အခန်း (၁၈၆၇-၁၈၇၂)
Vol. 116 Ch. 1867-1872
အခန်း ၁၈၆၇ မကောင်းတဲ့မိသားစု
တကယ်တော့ ရဲတပ်ဖွဲ့ကတောင် တစ်နှစ်ခွဲကြာအောင် ထိုအဖြစ်မှန်ကို မရှာဖွေနိုင်ခဲ့တာဖြစ်လို့ ထိုအမျိုးသမီးက ဘာကြောင့် အမှန်တရားကို သိရှိသွားတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ပါပေ။ သူမသိတဲ့ အရာတစ်ခုခုဖြစ်ခဲ့တာ ဖြစ်နိုင်သည်။
လူခြောက်ယောက်က ဘယ်သူကမှ မသိဘဲ ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာဆိုတော့၊ ချူလန်က သူ့အတွက် မကောင်းမှုတွေ ဆက်လုပ်ဖို့ လိုအပ်သညိ။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်မှာကိုသာဆိုးရရင် ဟိုးအရင်ကတည်းက သူတို့ကို နိုင်ငံခြားကို နှင်ထုတ်ပစ်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် အမျိုးသမီးမှာ သက်သေရှိတာဖြစ်၍ သူမက အမှန်တရားကို သိရမည်။
"ဥက္ကဋ္ဌ အခု ဘာလုပ်သင့်လဲ" အတွင်းရေးမှူးက စိုးရိမ်တကြီးမေးသည်။
ချူလန်၏ ကိစ္စနှင့် ပတ်သတ်၍ လူများစွာ မသိပါ။ ထိုအရာက ကောင်းတဲ့အရာလည်း မဟုတ်၍ သူ့မိသားစုနဲ့ အတွင်းရေးမှုးတောင်မှ မသိပေ။ ဒါကို လူများများ သိလေလေ အန္တရာယ်များလေလေပါပဲ။
ထို့ကြောင့် သူ၏အတွင်းရေးမှူးသည် သတင်းကိုဖတ်ပြီးနောက် အလွန်ကြောက်လန့်သွားသည်။ သူ့အထက်လူကြီးက ဒီလိုမျိုးလုပ်မယ်ဆိုတာကို မသိစိတ်က ငြင်းခဲ့သည်။ သို့သော်လည်း အတွင်းရေးမှူးသည် စီးပွားရေးအရ ဖုရုန်လျန်အပေါ် ချူလန်၏ အငြိုးထားမှုကိုလည်း သတိပြုမိသောကြောင့် ထိုအရာက အမှန်တရား ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ချူလန်ရဲ့ ယုတ်ညံ့တဲ့ စရိုက်ရှိ၍ သူဒီလိုမျိုး လုပ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အတွင်းရေးမှူးသည် ချူလန်ကိုအမှန်တရားကိုမမေးရဲဘဲ ချူလန်ကလည်း ဝန်ခံမည်မဟုတ်ပေ။
“ဘာမှပြန်မတုံ့ပြန်နဲ့ သက်သက်မဲ့ စွပ်စွဲတာ ရဲတွေက ကိုင်တွယ်သွားလိမ့်မယ်” ဟု ချူလန်က သူအပြစ်ကင်းစင်သလို ဒေါသတကြီးပြောခဲ့သည်။
ဘာပဲဖြစ်ဖြစ် လူသတ်သမားခြောက်ယောက်က သူနဲ့ ဆက်ဆံရေးကို ငြင်းဆိုထားပြီးဖြစ်လို့ ဟိုင်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုက သူတို့ရဲ့ ဝန်ခံချက်ထုတ်ပြန်ပြီးတာနဲ့ သူဘေးကင်းမှာပါ။
“ဟုတ်ကဲ့ပါ” အမှန်မှာ သူသည် စွပ်စွဲခံရခြင်းသက်သက်လားဟု သံသယဖြစ်မိသည်။
ချူယီဖေးသည်လည်းညသတင်းကို ဖတ်ရင်း အံ့ဩသွားသည်။ လူခြောက်ယောက်က သူ့အဖေအတွက် မကောင်းမှုတွေ ပြုလုပ်ပေးတယ်ဆိုတာကို သူသိပေမယ့် ဖုရုန်လျန်ရဲ့ မိသားစု သတ်ဖြတ်မှုနဲ့ နယ်အိုက်ကျင်း သေဆုံးမှုမှာ သူ့အဖေက ပါဝင်ခဲ့တာကို သူ မသိခဲ့ပါ။
သူ့အဖေနဲ့ တစ်ခုခု ပတ်သက်နေတယ်ဆိုတာ ယုံဖို့ ဝန်လေးမိပေမယ့် တကယ်သာမဟုတ်ရင် ဒီသတင်းက ဘာကြောင့် ရုတ်တရက် ထွက်လာမှာလဲ။
ချူယီဖေးက သူ့အဖေကို ချက်ချင်းဖုန်းဆက်ပြီး ဒီအကြောင်းကို ပြောလိုက်သည်။ ချူလန်က ၎င်းကို သံသယမရှိ ငြင်းဆိုခဲ့ပြီး သူသည် အပြစ်မရှိကြောင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် ချူယီဖေးသည် ချူလန်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။
မကြာခင်မှာပဲ ချူဟန်ကျောင်းလည်း သတင်းကြားလိုက်ရသည်။
ချူဟန်ကျောင်း၊ ယွမ်ရှူးယန် နှင့် ခဲ့ချင်ချင်တို့သည် ကန်တင်းတွင် ထမင်းစားနေကြပြီး ဖုရုန်လျန် မိသားစုသတ်ဖြတ်မှုအကြောင်းကို အခြားကျောင်းသားများက ပြောနေသည်ကို ရုတ်တရက်ကြားလိုက်ရသည်။
အစပိုင်းတွင် ချူဟန်ကျောင်း သည် ၎င်းကို သိပ်ဂရုမစိုက်သော်လည်း ထိုစကားဝိုင်းရဲ့ အဓိကဇာတ်ကောင်က သူမ၏ဖခင်ဖြစ်နိုင်ကြောင်း ကြားသိရသောအခါတွင် သူမလုံးဝတုန်လှုပ်သွားခဲ့သည်။ သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများကို ဝိုင်းစက်ကာ မယုံနိုင်ပေ။
ထို့အပြင် နယ်အိုက်ကျင်း သေဆုံးစေခဲ့ရတာက သူမ၏ဖခင်သည်နယ်အိုက်ကျင်းကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သောကြောင့်ဖြစ်ပေသည်။
သူ့မျက်လုံးထဲမှာတော့ သူ့အဖေက အရမ်းတော်တဲ့လူမို့ သူဒီလိုလုပ်လိမ့်မယ်လို့ သူမ မယုံပေ။ ထို့ကြောင့် ချူဟန်ကျောင်းသည် သတင်းကြားပြီးနောက် သူမကိုယ်သူမ ထိန်းချုပ်နိုင်ခဲ့ပြီး ထိုကျောင်းသားများအား “ပါးစပ်ပိတ်ထား! မင်းတို့အားလုံး တိတ်တိတ်နေ ! ငါ့အဖေ ဘယ်တော့မှ ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး!"
တကယ်တော့ တခြားကျောင်းသားတွေက ချူဟန်ကျောင်းကို အခုမှ သတိထားမိကြပြီး ချူလန်ဟာ သူမရဲ့အဖေဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေမယ့် အားလုံးက သူမအော်တာကိုကြည့်ပြီး လှည့်ကြည့်လိုက်ကြသည်။
ချူဟန်ကျောင်းက ချူလန်ဟာ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ဘယ်သူမှ သူမကို မယုံသလို ပါးစပ်ပိတ်သွားခြင်းလည်း မရှိပေ။ အဲဒီအစား သူမကို စပြီးဝေဖန်သည်။
သူတို့ရဲ့ ဆွေးနွေးမှုတွေကို ကြားတော့ ယွမ်ရှူးယန်နဲ့ ခဲ့ချင်ချင်က မကျေမနပ်ဖြစ်ပြီး လူတိုင်းက သူတို့ကို စိုက်ကြည့်လာတဲ့မခါ ပျောက်ကွယ်သွားချင်သလို ခံစားနေရသည်။
အခြားကျောင်းသားများက ချူဟန်ကျောင်းကိုကြည့်နေကြသော်လည်း သူတို့သည် သူမနှင့်အတူထိုင်နေသောကြောင့် အာရုံစိုက်ခံရခြင်းကိုလည်း အဆင်မပြေခံစားရသည်။
တကယ်တော့ ယွမ်ရှူးယန်နဲ့ ခဲ့ချင်ချင်တို့ရဲ့အမြင်မှာ ဒါက အံ့သြစရာမဟုတ်ပေ၊ ဘာကြောင့်လဲဆိုတော့ အထက်တန်းလူ့အဖွဲ့အစည်းမှာ ဒါဟာ အထူးအဆန်းမဟုတ်တာကြောင့်ပါ။ ကံကောင်းသူ သို့မဟုတ် အာဏာကြီးသူများသာ ၎င်းတို့၏ ညစ်ပတ်သောလျှို့ဝှက်ချက်များကို ထာဝရ ဖုံးကွယ်ထားနိုင်သည်။ ကံမကောင်းတဲ့သူတွေက ဖုံးကွယ်ထားလို့ မရပေ။
"မဖြစ်နိုင်ဘူး ဟုတ်လား? ဘာလို့လဲ? မင်းအဖေက မင်းကို သူလုပ်ခဲ့တာတွေ အကုန်ပြောပြမှာမလို့လား။"
“ဟုတ်တယ်၊ ရက်စက်လွန်းတယ်။ သူ့အဖေက အပြစ်မဲ့မိသားစုတစ်စုလုံးကို သတ်ခဲ့ပြီး နယ်အိုက်ကျင်းကို သေအောင်မုဒိမ်းကျင့်ခဲ့တယ်။ သူ့အဖေက တိရိစ္ဆာန်တစ်ကောင်ဖြစ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်”
“အာဏာရှိတဲ့လူတွေမှာ ညစ်ပတ်တဲ့လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ချူလန်ကို သေဒဏ်ပေးသင့်တယ်”
“ချူလန် လုပ်ခဲ့တာတွေကိုကြည့်ရရင် သူ့မိသားစုလည်း ဆိုးဆိုးရွားရွားဖြစ်ရမယ်။ ချူဟန်ကျောင်း ကိုယ်တိုင်က အနိုင်ကျင့်တဲ့သူလေ။ မနေ့ က သူ ကျောင်းသားသစ်ကို ဒုက္ခပေးတယ် လို့ ကြားတယ်။ ကျောင်းသားသစ်က စစ်ရေးလေ့ကျင့်ရင်း လှုပ်ရှားသွားတယ်ဆိုပြီး ကျောင်းသားသစ်ကို ဆဲဆိုခဲ့တယ်လေ။ ကျောင်းသားသစ်ကို နည်းပြဆရာနဲ့ ဆက်ဆံရေးရှိတယ်လို့တောင် သူမက ဆဲဆိုသေးတယ်။ အဲဒီနေ့က ကျောင်းသားသစ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေမဲ့လည်း သူ တိတ်တိတ်လေး ထပ်ပြီး ထိခိုက်အောင် ကြိုးစားမယ် မကြိုးစားဘူးဆိုတာကို ဘယ်သူသိမှာလဲ!”
