← Chapters

အခန်း (၁၈၄၉-၁၈၅၄)

Vol. 115 Ch. 1849-1854

အခန်း (၁၈၄၉-၁၈၅၄)

Vol. 115 Ch. 1849-1854

အခန်း ၁၈၄၉ မပြီးသေးဘူး

“အရူး သူတို့သာမသိရင် တခြားအဆောင်ကို ငါပြောင်းမှာတဲ့လား” ဟု ကောရှီယန်က စိတ်မရှည်စွာပြောသည်။ ထို့နောက် သူမသည် လုရှောင်ရှောင်ကို လျစ်လျူရှုကာ ထုပ်ပိုးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

လုရှောင်ရှောင်သည် ဤအခိုက်အတန့်တွင် စိုးရိမ်မှုအပြည့်ရှိနေသည်။ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေကို သင်ခန်းစာပေးဖို့အတွက် ကောရှီယန်က လူတစ်စုကို ငှားရမ်းခဲ့ပြီး သူမပါဝင်ပတ်သက်ခြင်းမရှိပေမယ့် အရင်က သူမလည်း ကောရှီယန်နဲ့အတူတစ်ဖွဲ့ထဲဖြစ်ခဲ့သည်။ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများက သူမကို မုန်းတီး‌ပေလိမ့်မည်။

ကောရှီယန် ထွက်သွားရင် သူတို့ ဒေါသတွေကို သူမအပေါ်ပုံချနိုင်သည်။

မဖြစ်ဘူး၊ သူမဒီမှာနေလို့မဖြစ်ပါ။ သူမသည် အခြားအဆောင်ခန်းသို့ ပြောင်းရွှေ့ရမည်။

ဒါကိုတွေးမိပြီး လုရှောင်ရှောင် ချက်ချင်း အဆောင်ပြောင်းဖို့ပြင်ဆင်လိုက်သည်။ အတန်းပိုင်ကို တွေ့ဖို့ သူမ အပြင်ကို ပြေးထွက်လာသည်။ သူမသည် ကုနင်းနှင့် စုန့်မြောင်ကောတို့နှင့်အတူ တစ်ခန်းတည်းနေထိုင်ရန် ငြင်းဆိုခဲ့သည်။

ရလဒ်အနေနဲ့ ကုနင်းနဲ့ စုန့်မြောင်ကောတို့ဟာ ညဘက်ပြန်ရောက်တဲ့အခါ ကောရှီယန်နဲ့ လုရှောင်ရှောင် နှစ်ယောက်စလုံး သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ထွက်သွားတာကို တွေ့လိုက်ရသည်။

အံ့သြစရာကောင်းပေမယ့် သူတို့မျှော်လင့်ထားသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါဟာ သတင်းကောင်းပါ။

"အင်း ကောရှီယန်က သူတခြားအဆောင်တစ်ခန်းကို ပြောင်းလိုက်ရုံနဲ့ ပြီးသွားမယ်များထင်နေတာလားမသိဘူး" စုန့်မြောင်ကောက အထင်အမြင်သေးစွာဖြင့် ပြောသည်။

ကုနင်းက “အနည်းဆုံးတော့ သူ ညည စိတ်လှုပ်ရှားပြီး အိပ်နေဖို့ မလိုတော့ဘူးပေါ့”

“ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ငါတို့ သူ့ကို နေ့တိုင်းတွေ့‌နေဖို့ မလိုတော့ဘူး” ဟု စုန့်မြောင်ကောက ပျော်ရွှင်စွာပြောသည်။

အမှန်တော့ ကောရှီယန် ထွက်သွားရင်တောင် သူတို့က သူမကို ခက်ခဲအောင်လုပ်နိုင်သည်။ သူတို့အားလုံး ကျောင်းတစ်ကျောင်းထဲမှာဖြစ်ပေသည်။ သူမကို ရှာတွေ့ဖို့ သူတို့အတွက် လွယ်လွယ်လေးပါ။

"အမ် ကုနင်း ကျုံးရွှယ်ကို ပြောင်းလာခိုင်းမလား" စုန့်မြောင်ကောက ကုနင်းကို မေးသည်။ ပိုင်လီကျုံးရွှယ်က သူတို့နဲ့ အတူနေနိုင်မယ်လို့ သူမမျှော်လင့်ထားပေမယ့် ကုနင်းရဲ့ ထင်မြင်ချက်ကို တောင်းဆိုဖို့တော့ လိုအပ်သည်။

သူတို့အားလုံးသည် သူငယ်ချင်းများဖြစ်ကြပြီး ကုနင်းသည် ပိုင်လီကျုံးရွှယ်ကို ၎င်းတို့နှင့်အတူ ပြောင်းရွှေ့စေလိုသည်ဟု ခံစားမိသော်လည်း ကုနင်းအား လေးစားစွာဖြင့် တောင်းဆိုခဲ့သည်။

"ရတာပဲ!" ကုနင်းက သဘောတူသည်။ ဘာပဲဖြစ်ဖြစ် ပိုင်လီကျုံးရွှယ်က သူတို့အနီးမှာပဲဖြစ်သည်။ အတူတူနေရင် ပြသနာမရှိပေ။

ကုနင်း၏သဘောတူညီချက်ဖြင့် စုန့်မြောင်ကောသည် ပိုင်လီကျုံးရွှယ်နှင့်တစ်ပြိုင်နက် ဤသတင်းကောင်းကို မျှဝေခဲ့သည်။

ကုနင်း၊ စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် WeChat Group ရှိသောကြောင့် စုန့်မြောင်ကောသည် Groupchatထဲမှာ ပိုင်လီကျုံးရွှယ်ကို တိုက်ရိုက်ပြောပြခဲ့သည်။

ပိုင်လီကျုံးရွှယ်သည် သတင်းကြားပြီးပြီးချင်းဝမ်းသာသွားသည်။ မထင်မှတ်ပဲ သူမဟာ ကုနင်းနဲ့အတူတူ အဆောင်ခန်းတစ်ခုထဲမှာ နေရတော့မည်။ သူမ စိတ်လှုပ်ရှားနေပေမယ့် အတန်းပိုင်ရဲ့ သဘောတူညီချက်ကိုလည်း လိုအပ်တာကြောင့် ချက်ချင်း ပြောင်းရွှေ့ဖို့ အလျင်စလို မလုပ်ခဲ့ပါ။

ပုံမှန်အားဖြင့် သူတို့အတန်းပိုင်က သဘောတူလိမ့်မည်။

တိုက်ဆိုင်စွာပင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် နောက်နေ့နံနက် နံနက်စာစားရန်သွားသောအခါ ကောရှီယန်နှင့် လုရှောင်ရှောင်ကိုတွေ့လိုက်ရသည်။ ကောရှီယန်က သူတို့ကို မြင်လိုက်သည်နှင့် သူမ အလျင်စလို ထွက်ပြေးသွားသည်။

“ဟားဟား” စုန့်မြောင်ကောက အော်ဟစ်ကာ ရယ်မောလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူတို့တွေ့ပြီးကတည်းက ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက သူ့ကို လွှတ်ထားဖို့ မဖြစ်နိုင်‌ပေ။ မနှောင့်နှေးဘဲ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ဖမ်းပြီး တားလိုက်သည်။

"ဘာ...မင်းတို့ဘာလုပ်ချင်‌‌နေတာလဲ" ကောရှီယန်က သူတို့ကိုကြည့်ရင်း လန့်သွားသည်။ သူမလုပ်ခဲ့တဲ့ မကောင်းမှုတစ်ခုကြောင့် အပြစ်ရှိသလို ခံစားပြီး မျက်လုံးများကို ရှောင်လိုက်သည်။

ကောရှီယန်သည် အားနည်းသူများကိုသာ အနိုင်ကျင့်ရဲပြီး အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက် ကြောက်လန့်သွားခဲ့သည်။

သို့သော်လည်း သူမသည် ယခုအချိန်တွင်သာ ကြောက်ရွံ့နေပြီး အခွင့်အရေးရလာသည်နှင့်အမျှ အခြေအနေကိုပိုဆိုးလာအောင်လုပ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။

"ငါတို့ကို ဘာလုပ်‌စေချင်လို့လဲ" စုန့်မြောင်ကောက အထင်အမြင်သေးစွာဖြင့် ပြုံးပြီး "ကောရှီယန်၊ လုရှောင်ရှောင်၊ မင်းတို့ ဘာလို့ တခြားအဆောင်ကို ရုတ်တရတ်ပြောင်းသွားတာလဲ။ ကောရှီယန် မင်းပြောင်းသွားရုံနဲ့ ပြီးသွားမယ်လို့များ ထင်‌နေတာလား"

“မင်း…” ကောရှီယန်သည် စုန့်မြောင်ကောနှင့် ကုနင်းတို့က သူ့ကို နာကျင်စေမည်ဆိုး၍ ကြောက်ရွံ့မှုဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။

"ဘာလဲ?" စုန့်မြောင်ကောသည် ကောရှီယန်ဆီသို့ ခြိမ်းခြောက်သည့်ပုံစံဖြင့် လျှောက်သွားသည်။ ကြောင်တစ်ကောင်က ကြွက်နဲ့ကစားနေသလို ကောရှီယန်ကို လှောင်ပြောင်ရယ်မောလိုက်သည်။

"စုန့်မြောင်ကော၊ မင်းငါ့ကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိရင် ငါတို့ဆရာကို တိုင်မှာနော်!" ကောရှီယန်သည် ရဲရင့်ဟန်ဆောင်သည်။ ဆရာ၏ သြဇာလွှမ်းမိုးမှုဖြင့် သူတို့ကို ခြိမ်းခြောက်ရန် ကြိုးစားခဲ့သည်။

"အင်း မင်းငါ့နဲ့ ကုနင်းကို နာကျင်အောင်လုပ်တုန်းကရော ငါတို့ဆရာကို သတင်းပို့မှာကို မကြောက်ဘူးလား" စုန့်မြောင်ကောက လှောင်ပြောင်သရော်သည်။ "ဆရာ့ကို မကြောက်တဲ့သူက မင်းတစ်ယောက်တည်းလို့ ထင်‌နေတာလား"

“ငါ...ငါ့အဖေက နိုင်ငံတော် သစ်တောအုပ် ချုပ်ရေးမှူး”

စုန့်မြောင်ကောသည် ဆရာကို မကြောက်ကြောင်း ကြားသိရသဖြင့် ကောရှီယန်သည် သူမ၏ဖခင်၏ သြဇာလွှမ်းမိုးမှုကို အားကိုးခဲ့ရသည်။

“ပြည်နယ်သစ်တောအုပ်ချူပ်ရေးမှူးက အရမ်းအရေးကြီးတဲ့ အရာရှိလို့ မင်းထင်‌နေတာလား။ မင်းလုပ်ချင်တာ လုပ်နိုင်မယ်လို့ ထင်လား" စုန့်မြောင်ကောက စက်ဆုပ်စွာပြောသည်။ သာမန်လူများအမြင်တွင် သြဇာကြီးသော အရာရှိတစ်ဦးဖြစ်သော်လည်း စုန့်မိသားစုအတွက် ဘာမှမဟုတ်ပေ။

“မင်း…” ကောရှီယန် အံ့သြသွားသည်။ ဒီအချိန်မှာ သူမ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။ တစ်ချိန်တည်းမှာပင် စုန့်မြောင်ကောသည် သူမယုံကြည်ခဲ့သည့်အတိုင်း သာမန်မိသားစုမှ ဆင်းသက်လာမည် မဟုတ်ဟု သူမကိုယ်သူမ တွေးတောမိခဲ့သည်၊ မဟုတ်ပါက သူမအဖေ၏ လူမှုအဆင့်အတန်းကို ကြောက်ရွံ့နေသင့်သည်။

"ကုနင်း?"

