အခန်း (၁၈၇၉-၁၈၈၄)
Vol. 116 Ch. 1879-1884
အခန်း ၁၈၇၉ အကျိုးအမြတ်များကိုသာ ဂရုစိုက်သည်
ကုနင်းပိုင်ဆိုင်သောအရာများကို သိပြီးနောက် ကောကျားယင်သည် သူမအား အထင်အမြင်သေးဝံ့ခြင်းမရှိတော့ပေ။
သူမသည် ဖုန့်ဟွာအင်တာတိန်းမန့်ကိုသာပိုင်ဆိုင်ပါက ကြီးကြီးမားမားကိစ္စမဟုတ်သော်လည်း ခိုကျီ၊ Charm နှင့် Jade Beautyလက်ဝတ်ရတနာတို့သည် ယခုအချိန်တွင် အလွန်ရေပန်းစားနေပါသည်။
သို့သော် ချူးဖေ့ဟန် သည် ကုနင်းနှင့် ဆက်ဆံရေးရှိခဲ့ပြီး ကောကျားယင်ကို ပို၍ မနာလိုဖြစ်စေခဲ့သည်။ သူမသာ ကုနင်း၏သူငယ်ချင်းဖြစ်လျှင် သူမမှာ အားသာချက်များ ပို၍ရနိုင်သည်။
အဲဒါကိုတွေးရင်း ကောကျားယင်မှာ အကြံတစ်ခု ပေါ်လာသည်။
သူမသည် ကုနင်းနှင့် မိတ်ဖွဲ့နိုင်သည်။
အကယ်၍ သူမသာ ကုနင်း၏ သူငယ်ချင်းဖြစ်လာပါက သူမသည် ခိုကျီ နှင့် Charm တို့မှ ထုတ်ကုန်များကို လိုချင်သလောက် အသုံးပြုနိုင်သည်။ Jade Beauty လက်ဝတ်ရတနာနှင့် ပတ်သက်၍ သူမသည် ဝယ်ရန်မလိုအပ်တော့ပေ။ ကြိုက်သလို ဌားလို့ရပေသည်။
ကောကျားယင်သည် သူမသာ ကုနင်း၏သူငယ်ချင်းဖြစ်လိုသရွေ့ သူမဟာ ကုနင်း၏ သူငယ်ချင်းဖြစ်လာလိမ့်မည်ဟု သူမကိုယ်သူမ အထင်ကြီးလွန်းသည်။
ထို့အပြင် သူမသည် သူငယ်ချင်းဖြစ်ပြီးနောက် သူမလိုချင်သမျှကို ကုနင်းထံတောင်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။
ဒါပေမယ့် တကယ့်သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက် သူတို့လိုချင်တာကို တောင်းမှာမဟုတ်ပေ။ သူငယ်ချင်းအစစ်တွေက အကျိုးအမြတ်ထက် တစ်ယောက်ကိုတစ်ယောက် ပိုဂရုစိုက်ကြသည်။ ဆက်ဆံရေးနှင့် အကျိုးအမြတ်များ ရောထွေးနေပါက စစ်မှန်သော ခင်မင်ရင်းနှီးမှု ရှိလာမည်မဟုတ်ပေ။
တကယ်တော့ စိတ်ပျက်စရာကောင်းသော လူတွေသာ အကျိုးကျေးဇူးတွေကိုပဲ အာရုံစိုက်ကြသည်။
ညနေ ၅ နာရီ ၅၅ မိနစ်တွင် ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန် ရောက်လာသည်။ သူတို့နှစ်ယောက်လုံးဟာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တာကြောင့် ပေါ်လာပြီးတာနဲ့ သတင်းထောက်တွေရဲ့ အာရုံကို အလွယ်တကူ ဖမ်းစားနိုင်ခဲ့သည်။ နှောင့်နှေးမှုမရှိဘဲ သတင်းထောက်များစွာသည် ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်ထံသို့ လျှောက်သွားခဲ့သည်။
သို့သော် သူတို့သည် ကုနင်းနှင့် စုထုန်နျိုတို့ကို မထားခဲ့ဘဲ တစ်ဝက်ခန့်သာ ထွက်ခွာသွားခဲ့သည်။
ကုနင်းသည် ယနေ့တွင် သူမဟာ အဓိကကျသော အခန်းကဏ္ဍမှ မဟုတ်သောကြောင့် သူမသည် ၎င်းတို့၏ အာရုံစိုက်မှုကို ခိုးယူရန် ရည်ရွယ်ချက်မရှိပေ။ သူမသည် ထိုသတင်းထောက်များအား ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်တို့ကို ဦးစွာ တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် ယနေ့ ပိုအရေးကြီးသောကြောင့် ဖြစ်သည်။
ထို့နောက် သတင်းထောက်များသည် ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်တို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။
သတင်းထောက်အုပ်စု ဖယ်သွားပြီးနောက် လုကျန်းသည် ဒါရိုက်တာများနှင့် ထုတ်လုပ်သူအများအပြားနှင့်အတူ ကုနင်းဆီသို့ လျှောက်သွားခဲ့သည်။ အချင်းချင်း မိတ်ဆက်ပေးပြီး နှုတ်ဆက်ကြသည်။
“မစ္စကုရဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေ ဟိုးအရင်ကတည်းက ကြားဖူးပေမယ့် ဒီနေ့အထိ မင်းနဲ့ တွေ့ဖို့ အခွင့်အရေး မရသေးဘူး။ ငါ့ကို မစ္စကု နဲ့ မိတ်ဆက်ပေးတဲ့ ဒါရိုက်တာလုကို ကျေးဇူးတင်ရမယ်"
“ဟုတ်တယ် မစ္စကုက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းအောင်မြင်ခဲ့တယ်။ မင်းက ငါ လေးစားအားကျတဲ့သူပဲ"
"ဟုတ်ပါတယ် ဖြစ်နိုင်ရင် ဖုန့်ဟွာအင်တာတိန်းမန့်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
“…”
သူတို့သည် ကုနင်းကို ချီးမွမ်းကြသော်လည်း သူမကို မြှောက်ပင့်နေခြင်းမဟုတ်ပါ။ သူမကို အမှန်တကယ် ကြည်ညိုလေးစားကြသည်။
ကုနင်း၏ အောင်မြင်မှုများကြောင့် သူမအပေါ် မနာလိုခြင်း သို့မဟုတ် မုန်းတီးခြင်း မရှိဘဲ သူမအား အမှန်တကယ် လေးစားခဲ့ကြသည်။
တကယ်တော့ ကုနင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မယ့်သူ မရှိပေ။
သူတို့၏ ချီးကျူးစကားများကို ရင်ဆိုင်ရင်း ကုနင်းသည် တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်မှုအပြည့်ရှိသည်။ လူမှုဆက်ဆံရေး အတွေ့အကြုံ လုံးဝကင်းမဲ့တဲ့ မိန်းကလေးတစ်ယောက်လို မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် လူမှုဆက်ဆံရေးအတွေ့အကြုံ နှစ်ပေါင်းများစွာရှိသည့် ရင့်ကျက်ပြီး အောင်မြင်သောပုဂ္ဂိုလ်တစ်ဦးနှင့်တူသည်။ ကုနင်းသည် ယခုနှစ်တွင် ၁၉ နှစ်သာရှိသေးသည်ဆိုသည်ကို လူအများက သံသယဖြစ်စေခဲ့သည်။
ထို့အတွက်ကြောင့် လူတိုင်းသည် ကုနင်းကို ပိုမိုကောင်းမွန်စွာ စွဲလမ်းသွားကြပြီး သူမကို နှလုံးသားထဲမှ လေးစားလာကြသည်။ ငယ်ရွယ်တယ်ဆိုတိုင်း သူမကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ကြပါ။
ချူးဖေ့ဟန်သည် လုကျန်းနှင့် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’၏ ထိပ်တန်းသရုပ်ဆောင်များနှင့် ပေါင်းသင်းဆက်ဆံနေသည်ကို တွေ့ရသောအခါ ကောကျားယင် ပို၍စိတ်ပျက်သွားသည်။
သူမသည် ထိုနာမည်ကြီး ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် စကားစမြည်ပြောနေသည့် ကုနင်း၏ဘေးတွင် သူမ ရပ်ဖို့ ဆန္ဒရှိသည်။
ချူးဖေ့ဟန်သည် ကောကျားယင်ကို အစပိုင်းတွင် သတိမထားမိသော်လည်း သူမလုပ်တဲ့အရာတွေကို ကောကျားယင် မကြိုက်သောကြောင့် မြင်လိုက်ရသောအခါတွင် သူမ ကျေနပ်သွားမိသည်။
သို့သော် ကောကျားယင်ကို သူမ မကြိုက်သော်လည်း ကောကျားယင်ကဲ့သို့ ဒုက္ခပေးသူ မဟုတ်သောကြောင့် သူမ ဘာမှ လုပ်မည်မဟုတ်ပေ။
ထို့အပြင် ၎င်းသည် ကုနင်း၏ကုမ္ပဏီမှကျင်းပသောပါတီဖြစ်သောကြောင့် သူမသည် ၎င်းကိုမဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် ချူးဖေ့ဟန်သည် ကောကျားယင်ကို အေးစက်သော အကြည့်တစ်ချက် ပေးပြီးနောက် သူမကို လျစ်လျူရှုလိုက်သည်။
ထန်ရှောင်ရှောင် နှင့် ချောင်ဟန်ချန် တို့သည် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှု ပြီးဆုံးပြီးနောက် ကုနင်းကို လှမ်းနှုတ်ဆက်သည်။
"ဂုဏ်ယူပါတယ်!" ကုနင်းက သူတို့ကို ဂုဏ်ပြုသည်။
"ကျေးဇူးတင်ပါတယ် ဘော့စ်" ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်က ပြုံးပြသည်။
"ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ" ကုနင်းက မေးသည်။
“ရှန်းရှတီဗီရှိုးမှာ ခေါင်းဆောင်အမျိုးသမီး ဇာတ်ရုပ်ကို သရုပ်ဆောင်ရမယ်။ ရိုက်ကူးရေးကိုတော့ နောက်လစမှာဖြစ်ပေမယ့် အချိန်အတိအကျကိုတော့ မသိရသေးဘူး” ဟု ထန်ရှောင်ရှောင် က ပြောသည်။
“မကြာသေးမီက ကျွန်တော့် အလုပ်တစ်ခုရလာတယ်။ အဲဒါက စစ်တပ်နဲ့ပတ်သတ်တဲ့ဇာတ်လမ်း။ ဇာတ်ပို့ဆိုပေမယ့် အခွင့်အလမ်းကောင်းလို့ ထင်ပါတယ်။ သရုပ်ဆောင်အများစုက အတွေ့အကြုံရှိကြတယ်လေ” ဟု ချောင်ဟန်ချန်က ပြောသည်။
ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်တို့၏ လက်ရှိ လုပ်ငန်းနယ်ပယ်ရှိ သူတို့၏နေရာများကြောင့် သူတို့သည် ရှိုးပွဲများတွင် ခေါင်းဆောင်အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်နိုင်သော်လည်း ပံ့ပိုးမှုအခန်းကဏ္ဍကောင်းများအတွက် အလုပ်အကိုင်များကို လက်ခံလိုစိတ်ရှိကြသည်။
တခါတရံတွင် အဓိကကာရိုက်တာများကို ပံ့ပိုးပေးသည့် ကာရိုက်တာများက လွှမ်းမိုးသွားနိုင်သည်။
သူတို့သည် လုပ်ငန်းနယ်ပယ်တွင်းရှိ ၎င်းတို့၏သူငယ်ချင်းများအတွက် အချို့ရှိုးများတွင် ဧည့်သည်သရုပ်ဆောင်ပါဝင်သရုပ်ဆောင်ကြေလ့ရှိသည်။
