← Chapters

အခန်း (၁၈၆၁-၁၈၆၆)

Vol. 115 Ch. 1861-1866

အခန်း (၁၈၆၁-၁၈၆၆)

Vol. 115 Ch. 1861-1866

အခန်း ၁၈၆၁ သူက ချူလန်ပါ

“အဲဒါ…” ထိုလူက ထစ်ထစ်ငငပြောလိုက်သည်။ ထိုစီးပွားရေးသမားရဲ့ အနေအထားကို တွေးမိပြီး သူတို့အဖမ်းခံရရင် လုပ်ငန်းရှင်က သူတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေသေးတာကြောင့် ထိုလုပ်ငန်းရှင်နာမည်ကို မပြောရဲသေးပေ။

"ဘာလို့ ဒီလူကို အခုထိ ကာကွယ်နေရတာလဲ။ သူ့က မင်းကို ကယ်တင်ဖို့ မျှော်လင့်‌နေသေးတာလား။ မင်းငါ့ကိုမပြောရင် ငါမင်းကိုသတ်ပစ်လို့ရတယ်နော်။ မင်းအသက်ကို ကယ်ဖို့ ဘယ်သူကမှ အခွင့်အရေးရှိလိုက်မှာ မဟုတ်ဘူး” ကုနင်း က ရယ်မောရင်း ပြောသည်။ တစ်ချိန်တည်းမှာပင် သူမ၏လက်ထဲမှ ဓားမြှောင်သည် ထိုလူ၏လည်ပင်းကို ဖြတ်သွားကာ နွေးထွေးသောသွေးများ စီးကျလာကာ နာကျင်မှုကို ခံစားရစေသည်။

“ကျေးဇူးပြုပြီး ငါပြောပြပါမယ်။ ငါမင်းကိုပြောမယ်" ယောက်ျားက သူမကို တားဖို့ ပါးစပ်ကို ချက်ချင်းဖွင့်လိုက်သည်။ "အဲဒါက ချူလန်ပါ"

ချူလန်သည် ချူဟန်ကျောင်းနှင့် ချူယီဖေး၏ဖခင်ဖြစ်သည်။

"မင်းမှာ သက်သေရှိလား" ကုနင်းက မေးသည်။

“ငါ့ဆီမှာ ဖုန်းခေါ်ဆိုမှုနဲ့ ငွေလွှဲမှတ်တမ်းတွေ ရှိတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

“ကောင်းပြီ သူ့ဖုန်းနံပါတ်နဲ့ ဘဏ်ကတ်နံပါတ်ကို ပြော” ဟုကုနင်း က ဆိုသည်။

ထို့နောက် ထိုသူက ချူလန်နှင့် ဆက်သွယ်ရန်အသုံးပြုသော ဖုန်းနံပါတ်နှင့် ၎င်း၏ဘဏ်ကတ်နံပါတ်ကို ရွတ်ပြခဲ့သည်။ ကုနင်းသည် တစ်ကြိမ်မျှကြားပြီးနောက် သူတို့ကို မှတ်မိသွားသည်။

အဲဒီနောက် ကုနင်းက သူ့ဖုန်းကို ထုတ်ပြီး ကေဆီကို ပို့လိုက်သည်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အဲဒီနံပါတ်ရဲ့ မှတ်တမ်းတွေကို စုံစမ်းဖို့ ပြောခဲ့သည်။

"နောက်ထပ်ဘာလုပ်ဖို့ပြောထား‌သေးလဲ" ကုနင်းက မေးသည်။

“သူ့အတွက် တခြားအရာတွေ အများကြီးလုပ်ဖို့ ငါတို့ကို အမိန့်ပေးဖူးတယ်” “လွန်ခဲ့တဲ့ သုံးလလောက်က ချူလန်က နယ်အိုက်ကျင်း ဆိုတဲ့ B-list မင်းသမီးကို ကြိုက်တယ်။ သူမကို မုဒိန်းကျင့်ဖို့အတွက် ဖမ်းဖို့ ပြောခဲ့ပေမယ့် သူမ က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့တာကြောင့် ချူလန်က မတော်တဆ သတ်မိခဲ့တယ်။ သူ့အလောင်းကို တောထဲ ပစ်ချလိုက်တာ”

အဲဒါကိုကြားတော့ ကုနင်းက မျက်မှောင်ကြုံ့လိုက်သည်။ နေ့စဉ်နေ့တိုင်းမတရားတဲ့အရာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သူမ သိသည်။ စာနာစိတ်သိပ်မရှိပေမယ့် အဲဒါကို ကြားလိုက်ရချိန်မှာတော့ သူမ စိတ်မသက်မသာဖြစ်နေတုန်းပါပဲ။

“နေ့စွဲနဲ့ နေရာအတိအကျကို ပြောပြ” ဟု ကုနင်းက ပြောသည်။

“ဇူလိုင် ၂ ရက် ဒီအိမ်ကြီးမှာ” ဟု ထိုလူက ပြောသည်။

ဤအိမ်သည် ၎င်းတို့၏ပိုင်မဟုတ်ပဲ ချူလန်၏အိမ်ဖြစ်သည်။ ချူလန် အတွက် မကောင်းမှုတွေ လုပ်ခဲ့လို့ ချူလန်က သူတို့ကို ဒီမှာ နေခွင့်ပေးထားသည်။

အဖြေနှင့်အတူ ကုနင်းသည် ဇူလိုင်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုအား စုံစမ်းစစ်ဆေးရန် ကေထံသို့ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။

သူမမေးလိုသောမေးခွန်းများကိုမေးပြီးနောက် ကုနင်းသည် ဧည့်ခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ သူတို့ သူမကို မမြင်နိုင်သောအခါတွင် ကြိုးများကို ဆွဲထုတ်ကာ ချည်နှောင်လိုက်သည်။ ထို့နောက် သူမသည် ဘေးနားသို့ လျှောက်သွားကာ စိတ်စွမ်းအင်အာကာပြင်ထဲမှ လက်တော့ပ်တစ်လုံးကို ထုတ်ယူလိုက်သည်။ သူရိုက်ကူးထားတဲ့ ဗီဒီယိုကို လက်တော့ပ်ထဲကို ရွှေ့ပြီး USB flash disk ထဲကို ကူးထည့်လိုက်သည်။

ထို့နောက် သူမသည် လက်တော့ပ်ကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပြန်ထည့်ကာ ဧည့်ခန်းသို့ ပြန်သွားကာ ကော်ဖီ စားပွဲပေါ် USB flash disk ကို တင်လိုက်သည်။

အဲဒီနောက် ကုနင်းက သူတို့ရဲ့ ဖုန်းကို အသုံးပြုပြီး ရဲကို ဖုန်းဆက်ခဲ့သည်။

ကုနင်းက ချူလန်ကို ရဲတွေက ဖမ်းမှာလား မဖမ်းဘူးလားဆိုတာ မသေချာ‌ပေ။ တကယ်တော့ ချူလန် သည် မြို့တော်တွင် သြဇာကြီးသူတစ်ဦးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရဲတွေ ဘာလုပ်မယ်ဆိုတာကို သူမ သိဖို့လိုသည်။

ရဲကိုခေါ်ပြီးနောက် ကုနင်းသည် သူမ၏ စွမ်းအင်သလင်းကျောက်များကို ထုတ်ယူကာ ၎င်းတို့တစ်ဦးစီကို တိုက်လိုက်သည်။ သူတို့က သူတို့အတွက် အသုံးဝင်သေးတဲ့အတွက် သူတို့ အဆင်ပြေရမည်။

အစတုန်းကတော့ အဆိပ်လို့ ထင်ခဲ့ကြပေမယ့် သူတို့ရဲ့ တောင့်တင်းတဲ့ ခြေလက်တွေ မကြာခင်မှာပဲ ပြေလျော့သွားကြသည်။

ဒါပေမယ့် ကုနင်းက သူတို့ကို ကြိုးတွေနဲ့ ချည်ထားတာကြောင့် သူတို့ရဲ့ ကြွက်သားတွေ ပြေလျော့သွားပေမယ့် သူတို့ မလှုပ်ရှားနိုင်သေးပေ။

ကုနင်းက သူတို့ကို သတိပေးသည်။ “ရဲစခန်းရောက်ရင် မင်းတို့ပြောခဲ့သမျှကို ငြင်းဖို့မကြိုးစားနဲ့။ ငါ မင်းတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေမှာ။ မင်း ငြင်းလိုက်လို့ လွတ်လာရင်တောင် မင်းတို့ အသတ်ခံရလိမ့်မယ်"

“ဟုတ်ကဲ့ပါ” အဲဒီလူက ချက်ချင်း သဘောတူသည်။ သူတို့မှာ ထိုသို့အကြံအစည်ရှိပေမယ့် ကုနင်းရဲ့စကားကိုကြားပြီး နောက်တော့ မလုပ်ရဲတော့ပေ။

ကုနင်းသည် သူတို့၏ ခြေလက်များကို အေးခဲစေပြီး နောက်ပိုင်းတွင် ပြန်ဖြေလျော့ပေးနိုင်တာက သူမသည် ကြောက်စရာကောင်းသော အမျိုးသမီးဖြစ်ကြောင်း သက်သေပြခဲ့သည်။

ထို့နောက် ကုနင်းထွက်ခွာသွား‌တော့သည်။

သို့သော်လည်း သူမသည် ၎င်းတို့နှင့် မဝေးသော အိမ်ကြီးမှ ၁၀ မီတာခန့် ရောက်လာသောအခါ ကျင့်ကြံသူနှစ်ဦး၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထို့အပြင် သူတို့သည် သူမထံသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။

ကုနင်းက သူတို့ဘယ်သူလဲဆိုတာကြည့်ဖို့ အချိန်မရှိ‌ပေ၊ ပြီးတော့ သူမရဲ့ အစီအစဉ်ကို ပျက်ပြားသွားစေနိုင်တဲ့အတွက် ဗီလာထဲကို ရောက်သွားမှာကို သူမစိုးရိမ်သည်။ ထို့ကြောင့် သူမသည် ၎င်းတို့ကို ဆွဲဆောင်ရန် မှော်စွမ်းအားကို ထုတ်လွှတ်ကာ အခြားလမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။

အံ့သြစရာမရှိဘဲ ကျင့်ကြံသူနှစ်ဦးက သူမနောက်ကို ချက်ချင်းလိုက်နေတာကို ကုနင်းခံစားလိုက်ရသည်။

ကုနင်းသည် မှောင်သောနေရာသို့ ပြေးသွားပြီးနောက် သူမ၏ အင်္ကျီ၊ ဦးထုပ်နှင့် မျက်နှာဖုံးများကို ချွတ်ကာ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပစ်ချလိုက်သည်။ ခဏအကြာတွင် သူမသည် မှော်စွမ်းအားကို ရပ်တန့်လိုက်ပြီး ပိတ်ဆို့ထားသည့် အပြင်ဘက်လမ်းဘက်သို့ ပြေးသွားခဲ့သည်။ ထို့နောက် သူမသည် ညဘက် ပြေးဟန်ဆောင်ကာ သူမ လာခဲ့သည့် လမ်းကြောင်းဆီသို့ ပြန်ပြေးသွားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ကုနင်းသည် လမ်းပေါ်တွင် ကျင့်ကြံသူနှစ်ဦးနှင့်တိုးခဲ့သည်။ သူတို့သည် အသက် ၄၀ ခန့်ရှိ စုံတွဲများဖြစ်ပုံရသည်။

သူတို့၏ အငွေ့အသက်အရ ကုနင်းသည် သူတို့က အဆင့်မမြင့်ကြောင်း သိခဲ့သည်။

ယခုအချိန်တွင် ကုနင်း၏ခန္ဓာကိုယ်တွင် မှော်အစွမ်းမရှိတဲ့အပြင် ညဘက်တွင် ပြေးလွှားနေသူများစွာရှိသောကြောင့် ကျင့်ကြံသူနှစ်ဦးက သူမအား တစ်စုံတစ်ရာ အမှားအယွင်းမရှိဟု ထင်ခဲ့သည်။

“ငါတို့လွတ်သွားပြီ။ အဲ့တာကို ဖန်တီးထားတဲ့ သူကဘယ်သူလဲဆိုတာ သိချင်တယ်။ ဒီလို သန့်စင်တဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတယ်လို့!” ထိုလူက စိတ်မချမ်းသာစွာပြောသည်။ သူတို့အတွက် ဒီလို သန့်စင်တဲ့ မှော်အစွမ်းကို ရှာတွေ့ဖို့ မလွယ်ပေမယ့် ရုတ်တရက် ပျောက်သွားသည်။

