အခန်း (၁၈၃၁-၁၈၃၆)
Vol. 114 Ch. 1831-1836
အခန်း ၁၈၃၁ ကုနင်း မင်းက အံ့ဩစရာပဲ
အချိန်ကြာလာသည်နှင့်အမျှ ကျောင်းသားများသည် အားကစားကွင်းသို့ အပြေးလေ့ကျင့်ရန် လာကြသည်။
စစ်ရေးလေ့ကျင့်မှု နေ့ရက်များသည် အမှန်တကယ်ပင် ပင်ပန်းသောကြောင့် ကျောင်းသားအများစုမှာ အချိန်ပိုကြာအောင် အိပ်ချင်ကြသည်။ မအိပ်ဘူးဆိုရင်တောင် လေ့ကျင့်ခန်း မလုပ်ဖြစ်ပေ။
သို့သော် ဤအရာက ကျောင်းသား 90%သာဖြစ်ပြီး အချို့သော ကျောင်းသားများသည် မနက်ခင်းတွင် အပြေးလေ့ကျင့်ခြင်း သို့မဟုတ် ကိုယ်ခံပညာ လေ့ကျင့်ခြင်း ပြုလုပ်ကြသည်။
ထို့ကြောင့် စစ်ရေးလေ့ကျင့်မှုရှိပင်လျှင် နံနက်ခင်းမှာ ပြေးတာကို အတင်းအကြပ် မတားဆီးနိုင်ပေ။ မြို့တော်တက္ကသိုလ် တွင် ပညာသင်ကြားနေသော ကျောင်းသားအများအပြားသည် အာဏာရှိသူ သို့မဟုတ် ချမ်းသာကြွယ်ဝသော မိသားစုများမှ မွေးဖွားလာကြသောကြောင့် အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို ကာကွယ်ရန် ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ကြသည်။
ကျောင်း၏ ကျောင်းသားသမဂ္ဂတွင် ကိုယ်ခံပညာဌာနတစ်ခု ရှိပြီး ယင်းဌာနတွင် ပါ၀င်သည့် ကျောင်းသားများသည် အခြေခံပညာအချို့ကို သင်ယူခဲ့ကြသည်။ မနက်တိုင်း အပြင်ထွက်ပြီး ကိုယ်ခံပညာ လေ့ကျင့်ကြသည်။
အခု မနက်ခင်း အပြေးလေ့ကျင့်ရန် ရောက်လာတဲ့ ဂျူနီယာတန်းက ကျောင်းသားများဟာ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ လုပ်ရပ်ကို မြင်တော့ သူတို့ ဝိုင်းပြီး တားဟန်ပြင်လိုက်ကြသည်။ ရန်ပွဲလို့ ထင်သွားကြခြင်းဖြစ်သည်။
သို့သော် သူတို့ နီးကပ်လာပြီးနောက် သူတို့ လေ့ကျင့်နေကြသည်ကို သိလိုက်ရသည်။ သူတို့၏ အမြင်တွင် ကုနင်း နှင့် စုန့်မြောင်ကော အကြား တိုက်ပွဲသည် ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်းသောကြောင့် သဘောကျစွာ ကြည့်နေလိုက်ကြသည်။
ဒီမိန်းကလေးနှစ်ယောက်က အရမ်းအံ့သြဖို့ကောင်းသည်။ ကျောင်းသားအချို့သည် ၎င်းတို့နှင့် ပြိုင်ဆိုင်ရန် စိတ်အားထက်သန်ကြသည်။ သူတို့ ရှုံးနိုင်မှန်း သိပေမယ့် အဲဒါက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလုံးလုံးပါပဲ။
သေချာပေါက် နိုင်မယ်သာဆိုရင် ပြိုင်ပွဲက အဓိပ္ပါယ်မရှိတော့ပေ။ သူတို့ရဲ့ ပန်းတိုင်က ဘယ်သူ့ကိုမှ အနိုင်ယူဖို့ မဟုတ်ပေ။
ခဏအကြာတွင် စုန့်မြောင်ကောသည် ကုနင်း၏မြေပြင်ပေါ်သို့ လဲချခြင်းကို ထပ်မံခံရပြီး ကုနင်းသည် သူမကို ခဏတာ အနားယူစေခဲ့သည်။ ထိုအချိန်တွင် အနီးနားရှိလူတိုင်းက စကားစပြောကြသည်။
"ဝိုး နင်တို့နှစ်ယောက် အရမ်းအံ့သြဖို့ကောင်းတာပဲ!"
"ဟုတ်တယ်၊ ငါ့ဝမ်းကွဲက တိုက်ကွမ်ဒိုဆရာ၊ ဒါပေမယ့် မင်းနှစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ငါမထင်ဘူး!"
“…”
သူတို့သည် ကုနင်းနှင့် စုန့်မြောင်ကောကို ဆက်လက် ချီးမွမ်းကြသည်။ စုန့်မြောင်ကောသည် ရှုံးသွားသော်လည်း သူမသည် သူတို့၏မျက်လုံးထဲတွင် အတော်လေးတော်နေသေးသည်။ အနည်းဆုံးတော့ စုန့်မြောင်ကောကို အနိုင်ယူဖို့ ဘယ်သူကမှ ယုံကြည်ချက် မရှိကြပေ။
"ဟေး မင်းနာမည်သိလို့ရမလား" ကျောင်းသားတစ်ယောက်က ကုနင်းကို မေးသည်။
"ကျွန်မက ကုနင်းပါ" လို့ ကုနင်းက ပြောသည်။
"ကုနင်း? မင်းက ဒီနှစ်ရဲ့ အမှတ်အများဆုံးသူမလား" တစ်စုံတစ်ယောက်သည် ထိုစကားကိုကြားပြီးနောက် စိတ်လှုပ်ရှားစွာ မေးသည်။
ဒီနှစ်ရဲ့ အမှတ်အများဆုံးဖြေဆိုသူက ကုနင်းလို့ ခေါ်ကြောင်း လူအများစုက သိထားတာကြောင့် သူတို့ရှေ့မှာ ဒီမိန်းကလေးက ကုနင်းဆိုတာကို သိလိုက်တဲ့အခါ အားလုံးက စိတ်လှုပ်ရှားသွားကြသည်။
"ဟုတ်ပါတယ်" ကုနင်းက တည်ငြိမ်စွာပြောသည်။
"မင်းက လှသလောက် ဉာဏ်ကောင်းတာကို ငါအံ့သြနေတာ။ မင်းက ကိုယ်ခံပညာမှာလည်း တော်တော်ထူးချွန်တာပဲ”
“ဟုတ်တယ်!”
“…”
လူတိုင်းက ကုနင်းကို ချီးကျူးစပြုလာသည်။
သူတို့၏ကျောင်းတွင် ကုနင်းသည် တစ်နှစ်တာအကောင်းဆုံးဖြေဆိုသူဖြစ်ကြောင်း လူအများစုက သိခဲ့ကြပြီး၊ သူမသည် ကုမ္ပဏီများစွာ၏သူဌေးလည်းဖြစ်ကြောင်း လူအနည်းငယ်ကသာ သိကြသည်။ စီးပွားရေးဌာနက ကျောင်းသားတွေ အားလုံးက သူတို့ဌာနမှူးက သူတို့ကို ပြောထားလို့ သိပေသည်။
"အမ် ကုနင်း ငါ မင်းနဲ့ ပြိုင်လို့ရမလား" ကျောင်းသားတစ်ယောက်က ရှက်ရှက်နဲ့ မေးလာသည်။ ကုနင်းနဲ့ တိုက်ချင်ပေမယ့် သူမသဘောမတူမှာကို စိုးရိမ်နေသည်။
"ဘာလို့မရရမှာလဲ!" ကုနင်းက ပြန်ပြောသည် ။ မခက်ခဲတဲ့အရာဖြစ်တဲ့အတွက် သူမသဘောမတူစရာအကြောင်းမရှိပေ။
ကုနင်းရဲ့သဘောတူချက်ကြောင့် ကျောင်းသားက အရမ်းပျော်သွားသည်။ ဒါပေမယ့် "ကျွန်တော်က မကျွမ်းကျင်ပါဘူး၊ ဒါကြောင့် မင်းနဲ့မယှဉ်မှာ ဆိုးရတယ်"
"စိတ်မပူပါနဲ့၊ လိုအပ်ရင် ငါတို့ ရပ်လို့ရပါတယ်" ဟု ကုနင်းမှ ပြောကြားခဲ့သည်။ ကျောင်းသားသည် ကုနင်း၏ ပြိုင်ဖက် မဟုတ်သောကြောင့် သူမ သူ့ကို နာကျင်စေမည်မဟုတ်ပေ။
ထို့နောက် နှစ်ယောက်သား အဆင်သင့်ဖြစ်ခဲ့ကြပြီး ပြိုင်ပွဲစတင်ခဲ့သည်။
အစပိုင်းတွင် ကုနင်းသည် ကောင်လေးကိုအနိုင်ယူရန် အလျင်စလိုမလုပ်ခဲ့ပေ။
ပြိုင်ပွဲစပြီးချင်းမှာအနိုင်ယူလျှင် ကောင်လေးက အဆင်သင့်မဖြစ်သေးတဲ့အချိန် သူမကကံကောင်းစွာ အနိုင်ရသွားတယ်လို့ လူတွေက ထင်ကြလိမ့်မည်။
ထို့ကြောင့် ကုနင်းသည် ကောင်လေးနှင့် ခဏတာ တိုက်ပြီးနောက် ကောင်လေးက အဆင်သင့်ဖြစ်နေပြီး ကုနင်းနှင့်လည်း တိုက်ခဲ့ကြောင်း လူများသိနိုင်သွားမှသာ ကောင်လေးကို အနိုင်ယူလိုက်သည်။
ကောင်လေးက အချိန်တိုလေးအတွင်းမှာ ကျရှုံးသွားတာကို တွေ့လိုက်ရတော့ အားလုံးက အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်သွားသည်။
သူရှုံးတာ အရမ်းမြန်ပေသည်! ယောက်ျားလေးကလည်း မိုက်မဲသည်။ ကုနင်းနဲ့ ယှဉ်ပြိုင်ရာမှာ သူ မနိုင်ဘူးဆိုတာ သူသိပေမယ့် အချိန်မကြာလိုက်ပဲ သူ မထင်မှတ်ဘဲ ရှုံးသွားခဲ့သည်။
ကောင်လေးက ထိတ်လန့်ပြီး ရှက်သွားပေမယ့် ကုနင်းကို အပြစ်မတင်ပါ။ နောက်ဆုံးတော့ သူမက သူ့ထက် အများကြီး ပိုသန်မာသည်။
"ဘုရားရေ! ကုနင်းမင်းက အံ့သြစရာပဲ"
“…”
လူတိုင်းက သူမကို ထပ်ပြီး ချီးကျူးကြပြီး ကုနင်းက ပြုံးရုံသာ ပြုံးပြလိုက်သည်။
နဂိုက ကုနင်းနဲ့ တိုက်ချင်သူတွေ အများကြီးရှိပေမယ့် ကောင်လေးရဲ့ ရလဒ်ကို မြင်ပြီးတာနဲ့ သူတို့စိတ်ကူးကို စွန့်လွှတ်လိုက်ကြသည်။
မနက် ၇ နာရီထိုးခါနီးမှာ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက မနက်စာသွားစားရတော့မှာမို့ ဆက်မလေ့ကျင့်ကြတော့ပေ။ ဒါ့အပြင် ကျောင်းသားတွေလည်း ပိုပိုများလာသည်။ သူမကို တိရစ္ဆာန်ရုံမှာ မျောက်တစ်ကောင်လို ဝိုင်းကြည့်တာ မခံချင်ပေ။
ကုနင်းထွက်သွားပြီးတာနဲ့ အဲဒီကျောင်းသားတွေလည်း လူစုခွဲသွားကြသည်။ ခဏအကြာတွင်၊ ကုနင်းနှင့် တူညီသောဌာနမှ ကျောင်းသားအနည်းငယ်က ၎င်းတို့ကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။ သူတို့ရဲ့ ဆွေးနွေးချက်တွေကို ကြားပြီးတဲ့နောက်မှာ ပါဝင်၀င်ဆွေးနွေးကြသည်။
"မင်း ကုနင်းနဲ့ ပြိုင်ခဲ့တာဆို။ အမယ်လေး သူက လုံခြုံရေးအစောင့် အယောက် ၃၀ ကို သူ့ဘာသာသူ တစ်ယောက်ထဲ အနိုင်ယူနိုင်တဲ့ဟာကို!” ကျောင်းသားတစ်ဦးက ပြောသည်။
"ဘာ?" အဲဒါကိုကြားတော့ အားလုံးက အံ့သြပြီး မယုံနိုင်ဖြစ်သွားကြသည်။