"ကောင်းပြီ မင်းတို့နှစ်ယောက်စလုံးကို ငါယုံကြည်တယ်" ကုနင်းက သူတို့ကို အားပေးသည်။
"ကျေးဇူးတင်ပါတယ်" ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်သည် သူမ၏အကူအညီမပါဘဲ ယနေ့ရရှိသောအရာများကို မရရှိနိုင်သောကြောင့် ကုနင်းကို ကျေးဇူးတင်ခဲ့ကြသည်။
ဖုန့်ဟွာအင်တာတိန်းမန့်မှ လက်မှတ်ရေးထိုးထားသော သရုပ်ဆောင်အသစ်များစွာလည်း ယနေ့တွင် တက်ရောက်ခဲ့ကြသည်။ တကယ်တော့ သူတို့ဟာ လုပ်ငန်းနယ်ပယ်မှာ မျက်နှာသစ်တွေမဟုတ်ကြသလို အချို့ရှိုးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ သူတို့အားလုံးမှာ ထူးချွန်တဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေ ရှိကြသည်။
သို့သော် ပံ့ပိုးကူညီမှု မရှိခြင်း သို့မဟုတ် ထုတ်ဖော်၍မရနိုင်သော စည်းမျဉ်းများကို လက်ခံလိုစိတ်မရှိခြင်းကြောင့် ၎င်းတို့၏ အရည်အချင်းများကို ပြသရန် အခွင့်အရေးများစွာ မရရှိခဲ့ပေ။ နောက်တော့ လုရှောင်းက သူတို့ကို လမ်းလှမ်းလာသည်။
သူတို့ ဖုန့်ဟွာအင်တာတိန်းမန့် ထဲဝင်ပြီးတာနဲ့ ဖော်ထုတ်၍ မရသော စည်းမျဉ်းများကို လိုက်နာဖို့ မလိုအပ်ပါ။ ဖုန့်ဟွာအင်တာတိန်းမန့်က သူတို့ကို ပံ့ပိုးပေးမှာဖြစ်လို့ အလုပ်ကြိုးစားပြီး အကန့်အသတ်ရှိဖို့ပဲ လိုအပ်သည်။
၎င်းတို့သည် ဖုန့်ဟွာအင်တာတိန်းမန့်နှင့် လက်မှတ် ရေးထိုးပြီးနောက်တွင် ကင်မရာများရှေ့တွင် သူတို့၏ မျက်နှာများကို ပြသရန် အခွင့်အလမ်း ပိုများလာသောကြောင့် ညစ်ပတ်သောလှည့်ကွက်များအစား ၎င်းတို့၏ အရည်အချင်းကို အားကိုးကာ အလုပ်သစ်များ ကမ်းလှမ်းလာကြသည်။
ထုတ်ဖော်၍မရသော စည်းမျဉ်းများနှင့် မဟုတ်ဘဲ သူတို့ရဲ့ အရည်အချင်းတွေနဲ့ ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ထားတာကြောင့် သူတို့လျှောက်ဖို့ ရွေးချယ်ထားတဲ့လမ်းလည်းဖြစ်ပေသည်။
ဒီဟာက ကုနင်းနဲ့ သူတို့ တွေ့ဆုံရတာပထမဆုံးအကြိမ်ဖြစ်ပြီး မကြာခင်မှာပဲ ညနေ ၆ နာရီ ထိုးပြီဖြစ်တာကြောင့် ကုနင်းကို နှုတ်ဆက်ဖို့ အခွင့်အရေး မရှိခဲ့ပါ။
ညနေ ၆ နာရီထိုးတော့ ဧည့်သည်တွေ အားလုံး စုံလင်လာပြီး ပါတီပွဲစကြသည်။
လုကျန်းက ဦးစွာ မိန့်ခွန်းပြောပြီး ထို့နောက်ကုနင်းနှင့် ထိပ်တန်းသရုပ်ဆောင်များအားလုံး မိန့်ခွန်းပြောပြီးနောက် သူတို့သည် အစားအသောက်များကို စားသုံးကြသည်။ ညစာစားပွဲမို့ လူတိုင်းက တခြားလူတွေနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း ခန်းမထဲမှာ လျှောက်သွားနေကြသည်။
ဟန်ခွန်းက လုကျန်းအား ကောကျားယင်ကို လှုပ်ရှားမှုတွေလုပ်ဖို့ ဒီကို ခေါ်လာခဲ့တာလို့ ပြောပြထားတာကြောင့် လုကျန်းက သူမကို အလေးအနက်ထားဖို့ မလိုအပ်ပါ။ ဘာပဲဖြစ်ဖြစ် သူနဲ့အတူ ကောကျားယင် ပါလာကတည်းက လုကျန်းနဲ့ မိတ်ဆက်ပေးသင့်သည်။ မဟုတ်လျှင် ဒါရိုက်တာက သူ့ကို စိတ်ဆိုးသွားနိုင်သည်။
"ဒါရိုက်တာလု၊ ဒါက ပီးဂက်စ်အင်တာတိန်းမန့်က သရုပ်ဆောင် ကောကျားယင်ပါ" ဟန်ခွန်းက ကောကျားယင်အား လုကျန်းကို မိတ်ဆက်ပေးခဲ့သည်။
"တွေ့ရတာ အရမ်းဝမ်းသာပါတယ် ဒါရိုက်တာလု။ ကျွန်မက ကောကျားယင်ပါ။ ဒါရိုက်တာကြီးအကြောင်း ဟိုးအရင်ကတည်းက ကြားဖူးနေတာကြာပြီ ဒါပေမယ့် ဒီနေ့အထိ တွေ့ခွင့်မရခဲ့ဘူး။ ဒါက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ” ဟု ကောကျားယင်က ပြောသည်။ သူမ ဒီကို မလာခင်ကတည်းက ပြောရမှာတွေ ပြင်ဆင်လာခဲ့တာဖြစ်၍ စကားပြောအရမ်းကောင်းနေပေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၀ ဟုတ်တယ် ငါ မင်းကို အထင်အမြင်သေးတယ်
“မြှောက်နေပြန်ပါပြီ မစ္စကော” လုကျန်းက ယဉ်ကျေးစွာပြောသည်။
လုကျန်းသည် အခြားဧည့်သည်များစွာနှင့် ပေါင်းသင်းဆက်ဆံရန် လိုအပ်သောကြောင့် ဟန်ခွန်းနှင့် ကောကျားယင်တို့နှင့် စကားစမြည်ပြောရန် အချိန်များစွာမပေးခဲ့ပေ။
ကောကျားယင်သည် လုကျန်းကို တွေ့ဆုံရန်သာ ဤေနရာသို့ လာခဲ့ခြင်းဖြစ်၍ သူ ထွက်ခွာသွားခြင်းကို မတားခဲ့ပေ။
ထို့နောက်တွင် ကုနင်းသည် သူမတစ်ယောက်ထဲ အမျိုးသမီးသန့်စင်ခန်းသို့ လျှောက်သွားသည်ကို တွေ့လိုက်ရပြီး သူမနှင့် ပေါင်းသင်းဆက်ဆံရန် အခွင့်ကောင်းဖြစ်နိုင်သည်ဟု ခံစားမိသောကြောင့် အမျိုးသမီးအခန်းသို့ ချက်ချင်း လျှောက်သွားခဲ့သည်။
ဟန်ခွန်းသည် ကောကျားယင် တွေးနေပုံကို မသိသောကြောင့် ၎င်းကို သိပ်ဂရုမစိုက်ပေ။
ကုနင်းက သန့်စင်ခန်းကိုသုံးသည်။ သူမ ထွက်သွားသောအခါ အခြားအခန်းတံခါးလည်း ပွင့်လာပြီး ကောကျားယင် ပေါ်လာသည်။
အမှန်တော့ ကောကျားယင်သည် ကုနင်းရှိရာအခန်း၏ အသံကို အာရုံစိုက်နေသောကြောင့် ကုနင်းထွက်လာကြောင်း ကြားလိုက်သည်နှင့် သူမလည်း အမြန်ထွက်လာခြင်းဖြစ်သည်။
ကုနင်းကိုတွေ့တော့ ကောကျားယင် အံ့သြသွားသလိုနဲ့ သူမကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ "ဟယ် မစ္စကု တိုက်ဆိုင်လိုက်တာ။ မင်းက ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ တကယ့်သူဌေးမှန်း ငါမသိခဲ့ဘူး။ မင်းက ငယ်ငယ်လေးနဲ့ အောင်မြင်တာပဲ။ ငါ မင်းကို တကယ်လေးစားတယ်"
အမှန်တကယ်တော့ ကောကျားယင်သည် မိုက်မဲသူဖြစ်ပြီး သူမသည် အာဏာ သို့မဟုတ် ချမ်းသာသူများ၏ အကြိုက်အလိုက်ဆောင်ရန် ကြိုးစားခဲ့သည်။
ကုနင်းဟာ အောင်မြင်ဖို့အတွက် သူ့ကိုယ်သူကြိုးစားတာဖြစ်ဖြစ် ယောက်ျားတွေကို အားကိုးတာပဲဖြစ်ဖြစ် သူမမှာ သြဇာကြီးမားတယ်ဆိုတာ ငြင်းလို့မရပါ။ ကောကျားယင်အတွက် အကျိုးရှိသရွေ့ တခြားအရာတွေကို သူမ ဂရုစိုက်မည် မဟုတ်ပေ။
ကောကျားယင် မသိတာက ကုနင်းက Charm စတူဒီယိုမှာ သူမလုပ်သမျှကို တွေ့မြင်ခဲ့ပြီးဖြစ်လို့ ကုနင်းက သူမအပေါ်ကောင်းသော အမြင်မရှိပေ။
ကောကျားယင်သည် သူတော်ကောင်းယောင်ဆောင်နေသော်လည်း ကုနင်း၏ ကုမ္ပဏီမှ ကျင်းပသော ပါတီတွင် ရှိနေသည်။ ထို့အပြင် ကောကျားယင်သည် ဧည့်သည်ဖြစ်သောကြောင့် ကုနင်းသည် ဤနေရာတွင် ပြသနာမဖြစ်စေရန် သူမအား ပြန်နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ မစ္စကော" ကုနင်းက ယဉ်ကျေးသိမ်မွေ့သော လေသံဖြင့် ပြောသည်။
"ငါပြောသမျှစကားတိုင်းက တကယ်ပါ။ မစ္စကု မင်းစိတ်မရှိရင် မင်းရဲ့နံပါတ်ရနိုင်မလား။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူတူစားသောက်လို့ ရတာပဲ” ဟု ကောကျားယင်က ဆိုသည်။ သူမသည် ယဉ်ကျေးသိမ်မွေ့သော သဘောထားရှိသော်လည်း သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။
တကယ်တော့ ကုနင်းဟာ ကောကျားယင်ထက် လူမှုအဆင့်အတန်း ပိုမြင့်ပြီး ကောကျားယင်ဟာ ကုနင်းရှေ့မှာ ပိုပြီး နိမ့်ချသင့်ပေမယ့် သူမကတော့ မဟုတ်ပါ။ ဆန့်ကျင်ဘက်အဖြင့် သူမ၏အပြုအမူက သူမကိုယ်သူမ ကုနင်းနှင့် အဆင့်တူသည်ဟု ထင်မြင်ကြောင်း ပြသခဲ့သည်။
ကုနင်းသည် သူမ၏ သူငယ်ချင်းများ၏ လူမှုအဆင့်အတန်းကို ဂရုမစိုက်သော်လည်း ကောကျားယင်သည် သူမမျက်လုံးထဲတွင် သူစိမ်းတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် ကောကျားယင်သည် အခြေအနေမျိုးတွင် စမတ်ကျသည်ဟု မမြင်မိပေ။
"တောင်းပန်ပါတယ်၊ ပုံမှန်အားဖြင့် ငါ သူစိမ်းတွေကို ဖုန်းနံပါတ်မပေးတတ်ဘူး။" ကုနင်းက ငြင်းဆန်လိုက်ပြီး အနည်းငယ် အေးစက်နေသော်လည်း သူမသည် ကောကျားယင်ကို ရည်ရွယ်ချက်ရှိရှိ အရှက်မခွဲသေးပေ။
ထိုစကားကိုကြားတော့ ကောကျားယင် အနည်းငယ်ရှက်ရွံ့သွားသည်။ ကုနင်းက သူမကို ငြင်းဆိုလိုက်သည်။ ကုနင်း သဘောတူမယ်လို့ သူမယုံကြည်ထားသည်။ မဟုတ်ပါက ကုနင်းသည် သူ့ကိုယ်သူ တခြားလူတွေထက် သာလွန်တယ်လို့ ထင်နေတာလည်းဖြစ်နိုင်ဟု ကောကျားယင် ထင်မြင်မိသည်။
