အခန်း (၁၈၄၃-၁၈၄၈)
Vol. 114 Ch. 1843-1848
အခန်း ၁၈၄၃ မင်းကို အရမ်းလိုချင်တယ်
လင်ရှောင်းထင်က ပေါ့ပေါ့တန်တန် ပြောသော်လည်း ကုနင်းသည် သူ့အကြည့်မှ သူ၏ တကယ့်ရည်ရွယ်ချက်ကို သိသည်။ သူ့မျက်လုံးထဲတွင် လိုချင်စိတ်ဆန္ဒများ လွှမ်းခြုံနေသည်။ ယခုအချိန်တွင် ကုနင်းသည် သူတကယ်လုပ်ချင်သည့်အရာကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့တဲ့အတွက် သူမ ရုတ်တရက် ရင်တုန်ေနမိသည်။
တောက်ပသောနေ့တစ်နေ့ဖြစ်သော်လည်း လင်ရှောင်းထင်သည် သူမနှင့်ယခု အတူနေချင်နေသည်။
ရိုးရိုးသားသားပြောရရင် ကုနင်းလည်း သူ့နှင့် မအိပ်ရတာကြာပြီဆိုတော့ လိုချင်မိသည်။
လင်ရှောင်းထင်၏အမည်အောက်တွင် အိမ်များစွာရှိသော်လည်း တောင်မြစ်ကမ်းဥယျာဉ်၏ တည်နေရာသည် ဗဟိုချက်အကျဆုံးဖြစ်ပြီး ထိုနေရာမှ မည်သည့်လမ်းကြောင်းမှသွားရန် အဆင်ပြေသောကြောင့် ထိုနေရာတွင်သာ သူ မကြာခဏနေလေ့ရှိသည်။
သူသည် အခြားအိမ်များတွင် မနေသော်လည်း ၎င်းတို့ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ အခြားအိမ်များတွင် နေချင်သည့်အခါတိုင်း ကောက်နေလိုက်ရုံပင်။
လင်ရှောင်းထင် ကားပေါ်မှဆင်းသွားပြီးနောက် ကုနင်းလည်း လိုက်ဆင်းလာပြီး လင်ရှောင်းထင်သည် သူမလက်ကို ချက်ချင်း ကိုင်ကာ ဂိတ်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူ သည်းမခံနိုင်တော့တဲ့အတွက် ခပ်မြန်မြန် လျှောက်လာသည်။
ကုနင်းက ရယ်မောကာ ညည်းညူလိုက်သည်။ "ဘာလို့ဒီလောက်မြန်မြန်လျှောက်နေတာလဲ"
“နင်းနင်း၊ မင်းဉာဏ်ကောင်းပြီးသားပဲ။ အကြောင်းရင်းကို မင်းသိပြီးသားဖြစ်မယ်လို့ ကိုယ်ထင်တယ်” လင်ရှောင်းထင်သည် လူဆိုးအပြုံးဖြင့် ကုနင်းကို သိသာထင်ရှားသော ဆန္ဒဖြင့် ကြည့်လိုက်သည်။
အဲဒါကိုကြားတော့ ကုနင်းရဲ့ မျက်နှာမှာ ရှက်ရွံ့မှုတစ်ခု ပေါ်လာသည်။ သူမ နားမလည်သလို ဟန်ဆောင်လိုက်ကာ "ရှင်ဘာကိုဆိုလိုတာလဲ?"
"တကယ်လား? မင်းမသိဘူးလား။ ကောင်းပြီလေ မကြာခင် သိလာလိမ့်မယ်" လင်ရှောင်းထင် သည် သော့ကိုထုတ်ကာ တံခါးကိုဖွင့်လိုက်သည်။ သူတို့ ဝင်သွားပြီးနောက် တံခါးကိုပိတ်လိုက်ပြီး ကုနင်းကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့လိုက်သည်။
“ရှင်…”
ကုနင်းသည် လင်ရှောင်းထင်၏ ရုတ်တရက် လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး လင်ရှောင်းထင်ကို စိုက်ကြည့်လိုက်သော်လည်း ခြိမ်းခြောက်မှုက အရာမထင်။ ယင်းအစား လင်ရှောင်းထင် သည် သူမ၏ လှပသော မျက်လုံးတွေဆီ အာရုံရောက်သွားခဲ့သည်။ တစ်စက္ကန့်မျှတစ်စက္ကန့်မျှပင် မစောင့်နိုင်တော့ဘဲ သူမကို နမ်းလိုက်သည်။
သူတို့ အခု အပြင်မှာ မဟုတ်၍ ကုနင်းက သူ့ကို မတားပေ။ သူ့လည်ပင်းကို သိုင်းဖက်ကာ ပြန်နမ်းသည်။
အခု သူတို့လိုချင်တဲ့အရာက နမ်းရုံနဲ့တင်မကတဲ့အတွက် နောက်တနာရီလောက် အိပ်ယာထဲမှာ ကုန်ဆုံးကြတော့မည်။
…
ရုန်ကျဲ့ချန်သည် ယနေ့ စာသင်နှစ်အသစ်အတွက် ကျောင်းသို့ ပြန်သွားခဲ့သည်။ သူရောက်လာသည်နှင့် တပြိုင်နက် ကုနင်းကိုတွေ့ရန်အတွက် စစ်လေ့ကျင့်ရေးနေရာသို့သွားသည်။
ရုန်ကျဲ့ချန်သည် ကုနင်းကို သဘောကျသောကြောင့် တွေ့ချင်ခြင်းမဟုတ်ပါ။ သူတို့သည် တစ်ကြိမ်မျှသာ ဆုံဖူးပေသည်။ သို့သော် သူမအပေါ် ကောင်းသော အထင်အမြင်လည်း ကျန်ရှိခဲ့သည်။
သို့သော် သူသည် စီးပွားရေးဌာန၏ Class A လေ့ကျင့်ရေးကွင်းသို့ ရောက်ပြီးနောက် အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် ကုနင်းကို မတွေ့ပေ။
"တစ်ယောက်ယောက်ကို ရှာနေတာလား" ရုန်ကျဲ့ချန်၏ နောက်ကျောမှ အေးစက်သော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ရုန်ကျဲ့ချန် လန့်သွားသည်။ သူသည် ထိုလူကို ချက်ချင်းကြည့်ကာ "အို ဟိုင်း အကို" ဟုပြောသည်။
"ဟိုင်း" ရုန်ကျွယ်က ပြန်ဖြေတယ်။
သူ့ကို ခေါ်လိုက်တဲ့သူက ရုန်ကျွယ် ဖြစ်ပြီး သူက ရုန်ကျဲ့ချန်ရဲ့ အစ်ကိုဖြစ်သည်။
"ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့ လာခဲ့တာ၊ ဒါပေမယ့် သူ ဒီမှာ မရှိဘူး" ဟု ရုန်ကျဲ့ချန် က စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြောသည်။
ရုန်ကျွယ်က မျက်မှောင်ကြုတ်ကာ "ကုနင်းကို ရှာနေတာလား" ဟု မေးသည်။
ဒီမေးခွန်းကို သူမေးခဲ့ပေမဲ့ အဖြေရပြီးသားပါ။ ရုန်ကျဲ့ချန်နှင့် ကုနင်း တစ်ယောက်ကိုတစ်ယောက် သိနေတယ်ဆိုတာကို သိတာကြောင့် မဟုတ်ပဲ ဒါက စီးပွားရေးဌာနရဲ့ Class A အတွက် လေ့ကျင့်ရေးကွင်းဖြစ်ပြီး ဒီနေ့ ပျက်ကွက်တဲ့ ကျောင်းသားက ကုနင်း ဖြစ်တဲ့အတွက် ရုန်ကျဲ့ချန်က ကုနင်းကို ရှာနေတယ်ဆိုတာ ထင်ရှားသည်။
"မင်းဘယ်လိုလုပ်သိတာလဲ" ရုန်ကျဲ့ချန်သည် ထိုစကားကိုကြားသောအခါ အံ့သြစွာ မျက်လုံးပြူးသွားသည်။
ရုန်ကျဲ့ချန်က ကုနင်းကိုတွေ့ဖို့ လာတယ်ဆိုတာကို မှန်ကန်စွာ ခန့်မှန်းခဲ့ပေမယ့် သူ ဝန်ခံလိုက်တာနဲ့ သူ့စိတ်ထဲမှာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရတဲ့အတွက် သူ့အသံက နည်းနည်းလေးနက်လာသည်။ “ဒါက စီးပွားရေးဌာနရဲ့ Class A သင်တန်းပါ။ ဒီနေ့ ကုနင်း တစ်ယောက်တည်း မရှိတာ"
"အင်း မင်းပြောတာမှန်တယ်!" ရုန်ကျဲ့ချန်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
ရုန်ကျွယ်၏ စိတ်နေသဘောထား အပြောင်းအလဲကိုတော့ ရုန်ကျဲ့ချန်သည် သတိမထားမိပေ။ ရုန်ကျွယ်၏ စိတ်နေစိတ်ထားမှာ အမြဲတမ်း အေးစက်နေပြီး လူတိုင်းကို ဤသို့ ဆက်ဆံသောကြောင့် ဖြစ်သည်။
အေးစက်ခြင်းဟုပြောရလျှင် တကယ်တော့ ရုန်ကျွယ်သည် လင်ရှောင်းထင် လောက်မအေးစက်သလို ရုန်ကျွယ်က ပိုလေးနက်တဲ့သူဖြစ်ပြီး လင်ရှောင်းထင်ကမူ သူ့နှလုံးသားအောက်ခြေကနေ အေးစက်နေတာဖြစ်ပေသည်။
သို့သော် ကုနင်းနှင့်တွေ့ပြီးနောက်တွင် သူသည် များစွာပြောင်းလဲသွားခဲ့သည်။
"မင်း ကုနင်းနဲ့ ရင်းနှီးလား" ရုန်ကျွယ်က မေးသည်။ ရုန်ကျဲ့ချန်က ကုနင်းကို တွေ့ဖို့လာကတည်းက သူတို့ အချင်းချင်း သိနေလောက်ပေမယ့် သိတာနဲ့ ရင်းနှီးတာက မတူညီတဲ့ အရာနှစ်ခုပါပဲ။
“မဟုတ်ဘူး၊ ငါတို့ တစ်ကြိမ်ပဲ ဆုံဖူးတာ။ ငါသူမဆိုတာကိုတောင်မသိပါဘူး။ ကုနင်းက အရမ်းတော်ပြီး ထူးချွန်တဲ့ မိန်းကလေးလို့ ထင်တယ်။ သူနဲ့ သူငယ်ချင်းဖွဲ့ချင်ရုံပါ” ဟု ရုန်ကျဲ့ချန် က ဆိုသည်။
"အိုး" ရုန်ကျွယ်က ပြန်ဖြေပြီး ဘာမှ ထပ်မပြောတော့ပါ။ ထို့နောက် ဆက်လက်စစ်ဆေးရန် ထွက်သွားခဲ့သည်။
ရုန်ကျဲ့ချန်သည်လည်း ကုနင်းကို မတွေ့ရဘဲ ပြန်သွားခဲ့သည်။
…
တစ်ချိန်တည်းမှာပင် ရက်ပေါင်းများစွာ အတူမနေရတဲ့ လင်ရှောင်းထင် ဟာ အချိန်တိုအတွင်း မကျေနပ်နိုင်သေးပေ။
အစပိုင်းမှာတော့ ကုနင်းက စိတ်လှုပ်ရှားနေပေမယ့် တဖြည်းဖြည်း အရမ်းများလာသလို ခံစားလာရ၍ ရပ်တန့်ဖို့ တောင်းဆိုလိုက်ရသည်။
နှစ်ယောက်စလုံး မောပန်းသွားသည်အထိ မရပ်တန့်ခဲ့ကြပေ။ ထိုအချိန်က ညနေ ၄ နာရီကျော်ပြီဖြစ်၍ သူတို့ အိပ်ရာထဲတွင် နှစ်နာရီကြာအောင်နေခဲ့ကြသည်။ ထိုအချိန်အတွင်း သူတို့သည် နှစ်မိနစ်မျှသာ အနားယူခဲ့ကြသည်။
"နင်းနင်း၊ ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းနဲ့ မအိပ်ရတာ ကြာပြီမို့ ကိုယ် မင်းကို အရမ်းလိုချင်နေလို့ပါ" သူ့ကြောင့် ကုနင်း၏ စိတ်မသက်မသာအမူအရာကိုကြည့်ရင်း လင်ရှောင်းထင်သည် အလွန်အပြစ်ရှိသလို ခံစားခဲ့ရသည်။
"ကျွန်မသိပါတယ်၊ ရှင့်ကို အပြစ်မတင်ပါဘူး" ဟု ကုနင်းကပြောသည်။ သူမ အဆင်မပြေသော်လည်း လင်ရှောင်းထင်ကို အပြစ်တင်ရန် မရည်ရွယ်ပါ။ သူ သူမကို လေးလေးနက်နက် ချစ်တာကြောင့် သူဒီလိုလုပ်တာဖြစ်သည်။
နာရီဝက်လောက် အနားယူပြီးတော့ အိပ်ရာမှထကြသည်။
"ကိုယ် မင်းကို တစ်နေရာဆီ ခေါ်သွားပါရစေ"
"ဘယ်ကိုလဲ?"