တစ်စုံတစ်ယောက်က ကုနင်းကို ရုတ်တရက် ခေါ်လိုက်သည်။ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများက ထိုလူကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

"ဟိုင်း စီနီယာရုန်!" ရုန်ကျဲ့ချန် ကိုမြင်ပြီးနောက် ကုနင်းနှင့် စုန့်မြောင်ကောတို့က သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

စုန့်မြောင်ကောသည် ရုန်ကျွယ်ကို သိသော်လည်း ရုန်ကျဲ့ချန်နှင့်တော့ မရင်းနှီးပါ။ ဘာပဲဖြစ်ဖြစ် သူသည် ရုန်မိသားစု၏ မိသားစု၀င်တစ်ဦးဖြစ်သည်ကို သူမသိသော်လည်း သူ့အဖေက ဘယ်သူလဲဆိုတာကိုတော့ မသိပေ။

တကယ်တော့ အဲ့တာက အရေးမကြီးပါ။

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ရုန်ကျဲ့ချန်ကိုတွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။

ဒီအချိန်မှာ ကုနင်းနဲ့ စုန့်မြောင်ကောကို ကြောက်စိတ်တွေ မေ့သွားကြသည်။

"ဟိုင်း တိုက်ဆိုင်လိုက်တာ!" ရုန်ကျဲ့ချန်က ကုနင်းကို တွေ့ရတော့ ပျော်သည်။

"အိုး မနက်စာစားပြီးပြီလား။ မစားရ‌သေးရင် ကိုယ်ဝယ်‌ကျွေးပါရစေ” ဟု ရုန်ကျဲ့ချန်က ပြောသည်။

ကောရှီယန်နှင့် လုရှောင်ရှောင်တို့က ၎င်းတို့ကို ထိုမေးခွန်းမေးရန် ဆန္ဒရှိခဲ့သော်လည်း ကံမကောင်းစွာပဲ သူက ကုနင်းကိုသာ မေးခဲ့သည်။

ထို့အပြင် ကုနင်းသည် ဤမျှချောမောသောကောင်လေးနဲ့ သိနိုင်သည်။

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ကုနင်းကို ထပ်မံမနာလိုကြပေ။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုပါဘူး" ကုနင်းက ငြင်းသည်။ ရုန်မိသားစုနဲ့ ခပ်ခွာခွာနေဖို့ ဆုံးဖြတ်ထားသည်။

စုန့်မြောင်ကောသည် တူညီသော အကြံအစည်ရှိပြီး ရုန်ကျဲ့ချန်ကို စိတ်မဝင်စားပါ။

“ကောင်းပါပြီ” ရုန်ကျဲ့ချန် အနည်းငယ် စိတ်ပျက်သွားသည်။ ကုနင်းငြင်းလိုက်၍ အတင်းတိုက်တွန်းပါက ကုနင်းက သူ့အပေါ် အမြင်ဆိုးသွားမှာဆိုး၍ မတိုက်တွန်းတော့ပေ။

"ငါတို့ ကန်တင်းအတူတူသွားကြမလား" ရုန်ကျဲ့ချန်က မေးသည်။ ကုနင်းက သူ့ရဲ့ဖိတ်ကြားချက်ကို ငြင်းဆိုပေမဲ့ သူတို့နှစ်ယောက်ကန်တင်းကို အတူတူသွားလို့ရသေးသည်။

"စီနီယာရုန်၊ ရှင်အရင်သွားလိုက်ပါလား။ ကျွန်မ အခု တခြားအရာ ဖြေရှင်းဖို့ လိုနေသေးလို့” ဟု ကုနင်းက ဆိုသည်။ သူနဲ့ မနက်စာ အတူစားဖို့ ရည်ရွယ်ချက် မရှိပါ။

“ကောင်းပြီ”

ရုန်ကျဲ့ချန်က ဒီအကြောင်းကို ဘာမှထပ်မပြောဘဲ တစ်ယောက်တည်း ထွက်သွားခဲ့သည်။

ရုန်ကျဲ့ချန် မရှိတော့တာနဲ့ ကောရှီယန်နဲ့ လုရှောင်ရှောင်တို့ဟာ ကုနင်းနဲ့ စုန့်မြောင်ကောတို့ကို တဖန်ပြန်ပြီး ရင်ဆိုင်ကြရသည်။

"ကောင်းပြီ ငါတို့ အခု မနက်စာ သွားစားသင့်တယ်" ကုနင်းသည် ကောရှီယန်ကို အပြစ်ပေးခြင်းကို နောက်ဆုတ်လိုက်သည်။ တကယ်တော့ ကောရှီယန်ကို နာကျင်အောင် တစ်ခုခုလုပ်မယ်ဆိုရင်တောင် တိတ်တိတ်လေးပဲ လုပ်မှာပါ။

သူမကို ဒုက္ခဖြစ်စေနိုင်သောကြောင့် လူအများရှေ့တွင် မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါ။

ကောရှီယန်က စိတ်သက်သာရာရသွားသလို ကုနင်းက သူမကို နာကျင်အောင် မလုပ်ရဲဘူးလို့ ခံစားလိုက်ရသည်။ ဒါပေမယ့် နောက်တစက္ကန့်မှာတော့ ကုနင်းက ကောရှီယန်ကို တစ်ခုခုဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတုအယောင် အပြုံးတစ်ခုပြုံးပြလိုက်လေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၅၀ ငါတို့ဘာလို့ သူ့ကိုသိရမှာလဲ?

"ကောရှီယန် သတိထားနော်။ ငါတို့ မင်းကို လူရှေ့သူရှေ့မှာ ထိခိုက်စေမှာ မဟုတ်ပေမယ့်…” ကုနင်းက အဓိပ္ပါယ်ရှိသော လေသံဖြင့် ပြောလိုက်သည်။ ကောရှီယန် အပေါ် သူမ၏မုန်းတီးမှုကို ဖုံးကွယ်ထားရန် စိတ်မ၀င်စားဘဲ ကောရှီယန် ကို ခြောက်လိုက်သည်။

မဆိုင်းမတွဘဲ ကုနင်းလှည့်ပြီး ထွက်သွားသည်။

စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည်လည်း အဝေးသို့ ထွက်ခွာမသွားမီ ကောရှီယန်ကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက် ပေးခဲ့သည်။

သူတို့ထွက်သွားပြီးတာနဲ့ မိန်းကလေးနှစ်ယောက်က ကောရှီယန်နဲ့ လုရှောင်ရှောင်ဆီကို လျှောက်လားပြီး “ဟိုင်း ရှီယန် မင်းကုနင်းနဲ့ ဘယ်လိုသိတာလဲ? ငါ မင်းကို မနာလိုလိုက်တာ!"

"ဟုတ်တယ် မင်းတို့ ဘယ်လိုပတ်သတ်တာလဲ" တခြားကောင်မလေးက မေးသည်။

အဲဒါကိုကြားတော့ ကောရှီယန်ဟာ ကုနင်းနဲ့ သူမရဲ့ဆက်ဆံရေးကို မနာလိုဖြစ်တာက ရယ်စရာကောင်းလွန်းတာကြောင့် မကျေမနပ်ဖြစ်သွားသည်။

ကောရှီယန်က ဒေါသတွေ ပြည့်နှက်နေတဲ့အတွက် သူမ ချက်ခြင်း အော်လိုက်သည်။ "မင်း ငါ့ကို မနာလိုတယ် ဟုတ်လား။ မင်းကရော သူ့လိုပဲ ငါ့ကို အနိုင်ကျင့်ချင်နေတာလား"

"အနိုင်ကျင့်တာလား? ဘယ်လိုဖြစ်နိုင်မလဲ။ ကုနတ်ဘုရားမက တခြားလူတွေကို ဘယ်တော့မှ အနိုင်ကျင့်မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ ကုနတ်ဘုရားမက ကြင်နာတတ်တဲ့ မိန်းကလေးပါ။ သူက တခြားလူတွေကို ကယ်တင်တာကိုပဲ မြင်ဖူးတယ်။ သူက လူဆိုးမှ မဟုတ်ရင် တခြားဘယ်သူ့ကိုမှ အနိုင်ကျင့်တာ မတွေ့ဖူးဘူး”

ကောင်မလေးနှစ်ယောက်က တပြိုင်နက် ငြင်းခုံကြသည်။ ကောရှီယန်၏ စကားကို မယုံဘဲကုနင်းကိုလည်း ကာကွယ်ခဲ့သည်။

သူတို့၏မျက်လုံးများတွင် ကုနင်းသည် တရားမျှတမှု အားကောင်းသော မိန်းကလေးဖြစ်သည်။ ကောရှီယန်ကသာ သူမကို အရင်မစော်ကားဘူးဆိုရင် တခြားလူတွေကို အနိုင်ကျင့်ဖို့ မဖြစ်နိုင်ပါ။

"မင်းဘာကိုဆိုလိုတာလဲ? ငါ့ကို လူဆိုးလို့ပြောနေတာလား" ကောရှီယန် ဒေါသထွက်သွားသည်။ သူ့ရှေ့မှာ ဘာကြောင့် ဒီလိုပြောနိုင်ရတာလဲ။

ကောရှီယန်သည် အမှတ်တကယ် သူမက ကုနင်းကို အရင် စော်ကားခဲ့ရင်တောင် အခြားလူများက သူမအား ဝေဖန်ရန် ခွင့်ပြုမည်မဟုတ်ပေ။

ကောရှီယန်သည် အခြားလူများကို မကြာခဏ အနိုင်ကျင့်လေ့ရှိပြီး သူမနှင့် မည်သူမျှ ငြင်းခုံဝံ့ကြွားခြင်းမရှိသောကြောင့် သူမဟာ မောက်မာလာခဲ့သည်။ ဒါဟာ သူမအမှားဖြစ်နေပေမယ့် သူမအမှားလို့ ဘယ်တော့မှမတွေးပါ။ ဒါပေမယ့် ကုနင်းတို့ စုန့်မြောင်ကောတို့နဲ့တွေ့တဲ့အခါမှာတော့ သူမ မအောင်မြင်ခဲ့ပေ။

သို့သော် လုရှောင်ရှောင်သည် သူတို့၏မေးခွန်းကို အမှတ်ရမိသွားသည်။ "ဘာလို့ သူ့ကို ကုနတ်ဘုရားမလို့ခေါ်တာလဲ။"

ကောရှီယန်က မကျေနပ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ကုနင်းကို ကုနတ်ဘုရားမလို့ ခေါ်ကြတယ်တဲ့။

ကုနင်းအပေါ် သူမမုန်းတီးမှုကြောင့် ကုနင်းက သူ့ထက် ပိုလှနေရင်တောင်မှ တခြားလူတွေကကုနင်းအားချီးမွမ်းတာ ကြားရတာကို သူမမုန်းတီးမိသည်။

"ဟင်? ကုနတ်ဘုရားမကို မသိဘူးလား" မိန်းကလေးတွေ အံ့သြသွားသည်။

"ငါတို့ဘာလို့သူ့ကိုသိရမှာလဲ? သူ့ကဘာမလို့လဲ။ နာမည်ကြီးလား ဒါမှမဟုတ် တစ်ခုခုလား" ကောရှီယန်က ဒေါသတကြီး ပြန်ပြောသည်။ ကုနင်းက အရမ်းထူးချွန်ပြီး လူတော်တော်များများက သူ့ကို သဘောကျတာကြောင့် တခြားလူတွေက ကုနင်းကို သူတို့ရဲ့ အိုင်ဒေါအဖြစ် မှတ်ယူထားတာကို သူမ မုန်းတီးသည်။

သူမသည် ဖျော်ဖြေရေးနယ်ပယ်ကို များစွာအာရုံစိုက်ခဲ့ပြီး ကုနင်းကို ယခင်က မကြားဖူးသောကြောင့် ကုနင်းသည် အနုပညာရှင်တစ်ဦးဖြစ်မည်ဟု သူမမထင်မိပေ။

တကယ်တော့ သူမစိတ်မဝင်စားတဲ့အရာကို သူမသိနိုင်ပါ။

ကောရှီယန်၏ မကြင်နာသော မျက်နှာကို မြင်လိုက်ရသော မိန်းကလေး နှစ်ယောက်မှာ မကျေမနပ် ဖြစ်သွားကြသည်။ “သူက နာမည်ကြီးတစ်ယောက်မဟုတ်ပေမယ့် နာမည်ကြီးတွေထက်တောင် ပိုကျော်ကြား‌တယ်။ တကယ်တော့ သူက အဲဒီနာမည်ကျော်တွေထက် အများကြီးသာလွန်တဲ့ နာမည်ကောင်း‌တောင်ရသေးတယ်”

"ဘာ?"

