အခန်း (၁၈၅၅-၁၈၆၀)
Vol. 115 Ch. 1855-1860
အခန်း ၁၈၅၅ မင်းမကြာခင်ဂုဏ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး
အရည်အချင်းမပြည့်မီသော ထုတ်လုပ်သူများ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် စတော့ကုန်ချိန်တွင် ခိုကျီ ထုတ်ကုန်အတုကို မည်သူမျှ မပြုလုပ်ရဲတော့ပေ။
လမ်းတွင် ကုနင်းကိုမှတ်မိသောကျောင်းသားများအားလုံးက သူမကို ခိုကျီ၏ပိုင်ရှင်ဖြစ်ကြောင်းသိသောကြောင့် အံ့သြစွာကြည့်ကြသည်။
သို့သော် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ကျောင်းမှ ထွက်လာပြီးနောက်တွင် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် လူအချို့က ၎င်းတို့နောက်သို့ လိုက်နေကြသည်ကို ခံစားလိုက်ရသည်။ အကြည့်ချင်းဖလှယ်ကြပြီး ဘာမှမပြောကြ။
သူတို့ မှန်းဆချက်မှန်ရင် အဲဒီလူတွေဟာ ယွမ်ရှူးယန်နဲ့ သူ့သူငယ်ချင်းတွေနဲ့ ပတ်သက်မှု ရှိရမည်။
ထို့အပြင် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကောရှီယန် ငှားရမ်းထားသော လူအုပ်စုများထက် ၎င်းတို့က သန်မာသည်ဟု ခံစားနိုင်သော်လည်း ၎င်းတို့သည် မည်မျှအားကောင်းသည်ကိုတော့ မသိနိုင်ပေ။
အခြေအနေအရ စုန့်မြောင်ကောကို တစ်ယောက်တည်း တိုက်ခိုက်ခွင့်ပြုမည်လည်းမဟုတ်ပေ။
လူတချို့က သူတို့နောက်ကို လိုက်နေကြောင်း ကုနင်းသိလိုက်သည်နှင့် သူမက စုန့်မြောင်ကောကို ပြောပြသည်။ သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတဲ့အတွက် မအံ့သြမိပါ။
"ငါတို့အရင်ထမင်းသွားစားသင့်လား ဒါမှမဟုတ် ဒီပြဿနာကိုအရင်ဖြေရှင်းသင့်လား" စုန့်မြောင်ကော က မေးသည်။
“ပြဿနာကို အရင်ရှင်းရအောင်။ လိုက်ခံနေရတာကို မုန်းတယ်” ဟု ကုနင်းက ဆိုသည်။
"ပြဿနာမရှိဘူး"
စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ် နှစ်ဦးစလုံးသည်လည်း လိုက်ခံရတာကို မကြိုက်သောကြောင့် သဘောတူခဲ့ကြသည်။
ထို့ကြောင့် လမ်းဘေးတစ်နေရာသို့ လျှောက်သွားကြသည်။
အမ်ျုးသားတော်၀င်ဥယျာဉ်သည် ညာဘက်ခြမ်းတွင်ရှိပြီး မြို့တော်တက္ကသိုလ်မှ တစ်ကီလိုမီတာသာ ကွာဝေးသောကြောင့် လမ်းပေါ်တွင် လူအနည်းအပါးရှိသည်။
ကုနင်းနှင့် သူမ၏သူငယ်ချင်းများနောက်သို့လိုက်သူများသည် အနီးနားရှိလူနည်းသောနေရာသို့ လျှောက်သွားသောအခါ သူတို့ကို သတိပြုမိနေပြီဟု မထင်ကြပေ။ အဲဒီအစား အဲဒါက သူတို့လိုချင်တာ အတိအကျဖြစ်ပေသည်။
အချိန်တန်သည်ကို တွေ့လိုက်သည်နှင့် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများကို ဝိုင်းလိုက်ကြသည်။
အနီးနားရှိလူများက ချက်ချင်းထွက်ပြေးသွားကြသည်။ ဒုက္ခရောက်မှာကြောက်လို့ ဘယ်သူမှ မကူညီကြပေ။ လူ့သဘာ၀အတိုင်းပင်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် လုံး၀ကြောက်ရွံ့မှုမရှိပဲ ထိုယောက်ျားများကို အေးအေးဆေးဆေး ရင်ဆိုင်ခဲ့သည်။
အသက် 30 ၀န်းကျင်ရှိ အမျိုးသားခြောက်ဦးရှိသည်။ သူတို့အားလုံးမှာ သူတို့ရဲ့လက်တွေကို သွေးတွေနဲ့ ဖုံးလွှမ်းထားသလို သို့မဟုတ် လူသတ်ဖူးသော ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်များရှိကြသည်။
ဒီကိုမလာခင်ထဲက ကုနင်းက တိုက်ခိုက်တာတော်တယ်ဆိုတာ သူတို့သိလာရတဲ့အတွက် ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ လုံးဝမထိတ်လန့်ကြတာကိုတွေ့တော့ မအံ့သြကြပါ။
မည်သို့ပင်ဆိုစေကာမူ ငယ်ရွယ်သော မိန်းကလေးသည် သူတို့ကို အနိုင်ယူနိုင်မည်ဟု မထင်ပေ။
ကုနင်းသည် နှစ်စက္ကန့်ကြာ သူမရှေ့ရှိ လူ၏မျက်လုံးကို ဆုံတွေ့ပြီးနောက်တွင် သူမ၏မြင်ကွင်းမှ ပုံရိပ်တစ်ခုပေါ်လာသည်။
ဗီလာတစ်ခုတွင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသားငါးဦးသည် ၎င်းကို ချိုးဖောက်၀င်ရောက်နေကြသည်။ ပုံရိပ်က လင်းလက်သွားပြီးတော့ ဗီလာရဲ့ မာစတာအိပ်ခန်းထဲရောက်သွားသည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသားနှစ်ဦးသည် ဓားများကိုင်ဆောင်ကာ ကုတင်ပေါ်တွင် အိပ်ပျော်နေသော လူငယ်စုံတွဲတစ်တွဲကို ပြင်းထန်စွာ ဓားဖြင့်ထိုးသတ်ကာ သွေးများ ဖြန်းခနဲကျလာခဲ့သည်။
အခြားအိပ်ခန်းနှစ်ခန်းတွင်လည်း အလားတူအဖြစ်ဆိုးမျိုး ဖြစ်ပွားခဲ့သည်။
နောက်တော့ ဒီလူငါးယောက်က ပစ္စည်းတွေ အများကြီးကို အိမ်ထဲကနေ ယူသွားသည်။
ပုံရိပ်များသည် သုံးစက္ကန့်မျှသာ ကြာမြင့်ပြီး ထိုလူအားလုံးက မျက်နှာဖုံးများ တပ်ဆင်ထားသည်။ သို့သော် သူမဟာ ထိုလူများနှင့်တွေ့သောအခါမှ ထိုပုံရိပ်များကို မြင်ရသောကြောင့် ၎င်းတို့နှင့် ဆက်စပ်နေမှန်း သိသာသည်။
သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက အခြေခံအားဖြင့်တော့ အတူတူပါပဲ။
ကုနင်းသည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လည်ပင်းတွင် ကင်းမြီးကောက်တက်တူးထိုးထားသည့် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။ ခုနကပေါ်လာတဲ့ပုံရိပ်တွေမှာလည်း လည်ပင်းမှာ ကင်းမြီးကောက်တက်တူးထိုးထားတဲ့ အမျိုးသားတစ်ဦးလည်း ရှိပေသည်။
ထို့ကြောင့် ကုနင်းသည် သူတို့ကတစ်ဖွဲ့တည်းဖြစ်ကြောင်း ပို၍ပင်သေချာသွားတော့သည်။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အင်တာနက်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုလိုက် သတ်ဖြတ်ခံရမှု သတင်းကို သူမ ဖတ်ဖူးသည်။ အသတ်ခံရသူမှာ ချမ်းသာသော စီးပွားရေးသမားတစ်ဦးဖြစ်သော်လည်း ရဲတပ်ဖွဲ့က မည်သည့်အထောက်အထားမျှ မတွေ့ရှိခဲ့ရပေ။
ရာဇ၀တ်မှုကျူးလွန်စဉ်တွင် ၎င်းတို့သည် မျက်နှာဖုံးများဝတ်ဆင်ထားကာ ဗီလာအတွင်းနှင့်အပြင်ရှိ စောင့်ကြည့်ကင်မရာများကိုလည်း ဖျက်ဆီးခဲ့သည်။ အခြားသော စောင့်ကြည့်ကင်မရာများ ရှိသော်လည်း အဝေးမှနေ၍ ၎င်းတို့၏ အရိပ်များကိုသာ မြင်နေရသောကြောင့် အမှုနှင့်ပတ်သက်၍ စတင်ဖြေရှင်းရန် နည်းလမ်းမရှိပေ။
"မင်းက ကုနင်းလား?" လူတစ်ယောက်က ကုနင်းကို အေးစက်စွာမေးသည်။
ဒါဟာ အမြဲတမ်း တူညီတဲ့ အဖွင့်ပါပဲ။ သူမဘယ်သူလဲဆိုတာ သိရဲ့သားနဲ့ ဒီမေးခွန်းကို မေးနေသေးသည်။
ကုနင်းက "ငါမဟုတ်ဘူးလို့ပြောရင် ရှင်တို့ထွက်သွားမှာလား။"
“သေချာပေါက်မထွက်သွားဘူးပေါ့။ မင်းက ကုနင်းဆိုတာ ငါသိတယ်လေ” ဟု ထိုလူက ပြောသည်။
"ဟားဟားဟားဟား" သူ့အဖြေကိုကြားတော့ ကုနင်း နဲ့ သူ့သူငယ်ချင်းတွေက ဟာသတစ်ခုကြားလိုက်ရသလို ရယ်မောလိုက်ကြသည်။
"ငါက ကုနင်းဆိုတာ သိရဲ့သားနဲ့ ရှင်ဘာလို့ ဒီမေးခွန်းကို မေးသေးတာလဲ။ ရှင်က အရူးလား?" ကုနင်းက ရယ်မောရင်း ပြောသည်။
“မင်း…” အဲဒီလူက စိတ်တိုသွားတယ်။ “သိပ်ပြီး ဂုဏ်မြောက်မနေနဲ့ မင်း မကြာခင် လေကြီးနိုင်တော့မှာ မဟုတ်ဘူး"
ထိုသို့ပြောရင်း စုန့်မြောင်ကော နှင့် ပိုင်လီကျုံးရွှယ် ကို လှည့်ကြည့်လိုက်သည်။ "ကုနင်းက ငါတို့ရဲ့ပစ်မှတ်ပဲ။ မင်းတို့နှစ်ယောက်ပါ ဒုက္ခမရောက်ချင်ဘူးဆိုရင် အခုထွက်သွား”
"ဒုက္ခ? ရှင်က ကျွန်မတို့ကို ဒုက္ခပေးရော ပေးနိုင်လို့လား။ စကားပြောရင်း အချိန်ဖြုန်းတာကို ရပ်လိုက်စမ်းပါ။ အခုချက်ချင်းလာခဲ့!” စုန့်မြောင်ကောက အထင်အမြင်သေးစွာဖြင့် ပြောသည်။ သူမတစ်ယောက်တည်း သူတို့ကို အနိုင်မယူနိုင်ပေမဲ့ ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်လည်း ဒီမှာ ရှိသည်။
နှစ်ယောက်စလုံးက သူတို့ကို တစ်မိနစ်အတွင်း အနိုင်ယူနိုင်သည်။
စုန့်မြောင်ကော၏ စကားများက ထိုလူကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သူ၏ မျက်နှာသည် တဖြည်းဖြည်းမဲမှောင်လာပြီ။ “ကောင်းပြီလေ၊ နောက်မှ ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ သူတို့ကိုအနိုင်ယူစမ်း!”