ကောကျားယင်သည် အခြားသူများနှင့် မတူသော တွေးခေါ်ပုံမျိုး ရှိသည်။ တကယ်တော့ သူမကိုယ်သူမ အထင်ကြီးလွန်းတာ သူမအပြစ်ပါပဲ၊ ဒါပေမယ့် ကုနင်းကိုသာ အပြစ်တင်ခဲ့သည်။
"မစ္စကု မင်းက ငါက မင်းထက်နိမ့်ကျတယ်လို့ထင်နေတာလား" ကောကျားယင်သည် အပြစ်တင်သော လေသံဖြင့် ဝန်လေးစွာ မေးလိုက်သည်။ ကုနင်းသည် သူတို့၏လူမှုရေးအဆင့်အတန်းကွာဟမှုကြောင့် ငြင်းဆန်သည်ဟု သူမမထင်ဘဲ မာနကြီးသောကြောင့် ငြင်းသည်ဟုထင်မိသည်။
ကုနင်းက မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီအချိန်မှာတော့ ကောကျားယင်ကို ယဉ်ကျေးစွာ ဆက်ဆံတာကို ရပ်တန့်လိူက်နိုင်မယ်လို့ သူမထင်မိသည်။ ကုနင်းက သူ့ကုမ္ပဏီက ကျင်းပတဲ့ပါတီမှာ ပြသနာတစ်စုံတစ်ရာကို မဖြစ်စေချင်ပေမယ့် ကောကျားယင်အတွက် အချိန်ဖြုန်းဖို့ စိတ်ရှည်ရမယ်လို့ မဆိုလိုပါ။
ထို့အပြင် ကောကျားယင်သည် စရိုက်ကောင်းမရှိသည့်အပြင် ရန်လိုသူလည်းဖြစ်သည်။ ကုနင်းက အရူးတစ်ယောက်လည်း မဟုတ်ပေ။
"ဟုတ်တယ် ငါ မင်းကို အထင်သေးတယ်။ ဘာဖြစ်လဲ?" ကုနင်းက မဆိုင်းမတွပြောသည်။
အဲဒါကိုကြားတော့ ကောကျားယင် စိတ်ဆိုးသွားတယ်။ ကုနင်းသည် ဤမျှ ရိုးဖြောင့်သူဖြစ်မည်ဟု သူမမျှော်လင့်ထားပေ။ ကုနင်းသည် သူမအား သူ့ထက် နိမ့်ကျသည်ဟု အမှန်တကယ်ထင်မြင်မိထားသည့်အတွက် အံ့သြမိသွားသည်။
ကောကျားယင် သည် ကုနင်းသည် သူမအား နံပါတ်မပေးခဲ့မီ သူမအား အားနာပြီး တောင်းပန်သင့်သည်ဟုသာ ယုံကြည်ခဲ့သည်။
“မင်း…” ကောကျားယင်က အရှက်ကွဲပြီး ဒေါသထွက်လာသည်။ "မစ္စကု မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တာ ငါသိပါတယ်။ ဒါပေမယ့် မင်းရဲ့ သဘောထားက လက်ခံနိုင်စရာ မရှိဘူး"
"ငါ့ရဲ့သဘောထားကို လက်မခံနိုင်ဘူးဟုတ်လား" ကုနင်းသည် ကောကျားယင်ကို အေးစက်စွာ ကြည့်ကာ လှောင်ပြောင်ပြောဆိုခဲ့သည် " ငါ့ရဲ့ သဘောထားက ဘာမှ မှားမယ်မထင်ဘူး။ ငါ့ထင်မြင်ချက်ကို ပြောပြပိုင်ခွင့်မရှိဘူးလား။ မစ္စကော မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး မင်းမှာ အကျင့်စာရိတ္တ လုံးဝမရှိဘူး။ စောစောက ငါ့ရဲ့ Charm စတူဒီယိုမှာ မင်းကြောင့်ဖြစ်ရတဲ့ပြသနာကို ငါတွေ့တယ်။ ငါ မင်းကို အပြစ်မတင်ဘူး။ ငါအရမ်းသည်းခံခဲ့တယ်။ အဲ့တာကို မင်းက ဒီမှာ ငါနဲ့ တခြား လှည့်ကွက်တွေ ကစားချင်သေးတာလား"
“မင်း…” ကောကျားယင် အံ့သြသွားပြီး ရှက်ရွံ့သွားသည်။ သို့သော် ကုနင်းသည် ထိုအချိန်က ထိုနေရာတွင် ရှိနေသည်ဟု သူမမထင်ပဲ ကုနင်းက တခြားနေရာကနေကြားလာတာဟု ထင်ခဲ့သည်။ အဲဒီအစား ချူးဖေ့ဟန်က ကုနင်းကို ပြောပြခဲ့တာလို့ သူမယုံကြည်တဲ့အတွက် ချူးဖေ့ဟန် ကို အပြစ်တင်ပါတော့သည်။ ထို့ကြောင့် ကောကျားယင် က ချက်ချင်းရှင်းပြသည်။ "မစ္စကု မင်းအနားက ကောင်မလေးက မင်းကို အဲ့လိုပြောတာလား နားလည်မှုလွဲတာပါ…”
ကောကျားယင်သည် ကုနင်း၏ သဘောထားကို စိတ်ဆိုးနေသော်လည်း သူမနှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေဆဲဖြစ်သောကြောင့် သူမ၏ မာနကို မျိုချလိုက်ပြီး ကုနင်းအား ထပ်မံရှင်းပြခဲ့သည်။
ကောကျားယင်ရဲ့အမြင်ဖြစ်ပေမယ့် ကုနင်းကတော့ လုံးဝ ခြားနားတာကို တွေ့လိုက်ရသည်။
"သူ ပြောစရာတောင်မလိုပါဘူး။ ငါကိုယ်တိုင် အဲ့မှာရှိနေတာလေ" ဟု ကုနင်းက ကောကျားယင်ကို လူမိုက်တစ်ယောက်ကို ကြည့်နေသလိုအကြည့်နဲ့ ကြည့်လိုက်သည်။
"ဘာ?"
ကောကျားယင် တော်တော်ရှက်နေပေပြီ။ ကုနင်းလည်း ရှိနေမှန်း သူမမသိပေ။
"ဒါဆို ကျေးဇူးပြုပြီး ကိုယ့်အပြုအမူကိုယ်သတိထားပါ။ မစ္စကော မဟုတ်ရင် မင်းကို မောင်းထုတ်မိမှာဆိုးရတယ်" ကုနင်းက သူမကို သတိပေးပြီးနောက် သူမကို ထားခဲ့ကာ လမ်းလျှောက်ထွက်သွားသည်။
ကောကျားယင် စိတ်တိုသွားသည်။ ကုနင်းထွက်သွားတာကိုကြည့်ပြီး သူမက "ကုနင်း၊ နင့်ကိုနင် ဘာလို့ထင်လဲ? မင်းပဲ ဒီကမ္ဘာမှာ အအောင်မြင်ဆုံးလူမဟုတ်ဘူး!”
"ရယ်ရတယ်!" ကောကျားယင် ပြောပြီးတာနဲ့ သူမနောက်ကနေ ယောက်ျားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်သည် သူမပြောသည်ကို ကြားသွားကြောင်း သူမ ချက်ချင်းသိလိုက်ရသည်။ သူမ ကြောက်လန့်ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။
သူမ မမြင်လိုသော ရင်းနှီးသော မျက်နှာကို မြင်လိုက်ရတော့ ကောကျားယင် ပိုဒေါသဖြစ်ခဲ့သည်။
အဲဒီလူက အသက် ၂၇ နှစ် အရပ် ၁.၈ မီတာ ရှိပြီး တော်တော်ချောသည်။
"ရှင်ဒီမှာဘာလုပ်နေတာလဲ?" ကောကျားယင်က စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။ သူမ သူ့ကို မတွေ့ချင်ဘူးဆိုတာ သိသာပေသည်။
"မင်းတောင် လာနိုင်သေးတာပဲ ငါကဘာလို့ မလာနိုင်ရမှာလဲ" ထိုလူက လှောင်ပြောင်စွာ မေးသည်။
“ရှင်…” ကောကျားယင် ဘာပြန်ပြောရမှန်းမသိ။ သူ ရောက်လာနိုင်ပေမယ့် သူမကတော့ သူ့ကိုတွေ့ဖို့ ဝန်လေးနေသည်။
"ကောကျားယင်၊ ကုနင်းက မင်းသွားရှုပ်လို့ရတဲ့ သူမဟုတ်ဘူး။ ပီးဂက်စ်အင်တာတိန်းမန့်ရဲ့စီနီယာဒါရိုက်တာရဲ့ ဂုတ်ကိုစီးပြီး မင်းကိုယ်မင်း ဘာကြီးဖြစ်သွားပြီလို့ ထင်မနေနဲ့။ ပီးဂက်စ်အင်တာတိန်းမန့်က ဖျော်ဖြေရေးနယ်ပယ်မှာ မဆိုးပါဘူး။ ဒါပေမယ့် စီးပွားရေးအတွက်ဆို ဘာမှမဟုတ်သေးဘူး။ ကုနင်းက သူ့ထက် အများကြီး သြဇာကြီးတယ်။ ကောမိသားစုကို မထိခိုက်စေနဲ့” ဟု အဆိုပါ အမျိုးသားက ပြောသည်။ သူသည် ကောကျားယင် အပေါ် သိသိသာသာ မကြိုက်ကြောင်း ပြသခဲ့သော်လည်း ကောမိသားစုအတွက် သတိထားရန် သူမကို သတိပေးခဲ့သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၁ မင်းက သာမန်လူပဲ
ကောမိသားစုသည် သာမာန်မိသားစုများနှင့်ယှဉ်လျှင် ချမ်းသာသော်လည်း ကုနင်းနှင့် ပီးဂက်စ်အင်တာတိန်းမန့်တို့နှင့် မယှဉ်နိုင်ပေ။ ကုနင်းနှင့် ပီးဂက်စ် အင်တာတိန်းမန့်နှစ်ခုစလုံးတွင် ယွမ်ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများရှိပြီး ကောမိသားစုတွင် ယွမ်သန်းရာနှင့်ချီသော ချမ်းသာကြွယ်ဝမှုသာရှိသည်။
"ကောဟောင်သုန့်၊ ရှင်က ကောမိသားစုရဲ့တရားမဝင်သားတစ်ယောက်ပဲ။ ရှင့်မှာ ကျွန်မကို ဝေဖန်ဖို့ အရည်အချင်းမရှိဘူး!” ကောဟောင်သုန့် မှ ဝေဖန်ခံရသောအခါ ကောကျားယင်သည် ဒေါသထွက်ကာ တိုက်ခိုက်ခဲ့သည်။
ကောဟောင်သုန့်သည် ကောကျားယင်၏ အရှက်ခွဲခြင်းကို စိတ်မဆိုးဘဲ ကောမိသားစု၏ တရားမ၀င်သားဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ၎င်းကို ဂရုမစိုက်ပေ။ သူသည် ကောမိသားစု၏ တစ်ဦးတည်းသောသားဖြစ်ပြီး ကောမိသားစုသည် မိန်းကလေးများထက် ယောက်ျားလေးများကို တန်ဖိုးထားသည်။ သို့မဟုတ်ပါက ကောမိသားစုက သူ့ကို ပြန်ခေါ်ထားမည်မဟုတ်ပါ။ ထို့ကြောင့် ကောမိသားစု၏ ကြွယ်ဝမှုသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူ့ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်သည်။
"ငါက တရားမဝင်သားဖြစ်နေရင်တောင် ငါက သူ့တို့ စည်းစိမ်ဥစ္စာတွေရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး တစ်ဦးတည်းသော အမွေဆက်ခံသူမို့ ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်" ဟု ကောဟောင်သုန့်က ဒေါသမဲ့သော အပြုံးဖြင့် ပြောကြားခဲ့သည်။
“ရှင်…” ကောကျားယင် ဒေါသထွက်သွားသည်။ ဒီတရားမဝင်သားကြောင့်သာ မဟုတ်ရင် ကောမိသားစုရဲ့ ချမ်းသာမှုက သူမအတွက် ဖြစ်မှာပါ။ ကံမကောင်းစွာပဲ ဒီတရားမ၀င်သားက ရုတ်တရက်ပေါ်လာသည်။
ထို့အတွက်ကြောင့် ကောကျားယင်သည် ကောဟောင်သုန့်ကို သတ်ပစ်ချင်သည်အထိ မုန်းတီးခဲ့သော်လည်း သူ့ကို မသတ်ဝံ့ခဲ့ပေ။
“ကောင်းပြီ ငါဒါပဲပြောနိုင်တယ်။ မင်း ဒါကို ခံနိုင်ရည်ရှိမယ်လို့ ငါမျှော်လင့်ပါတယ်။ မဟုတ်ရင် ဖေဖေ့ကို သတင်းပို့ရလိမ့်မယ်” ဟု ကောဟောင်သုန့်က လမ်းလျှောက်ကာ ကောကျားယင် ကိုနောက်ချန်ထားကာ ထွက်ခွာသွားခဲ့သည်။
"ကောဟောင်သုန့်!"
