆိုတာ အမှန်ပါပဲ။ ထို့အတွက်ကြောင့် အခြားသော အလှကုန်ဆိုင်များရှိ အရောင်းဆိုင်များမှ အမျိုးသမီးများအားလုံး စိတ်မကောင်းဖြစ်ခဲ့ရသည်။ ဖောက်သည်များများရှိလျှင် အရောင်းအမျိုးသမီးတွင် ကော်မရှင်ခ ပိုရနိုင်သည်။ မဟုတ်ရင် သူတို့မှာ ကော်မရှင်ခ လုံးဝ မရရှိနိုင်ပါ။ သို့သော် သူတို့သည် ထိုကိစ္စကို ဘာမှ မတတ်နိုင်ေပ။
တကယ်တော့ သူတို့ဟာ ခိုကျီရဲ့ အသားအရေထိန်းပစ္စည်းတွေနဲ့ အလှကုန်တွေကို လျှို့ဝှက်စွာ အသုံးပြုနေကြပေသည်။ တကယ်ထိရောက်ကြောင်း ဝန်ခံရပါမည်။
အဲ့တာကို တခြားသူဌေးကသာ ပိုင်လျှင် စျေးက အများကြီး ပိုမြင့်ပေလိမ့်မည်။
***
အခန်း ၁၈၂၉ ညစ်ပတ်တဲ့လှည့်ကွက် သုံးဖို့ အဆင်သင့်ပြင်ထားပါ
ကုနင်းနှင့် သူမ၏ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် အရောင်းဝန်ထမ်းများအားလုံး သူမကို မစ္စကု ဟုခေါ်ကြသည်။ ကုနင်းက သူတို့ကိုယ်ပိုင်အလုပ်ကို ဆက်လုပ်ဖို့နဲ့ သူမကို တစ်ယောက်တည်းထားခဲ့ဖို့ ပြောခဲ့သည်။
တိုက်ဆိုင်စွာပင် ကုနင်းသည် ခိုကျီတွင် ကျီဝမ်နာနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် ကျီဝမ်နာသည် သူမနှင့် အသက်အရွယ်တူသော မိန်းကလေးတစ်ဦးနှင့် အတူရှိနေသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများကို ကျီဝမ်နာ မြင်သောအခါ ကျီဝမ်နာသည် သူမ၏ ဒေါသများ ပေါက်ကွဲလာပြန်သည်။ စုန့်မြောင်ကောနဲ့ တခြားသူတွေက သူမနောက်ကို တမင်တကာ လိုက်ခဲ့တယ်ဆိုပြီး သူမထင်ခဲ့သည်။
သူမရဲ့ ဒေါသကြောင့် သူမဟာ ဒီအကြောင်းကို သေသေချာချာ မစဉ်းစားတော့ဘဲ စုန့်မြောင်ကောကို မေးခွန်းထုတ်လိုက်သည်။ "စုန့်မြောင်ကော မင်းငါ့နောက်လိုက်နေတာလား"
အဲဒါကိုကြားတော့ စုန့်မြောင်ကောနဲ့ သူ့သူငယ်ချင်းတွေက မျက်လုံးများကို ဝေ့လိုက်သည်။ ကျီဝမ်နာက အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းသည်။
"ရယ်ချင်စရာပဲ။ ငါဘာလို့ဒီလိုလုပ်ရမှာလဲ။ ငါပျင်းနေတာမဟုတ်ဘူး။ အလှကုန်ဝယ်ဖို့ ဒီကိုလာလို့ရတာပဲ။ ငါဘာလို့ မလာနိုင်ရမှာလဲ?" စုန့်မြောင်ကောက သရော်လှောင်ပြောင်စွာပြောသည်။
"မယုံဘူး!" ကျီဝမ်နာက ရယ်မောလိုက်သည်။
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ၊ စုန့်မြောင်ကောက သူမကို လျစ်လျူရှုပြီး အသားအရေထိန်းပစ္စည်းများကို ကြည့်လိုက်သည်။ လျစ်လျူရှုခံရသော ကျီဝမ်နာသည် အထူးသဖြင့် သူမအား ကြည့်ရှုသူများ၏ အထင်အမြင်သေးခြင်းကို သတိပြုမိသောအခါတွင် သူမသည် လူရွှင်တော်တစ်ယောက်လို ခံစားလာရသည်။