အဲဒီနောက်မှာတော့ လူတစ်စုက ကုနင်းနဲ့ သူ့သူငယ်ချင်းတွေကို ချက်ချင်း တိုက်ခိုက်ခဲ့ကြသည်။ ကုနင်းသည် တိုက်ခိုက်ရာတွင် ထူးချွန်ကြောင်း သူတို့သိသော်လည်း စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်သည် အထူးသဖြင့် ပိုင်လီကျုံးရွှယ်လည်း တိုက်ခိုက်တာတော်ကြောင်း သူတို့မသိကြပေ။
ထို့ကြောင့် လူနှစ်ယောက်ကို စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်ကို ဖမ်းရန်အတွက်နှင့် လူလေးယောက်ကို ကုနင်းနှင့် တိုက်ရန် စီစဉ်ခဲ့သည်။
သူတို့က ကုနင်းကိုကြောက်လို့မဟုတ်ဘဲ သူမက သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တာကြောင့် အမှားအယွင်းမဖြစ်စေနိုင်တဲ့အတွက် လူလေးယောက်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
စုန့်မြောင်ကောသည် လူများစွာကို တစ်ယောက်တည်း အနိုင်ယူ၍ မရသော်လည်း ယောက်ျားတစ်ဦးတည်းကို အနိုင်ယူရန် သူမအတွက် မခက်ခဲပါ။ သူမသည် ထိုလူကို ချက်ချင်းမရိုက်နှက်ဘဲ အခြေအနေကို တစ်ချိန်လုံး ထိန်းချုပ်ခဲ့သည်။ သူမအတွက် အင်အားအများကြီး မကုန်ကျခဲ့ပေ။
သူမ၏ ခွန်အားကို အပြည့်အ၀အသုံးမပြုထားသော်လည်း ထိုအမျိုးသားသည် စုန့်မြောင်ကော၏စွမ်းရည်ကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။ သူမသည် ပျော့ညံ့သော မိန်းကလေးမျှသာဟု သူထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ သူမသည် တိုက်ခိုက်ရာတွင် အလွန်တော်ပေသည်။
ပိုင်လီကျုံးရွှယ်သည် စုန့်မြောင်ကောထက်ပင် သန်မာပြီး အခြားလူကို မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲချနိုင်ခဲ့သည့်အတွက် နောက်ထပ်လူကိုလည်း ထိတ်လန့်စေခဲ့သည်။
ကုနင်းလည်း ထိုနည်းလည်းကောင်းပင်။ ကုနင်းသည် တိုက်ခိုက်ရာတွင် ထူးချွန်ကြောင်း ဤလူများက သိရှိခဲ့သော်လည်း သူမ၏ အစွမ်းကြောင့် အံ့သြနေကြဆဲဖြစ်သည်။
သူတို့တင်မကဘဲ ကြည့်ရှုသူများလည်း တအံ့တသြဖြစ်ခဲ့ကြသည်။ သူတို့အားလုံးဟာ အားနည်းတဲ့ မိန်းကလေး သုံးယောက်လို့ ထင်ခဲ့ကြပေမယ့် သန်မာလွန်းလှသည်။
သိပ်မကြာခင်မှာပဲ တိုက်ပွဲက ပြီးသွားသည်။ တစ်မိနစ်အတွင်း လူခြောက်ဦးစလုံး မြေပြင်ပေါ်သို့ လဲချရိုက်နှက်ခြင်းခံခဲ့ရသည်။
စုန့်မြောင်ကောက တစ်ယောက်၊ ပိုင်လီကျုံးရွှယ်က နှစ်ယောက်၊ ကုနင်း ၃ ယောက်ရိုက်ခဲ့သည်ပင်။
"ကောင်းပြီ သွားကြစို့!"
ထိုလူ၆ယောက်သည်တော့ မအောင်မြင်တဲ့အတွက် ထွက်ခွာရန်ပြင်သည်။ ဒဏ်ရာရသွားသော်လည်း လမ်းလျှောက်လို့တော့ရပါသေးသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၅၆ မင်းက အရမ်းသတိလက်လွတ်နေလွန်းတယ်
"ရှင်တို့ ထွက်သွားချင်တာလား" ကုနင်းက အေးစက်သော အသံဖြင့် ပြောသည်။ သူမသည် ထိုကဲ့သို့ အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့သည် မိသားစုလိုက်သတ်ဖြတ်ခြင်း၏ သံသယရှိသူများဖြစ်သောကြောင့် မဟုတ်ဘဲ တန်ရာတန်းကြေးမပေးဘဲ လွှတ်ပေးရန် ဆန္ဒမရှိသောကြောင့်ဖြစ်သည်။
၎င်းတို့သည် မိသားစုလိုက်သတ်ဖြတ်မှုတွင် သံသယရှိသူများဖြစ်ကြောင်း သူမသိသော်လည်း သူမတွင် အထောက်အထားမရှိသောကြောင့် ၎င်းနှင့်ပတ်သက်ပြီး သူမဘာမှ မလုပ်နိုင်ပေ။ သူမ ပြောနိုင်သော်လည်း မည်သူမျှ သူမကို ယုံမည်မဟုတ်။ အဲဒီအစား လူတွေက သူမကို သံသယဝင်ပြီး သူမကို သူတို့အား လူသတ်သမားတွေလို့ သိထားရတဲ့အကြောင်း မေးခွန်းထုတ်တဲ့အခါ သူမကို မလိုလားအပ်တဲ့ ဒုက္ခဖြစ်စေနိုင်သည်။
ထို့အပြင် မိသားစုတစ်စုလုံး အသတ်ခံရသည့် အကြောင်းရင်းကို သူမ မသိပေ။ ထိုမိသားစုကသာ မကောင်းဘူးဆိုရင်တော့ ပြစ်ဒဏ်နဲ့ ထိုက်တန်သည်။
ကလေးတွေကတော့ အပြစ်ကင်းပေမယ့် မလွှဲမရှောင်သာ ထိခိုက်ခဲ့ရပေသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုအကြောင်းကို သိသွားတဲ့အတွက် သူမဟာ ဒီအမှုကို စုံစမ်းစစ်ဆေးမှာ ဖြစ်သည်။ ချမ်းသာတဲ့ လုပ်ငန်းရှင်ကသာ ဘာအမှားမှ မလုပ်ဘူးဆိုတဲ့ အထောက်အထားတွေ သာစုဆောင်းနိုင်ခဲ့ရင် သူမက တခြား ကုသိုလ်ကောင်းမှု လုပ်ဖို့ စိတ်ထဲထားမည်မဟုတ်ပေ။ ခက်ခဲတယ်ဆိုရင်တော့ သူမမှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ်ဖြစ်၍ ထိုအရာအပေါ် အချိန်ဖြုန်းနေမှာ မဟုတ်ပါ။
စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကုနင်းပြောပြီးနောက် သူတို့သွားရာလမ်းတွင် ပိတ်တားခဲ့သည်။ သူတို့အား ထွက်သွားခွင့်မပေးနိုင်ပေ။
ထိုလူများသည် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ပိတ်တားလိုက်သည်ကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။ "နောက်ထပ် ဘာလုပ်ချင်သေးတာလဲ"
"ရှင်တို့က ကျွန်မကို အကြောင်းပြချက်မရှိ ဒုက္ခပေးတာလေ။ ဘာမှမဖြေရှင်းပဲ ထွက်သွားချင်တာလား" ကုနင်းက လှောင်လိုက်သည်။
အဲဒါကိုကြားတော့ သူတို့ အံ့သြသွားပေမယ့် ဘာမှ မပြောပါ။ အကြောင်းပြချက်ကို သူမအား သေချာပေါက် ပြောမည်မဟုတ်ပေ။
သူတို့ကို စိုက်ကြည့်ရင်း ကုနင်းက လေးနက်တဲ့ လေသံနဲ့ "ပြောစမ်း ရှင်တို့ကို ဘယ်သူ လွှတ်လိုက်တာလဲ"
ယွမ်ရှူးယန် (သို့) ချူဟန်ကျောင်း ဖြစ်မယ်ဆိုတာ သူမသိပေမယ့် မှန်ကန်တဲ့လူကို ပြန်ပေးဆပ်ခိုင်းဖို့အတွက် သေချာအောင်လုပ်ဖို့ လိုသေးသည်။
သို့သော် ထိုလူများက တိတ်ဆိတ်နေ၏။
"ကောင်းပြီ ရှင်တို့မပြောရင် ရဲကိုဖုန်းဆက်ရလိမ့်မယ်" ဟု ကုနင်းကပြောသည်။
လူခြောက်ယောက်က သူတို့ရဲ့ ကျောက်ထောက်နောက်ခံအဖြစ် အားကောင်းတဲ့ ပံ့ပိုးမှုတွေရှိလို့ လုံးဝမကြောက်ပေ။
“အင်း” ကုနင်းကပြုံးလိုက်သည်။ အဲဒါကို သူမ သတိပြုမိလိုက်သည်။
ရဲကို မကြောက်မှန်း သူမသိသော်လည်း ဖုန်းခေါ်လိုက်သည်။
တကယ်တော့ သူတို့အား သူမကို အမှန်တရားကို လူကြားထဲမှာ အတင်းအကျပ် ပြောပြခိုင်းဖို့ ခက်ခဲပေသည်။
သိပ်မကြာခင်မှာပဲ ရဲတွေရောက်လာသည်။
အခြေအနေကို သိပြီးနောက် ရဲများက ၎င်းတို့ကို ခေါ်ဆောင်သွားခဲ့သော်လည်း ကုနင်းသည် ဘာမှထွေထွေထူးထူး ဖြစ်လာမည်မဟုတ်တာကို သိသည်။
သို့သော်လည်း သူမသည် ထိုကိစ္စကို ဘာမှ မလုပ်နိုင်ပါ။ သူတို့ကိုသတ်ရင် ရာဇ၀တ်ကောင်ဖြစ်သွားလိမ့်မည်။
တကယ်တော့ သူမဟာ သူတို့ကို ဒီလိုမျိုး လွှတ်ပေးလိုက္မှာတော့ မဟုတ်ပါ။
သူတို့ထွက်သွားပြီးနောက် ကုနင်းက ကေကိုဖုန်းဆက်ပြီး အဲဒီလူတွေကို အထူးဂရုစိုက်ဖို့ ပြောရမည်။ သူတို့နောက်ဘယ်ကိုသွားတယ် ဘယ်သူကိုဆက်သွယ်တယ်၊ ဘယ်မှာနေတယ်ဆိုတာ သူမသိဖို့လိုအပ်သည်။
စုန့်မြောင်ကောက ဒီလိုမျိုး အကြိမ်များစွာမြင်ဖူးတာကြောင့် “ဒါဘာမှဖြစ်လာမှမဟုတ်ဘူးလို့ ထင်တာပဲ”
“အဆင်ပြေပါတယ်။ ငါတို့က သူတို့ကို သတ်ပစ်လို့ ဒါမှမဟုတ် ရိုက်ချိုးပစ်လို့မှမရတာ မဟုတ်ရင် ငါတို့ ရာဇ၀တ်ကောင်တွေ ဖြစ်သွားလိမ့်မယ်" ဟု ကုနင်းက လေအေးအေးဖြင့်ပြောဆိုသော်လည်း သူမ၏ သူငယ်ချင်းများအား သူမ၏ အစီအစဉ်ကို မပြောခဲ့ပေ။
“သိပါတယ်၊ ဒါပေမယ့် နည်းနည်းတော့ အဆင်မပြေဘူး” ဟု စုန့်မြောင်ကောက စိတ်မကောင်းစွာပြောသည်။ ဖြစ်နိုင်လျှင် ဥပဒေအရ အပြစ်ပေးခံရခြင်းသာမရှိလျှင် သူတို့ကို ကျိုးပဲ့အောင်ရိုက်ပစ်ရန် ဒါမှမဟုတ် သတ်ပစ်ရန် ဆန္ဒရှိသည်။ သူမသည် ၎င်းတို့အား အလွတ်ပေးရန် ဝန်လေးခဲ့သည်။
"ကောင်းပြီ ငါမင်းအားရှိသွားအောင်လို့ ထမင်းကောင်းကောင်း၀ယ်ကျွေးမယ်လေ!" စုန့်မြောင်ကောက သူမကို ကာကွယ်ပေးခဲ့တာကို ခံစားမိ၍ ကုနင်း ရင်ထဲနွေးသွားသည်။ သူမကို နှစ်သိမ့်ရန် ပခုံးနှစ်ဖက်ကို ဖက်လိုက်သည်။