ကောကျားယင် ဒေါသထွက်နေပေမယ့် သူ့အဖေက သူ့ဘက်မှာ ရှိနေမယ်ဆိုတာ သူမ,သိတာကြောင့် ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူမသည် ယခု ကောမိသားစုတွင် နေရာမရှိတော့ပေ။
ကောကျားယင်သည် အမျိုးသမီးသန့်စင်ခန်းထဲသို့ ပြန်ဝင်လာပြီး သူမကိုယ်သူမ ဟန်ဖို့မရမခြင်း အပြင်သို့ မထွက်ခဲ့ပေ။
သူမ ခန်းမထဲပြန်ရောက်သောအခါ၊ ကောကျားယင်သည် ကုနင်း၏ သဘောထားကို သူမအား ပြောပြထားပြီးဖြစ်သောကြောင့် ကုနင်းနှင့် စကားစမြည်ပြောရန် မကြိုးစားပေ။ သူ့ကိုယ်သူ ထပ်ပြီး အရှက်ခွဲချင်စိတ်မရှိတော့ပါ။
သူ့အမှားကို သူမသိသောကြောင့် မဟုတ်ပါ။ အကြောင်းရင်းမှာ ကောကျားယင်သည် ကုနင်းက သူမအား အရှက်ရစေပြီးနောက် နောက်တစ်ကြိမ် သူမစိတ်ကျေနပ်စေရန်ပြုလုပ်ဖို့အတွက် မာနကြီးလွန်းသောကြောင့်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကောကျားယင်က တခြားဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေနဲ့ စကားပြောဆိုဖို့ ကြိုးစားတာကို မရပ်တန့်ခဲ့ပါ။
ဒီလိုအဖြစ်အပျက်မျိုးမှာ သာမာန်အားဖြင့်တော့ ဘယ်သူကမှ အခြားသူတစ်ဦးကို မနှစ်သက်ကြောင်း တမင်တကာ ပြမှာမဟုတ်ပေ။ မကြိုက်တဲ့သူနဲ့တွေ့ရင်တောင် အနည်းဆုံးတော့ အပေါ်ယံမှာ ယဉ်ကျေးနေမှာပါ။
ပွဲက ည ၈ နာရီမှာ ပြီးသွား၍ လူတွေအားလုံး တယောက်ပြီး တယောက် ထွက်သွားကြသည်။
သူတို့မထွက်ခွာမီတွင် ကုနင်းသည် ချူးဖေ့ဟန်နှင့်အတူ ထွက်ခွာလာခဲ့ပြီဖြစ်သည်။ ဝတ်စုံတွေဝတ်ပြီး ကျောင်းပြန်တက်ရင် သိသာလွန်းတာကြောင့် ၀တ်စုံတွေကို ကြိုလဲလိုက်ကြသည်။
ကုနင်းသည် ချူးဖေ့ဟန်ကို မြို့တော်ရုပ်ရှင်အကယ်ဒမီသို့ ဦးစွာပြန်မောင်းရန်စီစဉ်ပြီးနောက် သူမသည် မြို့တော်တက္ကသိုလ်သို့သွားရမည်။
သူတို့သည် မြို့လယ်မှ ဟိုင်ချန်းခရိုင်သို့ သွားသောကြောင့် သီးခြားလမ်းများနှင့် ဝေးကွာသည်။
လူပြတ်သောလမ်းတစ်ခုဖြစ်သည့် ဟိုင်ချန်းခရိုင်သို့ သူတို့သွားရာလမ်းတွင် ကုနင်းသည် ကျင့်ကြံသူနှစ်ဦး၏ ပြင်းထန်သောအငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
လင်ရှောင်းထင် သို့မဟုတ် ကျင်းယွင်ယောင်တို့ ကျင်းမိသားစုမှလူများနှင့်တွေ့မည်ကို စိုးရိမ်သောကြောင့် သူမသည် ရုတ်တရတ်စိုးရိမ်သွားခဲ့သည်။
မြို့တော်တွင် ကျင့်ကြံသူအများအပြားရှိ၍ သူမမှားနိုင်သော်လည်း ကုနင်းသည် လင်ရှောင်းထင် နှင့် ကျင်းယွင်ယောင် ကို ဂရုစိုက်သောကြောင့် စိုးရိမ်နေသေးသည်။ ထို့ကြောင့် သူမကားကို လမ်းဘေးတွင် ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ? ကားမှာ ပြဿနာရှိလို့လား" ချူးဖေ့ဟန်က မေးသည်။
“မဟုတ်ပါဘူး၊ ဒီမှာလေက တော်တော်လတ်ဆတ်တယ်လို့ ခံစားရတယ်။ ငါတို့လမ်းလျှောက်သွားကြမလား"
“ဟုတ်ပြီ! ဒီည သောက်ထားတာ စိတ်ရှင်းရမယ်” ဟု ချူးဖေ့ဟန်လည်း အကြံဆိုးတစ်ခုလို့ မထင်ခဲ့မိပေ။
ကုနင်းက ကားမောင်းဖို့ လိုအပ်တာကြောင့် စောစောက မသောက်ခဲ့ပေမယ့် ချူးဖေ့ဟန်က အရမ်းသောက်တာကြောင့် စိတ်ရှင်းဖို့ လိုအပ်သည်။
ဤနေရာသည် လူပြတ်သော်လည်း ချူးဖေ့ဟန်သည် လုံးဝမကြောက်ပါ။ ကုနင်းက အရမ်းသန်မာပြီး သူမက လုံးဝမပျော့ညံ့ပါ။ ဘယ်သူကမှ သူတို့ကို နာကျင်အောင် မလုပ်နိုင်ပေ။ လုပ်ရဲရင်တောင် သူမတို့ ထိခိုက်မှာ မဟုတ်ပေ။
ထို့ကြောင့် ကားပေါ်မှ ဆင်းလိုက်ကြသည်။
ထို့နောက် ကုနင်းသည် ကျင့်ကြံသူများ၏ အငွေ့အသက်သည် မည်သည့်နေရာမှ ထွက်လာသည်ကိုကြည့်ရန် သူ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။ အဲဒါကို သေချာအောင် လုပ်ရမည်။
ကျင့်ကြံသူနှစ်ဦးသည် လမ်းနှင့် မီတာ ၂၀၀ ဝေးသော တောင်ပေါ်၌ တိုက်နေကြကြောင်း တွေ့ရှိရသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ လင်ရှောင်းထင် သို့မဟုတ် ကျင်းယွင်ယောင် မဟုတ်ဘဲ ကျင်းကျီနဉ် ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျင်းကျီနဉ်ထက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိနေသည်။
သူမသူတို့ကိုမြင်ကတည်းက ကုနင်းတစ်ခုခုလုပ်ရမည်။
ကျောင်းလုံသည် ယခု သူမဘေးတွင်မရှိ၍ သူမရှုံးနိုင်သော်လည်း ကျင်းကျီနဉ်က သူမကို ကူညီနိုင်သောကြောင့် ပြသနာမရှိပါ။
ကုနင်းသည် စွမ်းအင်သလင်းကျောက်ကို ချက်ချင်းထုတ်ပြီး ချူးဖေ့ဟန်အား ပေးလိုက်သည်။ “ဖေ့ဟန်၊ အရက်ရဲ့ အာနိသင်ကို ဖယ်ရှားဖို့ သောက်လိုက်။ မင်း ငါ့ထက်အရင်မောင်းပြန်လိုက်က်ပါ။ ငါ အခု တစ်ခုခု ကိုင်တွယ်ဖို့ လိုနေလို့"
"ဘော့စ်၊ ဒါက လူပြတ်တဲ့နေရာကြီးလေ" ကုနင်း၏ စကားကိုကြားတော့ ချူးဖေ့ဟန် အံ့သြသွားသည်။ အခုသူတို့က လူပြတ်တဲ့ နေရာမှာ ရှိနေတာဖြစ်တယ်။ ကုနင်းဒီမှာ ဘာလုပ်ဖို့ လိုအပ်တာလဲ။
ချူးဖေ့ဟန်သည် စိတ်ပူပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
“တရားခံပြေး ရာဇ၀တ်ကောင်တစ်ကောင်က ဒီတောင်ပေါ်ကို ပြေးလာတယ်ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရတယ်။ ငါ သူ့ကို ဖမ်းလိုက်မို့။ အေးဆေးပါ အဆင်ပြေပါတယ်။ ငါ့အစွမ်းအစကို မင်းသိတယ်မဟုတ်လား" ကုနင်းက ဆင်ခြေပေးလိုက်သည်။
“ဒါပေမယ့်…” ချူးဖေ့ဟန်က စိုးရိမ်နေသေးသော်လည်း ကုနင်းဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမစိတ်ပြောင်းမည်မဟုတ်ကြောင်းကိုလည်း သူမသိသည်။ သူမ ဘာပဲပြောပြော အခု အသုံးမဝင်ပေ။ "ကောင်းပြီ မင်းသတိထားရမယ်။ ပြီးတာနဲ့ မက်ဆေ့ခ်ျပို့ဖို့ မမေ့နဲ့နော်"
“ဟုတ်ပြီ” ဟု ကုနင်းကပြောပြီး တောင်ပေါ်ကို အမြန်ပြေးသွားသည်။ သူမ၏ မြန်နှုန်းသည် တကယ်လို့မထင်ရလောက်အောင် မြန်လွန်းသောကြောင့် ချူးဖေ့ဟန်ကို အံ့အားသင့်စေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ချူးဖေ့ဟန်သည် သူမ၏ အာရုံများကို ပြန်လည်ရရှိလာသည်။ မနှောင့်နှေးဘဲ ကားပေါ်မတက်ခင် ကုနင်းပေးခဲ့တဲ့ စွမ်းအင်သလင်းကျောက်ကို သောက်လိုက်သည်။
သူမ တစ်ယောက်တည်းနေရတာ မလုံခြုံ၍ အဲဒီမှာ မနေတော့တာ ပိုကောင်းပေသည်။
ကုနင်းသည် တောင်နှင့် မီတာ ၂၀၀ အကွာတွင်ရှိသော်လည်း တောင်ပေါ်သို့ ၁၀ စက္ကန့်အတွင်း ရောက်ရှိခဲ့သည်။
သူတို့နှစ်ယောက်တိုက်ခိုက်ရင်း တစ်ယောက်ယောက် ချဉ်းကပ်လာတာကို ခံစားမိပေမယ့် ရှောင်ဖို့ ရည်ရွယ်ချက် မရှိပါ။ သူတို့ရပ်လိုက်သည်နှင့် ကုနင်းကိုတွေ့လိုက်ရသည်။
"မင်းဘယ်သူလဲ?" ကျင့်ကြံသူသည် ကုနင်းကို စိတ်ဆိုးစွာဖြင့် စိုက်ကြည့်နေသည်။ ဤသေမျိုး၏ မယုံနိုင်လောက်သော အရှိန်အဟုန်ကြောင့် သူ အံ့အားသင့်သွားသည်။
"မင်း ဒီမှာဘာလုပ်နေတာလဲ?"