“ခန့်မှန်းစရာမလိုဘူး။ သူလည်းအဲ့လိုပဲနေမှာပေါ့"
"ဘယ်လောက်ဆိုးတဲ့ မိသားစုလဲ! သူတို့ ဒီကမ္ဘာမှာ မနေထိုင်သင့်ဘူး။ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ အပြုအမူအတွက် အပြစ်ပေးသင့်တယ်”
“သူတို့ရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်တွေကို မကြာခင် ဖော်ထုတ်ခံရမယ်လို့ ငါထင်တယ်။”
“…”
"ပါးစပ်ပိတ်ထား! မင်းတို့အားလုံး ပါးစပ်ပိတ်ထား!” ချူဟန်ကျောင်း စိတ်တိုသွားပြီး ကျယ်လောင်စွာအော်လိုက်သည်။ သူတို့ရဲ့ ဆွေးနွေးမှုကို သူမ မခံနိုင်တော့ပေ။
"ကျောင်းကျောင်း အခု သွားရအောင်!" ယွမ်ရှူးယန်သည် အခြားကျောင်းသားများက စောင့်ကြည့်နေ၍ ကန်တင်းတွင် နေရတာကို မုန်းတီးလာသည်။
“မဟုတ်ဘူး၊ သူတို့က ငါ့အဖေ့ကို ဆဲဆိုနေကြတာ။ ငါသူတို့ကို ငြင်းရမယ်" ဟု ချူဟန်ကျောင်းက ပြောသည်။ အရှက်ရမည်ကို သူမဂရုမစိုက်။ သူမသည် ထိုအကြောင်းကို မပြောရန်သာ ကြိုးစားခဲ့သည်။
သူမသည် ထိုအကြောင်းပြောနေခြင်းကို သူမတားနိုင်သရွေ့ သူ့အဖေက ဆိုးမည်မဟုတ်ဟုသာ ခံစားမိသည်။
တားမရတဲ့ ချူဟန်ကျောင်းကိုရင်ဆိုင်ရင်း ယွမ်ရှူးယန်က ဒေါသထွက်သွားပြီး "မင်းမထွက်သွားရင် ငါအရင်သွားလိုက်မယ်"
ထို့နောက် ယွမ်ရှူးယန်သည် မတ်တပ်ထရပ်ကာ ထွက်ခွာဟန်ပြင်လိုက်သည်။
ချူဟန်ကျောင်းကို သူမ၏ သူငယ်ချင်းအဖြစ် ဆက်ဆံခဲ့သော်လည်း မြတ်နိုးစိတ်တော့မရှိပေ။ ဤအဖြစ်အပျက်ကို ရှောင်ရမည်။
ခဲ့ချင်ချင်သည်လည်း တူညီသော အတွေးအမြင်ရှိသောကြောင့် သူမလည်း ယွမ်ရှူးယန်၏နောက်သို့ ထွက်ခွာသွားခဲ့သည်။
"ယွမ်ရှူးယန်, ခဲ့ချင်ချင်, မင်းတို့ ငါ့သူငယ်ချင်း မဟုတ်ဘူးလား? ငါ့အဖေ့ကို ဆဲနေကြတာကို ဘယ်လိုလုပ် ထွက်သွားနိုင်ကြတာလဲ” သူတို့ထွက်သွားတာကိုမြင်တော့ ချူဟန်ကျောင်းက သူမကို တစ်ယောက်တည်းထားခဲ့တဲ့အတွက် ဒေါသတကြီး အပြစ်တင်လိုက်သည်။
“ချူဟန်ကျောင်း ငတုံးလိုလုပ်မနေနဲ့။ အခုပြောနေတာတွေကို မင်းတားလို့မရဘူး။ မင်း ငါတို့ကို မင်းရဲ့သူငယ်ချင်းအဖြစ် တကယ်တွေးရင် မင်း ဒီမှာ ငါတို့ကို အရှက်မခွဲပါနဲ့" ဟု ယွမ်ရှူးယန်က အေးစက်စွာပြောသည်။ တကယ်တော့ သူမဟာ တစ်ကိုယ်ကောင်းဆန်ပြီး ထွက်သွားချင်ပေမယ့် ချူဟန်ကျောင်းကို အပြစ်တင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးက ကိုယ့်အမှားအတွက် တခြားသူတွေကို အပြစ်တင်ကြသည်။
"ကျောင်းကျောင်း မင်း အခုသူတို့နဲ့ ဝေးဝေးနေသင့်တယ်။ အဲ့အကြောင်း မင်းအဖေကို သွားမေးကြည့်အုံး" ခဲ့ချင်ချင်ကပြောသည်။ ချူဟန်ကျောင်းကြောင့် လူမြင်ကွင်းမှာ အရှက်ကွဲရသလို ခံစားရ၍ သူမလည်း စိတ်ဆိုးနေမိသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၆၈ အခြေခံအကျဆုံး ခွဲခြမ်းစိတ်ဖြာမှု
ချူဟန်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမသည် ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင်တို့နှင့် သဘောတူခဲ့ပြီး သူမသည် မထွက်ခွာမီ အကြည့်စူးစူးတစ်ခုပေးခဲ့သည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည်။
ကုနင်း လုပ်ခဲ့တာဖြစ်လို့ ကုနင်းက လုံးဝ မအံ့သြမိပေမယ့် စုန့်မြောင်ကောကတော့ ချူဟန်ကျောင်း ရဲ့ အဖေရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကြောင့် လုံးဝ ထိတ်လန့်သွားသည်။
"ကုနင်း အဲဒါ အမှန်လို့ထင်လား" စုန့်မြောင်ကောက ကုနင်းကို မေးသည်။ ဒါကို သူမ မယုံနိုင်ပေမယ့် ဖော်ထုတ်ပြီးကတည်းက တစ်ဝက်လောက်က မှန်နိုင်သည်။
“ခုခေတ်မှာ လူတွေက ကိုယ့်အကျိုးစီးပွားအတွက် ဘာမဆို လုပ်ကြတာပဲ” ဟု ကုနင်းက ဆိုသည်။ သူမသည် စုန့်မြောင်ကော အစစ်အမှန်ဖြစ်ကြောင်း တိုက်ရိုက်မပြောခဲ့သော်လည်း သူမ၏စကားများဖြင့် သူမ၏ထင်မြင်ချက်ကို ပြသလိုက်သည်။
“ရက်စက်လွန်းပါတယ်” ဤကမ္ဘာက ရက်စက်ကြမ်းကြုတ်သောကမ္ဘာတစ်ခုဖြစ်ကြောင်း စုန့်မြောင်ကောလည်း သိပေသည်။ မိသားစုလိုက်သတ်ဖြတ်မှုနှင့် မုဒိမ်းကျင့်ခံရပြီး အသတ်ခံရသည့်အကြောင်းကို သူမကြားသိရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင် သူမ သိသောသူတစ်ယောက်၏ဖခင်က ၎င်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူမ လက်ခံဖို့ ခက်သည်။
ကျင့်ကြံရေးလောကတွင် ယခုကဲ့သို့ ကိစ္စတစ်စုံတစ်ခုမျှ မဖြစ်ခဲ့ဖူးသောကြောင့် ပိုင်လီကျုံးရွှယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော သတင်းကိုကြားရသဖြင့် စိတ်မသက်မသာ ခံစားခဲ့ရသည်။
လမ်းတစ်လျှောက်တွင် ချူဟန်ကျောင်းသည် အခြားကျောင်းသားများ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ သူမ စိတ်ဆိုးသော်လည်း သည်းခံနေခဲ့ရသည်။
ချူဟန်ကျောင်းသည် ကန်တင်းမှထွက်သွားသည်နှင့် သူမသည် အဆောင်ခန်းထဲတွင် ပုန်းနေပြီး ဖုရုန်လျန်နှင့် နယ်အိုက်ကျင်း အကြောင်းကို ချူလန်ထံ ဖုန်းဆက်ပြီး မေးသည်။
ချူလန်က ချက်ချင်းငြင်းလိုက်တဲ့အတွက် ချူဟန်ကျောင်းက ဒါကို ယုံကြည်သွားသည်။ အဲဒီနောက်မှာတော့ သူမဟာ ချူလန် ကို အင်တာနက်မှာ တိုက်ခိုက်သူတွေကို ဆဲဆိုကာ ခုခံကာကွယ်ခဲ့သည်။
ကံမကောင်းစွာပဲ လူအနည်းငယ်ကသာ ချူလန်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တာမို့ ချူဟန်ကျောင်းဟာ အင်တာနက်အသုံးပြုသူအများအပြားရဲ့ တိုက်ခိုက်ခံရပြီးနောက် သူမရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည်။ အဲဒီနောက်မှာတော့ လူတွေက သူမရဲ့ အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့သည်။ ချူဟန်ကျောင်းသည် ချူလန်၏သမီးဖြစ်သည်ကို သိသဖြင့် အင်တာနက်အသုံးပြုသူများသည် သူမအား ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။
ချူဟန်ကျောင်း ဒေါသအရမ်းထွက်ပြီး ဖုန်းကို ပစ်ခွဲပစ်လိုက်သည်။ သူမသည် ထိုအင်တာနက်အသုံးပြုသူများအပေါ် ငြင်းခုံတာ မအောင်မြင်နိုင်သောကြောင့် သူမဒေါသကို အဆောင်ခန်းထဲတွင်သာ ထုတ်ဖော်နိုင်ခဲ့သည်။ ဖုန်းကို ပေါက်ခွဲပစ်ရုံတင် မကဘဲ စောင်ကိုလည်း လွှင့်ပစ်လိုက်သည်။
အဆောင်ခန်းထဲမှာ သူမြင်နိုင်သမျှ အကုန်နီးပါး ရိုက်ချိုးပစ်လိုက်သည်။
ချူဟန်ကျောင်း နေထိုင်သည့် အဆောင်၏ အခြားအဆောင်ခန်းမှ ကျောင်းသားများက အသံများကြားသောကြောင့် အိပ်ဆောင်ဝန်ထမ်းများထံ သတင်းပို့ကြသည်။ အိပ်ဆောင်ဝန်ထမ်းရောက်လာသော်လည်း ချူဟန်ကျောင်းက ရပ်တန့်ရန်ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် အိပ်ဆောင်ဝန်ထမ်းများနှင့် ငြင်းခုံခဲ့သည်။
အဆုံးတွင် ယွမ်ရှူးယန် ရောက်လာပြီးနောက် ချူဟန်ကျောင်း ငြိမ်သက်သွားတော့သည်။
ဟိုင်ချန်းခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏ခေါင်းဆောင်သည် Weibo ရှိ ငြင်းခုံမှုများကြောင့် မအံ့သြပေ။ သူတို့တွင် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ကူးရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။
ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုက ၎င်းကို ကြီးကြပ်ရေးမှူးထံ ရှင်းပြခဲ့ပြီး ၎င်း၏တရားဝင် Weibo အကောင့်တွင် နောက်ထပ်ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို- @Truth Only ပြောခဲ့တဲ့ ကျွန်တော်တို့က ထိန်းချုပ်သူကို ကာကွယ်ပေးတဲ့အကြောင်းနှင့် ပတ်သက်ပြီး ရှင်းပြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီဗီဒီယိုကို ကြည့်ပါ။ @ပြည်သူ့လုံခြုံရေးဗျူရို @မြို့တော်တရားရေးရာ @Truth Only @မြို့တော်သတင်း @ချူအဖွဲအစည်း
အဆိုပါ ဗီဒီယိုတွင် သံသယရှိသူ ခြောက်ဦးအား စစ်ကြောရေးအခန်းတွင် စစ်ဆေးမေးမြန်းနေသည့် ဖြစ်စဉ်ကို ပြသထားသည်။ သူတို့က ပိုက်ဆံလိုချင်ရုံသာဖြစ်ပြီး သူတို့အား ချုပ်ကိုင်ထားသူ မရှိဘူးဟု ပြောကြသည်။ သူတို့ ချူလန် နာမည်ကို ထုတ်ပြောရတဲ့ အကြောင်းရင်းက ထိုမိန်းမရဲ့ ခြိမ်းခြောက်မှုကြောင့်ဖြစ်တယ်ဆိုတာ ပြောထားကြသည်။
ဗီဒီယိုကို လွှင့်တင်ပြီးသည်နှင့် အများပြည်သူ၏ သဘောထားအမြင်များ ပြောင်းလဲသွားကာ အင်တာနက်အသုံးပြုသူအများစုသည် ချူလန်ကို စတင်ခုခံကာကွယ်ခဲ့ကြသည်။
"မဖြစ်နိုင်တာ! ခြိမ်းခြောက်ခံရတာလား?"