အဲဒီနောက် ကျောင်းသားတွေက သူတို့ပြောတဲ့ဟာတွေကို သိချင်၍ သူတို့အားလုံး အင်တာနက်မှာ ကုနင်းအကြောင်း နောက်ထပ် အချက်အလက်တွေ ရှာကြည့်တော့ သူမအကြောင်း ပိုသိလာကြသည်။ အံ့သြလွန်းလို့ အပြေးလေ့ကျင့်ဖို့တောင် မေ့သွားကြသည်။
သူတို့ထဲက တော်တော်များများက ကုနင်းကို သူတို့ရဲ့မျက်လုံးထဲမှာ ထိပ်တန်းနတ်ဘုရားမအဖြစ် ချက်ချင်းခံယူသွားကြပေသည်။
…
စုန့်မြောင်ကောသည် လေ့ကျင့်ထားသောကြောင့် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် နာကျင်နေသော်လည်း ၎င်းသည် မပြင်းထန်သလို သူမ၏ လှုပ်ရှားမှုများကိုလည်း ထိခိုက်မည်မဟုတ်ပေ။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများက အာရုံစိုက်မှုများစွာ ရရှိထားဆဲဖြစ်သည်။ သူမကို မှတ်မိတဲ့လူတချို့က သူ့ကို နှုတ်ဆက်ပြီး ကုနင်းက သူတို့ကို တုံ့ပြန်တာက သူတို့အပေါ် ကောင်းသော အမြင်များကျန်ရစ်စေခဲ့သည်။
စစ်ရေးလေ့ကျင့်မှုအတွင်း ကုနင်းသည် သူမကို တစ်စုံတစ်ယောက်မှ ကြည့်နေသည်ဟု အမြဲခံစားခဲ့ရသည်။ ထိုလူက သူမကို ပေါ့ပေါ့ပါးပါး အကြည့်မပေးဘဲ သူမကို အထူးဂရုစိုက်ခဲ့သည်။ ၎င်းမှာ သူတို့၏ နည်းပြချုပ် ရုန်ကျွယ် ဖြစ်သည်။
ကုနင်းသည် သူမကို အဘယ်ကြောင့် အမြဲကြည့်နေသည်ကို မသိသော်လည်း သူ့ထံမှ ငြိုငြင်မှုတစ်စုံတစ်ရာ မခံစားရပေ။ အကြောင်းပြချက်ကို သူမမသိသောကြောင့် ကုနင်းသည် ၎င်းကို ဂရုမစိုက်ဘဲ စစ်ရေးလေ့ကျင့်မှုကိုသာ အာရုံစိုက်ခဲ့သည်။
ရုန်ကျွယ်သည် ကိုယ်ကိုယ်တိုင်ပင် ကုနင်းအား အထူးအာရုံစိုက်နေမိမှန်း မသိခဲ့ပါ။ သူမကိုကြည့်မိနေရုံမှတပါး မတတ်နိုင်ပေ။ သူမသည် အထူးမိန်းကလေးတစ်ဦးဟု သူထင်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စုန့်မြောင်ကော စတင်လေ့ကျင့်ကတည်းက ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေက မနက် ၇ နာရီအထိ အပြေးလေ့ကျင့်ကြသည်။
ထို့နောက် နံနက်စာစားပြီး နောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်ရန် ပြန်လာခဲ့ကြသည်။
နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မော အိပ်ဆောင်သို့ ပြန်မသွားဘဲ လေ့ကျင့်ရန် တောအုပ်လေးဆီသို့ တိုက်ရိုက်သွားကြသည်။ ဘောလုံးကွင်းမှာ လူတွေက အလွယ်တကူ ကြည့်ရှုနိုင်တာကြောင့် ပိုပြီး လျှို့ဝှက်တဲ့နေရာကို ရှာဖို့ လိုအပ်သည်။
နေ့ခင်းဘက်မှာတော့ ထုံးစံအတိုင်း နေ့လယ်စာစားပြီး ညနေ အတန်းချိန် တက်ကြသည်။ ညနေ အတန်းပြီးတာနဲ့ ဆက်ပြီး လေ့ကျင့်ကြသည်။
သူတို့အိပ်ဆောင်မှာ ည ၁၁ နာရီတိုင်း မီးတွေပိတ်တဲ့အတွက် အိပ်ယာမဝင်ခင် ၁၀ နာရီမှာ သူတို့အဆောင်ကို ပြန်သွားကာ ရေမိုးချိုးကြသည်။ သူတို့ဟာ ဒီရက်တွေမှာ မီးမပိတ်ခင် အနားယူဖို့ အချိန်မရှိကြပေ။
***
အခန်း ၁၈၃၂ ကောင်တာက ၀ယ်လာခဲ့တာလား?
မည်သို့ပင်ဆိုစေကာမူ အတိအကျပြောရလျှင် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်သည် လုံးဝမပင်ပန်းပေ။ သူတို့ဟာ သာမန်လူတွေမဟုတ်တဲ့အပြင် စုန့်မြောင်ကောကို အလှည့်ကျ လေ့ကျင့်ပေးကြသည်။ ထို့ကြောင့် ကုနင်းနှင့် ပိုင်လီကျုံးရွှယ် တို့သည် တာ၀န်လဲချိန်တွင် အနားယူနိုင်သည်။
စုန့်မြောင်ကောသည် သေမျိုးမျှသာဖြစ်ပြီး သူမသည် အချိန်တိုင်းလေ့ကျင့်ရန် လိုအပ်သောကြောင့် သူမက ပို၍ပင်ပန်းသည်ဟု ခံစားရသည်။
သို့သော်လည်း ကျီဝမ်နာကို အနိုင်ယူရန်အတွက် မည်မျှပင် ပင်ပန်းပါစေ စုန့်မြောင်ကောသည် ဆက်လက်တောင့်ခံရမည်ဖြစ်သည်။
စုန့်မြောင်ကော၏ ဇွဲလုံ့လကြောင့် ရက်အနည်းငယ်အတွင်း သူမသည် သိသိသာသာ တိုးတက်မှုများ ရရှိခဲ့ပြီး သူမကိုယ်သူမ ပိုမိုယုံကြည်မှုရစေခဲ့သည်။
ကုနင်းက ကျီဝမ်နာကို တစ်လလောက် လေ့ကျင့်မှုခံယူလိုက်တာနဲ့ ကောင်းကောင်းတိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ သေချာပေါက်ပြောထားပြီးသားဖြစ်ပေမယ့် ကုနင်းကိုလည်း ယုံကြည်သော်လည်း သူမတကယ်မတိုးတက်သေးခင်အထိ စိတ်မသက်မသာဖြစ်နေတုန်းပါပဲ။ အခုချိန်မှာတော့ သူမဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာကြောင့် ပိုပြီးယုံကြည်မှုရှိလာခဲ့သည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့၏ လေ့ကျင့်ပေးမှုအတွက် ကျေးဇူးတင်ရန်အတွက် စုန့်မြောင်ကောသည် ယနေ့ သူတို့အတွက် အစားအစာများကို ဝယ်ကျွေးခဲ့သည်။
ကုနင်းက အစပထမတွင် ငြင်းဆိုခဲ့သော်လည်း စုန့်မြောင်ကောက အခိုင်အမာ ပြောကြားနေခဲ့သည်။ သူမကို ဒီလိုလုပ်ခွင့်မပြုရင် သူမအားနာနေရမှာမို့ ကုနင်းက သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီရက်အနည်းငယ်အတွင်း သူတို့စားခဲ့တာက တော်တော်ရိုးရှင်းပေသည်။ လူသုံးယောက်စာ ထမင်းတစ်နပ်အတွက် ယွမ်တစ်ရာအောက်သာ ကုန်ကျပေမည်။
…
အဲဒီနေ့မှာ ခိုကျီရဲ့ နေရောင်ကာခရင်မ်အကြောင်း အဖြစ်အပျက်တစ်ခုရှိသည်။ ခိုကျီ နေရောင်ကာခရင်မ်တွေ ပြတ်တောက်နေတာ လေးရက်မြောက်ဖြစ်နေပြီ။
ခိုကျီ နေရောင်ကာခရင်မ်များ ခေတ္တပြတ်တောက်ခြင်းကြောင့် အရည်အချင်းမပြည့်မီသော ထုတ်လုပ်သူများက ၎င်းကို အခွင့်ကောင်းယူခဲ့ကြသည်။
အဲဒီအခါမှာ အတုအပဝယ်ယူမိသူတွေက ဒီနေရောင်ကာ ခရင်မ်က အသုံးမဝင်ဘူးလို့ မြင်သွားကြသည်။ ခိုကျီ နေရောင်ကာခရင်က ပြောသလောက် အသုံးမဝင်ဘူးလို့ လူတချို့က ထင်နေကြသည်။ နောက်ပိုင်းမှာ ထိရောက်တယ်လို့ ယုံကြည်သူတွေကို မေးကြည့်တော့ သူတို့က အတုတွေ ဝယ်ထားမှန်း သိသွားကြသည်။
ခိုကျီ ကိုယ်တိုင်က အတုတွေရောင်းနေတယ်လို့ တချို့က ယုံကြည်နေချိန်မှာ အတုအပရောင်းပြီး ပိုက်ဆံရှာတဲ့ အရည်အချင်းမပြည့်မီတဲ့ ထုတ်လုပ်သူတွေဟာ Weibo မှာ ခိုကျီကို ဝေဖန်သွားကြသည်။
ခိုကျီသည် ကျော်ကြားမှုအချို့ရှိသောကြောင့် အဖြစ်အပျက်သည် လူအများအာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အမှန်တရားကို မသိတဲ့လူတွေက ခိုကျီကိုလည်း ဝေဖန်လာကြသည်။
"ခိုကျီမှာ အပြစ်ရှိတာ မဟုတ်ဘူးလား။ အတုတွေ ရောင်းပြီး ဈေး၀ယ်သူတွေကို လှည့်စားတယ်”
"ခိုကျီရဲ့ ထုတ်ကုန်တွေက အရမ်းကောင်းတယ်လို့ လူတိုင်းက ပြောနေတာမဟုတ်ဘူးလား။ ချီးလိုပဲ! လုံးဝမကောင်းဘူး။ အသုံးမဝင်ဘူး"
“ခိုကျီက ထုတ်ကုန်အတုတွေပဲ ရောင်းတယ်လို့ ပြောတာမဟုတ်ဘူး။ နောက်ဆုံးတော့ တစ်ချို့လူတွေက အဲဒါကိုသုံးပြီး ထိရောက်မှုရှိပေမယ့် အစစ်တွေနဲ့အတူ အတုတွေရောင်းနေတာကတော့ ရွံမုန်းစရာပဲ”
“…”
မရေတွက်နိုင်သော မှတ်ချက်များသည် ခိုကျီကို ဝေဖန်ခဲ့ကြသည်။
ကံကောင်းစွာဖြင့် ခိုကျီသည် ၎င်း၏ကိုယ်ပိုင်သစ္စာရှိ ဖောက်သည်များရှိသောကြောင့် ၎င်းတို့သည် နှောင့်နှေးမှုမရှိဘဲ ကာကွယ်ပေးခဲ့သည်။
ခိုကျီ နေရောင်ကာခရင်မ်ကို အသုံးပြုပြီး ထိရောက်မှုရှိတယ်လို့ ယုံကြည်တဲ့ ကျောင်းသားတွေက ထောက်ခံကြသည်။
"အရူးတွေပဲ ကောင်တာမှာ ဒါမှမဟုတ် တရားဝင်ဝဘ်ဆိုဒ်ကနေ အတုတွေ ဝယ်ခဲ့ကြတာမလို့လား။ မဟုတ်ရင် တိုက်ခိုက်တာကို ရပ်လိုက်တော့။ အဲဒါ တကယ်ကို တုံးမတာ။ မင်းတို့တွေ တက္ကသိုလ်ကျောင်းသား မဟုတ်ဘူးလား။ ငါတို့ကို အရှက်မခွဲပါနဲ့"
"ဟုတ်တယ်! ဒီအရူးတွေက ကျောင်းကိုလာရောင်းတာတွေကို ဝယ်ကြတာဖြစ်မယ်ထင်တယ်။ အဲ့တုန်းက ကောင်တာတွေနဲ့ တရားဝင်ဝဘ်ဆိုဒ်တွေမှာ ပစ္စည်းပြတ်သွားပေမယ့် အဲ့လူတွေဆီမှာ ပစ္စည်းတွေရှိနေတာလေ။ အတုတွေဖြစ်ရမယ်။ အဲဒါကို နားမလည်ကြဘူးလားမသိဘူး?"