"မင်းကအရမ်း သတိလက်လွတ်နေတာပဲ!" ကုနင်းအတွက်ဘာမှ မသက်ရောက်တာကို မြင်ရ၍ စုန့်မြောင်ကောကပြောလိုက်သည်။ သို့သော်လည်း ကုနင်းက သူတို့ကို ဂရုမစိုက်တော့တဲ့အတွက် သူလည်း စိတ်အနှောက်အယှက်အဖြစ်ခံတော့မည်မဟုတ်ပေ။
ထို့နောက် အတူတူထမင်းစားကြသည်။
ကျောင်းအနီးတွင် ရှော့ပင်းမောလ်ကြီးတစ်ခုရှိသဖြင့် သူတို့သည် ထိုနေရာကို တိုက်ရိုက်သွားကြသည်။ ထမင်းစားပြီးတာနဲ့ အပြင်မှာ ဈေးဝယ်ကြမည်။
သူမရဲ့ စိတ်အနှောင့်အယှက်တွေကို ဖြေဖျောက်ဖို့အတွက် စုန့်မြောင်ကောက အများကြီးစားခဲ့သည်။
ထမင်းစားပြီးလို့ တစ်နာရီလောက် ဈေးဝယ်ထွက်ကြသော်လည်း ဘာမှ မဝယ်ဖြစ်ဘဲ ထွက်လာကြသည်။
နေ့ခင်းဘက်မှာတော့ ကုနင်းဟာ တစ်စုံတစ်ခု ဖြေရှင်းရန် လိုအပ်ပြီး စုန့်မြောင်ကောဟာ သူ့အမေဆီ အလည်အပတ်သွားရမှာဖြစ်လို့ သူတို့ သုံးယောက် လမ်းခွဲလိုက်ကြသည်။
ပိုင်လီကျုံးရွှယ် က ကျောင်းမပြန်ဘဲ ပိုင်လီကျုံးယန်ကို သွားတွေ့သည်။
…
စုန့်မြောင်ကော၏မိခင်သည် အများစု ပြန်လည်သက်သာလာသော်လည်း ဆေးရုံမှ မဆင်းနိုင်သေးပေ။
သခင်ကြီးစုန့်၏သူငယ်ချင်း သခင်ကြီးကျောက်သည်လည်း သတိပြန်လည်လာကာ ယခု စကားပင်ပြောနိုင်နေပြီဖြစ်သည်။
သူတို့သည် ကုနင်း၏ကြင်နာမှုကို အမြဲအမှတ်ရနေပြီး သူမအား ကျေးဇူးတင်ရန်အတွက် ထမင်းတစ်နပ်မျှဝေရန် ဖိတ်ခေါ်ချင်သော်လည်း ကုနင်းက တစ်ကြိမ်ငြင်းဆိုဖူးသောကြောင့် သခင်ကြီးစုန့်ကို ထပ်မံနှောက်ယှက်ရန် အားနာမိသည်။
သူတို့သည် သခင်ကြီးစုန့်ကို ခက်ခဲအောင့် မလုပ်ချင်ပေ။
…
ချူးဖေ့ဟန်နှင့် သူမ၏ သူငယ်ချင်းများသည် ယနေ့ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီးနောက်တွင် ၎င်းတို့၏ WeChat အဖွဲ့တွင် စုစည်းရန် ယမန်နေ့က သဘောတူခဲ့ကြသည်။
ကုနင်းသည် ချူးဖေ့ဟန်နှင့်သူမ၏အခြားသူငယ်ချင်းများနှင့်တွေ့ဆုံရန်သွားနေသောကြောင့် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့ လိုက်ရန်မသင့်တော်ပါ။
အခုအချိန်က စောနေသေးပြီး သူ့ကားကို စစ်ဟယ်ယွမ် မှာ ရပ်ထားလို့ စစ်ဟယ်ယွမ်ကို အရင်သွားရမည်။
မုခယ်နှင့် ယွီမီရှီတို့ သင်ယူသည့် တက္ကသိုလ်သည် မြို့တော်တက္ကသိုလ်နှင့် ခရိုင်တစ်ခုတည်းတွင်ရှိပြီး ကုနင်းသည် မြို့လယ်သို့ သွားရန်အတွက် ကောင်းယိ သို့မဟုတ် ချောင်ယကို မောင်းပို့ခိုင်းလို့ရသည်။ ဒါပေမယ့် သူမဟာ ခဏတာ ကျင့်ကြံချင်သည်။
စစ်ဟယ်ယွမ်မှာ ကျင့်ကြံရတာက သူမအတွက် ပိုလုံခြုံသည်။
တကယ်တော့ သူတို့တက္ကသိုလ်တွေက ခရိုင်တစ်ခုတည်းမှာရှိပေမဲ့ မြို့တော်ရဲ့ ခရိုင်တစ်ခုစီက တော်တော်ကျယ်တဲ့အတွက် တက္ကသိုလ်သုံးခုက တစ်ခုနဲ့တစ်ခု ဝေးသည်။ လမ်းမှာ ကားအသွားအလာ သိပ်မရှိပေမယ့် အဲဒီနေရာကို ကားနဲ့ရောက်ဖို့ မိနစ် ၂၀ လောက်ကြာသေးသည်။
ကုနင်းသည် စစ်ဟယ်ယွမ်သို့ရောက်ရှိပြီးနောက် သူမ၏ မှော်စွမ်းအားကို စတင်လေ့ကျင့်ခဲ့သည်။
သူမသည် သူမ၏ ဝိညာဉ်မှ မှော်စွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်ဆီသို့ ပို့ဆောင်ရန် လိုအပ်သည်။ သူမသည် ၎င်းကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း အတွင်းထဲတွင် သိမ်းဆည်း၍ မရဘဲ မကြာမီ ၎င်း၏ မူလနေရာသို့ ပြန်သွားခဲ့သည်။
နှစ်နာရီကြာ လေ့ကျင့်ပြီးနောက် ကုနင်းသည် မအောင်မြင်သေးသော်လည်း သူမစိတ်မပျက်ပါ။ ရှန်းကွမ်းယန်က သူ့ခန္ဓာကိုယ်ထဲမှာ ရှေးခေတ်ကျောက်စိမ်းတွေရဲ့ စွမ်းအားတွေကို ပျံ့နှံ့အောင်လုပ်ဖို့ မလွယ်ဘူးလို့ ပြောခဲ့သည်။
အဲ့တာဟာ ခက်ခဲတဲ့ပုံမပေါ်ပေမယ့် အချိန်နဲ့ ကံကောင်းမှုတော့ လိုအပ်ပုံရသည်။
နှစ်နာရီကြာလေ့ကျင့်ပြီးနောက် ညနေ ၅ နာရီခန့်ရှိပြီဖြစ်သောကြောင့် ကုနင်းက ရှန်းကွမ်းယန်ကို နှုတ်ဆက်လိုက်သည်။
ကုနင်းလာခဲသော်လည်း သူမသည် ရှန်းကွမ်းယန် နှင့် ညစာအတူမစားသောကြောင့် ရှန်းကွမ်းယန်က ထိုအကြောင်းကို မကျေမနပ်ဖြစ်ခဲ့သည်။
သူစိတ်မချမ်းသာသော်လည်း ကုနင်းသည် သူမ၏သူငယ်ချင်းများနှင့်ချိန်းထားပြီးသားဖြစ်သောကြောင့် သူနေရန် အတင်းအကျပ်မတိုက်တွန်းပါ။
ထို့အပြင် ကုနင်းသည် ရက်အနည်းငယ်အတွင်း ဤနေရာတွင် ထပ်မံကျင့်ကြံရန် ကတိပြုခဲ့သည်။ သူမသည် ထွက်ခွာခွင့်တောင်းပြီး သူနှင့်အတူလာနေမည်ဖြစ်သောကြောင့် ရှန်းကွမ်းယန် ကျေနပ်သွားသည်။
ဟိုင်ချန်းခရိုင်သည် သူတို့၏ တက္ကသိုလ်များတည်ရှိရာနေရာဖြစ်သည်။ ခရိုင်တစ်ခုတည်းတွင် ပညာသင်ကြားသောကြောင့် အနီးနားရှိ စားသောက်ဆိုင်တစ်ခုတွင် ဝိုင်းတစ်ဝိုင်းကိုကြိုတင်မှာယူထားကြသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၅၇ ကိုယ့်ကိုကိုယ် ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးမယ်!
အဆင်ပြေရန်အတွက် ကုနင်းသည် ဟိုင်ချန်းခရိုင်ရှိ ရှန်းရှစ်ဟိုတယ် တွင် သီးသန့်အခန်းကို ကြိုတင်မှာယူခဲ့သည်။
သူမ မူလက ဟွမ်းဒင်ဟိုတယ်မှာ ထမင်းစားဖို့ စီစဉ်ထားပေမယ့် ဟွမ်းဒင်ဟိုတယ်ကို အကြိမ်များစွာ ရောက်ဖူးတာကြောင့် ဒီတစ်ကြိမ်တော့ နေရာပြောင်းသင့်တယ်လို့ သူမ တွေးခဲ့သည်။ ထို့ကြောင့် ရှန်းရှစ်ဟိုတယ် ကိုရွေးချယ်ခဲ့သည်။
လင်ရှောင်းထင်သည် ရှန်းရှစ်ဟိုတယ်၏ Black Cardကို ကုနင်းအား ပေးအပ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူမသည် အခမဲ့ ဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အပြင်မှာစားဖို့ ပိုက်ဆံသုံးစရာ မလိုပေ။
ရှန်းရှစ်ဟိုတယ်မှာရှိတဲ့ အစားအသောက်တွေက ဈေးကြီးပေမယ့် အရမ်းအရသာရှိသည်။
ဟိုင်ချန်းခရိုင်သည် အလွန်ကြီးမားသည်။ ထို့အပြင် ၎င်းသည် မြို့တော်၏ အကြီးဆုံးခရိုင်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ ၎င်းတို့၏ တက္ကသိုလ် သုံးခုမှ ကားဖြင့် သွားရန် လမ်းပေါ်တွင် မိနစ် ၂၀ နီးပါးသာ အချိန်ယူခဲ့ရသည်။
ကုနင်းသည် ချူးဖေ့ဟန်နှင့်သူမ၏အခြားသူငယ်ချင်းများကို ယနေ့သူတို့တက္ကသိုလ်တွေဆီ သွားကြိုပေးရန်မလိုအပ်သော်လည်း သူမသည် သူတို့စုဝေးပြီးနောက် သူတို့ကိုပြန်မောင်းပို့ရမည်။
ကုနင်းသည် မြို့လယ်မှ လာသောကြောင့် လမ်းပေါ်တွင် ကားအသွားအလာများသည်။ ကုနင်းက ဒါကို သိ၍ စောစော ပြန်လာခြင်းပင်။ ရှန်းရှစ်ဟိုတယ် ရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ။ ချိန်းထားတဲ့အချိန်က ညနေ ၆ နာရီဝန်းကျင်ဖြစ်သည်။
ချူးဖေ့ဟန် နှင့်သူမ၏အခြားသူငယ်ချင်းများသည် ညနေ ၅:၃၀ တွင်ရောက်ရှိနေပြီဖြစ်သော်လည်း ကုနင်းကို ခဏစောင့်ဆိုင်းရသည်ကို စိတ်ထဲမထားကြပေ။ ကုနင်းအရမ်းအလုပ်များနေမှန်းသိတာကြောင့် သူတို့ စိတ်ရှည်ဂကြသည်။ သာမာန်အားဖြင့် သူမကို နှောင့်ယှက်တာ ရှားပါသည်။
ကုနင်းသာ သာမန်ကောလိပ်ကျောင်းသားတစ်ဦးသာဖြစ်ပြီး သူတို့တက္ကသိုလ်များကြားတွင် ဤမျှအကွာအဝေးမရှိခဲ့ပါက မကြာခဏတွေ့ကြမည်မှာ သေချာပါသည်။
ကုနင်းသည် သူတို့အတွက် သီးသန့်အခန်းကို ကြိုတင်မှာထားပြီးဖြစ်သောကြောင့် ချူးဖေ့ဟန်နှင့် သူမ၏ အခြားသူငယ်ချင်းများက ထိုင်ခုံတစ်ခုစီမှာ ဦးစွာထိုင်နေကြသည်။
ပန်းကန်တွေ စားပွဲပေါ်ရောက်လာတဲ့အချိန်မှာ ကုနင်းလည်း ရောက်လာသည်။
ကုနင်းရောက်တာနဲ့ သူမဟာ ချူးဖေ့ဟန်နဲ့ တခြားသူငယ်ချင်းတွေကို ပြုံးပြလိုက်တယ်။ "အရမ်းမိုက်တယ် မင်းတို့ တစ်ယောက်မှ နေမလောင်ဘူးပဲ"
မုခယ်၊ ယွီမီရှီ နှင့် ချူးဖေ့ဟန်တို့သည် ခိုကျီနေရောင်ကာခရင်မ်ကို သုံးသောကြောင့် အမှန်တကယ် အံ့သြစရာမဟုတ်ပေ။ ဒါကြောင့် စစ်ရေးလေ့ကျင့်မှုအပြီးမှာ သူတို့တွေ အသားအရေတွေ မမည်းကြပေ။
မုခယ်သည် ငယ်စဉ်ကပင် ညိုမည်းသော အသားအရည်ရှိခြင်းကို မကြိုက်ပါ။