ကုနင်းအန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကျင်းကျီနဉ်သည် အံ့အားသင့်သွားကာ ကုနင်းကို မျက်မှောင်ကြုတ်ပြီးေမးလိုက်သည်။
ကျင်းကျီနဉ်၏စကားကိုကြားတော့ ထူးဆန်းသော ကျင့်ကြံသူသည် သူဤမိန်းကလေးကို သိကြောင်း သိလိုက်ရသည်။
"ရှင့်ကိုကူညီဖို့" ကုနင်းကပြောသည်။
ကုနင်းသည် ထူးထူးခြားခြား အားကောင်းပြီး မှော်အတတ်ပညာ ရှိကြောင်း ကျင်းကျီနဉ် သိသော်လည်း သူသည် သူ့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်နေရသည်။
ထူးဆန်းသော ကျင့်ကြံသူသည် သူမပြောသည်ကိုကြားသောအခါ ကုနင်းအား လှောင်ပြောင်လိုက်သည်။ “မင်းကသာမန်လူတစ်ယောက်ပဲ။ မင်း ငါ့နဲ့ မယှဉ်နိုင်ဘူး"
ကုနင်းသည် တည်တည်ငြိမ်ငြိမ်ရှိပြီး ကွန်ဖူးလေ့ကျင့်သည့်အလေ့အထရှိကြောင်း သူခံစားနိုင်သော်လည်း သူမသည် သူနှင့်မယှဉ်သာသော သေမျိုးမျှသာဖြစ်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၂ သူ့ကိုသတ်လိုက်ပါ။
ကုနင်းက သူတို့ကို ကျင့်ကြံသူတွေမှန်း မသိတာကြောင့် ဒီလိုပြောရဲတာဟု သူထင်ခဲ့သည်။ ကျင်းကျီနဉ်ကို သူမ,သိနိုင်သော်လည်း သူ၏သရုပ်မှန်ကို သူမ မသိနိုင်ပေ။
"ငါ မင်းကို ငါ့ဘာသာ အနိုင်ယူလို့ မရဘူး၊ ဒါပေမယ့် ငါ သူနဲ့ ပူးပေါင်းလိုက်ရင်တော့ ရလဒ်က ကွာနိုင်တယ်" ကုနင်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။
ကျင်းကျီနဉ်သည် ကုနင်းနှင့် သဘောတူခဲ့သည်။ သူတို့နှစ်ယောက်က ကျင့်ကြံသူကို တစ်ယောက်တည်း အနိုင်မယူနိုင်ပေမယ့် အတူတူဆိုရင်တော့ အခြေအနေက မတူပေ။
ထို့အပြင် ကုနင်းလည်း ရောက်နေပြီဖြစ်သောကြောင့် သူ့ကို နှင်ထုတ်ရန် အကြောင်းမရှိပေ။ အခုချက်ချင်း ထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင်တောင် ကျင့်ကြံသူဟာ သူမကို အလွှတ်ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ပါ။ ထို့ကြောင့် ကျင်းကျီနဉ်က "ဟုတ်တယ်"
ကျင်းကျီနဉ်ရဲ့ အဖြေကိုကြားတော့ ကျင့်ကြံသူက အံ့သြသွားသည်။ ကုနင်းထံမှ ကျင့်ကြံသူ အငွေ့ကို သူ မခံစားနိုင်သော်လည်း ကျင်းကျီနဉ်က ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။
ဒီမိန်းကလေးက သာမန်မဟုတ်မှန်း သိသာပါသည်။ သို့သော် ၎င်းသည် ကြီးကြီးမားမားကြီးပြသနာဟု မထင်ခဲ့ပေ။
"တကယ်လား? ဒါဆို ရလဒ်က ဘာဖြစ်မလဲ ကြည့်ရသေးတာပေါ့” ကျင့်ကြံသူက အထင်အမြင်သေးစွာဖြင့် ပြောပြီး ကျင်းကျီနဉ်နှင့် ကုနင်းကို မနှောင့်နှေးဘဲ တိုက်ခိုက်ခဲ့သည်။ ကျင်းကျီနဉ်နှင့် ကုနင်းတို့က ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ကျင့်ကြံသူများသည် မှော်အစွမ်းဖြင့် အချင်းချင်း တိုက်ခိုက်ကြသည်။ ကုနင်းသာ သာမန်လူတစ်ယောက်ဖြစ်ခဲ့လျှင် သူမ လုံးဝသည်းမခံနိုင်တော့ဘဲ စက္ကန့်ပိုင်းနဲ့တင် အထိနာမည်ဖြစ်သော်လည်း သူမက သာမာန်လူမဟုတ်ပါ။
ထိုအချိန်တွင် ကုနင်းသည် သူမ၏ မှော်အစွမ်းကို ဖုံးကွယ်ထားရန် စိတ်မ၀င်စားတော့ဘဲ မှော်အစွမ်းကို ကျင့်ကြံသူအား တိုက်ထုတ်ရန် အသုံးပြုလိုက်သည်။
ကျင်းကျီနဉ်နှင့် ကျင့်ကြံသူသည် ကုနင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မှော်အစွမ်းကို သတိပြုမိသောအခါ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ ကုနင်းဟာ သူမရဲ့ခန္ဓာကိုယ်ထဲမှာ ဒီလိုပြင်းထန်တဲ့ မှော်စွမ်းအားတွေကို ဖုံးကွယ်ထားတဲ့အတွက် အံ့အားသင့်နေမိသည်။
သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကြပြီး ခဏတာ အာရုံပြောင်းသွားကြသည်။ ကုနင်းသည် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ကျင့်ကြံသူအား လျှပ်စီးကြောင်းကဲ့သို့ တိုက်ခိုက်သည်။ သူမသည် ကျင့်ကြံသူ၏နှလုံးသားကို ထိုးရန် ကြေးဓားမြှောင်ကို ထုတ်ယူလိုက်သည်။
မှောင်နေ၍ ကုနင်းရဲ့လက်ကို သူတို့ ဂရုမစိုက်မိကြဘဲ ရုတ်တရက် သူမလက်ထဲက ဓားမြှောင်လေးပေါ်လာတာကြောင့် အံ့ဩမိသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုနင်းက ကျင့်ကြံသူရှေ့ကို ရောက်လာသည်။ ကျင့်ကြံသူသည် ၎င်းကို ရှောင်ရှားရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို စောင်းရုံသာ စောင်းလိုက်နိုင်ပြီး သူ့နှလုံးသားထဲကို ထိုးမိမယ့် ဓားမြှောင်က သူ့လက်မောင်းကို အနည်းငယ် ဖြတ်သွားလိုက်သည်။
ကုနင်းသည် ဓားမြှောင်ထဲသို့ အေးစက်သော မှော်စွမ်းအားကို ထည့်သွင်းပြီး အလွန်ထက်မြက်အောင် ပြုလုပ်ထားသော်လည်း သူမသည် မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသည်။ ကျင့်ကြံသူအား ထိခိုက်မိသော်လည်း ဒဏ်ရာရမှာ မစိုးရိမ်ရပါ။
"မင်းက ကျင့်ကြံသူတစ်ယောက်လား။ မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ငါဘာလို့ မခံစားနိုင်ရတာလဲ" ကျင့်ကြံသူက အံ့အားသင့်စွာ မေးလိုက်သည်။ ကုနင်းက ဒါကို ဖုံးကွယ်ထားနိုင်တာကို သူမယုံနိုင်ပေ။
အကယ်၍ ကုနင်းမှာသာ ထိုစွမ်းရည်ရှိလျှင် သူမသည် တစ်စက္ကန့်အတွင်း သူ့ကို သတ်နိုင်လိမ့်မည်။
ကျင်းကျီနဉ်လည်း အလွန်အံ့သြသွားသော်လည်း သင့်လျော်သောအချိန်မဟုတ်သောကြောင့် မမေးခဲ့ပေ။
"ဒီမေးခွန်းကို ဖြေစရာမလိုဘူးလို့ထင်တယ်" ဟု ကုနင်းက အေးစက်သောလေသံဖြင့် ပြောသည်။ ခေတ္တမျှ မရပ်မနားဘဲ ကျင့်ကြံသူအား ဆက်လက်တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင် ကျင့်ကြံသူနှင့် ကျင်းကျီနဉ် နှစ်ဦးစလုံးသည် အသိ ပြန်၀င်လာပြီး အချင်းချင်း ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
သုံးယောက်သား တောအုပ်ထဲတွင် အပြန်ပြန်အလှန်လှန် လှုပ်ရှားနေကြသည်။ ကုနင်းသည် ကိုယ်ဖော့သိုင်းကို မနိုင်သော်လည်း သူမ၏ ခြေထောက်မှ ခွန်အားဖြင့် လျင်မြန်စွာ လှုပ်ရှားနိုင်သေးသည်။ သူမသည် လျင်မြန်သော်လည်း ကျင့်ကြံသူလောက်တော့ မသွက်လက်ပါ။
ကျင့်ကြံသူသည် ကုနင်းကို တိုက်ခိုက်ရန်အတွက် ပတ်ပတ်လည်ရှိ သစ်ကိုင်းများနှင့် ကျောက်တုံးများကို ထိန်းချုပ်ထားသော်လည်း ကုနင်းက ၎င်းတို့အားလုံးကို ရှောင်ရှားခဲ့သည်။
တိုက်ပွဲအတွင်း ကုနင်းသည် ကျင့်ကြံသူလုပ်သည့်အတိုင်း သူမပတ်ဝန်းကျင်ရှိ ပစ္စည်းသေးသေးလေးများကို ထိန်းချုပ်ရန် သူမ၏ မှော်အစွမ်းကို အသုံးပြုတတ်လာခဲ့သည်။
သို့သော်လည်း ကျင်းကျီနဉ် နှင့် ကျင့်ကြံသူနှစ်ဦးစလုံးသည် ဒီတိုက်ပွဲမှ ကုနင်းလေ့လာသင့်ယူခဲ့ခြင်းဖြစ်ကြောင်းကို မသိပေ။
ကျင်းကျီနဉ် တစ်ယောက်တည်းရှိစဉ်တွင် သူသည် ကျင့်ကြံသူအား တွန်းလှန်နိုင်ခြင်းမရှိသော်လည်း ကုနင်းနှင့်ပူးပေါင်းလိုက်သည်နှင့် မကြာမီတွင် ၎င်းတို့သည် အသာစီးရသွားခဲ့သည်။ ထို့အပြင် ကျင့်ကြံသူသည် တိုက်ပွဲကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့သည်။
ကျင့်ကြံသူသည် သူ အားနည်းချက်လာပြီး ၎င်းတို့နှင့် ဆက်လက်တိုက်ပွဲဝင်ရန်မှာ အဓိပ္ပါယ်မရှိမှန်း သိသောကြောင့် ထွက်သွားရန် ကြိုးစားသော်လည်း ကုနင်း နှင့် ကျင်းကျီနဉ် တို့မှာ လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