“မင်းသိလာမှာပါ” လင်ရှောင်းထင်က ဒါကို လျှို့ဝှက်ထားပြန်သည်။
“ဟုတ်ပြီ!” ကုနင်းက ဆက်မေးရန် စိတ်မ၀င်စား။
ကားသည် XX လမ်းသို့ရောက်သောအခါ ကုနင်းသည် လင်ရှောင်းထင်သည် သူမကို ခေါ်သွားမည့်နေရာကို ခန့်မှန်းနိုင်ခဲ့သည်။ သူမ အထင်မမှားပါက လင်ရှောင်းထင် သည် လင်ယွင်ဟန်က ကျင်းယွင်ယောင်အတွက် အထူးတည်ဆောက်ထားသော သီးသန့်အိမ်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။
ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဤအိမ်သို့ ရောက်ဖူးသော်လည်း လင်ရှောင်းထင်နှင့် သူမ ထိုအကြောင်းကို မပြောရသေးပါ။
လင်ရှောင်းထင်သည် သူမကို ထိုအိမ်တော်သို့ ခေါ်ဆောင်သွားတော့မည်ဟု ကုနင်းသည် ယခု ရိပ်မိသော်လည်း သူမ ဘာမှ မပြောတော့ပေ။
သူတို့အိမ်ကြီးသို့ တိတ်တဆိတ်ရောက်လာဖူးကြောင်း လင်ရှောင်းထင် သိသွားမည်ကို သူမကြောက်သောကြောင့် မဟုတ်ပါ။ လင်ရှောင်းထင်သည် ၎င်းအတွက် စိတ်မချမ်းသာမဖြစ်နိုင်လောက်ကြောင်းကို ကုနင်းသိသည်။
ဒါပေမယ့် သူမ ဒီကိုရောက်ဖူးတယ်ဆိုတာ သူသိရင် ဒီတစ်ကြိမ် သူမအားဒီကိုခေါ်လာတဲ့ သူရဲ့ အဓိပ္ပါယ်ကို ထိခိုက်စေလိမ့်မည်။ သူမကို အံ့အားသင့်စေချင်တာကြောင့် သူတို့ ဘယ်သွားမယ်ဆိုတာကိုတောင် မပြောပဲ ခေါ်လာတာလေ။
ကုနင်းသည် ယခင်က ခြံကြီးသို့ တစ်ကြိမ်ရောက်ဖူးပြီး ခြံကြီး၏ပုံစံကို သိသော်လည်း သူမသည် ပရဒိသုဘုံကဲ့သို့ဖြစ်သည့် ဤအိမ်ကြီးကို တကယ်နှစ်သက်သောကြောင့် ဤအိမ်ကြီးကို နောက်တစ်ကြိမ်လာရန် မျှော်လင့်မိဆဲဖြစ်သည်။
အံ့သြစရာမရှိဘဲ လင်ရှောင်းထင်က ကုနင်းကို အိမ်တော်ရဲ့ အပြင်ဘက်ကို ခေါ်ဆောင်လာပြီး တစ်စုံတစ်ယောက်က တံခါးကိုဖွင့်လိုက်သောကြောင့် လင်ရှောင်းထင် က ကားကို အထဲသို့မောင်းဝင်လိုက်သည်။
ကုနင်းသည် ယခင်က ဤနေရာသို့ ရောက်ဖူးသော်လည်း သူမသည် နံရံကို ကျော်တက်ကာ ဝင်ရောက်ခဲ့ရသည်။ ထို့ကြောင့် ဤအိမ်၏အမည်ကို သူမ မမြင်နိုင်ခဲ့ပါ။ သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် အိမ်ရှေ့တံခါးမှ ဝင်လာသောကြောင့် ကုနင်းသည် ၎င်း၏အမည်မှာ ရှောင်းယောင်အိမ်တော် ဖြစ်သည်ကို တွေ့လိုက်ရသည်။
ရိုးရိုးသားသားပြောရလျှင် ဤအမည်သည် အလွန်အသုံးများသော်လည်း ၎င်းသည် အလွန်အဓိပ္ပာယ်ရှိသည်။ လင်ယွင်ဟန်သည် လောကီစိုးရိမ်မှုများကို ဘေးဖယ်ထားပြီး သူ၏ချစ်ခြင်းမေတ္တာဖြင့် ဤနေရာတွင် ပျော်ရွှင်သောဘဝဖြင့် နေထိုင်နိုင်မည်ဟု မျှော်လင့်သောကြောင့် ဤအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကွေ့ဟွားပန်းပွင့်ချိန်ဖြစ်တဲ့ စက်တင်ဘာလဖြစ်သောကြောင့် အိမ်ထဲသို့မဝင်မီ ကုနင်းသည် မွှေးကြိုင်သော ကွေ့ဟွားရနံ့ကို အနံ့ရလိုက်သည်။
***
အခန်း ၁၈၄၄ ဒီည ရှင်နဲ့အတူနေမယ်
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပန်းပင်လယ်ပြင်ကို တွေ့လိုက်ရသည်။
စက်တင်ဘာလတွင် မပွင့်ဖူးသော ပန်းအချို့သည် ပွင့်မလာသေးသော်လည်း ပွင့်သောလများအလိုက် မတူညီသော ပန်းမျိုးစုံကို နေရာအနှံ့တွင် စိုက်ပျိုးထားသောကြောင့် မြင်ကွင်း၏ အလှကို မထိခိုက်စေပါ။
ဩဂုတ်လနှင့် စက်တင်ဘာလတွင် ပွင့်ခဲ့သော ပန်းများမှာ ကွေ့ဟွား ၊ စပယ် ၊ ဂန္ဓမာနှင့် နှင်းဆီစသည်တို့ဖြစ်သည်။
"ကြည့်ကောင်းလား?" လင်ရှောင်းထင်သည် အိမ်ထဲသို့ ဝင်ပြီးနောက် ကုနင်းကို မေးသည်။
“ဒါပေါ့ အရမ်း အံ့သြစရာကောင်းတာပဲ” ကုနင်းက ပြောသည်။
“ဒါ ကိုယ့်အဖေက ကိုယ့်အမေအတွက် အထူးဆောက်ပေးထားတဲ့ သီးသန့်အိမ်လေ။ အမေ့ကို လက်ထပ်ခွင့်တောင်းတာလည်း ဒီမှာပဲ။ ဒီအိမ်ရဲ့အိမ်နောက်ဖေးက ဒဏ္ဍာရီမြေတစ်ခုလို လှလို့ ကိုယ်တို့မိသားစု အပန်းဖြေခရီးထွက်ဖို့ မကြာခဏဆိုသလို ဒီကိုလာလေ့ရှိတယ်။ နွေရာသီမှာဆို အရမ်းမိုက်တယ်လေ။ ကိုယ့်အမေရဲ့ သရုပ်မှန်ကို ကိုယ်မသိခင်က အဖေဘာလို့ ဒီနေရာကို ဂန္ထဝင်ပုံစံဖြစ်အောင် လုပ်ခဲ့တာလဲဆိုတာ နားမလည်ခဲ့ဘူး။ ကိုယ့်အမေက ကျင့်ကြံရေးလောကက လာပြီး အဲဒီကမ္ဘာက အဆောက်အဦတွေအားလုံးက ရှေးကျတဲ့ အဆောက်အအုံတွေဆိုတော့ သူက အဲ့လိုပုံစံတွေနဲ့ ကျင့်သားရနေပြီ။ သူက ဒီလိုပုံစံနဲ့ဆို ပိုရင်းနှီးသလို ခံစားရတာပေါ့” ဟု လင်ရှောင်းထင်က ပြောလာသည်။
ကားကို ပင်မအဆောက် အအုံရှေ့မှာ ရပ်လိုက်ပြီး သူတို့ ထွက်လာကြသည်။ လင်ရှောင်းထင်က ကုနင်းရဲ့လက်ကို လှမ်းကိုင်လိုက်သည်။
တံခါးအပြင်ဘက်တွင် လင်ရှောင်းထင်၏ကားမဝင်လာမီတွင် အစေခံ သုံးဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးက သူတို့ကို စောင့်နေပြီဖြစ်သည်။ စောစောက သူတို့အတွက် တံခါးဖွင့်ပေးသော လူလတ်ပိုင်းအရွယ်လူကြီး အပါအဝင်သူတို့သည် အိမ်ကြီးကို စောင့်ရှောက်ကာ ဤနေရာတွင် နေထိုင်သူများဖြစ်သည်။
"အိမ်ကနေကြိုဆိုပါတယ်။ သခင်လေးလင်"
သူတို့သုံးယောက်က လင်ရှောင်းထင်ကို တလေးတစား နှုတ်ဆက်ကြသည်။
"ကိုယ့်အလုပ်သွားလုပ်လို့ရတယ်။ ဒီနေ့ ဒီမှာ ထမင်းစားမယ်” ဟု လင်ရှောင်းထင် က ပြောသည်။
“ဟုတ်ကဲ့ပါ” သူ့အမိန့်ကို နာခံကြသည်။
လင်ရှောင်းထင်က ကုနင်းကို ခေါ်သွားတော့ သူတို့လည်း သူတို့အလုပ်တွေလုပ်ဖို့ ထွက်သွားကြသည်။
လင်ရှောင်းထင်သည် မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာပြီး သူမလက်ကို ကိုင်လာသည်ကို အံ့သြမိသော်လည်း ယင်းအကြောင်းကို မမေးခဲ့ကြပေ။
သူတို့သည် ဤအိမ်ကြီးတွင် နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ လင်ယွင်ဟန် ဒီအိမ်တော်ကို ဆောက်တုန်းထဲက သူတို့ဒီမှာ ရှိနေခဲ့သည်။ သူတို့သည် လင်ရှောင်းထင်ကို တွေ့ရခဲသော်လည်း သူ့စရိုက်ကို သူတို့ အနည်းငယ် သိသည်။ သူသည် မိန်းမများနှင့် ခပ်ဝေးဝေးတွင် အမြဲရှိနေသည်ကို သတိပြုမိကြသည်။
ထို့အတွက်ကြောင့် လင်ရှောင်းထင် တစ်ယောက်တည်း အိုမင်းသွားမည်ကိုပင် စိုးရိမ်ခဲ့ကြသည်။
သို့သော်လည်း လင်ရှောင်းထင်သည် ယခုအခါ မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ခန့်မှန်းကြည့်ရန် သို့မဟုတ် မေးရန်ပင်မလိုပါ၊ သူမသည် သူ့ရည်းစားဖြစ်ရမည်။
သူတို့သည် လင်ရှောင်းထင်နှင့် အတနေရတာ အချိန်အနည်းငယ်သာရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုမရှိကြသော်လည်း အနှစ် ၂၀ ကျော်ကြာ သခင်နှင့် အစေခံများဖြစ်ကြသောကြောင့် လင်ရှောင်းထင် အားပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ဖို့ကို မျှော်လင့်ခဲ့ကြသည်။
လင်ရှောင်းထင်သည် အခြားသူများအပေါ် အေးစက်နေသော်လည်း ၎င်းတို့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ။ ယင်းအစား သူတို့သည် ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရသည်။
လင်ရှောင်းထင်သည် ၎င်းတို့အား အလွန်ရက်ရောသော လစာများပေးကာ အိမ်တစ်လုံးစီ ပေးခဲ့သည်။ တိကျစွာ ဆက်ဆံမှု ကောင်းကောင်း ပေးသောကြောင့် ဤအိမ်ကြီးကို တတ်နိုင်သမျှ အကောင်းဆုံး ပြုစုစောင့်ရှောက်မည်ဟု သူတို့ ကတိပေးခဲ့သည်။
သူတို့မှာ အလုပ်လုပ်ဖို့ စွမ်းရည်မရှိတော့တာ ဒါမှမဟုတ် လင်ရှောင်းထင်က သူတို့ကို မလိုအပ်ဘူးလို့ မပြောမချင်း ဒီကနေ ထွက်သွားမှာ မဟုတ်ပါ။
"ကိုယ်တို့အထဲမှာ လှည့်ပတ်ကြည့်လို့ရတယ်၊ ပြီးရင် သွားကြတာပေါ့" ဟု လင်ရှောင်းထင် က ပြောသည်။