"ဝမ်နာ မင်းအဆင်ပြေရဲ့လား" ကျီဝမ်နာနှင့် အတူရှိနေသည့် မိန်းကလေးက စိုးရိမ်စိတ်ဖြင့် မေးသည်။ သူမသည် ကျီဝမ်နာ၏အတန်းဖော်ဖြစ်သည်။ စုန့်မြောင်ကော သို့မဟုတ် သူတို့ကြားရှိ ငြိုငြင်မှုအကြောင်းကို သူမမသိပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့ပုံစံကိုကြည့်တော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းဆိုးရွားနေမယ်ဆိုတာ မကြာခင်မှာ ရိပ်မိသွားသည်။
"ငါအဆင်ပြေပါတယ်" ဟုကျီဝမ်နာကပြောသည်။ သူမမဟုတ်ရင်တောင်မှ အထူးသဖြင့် စုန့်မြောင်ကောက သူမနောက်ကို လိုက်နေတယ်လို့ သူမ မထင်တော့တဲ့အတွက် တခြားသူတွေကို မသိစေရပါဘူး။ ရှက်စရာကောင်းလွန်းသည်။
"ငါအပြင်ထွက်ပြီး မင်းကိုစောင့်နေမယ်" လို့ ကျီဝမ်နာကပြောသည်။ သူမ၏ အတန်းဖော်များ သဘောတူသည် ဖြစ်စေ သဘောမတူသည်ဖြစ်စော သူမသည် စုန့်မြောင်ကောကိုမြင်နေရင်ဒေါသဖြစ်မိနေသည်။
စုန့်မြောင်ကောသည် ကျီဝမ်နာ၏ခံစားချက်များကို ဂရုမစိုက်ဘဲ သူမလိုချင်သောအရာများကို အာရုံစိုက်ခဲ့သည်။ ရွေးပြီးတာနဲ့ ဘေလ်ပေးချေဖို့ သွားလိုက်သည်။
ငွေပေးချေရန် တန်းစီနေသူများ များပြားသောကြောင့် အလှည့်ရောက်ရန် ၁၀ မိနစ်ကျော် စောင့်ခဲ့ရသည်။ ကုနင်းသည် လိုင်းဖြတ်ရန် သူမ၏အထူးအခွင့်အရေးကို အသုံးချနိုင်သော်လည်း မလိုအပ်သောကြောင့် မသုံးပေ။
အဝတ်အစားနဲ့ အသားအရေထိန်းပစ္စည်းတွေဝယ်ပြီးတော့ ညနေ ၅ နာရီထိုးခါနီးပြီဖြစ်၍ ညစာစားချိန်ရောက်ပြီမို့ အစားအသောက်လမ်းကို သွားကြသည်။
အခု ညစာစားဖို့ နည်းနည်းစောနေပေမယ့် နောက်မှ ကျောင်းပြန်သွားဖို့ လိုသေးသည်။ ထို့ကြောင့် စောစောစားပြီး စောစောပြန်ရန် ဆုံးဖြတ်လိုက်သည်။
ညစာစားပြီးနောက် ညနေ ၇း၃၀ တွင် ကျောင်းအိပ်ဆောင်သို့ ပြန်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ညနေအတန်းတက်ရန် မလိုအပ်ပါ၊ မဟုတ်ပါက နောက်ကျလိမ့်မည်။
အပြင်ပြန်မထွက်ခင် ပစ္စည်းတွေထားဖို့ သူတို့ အဆောင်တွေဆီ ပြန်သွားကြသည်။ စုန့်မြောင်ကောရဲ့လေ့ကျင့်ရန် အချိန်ကို အပြည့်အဝအသုံးချပြီး ကျောင်းရှိသစ်တောငယ်များသို့ သွားကြသည်။
လူများစွာသည် တောအုပ်ထဲတွင် လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြသော်လည်း လူစုလူဝေးနှင့် အနည်းငယ်ဝေးသော တိတ်ဆိတ်သောနေရာများလည်း ရှိသည်။ ထို့ကြောင့် သူတို့သည် အခြားသူများနှင့် အနည်းငယ်ဝေးသော ဆိတ်ငြိမ်ရာသို့ သွားကြသည်။
ထို့နောက် ကုနင်းသည် စုန့်မြောင်ကောနှင့် တိုက်ခိုက်သည်။ စုန့်မြောင်ကော သည် တိုက်ပွဲတွင် သာမန်လူများထက် သာလွန်သည်။ သူမသည် မုခယ်နှင့် အခြားကောင်လေးများထက်ပင် သာလွန်သော်လည်း ချူးဖေ့ဟန် လောက် မတော်သေးပါ။ သူမသည် တိုက်ခိုက်ရာတွင် ကုနင်း၏ ထက်ဝက်နီးပါးကောင်းသည်။