"အဲဒါဆိုရင် ချူလန်က အပြစ်ကင်းတာပေါ့"
“ဖြစ်နိုင်တယ်။ ချူအဖွဲ့အစည်းရဲ့ရန်သူတွေက ချူလန်ကို တမင်တကာ အသရေဖျက်တာလည်း ဖြစ်နိုင်တာပဲ"
“ဒါက ဆိုးရွားလိုက်တာ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ သူတို့ ဒီလို ညစ်ပတ်တဲ့ လှည့်ကွက်သုံးကြတယ်လို့”
“…”
သို့သော်လည်း ထိုကိစ္စကြောင့် Truth Onlyကို ဝေဖန်သူ အများအပြား မရှိပေ။ တကယ်တော့ သံသယရှိသူခြောက်ဦးဟာ ဗီဒီယိုထဲမှာ ချူလန် အကြောင်းကို တကယ်ပြောခဲ့တာဖြစ်လို့ ချူလန်ဟာ အပြစ်မရှိဘူးဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ လူအများစုက သံသယရှိတုန်းပါပဲ။
တစ်ချိန်တည်းမှာပင် အင်တာနက်အသုံးပြုသူအချို့က ရာဇ၀တ်ကောင်ခြောက်ဦး၏ ဝန်ခံမှုကို မေးခွန်းထုတ်ခဲ့သည်။
“ Truth Only ထုတ်ထားတဲ့ ဗီဒီယိုက အမှန်အတိုင်းပြောတာလို့ ငါထင်တယ်။ ဒါကြောင့် သံသယရှိသူ ခြောက်ယောက်က ချူလန်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ငြင်းဆိုခဲ့တာ။ ချူအဖွဲ့အစည်းက အရမ်းသြဇာညောင်းတဲ့ စီးပွားရေးအုပ်စု။ အစိုးရက ကာကွယ်ပေးလိမ့်မယ်”
"ဟုတ်တယ် ချုပ်ကိုင်သူက ချူလန်သာဆိုရင် သူက သံသယရှိသူ ခြောက်ယောက်ရဲ့ မိသားစုတွေကို ထိန်းချုပ်ဖို့ တစ်ခုခုတော့ ရှိမှာပဲ။ ချူလန်က ဒီရာဇဝတ်မှုမှာ သူပါတာကို ငြင်းပယ်ဖို့ သူတို့ကို ခြိမ်းခြောက်နိုင်တယ်။ သူ့ကို သစ္စာဖောက်ခဲ့ရင် သူတို့မိသားစုတွေ အန္တရာယ်ရှိနိုင်တယ်”
“နယ်အိုက်ကျင်းကို ဗီလာထဲကို ခေါ်သွားတဲ့ ရက်စွဲကို သံသယရှိသူတွေက ပြောထားတော့ ရဲတွေက ဘာလို့ အဲနေ့ စောင့်ကြည့်ကင်မရာတွေကို မစစ်ဆေးရတာလဲ။ အမှန်တရားကို သိဖို့ လွယ်မယ်ထင်တယ်။ အဲဒီနေ့မှာ စောင့်ကြည့်ကင်မရာတွေ ပျက်သွားတယ်လို့ မပြောနဲ့။ အဲဒီနေ့မှာမှ ပျက်သွားခဲ့ရင် ချူလန်ဟာ တစ်ခုခုကို ဖုံးကွယ်ထားတာဖြစ်ရမယ်”
“ဘုရားရေ ဒါက ထက်မြက်တဲ့ အကြံပဲ!”
“အင်းဒီအကြံဉာဏ်က အရမ်းထက်မြက်နေတာ မဟုတ်ဘူးလို့ ငါထင်တယ်၊ ဒါပေမယ့် အဲဒါက အခြေခံအကျဆုံး ခွဲခြမ်းစိတ်ဖြာမှုပဲ။ ရာဇဝတ်ကောင်တွေက သူတို့ကိုယ်သူတို့ အရမ်းတော်တတ်ပြီး ဒါကို ထာဝရလျှို့ဝှက်ထားနိုင်မယ်လို့ ထင်ကောင်းထင်နိုင်တယ်”
“ဟုတ်တယ် ချူလန်သာတကယ်လုပ်ခဲ့မယ်ဆိုရင် သူ အမှန်တရားကို ထာဝရဖုံးကွယ်ထားလို့ မရဘူး။ တခြား ရာဇ၀တ်ကောင်တွေလည်း ဒီလိုအခြေအနေမှာ ဒီလိုပဲ လုပ်နိုင်တယ်။ ဒါပေမယ့် ခိုင်မာတဲ့ အထောက်အထားတွေလိုသေးတယ်။ ချူလန်လို့ အားလုံးသိကြပေမဲ့ စောင့်ကြည့်ကင်မရာတွေ ပျက်စီးသွားရင် သူ့ကိုဖမ်းမိမှာ မဟုတ်သလို အပြစ်ပေးခံရမှာလည်း မဟုတ်ဘူး”
“ဒါက အာဏာနဲ့ဆိုင်သွားပြီပေါ့။ သာမန်ပြည်သူသာဆိုရင် မကြာခင် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်တယ်”
“…”
ချူလန်သည် သူ့ကိုထိခိုက်နိုင်သည်ကို မစိုးရိမ်သော်လည်း အင်တာနက်ပေါ်ရှိ သတင်းများကို အထူးအာရုံစိုက်ခဲ့သည်။ ထိုအင်တာနက်အသုံးပြုသူများ၏ ခွဲခြမ်းစိတ်ဖြာချက်ကို မြင်လျှင် သူ ကြောက်ရွံ့ပြီး စိတ်တိုသွားခဲ့သည်။
သံသယရှိသူ ခြောက်ဦးကို ဖမ်းမိတဲ့နေ့မှာပဲ ရဲတွေက လူထုရဲ့ ဖိအားကြောင့် စစ်ဆေးမှာဆိုးတဲ့အတွက် သူက ဗီလာတဝိုက်က စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးဖို့ စီစဉ်ခဲ့သည်။
သူသည် ဟိုင်ချန်းခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုတွင် ချိတ်ဆက်မှုများရှိလျှင်ပင် ခက်ခဲမည့်အမှုကို စုံစမ်းစစ်ဆေးရန် မြို့တော်ပြည်သူ့လုံခြုံရေးဗျူရိုက တစ်စုံတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် စေလွှတ်နိုင်သည်။
ထိုနေ့တွင်သာ စောင့်ကြည့်ကင်မရာများ ကျိုးပျက်သွားပါက သံသယဖြစ်မည်ကို စိုးရိမ်သောကြောင့် တစ်စုံတစ်ဦးအား ထိုနေရာတစ်ဝိုက်ရှိ စောင့်ကြည့်ကင်မရာများကို တစ်ပတ်ပတ်လုံး ဖျက်စီးစေရန် စီစဉ်ခဲ့သည်။ သူပြစ်မှုကျူးလွန်တဲ့နေ့ဟာ ရက်သတ္တပတ်ရဲ့ အလယ်မှာ ဖြစ်ပေသည်။
လက်ရှိအခြေအနေအရတော့ လူတွေက သူ့ကို သံသယမဖြစ်အောင် တားဖို့ခက်သည်။ သူသည် ပြစ်မှုနှစ်ခု၏နောက်ကွယ်ရှိ ချုပ်ကိုင်သူဖြစ်ကြောင်း သက်သေပြရန် ခိုင်လုံသောအထောက်အထားမရှိသရွေ့ သူအဆင်ပြေနိုင်မည်။
လူတွေက သတင်းကို သိပ်အာရုံမစိုက်တော့တဲ့အထိ သူ့ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ဖြူစင်အောင် ထားရမည်။
Truth Onlyသည် လောလောဆယ်တွင် တိတ်ဆိတ်နေခဲ့သည်။ အဲဒီနောက်ပိုင်း သတင်းတွေကို တုံ့ပြန်မှု မရှိခဲ့ပါ။ အင်တာနက်အသုံးပြုသူအချို့က ၎င်းသည် လက်လျော့လိုက်သည်ဟု ယုံကြည်ကြပြီး အချို့က ၎င်းသည် နောက်တစ်ဆင့်အတွက် ပြင်ဆင်နေသည်ဟု ထင်မြင်ကြသည်။
Truth Only ၏ပရိသတ်အများစုသည် Truth Only ဗီဒီယိုကို လွှင့်တင်လိုက်ကတည်းက အမှန်တကယ်ပင် ချုပ်ကိုင်သူရှိနေပြီဟု အဓိပ္ပါယ်ရသည်။ ဟိုင်ချန်း ပြည်သူလုံခြုံရေးဗျူရိုကို အရှက်ရစေမှာဖြစ်တဲ့ ချူလန်က ချုပ်ကိုင်သူဖြစ်တယ်ဆိုတာကို သက်သေပြရန် နောက်ထပ်သက်သေကို စောင့်ရန်သာ လိုအပ်ပေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၆၉ လာဘ်စားတာလား?
ဤဖြစ်ရပ်ပြီးနောက် Truth Only ၏ဖော်လိုဝါများသည် လျင်မြန်စွာတိုးများလာခဲ့သည်။ ၎င်းတို့အားလုံးသည် ပရိသတ်များမဟုတ်ကြဘဲ အချို့က ၎င်းကို နောက်ထပ်သတင်းကို စောင့်ကြည့်ချင်ရုံသာဖြစ်သည်။
ကန်တင်းတွင် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ချူလန်အကြောင်း သတင်းကို ဖတ်ရင်း အတူတူ စားသောက်နေကြသည်။
“Truth Only က နောက်တဆင့်အတွက် ပြင်ဆင်နေတာလို့ ခံစားမိတယ်။ ချူမိသားစုက အဲဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စောင့်မျှော်နေမိတယ်။ ဒီ influencer ကိုကြိုက်တယ်။ ငါအခု သူ့ရဲ့ follower လေ” ဟု စုန့်မြောင်ကောက Truth Onlyကို Weibo မှာ Follow လုပ်ခဲ့သည်။
ကုနင်းက ပြုံးပြလိုက်သော်လည်း ဘာမှ မပြော။ Truth Only သည် နောက်တစ်ဆင့်အတွက် သေချာစွာ ပြင်ဆင်နေသော်လည်း သတင်းကို ပိုမိုအာရုံစိုက်လာသည်အထိ မည်သည့်အရာမှ လုပ်ဆောင်မည်မဟုတ်ပါ။
အင်တာနက်အသုံးပြုသူများသည် ချူလန်ဘက်သို့ ရပ်တည်လာသောကြောင့် ချူဟန်ကျောင်းသည် ပိုအဆင်ပြေလာသည်ဟု ခံစားခဲ့ရသည်။ သူမသည် ယနေ့ စိတ်မကြည်နေ၍ အခြားသူများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရမှာဆိုးသောကြောင့် အတန်းကို မသွားဖြစ်ပေ။
ချူဟန်ကျောင်းရော ချူယီဖေးရော ကုနင်းနဲ့ ထိုသတင်းဆက်စပ်မှုရှိတယ်လို့ မထင်ကြပေ။ ကုနင်းကို ဒုက္ခပေးဖို့ အဲဒီလူတွေကို ငှားထားပေမဲ့ ကုနင်းမှာ အမှန်တရားကို ရှာဖွေနိုင်စွမ်းရှိတယ်လို့ မထင်ကြပါ။
ချူလန်သည် အမှန်ပင် ချုပ်ကိုင်သူဖြစ်တဲ့အတွက် Truth Only က ဘာဆက်လုပ်မည်ကို စိတ်ပူနေသည်။ ထို့ကြောင့် သူသည် Weibo အကောင့်နောက်ကွယ်ရှိ Truth Only ၏နောက်ထပ်တစ်ဆင့်ရှိမရှိကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ ရှိခဲ့ပါက မဖြစ်ပွားစေရန်အတွက် လုပ်ရမည်။
သို့သော် Truth Only ၏နောက်ကွယ်မှလူသည် သူ၏မက်ဆေ့ချ်များကို အကြောင်းပြန်ခြင်းမရှိသောကြောင့် မအောင်မြင်ခဲ့ပေ။
Truth Only သည် ၎င်းနှင့်ပတ်သက်ပြီး နောက်ထပ်ဘာမှလုပ်တော့မည်မဟုတ်ဟုသာ သူမျှော်လင့်နိုင်သည်။
…
နောက်တစ်နေ့တွင် သောကြာနေ့ဖြစ်သောကြောင့် လင်ရှောင်းထင်သည် အားလပ်ရက်အပန်းဖြေရန်အတွက် မြို့တော်သို့ပြန်မည်ဖြစ်သဖြင့် ကုနင်းကို အစောကြီးဖုန်းဆက်လိုက်သည်။ ညစာအတူတူစားကြမည်။