“ဟုတ်တယ်၊ အဓိကကျောင်းအားလုံးမှာ ဒီလိုအခြေအနေရှိတယ်လို့ ပြောလို့ရတယ်။ ခိုကျီ နေလောင်ခံခရင်မ်က လူကြိုက်များလာတယ်ဆိုတာ သိသာတယ်၊ ဒါကြောင့် သူတို့က ငွေရှာဖို့ ဒီအခွင့်အရေးကို ယူခဲ့ကြတာ”
“အတုတွေက နေရာတိုင်းမှာရှိတယ်။ ဦးနှောက်သုံးကြပေါ့။ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့အမှားအတွက် တခြားသူတွေကို အပြစ်တင်လို့မရဘူး။ တံဆိပ်တိုင်းလိုလိုမှာ အတုတွေရှိတယ်။ အရည်အချင်းပြည့်မီတဲ့ ထုတ်လုပ်သူတွေက အတုတွေ မထုတ်လုပ်နိုင်ဘူး”
"မင်း တက္ကသိုလ်ကျောင်းသား မဟုတ်ဘူးလား? ခိုကျီက အတုတွေရောင်းပြီး သူ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖျက်ဆီးမယ်လို့ ထင်နေတာလား”
“တခြားကုန်အမှတ်တံဆိပ်တွေက အသုံးမကျဘူး။ ဘာလို့ သူတို့ကို မဝေဖန်တာလဲ။ ဘာလို့ ခိုကျီကို တိုက်ခိုက်နေတာလဲ။ ခိုကျီက ထိရောက်တယ်လို့ လူတိုင်းပြောနေကြလို့လို့ မပြောနဲ့။ အမှတ်တံဆိပ်တိုင်းမှာ သူတို့ရဲ့ သစ္စာရှိ ဖောက်သည်တွေ ရှိပေမယ့် သုံးစွဲသူတိုင်း ကြိုက်နှစ်သက်နိုင်တဲ့ အမှတ်တံဆိပ်မရှိဘူး”
“…”
၎င်းတို့၏ ရှင်းလင်းချက်သည် ကျိုးကြောင်းဆီလျော်သောကြောင့် ခိုကျီကို ဝေဖန်သူအချို့က နှုတ်ဆိတ်သွားခဲ့သည်။ သို့သော် အင်တာနက်အသုံးပြုသူတိုင်းဟာ အကြောင်းပြချက်မရှိကြပေ။
ခိုကျီသည် ၎င်း၏သစ္စာရှိဖောက်သည်များထံမှ ထောက်ခံမှုများစွာရရှိခဲ့သော်လည်း အင်တာနက်အသုံးပြုသူအများအပြားက ၎င်းအား တိုက်ခိုက်ခြင်းကို မရပ်တန့်သေးပေ။
ရလဒ်အနေနဲ့ လူတွေက Weibo မှာ ငြင်းခုံငြင်းခုံခြင်းကို မရပ်တန့်ဘဲ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေထက် အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ပိုများလာသည်။
ကုနင်းသည် အင်တာနက်ပေါ်ရှိ အဖြစ်အပျက်အကြောင်း တော်တော်များများ အာရုံစိုက်လာသည်အထိ မသိခဲ့ပါ။ ထိုအရာဖြစ်ပျက်ပြီးနောက် နျဉ်ချန်းခိုင်သည် တစ်စုံတစ်ဦးအား စုံစမ်းစစ်ဆေးရန် ချက်ချင်းစေလွှတ်ခဲ့သည်။ နျဉ်ချန်းခိုင်မှာ အစွမ်းအစရှိပြီး စုံစမ်းဖော်ထုတ်နိုင်သော်လည်း အချိန်ယူရသေးသည်။ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပါ။
ထို့ကြောင့် ကုနင်းက ကေကို စုံစမ်းရန် တိုက်ရိုက်တောင်းဆိုခဲ့သည်။ သိပ္ပံနည်းပညာနှင့်ပတ်သက်လျှင် ကေသည် ၎င်းကိုကိုင်တွယ်ဖြေရှင်းရန် ပိုတော်သည်။သူက ပိုမိုမြန်ဆန်ပြီး ပိုမိုပြည့်စုံမည်ဖြစ်သည်။
ဒီအဖြစ်အပျက်ကို လေ့လာပြီးနောက် စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ် နှစ်ယောက်စလုံးဟာ မတရားမှုတွေအတွက် လိမ်လည်သူတွေကို အနိုင်ယူဖို့ သူတို့ရဲ့ တိုက်တွန်းမှုကို ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ကုနင်းက ဒါကို ဖြေရှင်းနိုင်တယ်ဆိုတာ သူတို့လည်း သိထားတာမို့ သိပ်စိုးရိမ်နေစရာမလိုပါ။
နေ့လည်စာစားချိန်မှာ ကောရှီယန်နဲ့ လုရှောင်ရှောင်တို့ဟာ သူတို့ဘေးက စားပွဲမှာ ရှိနေပြီး ခိုကျီ နေရောင်ကာခရင်မ်အကြောင်းကိုလည်း ဆွေးနွေးနေခဲ့ကြသည်။
“ခိုကျီက သူတို့ပြောသလိုပဲ လုံးဝမကောင်းဘူး။ လုံးဝ အသုံးမဝင်ဘူး”
“ဟုတ်တယ်၊ ခိုကျီက အတုတွေရောင်းပြီး စားသုံးသူတွေကို လှည့်စားတယ်။ ဒီလိုကုမ္ပဏီကဒေဝါလီခံသင့်တယ်!”
စုန့်မြောင်ကောနှင့် ကုနင်းတို့သည် သူတို့ဘေးတွင် ရှိနေသောကြောင့် သူတို့၏ ဆွေးနွေးမှုများကို အလိုလို ကြားနေရသည်။ သူတို့ရဲ့ မကျေနပ်ချက် ပတ်သက်ပြီး ကုနင်းက ဘာမှ အမှားအယွင်း မရှိဘူးလို့ ထင်ခဲ့ပေမယ့် ခိုကျီ ဒေဝါလီခံလိုကြောင်း သူတို့ ပြောတဲ့အခါ သူမ ကျေနပ်ခဲ့ပါ။
ကုနင်းဘာမှပြန်မပြောခင် စုန့်မြောင်ကောက စိတ်တိုလာပြီး “မင်းကိုယ်တိုင် အတုကို ဝယ်ခဲ့တာလေ။ ခိုကျီ ကို အပြစ်တင်လို့မရဘူး။ အသုံးဝင်တယ်လို့ ယုံကြည်တဲ့သူတွေ အများကြီးရှိတယ်!”
“ခိုကျီက အတုတွေပဲ ရောင်းတယ်လို့ ငါမပြောပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ အတုနဲ့ စစ်မှန်တဲ့ ထုတ်ကုန်တွေကို အတူရောင်းချနေတာ သေချာတယ်” ဟု ကောရှီယန်က ပြန်လည်တုံ့ပြန်ခဲ့သည်။
စုန့်မြောင်ကောနဲ့ ကုနင်းကို သူမကြောက်ပေမယ့် သူတို့နဲ့ ငြင်းခုံဖို့ မဝံ့ရဲဘူးလို့ မဆိုလိုပါဘူး။ သူမသည် သူတို့နှင့် ပြင်းထန်သော ပဋိပက္ခကိုသာ ရှောင်ရှားလိမ့်မည်။
"ရယ်စရာပဲ မင်းဆိုရင်ရော ကိုယ်နာမည်ပျက်အောင် အတုတွေရောင်းမှာလား။ ဒီလိုကုမ္ပဏီကြီးတစ်ခုကို ငတုံးလို့ထင်နေတာလား။ ကောင်တာမှာ ဒါမှမဟုတ် တရားဝင်ဝဘ်ဆိုဒ်ကနေ ဝယ်ခဲ့တာ သေချာလား" စုန့်မြောင်ကောက မေးခွန်းထုတ်သည်။
အဲဒါကိုကြားတော့ ကောရှီယန်နဲ့ လုရှောင်ရှောင်က ကောင်တာမှာ ဒါမှမဟုတ် တရားဝင်ဝဘ်ဆိုဒ်ကနေ မဝယ်ဘဲ ကျောင်းကိုလာရောင်းတဲ့ အရောင်းစာရေးမတွေကနေ ၀ယ်ခဲ့တာကြောင့် နည်းနည်းထိတ်လန့်သွားသည်။
ဘာပဲဖြစ်ဖြစ် အဲဒါကြောင့် ကောရှီယန်က အရောင်းသမားတစ်ယောက်ဆီက ဝယ်ခဲ့တာကို ဝန်ခံဖို့ ပိုတောင် ဝန်လေးခဲ့သည်။
စုန့်မြောင်ကောရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့အကြည့်ကို သူမမြင်ရတာ မုန်းတီးပြီး "ဟုတ်တယ် ငါ ကောင်တာမှာ ဝယ်ခဲ့တာ" ဟု ပြန်ပြောခဲ့သည်။
"တကယ်လား? ဘယ်စျေးဝယ်စင်တာလဲ" စုန့်မြောင်ကောက မေးသည်။
“…”
ကောရှီယန်က ရုတ်တရက် ဘာပြောရမှန်း မသိ။ ကောင်တာမှာ လုံးဝမဝယ်ထားတာကြောင့် ဘယ်စျေးဝယ်စင်တာဖြစ်သင့်တယ်ဆိုတာ သူမမသိပါ။
ချက်ခြင်းမှာပဲ သူမ စိတ်တိုလာပြီး "ဒါ မင်းကိစ္စမဟုတ်ဘူး! ကျေးဇူးပြုပြီး ကိုယ့်ကိစ္စကိုယ်သာ စိတ်၀င်စားစမ်းပါ" ထို့နောက် သူမသည် ချက်ချင်းထကာ ထွက်ခွာသွားခဲ့သည်။ အပြစ်ရှိသောစိတ်ဖြင့် ထွက်သွားခဲ့သည်မှာ ထင်ရှားသည်။
စုန့်မြောင်ကောက ဘာမှပြန်မပြောသော်လည်း အလွန် ဒေါသထွက်နေပုံရသည်။
***
အခန်း ၁၈၃၃ သူ့ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထမင်းစားပြီးနောက် ထွက်ခွာသွားကြသည်။ သူတို့ဟာ ရုန်ကျွယ်နဲ့ သူ့ရဲ့အဖော်တွေကို ကန်တင်း အပြင်မှာတွေ့လိုက်တဲ့အတွက် ယဉ်ကျေးစွာနှုတ်ဆက်ကြသည်။
"တွေ့ရတာဝမ်းသာပါတယ် ဆရာရုန်"
“ဟိုင်း” ရုန်ကျွယ်က အမှုမဲ့ အမှတ်မဲ့ ပြန်ဖြေလိုက်ပြီး ကုနင်းကိုကြည့်ကာ "ဒီနေ့ ဖြစ်ခဲ့တာတွေကို ဖြေရှင်းဖို့ လိုသေးလား" ဟု မေးလိုက်သည်။ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက ထွက်ခွာခွင့်ပြုမည်ဖြစ်သည်။
ယနေ့ဖြစ်ပျက်ခဲ့သည့်အရာဆိုတာက ခိုကျီ နေရောင်ကာခရင်မ်အကြောင်း ဖြစ်ရပ်ကို ရည်ညွှန်းပြီး ကုနင်းသည် အတုများမထုတ်လုပ်နိုင်ဟု သူယုံကြည်ခဲ့သည်။
"မလိုပါဘူး။ ကျွန်မလက်အောက်ငယ်သားတွေက ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင်တော့ သူတို့ အလုပ်ထွက်သင့်တာပေါ့" ဟု ကုနင်းက ဆိုသည်။
“မှန်တယ်” ရုန်ကျွယ်က ပြန်ပြောပြီး ဘာမှပြန်မပြောဘဲ သင်တန်းဆရာအုပ်စုနဲ့ ထွက်သွားခဲ့သည်။
သို့သော် ကုနင်းနှင့် ရုန်ကျွယ် အချင်းချင်း စကားပြောကြသည့် အချိန်တိုလေးအတွင်း ကျောင်းသားများစွာက ၎င်းတို့ကို စောင့်ကြည့်နေကြသည်။ ကုနင်းနှင့် နည်းပြချုပ်တို့ကြားက ဆက်နွယ်မှုကို မှန်းဆကြသည်။
နည်းပြဆရာသည် ကျောင်းသားတစ်ဦးနှင့် စကားပြောရသည်မှာ ပုံမှန်ဖြစ်သော်လည်း စစ်သင်တန်းတက်နေသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သော်လည်း ဆရာက ကုနင်းမှလွဲ၍ မည်သည့်ကျောင်းသားနှင့်မျှ စကားပြောသည်ကို မတွေ့ခဲ့ရပေ။
