အခန်း (၁၈၈၅-၁၈၉၀)
Vol. 117 Ch. 1885-1890
အခန်း ၁၈၈၅ ကုနင်းလည်း ရုန်ကျဲ့ချန် ကို ကြိုက်နေတာလား
ချူအဖွဲ့အစည်းတွင် ရည်မှန်းချက်ကြီးသောလူများစွာရှိသောကြောင့် ချူလန် ဒုက္ခရောက်သောအခါတွင် အရေးယူဆောင်ရွက်ရန် မစောင့်နိုင်တော့ပေ။ စွမ်းရည်ကြီးမားသော အမျိုးသားအများအပြားသည် ဥက္ကဋ္ဌနေရာအတွက် အချင်းချင်း ပြိုင်ဆိုင်လာကြသည်။
ချူယီဖေးသည် ချူလန်၏သားဖြစ်သော်လည်း အလုပ်အတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့် ချူမိသားစုသည် ဤအချိန်တွင် အလွန်စိုးရိမ်နေရသည်။
"ငါ သူ့ကို လုံးဝ ဂရုမစိုက်ပါဘူး! ငါ့ကိစ္စနဲ့ငါတောင် စိတ်ရှုပ်နေရတာ” ဟု ယွမ်ရှူးယန် က ပြောသည်။ သွေးအေးတယ်လို့ ထင်ရပေမယ့် ဒါဟာ အမှန်တရားပါပဲ။
ထိုစကားကိုကြားတော့ ခဲ့ချင်ချင်သည် သူမတွင်လည်း တူညီသော အတွေးအမြင်ရှိသောကြောင့် ယွမ်ရှူးယန် ကို သွေးအေးသည်ဟု မထင်ပေ။ ချူဟန်ကျောင်းကို စာနာမိပေမယ့်လည်း သူမကို ထိခိုက်မှာ မဟုတ်ပေ။
ယွမ်ရှူးယန်နှင့် ခဲ့ချင်ချင်သည် ကန်တင်းတံခါးသို့ရောက်သောအခါ ရုန်ကျဲ့ချန်ကိုတွေ့လိုက်ရသည်။ တကယ်တော့ ရုန်ကျဲ့ချန်ဟာ ယွမ်ရှူးယန်ကို တမင် စောင့်နေခြင်းဖြစ်သည်။
ယွမ်ရှူးယန်က ရုန်ကျဲ့ချန်ကိုတွေ့တော့ စိတ်လှုပ်ရှားနေပေမယ့် သူမရဲ့ ခံစားချက်တွေကို မျက်နှာမှာ မပြခဲ့ပါ။
ရုန်ကျဲ့ချန်က ယွမ်ရှူးယန်ဆီကို လှမ်းလာနေသည်။
ရုန်ကျဲ့ချန်က သူမဆီ လျှောက်လာတာကို မြင်တော့ ယွမ်ရှူးယန် တုန်လှုပ်ပြီး ပီတိဖြစ်သွားသည်။ ရုန်ကျဲ့ချန်က သူမကို ဘာကြောင့်တွေ့ချင်တာလဲဆိုတာ မသိပေမယ့် သူ့ကိုတွေ့ရတာ ဝမ်းသာမိသည်။ သူမသည် သူမ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားပြီး မျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ ကြည့်နေသည်။
"မင်း ကုနင်းကို ဒုက္ခပေးတာလား" ရုန်ကျဲ့ချန်သည် နှောင့်နှေးခြင်းမရှိပဲ လူအများရှေ့တွင် ယွမ်ရှူးယန်ကို မေးခွန်းထုတ်ခဲ့သည်။
ထိုစကားကိုကြားတော့ ယွမ်ရှူးယန်က ဒေါသထွက်ပြီး ရှက်သွားသည်။ "ရုန်ကျဲ့ချန် ရှင် ဘာကိုဆိုလိုတာလဲ။ ကုနင်းကြောင့် ရှင်ကျွန်မကို လာတွေ့တာလား။ ကုနင်းက ကျွန်မသူ့ကို ဒုက္ခပေးတယ်လို့ ပြောတာလား။ အစက ကျွန်မသူ့ကိုကောင်းတဲ့ မိန်းကလေးလို့ ထင်ခဲ့တာ ဒါပေမယ့် သူက တော်တော်မွှေတဲ့သူပဲ။ ကျွန်မသူ့ကိုဘာဒုက္ခမှမပေးခဲ့ဘူး!"
ယွမ်ရှူးယန် ဒေါသထွက်သွားသည်။ ကုနင်းကို သူမမုန်းပေမယ့် ကုနင်းကို ဒုက္ခရောက်အောင် သူ့သဘောနဲ့သူ မလုပ်ဖူးပေ။
ချူဟန်ကျောင်းက ကုနင်းကို နာကျင်အောင် လုပ်ခဲ့ေပမယ့်လည်း သူမကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်သဖြင့် သူမမှာ အပြစ်ရှိသည်ဟု မထင်ပေ။
ယွမ်ရှူးယန်၏အသံသည် နိမ့်ပါးခြင်းမရှိသောကြောင့် ကျောင်းသားအများအပြားကြားရပြီး မကြာမီတွင် ကုနင်းအပေါ် ဆိုးရွားစွာ အထင်အမြင်၀င်သွားကြသည်။ ကုနင်းအား ကြောင်သူတော်ဟု ထင်ကြပြီး ယွမ်ရှူးယန်နှင့် ရုန်ကျဲ့ချန်တို့ကြားတွင် တမင်ပြသနာဖြစ်အောင်လုပ်သည်ဟု ထင်ကြသည်။
ယွမ်ရှူးယန်က ကုနင်းကို အရာအားလုံးအတွက် အပြစ်တင်နေသောကြောင့် ရုန်ကျဲ့ချန်သည် ယွမ်ရှူးယန်၏စကားကိုကြားပြီးနောက် ဒေါသဖြစ်ခဲ့သည်။
"ကုနင်းပြောတယ်လို့ ငါမပြောဘူး။ သူ့ကို အပြစ်မတင်နဲ့!" ရုန်ကျဲ့ချန်က ဒေါသတကြီး ပြောတယ်။
"သူ ရှင့်ကိုအဲ့လိုမပြောရင် ရှင်ကျွန်မကိုဘာလို့အဲ့လိုမေးတာလဲ" ယွမ်ရှူးယန်က ရယ်မောလိုက်သည်။ ကုနင်းက ရုန်ကျဲ့ချန် ကို သူမကို သူ ဒုက္ခပေးခဲ့တာလို့ ပြောတာဟု သူမယုံကြည်သည်။
ရုန်ကျဲ့ချန် စက္ကန့်ပိုင်းမျှ အံအားသင့်သွားသည်။ ယွမ်ရှူးယန်ဟာ ကုနင်းကို ဒုက္ခမပေးခဲ့ဘူးလို့ ထင်ရပေသည်။
ကုနင်းသည် ယွမ်ရှူးယန်က သူမကို ဒုက္ခပေးကြောင်း ရှင်းရှင်းလင်းလင်း မပြောသော်လည်း ယွမ်ရှူးယန်သည် သူမအား နာကျင်အောင် လုပ်နိုင်စွမ်းမရှိဟု ဆိုသောကြောင့် ယွမ်ရှူးယန်သည် အနည်းဆုံးတော့ ကုနင်းကို ဒုက္ခရောက်စေရန် ကြိုးစားခဲ့သည်ဟု ရုန်ကျဲ့ချန်က ယုံကြည်သည်။
“ကောင်းပြီ အနာဂတ်မှာ ဖြစ်လာမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်” ရုန်ကျဲ့ချန်က ပြောပြီး လှည့်ထွက်သွားသည်။ ယွမ်ရှူးယန်ကို နားလည်မှုလွဲခဲ့သော်ငြား တောင်းပန်ရန် ရည်ရွယ်ချက်မရှိပေ။
ရုန်ကျဲ့ချန်သည် အာဏာရှိသော မိသားစုတွင် မွေးဖွားခဲ့သည်။ သူသည် အခြားအာဏာအမွေခံများကဲ့သို့ မာနမကြီးသော်လည်း သူ့ကိုယ်သူ ဂုဏ်ယူသည်။ ထို့ကြောင့် ယွမ်ရှူးယန်အား သူနားလည်မှုလွဲခဲ့လျှင်ပင် တောင်းပန်ရန် ဆန္ဒမရှိပေ။
ရုန်ကျဲ့ချန်က သူ့ကို နားလည်မှုလွဲခဲ့ပြီး မတောင်းပန်တဲ့အတွက် ယွမ်ရှူးယန် ဒေါသပိုထွက်ကာ ကုနင်းကို အပြစ်တင်နေဆဲပင်။
"ရှူးယွမ်၊ ရုန်ကျဲ့ချန် က အရမ်းမောက်မာတာပဲ။ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် မင်းကို မေးခွန်းလည်းထုတ်သေးတယ်။ ပြန်တောင်မတောင်းပန်ဘူး!" ခဲ့ချင်ချင်သည် ရုန်ကျဲ့ချန်၏ သဘောထားကို ဒေါသထွက်ခဲ့သည်။
"ဒါအားလုံး ကုနင်းရဲ့အပြစ်ပဲ!" ယွမ်ရှူးယန်က သူမ၏ သွားများကို တင်းတင်းကြိတ်ရင်း ပြောလိုက်သည်။ သူမသာ ကုနင်းကို အနိုင်ယူနိုင်ရင် ကုနင်းကို သင်ခန်းစာတစ်ခု သေချာပေါက် ပေးလိမ့်မည်။
ဒီဖြစ်ရပ်ကြောင့် သူတို့ကျောင်းမှာ ကုနုင်းအကြောင်း ကောလာဟလတွေ ထွက်ခဲ့သည်။ အချို့သော ကျောင်းသားများသည် အင်တာနက်ပေါ်ရှိ ၎င်းတို့၏ ကျောင်းဖိုရမ်တွင် အတင်းအဖျင်းပြောကြသည်။
"သတင်းထူး! ရုန်ကျဲ့ချန်က ကုနင်းအတွက် ဒီနေ့ ယွမ်ရှူးယန်ကိုမေးခဲ့တယ်။ ကုနင်းကို ဒုက္ခပေးခဲ့တာလားတဲ့။ ယွမ်ရှူးယန်က ငြင်းတယ်။ ကုနင်းက သူတို့ကြားထဲမှာ တမင်မွှေတာ”
"တကယ်လား? ငါမယုံနိုင်ဘူး။ ကုနင်းက ဒီလောက်ဆိုးတဲ့လူ မဟုတ်လောက်ပါဘူး”
“လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့။ ယွမ်ရှူးယန်က ရုန်ကျဲ့ချန်ကို သဘောကျပြီး ကုနင်းကလည်း သဘောကျတယ်နေမယ်။ ကုနင်းက ယွမ်ရှူးယန်ကို မုန်းလို့ သူတို့ကြားကို တမင်၀င်နှောက်တာ”
"ဟုတ်တယ် ကုနင်းက စီးပွားရေးကို လေ့လာပြီး လည်ပတ်တာမှာ ထူးချွန်ပေမယ့် သူ့မှာ ကိုယ်ကျင့်တရားစံနှုန်းရှိတယ်လို့ မဆိုလိုဘူး"
" စီနီယာရုန်၊ ပြောတာတော့ ကုနင်းက သူ့ကို ယွမ်ရှူးယန်က ဒုက္ခပေးတယ်လို့ မပြောဘူးတဲ့"
"စီနီယာရုန်က ကုနင်းကို ကြိုက်နေတာလေ ဒါကြောင့် ကာကွယ်ပေးတာပေါ့"
"ကုနင်းက ဉာဏ်များတဲ့ မိန်းကလေးလို့ ဆိုလိုတာလား"
"ကုနင်းကို ယုံကြည်ဖို့ ငါရွေးချယ်နေတုန်းပဲ။ နားလည်မှုလွဲတာတွေ ရှိရမယ်”
"ယွမ်ရှူးယန်က ငြင်းခဲ့ရင်တောင် သူက ကုနင်းကို တကယ်ဒုက္ခပေးခဲ့တာလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ သူအရင်ကဒီလိုလုပ်ခဲ့ဖူးတယ်။ စီနီယာရုန် နဲ့ တခြားမိန်းကလေးတွေနဲ့ ရင်းနှီးတာကို သူမကြိုက်ဘူး”
"ဟုတ်တယ် ယွမ်ရှူးယန် ကအရင်ထဲကလုပ်ခဲ့ဖူးတယ်။ ဒါကြောင့် ကုနင်းကို ယုံလို့ရတာပဲ"
“…”
"ကုနင်းက ဘယ်သူလဲဆိုတာ ငါ့ကို တစ်ယောက်ယောက် ပြောပြနိုင်မလား"
"ကုနင်းက လူသစ်လေ။ ဒီနှစ်မှာ ရမှတ်အပြည့်နဲ့ ၀င်ခွင့်ရတဲ့ဖြေဆိုသူ”
"ဘုရားရေ? ရမှတ်အပြည့်နဲ့ ၀င်ခွင့်ရတဲ့သူလား မယုံနိုင်စရာပဲ!"