နေ့ခင်းဘက် အတန်းပြီးတာနဲ့ ကုနင်းက ကျောင်းက ထွက်လာသည်။ ပိုင်လီကျုံးရွှယ်သည် ရာစုနှစ်မြို့တော်သို့ပြန်သွားပြီး စုန့်မြောင်ကောက ဆေးရုံသို့သွားခဲ့သည်။
စုန့်မြောင်ကောသည် ကျီဝမ်နာ နှင့် ယှဉ်ပြိုင်ရန် လဝက်သာ လိုတော့သော်လည်း လေ့ကျင့်ရေးအပြင် အခြားလုပ်ဆောင်စရာလည်း ရှိသေးသည်။
ပိတ်ရက်မှာ စုန့်မြောင်ကောသည် သူအမေကို သွားတွေ့ရန်လိုအပ်ပြီး အိမ်မှာ သူမ၏ မိသားစုနှင့် တွေ့ဆုံရန်လည်း လိုပေသည်။
ကျန်းကျားရုန်သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာ၍ သူမသည် ရက်အနည်းငယ်အတွင်း ဆေးရုံမှဆင်းနိုင်သည်။
သူတို့က ကုနင်းကို အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။
ကျန်းကျားရုန်သည် ကျန်းကျုံးယွီ၏တူမဖြစ်သောကြောင့် ကျန်းကျုံးယွီ၏မိသားစုသည် ကျန်းကျားရုန်၏ခွဲစိတ်မှုနှင့်ပြန်လည်ထူထောင်ရေးတွင် ကုနင်းကူညီပေးခဲ့သည်ကို သတိပြုမိခဲ့သည်။
အဲဒီနောက် ကျန်းကျုံးယွီသည် ကုနင်းက သူ့မြေးနဲ့ သူ့ကို ကယ်တင်ခဲ့တဲ့အကြောင်း ပြောပြသည်။
အရေးအကြီးဆုံးကတော့ ကုနင်းက လင်ရှောင်းထင်ရဲ့ ချစ်သူဖြစ်ပြီး လင်မိသားစုက သူ့ကို လက်ခံပြီးသားပါ။
စုန့်မိသားစု အံ့အားသင့်သွားခဲ့သည်။ ကုနင်းက အလွန်သြဇာကြီးသည်။ ဒါပေမယ့် စုန့်မိသားစုက စုန့်မြောင်ကောနဲ့ သတင်းကို မဝေမျှခဲ့သလို စုန့်မြောင်ကောကလည်း ကုနင်းက သူမကို တခြားလူတွေကို မပြောခိုင်းတဲ့အတွက် သူမသိထားပြီးသားဖြစ်ကြောင်း သူ့မိသားစုကို မပြောခဲ့ပေ။ ထို့ကြောင့် သူတို့အားလုံးသည် ထိုအကြောင်းအရာကို သိထားပြီးသားဖြစ်ကြသည်ကို အချင်းချင်းမသိကြပေ။
ချူလန်နှင့်ပတ်သက်သည့်သတင်းသည် အင်တာနက်ပေါ်တွင် အာရုံစိုက်မှုများစွာရှိနေဆဲဖြစ်သည်။ တကယ်တော့ တစ်နေ့တာပြီးတာနဲ့ လူတွေက ဒီအကြောင်းကို ပိုပိုပြီး သိသိသာသာ ပြောလာကြသည်။
နေ့လည် ၁၂ နာရီခန့်တွင် ချူအဖွဲ့အစည်းမှ ချူလန် သည် အပြစ်မရှိကြောင်းနှင့် လူသတ်ရန် မည်သူ့ကိုမျှ အခကြေးငွေ ပေးဆောင်ခြင်းမရှိကြောင်း ကြေငြာခဲ့သည်။
ချူအဖွဲ့အစည်းမှ တုံ့ပြန်ချက်ကို ယုံကြည်သူများသည် ယုံကြဆဲဖြစ်သလို မယုံကြည်သူများလည်း မယုံကြည်ကြဆဲဖြစ်သည်။
တကယ်တော့ ချူလန်ဟာ ရာဇ၀တ်မှုမှာ ပါဝင်ပတ်သက်ကြောင်း သက်သေပြဖို့ နောက်ထပ်အထောက်အထားမရှိပါက ထိုသတင်းရဲ့အဆုံးသတ်ဖြစ်နိုင်သည်။ အချိန်အတော်ကြာ ဆွေးနွေးပြီးရင် ဘယ်သူမှ အာရုံစိုက်မှာ မဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ မွန်းလွဲ ၂ နာရီတွင် Truth Only မှ နောက်ထပ်စာတစ်စောင် တင်ခဲ့သည်။
Truth Only - ငါ တစ်ရက်လောက် နှုတ်ဆိတ်နေတာနဲ့ အဆုံးသတ်ပြီလို့ ထင်နေတာလား။ မပြီးသေးပါဘူး။ ချုပ်ကိုင်သူမှာ တခြားအကြံရှိမရှိကို မြင်ချင်ခဲ့ပေမယ့် ရှင်းရှင်းပြောရရင်တော့ သူ့မှာ မရှိတဲ့ပုံပါပဲ။ အဲ့တော့ ဒီမှာ သက်သေပါ။ @ ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို @ မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို @ မြို့တော်တရားရုံး @မြို့တော်သတင်း@ ချူအဖွဲ့အစည်း
ပူးတွဲပါ - ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရို၏ အဖွဲ့ငါးခေါင်းဆောင် ကျိုးရန်ယွီနှင့် ချူလန်၏စကားပြောဆိုမှုအား ဖုန်းခေါ်ဆိုမှုမှတ်တမ်း
Truth Onlyက နောက်တစ်ဆင့်ကို တက်လှမ်းမယ်ဆိုတာကို လူတော်တော်များများက သိထားတာကြောင့် အားလုံးက အထူးအာရုံစိုက်ကြသည်။ ပို့စ်ကို ဖတ်ပြီးသည်နှင့် လူအများအပြား စိတ်လှုပ်ရှားလာပြီး အသံဖိုင်အား ဖွင့်ခဲ့ကြသည်။
“အန်ကယ်ချူ ကျွန်တော် တိုင်ကြားချက်တစ်ခု ရထားတယ်။ သံသယရှိသူ ခြောက်ဦးကို ဖမ်းမိခဲ့ပြီး သူတို့က လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဖုရုန်လျန် မိသားစုရဲ့ လူသတ်မှုကျူးလွန်သူတွေပါ။ သူတို့က မင်းရဲ့အမိန့်လို့ ပြောနေတယ်” ဟု ကျိုးရန်ယွီက ပြောသည်။
"ဘာ?" ချူလန်သည် ထိုစကားကိုကြားလိုက်သည်နှင့် ထိတ်လန့်သွားသည်။ ဖုရုန်လျန် မိသားစုကို သတ်ပစ်သူများသည် မည်သူဖြစ်သည်ကို တစ်စုံတစ်ဦးမှ အံ့အားသင့်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
"သူတို့က အားလုံးကို ဝန်ခံခဲ့တာလား" ချူလန်ကို ထိုသို့ ပြန်မေး၍ သူက သူ့အမိန့်ဖြစ်တယ်ဆိုတာ ဝန်ခံလိုက်သလိုပါပဲ။
သူသာမဟုတ်ပါက ဒေါသတကြီး ငြင်းမယ့်အစား ဒီမေးခွန်းကို သူမေးမှာမဟုတ်ပေ။
“သူတို့ကို ကျွန်တော် မစစ်ဆေးရသေးဘူး။ သူက ဗီဒီယိုရိုက်ပြီး USB flash diskလေးပဲ ချန်ထားခဲ့တာပါ” လို့ ကျိုးရန်ယွီ က ပြောသည်။
“ဗီဒီယိုကို ဘယ်သူကြည့်ဖူးလဲ” ဟု ချူလန်က စိတ်လှုပ်ရှားစွာ မေးသည်။
“ကျွန်တော့်ရဲ့ အသင်းသားတွေ ဒါပေမယ့် တခြားသူတွေကို မပြောဖို့ သူတို့ကို သတိပေးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုခေါ်တဲ့လူဆီမှာ ဗီဒီယိုမိတ္တူရှိနေမှာဆိုးရတယ်။ သိပ်ကြာကြာ လျှို့ဝှက်ထားလို့ မရဘူး၊ ဒါကြောင့် အခုချက်ချင်း ပြောပြရမယ်” ဟု ကျိုးရန်ယွီ က ပြောသည်။
“သူတို့ကို သွားမေးကြည့်ပြီး ငါ ခိုင်းတာလို့ မပြောဖို့ သူတို့ကို ခြိမ်းခြောက်လိုက်။ သူတို့ ပြောရဲပြောကြည့် သူတို့မိသားစုတွေလည်း သူတို့နဲ့အတူ သေရလိမ့်မယ်လို့ပြောလိုက်။ ဗီဒီယိုကိုတော့ အဲ့လူရဲ့ ခြိမ်းခြောက်ခံရလို့ ပြောရတာလို့ လုပ်လိုက်” ချူလန် က မကောင်းဆိုးဝါးတစ်ကောင်လိုပင်။
"ဟုတ်ကဲ့ပါ"
ထိုအသံကိုကြားပြီးနောက် အင်တာနက်အသုံးပြုသူအားလုံး တုန်လှုပ်သွားကြသည်။ ချူလန်ရဲ့ အသံကို သူတို့ တစ်ခါမှ မကြားဖူးပေမယ့် စကားဝိုင်းကို နားထောင်ခြင်းအားဖြင့် သူဖြစ်နိုင်သည်ဟု ထင်ကြသည်။ မဟုတ်ပါက Truth Only ၏ အသံသွင်းချက်သည် တရားမဝင်သောကြောင့် အသံသွင်းခြင်းကို ထုတ်ပြမည်မဟုတ်ပါ။
ထွက်လာပြီးကတည်းက ဒါဟာ အမှန်ဖြစ်နိုင်ချေများသည်။
"ဘုရားရေ ဒါက ချူလန်ရဲ့ အသံလား"
“ချူအဖွဲ့အစည်းရဲ့ ရန်သူတွေ ထပ်ပြီးလုပ်လိုက်တာလား”
"မသိဘူး ဖြစ်နိုင်တာပဲ"
"ချူလန်ရဲ့အသံကို ငါမကြားဖူးပေမယ့် သူပြောတာဖြစ်နိုင်တယ် မဟုတ်ရင် Truth Only က ဥပဒေနဲ့အညီ အပြစ်ပေးလိမ့်မယ်"
“ဟုတ်တယ်၊ ငါ Truth Only က ထုတ်ပြန်တဲ့ အထောက်အထားတွေကိုပဲ ယုံကြည်တယ်။ ဘယ်တော့ကမှ မမှားဖူးဘူး”
“ကျွန်တော်လည်း ယုံတယ်”
ချူလန်ဟာ စီးပွားရေးမှာ ရန်သူတွေ အများကြီးရှိပြီး သူ့ကို မကြိုက်တဲ့လူတချို့ကလည်း ဒီသတင်းကို အရမ်းအာရုံစိုက်ခဲ့ကြသည်။ သူတို့သည် ချူလန်နှင့် အချိန်ဖြုန်းခဲ့ကြသောကြောင့် သူ့အသံကို အလွယ်တကူ မှတ်မိကြသည်။ ထို့ကြောင့်လည်း ၎င်းတို့၏ မှတ်ချက်များကို ချန်ထားခဲ့ကြသည်။
“အဲဒါက ချူလန်ရဲ့ အသံပဲ။ အရင်က သူနဲ့တွေ့ဖူးတယ်"
"ငါရောပဲ။ ငါသူ့ကို တစ်ကြိမ်ထက်ပိုပြီး မြင်ဖူးတာမို့ သူ့အသံကို ငါသေချာပေါက် သိတယ်”
"ငါအရင်က ကျိုးရန်ယွီကိုမြင်ဖူးတယ်၊ ကျိုးရန်ယွီရဲ့အသံလည်း ကြားဖူးတယ်"
“…”
ဤတစ်ကြိမ်တွင် ချူလန်၊ ကျိုးရန်ယွီနှင့် ဟိုင်ချန်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုတို့သည် စိုးရိမ်ပူပန်လာကြသည်။
ချူလန်က Truth Only မှာ အထောက်အထားရှိမှာကို စိုးရိမ်နေပေမယ့် ကျိုးရန်ယွီနဲ့ သူဖုန်းဆက်တဲ့အသံကို မမျှော်လင့်ဘဲ မှတ်တမ်းတင်ထားခဲ့သည်။ အဲဒီလူဘယ်လိုရနိုင်တယ်ဆိုတာ သူ မသိနိုင်ပေ။
ချူလန်ရဲ့ မသိစိတ်က ကျိုးရန်ယွီကို သံသယဖြစ်သွားသည်။
ကျိုးရန်ယွီသည် သူ့လူဖြစ်သော်လည်း လာဘ်စားပြီး သစ္စာဖောက်မည်မဟုတ်ကြောင်း သေချာမသိပေ။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၇၀ ချူလန် ဝေဖန်မှုခံရခြင်း