နည်းပြဆရာသည် အခြားကျောင်းသားများနှင့် စကားပြောနေနိုင်တာကို ၎င်းတို့သတိမထားမိတာဖြစ်နိုင်သော်လည်း နည်းပြချုပ်က ကုနင်းနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသောအခါတွင် ၎င်းကို ပိုမိုတွေးတောမနေနိုင်တော့ပေ။ ကျောင်းသားအများစုသည် ထူးထူးခြားခြား တစ်ခုခုဖြစ်မည်ဟု မထင်ခဲ့ကြသော်လည်း အချို့က မတူညီသော အယူအဆကို ကိုင်စွဲထားကြသည်။
ကုနင်းနှင့် ရုန်ကျွယ် စကားပြောနေချိန်တွင် ကုနင်းသည် သူမကို မနာလို မုန်းတီးသော အကြည့်တစ်ခု အနီးနားမှ ရောက်လာသည်ကို သတိထားမိလိုက်သည်။
ရုန်ကျွယ် ထွက်သွားပြီးတာနဲ့ ကုနင်းဟာ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး သူမကို ငြူစူငြူစူတဲ့စိတ်နဲ့ ကြည့်နေတဲ့သူကို တွေ့လိုက်ရသည်။
အလွန်လှပသောမိန်းကလေးဖြစ်သော်လည်း ကုနင်းသည် သူမဘယ်သူလဲ၊ သူမဘယ်အတန်းကလဲဆိုတာကိုမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူမဂရုမစိုက်ပါ။ မကြင်နာသော အကြည့်လေးလောက်နဲ့ သူမ အလွယ်တကူ ထိခိုက်မည်မဟုတ်ပေ။
ကုနင်းကလည်း ကောင်မလေးက သူ့ကို ဘာကြောင့် မနာလို မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာလဲ ဆိုတာကိုလည်း မှန်းဆခဲ့သည်။ သူမထင်တာမမှားရင် ရုန်ကျွယ်ကြောင့်ဖြစ်နိုင်သည်။ သူမ မနာလို စိတ်တိုနေရင်တောင် သူမ(ကုနင်း)နဲ့ဝေးနေသရွေ့ သူ့ကို အာရုံစိုက်နေမှာ မဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ ရုန်ကျွယ် ထွက်သွားပြီးနောက် ထိုမိန်းကလေးသည် ကုနင်းဆီသို့ လျှောက်လာခဲ့သည်။ ထိုမိန်းကလေးနှင့်အတူ အခြားမိန်းကလေး နှစ်ဦးရှိသော်လည်း ကောင်မလေးက သူတို့ကို စောင့်ခိုင်းသည်။
ကုနင်းအား ရန်လိုနေတာကို ပိုင်လီကျုံးရွှယ်လည်း သတိထားမိသည်။ သူမ သူတို့ဆီသို့ လျှောက်သွားသည်ကို သူမမြင်သောအခါ ပိုင်လီကျုံးရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ ကုနင်းကို လှမ်းကြည့်လိုက်သည်။ ကုနင်းငြိမ်နေတာကိုမြင်တော့ သူမ ဘာမှပြန်မပြော။
ကောင်မလေး ကုနင်းအနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူမ၏ မနာလိုမှုနှင့် နာကြည်းမှုများ ပျောက်ကွယ်သွားကာ သူမသည် ချိုမြိန်ပြီး အန္တရာယ်ကင်းသည့် အသွင်အပြင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
"ဟိုင်း ဆရာရုန်နဲ့သိတာလား" ကောင်မလေးက ရန်မလိုဘဲ ယဉ်ယဉ်ကျေးကျေး မေးသည်။
"မဟုတ်ဘူး ငါတို့ကျောင်းနေဖက်အများစုလိုပါပဲ။ သူက ငါတို့ရဲ့ နည်းပြဆရာကြီးဆိုတာပဲ သိတာပါ” ကုနင်းက ပြန်ပြောသည်။ မလိုလားအပ်တဲ့ ပြသနာတွေထဲ ဆွဲထည့်မခံချင်တာကြောင့် စိတ်ရှည်သည်းခံပြီး ရှင်းပြခဲ့သည်။
"ဒါဆိုရင် သူဘာလို့ မင်းနဲ့စကားပြောတာလဲ။ သူ့က မသိဘဲနဲ့ ဘယ်မိန်းကလေးနဲ့မှ စကားမပြောဖူးဘူး” ဟု မိန်းကလေးက ဆိုသည်။ သူမသည် ယဉ်ကျေးနေသော်လည်း ကုနင်းပြောသည်ကို သူမ သိသိသာသာပင် မယုံခဲ့ပါ။
စုန့်မြောင်ကောက သူမမကြင်နာတတ်တာကို မြင်လိုက်ရတဲ့အတွက် ကောင်မလေးကို အေးစက်စွာ ကြည့်လိုက်သည်။
"မင်းဘာဖြစ်နေတာလဲ? နည်းပြရုန်က ဘာကြောင့် အမျိုးသမီးတွေနဲ့ စကားမပြောနိုင်ရမှာလဲ။ ငါဆို သူနဲ့ အကြိမ်ကြိမ်ပြောဖူးတယ် ဘာဖြစ်လဲ" သူမက ပြန်ပြောသည် ။
“မင်း…” ကောင်မလေးက ထိုစကားကိုကြားပြီးသည်နှင့် စုန့်မြောင်ကောကို မုန်းတီးစွာ ကြည့်လိုက်သည်။ ဘာ? သူမနဲ့ကျွယ်နဲ့ အကြိမ်ပေါင်းများစွာ စကားပြောဖူးတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အမှန်တော့ မဖြစ်နိုင်တာမဟုတ်ပါ။ ရုန်ကျွယ်သည် ဘယ်တုန်းကမှ သူမကို စကားတစ်ခွန်းမှ မပြောခဲ့သောကြောင့် ကောင်မလေးက လက်မခံနိုင်ခဲ့။ သူ့ကို နှုတ်ဆက်တဲ့အခါတိုင်း ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုသာ ပေးသည်။
"မင်းယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ငါက နည်းပြဆရာရုန်ကိုသိသည်ဖြစ်စေ မသိသသည်ဖြစ်စေ ဒါက မင်းကိစ္စမှမဟုတ်တာ" ကုနင်း၏ လေသံသည်လည်း သိသိသာသာ အေးစက်လာသည်။ မလိုလားအပ်တဲ့ ပြသနာတွေထဲ ဆွဲထည့်မခံရချင်တာကြောင့် အခုပဲ ရှင်းပြခဲ့ပြီးဖြစ်ပေမယ့် နောက်တစ်ကြိမ်ထပ်ရှင်းပြမယ်လို့ မဆိုလိုပါ။
“ဟုတ်တယ် ဒါက ငါ့ကိစ္စပဲ။ ငါက ကျွယ် ရဲ့ အနာဂတ်ဇနီး။ တခြားမိန်းကလေးတွေ သူ့ကို ချဉ်းကပ်တာ ခွင့်မပြုနိုင်ဘူး” ဟု မိန်းကလေးက ၎င်း၏ ပိုင်ဆိုင်မှုကို ကြေငြာကာ ၎င်း၏ အနာဂတ် ဇနီးအဖြစ် ရုန်ကျွယ်နှင့် မရင်းနှီးစေရန် အခြားအမျိုးသမီးများကို သတိပေးခဲ့သည်။
တကယ်တော့ ကုနင်းနဲ့ သူမရဲ့ သူငယ်ချင်းတွေက ရုန်ကျွယ်နဲ့ ဆက်ဆံရေးဖွဲ့ဖို့ ရည်ရွယ်ချက်မရှိတာကြောင့် ဒါဟာ သူမရဲ့ထင်ယောင်ထင်မှားဖြစ်မှုမျှသာဖြစ်ပါတယ်။
"ဟားဟားဟားဟား" ထိုစကားကိုကြားတော့ စုန့်မြောင်ကောက ရယ်မောလိုက်သည်။ ဒီကောင်မလေးက ရယ်စရာကောင်းတယ်လို့ သူထင်သည်။
"ငါတို့ထဲက ဘယ်သူကများ ဆရာရုန်နဲ့ ဆက်ဆံရေးဖွဲ့တယ်လို့ မင်းမြင်တာလဲ။ ငါတို့ အချင်းချင်းတွေ့လို့ နှုတ်ဆက်ကြရုံပဲ။ မင်းကဘာလို့ နည်းပြရုန်ကို တိုက်ရိုက်မမေးတာလဲ" ဤမိန်းကလေးသည် ရုန်ကျွယ်၏အနာဂတ်ဇနီးဖြစ်မဖြစ်ကို မသိကြ၊ ဂရုမစိုက်ကြပေ။ သို့သော် သူမသည် သူတို့အတွက် တမင်တကာ ဒုက္ခပေးလျှင် သူတို့ စိတ်ဆိုးရလိမ့်မည်။
“မင်း…” ကောင်မလေးသည် ထိုစကားကိုကြားပြီးနောက် ရုတ်တရက် ဘာပြောရမှန်းမသိပေ။ ရုန်ကျွယ်ကို ထိုအကြောင်း သူမသွားမေးချင်ပေ။ သူမ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်။ ထို့ကြောင့် ကောင်မလေးက သူတို့နှင့် စကားမငြင်းတော့ဘဲ အေးစက်စက် အသံဖြင့် သတိပေးသည်။
"ကျွယ်နဲ့ ခပ်ဝေးဝေးမှာနေဖို့ ငါသတိပေးထားမယ်နော်" ထို့နောက် သူမ လှည့်ထွက်သွားသည်။
"ရယ်စရာပဲ!" ပိုင်လီကျုံးရွှယ်က အသံထွက်ကာ ပြောလိုက်သည်။
"ဆရာရုန်က သူ့လိုပုံစံကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ဘူး" စုန့်မြောင်ကောက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်ေပြ။သည်။
“ပြောရခက်တယ်။ အာဏာရှိတဲ့ မိသားစုမှာ မွေးဖွားလာတဲ့ ကလေးတွေက ဘယ်သူ့ကို လက်ထပ်ရမယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဟု ကုနင်းက ဆိုသည်။
ရုန်ကျွယ်သည် ကောင်မလေးကို မကြိုက်သလို သူမကို အာရုံစိုက်ဖို့လည်း ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ပေ။ ကံမကောင်းစွာဖြင့် သူတို့မိသားစု၏ဆက်ဆံရေးကြောင့် ရုန်ကျွယ်၏မိခင်သည် ထိုမိန်းကလေးသည် သူ့ချွေးမဖြစ်လာနိုင်မည်ဟု အမြဲမျှော်လင့်ခဲ့သည်။ သူမသည် ၎င်းတို့ကို ထိမ်းမြားပေးရန်လည်း ကြိုးစားနေခဲ့သည်။
သူတို့နှစ်ယောက်ကြားက အသက်ကွာခြားမှုက ၁၀ နှစ်နီးပါးလောက်ရှိပေမယ့် ဒါက အရေးမကြီးပါ။
"မင်းပြောတာ ဟုတ်တယ်။" စုန့်မြောင်ကောက သဘောတူသည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူမမိသားစုက ဒီလိုမျိုး လုပ်မှာမဟုတ်ပါ။ သူမ နှစ်သက်သော ယောက်ျားကို လက်ထပ်ရန် ရွေးချယ်နိုင်သည်။
…
ကေ တာဝန်ယူပြီးတာနဲ့ မကြာခင် အမှန်တရားက ထွက်လာသည်။ နောက်နေ့ လူတွေ အိပ်ရာထချိန်မှာတော့ ခိုကျီရဲ့ တရားဝင် Weibo က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့လိုက်ရသည်။