ကုနင်းက ရဲကိုခေါ်ပြီး ငါးမိနစ်အကြာမှာ ရဲတွေက ဗီလာကို ရောက်လာသည်။

ယနေ့ညတွင် ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏ အဖွဲ့ငါးမှ ရဲအရာရှိ ကပ္ပတိန် ကျိုးရန်ယွီသည် ရဲခြောက်ဦးကို ဦးဆောင်ကာ ကုနင်းမှ ပြန်ပေးဆွဲခေါ်ထားသော သံသယရှိသူ ခြောက်ဦးနှင့်အတူ ကော်ဖီစားပွဲပေါ်ရှိ USB flash drive ကို ယူသွားခဲ့သည်။

ကုနင်းက ရဲကိုဖုန်းဆက်တဲ့အခါ သူမဟာ သံသယရှိသူတွေရဲ့ ဝန်ခံချက်နဲ့အတူ USB flash drive ကို ကော်ဖီစားပွဲပေါ်မှာ တင်ထားတယ်လို့‌ပြောတာကြောင့် သူတို့ဘာလဲဆိုတာ သိတာဖြစ်‌ပေသည်။

ရဲစခန်းသို့ပြန်လာပြီးနောက် ကျိုးရန်ယွီသည် USB flash drive တွင် သိမ်းဆည်းထားသောဗီဒီယိုကိုဖွင့်ခဲ့သည်။

ဒီအမျိုးသမီးက ဘယ်သူလဲလို့ အားလုံးက သိချင်နေကြပေမယ့် သူမအသံကို ကြားရုံနဲ့ သူမကို မသိနိုင်ပေ။

ထို့အပြင် ဤလူများသည် ဖုရုန်လျန် မိသားစုအားသတ်သည့် လူသတ်သမားများဖြစ်ကြောင်း သူမသိရှိနိုင်ပုံကို သူတို့စိတ်ရှုပ်သွားကြသည်။

တကယ်တော့ သံသယရှိသူ ခြောက်ဦးက ဝန်ခံထားပြီးဖြစ်လို့ အမှန်တရားဖြစ်ရမည်။

သို့သော် ချူလန်သည် နောက်ကွယ်တွင် ရှိနေကြောင်းကို ကျိုးရန်ယွီ ကြားသောအခါ သူတို့အားလုံး အံ့အားသင့်ခဲ့ကြပြီး ခံစားချက်များ ရောထွေးသွားကြသည်။ ကုနင်းအတွက် ကံမကောင်းစရာက ကျိုးရန်ယွီက ချူလန် ရဲ့ ဆွေမျိုးဖြစ်နေသည်။

“လောလောဆယ် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့။ သဘောပေါက်လား?" ကျိုးရန်ယွီက သူ့အဖွဲ့ရဲ့ ရဲအရာရှိတွေကို ချက်ချင်း သတိပေးလိုက်သည်။

ကျိုးရန်ယွီသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပြုမူလိမ့်မည်ဟု မထင်ခဲ့မိသော်လည်း ၎င်းတို့သည် ဆွေမျိုးများဖြစ်သည်။ အရေးအကြီးဆုံးကတော့ ဒီနေ့ သူ့ရာထူးကို ရောက်နိုင်ဖို့အတွက် သူ ချူလန်ကို အားကိုးခဲ့ရပြီး သူဘာဆက်လုပ်သင့်တယ်ဆိုတာ သိနိုင်ဖို့ ချူလန်နဲ့ ဆွေးနွေးရမည်။

“ဗိုလ်ကြီး၊ တခြားသူတွေ သိသွားရင် ငါတို့ လျှို့ဝှက်ထားနိုင်‌တော့မှာ မဟုတ်ဘူး။ အဲဒါက ငါတို့ကို ပြသနာတက်လိမ့်မယ်” ဟု ရဲအရာရှိက ပြောသည်။ ကျိုးရန်ယွီနှင့် ချူလန် ဆက်စပ်နေကြောင်း သူသိသည်။ ထို့ကြောင့် ကျိုးရန်ယွီသည် ချူလန်ကို ကာကွယ်လိုသော်လည်း အကြံကောင်းမဟုတ်ဟု သူခံစားမိသည်။

“ဟုတ်တယ် ဗိုလ်ကြီး။ အဲဒီအမျိုးသမီးက ဒီဗီဒီယိုကို မှတ်တမ်းတင်ထားတာဆိုတော့ သူ့လက်ထဲမှာလည်း ဗီဒီယို ရှိရမယ်။ လျှို့ဝှက်ထားရင် သေချာပေါက် ဖော်ထုတ်လိမ့်မယ်။ ပြီးတော့…” အခြားရဲအရာရှိက စိုးရိမ်တကြီးဖြင့် ပြောသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၆၂ သူတို့ကို ခြိမ်းခြောက်လိုက်

“အင်း မင်းပြောတာကို ငါနားလည်ပါတယ်။ လောလောဆယ်တော့ လျှို့ဝှက်ထားရမယ်လို့ ပြောတာပါ။ အဲဒီလူတွေရဲ့ ဝန်ခံချက်တွေက အကုန်မမှန်နိုင်ဘူး။ ငါ အဲဒါကို အရင်စုံစမ်းပြီး မနက်ဖြန်မတိုင်ခင် အ‌ဖြေရှာပါမယ်” ဟု ကျိုးရန်ယွီက ပြောသည်။

ဒီလိုပြောတဲ့အတွက် တခြားသူတွေလည်း သဘောတူလိုက်သည်။ ကျိုးရန်ယွီသည် ၎င်းကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသောကြောင့် သူတို့အား ပြဿနာထဲသို့ ဆွဲသွင်းမခံရလောက်ပေ။

အဲဒီနောက် ကျိုးရန်ယွီက ချူလန်ကို ချက်ချင်းဖုန်းဆက်သည်။

ထိုအချိန်က ၁၁ နာရီထိုးနေပြီ။ ချူလန်က ရေချိုးပြီး အိပ်ရာဝင်ခါနီးမှာဘဲ သူ့ဖုန်းက ရုတ်တရက်မြည်လာသည်။

ချူလန်သည် ခေါ်ဆိုသူ၏ အမည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးရန်ယွီက သူ့ကို ဘာလို့နောက်ကျမှ ခေါ်မှန်း မသိပေမယ့် ကိုင်လိုက်ပါသည်။

“အန်ကယ်ချူ ကျွန်တော် တိုင်ကြားချက်တစ်ခု ရထားတယ်။ သံသယရှိသူ ခြောက်ဦးကို ဖမ်းမိခဲ့ပြီး သူတို့က လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖုရုန်လျန် မိသားစုရဲ့ လူသတ်မှုကျူးလွန်သူ‌တွေပါ။ သူတို့က မင်းရဲ့အမိန့်လို့ ပြော‌နေတယ်” ဟု ကျိုးရန်ယွီက ပြောသည်။

"ဘာ?" ချူလန်သည် ထိုစကားကိုကြားလိုက်သည်နှင့် ထိတ်လန့်သွားသည်။ ဖုရုန်လျန် မိသားစုကို သတ်ပစ်သူများသည် မည်သူဖြစ်သည်ကို တစ်စုံတစ်ဦးမှ အံ့အားသင့်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

"သူတို့က အားလုံးကို ဝန်ခံခဲ့တာလား" ချူလန်ကို ထိုသို့ ပြန်မေး၍ သူက သူ့အမိန့်ဖြစ်တယ်ဆိုတာ ဝန်ခံလိုက်သလိုပါပဲ။

သူသာမဟုတ်ပါက ဒေါသတကြီး ငြင်းမယ့်အစား ဒီမေးခွန်းကို သူမေးမှာမဟုတ်ပေ။

“သူတို့ကို ကျွန်တော် မစစ်ဆေးရသေးဘူး။ သူက ဗီဒီယိုရိုက်ပြီး USB flash disk လေးပဲ ချန်ထားခဲ့တာပါ” လို့ ကျိုးရန်ယွီ က ပြောသည်။

“ဗီဒီယိုကို ဘယ်သူကြည့်ဖူးလဲ” ဟု ချူလန်က စိတ်လှုပ်ရှားစွာ မေးသည်။

“ကျွန်တော့်ရဲ့ အသင်းသားတွေ ဒါပေမယ့် တခြားသူတွေကို မပြောဖို့ သူတို့ကို သတိပေးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုခေါ်တဲ့လူဆီမှာ ဗီဒီယိုမိတ္တူရှိနေမှာဆိုးရတယ်။ သိပ်ကြာကြာ လျှို့ဝှက်ထားလို့ မရဘူး၊ ဒါကြောင့် အခုချက်ချင်း ပြောပြရမယ်” ဟု ကျိုးရန်ယွီက ပြောသည်။

“သူတို့ကို သွားမေးကြည့်ပြီး ငါ ခိုင်းတာလို့ မပြောဖို့ သူတို့ကို ခြိမ်းခြောက်လိုက်။ သူတို့ ပြောရဲပြောကြည့် သူတို့မိသားစုတွေလည်း သူတို့နဲ့အတူ သေရလိမ့်မယ်လို့ပြောလိုက်။ ဗီဒီယိုကို‌တော့ အဲ့လူရဲ့ ခြိမ်းခြောက်ခံရလို့ ပြောရတာလို့ လုပ်လိုက်” ချူလန်က မကောင်းဆိုးဝါးတစ်ကောင်လိုပင်။

"ဟုတ်ကဲ့ပါ" ကျိုးရန်ယွီက ချူလန် အမိန့်အတိုင်း အရာအားလုံးကို လုပ်ခဲ့သည်။

ဒါပေမယ့် ကေက သူတို့ စကားပြော‌နေတာကို ဖုန်းထဲမှာ နားထောင်ပြီး အသံသွင်းနေတယ်ဆိုတာကို သူတို့မသိခဲ့တာပါပဲ။

ချူမိသားစုသည် ရဲစခန်းတွင် အဆက်အသွယ်ရှိကြောင်း ကုနင်းခံစားခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် မကြာမီတွင် သံသယရှိသူ ခြောက်ဦးကို လွှတ်ပေးလိုက်နိုင်သည်။ ရလဒ်အနေဖြင့် ကုနင်းကားပေါ်သို့ပြန်လာသောအခါ သူမသည် ကေကိုဖုန်းဆက်ပြီး ချူလန်၏ခေါ်ဆိုမှုအကြောင်းအရာကို ခိုးနားထောင်နိုင်မလားဟုမေးလိုက်သည်။

အံ့ဩစရာမရှိပဲ ကေသည် အရေးကြီးသော စကားဝိုင်းကို မကြာမီပင် ကြားလိုက်ရသည်။

ကျိုးရန်ယွီသည် သံသယရှိသူ ခြောက်ဦးလုံးကို ခြိမ်းခြောက်ခဲ့သည်။ သူတို့သည် ကုနင်းကို ကြောက်သော်လည်း ချူလန်သည် ၎င်းတို့၏ မိသားစုများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အပေးအယူလုပ်ကြရသည်။ ထိုလူများသည် ချူလန်က နောက်ကွယ်က ခိုင်းထားသည့်အတိုင်း သူတို့ကို ခြိမ်းခြောက်တာ အမျိုးသမီးတစ်‌ေယာက်ပဲလို့ ပြောကြသည်။

ကုနင်းက ထိုအရာကိုမသိသော်လည်း ကျိုးရန်ယွီ နှင့် ချူလန်တို့၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ ရယူရန် ကေကို တောင်းဆိုထားပြီးဖြစ်သည်။ ကေသည် ချူလန်နှင့် သံသယရှိသူများ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် လွှဲပြောင်းမှုမှတ်တမ်းများကိုလည်း ရရှိခဲ့သည်။ ချူလန်မှာ အပြစ်ရှိကြောင်း သက်သေပြရန် ဤအထောက်အထားက လုံလောက်ပြီဖြစ်သောကြောင့် ကုနင်းသည် ၎င်းတို့၏ ဝန်ခံမှုကို ငြင်းဆိုသော်လည်း လုံးဝစိုးရိမ်ခြင်းမရှိပါ။

ကုနင်းမှာ သက်သေရှိပြီးသားဖြစ်သော်လည်း သူမသည် အနာဂတ်အခြေအနေအရ သူမ၏နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ်ချက်ချရန် စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။

ကုနင်းက ဗီလာကနေ ထွက်သွားပြီးနောက် ည ၁၁ နာရီကျော်နေပြီဖြစ်လို့ ကျောင်းတံခါးလည်း ပိတ်ထားတာကြောင့် ကျောင်းမပြန်ဖြစ်ပါ။ ဝင်ရတာ အဆင်မပြေတဲ့အတွက် ကုနင်းက မပြန်ဘဲ ရှန်းရှစ်ဟိုတယ်ကို တစ်ညတာ တည်းခိုရန်သွားခဲ့သည်။ မနက်ဖြန်မနက် ကျောင်းပြန်တက်ရမည်။