“ယုံကြည်နိုင်လောက်တဲ့ ခိုကျီ နေရောင်ကာခရင်မ်ကြောင့်ပေါ့။ အဲ့တာသုံးပြီးရင် အသားအရည်က လုံးဝ နေမလောင်ဘူး။ အဲဒီအစား ပိုတောင်ဖြူလာသေးတယ်။ အခု ခိုကျီ ထုတ်ကုန်အားလုံးက လူကြိုက်များလာပြီ။ မဝေးတော့တဲ့ အနာဂတ်မှာ နိုင်ငံတကာ အမှတ်တံဆိပ်တွေကို အစားထိုးနိုင်မယ်လို့ ငါတော့ထင်တယ်” ဟု ချူးဖေ့ဟန်က ဂုဏ်ယူစွာဖြင့် ပြောကြားခဲ့သည်။ သူမသည် ခိုကျီ ၏ကြီးမားသောကျော်ကြားမှုကိုတွေ့မြင်ခဲ့ရသောကြောင့် ကုနင်းကိုဂုဏ်ယူခဲ့သည်။
“ဟုတ်တယ် ခိုကျီ ထုတ်ကုန်တော်တော်များများဟာ အခုအချိန်မှာ ပစ္စည်းပြတ်သွားတတ်တယ်” ဟု မုခယ် က ဆိုသည်။
"အခုဆိုရင် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက နင်းနင်းနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ဖို့ ကြိုးစားနေကြလောက်မယ်"ဟု ယွီမီရှီက ပြောသည်။
"ဟုတ်တယ်၊ ဒါပေမယ့် ငါအဲ့လိုလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး" ဟုကုနင်းက ပြောသည်။ သူ့တွင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များရှိလာပါက သူမ၏ မှော်အစွမ်းကို လျှို့ဝှက်ထားနိုင်တော့မည်မဟုတ်ပေ။
မှော်အစွမ်းမရှိရင်တောင် ကုနင်းသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထားရှိရန် ရည်ရွယ်ချက်မရှိပေ။ ပဋိပက္ခများဖြစ်ရန် လွယ်ကူပြီး သူမအောင်မြင်မှုကို အခြားသူများမျှဝေခြင်းကို သူမ မနှစ်သက်ပါ။ ထို့ကြောင့် သူမသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထက် ခိုကျီ ကို ဖြည်းဖြည်းချင်းဖွံ့ဖြိုးတိုးတက်အောင်သာ ပြုလုပ်လိုသည်။
“စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ မထားတာက စိတ်ကူးကောင်းလို့ ထင်ပါတယ်။ မကောင်းတဲ့လူတွေနဲ့တွေ့ရင် ဒုက္ခရောက်လိမ့်မယ်” ဟု မုခယ်က ပြောသည်။
တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောကြရင်း တက္ကသိုလ်ကျောင်းသားဘဝအကြောင်း ပြောကြသည်။ မုခယ်နှင့် ယွီမီရှီသည် သူတို့၏ ကျောင်းနေဖက်များနှင့် ကောင်းမွန်စွာ ပေါင်းသင်းနေသည်ကို တွေ့ရ၍ ကုနင်းသက်သာရာရသွားသည်။
မုခယ်နဲ့ ယွီမီရှီတို့ဟာ ကုနင်းနဲ့ မတူပါ။ တစ်ယောက်ယောက်က သူတို့အတွက် ခက်ခဲတဲ့အရာတွေကို တမင်တကာလုပ်ခဲ့မယ်ဆိုရင် အထူးသဖြင့် ယွီမီရှီက ပြန်လည်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ကုနင်းက ပြိုင်ဘက်တွေကို ပြန်ပေးဆပ်ဖို့ ကူညီပေးနိုင်ပေမယ့် ကျောင်းနေဖက်တွေနဲ့ ရန်ငြိုးရှိတာ အဆင်မပြေပါ။ ထို့ကြောင့် သူတို့သည် အေးချမ်းသော တက္ကသိုလ်ကျောင်းသားဘဝတွင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ချူးဖေ့ဟန်ကတော့ သူမကျောင်းတက်ပြီး မကြာခင်မှာပဲ အခန်းဖော်တွေနဲ့ သဘောထားကွဲလွဲခဲ့ပြီး ပုံမှန်ပြန်ဖြစ်ဖို့ မလွယ်တော့ပါ။
ချူးဖေ့ဟန်သည် ခယ့်လီလီ အမည်ရှိ မိန်းကလေးနှင့် ငြင်းခုံမှုများ အများအပြားရှိခဲ့ကြောင်း သူတို့အား ပြောပြသည်။
နောက်ဆုံးအကြိမ်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ ပြင်းထန်လာပြီး ခယ့်လီလီက ချူးဖေ့ဟန်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချူးဖေ့ဟန်က ချက်ချင်း ပြန်ခုခံခဲ့သည်။ ခယ့်လီလီသည် ကြောက်လန့်ပြီး နောက်ရက်များတွင် တိတ်ဆိတ်နေခဲ့သည်။
ကုနင်းလည်း ဒီလိုပဲ ကြုံဖူးခဲ့ပေသည်။ ကောရှီယန်က ကုနင်းကို သင်ခန်းစာပေးဖို့ လူတစ်စုကို ငှားလိုက်သည်။ ကုနင်းက သူတို့ကို ရိုက်နှက်ပြီး ကောရှီယန် က ကြောက်လန့်တကြားနဲ့ တခြားအဆောင်ခန်းကို ချက်ချင်းပြောင်းသွားသည်။
ကုနင်းရဲ့ ဇာတ်လမ်းကို ကြားတော့ သူ့သူငယ်ချင်းတွေ စိတ်ဆိုးသွားပေမယ့် ကုနင်းက မပျော့ညံ့ဘူးဆိုတာ သူတို့သိတဲ့အတွက်ကြောင့် သူမကို စိတ်မပူခဲ့ကြပါ။
"အဲဒီအနိုင်ကျင့်သူတွေဟာ သူတို့ကို မနှောက်ယှက်နိုင်တဲ့သူတွေကို အမြဲအနိုင်ကျင့်ဖို့ ဘာလို့ကြိုးစားတာလဲမသိဘူး" မုခယ် က ပြောသည်။
ချူးဖေ့ဟန်က “သူတို့ သင်ခန်းစာရသင့်ပြီ"
သူတို့စုဝေးဖို့ဆိုတာ မလွယ်၍ စောစောမပြန်ကြပေ။ ထမင်းစားပြီးနောက် အပန်းဖြေကစားကွင်းတွင် ပျော်ပျော်ပါးပါး ပျော်ရွှင်ကြရန် စီစဉ်ခဲ့ကြသည်။
ချူးဖေ့ဟန် က ဘားကိုသွားဖို့ အဆိုပြုခဲ့ပေမယ့် မနက်ဖြန်မှာ အတန်းတက်ရမည်။ သူတို့ အရက်သောက်လို့မရရင် စိတ်ညစ်ရမှာမို့ အပန်းဖြေကစားကွင်းကိုသာ ရွေးချယ်လိုက်ကြသည်။
နောက်ရက်တွေမှာ အတန်းမရှိရင်၍ ပိတ်ရက်များတွင် သောက်လို့ရပေသည်။
ကုနင်း နှင့် သူမ၏ သူငယ်ချင်းများ ခန်းမဆီသို့ ထွက်လာချိန်တွင် ကျယ်လောင်သော အမျိုးသမီး အသံကို ကြားလိုက်ရသည်။ "ဖေဖေ ဒါ သူပဲ! အဖြူရောင် ကောင်မလေး သူက ကျွန်မကို အမြဲတမ်း ဆန့်ကျင်ပြီး ကျွန်မကိုလည်း တိုက်ခိုက်တယ်”
ရင်းနှီးသောအသံကိုကြားတော့ ချူးဖေ့ဟန်သည် ထိုလူကို လှည့်ကြည့်လိုက်သည်။ အကျွမ်းတဝင်ရှိသူတစ်ဦးက ဒေါသတကြီး ညွှန်ပြသည်ကို သူမမြင်သောအခါတွင် သူမသည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ “အင်း ရန်သူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ကိုတွေ့လိုက်ရမှ။ သူက ခယ့်လီလီပဲ"
ကုနင်းနှင့် သူမ၏ အခြားသူငယ်ချင်းများက ကောင်မလေးကို ကြည့်ကာ ခယ့်လီလီက သူတို့ကို ညွှန်ပြသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ချူးဖေ့ဟန်သည် ထိုမိန်းကလေး၏အမည်ကို မပြောပြမီတွင် ဖြစ်ပျက်နေသည့်အရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
ခယ့်လီလီနှင့်အတူ လူကြီး လေးဦး၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သည်။ နှစ်ဖက်စလုံးက သူမရဲ့ မိဘတွေပါ။
ခယ့်လီလီ၏အသံကိုကြားတော့ ကုနင်းနှင့် သူမ၏သူငယ်ချင်းများကို လှည့်ကြည့်လိုက်သည်။
ခယ့်လီလီသည် သူမ၏ အခန်းဖော်ကို ရန်ငြိုးထားရသည့်အကြောင်း သူမ၏ မိဘများကို ပြောပြခဲ့သဖြင့် သူမ၏ မိဘများ ဒေါသတကြီး ဖြစ်ခဲ့ရသည်။ သို့သော် ဤရက်များတွင် သူတို့သည် အလွန်အလုပ်များသောကြောင့် ချူးဖေ့ဟန်ကို ပြန်ပေးဆပ်ခိုင်းဖို့ အချိန်မရှိကြသေးပါ။
ချူးဖေ့ဟန်သည် ယခုအချိန်တွင် ထိုနေရာတွင် ရှိနေကြောင်း သိလိုက်ရသဖြင့် ဤအခွင့်အရေးကြီးကို လက်လွတ်မခံချင်ကြပေ။
မနှောင့်နှေးဘဲ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေဆီ ချက်ချင်း လျှောက်သွားကြသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ၎င်းတို့ကို ရှောင်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။
ခန်းမအလယ်မှာ လူအုပ်စုနှစ်စုက တစ်ဖက်နဲ့တစ်ဖက် ရပ်နေသည်။
"မင်းက ငါ့သမီးကို တိုက်ခိုက်တဲ့ ကျောင်းသားလား" ခယ့်ရုန်ချန်း သည် ချူးဖေ့ဟန် ကို စိုက်ကြည့်နေသည်။ သူမကို ပြင်းထန်သောလေသံဖြင့် မေးမြန်းခဲ့သည်။
ကံမကောင်းစွာပဲ ချူးဖေ့ဟန် သည် ယခင်က အရေးပါသော လူပုဂ္ဂိုလ်များစွာကို သူမ မြင်ဖူးသောကြောင့် သူမအပေါ် သက်ရောက်မှုလုံးဝမရှိဘဲ ခယ့်ရုန်ချန်းသည် သူမ၏မျက်လုံးထဲတွင် သာမာန်မျှသာဖြစ်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် မင်းရဲ့သမီးက အရင်ဒုက္ခပေးခဲ့တာ” ချူးဖေ့ဟန်က ဒါကို ဝန်ခံခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါဟာ သူမအပြစ်မဟုတ်ပါ၊ ဒါကြောင့် သူမအား တခြားလူတွေ အပြစ်ပေးတာကို ခွင့်ပြုမည်မဟုတ်ပေ။