အချိန်အတော်ကြာပြီးနောက် လေ့ကျင့်သူသည် နောက်ဆုံးတွင် ကျရှုံးခဲ့ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့သည်။
"ကျင်းကျီနဉ် မင်းငါ့ကိုသတ်ရင် ယင်းမိသားစုက မင်းကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းလိမ့်မယ်!" ကျင့်ကြံသူကပြောသည်။ ကျင်းကျီနဉ်ကို ယခုဖမ်းမိသော်လည်း ကျင်းကျီနဉ် သည် သူ့ကို မသတ်ဝံ့ဟု ယုံကြည်သောကြောင့် မောက်မာနေသေးသည်။
ဤကျင့်ကြံသူသူသည် ကျင့်ကြံရေးလောကတွင် ကြီးစိုးသောမိသားစုလေးခုအနက်မှတစ်ခုဖြစ်သော ယင်းမိသားစု၏အဖွဲ့ဝင်ဖြစ်သည်။ သူ့အဖေက ယင်းမိသားစုရဲ့ ဒုတိယသားဖြစ်ပြီး သူ့နာမည်က ယင်းရှီရွှင်း ဖြစ်ပါသည်။
ယင်းရှီရွှင်းသည် ယင်းမိသားစုတွင် အလွန်ထူးချွန်သောကြောင့် သူ့မိသားစုတွင် အရေးကြီးသောနေရာတစ်ခုရခဲ့သည်။
"ငါ ယင်းမိသားစုကို ကြောက်မယ်လို့ မင်းထင်နေတာလား။ ငါမင်းကို အခုချက်ချင်းသတ်လိုက်ရင်တော့ ဘယ်သူမှသိမှာမဟုတ်တော့ဘူး” လို့ ကျင်းကျီနဉ်က အထင်အမြင်သေးပြီး ပြောခဲ့ပါတယ်။
“မင်း…” ယင်းရှီရွှင်းသည် ဤပြဿနာကို သဘောပေါက်သွားပြီး ချက်ချင်းပင် ဖျော့တော့သွားသည်။
ကျင်းကျီနဉ်က သူ့ကို တကယ်သတ်မှာလား။ ကျင်းကျီနဉ်က သူ့ကို အခုချက်ချင်း သတ်ခဲ့မယ်ဆိုရင် သူ့မှာ ပြန်ခုခံနိုင်စွမ်း မရှိတော့ဘူး။
“ဒါ့အပြင် မင်းငါ့ကို အရင်သတ်ဖို့ ကြိုးစားခဲ့တာ။ မင်းကို အခုချက်ချင်းလွှတ်လိုက်ဖို့ အကြောင်းပြချက်မရှိဘူး။ မင်းငါ့ကို ဒီမှာသတ်လိုက်ရင် ကျင်းမိသားစုက သိမှာမဟုတ်ဘူးလို့ မင်းထင်နေတာမလား။ လွန်ခဲ့တဲ့ ၁၀ နှစ်က မင်းငါ့ကိုလုပ်ခဲ့တာတွေကို ငါမေ့သွားပြီထင်လား။ ယွင်ယောင် အသက်ရှင်နေသေးတယ်ဆိုတာ မင်းသိတဲ့အတွက် ကျင်းမိသားစုကို သွားပြောဖို့ ငါခွင့်မပြုနိုင်ဘူး” ကျင်းကျီနဉ်က သူ့ရန်သူဖြစ်တဲ့ ယင်းရှီရွှင်းကို အေးစက်စွာပြောလိုက်သည်။
ကျင်းကျီနဉ်က သူ့ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာမို့ လွှတ်လိုက်ဖို့ ရည်ရွယ်ချက် မရှိတော့ပေ။ ထို့အပြင် ကျင်းယွင်ယောင် အသက်ရှင်နေသေးကြောင်းကိုလည်း သူသိရှိခဲ့သည်။
ကြီးစိုးသော မိသားစုလေးခုသည် အချင်းချင်း လျှို့ဝှက်စွာ ပြိုင်ဆိုင်မှုကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ ကျန်မိသားစုသုံးစုစလုံးသည် ကျင်းမိသားစုနှင့် ကျင်းယွင်ယောင်၏ဆက်ဆံရေးမကောင်းကြောင်း သတိပြုမိကြသည်။ ရလဒ်အနေဖြင့် ကျင်းယွင်ယောင် အသက်ရှင်နေသေးကြောင်းကို သိရှိလိုက်သည်နှင့် ကျင်းမိသားစု ရှုပ်ယှက်ခတ်နေတာကို တွေ့ချင်သောကြောင့် ကျင်းမိသားစုထံသို့ သတင်းပေါက်ကြားလိမ့်မည်ဖြစ်သည်။
ကျင်းယွင်ယောင် အသက်ရှင်နေသေးကြောင်း ယင်းရှီရွှင်း သိထားပြီးသားဖြစ်ကြောင်းကိုသိလိုက်ရတော့ ကုနင်းလည်း စိတ်တိုသွားသည်။ ဒီည သူအသက်ရှင်နိုင်သွားရင် ယင်းရှီရွှင်းက ကျင်းမိသားစုကို ပြောပြမယ်ဆိုတာကိုလည်း သူမသေချာသိသည်။ သို့ဆိုလျှင် လင်ရှောင်းထင်သည်လည်း အန္တရာယ်ရှိလိမ့်မည်။
ကျင်းယွင်ယောင်သည် သန်မာပြီး သူမသည် ကျင်းမိသားစု၏ အင်အားအကောင်းဆုံးအဖွဲ့ဝင်ကို အနိုင်မယူနိုင်ခဲ့လျှင်ပင် သူမသည် ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ကာ ကယ်တင်နိုင်မည်။ ထို့အပြင် ကျင်းယွင်ယောင်သည် မြို့တော်တွင် ရှိနေသည်။ သူမအနေနဲ့ အန္တရာယ်တစ်ခုခုကြုံလာရင် ရှန်းကွမ်းယန်က သူမကို ကူညီနိုင်သည်။
သို့သော် လင်ရှောင်းထင်သည် သူ့အလုပ်ကြောင့် ခရီးထွက်ရန် လိုအပ်သောကြောင့် ပို၍ အန္တရာယ်များသော အခြေအနေတွင် ရှိနေခဲ့သည်။
လင်ရှောင်းထင်သည် သူ့နံဘေးတွင် ကျောင်းလုံရှိသော်လည်း ကုနင်းသည် သူ့ဘေးကင်းရေးအတွက် စိုးရိမ်နေသေးသည်။ ထို့ကြောင့် သူမသည် ယင်းရှီရွှင်း အသက်ရှင်နေရန် ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ပေ။
ကျင်းယွင်ယောင် အသက်ရှင်နေသေးပြီး လင်ရှောင်းထင် သည် သူမ၏သားဖြစ်သည်ကို အနှေးနှင့်အမြန်ဆိုသလိုပင် ကျင်းမိသားစုမှ သိနိုင်သော်လည်း လင်ရှောင်းထင် အားကောင်းလာရန် အချိန်လိုအပ်ပါသည်။
"သူ့ကိုသတ်လိုက်ပါ" ဟုကုနင်းက ကျင်းကျီနဉ်ကိုပြောသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၃ သူသေရမယ်
“မသတ်ပါနဲ့!” ယင်းရှီရွှင်းဟာ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန်ရလာတာကြောင့် ရုန်းကန်ပြီး အော်လိုက်သည်။
"မသတ်နဲ့ဟုတ်လား? အဲ့တာက အခုမင်းနဲ့ ဆိုင်တာမှမဟုတ်တာ။ ယင်းရှီရွှင်း ငါတို့ကြားက ရန်ငြိုးတွေ အဆုံးသတ်ဖို့ အချိန်တန်ပြီ " ကျင်းကျီနဉ်က လှောင်ပြောင်လိုက်ပြီး သူ့လက်ကို မြှောက်ကာ ယင်းရှီရွှင်း၏ စွမ်းအင်ဗဟိုချက်ကို မှော်စွမ်းအင်ကြီးဖြင့် ပစ်လိုက်သည်။
ယင်းရှီရွှင်းက ထိတ်လန့်စွာဖြင့် မျက်လုံးများပြူးသွားသည်။ နောက်တစ်စက္ကန့်တွင် သူ၏စွမ်းအင်ဗဟိုချက်သည် ပေါက်ကွဲသွားပြီး သူ၏ကျင့်ကြံရေး ပျက်ဆီးသွားသည်။ နောက်တော့ သူသေသွားတော့သည်။
ကုနင်းသည် ယင်းရှီရွှင်း၏ ကျင့်ကြံရေးကို စုပ်ယူရန်အတွက် မြေခွေးမိစ္ဆာကို လွှတ်ပေးချင်သော်လည်း ကျင်းကျီနဉ် ရှိနေခြင်းကြောင့် သူမသည် ထိုအကြံကို စွန့်လွှတ်လိုက်သည်။
သူမ၏ မှော်အစွမ်းကို ပြသခဲ့သည်ကိုပင် နောင်တရနေမိသည်။ အကယ်၍ သူမသည် မြေခွေးမိစ္ဆာကို ယခုလွှတ်ပေးပါက သူမ၏ စိတ်စွမ်းအင်အာကာပြင်ကိုလည်း ဖော်ထုတ်သွားနိုင်မည်ဖြစ်သည်။
ကျင်းကျီနဉ်သည် သူမနှင့် တစ်အုပ်စုတည်းရှိသော်လည်း လျှို့ဝှက်ထားသင့်ဆဲဖြစ်သည်။
ကျင်းကျီနဉ်သည် ကုနင်းကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်က မှော်အစွမ်းတွေအကြောင်း သူမကို မေးချင်ပေမယ့် မသင့်တော်မှာကို စိုးရိမ်မိသည်။
ကုနင်းက သူဘာတွေးနေလဲဆိုတာကို သိပေမယ့် သူမဟာ ဒီအကြောင်းကို ပြောဖို့ ရည်ရွယ်ချက်မရှိတာကြောင့် သူ,မပြောဖြစ်ခဲ့ပေ။
"အန်ကယ်ကျင်း၊ သူက ဘယ်သူလဲ" ကုနင်းက မေးသည်။ သူသည် ယင်းမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း စောစောနက သူတို့စကားဝိုင်းမှ သိရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို သူမ မသိခဲ့ပေ။
"သူ့အဖေက ယင်းမိသားစုရဲ့ ဒုတိယသားပါ" ဟု ကျင်းကျီနဉ် က ပြောသည်။ "ဒီနေ့ ယွင်ယောင်နဲ့တွေ့တာကို သူမိသွားတာ"
"အခုသွားရအောင်!" ကုနင်းက ပြောသည်။ သူတို့ရဲ့ ရန်ငြိူးကို သူမမမေးတော့ပေ။ ပြဿနာက ပြေလည်သွားပြီဆိုတော့ ဒီမှာ ဆက်နေဖို့လည်း မလိုတော့ပေ။
ကုနင်းနှင့် ကျင်းကျီနဉ်တို့သည် တောင်ပေါ်မှ ဆင်းခဲ့ကြပြီး ကျင်းကျီနဉ်သည် ကုနင်း၏ ခန္ဓာကိုယ်အတွင်းမှ မှော်အစွမ်းနှင့် ၎င်းကို ရှာမတွေ့အောင် မည်ကဲ့သို့ ဖုံးကွယ်ထားပုံကို မမေးမြန်းခဲ့တော့ပေ။
တကယ်တော့ ကုနင်းအကြောင်းကို သူမေးခဲ့ရင်တောင် ကုနင်းက သူ့ကို အမှန်အတိုင်း ပြောမည်မဟုတ်ပေ။
တောင်ပေါ်ကဆင်းလာလမ်းမှာ ကုနင်းက ကောင်းယိကို ဖုန်းဆက်ပြီး သူမကိုလာခေါ်ခိုင်းသည်။
ကောင်းယိကို စောင့်နေကြစဉ် ကုနင်းက ချူးဖေ့ဟန်ထံ စာတိုတစ်စောင် ပေးပို့ပြီး သူမ အဆင်ပြေပြီဟု ပြောခဲ့သည်။
ချူးဖေ့ဟန်သည် ထွက်သွားပြီးနောက် စိုးရိမ်မှုများရှိသောကြောင့် ကုနင်း၏သတင်းကို သူမလက်ခံမရရှိမချင်း သူမ အပြည့်အဝစိတ်မသက်သာရာရခဲ့ပေ။