ထိုညတွင် ချူလန်သည် အိပ်မပျော်သောဝေဒနာကို ခံစားခဲ့ရသည်။ ကျိုးရန်ယွီကိုဖြေရှင်းဖို့ အမိန့်ပေးထားတာ အခု ပြီး‌မြောက်သွားပေမယ့် ဒီပြဿနာကို လုံးလုံး မဖြေရှင်းခင်အထိ သူစိုးရိမ်နေသေးသည်။

…

ခယ့်လီလီသည် နောက်တစ်နေ့တွင် ကျောင်းသို့ ရောက်လာသည်။ သူမသည် ချူးဖေ့ဟန်နှင့်အတူတူ အဆောင်တစ်ခန်းတွင်သာမက အတန်းတစ်ခုထဲမှာလည်း ကျသည်။ စာသင်ခန်းသို့ သူမရောက်သောအခါ ချူးဖေ့ဟန်ကိုတွေ့သောအခါ ညစ်ကျယ်ကျယ် ပြုံးပြလိုက်သည်။

ချူးဖေ့ဟန်၏ အရိုက်ခံရမှုနှင့် ပတ်သက်၍ ပညာရေးရာမှ ဌာနမှူးနှင့် ယနေ့နံနက်တွင် ပြောကြားမည်ဟု သူမ၏ဖခင်က ကတိ‌ပေးခဲ့သည်။ ချူးဖေ့ဟန် နှင်ထုတ်ခြင်းမခံရလျှင်ပင် သူမသည် သေချာပေါက် အပြစ်ပေးခံရပြီး တစ်ကျောင်းလုံး သိသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ချူးဖေ့ဟန်သည် လူသိရှင်ကြား အရှက်ရပေလိမ့်မည်။

ခယ့်လီလီ၏ ဒေါသကို ရင်ဆိုင်ရင်း ချူးဖေ့ဟန်က သူမအား အထင်အမြင်သေးသော အပြုံးတစ်ခု ပေးလိုက်သည်။ သူမသည် ပျော့ညံ့သည်မဟုတ်သလို ခယ့်လီလီသည် သူမအား အနိုင်ကျင့်၍ မရပါ။

နံနက် ၉ နာရီခန့်တွင် ခယ့်ရုန်ချန်းသည် ရုပ်ရှင်အကယ်ဒမီ၏ ပညာရေးရာဌာနမှ ဌာနမှူးထံ ဖုန်းဆက်ပြီး ထိုအကြောင်းကို ဆွေးနွေးခဲ့သည်။

ခယ့်လီလီနှင့် မစ္စခယ့်သည် ချူးဖေ့ဟန် ကို အရင်ဦးစွာ ဒုက္ခဖြစ်စေခဲ့သောအချက်ကို တမင်ချန်လှပ်ထားသောကြောင့် ပညာရေးရာရုံးမှ ဌာနမှူးသည် ယင်းစကားကိုကြားပြီးနောက် ဒေါသထွက်သွားခဲ့သည်။

ထို့နောက် ချူးဖေ့ဟန်၏ အတန်းပိုင်အား ချူးဖေ့ဟန်ကို ပညာရေးရာရုံးသို့ ခေါ်ဆောင်ရန် ချက်ချင်းအကြောင်းကြားခဲ့သည်။

စာသင်ချိန်ကြားတွင် အတန်းပိုင်သည် မကျေမနပ်မျက်နှာဖြင့် စာသင်ခန်းသို့ရောက်လာပြီး ချူးဖေ့ဟန်နှင့် ခယ့်လီလီတို့ကို ခေါ်သည်။

ခယ့်လီလီသည် ချူးဖေ့ဟန်ကို ဂုဏ်ယူစွာ တစ်ချက်ကြည့်လိုက်ပြီး ချူးဖေ့ဟန်သည် တည်ငြိမ်စွာ မတ်တပ်ရပ်နေလေသည်။ နောက်တော့ အတူတူ ထွက်လာကြသည်။

ချူးဖေ့ဟန် လုံးဝမကြောက်တာကိုမြင်တော့ ခယ့်လီလီက မကျေမနပ်ဖြစ်ပေမဲ့ ချူးဖေ့ဟန်ဟာ နောက်ပိုင်းမှာ အပြစ်ပေးခံရမယ်လို့ ယုံကြည်တာကြောင့် ဘာမှမပြောခဲ့ပေ။

သူတို့ထွက်သွားပြီးနောက် စာသင်ခန်းအတွင်းရှိ ကျန်ကျောင်းသားများက ဆွေးနွေးကြသည်။ အတန်းပိုင်ဆရာမ၏ မကျေမနပ်မျက်နှာကြောင့် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်ကို သူတို့ သိသည်။ သို့သော် အကြောင်းရင်းကို မသိကြပါ။

ချူးဖေ့ဟန်နှင့် ခယ့်လီလီ ထွက်သွားပြီးနောက် အတန်းပိုင်က သူတို့ကို ပညာရေးရာရုံးသို့ ခေါ်သွားသည်။ လမ်းတလျှောက် စိတ်ရှုပ်စွာ တိတ်တိတ်နေခဲ့သည်။

အတန်းပိုင်သည် ချူးဖေ့ဟန်နှင့် ခယ့်လီလီအား ပညာရေးရေးရာရုံးသို့ ခေါ်ဆောင်သွားသည်။ အထဲမှာ မျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်း ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် ရှိသည်။

"ဌာနမှူး ချူးဖေ့ဟန်နဲ့ ခယ့်လီလီ ရောက်ပါပြီ" ဟု အတန်းပိုင်က ပြောသည်။

ပညာရပ်ရေးရာရုံးဌာနမှူးက ခယ့်လီလီကို သိတဲ့အတွက် စိမ်းသက်တဲ့မိန်းကလေးက ချူးဖေ့ဟန် ဖြစ်ရမည်။

ဌာနမှူးက ချူးဖေ့ဟန်ကို လေးနက်သော မျက်နှာဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်သည်။ "ချူးဖေ့ဟန် မင်း အဆောင်ခန်းထဲမှာ ခယ့်လီလီကို တိုက်ခိုက်ပြီး မနေ့က ဟိုတယ်မှာ ခယ့်လီလီရဲ့အမေကို မြေကြီး‌ပေါ် တွန်းချခဲ့တယ်ဆို"

“ဟုတ်ပါတယ် ဒါပေမယ့်…” ချူးဖေ့ဟန် က ဒါကို ဝန်ခံခဲ့ပေမယ့် သူမ ရှင်းပြချင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမဆက်‌မ‌ပြောမှီ ဌာနမှူးက သူမအား အနှောင့်အယှက်ပေးခဲ့သည်။ “မင်းဝန်ခံလိုက်ပြီဆိုတော့ ကျောင်းက မင်းကို ပြစ်ဒဏ်ပေးရမှာပေါ့။ ကျောင်းကို မင်းအိမ်မှတ်လို့များ မင်းဘာမဆိုလုပ်လို့ရတယ်လို့တွေးနေတာလား"

ချူးဖေ့ဟန် စိတ်ဆိုးသွားသည်။ ဌာနမှူးက ခယ့်ရုန်ချန်းလောက် မဆိုးမှန်း သူမ,သိပေမယ့် အခုလိုရင်ဆိုင်ရတော့ သူမစိတ်မကြည်တော့ပေ။ ထို့ကြောင့် သူမ၏ လေသံမှာလည်း မာလာသည်။ "ဌာနမှူး ကျွန်မ အကြောင်းပြချက်တစ်ခုကြောင့် လုပ်ခဲ့တာ။ ကျွန်မကိုရှင်းပြခွင့်မပေးနိုင်ဘူးလား"

“ဘာအ‌ကြောင်းပဲရှိရှိ လူတွေကို အနိုင်ကျင့်လို့မရဘူး‌လေ” ဟု ဌာနမှူးက ဆိုသည်။

ထိုစကားကိုကြားတော့ ခယ့်လီလီသည် ကျေနပ်သောအပြုံးဖြင့် ချူးဖေ့ဟန်ကို လှည့်ကြည့်လိုက်သည်။

ချူးဖေ့ဟန် ဒီတစ်ခါ မင်းဘာလုပ်နိုင်လဲ ကြည့်ရအောင်။ အပြစ်ပေးခံရဖို့ စောင့်နေလိုက်!

ချူးဖေ့ဟန် စိတ်ဆိုးသွားကာ အေးစက်သောလေသံဖြင့် ငြင်းခုံလိုက်သည်။ "ဌာနမှူးဆိုရင်ရော ကိုယ့်ကိုယ် တခြားလူ ရိုက်လာတဲ့အခါကျရင် ဘာမှပြန်မလုပ်ပဲ ရိုက်တာကိုပဲ ခံနေမှာလား"

***

ဖီးနစ်သွေးစက်

အခန်း ၁၈၆၃ ကြီးမားတဲ့အာဏာ အနိုင်ရခြင်း

"အဓိပ္ပာယ်မရှိတာ!" ဌာနမှူးက ချူးဖေ့ဟန်ကို လှမ်း‌ငေါက်သည်။

တစ်ယောက်ယောက်က သူ့ကိုရိုက်ပါက ပြန်မတိုက်ခိုက်ပဲ ငြိမ်ငြိမ်လေးနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ မဟုတ်ရင် သူက မိုက်မဲသူဖြစ်လိမ့်မည်။ ထို့အပြင် သူ့ကို တိုက်ခိုက်ရဲသူ မည်သူမဆို နောင်တရစေမည်ဖြစ်သည်။

ချူးဖေ့ဟန်၏မေးခွန်းကိုကြားတော့ ခယ့်လီလီနှင့် ခယ့်လီလီ၏မိခင်ကို သူမ ဘာကြောင့်တိုက်ခိုက်သည်ကို သိရှိနားလည်သွားသော်လည်း ခယ့်ရုန်ချန်းနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိ‌ပေသည်။ အကယ်၍ ခယ့်ရုန်ချန်း သည် ချူးဖေ့ဟန်ကို သင်ခန်းစာ‌ပေးလိုပါက သူ ကူညီပေးရလိမ့်မည်။

အတန်းပိုင်က ရှက်ရွံ့သလို ခံစားသွားရသည်။ သူလည်း အမှန်တရားကို သိရှိခဲ့သည်။ သူလည်း အစက ချူးဖေ့ဟန်သည် ပြသနာရှာသူဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ့အထင်နဲ့ပြောင်းပြန်ဖြစ်နေသည်။

"ဌာနမှူး ကျေးဇူးပြုပြီး ချူးဖေ့ဟန်ကို ရှင်းပြခွင့်ပေးပါ။ ဖြစ်စဉ်တစ်ခုလုံးကို သိဖို့ လိုသေးတယ်လေ” ဟု အတန်းပိုင်က ပြောသည်။

"မစ္စတာလင် ငါဆုံးဖြတ်ပါမယ်။ ချူးဖေ့ဟန်ရဲ့ ကြမ်းတမ်းတဲ့အပြုအမူကြောင့် သူအပြစ်ပေးခံရမှာဖြစ်ပြီး ကျောင်းတစ်ခုလုံးကို ကြေညာသွားမှာပါ” ဟု ဌာနမှူးက ပြောကြားခဲ့သည်။ အမှန်တရားက မည်သို့ပင်ဖြစ်ပါစေ ချူးဖေ့ဟန်သည် အပြစ်ကို ခံယူရမည်မှာ ထင်ရှားသည်။

အတန်းပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ခယ့်လီလီမှာ အင်အားကြီးတဲ့ မိသားစုရှိတာကြောင့် ဒါဟာ အံ့သြစရာကောင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေ။

သူသည် အာဏာရှိသူတွေက အားနည်းသူတွေကို အနိုင်ကျင့်တာကို မကြိုက်ပေမယ့် သူက အာဏာကိုကြောက်တဲ့ သာမန်ကျောင်းဆရာတစ်ယောက်သာ ဖြစ်သည်။

"ဌာနမှူး ဒီလိုလုပ်မယ်ဆိုတာ သေချာလား? အဲဒီလိုဆိုရင် ကျွန်မကိုယ့်ဂုဏ်သိက္ခာကိုယ် ကာကွယ်ဖို့ပဲ ပြန်တိုက်ခိုက်မှာပါ။ ရှန်းရှစ်ဟိုတယ် ခန်းမထဲမှာ ခယ့်လီလီရဲ့အမေနဲ့ ရန်ဖြစ်ခဲ့တယ်။ စောင့်ကြည့်ကင်မရာတွေလည်း ရှိတယ်။ စောင့်ကြည့်ဗီဒီယို‌‌တွေကြည့်လိုက်တာနဲ့ အမှန်တရားက ထွက်လာမှာပါ” ဟု ချူးဖေ့ဟန်က ပြောသည်။