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် သူတို့၏နားကို မယုံနိုင်ဖြစ်နေကြသည်။ ကုနင်းဟာ နာမည်ကြီးတွေထက်တောင် ပိုကျော်ကြားခဲ့ပြီး သူမရဲ့ နာမည်က သူတို့ထက်တောင် ပို‌ရတယ်ဆိုတဲ့အတွက် အံ့ဩသွားမိသည်။

ရုတ်တရက်ဆိုသလို ကောရှီယန်နဲ့ လုရှောင်ရှောင်က လန့်သွားသည်။ သူတို့သည် ငတုံးမဟုတ်သလို ကုနင်းသည် သာမန်လူမဟုတ်ဟု ခံစားမိသည်။

"မင်းဘာကိုဆိုလိုတာလဲ? ငါ့ကိုသူ့အကြောင်း ပြောပြ” လို့ ကောရှီယန်က မေးသည်။ ကုနင်းကို သူကလဲ့စားချေဖို့ ခဲယဉ်းသွားမှာ ဖြစ်တာကြောင့် ကုနင်းက သြဇာညောင်းတယ်ဆိုတာ သူမသိချင်ပါ။

သူမရဲ့ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ဖော်ထုတ်ပြီး ကုနင်းက သူမကို ခြိမ်းခြောက်ခဲ့ပေမယ့် သူမလက်မလျှော့ခဲ့ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် ကုနင်းကို စိတ်ဆိုးပြီး ဒေါသထွက်ခူဲ့ည်။ သူမ အခွင့်အရေးရသရွေ့ ကုနင်းကို နောက်တစ်ကြိမ် နာကျင်အောင်ကြိုးစားပါအုံးမည်။

“သူ့အကြောင်း ပိုသိချင်ရင် အင်တာနက်မှာ ရှာကြည့်ပေါ့။ စကားမစပ် ငါတို့က ကုနင်းရဲ့ သစ္စာရှိ ပရိသတ်တွေနော်။ မင်းသူ့ကို တိုက်ခိုက်နေတာ မကြားချင်ဘူး။ ငါတို့‌ရှေ့မှာ ထပ်ပြီး သူ့ကိုမကဲ့ရဲ့ပါနဲ့ မဟုတ်ရင် ငါတို့ မင်းကို ကြင်နာ‌ေနမှာ မဟုတ်ဘူး” ဟု မိန်းကလေးက ပြောပြီး အခြားမိန်းကလေးနှင့်အတူ ထွက်သွားခဲ့သည်။

ထိုမိန်းကလေးသည် ကောရှီယန်နဲ့ အဆင့်အတန်းတူပြီး ကောရှီယန်ရဲ့ မိသားစုက ချမ်းသာတယ်ဆိုတာ သူမသိပေမယ့် သူမတို့မိသားစုကလည်း သာမန်မဟုတ်တာကြောင့် ကောရှီယန်ကို မကြောက်‌ပေ။

“မင်း…” ကောရှီယန်သည် မိန်းကလေး၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသောအခါ ဒေါသတကြီးဖြစ်သွားသည်။ သူမသည် ယခုအခါ နေရာတိုင်းတွင် သူမ၏ရန်သူများ ရှိနေသည်ဟု ခံစားရသည်။ အရင်တုန်းက သူမကသာ သူတပါးကို အနိုင်ကျင့်နိုင်ခဲ့ပေမယ့် အခုတော့ ပြောင်းလဲသွားပါပြီ။

လုရှောင်ရှောင်သည် သူမကို ခြိမ်းခြောက်ခြင်း မပြုသောကြောင့် သူမအား ထိခိုက်မှုမရှိပါ။ မဆိုင်းမတွဘဲ၊ အင်တာနက်ပေါ်တွင် ကုနင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ရှာဖွေရန် သူမ၏ဖုန်းကို ထုတ်လိုက်သည်။

ကောရှီယန်ကလည်း ကုနင်းအကြောင်း ပိုလေ့လာချင်တာကြောင့် သူမလည်း အလားတူလုပ်ရပ်မျိုးလုပ်လိုက်သည်။

ကုနင်းနဲ့ ပတ်သက်တဲ့ သတင်းကို ဖတ်ပြီး နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။

"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ကောရှီယန်နှင့် လုရှောင်ရှောင်တို့သည် ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်သွားကြသည်။ သူတို့ဖတ်‌ေနတာကို သူတို့မယုံနိုင်ကြပေ။

ကုနင်းသည် နိုင်ငံလုံးဆိုင်ရာ သင်္ချာပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာခဲ့ပြီး သူမသည် ယခုနှစ်အတွက် အမှတ်အများဆုံးဖြစ်သည်။

ကုနင်းသည် JadeBeauty လက်ဝတ်ရတနာဆိုင်၊ ဖုန့်ဟွာအင်တာတိန်းမန့် ၊ ခိုကျီ ၊ ကုဖန်း နှင့် အခြားသော ပိုင်ဆိုင်မှု ယွမ်ဘီလီယံနှင့်ချီသော ကုမ္ပဏီများစွာ၏ ပိုင်ရှင်လည်းဖြစ်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကုနင်းက အရမ်းငယ်‌သေးသည်။ ကုမ္ပဏီများစွာကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမှန်မဖြစ်နိုင်ပါဘူး။ တကယ်မဖြစ်နိုင်ဘူး။ ဒီလောက်ကုမ္ပဏီအများကြီးကို သူမပိုင်ဆိုင်နိုင်ဘူး။ သူ ဒီလောက်မအောင်မြင်နိုင်ဘူး။

ကောရှီယန်က ဒါကို ယုံဖို့၊ လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ ကုနင်းကို ဤမျှလောက် အောင်မြင်နိုင်မည်ဟု သူမ မထင်ပေ။

ဘာပဲဖြစ်ဖြစ် ကောရှီယန်က အခု ကုနင်းကို ပိုကြောက်သွားသည်။ ဒီကုမ္ပဏီတွေကို ကုနင်း မပိုင်ဘူးဆိုရင်တောင်မှ သူ့နောက်ကွယ်မှာ အားကောင်းတဲ့ ပံ့ပိုးကူညီမှု ရှိရမည်။

"ရှီယန်၊ ငါတို့ အခု ဘာလိုလုပ်မလဲ" လုရှောင်ရှောင် လည်း လုံးဝ ထိတ်လန့်သွားသည်။ သူမ မယုံနိုင်ပေမယ့် ကုနင်းဟာ သာမန်မိန်းကလေးမဟုတ်တာ သေချာသည်။

ယွမ်ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်မှုရှိသည့် ကုမ္ပဏီများကို သူမပိုင်ဆိုင်သည်။

လုရှောင်ရှောင်၏ဖခင်သည် ချမ်းသာသော်လည်း ကုနင်းသည် ကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် JadeBeauty လက်ဝတ်ရတနာဆိုင် တစ်ခုတည်းနှင့်ပင် ပိုင်ဆိုင်မှု ယွမ် နှစ်ဘီလီယံကျော်ရှိသည်။

ခိုကျီသည် ယနေ့ခေတ်တွင် အလွန်ရေပန်းစားနေသောကြောင့် ၎င်းသည် ပိုင်ဆိုင်မှု ယွမ်တစ်ဘီလီယံကျော်အထိ ရှိနိုင်သည်။

"ဘယ်သိမှာလဲ!" ကောရှီယန် ဒေါသထွက်သွားသည်။ သူမသည် ယခု ဘာလုပ်ရမှန်း မသိတော့ဘဲ လုရှောင်ရှောင်၏ အမေးကို သူမ သည်းမခံနိုင်တော့ပေ။

ထို့နောက် သူမသည် လုရှောင်ရှောင်ကို နောက်တွင် ထားခဲ့ကာ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ အခု သူမ စိတ်အခြေအနေမကောင်း၍ မနက်စာစားချင်စိတ်မရှိတော့ပေ။

ထို့အတွက်ကြောင့် ကောရှီယန်သည် ထိုနေ့နံနက်တွင် စစ်ရေးပြ‌ ‌လေ့ကျင့်နေစဉ် လှုပ်ရှားမိသွားခဲ့သည်။ သူတို့ရဲ့ နည်းပြက သူ့ကို သတိထားမိပြီး အပြစ်ပေးသည်။

သူမသည် နဂိုထဲကလည်း ဒေါသထွက်နေတာမို့ နည်းပြနဲ့ ငြင်းခုံပြီးနောက် ထွက်ပြေးလာခဲ့သည်။

ကုနင်းနဲ့ သူ့သူငယ်ချင်းတွေကတော့ ဒါကို သတိမထားမိကြပါ။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၅၁ ကုနင်းရဲ့ အမှားကို လိုက်ရှာခြင်း

ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ စစ်ရေးပြလေ့ကျင့်‌‌နေတဲ့အခါ ရုန်ကျဲ့ချန်က သူတို့အနားက လျှောက်လာပြီး ကုနင်းကို အထူးတလည် တစ်ချက်တစ်ချက်ကြည့်နေသည်။

ထိုအချိန်တွင် ရုန်ကျွယ်သည် သူတို့နှင့် မဝေးလှပေ။ ရုန်ကျဲ့ချန်က ကုနင်းကို အထူးအာရုံစိုက်နေသည်ကိုမြင်တော့ သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ ရုန်ကျဲ့ချန်ကို ဝေးရာသို့ ထွက်သွားရန်ပင် ပြောချင်မိသည်။

ကုနင်းက ရုန်ကျဲ့ချန်ကို မြင်ပေမယ့် သူ့ကို ဂရုမစိုက်‌ပေ။ တကယ်တော့ ဖြစ်နိုင်ရင် သူ သူမကို ဂရုမစိုက်ဖို့တောင် မျှော်လင့်မိသည်။

ရုန်ကျဲ့ချန်က ကုနင်းကို ကြည့်နေတဲ့အချိန်မှာပဲ ယွမ်ရှူးယန်နဲ့ ကောင်မလေးနှစ်ယောက်က သူ့နောက်ကနေ ဖြတ်သွားကြသည်။ ကောင်မလေးနှစ်ယောက်က မနေ့က ယွမ်ရှူးယန်နဲ့ လိုက်လာတဲ့ ကောင်မလေးနှစ်ယောက်ဖြစ်ပြီး သူတို့က ကုနင်းကို တစ်ခါတွေ့ဖူးသည်။

တစ်‌ယောက်မှာ ခဲ့ချင်ချင် ဟုခေါ်ပြီး ကျန်တစ်‌ယောက်မှာ ချူဟန်ကျောင်း ဖြစ်သည်။

ရုန်ကျဲ့ချန်ကို မြင်လိုက်သည်နှင့် ယွမ်ရှူးယန်၏ မျက်လုံးများ တောက်ပသွားသော်လည်း ကုနင်းကို သူကြည့်နေကြောင်း သူမသိလိုက်သောအခါ မကျေမနပ်ဖြစ်သွားသည်။

ရုန်ကျဲ့ချန်သည် ကုနင်းကို မတူကွဲပြားစွာ ဆက်ဆံ‌မည်ကို သူမအမြဲတမ်း စိုးရိမ်နေခဲ့သော်လည်း ယခုအခါ သူမစိုးရိမ်မှုများ အမှန်တကယ်ဖြစ်လာပုံရသည်။ ရုန်ကျဲ့ချန်သည် ကုနင်းကို ကွဲပြားစွာ ဆက်ဆံခဲ့ပြီး သူမကို အထူးတွေ့ရန်ပင် ရောက်လာခဲ့သည်။

သူမ၏မျက်လုံးထဲတွင် ရုန်ကျဲ့ချန်သည် ကုနင်းအတွက် အထူးတလှယ် ဤနေရာသို့ ရောက်လာသည်ဟု သူမယုံကြည်ခဲ့သည်။ ထို့ကြောင့် ယွမ်ရှူးယန်သည် ကုနင်းကိုမုန်းတီးစွာစိုက်ကြည့်လာသည်။

ယွမ်ရှူးယန်နှင့် ကုနင်းကြားတွင် အကွာအဝေးတစ်ခုသာရှိ‌သောကြောင့် အချင်းချင်းမြင်နေရသည်။ ကုနင်းလည်း သူမကို မြင်ပြီး သူမ၏ မျက်လုံးများတွင် အမုန်းတရားများကို သတိပြုမိသည်။

ဘာပဲဖြစ်ဖြစ် ကုနင်းက ဒါကို ဂရုမစိုက်ပါ။ သူမကို ဒုက္ခမပေးသရွေ့ ကုနင်းက လျစ်လျူရှုထားလိမ့်မည်။

"ရှူးယန်, အဲ့တာ စီနီယာရုန်လေ မင်းဘာလို့ သွားမနှုတ်ဆက်တာလဲ" ချူဟန်ကျောင်းက ရုန်ကျဲ့ချန်ကိုတွေ့တော့ စိတ်လှုပ်ရှားသွားသည်။

တကယ်တော့ သူမသည် ရုန်ကျဲ့ချန်ကို သဘောကျ‌နေသော်လည်း ယွမ်ရှူးယန်လည်း သဘောကျကြောင်း သူမသိသောကြောင့် ထုတ်မပြောရဲပေ။

သူမ၏မိသားစုသည် ယွမ်ရှူးယန်နှင့်မယှဉ်နိုင်‌တဲ့အတွက် ရုန်ကျဲ့ချန်နှင့်သူမ မထိုက်တန်ဟု သူမထင်သည်။

အင်အားကြီးသောမိသားစု သို့မဟုတ် ချမ်းသာသော မိသားစုတိုင်းသည် ၎င်းကဲ့သို့ တိကျသောအဆင့်ရှိ အခြားမိသားစုနှင့်မှမဟုတ်လျှင် မဟာမိတ်ဖွဲ့နိုင်မည်မဟုတ်ပေ။

ကွာဟချက်ကြီးကြီးမားမားမရှိသရွေ့ ရာထူးကြီးမြင့်သော အခြားသူများနှင့် ချိတ်ဆက်နိုင်အောင် ရှာဖွေ‌လျှင်‌တော့ ပြသနာမရှိပါ။

ရုန်မိသားစုက အာဏာရှိသော်လည်း ချူမိသားစုက ချမ်းသာသည်။

ယွမ်ရှူးယန်သည် ချူဟန်ကျောင်း ကို လျစ်လျူရှုလိုက်သည်၊ ထို့ကြောင့် ချူဟန်ကျောင်း သည် တစ်စုံတစ်ခု မမှန်သည်ကို မြင်လိုက်ရသည်။ "ရှူးယန် ဘာဖြစ်နေတာလဲ။ မင်းဘာကိုကြည့်နေတာလဲ?"