ကုနင်းသည် စုန့်မြောင်ကောကို တစ်မိနစ်အတွင်း အနိုင်ယူနိုင်သော်လည်း ကုနင်းနှင့် စုန့်မြောင်ကောတို့၏ တိုက်ပွဲ၏ ရည်ရွယ်ချက်မှာ အောင်နိုင်သူ သို့မဟုတ် ရှုံးနိမ့်သူမရှိစေရန်ဖြစ်သည်။
အဲဒီအစား ကုနင်းဟာ စုန့်မြောင်ကောရဲ့အဆင့်ကို တွက်ချက်ဖို့ လိုအပ်တာကြောင့် သူမဟာ စုန့်မြောင်ကောကို မြန်မြန်ဆန်ဆန် အနိုင်မယူခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ စုန့်မြောင်ကော၏အဆင့်ကို စမ်းသပ်ပြီးနောက် ကုနင်းသည် သူမအား အနိုင်ယူနိုင်ဆဲဖြစ်သည်။
စုန့်မြောင်ကောသည် အလွန်ပင်ပန်းသဖြင့် လဲကျလုနီးပါးဖြစ်သွားပြီး ထိုကဲ့သို့ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပြီးနောက် သူမချက်ချင်းမထိုင်ချနိုင်သေးပေ။
"ကုနင်း၊ ငါ့အရည်အချင်းက မင်းနဲ့ယှဉ်ရင် ဘယ်လိုလဲ" စုန့်မြောင်ကော သည် ကုနင်းသည် သူ့ထက်သာလွန်ကြောင်း သတိပြုမိသော်လည်း သူမ သိချင်စိတ်ဖြင့် မေးနေသေးသည်။
“မင်းက ငါ့လောက် တစ်ဝက်နီးပါးကောင်းတယ်။ မင်းသာ ငါ့ရဲ့ တစ်၀က်လောက် တော်သွားရင်တော့ မင်း ကျီဝမ်နာကို အနိုင်ယူဖို့ လွယ်လိမ့်မယ်” ဟု ကုနင်းက ဆိုသည်။
“ဘုရားေရ မင်း တကယ်ကို အံ့သြစရာကောင်းတာပဲ” စုန့်မြောင်ကော သည် ကုနင်းသည် သူမ၏အိုင်ဒေါဖြစ်သောကြောင့် ထိုအရာကို သူမကြားလိုက်ရသောအခါ စိတ်ပျက်မသွားပါ။ ကုနင်းက သူ့ထက် ဘယ်လောက်ကောင်းနေပါစေ သူမ စိတ်ဆိုးမှာ မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ သူမကို အရင်ကထက်ပိုပြီး သဘောကျသွားသည်။
စုန့်မြောင်ကောက သူမသည် တစ်နေ့တွင် ကုနင်းကဲ့သို့ တော်လာစေရန် ဆန္ဒရှိခဲ့သည်။
တကယ်တော့ အဲ့တာကမဖြစ်နိုင်ပေ။ ကျီဝမ်နာကို အနိုင်ယူဖို့အတွက် သူမဟာ ကုနင်းထက်ဝက်လောက် ကောင်းလာဖို့ အစွမ်းကုန် ကြိုးစားရမည်။ သူမရှုံး၍ မဖြစ်ပါ။ မဟုတ်ရင် သူမနဲ့ သူ့မိသားစုကို အရှက်ရလိမ့်မည်။
ပိုင်လီကျုံးရွှယ်သည် ပိုင်လီကျုံးယန်က ကုနင်းကို တိုက်ခိုက်ဖူးသောကြောင့် ကုနင်း၏အဆင့်ကို ရှင်းရှင်းလင်းလင်းသိထားသည်။ သူမသည် ပိုင်လီကျုံးယန်၏အဆင့်နှင့် မယှဉ်နိုင်ပါ။ မှော်ပညာအသုံးမပြုလျှင် သူသည် သေမျိုးကမ္ဘာတွင် သေချာပေါက် အကောင်းဆုံးဖြစ်သော်လည်း ကုနင်းသည်လည်း ပိုင်လီကျုံးယန် ထက်တော့ မဆိုးပေ။
ထိုအခြေအနေမျိုးတွင် သူမသည် မှော်ပညာကို အသုံးမပြုပါက ကုနင်းကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