ထို့ကြောင့် ချူလန်သည် ကျိုးရန်ယွီကို ချက်ချင်းဖုန်းဆက်ပြီး အသံပေါက်ကြားခြင်းရှိမရှိ မေးမြန်းခဲ့သည်။
ကျိုးရန်ယွီလည်း ထပ်တူပါပဲ။ သူတို့ စကားဝိုင်းကို ဖုန်းထဲမှာ ပေါက်ကြားတာ သူ့ကြောင့် မဟုတ်ပေ။ အဲဒီလူက ဘယ်လိုရလာတယ်ဆိုတာ သူတကယ်မသိပါ။
"အန်ကယ်ချူး တစ်ယောက်ယောက်က မင်းရဲ့ဖုန်းကို စောင့်ကြည့်နေတာ မဖြစ်နိုင်ဘူးလား" ကျိုးရန်ယွီက ပြောသည်။ မဟုတ်ရင် သူတို့နှစ်ယောက်က ပေါက်ကြားတာမဟုတ်တဲ့အတွက် သူတို့ရဲ့ဖုန်းခေါ်ဆိုမှုကို ဘယ်သူမှ မသိသင့်ပေ။
"ဘာ?" ဖြစ်နိုင်သောကြောင့် ချူလန် အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သို့ဆိုလျှင် သူသည် ယခုအချိန်မှစ၍ ကျိုးရန်ယွီနှင့် ဖုန်းပြော၍ မဖြစ်တော့။
ဖုန်းချပြီးနောက် ချူလန်က ကျိုးရန်ယွီအား သူ့ဖုန်းကို မခေါ်ဖို့ မက်ဆေ့ခ်ျပို့လိုက်သည်။
စာကိုဖတ်ရင်း ကျိုးရန်ယွီက ဒေါသတကြီး ဖြစ်သွားသည်။ ခိုင်လုံသော အထောက်အထားများအား ငြင်းဆိုရန် မဖြစ်နိုင်ပေ။
ဖုန်းခေါ်ဆိုမှု အသံသွင်းဖိုင်ကို ဖော်ထုတ်လိုက်သောအခါတွင် ကျိုးရန်ယွီသည် ဤတစ်ကြိမ်တွင် သူ့လမ်းဆုံးပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူ လွတ်မြောက်ချင်ပေမယ့် မအောင်မြင်နိုင်ဘူးဆိုတာ သူသိသည်။
အမှန်တော့ သူထွက်ပြေးရင် ပိုပြင်းထန်တဲ့ အပြစ်ပေးခံရနိုင်သည်။ ကျူးလွန်ကြောင်း ဝန်ခံလျှင် အပြစ်ဒဏ်ပေါ့နိုင်သည်။
ဟိုင်ချန်းခရိုင် ပြည်သူ့လုံခြုံရေးဗျူရိုက ချူလန်ကို ကာကွယ်ပေးရန် မရည်ရွယ်ထားပေမယ့် မျက်စိမှိတ်လိုက်ကာ စုံစမ်းစစ်ဆေးမှုကို ရပ်လိုက်သည်။ အခု ခိုင်လုံတဲ့ သက်သေတွေ ထွက်လာတော့ ချူလန်ကို ရည်ရွယ်ချက်ရှိရှိ အကာအကွယ်ပေးသည်ဖြစ်စေ၊ မကာကွယ်သည်ဖြစ်စေ သူတို့မှာ တာဝန်ရှိသည်။
ဘာပဲဖြစ်ဖြစ် ကျိုးရန်ယွီလည်း ပါဝင်နေတာကြောင့် သူ့ကိုလည်း စစ်ဆေးမေးမြန်းခဲ့ရသည်။
ခိုင်လုံသောသက်သေများကြောင့် ကျိုးရန်ယွီသည် ဝန်ခံခဲ့ရသည်။
ကျိုးရန်ယွီ ဝန်ခံပြီးနောက် လောလောဆယ် အချုပ်ခံထားရသည်။
ထို့နောက် ရဲများက ချူလန်ကို ဖမ်းဆီးရန်သွားခဲ့သည်။
မကြာသေးမီက Truth Only သည် ချူလန်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် သံသယရှိသူများနှအားလွှဲပြောင်းမှုမှတ်တမ်းဓာတ်ပုံအများအပြားနှင့်အတူ သံသရရှိသူ ခြောက်ဦးမှ နယ်အိုက်ကျင်းကို သူမ၏ နေအိမ်မှ ကားဖြင့် ပြန်ပေးဆွဲခေါ်ဆောင်သွားသည့်နေ့တွင် ချူလန်ကဗီလာအတွင်းသို့ ဝင်ရောက်လာသည့်ပုံများနှင့် ဗီလာနှင့် သံသယရှိသူများသည် သူမ၏အလောင်းကို စွန့်ပစ်ရန် ကားဖြင့် ထွက်ခွာသွားကြသည့်ပုံများတင်ခဲ့သည်။
ရှင်းလင်းသော သက်သေအထောက်အထားများကြောင့် သတင်းသည် အင်တာနက်ပေါ်တွင် ပိုမို အာရုံခံစားမှု ဖြစ်စေခဲ့သည်။
"ဘာလဲ f*ck! အခု နောက်ထပ် စုံစမ်းစစ်ဆေးဖို့တောင် မလိုတော့ဘူး။ ချုပ်ကိုင်သူက ချူလန် ဖြစ်ရမယ်"
”သက်သေတွေကို သိတဲ့သူက မယုံနိုင်စရာပဲ။ ရဲတပ်ဖွဲ့ကတောင် အသုံးဝင်တဲ့ အချက်အလက်တွေကို မရဘဲ အမှုကို နှစ်ဝက်ကြာ စုံစမ်းစစ်ဆေးနေခဲ့တာ။ ရာဇ၀တ်သားတွေကို ဖမ်းမယ့်အစား ရဲတွေက တစ်ခုခုကို ဖုံးကွယ်ထားဖြစ်ရမယ်။ စည်းစိမ်ဥစ္စာနဲ့ အာဏာရှိတဲ့ လူတွေက တစ်ယောက်ကိုတစ်ယောက် ကာကွယ်နေကြတယ်ဆိုတာ အမှန်ပဲ”
“အစိုးရအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးသွားပြီ”
"Truth Only ပြောကတည်းက ချူလန်က ချုပ်ကိုင်သူဆိုတာ ငါသိတယ်"
“Truth Only ပဲ အမှန်အတိုင်းပြောရဲတယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေတုန်းပဲ မဟုတ်ရင် အစိုးရအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးသွားလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အင်တာနက်အသုံးပြုသူများသည် မြို့တော်ရှိ အဓိကအများပြည်သူလုံခြုံရေးဗျူရိုနှင့် တရားရုံးများအားလုံးကို @(ဖော်ပြထားသည်)မန်းရှင်းပြီး ယင်းအမှုကို ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။
ဖုရုန်လျန်နှင့် နယ်အိုက်ကျင်း၏ သူငယ်ချင်းအချို့သည် နယ်အိုက်ကျင်း သေပြီးနောက် ချူလန်ကို သံသယရှိခဲ့ကြသော်လည်း တစ်စုံတစ်ခုလုပ်ဆောင်ရန် သက်သေနှင့် အင်အားမရှိကြပေ။
သက်သေတွေ ထွက်လာပြီဖြစ်၍ တစ်ခုခုတော့ လုပ်သင့်တယ်လို့ ထင်ကြသည်။
“ကျွန်မက ဖုရုန်လျန်ရဲ့ သူငယ်ချင်းပါ။ သူ့မိသားစု ဒီအဖြစ်ဆိုးကို ခံစားခဲ့ရပြီးနောက် ကျွန်မချူလန်ကို အမြဲတမ်း သံသယဖြစ်မိပေမယ့် ကျွန်မမှာ သက်သေ ဒါမှမဟုတ် ပံ့ပိုးမှု မရှိတဲ့အတွက်ကြောင့် ဘာမှ မပြောဖြစ်ခဲ့ပါဘူး။ သက်သေပြပေးတဲ့သူကို ကျေးဇူးတင်ပါတယ်။ ချူလန် ကို ဥပဒေနဲ့အညီ အရေးယူနိုင်မယ်လို့ မျှော်လင့်ပါတယ် @ မြို့တော်ဥပဒေ @ မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို @ မြို့တော်သတင်း
“ကျွန်တော်က နယ်အိုက်ကျင်းရဲ့ သူငယ်ချင်းပါ။ ချူလန်က သူမကို အမြဲစိတ်ဝင်စားကြောင်း နယ်အိုက်ကျင်းက ပြောပြတယ်။ သူနဲ့ အတူအိပ်ဖို့ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့ပေမယ့် ငြင်းဆိုခဲ့ပါတယ်တဲ့။ အဲ့ဒါကြောင့် သူသရုပ်ဆောင်ဖို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ သူမသေဆုံးခင် တစ်ရက်အလိုမှာ ကျွန်တော် သူမနဲ့ အတူရှိနေခဲ့တယ်။ အဲဒီတုန်းက သူမ အရမ်းစိတ်မကောင်းဖြစ်နေတာ။ နယ်အိုက်ကျင်းက သူမ နောက်တစ်ကြိမ် နှောင့်ယှက်ခံခဲ့ရကြောင်း ပြောပြပါတယ်။ နောက်တစ်နေ့မှာတော့ သူမသေသွားပြီဆိုတဲ့ ကြေကွဲဖွယ်သတင်းကို ကျွန်တော်ကြားခဲ့ရတယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သက်သေအထောက်အထားတွေ အခုထွက်လာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဥပဒေအရ အပြစ်ပေးခံရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ @ မြို့တော်ဥပဒေ @ မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို @ မြို့တော်သတင်း”
“…”
ချူလန်သည် Truth Only ၏ သက်သေအထောက်အထားကို မြင်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။ ထောက်လှမ်းရေးဗီဒီယိုများကို ဖျက်ဆီးရန် တစ်စုံတစ်ဦးအား စီစဉ်ခဲ့သော်လည်း ထိုလူက ၎င်းတို့ကို ရယူနိုင်ခဲ့သေးသည်။
ထိုလူသည် သူ သူတို့ကိုမဖျက်ဆီးမီ ယူခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။
ချူလန်က ပုန်းချင်ပေမယ့် သူ့ကုမ္ပဏီက ထွက်လာပြီးနောက် ချက်ချင်းပဲ ရဲတွေက သူ့ကို ဝိုင်းရံထားပြီး ပြည်သူ့လုံခြုံရေး ဗျူရိုဆီ ခေါ်ဆောင်သွားသည်။
ချူဟန်ကျောင်းသည် အင်တာနက်အသုံးပြုသူအများစု ချူလန်ကို ကာကွယ်သောအခါ ပြီးသွားသည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အခြေအနေပိုဆိုးလာသည်။
ရလဒ်အရ ချူဟန်ကျောင်းသည် သူမ၏အတန်းမှ ပျက်ကွက်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ရသည်။
ချူလန်၏အပြုအမူအတွက် မစ္စချူသည် စိတ်ဆိုးသော်လည်း သူသည် သူမ၏ခင်ပွန်းဖြစ်သည်။ သူသည် သူတို့၏မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သောကြောင့် သူမသည် ချူလန်ကိုကူညီရန်ကြိုးစားရင်း သူတို့၏အဆက်အသွယ်များထံ အမြန်လှည့်ကာ အကူအညီတောင်းခဲ့သည်။
ကံမကောင်းစွာပဲ၊ ဤအချိန်တွင် သူမမိသားစုကို ဘယ်သူမှ ကူညီရန် ဆန္ဒမရှိကြပါ။
သာမာန်အားဖြင့် လူသိရှင်ကြားမထုတ်ဖော်ရသေးတဲ့အခါမှာ ကိုင်တွယ်ရတာ လွယ်ပေမယ့် အခုက တော်တော်ခက်သည်။