ခိုကျီ၏တရားဝင် Weibo - မကြာသေးမီကကျွန်ုပ်တို့၏ကုမ္ပဏီအား ဂုဏ်သိက္ခာကြီးမားစွာချခဲ့သော အင်တာနက်ပေါ်တွင် ခိုကျီ နေရောင်ကာခရင်မ်အတု၏ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက် ကျွန်ုပ်တို့သည် အမှန်တရားကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့တယ်။ ခိုကျီ နေရောင်ကာခရင်မ်ဟာ အလွန်ရေပန်းစားလာပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ရောင်းကုန်သွားသောကြောင့် လက်ကျန်တစ်ရက် ကုန်သွားခဲ့သည်။ အရည်အချင်းမပြည့်မီတဲ့ ထုတ်လုပ်သူတွေဟာ ထိုအချိန်ကို အခွင့်ကောင်းယူကာ ခိုကျီ နေကာခရင်မ်အတုပြုလုပ်ပြီးနောက် တက္ကသိုလ်များစွာတွင် ရောင်းချခဲ့တယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ စုဆောင်းပြီး တရားရုံးကို တရားဝင် တရားစွဲစာတင်ပြီးပါပြီ။ တစ်ချိန်တည်းမှာပင် ခိုကျီသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ စစ်မှန်သောထုတ်ကုန်များကို ကောင်တာများတွင် သို့မဟုတ် တရားဝင်ဝဘ်ဆိုဒ်မှ ဝယ်ယူရန် သုံးစွဲသူများအား သတိပေးချင်ပါတယ်။ သင်သည် အခြားချန်နယ်များမှ ထုတ်ကုန်များကို ဝယ်ယူပါက ကျွန်ုပ်တို့၏ကုမ္ပဏီအနေဖြင့် မည်သည့်တာဝန်မှ တာ၀န်ယူမည်မဟုတ်ပါ။
အရည်အချင်းမပြည့်မီသော ထုတ်လုပ်သူများမှ ထုတ်လုပ်သည့် နေရောင်ကာခရင်မ်အတုများ၏ အထောက်အထားများကို ပြသထားတဲ့ ဓာတ်ပုံများလည်း ရှိပါတယ်။
***
အခန်း ၁၈၃၄ စုန့်မြောင်ကော၏ အမေထိခိုက်ခြင်း
ကြေငြာချက်ထုတ်ပြီးသည်နှင့် ခိုကျီကို ဆက်လက်တိုက်ခိုက်သော အင်တာနက်အသုံးပြုသူ နည်းပါးလာခဲ့သည်။
ဘာမှလုပ်စရာမရှိသူ အနည်းငယ်ကသာ ခိုကျီ ကိုယ်တိုင်က ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်ပြနေရုံသာ ဖြစ်သည်ဟု ဆိုကြသည်။ သူတို့သည် အရည်အချင်းမပြည့်မီသော ထုတ်လုပ်သူများကို အချည်းနှီးဖြစ်စေသည်ဟု သူတို့ယုံကြည်ကြသည်။
ကံကောင်းစွာပင် အင်တာနက်အသုံးပြုသူအများစုမှာ ခိုကျီကိုယုံကြည်သောကြောင့် ယင်းကိုသဘောမတူခဲ့ကြပါ။ နောက်ဆုံးတွင်၊ ခိုကျီ ထုတ်ကုန်များ၏ ကြီးမားသောအကျိုးသက်ရောက်မှုကို အချိန်နှင့်အလိုက် သက်သေပြနိုင်ခဲ့သည်။
ထို့အပြင် ခိုကျီ၏တရားဝင် Weibo တွင်လည်း ခိုင်လုံသော အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။
…
၁၂ နာရီတွင် စစ်ရေးလေ့ကျင့်မှုပြီးသွားသောအခါတွင် လူတိုင်းသည် စားသောက်ခန်းဆီသို့ လျှောက်သွားကြသည်။ အနီးနားရှိ ကျောင်းသားအများအပြားသည် ခိုကျီ နေရောင်ကာခရမ်မ် အဖြစ်အပျက်ကို ဆွေးနွေးကြသည်။
တိုက်ဆိုင်စွာပင် ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ကုနင်းရှေ့သို့ လမ်းလျှောက်လာကြသည်။
“လူတော်တော်များများက ခိုကျီကို အတုတွေရောင်းတယ်လို့ ပြောကြတယ်။ အခုတော့ အမှန်တရားက သူတို့မှားကြောင်း သက်သေပြလာပြီလေ။ အဲ့လိုပြောကြတဲ့လူတွေ ရှက်ကောရှက်ကြရဲ့လားလို့ ငါတော့ တွေးမိသား” ဟု စုန့်မြောင်ကောက မကြင်နာသော လေသံဖြင့် ပြောကြားခဲ့သည်။ ကောရှီယန် နှင့် လုရှောင်ရှောင်တို့ကို အခြားသူများနှင့်အတူ လှောင်ပြောင်ရန် သူမ ပြောကြားခဲ့ခြင်းပင်။
ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် စုန့်မြောင်ကော၏စကားကိုကြားသောအခါ သူတို့အကြောင်းပြောနေမှန်းသိသောကြောင့် အလွန်ဒေါသထွက်သွားကြသည်။ ဒါပေမယ့် စုန့်မြောင်ကောကတော့ သူတို့ရဲ့ နာမည်တွေကို ထုတ်မပြောခဲ့ပါ။ ဒါကြောင့် သူတို့လည်း အဆက်အစပ်မရှိချင်၍ ဘာမှပြန်မပြောတော့ပေ။
ခိုကျီက နေရောင်ကာခရင်မ်အတုကို တကယ်ထုတ်တယ်လို့ ထင်နေတဲ့သူတွေ အများကြီးရှိသေးသည်။ ထို့ကြောင့် အခြားလူများက စုန့်မြောင်ကော၏စကားကိုကြားသောအခါ သူတို့အားလုံး အရှက်ရသွားကြသည်။
ထမင်းစားပြီးနောက် ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် လေ့ကျင့်မှုဆက်လက်ပြုလုပ်ရန် ထုံးစံအတိုင်း တောအုပ်ငယ်သို့သွားခဲ့ကြသော်လည်း စုန့်မြောင်ကောသည် ထိုအချိန်တွင် ဖုန်းလက်ခံရရှိခဲ့သည်။
သူမ၏ မိခင်က ပြန်ပေးဆွဲခံရသည့် အပြစ်မဲ့သူတစ်ဦးကို ကယ်တင်ရန် ကြိုးစားရင်းဒဏ်ရာရရှိခဲ့ကြောင်း သူမ၏ မောင်ဖြစ်သူက ဖုန်းဆက်ပြောပြသည်။
အဆိုပါဖြစ်စဉ်မှ သူမအမေ၏ ရင်ဘတ်တွင် ဓားဒဏ်ရာများရရှိခဲ့သည်။ တပ်ဆေးရုံကို ပို့ထားရသည်။ စုန့်မြောင်ကော၏မိခင်သည် ရဲအရာရှိဖြစ်သည်။ သူမဟာ သာမန်ရဲအမျိုးသမီးမဟုတ်ပေမယ့် ဒီလိုဖြစ်ရပ်မျိုးကြုံလာရတဲ့အခါ တစ်ခုခုလုပ်ရမှာ ဖြစ်ပေသည်။
စုန့်မြောင်ကောသည် သတင်းဆိုးကို ကြားလိုက်သည်နှင့် သူမ ကောင်းကောင်း မရပ်နိုင်တော့လောက်အောင် ထိတ်လန့်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ကုနင်းက သူမကို ချက်ချင်းထိန်းလိုက်တဲ့အတွက် သူမ ပြုတ်မကျသွားပါ။
"ငါတို့ အခုချက်ချင်း ဆေးရုံသွားသင့်တယ်" ကုနင်းနဲ့ ပိုင်လီကျုံးရွှယ် နှစ်ယောက်လုံး ဖုန်းပြောနေတာကို ကြားတာကြောင့် စုန့်မြောင်ကောက ဘာမှပြန်မပြောသေးခင် အရင်ပြောလိုက်သည်။
"ကုနင်း" စုန့်မြောင်ကောသည် မျက်ရည်များဝဲကာ ကူကယ်ရာမဲ့ဖြစ်သွားသည်။
"စိတ်မပူပါနဲ့။ မင်းအမေအသက်ရှင်နေသရွေ့ အဆင်ပြေနေမှာပါလို့ ငါကတိပေးပါတယ်" ဟု ကုနင်းက စုန့်မြောင်ကောကို ခိုင်မာပြီး ယုံကြည်မှုရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောခဲ့သည်။
စုန့်မြောင်ကောသည် ကုနင်းကို ယုံကြည်သောကြောင့် အနည်းငယ် ငြိမ်သက်သွားသည်။
သို့သော်လည်း နှစ်သိမ့်မှု အနည်းငယ်က သူမကို ကောင်းကောင်းအဆင်မပြေနိုင်သေးပေ။ သူ့အမေ၏အခြေအနေကို ယခုအချိန်ထိ မသိသောကြောင့်ဖြစ်သည်။
နှောင့်နှေးမှုမရှိဘဲ ကျောင်းမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့ အပြင်ထွက်ပြေးပြီးတာနဲ့ ကုနင်းဟာ ကားပါကင်ကနေ ကားမောင်းထွက်တော့မယ့် ရုန်ကျွယ်ကို တွေ့ခဲ့သည်။
ရုန်ကျွယ်က သူတို့ သုံးယောက်လုံး စိုးရိမ်တဲ့ အမူအရာတွေနဲ့ဖြစ်နေပြီး အထူးသဖြင့် မျက်ရည်တွေနဲ့ ပြည့်နေတဲ့ စုန့်မြောင်ကောကို မြင်တဲ့အခါ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတော့ ကုနင်းအား "ဘာဖြစ်တာလဲ? မင်းတို့ဘယ်သွားမလို့လဲ?"
“နည်းပြရုန်၊ စုန့်မြောင်ကော ရဲ့အမေ ဒဏ်ရာရသွားလို့ပါ။ ကျွန်မတို့ အခု စစစစ်ဆေးရုံကို သွားမလို့" ဟုကုနင်းက ပြောသည်။ အလျင်လိုနေသော်လည်း အကြောင်းပြန်ရန် အချိန်ရှိသေးသည်။
“တက်ပါ၊ ငါ အဲဒီကို မောင်းပို့ပေးမယ်” ဟု ရုန်ကျွယ်က သူကြားလိုက်သည်နှင့် ဒီအချိန်မှာ နဂိုက သူဘာလုပ်ရမည်ကို ဂရုမစိုက်နိုင်တော့ပေ။
ကုနင်းသည် တုံ့ဆိုင်းမနေဘဲ စုန့်မြောင်ကောကို ကားထဲသို့ ဆွဲထည့်လိုက်သည်။ အကြောင်းမှာ ကားပါကင်တွင် သူမ၏ ကားကို ရှာရန် အချိန်ယူရမည်ဟု ထင်သောကြောင့် ဖြစ်သည်။ အချိန်မကြာပေမယ့် မိနစ်တိုင်းကို ခြွေတာရမည်။
"ကျေးဇူးတင်ပါတယ်။ ဆရာရုန် ဖြစ်နိုင်ရင် မြန်မြန်မောင်းပေးပါ” ဟု ကုနင်းက ဆိုသည်။ ရုန်ကျွယ်က ပြန်မဖြေတော့ဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းလိုက်သည်။