ခဲ့ချင်ချင်သည် ယွမ်ရှူးယန်၏ အကြည့်ကိ ရုန်ကျဲ့ချန်မှာ မဟုတ်ဘဲ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် ကျောင်းသားသစ်များအဖွဲ့ကို ငေးကြည့်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူမသည် ယွမ်ရှူးယန်၏အကြည့်လားရာဆီသို့ လှည့်ကြည့်လိုက်သော်လည်း ကုနင်းကို မမြင်ရပေ။

"ရုန်ကျဲ့ချန်က ကုနင်းကို စိုက်ကြည့်နေတယ်" ဟု ယွမ်ရှူးယန်က ပြင်းစွာမကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဘာ? ကုနင်း?"

ခဲ့ချင်ချင်နှင့် ချူဟန်ကျောင်း နှစ်ယောက်စလုံး အံ့သြသွားပြီး လူအုပ်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သော်လည်း ကုနင်းကို ရှာမတွေ့သေးပေ။

"ကုနင်းကဘယ်မှာလဲ" ခဲ့ချင်ချင်နှင့် ချူဟန်ကျောင်းက မေးလိုက်သည်။

"ဒုတိယတန်းရဲ့ ညာဘက်က တတိယတစ်ယောက်"

အဲဒီနောက်မှာတော့ ခဲ့ချင်ချင် နဲ့ ချူဟန်ကျောင်းတို့ဟာ ကုနင်းကိုမြင်ပြီး တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်သွားကြသည်။

"အင်း စီနီယာရုန်က ကုနင်းကို ဆက်ဆံတာ တခြားလူတွေနဲ့ မတူသလိုပဲ" ခဲ့ချင်ချင်က သူမအတွက်မဟုတ်ဘဲ ယွမ်ရှူးယန်အတွက် စိတ်အနှောင့်အယှက်ဖြစ်မိသည်။

ခဲ့ချင်ချင်သည် ရုန်ကျဲ့ချန်ကို နှစ်သက်သော်လည်း သူမနှင့် မထိုက်တန်ကြောင်း သူမသိသောကြောင့် သူမအကြံကို စွန့်လွှတ်ထားသည်။

ရုန်ကျဲ့ချန်သည် ကုနင်းကို မတူကွဲပြားစွာ ဆက်ဆံကြောင်း ယွမ်ရှူးယန် သိသော်လည်း ခဲ့ချင်ချင်၏စကားကိုကြားပြီးနောက် သူမပိုဒေါသဖြစ်လာရသည်။

ထိုအချိန်တွင် ရုန်ကျဲ့ချန်သည် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူဒီမှာ အကြာကြီးနေဖို့ မသင့်တော်ပါ။

ရုန်ကျဲ့ချန် ထွက်သွားပြီးတာနဲ့ ချူဟန်ကျောင်း အကြံတစ်ခုရပြီး "ရှူးယန်၊ ငါ့မှာ ကုနင်းကို ဒုက္ခ‌ရောက်စေဖို့ အကြံတစ်ခုရှိတယ်"

"အဲဒါဘာလဲ?" ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင်က မေးသည်။

ချူဟန်ကျောင်းက သူတို့အား အသံတိုးတိုးဖြင့် ပြောပြီး ယွမ်ရှူးယန်က သဘောတူလိုက်သည်။

ထို့နောက် ချူဟန်ကျောင်းသည် ကုနင်း၏ အတန်းဆီသို့ လျှောက်သွားသည်။ ဟူကျီကျန်း အနီးတွင် သူမသည် "ဆရာကို သတင်းပို့စရာတစ်ခုရှိပါတယ်" ဟုပြောခဲ့သည်။

ထိုစကားကိုကြားတော့ ဟူကျီကျန်းက ချူဟန်ကျောင်းကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။

သူမ သတင်းပို့လို့ရပေမယ့် မလိုအပ်ပါဘူး။

သို့သော် သူမ ရောက်လာသောကြောင့် သူမစကားဆုံးအောင် ခွင့်ပြုလိုက်ရတော့သည်။

“ပြောပါ” ဟု ဟူကျီကျန်းက ပြောသည်။

"ဒုတိယတန်းရဲ့ညာဘက်ကတတိယကျောင်းသားက အခုပဲပုံစံပြောင်းသွားပါတယ်" ဟု ချူဟန်ကျောင်းက သူမ၏ မျက်လုံးထဲတွင် ဂုဏ်ယူစိတ်များ ဖုံးကွယ်ထားဟန်ဖြင့်ပြောသည်။

ဟူကျီကျန်းက မကျေမနပ်ဖြစ်သွားသည်။

တစ်ချက်ကြည့်လိုက်ဖို့ စိတ်မ၀င်စားဘဲ သူမပြောနေတာ ဘယ်သူလဲဆိုတာ သိသည်။ အတိအကျပြောရလျှင် သူစိတ်တိုသွားမိသည်။

ကုနင်းသည် စစ်ရေးလေ့ကျင့်မှုအတွင်း အလေးအနက်ဆုံး သဘောထားရှိသူဖြစ်သည်။ သူမရွှေ့ဖို့ဆိုတာ မဖြစ်နိုင်‌ပေ။ ထို့အပြင် မိန်းကလေး၏ မျက်လုံးများတွင် မလိုစိတ်များကို ဖုံးကွယ်ထားသည်။

ဟူကျီကျန်းသည် ငတုံးမဟုတ်ပေ။ ဒီမိန်းကလေးက ကုနင်းကို တမင်စွပ်စွဲနေတာကို သူမြင်နေရသည်။

ဟူကျီကျန်းသာမက Class A မှ အခြားကျောင်းသားအားလုံးက သူမစကားကို မယုံကြပေ။

သူတို့က ချူဟန်ကျောင်း၏ မျက်လုံးထဲရှိ ဂုဏ်ယူနေပုံကို မမြင်ရသော်လည်း ကုနင်းနှင့် တစ်ပတ်ကြာ လေ့ကျင့်ခဲ့ကြသည်။ သူတို့သည် သူမအကြောင်းကို အနည်းငယ်သိသောကြောင့် သူမကို ယုံကြည်ရန် ရွေးချယ်ကြသည်။

ချူဟန်ကျောင်း လျှောက်သွားနေတာကိုမြင်တော့ ကုနင်းက သူမကို ဒုက္ခပေးတော့မယ်ဆိုတာ သိသည်။ ထို့ကြောင့် ချူဟန်ကျောင်းသည် နည်းပြကို ဤသို့ပြောသောအခါ သူမ လုံးဝ မအံ့သြခဲ့ပေ။ သို့သော် အမှားတစ်ခုဟုလည်း မခံစားရပေ။

အဲဒီလူတွေက သင်ခန်းစာတစ်ခု တကယ်လိုအပ်သည်။

"သူပြောင်းသွားတာ သေချာလား" ဟူကျီကျန်းက မေးသည်။

"သေချာပါတယ်" ဟု ချူဟန်ကျောင်း က ပြောလိုက်သည်။

"အိုး သူမ ဘယ်လို လှုပ်ရှားလိုက်တာလဲ" ဟူကျီကျန်း က ထပ်မေးသည်။

ဒါကိုကြားတော့ ချူဟန်ကျောင်း အံ့သြသွားသည်။ ဟူကျီကျန်းသည် သူမကို ထိုမေးခွန်းမေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသတင်းပို့ပြီးတာနဲ့ နည်းပြက ကုနင်းကို အပြစ်ပေးမယ်လို့ သူမထင်ခဲ့ပေသည်။

ကုနင်းလုံးဝမလှုပ်တာကြောင့် သူမဘယ်လိုရွှေ့သွားမှန်း သူမသိပေ။

"ဘာလဲ? သူ့ရွှေ့သွားတာကို တွေ့လိုက်တယ်ဆို သူမဘယ်လိုရွေ့သွားလဲသိရမှာပေါ့" ဟူကျီကျန်းက လေးနက်သောလေသံဖြင့် မေးလိုက်သည်။ သူမကို မေးခွန်းထုတ်နေ၏။

ချူဟန်ကျောင်း အံ့အားသင့်သွားသည်။ သူမသည် ကုနင်းကို တမင်စွပ်စွဲသည်ကို နည်းပြကသိကြောင်း သူမ တစ်နည်းနည်းဖြင့် ခံစားမိသည်။

ဒါကိုတွေးပြီး ချူဟန်ကျောင်းက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။ “သူမ လှုပ်လိုက်တာကို ကျွန်မမြင်တယ်။ သူ့ညာဘက်လက်ကို ရွှေ့လိုက်တာ"

ကုနင်းအား ရွှေ့လိုက်တယ်လို့ သူမပြောပြီးကတည်းက သူမဟာ အဲဒါကို ဆက်ပြောနေရမည် မဟုတ်လျှင် သူမအရှက်ကွဲလိမ့်မည်။

“ကောင်းပြီ ငါသိပြီ မင်း အခုထွက်သွားလို့ရပြီ” ဟု ဟူကျီကျန်းက ပြောသည်။ ကုနင်းကို အပြစ်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။

ဒါကိုမြင်တော့ ချူဟန်ကျောင်းက မကျေမနပ်ဖြစ်သွားသည်။ သူမက ဒေါသတကြီးမေးလိုက်သည်။ "ဆရာ ကုနင်းကို အပြစ်ပေးဖို့ မစီစဉ်ဘူးလား"

ဟူကျီကျန်းက "ငါကိုယ်တိုင် အပြစ်ပေးသင့်မပေးသင့်ဆုံးဖြတ်လို့ရပါတယ်" သူ ကုနင်းကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ထင်ရှားပေသည်။

ထိုစကားကိုကြားတော့ ချူဟန်ကျောင်းက ဒေါသတကြီး တုန်လှုပ်သွားသည်။ "ဆရာ ကုနင်းကို ဘာလို့ ဒီလောက်ကာကွယ်နေတာလဲ။ သူနဲ့ ဆရာနဲ့ ပတ်သက်နေလို့လား"

"ပါးစပ်ပိတ်ထား!" ဟူကျီကျန်းက သူမကို ဟောက်လိုက်သည်။ ချူဟန်ကျောင်းက သူနှင့် ကုနင်းကို တချိန်တည်းမှာပင် အရှက်ခွဲခဲ့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၅၂ ဈေးပေါလိုက်တာ

ချူဟန်ကျောင်းက ကုနင်းရဲ့ နာမည်ကို မသိစိတ်က ထုတ်ပြောမိသွားက သူမက ကုနင်းကိုတမင်တကာ စွပ်စွဲတယ်ဆိုတာကို ဖော်ထုတ်လိုက်သလိုပါပဲ။

ဟူကျီကျန်း၏ လေးနက်သောအကြည့်အား ရင်ဆိုင်ခံရပြီးနောက် ချူဟန်ကျောင်းသည် ကြောက်ရွံ့သွားပြီး သူမသည် ထိုအရာအား မပြောသင့်ကြောင်း ရှင်းရှင်းလင်းလင်းသဘောပေါက်သွားသည်။