“ဟုတ်တယ် အံ့သြစရာကောင်းတယ်။”
“သူ့မှာ ပိုကောင်းတဲ့ အောင်မြင်မှုတွေ ရှိသေးတယ်။ သူက ခိုကျီရဲ့ပိုင်ရှင်လည်းဖြစ်တယ်လေ"
"ဘာ? ခိုကျီရဲ့ သူဌေးက အသက် ၂၀ ထက်ငယ်တဲ့ ကျောင်းသားတစ်ယောက်လား"
“ခိုကျီက အခု မိတ်ကပ်လုပ်ငန်းမှာ တော်တော်လေး ရေပန်းစားနေတယ်။ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်။ ငါက အဲ့တာရဲ့ သစ္စာရှိတဲ့ ပရိသတ်ပဲ"
“…”
တစ်ချို့လူတွေက ယွမ်ရှူးယန်ကို ထောက်ခံကြပြီး တချို့ကတော့ ကုနင်းဘက်နေဖို့ ရွေးချယ်ခဲ့ကြသည်။ အစပိုင်းတွင် ၎င်းတို့အား ပံ့ပိုးပေးသူအရေအတွက်မှာ တူညီသော်လည်း ကုနင်းဘက် တဖြည်းဖြည်းချင်း လှည့်လာကြသည်။
ကျောင်းသားတော်တော်များများက ကုနင်းကို အထူးသဖြင့် ခိုကျီရဲ့ပရိသတ်တွေက အရမ်းသဘောကျကြတာကြောင့် ၎င်းတို့ထဲမှ အများစုသည် ကုနင်းကို ခြွင်းချက်မရှိ ထောက်ခံခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားအချို့က ကုနင်းကို ဉာဏ်များသည်ဟု ယုံကြည်သောကြောင့် ခိုကျီ ထုတ်ကုန်များကို မသုံးတော့ကြောင်း ကတိပြုကြသည်။
စီးပွားရေး အတန်း A က အတန်းချိန်ဖြစ်သည်။ ကျောင်းသားအချို့သည် မိုဘိုင်းလ်ဖုန်းများ လျှို့ဝှက်ဆော့ကစားကြပြီး မိန်းကလေးတစ်ဦးသည် ကျောင်းဖိုရမ်သို့ သွားရောက်ကာ ကုနင်းအကြောင်း ဤပို့စ်ကို တွေ့ခဲ့သည်။ ကုနင်း၏ပရိသတ်တစ်ဦးအနေဖြင့် သူမသည် ချက်ချင်းပင် ဒေါသထွက်ကာ ထိန်းမနိုင်သိမ်းမရဖြစ်ကာ "ဘာလို့သူတို့ကုနင်းကို ဒီလိုစွပ်စွဲနေကြတာလဲ" ဟု အော်ပြောခဲ့သည်။
သူမ၏ ရုတ်တရက်အော်သံကြောင့် အတန်းရှိ အခြားကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။
သူတို့အတန်းပိုင်ဟာ အတန်းထဲမှာ ကောင်မလေးရဲ့ အော်သံကြောင့် စာသင်ချိန်ကို နှောင့်ယှက်တဲ့အတွက် ကောင်မလေးကို ဒေါသတကြီး ကြည့်လိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၆ ကျွန်မမှာ စေ့စပ်ထားတဲ့သူရှိတယ်
သို့သော် အချို့သောလူများက ကုနင်းကို စွပ်စွဲသည်ဟု သူမပြောသည်ကို သူတို့အားလုံးကြားလိုက်ရသည်။
ထို့နောက် သူတို့သည် ကုနင်းကို လှည့်ကြည့်လိုက်သည်။
ကုနင်းက မျက်မှောင်ကြုတ်ပြီး အင်တာနက်မှာ တစ်ယောက်ယောက်က သူ့ကို ဆဲဆိုနေတယ်ဆိုတာ သိလိုက်ရသည်။
"လင်းကျီယွီ ဘာဖြစ်တာလဲ"
ဟဲချီဟန်သည် ကုနင်းကို အထူးအာရုံစိုက်ထားသောကြောင့် လင်းကျီယွီသည် အတန်းထဲတွင် သူမ၏ဖုန်းသုံးပြီး စည်းကမ်းကိုမလိုက်နာသည့်အတွက် မဝေဖန်ခဲ့ပေ။ ကုနင်းအကြောင်း ဆိုတော့ ဒီအကြောင်းကို ပိုလေ့လာသင့်တယ်လို့ သူထင်သည်။
"ဆရာ ကျောင်းဖိုရမ်မှာ တစ်ယောက်ယောက်က ကုနင်းကို တိုက်ခိုက်နေတာ သူက…” လင်းကျီယွီက ရုတ်တရက် ဘယ်လိုပြောရမှန်းကို မသိတော့ပေ။ ကုနင်းကို အသရေဖျက်နေသည့်ပုံပေါ်နေသည်။
"ပြီးအောင်ပြောပါ" ကုနင်းက ဝင်ပြောသည်။
"အမ် မင်းက ရုန်ကျဲ့ချန်ကို ယွမ်ရှူးယန်က မင်းကို ဒုက္ခပေးခဲ့တာလို့ ပြောလိုက်တယ်တဲ့၊ အဲ့တာကြောင့် ရုန်ကျဲ့ချန်က ယွမ်ရှူးယန်ကို မေးခဲ့တယ်။ ဒါပေမယ့် ယွမ်ရှူးယန်က ငြင်းလို့ မင်းကို တွက်ချက်တက်တဲ့ မိန်းကလေးဆိုပြီး လူတိုင်းက ထင်သွားကြတယ်။ ရုန်ကျဲ့ချန်ကို မင်းကြိုက်လို့ ရုန်ကျဲ့ချန်နဲ့ ယွမ်ရှူးယန်ကြားကို တမင်၀င်မွှေပြီး ရုန်ကျဲ့ချန်က ယွမ်ရှူးယန်ကိုမုန်းသွားအောင် တမင်လုပ်ခဲ့တာတဲ့” ဟု လင်းကျီယွီက ဆိုသည်။
အဲဒါကိုကြားတော့ ကုနင်းဒေါသထွက်သွားသည်။ သူမ ရုန်ကျဲ့ချန်ကို ဘယ်တုန်းက ကြိုက်ဖူးလို့လဲ။
ဒါ့အပြင် ရုန်ကျဲ့ချန်က ယွမ်ရှူးယန်ကို ဘာလို့ သူမကို ဒုက္ခပေးခဲ့တာလို့ သွားမေးတာလဲ။
ကုနင်းက ယွမ်ရှူးယန်ကို သူ သွားမေးတာကို ဂရုမစိုက်ပေမယ့် သူမ ပါဝင်ဖို့ ဆန္ဒမရှိပါ။
သူမသည် မူလက ရုန်ကျဲ့ချန်အပေါ် ဆိုးရွားသော အထင်အမြင် မရှိသော်လည်း သူသည် သူမချစ်သူမိသားစု၏ ရန်သူဖြစ်သောကြောင့် သူနှင့် ခပ်ဝေးဝေးနေခဲ့ရသည်။ သို့သော် သူမအား မလိုအပ်ဘဲ ဒုက္ခတွင်းသို့ ဆွဲခေါ်သွားသောကြောင့် သူမသည် ယခုအချိန်တွင် သူ့အပေါ် ဆိုးရွားစွာ ထင်မြင်မိသွားသည်။
"ဘယ်လိုမှမဖြစ်နိုင်တာ!"
“မယုံဘူး”
"ကုနင်းကိုငါယုံတယ်"
" ယွမ်ရှူးယန်က ကုနင်းကို ဒုက္ခပေးတာကို မတွေ့ခဲ့ရပေမယ့် ချူဟန်ကျောင်းကတော့ စစ်ရေးလေ့ကျင့်ရေးမှာ ကုနင်းကို အနိုင်ကျင့်ခဲ့တယ်။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပဲ။ ချူဟန်ကျောင်းက ယွမ်ရှူးယန်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း။ ယွမ်ရှူးယန်က ချူဟန်ကျောင်း ကို ကုနင်းကို ဒုက္ခမပေးအောင် မတားခဲ့ဘူး။ သူက ချူဟန်ကျောင်းကိုတောင် ကာကွယ်ပေးခဲ့တယ်၊ ဒါကြောင့် ယွမ်ရှူးယန်က ချူဟန်ကျောင်းရဲ့ လုပ်ရပ်ကို ထောက်ခံနေတာဖြစ်ရမယ်"
အတန်းခေါင်းဆောင် လုခိုက်ရွှမ်က သူ့အမြင်ကို ပြောပြသည်။
သူတို့သည် ကုနင်းနှင့် အချိန်အနည်းငယ်သာနေခဲ့ရသည်။ တစ်ယောက်နဲ့တစ်ယောက်အကြောင်း သိပ်မသိကြပေမယ့် အများစုကတော့ ကုနင်းကို သဘောကျတဲ့အတွက် သူမကို ယုံကြည်ချင်ကြသည်။
ကျောင်းသူ အများအပြားသည် ကုနင်းကို မနာလိုသောကြောင့် ကုနင်းဘက်မှာနေရန် ငြင်းဆိုသော်လည်း အသံထွက် မပြောရဲကြပေ။
"ကုနင်းမင်းရောဘယ်လိုထင်လဲ" ဟဲချီဟန်က ကုနင်းကို မေးသည်။ ကုနင်းကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပေမယ့် သူမထင်မြင်ချက်ကို တောင်းဆိုဖို့ လိုအပ်နေပါသေးသည်။
"ကျွန်မမှာ ယွမ်ရှူးယန်နဲ့ ပဋိပက္ခတွေရှိပေမယ့် ဘာမှ ကြီးကြီးမားမားပြသနာမရှိဘူး။ အရမ်းကိုယ်ရေးကိုယ်တာကိစ္စဖြစ်လို့ တခြားဘယ်သူကိုမှ မပြောခဲ့ဘူး။ ရိုးရိုးသားသားပြောရရင် ငါ့မှာ စေ့စပ်ထားသူရှိနေပြီမို့ ရုန်ကျဲ့ချန်ကို ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘွဲ့ရပြီးရင်အိမ်ထောင်ပြုမှာပါ။ တခြားအမျိုးသားတွေနဲ့ သာမာန်ခင်မင်ရင်းနှီးမှုထက် ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိလာမှာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မ စီနီယာရုန်နဲ့ ခနပဲတွေ့ဖူးတယ်။ ကျွန်မတို့ မရင်းနှီးဘူး။ ကျွန်မတို့ တိုတိုတုတ်တုတ်ပဲ စကားပြောဖူးတယ်။ ယွမ်ရှူးယန်ကို ကျွန်မကိုဒုက္ခပေးတာလားလို့ ဘာလို့သွားမေးတာလဲတော့ ကျွန်မမသိဘူး။ ကျွန်မမှာ ဘာအပြစ်မှမရှိဘူး။ အဲ့တာကြောင့်လည်း အခုလိုဖြစ်ရတာကို ကျွန်မစိတ်မချမ်းသာဘူး။ ကျွန်မဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ လူတွေအထင်အတိုင်းပြောနေတာကိုတော့ အပြစ်မတင်ချင်ပါဘူး။ အဲ့တာက အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ” ဟုကုနင်းက ဆိုသည်။ သူမရဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ စိတ်မ၀င်စားပါ။ တကယ်တော့ သူမ အနည်းငယ် စိတ်ဆိုးနေခဲ့သည်။