ကံကောင်းထောက်မစွာ ယခုသည် ကားပိတ်ချိန်မဟုတ်သေးဘဲ လမ်း၏အချို့အပိုင်းများတွင်သာ အနည်းငယ် ယာဉ်ကြောပိတ်ဆို့မှုများရှိနေပါသည်။ မီးပွိုင့်များ စိမ်းစေရန် စောင့်မျှော်ရင်း အချိန်အနည်းငယ်သာ ပိုကုန်ကြသည်။ ဘာပဲဖြစ်ဖြစ် အချိန်အကြာကြီး မစောင့်တာကြောင့် အခြေအနေက မဆိုးပါ။
မြို့တော်တက္ကသိုလ်နှင့် တပ်ဆေးရုံသည် ခရိုင်အသီးသီးတွင် ရှိနေသောကြောင့် ရုန်ကျွယ်သည် အလွန်လျင်မြန်စွာ မောင်းနှင်ခဲ့သော်လည်း ၎င်းတို့ရောက်ရှိရန် နာရီဝက်ကျော်ကြာခဲ့သည်။
ဆေးရုံရောက်သည်နှင့် ကားပေါ်မှဆင်းကာ ရုန်ကျွယ်အား ကျေးဇူးတင်စကားဆိုကာ ခွဲစိတ်ခန်းဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။ ကားထဲတွင်ရှိစဉ် ကုနင်းသည် ရုန်ကျွယ်ကို ထွက်ခွာရန် တောင်းဆိုထားပြီးဖြစ်သည်။ ဒီလိုအခြေအနေမျိုးမှာ ရုန်ကျွယ်က ချက်ချင်း သဘောတူလိုက်သည်။
ရုန်ကျွယ်က သူတို့ကို ဆေးရုံပို့ပေမယ့် စုန့်မိသားစုက ရုန်မိသားစုရဲ့ အဖွဲ့ခွဲမဟုတ်တာကြောင့် သူတို့နောက်ကို မလိုက်သင့်ပေ။ မည်သို့ပင်ဆိုစေကာမူ ကုနင်းကြောင့် ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးတာဖြစ်သည်။ အကယ်၍ သူသာ စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့နှင့်ပဲ တွေ့ခဲ့ပါက အကူအညီပေးလိုသည် မပေးလိုသည်ကို အပထား မေးပင်မေးမည်မဟုတ်ပါ။
ရုန်ကျွယ် ကိုယ်တိုင်တောင် သတိမထားမိဘဲ ကုနင်းကို ပိုအာရုံစိုက်ခဲ့မိသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ခြောက်ထပ်ရှိ ခွဲစိတ်ခန်းကို တိုက်ရိုက်တက်ခဲ့ကြသည်။ အပြင်မှာ ရပ်နေတဲ့ လူတချို့ရှိသည်။ လူအိုစုံတွဲတစ်တွဲ၊ လူငယ်စုံတွဲတစ်တွဲနှင့် အသက် ၁၄ နှစ်ခန့် ဆယ်ကျော်သက်နှစ်ဦးတို့သည် ခွဲစိတ်
ခန်းကို စိုးရိမ်စိတ်ဖြင့် ကြည့်ရှုနေကြသည်။
လူအိုဇနီးမောင်နှံနှစ်ဦးမှာ စုန့်မြောင်ကော၏ အဖိုးနှင့် အဖွားဖြစ်ပြီး ငယ်ရွယ်သော ဇနီးမောင်နှံမှာ သူမ၏ ဦးလေးနှင့် အဒေါ်ဖြစ်သည်။ ယောက်ျားလေးများထဲမှ တစ်ဦးမှာ စုန့်မြောင်ကော ၏မောင်ဖြစ်ပြီး ကျန်တစ်ဦးမှာ သူမ၏ဝမ်းကွဲဖြစ်သည်။
"အဘိုး၊ အဖွား အမေ့အခြေအနေဘယ်လိုလဲ" စုန့်မြောင်ကောသည် လူအုပ်ဆီသို့ ပြေးသွားကာ ထပ်၍ မငိုနိုင်တော့ဘဲ စိုးရိမ်တကြီး မေးလိုက်သည်။
စုန့်မြောင်ကောကိုတွေ့တော့ သူတို့ အံ့သြသွားသည်။
အဖွားစုန့်က “မြောင်ကော မင်းဘာလို့ဒီကိုရောက်နေတာလဲ။ စစ်သင်တန်းတက်နေတာမဟုတ်ဘူးလား"ဟုမေးသည်။
ထိုအချိန် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က “အမကို ဖုန်းဆက်လိုက်တာ” လို့ ပြောသည်။ သူသည် စုန့်မြောင်ကော၏မောင်ဖြစ်သူ စုန့်ကျီရှို့ ဖြစ်သည်။
“မင်း…” အဲဒါကိုကြားတော့ အားလုံးက စုန့်ကျီရှို့ကို လှည့်ကြည့်လိုက်သည်။ မလုပ်သင့်ဘူးလို့ ထင်ကြပေမယ့် သူ့ကို အပြစ်မတင်ကြပေ။
မူလက စုန့်မြောင်ကောအားမစိုးရိမ်စေလိုသောကြောင့် သူမကို ပြောပြရန် ဆန္ဒမရှိခဲ့သော်လည်း ယခုအခါ သူမ၏မိခင်သည် အန္တရာယ်ကျရောက်နေပြီဖြစ်သောကြောင့် သူမလည်း သိထားသင့်ပေသည်။ ထို့ကြောင့် စုန့်ကျီရှို့ သည် စုန့်မြောင်ကော ကိုခေါ်ဆိုမှုအတွက် အပြစ်မတင်ခဲ့ပေ။
မဒမ်စုန့်က သက်ပြင်းချလိုက်ပြီး “မင်းအမေက တခြားသူရဲ့ အသက်ကိုကယ်ဖို့လုပ်ရင်း ဓားနဲ့ထိုးခံရတယ်။ ခွဲစိတ်မှုက အန္တရာယ်ရှိတယ်လို့ ဆရာဝန်က ပြောတယ်”
စုန့်မြောင်ကောသည် ထိုစကားကိုကြားပြီးနောက် ပို၍ငိုလာသည်။ သူ့အမေရဲ့ဒဏ်ရာကို အရမ်းစိုးရိမ်နေတာကြောင့် ကုနင်းကို သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့ မေ့သွားသည်။
စုန့်မြောင်ကောသည် မိတ်ဆက်ခြင်းမပြုခဲ့သော်လည်း စုန့်မြောင်ကော၏ ကျောင်းနေဖက်များဖြစ်ကြောင်း စုန့်မိသားစုမှ သိရှိကြသည်။
ဒီမိန်းကလေးနှစ်ယောက်ကဒီမိန်းကလေးနှစ်ယောက် အရမ်းလှတာကို မြင်လိုက်ရတော့ စုန့်မိသားစုလည်း အံ့သြသွားသည်။ သူတို့သည် လှပရုံသာမက မြင့်မြတ်သောလေထုကိုလည်း ပိုင်ဆိုင်ထားသည်။ သာမာန်မိန်းကလေးတွေ မဖြစ်နိုင်ကြပေ!
စုန့်မြောင်ကောက သူ့ကို မိသားစုနဲ့ မိတ်ဆက်ပေးဖို့ မေ့သွားတဲ့အခါ ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်တို့က စိတ်မရှိကြပါ။
သူတို့ရောက်တာနဲ့ ကုနင်းက သူမရဲ့ ကျောက်စိမ်းမျက်လုံးတွေနဲ့ ခွဲစိတ်ခန်းထဲကို ကြည့်လိုက်တယ်။ ခွဲစိတ်ကုတင်ပေါ်တွင် စုန့်မြောင်ကော၏မိခင်ရှိနေသည်။ ဆရာဝန်များသည် ခွဲစိတ်မှုပြုလုပ်ရန် အလုပ်များနေသော်လည်း အခြေအနေ မကောင်းပုံရပေသည်။
***
အခန်း ၁၈၃၅ စုန့်မြောင်ကော ရဲ့ အမေကို ကယ်တင်ခြင်း
"မြောင်ကော ဒီမိန်းကလေးနှစ်ယောက်က မင်းရဲ့ကျောင်းနေဖက်တွေလား" အဘွားစုန့်က မေးသည်။ စုန့်မြောင်ကော နဲ့ အတူ လိုက်လာတဲ့အတွက် သူမဟာ ယဉ်ကျေးစွာ နှုတ်ဆက်သင့်သည်။
“အိုး ဟုတ်တယ်။” စုန့်မြောင်ကောက အဲဒါကို အခုအချိန်အထိ သတိမထားမိပေ။ မျက်လုံးတွေကို သုတ်လိုက်ပြီး သူ့သူငယ်ချင်းတွေကို မိသားစုနဲ့ မိတ်ဆက်ပေးသည်။
"အဘိုး၊ အဘွား၊ ဦးလေး၊ အန်တီတို့ကို မိတ်ဆက်ပေးပါရစေ၊ သူတို့က ကျွန်မသူငယ်ချင်း ကုနင်း နဲ့ ပိုင်လီကျုံးရွှယ်ပါ" စုန့်မြောင်ကော၏ဖခင်သည် စစ်တပ်တွင်ရှိနေဆဲဖြစ်ပြီး အချိန်မီပြန်မလာနိုင်သောကြောင့် ဤနေရာတွင်မရှိပါ။
"အဘိုးစုန့်, အဘွားစုန့်, အန်ကယ်စုန့်, အန်တီစုန့်တို့ အားလုံးကို တွေ့ရတာဝမ်းသာပါတယ်။" ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့က သူတို့ကို တချိန်တည်း နှုတ်ဆက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်” ဟု စုန့် မိသားစုက ယဉ်ကျေးသိမ်မွေ့သော စိတ်ထားဖြင့် ပြောကာ ၎င်းတို့၏ အမူအကျင့်ကောင်းကို ပြသသည်။ သူတို့၏ လူမှုအဆင့်အတန်းကြောင့် မာနကြီးမည်မဟုတ်ပေ။
ကုနင်းက ဘယ်လိုတားရမလဲ စဉ်းစားနေပြီး စုန့်မြောင်ကောရဲ့ မိခင်ကို စွမ်းအင်သလင်းကျောက်ကို ပေးဖို့အတွက် သူမကို အထဲကို ဝင်ခွင့်ပေးဖို့ တောင်းဆိုမည့်အချိန်မှာပဲ ခွဲစိတ်ခန်းတံခါးက ပွင့်လာခဲ့သည်။
အဲဒါကိုမြင်တော့ စုန့်မိသားစုက ဝိုင်းအုံလာပြီး ထွက်လာတဲ့ ဆရာဝန်ကို “ဒေါက်တာ ကျွန်တော့်ချွေးမ အခု ဘယ်လိုနေလဲ”
"သခင်ကြီးစုန့် သူက အတော်လေး အန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေပါတယ်၊ သွေးထွက်တာ အရမ်းများနေတယ်၊ ဒါကြောင့် အခု သူ့ကို အမြန်ဆုံး သွေးသွင်းဖို့ လိုတယ်" ဟု ဆရာဝန်က ပြောပြီး သွေးရဖို့ လိုအပ်သောကြောင့် စုန့်မိသားစုကို ဂရုမစိုက်တော့ပေ။
စုန့်မိသားစု၏ လူမှုအဆင့်အတန်းကြောင့် သွေးမသွင်းမီ စည်းမျဉ်းများအတိုင်း လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန် ဆရာဝန်က မတောင်းဆိုခဲ့ပေ။ အဲဒီအစား ဆရာဝန်က သူတို့အတွက် အရာအားလုံးကို လူကိုယ်တိုင်လုပ်ခဲ့သည်။ အဲဒါကိုကြားတော့ အဖွားစုန့်က ပြင်းပြင်းထန်ထန် ရှော့ရသွားပြီး လဲကျလုနီးပါး ဖြစ်သွားပေမယ့် ကံကောင်းထောက်မစွာပဲ သူ့ဘေးမှာ ရပ်နေတဲ့ သူ့ချွေးမ အငယ်က သူ့ကို ချက်ချင်း ထိန်းပေးခဲ့သည်။
"အဘိုးစုန့်၊ ကျွန်မ မြောင်ကောရဲ့အမေကို သွေးထွက်အောင်တားနိုင်ပါတယ် ဒါပေမယ့် ကျွန်မကိုယုံပါ့မလားတော့မသိဘူး။ အခု အထဲကို ဝင်လို့ရမလား" ကုနင်းသည် သခင်ကြီးစုန့်အား လေးနက်သောအမူအရာဖြင့် ကြည့်ကာေပြာသည်။ သူမ၏ မျက်လုံးထဲတွင် ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်များ ရှိနေသည်။
"ဘယ်လို?"