"ကောင်းပြီ" ကုနင်းက ပြန်ဖြေသည်။
သူမ ဒီကို တစ်ခေါက်ရောက်ဖူးပေမယ့် အထဲကို ခိုးဝင်ခဲ့တာဖြစ်လို့ သူမမှာ ရှုခင်းတွေကို ခံစားခွင့်မရှိခဲ့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမသည် မိမိကိုယ်မိမိ ပျော်ပျော်နေရမည်။
လင်ရှောင်းထင်သည် ပင်မအဆောက်အဦတဝိုက်ဆီ ကုနင်းကို ခေါ်သွားပြီးနောက် အိမ်ကြီးတစ်ခုလုံး၏ အလှဆုံးဖြစ်သည့် အိမ်နောက်ဖေးသို့ ခေါ်သွားခဲ့သည်။
"အရမ်းလှတာပဲ!" ကုနင်းသည် အိမ်နောက်ဖေးသို့ ဝင်လိုက်သည်နှင့် မချီးမွမ်းဘဲမနေနိုင်။ သူမသည် ဤတစ်ကြိမ်တွင် မတူညီသော စိတ်ထားကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ ဤနေရာသို့ ရောက်ရှိလာသည့် နောက်ဆုံးအကြိမ်ကထက် ပိုလှသည်ဟု ခံစားမိသည်။
“မက်မွန်ပွင့်တွေ ပွင့်ရင် ပိုလှတယ်” ဟု လင်ရှောင်းထင်က ဆိုသည်။
"ဟုတ်တယ် အဲဒီအချိန်ကျရင် ကျွန်မတို့ ဒီကိုထပ်လာရအောင်"
"ကိုယ့်ပိုင်ဆိုင်မှုကက မင်းပိုင်တာပဲဖြစ်လို့ မင်းလိုချင်သလောက် အချိန်မရွေး လာနေနိုင်တယ်" လင်ရှောင်းထင်သည် ကုနင်းကို မြတ်နိုးသောအကြည့်ဖြင့် ကြည့်ကာ ပြောသည်။
"ဒါ ရှင်အဖေက အမေ့အတွက် ပေးတဲ့လက်ဆောင်မဟုတ်ဘူးလား" ကုနင်းက မေးသည်။ ဤနေရာသည် ကျင်းယွင်ယောင်အတွက် အတော်လေး အဓိပ္ပါယ်ရှိသည်။ အကယ်၍ သူမသည် ဤနေရာသို့ မကြာမကြာ လာပါက သင့်လျော်မည်မဟုတ်ပေ။
"ကိုယ်က အမေ့ရဲ့သားလေ! ဘာပဲဖြစ်ဖြစ် ကိုယ်တို့က မိသားစုပဲ။ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားနေဖို့ မလိုပါဘူး”
လင်ယွင်ဟန်သည် ကျင်းယွင်ယောင်အား ဤအိမ်ကြီးကို ပေးခဲ့သော်လည်း ကျင်းယွင်ယောင်သည် လွန်ခဲ့သော ၁၆ နှစ်က မတော်တဆမှုတစ်ခုဖြစ်ခဲ့သောကြောင့် ဤအိမ်မှာ လင်ရှောင်းထင်၏ နာမည်အောက်တွင် ရှိနေခဲ့သည်။
ကျင်းယွင်ယောင်ဟာ ပြန်လာခဲ့ပြီး သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရရှိခဲ့ပေမယ့် သူမရဲ့ အမည်မှန်ကို လူသိရှင်ကြားထုတ်ပြဖို့ ရည်ရွယ်ချက်မရှိပေ။
သူမသည် ကျင့်ကြံသူဖြစ်ပြီး ထာဝစဉ်အသက်ရှင်နိုင်သောကြောင့် ကျင်းယွင်ယောင်၏အသွင်အပြင်သည် နှစ်ပေါင်းတစ်ဒါဇင်ကျော်ကြာပြီးနောက်တွင် မပြောင်းလဲသွားကြောင်း အခြားသူများမြင်ပါက မလိုလားအပ်သောပြဿနာများဖြစ်ပေါ်လာမည်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် သူမသေပြီဟုသာ အပြင်လူများအား ယုံကြည်စေနိုင်သည်။ လေယာဉ်စီးရန် ID ကတ် လိုအပ်ပါက ရှန်းယောင်၏ အထောက်အထားကို ဆက်လက် အသုံးပြုနိုင်သည်။
ထို့အပြင် ရှန်းယောင်၏ ID ကတ်၌ပါရှိသည့် အသက်သည် ငယ်သေးသောကြောင့် ယခုအချိန်တွင် ပြဿနာအချို့ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
တစ်နေ့တော့ သူတို့အားလုံး သေမျိုးလောကကနေ ထွက်သွားကြရလိမ့်မည်။ နှစ်ပေါင်းများစွာကြာတဲ့အထိ သူတို့ရဲ့အသွင်အပြင်တွေ မပြောင်းလဲတာကို လူတွေသတိပြုမိရင် အဲဒါက သေချာပေါက် ဒုက္ခဖြစ်စေလိမ့်မည်။
"အမေက သူ့မှတ်ဉာဏ်တွေ ပြန်ရနေပြီဆိုတာ အဘိုးလင်သိလား" ကုနင်းက မေးသည်။
“မသိသေးဘူး၊ မနက်ဖြန် လင်မိသားစုရဲ့ အိမ်ဟောင်းကို သွားလိုက်မယ်။ အဲဒီအခါကျရင် ကိုယ်တို့ပြောမှာပါ” လင်ရှောင်းထင် က ပြောသည်။
"ကောင်းတယ်" ကုနင်းက ပြန်ဖြေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အိမ်နောက်ဖေးသို့ လည်ပတ်ပြီးနောက် ခြံရှေ့သို့ ပြန်သွားကြသည်။ ဒီအချိန်က ညနေ ၆ နာရီကျော်နေပြီဖြစ်လို့ အစေခံတွေက အစားအသောက်တွေ ပြင်ထားပေမယ့် လင်ရှောင်းထင် ပြန်မလာသေးတာကြောင့် အစားအသောက်တွေ မချရသေးပေ။ မကြာခင် အစားအသောက်တွေ အေးလာမှာကို စိုးရိမ်နေကြသည်။
လင်ရှောင်းထင်က ကုနင်းကို ထမင်းစားခန်းထဲ ခေါ်သွားပြီး အစေခံတွေကို အစားအသောက်တွေ ချပေးဖို့ပြောသည်။
ဤနေရာရှိ ပရိဘောဂများသည်လည်း ရှေးဆန်ပြီး ရှေးခေတ်ကို ခရီးသွားလာသကဲ့သို့ ခံစားရစေသည်။
ထမင်းစားပြီးနောက် ကောင်းကင်သည် လုံးဝမှောင်နေသော်လည်း ခြံထဲတွင် လမ်းမီးများရှိနေသောကြောင့် လင်ရှောင်းထင်သည် မပြန်ခင် ကုနင်းနှင့် အချိန်အတော်ကြာ လမ်းလျှောက်ထွက်ခဲ့သည်။
“မနက်ဖြန်နေ့လည်လောက် စခန်းကိုပြန်ရမယ်။ ဘယ်တော့ပြန်လာနိုင်မလဲတော့ မသိသေးဘူး” ဟု လင်ရှောင်းထင်က နာကြည်းမှုနှင့် တွန့်ဆုတ်မှုအပြည့်ဖြင့် ပြောကြားခဲ့သည်။
ရက်အတော်ကြာ ခွဲခွာခဲ့ကြရပြီး နောက်ဆုံးတော့ ဒီနေ့ပြန်တွေ့ခဲ့ကြတာဆိုပေမယ့် ပြန်မခွဲခွာခင် နာရီအနည်းငယ်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက် အတူနေနိုင်ခဲ့ကြတဲ့အတွက် စိတ်မကောင်းဖြစ်ရပြန်သည်။
ဒါတွေအားလုံးက သူ့ရဲ့ ကျင့်ကြံရေးကြောင့်ပါ။ သူသာ မကျင့်ကြံရင် ကုနင်းနဲ့ နေဖို့ အချိန်အများကြီးရလိမ့်မည်။ သို့သော် သူသည် ကျင့်ကြံသူဖြစ်သောကြောင့် မကျင့်ကြံရန် မဖြစ်နိုင်ပေ။ သူ့ရှေ့မှာ အင်အားကြီးတဲ့ ရန်သူတွေရှိနေတုန်းမို့ သူ့ကိုယ်သူ တိုးတက်အောင် ကျင့်ကြံဖို့ ဆက်လုပ်ရဦးမည်။
"အင်း ကျွန်မ ဒီည ကျောင်းကို မပြန်တော့ဘူး။ ရှင်နဲ့ နေလို့ရတယ်" ဟု ကုနင်းက နှုတ်ခမ်းထက်မှာ အပြူံးလေးတစ်ပွင့် ဖန်ဆင်းကာ ပြောလိုက်သည်။
သူမသည် လင်ရှောင်းထင်ကို လိုက်လျောတာမဟုတ်ပဲ သူမလည်း သူနှင့် အမြန်ခွဲခွာရသည်ကို အလွန်မုန်းတီးမိသည်။ တကယ်ဆို ဒီရက်ပိုင်းတွေမှာ သူတို့နှစ်ယောက် ဆုံရခဲသည်။
ဘာပဲဖြစ်ဖြစ် သူမ ထွက်ခွာဖို့ ခွင့်တောင်းထားပြီးသားမို့ ညဘက် မပြန်ရင်တောင် ကိစ္စမရှိပါ။
“ကောင်းလိုက်တာ!” လင်ရှောင်းထင်သည် အလွန်ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် နေ့ခင်းက နေခဲ့သည့် ဗီလာသို့ ပြန်သွားကြမည်။ လင်ရှောင်းထင်က မနက်ဖြန်မနက် ကျောင်းသို့ပြန်ပို့ပေးလိမ့်မည်။
ကျင်းယွင်ယောင်သည် တောင်မြစ်ကမ်းဥယျာဉ်တွင် ရှိသောကြောင့် ထိုနေရာသို့ သွားရန် အဆင်မပြေပေ။ ဒါ့အပြင် လင်ရှောင်းထင်က သူမကို မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် သူနှင့်အတူနေစေချင်တာဖြစ်ပေသည်။
သို့သော်လည်း အပြန်လမ်းတွင် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လမ်းဘေးတွင် လူဆိုးဂန်းစတားများက တစ်စုံတစ်ယောက်ကို လက်သီးနှင့် ထိုးကြိတ်နေကြသည်ကို တွေ့လိုက်ရသည်။
***
အခန်း ၁၈၄၅ ကျွန်မမှာ ရှင့်အပေါ်ရန်ငြိုးရှိတယ်
ထိုနေရာတွင် လမ်းသွားလမ်းလာများ များပြားခြင်းမရှိသောကြောင့် သူတို့ကို ကြည့်ရှုသူ အများအပြားမရှိပါ။
ကြည့်ရှုသူအနည်းငယ်ရှိသော်လည်း တိုက်ပွဲကို ရပ်တန့်ရန် မည်သူမျှ ရှေ့မထွက်ပါ။ တကယ်တော့ ဒီလူဆိုးတွေက ဒီဒေသမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး သူတို့ဟာ အလွန်ရက်စက်ကြောင်း လူတော်တော်များများ သိကြသည်။ သူတို့ကိစ္စတွင် ဝင်ရောက်စွက်ဖက်ဝံ့သူမည်သူမဆို အပြစ်ပေးခံရမည်ဖြစ်သည်။
ကြည့်ရှုသူအားလုံးသည် သာမန်လူများသာဖြစ်သောကြောင့် အားလုံး ဘေးမှသာ ကြည့်နေကြသည်။
သာမာန်အားဖြင့် လင်ရှောင်းထင်သည် ထိုသို့သောကိစ္စရပ်မျိုးကြုံပါက တစ်ခုခုလုပ်တတ်သောကြောင့် လမ်းဘေးတွင် ကားကိုရပ်ပြီး ကြည့်ရန် ကားထဲမှ ထွက်လာခဲ့သည်။
သို့သော် ကုနင်းသည် ရုတ်တရက် တားလိုက်သည်။ "ခဏလေး"