ကုနင်းမှာ စေ့စပ်ထားသူရှိနေပြီဆိုတာ သိလိုက်ရတော့ အားလုံးက အရမ်းအံ့သြသွားသည်။
သို့သော် အချို့သော ကောလိပ်ကျောင်းသားများသည် ဘွဲ့ရခါနီးတွင် အမှန်တကယ်စေ့စပ်ခဲ့ကြသောကြောင့် သူမပြောတာ ဖြစ်နိုင်သည်။
ကုနင်း၏ရှင်းပြချက်ကိုကြားပြီးနောက်တွင် ကျောင်းသားများက သူမအား ယုံကြည်လာကြသည်။
"ဒါဆို မင်းဘယ်လိုလုပ်မှာလဲ" ဟဲချီဟန်က မေးသည်။
"ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျွန်မ ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်ပါ့မယ်" ဟု ကုနင်းမှ ပြောကြားခဲ့သည်။ ဒါဟာ လုံးဝ ကြီးလေးတဲ့ ကိစ္စမဟုတ်သလို ကုနင်းလည်း အရင်ကထက် ပိုပြင်းထန်တဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရဖူးသည်။
“ကောင်းတယ်” ဟဲချီဟန်က ပြောသည်။ ကုနင်းက ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်တာကြောင့် သူ ဒီအကြောင်းကို ထပ်မမေးတော့ပါ။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်ပေ။
ထိုဖြစ်ရပ်သည် ၎င်းတို့၏ ကျောင်းဖိုရမ်တွင် ခေါင်းစဉ်ကြီးတစ်ခု ဖြစ်လာသောကြောင့် ကျောင်းသားများက ၎င်းကို ပိုမိုမြင်လာကြသည်။ ကျောင်းသားတချို့က အဲဒါကို ဂရုမစိုက်ပေမယ့် တခြားကျောင်းသားတွေရဲ့ ပြောဆိုမှုတွေကနေ အဲဒီအကြောင်းကို ကြားကြရသည်။
ထို့ကြောင့် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် မကြာမီကြားသိရပြီး ရုန်ကျဲ့ချန်ကို ဒေါသထွက်ခဲ့ကြသည်။
သူတို့သည် ကုနင်းနှင့် အချိန်များစွာ ကုန်ဆုံးခဲ့ပြီး အတော်လေး ရင်းနှီးခဲ့ကြသောကြောင့် ကုနင်းသည် အခြားသူများထက် များစွာသာလွန်ကြောင်း သိခဲ့ကြသည်။ ကုနင်းက လုံးဝဥာဏ်များတဲ့သူမဟုတ်ဘူးဆိုတာ သူတို့သိသည်။ ထို့အပြင် ကုနင်းတွင် စေ့စပ်ထားသူလည်း ရှိနေပြီဖြစ်သည်။ သူမသည် အခြားယောက်ျားကို နှစ်သက်ရန် မဖြစ်နိုင်ပေ။
အရေးအကြီးဆုံးကတော့ ကုနင်းရဲ့ စေ့စပ်ထားသူက ရုန်ကျဲ့ချန်ထက် အများကြီး ပိုထူးချွန်သည်။ သူမသည် ရုန်ကျဲ့ချန်ကို လုံးဝရွေးချယ်မည်မဟုတ်ပါ။
ရုန်မိသားစုသည် လင်မိသားစုကဲ့သို့ သြဇာကြီးမားသော်လည်း ရုန်ကျဲ့ချန်သည် လင်ရှောင်းထင်နှင့် မယှဉ်သာပါ။
လင်ရှောင်းထင်သည် သမိုင်းတွင် မရေမတွက်နိုင်သော ကြီးမားသော အောင်မြင်မှုများဖြင့် အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်ပြီး ရုန်ကျဲ့ချန်သည် ကောလိပ်ကျောင်းသားဖြစ်နေဆဲဖြစ်သည်။ လင်ရှောင်းထင်သည် ရုန်ကျဲ့ချန်ထက် ပို၍ ထူးထူးခြားခြား ထင်ရှားသည် မဟုတ်ပေ။
သတင်းကိုသိပြီးနောက် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ၎င်းတို့၏ WeChat အဖွဲ့တွင် ၎င်းအကြောင်းကို ပြောဆိုခဲ့ကြသည်။ နှစ်ယောက်စလုံးက ရုန်ကျဲ့ချန်နဲ့ သူ့ရဲ့အပြုအမူကို ဝေဖန်ခဲ့ကြသည်။
ကုနင်းလည်း ဒေါသထွက်နေပေမယ့် စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ်လောက် သူမ စိတ်မတိုပါ။ တကယ်တော့ သူမသည် သူတို့၏ တုံ့ပြန်မှုကြောင့် ရယ်မောနေခဲ့သည်။ သူမက သူတို့ကို နှစ်သိမ့်ပြီး ဒီလောက်စိတ်မဆိုးဖို့ ပြောခဲ့သည်။ သူမသည် ထိုအကြောင်းကို ရုန်ကျဲ့ချန်နှင့် ပြောရမည်။
စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် သူတို့ပါ ရုန်ကျဲ့ချန်နှင့် အတူတွေ့ရန် အဆိုပြုကြသည်။
ကုနင်းသဘောတူလိုက်သည်။
ထို့နောက်တွင် စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကုနင်း၏ ကျောင်းဖိုရမ်တွင် ကုနင်းကို ခုခံကာကွယ်ခဲ့ကြသော်လည်း ကုနင်းမှာ စေ့စပ်ထားပြီးသားဖြစ်သည်ဟူသောအချက်ကိုတော့ ထုတ်မပြောကြပေ။ ၎င်းက ကုနင်း၏လျှို့ဝှက်ချက်ဖြစ်နေသောကြောင့်ဖြစ်သည်။
မနက်ပိုင်း အတန်းပြီးချိန်မှာ ကုနင်းက ကန်တင်းသွားတဲ့လမ်းမှာ သူ့သူငယ်ချင်းတွေကို သွားတွေ့သည်။
လမ်းတစ်လျှောက်တွင် ကုနင်းသည် သူမအပေါ်မနှစ်မြို့သောအကြည့်အချို့နှင့် ကြည့်ခြင်းကို ခံစားခဲ့ရပြီး သူတို့၏ကျောင်းဖိုရမ်တွင် ၎င်းတို့၏ ဆွေးနွေးမှုများအကြောင်း သတင်းများကို ကြားလိုက်ရသည်။
ကုနင်းက သူတို့ကို ပိုအာရုံစိုက်ဖို့ စိတ်မ၀င်စားပေ။ စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့နှင့်တွေ့ဆုံပြီးနောက် သူတို့သည် ကန်တင်းသို့ အတူတူသွားကြသည်။
ရုန်ကျဲ့ချန်နဲ့ သူ့သူငယ်ချင်းတွေကို သူတို့နဲ့ မနီးမဝေးမှာတွေ့ရသည်။
"ငါ သူ့ကိုတားလိုက်မယ်!" စုန့်မြောင်ကောက သူတို့ဆီ ပြေးသွားသည်။
ကုနင်းကလည်း ရုန်ကျဲ့ချန်ကို တွေ့ချင်တာကြောင့် သူမကို မတားခဲ့ပါ။
စုန့်မြောင်ကောသည် ရှေ့မှပြေးပြီး ရုန်ကျဲ့ချန်နှင့် သူ့သူငယ်ချင်းများ လမ်းတွင် ရပ်လိုက်သည်။
"ရုန်ကျဲ့ချန် ကုနင်းက ရှင်နဲ့တွေ့ချင်နေတယ်" စုန့်မြောင်ကောက မနှစ်မြို့သောလေသံဖြင့် ပြောသည်။
"တကယ်လား? သူမဘယ်မှာလဲ?" ရုန်ကျဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၇ တောင်းပန်သင့်တယ်မလား
"ရုန်ကျဲ့ချန် ရှင်လုံးဝ ရှင့်အပြစ်ကို မမြင်ဘူးလား!" ရုန်ကျဲ့ချန်ရဲ့ ပျော်ရွှင်နေတဲ့ အမူအရာကို မြင်လိုက်ရတော့ စုန့်မြောင်ကောက ဒေါသပိုထွက်ပြီး သူ့ကို အော်လိုက်သည်။
အဲဒါကိုကြားတော့ ရုန်ကျဲ့ချန် အံ့သြသွားသည်။ စုန့်မြောင်ကော ဘာကိုဆိုလိုသည်ကို သူနားမလည်ပါ။
"ဘာကိုဆိုလိုတာလဲ?" ဝေ့ချွမ်းရွှမ်သည် စုန့်မြောင်ကော၏ သဘောထားကို မနှစ်သက်သောကြောင့် ဤအချိန်တွင် စောတကတက်သည်။
စုန့်မြောင်ကောက ဘာမှပြန်မပြောဘဲ ကုနင်းက လျှောက်လာသည်။
"ကုနင်း မင်းကိုယ့်ကို ဘာပြောချင်လို့လဲ" ရုန်ကျဲ့ချန်သည် ကုနင်းကိုမြင်ရသည်ကို သိသိသာသာ စိတ်လှုပ်ရှားနေသည်။
သို့သော် ကုနင်းသည် ရုန်ကျဲ့ချန်ကို မြင်ရတာစိတ်အနှောက်အယှက်ဖြစ်မိသည်။ သူမက “ စီနီယာရုန်၊ ယွမ်ရှူးယန်က ရှင့်ကို ကြိုက်လို့ ကျွန်မကို ဒုက္ခပေးမှာကို ရှင်စိုးရိမ်နေတာဖြစ်နိုင်မယ်။ အဲ့တာကြောင့် ရှင်သူ့ကို မေးခွန်းထုတ်ခဲ့ပေမယ့် ယွမ်ရှူးယန်က ကျွန်မကို ဒုက္ခပေးခဲ့တာလို့ ကျွန်မမပြောခဲ့ဖူးဘူး။ ကျွန်မဘက်ကို ရှင်စဉ်းစားဖူးလား။ ရှင်လုပ်ခဲ့တာက ကျွန်မရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်။ အခု ကျောင်းဖိုရမ်မှာ ခေါင်းစဉ်တစ်ခုဖြစ်နေတယ်။ ယွမ်ရှူးယန်က ကျွန်မကို ဒုက္ခပေးတယ်လို့ ရှင့်ကိုပြောခဲ့တယ်ဆိုပြီး လူတိုင်းက ထင်နေကြပေမယ့် တကယ်တော့ ကျွန်မပြောမိလို့လား။ လူတွေက ကျွန်မကို ဉာဏ်များတယ်ဆိုပြီး ဝေဖန်နေကြတာ တော်တော်စိတ်မချမ်းသာစရာပဲ”
"ဘာ?"