"မင်း မြောင်ကောရဲ့အမေကို သွေးတိတ်အောင် လုပ်နိုင်တာလား"
"တကယ်လား?" အဲဒါကိုကြားတော့ အားလုံးက အံ့အားသင့်ပြီး မျက်လုံးများပြူးသွားကြသည်။ ဒါဟာ မယုံနိုင်စရာပါပဲ။
ကုနင်းလုပ်နိုင်တာလား။ သခင်ကြီးစုန့်သည် မယုံနိုင်စရာဟု ခံစားခဲ့ရသော်လည်း မရေမတွက်နိုင်သော လူများကို မြင်ဖူးသူအဖြစ် ကုနင်း၏ အပြောအဆိုအရ သူမသည် နောက်ပြောင်ခြင်းမဟုတ်ကြောင်း ပြောနိုင်သည်။
သို့သော် သူမသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးမျှသာ ဖြစ်သည်။ သူ့ချွေးမအကြီးကို သွေးတိတ်အောင် သူမ ဘာလုပ်နိုင်မှာလဲ။
လူတိုင်းက သံသယတွေ အံ့သြသွားတဲ့အခါ စုန့်မြောင်ကောက ရုတ်တရက် သိသွားပြီး "အဘိုး ကုနင်းကို ကျေးဇူးပြုပြီး ယုံကြည်ပေးပါ။ သူ့ကို အခွင့်အရေးပေးပြီး အမေ့ကိုတွေ့ဖို့ အခန်းထဲဝင်ခွင့်ပေးပါ"
“အင်း…” ထိုစကားကိုကြားတော့ သခင်ကြီးစုန့်က တုံ့ဆိုင်းသွားသည်။ ကုနင်းကိုလည်း ယုံကြည်ချင်ပေမယ့် အန္တရာယ်များတယ်လို့ သူခံစားမိနေတုန်းပါပဲ။ ကုနင်းက အရမ်းငယ်သည်။ သူ့အရည်အချင်းကို သံသယမဝင်ဖို့ သူတို့အတွက် ခက်ပေသည်။
သခင်ကြီးစုန့်၏တုံ့ပြန်မှုကိုမြင်တော့ စုန့်မြောင်ကောက စိုးရိမ်တကြီးဖြစ်သွားသည်။
“အဘိုး တကယ်ပါ ကုနင်းက အရမ်းအံ့ဩစရာကောင်းတယ်။ သူ့မှာ အရမ်းထိရောက်တဲ့ဆေးရှိတယ်။ ကျွန်မတို့ကျောင်းက တစ်ယောက်က မနေ့က ဝက်ရူးပြန်ခဲ့တာ ကုနင်းက ဆေးတိုက်လိုက်ပြီး သူ့အသက်ကို ကယ်ခဲ့တယ်။ အဲ့တစ်ယောက်က တစ်မိနစ်အတွင်းမှာပဲ ပုံမှန်ပြန်ဖြစ်သွားတယ်” ဒါကိုသိလိုက်ရတော့ စုန့်မိသားစုက အရမ်းအံ့သြသွားတယ်။ မယုံနိုင်စရာဖြစ်နိုင်လောက်အောင် အမှန်အကန်ကိစ္စပါပဲ။
မည်သို့ပင်ဆိုစေကာမူ သခင်ကြီးစုန့်သည် လုံးဝကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သောကြောင့် သူ့စိတ်မပြောင်းသေးပါ။
ကုနင်းသည် စုန့်မြောင်ကော၏မိခင်ကိုကယ်တင်ရန် သခင်ကြီးစုန့်၏ခွင့်ပြုချက်လိုအပ်သော်လည်း အချိန်ကုန်သွားသောကြောင့် သူမစောင့်မနေနိုင်ပါ။ အကယ်၍ နောက်ထပ်တစ်မိနစ်လောက် ဖြုန်းတီးပါက စုန့်မြောင်ကော ၏မိခင်သည် ပို၍အန္တရာယ်ကြီးမည်ဖြစ်သည်။
ထို့ကြောင့် ကုနင်းက “အဘိုးစုန့်၊ ကျွန်မ ငယ်သေးလို့ အဘိုး ကျွန်မအရည်အချင်းကို သံသယရှိနေတာ သိပါတယ်။ မြောင်ကော ရဲ့အမေကိုကူညီဖို့ဆန္ဒရှိပေမယ့်လည်း အဘိုးရဲ့ခွင့်ပြုချက်လိုအပ်နေသေးတယ်။ စုန့်မြောင်ကော ရဲ့ အမေကို သွေးထွက်တာကိုရပ်ဖို့ ကူညီပေးနိုင်ပြီး ပိုဘေးကင်းအောင် ခွဲစိတ်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ အဘိုးစုန့် ကျွန်မကိုယ်ကျွန်မ သက်သေပြဖို့ အခွင့်အရေးပေးပါ။ အဘိုးလက်နောက်မှာ အမာရွတ်တစ်ခုတွေ့တယ်။ တကယ်တော့ ကျွန်မဆေးက သွေးထွက်တာကို ရပ်တန့်နိုင်ပြီး အနာနဲ့ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ စမ်းသုံးကြည့်ဖို့ ဆန္ဒရှိရင် ကျွန်မဆေးကို အဘိုးလက်နောက်ကျောမှာ လိမ်းခွင့်ပြုပါ။ တစ်မိနစ်အတွင်းမှာ သုံးပုံတစ်ပုံ ပျောက်ကွယ်သွားမှာ သေချာပါတယ်”
"ဘာ? တစ်မိနစ်အတွင်း သုံးပုံတစ်ပုံ ပျက်သွားမှာလား” အဲဒါကိုကြားတော့ အားလုံးက အံ့ဩသွားပေမယ့် ကုနင်းက ကြွားလုံးထုတ်နေတာလားလို့ သံသယဝင်နေကြသည်။
“အဘိုးစုန့် အချိန်က အသက်ပါပဲ” ဟု ကုနင်းက လေးနက်သောလေသံဖြင့် ပြောသည်။ စုန့် မိသားစု၏ အယုံအကြည်မရှိမှုကို သူမနားလည်သော်လည်း အချိန်ဖြုန်း၍ မဖြစ်သောကြောင့် ၎င်းတို့၏ တုံ့ဆိုင်းနေခြင်းကို ကြည့်ပြီး အနည်းငယ်စိတ်ပျက်မိသည်။
“ကောင်းပြီ” သခင်ကြီးစုန့်သည် လက်ကိုဆန့်လိုက်သည်။ သူတို့အားလုံး သံသယရှိကြသော်လည်း ကုနင်းတကယ်လုပ်နိုင်ပါ့မလားဆိုတာကို သိချင်ကြသည်။
ကုနင်းသည် သူမ၏ ကျောပိုးအိတ်မှ မှော်စွမ်းရည်ကို ချက်ချင်းထုတ်ကာ သခင်ကြီးစုန့်၏လက်နောက်ဘက်တွင် အမြန်သုတ်လိုက်သည်။
သခင်ကြီးစုန့်သည် သူ့လက်နောက်ဘက်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။ ခဏအကြာတွင် အမာရွတ်များ လျင်မြန်စွာ မှိန်ဖျော့သွားသည်ကို ထင်ရှားစွာတွေ့မြင်ရလေသည်။
အဲဒါကိုမြင်တော့ တုန်လှုပ်ခြောက်ခြားစွာ မျက်လုံးတွေပြူးသွားပြီး စိတ်လှုပ်ရှားလာကြသည်။ ကုနင်းက ကြွားေနတာမဟုတ်ေပ။ သူမ တကယ်လုပ်နိုင်ခဲ့သည်။
"မစ္စကု၊ မြောင်ကောရဲ့အမေကို အခုချက်ချင်း သွေးတိတ်အောင် ကူညီပေးပါ!" မဆိုင်းမတွဘဲ သခင်ကြီးစုန့်သည် ကုနင်းကို အလွန်ရိုးသားသောသဘောထားဖြင့် တောင်းဆိုခဲ့သည်။ ယခု ကုနင်း၏ စွမ်းရည်ကို သူ သံသယ မရှိတော့ပါ။ ကတိပေးထားတဲ့အတိုင်း အပြည့်အဝ မလုပ်နိုင်ရင်တောင် သူ့မှာ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှု မရှိေပ။ အခြားလူများကလည်း တူညီသော အယူအဆရှိသောကြောင့် သခင်ကြီးစုန့်၏စကားကို မည်သူမျှ ငြင်းဆိုခြင်းမရှိပေ။
“ဟုတ်ပါပြီ” ကုနင်းက ပြန်ပြောသည် ။ ထို့နောက် သခင်ကြီးစုန့်သည် ခွဲစိတ်ခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့သည်။
ဆရာဝန်က သွေးသွားယူပြီး ပြန်မလာသေးတာကြောင့် ခွဲစိတ်ခန်းတံခါးကို ပိတ်ထားပေမယ့် သော့မခတ်ထားပါ။ လွယ်လွယ်ကူကူ ဖွင့်လှစ်နိုင်ခဲ့သည်။ ခွဲစိတ်ခန်းထဲမှာ ခွဲစိတ်ဆရာဝန်ကသာ ခွဲစိတ်မှုကို အာရုံစိုက်နေပြီး လက်ထောက်ဆရာဝန်အနည်းငယ်က ဘေးမှာ ရပ်နေသည်။ တံခါးဖွင့်သံကြားတော့ သူတို့ မသိစိတ်က ခေါင်းကို မော့လိုက်သည် ။ သူတို့က ဆရာဝန်လို့ ထင်ကြပေမယ့် သခင်ကြီး စုန့်ကို တွေ့လိုက်ရသည်။
ဆရာဝန်တစ်ယောက်က ချက်ချင်းပြောသည်။ “သခင်ကြီးစုန့် ဘာလို့ရုတ်တရက်ရောက်လာတာလဲ။ ဒါက ခွဲစိတ်ခန်းပါ။ အခုထွက်သွားသင့်တယ်" သခင်ကြီးစုန့်သည် ရုတ်ချည်းဝင်လာသောကြောင့် ခွဲစိတ်မှုတွင် အာရုံစူးစိုက်ထားရသော အခြားဆရာဝန်များက တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဘာပဲဖြစ်ဖြစ် တခြားဆရာဝန်တွေက ဒါကို ထိန်းနိုင်သည်။
"ဒေါက်တာချောင်၊ ကုနင်းဆိုတဲ့ မိန်းကလေးက ငါ့ချွေးမကြီး သွေးထွက်တာကို ရပ်တန့်အောင် ကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ်။ ကျေးဇူးပြုပြီး သူမကို စမ်းကြည့်ခိုင်းလိုက်ပါ!” သခင်ကြီးက ပြောသည်။ ဒါကိုကြားတော့ အားလုံးက အံ့သြသွားပေမယ့် မယုံချင်ကြပေ။
ဒေါက်တာချောင်က “ဒီကောင်မလေးက အရမ်းငယ်ေသးတယ်။ သူမက ကျောင်းသားနေမှာပေါ့။ ဒဏ်ရာရတဲ့သူကို သွေးတိတ်အောင် ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦး"
"ဆေးတစ်မျိုးနဲ့" ကုနင်းကပြောသည်။
"ဆေးတစ်မျိုးလား?" အဲဒါကိုကြားတော့ ဒေါက်တာချောင်နဲ့ တခြားဆရာဝန်တွေက ရယ်စရာလို့ ထင်ကြသည်။ ဤကမ္ဘာပေါ်တွင် ဤမျှများပြားသော သွေးထွက်ခြင်းကို တားဆီးနိုင်သည့် ဆေးဝါးမရှိပါ။
"ဘာဆေးလဲ" ဒေါက်တာချောင်က မေးသည်။
ကုနင်းသည် စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်လာသည်။ "ဒေါက်တာချောင်၊ အခု ဆွေးနွေးဖို့ အချိန်မရှိဘူးလို့ ထင်ပါတယ်။ အခု အရေးကြီးဆုံးက သွေးထွက်တာကို ရပ်လိုက်ဖို့မလား”
***
အခန်း ၁၈၃၆ ခွဲစိတ်မှုပြီးဆုံးခြင်း
ကုနင်း၏ စကားကိုကြားတော့ ဒေါက်တာချောင်လည်း မကျေမနပ်ဖြစ်သွားပြီး “မင်းရဲ့ ဆေးလို့ ခေါ်တဲ့ ဟာက ဒဏ်ရာတွေအတွက် အသုံးဝင်လားဆိုတာ ငါ သိဖို့လိုတယ်။ အသုံးမဝင်ပဲ အန္တရာယ်ဖြစ်ရင်ရော။ မတော်တဆမှုဖြစ်ခဲ့ရင် မင်းတာဝန်ယူနိုင်မလား” ကုနင်းကို မာနကြီးသော မိန်းကလေးဟု သူထင်ပေသည်။ သို့သော် သခင်ကြီးစုန့်ကြောင့် သူသည် သူမအား ကြင်နာစွာဆက်ဆံခဲ့သည်။
သို့သော်လည်း ဒဏ်ရာရသူကို သွေးထွက်ခြင်းမှ တားဆီးရန် ကုနင်းအား ဝင်ခွင့်ပေးသူမှာ သခင်ကြီးစုန့်ဖြစ်သည်ကို သူ မေ့သွားခဲ့သည်။
"ဒေါက်တာချောင်၊ ဘာပဲဖြစ်ဖြစ် ငါတာဝန်ယူမယ်" စုန့်လောင် ဒေါသထွက်သွားတော့သည်။ သူတို့မှာ ဖြုန်းဖို့ အချိန်မရှိတော့ပေ။ ဒေါက်တာချောင်သည် သူတို့ကို လုပ်ချင်တိုင်းလုပ်ခွင့်ပေးရန် ဆန္ဒမရှိသော်လည်း ၎င်းသည် သခင်ကြီးစုန့်၏ အမိန့်ဖြစ်သောကြောင့် အလျှော့ပေးရမည်ဖြစ်သည်။
ထို့နောက် ကုနင်းသည် ခွဲစိတ်ကုတင်ဘေးသို့သွားကာ စုန့်မြောင်ကော၏မိခင်အား စွမ်းအင်သလင်းကျောက်နှစ်လုံးတိုက်လိုက်သည်။
ပိုင်လီကျုံးရွှယ်သည် အပြင်တွင်ရှိသောကြောင့် ကုနင်းသည် သူမ၏ မှော်အစွမ်းကို တိုက်ရိုက်အသုံးမပြုနိုင်ပေ။ သူမသည် စွမ်းအင်သလင်းကျောက်များကိုသာ အသုံးပြုနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် စုန့်မြောင်ကော၏ မိခင်၏ဒဏ်ရာသည် ပြင်းထန်သော်လည်း၊ သူမ၏အသက်သည် လက်ရှိအချိန်တွင် မစိုးရိမ်ရပါ။