သူ့စိတ်ထဲမှာ ဒီလိုအတွေးမျိုးရှိနေပေမဲ့ ထုတ်မပြောသင့်ပေ။

"ဆရာ ကျွန်မပြောစရာရှိပါတယ်"

ထိုအချိန်တွင် ကုနင်းက သူမပါးစပ်ကို ဖွင့်လိုက်သည်။ သူမသည်းမခံနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။

ချူဟန်ကျောင်း၏ စကားကြောင့် Class A မှ ကျောင်းသားများသည် စိတ်ဆိုးသွားကြသည်။ နည်းပြက ကုနင်းကို သဘောကျလေးစားသောကြောင့် ကုနင်းသည် နည်းပြနှင့် အထူးဆက်ဆံရေးရှိကြောင်း သူတို့ မယုံကြည်ခဲ့ကြပေ။ ကုနင်းကလုံးဝမလှုပ်ဘူးလို့လည်း သူတို့ယုံကြည်သည်။

“ပြောပါ” ဟု ဟူကျီကျန်းက ပြောသည်။

"ကျွန်မ အဲဒါကို ကိုယ့်ဘာသာဖြေရှင်းလို့ရမလား" ကုနင်းက ပြောသည်။

“ရပါတယ်” ဟု ဟူကျီကျန်း က ပြောသည်။

ထို့နောက် ကုနင်းသည် လိုင်းမှ ထွက်လာပြီး ချူဟန်ကျောင်းကို အေးစက်စွာ စိုက်ကြည့်လိုက်တဲ့အတွက် သူမကို ကြောက်ရွံ့စေခဲ့သည်။

သို့သော် ချူဟန်ကျောင်းသည် ကုနင်းက သူမအား နာကျင်အောင် လုပ်ဝံ့သည်ဟု မထင်ထားခဲ့သဖြင့် ကုနင်းကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်သည်။

ကုနင်းသည် ချူဟန်ကျောင်းဆီသို့ လျှောက်သွားပြီး မဆိုင်းမတွပင် မျက်နှာကို အပြင်းအထန် ရိုက်ချလိုက်သည်။ ပါးရိုက်သံက ကျယ်လောင်လွန်းသဖြင့် လူတိုင်း အံ့သြသွားကြသည်။

ကုနင်းသည် ခွန်အားများစွာကို အသုံးပြုထားသောကြောင့် ကြည်လင်သော လက်ရာသည် ချူဟန်ကျောင်း၏ပါးပြင်ပေါ်တွင် ကျန်ခဲ့ပြီး ချက်ခြင်း ရောင်လာသည်။

ကုနင်းက သူမကို ချက်ချင်း ပါးရိုက်လိုက်တဲ့အတွက် အကုန်လုံးက အံ့အားသင့်ကုန်ကြသည်။

ချူဟန်ကျောင်းလည်း ထိတ်လန့်သွားသော်လည်း ကြီးစွာသော ဝေဒနာက သူမကို လက်တွေ့ဘဝသို့ ပြန်ရောက်စေခဲ့သည်။ သူမက ကုနင်းကို စိုက်ကြည့်လိုက်သည်။ "မင်းငါ့ကိုဘယ်လို‌တောင်ရိုက်ရဲတာလဲ။ ငါမင်းကိုသတ်ပစ်မယ်!"

ထိုသို့ပြောရင်း ချူဟန်ကျောင်း က ကုနင်းကို ပါးရိုက်ရန် ကြိုးစားသော်လည်း ကုနင်းက သူမ၏ လက်ကောက်ဝတ်ကို အရင်ဆုပ်ကိုင်လိုက်သည်။

ချူဟန်ကျောင်းအား မရုန်းနိုင်စေရန် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ထို့နောက်တွင် ချူဟန်ကျောင်းက ကုနင်းကို ရိုက်ရန် အခြားလက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း ကုနင်းက သူမကို ပစ်ချလိုက်သည်။ ချူဟန်ကျောင်းသည် ကြောက်မက်ဖွယ် နာကျင်ခြင်းနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်တစက္ကန့်မှာ သူမဟာ မျက်ရည်များကျလာကာ အော်ဟစ်လိုက်သည်။ တခြားအတန်းတွေလည်း အဲ့တာကို ကြားသွားကြသည်။

သူတို့ဒီမှာဘာတွေဖြစ်နေတာလဲ သိချင်ပေမယ့် အခု စစ်ရေးပြလေ့ကျင့်နေတာဖြစ်၍ မလှုပ်ရဲကြ‌ပေ။ သင်တန်းဆရာ အများအပြားကသာ တစ်ချက် ကြည့်လိုက်ကြသည်။ သူတို့ရဲ့ အတန်းတွေကို စီမံခန့်ခွဲဖို့ လိုအပ်နေသေးတာကြောင့် ကြည့်ရန်မလာခဲ့ပေ။

ပုံမှန်အားဖြင့်တော့ အတန်းနည်းပြက ဒါကို ကိုင်တွယ်‌လေ‌ေရှိသည်။

အဲဒါကိုမြင်တော့ ယွမ်ရှူးယန်နဲ့ ခဲ့ချင်ချင်က ချူဟန်ကျောင်းကို ထူပေးဖို့ ချက်ချင်းပြေးသွားသည်။

"ကုနင်းမင်းသူ့ကို ဘာလို့ရိုက်တာလဲ။ မင်းအရမ်းဆိုးတာပဲ!" ယွမ်ရှူးယန်က ကုနင်းကို ဒေါသတကြီး မေးသည်။ သူမသည် ချူဟန်ကျောင်းအတွက် ရပ်တည်ပေးပုံရပေမယ့် တကယ်တော့ သူမဟာ ကုနင်းကို ဒုက္ခဖြစ်စေမည့် အခွင့်အရေးရလိုက်သည့်အတွက် ကျေနပ်‌နေမိသည်။

တကယ်တော့ ယွမ်ရှူးယန်ဟာ ကုနင်းအတွက် အခက်ကြုံလာရလို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ရတာ ပျော်နေပြီး ချူဟန်ကျောင်းရဲ့ ဒဏ်ရာကို သူမ လုံးဝ ဂရုမစိုက်ပါ။

ဟူကျီကျန်းနဲ့ ကုနင်းရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ချူဟန်ကျောင်းရဲ့ မှတ်ချက်ကို သူမ မကြားခဲ့ရတာကြောင့် ကုနင်းကို အပြစ်တင်ဖို့ အမြန်ပြောလိုက်သည်။

ရုန်ကျွယ်က ကုနင်းက မိန်းကလေးတစ်ယောက်ကို ပါးရိုက်တာကိုမြင်ပြီး လျှောက်သွားလိုက်သည်။

အရေးကြီးကိစ္စမဟုတ်ပါက အတန်းတိုင်း၏နည်းပြသည် ပြဿနာကိုဖြေရှင်းနိုင်သောကြောင့် သူဝင်ပါမည်မဟုတ်ပါ။ သို့သော် ပြင်းထန်သော ရန်ပွဲဖြစ်လျှင် တားရန် လာရမည်။

"ငါက လူဆိုးဟုတ်လား?" ကုနင်းသည် ယွမ်ရှူးယန်ကို သရော်လှောင်ပြောင်စွာဖြင့် ကြည့်လိုက်သည်။ "မင်းဆိုရင်ရော ကိုယ့်ကို အရှက်ခွဲတဲ့သူကို အမြဲတမ်းကျေးဇူးတင်နေမှာလား။ အဲဒီလိုဆိုရင် စီနီယာယွမ် မင်းက စျေးပေါလိုက်တာ"

ကုနင်းသည် ဤအခိုက်အတန့်တွင် ယဉ်ကျေးသိမ်မွေ့နေခြင်းမရှိတော့ပေ။ သူမသည် ယခုအချိန်တွင် သူတို့ကို ကြင်နာရန် အကြောင်းမရှိပေ။

"ကုနင်း နင်ငါ့ကို ဆဲရဲတယ်!" ယွမ်ရှူးယန် စိတ်ရူးပေါက်သွားသည်။

ယွမ်ရှူးယန်သည် ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အမြဲဂုဏ်ယူခဲ့‌သောကြောင့် သူမကို အထူးသဖြင့် လူရှေ့သူရှေ့တွင် သူမကို ဈေးပေါသည်ဟု တစ်ယောက်ယောက်ကပြောသောအခါ ထိုအရှက်တရားကို လုံးဝလက်မခံနိုင်ပါ။ သူမ ဒေါသမထွက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ကုနင်းကြောင့် သူမ စိတ်ဆိုးသွားသောကြောင့် ချူဟန်ကျောင်းက ကုနင်းကို အရင်အရှက်ခွဲခဲ့တာဟူသော အချက်ကို လျစ်လျူရှုခဲ့သည်။

အခြားလူများက ဤကိစ္စက ချူဟန်ကျောင်း၏အမှားဖြစ်သောကြောင့် ကုနင်း၏စကားများ မှားသည်ဟုမထင်ခဲ့ကြပေ။ ချူဟန်ကျောင်းရဲ့ အပြုအမူကို ဘယ်သူမှ သည်းခံနိုင်မည်မဟုတ်ပေ။

"ဒီမှာဘာတွေဖြစ်နေတာလဲ?"

ကုနင်းက ယွမ်ရှူးယန်ကို ဘာမှပြန်မ‌ပြောခင် ရုန်ကျွယ် ရောက်လာသည်။

"ဆရာရုန် ကုနင်းက ချူဟန်ကျောင်းကို ပါးရိုက်ပြီး ယွမ်ရှူးယန်ကို ဆဲဆိုပါတယ်" ဟု ခဲ့ချင်ချင်က ကုနင်းကသာ လူဆိုးဖြစ်ပြီး ချူဟန်ကျောင်းနဲ့ ယွမ်ရှူးယန်တို့ဟာ အပြစ်ကင်းသလို ပြောလိုက်သည်။

ကုနင်းက ချူဟန်ကျောင်းကို ပါးရိုက်ခဲ့တာကို ရုန်ကျွယ်က သိထားပေမယ့် အခုအချိန်မှာတော့ အကြောင်းပြချက်ကို အဖြေရှာဖို့ လိုအပ်နေပါပြီ။

"ဗိုလ်ကြီး ဒီကျောင်းသားက အရှက်ခွဲခဲ့တာပါ..." ဟူကျီကျန်းက ပြောသည်။

“ကျွန်တော် ဖြစ်စဉ် တစ်ခုလုံးကို သိဖို့လိုတယ်” ရုန်ကျွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"စစ်ရေးလေ့ကျင့်စဉ်အတွင်း သူမ‌ ရွှေ့သွားတာကို ကျွန်မသတင်းပို့ထားတာကို သူက..." ချူဟန်ကျောင်းက ပြောသည်။

"ငါမင်းကိုမမေးဘူး" ရုန်ကျွယ်က ချူဟန်ကျောင်းကို အေးစက်စွာကြည့်လိုက်သည်။

ချူဟန်ကျောင်းက ကြောက်လန့်ပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

ယွမ်ရှူးယန်က ခဲ့ချင်ချင်ကို တစ်ခုခုပြောချင်ပေမယ့် ရုန်ကျွယ်ကို ကြောက်လို့ ပါးစပ်ကို ပိတ်လိုက်သည်။

“ဟုတ်ပါတယ်” ဟူကျီကျန်းက ဆက်ပြောသည်။ “ဒီကျောင်းသားက လေ့ကျင့်ရေးလုပ်ရင်း ကုနင်းရွှေ့သွားတယ်လို့ သတင်းပို့ခဲ့ပါတယ်။ အဲဒီတုန်းက ဒုတိယတန်းရဲ့ ညာဘက်က တတိယတန်းကျောင်းသားလေးလို့ ပြောပါတယ်။ အစတုန်းကတော့ ကုနင်းရဲ့ နာမည်ကို သူမ မပြောခဲ့ပါဘူး။ ကုနင်းကို တိုင်ကြားတဲ့အခါ သူ့မျက်လုံးထဲမှာ မကျေနပ်‌မှုတွေ တဖျပ်ဖျပ်တောက်နေခဲ့တယ်။ စိတ်ပညာရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာကြည့်တော့ အဲ့တာက တမင်တကာ တွက်ချက်ပြီး စွပ်စွဲသလိုပါပဲ…”