ဒါကိုသိလိုက်ရတော့ ရုန်ကျဲ့ချန် အံ့သြသွားသည်။ ထိုအကြောင်းကို သူဘာမျှမသိကြောင်း ထင်ရှားသည်။
“တောင်းပန်ပါတယ်။ ဒီလောက်ကြီးမားတဲ့ သက်ရောက်မှုရှိမယ်လို့ ကိုယ်မမျှော်လင့်ထားပါဘူး။ ယွမ်ရှူးယန်က မင်းကို ဒုက္ခပေးတယ်လို့ ကိုယ်ထင်ခဲ့တာ အဲ့တာကြောင့် အဲ့တာနဲ့ ပတ်သက်ပြီး ကိုယ်သူ့ကို မေးကြည့်လိုက်တာ" ရုန်ကျဲ့ချန်က ချက်ချင်းတောင်းပန်လိုက်သည်။ သူ့ရဲ့ စိတ်အားထက်သန်တဲ့ အပြုအမူကြောင့် ဒီလိုဖြစ်ရပ်မျိုးဖြစ်သွားရတာကို သူတကယ်ကို အံ့အားသင့်ေနရသည်။
“ဒီလိုဖြစ်လာမယ်လို့ ရှင်မမျှော်လင့်ထားပေမဲ့ ဒါဟာ ကျွန်မကို အနှောက်အယှက်ဖြစ်စေပြီး ကျွန်မရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာ အမှန်ပဲ။ အခုချိန်ကစပြီး သူစိမ်းလိုနေတာ ပိုကောင်းမယ်ထင်တယ်။ မသက်ဆိုင်တဲ့ လူတွေနဲ့ အရာတွေကို မထိခိုက်စေချင်ဘူးလို့ ကျွန်မပြောခဲ့ပါတယ်” ဟု ကုနင်းက ဆိုသည်။
ထိုစကားကိုကြားတော့ ရုန်ကျဲ့ချန် စိတ်ပျက်သွားသည်။ ကုနင်းကို ကောင်းစွာ ဆက်ဆံသည်ဟု သူယုံကြည်ခဲ့သော်လည်း သူမအပေါ်ထားရှိသော သူ၏ချစ်ခင်ကြင်နာမှုကို သူမတန်ဖိုးမထားသောကြောင့် ရုန်ကျဲ့ချန်သည် သူ၏ သူမအပေါ် အကောင်းမြင်စိတ်များ ပြောင်းလဲလာသည်။
"ကုနင်း၊ ကျဲ့ချန်က ယွမ်ရှူးယန် မင်းကို အနိုင်ကျင့်မှာကို စိုးရိမ်နေတာ အဲဒါနဲ့ ပတ်သက်ပြီး သူ့ကို သွားမေးတာ။ မင်းက သူ့ရဲ့ကြိုးစားမှုကို တန်ဖိုးမထားတဲ့အပြင် အဲဒါအတွက်နဲ့ မင်း သူ့ကိုတောင် အပြစ်တင်နေတာလား" ဝေ့ချွမ်းရွှမ်သည် ရုန်ကျဲ့ချန်ကို ဒေါသထွက်ကာ ကာကွယ်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ရုန်ကျဲ့ချန်က တူညီတဲ့ အတွေးရှိတာကြောင့် သူ့ကို မတားခဲ့ပါ။
ကုနင်းသည် မျက်မှောင်ကြုတ်ကာ ဒေါသများ ထိန်းချုပ်မှု လျော့နည်းလာသည်။
ဝေ့ချွမ်းရွှမ်၏အော်သံကြောင့် လူအများက သူတို့ကိုကြည့်နေကြပြီဖြစ်သည်။
ဒီနေ့ သူတို့ရဲ့ ကျောင်းဖိုရမ်မှာ သူတို့ပြောနေတဲ့ အကြောင်းအရာတွေကို ကြားတော့ သူတို့ပြောနေတာတွေကို ချက်ချင်း သဘောပေါက်သွားသည်။
ကုနင်း၏ စိတ်အနှောက်အယှက်ဖြစ်နေသောအမူအရာကိုမြင်သောအခါ၊ ယနေ့သူတို့၏ကျောင်းဖိုရမ်ရှိ ပို့စ်သည် အမှန်အတိုင်းဖြစ်သည်ကိုသိရသဖြင့် အံ့သြစပြုလာသည်။
“ရှင်…” စုန့်မြောင်ကောက ဒေါသတကြီးနဲ့ ထပ်ပြောချင်ပေမယ့် ပိုင်လီကျုံးရွှယ်က သူမကို တားလိုက်သည်။
သူတို့က ကုနင်းကို လွှတ်ထားသင့်သည်။ ဆိတ်ဆိတ်နေလိုက်တာသာ ပိုကောင်းသည်။
စုန့်မြောင်ကောလည်း သဘောပေါက်သောကြောင့် ဝေ့ချွမ်းရွှမ်ကို စူးစူးဝါးဝါးကြည့်ပြီးနောက် သူမပါးစပ်ကိုပိတ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ဝေ့ချွမ်းရွှမ်သည် ရုန်ကျဲ့ချန်ထက်ပင် ပို၍ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းနေသည်။
ကုနင်းသည် ကြောက်ရွံ့တုန်လှုပ်သွားသော ဝေ့ချွမ်းရွှမ်ကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။ သူသည် ကုနင်း၏မျက်လုံးများကို ရှောင်လွှဲလိုက်သည်။ သူမ၏အကြည့်မှာ စူးရှလွန်းသောကြောင့် တစ်နည်းနည်းဖြင့် ကြောက်လန့်သွားမိသည်။
ထိုမြင်ကွင်းများကို လျစ်လျူရှုကာ ကုနင်းက ဝေ့ချွမ်းရွှမ်အား အေးစက်သောလေသံဖြင့် "ဘာလို့ တန်ဖိုးထားရမှာလဲ။ သူငါ့ကိုအနိုင်ကျင့်မှာစိုးရိမ်လို့ ယွမ်ရှူးယန်ကို အကြင်နာတရားနဲ့ မေးခွန်းထုတ်ခဲ့တာ ငါသိပါတယ်၊ ဒါပေမယ့် ငါဘာအမှားမှမလုပ်ခဲ့ဘူး။ အဆုံးမှာ ငါက ဘာလို့ အပြစ်တင်ခံရမှာလဲ။ လူအများရဲ့ ဝေဖန်တာကို ရသင့်လို့လား။ ငါဆဲဆိုခံရတာကို စိတ်ဆိုးလို့မရဘူးလား။ ရလဒ်ကို လက်ခံလိုက်ရမှာလား”
“ငါ…” ဝေ့ချွမ်းရွှမ်သည် ထိုစကားကိုကြားတော့ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
တကယ်တော့ ကုနင်းမှာ အမှားမရှိဘဲ နောက်ဆုံးမှာတော့ သူမကို ဝေဖန်မှုတွေကြားထဲရောက်သွားစေသည်။
"ကျွန်မက စီနီယာရုန်ကို သဘောကျနေတယ်လို့ ကျောင်းဖိုရမ်မှာ ပြောတယ်။ ဒါကြောင့် စီနီယာယွမ်နဲ့ စီနီယာရုန် ကြား၀င်မွှေပြီး စီနီယာရုန်က စီနီယာယွမ်ကို မုန်းသွားအောင် လှုံ့ဆော်ခဲ့တာတဲ့" ကုနင်းက ရုန်ကျဲ့ချန်ဘက်ကို လှည့်ပြီး "စီနီယာရုန်၊ စီနီယာယွမ်က ငါ့ကို ဒုက္ခတစ်ခုခုပေးခဲ့တယ်လို့ ကျွန်မပြောခဲ့လား ဆိုတာ ရှင်ပြောပြပေးနိုင်မလား"
ရုန်ကျဲ့ချန်သည် တိတ်ဆိတ်နေခဲ့သည်။ ကုနင်း၏မေးခွန်းကို ချက်ချင်းမဖြေပေ။ အဖြေမှာ အနှုတ်လက္ခဏာဖြစ်နေသောကြောင့်ဖြစ်သည်။
အမှန်အတိုင်းပြောရင် ဒါဟာ သူ့အမှားလို့ ဝန်ခံရမည်။ သူ့အမှားပင်ဖြစ်သော်ငြား လူတိုင်းရှေ့တွင် ဝန်ခံလိုစိတ်မရှိပေ။
ရုန်ကျဲ့ချန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကုနင်း၏ အမူအရာမှာ အေးစက်လာသည်။ ရုန်ကျဲ့ချန်သည် တစ်ကိုယ်ကောင်းဆန်ကြောင်း သူမသိပြီး သူ့ကိုယ်သူ အဖတ်ဆယ်ရန်အတွက် ဝန်ခံရန် ငြင်းဆန်ခဲ့သည်။
သူ့ကိုယ်သူ ကာကွယ်ဖို့ ရွေးချယ်လိုက်ကတည်း ကုနင်းက သူ့အဖြေကို ဆက်စောင့်နေစရာမလိုတော့ပေ။ “စီနီယာရုန်၊ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူး။ အရင်က တစ်ယောက်နဲ့တစ်ယောက် စကားပြောဖူးတာတောင် တိုတိုလေးပဲ ပြောဖူးတာပါ။ အဲ့တာကြောင့် စီနီယာရုန်ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စီနီယာရုန်ကို ကြိုက်တဲ့သူတွေ ကျောင်းမှာ မရေတွက်နိုင်အောင်ရှိပေမယ့်လည်း မိန်းကလေးတိုင်းက ရှင့်ကို ကြိုက်နေတာမဟုတ်ပါဘူး။ နောက်ပြီး ကျွန်မမှာ ရည်းစားရှိပြီးသား။ ကျွန်မရဲ့ စေ့စပ်ထားတဲ့သူကို နက်နက်နဲနဲ ချစ်မိနေတဲ့အတွက် တခြားယောက်ျားကို ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူး”
အဲဒါကို သိလိုက်ရတော့ အားလုံးက တုန်လှုပ်သွားပြီး မျက်လုံးတွေ ပြူးသွားကြသည်။ ကုနင်းမှာ စေ့စပ်ထားသူရှိတယ်ဆိုတဲ့အချက်ကြောင့် အံ့အားသင့်သွားကြသည်။
ဒါဟာ မထူးဆန်းပေမယ့် အံ့သြစရာပါပဲ။
ကုနင်းက သူ့ကို အလေးအနက်မထားဘူးလို့ ယုံကြည်တဲ့အတွက် ရုန်ကျဲ့ချန် ရှက်သွားသည်။ တစ်နည်းနည်းနဲ့ ရုန်ကျဲ့ချန်က ကုနင်းကို စိတ်ဆိုးစပြုလာသည်။
ကုနင်း၏ နောက်ထပ်ရှင်းပြချက်ကြောင့် သူမသည် ၎င်းတို့၏ ကျောင်းဖိုရမ်တွင် ဖော်ပြထားသော ပို့စ်တွင် ဖော်ပြထားသော မိန်းကလေးမျိုး မဟုတ်ကြောင်း လူများက သိရှိခဲ့ကြသည်။ ဒီပို့စ်က သူမကို အသရေဖျက်တာ ထင်ရှားပေသည်။
ရုန်ကျဲ့ချန်သာ သူ့ထင်မြင်ချက်အရ ယွမ်ရှူးယန်ကို မေးမြန်းရန် သွားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအရာက ကုနင်းကို ကြီးစွာသော ဒုက္ခပေးခဲ့သည်။
ရလဒ်အနေနဲ့ လူတွေက ရုန်ကျဲ့ချန် ကို ကွဲပြားစွာ ရှုမြင်လာကြပေမယ့် သူ့နောက်ခံအကြောင်းကြောင့် သူ့ကို ဘယ်သူမှ မဝေဖန်ရဲကြပါ။
ရုတ်တရက်ပင် အေးစက်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေးရုန်၊ ဒီဖြစ်ရပ်အတွက် ရှင် အပြစ်ပေးခံရသင့်တယ်လို့ ထင်တယ်။ ကုနင်းက ယွမ်ရှူးယန်က သူ့ကို ဒုက္ခဖြစ်စေတယ်လို့ မပြောတဲ့အတွက် ယွမ်ရှူးယန် ကို ရှင့်ရဲ့သဘောအတိုင်း မေးတာက ရှင့်ရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေခဲ့တယ်။ ရှင်က ကြင်နာမှုတွေနဲ့ လုပ်ခဲ့ပေမယ့် ကုနင်းက ရှင့်ကြောင့် တိုက်ခိုက်ခံခဲ့ရတယ်။ သူမကို တောင်းပန်သင့်တယ်မလား"