အဲဒါကိုကြားတော့ ဌာနမှူးနဲ့ ခယ့်လီလီနှစ်ယောက်စလုံး ကြောက်လန့်သွားပေမယ့် နောက်စက္ကန့်မှာ အလေးအနက်မထားကြ‌တော့ပေ။

"မင်းတို့မိသားစုက ရှန်းရှစ်ဟိုတယ် ကိုပိုင်တယ်လို့များ မင်းထင်‌‌နေတာလား။ မင်း လိုချင်သလို စောင့်ကြည့်ဗီဒီယိုကို ရနိုင်မတဲ့လား" ခယ့်လီလီက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ သူမ၏ဖခင်သည် ရှန်းရှစ်ဟိုတယ်၏ ဗီအိုင်ပီအဖွဲ့ဝင်ဖြစ်ပြီး ဟိုတယ်မန်နေဂျာသည်လည်း သူမ၏ဖခင်ဘက်က ဖြစ်ပေလိမ့်မည်။

ဌာနမှူးသည်လည်း တူညီသော သဘောထားရှိမည်မှာ သေချာသည်။

“ငါ့မိသားစုက ရှန်းရှစ်ဟိုတယ် မပိုင်ပေမယ့် ငါ့သူငယ်ချင်းမှာ Black Card ရှိတယ်။ မနေ့က မင်းသူ့ကိုတွေ့တယ်‌လေ။ ရှန်းရှစ်ဟိုတယ်က ငါ့ကို နည်းနည်းမျက်နှာသာပေးပြီး စောင့်ကြည့်ဗီဒီယိုပေး‌လောက်မယ်မလား” ချူးဖေ့ဟန်က လေသံမာမာဖြင့် ပြောလိုက်သည်။

သူမသည် အခြားသူများ၏ အဆက်အသွယ်များဖြင့် အနိုင်ကျင့်မှုများကိုလည်း မကြိုက်သောကြောင့် သူမလည်း အနိုင်ကျင့်လိုစိတ်မရှိပေ။ သူမသာ အခုချက်ချင်း အချိတ်အဆက်ကို မသုံးလိုက်ရင် သူမဟာ အရူးတစ်ယောက်ဖြစ်သွားလိမ့်မည်။

"ဘာ?"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

အဲဒါကို သိလိုက်ရတော့ ဌာနမှူးနဲ့ ခယ့်လီလီ နှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားကြသည်။ ချူးဖေ့ဟန်၏သူငယ်ချင်းမှာ ရှန်းရှစ်ဟိုတယ်၏ Black Card ရှိသောကြောင့် သူမ၏သူငယ်ချင်းသည် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်ရမည်။

သို့ဆိုလျှင် ဌာနမှူးသည် ဆုံးဖြတ်ချက်ချရန် ခက်ခဲပေလိမ့်မည်။

"ချူးဖေ့ဟန် မင်း လိမ်နေနေတာ မင်းက တတိယတန်းမြို့ကလေ။ အရေးပါတဲ့ လူတွေကိုသိဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ” ခယ့်လီလီသည် ချူးဖေ့ဟန်၏စကားကို လက်မခံနိုင်သောကြောင့် လိမ်ညာသည်ဟုသာ သူမယုံကြည်ခဲ့သည်။

ချူးဖေ့ဟန်သည် ခယ့်လီလီအား သူမက အရူးပဲဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်။ “မင်းမှာပဲ အာဏာရှိတဲ့ ဆွေမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေ ရှိတာမဟုတ်ဘူး။ မင်းမိသားစုက ဒီနိုင်ငံမှာ သြဇာအကြီးဆုံး မိသားစုလို့ ထင်‌နေတာလား။ ငါက တခြားသူတွေကို အာဏာနဲ့ အနိုင်ကျင့်သူတွေကို မုန်းတီးတဲ့အတွက် တရားမျှတစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ကံမကောင်းစွာပဲ အဲ့အယူအဆက နုံအလွန်း‌နေတယ်လေ အဲဒီလိုဆိုရင် ငါ့အဆက်အသွယ်ကိုသုံးရတော့မှာပေါ့”

“ခယ့်လီလီ မင်းက ငါ့ကို ဒုက္ခပေးတာ မရပ်တော့ဘူး။ ငါမင်းကို ရိုက်နှက်ခဲ့တာမှန်ပေမယ့် မင်းက ငါ့ကို အရင်‌နှောင့်ယှက်ခဲ့တာ။ ငါက ရိုးရိုးရှင်းရှင်းပဲ ပြန်တိုက်ခိုက်ရုံပဲ။ ငါ အခု ရုပ်ရှင် အကယ်ဒမီမှာ တက်နေတာကို ကံကောင်းတယ်လို့သာ တွေးလိုက်။ ဖျော်ဖြေရေးလောကထဲ ဝင်ရမှာမလို့ ဆိုးဝါးတဲ့သမိုင်းကို မရေးချင်လို့သာ မဟုတ်ရင် မင်းင့်ကိုအကြိမ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ပေးခဲ့တာတွေအတွက် မင်းကို ဒဏ်ရာအပြင်းအထန်ရ‌အောင်လုပ်ပစ်လောက်တယ်”

“မင်း…” ခယ့်လီလီ ဒေါသထွက်နေပေမယ့် ရုတ်တရက် ဘာပြောရမှန်းကို မသိပေ။ ချူးဖေ့ဟန်ရဲ့ စကားတွေက သူမကို တကယ်ကြောက်စေသည်။

“ဌာနမှူး မင်း တရားမျှတမှု နဲ့ မကိုင်တွယ်နိုင်ဘူးဆိုရင် ရလဒ်ကို ကျွန်မမကြောက်ပါဘူး။ ကျွန်မမှာ ဖြေရှင်းဖို့ အဆက်အသွယ်တွေရှိတယ်” ဟု ချူးဖေ့ဟန်က ဌာနမှူးကို ကြည့်ရင်း ပြောလိုက်သည်။ သူမသည် သူ့ကို ယုံကြည်မှုအပြည့်ဖြင့် ခြိမ်းခြောက်နေသည်။

ချူးဖေ့ဟန်၏ အတန်းပိုင်ကလည်း သူမကို တရားမျှတသောရလဒ်တစ်ခုရရန် မျှော်လင့်ခဲ့သော်လည်း ယခုအခါတွင် ကြီးမားသော အာဏာက အနိုင်ယူသွားပုံရသည်။ ဘယ်သူမှ မမှားထားသရွေ့တော့ ကောင်းပေသည်။

“မင်း…” ခြိမ်း‌ခြောက်ခံရသောအခါ ဌာနမှူးသည် အလွန်စိတ်ပျက်သွားသော်လည်း ချူးဖေ့ဟန်၏စကားကြောင့် သူလည်း ကြောက်လန့်သွားသည်။

ချူးဖေ့ဟန်၏ စကားများက မှန်ကန်ခြင်း ရှိ၊ မရှိ သံသယ ရှိသော်လည်း အမှန်ပင် ဖြစ်နိုင်သည်။ အမှန်ဆိုလျှင်၊ ယနေ့ ချူးဖေ့ဟန်ကို အပြစ်ပေးပါက သူ့ကိုယ်သူ ဒုက္ခရောက်စေလိမ့်မည်။ ထို့အပြင် ချူးဖေ့ဟန်၏အမှားမဟုတ်ပေ။

ဌာနမှူးက ခဏလောက်စဉ်းစားပြီး ဆုံးဖြတ်ချက် ချက်ချင်းမချနိုင်ဘူးလို့ ထင်လိုက်သည်။

“ကောင်းပြီ၊ အခု စာသင်ခန်းကို ပြန်သွား” ဟု ဌာနမှူးက ပြောသည်။ စာသင်ခန်းသို့ ပြန်သွားရန်သာ ပြောခဲ့သော်လည်း ပြဿနာနှင့် ပတ်သက်၍ ဘာမှ မပြောခဲ့ပေ။

တကယ်တော့ ဌာနမှူးက ချူးဖေ့ဟန်ကို အပြစ်ပေးဖို့ ကြိုးစားနေသေးရင်တောင် ချူးဖေ့ဟန်က ဒါကို ဂရုမစိုက်ပါ။ သူမကို နာကျင်အောင်လုပ်နိုင်မည်ဟုလည်း သူမမထင်ပေ။

အမှန်တော့ အခြေအနေအရတော့ ဌာနမှူးက အဆုံးစွန်ထိ စွန့်လွှတ်လိုက်တာပင်။

“ဌာနမှူး…” ခယ့်လီလီသည် ဌာနမှူးလောက် စိတ်ပူစရာမရှိပေ။ ဌာနမှူးက အရှုံးပေးတော့မယ်ဆိုတာကို မြင်လိုက်ရတော့ ချက်ချင်းပဲ သူမ စိတ်ပူသွားသည်။

"ကောင်းပြီ အခုထွက်သွား!" ဌာနမှူးက စိတ်မရှည်လာ‌တော့သဖြင့် စိတ်တိုစွာပြောလိုက်သည်။

ခယ့်လီလီသည် တုံ့ဆိုင်းစွာဖြင့် ပါးစပ်ကို ပိတ်လိုက်သည်။

ချူးဖေ့ဟန်သည် ခယ့်လီလီကို ဒေါသတကြီး လှောင်ပြောင်သရော်သည့် အပြုံးဖြင့် ကြည့်လိုက်သည်။

ချူးဖေ့ဟန်နှင့် အခြားလူများ ထွက်သွားသည်နှင့် တပြိုင်နက် ဌာနမှူးက ခယ့်ရုန်ချန်း ကို ဖုန်းဆက်ပြီး အရာအားလုံးကို ပြောပြသည်။

ခယ့်ရုန်ချန်းက မကျေမနပ်ဖြစ်ပေမဲ့ ဌာနမှူးကဌာနမှူးအား သူ့ကိုကူညီဖို့ အတင်းအကြပ် မလုပ်နိုင်ခဲ့ပါ။ ချူးဖေ့ဟန်သည် သူ့ထက်သာ၍ သြဇာညောင်းမည်ကိုလည်း သူစိုးရိမ်မိသည်။ အဲဒါက သူ့ကို ဒုက္ခဖြစ်စေနိုင်တယ်၊ ဒါက သူမြင်ချင်တဲ့အရာမဟုတ်ပေ။

ချူးဖေ့ဟန်နှင့် ခယ့်လီလီသည် စာသင်ခန်းသို့ ပြန်သွားပြီးနောက် ကျောင်းသားများစွာက သူတို့ကို ဝိုင်းရံပြီး အတန်းပိုင်က ဘာကြောင့် အပြင်ထွက်ခိုင်းတာလဲဟု မေးသည်။

လဝက်ခန့် အတူစာသင်ပြီးနောက် ချူးဖေ့ဟန်နှင့် ခယ့်လီလီ အကြား ပဋိပက္ခကို လူတိုင်း သိရှိခဲ့ကြပြီးဖြစ်သောကြောင့် အပြင်ထွက်လာရနါ ဆိုသောအခါ အတန်းပိုင်က ၎င်းတို့ကြားတွင် ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ကို သိရှိခဲ့ရသည်။

ခယ့်လီလီ၏ စရိုက်ကို လူအများက မကြိုက်ကြသော်လည်း သူမ၏ဖခင်သည် ပီဂက်စ်အင်တာတိန်းမန့်၏ ဒုတိယဥက္ကဌဖြစ်သဖြင့် ရွေးချယ်ခံရရန်မျှော်လင့်ချက်ဖြင့် ကျောင်းသားများစွာက သူ့ထံမှ မျက်နှာသာရရန် ကြိုးစားခဲ့ကြသည်။

အခုအချိန်မှာ ဖျော်ဖြေရေးနယ်ပယ်မှာ ရာထူးရဖို့က အရမ်းခက်ခဲ၍ အဆက်အစပ်မရှိဘဲ အလုပ်ရဖို့ အရမ်းခက်ခဲပေသည်။

သူတို့အတန်းပိုင်က ချူးဖေ့ဟန်နဲ့ ခယ့်လီလီကို အပြင်ထွက်ခိုင်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ချူးဖေ့ဟန်နဲ့ ခယ့်လီလီ နှစ်ယောက်လုံးက ဘာမှ မစိုးရိမ်ရတဲ့အတွက် သူတို့မေးတာကို ရပ်လိုက်ကြသည်။ တကယ်တော့ ထုတ်မပြောရင်တောင် သူတို့ရဲ့ ပဋိပက္ခကြောင့် ဖြစ်မယ်ဆိုတာ သိပေသည်။

ထို့နောက် ချူးဖေ့ဟန်သည် ၎င်းတို့၏ WeChat အဖွဲ့တွင် သူမ၏ သူငယ်ချင်းများနှင့် သတင်းများကို မျှဝေခဲ့သည်။

သူမ၏ သူငယ်ချင်းများအားလုံးသည် ဌာနမှူးသည် သာ၍အာဏာရှိသူများကိုသာ ဘက်လိုက်သော လူယုတ်မာတစ်ဦးဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၆၄ အဲ့တာက ရှင်နဲ့ မဆိုင်ပါဘူး