"ကျွန်မ မဟုတ်ဘူး" ချူဟန်ကျောင်း က ကြောက်သွားသည်။ ဒီဆရာက သူမအ‌တွေးကို ဖြတ်ပြီး မြင်နေပြီဆိုတာ သိသာထင်ရှားတာကြောင့် သူ့ကို နှောင့်ယှက်ဖို့ ကြိုးစားသည်။

မည်သို့ပင်ဆိုစေကာမူ သူမ ပြောမပြီးမီတွင် ရုန်ကျွယ်က သူမကို အေးစက်သောအကြည့်တစ်ချက်ကို ပေးလိုက်သည်။ ချူဟန်ကျောင်းက ထိတ်လန့်သွားပြီး ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

ဟူကျီကျန်းက “ကုနင်းဘယ်လို ရွေ့သွားလဲဆိုတာ ဒီကျောင်းသားကို မေးခဲ့တယ်။ သူမ ခဏတာ တုံ့ဆိုင်းသွားပါတယ်။ ဆိုလိုတာက ကုနင်း လှုပ်တာကို သူမမြင်ခဲ့ပါဘူး။ ကုနင်းက တကယ်မလှုပ်ခဲ့ပါဘူး။ ကုနင်းလှုပ်သွားတာ မြင်တယ်ဆိုပြီး ဘယ်လိုပြောင်းသွားမှန်း မသိတဲ့ ဒီကျောင်းသားကို မေးကြည့်တော့ သူ လန့်သွားပါတယ်။ ဒါပေမယ့်လည်း သူက အရှုံးမပေးဘဲ ကုနင်းက သူ့ညာလက်ကို ရွှေ့လိုက်တယ်လို့ ပြောပါတယ်”

ချူဟန်ကျောင်းက ရှက်ရွံ့ထိတ်လန့်တုန်လှုပ်‌နေမိသည်။ ဆရာက အားလုံး သိနေတာကို အံ့ဩမိသည်။

တကယ်တော့ စစ်သားတွေ သတိမမဲ့ပါ။ ဆန့်ကျင်ဘက်အားဖြင့် အထူးသဖြင့် ထူးကဲသော စစ်သည်များက အသေးစိတ်အချက်အလတ်များကို အာရုံစိုက်ကြသည်။

ရုန်ကျွယ်အဖွဲ့သည် အထူးတပ်ဖွဲ့တစ်ခုဖြစ်သည်။ လင်ရှောင်းထင် ပိုင်တဲ့ မီးတောက်နီနဲ့ မယှဉ်နိုင်ပေမယ့် သာမာန်အသင်းတော့ မဟုတ်ပါ။ အလယ်အလတ်အဆင့် မစ်ရှင်များကို ဆောင်ရွက်ခဲ့ရသည်။ မြို့တော်တက္ကသိုလ် ကဲ့သို့သော ဂုဏ်သိက္ခာရှိသော တက္ကသိုလ်များကသာ ၎င်းတို့အား စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဖိတ်ကြားနိုင်သည်။

သာမာန်တက္ကသိုလ်များသည် သာမန်စစ်သားများကိုသာ ဖိတ်ခေါ်နိုင်သည်။

၎င်းတို့ကဲ့သို့ အထူးတပ်ဖွဲ့၀င်များသည် စိတ်ပညာအပါအ၀င် အရာများစွာကို လေ့လာထားရန် လိုအပ်ပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၅၃ လက်မခံနိုင်ဘူး

ဟူကျီကျန်း၏စကားကိုကြားတော့ ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင်သည်အထိတ်တလန့်ဖြစ်သွားသည်။ အခြားလူများက ၎င်းကို မမြင်နိုင်သော်လည်း ကုနင်းနှင့် ရုန်ကျွယ်တို့က ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထို့ကြောင့် ရုန်ကျွယ်က ဒေါသတကြီး ကြည့်နေလေသည်။

သူတို့က ကုနင်းကို တမင်အပြစ်ရှာသောကြောင့် Class A မှ ကျောင်းသားများအားလုံးလည်း ဒေါသအမျက်ထွက်‌နေကြသည်။

"ကုနင်းက ရွှေ့သွားတယ်လို့ သူထင်ပေမယ့် ဒါက လိမ်ညာနေတာလို့ ကျွန်တော်သိတဲ့အတွက် ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ကုနင်းကို အပြစ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် သူက ရလဒ်ကိုလက်မခံဘဲ ကုနင်းနှင့်ကျွန်တော်ကို ပတ်သတ်နေတယ်ဆိုပြီး အရှက်ခွဲပါတယ်။ ကျွန်တော်က စစ်သားပါ။ စစ်သားတစ်ယောက်ကို အရှက်ခွဲတာက တရားမဝင်ပါဘူး” ဟု ဟူကျီကျန်းက ပြောကြားခဲ့သည်။

ဒါကိုသိလိုက်ရတော့ ချူဟန်ကျောင်းဟာ ကြောက်လန့်ပြီး တည်ငြိမ်စွာ မရပ်နိုင်တော့ပေ။ ကံကောင်းစွာနဲ့ပဲ ယွမ်ရှူးယန်နဲ့ ခဲ့ချင်ချင်က သူမကို ချက်ချင်း ထိန်းပေးခဲ့သည်။

သူတို့သည် ချူဟန်ကျောင်းက ကုနင်း နဲ့ နည်းပြဆရာနဲ့ ပတ်သက်ပြီး ဘာတွေပြောခဲ့မှန်းကို အခုအချိန်အထိ မသိခဲ့ကြ‌ပေ။ တကယ်တော့ တော်တော်မိုက်မဲခဲ့တာပင်။

သူမပြောခဲ့သောစကားကြောင့် ယခု သူမကို မကူညီနိုင်တော့ပါ။

"ကုနင်းက သူ့ကို အရှက်ခွဲလို့ ပါးရိုက်လိုက်တာပါ" ဟု ဟူကျီကျန်းက အဆုံးတွင် ပြောကြားခဲ့သည်။

"မင်း အခု ဘာထပ်ပြောစရာလိုသေးလဲ" ရုန်ကျွယ်က ချူဟန်ကျောင်းကို မေးသည်။

“ကျွန်မ…” ချူဟန်ကျောင်းသည် ယခု စကားတစ်ခွန်းမှ ပြန်မပြောနိုင်လောက်အောင် အပြစ်ရှိနေပြီဖြစ်သည်။ အရေးကြီးဆုံးကတော့ သူမဟာ ရုန်ကျွယ်နဲ့ ရင်ဆိုင်နေတာကြောင့် မုသားတွေပြောကာ နောက်တစ်ကြိမ် ထပ်မလိမ်ရဲတော့ပေ။

"မင်းရော ဘယ်လိုလဲ ကုနင်း"

ချူဟန်ကျောင်းက ဘာမှ မပြောတာကြောင့် ရုန်ကျွယ်က ကုနင်းကို မေးကြည့်သည်။

“စီနီယာက ကျွန်မကို ဘာလို့ ရုတ်တရက် အပြစ်ရှာရတာလဲဆိုတာ မသိဘူး။ ကျွန်မ သူ့ကို အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။ ဘာလို့ ကျွန်မကို ဒီလိုလုပ်တာလဲ သိလို့ရမလား" ကုနင်းသည် ချူဟန်ကျောင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

တကယ်တော့ ကုနင်းက အကြောင်းပြချက်ကို သိပြီးသားပါ။ ချူဟန်ကျောင်းက ယွမ်ရှူးယန် အတွက် လုပ်ပေးခဲ့တာပင်။

“ငါ ငါ…” ချူဟန်ကျောင်းက ထစ်ထစ်အအနဲ့ ပြောလာသည်။ ယွမ်ရှူးယန်အတွက် သူမလုပ်ခဲ့တာကို အမှန်အတိုင်း ပြောလိုက်လျှင် ယွမ်ရှူးယန်ကို စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့် မပြောနိုင်ပေ။

"ငါ သူ့ကို မကြိုက်ဘူး။ ငါသူ့ကိုမနာလိုတာ" ချူဟန်ကျောင်းသည် အကြောင်းပြချက်တစ်ခုပေးလိုက်သော်လည်း ထိုအရာက အမှန်တရားဖြစ်သည်။ တကယ်လည်း ရုန်ကျဲ့ချန်က ကုနင်းကို ကွဲပြားစွာ ဆက်ဆံသောကြောင့် သူမသည် ကုနင်းကို မကြိုက်ခဲ့ပေ။

“အဲဒါဆိုရင် ကျွန်မမှာ ပြောစရာ မရှိပါဘူး။ မင်းက ငါ့ကို ဆဲဆို အရှက်ခွဲလို့ ငါက မင်းကို ပါးရိုက်လိုက်တယ်ဆိုတော့ ညီတူညီမျှဖြစ်သွားပါပြီ” ကုနင်းသည် အကြောင်းရင်းအမှန်ကို သိသော်လည်း ၎င်းအတွက် အချိန်ပိုဖြုန်းမနေတော့ပေ။ ချူဟန်ကျောင်းကိုသာ အပြစ်မတင်နိုင်သောကြောင့် အဓိပ္ပါယ်မရှိပေ။

မည်သို့ပင်ဖြစ်စေ သူမသည် ချူဟန်ကျောင်းအား ပါးရိုက်ခဲ့ပြီး ရုန်ကျွယ်သည် ၎င်းအား ပိုကြီးသောပြဿနာဖြစ်လာစေရန် ခွင့်ပြုမည်မဟုတ်ပေ။

“ကျေးဇူးပြုပြီး အခုချိန်ကစပြီး ကျိုးကြောင်းဆီလျော်‌အောင်နေပါ။ မင်း ငါ့ကို မကြိုက်ရင်တောင် မင်းငါ့ကို ဘယ်တော့မှ စော်ကားလို့မရဘူး။ မင်းငါ့ကိုမကြိုက်တာနဲ့ပဲ ငါ့ကိုတမင်အပြစ်ရှာလို့မရဘူး။ မင်းအပြစ်ပဲဖြစ်လိမ့်မယ်။ ထပ်ဖြစ်ရင် မင်းကို အနိုင်ယူဖို့ ပိုခွန်အားတွေသုံးရင် ငါ့ကို အပြစ်မတင်ပါနဲ့" ကုနင်းက သတိပေးလိုက်ပေမယ့် ချူဟန်ကျောင်းက ဒါကို အလေးအနက်ထားသလားဆိုတာကို သူမ ဂရုမစိုက်ပါ။

ချူဟန်ကျောင်းက သူမစကားနားမထောင်ရင် သူမကို သင်ခန်းစာတစ်ခု ပေးရလိမ့်မည်။

ကုနင်း၏သတိပေးခြင်းခံရသောအခါ ချူဟန်ကျောင်းသည် အရှက်ရသွားသည်ဟု ခံစားမိသော်လည်း ယခုအချိန်တွင် သူမသည် ယင်းအကြောင်းကို ဘာမှပြန်မပြောနိုင်ပေ။ ကုနင်းက သူမကို ပြောတာကိုသာ သဘောတူနိုင်‌တော့သည်။

“ပြသနာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် နည်းပြကြီး ” ကုနင်းက ရုန်ကျွယ်နဲ့ ဟူကျီကျန်းကို တောင်းပန်လိုက်သည်။ ဒါဟာ သူမအပြစ်မဟုတ်ပေမယ့် သူမကြောင့် ဖြစ်သွားတာပါ။ သူမရဲ့ သဘောထားကို ပြသတဲ့အနေနဲ့ တောင်းပန်ဖို့ လိုအပ်သည်။

"ကောင်းပြီ၊ အခုပဲ ပြန်တန်းစီလိုက်ပါ" ရုန်ကျွယ်က ပြောပြီး ယွမ်ရှူးယန်နဲ့ သူ့သူငယ်ချင်းတွေကို ကြည့်လိုက်သည်။ “မင်းတို့လည်း ထွက်သွား‌တော့”

ချူဟန်ကျောင်းသည် ကုနင်း၏ ပါးရိုက်ခြင်းကို ခံခဲ့ရပြီးဖြစ်သောကြောင့် ရုန်ကျွယ်သည် သူမအား ပြသနာရှာသောကြောင့် နောက်တစ်ကြိမ် အပြစ်မပေးတော့ပေ။

"ဟုတ်ကဲ့ပါ" ဟု ကုနင်းကပြောပြီး လိုင်းဆီကို ချက်ချင်းပြန်သွားသည်။

“ဟုတ်ကဲ့” ယွမ်ရှူးယန်နှင့် သူမ၏ သူငယ်ချင်းများက ရှက်ရွံ့စွာဖြင့် ထွက်ခွာသွားခဲ့သည်။

စစ်လေ့ကျင့်ချိန်သာ မဟုတ်ရင် Class A က ကျောင်းသားတွေက ကုနင်းကို အားပေးပြီး သူမရဲ့ ရဲစွမ်းသတ္တိအတွက် သူ့ကို ချီးကျူးကြလိမ့်မည်။

လေ့ကျင့်မှုပြီးတာနဲ့ လူတိုင်းက ကုနင်းကို ဝိုင်းပြီး ချီးကျူးကြသည်။

"ကုနင်း နင်ပါးရိုက်လိုက်တာက အရမ်းမိုက်တယ် အကျယ်ကြီးပဲ!"