သူ့အသံကိုကြားတော့ ကုနင်းက သူ့မျက်နှာကို မမြင်ခင် ကျန်းကျီခိုင် ဖြစ်ရမယ်ဆိုတာကို သိလိုက်သည်။
ကုနင်းသည် ယခုအချိန်အထိ ကျန်းကျီခိုင်သည် မြို့တော်တက္ကသိုလ်တွင် ကျောင်းတက်နေသည်ကို သတိမရမိပါ။ သို့သော် သူမကို မတွေ့ဖူးသေးသလို သူမကို မဆက်သွယ်ဖူးသလို ကျန်းကျီခိုင်လည်း ထိုသို့ပင်။
ဘာပဲဖြစ်ဖြစ် ကျန်းကျီခိုင်ရဲ့လက်မှာ ပတ်ထားတဲ့ ပတ်တီးကို သူမမြင်လိုက်တဲ့အခါ သူမ ဒဏ်ရာရလာတယ်ဆိုတာ သိလိုက်ရသည်။
ကျန်းမိသားစုသည် ရုန်မိသားစုလောက် သြဇာညောင်းခြင်းမရှိသော်လည်း ကျန်းကျီခိုင်သည် ၎င်းကိုကြောက်ရွံ့ပြီး တရားမျှတမှုအတွက် ရပ်တည်ဝံ့ခြင်းမရှိဟု မဆိုလိုပါ။
အားလုံးက ကျန်းကျီခိုင်နဲ့ သူမရဲ့စကားတွေကို သဘောတူခဲ့ကြပေမယ့် နှုတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့ကြသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၈ တောင်းပန်ပါတယ် ကုနင်း
"မင်းလက်က ဘာဖြစ်တာလဲ" ကုနင်း စိုးရိမ်တကြီးနဲ့ မေးသည်။
“ငါတို့ အဲဒါကို နောက်မှ ပြောမယ်။ အခု မင်းရဲ့ပြဿနာကို အာရုံစိုက်ကြရအောင်” ဟု ကျန်းကျီခိုင်က ပြောသည်။ သူကုနင်းဖြစ်နေတဲ့အရာကို ပိုဂရုစိုက်သည်။
သူမ ဒဏ်ရာရပြီး ဖုန်းပျောက်သွားတာကြောင့် ကုနင်းရဲ့ နံပါတ် ပျောက်သွားသည်။ ထို့ကြောင့် ကုနင်းကို ဆက်သွယ်၍မရပေ။
သူမ အံ့သြမိသည်မှာ ယနေ့ ကျောင်းသို့ ရောက်ရောက်ချင်း ကုနင်းအကြောင်း သတင်းကြားတော့ ဒေါသအပြည့် ဖြစ်လာသည်။
“ဟုတ်ပြီ” ကုနင်းက ဒီအကြောင်းကို လောလောဆယ် ထပ်မမေးတော့ပေ။
ရုန်ကျဲ့ချန်က ကျန်းကျီခိုင်ကို သေချာပေါက် သိပေမယ့် ကုနင်းလည်း သူမကို သိနေလိမ့်မယ်လို့ မမျှော်လင့်ထားပါ။
ကျန်းမိသားစုသည် ရုန်မိသားစုကဲ့သို့ သြဇာကြီးမားခြင်း မရှိသော်လည်း ရုန်မိသားစုသည် ထိပ်တန်းမိသားစုတစ်ခုဖြစ်ပြီး ကျန်းမိသားစုသည် ပါဝါဒုတိယအဆင့်သာရှိသော်လည်း ကျန်းကျီခိုင်၏အဖိုးသည် အခြားအာဏာရှင်မိသားစုမှဖြစ်သည်။
သူတို့မိသားစုကြား ကွာဟချက်အနည်းငယ်ရှိသော်လည်း ကျန်းကျီခိုင်သည် ရုန်မိသားစုကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။
ယခုအချိန်တွင် ကျန်းမိသားစုနှင့် ကျန်းကျီခိုင်၏မိခင်ဘက်မှအဖိုးမိသားစုဖြစ်သော တန့်မိသားစုသည် မြို့တော်ရှိ ကြီးစိုးသောမိသားစုလေးခု၏ မည်သည့်အဖွဲ့ခွဲမှာမှ မပါဝင်ပေ။ အာဏာရှိမိသားစုအများစုသည် ဘက်လိုက်မည့်အင်အားကို ရွေးချယ်ထားပြီးဖြစ်သော်လည်း အာဏာမိသားစုများ၏ လေးပုံတစ်ပုံခန့်သည် မရရှိကြသေးပေ။
လွှမ်းမိုးကြီးစိုးသော မိသားစုလေးစုသည် ၎င်းတို့အား သူတို့ဘက်သို့ ဆွဲသွင်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ၎င်းတို့သည် နိုင်ငံရေး ပြိုင်ဆိုင်မှုတွင် ပါဝင်ရန် ဆန္ဒမရှိခဲ့ကြပေ။
သူတို့ဘက်က အင်အားကို မရွေးချယ်ချင်တာကြောင့် ဖိအားတွေ ကြုံခဲ့ရပြီး အခက်အခဲတချို့ ကြုံတွေ့ခဲ့ရပေမယ့် ဒါဟာ ကြီးကြီးမားမားတော့ မဟုတ်ပါ။
ထို့အပြင် ကြီးစိုးသောမိသားစုလေးစုသည် အချင်းချင်း ပြိုင်ဆိုင်နေကြသောကြောင့် အခြားမိသားစုများသည် ပြဿနာတစ်ခုခုကြုံလာသောအခါတွင် သေချာပေါက် နှိုးဆော်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် အကျပ်ကိုင်ခြင်းထက် လာဘ်ပေးလာဘ်ယူခြင်းဖြင့် အခြားအာဏာရှိမိသားစုများကို ၎င်းတို့ဘက်သို့ ဆွဲသွင်းရန် ကြိုးစားခဲ့သည်။
ကြီးစိုးသောမိသားစုလေးခုအပြင် ထိုပထမအဆင့် အာဏာရှိမိသားစုများသည်လည်း ရည်မှန်းချက်ကြီးမားသည်။ ရလဒ်အနေဖြင့် ၎င်းတို့အနက်မှ မရွေးချယ်ရသေးသောသူများသည် ၎င်းတို့၏ ကိုယ်ပိုင်အင်အားကို တည်ဆောက်ရန် အဆင်သင့်ဖြစ်နေကြသည်။
ကျန်းကျီခိုင်အား ထောက်ခံသည်ဟု မည်သူမျှ အသံထွက်မပြောကြသော်လည်း ၎င်းတို့၏ အမူအရာများက အရာအားလုံးကို ပြသနေပြီး ရုန်ကျဲ့ချန်မှာ အတော်လေး အရှက်ရမိသည်။
အခု တောင်းပန်ရင် လူရှေ့သူရှေ့ အရှက်ရလိမ့်မည်။ သို့သော် သူထွက်ပြေးလျှင် သူ့ဂုဏ်သိက္ခာ ကြီးကြီးမားမား ပျက်စီးသွားလိမ့်မည်။
“မင်း…” ဝေ့ချွမ်းရွှမ်က ရုန်ကျဲ့ချန်ကို လူတိုင်းက ကုနင်းအား တောင်းပန်ခိုင်းနေတာကြောင့် ရုန်ကျဲ့ချန်ကို အတင်းအကြပ် ခုခံကာကွယ်ဖို့ ကြိုးစားခဲ့သည်။
"ချွမ်းရွှမ်" ဝေ့ချွမ်းရွှမ် မပြီးဆုံးခင်မှာ ရုန်ကျဲ့ချန်က သူ့ကို တားလိုက်သည်။ ဝေ့ချွမ်းရွှမ် က သူ့ကို နှောက်ယှက်တာကို မကျေနပ်ပေ။
ဝေ့ချွမ်းရွှမ်က သူ့ကို ခုခံကာကွယ်ဖို့ ကြိုးစားနေမှန်း သူသိပေမယ့် ကုနင်းကို ဒုက္ခပေးခဲ့တာ အမှန်ပါပဲ။ အခုချက်ချင်း မတောင်းပန်ဘူးဆိုရင် အနာဂတ်မှာ ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ရုန်ကျဲ့ချန်သည် သူ၏ တုံ့ဆိုင်းမှုကို ရပ်တန့်ကာ ကုနင်းအား တောင်းပန်ခဲ့သည်။ "တောင်းပန်ပါတယ် ကုနင်း"
"ရှင့်ရဲ့တောင်းပန်မှုကို ကျွန်မလက်ခံပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ ကျွန်မတို့ အခုချိန်ကစပြီး သူစိမ်းလိုနေကြတာပေါ့” ဟု ကုနင်းမှ ပြောကြားလိုက်သည်။ ရုန်ကျဲ့ချန် သူမကို ဘာမှပြန်မပြောမီတွင် သူမ၏ သူငယ်ချင်းများနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ကြည့်ရှုသူများလည်း တယောက်ပြီး တယောက် ထွက်ခွာသွားကြသည်။
“ကျဲ့ချန်၊ ကုနင်းဆိုတဲ့ မိန်းကလေးက သိပ်အမြင်ကပ်စရာကောင်းတယ်။ မင်းသူ့ကိုကာကွယ်ဖို့ကြိုးစားပေမယ့် မင်းရဲ့ကြင်နာမှုကိုတော့ သူလုံးဝမလေးစားဘူး" ဟုဝေ့ချွမ်းရွှမ် က စိတ်တိုတိုနဲ့ပြောသည်။
"မင်းဘာသာသွားစားတော့။ အခု ငါ စားချင်စိတ်မရှိတော့ဘူး" အခုဖြစ်ပျက်ခဲ့တာကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ ရုန်ကျဲ့ချန်ဟာ အစာစားချင်စိတ် ပျောက်သွားသည်။ သူ ကုနင်းကို ကန်တင်းမှာ ထပ်မတွေ့ချင်တော့ပေ။
“ကျဲ့ချန်…” ဝေ့ချွမ်းရွှမ် က ရုန်ကျဲ့ချန် ထွက်သွားတာကို တားချင်ပေမယ့် နောက်ထပ် ကောင်လေးနှစ်ယောက်က သူ့ကို တားလိုက်သည်။
“သူ့ကို လွှတ်ထားလိုက်” ဟုကောင်လေးတစ်ယောက်က ပြောလိုက်သညိ။
ထိုစကားကိုကြားတော့ ဝေ့ချွမ်းရွှမ်သည် ရုန်ကျဲ့ချန် နောက်သို့မလိုက်ဘဲ စားသောက်ခန်းသို့ အတူတူသွားကြသည်။
"ကုနင်းက ကျဲ့ချန်ရဲ့ နာမည်ကို ဂရုမစိုက်ဘူး!" ဝေ့ချွမ်းရွှမ်က ဆက်၍ မကျေမနပ်ဖြစ်နေသည်။
"ချွမ်းရွှမ်၊ တကယ်တော့ ငါမင်းေပြာတာကို သဘောမတူဘူး။ ကျဲ့ချန်က ကုနင်းကောင်းဖို့အတွက် ယွမ်ရှူးယန်ကို မေးခဲ့ပေမယ့် သဘောတူညီချက်မရှိဘဲ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာလေ။ ကုနင်းနဲ့ ဘာမှ မဆိုင်ပေမယ့် နောက်ဆုံးတော့ ကုနင်းပဲ အပြစ်တင်ခံရတာ။ ကျဲ့ချန်က သူမကို ဒုက္ခဖြစ်စေခဲ့တာမလို့ သူမက နစ်နာသူပဲ ကျဲ့ချန်က တောင်းပန်သင့်တယ်” ဟု ကောင်လေးA မှ ပြောကြားခဲ့သည်။
ထိုစကားကိုကြားတော့ ဝေ့ချွမ်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တော့ သူလည်း ဒါကိုသိပေမယ့် ရုန်ကျဲ့ချန်က သူ့အရင်းနှီးဆုံးညီအစ်ကိုမို့ ရုန်ကျဲ့ချန် ဘက်လိုက်ဖို့ ရွေးချယ်ခဲ့သည်။ ထို့အပြင် သူသည် ရုန်ကျဲ့ချန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်သောကြောင့် ရုန်ကျဲ့ချန်ကို အကြောင်းပြချက်မရှိဘဲ ကာကွယ်ခဲ့သည်။