"မြောင်ကော၊ မင်းငါပြောတဲ့အတိုင်းလုပ်သရွေ့ မင်းငါ့ထက်ဝက်လောက်ကောင်းလာပြီး ကျီဝမ်နာကို အနိုင်ယူနိုင်မယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် မတော်တဆမှုတွေ ဖြစ်တတ်သေးတယ်” ကုနင်းက ရုတ်တရက် အလေးအနက် ပြောလိုက်သည်။ "မင်း မတော်တဆမှု မရှိဘဲ အနိုင်ရချင်ရင် ငါနဲ့ ကျုံးရွှယ်ကို ကျီဝမ်နာကို သွားတွေ့ရင် ခေါ်သွားပါ။ ညစ်ပတ်တဲ့လှည့်ကွက်ကို သုံးဖို့ အဆင်သင့်ဖြစ်ပါစေ။ မင်းကအဲလိုမလုပ်ချင်နိုင်လောက်ပေမယ့် ကျီဝမ်နာက အနိုင်ရဖို့အတွက်ဆို လုပ်နိုင်တယ်။ နောက်ပြီး မင်းလည်း မရှုံးချင်ဘူးမလား။”
"မင်းရဲ့မိသားစုနောက်ခံကို ငါမသိဘူး၊ ဒါပေမယ့် မင်းအဖေက စစ်တပ်မှာ ရာထူးကြီးကြီးတစ်ခုရှိရမယ်လို့ ငါသေချာတယ်။ ဒါကြောင့် မင်းရဲ့သဘောတူညီချက်အရ မင်းရှုံးရင် ရေကူးဝတ်စုံဝတ်၊ တိုင်ပတ်အကနဲ့ အွန်လိုင်းပေါ်တင်ရမယ်။ မင်းမိသားစုရဲ့ ဂုဏ်သိက္ခာအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိလိမ့်မယ်။ သဘောတူလိုက်တာက တာဝန်မဲ့ပေမယ့် အခုက အရမ်းနောက်ကျသွားပြီ။ မင်းငြင်းရင် ကျီဝမ်နာက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်လာလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ အနိုင်ရဖို့က မင်းအတွက် အရေးကြီးဆုံးပဲ။ မင်းရဲ့ပြိုင်ဘက်ကို သနားနေဖို့ မလိုဘူး။ သူက မင်းရဲ့သူငယ်ချင်းဖြစ်ရင် မင်းအတွက် ခုလို ခက်ခဲအောင် လုပ်မှာမဟုတ်ဘူး"
ကုနင်းသည် ယခုအချိန်တွင် ပြိုင်ဖက်နဲ့ ဆက်ဆံရမှာဖြစ်သောကြောင့် ကိုယ်ကျင့်တရားစံနှုန်းများ မရှိတော့ပေ။ ကျီဝမ်နာသည် ထိုအခြေအနေကို သတ်မှတ်လိုက်သောအခါတွင် သူမသည် စုန့်မြောင်ကော အတွက် ထည့်မစဉ်းစား မငဲ့ညာခဲ့ပေ။ ထို့ကြောင့် ကိုယ်ကျင့်တရား စံနှုန်းမရှိသူများနှင့် ဆက်ဆံရာတွင် အကျင့်စာရိတ္တကောင်းမွန်ရန် မလိုအပ်ပါ။
ကုနင်း၏ စကားကိုကြားတော့ စုန့်မြောင်ကော၏ မျက်နှာသည် ဖျော့တော့သွားသည်။ သူမသည် ထိုအချိန်က ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်ခဲ့သောကြောင့် သူမ၏ မိသားစုကို အရှက်ရစေခြင်းအတွက် သူမကိုယ်သူမ အပြစ်တင်မိသည်။
တကယ်တော့ ကျီဝမ်နာရဲ့ လောင်းကစားသဘောတူညီချက်ကို သဘောတူပြီးနောက် သူမ နောင်တရခဲ့ပေမယ့် အခုမှပြောဖို့ နောက်ကျသွားပြီ။
"ညစ်ပတ်တဲ့လှည့်ကွက်ကို ငါဘယ်လိုသုံးရမလဲ" စုန့်မြောင်ကောက မေးသည်။
သူမသည် ကျီဝမ်နာကို ဂုဏ်ယူစွာနဲ့ အနိုင်လိုချင်သော်လည်း ကုနင်းက သူမကို ပြောခဲ့သည်မှာ မှန်သည်။ သူမက ညစ်ပတ်တဲ့လှည့်ကွက်ကို မသုံးချင်ဘူးဆိုရင်တောင်မှ ကျီဝမ်နာ အဲ့လိုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါ။ ကျီဝမ်နာအပေါ် သူမ၏နားလည်မှုအပေါ်အခြေခံ၍ သူမတုံ့ဆိုင်းနေမည်မဟုတ်ကြောင်းသေချာသည်။