"မင်း ခွေးမ! ငါ့သမီးကို မင်းဘယ်လိုတိုက်ခိုက်ရဲတာလဲ။ ကိုယ့်ကိုကိုယ် ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးမယ်!” ချူးဖေ့ဟန် က ဝန်ခံတာကိုတွေ့တော့ မစ္စစ်ခယ့်က ချူးဖေ့ဟန်ကို ပါးရိုက်ဖို့ ခြေလှမ်းပြင်လိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၅၈ အိုး ကြောက်လိုက်တာ
ချူးဖေ့ဟန်သည် ခယ့်လီလီက သူမကို အရင် ဒုက္ခပေးတာဖြစ်သည်ဟု ပြောသော်လည်း မစ္စခယ့်သည် ၎င်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူ့အမြင်မှာ သူ့သမီးက တခြားလူတွေထက် သာလွန်သည်။ သူ့သမီးကသာ သူတပါးကို အနိုင်ကျင့်နိုင်ပြီး တခြားလူတွေကိုတော့ သူ့သမီးကို အနိုင်ကျင့်ဖို့ ဘယ်တော့မှ ခွင့်မပြုနိုင်ပေ။
ကုနင်းနှင့်သူမ၏အခြားသူငယ်ချင်းများသည် ချူးဖေ့ဟန်ကိုမထိခိုက်စေနိုင်မှန်းသိသောကြောင့် ငြိမ်သက်စွာရပ်နေခဲ့သည်။
ခယ့်ရုန်ချန်းကလည်း ချူးဖေ့ဟန်က သူ့သမီးကို အနိုင်ကျင့်ပြီးနောက် သင်ခန်းစာပေးဖို့ သဘောတူတာကြောင့် သူ့မိန်းမကို ဒီလိုလုပ်တာကို မတားပေ။ သို့သော် သူသည် အရွယ်ရောက်ပြီးသူဖြစ်သောကြောင့် ကိစ္စအားလုံးကို ဇနီးဖြစ်သူသာ လုပ်ခိုင်းလိုက်သည်။
ခယ့်လီလီ ကျေနပ်စွာ ပြုံးလိုက်သည်။ ချူးဖေ့ဟန်သည် သူ့မိသားစု၏ အရှက်ခွဲခြင်းကို မြင်တွေ့ရန် သူမ စောင့်ဆိုင်းနေခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ မစ္စခယ့်ရဲ့လက်က ပြုတ်ကျသွပြီး ချူးဖေ့ဟန်က သူမရဲ့လက်ကို မြှောက်လိုက်ပြီး လက်ကောက်ဝတ်ကို ဖမ်းလိုက်သည်။
“မင်း…” မစ္စခယ့်က ထိတ်လန့်တကြား မျက်လုံးများဝိုင်းစက်သွားသည်။ ချူးဖေ့ဟန် သည် သူမ၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်နိုင်သည်။
မစ္စခယ့်က တကယ်ဖြစ်သွားတာကို မယုံနိုင်လောက်အောင် ခေါင်းမာနေမိသည်။
ဖမ်းမိပြီးနောက် မစ္စခယ့်သည် ချူးဖေ့ဟန်၏ လက်မှ လွတ်ရန် ကြိုးစားခဲ့သော်လည်း ချူးဖေ့ဟန် သည် သူမထက် များစွာ သန်မာကြောင်း တွေ့ရှိခဲ့သည်။ ချူးဖေ့ဟန်သည် ပိုကြီးသောခွန်အားကို အသုံးပြုလိုက်သည်နှင့် သူမသည် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ ကြီးစွာသော နာကျင်မှုကို ခံစားခဲ့ရသည်။
"ချူးဖေ့ဟန် ငါ့အမေကို လွှတ်လိုက်!" ခယ့်လီလီသည် ချူးဖေ့ဟန်ကို ချက်ချင်း ဝေဖန်လိုက်သည်။ ယခင်က ချူးဖေ့ဟန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ဖူးသောကြောင့် သူမ၏မိခင် အဖမ်းခံရသည်ကို မအံ့သြဘဲ ဒေါသသာထွက်ခဲ့သည်။
"သူ့ကိုလွှတ်စမ်း!" ခယ့်ရုန်ချန်းလည်း တော်တော်စိတ်တိုသွားသည်။
“ဟုတ်ပြီလေ!” ချူးဖေ့ဟန်ရဲ့ နှုတ်ခမ်းပေါ်မှ မကောင်းသော အပြုံးတစ်ခု ဆင်မြန်းလျက်ပြောလိုက်သည်။ သူမက မစ္စခယ့်ကို လွှတ်လိုက်ပေမယ့် တကယ်တော့ သူမဟာ နောက်ကလူတွေကို မထိစေဘဲ ခွန်အားများစွာနဲ့ ပစ်ချလိုက်သည်။ ရလဒ်အနေနဲ့ မစ္စစ်ခယ့်ဟာ မြေပြင်ပေါ် လဲကျသွားသည်။
"အမေ!"
"ကျွမ်း!"
အဲဒါကိုမြင်တော့ ခယ့်လီလီ ၊ ခယ့်ရုန်ချန်းနဲ့အတူ သူတို့နဲ့အတူရှိနေတဲ့ လင်မယားနှစ်ယောက်လုံးလည်း ကြောက်လန့်သွားကြသည်။ သူတို့က မစ္စခယ့်ကိုထိန်းပေးဖို့ ကြိုးစားပေမယ့် နောက်ကျသွားပြီ။ ထို့ကြောင့် သူတို့သည် သူမပြုတ်ကျသွားခြင်းကိုသာ စောင့်ကြည့်နေနိုင်ကြသည်။
ကျယ်လောင်သော အသံနှင့်အတူ မစ္စခယ့်သည် သူမ၏ ခန္ဓာကိုယ်အနှံ့ နာကျင်မှုကို ခံစားလိုက်ရသည်။
"အမေ!"
"ကျွမ်း!"
သူတို့သည် မစ္စခယ့်ကို အမြန်ထူပေးကာ ဒဏ်ရာရမရ စစ်ဆေးခဲ့သည်။
ခဏကြာတော့ အသံတွေက ဟိုတယ်မန်နေဂျာကို ဆွဲဆောင်သွားသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲ ငါသိလို့ရမလား" ဟိုတယ်မန်နေဂျာကမေးသည်။
"ဒီမှာဘာတွေဖြစ်နေတာလဲဟုတ်လား? ဒီမိန်းကလေးက ငါ့မိန်းမကို လူရှေ့သူရှေ့မှာ တိုက်ခိုက်ခဲ့တာပဲ!" ခယ့်ရုန်ချန်းက ချူးဖေ့ဟန်ကို ညွှန်ပြသည်။ “မင်းလို ရက်စက်ကြမ်းကြုတ်တဲ့ ကျောင်းသားမျိုး ရုပ်ရှင်အကယ်ဒမီမှာ တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ မင်းဌာနမှူးနဲ့ တိုင်မယ်။ မင်းရဲ့အပြုအမူကနေ သင်ခန်းစာမယူနိုင်ရင် မင်းအနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် ဘယ်လိုနေရမလဲဆိုတာ သိမှာမဟုတ်ဘူး”
တကယ်တော့ ခယ့်ရုန်ချန်းသည် ချူးဖေ့ဟန်ကို အနိုင်ယူချင်သော်လည်း ထိုသို့ပြုလုပ်ရသည်မှာ ရှက်လွန်းလှသည်။ သူသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး သူ၏ပုံရိပ်ကို ဂရုစိုက်သည်။
သို့သော်၊ ခယ့်ရုန်ချန်းသည် သူ့ဇနီး ချူးဖေ့ဟန် က အရင်ပါးရိုက်ရန် ကြိုးစားခဲ့သည်ကို လုံး၀ မေ့နေသောကြောင့် သူလည်း တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်မျှသာ ဖြစ်သည်။
“အိုး မစ္စတာခယ့်၊ ကျွန်မကို အရင် ပါးရိုက်ဖို့ ကြိုးစားတာက ရှင့် ဇနီးပဲဆိုတာ ရှင်မေ့နေပုံရတယ်။ ကျွန်မက ပါးရိုက်ခံရဖို့ စောင့်နေရမှာလား။ စကားမစပ် ခယ့်လီလီကလည်း ကျွန်မကို အရင်တိုက်ခိုက်ဖို့ ကြိုးစားတာပဲ။ ကျွန်မသာ အရင်မတိုက်ခိုက်လိုက်ရင် သူ့ကြောင့် ကျွန်မဒဏ်ရာရသွားလိမ့်မယ်။ ကျွန်မက ကိုယ့်ကိုကိုယ် ကာကွယ်နေပေမယ့် ရှင်က ဒါဟာ အကြမ်းဖက်မှုလို့ ယုံကြည်တယ်။ ရှင့်မိန်းမနဲ့သမီးကို တခြားလူတွေကို တိုက်ခိုက်ဖို့လုပ်တာ မတရားဘူးလို့ ရှင်မထင်နဲ့။ ခြံကို မကြည့်မှတော့ မြင်းတစ်ကောင်လုံး ခိုးသွားနိုင်တယ် မဟုတ်လား။ အင်း အဲ့လိုလုပ်ဖို့လည်း ရှင့်မှာ ဒီလောက်ကြီးကျယ်တဲ့ အခွင့်အာဏာမရှိဘူး ထင်တယ်” ဟု ချူးဖေ့ဟန်က ခယ့်ရုန်ချန်းကို မကြောက်ဘဲ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။
“မင်း…” ခယ့်ရုန်ချန်း ရုတ်တရက် ဘာပြောရမှန်း မသိ။ ဝန်ခံရန် ဝန်လေးသော်လည်း ချူးဖေ့ဟန် ပြောနေတာတွေက အမှန်တရားပက်။ သူ့ဇနီးနဲ့သမီးနှစ်ယောက်စလုံးက ချူးဖေ့ဟန်ကို အရင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာကြောင့် နောက်ပိုင်းမှာ ဒဏ်ရာရသွားကြခြင်းဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့မိန်းမနဲ့သမီး ဒဏ်ရာရသွားတဲ့အတွက် ဒေါသမထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
"ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ငါတို့ ဒဏ်ရာရခဲ့တယ်၊ ဒါ မင်းအပြစ်ပဲ!" ခယ့်လီလီသည် ချူးဖေ့ဟန် ကို အရာအားလုံးအတွက် အပြစ်တင်သည်။ ဒဏ်ရာရတာ သူတို့ဖြစ်လို့ အခုအချိန်မှာ ဘယ်သူ့အပြစ်ကိုမှ ဂရုမစိုက်ပေ။ "ဖေဖေ၊ မေမေနဲ့ ကျွန်မအတွက် တစ်ခုခုလုပ်ပေးပါ"
"မင်းတော်တော်အရှက်မရှိတာပဲ" ချူးဖေ့ဟန်က အထင်အမြင်သေးစွာဖြင့် ပြောသည်။
“ဟုတ်တယ်၊ ငါ့မိန်းမနဲ့သမီးက နောက်ဆုံးမှာ ဒဏ်ရာရသွားတဲ့အတွက် မင်းသူတို့ကို တောင်းပန်ရမယ်။ အဲ့တာဆို ငါ မင်းကို ခွင့်လွှတ်နိုင်မှာပါ” လို့ ခယ့်ရုန်ချန်းက ဆိုသည်။ သူ့ဇနီးနဲ့သမီးက မမှန်ကန်တဲ့အတွက် ရှန်းရှစ်ဟိုတယ် မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတဲ့အတွက် တခြားသူတွေရဲ့ စောင့်ကြည့်မှုကို မခံချင်ပေ။
"တောင်းပန်ရမယ်ဟုတ်လား? ရယ်စရာကောင်းလိုက်တာ။ ငါ့အပြစ်မဟုတ်ဘူး။ ဘာလို့တောင်းပန်ရမှာလဲ" ချူးဖေ့ဟန် က ပြောသည်။
“မင်း…” ခယ့်ရုန်ချန်း ဒေါသထွက်သွားသည်။ အံ့ဩဖို့ကောင်းတာက ဒီမိန်းကလေးက အရမ်းစိတ်ပိုင်းဖြတ်ထားပုံရသည်။ “မင်း မတောင်းပန်ရင် မင်း ဌာနမှူးကို မင်းကို မောင်းထုတ်ဖို့ ငါပြောမယ်” လို့ ကြိမ်းဝါးတဲ့ လေသံနဲ့ ပြောလိုက်သည်။
"အိုတကယ်လား? ကျွန်မကြောက်လိုက်တာ" ချူးဖေ့ဟန် ရုတ်တရက် ကြောက်ဟန်ဆောင်လိုက်ပေမယ့် တစ်ကယ်တော့ သူမ လုံးဝ မကြောက်ပါ။ "အခုလုပ်လိုက်လေ! ကျွန်မကို နှင်ထုတ်ဖို့ ဌာနမှူးကို ပြောလိုက်!”