နာရီဝက်လောက်ကြာတော့ ကောင်းယိရောက်လာပြီး ကုနင်းနဲ့အတူ ကျင်းကျီနဉ်ပါ ကားပေါ်တက်သွားသည်။
ကျင့်ကြဲသူကို ဆန့်ကျင်တိုက်ခိုက်ပြီးနောက် ကုနင်းသည် ယခုပင် ပင်ပန်းနေပြီဖြစ်သောကြောင့် သူမကျောင်းသို့မပြန်ပါ။ ယင်းအစား သူမသည် ရာစုနှစ်မြို့တော် သို့သွားခဲ့သည်။
ကျင်းကျီနဉ်သည် မြို့တော်သို့ တော်ရုံလာရောက်လည်ပတ်လေ့မရှိသောကြောင့် ဤမြို့၌ နေစရာနေရာမရှိပေ။ သူက ဟိုတယ်မှာပဲ အမြဲနေလေ့ရှိသည်။
သူဒီနေ့မှရောက်တော့ အခန်းကြိုတင်မမှာထားတာကြောင့် ကုနင်းက ရှန်းရှစ်ဟိုတယ်မှာ အခန်းတစ်ခန်းကြိုတင်မှာပြီး ကူညီပေးခဲ့သည်။
သူမနေရာကို ပြန်ရောက်တာနဲ့ ကုနင်းကရေချိုးလိုက်သည်။
ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာပြီး လင်ရှောင်းထင်ထံမှ ဖုန်းဝင်လာသည်။ ကုနင်းက ဒီည ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီး သတိထားဖို့ သတိပေးလိုက်သည်။
လင်ရှောင်းထင်သည် ကုနင်း၏ လုံခြုံရေးအတွက် စိတ်ပူသော်လည်း သူ့အနားတွင် တစ်ချိန်လုံးမနေနိုင်ပေ။ ထို့ကြောင့် သူသည် သူမအား သတိထားရန်သာ သတိပေးနိုင်ပြီး အကူအညီလိုအပ်သည့်အခါတိုင်း ရှန်းကွမ်းယန်သို့ အကူအညီတောင်းနိုင်ကြောင်းပြောပြသည်။
ကုနင်းသည် လင်ရှောင်းထင်နှင့် ဖုန်းပြောနေချိန်တွင် ကျင်းကျီနဉ်က ကျင်းယွင်ယောင်ကိုလည်း ဖုန်းဆက်သည်။
"ယွင်ယောင်၊ မင်းကိုရှာတွေ့ခဲ့တဲ့ ကျင့်ကြံသူဟာ ယင်းရှီရွှင်း ပါ။ ငါသူနဲ့ တွေ့ခဲ့တယ်” ဟု ကျင်းကျီနဉ် က ပြောသည်။
ဒီနေ့စားသောက်ဆိုင်မှာရှိတုန်းက ကျင်းယွင်ယောင်ဟာ ကျင့်ကြံသူဆိုတာကို သတိထားမိပေမယ့် ယင်းရှီရွှင်းဆိုတာကိုတော့ မသိခဲ့ပါ။ ကျင့်ကြံသူသည် အလွန်မြင့်မားသောအဆင့်ဖြစ်သောကြောင့် မိမိကိုယ်မိမိ အလွယ်တကူ ဖုံးကွယ်ထားနိုင်သည်။
ကျင်းယွင်ယောင်သည် သူမကိုယ်သူမ ဖော်ထုတ်ရန် ဆန္ဒမရှိသောကြောင့် ထွက်သွားခဲ့သည်။
ထိုအချိန်က ယင်းရှီရွှင်းသည် တကယ် ကျင်းယွင်ယောင်လားဆိုတာကို မသိပေ။ ကျင်းယွင်ယောင် ထွက်သွားသည်နှင့် ယင်းရှီရွှင်းသည် သူမနောက်သို့ လိုက်သွားခဲ့သော်လည်း မကြာမီတွင် သူမကို ပျောက်သွားခဲ့သည်။ ထို့ကြောင့် သူသည် ကျင်းကျီနဉ် နောက်သို့ လိုက်ခဲ့သည်။
"ပြီးတော့ရော?" ကျင်းယွင်ယောင် က စိတ်အနှောင့် အယှက်ဖြစ်စွာဖြင့် မေးလိုက်သည်။
အကယ်၍ ယင်းရှီရွှင်းသည် ကျင်းမိသားစုအား အသက်ရှင်နေသေးကြောင်း ပြောပြပါက လင်ရှောင်းထင်သည် အန္တရာယ်ရှိနိုင်သည်။ ကျင်းမိသားစုက သူမကို ရှာတွေ့မှာကို သူမ မကြောက်ပါ။ သို့သော် လင်ရှောင်းထင်၏အဆင့်သည် သည် နိမ့်နေသေးသောကြောင့် မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများကြောင့် ဒဏ်ရာ အလွယ်တကူရနိုင်သည်။
လင်ရှောင်းထင်တွင် ကျောင်းလုံ၏အကူအညီရှိသော်လည်း ကျောင်းလုံ၏အဆင့်သည် အလွန်မြင့်မားခြင်းမရှိပေ။ လင်ရှောင်းထင်သည် ၎င်း၏အကူအညီဖြင့်ပင် အန္တရာယ်ရှိနေနိုင်သောကြောင့် ကျင်းယွင်ယောင်က စိုးရိမ်နေဆဲဖြစ်သည်။
“ငါသူနဲ့ တိုက်ခိုက်ခဲ့ပေမယ့် သူ့နဲ့ မယှဉ်နိုင်ခဲ့ဘူး။ ကံကောင်းစွာပဲ ကုနင်းက ဖြတ်သွားပြီး မှော်စွမ်းအင်တွေကို သတိထားမိတဲ့အတွက် သူက ငါ့ကို ကူညီခဲ့ပါတယ်။ ယင်းရှီရွှင်း ကိုသတ်ဖို့ အတူတူလုပ်ခဲ့ကြတယ်။ ယင်းမိသားစုက ငါတို့ကိုရှာတွေ့မှာလားတော့ ငါမသိဘူး။ ငါတို့ကြားမှာ နာကျည်းချက်ရှိနေတာကြာပြီ။ သူကလည်း ငါ့ကိုသတ်ဖို့ကြိုးစားဖူးတယ်။ ဒါကြောင့် မင်းအသက်ရှင်နေသေးတယ်လို့ တခြားလူတွေကို မပြောမိအောင် အသေသတ်ပစ်ခဲ့ရတာ” ဟု ကျင်းကျီနဉ်က ဆိုသည်။ ယင်းရှီရွှင်းကို မသတ်သင့်ဘူးလို့ သူ မထင်ခဲ့ပေ။
တကယ်တော့ ယင်းရှီရွှင်းက ကျင်းယွင်ယောင် အသက်ရှင်နေသေးကြောင်း လျှို့ဝှက်ထားဖို့ သဘောတူခဲ့မယ်ဆိုရင် ကျင်းကျီနဉ်က သူ့ကို သတ်ဖို့ စိတ်ပိုင်းဖြတ်ဘးလိုက်မှာ မဟုတ်ပေ။
ပိုဆိုးတာက သူတို့ကြားက အာဃာတဟောင်းတွေ ရှိခဲ့သည်။
ယင်းရှီရွှင်းသည် ယခင်က သူ့ကို အဆိပ်ခတ်ရန် တစ်ကြိမ်ကြိုးစားခဲ့သော်လည်း ထိုအချိန်က သူလွတ်မြောက်ခဲ့သည်။
ယင်းရှီရွှင်းက အဲဒါကို လုပ်ခဲ့တာလို့ သူသိပေမယ့် သူ့မှာ သက်သေမရှိပေ။ သူသည် သူနဲ့ မယှဉ်နိုင်သောကြောင့် နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။
ကျင်းယွင်ယောင် ယနေ့ထိ အသက်ရှင်နေသေးကြောင်း မမျှော်လင့်ဘဲ သူသိသွားသည်။ ကုနင်း၏အကူအညီဖြင့် နောက်ဆုံးတွင် ယင်းရှီရွှင်း ကို ဖမ်းမိသောကြောင့် သူ့ကိုလွှတ်ရန် မဖြစ်နိုင်တော့ပေ။
ယင်းရှီရွှင်း သေဆုံးသွားပြီဆိုတာ သိလိုက်ရတော့ ကျင်းယွင်ယောင် စိတ်သက်သာရာ ရသွားသည်။
"အို ကုနင်းရဲ့ ခန္ဓာကိုယ်ကနေ ကျင့်ကြံသူအငွေ့အသက်ကို ငါဘာလို့ မခံစားနိုင်ရတာလဲ မင်းသိလား။ သူမှော်စွမ်းအားတွေကို ဘယ်လိုထုတ်ပြီး အသုံးချနိုင်တာလဲ" ကျင်းကျီနဉ်က မေးသည်။ ကုနင်းကိုမေးတာ မသင့်တော်ဘူးလို့ သူထင်တဲ့အတွက် ကျင်းယွင်ယောင် ကို လှည့်မေးလိုက်သည်။
ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် အနည်းငယ် အံ့သြသွားသော်လည်း ကုနင်းတွင် လျှို့ဝှက်ချက်များစွာရှိသည်ကို သူမ,သိသောကြောင့် ထိတ်လန့်ခြင်းမရှိပေ။ သို့သော် အသေးစိတ်အချက်များစွာကို သူမ မသိခဲ့ပါ။
ကုနင်းသည် ကျောင်းလုံကို ထိန်းနိုင်သောကြောင့် သာမန်လူမဟုတ်နိုင်ပေ။
“ငါလည်း မသိပေမယ့် သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ သူက ငါတို့ကို ပြောပြချင်ရင်တော့ ပြောပြမှာပေါ့။ မဟုတ်ရင်တော့ ငါတို့ မမေးသင့်ဘူး” လို့ ကျင်းယွင်ယောင်က ပြောသည်။
ကျင်းယွင်ယောင်၏ အေးဆေးတည်ငြိမ်သော အသံကိုကြားလိုက်ရာ ကျင်းကျီနဉ်သည် သူမက ကုနင်းအကြောင်းကို သူ့ထက် များစွာပိုသိကြောင်း နားလည်သွားသည်။
"ဟုတ်ပါပြီ" ဟုကျင်းကျီနဉ်က ပြောသည်။ ထိုကိစ္စကို ကျင်းယွင်ယောင်နှင့် သဘောတူသည်။
…
လင်ရှောင်းထင် နှင့်ဖုန်းပြောပြီးနောက် ကုနင်းအိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မှာတော့ ကုနင်းစောစောထပြီး သူမကျောင်းကို သွားခဲ့သည်။ မကြာမီအချိန်၌ လမ်းပိတ်ချိန်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်တော့မည်ဖြစ်သောကြောင့် ကုနင်းသည် ကားမမောင်းဘဲ မြေအောက်ရထားကိုစီးခဲ့သည်။
သို့သော် ရုံးတက်ချိန်ဖြစ်သောကြောင့် မြေအောက်ရထားသည် အလွန်ပင် လူပြည့်နေပါသည်။
မည်သို့ပင်ဆိုစေကာမူ ဆိုးရွားလှသည်တော့မဟုတ်ပေ။
မြေအောက်ရထားဘူတာမှ မြို့တော်တက္ကသိုလ်ဘူတာသို့သွားရန် သူမသည် အခြားလိုင်းသို့ပြောင်းရန် လိုအပ်သည်။ မိနစ် ၅၀ လောက်ကြာမြင့်နိုင်သည်။ သူမ ကားနဲ့ လမ်းမှာ ကုန်ဆုံးရမဲ့ အချိန်ပါပဲ။ ဒါပေမယ့် လမ်းမှာ ယာဉ်ကြောပိတ်ဆို့တာနဲ့ မိရင် ကားနဲ့သွားတာက ပိုကြာနိုင်ပေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၄ သူမ မင်းကို ဘာလုပ်ခဲ့တာလဲ။
ကုနင်းသည် ကျောင်းတံခါးဝသို့ရောက်သောအခါ ရုန်ကျဲ့ချန်နဲ့တွေ့ခဲ့သည်။
ကုနင်းက သူမကို သတိမထားမိရင် သူ့ကို မမြင်သလို ဟန်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးနားက တစ်ယောက်ယောက်က ရုတ်တရက် "အဲဒါ ကုနင်းမဟုတ်လား?"