ကျိုးရန်ယွီသည်လည်း ထိုနေ့မနက်တွင် မနေ့ညက အကြောင်းကို သူ့ခေါင်းဆောင်ဆီ အစီရင်ခံတင်ပြပြီး ကုနင်းရိုက်ကူးထားသော ဗီဒီယိုနှင့် သံသယရှိသူများကို စစ်ဆေးမေးမြန်းခြင်းမှ အစီရင်ခံစာကို ခေါင်းဆောင်အား ပြသခဲ့သည်။

ဤရာဇ၀တ်မှုသည် ချူလန်နှင့် ပတ်သက်မှု ရှိ၊ မရှိ၊ အချို့က ချူလန် ပါဝင်သည်ဟု ယူဆကြပြီး အချို့က ချူလန်ကို ဂွင်ဆင်ထားသည်ဟု ယူဆကြသည်။ ဘာပဲဖြစ်ဖြစ် သံသယရှိသူတွေဟာ ချူလန်နဲ့ ဘာမှမဆိုင်ဘူးလို့ နောက်ဆုံးပြောလာတဲ့အတွက် ရဲတွေက သူ့ကို ဖမ်းဆီးမည် မဟုတ်ပေ။

ဘာပဲပြောပြော ရာဇ၀တ်သားတွေကို ဖမ်းမိပြီးသားဆိုတော့ အမှုကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။ ထို့ကြောင့် အဆိုပါ ရာဇ၀တ်သားများကို တရားရုံးသို့ လွှဲအပ်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးရလဒ်ထွက်လာဖို့ အချိန်ယူရပါလိမ့်မည်။

…

နေ့လည် စာသင်ချိန်ပြီးသောအခါ ကုနင်းတစ်ယောက်တည်း ကန်တင်းသို့သွားခဲ့သည်။ သူမသည် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့မှ မတူညီသောဌာနတစ်ခုတွင် ပညာသင်ခဲ့သောကြောင့်၊ ၎င်းတို့၏ စာသင်ခန်းများသည် မတူညီသော သင်ကြားရေးအဆောက်အအုံတွင်ရှိကြပြီး ကန်တင်းတွင်သာ အတူတကွ ထမင်းစားနိုင်ကြသည်။

ကုနင်းသည် စီးပွားရေးဌာနမှ ကျောင်းသားတစ်ဦးဖြစ်သောကြောင့် သင်ကြားရေးအဆောက်အအုံအောက်တွင် ချူဟန်ကျောင်းနှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည်။

ချူဟန်ကျောင်းသည် ကုနင်းကိုမြင်ရသည်ကို မကြိုက်သော်လည်း သူ့အစ်ကိုကြီး၏ တိုက်တွန်းချက်ကို တွေးပြီးနောက် ကုနင်းနှင့် နောက်ထပ် ရန်မဖြစ်ရဲတော့ပေ။

ကုနင်းသည် ချူဟန်ကျောင်းကို မြင်သောအခါတွင် သူမသည် အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် အပြုံးအတုကို ဆင်မြန်းထားရာ ချူဟန်ကျောင်း သည် အတော်လေး စိတ်မသက်မသာဖြစ်ပြီး ထိတ်လန့်သွားမိသည်။

မနေ့က ဖြစ်ပျက်ခဲ့တာတွေက သူမနဲ့ ပတ်သတ်တယ်ဆိုတာ ကုနင်းသိတယ်လို့ နဂိုက မထင်ခဲ့မိပေမယ့် အခု ကုနင်းက ဒါကို သိ‌နေသလို ခံစားလိုက်ရသည်။

ကုနင်းသည် အလွန်သြဇာကြီးသူဖြစ်ကြောင်း သူမ၏အစ်ကိုဖြစ်သူက ပြောပြခဲ့ပြီး၊ ထို့ကြောင့် ချူဟန်ကျောင်းသည် ယမန်နေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တွင် သူမပါဝင်ခဲ့သည်ကို ကုနင်းမှ သိရှိသွားပြီး ပြန်ပေးဆပ်ခိုင်းမလားဟု စိုးရိမ်မိသည်။ ဒါကိုတွေးမိပြီး ချူဟန်ကျောင်းက ချက်ချင်းလှည့်ထွက်သွားသည်။

ကုနင်းက သူမဆီ အမြန် လျှောက်သွားပြီး ငြင်သာစွာပြောလိုက်သည်။ “ဘယ်သူ့မှ မသိစေချင်ရင် ဘယ်တော့မှ မလုပ်နဲ့လေ။ ချူဟန်ကျောင်း မင်းတစ်နေ့လုပ်ခဲ့သမျှအတွက် မကြာခင် ပြန်ပေးဆပ်ရလိမ့်မယ်”

ထိုစကားကိုကြားတော့ ချူဟန်ကျောင်းက ကြောက်ရွံ့ပြီး တစ်စက္ကန့်မျှ တုန်လှုပ်ကာ ရပ်တန့်လိုက်မိသည်။

ကုနင်းရဲ့ စကားတွေက ချူဟန်ကျောင်းဟာ မနေ့က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်နေတာ သူမသိကြောင်း ပြသနေသည်။

အဲဒီနောက် ကုနင်းက ချူဟန်ကျောင်းကို ထားခဲ့လိုက်သည်။

ကုနင်းထွက်သွားတာကိုမြင်တော့ ချူဟန်ကျောင်းက ခြိမ်းခြောက်ခံရတာကို ဒေါသထွက်သလို ခံစားခဲ့ရပေမယ့် တစ်ချိန်တည်းမှာပဲ ကြောက်လန့်နေမိသည်။

ဒါပေမယ့် ကုနင်းက သူမကို ပြန်ပေးဆပ်ဖို့ တကယ်လုပ်မှာလား။ သူမ ယုံကြည်ဖို့ ငြင်းဆန်နေမိသည်။

ချူဟန်ကျောင်း သည် ကုနင်းသည် သူမအား အမှန်တကယ် တစ်ခုခုလုပ်ပေးမည်ဟု မယုံသော်လည်း စိတ်ပူနေ၏။

ထို့ကြောင့် ချူဟန်ကျောင်းသည် ကန်တင်းသို့သွား၍ ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင်နှင့်အတူ ထမင်းစားသောအခါတွင် သူမသည် အစာစားချင်စိတ် ပျောက်ပြီး အစားအသောက်ကို လုံးဝမနှစ်သက်ခဲ့ပေ။

"ကျောင်းကျောင်း ဘာဖြစ်နေတာလဲ။ မနေ့က ကိစ္စကြောင့် စိတ်ဆိုးနေသေးတာလား” ခဲ့ချင်ချင်က စိုးရိမ်စိတ်ဖြင့် မေးသည်။

"အင်း" ချူဟန်ကျောင်းက သက်ပြင်းချလိုက်ပြီး ကုနင်းနဲ့ စောစောနက တွေ့ခဲ့တာကြောင့် စိတ်ပူနေမိကြောင်း သူတို့ကို ပြောပြလိုက်သည်။

ထိုစကားကိုကြားတော့ ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင် နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ ခဲ့ချင်ချင်က "မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စမှာ မင်းပါ‌နေတာကို ကုနင်းသိသွားတယ်လို့ ဆိုလိုတာလား"

“ဟုတ်လောက်တယ်။ ဒါပေမယ့် သူက မင်းကို ဘာမှလုပ်ရဲမယ်မထင်ဘူး။ သူဘယ်လောက်ပဲ သြဇာညောင်းပါစေ ချူမိသားစုနဲ့ မယှဉ်နိုင်ပါဘူး” လို့ ယွမ်ရှူးယန်က ဆိုသည်။ ခြုံပြောရရင် ယွမ်ရှူးယန်ဟာ သူတို့ရဲ့ မိသားစုနောက်ခံအပေါ် ယုံကြည်မှုလွန်ကဲလွန်းသည်။

အဘယ်ကြောင့်ဆိုသော် သာမာန်လူများသည် အာဏာရှိသူများကို ဆန့်ကျင်ရန် မဝံ့ရဲကြသောကြောင့် ထိုအကြောင်းပြချက်နဲ့ သူမတွင် ယခုလိုခံစားချက်ရှိခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် သာမာန်လူမဟုတ်သောကြောင့် သူမကြောက်စရာဘာမှမရှိပါ။

"အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်!" ချူဟန်ကျောင်းသည် တူညီသောအကြံအစည်ရှိသော်လည်း သူမသည် စိတ်မပူ၍မနေနိုင်ပေ၊ အကြောင်းမှာ ကုနင်း သည် သူမလုပ်ခဲ့သည့်အရာအတွက် ပေးဆပ်မည့်‌နေ့ မကြာခင်ရောက်လာမည်ဟုဟု မျက်နှာချင်းဆိုင်ပြောခဲ့သောကြောင့်ဖြစ်သည်။

ရုတ်တရက် ချူဟန်ကျောင်းသည် သူတို့နှင့် မနီးမဝေးတွင် ထိုင်နေသော ကုနင်းကို မြင်လိုက်ရပြီး ချက်ခြင်း စိတ်မသက်မသာဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ?"

ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင် နှစ်ဦးစလုံးသည် သူမ၏အမူအရာပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူမ၏အကြည့်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် ကုနင်းကိုတွေ့တော့ ယွမ်ရှူးယန်လည်း စိတ်မချမ်းသာဖြစ်သွားသည်။

ယွမ်ရှူးယန်နှင့် ချူဟန်ကျောင်းသည် ကုနင်းနှင့် အငြင်းပွားမှုမျှရှိသော်လည်း ခဲ့ချင်ချင်ကတော့ မရှိပါ။ ထို့ကြောင့် ကုနင်းကိုတွေ့သောအခါ သူမ တည်ငြိမ်နေဆဲပင်။

“အင်း ရန်သူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ကိုတွေ့လိုက်ရမှ” ခဲ့ချင်ချင်က တိုးတိုးလေးပြောသည်။

ကုနင်းကိုတွေ့ရတာ သူတို့စိတ်ညစ်ငြူး၍ သူတို့မျက်လုံးတွေကို ချက်ချင်းပဲ သူမဆီကနေ ခွာပစ်လိုက်သည်။ ကံမကောင်းစွာပဲ၊ ဒီအချိန်မှာပဲ ရုန်ကျဲ့ချန်က အခြားကျောင်းသား သုံးယောက်နဲ့အတူ ကုနင်းဆီကို လျှောက်သွားနေတာကို တွေ့လိုက်ရသည်။

ယွမ်ရှူးယန်နှင့် သူမ၏သူငယ်ချင်းများသည် ကုနင်းကိုမြင်သောအခါ ရုန်ကျဲ့ချန်၏မျက်နှာပေါ်တွင် သိသာထင်ရှားသောပျော်ရွှင်မှုကို သတိပြုမိခဲ့သည်။

တခဏချင်းမှာပဲ ယွမ်ရှူးယန်က ပိုလို့တောင် မနာလိုဖြစ်လာပြီး သူမရဲ့ လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုတ်ထားလိုက်မိသည်။

"စီနီယာရုန်က ကုနင်းဆီသွားနေတယ်!" ချူဟန်ကျောင်းက ယွမ်ရှူးယန်အတွက် စိတ်အနှောင့်အယှက်ဖြစ်သလိုလုပ်နေပေမယ့် တကယ်တမ်းတော့ သူမလည်း စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။

ရုန်ကျဲ့ချန်နှင့် အခြားကျောင်းသား သုံးယောက်သည် ကုနင်း၏ စားပွဲဆီသို့ လျှောက်သွားပြီး သူမအား အားတက်သရော နှုတ်ဆက်သည်။ "တိုက်ဆိုင်လိုက်တာ ကုနင်း!"

ရုန်ကျဲ့ချန်သည် ကုနင်းကိုတွေ့၍ စိတ်လှုပ်ရှားနေသောကြောင့် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်ကိုပင် လျစ်လျူရှုခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့လည်း စိတ်မ၀င်စားပါ။ သူက သူတို့ကို နှုတ်မဆက်တဲ့အတွက် သူတို့လည်း ဘာမှ ပြန်မပြောပေ။

"ဟိုင်း စီနီယာရုန်" ကုနင်းက တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်ပြီး ထမင်းဆက်စားသည်။

ရုန်ကျဲ့ချန်က တစ်ခုခုမှားတယ်လို့ မထင်ပေမယ့် သူ့သူငယ်ချင်းတွေက ကုနင်းရဲ့ သဘောထားကို မကျေနပ်ကြပေ။

ကုနင်းသည် ချမ်းသာပြီး ထူးချွန်ကြောင်း သူတို့သိသော်လည်း သူမသည် ရုန်ကျဲ့ချန်နှင့် လုံးဝ မယှဉ်နိုင်ပါ။ ရုန်ကျဲ့ချန်ကို ဒီလိုဆက်ဆံဖို့ သူမ ဘယ်လိုတောင် သတ္တိရှိရတာလဲ။

ထို့ကြောင့် ကုနင်း၏ သဘောထားကို မကြိုက်သော ကောင်လေးတစ်ယောက်က "ကုနင်းမင်း အောင်မြင်တယ်ဆိုတိုင်း တခြားလူတွေထက် မင်းကိုယ်မင်းပိုသာတယ်လို့ ထင်နေတာလား။ ကျဲ့ချန်က မင်းကို အရမ်းကြင်ကြင်နာနာ နှုတ်ဆက်ခဲ့တယ်။ အဲ့တာကို မင်းရဲ့အေးစက်တဲ့ သဘောထားကို ကြည့်စမ်း!”