ဘာပဲဖြစ်ဖြစ် သူမအပြစ်မဟုတ်သောကြောင့် သူမကြောက်နေမည်မဟုတ်ပေ။
ဌာနမှူးက ခယ့်ရုန်ချန်း စကားကို တကယ်သဘောတူတယ်ဆိုရင်တောင်မှ သူမကို နှင်ထုတ်နိုင်မှာ မဟုတ်ပါ။
“မင်း…” ခယ့်ရုန်ချန်း ဒေါသထွက်သွားသည်။ ချူးဖေ့ဟန်က နှင်ထုတ်ခံရမှာကို လုံးဝ မကြောက်ဘူးလို့ သူ မမျှော်လင့်ထားပေ။ သူမဟာ အားကောင်းတဲ့ မိသားစုကနေ ဆင်းသက်လာနိုင်တယ်လို့ သူထင်သွားသည်။
အဲဒါကို တွေးပြီး ခယ့်ရုန်ချန်းက စကားတွေ ရပ်သွားသည်။ သူသည် ချူးဖေ့ဟန်၏ မိသားစုနောက်ခံကို ဦးစွာရှာဖွေရပေမည်။
"ကောင်းတာပေါ့၊ စောင့်ကြည့်ရအောင်။ သွားကြရအောင်!" ခယ့်ရုန်ချန်းသည် ချူးဖေ့ဟန်၏မျက်နှာကို ကယ်တင်ရန် နောက်ဆုံးတွင် ခြိမ်းခြောက်ခဲ့သည်။
“အဖေ…” ခယ့်လီလီသည် ထိုကဲ့သို့ ထွက်ခွာရန် မလိုလားသော်လည်း ဖခင်ဖြစ်သူက သူမအား သတိပေးချက်ပေးသောအခါတွင် သူမပါးစပ်ကို ပိတ်ထားလိုက်သည်။
“ရုန်ချန်း…” မစ္စခယ့်သည်လည်း ဤရလဒ်ကို လက်ခံရန် ဝန်လေးနေသည်။ ယနေ့ သူမသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချခံရပြီး လုံးလုံး အရှက်ရသွားကာ သူမ လုံးဝ လက်မခံနိုင်ပေ။
"အခု အိမ်ပြန်မယ်" ခယ့်ရုန်ချန်း က ဒေါသတကြီးပြောသည်။
မစ္စခယ့်က မသွားချင်ပေမယ့် ခယ့်ရုန်ချန်း နဲ့ ဝေးရာကို မထွက်သွားခင် ချူးဖေ့ဟန်ကိုသာ စူးစူးရဲရဲကြည့်နေနိုင်သည်။
ခယ့်မိသားစု ထွက်သွားပြီးနောက် ချူးဖေ့ဟန်သည် ကုနင်းကို သနားစရာကောင်းသည့်ပုံဖြင့် စိုက်ကြည့်လာသည်။ "ဘော့စ် ငါတကယ် နှင်ထုတ်ခံရရင် မင်းငါ့ကို ကူညီရမယ်နော်"
ယခုအချိန်တွင် သူမသည် ယခင်ကဲ့သို့ ရန်လိုပုံမပေါ်ပေ။
ချူးဖေ့ဟန် သည် ၎င်းကို သူ့ဘာသာသူ ကိုင်တွယ်နိုင်ခဲ့သော်လည်း သူမသည် ချင်ဂိုဏ်းကို ဤပြဿနာထဲသို့ ဆွဲသွင်းရန် ဆန္ဒမရှိပေ။
ချူးဖေ့ဟန်၏ပုံစံလေးကို ကုနင်း သဘောကျသွားကာ "စိတ်မပူပါနဲ့ မင်းကို နှင်ထုတ်လို့ မရစေရဘူး"
ထိုစကားကိုကြားတော့ ချူးဖေ့ဟန် သည် ကုနင်း၏လက်မောင်းကို ကိုင်ထားပြီး စိတ်အေးလက်အေး ပြုံးလိုက်သည်။ "မင်းကအကောင်းဆုံးပဲ!"
***
ဖီးနစ်သွေးစက်
အခန်း ၁၈၅၉ ရှင်တို့ပျော်ချင်တာ မဟုတ်ဘူးလား
ပဋိပက္ခသည် သူတို့၏ စိတ်ခံစားချက်ကို မထိခိုက်စေသောကြောင့် ၎င်းတို့သည် ဆက်လက်၍ ပျော်ရွှင်ခဲ့သည်။
ခယ့်ရုန်ချန်း ၏ မိသားစုသည် ဟိုတယ်မှ ထွက်ခွာပြီးနောက် ၎င်းတို့သည် ရင်းနှီးသော သူငယ်ချင်းဖြစ်သည့် ဇနီးမောင်နှံအား နှုတ်ဆက်ကာ မောင်းထွက်လာခဲ့သည်။
ကားပေါ်တက်ပြီးနောက် ခယ့်ရုန်ချန်းက ခယ့်လီလီအား "အဲ့မိန်းကလေးရဲ့ မိသားစုနောက်ခံကို သိလား" ဟု မေးခဲ့သည်။
“မသိဘူး၊ ဒါပေမယ့် သူက တတိယတန်းစားမြို့ဖြစ်တဲ့ Fမြို့ ကပါ။ သူက Fမြို့မှာ အချိတ်အဆက်တချို့ရှိပေမဲ့ ဒါက မြို့တော်လေ သူ့မိသားစုက သမီးတို့မိသားစုကို မယှဉ်နိုင်ဘူး” ဟု ခယ့်လီလီ မှ ပြောကြားခဲ့သည်။ ချူးဖေ့ဟန်သည် ခယ့်မိသားစုကို မကြောက်ဘဲ နှင်ထုတ်ခံရမည်ကို မကြောက်သော်လည်း သူလည်း ချူးဖေ့ဟန်ကို အလေးအနက်မထားသေးပေ။
သူမ၏မျက်လုံးထဲတွင် ချူးဖေ့ဟန် သည် အပြုအမူကောင်းများမရှိသောသူပင်။
အဲဒါကိုကြားတော့ ခယ့်ရုန်ချန်းက “ကောင်းပြီ၊ မနက်ဖြန် မင်းရဲ့ကျောင်းဌာနမှူးကို ငါဖုန်းဆက်ပြီး သူ့အမူအကျင့်ကို ပြောပြမယ်။ သူ သင်ခန်းစာယူရလိမ့်မှာပေါ့"
“ဟုတ်ကဲ့” ခယ့်လီလီ ည် ခယ့်ရုန်ချန်း၏ စကားကိုကြားတော့ ပြုံးကာ ပိုအဆင်ေပြလာသည်။ မစ္စခယ့်၏ ဒေါသလည်း အနည်းငယ် လျော့သွားသည်။
သူမ၏ဖခင်သည် သူတို့၏ကျောင်းဌာနမှူးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် သူ့ဖခင်၏မျက်နှာသာပေးမှုကို တောင်းခံသောအခါ ဌာနမှူးက သူတို့ကိုကူညီမည်ဟု ခယ့်လီလီ က ယုံကြည်ခဲ့သည်။
…
ထိုညတွင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် အပန်းဖြေကစားကွင်းသို့ သွားကာ ငွေအမြောက်အမြားပြန်ရခဲ့သည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူတို့ ထွက်သွားဖို့ မလွယ်ပေ။
အပန်းဖြေကစားကွင်းမှ ထွက်သွားပြီးနောက်တွင် လူအချို့က ၎င်းတို့နောက်သို့ လိုက်နေကြောင်း ကုနင်းတွေ့ရှိခဲ့သည်။
ဓာတ်လှေကားထဲကို လျှောက်သွားခါနီးမှာ ကုနင်းက ချူးဖေ့ဟန်နဲ့ သူမရဲ့ တခြားသူငယ်ချင်းတွေကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ပြောခဲ့သည်။
"ဘာလဲဟ? မြို့တော်မှာ လူတွေ ဒီလိုလုပ်ဖို့ သတ္တိရှိမယ်လို့ မမျှော်လင့်ထားဘူး” ဟု မုခယ်က စိတ်ဆိုးဟန်ဖြင့် ပြောသည်။
“မြို့တော်ကို အပေါ်ယံမှာ ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပုံရပေမယ့် ရာဇ၀တ်မှုတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတယ်။ ရာဇ၀တ်မှုတိုင်းကို မဖြေရှင်းနိုင်ဘူး။ သာမန်လူတွေအတွက် တရားမျှတမှုကို ရှာဖို့ဆိာတာ ခက်တယ်” ဟု ကုနင်းက ဆိုသည်။
"နောက်မှ ငါတို့သူတို့ကို အနိုင်ယူပစ်မယ်!" ချူးဖေ့ဟန်က စိတ်တိုသွားသဖြင့် ပြောလိုက်သည်။ သူမသည် ဒေါသထွက်ကာ သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ချင်သည်အထိ အဆင်မပြေဖြစ်နေရသည်။
ကားရပ်နားရာသို့ ရောက်သောအခါတွင် လူခုနစ်ယောက်က ဝိုင်းတားကြသည်။
"မင်းဘယ်သူလဲ? ဘာလုပ်ချင်လို့လဲ?" သူတို့ကိုမြင်တော့ ကုနင်းသည် လက်ကိုပိုက်ကာ ပျင်းရိစွာ မေးလိုက်သည်။ သူမသည် ထိုမေးခွန်းကို ရည်ရွယ်ချက်ရှိရှိ မေးခဲ့ပြီး သူမ၏အမူအရာက ၎င်းတို့ဘယ်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိကြောင်း ပြသေနခဲ့သည်။ သူမသည် သူတို့ကို လှောင်ပြောင်နေရုံသာ။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ၏ သဘောထားသည် တူညီသော အထင်အမြင်သေးမှုကို ပြသခဲ့သည်။ သူတို့သည် ထိုလူများကြောင့် စိတ်ရှုပ်ထွေးစေသည့် ကြောက်ရွံ့မှုမျိုး လုံးဝမရှိပေ။ ယောက်ျားတွေက သူတို့ဘာလို့ မကြောက်တာလဲဆိုတာ နားမလည်နိုင်ကြပေ။
ကြောက်ပုံမပေါ်ပေမယ့် အဲဒီအမျိုးသားတွေက ဒါကို အလေးအနက်မထားပေ။ နောက်ဆုံးတော့ ဒီနေရာကို သူတို့ရဲ့ သူဌေးက ချုပ်ကိုင်ထားသည်။
“မင်း အခုရှိတဲ့ ပိုက်ဆံအားလုံးကို ထုတ်ပေး၊ မဟုတ်ရင် ငါတို့ အကြမ်းဖက်ရလိမ့်မယ်” ဟု ဆိုးသွမ်းတဲ့ အမူအရာနဲ့ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် ကုနင်း နှင့် သူမ၏ သူငယ်ချင်းများက ငြိမ်သက်နေခဲ့သည်။
"ရှင်တို့လုပ်နိုင်ရင် ပိုက်ဆံကို ကိုယ့်ဘာသာပဲ ယူပေါ့!" ကုနင်းက မထိတထိနဲ့ ပြောသည်။
ထိုစကားကြောင့် လူခုနစ်ယောက် ဒေါသထွက်ပြီး အရှက်ကွဲသွားကြသည်။ ယောက်ျားတစ်ယောက်က “ဟေ့ ဒီကောင်မလေးတွေက တော်တော်လှတာပဲ အပျော်ကြီးပျော်ဖို့ ငါတို့ဘာလို့သူတို့ကို မf*uckကြတာလဲ"
ထိုစကားကိုကြားလျှင် လူခုနစ်ယောက်က သူတို့ကို လှမ်းကြည့်သည်။ သူတို့က ပိုက်ဆံတောင်းဖို့သာ အာရုံစိုက်နေပြီး မိန်းကလေးတွေ တော်တော်လှတယ် ဆိုတဲ့အချက်ကို လျစ်လျူရှုထားမိကြသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများက ဒေါသထွက်သွားကြသည်။
"ကောင်းပြီ၊ ငါတို့ မင်းကိုပျော်အောင်လုပ်ပေးရမှာပေါ့" နောက်တစ်စက္ကန့်တွင် ချူးဖေ့ဟန်သည် ထိုလူများကို စတင်တိုက်ခိုက်ခဲ့ပြီး ကုနင်းနှင့် အခြားသူငယ်ချင်းများကနောက်မှ တိုက်ခိုက်ခဲ့သည်။
ယွီမီရှီ သည် ယခု တိုက်ခိုက်ရေးတွင် မဆိုးသေးသောကြောင့် လူနှစ်ယောက်ကို အနိုင်ယူရန် သူမအတွက် မခက်ခဲပါ။ သို့သော် ကုနင်းနှင့် သူမ၏ အခြားသူငယ်ချင်းများ ရှိနေသောကြောင့် သူမသည် ယောက်ျားတစ်ယောက်ကိုသာ ရိုက်နှက်ရန် လိုအပ်သည်။
လူခုနစ်ယောက်က သူတို့ဟာ နောက်နေတာလို့ ထင်နေတာကြောင့် ပြန်တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်ခဲ့ပါ။ သူတို့သည် အစမှအဆုံးထိ အပြင်းအထန် ရိုကရိုက်နှက်ခံခဲ့ရသည်။