ထိုအခြေအနေတွင် ရုန်ကျဲ့ချန်အပေါ် ကုနင်း၏ မကောင်းသော သဘောထားကို သူမြင်ပြီးသည်နှင့် သူမကို ဒေါသထွက်သွားခဲ့သည်။ ရုန်ကျဲ့ချန် ပြောတာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကုနင်းကို အရာအားလုံးအတွက် အပြစ်တင်ခဲ့သည်။
“ဟုတ်တယ်၊ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းက အရမ်းအရေးကြီးတယ် ကုနင်းက နာမည်ကြီးတစ်ယောက်ပါ။ သူ့ဂုဏ်သတင်းက ပိုလို့တောင်အရေးကြီးတယ်။ ပျက်စီးသွားရင် သူ့လုပ်ငန်းကိုလည်း ထိခိုက်နိုင်တယ်။ သူမ စိတ်တိုတာကို နားလည်နိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းအတွက် သူ့ကို အားကိုးရတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်!” ကောင်လေး B ကပြောသည်။ ထို့နောက် "အရေးကြီးဆုံးကတော့ သူက နစ်နာသူဖြစ်ခဲ့ရတာ"
ထိုစကားကိုကြားတော့ ဝေ့ချွမ်းရွှမ်က ပါးစပ်ကိုပိတ်လိုက်သည်။
ကောင်လေး A နှင့် ကောင်လေး B တို့သည် ဝေ့ချွမ်းရွှမ်၏အပြုအမူကို မကြိုက်ကြသော်လည်း ၎င်းတို့အားလုံး ရုန်ကျဲ့ချန်၏သူငယ်ချင်းများဖြစ်သောကြောင့် ပုံမှန်အားဖြင့် သူတို့နဲ့မဆိုင်သရွေ့ ဘာမှ ၀င်မပြောပေ။
ဝေ့ချွမ်းရွှမ်သည် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အကျိုးခံစားခွင့်များနှင့် ခံစားချက်များကိုသာ အာရုံစိုက်ခဲ့သည်။
…
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာသွားသောအခါတွင် သူမသည် စုန့်မြောင်ကော၊ ပိုင်လီကျုံးရွှယ်နှင့် ကျန်းကျီခိုင်တို့ကို အချင်းချင်း မိတ်ဆက်ပေးခဲ့သည်။
စုန့်မြောင်ကောနှင့် ကျန်းကျီခိုင်တို့နှစ်ဦးစလုံးသည် အထက်တန်းလူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်ကြသော်လည်း ယခုအချိန်အထိ တစ်ဦးနှင့်တစ်ဦး မသိကြသေးပေ။ စုန့်မြောင်ကောသည် သူမ၏အချိန်အများစုတွင် စစ်စခန်းတွင်နေခဲ့ပြီး အထက်တန်းလူ့အဖွဲ့အစည်းမှ လူအနည်းငယ်သာ သိခဲ့သည်။
ကုနင်းသည် ၎င်းတို့၏ မိသားစု နောက်ခံကို မဖော်ပြဘဲ ၎င်းတို့၏ အမည်များကိုသာ ပြောပြခဲ့သည်။ သူတို့ဟာ သူငယ်ချင်းတွေဖြစ်တာကြောင့် သူတို့ရဲ့ သူငယ်ချင်းမိသားစုနောက်ခံကို ဂရုစိုက်မည်လည်းမဟုတ်ပါ။
ကျန်းကျီခိုင်၏မိသားစုသည် သာမန်မဟုတ်ကြောင်း ကုနင်း သိသော်လည်း သူမသည် ထိုအကြောင်းကို များများစားစားမသိပေ။ သူမလည်း အဲဒီအကြောင်းကို မေးဖို့ စိတ်မ၀င်စားပေ။
အပြန်အလှန်နှုတ်ဆက်ပြီးနောက် ကုနင်းက ကျန်းကျီခိုင်အား "မင်း ဘာဖြစ်သွားတာလဲ" ဟုမေးသည်။
ထိုစကားကိုကြားတော့ ကျန်းကျီခိုင်သည် သူမ၏မျက်နှာပေါ်တွင် သိသာထင်ရှားသော ဒေါသကိုပြခဲ့သည်။ “စာရင်းမသွင်းခင် ရက်အနည်းငယ်အလိုမှာ အဖေနဲ့ အမေက သူ့သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ပေါင်မြို့ကို ခေါ်သွားတယ်။ အပြန်လမ်းမှာ ကားမတော်တဆမှုတစ်ခုဖြစ်ပြီး ကုန်တင်ကားကြီးတစ်စီး ဝင်တိုက်မိခဲ့တာ”
“ငါတို့ကားက မြစ်ထဲကို ပြုတ်ကျသွားတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အချိန်မီ ကယ်နိုင်ခဲ့တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ ငါ့ဒဏ်ရာက နည်းနည်းပိုပြင်းထန်တယ်။ လက်ကျိုးသွားလို့ ဆေးရုံမှာ တစ်လခွဲလောက်နေခဲ့ရတယ်။ နောက်တော့ ဆေးရုံဆင်းပြီး အိမ်မှာ တစ်ပတ်လောက် အနားယူရတယ်။ အခုနေကောင်းနေတော့ ကျောင်းလာတက်တာပဲ။
“ဒါပေမယ့် ရေထဲပြုတ်ကျလို့ ဖုန်းပျောက်သွားတယ်။ ငါမင်းကိုလည်း ဆက်သွယ်လို့ မရဘူး။ ယာဉ်တိုက်မှုဟာ မတော်တဆမှုမဟုတ်ဘဲ အစီအစဉ်တစ်ခုလို့ အဖေ့ဆီက ကြားခဲ့ရတယ်။ အသေးစိတ်ကိုတော့ သူမပြောပြတော့ သိပ်မသိဘူး”
ကျန်းကျီခိုင်သည် ကုနင်းကို သူ့သူငယ်ချင်းအဖြစ် ယူထားသောကြောင့် အမှန်တရားကို လျှို့ဝှက်ထားရန် စိတ်မ၀င်စားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ အသေးစိတ်အချက်အလက်များကို သူမလည်း မသိပါ။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၈၉ ကုနင်းက အဲ့လိုလူမဟုတ်ဘူး
စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့သည် ကုနင်း၏သူငယ်ချင်းများဖြစ်သောကြောင့် ကျန်းကျီခိုင်သည် ယုံကြည်စိတ်ချရသည်ဟု ယုံကြည်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ သူမရဲ့ နောက်ခံကို မသိတဲ့အတွက် သူမ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြရင်တောင် ကြီးကြီးမားမားတော့ မဟုတ်ပါ။
ကျန်းကျီခိုင်၏စကားကိုကြားပြီးနောက် ကုနင်းသာမက စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်တို့လည်း စိတ်တိုသွားသည်။ အကွက်ချတာက ပုံမှန်မဟုတ်မှန်း သူတို့သိသည်။ သို့သော်လည်း ကုနင်းသည် ထိုအကြောင်းကို သူမ ဆက်မေးသင့်သည်ဟု မထင်ခဲ့ပေ။
ကန်တင်းတွင် ဟင်းပွဲများ မှာယူပြီးနောက် ကုနင်းသည် စွမ်းအင်သလင်းကျောက်ကို ထုတ်ကာ ကျန်းကျီခိုင် အား ပေးလိုက်သည်။ "မင်းငါ့ကိုယုံရင်သောက်လိုက် မင်းမြန်မြန်ပြန်ကောင်းလာလိမ့်မယ်"
"ငါနင့်ကိုယုံတယ်။ ကျေးဇူးတင်ပါတယ် ကုနင်း" ကျန်းကျီခိုင်သည် ကုနင်း၏လက်မှ စွမ်းအင်သလင်းကျောက်ကို ချက်ချင်းယူလိုက်သည်။
"အခုချက်ချင်းသောက်လို့ရမလား"
"ရပါတယ် အချိန်မရွေးပဲ" ကုနင်းကပြောသည်။ ထို့နောက် ကျန်းကျီခိုင်သည် ရေတစ်ခွက်ကို ပြင်ဆင်လိုက်သည်။ သူ့အမြင်အရတော့ ဆေးတွေက ခါးသည်။ ဒါကြောင့် ရေမရှိရင် မျိုချလို့ မရနိုင်ပေ။
ဒါကိုမြင်တော့ ကုနင်းက "မင်းပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်သွားလိမ့်မယ်။ ရေသောက်ဖို့ မလိုဘူး"
ထိုစကားကိုကြားတော့ ကျန်းကျီခိုင်သည် ရေဖန်ခွက်ကိုချကာ ကြွေပုလင်းကိုဖွင့်ပြီး စွမ်းအင်သလင်းကျောက်ကိုသောက်လိုက်သည်။
မှော်အစွမ်းကို အာရုံခံလိုက်သောအခါ ပိုင်လီကျုံးရွှယ်၏ မျက်လုံးများ တောက်ပလာသော်လည်း သူမတွင် မှော်အစွမ်းပါရှိသော ဤဆေးလုံးနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များ မရှိပါ။
သူမ အလွန်သတိထားရမည်၊ မဟုတ်ပါက ကုနင်းသည် သူမကို သံသယဖြစ်လာလိမ့်မည်။
“အို ငါ့လျှာနဲ့ ထိလိုက်တာနဲ့ တကယ် အရည်ပျော်သွားတယ်။ နောက်တော့ အအေးဒဏ်ကို ခံစားလိုက်ရပေမယ့် တော်တော်သက်သာသွားသလိုပဲ” ဟု ကျန်းကျီခိုင် က အံ့သြစွာပြောသည်။
စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက် ကျန်းကျီခိုင်သည် သူမ၏လက်မှ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ သူ့လက်မောင်းက နာကျင်မှုက ရုတ်တရက် ပျောက်သွားတယ်။ ထို့အပြင် သူမ၏လက်သည် ယခင်က အလွန်အားနည်းခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်း သန်မာလာခဲ့သည်။
"ဘယ်လိုမှမဖြစ်နိုင်တာ! အရမ်းထိရောက်တာပဲ!” ကျန်းကျီခိုင်က ထိတ်လန့်တကြားဖြင့် မျက်လုံးပြူးသွားသည်။ သူမ မယုံနိုင်ခဲ့ပါ။
ကုနင်းက ပြုံးပြသော်လည်း ဘာမှ မပြော။
ထိုအချိန်တွင် ယွမ်ရှူးယန်နှင့် သူမ၏ သူငယ်ချင်းများက ကုနင်းဆီသို့ လျှောက်လာကြသည်။ ယွမ်ရှူးယန်သည် ကုနင်းကို ကြောက်သော်လည်း သူမနှင့် မရင်ဆိုင်ရဲသည်ဟု မဆိုလိုပါ။ ထို့အပြင် ယခုရက်ပိုင်းဖြစ်ပျက်နေတဲ့ ဖြစ်ရပ်မှာ သူမလည်း အလွဲသုံးစား ခံခဲ့ရသည်။
ဒီနေ့ ဝေဖန်မှုများကြားတွင် ကုနင်းသာမက ယွမ်ရှူးယန်ကိုလည်း လူအများ၏ဝေဖန်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ရုန်ကျဲ့ချန်က အနည်းငယ်သာ ဝေဖန်ခံခဲ့ရသည်။