"ဟုတ်တယ် သူ့ပါးတွေရောင်လာတာ ငါမြင်တယ်"

“သူနဲ့ ထိုက်တန်ပါတယ်။ သူက ကုနင်းကို ဘာလို့ ဒီလောက်မကြင်နာနိုင်ရတာလဲ။ သူက ကုနင်းကို အရှက်ခွဲခဲ့တာ။ ပိုခပ်ပြင်းပြင်း‌တောင်ရိုက်သင့်‌သေးတယ်”

"ငါလည်း သဘောတူတယ်"

“…”

ကုနင်းသည် သူတို့၏ ဆူညံသော ဆွေးနွေးမှုများကို ကြားတော့ အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း သူမ၏ အတန်းဖော်များအားလုံးက သူမကို အကာအကွယ်ပေးကြောင်း သိရသဖြင့် သူမ ဝမ်းသာနေပါသည်။

…

ယွမ်ရှူးယန် ထွက်သွားပြီး ချူဟန်ကျောင်းကို ဒဏ်ရာကုသရအောင် ခေါ်သွားခဲ့သည်။

ကံကောင်းထောက်မစွာ ချူဟန်ကျောင်းသည် အခြားသူများ မမြင်နိုင်စေရန် သူမ၏ပါးပြင်ကို ဖုံးအုပ်ထားနိုင်သော ဆံပင်ရှည်ကြီးရှိပေသည်။ မဟုတ်လျှင် သူမသည် ပို၍ ရှက်ရွံ့နေရမည်။

"ကျောင်းကျောင်း ငါတောင်းပန်ပါတယ်၊ ငါ့‌ကြောင့်သာ မဟုတ်ခဲ့ရင် မင်းပါးရိုက်ခံရမှာမဟုတ်ဘူး။ မင်းအဲ့လိုစကားကိုလည်း တကယ်မပြောသင့်ဘူး။ စစ်သားတွေကို အရှက်ခွဲလို့ မရဘူး‌လေ” ချူဟန်ကျောင်းသည် သူပါးရိုက်မှုအတွက် သူမကို အပြစ်မတင်စေရန် ယွမ်ရှူးယန်က ဦးစွာတောင်းပန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အမှားကို ထောက်ပြခဲ့သည်။

ချူဟန်ကျောင်းက "အဲဒီတုန်းက ငါရုတ်တရက်ပြောထွက်မိသွားတာ" သူမသည် ယွမ်ရှူးယန်ကို အပြစ်မတင်ပေ။ နဂိုက သူမသည် ကုနင်းအ‌ပေါ် ဒေါသ‌ဖြေရန် ကြိုးစားထားသောကြောင့်ဖြစ်သည်။ "ငါ လက်မခံနိုင်ဘူး!"

ချူဟန်ကျောင်းသည် ကုနင်းကို သေလောက်အောင်မုန်းတီးနေပြီ။

သူမ ဒီနေ့ကျရှုံးခဲ့ပေမယ့် ကုနင်းကို သူမနဲ့ ယှဉ်နိုင်မယ်မထင်တာကြောင့် ကုနင်းကို မကြောက်ပါ။ သူမ ဒီနေ့ ကုနင်းကို လွှတ်လိုက်တာက ရုန်ကျွယ်ကြောင့်ပါပဲ။

ရုန်ကျွယ်သည် ရုန်မိသားစုမှ မိသားစုဝင်တစ်ဦးဖြစ်ပြီး ရုန်ကျဲ့ချန်၏ အစ်ကိုလည်းဖြစ်သည်။ ချူဟန်ကျောင်းသည် ရုန်မိသားစုမှ သူမကို မကြိုက်မည်ဆိုး၍ သူ့အပေါ် မကောင်းသော အထင်အမြင်များ ချန်ထားခဲ့ရန် ဆန္ဒမရှိပေ။

"အိုး မနေ့က ကုနင်းကို သင်ခန်းစာပေးဖို့ မင်း မင်းအကိုကြီးကို ငှားမယ်ပြောတယ် အခု ဘယ်လိုဖြစ်သွားပြီလဲ?" ယွမ်ရှူးယန်က မေးသည်။

“ငါ့အစ်ကိုက ကျောင်းမှာ ပြဿနာဖြစ်အောင်လုပ်တာ ကောင်းတဲ့အကြံမဟုတ်ဘူးတဲ့။ ဒါကြောင့် ကုနင်းထွက်သွားတဲ့အထိ စောင့်ရမယ်။ ကုနင်းက အထူးကျောင်းသားတစ်ယောက်လေ။ သူဒဏ်ရာရရင် ကျောင်းက တစ်ခုခုလုပ်လိမ့်မယ်” ဟု ချူဟန်ကျောင်းက ပြောသည်။ သူမသည် ကုနင်း၏နောက်ခံကို အထင်အမြင်သေးသော်လည်း ကုနင်းနှင့်ဆက်ဆံရန်မလွယ်ကူကြောင်း သူမဝန်ခံခဲ့သည်။

"ကုနင်းက လုံးဝ မပျော့ညံ့ဘူး။ မင်းအကိုကြီး ငှားထားတဲ့ လူတွေက ယုံလို့ရတာ သေချာလား" ယွမ်ရှူးယန်က မေးသည်။ ကုနင်း၏ ကိုယ်ခံပညာအဆင့်ကို သူမတွေးနေမိသည်။

“စိတ်မပူပါနဲ့၊ သူတို့လည်း ကိုယ်ခံပညာကို သင်ယူထားပါတယ်” ဟု ချူဟန်ကျောင်းက ဆိုသည်။ အကိုကြီး၏ သူငယ်ချင်းများကို ယုံကြည်သည်။

ထိုစကားကိုကြားတော့ ယွမ်ရှူးယန်သည် စိတ်ပူပင်မှုများ လျော့နည်းသွားတော့သည်။

…

မွန်းတည့်ချိန်တွင် အားလပ်ချိန်အတွင်း စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကုနင်းထလုပ်ဆောင်ခဲ့သော အရာကို ထပ်မံ နောက်ပြောင်ခဲ့ကြသည်။ စုန့်မြောင်ကောသည် ထိုအဖြစ်အပျက်ကို မမြင်လိုက်ရသော်လည်း အခြားသူများထံမှ ကြားသိရသည်။

ပိုင်လီကျုံးရွှယ်က ဒါကို မျက်မြင်တွေ့ခဲ့သည်။

"ကုနင်းမင်းဘာလို့အမြဲဒုက္ခရောက်နေတာလဲ။ မင်းမှာ ပြိုင်ဘက်တွေ အများကြီးပဲ!” စုန့်မြောင်ကောက စက်ဆုပ်စွာပြောသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၅၄ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီ

“ကြည့်ရတာ တခြားမိန်းကလေးတွေက ငါ့ကို မနာလိုဖြစ်တာ‌နေမှညပေါ့” ဟု ကုနင်းက မော်ကြွားတဲ့လေသံနဲ့ ပြောသည်။

"မော်ကြွားချက်ကတော့" စုန့်မြောင်ကောက ကုနင်းအား မျက်လုံးများဝေ့ပြလိုက်သည်။

"ငါတို့ကိုပြောပြအုံး ဘာဖြစ်တာလဲ" ပိုင်လီကျုံးရွှယ်က စိတ်ဝင်တစား မေးသည်။

"ယွမ်ရှူးယန်က ငါ့ကိုကြည့်မရတာ အဲ့တော့ အဲ့ကောင်မလေးက ယွမ်ရှူးယန် စိတ်ကျေနပ်အောင် ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ် ဒါပါပဲ” ဟုကုနင်းက ဆိုသည်။ သူမသည် ရုန်ကျဲ့ချန် အကြောင်းကို မပြောပါ။

ပိုင်လီကျုံးရွှယ်က "သူတို့လက်လျှော့မှာမဟုတ်ဘူးလို့ ငါထင်တယ်" ကြည့်လိုက်ရုံနဲ့ သူတို့သည် မကြင်နာတတ်သူများဖြစ်ကြောင်း သူမပြောနိုင်သည်။ ထို့အပြင် ၎င်းတို့သည် ကုနင်းကို တမင်တကာ ဒုက္ခ‌ပေးခဲ့သဖြင့် ၎င်းသည် နောက်တစ်ကြိမ် ထပ်လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူတို့သာ ကြင်နာ‌နေမယ်ဆိုရင် ဒီနေ့ ကုနင်းကို ခက်ခဲအောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြမှာ မဟုတ်ပေ။

“ရပါတယ်။ သူတို့ထပ်လုပ်ရဲရင် သူတို့ကို ငါရိုက်နှက်ပစ်မယ်” ဟု ကုနင်းက အေးဆေးတည်ငြိမ်စွာပြောသည်။

“ဟုတ်တယ် နောက်တစ်ခါဖြစ်ရင် မြောင်ကောက သူ့အရည်အချင်းတွေကို လေ့ကျင့်ဖို့ အဲ့အခွင့်အရေးကို ဆုပ်ကိုင်ထားလို့ရတာပဲ။ ပြင်းထန်တယ်ဆိုရင်တော့ သူတို့ကို အတူတူ အနိုင်ယူကြတာ‌ပေါ့” ဟု ပိုင်လီကျုံးရွှယ်က ပြောသည်။

"ငါတစ်ယောက်တည်း မထန်းနိုင်ဘူးလို့ မင်းဘာလို့ခံစားရတာလဲ" စုန့်မြောင်ကောက မကျေမနပ်ဖြစ်နေသည်။

"ဟားဟား မင်းက ငတုံး မဟုတ်ဘူးပဲ!" ကုနင်းက နောက်ပြောင်သည်။

"မင်း ငါ့ကို ဘာလို့ လှောင်ရတာလဲ" စုန့်မြောင်ကောက စိတ်ဆိုးပြီး သူတို့နဲ့ ရွှတ်နောက်နောက် ရန်ဖြစ်ခဲ့သည်။

ကုနင်းသည် စိတ်ပိုင်းဆိုင်ရာအရ အသက် 30 ဝန်းကျင် နီးကပ်လာသောကြောင့် သူမ၏သူငယ်ချင်းများနှင့်သာ ထိုသို့ဆက်ဆံသည်။ အချိန်အများစုတွင် သူမသည် ရင့်ကျက်တည်ငြိမ်သူဖြစ်သည်။

ထိုအချိန်တွင် ကောင်မလေးတစ်‌ယောက်က ပြုံးစိစိဖြင့် သူတို့ဆီသို့ လျှောက်လာသည်။

ကုနင်းကလည်း သူမကို ပြုံးပြသည်။ လင်ရှောက်ရှီ ဖြစ်သည်။

ပိုင်လီကျုံးရွှယ်သည် လင်ရှောက်ရှီကို မသိသော်လည်း စုန့်မြောင်ကောကတော့ သိသည်။ သို့သော် သူမနှင့် မရင်းနှီးပါ။

လင်ရှောက်ရှီကိုမြင်လိုက်ရတော့ စုန့်မြောင်ကော အနည်းငယ် ထိတ်လန့်သွားသည်။ သူမသည် လင်ရှောက်ရှီကိုမကြောက်သော်လည်း သူတို့၏မိသားစုနောက်ခံကြားတွင် ကွာဟချက်ကြီးမားသောကြောင့် ကြောက်ရွံ့နေမိသည်။ စုန့်မိသားစုသည် လင်မိသားစု၏ လက်အောက်ခံဖြစ်ပြီး ထို့ကြောင့် သူမသည် လင်ရှောက်ရှီထက် နိမ့်ကျသည်ဟု သူမ အသိစိတ်မှ တွေးထင်ခဲ့သည်။