ကုနင်း နှင့် သူမ၏ သူငယ်ချင်းများသည် စက္ကန့်ပိုင်းအတွင်း တိုက်ပွဲကို ပြီးဆုံးနိုင်သော်လည်း အဆုံးမသတ်ခဲ့ပေ။ ယင်းအစား သူတို့သည် သူတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်သက်ကြသည်။ ပျော်ချင်တယ်လို့ပြောတယ်လေ။
"ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ!" လူခုနစ်ယောက်တို့သည် တပြိုင်နက် တောင်းပန်ကြ၏။ သူတို့ အံ့ဩဖို့ကောင်းတာက ဒီဆယ်ကျော်သက်လူငယ်အုပ်စုက သူတို့ထင်ထားတာထက် အများကြီး ပိုအားကောင်းသည်။
"ရှင်သွားချင်တာလား? ရှင်ပဲပျော်ချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ ကဲ ပျော်လိုက်လေ!” ချူးဖေ့ဟန်က ရယ်မောလိုက်သည်။ သူတို့ကို ချက်ချင်းလွှတ်ထားဖို့ဆိုတာ သူမအတွက် မဖြစ်နိုင်ပေ။
"အံ့သြသွားလား" မုခယ် က သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်သည်။
“တော်ပါတော့ တော်ပါတော့” မုခယ်၏ရိုက်နှက်ခြင်းကိုခံရသောလူသည် လုံးဝကြောက်ရွံ့ေနသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်ကြသည်။
"သတ်တာသာ တရားဝင်ရင် မင်းကိုငါသတ်ပစ်မှာသေချာတယ်" ဟု ချူးဖေ့ဟန်ကပြောလိုက်သည်။
ထို့နောက် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာသွားကြသည်။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ကားမောင်းထွက်သွားပြီးနောက် အဲဒီလူတွေဟာ သူတို့ရဲ့သူဌေးဆီ သတင်းပို့ဖို့ ချက်ချင်းပြန်သွားကြသည်။ ဆယ်ကျော်သက် လူငယ်လေးဦးကို မရိုက်နိုင်ခဲ့ကြောင်း အပန်းဖြေကစားကွင်း မန်နေဂျာက သိလိုက်ရသောအခါတွင် ဒေါသတကြီး ဖြစ်သွားသည်။
ယွမ်သိန်းနှင့်ချီယူ၍ ၎င်းတို့ကို ထွက်ခွာခွင့်မပေးလိုပါ။
…
အပန်းဖြေကစားကွင်းမှ ထွက်ခွာပြီးနောက် ကုနင်းသည် ချူးဖေ့ဟန် နှင့် သူမ၏ အခြားသူငယ်ချင်းများကို ၎င်းတို့၏ကျောင်းများသို့ ပို့ပေးခဲ့သည်။ မနက်ဖြန်မှာ အတန်းတွေရှိ၍ ဒီနေ့ စောစောပြန်ကြမည်။ ထို့ကြောင့် ည ၁၀ နာရီမထိုးမီ သူတို့အားလုံး ကိုယ့်ကျောင်းကိုယ်ပြန်ကြသည်။
သို့သော် ကုနင်းသည် သူမ၏သူငယ်ချင်းများကို တက္ကသိုလ်သို့ပြန်ပို့ပြီးနောက် ကျောင်းပြန်မသွားခဲ့ပေ။ အဲဒီအစား သူမ တခြားနေရာကို သွားခဲ့သည်။
သူမ၏ကားသည် ဟိုင်ချန်းခရိုင်၏ ဆင်ခြေဖုံးသို့ မောင်းနှင်လာခဲ့သည်။ မိနစ် ၂၀ တွင် ဗီလာတစ်ခု၌ ရပ်တန့်သွားသည်။
ကုနင်းသည် ကားထဲမှထွက်ရန် အလျင်စလိုမလုပ်ပဲ အနက်ရောင်လက်ရှည်အကျီတစ်ထည်ကိုထုတ်ကာ အနက်ရောင်ဦးထုပ်နှင့် မျက်နှာဖုံးအမည်းတစ်ထည်ကို ကားပေါ်မှမဆင်းမီတွင် ဖုံးအုပ်ထားလိုက်သည်။ ထို့နောက် သူမသည် ဗီလာဆီသို့ လျှောက်သွားသည်။
သူမ ဒီနေ့တွေ့ခဲ့တဲ့ သံသယရှိသူတွေကို ဂရုစိုက်ဖို့ ကေကို တောင်းဆိုခဲ့ပြီး ရလဒ်ကို သူမရပြီးသားပါ။ အံ့ဩစရာမရှိပဲ ရဲတွေက အဲဒီလူတွေကို ခေါ်သွားပြီး နောက်ပိုင်းမှာ သူတို့ကို လွှတ်ပေးလိုက်ကြသည်။ အဲဒီလူတွေဟာ ဒီအိမ်ကြီးကို ပြန်ရောက်ပြီးနောက် ပြန်မထွက်လာကြသေးပေ။
သို့သော် ညနေ ၃ နာရီတွင် လူငယ်တစ်ဦးသည် ဗီလာသို့ ရောက်ရှိလာပြီး ထိုလူကို ချူယီဖေး ဟုခေါ်သည်။ သူသည် ချူဟန်ကျောင်း၏ အစ်ကိုဖြစ်သည်။
ထိုအခြေအနေတွင် ကုနင်းသည် ချူဟန်ကျောင်းနှင့် ပတ်သတ်မှုရှိနေကြောင်း သေချာသွားသည်။
ချူယီဖေးသည် ကုနင်းနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းပြီးနောက် ထက်မြက်ပြီး ကျွမ်းကျင်သော လူတစ်စုကို ငှားရမ်းခဲ့သော်လည်း မထင်မှတ်ပဲ ကျရှုံးသွားခဲ့သည်။
မူလက ချူယီဖေးသည် ကုနင်းအား ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူကြောင်း အင်တာနက်မှ သူသိရှိသွားသောကြောင့် အရေးယူရန် တုံ့ဆိုင်းနေခဲ့သည်။ သူမသည် ယခု ချူမိသားစုနှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် ပြဿနာကြီးကြီးမားမားဖြစ်လာပြီး ချူမိသားစုကို ထိခိုက်စေမည်ကို သူစိုးရိမ်ခဲ့သည်။
သို့သော်လည်း ချူယီဖေးသည် ယွမ်ရှူးယန်ကို သဘောကျသောကြောင့် ချူဟန်ကျောင်းက ယွမ်ရှူးယန်သည် ကုနင်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ခုခုလုပ်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်။ ယွမ်ရှူးယန်က သူ့ကို မကြိုက်ကြောင်း သူသိသော်လည်း သူမကို ခုခံကာကွယ်ရပေမည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၆၀ ချုပ်ကိုင်သူရှိရမယ်
အခုတော့ သူ့အစီအစဉ် မအောင်မြင်တဲ့အတွက် ချူယီဖေးက ထပ်မကြိုးစားချင်တော့ပါ။ ကုနင်းနဲ့ သွားမရှုပ်ဖို့ ချူဟန်ကျောင်းအား ပြောခဲ့သည်။
ချူဟန်ကျောင်းသည် ချူယီဖေးက ကုနင်းသင်ခန်းစာပေးရန် ကျရှုံးခဲ့သည်ကို သိသွားသောအခါ စိတ်တိုသွားသော်လည်း သူ့အကိုကြီးအား အပြစ်မတင်ရဲပေ။
ချူယီဖေးရဲ့ တိုက်တွန်းချက်ကြောင့် ချူဟန်ကျောင်းက သူ့စကားကို နားထောင်ပြီး ကုနင်းကို ထပ်ပြီး ဘာမှ မလုပ်ရဲတော့ပေ။
ထို့နောက်တွင် ချူဟန်ကျောင်းသည် သူမ၏ အစီအစဉ် မအောင်မြင်ကြောင်း ယွမ်ရှူးယန်သို့ ပြောကြားခဲ့သည်။ ယွမ်ရှူးယန်က ဒေါသအရမ်းထွက်ပြီး သူတို့ အသုံးမကျတာကို အပြစ်တင်ချင်ပေမယ့် သူမ ထုတ်မပြောခဲ့ပေ။ ချူဟန်ကျောင်းက ကုနင်းကို ပြန်လက်စားချေဖို့အတွက် ချူယီဖေးကို သွေးဆောင်စည်းရုံးခဲ့ပေမယ့်လည်း သူမနဲ့ ဘာမှမဆိုင်ပါ။
ကုနင်းသည် ထိုလူများကို အမှန်အတိုင်းပြောရန် အတင်းအကြပ်ခိုင်းစေလိုခြင်းမှာ သူမသည် ထိုအသတ်ခံရသည့် မိသားစုတစ်ခုလုံးနှင့်ပတ်သက်သည့် အထောက်အထားကို ရှာမတွေ့သောကြောင့်ဖြစ်သည်။
ကေ၏ စုံစမ်းစစ်ဆေးမှုရလဒ်အရ မိသားစုလိုက်အသတ်ခံရသော စီးပွားရေးလုပ်ငန်းရှင်သည် လက်မခံနိုင်တဲ့အရာမည်သည့်အရာမျှမလုပ်ခဲ့ပဲ ၎င်း၏လုပ်ငန်းသည်လည်း နာမည်ကောင်းရခဲ့သည်။
ဤစီးပွားရေးသမားသည် လုံးဝအပြစ်မရှိကြောင်း သက်သေပြနိုင်သော်လည်း ကုနင်းသည် နောက်ပိုင်းတွင် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားမည်ဖြစ်သည်။
သူမကို ရိုးရိုးသားသားပြောပြဖို့ထက် မသေချင်တဲ့ သံသယရှိသူတွေကို အမှန်အတိုင်းပြောပြဖို့ သူမအတင်းအကျပ်ခိုင်းစေပါလိမ့်မည်။
ကုနင်းသည် ဗီလာတစ်ဝိုက်ရှိ စောင့်ကြည့်ကင်မရာများကို ရှောင်လိုက်ပြီး အပြင်ဘက်တွင် ရပ်လိုက်သည်။ သူမသည် အတွင်းဘက်သို့ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုလိုက်သောအခါ ဧည့်ခန်းထဲတွင် ဖဲကစားနေသည့် လူခြောက်ယောက်ကို တွေ့လိုက်ရသည်။
ပြတင်းပေါက်များစွာရှိသောကြောင့် ကုနင်းသည် ဗီလာထဲသို့ အလွယ်တကူဝင်သွားခဲ့သည်။
ဝင်လာပြီးနောက် သူမသည် ၎င်းတို့ရှေ့တွင် ချက်ချင်းမပေါ်လာဘဲ ၎င်းတို့ကို ပထမဆုံး အေးခဲသွားစေရန်အတွက် သူမ၏ မှော်စွမ်းအားကို လွှတ်ခဲ့သည်။
"F*ck ဘာလို့ရုတ်တရက် အရမ်းအေးလာဝာာလဲ"
"ဟုတ်တယ်၊ ဆောင်းဦးဆိုပေမယ့် ဒီလောက်မအေးသင့်ဘူး"
"ဘာလဲကွာ! ပြတင်းပေါက်တွေကို ပိတ်လိုက်"
သူတို့ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ လေအေးတွေကို ခံစားရင်း မကျေမနပ်နဲ့ ကျိန်ဆဲကြသည်။ သို့သော် လူနှစ်ယောက်သည် ပြတင်းပေါက်ကိုပိတ်ရန် မတ်တပ်ရပ်လိုသောအခါတွင် ၎င်းတို့၏ ခြေထောက်နှင့် ခြေများ အနည်းငယ်တောင့်တင်းနေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
"ဘာဖြစ်သွားတာလဲ? ခြေထောက်တွေ ခြေထောက်တွေ မလှုပ်နိုင်တော့ဘူး"
“မင်း ထိုင်နေတာ ကြာလို့နေမှာ”
အဲဒီနောက်မှာတော့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ကြွက်သားတွေကို ဖြေလျှော့ဖို့ ကြိုးစားခဲ့ပေမယ့် ခြေလက်တွေ တောင့်တင်းလာတာကို တွေ့ရှိခဲ့ရသည်။
တခြားအမျိုးသားတွေလည်း အဆင်မပြေပေ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မလှုပ်ရှားနိုင်ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်း အဆင်မပြေဖြစ်လာသည်။
"ဘာဖြစ်နေတာလဲ?"