သို့သော် သူမအရှုံးမပေါ်နိုင်သောကြောင့် ကုနင်း၏အကြံဉာဏ်ကို လက်ခံရလေသည်။
ပိုင်လီကျုံးရွှယ်သည် ကုနင်း၏ အကြံအစည်တွင် တစ်စုံတစ်ရာ မှားယွင်းသည်ဟု မထင်ပေ။ အကယ်၍ သူမသည် စုန့်မြောင်ကော ဖြစ်ပါက ညစ်ညမ်းသောလှည့်ကွက်အချို့၏အကူအညီဖြင့် အနိုင်ရလျှင်လည်း အဆင်ပြေပေသည်။
***
အခန်း ၁၈၃၀ သခင်မလေးဖြစ်ဖို့ ဆင်းရဲလွန်းတယ်
"ကုနင်းပြောတာကို ငါသဘောတူတယ်" ပိုင်လီကျုံးရွှယ်က ပြောသည်။
"မင်းသဘောတူရင် ငါ့တာ၀န်ထားလိုက်ပါ။ စိတ်မပူပါနဲ့ အဲဒီအခါမှာ မင်းတိုက်ပွဲကိုပဲ အာရုံစိုက်ဖို့ လိုတယ်။ နောက်ပြီး မင်း ညစ်ပတ်တဲ့လှည့်ကွက်ကို သုံးရမယ့်အချိန်ရောက်လာခဲ့ရင် အသင့်ဖြစ်နေဖို့သာ လိုတယ်။ မဖြစ်မနေတော့ သုံးစရာ မလိုပါဘူး” ဟု ကုနင်းက ပြောသည်။ မတော်တဆမှုတွေ ဖြစ်ခဲ့ရင် အပြည့်အဝ ပြင်ဆင်ထားဖို့ပဲ လိုပေသည်။
စုန့်မြောင်ကော လုံးဝသတိမထားမိအောင် တိတ်တဆိတ်လုပ်နိုင်ပေမဲ့ သူမကိုပြောပြတာက ပိုကောင်းမယ်လို့ သူမခံစားမိနေတုန်းပါပဲ။
“ကောင်းပြီ ငါသဘောတူပါတယ်” ဟု စုန့်မြောင်ကောကဆိုသည်။ အဲဒီနောက် ကုနင်းက စွမ်းအင်သလင်းကျောက်တစ်ခုကို ထုတ်ပြီး စုန့်မြောင်ကောကို ပေးလိုက်သည်။
"ကုနင်း မင်းငါ့ကိုပေးခဲ့တဲ့ဆေးပြားကို ယူလာခဲ့တယ်။ ငါ့ဆေးငါသောက်သင့်တယ်ထင်တယ်!" စုန့်မြောင်ကောက ပြောသည်။ ကုနင်းရဲ့ ဆေးကို ထပ်တောင်းရလို့ သူမ အားနာမိသည်။
"ဘာမှမဟုတ်ပါဘူး ယူပါ!” ကုနင်းက ပြောသည်။ စွမ်းအင်သလင်းကျောက်များသည် အမှန်တကယ်စျေးမပေါပဲ စျေးကြီးသော်လည်း ကုနင်းသည် မတူညီသောလူများကို မတူညီသောစျေးနှုန်းများပေးခဲ့သည်။
ချီထျန်းလင်လို လူတွေက ပိုက်ဆံကို ဂရုမစိုက်ဘဲ ချမ်းသာလွန်းတာကြောင့် ဆေးပြားတစ်ပြားကို ယွမ်တစ်သန်းနဲ့ ရောင်းစားခဲ့သည်။
ပိုက်ဆံအများကြီးမရှိသူတွေအတွက်တော့ ယွမ်ထောင်ချီ ဒါမှမဟုတ် သောင်းချီတဲ့ဈေးနဲ့သာ ရောင်းချဖို့ ဆန္ဒရှိသည်။
သူမ၏ မိသားစုနှင့် သူငယ်ချင်းများအတွက် ၎င်းသည် တန်ဖိုးမရှိသော ဆေးတစ်ခွက်မျှသာဖြစ်သည်။ ထို့ကြောင့် သူမရဲ့ အချစ် သက်သေအဖြစ်သာ အသုံးပြုခဲ့သည်။
ကုနင်းက ထိုသို့ပြော၍ စုန့်မြောင်ကောက မငြင်းတော့ပေ။ သူ့ကို ကျေးဇူးတင်လိုက်ပြီး ချက်ချင်းပဲ သောက်လိုက်သည်။
ကုနင်းသည် စုန့်မြောင်ကောကို သူမဥစ္စာ သောက်ခိုင်းမည့်အစား နောက်ထပ် စွမ်းအင်သလင်းကျောက်ကို ထပ်ပေး၍ ပိုင်လီကျုံးရွှယ်သည် မကျေမနပ်မဖြစ်ခဲ့ပေ။ သူမသည် တွန့်တိုတတ်သူမဟုတ်သောကြောင့် ကုနင်းကို ထိုသို့သောကိစ္စကြောင့် စိတ်မဆိုးပေ။
ကုနင်းသည် ဆေးပေးလိုသောမည်သူ့ကိုမဆို ပေးပိုင်ခွင့်ရှိသည်။