"ချွမ်းရွှမ်၊ မင်းရဲ့စကားတွေကို ဂရုစိုက်ပြော!" ရုန်ကျဲ့ချန်က ချက်ချင်း သူ့ကို လှမ်းကြည့်သည်။ ကုနင်းစိတ်ဆိုးသွားမှာဆိုး၍ ချက်ချင်းရှင်းပြသည်။ "ကုနင်း ကိုယ်တောင်းပန်ပါတယ် ကိုယ့်သူငယ်ချင်းပြောချင်တာ အဲ့လိုမဟုတ်ပါဘူး"

"သူက တမင်ရည်ရွယ်ချက်ရှိရှိပြောတာကို ရှင်လည်းသိပါတယ်!" ကုနင်းက မကျေမနပ်ဖြစ်သွားသည်။ သူမသည် ရုန်ကျဲ့ချန်နှင့် ဝေ့ချွမ်းရွှမ်အား အေးဆေးစွာ တစ်ချက်ကြည့်လိုက်သည်။ “ကျွန်မရဲ့ အောင်မြင်မှုတွေနဲ့ စိတ်နေသဘောထားက ကျွန်မကိစ္စပါ။ ရှင်နဲ့ဆိုင်တယ်ထင်ရအောင် ရှင်ကိုယ်ရှင် ဘာထင်နေလို့လဲ?" သူမက သူ့ကို မေးခွန်းထုတ်သည်။

ကုနင်းသည် ဝေ့ချွမ်းရွှမ် ပြောချင်သည့် အဓိပ္ပါယ်ကို ကောင်းစွာနားလည်သည်။ ရုန်ကျဲ့ချန် သည် ခိုင်ခံ့သောမိသားစုရှိ‌ေသာ်လည်း သူမမှာတော့ မည်သူမှမရှိဟု သူ ရိုးရိုးရှင်းရှင်း တွေးခဲ့သည်။

တကယ်တော့ အားကောင်းတဲ့မိသားစုမှာ မွေးဖွားလာတဲ့ ကလေးတွေဟာ ကိုယ့်ဘာသာကိုယ် အရာရာတိုင်းကို တတ်မြောက်သူတွေထက် ပိုထူးချွန်တယ်လို့ တကယ်ယုံကြည်ကြသည်။

ဤလက်တွေ့မကျသောလူ့အဖွဲ့အစည်းမှာ အင်အားကြီးသောမိသားစုများမှလူများသည် အမှန်တကယ်ပင် အခြားသူများထက် ရာထူးကြီးမြင့်မှုကို နှစ်သက်ကြပြီး မရေမတွက်နိုင်သောလူများ၏ လေးစားကြည်ညိုမှုကိုလည်း အလွယ်တကူရရှိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ကုနင်းကတော့ ခြွင်းချက်ဖြစ်ပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၆၅ ကုနင်းက ဂုဏ်မြောက်လွန်းတယ်

“မင်း…” ဝေ့ချွမ်းရွှမ်က စိတ်တိုသွားပြီး ကုနင်းအား မာနကြီးလွန်းသည်ဟု သူထင်သောကြောင့် သူမပြောတာကို လက်မခံချင်ပေ။ သို့သော် ကုနင်း၏ အေးစက်သောအကြည့်ကြောင့် သူ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ ကုနင်း၏ မာနကို သူ မကြိုက်သော်လည်း သူမတွင် ပါဝါရှိနေကြောင်း ဝန်ခံရမည်။

"ကုနင်းတောင်းပန်ပါတယ်၊ မင်း ဒါကို အလေးအနက်မထားဖို့ ငါတကယ်မျှော်လင့်ပါတယ်" ရုန်ကျဲ့ချန်က ကုနင်းကို ထပ်ပြီး တောင်းပန်ခဲ့သည်။

"ကျဲ့ချန်၊ မင်း..." ဝေ့ချွမ်းရွှမ်သည် ရုန်ကျဲ့ချန်က ကုနင်းကို တောင်းပန်တာကို မြင်တော့ တော်တော် စိတ်မသက်မသာ ခံစားရသည်။ သူ့လူမှုအဆင့်အတန်းအရ ကုနင်းကို မတောင်းပန်သင့်ဟု သူခံစားမိသည်။

တကယ်တော့ သူသာ ကုနင်းကို မပြောခဲ့ဘူးဆိုရင် ရုန်ကျဲ့ချန်က ကုနင်းကို နှစ်ကြိမ်တိုင်တိုင် တောင်းပန်မှာ မဟုတ်‌ပေ။ ဒါကြောင့် သူ့မှာ အပြစ်ရှိသလို ခံစားရသည်။

သူလုပ်ခဲ့တာ အပြစ်ရှိတယ်လို့ ခံစားလာလေလေ ကုနင်းကို ပိုမုန်းလေလေပါပဲ။

“စီနီယာရုန်၊ ရှင် ကျွန်မကို တောင်းပန်စရာ မလိုပါဘူး။ အဲဒါ ရှင်အပြစ်မဟုတ်ဘူး။ ကောင်းပြီ၊ ကျွန်မတို့စားပြီးပြီ အခုသွားတော့မယ်" ဟု ကုနင်းက စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ထွက်သွား‌တော့မည်ဟုပြောကာ မတ်တပ်ထရပ်လိုက်သည်။

စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ် နှစ်ယောက်လုံး ထမင်းစား၍ မပြီး‌သေးသော်လည်း ပြီးလုနီးပါးဖြစ်နေပြီ။ ကုနင်းကမတ်တပ်ရပ်လိုက်ကတည်းက သူတို့သည် သဘာဝအတိုင်း သူမနှင့်အတူ ထွက်ခွာသွားရမည်။

သူတို့လည်း ဝေ့ချွမ်းရွှမ်ကို သဘောမကျကြဘဲ သူ့ကြောင့် အစာစားချင်စိတ် ပျောက်ကုန်ကြသည်။

ထို့နောက် အတူတူ ထွက်ခွာသွားကြသည်။

"ကျဲ့ချန်၊ ကုနင်းက အရမ်းဂုဏ်‌မြောက်လွန်းတယ်" ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ထွက်သွားပြီးတာနဲ့ ဝေ့ချွမ်းရွှမ်က မကျေမနပ်နဲ့ ညည်းညူခဲ့ပါတယ်။ ရုန်ကျဲ့ချန်က ကုနင်းအပေါ် ကောင်းမွန်သော သဘောထားရှိကြောင်း သူသိသောကြောင့် ကုနင်းသည် ထိုအရာကိုဂုဏ်ယူသင့်သည်ဟု သူယုံကြည်ခဲ့သည်။

"အင်း၊ ငါကုနင်း နဲ့ လုံးဝ မရင်းနှီးဘူး။ သူက ငါနဲ့ အေးအေးဆေးဆေးနေတာ သာမာန်ပဲ။ မင်း သူ့ကို ဒီလို မပြောသင့်ဘူး၊ အခု ငါ့မိသားစု နောက်ခံကြောင့် ဂုဏ်‌မြောက်လွန်းတယ်လို့ သူထင်သွားလိမ့်မယ်” ဟု ရုန်ကျဲ့ချန် က မကျေမနပ်ဖြစ်ကာ ပြောခဲ့သည်။

ကုနင်း၏ သဘောထားကို မှားသည်ဟု သူမထင်ခဲ့ပေ။ ယင်းအစား သူမ၏ စိတ်သဘောထားကြောင့် သူမသည် အထူးမိန်းကလေးတစ်ဦးဖြစ်ကြောင်း သူယုံကြည်ခဲ့သည်။ တကယ်တော့ သူက သူ့ကို သဘောကျအောင် ကြိုးစားတဲ့ မိန်းကလေးတွေကို မကြိုက်ပေ။

ရုန်ကျဲ့ချန်က ဒီလိုပြောပြီးကတည်းက ဝေ့ချွမ်းရွှမ်က သူအမှားလုပ်မိကြောင်း သိလိုက်ပေမယ့် သူ့စကားကို ပြန်ရုပ်သိမ်းဖို့ အချိန်နှောင်းသွားပါပြီ။

ယွမ်ရှူးယန်က သူတို့ကို အာရုံစိုက်နေပေမယ့် သူတို့ပြောနေတာကို မကြားရပေ။ သို့သော်လည်း ကုနင်းနှင့် ရုန်ကျဲ့ချန်သည် အချိန်အတော်ကြာ စကားပြောဆိုနေ၍ ကုနင်းကို မနာလိုဖြစ်မိသည်။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာသွားပြီးနောက် စုန့်မြောင်ကောကလည်း ညည်းညူခဲ့သည်။ "ဒီကောင်လေးက သိပ်အမြင်ကပ်စရာကောင်းတာပဲ! ရုန်ကျဲ့ချန်အပေါ် မင်းရဲ့ သဘောထားက သူနဲ့ ဘာမှမဆိုင်ဘူး။ သူ မင်းကို ဒီလို မပြောသင့်ဘူး"

“အင်း ရုန်ကျဲ့ချန်က ငါတို့ကျောင်းက မိန်းကလေးတွေကြားမှာ အတော်လေး ရေပန်းစားပေမယ့် မိန်းကလေးတိုင်းက သူ့အပေါ် အထင်ကြီးလေးစားမှု ရှိကြတာ မဟုတ်ဘူး” ဟု စုန့်မြောင်ကောက ဆိုသည်။ ရုန်ကျဲ့ချန်သည် ကုနင်းကို အလွန်ကောင်းမွန်သော သဘောထားရှိကြောင်းကို သူမမြင်ရပြီး ကုနင်းသည် ရုန်ကျဲ့ချန်ကို လုံးဝ မ‌တွေ့ချင်ကြောင်းလည်း သူမ မြင်နိုင်သည်။

"ကုနင်းမှာ ရည်းစားရှိလို့ သူတို့ ဘယ်လောက်ပဲ ချောမောနေပါစေ တခြားကောင်လေးတွေကို ဂရုစိုက်မှာ မဟုတ်ဘူး" ဟု စုန့်မြောင်ကော က ဆိုသည်။

"ဟုတ်တယ် ကုနင်းရဲ့ ချစ်သူကို မတွေ့ဖူးသေးပေမယ့် သူက အရမ်းထူးချွန်ရမယ်လို့ ငါတော့ယုံကြည်တယ်" ဟု ပိုင်လီကျုံးရွှယ် က ပြောကြားခဲ့သည်။

ကုနင်း၏ ချစ်သူသည် စစ်သားဖြစ်သည်ကို သူတို့နှစ်ယောက်လုံး သိကြသည်။ အသက် ၂၅ နှစ်အရွယ် စစ်သားတစ်ဦးသည် ရာထူးကြီးမြင့်သည်ဟု မထင်ထားသော်လည်း မိသားစုနောက်ခံကောင်းဖြင့် အလွန်ထူးချွန်သူဖြစ်သင့်သည်။ မဟုတ်လျှင် ကုနင်းနဲ့ မထိုက်တန်ပါ။

လင်ရှောင်းထင်ကို ချီးမွမ်းနေသော စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့စကားကို ကြားပြီး ကုနင်းပြုံးလိုက်သည်။

ရုတ်တရက် စုန့်မြောင်ကောက ကုနင်းကို "ကုနင်း မင်း ဘာလို့ မင်းရည်းစားဓာတ်ပုံတွေကို ငါတို့ကို မပြတာလဲ"

"ဟုတ်တယ်! စိတ်မပူပါနဲ့၊ ငါတို့မှာ မကောင်းတဲ့ အကြံဉာဏ်တွေ ရှိလာမှာ မဟုတ်ပါဘူး” ဟု ပိုင်လီကျုံးရွှယ်က ပြောကြားခဲ့သည်။ သူမလည်း ကုနင်းရဲ့ ချစ်သူ အသွင်အပြင်ကို သိချင်နေခဲ့သည်။

ကုနင်းသည် လင်ရှောင်းထင်၏ ဓာတ်ပုံများကို ပြသရမည်ဆိုလည်း စိတ်ထဲမထားသလို သူတို့ဆီမှာ ခိုးယူရန် အကြံအစည်ဆိုးများ ရှိမည်ကိုလည်း သူမ မစိုးရိမ်ခဲ့ပေ။ အသုံးမဝင်ကြောင်း သူမသိသည်။ ထို့အပြင် ရည်းစားဖြစ်သူကို ခိုးယူရန် စိတ်ကူးရှိလျှင် သူမသည် ၎င်းတို့နှင့် သူငယ်ချင်းဖြစ်တော့မည်မဟုတ်ပေ။

ကုနင်းတစ်ခုခုပြောခါနီးမှာ လင်ရှောက်ရှီရဲ့အသံကို နောက်ကျောကနေ ကြားလိုက်ရသည်။ "ကုနင်း!"