"ဘာဖြစ်လို့လဲ?" လင်ရှောင်းထင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ကုနင်းသည် အသံကျယ်ကျယ်ဖြင့်ပြောကာ မျက်လုံးများကို မှိတ်လိုက်ပြီး "ကျွန်မတို့ ဒီလူကို ကူညီဖို့ မလိုဘူး။ သူက ချီကျီယွဲ့ ပါ။ ထန်ပင်းစန်က ချီကျီယွဲ့ ကိုသတ်လိုက်ပြီလို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ သူအသက်ရှင်နေသေးတာပဲ”
ထန်ပင်းစန်သည် ချီကျီယွဲ့ကိုသတ်ခဲ့ပါက “ထန်အိုက်နင်း” သည် သက်သေအထောက်အထားများ စုဆောင်းမည်ကို ထန်ပင်းစန် စိုးရိမ်နေသောကြောင့်ဖြစ်သည်။
တကယ်တော့ ထန်ပင်းစန် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ပြီး ထန်အဖွဲ့အစည်းကို ထိန်းချုပ်မှု ဆုံးရှုံးပြီးနောက် အစောင့်တွေ နှုတ်ထွက်သွားကြသည်။ ချီကျီယွဲ့က သူ့ကို ချည်နှောင်ထားတဲ့ ကြိုးကနေ လွတ်မြောက်ပြီး ထွက်ပြေးဖို့ အများကြီး အားထုတ်ခဲ့ရသည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင် စိတ်ဆိုးသွားကာ ရပ်တန့်လိုက်သည်။ "ကိုယ်တို့ သူ့ကို ထားခဲ့ရမှာလား ဒါမှမဟုတ် ခဏလောက် စောင့်ကြည့်ကြမလား"
"ဒီမှာ ခဏလောက်နေကြရအောင်" ကုနင်းက ပြောသည် ။
ချီကျီယွဲ့က ထိုးကြိတ်ကန်ကျောက်ခြင်းမှ နာကျင် စိတ်ပျက်အားငယ်မှုများစွာကို မြင်လိုက်ရသောအခါ ကုနင်းသည် စိတ်လှုပ်ရှားပျော်ရွှင်မှု တစ်ဟုန်ထိုး ခံစားလိုက်ရသည်။
ထန်ပင်းစန်က ချီကျီယွဲ့ကို ထန်ပင်းစန် ဖမ်းမိကြောင်း သူမသိသော်လည်း ထန်ပင်းစန်က သူ့ကို ဘယ်မှာ ဖွက်ထားတယ်ဆိုတာ သူမ မသိပေ။ သူမသည် နဂိုက ထန်ပင်းစန်ကို စစ်ရေးလေ့ကျင့်ပြီးနောက် ချီကျီယွဲ့ မည်သည့်နေရာတွင်ရှိသနည်းဟု မေးရန်စီစဉ်ခဲ့သော်လည်း အံ့အားသင့်စရာမှာ သူမအား ဤနေရာတွင် မတော်တဆတွေ့ခဲ့သည်။
ထိုလူဆိုးဂိုဏ်းများသည် ချီကျီယွဲ့ကို ရိုက်နှက်ပြီး ဆဲဆိုကာ ပြီးသောအခါမှ ထွက်ခွာသွားကြသည်။
တကယ်တော့ ချီကျီယွဲ့ဟာ အတိုင်းအတာတစ်ခုအထိ အပြစ်ကင်းစင်သည်။ သူအနည်းငယ်မူးနေကာ ဤလူဆိုးများကို မတော်တဆ ဝင်တိုက်မိခဲ့သည်။ ချီကျီယွဲ့က သူတို့ကို တိုက်မိပေမယ့် ဒါဟာ ကြီးလေးတဲ့ ကိစ္စမဟုတ်သလို သူချက်ချင်းတောင်းပန်ပေသည်။ ကံမကောင်းစွာပဲ ဒီလူဆိုးတွေက စိတ်ဆိုးနေတာကြောင့် သူ့ကို ခွင့်လွှတ်ဖို့ ငြင်းဆိုခဲ့ကြသည်။
အစတုန်းကတော့ သူတို့က ချီကျီယွဲ့ဆီက ပိုက်ဆံညှစ်ချင်ခဲ့ပေမယ့် ချီကျီယွဲ့က အမှောင်ခန်းကနေ အခုမှလွတ်မြောက်လာတာဖြစ်ပေသည်။ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိသလို အစာလည်း ဆာလောင်နေသည်။
သူ့မှာ ပိုက်ဆံမရှိ၍ လူဆိုးများက ဝိုင်းရိုက်ကြသည်။
ထိုလူဆိုးများ ထွက်သွားပြီးနောက် ကြည့်ရှုသူများလည်း လူစုခွဲခဲ့ကြသည်။ ရဲတွေ ဒါမှမဟုတ် လူနာတင်ကားခေါ်ဖို့ ဘယ်သူမှ စိတ်မ၀င်စားပေ။
ကုနင်းသည် လူများစွာ မရှိတော့သည်အထိ ကားထဲ မထွက်ခဲ့ပေ။
"ကိုယ်မင်းနဲ့ လိုက်ခဲ့ဖို့ လိုသေးလား" လင်ရှောင်းထင် မေးလိုက်သည်။
"မလိုပါဘူး။ ကျွန်မကို ကားထဲမှာပဲ စောင့်နေပါ"
“ဟုတ်ပြီ”
ကုနင်း ကားထဲက ဆင်းပြီးနောက် ချီကျီယွဲ့ဆီ လျှောက်သွားသည်။
ချီကျီယွဲ့ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။ တိတိကျကျပြောရလျှင် နံရိုးနှစ်ချောင်းကျိုးကာ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဒီအခြေအနေမှာ ကုသမှုမခံယူရင် သေသွားနိုင်သည်။
ကုနင်းက သူ့ကို ကယ်ဖို့ ကြိုးစားမှာမဟုတ်ပေ။ သူသေတာကိုမြင်ဖို့ သူမစောင့်နိုင်တော့ပေ။
သူမသည် သူ၏ရှုံးနိမ့်မှုကို ဂုဏ်ယူရန်နှင့် အနာကိုဆားပတ်ရန် သူ့ဆီ လျှောက်သွားခြင်းဖြစ်သည်။
"ချီကျီယွဲ့ ရှင်ဒီနေ့ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို ယုံနိုင်လား" ကုနင်းက ချီကျီယွဲ့ဆီကို လျှောက်လာပြီး ရယ်မောရင်း ပြောလိုက်သည်။
ချီကျီယွဲ့ အပြင်းအထန် ရိုက်နှက်ခံရသော်လည်း သတိရှိနေဆဲဖြစ်သည်။ ကုနင်းရဲ့ အသံကိုကြားတော့ သူ ရုတ်တရက် ခေါင်းမော့ပြီး သူမကို ကြည့်လိုက်သည်။
ကုနင်းကိုမြင်လိုက်ရတော့ ချီကျီယွဲ့ အနည်းငယ် ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "မင်းပဲ?"
ချီကျီယွဲ့က သူဖြစ်ပျက်ခဲ့သမျှအရာအားကုနင်းနဲ့ ပတ်သက်မှန်း သူသိတာကြောင့် မဟုတ်ဘဲ သူမကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားတာကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
ချီကျီယွဲ့က သူမဆီ သူ့ကိုဒီလိုပုံစံမြင်ခံလိုက်ရတော့ လုံးဝရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
ကုနင်းက သူ့ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေထဲ တွန်းပို့ခဲ့တယ်ဆိုတာကို သူ မသိပေမယ့် သူတို့ကြား ကာလကြာရှည် မနာလိုစိတ်တွေ ရှိခဲ့တာကြောင့် သူမရဲ့သိသိသာသာ ပျက်ရယ်ပြုတဲ့ အကြည့်ကို ရှက်ရွံ့မိသည်။
"ကျွန်မက ရှင့်အပေါ် အမြဲတမ်း နားမလည်နိုင်အောင် ရန်လိုနေတယ်လို့ ရှင်မထင်ဘူးလား?" ကုနင်းက အပြုံးလေးနဲ့ မေးလိုက်ပေမယ့် အပြုံးက လုံးဝ အေးစက်သည်။
ထိုစကားကိုကြားတော့ ချီကျီယွဲ့ ထိတ်လန့်သွားသည်။ တကယ်တော့ သူခံစားမိသည်။
"ရှင့်ကို ပြောပြမယ် ကျွန်မ ရှင့်ကို ရန်ငြိုးရှိလို့၊ ထန်အိုက်နင်းက တကယ်တော့ ကျွန်မပဲ" ဟု ကုနင်းက ပြောသည်။ ဒီအချိန်မှာ သူ့ဆီက လျှို့ဝှက်ထားစရာ မလိုတော့ပေ။ ဘာကြောင့်လဲဆိုတော့ သူ အမှန်တရားကို သိလာရင်တောင်မှ ဒီကိစ္စကို သူဘာမှ မလုပ်နိုင်ပေ။
"ဘာ?" ချီကျီယွဲ့ တုန်လှုပ်သွားသော မျက်လုံးများ ဝိုင်းစက်သွားသည်။ သူ့နားကို မယုံနိုင်။
ထန်အိုက်နင်းက ကုနင်းလား?
"မင်းကဘယ်သူလဲ? ထန်အိုက်နင်းနဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ" ချီကျီယွဲ့က မေးသည်။
"ကျွန်မလား? ကျွန်မက ကုနင်းလေ!" ကုနင်းသည် ပါးစပ်ထောင့်တွင် အပြုံးမပျက် ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မအိပ်မက်ထဲမှာ ရှင်က ထန်အိုက်နင်းကိုသတ်ခဲ့လို့ သူက ကျွန်မကိုလက်စားချေပေးဖို့ တောင်းခဲ့ဆိုတာဆိုရင် ရှင်ယုံမှာလား။" ကုနင်းက မေးသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး!" ချီကျီယွဲ့ က မယုံပေ။ ဤမျှ ရယ်စရာကောင်းသော အရာမျိုး ကမ္ဘာပေါ်တွင် မရှိနိုင်ပါ။ တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ကုနင်းသည် ထန်အိုက်နင်းနဲ့အသိဖြစ်နေခြင်းဖြစ်သည်။
ထို့အပြင် ထန်အိုက်နင်း အသတ်ခံရကြောင်း ကုနင်းမည်ကဲ့သို့သိသနည်း။ ထန်အိုက်နင်း ကိုယ်တိုင်တောင် သူမ မသေခင်မှာ သူမရဲ့ချစ်သူရဲ့ တကယ့်ရည်ရွယ်ချက်ကို မသိခဲ့ပေ။
ထန်အိုက်နင်းက အဲဒီတုန်းက ပင်လယ်ကိုသွားလည်တာက အလည်အပတ်ခရီးတစ်ခုလို့တောင် ထင်ခဲ့သည်။
ကုနင်းသည် ထန်အိုက်နင်း၏ သူငယ်ချင်းဖြစ်ရင်တောင် အဓိပ္ပါယ်မရှိပေ။
ထန်အိုက်နင်းက ကုနင်းကို အိပ်မက်ထဲက အရာအားလုံးကို ပြောပြခဲ့တာ ဖြစ်နိုင်ပါ့မလား။
ချီကျီယွဲ့ ယုံဖို့ခက်သည်။
"ရှင် မယုံသေးဘူးလား" ကုနင်းက မေးပေမယ့် သူ့ဆီက အဖြေကို မစောင့်တော့ပေ။ အဲဒီနောက် ကုနင်းက "ရှင့်မင်္ဂလာပွဲမှာ ကျွန်မပြောခဲ့တာကို မေ့သွားပြီလား။ ရှင်ရွက်လှေပေါ်တက်တုန်းက ထန်ယရှင်းက ထန်အိုက်နင်း ကို တစ်ခုခုပြောခဲ့တယ်ဆိုတာကိုလေ..."