နောက်ဆုံးတွင် မစ္စချူသည် ယွမ်မိသားစုထံ အကူအညီတောင်းခဲ့ရာ အဓိကအားဖြင့် ယွမ်ရှူးယန်၏ဖခင်ကို ဖြစ်သည်။ သူတို့သည် ယွမ်မိသားစု၏ အဓိကအဖွဲ့ဝင်များမဟုတ်တဲ့အတွက် ယွမ်ရှူးယန်၏ဖခင်ကိုသာ သိကြသည်။
သို့သော်လည်း ယွမ်ရှူးယန်၏ဖခင်သည် ယွမ်မိသားစုတွင် အရေးပါသူမဟုတ်သောကြောင့် သူလည်းမကူညီနိုင်ပေ။ အမှန်တော့ သူပါထိခိုက်မှာ ကြောက်လို့ ကူညီဖို့ ငြင်းဆန်ခဲ့ခြင်းပင်။
ချူလန်နှင့်ပတ်သက်သည့် သတင်းများသည် အင်တာနက်နှင့် လူ့အဖွဲ့အစည်းကြီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။
အဆုံးတွင် ချူလန် အဖမ်းခံရကြောင်း အဓိကမီဒီယာအားလုံးက သတင်းဖော်ပြကြပြီး ချူအဖွဲ့အစည်း၏ ရှယ်ယာတန်ဖိုးများ ကျဆင်းသွားသည်။
ကေသည် သတင်းကို လူသိရှင်ကြားဖြစ်လာအောင်လုပ်ထားသောကြောင့် ကုနင်းသည် ကြည့်ရှုသူအဖြစ် ဘေးဖယ်နေခဲ့သည်။
နေ့ခင်းအတန်းပြီးတာနဲ့ ကုနင်းကကျောင်းကထွက်လာသည်။
လင်ရှောင်းထင်က မြို့လယ်ရှိ ရှန်းရှစ်ဟိုတယ်တွင် သီးသန့်အခန်းကို ကြိုတင်မှာယူထားသောကြောင့် အတူတူထမင်းစားကြမည်။
ကုနင်းသည် ထိုနေ့မွန်းလွဲပိုင်းတွင် အတန်းနှစ်တန်းသာရှိသောကြောင့် ညနေ ၄ နာရီတွင် ကျောင်းမှထွက်ခဲ့သည်။
လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှု မရှိတဲ့အတွက် ရှန်းရှစ်ဟိုတယ်ကို ညနေ ၅ နာရီလောက်မှာ ရောက်သည်။
ကုနင်းမရောက်မီတွင် သူမယနေ့မွန်းလွဲပိုင်းတွင် စာသင်ချိန်နှစ်တန်းရှိသည်ဟု ပြောပြထားသောကြောင့် လင်ရှောင်းထင်သည် အချိန်အတော်ကြာအောင် စောင့်နေပြီဖြစ်သည်။
လင်ရှောင်းထင်သည် တစ်ခုခုပြင်ဆင်ရန် လိုအပ်သောကြောင့် သူမကို လာမကြိုပါ။
စားပွဲထိုးသည် ကုနင်းအား သီးသန့်ခန်းသို့ လမ်းညွှန်ပြီးနောက် ထွက်သွားသည်။
ထို့ကြောင့် ကုနင်းတံခါးကို သူမကိုယ်တိုင် တွန်းဖွင့်လိုက်သည်။
ထို့နောက် အထဲရှိ အရာများကို မြင်လိုက်တာနဲ့ တုန်လှုပ်မိသွားတော့သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၇၁ ဖယောင်းတိုင်ညစာစားပွဲ
သီးသန့်ခန်းထဲတွင် မီးများ ခပ်မှိန်မှိန်သာ ထွန်းထားသည်။ စားပွဲပေါ်တွင် နှင်းဆီပန်းများ၊ ဖယောင်းတိုင်များ၊ ခွက်များ၊ ဝိုင်နီက ရိုမန်တစ်ဆန်သော ဂီတသံနှင့်အတူ ရှိaeသည်။ ၎င်းမှာ ဖယောင်းတိုင်ညစာစားပွဲဖြစ်သည်မှာ ထင်ရှားသည်။
လင်ရှောင်းထင်သည် ရိုမန်တစ်ဆန်သူမဟုတ်သောကြောင့် ကုနင်းအတွက် ယနေ့ထိ ရိုဆန်ဆန်ကိစ္စများ မလုပ်ဖူးသောကြောင့် ကုနင်းသည် ရင်ထဲ အလွန်ထိသွား၏။
လင်ရှောင်းထင်သည် ကုနင်းကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများက သူမအပေါ် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ သူမဆီ လျှောက်သွားရင်း နှင်းဆီပန်း ၁၁ ပွင့်ကို ပေးလိုက်သည်။
"အင့်"
ကုနင်းသည် နှင်းဆီပန်းများကို ချက်ချင်းမယူခဲ့ဘဲ သူ့ကို စွေကြည့်ကာ နောက်ပြောင်လိုက်သည်။ "ရှင် ဘာလို့ရုတ်တရက် ဒီလောက် စိတ်ကူးယဉ်ဆန်နေတာလဲ။ ကျွန်မအတွက် ပန်းတွေတောင် ပြင်ထားသေးတယ်။ ရှင် ကျွန်မ စိတ်အနှောက်အယှက်ဖြစ်စေမယ့်ဟာ တစ်ခုခုလုပ်ထားလို့လား။ အဲ့တာကြောင့် အချိုလာသပ်နေတာမလား"
အဲဒါကိုကြားတော့ လင်ရှောင်းထင်က ဆိုးသွမ်းတဲ့ အပြုံးနဲ့ ကုနင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူသည် သူမ၏မျက်လုံးများကို စိုက်ကြည့်ကာ သူ၏ နက်နဲသော အသံဖြင့် “အင်း ကိုယ်ပုံမှန်ဆို ရိုမန့်တစ်ဆန်တာတွေ အများကြီး မလုပ်ဖူးတော့ ဒီနေ့လုပ်လိုက်မိတာက ကိုယ့်ကောင်မလေးကို သံသယ၀င်အောင် လုပ်မိသွားတယ်။ အနာဂတ်မှာ ပိုရိုမန်တစ်ဆန်သင့်တယ်ထင်တယ်!"
ကုနင်းက နောက်ပြောင်နေမှန်း သူသိသည်မို့ သူ လုံးဝ စိတ်မဆိုးပါ။
လင်ရှောင်းထင်က ရှားရှားပါးပါး ပြုံးတတ်သောကြောင့် ကုနင်းသည် ယခုအချိန်တွင် သူ၏ ချစ်စရာကောင်းသော အပြုံးကြောင့် အာရုံလွဲသွားမိသည်။
ကုနင်းရဲ့ တုံ့ပြန်မှုကို မြင်တော့ လင်ရှောင်းထင် စိတ်လှုပ်ရှားသွားပြီး သူ့အပြုံးက ပိုကျယ်ပြန့်လာသည်။
လင်ရှောင်းထင်သည် တိတ်ဆိတ်နေပြီး သူမကို တည့်တည့်စိုက်ကြည့်နေသည်။
ကုနင်းအနည်းငယ် စိတ်မသက်မသာ ခံစားရပြီး သူမ၏ အာရုံများ ပြန်လည် ရောက်ရှိလာသည်။ သူမသည် လင်ရှောင်းထင်၏လက်ထဲမှ ပန်းများကိုယူကာ ပြုံးလိုက်သည်။ "ဟုတ်တယ် ရှင်အခုချိန်ကစပြီး ရိုမန့်တစ်ဆန်တာတွေ ပိုလုပ်သင့်တယ်"
ရိုမန့်တစ်ကို မကြိုက်တဲ့ မိန်းကလေးမရှိသော်လည်း သူမသည် တစ်ခါတရံတွင် ထိုအကြောင်းကို စဉ်းစားရန် အလုပ်များလွန်းသည်။
ထို့နောက် လင်ရှောင်းထင်က ကုနင်းကို စားပွဲသို့ ခေါ်သွားသည်။ သူသည် လူကြီးလူကောင်းတစ်ယောက်လို ပြုမူပြီး သူမအတွက် ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်ခုံနေရာပေးလိုက်သည်။ ထို့နောက် လင်ရှောင်းထင်သည် မှာဖို့အတွက် စားပွဲထိုးကိုခေါ်ရန် ခေါင်းလောင်းမခေါ်မီ သူမဘေးနားတွင် ထိုင်လိုက်သည်။
ညစာစားပြီးချိန်မှာ ညနေ ၆ နာရီခန့်သာရှိသေးသည်။ သူတို့ထမင်းစားပြီးပြီမို့ ဆက်မနေတော့ဘဲ မကြာခင် ထွက်သွားတော့သည်။
သို့သော်လည်း သူတို့ထရပ်လိုက်သည်နှင့် တပြိုင်နက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် နောက်ခန်းမှ ရင်းနှီးသော အသံများကို ကြားလိုက်ရသည်။
ဟိုတယ်တွင် ကောင်းမွန်သော အသံကာများပါသော်လည်း ကုနင်းနှင့် လင်ရှောင်းထင် တို့ရဲ့ အကြားအာရုံကပိုကောင်းပေသည်။
လင်ရှောင်းထင်က လေးနက်စွာ စိုက်ကြည့်ကာ “နင်နင်း နောက်ခန်းမှာ ဘယ်သူရှိနေတာလဲ ကြည့်လိုက်ပါလား”
“ဟုတ်ပြီ” ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်း ကိုအသုံးပြုကာ နောက်ခန်းအတွင်းကို ချက်ချင်းကြည့်လိုက်သည်။ "ရှန်းယန်ဖန့်၊ ယွမ်ဝမ်ယွေ့နဲ့ ထူးဆန်းတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူက အသက် ၃၀ လောက်ရှိတယ်။ သူက လူဆိုးဂိုဏ်းလို့ ထင်ရတာပဲ။ သူက ရှန်းယန်ဖန့်နဲ့အတူ ထိုင်နေတယ်။ သူက ရှန်းယန်ဖန့်ရဲ့ သူငယ်ချင်းဖြစ်မယ့်ပုံပဲ”
လင်ရှောင်းထင် သည် ရှန်းယန်ဖန့်နှင့် ယွမ်ဝမ်ယွေ့တို့၏ဆက်ဆံရေးအကြောင်းပြောဖူးသောကြောင့် ကုနင်းသည် ယွမ်ဝမ်ယွေ့၏ဓာတ်ပုံများကိုရှာဖွေရန် ကေကို အထူးပြောခဲ့ဖူးသည်။ သူ့ကို အခုမြင်ဖူးသည်နှင့် သူမ မှတ်မိနိုင်သည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင်က ပို၍စိတ်ပျက်သွားသည်။ “သူက လုံထျန်းဟူရဲ့လူဖြစ်နိုင်တယ်။ သူတို့ဘာတွေပြောကြမလဲ နားထောင်ရအောင်”
“ဟုတ်ပြီ!” ကုနင်းက သဘောတူပြီး သူတို့ စကားဝိုင်းကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေလိုက်သည်။
နောက်ခန်းတွင် ရှန်းယန်ဖန့်၊ ယွမ်ဝမ်ယွေ့နှင့် ကုနင်းမသိသောလူတို့ ထိုင်နေကြသည်။
"သခင်ယွမ်၊ အားလုံးပြင်ဆင်ပြီးပါပြီ။ မင်းသဘောတူသရွေ့ ကျွန်တော် သဘောတူညီချက်ကို အပြီးသတ်နိုင်ပါတယ်။ အောင်မြင်သွားရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာပါ။ အနာဂတ်မှာ ကျွန်တော်တို့က လှေတစ်စင်းထဲမှာပါ။ သခင်ယွမ် ကျေးဇူးပြု၍ အဲ့ရာထူးအတွက် ကျွန်တော့်ကို ကူညီပေးပါ” ဟု ရှန်းယန်ဖန့်က ပြောကြားသည်။
“ကိစ္စမရှိပါဘူး။ ငါ့စကားကို သေချာပေါက် တည်မှာပါ။ ဒီရွေးကောက်ပွဲပြီးရင် မြို့တော်မှာရှိတဲ့ ယဉ်ကျေးမှုရေးရာဗျူရိုရဲ့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို မင်းရလိမ့်မယ်” ဟု ယွမ်ဝမ်ယွေ့က ပြန်ပြောလိုက်သည်။
"ကောင်းပြီ၊ မနက်ဖြန် ၁၁ နာရီမှာ ဟိုင်ချန်ခရိုင်မှာရှိတဲ့ XX လမ်းက စွန့်ပစ်ထားတဲ့ ကုန်လှောင်ရုံမှာ သဘောတူညီချက်ကို ပြီးအောင်လုပ်နိုင်မလား"