ကုနင်းရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။

လင်ရှောက်ရှီ နဲ့ ကောင်မလေးတစ်ယောက် သူ့ဆီ လျှောက်လာသည်။

"ဟိုင်း ရှောက်ရှီ" ကုနင်းက နှုတ်ဆက်သည်။

"ဟိုင်း စီနီယာလင်"

"တွေ့ရတာဝမ်းသာပါတယ်" လင်ရှောက်ရှီက ပြန်နှုတ်ဆက်ပြီး ကုနင်းကိုကြည့်လိုက်သည်။ "ကုနင်း မင်း ရုန်ကျဲ့ချန်နဲ့ ရင်းနှီးလား"

သူမကို မေးခွန်းထုတ်တာမဟုတ်ပဲ ရိုးရိုးရှင်းရှင်းပဲ မေးကြည့်ရုံပါ။ တစ်ချိန်တည်းမှာပင် လင်ရှောက်ရှီ၏ မျက်လုံးထဲတွင် စိုးရိမ်မှု အနည်းငယ် ရှိနေသည်။ ရုန်ကျဲ့ချန်သည် ရုန်မိသားစုမှဖြစ်ပြီး ကုနင်းက သူနှင့်ရင်းနှီးသောဆက်ဆံရေးရှိနေမည်ကို သူမကြောက်ရွံ့ခဲ့သည်။

ကုနင်းက ရုန်ကျဲ့ချန်နဲ့ အခုလေးတင် စကားပြောနေတာတွေ့၍ ကုနင်းအားအဲဒီအကြောင်း မေးချင်မိသည်။

တစ်ယောက်နဲ့တစ်ယောက် ကျောင်းနေဖက်တွေဖြစ်၍ အချိန်ဖြုန်းနိုင်ပါသည်။ ဒါပေမယ့် နီးကပ်လွန်းရင်လည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မည်။

“ငါတို့က မရင်းနှီးပါဘူး။ အေးဆေးပါ သူက ရုန်မိသားစုထဲက တစ်ယောက်ဆိုတာ ငါသိပါတယ်။ ငါ သူနဲ့ နီးစပ်မှာ မဟုတ်ဘူး" ကုနင်းသည် လင်ရှောက်ရှီ၏ စိုးရိမ်ပူပန်မှုများကို သိသောကြောင့် သူမအား နှစ်သိမ့်ပေးခဲ့သည်။

အဲဒါကိုကြားတော့ လင်ရှောက်ရှီက ပိုသက်တောင့်သက်သာဖြစ်သွားသည်။ "ဒီလိုသိရတာ ဝမ်းသာပါတယ်။ သြော် ဒီအပတ် အားလား။ မင်းအန်တီယွင်ယောင်နဲ့ အဘိုးကို တွေ့ဖို့ အိမ်ပြန်ပါအုံးလား။ မင်းအကြောင်းအမြဲပြောနေကြတာ"

ထိုစကားကိုကြားတော့ စုန့်မြောင်ကော အံ့သြသွားသည်။ ကုနင်းသည် လင်ရှောက်ရှီ ကို သိရုံမျှမက လင်မိသားစုကိုလည်း သိပုံရသည်။ ကုနင်းဟာ လင်မိသားစုရဲ့ ဆွေမျိုးများလား။

"အချိန်ရရင် ငါလိုက်ခဲ့မယ်လေ" ဟု ကုနင်းက ပြောသည်။

“ကောင်းပြီ။ ဒါဆို မင်းရဲ့အချိန်တွေကို ငါမဖြုန်းတော့ဘူး။ အိုး၊ မင်းကို အနိုင်ကျင့်ဖို့ သတ္တိရှိရင် သူတို့ကို ပြန်‌ပေးဆပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ မင်းမှာ အဘိုးရဲ့ ပံ့ပိုးမှု ရှိတယ်” လို့ လင်ရှောက်ရှီက ပြောသည်။ ယွမ်ရှူးယန်နှင့် ချူဟန်ကျောင်းသည် ကုနင်းအား ထိုသို့ ဆက်ဆံခဲ့သောကြောင့် ကုနင်းသည် မိသားစုနောက်ခံတွင် အားနည်းချက်ဖြစ်မည်ကို လင်ရှောက်ရှီ က စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူမသည် ကုနင်းအား လင်မိသားစု၏ ပံ့ပိုးကူညီမှု ရှိကြောင်း သတိပေးခဲ့သည်။

"ငါသိပါပြီ" ဟုကုနင်းက နွေးထွေးစွာ ပြောသည်။

ထို့နောက် လင်ရှောက်ရှီသည် သူမ၏ သူငယ်ချင်းများနှင့်အတူ ထွက်ခွာသွား‌ေတာ့သည်။

လင်ရှောက်ရှီ မရှိတော့တာနဲ့ စုန့်မြောင်ကော က "ကုနင်းမင်းက လင်မိသားစုရဲ့ ဆွေမျိုး‌တော်တာလား။"

"မဟုတ်ပါဘူး" ကုနင်းကပြောသည်။

"ဒါဆို မင်းနဲ့ ဆက်ဆံရေးက ဘာလဲ" စုန့်မြောင်ကောက မေးသည်။ ကုနင်းကို လင်မိသားစုနဲ့ ဆက်ဆံရေးမရှိဘူးဆိုတာကို သူမ မယုံခဲ့ပါ။

"ငါမင်းကိုပြောရင် ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်" ဟု ကုနင်းက ဆိုသည်။ အဲဒီအကြောင်း မေးလာတဲ့အတွက် လျှို့ဝှက်မထားသင့်တော့ပေ။ အရေးကြီးဆုံးမှာ စုန့်မိသားစုသည် လင်မိသားစု၏ ဂိုဏ်းခွဲတွင် ရှိပြီး ပိုင်လီကျုံးရွှယ်သည် သေမျိုးမဟုတ်သောကြောင့် သူတို့ သိထားလျှင် ကြီးကြီးမားမား ဖြစ်မည်မဟုတ်ပေ။

"ဟုတ်ပြီ၊ ငါတို့ ဘယ်သူ့ကိုမှ မပြောဘူး။" စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့က တစ်ချိန်တည်းတွင် ကတိပြုခဲ့ကြသည်။

ပိုင်လီကျုံးရွှယ်သည် လင်မိသားစုအကြောင်းကို မသိခဲ့ရသော်လည်း ကုနင်းက သူတို့ကို အခြားမည်သူ့ကိုမျှ မပြောရန် ပြောထားသောကြောင့် လျှို့ဝှက်ထားမည်ဖြစ်သည်။

ပိုင်လီကျုံးရွှယ်သည် လင်မိသားစုကို သိလျှင်ပင် သူမသည် သေမျိုးများလောက် အံ့သြမည်မဟုတ်ပေ။

လူ့လောကတွင် မိသားစုတစ်စုသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ကျင့်ကြံရေးလောကနှင့် ယှဉ်နိုင်ရုံမျှသာဖြစ်သည်။

"လင်ရှောင်းထင်ကို သိတယ် မလား" ကုနင်းက စုန့်မြောင်ကောကို မေးသည်။

"သိတာပေါ့။ သူက သမိုင်းမှာ အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရှိတယ်လေ" စုန့်မြောင်ကောက ချက်ချင်းပင်ပြန်ဖြေလေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၁၈၆၆ မိသားစုလိုက်သတ်ဖြတ်မှု၏ နောက်ဆုံးရလဒ်

သူမ ဂုဏ်ယူမိသော လင်ရှောင်းထင်၏ ကြီးကျယ်သော အောင်မြင်မှုများကိုသာ တွေးမိသောကြောင့် ကုနင်းသည် သူနှင့် လင်ရှောင်းထင်၏ ဆက်ဆံရေးကြောင့် ထိုမေးခွန်းကို မေးသည်ကို သူမ နားမလည်ခဲ့ပါ။

"သူက ငါ့သတို့သားလောင်း (‌စေ့စပ်ထားတဲ့သူ)" ကုနင်းက ပြောသည်။

"ဘာ?"

ထိုစကားကိုကြားတော့ စုန့်မြောင်ကောက တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများပြူးကာ ကျယ်လောင်စွာအော်ကာ ပတ်ဝန်းကျင်မှ လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ စုန့်မြောင်ကောသည် သူမကိုယ်သူမ ထိန်းရန် သဘောပေါက်သွားသောကြောင့် သူမပါးစပ်ကို ချက်ချင်း အုပ်လိုက်ရသည်။

သို့သော် သူမ၏စကားများကို ပြန်ရုပ်သိမ်းရန် အချိန်နှောင်းသွားခဲ့သည်။ ကံကောင်းထောက်မစွာ အခြားလူများသည် အထူးအခြေနေဟု မမြင်ကြပဲ ဒီတိုင်းတစ်ချက်ကြည့့်ကာ ထွက်သွားကြသည်။

ပိုင်လီကျုံးရွှယ်လည်း အံ့သြသွားသည်။ သူမသည် လင်မိသားစုနှင့် လင်ရှောင်းထင် ကို မသိသော်လည်း ဗိုလ်ချုပ်ရာထူးက အဆင့်မြင့်သည်ကို သိသည်။

ထိုလူသည် ကုနင်း၏စေ့စပ်ထားသူဖြစ်သောကြောင့် အသက်မကြီးနိုင်ပေ။ သူသည် ငယ်ရွယ်စဉ်နဲ့ ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်မှာ မယုံနိုင်စရာပင်။

သူမကို ဘယ်သူမှ ဂရုမစိုက်တော့တဲ့အခါ စုန့်မြောင်ကောက ကုနင်းကို စိတ်လှုပ်ရှားစွာနဲ့ "ကုနင်း၊ ငါကြားတာမှန်တယ်မဟုတ်လား။ မင်းက လင်ရှောင်းထင်နဲ့ စေ့စပ်ထားတဲ့သူလား"

သူမရဲ့ အိုင်ဒေါဖြစ်တဲ့ မိန်းကလေးဟာ တကယ်တော့ သူမရဲ့တခြား အိုင်ဒေါနဲ့စေ့စပ်ထားသူဖြစ်ကြောင်း တွေ့ရှိရတာ အရမ်းစိတ်လှုပ်ရှားမိသည်။

စုန့်မြောင်ကောသည် လင်ရှောင်းထင်ကို ယခင်က မမြင်ဖူးသော်လည်း သူ၏အောင်မြင်မှုများအကြောင်းကို များစွာကြားသိခဲ့ရသောကြောင့် လင်ရှောင်းထင်ကို အလွန်သဘောကျခဲ့သည်။

“မင်းပြောတာ ဟုတ်တယ်။ ဒီနှစ်ထဲ စေ့စပ်ဖို့စီစဉ်ထားပေမယ့် အဘိုးရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က ငါတို့ကို တားတယ်။ သူက ဇာတာအကြောင်းအချို့ကို သိပြီး ငါတို့ရဲ့မွေးသက္ကရာဇ်နှင့် ဇာတာကို စစ်ဆေးဖို့ ကူညီပေးခဲ့တယ်။ ဒီနှစ်မှာ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကျင်းပဖို့ မသင့်တော်တဲ့အတွက် နောက်နှစ်ကို စောင့်ရမှာပါ” ဟု ကုနင်းမှ ပြောကြားခဲ့သည်။

“ဘုရားရေ! နင်က လင်ရှောင်းထင်ရဲ့ စေ့စပ်ထားသူဖြစ်တယ်ဆိုတာ ငါမယုံနိုင်ဘူး။ မယုံနိုင်စရာပဲ။ အင်း၊ မင်းနဲ့ လင်ရှောင်းထင်က မင်းနှစ်ယောက်လုံး အရမ်းထူးချွန်လို့ လိုက်ဖက်တယ်လို့ ငါထင်တယ်" လို့ စုန့်မြောင်ကောက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။