"ဟိုင်း စီနီယာလင်!" စုန့်မြောင်ကောက သူမကို ချက်ချင်း နှုတ်ဆက်လိုက်သည်။

"အားလုံးတွေ့ရတာဝမ်းသာပါတယ်!" လင်ရှောက်ရှီသည် မောက်မာမှုမရှိဘဲ သူတို့ကို ညင်သာစွာ နှုတ်ဆက်သည်။ ထို့နောက် သူမသည် ကုနင်းကို လှည့်ကြည့်လိုက်သည်။ "မင်းရဲ့အောင်မြင်မှုနောက်တစ်ခုအကြောင်း ငါကြားခဲ့တယ်"

လင်ရှောက်ရှီက ကုနင်းနဲ့ စကားပြောနေတာကိုကြားတော့ တစ်ယောက်နဲ့တစ်ယောက် သိနေတယ်ဆိုတာ သိသာထင်ရှားတဲ့အတွက် စုန့်မြောင်ကော အရမ်းအံ့သြသွားသည်။

လင်ရှောက်ရှီကို လူများစွာကို သိသော်လည်း လူအနည်းငယ်မျှသာ သူမနှင့် အလွန်နီးစပ်သည်။

ထို့အပြင် ကုနင်းသည် လင်ရှောက်ရှီ၏ မိသားစုနောက်ခံကို သတိပြုမိသည်ရှိမရှိ တွေးတောနေမိသည်။

သူမ သိချင်နေသော်လည်း ယခုအချိန်တွင် သူမ မမေးသင့်သည်ကို သူမသိပေသည်။

“အင်း ငါ့ကိုမုန်းတီးသူတွေ နေရာတိုင်းမှာရှိတယ်‌လေ” ဟု ကုနင်းက ဆိုသည်။

"ဟုတ်တယ်၊ မင်းက အရမ်းတော်တာမို့ လူတော်တော်များများက မင်းကို မနာလိုဖြစ်နေကြတာ" လင်ရှောက်ရှီက အမှန်တရားမို့လို့ သဘောတူလိုက်သည်။

"ကောင်းပြီ ငါတို့အတူတူထမင်းစားရအောင်။ ငါကျွေးမယ်လေ” လို့ လင်ရှောက်ရှီက ပြောသည်။

“ဟုတ်ပြီလေ!” ကုနင်းက ငြင်းဆန်ခြင်းမရှိ။ မဟုတ်ပါက လင်ရှောက်ရှီသည် သခင်ကြီးလင်၏သြဇာကို အသုံးပြုပြီး သူမကိုဖိအားပေးမည်ဖြစ်သည်။

အဲဒီနောက် သူတို့ ကန်တင်းကို အတူတူသွားကြသည်။

"အင်း ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက စုန့်မြောင်ကောပါ။ မင်းသူ့ကိုသိမှာပါ။ ဒါက ငါရဲ့သူငယ်ချင်း ပိုင်လီကျုံးရွှယ်” ကုနင်းသည် သူမ၏ သူငယ်ချင်းများကို လင်ရှောက်ရှီ နှင့် မိတ်ဆက်ပေးပြီးနောက် ပိုင်လီကျုံးရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "ကျုံးရွှယ်၊ ဒါက ငါ့သူငယ်ချင်းပါ။ သူက ငါတို့ရဲ့ စီနီယာ လင်ရှောက်ရှီ"

လင်ရှောက်ရှီနှင့် သူမ၏ တကယ့်ဆက်ဆံရေးကို သူမပြောပြခဲ့ပေ။ လင်ရှောက်ရှီ ရှိနေခြင်းကြောင့် စုန့်မြောင်ကောက ကုနင်းကို လင်ရှောက်ရှီနှင့် အဘယ်ကြောင့်သိသနည်းဟု မမေးခဲ့ပေ။

သူတို့သည် အဆင့်မြင့်စားသောက်ဆိုင်သို့ သွားကာ စွပ်ပြုတ်နှင့် ဟင်းလေးမျိုးကို မှာစားကြသည်။

ထမင်းစားပြီးနောက် လင်ရှောက်ရှီ တစ်ယောက်တည်း သန့်ရှင်းရေးလုပ်ရန် သူမ၏အဆောင်ခန်းသို့ သွားခဲ့သည်။ သူမ ဒီမနက်မှ ကျောင်းကို လာတာမို့ သူ့အဆောင်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ လိုသေးသည်။ နေ့လည်စာစားချိန်မရောက်ခင် ကုနင်းကို တွေ့ဖို့လာတာမို့ သူ့ပစ္စည်းတွေကို နေရာမချရသေးပေ။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ထုံးစံအတိုင်း လေ့ကျင့်ရန် တောအုပ်ငယ်သို့ သွားကြသည်။

လင်ရှောက်ရှီ မရှိတော့တာနဲ့ စုန့်မြောင်ကောက ကုနင်းကို "ကုနင်း နင်စီနီယာလင်နဲ့သိ‌နေလို့ အံ့သြမိသွားတယ် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိလာတာလဲဟင်"

“သူက ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ သူငယ်ချင်းပါ” ဟု ကုနင်းက ပြောသည်။

“အော်!” စုန့်မြောင်ကောက မေးတာကို ရပ်လိုက်တယ်။

နေ့ခင်းဘက်တွင် ယွမ်ရှူးယန်သည် လင်ရှောက်ရှီနှင့် ကုနင်းတို့ ယနေ့ နေ့လည်စာ အတူတူစားသည်ဆိုသော သတင်းကို ကြားလိုက်ရပြီး သူမလည်း အံ့အားသင့်သွားခဲ့သည်။ ကုနင်းက လင်ရှောက်ရှီနဲ့ သိနေ၍ အံ့ဩ‌နေမိသည်။

ဘာပဲဖြစ်ဖြစ် ကုနင်းက လင်ရှောက်ရှီကို သိတာဖြစ်နိုင်သလို သူမရဲ့ သူငယ်ချင်းထဲက တစ်ယောက်နဲ့ သိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အဲဒီအချိန် လင်ရှောက်ရှီနဲ့ ထမင်းစားတာ ကုနင်း တစ်ယောက်တည်းမဟုတ်တာကြောင့်ပါ။

ကုနင်းသည် လင်ရှောက်ရှီကိုသိသော်လည်း ကုနင်းဒုက္ခရောက်ပါက လင်ရှောက်ရှီသည် ကုနင်းကိုကူညီလိမ့်မည်ဟု ယွမ်ရှူးယန် မထင်ပေ။

လင်ရှောက်ရှီက ကူညီချင်ပေမယ့် လင်မိသားစုက သဘောမတူလောက်ပေ။

လင်မိသားစုက ငတုံးမဟုတ်သလို အပြင်လူကို ကူညီဖို့လည်း စိတ်၀င်စားမည်မဟုတ်‌ပေ။ ထို့အပြင် သူမသည် ယွမ်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

သာမာန်အားဖြင့် အင်အားကြီးသောမိသားစုများသည် ပြင်ပလူတစ်ဦးအတွက်‌ကြောင့်နဲ့ တူညီသောအဆင့်ရှိ အခြားအာဏာရှိ‌ေသာ မိသားစုကို အငြိုးထားရန် ဝန်လေးလေ့ရှိသည်။

သူတို့မိသားစု၀င်အတွက်ဆိုရင်တော့ မတူပါ။ သူတို့ရဲ့သိက္ခာနဲ့ နာမည်ဂုဏ်သတင်းအတွက်ပဲဖြစ်ဖြစ် မိသားစုဝင်တွေကို အဆုံးထိ ကာကွယ်ပေးပါလိမ့်မည်။

ယွမ်ရှူးယန်သည် လင်မိသားစုနှင့် ကုနင်း၏ ဆက်ဆံရေးကို သိပါက ကုနင်းအားသွားရှုပ်ရဲမည်မဟုတ်ပေ။

သို့သော် ယွမ်ရှုယန်က အတိအကျမသိသောကြောင့် ကုနင်းသည် လင်ရှောက်ရှီကို သိသည်မှာ ကြီးကြီးမားမားကိစ္စမဟုတ်ဟု သူမထင်မိသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သိရုံမျှသာဖြစ်ပြီး အဓိပ္ပါယ်မရှိပေ။ ထို့ကြောင့် သူမသည် ကုနင်းကို ပြန်လက်စား‌ချေမည်ဟု ဆုံးဖြတ်ခဲ့သည်။

ရိုးရိုးသားသားပြောရရင် ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံခဲ့ရမယ်ဆိုရင်တောင် သူမနဲ့ဘာမှမဆိုင်ပါ။ သူမက ထိုလူမိုက်‌ေတွကို ငှားခဲ့တာမဟုတ်ပေ။

ဤအရာကိုကြည့်ခြင်းဖြင့် ယွမ်ရှူးယန်သည် သူမ၏ သူငယ်ချင်းများကို အသုံးချဖို့သာ အာရုံရှိကြောင်း ထင်ရှား‌ပေသည်။

…

ရက်အနည်းငယ်ကြာပြီးနောက် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားခဲ့သည်။

အစပိုင်းမှာတော့ လူတိုင်းက ဒီလေ့ကျင့်ရေးကို မကျေမနပ်ဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာ‌တော့ ပြီးဆုံးသွားဖို့ နှမြောနေမိသည်။

ရဲဘော်များအကြား အဖိုးတန်သော ဆက်ဆံရေးကို ခံစားခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတူရှိခဲ့‌သော ရဲဘော်များ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာရင်တောင် ငိုကြသည်။ လဝက်သာ လေ့ကျင့်သင်ကြားခဲ့သော်လည်း ကျောင်းသားအများစုမှာ သင်တန်းဆရာများ ထွက်ခွာသွားခြင်းကြောင့် တိတ်တဆိတ် ငိုကြွေးခဲ့ကြသည်။

စစ်ရေးလေ့ကျင့်မှုပြီးတဲ့နေ့မှာ လေ့ကျင့်ရေးပြပွဲကို မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး နေ့လည်ပိုင်းမှာတော့ အားလပ်ပေသည်။ နောက်နေ့မနက် အတန်းအစည်းအဝေးပြီးရင် အတန်းစတော့မည်။

နောက်ဆုံးတော့ စစ်ရေးလေ့ကျင့်မှုပြီးသွား၍ စုန့်မြောင်ကောက အနားယူချင်ခဲ့သည်။ သူမက ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့ကို နေ့လည်စာစားရန် ဖိတ်ကြားခဲ့သည်။ လေ့ကျင့်ရေးမပြန်ခင်မှာ ခဏလောက် အနားယူနိုင်သည်။

ဝေးဝေးမသွားဖို့ စိတ်ကူးရှိတာကြောင့် ခြေလျင်သာ ထွက်လာကြသည်။

လမ်းတစ်လျှောက်မှာ ခိုကျီ နေလောင်ခံခရင်မ်အကြောင်း လူတော်တော်များများ ပြောနေကြတာကို ကြားလိုက်ရသည်။ ခိုကျီ နေရောင်ကာခရင်မ်သုံးတဲ့ ကျောင်းသားအများစုဟာ တစ်လခွဲကြာ စစ်ရေးလေ့ကျင့်မှုအပြီးမှာ အသားနေမလောင်ခဲ့ပေ။

သို့သော်လည်း အချို့သော ကျောင်းသားများသည် ခိုကျီ နေရောင်ကာခရင်မ်ကို မသုံးခဲ့ကြပါ။ ၎င်းတို့သည် ယင်းအကြောင်းကို မသိခဲ့တာ ဒါမှမဟုတ် ဂရုမစိုက်သောကြောင့် အတိုင်းအတာတစ်ခုထိ နေလောင်ခံခဲ့ရသည်။

ယောက်ျားလေးတွေက သူတို့ရဲ့အသားအရေအရောင်ကို သိပ်ဂရုမစိုက်ကြတဲ့အတွက် အနည်းငယ်ကသာ နေရောင်ကာခရင်မ်ကို သုံးကြသည်။ ရလဒ်မှာ ညိုညစ်နွမ်းနေသော ကျောင်းသားအများစုမှာ ယောက်ျားလေးများဖြစ်ကြသည်။

ခိုကျီ နေရောင်ကာခရင်မ်အကြောင်း သတင်းကြီးပြီးနောက် ခိုကျီသည် လက်ကျန်မရှိတော့သည်အထိ ၎င်း၏နေရောင်ကာခရင်မ်က ပို၍လူသိများလာခဲ့သည်။

၎င်း၏အခြားထုတ်ကုန်များသည်လည်း ရောင်းအားအလွန်မြင့်မားခဲ့သည်။

All Chapters