“ရပါတယ် မနက်ဖန် ပစ္စည်းတွေယူဖို့ လူတချို့ကို ငါစီစဉ်လိုက်မယ်”
ယွမ်ဝမ်ယွေ့၏သဘောတူညီချက်ကို ရှန်းယန်ဖန့် ကျေနပ်အားရသွားသည်။
ထိုစကားကိုကြားတော့ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် သူတို့၏စကားများကို ဆက်၍နားမထောင်ဘဲ အကြည့်ချင်းဖလှယ်ကာ နောက်မှ ထွက်ခွာသွားကြသည်။
ကားပေါ်ရောက်တဲ့အထိ သူတို့ ဘာမှမပြောကြပေ။
"ပစ္စည်းတွေ? ဘာဖြစ်နိုင်မလဲ?" ကုနင်းက မေးသည်။
“လက်နက်ဖြစ်ဖြစ်၊ မူးယစ်ဆေးဝါးဖြစ်ဖြစ် ဖြစ်နိုင်တယ်။ ယွမ်ဝမ်ယွေ့က မြေအောက်လောကမှာ သူ့အာဏာကို စောစောကတည်းက တည်ဆောက်နေတာကို ကိုယ်သိလိုက်ရတယ်။ အဲ့တာကြောင့် သူတို့ အဲဒီပစ္စည်းတွေကို လိုအပ်တယ်” ဟု လင်ရှောင်းထင်က ပြောသည်။
ယွမ်ဝမ်ယွေ့သည် မြေအောက်လောကတွင် သူ၏အင်အားကို တည်ဆောက်နေကြောင်း သူသိခဲ့သော်လည်း အသေးစိတ်အချက်များစွာကို မသိသောကြောင့် မည်သို့အရေးယူရမည်ကို မသိပေ။
"မနက်ဖြန်ညမှာ သူတို့အစီအစဉ်ကို ဖျက်သင့်လား" ကုနင်းက မကောင်းဆိုးဝါးအပြုံးနဲ့ ပြုံးပြီးမေးလိုက်သည်။
လင်မိသားစု၏ရန်သူများသည်လည်း သူမ၏ရန်သူများဖြစ်သည်။
"ကိုယ်လည်း ဒီလိုလုပ်ဖို့ စိတ်ကူးရှိတယ်" လင်ရှောင်းထင်လည်း ပြုံးသည်။ သူတို့နဲ့ တိုးတဲ့အတွက် သဘောတူညီချက်ကို ပျက်စီးအောင် တစ်ခုခုလုပ်ရမည်။
လင်ရှောင်းထင်သည် ရှန်းယန်ဖန့်နှင့် ယွမ်ဝမ်ယွေ့နှင့်တွဲလုပ်ခြင်းကို ရပ်တန့်သွားရုံသာမကဘဲ ယွမ်ဝမ်ယွေ့သည်လည်း မြေအောက်လောကတွင် သူ၏အင်အားတည်ဆောက်ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။
ယွမ်ဝမ်ယွေ့သာ အောင်မြင်ခဲ့လျှင် မြို့တော်ကို ကြီးစိုးသော မိသားစုလေးစုသည် ပရမ်းပတာ ဖြစ်နိုင်ပေလိမ့်မည်။
“စောသေးတယ်။ ကျွန်မတို့ဘယ်ကိုသွားကြမလဲ" ကုနင်းက မေးသည်။
"ရုပ်ရှင်သွားကြည့်ကြမလား"
သူတို့နှစ်ယောက်က ချိန်းတွေ့ကြတာမို့ သဘာဝအတိုင်းသာဆို ညစာစား၊ ရုပ်ရှင်ကြည့်ပြီးတာနဲ့ တူတူအိပ်သင့်သည်။
“ကောင်းပြီလေ” ကုနင်းက ပြုံးပြီး သဘောတူလိုက်သည်။
သူမသည် ရုပ်ရှင်ဝါသနာပါသူမဟုတ်သော်လည်း လင်ရှောင်းထင်နှင့်တူတူ ဇာတ်ကားကြည့်ရန် ဆန္ဒရှိခဲ့သည်။ သူတို့နှစ်ယောက်အတူရှိနေသရွေ့တော့ သူနဲ့ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပေသည်။
ရုပ်ရှင်ရုံထဲ ၀င်သွားလိုက်သည်နှင့် သူတို့ဟာ အထင်ရှားဆုံး စုံတွဲဖြစ်လာသည်။
ရှန်းကျီလင်းနှင့် သူမ၏ သူငယ်ချင်းသည် ယနေ့ ရုပ်ရှင်ကြည့်ရန် လာရောက်ခဲ့ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့နှင့် ရုပ်ရှင်ရုံတစ်ခုထဲကို ရွေးချယ်ခဲ့သည်။
ထို့ကြောင့် သူမ သူတို့နဲ့တွေ့သည်။
ရှန်းကျီလင်း၏သူငယ်ချင်းဖြစ်သူသည် ကုနင်းနှင့် လင်ရှောင်းထင်တို့ကို သူမထက်အရင်တွေ့ခဲ့ရပြီး လှပသောစုံတွဲကြောင့် သူမအံ့သြသွားခဲ့သည်။
"ကျီလင်း ကြည့်အုံး။ အဲဒီစုံတွဲက အရမ်းချောတာပဲ။ ကောင်မလေးက ချောတယ် ကောင်လေးလည်း ချောတယ်။ အဲဒီလူက ငါ့ idol ထက်တောင် ပိုချစ်ဖို့ကောင်းသေးတယ်” ဟု ရှန်းကျီလင်းရဲ့ သူငယ်ချင်းက ဆိုသည်။
အဲဒါကိုကြားတော့ ရှန်းကျီလင်းက စုံတွဲကို လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် စိတ်ဆိုးကာ ဝမ်းနည်းသွားပြီး လက်ကို တင်းတင်းဆုပ်ထားသည်။
ကုနင်းနဲ့ လင်ရှောင်းထင်ကို ဒီမှာတွေ့ဖို့ သူမ မမျှော်လင့်ခဲ့ပါ။
သူမသည် လင်ရှောင်းထင်၏လက်ကို ဆုပ်ကိုင်ထားရန် ဆန္ဒရှိသော်လည်း သူကတော့ မဟုတ်ပေ။ ရှန်းကျီလင်းသည် ယခုအချိန်တွင် ကုနင်းကို သေလောက်တဲ့အထိ မုန်းတီးမိသည်။
သူမ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ရှန်းကျီလင်း၏ သူငယ်ချင်းက စိတ်ပူသွားသည်။ "ကျီလင်း မင်းအဆင်ပြေရဲ့လား"
"ပြေပါတယ်" ရှန်းကျီလင်း အသိစိတ်ပြန်၀င်လာပြီး ကုနင်းနှင့် လင်ရှောင်းထင်ကို ဂရုမစိုက်တော့ဘဲ သူ့ဘာသာနေလိုက်သည်။
သို့သော် ကုနင်းနှင့် လင်ရှောင်းထင် တို့တွင် စူးရှသောအာရုံများရှိ၍ မကြာမီအချိန်အတွင်း ရှန်းကျီလင်း သတိပြုမိသော်လည်း သူမကို ဂရုမစိုက်ပေ။
မူလက ရှန်းကျီလင်းသည် ကုနင်းနှင့် လင်ရှောင်းထင်ကို ရှောင်ရန် ကြိုးစားခဲ့သော်လည်း တူညီသော ရုပ်ရှင်ကိုပင် ကြည့်ခဲ့ကြသည်။ ထိုင်ခုံတွေကြားက အကွာအဝေးရှိပေမယ့် သူတို့နှစ်ယောက်က သူမနဲ့ တစ်ခန်းတည်းမို့ ရုပ်ရှင်ကို အာရုံမစိုက်နိုင်ပေ။
ရလဒ်အနေနဲ့ ရုပ်ရှင်ရဲ့ သုံးပုံတစ်ပုံကိုသာ ကြည့်ရှုပြီးနောက် ရှန်းကျီလင်းက သူ့သူငယ်ချင်းကို နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်ပြောကာ ထွက်လာခဲ့သည်။
"ကျီလင်း၊ ဒီနေ့ မင်းပုံမှန်မဟုတ်ဘူးနော်" ရှန်းကျီလင်း၏သူငယ်ချင်းက သူတို့ထွက်သွားစဉ်ပြောသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၇၂ စိတ်ပျက်စရာတွေ!
"ယင်းယင်း၊ ငါ စိတ်အခြေအနေမကောင်းဘူး။ သွားသောက်ရအောင်!" ရှန်းကျီလင်းက ပြောသည်။ ကုနင်းနှင့် လင်ရှောင်းထင်၏ ဆက်ဆံရေးအကြောင်း သူမ၏ သူငယ်ချင်းကောင်း ချန်ယင်းယင်းအား သူမ ပြောပြလိုခြင်း မရှိခဲ့ပေ။
“ဟုတ်ပြီ!” ရှန်းကျီလင်းသည် သူမအား ပြောပြရန် ဝန်လေးနေသောကြောင့် ချန်ယင်းယင်းသည် ထပ်မမေးတော့ပေ။ ရှန်းကျီလင်း သောက်ချင်တာကြောင့် သူမနှင့် အဖော်ပြုပေးမည်။
ထို့နောက် ရှန်းကျီလင်းနှင့် ချန်ယင်းယင်းတို့သည် ဘားတစ်ခုတွင် အရက်သောက်ကြသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ရှန်းကျီလင်းကို ဂရုမစိုက်ဘဲ ရုပ်ရှင်ကြည့်ပြီးနောက် အိမ်သို့ပြန်ခဲ့ကြသည်။
သူတို့အိမ်ပြန်ရောက်တာနဲ့ လင်ရှောင်းထင်ဟာ သူ့ဆန္ဒကို မထိန်းနိုင်တော့ပဲ ကုနင်းနဲ့ အတူနေခဲ့ပေသည်။
…
ရှန်းကျီလင်းက စိတ်အခြေအနေ မကောင်း၍ အရက်တွေအရမ်းသောက်တော့သည်။ ချန်ယင်းယင်းသည် သူမအား အရက်အလွန်အကျွံသောက်ခြင်းကို မတားနိုင်တော့ပေ။
ဘားထဲတွင် ရုပ်ရည်ချောမောသော အမျိုးသမီးများနှင့် အမျိုးသားများသည် အချင်းချင်း စကားစမြည်ပြောရန် ကြိုးစားကြသည်။ ရှန်းကျီလင်းသည် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ယောက်ျားများကလည်း သူမကို စွဲဆောင်မိခဲ့သည်။
ရှန်းကျီလင်းသည် အရက်ဆိုင်များတွင် အပန်းဖြေရန် မကြာခဏလာသော်လည်း သူမ၏အပြုအမူကို အမြဲထိန်းချုပ်ထားသည်။ သို့သော် ယနေ့သည် ခြွင်းချက်ဖြစ်သည်။ သူမသည် သူမ၏ သတ်မှတ်ချက်များကို ဘေးဖယ်ထားပြီး စိတ်အားထက်သန်စွာဖြင့် ထူးဆန်းသောလူတစ်ဦးနှင့် စကားစမြည်ပြောဆိုခဲ့သည်။
နောက်ဆုံးတွင် အခန်းတစ်ခုမှာရန် ယောက်ျားက အဆိုပြုသောအခါ သူမလည်း သဘောတူခဲ့သည်။
ချန်ယင်းယင်းက သူမကို တားဖို့ ကြိုးစားပေမယ့် မအောင်မြင်တာကြောင့် သူမကို လွှတ်လိုက်ရပါတော့သည်။ သူတို့သည် အရွယ်ရောက်ပြီးသားသူတွေဖြစ်ပြီး သူတို့၏ အပြုအမူအတွက် သူတို့ကိုယ်တိုင်တာဝန်ယူသင့်သည်။
ရှန်းကျီလင်း အရမ်းမူးနေပေမယ့် သတိလွတ်မသွားတာကြောင့် သူမဘာလုပ်နေလဲဆိုတာ သူမသိပေသည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် လင်ရှောင်းထင်သည် အတူတူရှိရန် မဖြစ်နိုင်တော့သောကြောင့် သူမအတွက် စိတ်ပူစရာ ဘာမှမရှိတော့ပေ။
လင်ရှောင်းထင်ကြောင့် သူမ လုံးဝ ပြောင်းလဲသွားကြောင်း ဝန်ခံလိုပါသည်။ သူမသည် သူ့အတွက် သူမ၏ သတ်မှတ်ချက်များကို စွန့်လွှတ်လိုက်ရသော်လည်း သူမ ဂရုမစိုက်ပါ။
ရှန်းကျီလင်းနဲ့ ထိုယောက်ျားက ဟိုတယ်ကိုသွားပြီး အတူနေလိုက်ကြသည်။
နောက်နေ့တွင် သူမနိုးလာသောအခါ ရှန်းကျီလင်းသည် နောင်တရခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ။