ထိုစကားကိုကြားတော့ ချီကျီယွဲ့၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသည်။ သူသည် ကုနင်းကို ထိတ်လန့်စွာ ကြည့်လိုက်တော့ သူမအကြည့်တွေကြား သူပြာကျသွားသလိုခံစားရသည်။
"မင်းဘယ်သူလဲ? မင်းဘယ်သူလဲ ငါ့ကိုပြောပါ!" ချီကျီယွဲ့က မေးသည်။ ဒီအချိန်မှာ သူအသိစိတ်လွတ်သွားသည်။ သူ့ရှေ့က ကုနင်းဟာ ထန်အိုက်နင်းလို့ တစ်နည်းနည်းနဲ့ ခံစားရသည်။ သူမသာ ထန်အိုက်နင်း မဟုတ်ပါက ထန်ယရှင်း ပြောခဲ့သည့် စကားလုံးတိုင်းကို သူမ မည်သို့သိနိုင်မည်နည်း။
ကုနင်းသည် ထန်အိုက်နင်း ဖြစ်နိုင်သည်ဟု ချီကျီယွဲ့ တွေးထင်ခဲ့သော်လည်း မဖြစ်နိုင်ကြောင်းကိုလည်း သူခံစားခဲ့ရသည်။ စိတ်ရှုပ်လွန်းလို့ သူ့ကိုယ်သူပြောနေမိသည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း ထန်အိုက်နင်း မဖြစ်နိုင်ဘူး၊ ထန်အိုက်နင်း မင်းကို အဲဒီစကားတွေ ပြောခဲ့တာဖြစ်ရမယ်။ ထန်အိုက်နင်း မသေသေးဘူး ဟုတ်လား။ မင်း ထန်အိုက်နင်း မဟုတ်ဘူး။ မင်း ထန်အိုက်နင်း မဟုတ်ဘူး"
"ကောင်းပြီလေ" ကုနင်းက ရယ်မောလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမသည် ချီကျီယွဲ့ ကို အေးခဲသွားစေရန်အတွက် မှော်စွမ်းအား ပိုထုတ်လွှတ်လိုက်သည်။
နောက်တော့ သူမထွက်သွားသည်။
ကုနင်းက သူ့ကို လူကိုယ်တိုင် ရိုက်နှက်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူတို့ဟာ လူမြင်ကွင်းမှာ ရှိနေတာဖြစ်သည်။ တစ်ယောက်ယောက်က မြင်ပြီး ဓာတ်ပုံရိုက်ပြီး အင်တာနက်မှာ တင်ရင် သူ့ကို ဒုက္ခရောက်စေလိမ့်မည်။
ကုနင်းကားထဲကိုဝင်ပြီး လင်ရှောင်းထင်နဲ့ ထွက်သွားသည်။
ယခု ချီကျီယွဲ့၏ ကြေကွဲဖွယ်ဘဝအား မျက်မြင်တွေ့လိုက်ရတော့ ကုနင်းသည် စိတ်ခံစားချက်ကောင်းမွန်လာတော့သည်။
***
အခန်း ၁၈၄၆ သူမ တစ်ခုခု ကြံစည်နေတာ
ကုနင်းက ပျော်နေတာကြောင့် လင်ရှောင်းထင်လည်း ပျော်ရွှင်ပြီး ရယ်မောခဲ့သည်။
သူ့အပြုံးက ကုနင်းကို စွဲလန်းစေသည်။
သူတို့ ဗီလာကိုပြန်ရောက်တာနဲ့ လင်ရှောင်းထင်က သူမနဲ့ ပိုနီးကပ်လာသည်။ ဒီညတော့ သူတို့ အိပ်ရမည်မဟုတ်ပေ။
ကုနင်းသည် နောက်နေ့တွင် စစ်ရေးလေ့ကျင့်ရမည်ဖြစ်သော်လည်း လင်ရှောင်းထင်သည် သူမက သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပြန်လည်ရရှိရန် မှော်စွမ်းအားကို အသုံးပြုနိုင်ကြောင်း ယခုသိလိုက်ရသည်။ ကုနင်းက အဲဒီလို မလုပ်နိုင်ရင်တောင် သူက ကျင့်ကြံသူဖြစ်တဲ့အတွက် သူမခွန်အား ပြန်ရလာအောင် ကူညီပေးနိုင်သည်။ ထို့ကြောင့် သူတို့သည် တစ်ညတာလုံး စိတ်အားထက်သန်စွာ အတူနေခဲ့ကြသည်။
မနက် ၄ နာရီအထိ ရပ်တန့်ခြင်းမရှိပေ။ နှစ်နာရီပဲ အိပ်ပြီး မနက် ၆ နာရီမှာ နိုးလာကြသည်။
"မင်းခွန်အားတွေပြန်ရဖို့အတွက် မှော်အစွမ်းကိုသုံးလိုက်လေ။ မဟုတ်ရင် မင်း စိတ်မသက်မသာခံစားရလိမ့်မယ်" ဟု လင်ရှောင်းထင်က စိုးရိမ်တကြီးနဲ့ ပြောသည်။
"ဘာလဲ? ကျွန်မခန္ဓာကိုယ်ကို စိတ်ပူနေတာလား" ကုနင်းက ပြုံးပြီး မေးသည်။
“ဟုတ်တယ်လေ” လင်ရှောင်းထင် က ပြန်ဖြေသည်။ သူမကို ဂရုစိုက်သည်။
ရုတ်တရက် ကုနင်းက လင်ရှောင်းထင် ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ "ရှင် ကျွန်မခန္ဓာကိုယ်ကို စိတ်ပူတယ်ဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရတာလဲ"
“ကိုယ့်ချစ်ရတဲ့ကောင်မလေးက ကိုယ့်ရင်ခွင်ထဲမှာ ရှိနေတာကို ဘယ်လိုလုပ်ငြိမ်နေလို့ရမှာလဲ။ ကိုယ်လည်းယောက်ျားပဲ!” လင်ရှောင်းထင်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။ ကုနင်းကို သူ ချစ်တာနဲ့ပဲ သူမနဲ့ အတူနေတာကို စွန့်လွှတ်နိုင်မှာ မဟုတ်ပေ။
“ဟားဟား” ကုနင်းက အင်တာနက်မှာ ရေပန်းစားနေတဲ့ဟာသကို တွေးမိတာကြောင့် ရယ်မောလိုက်သည်။
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသည် တစ်ညတွင် ကုတင်တစ်လုံးတည်းတွင် အိပ်သော်လည်း အမျိုးသမီးက ခေါင်းအုံးကို အလယ်တွင်ထားခဲ့သည်။ နယ်နိမိတ်ကို ဖြတ်လို့မရဘူးလို့ ယောက်ျားကို ပြောသည်။ သူသာ ဖြတ်ရဲရင် လူကြီးလူကောင်းမဟုတ်ပေ။ ထို့ကြောင့် ထိုလူသည် တစ်ညလုံး နယ်နိမိတ်ကို မဖြတ်ကျော်ခဲ့ပေ။ ဒါပေမယ့် နောက်နေ့မနက် အိပ်ရာထချိန်မှာတော့ အမျိုးသမီးက ယောက်ျားကို ပါးရိုက်ပြီး ယောက်ျားမဟုတ်ဘူးလို့ ပြောခဲ့သည်။
ကုနင်း၏ အပြုံးသည် လင်ရှောင်းထင် ကို စိတ်လှုပ်ရှားစေသည်။ နှောင့်နှေးမနေဘဲ သူမအပေါ် ဖိလိုက်သည်။ ကုနင်းက ရုန်းကန်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "ထရတော့မယ်! ကျောင်းတက်ရမယ်လေ"
လင်ရှောင်းထင် သည် ခဏမျှ စဉ်းစားမိသည်။ သူတို့ အခုထရမယ့်အချိန်ရောက်ပြီမို့ သူ ကုနင်းရဲ့ ခန္ဓာကိုယ်ပေါ်ကနေ တုံ့ဆိုင်းစွာ ထလိုက်သည်။
အမြန်သန့်စင်ပြီးနောက် လင်ရှောင်းထင်သည် ကုနင်းကို ကျောင်းသို့မောင်းပို့ခဲ့သည်။
သူတို့မှာ အချိန်သိပ်မရှိဘူးဆိုတော့ အိမ်မှာ မနက်စာမစားဖြစ်ပေ။ လမ်းမှာ မနက်စာဆိုင်ကိုတွေ့တော့ လင်ရှောင်းထင်က ကုနင်းအတွက် နို့တစ်ခွက်နဲ့ ပေါင်မုန့်သွားဝယ်သည်။
သူ အစာစားဖို့ အလျင်စလိုမဖြစ်တာကြောင့် ကုနင်းကို အရင်ဂရုစိုက်သည်။
ကုနင်းမရှိတော့ပေမယ့် စုန့်မြောင်ကောကတော့ လေ့ကျင့်ဖို့ မမေ့ခဲ့ပါ။ ပိုင်လီကျုံးရွှယ်ကလည်း သူမနဲ့အတူရှိနေတုန်းပါ။ ပိုင်လီကျုံးရွှယ်လည်း တိုက်ခိုက်ရာတွင် ထူးချွန်သည်။
ကောရှီယန်နဲ့ လုရှောင်ရှောင် အိပ်ရာထချိန်မှာတော့ အဆောင်ခန်းထဲမှာ သူတို့ နှစ်ယောက်ပဲ ရှိတာကြောင့် ကုနင်းအား တစ်ညလုံး မတွေ့ဘူးလို့ ပြောကြသည်။
တကယ်တော့ ဘာမှ အဓိပ္ပါယ်မရှိပေမယ့် ကုနင်းကို မုန်းတီးနေတာကြောင့် သူမကို နောက်ကွယ်ကနေ ပြစ်တင်ဝေဖန်ခဲ့သည်။
"ရှီယန် မင်းရဲ့အကိုကြီးက သူ့ကို အပြစ်ပေးဖို့ ဘယ်အချိန် ကူညီမှာလဲ" လုရှောင်ရှောင်က မေးသည်။ တော်တော်ကြာပြီဆိုပေမယ့် သူတို့ဘာသတင်းမှမကြားရသေးပေ။
သူမသည် ကုနင်းကို ကောရှီယန်လောက် မမုန်းသော်လည်း ကုနင်းကို ကြိုက်လည်း မကြိုက်ပါ။ သူမသည် ကုနင်း၏ ပြောင်မြောက်သော အသွင်အပြင်ကို မနာလိုဖြစ်ပြီး အပြစ်ပေးခံရမည်ဟု မျှော်လင့်ခဲ့သည်။
“ငါ့အစ်ကိုက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ပေမယ့် မနေ့ကမှပြန်လာခဲ့တာ။ ဒီနေ့ ကျောင်းမှာ ကုနင်းကို ဒုက္ခပေးပေးမယ်လို့ ကတိပေးထားတယ်” ဟု ကောရှီယန်က ကုနင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို မြင်လို၍ မုန်းတီးမှုဖြင့် ပြောကြားခဲ့သည်။ ထိုနည်းဖြင့်သာ သူမ၏ အမုန်းတရားများကို ချေဖျက်နိုင်မည်ဖြစ်သည်။
ထိုစကားကိုကြားတော့ လုရှောင်ရှောင်က ဂုဏ်မြောက်စွာပြုံးမိတော့သည်။ ကုနင်းသည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သော်လည်း သူမသည် အားနည်းသော မိန်းကလေးဖြစ်သည့် ကောရှီယန် ထက်သာ သာလွန်သည်။
ကုနင်းသည် ယောက်ျားတစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု သူမမထင်ပေ။
လင်ရှောင်းထင်သည် ကျင်းယွင်ယောင်နှင့် ရှန်းကွမ်းယန်ကို နံနက်ခင်းတွင် လင်မိသားစု၏ အိမ်ဟောင်းသို့ ပြန်ခေါ်လာခဲ့သည်။ သူသည် ရှန်းကွမ်းယန်ကို သခင်ကြီးလင်နှင့် မိတ်ဆက်ပေးတော့မည် ဖြစ်သောကြောင့် သူတို့ ပေါင်းသင်းနိုင်မည်ဟုလည်း သူမျှော်လင့်ထားသည်။
သို့သော် ရှန်းကွမ်းယန်၊ ကျင်းယွင်ယောင်နှင့် သူ့ကိုယ်တိုင်က ကျင့်ကြံသူဖြစ်ကြောင်း သူ့အဖိုးအား မပြောနိုင်ပေ။
လင်ရှောင်းထင်နှင့် အခြားသူများ မထွက်လာမီတွင် လင်ရှောင်းထင်သည် သခင်ကြီးလင်က သူ့သူငယ်ချင်းဟောင်းများနှင့် တွေ့ရန် ထွက်သွားမည်စိုး၍ အိမ်တွင် စောင့်ဆိုင်းရန် လင်ရှောင်းထင်က သခင်ကြီးအား တောင်းဆိုခဲ့သည်။
လင်ရှောင်းထင် မရှိတဲ့အခါထဲက ကျင်းယွင်ယောင်သည် လင်မိသားစု၏အိမ်ဟောင်းသို့ မရောက်လာသောကြောင့် သခင်ကြီးလင်သည် အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ ကျင်းယွင်ယောင်သည် လင်မိသားစုကို သူ့မိသားစုကဲ့သို့ မဆက်ဆံဘူးဆိုတာ ထင်ရှားသည်။
သခင်ကြီးလင်က ဒါကို နားလည်နိုင်ပါသည်။ ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များကို ပြန်မရနိုင်သေးသောကြောင့်ဖြစ်ပေမယ့် အချိန်ရသောအခါတွင် သူမ မကြာခဏ လာရန် မျှော်လင့်နေမိသေးသည်။