"ကုနင်း၊ မင်းက ရုန်ကျဲ့ချန်ကို ငါမင်းကို ဒုက္ခပေးခဲ့တာလို့ ပြောလိုက်တာလား ငါအဲ့လိုမလုပ်ခဲ့ဘူး။ မင်းဘာလို့ သူ့ကို ဒီလိုပြောရတာလဲ" ယွမ်ရှူးယန်က ကုနင်းကို ဒေါသတကြီး မေးသည်။
ကန်တင်းမှလူအချို့သည် ရုန်ကျဲ့ချန်နှင့် ကုနင်း၏ငြင်းခုံခြင်းကို ယခုမသိသေးသော်လည်း ကျောင်းဖိုရမ်တွင် သူတို့သုံးယောက်ကြားရှိဖြစ်ရပ်အကြောင်းကို အားလုံးကြားသိကြသောကြောင့် ကုနင်းအား အထင်အမြင်သေးပြီး မကြိုက်သလို ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။
"သူက ကုနင်းလား? သူက စီးပွားရေးမှာတော့ အရမ်းတော်ပေမယ့် အကျင့်စာရိတ္တစံနှုန်းတွေမရှိဘူး”
“ဟုတ်တယ်၊ သူမဟာ စီးပွားရေးလုပ်တာကျွမ်းတယ်ဆိုရင်တောင် အဆင့်အတန်းရှိတယ်လို့ မဆိုလိုဘူး”
"မင်းပြောတာ မှန်တယ်"
“အမှန်တရား မထွက်လာခင် ကောက်ချက်ချဖို့ မစောနဲ့။ ကုနင်းပြောတာ ဟုတ်ချင်မှဖြစ်မှာ"
"ဟုတ်တယ် ကုနင်းကို အဲ့လိုလူလို့ မထင်ဘူး"
“…”
သူတို့ဆွေးနွေးတာကိုကြားတော့ စုန့်မြောင်ကောနဲ့ သူမရဲ့သူငယ်ချင်းတွေက သူတို့နဲ့ ငြင်းခုံချင်ကြပေမယ့် ကုနင်းက ဒါကို ကိုင်တွယ်နိုင်တယ်ဆိုတာ သူတို့သိတာကြောင့် ဒေါသကို မျိုသိပ်ထားကြသည်။ သို့သော်လည်း အားလုံးက မကျေမနပ် ဖြစ်နေကြသည်။
ယွမ်ရှူးယန်၏မေးခွန်းကို ရင်ဆိုင်ရင်း ကုနင်းသည် အနည်းငယ် ဒေါသထွက်သွားသော်လည်း ယွမ်ရှူးယန်သည် နစ်နာသူဖြစ်ကြောင်း သူမ သိသောကြောင့် သူမသူမ၏ ဒေါသကို ထုတ်မပြခဲ့ပေ။ “ငါမလုပ်ခဲ့ဘူး။ ရိုးရိုးသားသားပြောရရင် ရုန်ကျဲ့ချန်က မင်းကို မေးတာတောင် ငါမသိလိုက်ဘူး။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်လုပ်ရပ်။ ငါပြောတာမဟုတ်ဘူး။ ဒါ့အပြင် ငါစီနီယာရုန်နဲ့လည်း မရင်းနှီးဘူး။ ငါတို့ အကြိမ်အနည်းငယ်ပဲ တွေ့ဖူးပြီး ခဏတာ စကားစမြည်ပြောခဲ့ကြရုံပဲ။ ငါ့မှာ ရည်းစားရှိပြီးသားမို့ သူ့ကို ကြိုက်ဖို့ မဖြစ်နိုင်ဘူး။ ငါ့ရည်းစားကို ငါနက်နက်နဲနဲ ချစ်တယ်။ တခြားလူကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဒါကြောင့် စီနီယာယွမ် မင်းငါအစား စီနီယာရုန်နဲ့ စကားပြောသင့်တယ်ထင်တယ်"
ကုနင်းက သူ့မှာ ရည်းစားရှိပြီးသားလို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ပေမယ့် သူ့ရှေ့ကလူတွေက ဒါကို သတိမထားမိကြပါ။ ထို့ကြောင့် သူတို့အားလုံး အံ့ဩသွားကြသည်။
ကုနင်းမှာ စေ့စပ်ထားသူရှိနေပြီဖြစ်သောကြောင့် သူမသည် အခြားယောက်ျားကို နှစ်သက်ရန် မဖြစ်နိုင်ပေ။
ထိုအခြေအနေတွင် ကုနင်းသည် သူ့ကို နှစ်သက်နိုင်မည်ဆိုတာက ရုန်ကျဲ့ချန်၏ ကိုယ်ပိုင်စိတ်ကူးဖြစ်နုိင်သည်။
တစ်ချိန်တည်းမှာပင် လူတစ်ချို့တွင် ကွဲပြားသော အတွေးအမြင်များ ရှိခဲ့ကြသည်။ ကုနင်းမှာ စေ့စပ်ထားပြီးသားဆိုရင်တောင် ဘာမှ အဓိပ္ပါယ်မရှိပေ၊ ဘာကြောင့်လဲဆိုတော့ လက်ထပ်ပြီးရင် သူတို့ရဲ့ လက်တွဲဖော်ကို လိမ်လည်လှည့်ဖြားတဲ့ သူတွေ ရှိလို့ပါပဲ။ ထို့အပြင် ကုနင်းတွင် စေ့စပ်ထားသူသာရှိပြီး သူမ လက်မထပ်ရသေးပေ။
လူအချို့က ထိုအယူအဆကို စွဲကိုင်ထားသော်လည်း အများစုမှာ ထုတ် မပြောဝံ့ကြပေ။
သို့သော် တစ်စုံတစ်ယောက်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ရုတ်တရက်ပြောခဲ့သည် “အဲ့တော့ ဘာဖြစ်လဲ။ ရည်းစားရှိရင်တောင် ဘာအဓိပ္ပါယ်မှမရှိဘူး။ တစ်ချို့လူတွေက အိမ်ထောင်ကျပြီးရင်တောင် ဖောက်ပြန်တာရှိသေးတာပဲ!”
ကုနင်း ရင်းနှီးသော အမျိုးသမီးအသံဖြစ်သည်။
Bမြို့မှာ သင်္ချာပြိုင်ပွဲမှာ ကုနင်းကို အငြိုးထားခဲ့တဲ့ စုန့်ရှီယောင်ဆိုတဲ့ မိန်းကလေးပင်။
စုန့်ရှီယောင်ဟာ ကုနင်း မြို့တော်တက္ကသိုလ်မှာ ကျောင်းတက်နေတာ ကြာပြီဆိုတာကို သိပေမယ့် အခုအချိန်အထိ သူမကို တွေ့ခွင့်မရသေးပါ။
သူတို့ကြားတွင် အာဃာတများရှိနေသော်လည်း စုန့်ရှီယောင်သည် ကုနင်း၏ အတန်းနှင့် အိပ်ဆောင်အခန်းကို သိရန် စိတ်မ၀င်စားခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူမကို အခုမှတွေ့ကတည်းက ကုနင်းကို အရှက်ရစေမယ့် ဒီအခွင့်အရေးကြီးကို သူမ လက်လွတ်ခံမည်မဟုတ်ပါ။
"စုန့်ရှီယောင် မင်းပါးစပ်ပိတ်ထား။ ကုနင်းက ဒီလိုလူမဟုတ်ဘူး” ကျန်းကျီခိုင် ပေါ်လာပြီး စုန့်ရှီယောင်အား ချက်ချင်းပြောသည်။
ယွမ်ရှူးယန် သည် ယခုအချိန်အထိ စုန့်ရှီယောင်နှင့် ကျန်းကျီခိုင်တို့ကို သတိမထားမိသော်လည်း နှစ်ယောက်စလုံးကို သူမသိပေသည်။
ယွမ်ရှူးယန် အံ့သြသွားသည်မှာ ကုနင်းသည် ကျန်းကျီခိုင်၏သူငယ်ချင်းဖြစ်နေသည်။
သူမ၏မျက်လုံးထဲတွင် ကုနင်းသည် သာမန်မိန်းကလေးတစ်ဦးသာဖြစ်သော်လည်း ကုနင်းသည် လင်ရှောက်ရှီနှင့် ကျန်းကျီခိုင်တို့နှင့် သိနေသည်။ ရုန်ကျဲ့ချန်ပင်လျှင် သူမအပေါ် အလွန်ကောင်းသော အထင်အမြင်ရှိသည်။
ကုနင်းက မြင့်မားတဲ့လူ့အဖွဲ့အစည်းက လူဘယ်လောက်နဲ့ သိနေတာလဲ။
စုန့်ရှီယောင်က “ပြီးခဲ့တဲ့ တစ်ခေါက်က Bမြို့က လူတစ်ယောက်ရဲ့ဇိမ်ခံကားထဲက ထွက်လာတာကို ငါတွေ့ခဲ့တယ်” ဟု စုန့်ရှီယောင်က ဆိုသည်။
အဲဒါကိုကြားတော့ လူတချို့က ကုနင်းကို ကွဲပြားတဲ့အကြည့်တွေနဲ့ လှည့်ကြည့်လိုက်ကြပြီး တချို့က အကြောင်းပြချက်က တိကျမှုရှိတယ်လို့ မထင်ကြပေ။ ကုနင်းသည် အလွန်ချမ်းသာသည်။ ထို့ကြောင့် သူ့တွင် ဇိမ်ခံကားနှင့် ကားမောင်းသူရှိလျှင် နားလည်နိုင်သည်။
"မင်း အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေပုံရတယ်။ ဒါပေမယ့် Bမြို့မှာ သင်ခဲ့ရတဲ့ သင်ခန်းစာကို မမေ့လိုက်ပါနဲ့" ဟု ကုနင်းက မကြင်နာသော မျက်လုံးတစ်စုံဖြင့် စုန့်ရှီယောင် ကို အာရုံစိုက်ကာ တည်ငြိမ်သော အသံဖြင့် ပြောသည်။ စုန့်ရှီယောင် က ကုနင်းက သူ့ကို Bမြို့ မှာ နောက်ဆုံးအကြိမ် ရိုက်နှက်ခဲ့တာကို တွေးပြီး ကြောက်ရွံ့သွားသည်။
မည်သို့ပင်ဆိုစေကာမူ ယခု သူမမွေးဖွားကြီးပြင်းရာ မြို့တော်တွင် ရှိနေသောကြောင့် ကုနင်းသည် သူမအား ဤနေရာတွင် နာကျင်အောင် လုပ်ရဲသည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် စုန့်ရှီယောင် သည် သူမ၏ သတ္တိကို မြှင့်တင်လိုက်သည်။ “ဒါက မြို့တော်ပါ။ မင်းငါ့ကို ဒီမှာရိုက်ရဲလို့လား? မင်းငါ့ကို ထပ်ပြီးနာကျင်အောင်လုပ်ရဲရင်လုပ်ကြည့်လေ ငါ မင်းကို အချိန်မရွေး မြို့တော်တက္ကသိုလ်က နှင်ထုတ်နိုင်တယ်"
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၀ ငါ အခု စိတ်အခြေအနေမကောင်းဘူး
ထိုစကားကိုကြားတော့ စုန့်ရှီယောင်သည် ကုနင်းအပေါ် ရန်ငြိုးရှိပြီး ကုနင်းသည် ယခင်က သူမကို တစ်ကြိမ် ရိုက်နှက်ဖူးကြောင်း လူတိုင်းသိလိုက်ရသည်။
တစ်ချိန်တည်းမှာပင် စုန့်ရှီယောင်သည် ကုနင်းကို အနိုင်ယူရန်အတွက် လက်မခံနိုင်သောအရာတစ်ခုကို ပြုလုပ်ခဲ့သည်ဟုလည်း သူတို့ယုံကြည်ခဲ့ကြသည်။
စုန့်ရှီယောင်၏ မောက်မာသော အပြုအမူကြောင့် သူမသည် ချမ်းသာသော အမွေဆက်ခံသူဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။
"တကယ်လား? မြို့တော်တက္ကသိုလ်ကနေ မင်းငါ့ကို ဘယ်လို နှင်ထုတ်မယ်ဆိုတာ အရမ်းသိချင်လိုက်တာ၊ ဒါပေမယ့် မင်းနဲ့ ငြင်းခုံဖို့ အချိန်မရှိဘူး။ နောက်တစ်ခါ အရိုက်ခံချင်ရင်တော့ စမ်းကြည့်ပေါ့” ဟု ကုနင်းက ခြိမ်းခြောက်တဲ့ လေသံနဲ့ ပြောလိုက်သည်။