စုန့်မြောင်ကော၏ပါးစပ်ထဲတွင် စွမ်းအင်သလင်းကျောက်သည် ချက်ချင်း အရည်ပျော်သွားသည်။ အရောင်ကင်းမဲ့ပြီး အရသာမရှိပေမယ့် သူမခန္ဓာကိုယ်ထဲမှာ အေးမြတဲ့ခံစားမှုကို ခံစားလိုက်ရပြီး အရမ်းသက်တောင့်သက်သာရှိစေသည်။
ခဏအကြာတွင် ကုနင်းကို တိုက်ခိုက်ပြီးနောက်ကျန်ရစ်သော နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် မရှိတော့ပေ။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပေါ့ပါးပြီး သန်မာလာသည်ဟု သူမ ခံစားခဲ့ရသည်။
စုန့်မြောင်ကောက ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်ကာ မယုံနိုင်ဖြစ်ခဲ့သည်။ ဒီဆေးရဲ့ အာနိသင်က အရမ်းကောင်းပေသည်။
ပိုင်လီကျုံးရွှယ်သည် ဤဆေးသည် အထူးသဖြင့် သေမျိုးများအတွက် အလွန်ထိရောက်ကြောင်းကို သိပါသည်။ သို့သော် သူ့မျက်လုံးများနှင့် မြင်လိုက်ရသောအခါ သူမ အံ့အားသင့်နေဆဲပင်။
"ကောင်းပြီ အတန်းစလိုက်ရအောင်။ ခွန်အားပြင်းပြင်းသုံးလို့ရတယ်” ဟု ကုနင်းက ဆိုပါတယ်။ သူမဟာ စောနက စုန့်မြောင်ကောရဲ့ ကျွမ်းကျင်မှုကို စမ်းသပ်တာဖြစ်ပြီး အခုတော့ တရားဝင် လေ့ကျင့်မှု စတင်ပါမည်။
"ပြဿနာမရှိပါဘူး။" စုန့်မြောင်ကောက လေးနက်စွာ တုံ့ပြန်ခဲ့သည်။
တင်းကြပ်သောဆရာသည် ထူးချွန်သောကျောင်းသားများကို မွေးထုတ်ပေးနိုင်သောကြောင့် ကုနင်းသည် စုန့်မြောင်ကော အား နူးညံ့သိမ်မွေ့မည်မဟုတ်ပေ။
စွမ်းအင်သလင်းကျောက်ကြောင့် စုန့်မြောင်ကောသည် ယခင်ကထက် ပိုမိုပျော့ပျောင်းပြီး အားကောင်းလာကာ သူမကို အလွန်ပျော်ရွှင်စေခဲ့သည်။
ည 9:30 နာရီတွင် ကောရှီယန်နှင့် လုရှောင်ရှောင် အိပ်ဆောင်သို့ပြန်လာခဲ့သည်။ နှစ်ယောက်စလုံးက ဈေးဝယ်အိတ်တွေ အများကြီး သယ်လာကြသည်။ ကုဖန်းထံမှ အဝတ်အထည်များနှင့် နာမည်ကြီး အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်အချို့ကိုလည်း ဝယ်ယူခဲ့သည်။
အိပ်ဆောင်ကို ပြန်ရောက်သောအခါ ကုနင်းနှင့် စုန့်မြောင်ကောတို့ကို မတွေ့ခဲ့ရသော်လည်း စုန့်မြောင်ကော၏ စားပွဲပေါ်ရှိ အိတ်အနည်းငယ်ကို တွေ့လိုက်ရသည်။ သူတို့သည် ကုဖန်းနှင့် ခိုကျီမှစျေးဝယ်အိတ်များဖြစ်သည်။
ဒါကိုမြင်တော့ ကောရှီယန်နဲ့ လုရှောင်ရှောင် နှစ်ယောက်လုံး အံ့ဩသွားကြသည်။
"မဖြစ်နိုင်တာ! စုန့်မြောင်ကောက ကုဖန်းက အဝတ်အစားတွေနဲ့ ခိုကျီကအသားအရေထိန်းပစ္စည်းတွေကို ဘယ်လိုလုပ်တတ်နိုင်တာလဲ။ အိတ်တွေအများကြီးပဲ။ သူ အများကြီး ဝယ်ထားပုံရတယ်” လုရှောင်ရှောင်က အော်ပြောပြီး ကောရှီယန် ကို ကြည့်လိုက်သည်။
"ရှီယန်၊ ငါတို့ သူ့ကို အထင်လွဲခဲ့တာလား။ သူ့မိသားစုက တကယ်ချမ်းသာတာလား။ မဟုတ်ရင် ဒီလိုအရာတွေအတွက် ပိုက်ဆံအများကြီး မသုံးလောက်ဘူး”