စုန့်မြောင်ကောရဲ့မျက်လုံးထဲမှာ အချစ်ရှိသရွေ့ မိသားစုနှစ်ခုရဲ့ လူမှုအဆင့်အတန်းကွာဟမှုက ပြဿနာရှိမှာမဟုတ်ပါ။ ကုနင်းဟာ လင်ရှောင်းထင်နဲ့ မထိုက်တန်ဘူးလို့ သူမမထင်ခဲ့ပါ။ ယင်းအစား သူတို့သည် ပြီးပြည့်စုံသော စုံတွဲတစ်တွဲဖြစ်သည်ဟု သူမယုံကြည်ခဲ့သည်။

သူများတွေသိရင် သူတို့မှာ မတူတဲ့ အယူအဆတွေ ရှိနိုင်သည်။ လူအများစု၏အမြင်တွင်၊ ကုနင်းသည် သူမ၏လက်ရှိလူမှုရေးအဆင့်အတန်းအရ လင်ရှောင်းထင်နှင့် မထိုက်တန်ပါ။

မည်မျှချမ်းသာသည်ဖြစ်စေ မည်မျှအောင်မြင်သည်ဖြစ်စေ သူမသည် စီးပွားရေးသမားတစ်ဦးမျှသာဖြစ်သည်။

ရှေးပဝေသဏီမှ ယနေ့အချိန်အထိ အရာရှိများသည် စီးပွားရေးသမားများထက် သာလွန်သူများဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် မည်မျှချမ်းသာသည်ဖြစ်စေ သူမသည် ထိုအာဏာရှိသူများထက် နိမ့်ကျသည်။

အမှန်တော့ အကယ်၍ အခြားသူများက ကုနင်းသည် Bမြို့ရှိ ထန်မိသားစု၏ မြေးဖြစ်သည်ကို အခြားသူများ သိရှိပါက ထန်မိသားစုသည် စီးပွားရေးနှင့် နိုင်ငံရေးတွင် အရေးပါသော ရာထူးကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့၏ အမြင်ကို ပြောင်းလဲသွားမည်ဖြစ်သည်။

စုန့်မြောင်ကော၏တုံ့ပြန်မှုသည် ကုနင်းကို ရယ်မောစေသော်လည်း သူမကို ချက်ချင်းတားလိုက်ရသည်။ “အင်း ငါတို့ ဒီအကြောင်းပြောနေတာ တော်သင့်ပြီ။ တခြားလူတွေကို မကြားစေချင်ဘူး"

"အင်း ငါပါးစပ်ပိတ်ထားမယ်" စုန့်မြောင်ကောက ချက်ချင်းပင် သူမပါးစပ်ကို ပိတ်လိုက်ရသည်။ သူတို့ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတာကြောင့် သူတို့ဆက်ပြောနေမယ်ဆိုရင် သူတို့ကြားနိုင်မှာပါ။

…

နှစ်ရက်ကြာပြီးနောက် ချူးဖေ့ဟန်သည် ခယ့်လီလီကြောင့် အပြစ်ဒဏ်မခံရပေ။ ခယ့်မိသားစုသည် ဒုက္ခရောက်အောင် ဆွဲသွင်းခံရမည်ကို အနည်းငယ်ကြောက်သည်။

ခယ့်လီလီသည် ဤရလဒ်ကို လက်ခံရန် ဆန္ဒမရှိသဖြင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း သူမ၏ဖခင်က ချူးဖေ့ဟန်နှင့် မနှောက်ယှက်ရန်ပြောသောကြောင့် သူမလည်း သည်းခံခဲ့ရသည်။

ဖုရုန်လျန်၏ မိသားစုအား သတ်ဖြတ်မှု အမှုကို ပြေလည်အောင် ဖြေရှင်းလိုက်ပြီဟု ဟိုင်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရို၏ တရားဝင် Weibo တွင် ထုတ်ပြန်ခဲ့ပြီး လူသတ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ဒီသတင်းထွက်လာပြီးတာနဲ့ အင်တာနက်မှာ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ ထို့ကြောင့် လူတိုင်းကရွှင်လန်းပြီး လူသတ်သမားများကို ကျိန်ဆဲကြသည်။

ဒါပေမယ့် Weibo မှာ တင်ထားတဲ့ ပို့စ်က ချူလန်ကို လုံးဝမဖော်ပြထားပါ။ ရဲများက သူ့ကို ကာကွယ်ရန် ရွေးချယ်ထားသည်မှာ ထင်ရှားသည်။

လူသတ်သမားခြောက်ဦး၏ လုပ်ရပ်နှင့်ပတ်သက်၍ ဟိုင်ချန်ခရိုင်ရဲများက ၎င်းတို့သည် ငွေလိုချင်၍ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ကုနင်းမှာသာ အထောက်အထားမရှိရင် ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ပေ။ သို့သော် သူမမှာ သက်သေရှိပြီးသားမို့ တစ်ခုခုလုပ်ရမည်ဟု တွေးနေမိသည်။ ဖုရုန်လျန်သည် အပြစ်ကင်းသည်။

ဟိုင်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုက Weibo မှာ သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ အခြား follower ၅ သိန်းရှိတဲ့ Weibo သြဇာလွှမ်းမိုးမှုရှိတဲ့ ‘အမှန်တရားသာ’ လို့ ခေါ်တဲ့ အကောင့်ကနေ ပို့စ်နှစ်ခု တင်ခဲ့သည်။

ကုနင်းရဲ့ အမိန့်အရ ဒီ Weibo အကောင့်ကို ကေက ဖန်တီးထားတာပါ။ အသစ်ဖြစ်တာကြောင့် Follower များများစားစားမရှိပေ။

အမှန်တရားသာ - ဖုရုန်လျန်မိသားစုလိုက်သတ်ဖြတ်ခြင်း၏ရလဒ်မှာ ဟိုင်ချန်းခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုဟာ ဖြစ်ရပ်ဆိုး၏နောက်ကွယ်က ထိန်းချုပ်သူရဲ့သက်သေအထောက်အထားများကိုဖုံးကွယ်ထားပါတယ်။ ချုပ်ကိုင်သူကို ဘာကြောင့် မဖော်ထုတ်တာလဲ။ ချုပ်ကိုင်သူက ဩဇာရှိသူဖြစ်တာကြောင့်လား။ တရားမျှတမှုရှိတယ်ဆိုရင် တရားဥပဒေအတိုင်း မဖြေရှင်းသင့်ဘူးလား။ @ဟိုက်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရို @မြို့တော် ပြည်သူ့လုံခြုံရေးဗျူရို @ချူအဖွဲ့အစည်း

၎င်းသည် မြို့တော်ရှိ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် မီဒီယာများစွာကို @(ဖော်ပြခဲ့သည်)။

ဟိုင်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုမှ တင်ထားသော ပို့စ်‌အောက်တွ် တင်လိုက်ခြင်းဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် ဒုတိယပို့စ်ကို ပေးပို့ခဲ့သည်။ တကယ်တော့ ဒုတိယတစ်ခု မထုတ်ခင်ကတည်းကညပထမတစ်ခုက အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသည်။ လူသတ်သမားများကို ဖမ်းမိခြင်း၏ ရလဒ်ကို လူအများက ဝမ်းမြောက်ဝမ်းသာ အားပေးနေကြသော်လည်း မကြာမီမှာပင် ၎င်းသည် ပြီးပြည့်စုံသော အမှန်တရားမဟုတ်ကြောင်း သိရှိလာကြသည်။

‘အမှန်တရားသာ’ သည် ကျော်ကြားမှုရရှိရန် လူထု၏ အာရုံစိုက်မှုပေါ်တွင်သာ အားကိုးအားထားပြုသော်လည်း အခြားသူများပြောရန် သတ္တိမရှိသော အမှန်တရားကို သတ္အမှန်တရားကို သတ္တိရှိရှိ‌ဖြင့် ပြောလာသောကြောင့် အင်တာနက်အသုံးပြုသူအများအပြားက ၎င်း၏ပို့စ်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။

မိသားစု သတ်ဖြတ်ခြင်းရဲ့ နောက်ကွယ်မှာ ချုပ်ကိုင်သူ ရှိတယ်ဆိုတာ သူတို့ စတင်ယုံကြည်လာကြသည်။

အဲဒီနောက်မှာတော့ သူတို့ဟာ ဘယ်သူဘယ်ဝါဆိုတာ အမှန်တရားကို ဆက်မေးကြသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့သည် နောက်ကွယ်ရှိ ရာဇ၀တ်သားအစစ်အမှန်ကို ကာကွယ်ရန် ရည်ရွယ်ခြင်းရှိ၊ မရှိ ဟိုင်ချန်း ခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုကိုလည်း မေးမြန်းခဲ့သည်။

အင်တာနက်အသုံးပြုသူအများအပြားသည် အစိုးရနှင့် မီဒီယာများ၏ တရားဝင် Weibo အကောင့်များကို @(ဖော်ပြခဲ့သည်)။ (မန်းရှင်းခဲ့သည်။)

ဒုတိယ Weibo ပို့စ်ကို မကြာမီပင် တင်ခဲ့သည်။

‘အမှန်တရားသာ’ - ဖုရုန်လျန် မိသားစု သတ်ဖြတ်မှု ရလဒ်နှင့်ပတ်သက်တဲ့ အသံဖိုင်ကို နားဆင်ကြပါ။ ဒါက @ဟိုင်ချန်း ခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုကို ပေးပို့ခဲ့တဲ့ အထောက်အထားပါ။ ဒါပေမယ့်လည်း နောက်ကွယ်မှ လူနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး @မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို @မြို့တော်တရားရုံး @ချူအဖွဲ့အစည်း

၎င်းသည် မြို့တော်ရှိ တရားရေးစနစ်နှင့် မီဒီယာများ၏ တရားဝင် Weibo အကောင့်များအားလုံးကို @(ဖော်ပြထားသည်)။ (မန်းရှင်းထားသည်)

သံသယရှိသူခြောက်ဦးအား စစ်ဆေးမေးမြန်းနေသည့် ကုနင်း၏ဗီဒီယိုကို ဒုတိယပို့စ်တွင် ပူးတွဲဖော်ပြခဲ့သည်။

ချူလန်သည် ဖုရုန်လျန် မိသားစုသတ်ဖြတ်မှုနောက်ကွယ်မှ ချုပ်ကိုင်သူဖြစ်ပြီး နယ်အိုက်ကျင်း သေဆုံးမှုကိုလည်း ဖြစ်ပေါ်စေကြောင်း လူများသိရှိလာသောအခါတွင် အင်တာနက်အသုံးပြုသူတိုင်းသည် ချူလန်ကို အဘယ်ကြောင့်ကာကွယ်ထားသနည်းဟု ဟိုင်ချန်းခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုအား ဝေဖန်ကြပြီး ၎င်းအား လာဘ်ထိုးခြင်းရှိမရှိ မေးမြန်းခဲ့ကြသည်။

ဖုရုန်လျန်မိသားစုသတ်ဖြတ်မှုနှင့် နယ်အိုက်ကျင်း၏ ကြေကွဲဖွယ်သေဆုံးမှုအတွက် ၎င်း၏တရားဝင် Weibo အကောင့်အောက်တွင် အင်တာနက်အသုံးပြုသူအများအပြားသည် ချူအဖွဲ့အစည်းကို စတင်တိုက်ခိုက်ခဲ့ကြသည်။

တရားစီရင်ရေးစနစ်နှင့် မီဒီယာများ၏ အဓိကတရားဝင် Weibo အကောင့်များအားလုံးသည်လည်း သတင်းကိုသိရှိပြီးသည်နှင့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သည်။

ချူအဖွဲ့အစည်း၏ ဥက္ကဌ ရုံးခန်းတွင် ချူလန်သည် ဖိုင်များကို ဖတ်လို့နေသည်။ သူ့အတွင်းရေးမှူးက အင်တာနက်က ဒီသတင်းကို သူ့ကို ပြလိုက်တဲ့အခါ မအံ့ဩမိပေမယ့် ချူလန်က မကျေမနပ်ဖြစ်သွားသည်။

နဂိုက အဲဒီအမျိုးသမီးကို ရှာပြီး ပိုက်ဆံနဲ့ ပါးစပ်ပိတ်ဖို့ ကြံစည်ခဲ့သည်။ ဒီဗီဒီယိုကို ထိုအမျိုးသမီးက မတင်လောက်ဘူးလို့ သူမျှော်လင့်ထားပေမယ့် စောင့်ကြည့်ကင်မရာတွေမှာ ဦးထုပ်နဲ့ မျက်နှာဖုံးပါတဲ့ အနက်ရောင် အမျိုးသမီးတစ်ဦးကိုပဲ သူမြင်တွေ့ရသည်။ သူ့မျက်နှာကို လုံးဝမမြင်ရတဲ့အတွက် သူမကို ဘယ်မှာရှာရမှန်း လုံး၀မသိခဲ့ပါ။

***

စာစဉ် ၁၁၅ ပြီး၏။

All Chapters