ကျင်းယွင်ယောင်သည် ယခုအပတ်တွင် သူမနေထိုင်ရာအရပ်မှ ပြန်လာခဲ့ကြောင်း လင်ရှောင်းထင်က သခင်ကြီးလင်အား ပြောပြခဲ့သည်။ ထို့ကြောင့် သခင်ကြီးလင်သည် ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားတော့ပေ။
လင်ရှောင်းထင်နဲ့ တခြားသူတွေက လင်မိသားစုရဲ့ အိမ်ဟောင်းကို ရောက်တဲ့အချိန်မှာ မနက် ၁၀ နာရီလောက်ရှိပြီဖြစ်သည်။ ထိုအချိန်တွင် အခြားမိသားစုဝင်များ အလုပ်သွားကြသောကြောင့် သခင်ကြီးလင်သာ အိမ်တွင်ရှိနေသည်။
သာမာန်အားဖြင့် သခင်ကြီးလင်သည် အိမ်တွင် တစ်ယောက်တည်း နေ့လည်စာစားသည်။ သူတစ်ယောက်တည်းစားတုန်းက စားချင်စိတ်သိပ်မရှိတာကြောင့် နေ့လယ်စာစားချိန်မှာ နည်းနည်းပဲစားလေ့ရှိသည်။ သူ့မိသားစုနဲ့ ညစာစားတဲ့အခါ သူက ပိုစားသည်။
လင်ရှောင်းထင်နဲ့ တခြားသူတွေ ဒီတစ်ခေါက်ရောက်လာတော့ သခင်ကြီးလင်က သူတို့အတွက် ထမင်းဟင်းချက်ဖို့ ထမင်းချက်ခိုင်းလိုက်သည်။ လင်ရှောင်းထင်သည် သူ၏ဆရာသည် အစားသမားဖြစ်ကြောင်းကိုလည်း သတိပေးခဲ့သည်။ သူ့ဆရာတယောက်တည်းက လူလေးယောက်စာလောက် စားနိုင်သည်။
သခင်ကြီးလင်က အရမ်းအံ့သြသွားပေမယ့် စားစရာ မလောက်ငှတာမျိုးမဖြစ်၍ ရှစ်ယောက်စာအတွက် အသားမျိုးစုံနဲ့ ဟင်းချက်ဖို့ ထမင်းချက်ကို တိုက်ရိုက်ပြောလိုက်သည်။
ကျင်းယွင်ယောင် ရောက်လာပြီးတာနဲ့ သူမဟာ သခင်ကြီးလင်ကိုအဖေဟု ခေါ်သည်။ အားနာပါနားနဲ့ ခေါ်တဲ့အသံမဟုတ်ပဲ ချစ်ခင်တွယ်တာမှုအပြည့်နဲ့ ခေါ်တာဖြစ်သည်။ ကျင်းယွင်ယောင်သည် သူမ၏ အမှတ်ရစရာများကို ပြန်ရသွားပြီဟု သခင်ကြီးလင်ထင်လိုက်သည်။
အဲဒါကို တွေးပြီး မေးလိုက်သည်။
ကျင်းယွင်ယောင်က သူ့ကို သေချာတဲ့ အဖြေတစ်ခုပေးသည်။
သခင်ကြီးလင်က ဒီလိုကြားရတာ ဝမ်းသာမိသည်။ ကျင်းယွင်ယောင်၏ အထောက်အထားကို အတည်ပြုထားသော်လည်း သူမသည် မှတ်ဉာဏ်များကို ပြန်မရနိုင်သေးပေ။ ထို့ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စိမ်းသက်နေသေးသည်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျင်းယွင်ယောင် သည် သူမ၏မှတဉာဏ်များကို ပြန်လည်ရရှိခဲ့ပြီး ဆိုလိုသည်မှာ ၎င်းတို့သည် ယခုအခါတွင် မိသားစုတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။
သခင်ကြီးလင်သည် ဝမ်းသာလွန်းလို့ ငိုလုမတတ်။
သခင်ကြီးလင်နှင့် ရှန်းကွမ်းယန်တို့သည် မြင်မြင်ချင်း အချင်းချင်း လျင်မြန်စွာ ရင်းနှီးလာကြသည်။ သူတို့နှစ်ဦးစလုံးသည် ဆင်စစ်တုရင်၊ ရှေးဟောင်းပစ္စည်း၊ လက်ရေးလှနှင့် ပန်းချီများကို နှစ်သက်ကြပြီး ရှန်းကွမ်းယန် ကိုယ်တိုင်မှာလည်း ရှေးဟောင်းပစ္စည်း၊ လက်ရေးလှနှင့် ပန်းချီကားများစွာ ရှိသည်။
သူတို့မရောက်ခင်မှာ ရှန်းကွမ်းယန်က လင်ရှောင်းထင် ကို သခင်ကြီးလင်ရဲ့ အကြိုက်တွေအကြောင်း မေးခဲ့သည်။
သခင်ကြီးလင်သည် လက်ရေးလှရေးနည်းနှင့် ပန်းချီကားများကို နှစ်သက်ကြောင်း သိလိုက်ရသဖြင့် သူ့အတွက် အလွန်အဖိုးတန်သော ပန်းချီကားတစ်ချပ်ကို ပြင်ဆင်ခဲ့ပြီး သခင်ကြီးလင်သည် နားရွက်ချိတ်တတ်လုမတတ် ရွှင်လန်းစွာ ပြုံးခဲ့သည်။
…
နေ့လယ်တွင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုအပြီး ကန်တင်းသို့အသွား ကောရှီယန်နှင့် လုရှောင်ရှောင်တို့ တွေ့ဆုံခဲ့သည်။
ကောရှီယန်သည် ကုနင်းကိုမြင်သောအခါ သူမသည် အဓိပ္ပါယ်ရှိသောအကြည့်ကိုပေးကာ ထွက်ခွာသွားခဲ့သည်။
"သူမ တစ်ခုခု ကြံစည်နေတာဖြစ်ရမယ်" ပိုင်လီကျုံးရွှယ်က ကောရှီယန်ရဲ့ ကျောကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
ဘာအစီအစဥ်ရှိမှန်း သူမမသိသော်လည်း ကောရှီယန်သည် သာမန်မိန်းကလေးတစ်ဦးသာဖြစ်သောကြောင့် သူမစိတ်မ၀င်စားပါ။
ကုနင်းသည် ကောရှီယန်နှင့် ပဋိပက္ခဖြစ်ဖူးသည်ကို သူမသိသည်။ ကောရှီယန်သည် ကုနင်းကြောင့် ကြီးကြီးမားမားဆုံးရှုံးခဲ့ရသောကြောင့် ကောရှီယန်သည် ကုနင်းကိုလက်စားချေရန် လက်လျှော့မည်မဟုတ်ပေ။
***
အခန်း ၁၈၄၇ လေ့ကျင့်ဖို့လိုအပ်တယ်
ပိုင်လီကျုံးရွှယ်သည် ကောရှီယန်ကို မသိသော်လည်း ကောရှီယန်သည် ကုနင်းကို စော်ကားခဲ့ခြင်းကြောင့် သူမသည် ကြင်နာသောမိန်းကလေးမဟုတ်ကြောင်း သူမသိသည်။
ကောရှီယန်သည် တစ်ကိုယ်ကောင်းဆန်သူ၊ လိမ္မာပါးနပ်သူဖြစ်ပြီး အခြားသူများနှင့် ပြသနာဖြစ်သည့်အခါ သူမကိုယ်သူမမှားသည်ဟု မထင်ပေ။ သို့သော် တစ်စုံတစ်ယောက်သည် သူမအား ဝေဖန်ဝံ့လျှင် တစ်ဖက်သူသာလျှင် အပြစ်ရှိကာ ဆိုးသွမ်းသည်ဟု သူမထင်မြင်ပေသည်။
ပိုင်လီကျုံးရွှယ်သည် ထိုကဲ့သို့သောလူများစွာကို ကြုံတွေ့ခဲ့ဖူးသည်။
"အစီအစဉ်? ကောရှီယန်က ငါတို့ပေးခဲ့တဲ့သင်ခန်းစာကို မေ့သွားပြီး ငါတို့ကို ပြန်ပေးဖို့ စဉ်းစားနေတာလား" စုန့်မြောင်ကောသည် ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားသည်။ ဤငြိမ်းချမ်းနေသောကာလတွင် ကောရှီယန်သည် မိမိကိုယ်မိမိ သုံးသပ်တတ်ရန် သင်ယူခဲ့သည်ဟု သူမထင်ခဲ့သည်။
"သူက ငါတို့ကို တကယ်ပြန်ဆပ်ခိုင်းပေးဖို့ကြိုးစားရင် လူကိုယ်တိုင်လုပ်မှာမဟုတ်ဘူး" ဟု ကုနင်းက ဆိုသည်။ ကောရှီယန်သည် ကလဲ့စားချေခြင်းကို စွန့်လွှတ်မည်ဟု သူမ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။
စုန့်မြောင်ကောက မျက်မှောင်ကြုတ်ကာ စိတ်ပူစွာ မေးသည် "အခု ငါတို့ ဘာလုပ်သင့်လဲ"
ကုနင်းက လုံးဝ မပျော့ညံ့ဘူးဆိုတာ သူမသိသည်။ ဘယ်သူမဆို ကုနင်းကို နာကျင်အောင်လုပ်ဖို့ မလွယ်ပေမယ့် ကောရှီယန်က သူတို့ကို ပြန်ဆပ်ဖို့ ဘာလုပ်မယ်မှန်းမသိပေ။ မသိနိုင်သော အန္တရာယ်အတွက် အနည်းငယ် စိုးရိမ်နေမိသည်။
"စိတ်မပူပါနဲ့ ကြီးကြီးမားမားပြသနာတော့ မဟုတ်ပါဘူး" ဟု ကုနင်းက စိုးရိမ်မှုမရှိဘဲ ပြောကြားခဲ့သည်။
ကုနင်းက ဒီလိုပြော၍ စုန့်မြောင်ကော သိပ်စိတ်မပူတော့ပေ။
ထမင်းစားပြီးနောက် သူတို့သည် စားသောက်ခန်းမှထွက်ကာ သိုင်းပညာလေ့ကျင့်သည့် တောအုပ်ငယ်ဆီသို့ လျှောက်သွားကြသည်။ သို့သော် စားသောက်ခန်းမှ ထွက်လာပြီးနောက် လူအချို့က ၎င်းတို့နောက်သို့ လိုက်သွားကြသည်။
စုန့်မြောင်ကောသည် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့ကဲ့သို့ စူးရှသောအာရုံများမရှိသောကြောင့် သူမသတိမထားမိခဲ့ပေ။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် လူအချို့က ၎င်းတို့နောက်သို့ လိုက်နေကြောင်း သိလိုက်သည်နှင့် အဓိပ္ပါယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တကယ်တော့ စုန့်မြောင်ကောဟာ သူမရဲ့ အရည်အချင်းတွေကို လေ့ကျင့်ဖို့ အခွင့်အရေးရလာစေဖို့ တစ်ယောက်ယောက်က သူတို့ကို ဒုက္ခပေးလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြသည်။
စုန့်မြောင်ကော အားမပြောတဲ့အတွက် သူ့သူငယ်ချင်းတွေ ဘာတွေ တွေးနေလဲ မသိပေမယ့် တကယ်တမ်းတော့ သူတို့ဟာ သူမအတွက် အဲဒီအကြံအစည်တွေ ရှိခဲ့သည်။
ထိုလူများသည် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများနောက်သို့ လိုက်သွားကြသည်။ သူတို့ အိပ်ဆောင်ကို ပြန်သွားမှာကို စိုးရိမ်တာကြောင့် ထွက်သွားတာကို တားဖို့ မထွက်ပေါ်လာခဲ့ပေ။ ထိုရက်များအတွင်း ကောရှီယန်သည် ကုနင်းတို့ နေ့လယ်တစ်ရေးအိပ်ရန် အိပ်ဆောင်သို့ ပြန်သွားသည်ကို မတွေ့ခဲ့ရပေ။ ယင်းအစား သူတို့သည် တောအုပ်ငယ်များသို့ အမြဲသွားကြသည်။
ကောရှီယန်သည် တောအုပ်ငယ်တွင် သူတို့ဘာလုပ်မည်ကို မသိသောကြောင့် သူတို့နောက်သို့ မလိုက်ဝံ့ပေ။
ကျောင်းသားတိုင်း နေ့လယ်မှာ တစ်ရေးတစ်မော အိပ်လေ့မရှိကြပေ။ ကျောင်းသားတော်တော်များများက ပိုအေးတဲ့ တောအုပ်လေးထဲမှာ ခဏလောက် အနားယူချင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ တောအုပ်ငယ်တွင် လူအနည်းငယ်သာ ရှိသောကြောင့် လူအုပ်စုသည် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများကို နောက်ပိုင်းတွင် တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် တောအုပ်ငယ်သို့ ရောက်ပြီးနောက်တွင် လူအများစုသည် တောအုပ်၏အစွန်အဖျားတွင် ရှိနေကြသောကြောင့် ၎င်းတို့မှ ဝေးကွာရာ တောနက်နက်ဆီသို့သွားခဲ့ကြသည်။ သူတို့လေ့ကျင့်နေတာကို မမြင်စေချင်ပေ။
တစ်ချို့လူတွေက သူတို့ကို ခဏခဏတွေ့ဖူးကြသည်။