စုန့်မြောင်ကောသည် မိသားစုနောက်ခံကောင်းရှိရန် မလိုလားသောကြောင့် ကောရှီယန်က မကျေမနပ်ဖြစ်ခဲ့သည်။
သို့သော် ထပ်မံတွေးတောပြီးနောက်တွင် စုန့်မြောင်ကော၏မိသားစုသည် အလွန်ချမ်းသာနိုင်သည်ဟု သူမယုံကြည်သောကြောင့် သူမက “ယွမ်ငွေ တစ်ထောင်လောက်က သိပ်မများပါဘူး။ သူ့အဖေက စစ်သားဆိုတော့ သူ့အသက်အရွယ်အရ အတော်လေး အရေးကြီးတဲ့ အနေအထားမှာ ရှိနေရမယ်။ သူ့အဖေက တစ်လကို လစာ ယွမ် တစ်သောင်း ဒါမှမဟုတ် နှစ်သောင်းလောက် ရရင် ပုံမှန်ပါပဲ။ သူ့အမေက ရဲမေ။ ယွမ်ငွေထောင်ဂဏန်းလောက်တန်တဲ့ ပစ္စည်းတွေကို သူ တတ်နိုင်တာ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ဘူး”
"မင်းပြောတာမှန်တယ်" လုရှောင်ရှောင်က သဘောတူပြီးနောက် စုန့်မြောင်ကောကို ဆက်လှောင်ပြောင်လိုက်သည်။ “သူ့မိဘတွေက လစဉ်လစာ ယွမ်သုံးသောင်း ဒါမှမဟုတ် လေးသောင်းလောက်ပဲရပေမယ့် သူက ယွမ်ထောင်ဂဏန်းဖြုန်းပြီး ဈေးဝယ်ထွက်ခဲ့တယ်။ တော်တော်ဆိုးတဲ့ သမီးပဲနေမှာ။ သခင်မလေးဖြစ်ဖို့ အရမ်းဆင်းရဲပေမယ့် အငယ်အနှောင်းလုပ်ဖို့ဆိုရင်တော့ တော်တယ်နေမှာ"
"အင်း၊ အဲဒါ အနာဂတ်မှာ တကယ်ဖြစ်နိုင်တာပဲ!" ကောရှီယန်သည် သူမတွင် တူညီသော အကြံဉာဏ်ရှိသောကြောင့် မကြင်နာသောလေသံဖြင့် သဘောတူခဲ့သည်။ သူမသည် သူမ၏ ပြိုင်ဘက်အားလုံးကို ဆိုးရွားသောဘဝတွင် နေထိုင်နိုင်ပါစေဟု ဆန္ဒပြုခဲ့သည်။
ကောရှီယန်သည် စုန့်မြောင်ကော၏ စားပွဲမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကုနင်းကို စုန့်မြောင်ကောကဲ့သို့ အရာများစွာ ဝယ်ခဲ့သေးလားသိချင်၍ ကုနင်း၏ စားပွဲနှင့် အိပ်ရာကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဘာမှ မရှိခဲ့ပါ။
ကုနင်းမှာ ပိုက်ဆံအများကြီးမရှိပုံရသည်။ သူ့မှာ တစ်ချို့ရှိရင်တောင် သူလည်း စုန့်မြောင်ကောနဲ့ တူညီတဲ့ အခြေအနေမှာ ရှိနေရမည်။
ကောရှီယန်သည် သူ့မိသားစုက သူတို့ထက် အများကြီး ပိုချမ်းသာမယ်ဆိုတာ သေချာနေပေသည်။
…
ကုနင်းနှင့် စုန့်မြောင်ကောတို့သည် 10:20 နာရီတွင် အိပ်ဆောင်သို့ပြန်လာခဲ့ကြသည်။
ကုနင်းသည် ယနေ့တွင် စုန့်မြောင်ကောကို အလေးအနက် လေ့ကျင့်ပေးခဲ့သည်။ သူမအရင်လေ့ကျင့်မှုတွေထက် ပိုခက်ခဲတဲ့အတွက် စုန့်မြောင်ကောဟာ တစ်နေကုန်ပြီးတဲ့နောက် ခန္ဓာကိုယ်က နာကျင်နေရသည်။ သို့သော်လည်း ကုနင်းသည် သူမအား အခြားသော စွမ်းအင်သလင်းကျောက်ကို မပေးသလို ယခင်က သူမပေးခဲ့သော ဆေးလုံးကိုလည်း သောက်ခွင့်မပြုခဲ့ပေ။
သူမ၏ ကိုယ်ပိုင်အတွေ့အကြုံအရ သူမသည် ၎င်းကို ပိုမို တွေ့ကြုံခံစားရလေလေ ပိုတိုးတက်အောင်မြင်လေလေဖြစ်သည်။