…
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် နံနက်ပိုင်းတွင် စစ်ဟယ်ယွမ်ဆီသို့ သွားကြသည်။ အခြားအရာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် ယနေ့ ကျင့်ကြံမည်မဟုတ်ပါ။
သူတို့သည် ရှန်းကွမ်းယန်နှင့် နေ့လည်စာ အတူတူစားကြပြီး ခဏတာ အနားယူပြီးနောက် နေ့လည် ၂ နာရီတွင် ထွက်ခွာကာ တောင်မြစ်ကမ်းဥယျာဉ်သို့ ပြန်သွားကြသည်။
သူတို့သည် တောင်မြစ်ကမ်းဥယျာဉ်တွင် ခဏနေခဲ့ကြပြီးနောက် လင်မိသားစု၏အိမ်ဟောင်းရှိ သခင်ကြီးလင်ထံ သွားရောက်လည်ပတ်ရန် ကျင်းယွင်ယောင်ကို ခေါ်သွားခဲ့သည်။
စနေနေ့ဖြစ်သောကြောင့် လင်မိသားစုဝင်အများစု ရှိပေသည်။
လင်ရှောင်းထင်၊ ကုနင်းနှင့် ကျင်းယွင်ယောင်ကိုမြင်လိုက်ရတော့ လင်မိသားစုက အထူးသဖြင့် လင်ယွမ်ချန်မိသားစုနှင့် ကျန်းရှူးယွမ်ကလွဲ၍ ကျန်မိသားစု၀င်များက ဝမ်းသာအားရ ကြိုဆိုကြသည်။
ကျန်းရှူးယွမ်သည် သူတို့ကို နှုတ်ဆက်ရန်ပင် စိတ်မ၀င်စားဘဲ သူတို့ကို တွေ့ရတော့ စိတ်မကြည်မလင်ဖြစ်မိသည်။
သူမဟာ သူ့အခန်းကို ပြန်သွားချင်ပေမယ့် လင်ယွမ်ချန်က သခင်ကြီးလင်ကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် သူမကို တားထားရသည်။
ကျန်းရှူးယွမ်က မနေချင်ပေမယ့် ဘာပြသနာမှ မရှာရဲတာကြောင့် စိတ်မကြည်လင်တဲ့အမူအရာနဲ့သာ ရှိနေပေတော့သည်။
ကျန်းရှူးယွမ်က သူမကို မစော်ကားသရွေ့ ကျင်းယွင်ယောင်က ဂရုစိုက်မည်မဟုတ်ပါ။
လင်ရှောက်မင်လည်း ဒီနေ့ ပြန်လာခဲ့ပြီး ကျင်းယွင်ယောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ကျင်းယွင်ယောင် အသက်ရှင်နေသေးပြီး ပြန်လာတာကို သူသိနေပေမယ့်လည်း သူမကို သူ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ရတော့ ထိတ်လန့်နေတုန်းပါပဲ။
သူ့အဒေါ်ကြီးသည် အလွန်နုပျိုနေသေးသည်။ သူမသည် ၄၀ ထက်ပင် ငယ်သည့်ပုံရသည်။
"ဟိုင်း အန်တီယွင်ယောင်၊ ကျွန်တော်က ရှောက်မင်ပါ။ တွေ့ရတာဝမ်းသာပါတယ်။" လင်ရှောက်မင်သည် ကျင်းယွင်ယောင်ကို မကြိုဆိုသော်လည်း ယဉ်ကျေးစွာ နှုတ်ဆက်နေဆဲဖြစ်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ရှောက်မင်” လို့ ကျင်းယွင်ယောင်က ပြောသည်။
လင်ယွမ်ချန်၏မိသားစုသည် လင်ရှောင်းထင်ကိုမကြိုက်ကြောင်း ကျင်းယွင်ယောင်လည်းသိသည်။ သူမသည် ၎င်းတို့ကို မကြိုက်သော်လည်း သူမ၏ ခံစားချက်ကို သူမမျက်နှာတွင် မပြခဲ့ပေ။
သူမတို့ကို မစော်ကားသေးသရွေ့ သူတို့ကို ကြင်နာပေလိမ့်မည်။ သူမတို့ကို ဒုက္ခပေးရဲရင်တော့ သင်ခန်းစာပေးဖို့ တွန့်ဆုတ်မှာလည်း မဟုတ်ပါ။
"မင်းက ကုနင်းဖြစ်ရမယ် ဟုတ်လား" လင်ရှောက်မင်သည် ကုနင်းကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ကုနင်းကို သူ မကြိုက်သော်လည်း သူမအပေါ် ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။
လင်ရှောက်မင်သည် လက်တွေ့ဘဝတွင် ကုနင်းကို ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း အင်တာနက်ပေါ်မှ သူမအကြောင်း သတင်းများကို အာရုံစိုက်မိသောကြောင့် သူမလုပ်ဆောင်ခဲ့သမျှကို သဘောကျမိသည်။ ကံမကောင်းစွာပဲ သူမသည် လင်ရှောင်းထင်၏ရည်းစားဖြစ်သောကြောင့် သူမအပေါ် အထင်ကြီးစရာမရှိခဲ့ပေ။
လင်ရှောက်ကျား ကုနင်းအပေါ် လုပ်ခဲ့တာကို တွေးရင်း လင်ရှောက်မင်သည် ကုနင်း မျက်နှာကို ကြည့်ရတာ အနည်းငယ် အပြစ်ရှိစိတ်ရှိသလို ခံစားရသည်။
"ဟုတ်ပါတယ်၊ ကျွန်မက ကုနင်းပါ" ကုနင်းသည် လင်ရှောက်မင်ကို မကြိုက်သော်လည်း သူမက သူ့ကို ကြင်နာသည်။
တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမဖြတ်ခင်အထိ တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ သိမ်မွေ့ဖို့ လိုအပ်သည်။ ဒါက ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပေသည်။
ကျန်းရှူးယွမ်က သူတို့ နှုတ်ဆက်တာကို မုန်းသည်။ လင်ရှောက်မင်က သူတို့နဲ့ အပြန်အလှန် နှုတ်ဆက်တာကို မြင်တော့ သူမ ကျေနပ်ပေမယ့် ဘာမှ မပြောပါ။
ထို့နောက် သခင်ကြီးလင်သည် လင်ရှောင်းထင် ၊ ကျင်းယွင်ယောင်နှင့် ကုနင်းတို့ကို အတူတူ စကားစမြည်ပြောရန် ခေါ်သွားသည်။ လင်ယွမ်ကျန်းနှင့် သူ၏ဇနီးတို့သည် သူတို့နှင့်ပူးပေါင်းခဲ့သည်။ ကျန်းရှူးယွမ်၏မိသားစုသည် အပြင်လူများကဲ့သို့ ခံစားရစေသည် ဒါဟာ မနှစ်မြို့စရာခံစားချက်တစ်ခုပါ။။။
အမှန်တော့ သူတို့က သခင်ကြီးလင်နဲ့ စကားပြောတာကို မကြိုက်တဲ့အတွက် ဒါဟာ သခင်ကြီးလင်ရဲ့ အပြစ်မဟုတ်ပါ။ သခင်ကြီးလင်အတွက် သူတို့နဲ့ စိတ်အားထက်သန်စွာ အချိန်ဖြုန်းဖို့ ခက်ပေသည်။
လင်ယွမ်ချန်က စကားနည်းပြီး ကျန်းရှူးယွမ်သည် စိတ်မရှည်ပေ။ လင်ရှောက်မင်သည် သခင်ကြီးလင်ကို အလွန်ကြောက်ပြီး လင်ရှောက်ကျားကစိတ်မဝင်စားသောကြောင့် သူတို့သည် သခင်ကြီးလင်နှင့် မရင်းနှီးခဲ့ကြပေ။ ချစ်တဲ့မိသားစု၀င်လိုဖြစ်ဖို့ သူတို့အတွက် မဖြစ်နိုင်ပေ။
လင်ရှောင်းထင်သည် စကားနည်းသော်လည်း သခင်ကြီးလင်နှင့် ကြီးပြင်းခဲ့ရသည်။ သခင်ကြီးလင်ကို မကြောက်ဘဲ သူပြောချင်ရာကို ပြောတတ်သည်။ ထိုအခြေအနေမျိုးတွင် သခင်ကြီးလင်နှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရန် သူ့အတွက် ပိုမိုလွယ်ကူလာသည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် လင်ရှောင်းထင်သည် သခင်ကြီးလင်ကို စာသင်ခန်းတွင် သီးသန့်စကားပြောရန် တောင်းဆိုခဲ့သည်။ မနေ့က ကုနင်းနဲ့အတူ ထမင်းစားနေစဉ်မှာ ရှန်းယန်ဖန့်နဲ့ ယွမ်ဝမ်ယွေ့တို့ကိုတွေ့ခဲ့တယ်လို့ လင်ရှောင်းထင်က သခင်ကြီးလင်ကို ပြောပြခဲ့သည်။ သူတို့ စကားဝိုင်းကိုလည်း ကြားလိုက်ရသည်။ ထို့ကြောင့် သူနှင့် ကုနင်းတို့သည် ယနေ့ညတွင် ၎င်းတို့၏ သဘောတူညီချက်ကို ဖျက်ဆီးလိမ့်မည်။
သခင်ကြီးလင်က သဘောတူသည်။
သခင်ကြီးလင်နှင့် လင်ရှောင်းထင်သည် စာဖတ်ခန်းသို့သွားပြီးနောက် ကျန်းရှူးယွမ်သည် စိတ်မရှည်တော့ဘဲ အိမ်သို့ ချက်ချင်းပြန်သွားခဲ့သည်။ သူမသည် ကျင်းယွင်ယောင်နှင့် အတူနေရန် ဝန်လေးနေခဲ့သည်။
ကျင်းယွင်ယောင်သည် ကျန်းရှူးယွမ်ကို အစမှအဆုံး အာရုံနောက်ခြင်းမရှိပေ။
လင်ယွမ်ချန်ဟာ ဧည့်ခန်းထဲမှာ နေရတာကို မုန်းတီးတဲ့အတွက် စာဖတ်ဖို့ အကြောင်းပြချက်ပေးကာ ထွက်လာခဲ့သည်။
လင်ရှောက်မင်ကလည်း သူ့အခန်းကို ရှင်းဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်သွားခဲ့သည်။
လင်ရှောက်မင် သူ့အခန်းထဲပြန်ရောက်ပြီးချင်းမှာပဲ ကျန်းရှူးယွမ်က ဝင်လာပြီး ကုလားထိုင်ပေါ်ထိုင်ပြီး ညည်းညူလိုက်သည်။
"စိတ်ပျက်စရာတွေ!"
“လိုက်လျောညီထွေဖြစ်အောင်နေလိုက်ပါ။ အဘိုးကို မနှောင့်ယှက်မိစေနဲ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာက သူတို့အိမ်လည်းဖြစ်တော့ ခဏခဏပြန်လာတာ ပုံမှန်ပါပဲ” ဟု လင်ရှောက်မင်က ပြောသည်။ သူလည်းသူတို့ကိုမြင်ရတာမကြိုက်ပေမယ့် ကျန်းရှူးယွမ်ထက်တော့ ပိုတည်ငြိမ်သည်။ သူက အနည်းငယ်သာ စိတ်မသက်မသာ ခံစားရသည်။
"သူတို့ကိုမြင်ရတာ မုန်းတယ်"
ကျန်းရှူးယွမ်သည် လင်ရှောက်မင်၏ စကားကို နားလည်သော်လည်း သူတို့အပေါ်ထားရှိသော သူမ၏ တကယ့်ခံစားချက်ကို သူမ ဖုံးကွယ်ထားနိုင်ပေ။ “မင်းအဘိုးက ငါတို့ကို ခွဲခြားဆက်ဆံတယ်။ သူတို့ပြန်လာတော့ အရမ်းပျော်နေပုံပဲ၊ ဒါပေမယ့် မင်းကိုတွေ့ရင်တော့ အရမ်းစိတ်အားထက်သန်သလို မပြဘူး”
သခင်ကြီးလင်က လင်ရှောင်းထင်ကို လင်ရှောက်မင်ထက်ပိုပြီး ဂရုစိုက်တဲ့အတွက် ကျန်းရှူးယွမ်ကို ပိုမကျေမနပ်ဖြစ်စေမိသည်။