ရုန်ကျဲ့ချန်က အဲဒါကိုကြားတော့ လှည့်ကြည့်လိုက်သည်။
ရုန်ကျဲ့ချန်၏ မျက်နှာမှ ပျော်ရွှင်မှုတစ်ခု ထွက်ပေါ်လာပြီး သူမထံသို့ ချက်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။ "ဟိုင်း ကုနင်းတိုက်ဆိုင်လိုက်တာ။ မင်းကျောင်းအပြင်မှာနေတာလား" သူက စိတ်အားထက်သန်စွာ နှုတ်ဆက်သည်။
အရင်က အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ကုနင်းအတွက် ရုန်ကျဲ့ချန်ရဲ့ စိတ်အားထက်သန်မှုတွေက မထိခိုက်ခဲ့ပါ။ ထို့အပြင် ဝေ့ချွမ်းရွှမ်၏အမှားဖြစ်၍ ကုနင်းကိုစိတ်ခုစရာအကြောင်းမရှိပေ။
ရုန်ကျဲ့ချန် က သူမကို လာနှုတ်ဆက်၍ ကုနင်းလည်း သူ့ကို လျစ်လျူမရှုနိုင်တော့ဘဲ “တကယ်တော့ အပြင်မှာ တစ်ခုခုကိစ္စရှိရင် ကျွန်မကျောင်းကို မပြန်ပါဘူး” ဟု ပြန်ဖြေလိုက်သည်။
အဲဒါကိုကြားတော့ ရုန်ကျဲ့ချန်က ကုနင်းပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို သတိရသွားသည်။ "မင်း အရမ်းအလုပ်ရှုပ်နေတာဖြစ်မယ်!" သူမကို သူဂရုစိုက်သည်။
ကုနင်းသည် စီးပွားရေးအင်ပါယာကို တစ်ချိန်တည်းတွင် လေ့လာနေပြီး လည်ပတ်နေသောကြောင့် သူမအတွက် အလုပ်မများရန် မဖြစ်နိုင်ပေ။
"ဟုတ်တယ်" ကုနင်းကပြောပေမယ့် သူမအလုပ်ရှုပ်ရတာကို ပျော်ပေသည်။
"အိုး ဝေ့ချွမ်းရွှမ် နောက်ဆုံးအကြိမ်ပြောခဲ့တဲ့စကားအတွက် မင်းကို ငါတောင်းပန်သင့်တယ်။ သူက နည်းနည်း မာနကြီးတယ်လေ” ဟု ရုန်ကျဲ့ချန်က ပြောသည်။ သူက သူ့သူငယ်ချင်းကို တမင်အသရေဖျက်တာမဟုတ်ပေမယ့် ဝေ့ချွမ်းရွှမ်ရဲ့ စရိုက်ကို ကောင်းကောင်းသိသည်။ ဝေ့ချွမ်းရွှမ် ပြီးခဲ့တဲ့တစ်ခေါက်က လုပ်ခဲ့သည့်အရာမှာ အမှန်ပင် လက်ခံနိုင်စရာမရှိပေ။
“အဲ့တာက ပြီးသွားပါပြီ ကျွန်မ အဲ့တာကို အလေးအနက်မထားပါဘူး” ဟု ကုနင်းက ဆိုသည်။ ဝေ့ချွမ်းရွှမ်ကို အထူးဂရုပြုဖို့ သူမစိတ်မ၀င်စားပါ။
ရုန်ကျဲ့ချန်သည် သူတို့၏ကျောင်းတွင် အလွန်ရေပန်းစားသောကြောင့် ကျောင်းသားအများအပြားသည် သူကျောင်းရောက်လာသည်နှင့် သူ့ဆီအာရုံစိုက်မိခဲ့ကြသည်။ သူတို့သည် ကုနင်းနှင့် သူ၏စကားပြောဆိုမှုကိုလည်း မြင်တွေ့ခဲ့ရပြီး မိန်းကလေးများသည် မနာလိုဖြစ်ခဲ့ကြသည်။
“ဘုရားရေ အဲဒီမိန်းကလေးကို ငါအရမ်းမုန်းတာပဲ။ စီနီယာရုန်က သူ့ဘာသာ သူနဲ့ စကားပြောဖို့ သွားခဲ့တယ်”
"ဟုတ်တယ် ငါက သူဖြစ်ချင်လိုက်တာ မနာလိုတယ်"
“သူက အရမ်းလှတာပဲ သူတို့နှစ်ယောက်လုံးက ပြီးပြည့်စုံနေရော”
"အဲ့တော့ ဘာဖြစ်လဲ? စီနီယာရုန်က အင်အားကြီးတဲ့ မိသားစုက။ သာမန်မိန်းကလေးနဲ့ မထိုက်တန်ဘူး”
“ဟုတ်တယ် သူက လူမှုအဆင့်အတန်းတန်းတူတဲ့ မိသားစုနဲ့ပဲ အိမ်ထောင်ပြုမှာ။ ယွမ်ရှူးယန်သာ စီနီယာရုန်နဲ့ထိုက်တန်တယ်လို့ ငါထင်တယ်”
“ကုနင်းက မကောင်းတဲ့ ရွေးချယ်မှုလို့ ငါမထင်ဘူး။ သူက ငယ်ရွယ်ပြီး အောင်မြင်တယ်။ သူက အခုချိန်မှာ အမြတ်အစွန်းများရှိတဲ့ ကုမ္ပဏီတွေရဲ့ သူဌေးဖြစ်နေပြီေလ”
"ကုနင်းက အရမ်းထူးချွန်တာကို ဝန်ခံပါတယ်။ ဒါပေမယ့် ရုန်မိသားစုက ထူးထူးခြားခြား မိသားစုလေ။ လူမှုရေးအဆင့်အတန်းကို အရမ်းဂရုစိုက်တယ်။ ဒါ့အပြင် ထိပ်တန်းစူပါချမ်းသာတဲ့မိသားစုကသာမဟုတ်ရင် အာဏာက ကြွယ်ဝမှုထက် အမြဲပိုတန်ဖိုးရှိတယ်”
“…”
သူတို့ ဆွေးနွေးတာကို ကြားတော့ ကုနင်းနဲ့ ရုန်ကျဲ့ချန် နှစ်ယောက်လုံး စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
ကုနင်းက စိတ်အနှောင့်အယှက်ဖြစ်သော်လည်း သူမဟာ ရုန်ကျဲ့ချန်နှင့် မထိုက်တန်ဟု သူတို့ထင်သောကြောင့် မဟုတ်ပါ။ ရုန်ကျဲ့ချန်ဟာ သူမနဲ့ထိုက်တန်တယ်လို့ သူမလည်း တကယ်မထင်ပေ။ ထို့အပြင် သူမ၏လူသည် ရုန်ကျဲ့ချန်ထက်များစွာသာလွန်သည်။ သူမသည် ငတုံးမဟုတ်သလို ရုန်ကျဲ့ချန်ကိုလည်း မကြိုက်ပါ။
ကောလဟာလတစ်ခုသာဖြစ်သော်လည်း သူမသည် ရုန်ကျဲ့ချန်နှင့် ဆက်သွယ်ရန် ဝန်လေးနေမိသည်။
ရုန်ကျဲ့ချန်သည် ယွမ်ရှူးယန်သည် သူ့အတွက် ပြီးပြည့်စုံသည်ဟု အခြားသူများပြောသည်ကို မကြိုက်သောကြောင့် စိတ်တိုသွားခြင်းဖြစ်သည်။ လူတွေက သူနဲ့ ကုနင်း အကြောင်းပြောရင်ဝတော့ စိတ်ဆိုးမှာ မဟုတ်ပေ။
လူမှုရေး အဆင့်အတန်းပြသနာကတော့ တကယ် အရေးကြီးပေမယ့် သူဆုံးဖြတ် ထားသရွေ့ သူ့ မိသားစုက သဘောတူ မှာပါ။ ကုနင်းသည် အလွန်ထူးချွန်သူဖြစ်သည်။
ရုန်ကျဲ့ချန်သည် ကုနင်းကို အမှန်တကယ် စွဲလန်းနေသောကြောင့် ထိုအကြံအစည်ကို ရရှိခဲ့သည်။ မဟုတ်ပါက သူမနှင့် အကြိမ်ကြိမ် စကားစမြည်ပြောရန် ကြိုးစားမည်မဟုတ်ပေ။
“စီနီယာရုန်၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေသင့်တယ်လို့ ထင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ချင်ဘူး” ဟု ကုနင်းက ဆိုသည်။ ထို့နောက် သူမသည် ရုန်ကျဲ့ချန်ကိုနောက်တွင် ထားခဲ့ကာ အမြန်ထွက်ခွာသွားခဲ့သည်။
ရုန်ကျဲ့ချန် အံ့အားသင့်သွားပြီး သူမနောက်ကို ချက်ချင်းလိုက်လာခဲ့သည်။ "ကုနင်း မင်းကို ယွမ်ရှူးယန် တစ်ခုခုလုပ်ခဲ့သေးလား"
ယွမ်ရှူးယန်က သူ့ကို သဘောကျကြောင်း ယွမ်ရှူးယန်က သိထားပြီး ယွမ်ရှူးယန်က တခြားမိန်းကလေးတွေကို သူနဲ့ ခပ်ဝေးဝေးမှာနေဖို့ သတိပေးပါလိမ့်မည်။ ထို့ကြောင့် ကုနင်း၏စကားများအရ ယွမ်ရှူးယန်သည် သူမအား တစ်စုံတစ်ခုပြုလုပ်ခဲ့နိုင်သည်ဟု ထင်မိသွားသည်။
ယွမ်ရှူးယန်က တခြားမိန်းကလေးတွေကို သူနဲ့ဝေးဝေးနေဖို့ သတိပေးခဲ့ရင် သူ ဂရုမစိုက်ပေမယ့် သူ ကုနင်းနဲ့တော့ ရင်းနှီးချင်သည်။
"ယွမ်ရှူးယန်က ကျွန်မကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိပါဘူး။ ငြီးငွေ့စရာကောင်းတဲ့ အရာတွေအတွက် အချိန်မဖြုန်းချင်ဘူး။ အဲဒါတွေကြောင့်လည်း ထိခိုက်မှာမဟုတ်ဘူး” ဟု ကုနင်းက ဆိုသည်။ ထို့နောက် သူမသည် ရုန်ကျဲ့ချန်ကို လျစ်လျူရှုကာ ရှေ့သို့ အမြန်လျှောက်သွားခဲ့သည်။
အဲဒါကိုကြားတော့ ရုန်ကျဲ့ချန် စိတ်ဆိုးသွားသည်။ သို့သော်လည်း ကုနင်း ဘာကြောင့် ဒီလိုပြောခဲ့တာလဲဆိုတာ သူနားလည်သည်။ သူတို့က အခုအချိန်မှာ အသိအကျွမ်းတွေ မဟုတ်လို့ပါ။
ထို့ကြောင့် ရုန်ကျဲ့ချန်သည် ကုနင်းကို လိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူမဒီလိုပြောပြီးကတည်းက သူမကို ဆက်လိုက်ရင် သူမအား စိတ်မချမ်းသာဖြစ်မိအောင်လုပ်မိလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူသည် ကုနင်းကို အမှန်တကယ် ကြိုက်မကြိုက် မသေချာသောကြောင့် စိတ်ရှည်ရန် လိုအပ်ပါသည်။
သို့သော် ရုန်ကျဲ့ချန်သည် ယွမ်ရှူးယန် ကုနင်းကို ဒုက္ခဖြစ်စေသည့်အတွက် ဒေါသထွက်ခဲ့သည်။
သူက ယွမ်ရှူးယန်ကို လုံးဝမကြိုက်သလို သူမကို တကယ်မုန်းသည်။ သူမကို သဘောကျတယ်ဆိုရင်တောင် သူတို့မိသားစုရဲ့ လူမှုအဆင့်အတန်းကြားမှာ ကွာဟချက်ကြီးကြီးမားမားရှိ၍ အတူရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါ။
ယွမ်ရှူးယန်က အရူးလား ဒါမှမဟုတ် တစ်ခုခုလား။ ဒီလို ရိုးရှင်းတဲ့ အရာတစ်ခုကို သူမ မတွေးနိုင်တာလား။
ရုန်ကျဲ့ချန်သည် ကုနင်းနှင့် စကားပြောရန်သွားကြောင်း ယွမ်ရှူးယန် မကြာမီကြားသိလိုက်ရသည်။ သူတို့က လိုက်ဖက်ကြောင်းပင် ကျောင်းသားအချို့က ဆိုကြသည်။ ယွမ်ရှူးယန်ရဲ့ မျက်လုံးထဲတွင်တော့ လုံး၀လက်ခံနိုင်စရာမရှိပါ။
ကုနင်းကို ဒုက္ခဖြစ်ဖို့အတွက် သူမလုပ်ခဲ့ပေမယ့် ကုနင်းက မပျော့ညံ့ဘူးဆိုတာ သူမသိတဲ့အတွက် သူမအကြံကို စွန့်လွှတ်ခဲ့ရသည်။ ထို့ကြောင့် သူမသည် ဒေါသအပြည့်ဖြင့်သာ နေနိုင်သော်လည်း ၎င်းကို ဘာမှမလုပ်နိုင်ပေ။
တစ်မနက်လုံး ယွမ်ရှူးယန် စိတ်တွေဝေဝါးနေခဲ့သည်။
နေ့ခင်းဘက်တွင် ခဲ့ချင်ချင်သည် ယွမ်ရှူးယန် မျက်နှာပျက်နေသည်ကို သတိပြုမိသောကြောင့် သူမသည် စိုးရိမ်စိတ်ဖြင့် "ရှူးယန် ဘာဖြစ်နေတာလဲ။ မျက်နှာမကောင်းဘူး။ ချူဟန်ကျောင်း ကြောင့်လား?"
ချူမိသားစုအကြောင်း ကြောက်စရာကောင်းတဲ့သတင်းကြောင့် ချူဟန်ကျောင်းဟာ ရက်ပေါင်းများစွာ စိတ်ညစ်နေခဲ့သည်။
သူတို့နှစ်ယောက်စလုံး ချူမိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားပေမယ့် ချူဟန်ကျောင်းကတော့ သူတို့ရဲ့သူငယ်ချင်းပါပဲ။ သူတို့က သူမကို ကူညီမှာမဟုတ်ပေမယ့် သူမကို စာနာစိတ်ရှိနေတုန်းပါပဲ။
ချူမိသားစုနှင့်ပတ်သက်သည့်အမှုကို ယနေ့နံနက်ပိုင်းတွင် ဖြေရှင်းခဲ့သည်။ ခိုင်လုံသောအထောက်အထားကြောင့် ချူလန်ကို ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့သည်။ သို့သော် ၎င်းသည် သူ၏ကိုယ်ရေးကိုယ်တာလုပ်ရပ်ဖြစ်သောကြောင့် ချူမိသားစုနှင့် ချူအဖွဲ့အစည်းကတော့ လွတ်မြောက်သွားခဲ့သည်။
သို့သော်လည်း အရှုပ်တော်ပုံအား ဖော်ထုတ်ပြီးနောက် ချူအဖွဲ့အစည်း၏ စတော့စျေးနှုန်းများ ကျဆင်းသွားကာ ၎င်းအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ ကံကောင်းစွာဖြင့် ချူအဖွဲ့အစည်းသည် ကြီးမားသော စီးပွားရေးအုပ်စုဖြစ်သောကြောင့် အလွယ်တကူ ဒေဝါလီခံရမည်မဟုတ်ပါ။
ဘာပဲပြောပြော စတော့ဈေးတွေ သိသိသာသာ ကျဆင်းသွားတာကြောင့် ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။
***
စာစဉ် ၁၁၆ ပြီးပါပြီ။