သူတို့နောက်ကို လိုက်လာတဲ့ လူငါးယောက်ဟာ အသက် ၂၄ နှစ်အရွယ်လောက်ရှိသည်။ တခြားကောလိပ်ကျောင်းသားတွေနဲ့ ပုံစံတူတာမို့ အာရုံစူးစိုက်မှု သိပ်မရှိကြပေ။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက တောအုပ် ခပ်နက်နက်ထဲကို လျှောက်၀င်သွားတာကို မြင်လိုက်ရတော့ သူတို့ ကျေနပ်သွားကြသည်။
ခဏကြာတော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ရပ်သွားကြသည်။
နတ်ဆိုးအပြုံးဖြင့် ကုနင်းသည် စုန့်မြောင်ကောအား "မြောင်ကော၊ မင်းရဲ့ စွမ်းရည်အသစ်တွေကို တခြားသူတွေနဲ့ မလေ့ကျင့်ချင်ဘူးလား" ဟု မေးလိုက်သည်။
"ဟင်?" စုန့်မြောင်ကော စိတ်ရှုပ်သွားသည်။ "ငါ ဘယ်သူနဲ့ လေ့ကျင့်ရမှာလဲ"
"သူတို့ ငါတို့နောက်မှာရှိတယ်" ဟု ကုနင်းကဆိုသည်။ စုန့်မြောင်ကောက အံ့အားသင့်သွားပြီး ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့နဲ့အတူ အနောက်ကိုလှည့်ကြည့်လိုက်သည်။
လှည့်ကြည့်လိုက်တော့ လူငါးယောက် သူတို့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။
"မင်းသူတို့ကိုဆိုလိုတာလား" စုန့်မြောင်ကောက မသေချာမရေရာနဲ့ မေးသည်။
"ဟုတ်တယ်" ကုနင်းကပြောသည်။
"သူတို့ကဘယ်သူတွေလဲ?" စုန့်မြောင်ကောက မေးသည်။
ကုနင်းက "ကောရှီယန် ငှားထားတဲ့လူတွေ"
ကောရှီယန်သည် ကုနင်းတင်မကပဲ သူမတို့အားလုံးကို ပြန်ပေးဆပ်ခိုင်းရန် စီစဉ်ထားခဲ့သည်။ စုန့်မြောင်ကောသည် ကောရှီယန်ကို ရန်ငြိုးထားသောကြောင့် ကောရှီယန်လည်း သူမကို မုန်းတီးသည်။
စုန့်မြောင်ကောက လုံး၀မအံ့သြပါ။ သူမသည် အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်ကာ "ကောင်းပြီ ငါ အခုလေ့ကျင့်ဖို့ လိုနေတာနဲ့အတော်ပဲ"
“သူတို့လည်း တိုက်ခိုက်ရေး စွမ်းရည်တချို့ သင်ယူဖူးတယ်။ မင်းသတိထားရမယ်" ဟု ကုနင်းကပြောသည်။
လူအစုအဝေးက လုံးဝအားမနည်းတာ အမှန်ပါပဲ။ သူတို့ဟာ ကုနင်းနဲ့ မယှဉ်နိုင်ပေမယ့် စုန့်မြောင်ကောကတော့ ထူးချွန်ထက်မြက်တဲ့ သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။
စုန့်မြောင်ကောသည် အခြားအားနည်းသော မိန်းကလေးများထက်တော့ တော်ပေသည်။
စုန့်မြောင်ကောက လေးနက်သောအမူအရာဖြင့် “ငါသတိထားပါမယ်"သူမသည် ရန်သူများကို ပေါ့ပေါ့တန်တန် သဘောမထားပေ။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက သူတို့ကို လှည့်ကြည့်လိုက်တော့ သူတို့နောက်ကို လိုက်နေတာ သိသွားကြောင်း လူငါးယောက်က ချက်ချင်း သဘောပေါက်သွားသည်။
“သူတို့နောက်ကို လိုက်နေတယ်ဆိုတာ သိသွားပြီ” ဟု အမျိုးသားတစ်ဦးက ပြောသည်။
"အဲ့တော့ ဘာဖြစ်လဲ? သိသွားလည်း အသုံးမ၀င်ဘူး” ဟု အခြားလူတစ်ဦးက ပြောသည်။ ကောရှီယန်က ကုနင်းနဲ့ စုန့်မြောင်ကောလို့ ခေါ်တဲ့ မိန်းကလေးနှစ်ယောက်က ကွန်ဖူးပညာကို တတ်မြောက်ကြောင်း အလေးအနက်ထားပြောခဲ့ပေမယ့် သူတို့က အလေးအနက်မထားခဲ့ကြပေ။
သူတို့မျက်လုံးထဲမှာတော့ သူတို့ထက် အားနည်းတဲ့ မိန်းကလေးတွေချည်းပါပဲ။
ထို့ကြောင့် ကောင်မလေးများသည် သူတို့ကို မြင်သောအခါ လုံးဝကြောက်ပုံမပေါ်တာကို မိုက်မဲပြီး မာနကြီးသည်ဟုသာ ထင်မြင်ကြသည်။
လူငါးဦးသည် ကုနင်းနှင့် သူမ၏သူငယ်ချင်းများရှေ့တွင် ရပ်လိုက်ပြီး သူတို့ကို ဒေါသတကြီးကြည့်နေသည်။ ဦးဆောင်သူမှ ကုနင်းအား "မင်းက ကုနင်းလား" ဟုမေးသည်။
တကယ်တော့ သူ့မှာ အဖြေရှိပြီးသားပါ။
"ဟုတ်တယ်ဆိုရင်ရော?" ကုနင်းက မေးသည်။
“မင်းက မစော်ကားသင့်တဲ့သူကို စော်ကားလိုက်တဲ့အတွက် သင်ခန်းစာတစ်ခု သင်ပေးဖို့ ငါတို့ ဒီကိုလာရတာပဲ” ဟု ထိုလူက ပြောသည်။
"ရှင်က ကောရှီယန်ကိုဆိုလိုတာလား" ကုနင်းက ပြုံးကာေမးလိုက်သည်။
ထိုစကားကြားတော့ လူငါးယောက် အံ့သြသွားကြသည်။ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်စေရန်အတွက် ကောရှီယန်၏အစ်ကို ကောရှီကျဲ့သည် ပေါ်လာခြင်းမရှိသော်လည်း ကုနင်းသည် မမျှော်လင့်ဘဲ ၎င်းကို သိရှိသွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ မလွတ်နိုင်ဘူး" ကုနင်းက မှန်ကန်စွာ မှန်းဆခဲ့ပေမယ့် လူငါးယောက်က ငြင်းဆိုခဲ့သည်။
“ကောင်းပြီ ငါ့သူငယ်ချင်းလည်း လေ့ကျင့်ဖို့ လိုတယ်။ မြောင်ကော သူတို့က အခု မင်းအပိုင်ပဲ။ မင်းမှာ ယုံကြည်မှုရှိတယ်မလား" ကုနင်းက မေးသည်။
“ရှိတယ်” ဟု စုန့်မြောင်ကောကဆိုသည်။ တိုက်ဖို့ကို သူမ မစောင့်နိုင်တော့ပေ။
ကုနင်းက မိန်းကလေးတစ်ယောက်ထဲနဲ့ တိုက်ခိုက်ဖို့ ပြောတဲ့အခါ လူငါးယောက် အရှက်ရသွားသည်။
"မိုက်လိုက်တဲ့သူ! မင်းနောင်တရလိမ့်မယ်။ သူ့ကို အနိုင်ယူစမ်း!” ခေါင်းဆောင်က အမိန့်ပေးသည်။
ကုနင်းက သူတို့ငါးယောက်ကို တိုက်ခိုက်ဖို့ မိန်းကလေးတစ်ယောက်ထဲကို ပြောတဲ့အခါ သူတို့ အရှက်ရပေမယ့် စုန့်မြောင်ကောကို အနိုင်ယူဖို့ တွန့်ဆုတ်မနေပါ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကုနင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။
ကုနင်းက ဒီလိုလုပ်ဖို့ဆုံးဖြတ်ပြီးကတည်းက သူမကိုနောင်တရအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
မနှောင့်နှေးဘဲ လူငါးယောက်က စုန့်မြောင်ကောကို စတင်တိုက်ခိုက်ခဲ့ပြီး စုန့်မြောင်ကော က ချက်ချင်းပြန်တိုက်ခိုက်ခဲ့သည်။
စုန့်မြောင်ကောသည် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့က ရက်အတော်ကြာ လေ့ကျင့်သင်ကြားခဲ့တဲ့အပြင် စွမ်းအင်သလင်းကျောက်တစ်ခုကိုလည်း သောက်သုံးခဲ့သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် အလွန်ကောင်းမွန်လာသောကြောင့် ယခင်ကထက် ပိုမိုသန်မာလာခဲ့သည်။
အရင်တုန်းကတော့ စုန့်မြောင်ကောဟာ သာမန်လူ ၁၀ ယောက်ကို သူ့ဘာသာသူ အနိုင်ယူနိုင်ခဲ့ပြီး အခုတော့ လူတစ်ဒါဇင်ကျော် အနိုင်ယူနိုင်နေပြီဖြစ်သည်။
သာမာန်လူတွေက သူမအတွက် ပြိုင်ဖက်မဟုတ်ပေမယ့် ကွန်ဖူးကို တတ်မြောက်ထားတဲ့သူတွေ အများကြီးကိုတော့ သူမအနိုင်ယူနိုင်မှာ မဟုတ်ပါ။
သူမမည်မျှရိုက်နိုင်မယ်ဆိုတာက ထိုလူ၏အဆင့်ပေါ်သာ မူတည်သည်။
***
အခန်း ၁၈၄၈ တခြားအဆောင်သို့ပြောင်းရွှေ့ခြင်း
စုန့်မြောင်ကောသည် ယခုအချိန်တွင် ကျီဝမ်နာကို အနိုင်မယူနိုင်သော်လည်း ကုနင်းသည် သူမက ထိုလူငါးယောက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ခဲ့သည်။
လူငါးယောက်က စုန့်မြောင်ကောကို ပေါ့ပေါ့တန်တန် သဘောထားပေမယ့် သူတို့ရဲ့ ခွန်အားကို ပြသဖို့အတွက် သူတို့ဟာ အစပိုင်းမှာတော့ ပြင်းထန်တဲ့ အင်အားကို အသုံးပြုခဲ့ကြသလို စုန့်မြောင်ကောလည်း ထိုကဲ့သို့လုပ်ခဲ့သည်။
လူငါးယောက်က သူတို့တိုက်ပြီးတာနဲ့ စုန့်မြောင်ကောကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ တွေးထားတာကြောင့် သူတို့ဟာ ယုံကြည်မှုအပြည့်ရှိကြသည်။
ကံမကောင်းစွာပဲ မကြာခင်မှာ သူတို့မှားမှန်း သိလာကြသည်။ အချိန်အတော်ကြာ တိုက်အပြီးတွင် သူမကို ဖမ်းမမိနိုင်ဘဲ စုန့်မြောင်ကောက ၎င်းတို့ထဲမှ တစ်ဦးကိုပင် ကန်ထုတ်ခဲ့သည်။
သူတို့သည် ဒေါသထွက်လာပြီး ပိုမိုကြမ်းတမ်းလာသော်လည်း စုန့်မြောင်ကောကို အနိုင်ယူနိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။
စုန့်မြောင်ကောဟာ သူတို့ထဲက ငါးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ရတာ အနည်းငယ် ခက်ခဲတယ်လို့ ခံစားမိပေမယ့် သူမ အတော်လေး စိတ်လှုပ်ရှားနေမိသည်။
ရံဖန်ရံခါ ဖြတ်သွားသော ကျောင်းသားအချို့သည် အသံများကြားရပြီး ကြည့်ရန် လျှောက်လာကြသည်။ စုန့်မြောင်ကောသည် လူငါးဦးကို သူမကိုယ်တိုင် တိုက်ခိုက်နေသည်ကိုတွေ့တော့ သူတို့အားလုံး အံ့အားသင့်ခဲ့ကြပြီး သူမကို ဆက်လက် ချီးကျူးခဲ့ကြသည်။
သို့သော် စုန့်မြောင်ကောကြောင့် လူငါးဦးစလုံး ဒဏ်ရာရသွားသော်လည်း ၎င်းတို့သည် သူမကို ထိရုံသာ ထိနိုင်တဲ့အတွက် သူတို့ကို ထိတ်လန့်စေခဲ့သည်။ ပိုအံ့ဩဖို့ကောင်းတာက ဒီမိန်းကလေးက သူတို့ထင်ထားတာထက် အများကြီး ပိုသန်မာသည်။
၁၀ မိနစ်ခန့်အကြာတွင် စုန့်မြောင်ကောသည် လူငါးဦးစလုံးကို မြေပြင်ပေါ်သို့ ရိုက်နှက်ချနေချိန်မှာပဲ စုန့်မြောင်ကောသည် အနောက်မှ အကန်ခံရလူနီးပါးဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူမချက်ချင်းရှောင်နိုင်ခဲ့သောကြောင့် သူမအပြင်းအထန်မထိခိုက်ခဲ့ပေ။ ထို့ကြောင့် ကုနင်း နှင့် ပိုင်လီကျုံးရွှယ်သည် သူမအား ကူညီခြင်း မပြုခဲ့ပေ။