ယောက်ျားတစ်ယောက်က အခုချက်ချင်းစကားပြောဖို့ခက်သွားသည်။ သူတို့လှုပ်လိုက်တာနဲ့ ခြေလက်တွေ နာကျင်လာတဲ့အတွက် ထပ်မလှုပ်ရဲတော့ပေ။
“ငါလည်း မလှုပ်နိုင်တော့ဘူး။”
သူတို့အားလုံး အတူတူ ခံစားနေရတာကို မြင်တော့ အဲဒီလူတွေဟာ ထိတ်လန့်သွားသည်။
ကုနင်းသည် သူတို့၏ ခန္ဓာကိုယ် တစ်ဝက်ခန့်သာ အေးခဲထားသဖြင့် မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် သူမထွက်လာပြီး ကင်မရာကို ဖွင့်လိုက်သည်။
ထိုအမျိုးသားများသည် အိမ်ကြီးထဲတွင် အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်သောအခါ ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်သွားကြသည်။
ဒီအမျိုးသမီးက ဘယ်သူလဲ။ သူမ ဘယ်တုန်းက ရောက်လာတာလဲ။
သူမ အထဲကို ရောက်လာတာကို သူတို့ မသိလိုက်ပေ။ ဒါ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ် တောင့်တင်းမှုကို ဖြစ်စေတာ ဒီအမျိုးသမီးကြောင့် ဟုတ်မဟုတ် သံသယဖြစ် လာပါတော့သည်။
ဒီအမျိုးသမီးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို တောင့်တင်းအောင် လုပ်နိုင်စွမ်းမရှိဘူးလို့ မယုံကြည်တာကြောင့် ဒါဟာ ရယ်စရာကောင်းတဲ့ အကြံအစည်တစ်ခုလို့ ထင်ခဲ့ကြသည်။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းလာတဲ့အချိန်မှာ ထိုအမျိုးသမီး ပေါ်လာတာ အမှန်ပါပဲ။ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ပါ။
"မင်းကဘယ်သူလဲ" သူတို့က ကုနင်းကိုမေးသည်။
“ဒါကို မင်းသိဖို့ မလိုဘူး။ မင်းငါ့မေးခွန်းတွေကို ဖြေဖို့ပဲလိုတယ်" ဟုကုနင်းက အေးစက်တဲ့လေသံနဲ့ ပြောပါတယ်။ သူမသည် ဤဗီဒီယိုကို ရဲထံ လွှဲပြောင်းပေးမည်ဖြစ်သောကြောင့် သူမ၏ အသံကို တမင်ပြောင်းလိုက်သည်။ သူ့ကိုယ်သူ ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။
"ဘာကိုလဲ?" သူတို့ကမေးသည်။
“လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖုရုန်လျန်တို့မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရတယ်။ မင်းတို့လုပ်ခဲ့တာလား?" ကုနင်းက မေးသည်။ ထိုမေးခွန်းကို သူမမေးသော်လည်း အဖြေကို သေချာသိနေပြီဖြစ်သည်။
အဲဒါကိုကြားတော့ အဲဒီလူတွေဟာ အံ့သြတကြီးနဲ့ မျက်လုံးတွေ ပြူးသွားကြသည်။
အဲဒါကို သူမ ဘယ်လိုသိလဲ။
ကုနင်းသိပေမယ့် ဝန်ခံဖို့ ငြင်းဆန်ကြသည်။
"မင်းဘာတွေပြောနေတာလဲ ငါတို့မသိဘူး"
"ဟုတ်တယ် ငါတို့ဘယ်သူ့ကိုမှမသတ်ဘူး!"
“…”
လူခြောက်ဦးစလုံးက ချက်ချင်းငြင်းဆိုခဲ့ကြသော်လည်း ၎င်းတို့၏အမူအရာများတွင် အပြစ်ရှိကြောင်း ပြသခဲ့ကြသည်။
"မင်းတို့ရဲ့ အပြစ်ရှိနေတဲ့ အပြုအမူတွေက မင်းတို့ကို သစ္စာဖောက်နေပြီဆိုတာ မသိဘူးလား။" ကုနင်းက ရယ်မောရင်း ပြောသည်။
ထိုအမျိုးသားများသည် အမှားများထပ်လုပ်မိမည်ဆိုး၍ သူမ၏မျက်လုံးကို တိတ်တဆိတ် ရှောင်သွားကြသည်။
"ပြောပါ ဖုရုန်လျန်ရဲ့ မိသားစုတစ်ခုလုံးကို ဘာလို့သတ်လိုက်တာလဲ" ကုနင်းက လေးနက်သောလေသံဖြင့် မေးလိုက်သည်။ သူမသည် သူတို့ကို စူးစူးစိုက်စိုက်ကြည့်ခြင်းဖြင့် သူတို့ကို ပြင်းထန်စွာဖိအားပေးကာ အသက်ရှူကြပ်စေခဲ့သည်။
ဒီအမျိုးသမီးက အတိအကျဘယ်သူလဲ။ သူမ ဘာကြောင့် ဒီလောက် အစွမ်းထက်နေတာလဲ။ ငါတို့ အခု မလှုပ်နိုင်ရတဲ့ အကြောင်းရင်းက ဘာလဲ?
ကုနင်းကြောက်ရွံ့နေသော်လည်း ဝန်ခံရန် ငြင်းဆန်ဆဲဖြစ်သည်။
"ငါတို့မလုပ်ဘူး"
"ဟုတ်တယ်၊ ငါတို့မလုပ်ဘူး"
၎င်းတို့သည် ပြစ်မှုကျူးလွန်စဉ်က မျက်နှာဖုံးများ ဝတ်ဆင်ထားကာ စောင့်ကြည့်ကင်မရာများလည်း ပျက်စီးခဲ့သည်။ တစ်နှစ်ခွဲရှိပြီ။ ရဲများက ၎င်းတို့ဖြစ်ကြောင်းကိုပင် မသိရှိရသောကြောင့် အထောက်အထားတစ်စုံတစ်ရာ မကျန်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။
ကုနင်းသည် ၎င်းတို့ကို သံသယဖြစ်ရုံမျှသာဟု သူတို့ယုံကြည်ကြသည်။ သူတို့လုပ်ခဲ့တာကို သူမ မသိပေမယ့် ငြင်းနေသရွေ့တော့ သူမ ဘာမှလုပ်လို့မရပေ။
ကုနင်းက ရယ်မောလိုက်သည်။ “အဲဒီတုန်းက နှာခေါင်းစည်းတွေတပ်ပြီး စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးလိုက်တာနဲ့ ရပြီလို့ထင်နေတာလား။ ဘယ်တရားခံကမှ တရားဥပဒေဘောင်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ မသိစေချင်ရင် မလုပ်တာ ပိုကောင်းပါတယ်။ မင်းတို့ပြစ်မှုကျူးလွန်တာ ငါသိလို့ မင်းတို့ကိုလာတွေ့တာ။ ဘယ်လိုငြင်းနေပါစေ အသုံးမဝင်ဘူး။ စကားမစပ် အခုမလှုပ်နိုင်ဘူးဆိုတာ သိထားသင့်တယ်။ မင်းတို့ကိုသတ်ဖို့က ငါ့အတွက်မခက်ခဲဘူး။ ငါ့ကို အမှန်အတိုင်းပြောဖို့ထက် အသတ်ခံရတာက ပိုကောင်းတာလား"
ထိုစကားကိုကြားလျှင် ထိုလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကုန်၏။
သူတို့သည် သေခြင်းတရားကို သံသယမရှိကြတာ သေချာသော်လည်း ယခုအချိန်တွင် မဝန်ခံပါက အသက်ရှင်နိုင်မည်မဟုတ်ပေ။
“မင်းတို့အတွက် ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး။ မင်းတို့ငါ့ကို အခုအမှန်အတိုင်း မပြောရင် နောက်မှ နောင်တရမှာဆိုးရတယ်" ဟုကုနင်းက ဆိုသည်။ သူမသည် စားပွဲပေါ်မှ ဓားမြှောင်တစ်ချောင်းကိုယူကာ သူတို့ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
သူ့လက်တွင် လက်အိတ်များပါရှိသောကြောင့် လက်ဗွေရာကျန်ခဲ့ကာ ဖမ်းမိမည်ကို မကြောက်ပါ။
ထိုအမျိုးသားများသည် ရွေးချယ်မှုပြုလုပ်ရန် တုံ့ဆိုင်းသွားကြသည်။
ကုနင်းက လည်ပင်းမှာ ကင်းမြီးကောက် တက်တူးထိုးထားတဲ့ လူတစ်ယောက်ဆီ သွားခဲ့သည်။ ဤလူသည် သူတို့၏ခေါင်းဆောင်ဖြစ်သောကြောင့် ကုနင်းသည် သူ့ထံမှ တိုက်ရိုက်သွားခြင်းဖြင့် စတင်ခဲ့သည်။
ကုနင်း၏ ဓားမြှောင်သည် ထိုလူ၏ လည်ပင်းပေါ်သို့ ကျသွားသည်။ သူမက သူ့ကို အေးစက်စက်ကြည့်ကာ “မင်း ငါ့ကို ပြောမှာလား မပြောဘူးလား”
"ငါ ငါပြောပြပါမယ်" ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသောကြောင့် ထိုလူသည် ကြောက်လန့်သွားသည်။ သူမပြောသမျှစကားတိုင်းကို တကယ်လုက်မှာဖြစ်ကြောင်း သူသိသည်။
"ဒါဆို ငါ့ကိုပြောပါ" ကုနင်းကပြောသည် ။
“သူ့မိသားစုကို သတ်ဖို့ ငါတို့ကို အခကြေးငွေပေးခဲ့တယ်။ ဖုရုန်လျန်က တခြားလုပ်ငန်းရှင်ရဲ့ ပရောဂျက်ကို ခိုးယူခဲ့တယ်။ အဲ့တာကြောင့် ခိုးယူခံလိုက်ရတဲ့ လုပ်ငန်းရှင်က သူ့မိသားစုကို သတ်ဖို့ ငါတို့ကို ငှားခဲ့တာ” ဟု အဆိုပါ အမျိုးသားက ပြောကြားခဲ့သည်။
ဒါကိုသိတော့ ကုနင်းက မျက်မှောင်ကြုံ့လိုက်သည်။ အံ့သြစရာတော့ မဟုတ်ပါ ဘာကြောင့်လဲဆိုတော့ သူတို့က သတ်ဖို့ ပိုက်ဆံပေးရမယ်လို့ သူမ မှန်းဆထားပြီးသားပါ။ နောက်ကွယ်က ချုပ်ကိုင်သူရှိရမည်။
"သူက ဘယ်သူလဲ?" ကုနင်းက မေးသည်။