ကံကောင်းစွာဖြင့် စုန့်မြောင်ကောသည် တစ်နှစ်ပတ်လုံး လေ့ကျင့်ခံခဲ့ရသောကြောင့် ဒီနာကျင်မှုကို သူမလက်ခံနိုင်ခဲ့သည်။
သူတို့က ကောရှီယန်နဲ့ လုရှောင်ရှောင်ကို ဂရုမစိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်လို့ အထဲကို ၀င်သွားပြီးတာနဲ့ သူတို့ကို တစ်ချက်တောင် မကြည့်ဘဲ ရေချိုးဖို့ ချက်ခြင်း သွားလိုက်သည်။
နောက်တစ်နေ့တွင် ကုနင်းသည် နံနက် ၅ နာရီတွင် စုန့်မြောင်ကောကိုနှိုးလိုက်သည်။ သူတို့၏ လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးသောကြောင့် ကောရှီယန် နှင့် လုရှောင်ရှောင်ကို မနိုးစေခဲ့ပေ။
သူတို့မနက် ၅ နာရီ ၁၀ မိနစ်မှာ ထွက်လာကြသည်။ သူတို့အဆောင်ခန်းထဲက ထွက်လာတာနဲ့ နောက်တံခါးက အိပ်ဆောင်တံခါးပွင့်လာပြီး ဒီနေ့ အတူတူ လေ့ကျင့်ပြေးဖို့ သဘောတူထားတဲ့ ပိုင်လီကျုံးရွှယ်လည်း ပေါ်လာသည်။
ထိုအချိန် ကျောင်းဝင်းထဲတွင် မည်သူမျှ မရှိကြ။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက မရပ်နားခင် နာရီဝက်လောက် ပြေးကြသည်။
ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်က မပင်ပန်းပေမယ့် စုန့်မြောင်ကောကတော့ အရမ်းပင်ပန်းသည်။ စုန့်မြောင်ကော ပင်ပန်းနေသော်လည်း ကုနင်းသည် သူမအား ၁၀ မိနစ်သာ အနားယူစေခဲ့သည်။ ၁၀ မိနစ် ပြီးတာနဲ့ သူတို့ လေ့ကျင့်မှုကို စတင် ခဲ့ပါတယ်။
၁၀ မိနစ်အတွင်းမှာပဲ စုန့်မြောင်ကောဟာ သူမရဲ့ ခွန်အားကို ပြန်လည်ရရှိခဲ့ပါတယ်။ သူမဟာ စွမ်းအင်သလင်းကျောက်ကို သောက်ထားတာကြောင့် သူမရဲ့ ခန္ဓာကိုယ်ဟာ အရင်ကနဲ့ မတူတော့ပါ။
မနေ့ညက လေ့ကျင့်မှုအတွင်း ကုနင်းသည် စုန့်မြောင်ကောကို တိုက်ခိုက်ရုံသာမက ကျွမ်းကျင်မှုအချို့ကိုလည်း သင်ကြားပေးခဲ့သည်။ ထိုကျွမ်းကျင်မှုများနှင့် ရင်းနှီးပြီးနောက် အသစ်အဆန်းများကို သင်ကြားပေးမည်ဖြစ်သည်။
စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက်၊ စုန့်မြောင်ကောသည် သူမကိုယ်ခံပညာကို လေ့ကျင့်နေချိန်တွင် သိသာထင်ရှားစွာ တိုးတက်လာကြောင်း ခံစားခဲ့ရသည်။ တိုးတက်မှုက ကြီးကြီးမားမားမဟုတ်ပေမယ့် ဒါဟာ အစပဲရှိပါသေးသည်။
သူမသည် နေ့တိုင်း အနည်းငယ် တိုးတက်လျှင် တစ်လ ကျန်သေးသည်။ တစ်လကြာပြီးနောက် သူမသည် တိုးတက်မှုများစွာကို ရရှိနိုင်မည်။
သူမ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ကျီဝမ်နာကိုအနိုင်ယူရန်ဖြစ်သည်။ ညစ်ပတ်တဲ့လှည့်ကွက်ကို မသုံးဖို့ ဖြစ်နိုင်ရင် သူမလုပ်မှာမဟုတ်ပေမယ့် အဆင်သင့်တော့ ပြင်ထားရပေမည်။
***
စာစဉ် ၁၁၃ ပြီး၏။