စုန့်မြောင်ကောသည် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့၏ လေ့ကျင့်မှုကို မခံခဲ့ရပါက ၎င်းတို့သည် တိုက်ခိုက်ရာတွင် မညံ့သောကြောင့် ဤလူငါးဦးကို တိုက်ခိုက်နိုင်သည်ဆိုသည်ကို ပြောရန် ခက်ခဲပေလိမ့်မည်။
သူတို့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် စုန့်မြောင်ကောဟာ သူတို့စစ်တပ်မှာ အနည်းဆုံး သုံးနှစ်ကြာ အမှုထမ်းခဲ့တာဆိုတာ သေချာသွားသည်။ သို့သော် သူတို့သည် ယခုအခါ လူဆိုးဂိုဏ်းများဖြစ်ကြသည်။ စစ်သားတိုင်းသည် ဖြောင့်မှန်သောလူမဟုတ်သည်မှာ သာမာန်ဖြစ်သည်။ တကယ်တော့ နယ်ပယ်တိုင်းမှာ လူဆိုးတွေရှိသည်။ စစ်တပ်မှာ တပ်တွေနဲ့ ဂိုဏ်းခွဲတွေဟာ အဆန်းတော့ မဟုတ်ပါ။
"ရှင်တို့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးလား" စုန့်မြောင်ကောက အသံနက်ကြီးဖြင့် မေးသည်။ သူမသည် စစ်အခြေစိုက်စခန်းတွင် ကြီးပြင်းလာသောကြောင့် သူမသည် စစ်သားများ၏ တိုက်ခိုက်နည်းကို သဘာဝအတိုင်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။
သူတို့ဟာ စစ်သားတွေဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ သူတို့ဟာ အနိုင်ကျင့်သူတွေဖြစ်နေတဲ့အတွက် စုန့်မြောင်ကော ကို အတော်လေးကို ဒေါသထွက်စေခဲ့သည်။
လုပ်ငန်းတိုင်းတွင် ဆိုးသွမ်းသူများရှိကြောင်းကိုလည်း သူမနားလည်သည်။ စစ်တပ်မှာ အမှုထမ်းဖူးသူတွေဟာ လူကောင်းတွေ မဟုတ်ပေမယ့် သူမမြင်တွေ့လိုက်ရတဲ့အတွက် သည်းမခံနိုင်ပေ။
"မင်းဘယ်လိုသိတာလဲ?" လူငါးဦးသည် အလွန်အံ့သြသွားကြသည်။
“ငါက စစ်စခန်းတစ်ခုမှာ ကြီးပြင်းခဲ့တာ။ မင်းတို့ဘာလဲဆိုတာသိဖို့က ငါ့အတွက် လွယ်လွယ်လေးပဲ။ ရှင်တို့က စစ်သားတွေအတွက် ရှက်စရာပဲ!” စုန့်မြောင်ကောက သူတို့ကို ဝေဖန်ခဲ့သည်။
အဲဒါကိုကြားတော့ သူတို့ အံ့သြသွားသည်။ စုန့်မြောင်ကောဟာ စစ်အခြေစိုက်စခန်းမှာ ကြီးပြင်းလာခဲ့ရင် သူမရဲ့မိသားစုဟာ သာမန်ဖြစ်မှာမဟုတ်ပါ။
သူ့အဖေက စစ်အခြေစိုက်စခန်းမှာ နှစ်ပေါင်းများစွာ နေနိုင်တဲ့အတွက် သူ့အဖေက အနည်းဆုံးတော့ အရေးပါတဲ့ရာထူးတစ်ခုခုကဖြစ်နိုင်ပေသည်။
အဲဒါကို တွေးကြည့်တော့ လူငါးယောက်က ကြောက်သွားသည်။
"ကောင်းပြီ ရှင်တို့ အခု ထွက်သွားနိုင်ပြီ! ကောရှီယန်ကို သတိထားဖို့ ပြောလိုက်ပါ။ ငါတို့အားလုံး အဆောင်တူတူ နေကြတာ။ သူ့ကို ခက်ခဲအောင် လုပ်ဖို့က ငါတို့အတွက် မခက်ခဲဘူး” ကုနင်းက သူတို့ကို အချိန်ပိုမဖြုန်းဘဲ ပျောက်သွားဖို့ ပြောလိုက်သည်။
ကုနင်းက ကောရှီယန်ကို ဒီလိုပြောခိုင်းတဲ့အတွက် ကောရှီယန်က ဒါကိုကြားပြီးနောက် အဆောင်ခန်းကို ပြန်မလာမှာကို သူမ မကြောက်ပါ။ ကုနင်းက ကောရှီယန်ကို ပြန်မလာဖို့တောင်မျှော်လင့်မိသည်။ ဘာလို့လဲဆိုတော့ သူတို့ ပိုအဆင်ပြေတဲ့ဘဝနဲ့ပဲ နေချင်ကြသည်။
ကောရှီယန်ကို အပြစ်ပေးမှာ ဖြစ်ပေမယ့် အခုချက်ချင်းတော့ မဟုတ်ပါ။ သူတို့ဟာ အနာဂတ်မှာ ဒီလိုလုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပေသည်။
လူငါးဦးသည် ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့သော်လည်း ပြန်လည်ကောင်းမွန်ရန် အနည်းဆုံး တစ်ပတ် လိုအပ်သည်။
သူတို့က ကျောင်းမှာရှိနေတာဖြစ်၍ စုန့်မြောင်ကောက နူးညံ့စွာတိုက်ခိုက်ခဲ့သည်။
လူငါးယောက်သည် စုန့်မြောင်ကော ကိုကြောက်သောကြောင့် ကုနင်းက သူတို့ကို ပျောက်ကွယ်သွားဖို့ပြောသည်နှင့် ချက်ချင်း ထွက်ပြေးသွားကြသည်။
“ဘုရားရေ၊ အခု ငါတစ်ယောက်တည်း လူငါးယောက်ကို အနိုင်ယူနိုင်တယ်။ အရင်တုန်းက ဒီလိုလုပ်နိုင်ခဲ့ရင်တောင် ဒဏ်ရာတော့ရလိမ့်မယ်!" စုန့်မြောင်ကောက သူတို့ထွက်သွားပြီးနောက် စိတ်လှုပ်ရှားစွာပြောသည်။
လူငါးယောက် အဝေးကို ထွက်သွားပြီးတာနဲ့ ကောရှိကျဲ့ကို ဖုန်းခေါ်သည်။ သူတို့တွင် ကောရှီယန်၏နံပါတ်မရှိသောကြောင့် ကောရှီကျဲ့ကိုသာခေါ်နိုင်သည်။
ထို့နောက် ရလဒ်ကို ကောရှီကျဲ့အား ပြောပြသည်။
ထိုအချိန်တွင် ကောရှီကျဲ့နှင့် ကောရှီယန်သည် စားသောက်ဆိုင်တစ်ခုတွင် ရှိနေသည်။ သူတို့မအောင်မြင်မှန်းသိသောအခါ သူတို့နှစ်ယောက်လုံး ဒေါသထွက်ခဲ့ကြပေမယ့် စုန့်မြောင်ကော တစ်ယောက်တည်းက သူတို့ငါးယောက်ကို ရိုက်နှက်ခဲ့တာကို ကြားလိုက်ရတော့ အံ့သြသွားကြသည်။
ကုနင်း၏ ခြိမ်းခြောက်မှုကြောင့် ကောရှီယန်လည်း ထိတ်လန့်သွားသည်။ အခု အဆောင်ထဲ ပြန်မသွားရဲတော့ပေ။
"ရှီကျဲ့၊ အခု ဘယ်လိုလုပ်ရမှာလဲ" ကောရှီယန်က သူ့အကိုကြီးဆီ လှည့်ပြီး အကူအညီတောင်းသည်။
“နောက်အဆောင်ကို ပြောင်းလို့ရတယ်။ အခုပဲ မင်းရဲ့အတန်းပိုင်ဆရာမဆီ သွားကြည့်ရအောင်။ မင်းသူတို့နဲ့ မတည့်ဘူးလို့ ငါတို့ပြောလို့ရတယ်” ဟု ကောရှီကျဲ့က ပြောသည်။ သူသည် ကုနင်း၏ အရိုက်ကိုခံရရန် ဝန်လေးနေသောကြောင့် ယခုအချိန်တွင် ကုနင်းကို ဒုက္ခမပေးဝံ့တော့ပေ။
ကောရှီကျဲ့သည် စစ်တပ်တွင် နှစ်အနည်းငယ်ကြာ အမှုထမ်းခဲ့ဖူးသော်လည်း သူ့ရဲဘော်ငါးယောက်က စုန့်မြောင်ကောကို အနိုင်မယူနိုင်ပေ။
အဲဒီနောက် ကောရှီကျဲ့က ကောရှီယန်ကို သူ့အတန်းပိုင်ဆရာမဆီ ခေါ်သွားခဲ့သည်။ သူတို့သည် မိန်းကလေးများ အချင်းချင်း အဆင်မပြေကြသည့် ဆင်ခြေကို အသုံးပြုကြကာ ကောရှီယန်သည် အခြားအဆောင်ခန်းသို့ ပြောင်းရွှေ့လိုသည့် အကြောင်းရင်းကိုတော့ ရှင်းပြရန် ငြင်းလိုက်ကြသည်။
ကောရှီယန်သည် သူမက လူတစ်စုကို ကုနင်းအား ရိုက်နှက်ရန် ဌားရမ်းခဲ့ကြောင်း အတန်းပိုင်သိသွားမည်ကို စိုးရိမ်သောကြောင့် သူမဟာ ကုနင်း၏ခြိမ်းခြောက်မှုကြောင့် အခြားအဆောင်တစ်ခုသို့ ပြောင်းရွှေ့လိုသည်ဟု မပြောခဲ့ပေ။
ကောရှီယန်၏ အတန်းပိုင်သည် မျက်နှာလိုက်သူဖြစ်သည်။ ကောရှီယန်သည် ချမ်းသာသောမိသားစုမှ ဆင်းသက်လာကြောင်း သူမသိသောကြောင့် သူမအား အခြားအဆောင်ခန်းသို့ ပြောင်းရွှေ့ရန် သဘောတူခဲ့သည်။
မဆိုင်းမတွဘဲ ကောရှီယန်သည် အဆောင်ခန်းသို့ အမြန်ပြန်ကာ သူမ၏ ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။
နေ့ခင်းဘက်တွင် လုရှောင်ရှောင်သည် ကောရှီယန်နှင့်အတူမရှိသောကြောင့် သူမဘာဖြစ်ခဲ့သည်ကို သူမမသိခဲ့ပေ။ အဆောင်ခန်းထဲမှာ ကောရှီယန်က သူ့ပစ္စည်းတွေ ထုပ်ပိုးနေတာကိုတွေ့တော့ သူမ အံ့သြသွားသည်။ "ရှီယန် ဘာဖြစ်လို့လဲ။ မင်း ပစ္စည်းတွေ ဘာလို့ ထုပ်ပိုးနေတာလဲ"
"ငါနောက်ထပ်အဆောင်ခန်းကိုပြောင်းမယ်" ကောရှီယန်ကပြောသည်။ သူမ စိတ်ဆိုးနေသည်။
အဲဒါကိုကြားတော့ လုရှောင်ရှောင်က စိတ်ပူသွားသည်။ ကောရှီယန်သည် အခြားအဆောင်တစ်ခန်းသို့ ပြောင်းရွှေ့ပါက သူမသည် ဤအဆောင်ခန်းတွင် တစ်ယောက်တည်း ကျန်ခဲ့ရမည်ဖြစ်သည်။
စုန့်မြောင်ကောနှင့် ကုနင်းတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဟု တွေးကာ လုရှောင်ရှောင် ကြောက်ရွံ့သွားသည်။
"ဘာဖြစ်လို့လဲ? ဘာလို့ တခြားအဆောင်ခန်းကို ရုတ်တရက်ပြောင်းရတာလဲ။ ဒီမှာ ငါတစ်ယောက်ထဲ ဘယ်လိုလုပ်ရမလဲ" လုရှောင်ရှောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကောရှီယန်က မကျေမနပ်ဖြစ်သွားသည်။ “စုန့်မြောင်ကောက ဒီလောက် သန်မာမယ်လို့ မမျှော်လင့်ထားဘူး။ ငါ့အစ်ကိုက သူတို့ကို သင်ခန်းစာပေးဖို့ လူငါးယောက်ကို ငှားထားပေမယ့် စုန့်မြောင်ကော တစ်ယောက်တည်းက သူတို့ကို ရိုက်နှက်လိုက်တယ်။ အဲ့လူငါးယောက်က ငါ့အကိုကြီးနဲ့အတူ စစ်တပ်မှာ အမှုထမ်းခဲ့တာ မင်းသိလား။ သူတို့က တော်တော် တိုက်ခိုက်တာ တော်တယ် ဒါပေမယ့်…”
စုန့်မြောင်ကော ကို မထိခိုက်စေခဲ့ပါ။
"ဘာ?" လုရှောင်ရှောင် အံ့သြသွားသည်။
ကောရှီယန်၏အစ်ကိုဖြစ်သူက ကုနင်းနှင့် သူမ၏သူငယ်ချင်းများကို အပြစ်ပေးခြင်းသည် အလွန်လွယ်ကူသည်ဟု သူမထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ စုန့်မြောင်ကော တစ်ယောက်တည်းက သူတို့ကို အနိုင်ယူခဲ့သည်။
“အမ် လူငါးယောက်ကို မင်း ငှားထားတယ်ဆိုတာ သူတို့ သိလား” လုရှောင်ရှောင် မေးလိုက်တယ်။ တကယ်တော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက အဲဒါကို သိနေတယ်ဆိုတာ သိသာပေသည်။ မဟုတ်ရင် ကောရှီယန် က တခြားအဆောင်ကို ပြောင်းမည်မဟုတ်ပေ။
***
စာစဉ် ၁၁၄ ပြီး၏။