စွမ်းအင်သလင်းကျောက်တစ်လုံးကို သောက်ပြီးနောက် သူအဆင်ပြေသွားမည်ဖြစ်ပြီး ကုနင်းက သူမကို နှစ်လုံးတိုက်လိုက်သည်။ ဖျားနာခြင်းနှင့် နာကျင်မှုအနည်းငယ်ရှိသူသာ တစ်ကြိမ်လျှင် စွမ်းအင်သလင်းကျောက်နှစ်လုံးကို သောက်ပါက အန္တရာယ်ဖြစ်နိုင်သည်။
စုန့်မြောင်ကော၏မိခင်သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူမသည် သွေးများစွာ ကုန်ဆုံးခဲ့ရသောကြောင့် စွမ်းအင်သလင်းကျောက်နှစ်လုံးကို ပေါင်းစည်းနိုင်ကာ ပိုမိုကောင်းမွန်သောအကျိုးသက်ရောက်မှုကို ရရှိမည်ဖြစ်သည်။
စုန့်မြောင်ကော၏မိခင်သည် စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက်တွင် သူမသည် လျင်မြန်စွာ သွေးထွက်ခြင်းကို ရပ်သွားပြီး အခန်းအတွင်းရှိ အခြားလူများကို ထိတ်လန့်စေခဲ့သည်။
"အခု ခွဲစိတ်မှု လက်စသတ်တော့!" ကုနင်းက သူတို့ကို အေးစက်စွာ လှမ်းပြောလိုက်သည်နှင့် ခွဲစိတ်မှုပြုလုပ်သော ဆရာဝန်က ချက်ချင်းပင် သတိပြန်၀င်လာကြသည်။ နှလုံးတုန်လှုပ်မှုကို မျိုသိပ်ပြီး ခွဲစိတ်မှုကို ပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူတို့အပေါ် ကုနင်းရဲ့ ဝေဖန်မှုကို ဂရုမစိုက်ပေ။
ခွဲစိတ်ကုတင်ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရသူသည် သာမန်လူမဟုတ်သောကြောင့် မတော်တဆမှုမျိုး မဖြစ်စေရန် မျှော်လင့်ကြသည်။ ခွဲစိတ်ခန်းထဲက မြင်ကွင်းကြောင့် ပြန်ရောက်လာတဲ့ ဆရာဝန်လည်း အံ့ဩသွားသည်။
ကုနင်းသည် သွေးထွက်ခြင်းကို ရပ်တန့်ရန် ကူညီပေးကြောင်း သိရှိပြီးနောက် သူ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ လက်ရှိအခြေအနေသာမဟုတ်ရင် သူ ကုနင်းကို အသေးစိတ်မေးမိလိမ့်မည်။
ဒဏ်ရာက သွေးထွက်တာရပ်သွားပေမယ့် သွေးအရမ်းထွက်ထားတာကြောင့် သွေးသွင်းဖို့ လိုအပ်ပါသေးသည်။ သို့သော်လည်း ကုနင်း၏ စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက် သူမသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသောကြောင့် ဆရာဝန်သည် အချိန်တိုအတွင်း ခွဲစိတ်မှုကို အပြီးသတ်နိုင်ခဲ့သည်။
ကုနင်းသာလျှင် ခွဲစိတ်ခန်းထဲ ဝင်နေပြီး စုန့် မိသားစု၏ အခြားမိသားစု၀င်များသည် အပြင်တွင် နေခဲ့ကြသည်။
အများစုက ကုနင်းကို ယုံကြည်ကြသော်လည်း စိုးရိမ်နေကြဆဲဖြစ်သည်။ စုန့်မြောင်ကော ၏မိခင်သည် အန္တရာယ်မကင်းသေးသရွေ့ သူတို့ သက်သာရာရမည်မဟုတ်ပေ။
ကုနင်းသည် သွေးထွက်ခြင်းကို ရပ်တန့်ပြီးနောက် ထွက်လာနိုင်သော်လည်း သူမ မလုပ်ခဲ့ပေ။ ခွဲစိတ်မှုပြီးခါနီးအထိ သူမ အပြင်မထွက်ဘဲ ဆရာဝန်တွေက ဒဏ်ရာကို စတင်ချုပ်မှ ထွက်လာခဲ့သည်။
”ကုနင်း ဘယ်လိုလဲ"
“မစ္စကု အဆင်ပြေရဲ့လား" ကုနင်းထွက်လာပြီးတာနဲ့ စုန့်မိသားစုက ချက်ချင်း သူ့ကို ဝိုင်းကာ မေးကြသည်။
“စိတ်မပူပါနဲ့၊ အခု သူ့အသက်အန္တရာယ် လွတ်သွားပါပြီ။ ဆရာဝန်က ဒဏ်ရာကို ချုပ်နေပြီ” ဟု ကုနင်းက ပြောသည်။ ထိုစကားကိုကြားသောအခါ စုန့်မိသားစုက သက်ပြင်းတစ်ချက်ချလိုက်သည်။
"မစ္စကု ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်" စုန့် မိသားစုက ကုနင်းကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောသည်။
"ရပါတယ်၊ မြောင်ကောနဲ့ ကျွန်မက သူငယ်ချင်းပါ။ ကျွန်မတို့က သူငယ်ချင်းဆိုတော့ အချင်းချင်း ကူညီသင့်တယ်လေ” ဟု ကုနင်းက ပြောသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက စုန့်မြောင်ကောရဲ့အမေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ဖို့ တစ်ခုခုလုပ်ရမည်။ ကုနင်းအား ပိုက်ဆံပေးတာ မသင့်တော်ဘူးလို့ သခင်ကြီးစုန့်က ခံစားမိတဲ့အတွက် နောက်ပိုင်းမှာ နောက်ထပ် အကြံဥာဏ်တွေပေးဖို့ စုန့်မြောင်ကောကို မေးဖို့ဆုံးဖြတ်ခဲ့သည်။
နောက်ထပ် မိနစ် ၂၀ အကြာမှာတော့ ဒဏ်ရာကို ချုပ်ပြီး ဆရာဝန်က ထွက်လာခဲ့သည်။ စုန့်မြောင်ကော ၏မိခင်သည် ယခုအချိန်တွင် အသက်အန္တရာယ်မှ လွတ်ကင်းသွားပြီဖြစ်ကြောင်း အားလုံးသိကြသော်လည်း ဆရာဝန်မှထွက်လာသောအခါတွင် သူမ၏အခြေအနေအတွက် မေးမြန်းနေကြဆဲဖြစ်သည်။
ဆရာဝန်က ကုနင်းကို သိသိသာသာ သဘောကျနေတဲ့ မျက်နှာနဲ့ သခင်ကြီးစုန့် ကို ကြည့်ပြီး "ဒီမိန်းကလေးက လူနာကို ဘာဆေး ပေးခဲ့မှန်း မသိပေမယ့် တော်တော် ထိရောက်တယ်ဆိုတာ သေချာပါတယ်။ သူ့ဆေးကြောင့် ဒဏ်ရာက သွေးထွက်တာ ရပ်သွားပြီး လူနာက ခွန်အားတွေ ပြန်ရလာတယ်။ ဒါ့ကြောင့် သူ့အသက်အန္တရာယ်က လွတ်မြောက်သွားပါပြီ။ ပြန်ကောင်းလာဖို့အတွက် သူ့ကို အထွေေထွကုသဆောင်ထဲ ခေါ်သွားနိုင်ပါတယ်”
ယေဘူယျအားဖြင့်၊ ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် ကြီးကြီးမားမား ခွဲစိတ်မှု ခံယူထားသူများသည် ၎င်းတို့၏ အသက်အန္တရာယ်ရှိနေနိုင်သောကြောင့် အထူးကြပ်မတ်ကုသဆောင်သို့ ဝင်ရောက်သင့်သည်။ စုန့်မြောင်ကော၏မိခင်ဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ခွဲစိတ်မှုကြီးလုပ်ခဲ့ရသည်။ အရင်က ဆရာဝန်တွေက ယုံကြည်မှု သိပ်မရှိပေမယ့် အခုချိန်မှာတော့ သူမရဲ့ အသက်အန္တရာယ်က လုံးဝကို လွတ်မြောက်သွားပြီဆိုတာ သေချာသွားပါပြီ။ ထို့ကြောင့် သူမသည် အထွေထွေ ကုသဆောင်တွင် နေနိုင်သည်။
"ဘာ? တကယ်လား? အရမ်းကောင်းတာပဲ!" အဲဒါကိုကြားတော့ စုန့် မိသားစုက အရမ်းပျော်သွားပြီး ကုနင်းကို ထပ်ပြီး ကျေးဇူးတင်ကြပြန်သည်။
"အင်း မစ္စကု ငါတို့ သီးသန့်စကားပြောလို့ရမလား" ဆရာဝန်က ကုနင်းကို မျှော်လင့်ချက်နဲ့ မေးသည်။
ကုနင်းက သူ့ကို ဆရာဝန် ဘာပြောချင်တာလဲဆိုတာ အလွယ်တကူ သိနိုင်တာကြောင့် သူမ မ နှောင့်နှေးနေဘဲ “ဆေးအကြောင်း မေးချင်ရင်တော့ ကျွန်မ ဘာမှ မပြောနိုင်တော့မှာ ဆိုးရတယ်။ သခင်တစ်ယောက်က ကျွန်မကိုပေးခဲ့တာပါ။ ဒီဆေးကို ဘယ်လိုဖန်တီးထားလဲမသိဘူး။ အရင်က ဆေးရုံတွေမှာ လေ့လာခဲ့ပေမယ့် ရလဒ်မထွက်ခဲ့ပါဘူး။ ကျွန်မမှာလည်း အများကြီးမရှိဘူး ပြီးတော့ မြောင်ကော ရဲ့အမေကို ဆေးနှစ်လုံးတိုက်ခဲ့တယ်။ တောင်းပန်ပါတယ် ဒေါက်တာလိုချင်ရင်တောင် ပေးလို့မရဘူး"
ဒါကို ဆရာဝန်ကကြားတော့ တော်တော်စိတ်ပျက်သွားသည်။ ဒါပေမယ့် ကုနင်းက အဲ့ဒီလိုပြောပြီးကတည်းက သူ့ကိုကူညီဖို့ အတင်းအကြပ်မလုပ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ပါဝင်ပစ္စည်းများပါသော ဤလျှို့ဝှက်ဆန်းကြယ်သောဆေးကြောင့် သူအံ့အားသင့်ေနရသည်။
ကုနင်းက သူ့ကို လိမ်နေတယ်လို့ ထင်ခဲ့ပေမယ့် ကုနင်းက သူမ မကူညီနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားမို့ သူ ဘာမှ မပြောနိုင်ခဲ့ေပ။ သူ ဒီအကြောင်းကို ထပ်ပြောရင်တောင် ကုနင်းက သူ့ကို ပေးမည်မဟုတ်ပေ။ များများပြောေနလျှင်လည်း အသုံး၀င်မည်မဟုတ်။
စုန့်မိသားစုသည် ကုနင်း၏စကားကိုကြားသောအခါ သူတို့သည် သူမကို ပို၍ပင် ကျေးဇူးတင်လာကြသည်။ ဤထိရောက်သောဆေးသည် အလွန်စျေးကြီးေလာက်မည်။ ကုနင်းက ဒီဆေးက တော်တော်ရှားတယ်လို့ ပြောသည်။ ဒါပေမယ့် သူက စုန့်မြောင်ကော ရဲ့ အမေကို ဆေးနှစ်ပြား တိုက်လိုက်ပြီး ကုနင်းက သူတို့မိသားစုအပေါ် တကယ်ကို ကြင်နာကြောင်း ပြသခဲ့သည်။
ခဏအကြာတွင်၊ စုန့်မြောင်ကော ၏မိခင်သည် ခွဲစိတ်ခန်းထဲမှ ထွက်လာပြီး လူနာဆောင်ထဲသို့ အတူတူသွားကြသည်။ စုန့် ၏မိသားစုသည် သာမာန်မိသားစုမဟုတ်သောကြောင့် ၎င်းတို့သည် အဆင့်မြင့် ဗီအိုင်ပီအဆောင်တစ်ခုတွင် စီစဉ်ပေးထားသည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် ဧည့်ခန်းတွင် နေခဲ့ပြီး အတွင်းခန်းထဲသို့ မဝင်ခဲ့ပေ။ စုန့်မြောင်ကော၏မိခင်သည် တိတ်ဆိတ်ပြီး လတ်ဆတ်သောလေကို လိုအပ်သောကြောင့် စုန့်သားစုသည် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ လူများလွန်းလျှင် လေထုသည် သဘာဝအတိုင်း လတ်ဆတ်မှု နည်းပါးလိမ့်မည်။
စုန့် မိသားစုက ကုနင်းနဲ့ ပိုင်လီကျုံးရွှယ် ရောက်နေတာကို မသိလိုက်တဲ့အတွက် သခင်ကြီးစုန့်က သူတို့ကို တောင်းပန်ခဲ့သည်။ သို့သော် အမှန်တကယ်ပင် သူတို့ စိတ်မရှိပါ။
အဲဒီနောက်မှာတော့ ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်က ထွက်သွားခဲ့ပြီး စုန့်မြောင်ကောက သူ့အမေကို ပြုစုစောင့်ရှောက်ဖို့ ဆေးရုံမှာ ကျန်ခဲ့သည်။