“မင်း…” ကုနင်းရဲ့ ခြိမ်းခြောက်ခံရလို့ စုန့်ရှီယောင် ဒေါသထွက်နေပေမယ့် ကုနင်းရဲ့အမူအရာကိုမြင်ပြီးနောက် ကုနင်းက သူ့ကို တကယ်ရိုက်မှာကို ကြောက်မိသည်။ ကုနင်းသည် ယခင်က တစ်ကြိမ်ပြုလုပ်ခဲ့ဖူးသည်။
ထိုရက်များအတွင်း သူမသည် ကုနင်းအကြောင်း အများအပြား ကြားသိခဲ့ရသောကြောင့် သူမ၏ သြဇာနှင့် ကိုယ်ခံပညာအဆင့်ကို သိရှိခဲ့သည်။ ရလဒ်အနေနှင့် သူမသည် ကုနင်းနှင့် မရှုပ်ချင်တော့ပေ။
နောက်တစ်စက္ကန့်မှာ ကုနင်းက သူမကို လျစ်လျူရှုပြီး ယွမ်ရှူးယန် ဘက်ကို လှည့်လိုက်သည်။ “စီနယာယွမ်၊ ငါ အခု မင်းကို ပြောနေတဲ့ စကားလုံးတိုင်းက တကယ်ပါ။ မင်းငါ့ကိုမယုံသေးရင်တော့ ငါလုပ်နိုင်တာ ဘာမှမရှိဘူး။ ငါ အခု အရမ်းစိတ်အခြေအနေမကောင်းဘူး။ ဒါကြောင့် မင်းငါ့ကို အနှောက်အယှက်ဆက်ပေးနေရင် ငါ့ထိန်းချုပ်မှု ဆုံးရှုံးသွားမှာ ဆိုးရတယ်"
ဒီထက် ပိုမိုရှင်းလင်းသော ခြိမ်းခြောက်မှုမရှိနိုင်ပါ။ ယွမ်ရှူးယန်က သူမကို အနှောက်အယှက် မရပ်ဘူးဆိုရင် သူမကို တကယ်ပဲ ရိုက်ပစ်လိုက်နိုင်သည်။
"ကုနင်းမင်းက အရမ်းရက်စက်တာပဲ!" ကုနင်း၏ ခြိမ်းခြောက်မှုကြောင့် ယွမ်ရှူးယန် ဒေါသထွက်သွားသော်လည်း ကုနင်းသည် သူမထက် များစွာ သန်မာသောကြောင့် ဘာမှ မလုပ်ဝံ့ပေ။ သို့သော် သူမ၏မျက်လုံးထဲတွင် ကုနင်းသည် မာနကြီးလွန်းသော သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
သူမက လင်ရှောက်ရှီနှင့် ကျန်းကျီခိုင်တို့ကို သိရုံပဲသိတာလား။
"ရန်လိုတာလား? ငါသူများတွေကို ဒုက္ခမပေးဖူးဘူး။ ငါပဲ အချိန်တိုင်း နစ်နာသူဖြစ်ခဲ့ရတယ်” လို့ ကုနင်းက စိတ်မရှည်စွာပြောလိုက်သည်။ သူမသည်းခံနိုင်စွမ်း ပျောက်ဆုံးနေပြီ။
“မင်း…” ယွမ်ရှူးယန်က ကုနင်း တကယ်တခြားသူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တာမျိုးကို သူမမမြင်တွေ့ဖူးတာကြောင့် ကြောင်အတွေဝေနေမိသည်။
နဂိုက ကုနင်းသည် ရုန်ကျဲ့ချန် ရှေ့မှာ သူမအကြောင်း မကောင်းပြောသည်ဟု ယုံကြည်ခဲ့သော်လည်း ကုနင်းသည် သူမတွင် စေ့စပ်ထားသူရှိနေပြီဟု ရှင်းရှင်းလင်းလင်းပြောခဲ့သောကြောင့် ယွမ်ရှူးယန်ကို စိတ်ပြောင်းသွားစေခဲ့သည်။
“စီနီယာယွမ် မင်း တရားမျှတမှုကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် အဲဒီအကြောင်းကို စီနီယာရုန်နဲ့ သွားပြောလိုက်ပါ။ ငါစောနကပဲ ကန်တင်းအပြင်မှာ သူ့နဲ့တွေ့ခဲ့တယ်။ အဲဒီအကြောင်းကိုလည်း သူ့ကို မေးပြီးပြီ သူက ငါ့ကို တောင်းပန်တဲ့အတွက် မင်းလိုချင်ရင် ငါ့အစား သူ့ကို တောင်းပန်ခိုင်းလို့ရတယ်” ဟု ကုနင်းက ဆိုသည်။
“…”
ယွမ်ရှူးယန်က တစ်ခုခုပြောချင်နေသေးသော်လည်း သူမသည် ယခုအချိန်တွင် ရပ်လိုက်ရသည်။ ကုနင်း၏ရှင်းပြချက်ကိုကြားပြီးနောက် သူမသည် ကုနင်းကိုဆက်လက်အပြစ်တင်ပါကသူမကိုလူများကစတင်ဝေဖန်လာလိမ့်မည်။
ထို့အပြင် ယွမ်ရှူးယန်သည် ကုနင်းသည် သူမအား ရိုက်နှက်မည်ကို အမှန်တကယ်ကြောက်ရွံ့နေခဲ့သည်။ ကုနင်းက ချူဟန်ကျောင်းကို အဲ့လိုလုပ်ခဲ့ဖူးတယ်မဟုတ်လား။
“ပြီးရော!”
နောက်ဆုံးတွင် ယွမ်ရှူးယန်သည် မထွက်ခွာမီ တွန့်ဆုတ်စွာ ဟစ်အော်လိုက်သည်။
ယွမ်ရှူးယန် ထွက်သွားသည်နှင့် အခြားလူများလည်း ထွက်ခွာသွားသော်လည်း စုန့်ရှီယောင်မှာ ကျန်ခဲ့သည်။
"ဘာလဲ? နင်ငါ့ကို ဒုက္ခပေးချင်နေသေးတာလား။ ကောင်းတယ်၊ ငါ အခု စိတ်အခြေအနေမကောင်းဘူး။ ငါ့ဒေါသကို ထုတ်ပစ်ဖို့ အခွင့်ကောင်းလိုနေတာ" ဟု စုန့်ရှီယောင်ကို ကြည့်လိုက်ကာ အေးစက်သော အသံဖြင့် ကုနင်းက ပြောသည်။ ကြည့်ရတာ အချိန်မရွေး သူမကို ရိုက်မည့်ပုံပေါ်နေသည်။
“မင်း…” အဲဒါကိုမြင်တော့ စုန့်ရှီယောင် ကြောက်ရွံ့ပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ကုနင်းကိုအရှုံးပေးလိုက်ခြင်းသည် သူမအတွက် အရှက်ရလွန်းသောကြောင့် သူမ ငြင်းခုံနေဆဲဖြစ်သည်။ "ကုနင်းမင်းငါ့ကို မထိခိုက်နဲ့။ ငါ့အဖေက မြို့တော်ဝန်”
"မင်းအဖေက မြို့တော်ဝန်ဖြစ်တိုင်း မင်းဘာပဲလုပ်လုပ် လုပ်ချင်တာလုပ်နိုင်မယ်လို့ ထင်နေတာလား" ကုနင်းသည် အနည်းငယ်မျှ စိုးရိမ်မှုမရှိဘဲ ရယ်မောကာ မေးလိုက်သည်။
စုန့်ရှီယောင်၏ မိသားစုသည် စွမ်းအားကြီးမားကြောင်း သူမသိသောကြောင့် ကုနင်းသည် သူမဖခင်မှာ မြို့တော်ဝန်ဖြစ်ခဲ့သည်ကို မအံ့သြပေ။
သို့သော် မြို့တော်ဝန်သည် ပြည်နယ်နှင့် ဝန်ကြီးအဆင့်ရှိ အရာရှိတစ်ဦးမျှသာ ဖြစ်သည်။ မြို့တော်တွင် ဤရာထူးကို အလယ်အလတ်မှ အထက်တန်းအဆင့်အဖြစ်သာ မှတ်ယူနိုင်ပြီး ထိုထက် သာလွန်သော ပြည်နယ်အဆင့် အရာရှိများလည်း ရှိသေးသည်။
"မင်း စောင့်ကြည့်နေလိုက်ပါ။ ငါမင်းကိုသေချာပေါက် နောင်တရအောင် လုပ်ပြမယ်!" ကုနင်းက သူ့အဖေရဲ့ ရာထူးကို လုံးဝ မကြောက်တာကို မြင်တော့ စုန့်ရှီယောင် ထိတ်လန့်သွားသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းသည် ယွမ်ရှူးယန်ကိုတောင်ခြိမ်းခြောက် ရဲပေသည်။
သူမရဲစွမ်းသတ္တိများပျောက်ဆုံးသွားသောကြောင့် သူမထွက်ခွာမီ ကုနင်းကိုခြိမ်းခြောက်ရန်သာကြိုးစားနိုင်တော့သည်။
စုန့်ရှီယောင်သည် သူတို့၏မြို့တော်ဝန်၏သမီးဖြစ်မှန်း သိလိုက်ရသောအခါ အခြားကျောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။ အရေးကြီးဆုံးကတော့ ကုနင်းက ဒါကို လုံးဝ မကြောက်ပေ။
တကယ်တော့ နားလည်နိုင်ပေသည်။ ကုနင်းသည် ယွမ်မိသားစု၏သမီးဖြစ်သူ ယွမ်ရှူးယန်ကိုတောင် ခြိမ်းခြောက်ရဲမှတော့ မြို့တော်ဝန်၏သမီးကို ကြောက်ရွံ့ရန် မဖြစ်နိုင်ပေ။
ယွမ်ရှူးယန်သည် ယွမ်မိသားစု၏ အဖွဲ့ခွဲမှသမီးတစ်ဦးသာဖြစ်သော်လည်း ယွမ်မိသားစုက သူမအား ထောက်ပံ့ခဲ့သည်။ ထို့ကြောင့် သူမသည် မြို့တော်ဝန်၏သမီးထက် ပိုအရေးပါသည်။
ကုနင်းသည် ဤအာဏာရှင်အမွေဆက်ခံသူများကိုပင် စော်ကားရဲသည်အထိ သူမအား သတ္တိရှိရှိ စိတ်ချနိုင်ရသည့် အကြောင်းရင်းကို လူတိုင်းက သိချင်နေကြသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ အစားအသောက်များကို စတင်သုံးဆောင်နေစဉ် လင်ရှောက်ရှီသည် ၎င်းတို့၏ ကျောင်းဖိုရမ်ရှိ ပို့စ်ကို ဖတ်ပြီးနောက် သူမအား ဖုန်းဆက်ခဲ့သည်။
ကုနင်းက လင်ရှောက်ရှီကို အတိုချုံးရှင်းပြခဲ့ပြီး လင်ရှောက်ရှီက ရုန်ကျဲ့ချန်နဲ့ ခပ်ဝေးဝေးနေဖို့ သူမကို ပြောခဲ့သည်။
လင်ရှောက်ရှီသည် ကုနင်း၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်းကြောင့် မဟုတ်ဘဲ ရုန်ကျဲ့ချန်၏ အပြုအမူကြောင့် သူမ စိတ်တိုသွားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် လင်ရှောက်ရှီက သူ့ကို ခပ်ဝေးဝေးနေရန် ပြောသောအခါ ကုနင်းသည် စိတ်မသက်မသာမဖြစ်ရပါ။ တကယ်လည်း သူနဲ့ ရင်းနှီးဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပေ။
သူမသည် ယခင်က သူ့ကို မေးထူးခေါ်ပြောသာ ဆက်ဆံမည်ဟု ပြောခဲ့သော်လည်း နောင်တွင် နောက်တစ်ကြိမ်တွင် ထိုမျှလောက်တောင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။
လင်ရှောက်ရှီက ကုနင်းကို အကူအညီလိုသေးလားလို့ မေးခဲ့ပေမယ့် ကုနင်းက ငြင်းဆိုခဲ့သည်။ ဒါဟာ ကြီးကြီးမားမားတော့ မဟုတ်ခဲ့ဘဲ မကြာခင် ပြီးဆုံးသွားမှာ ဖြစ်ပေသည်။
အချိန်တိုလေးအတွင်းမှာပဲ ကုနင်း၊ ရုန်ကျဲ့ချန် နဲ့ ယွမ်ရှူးယန်တို့ကြားက ဖြစ်ရပ်ဟာ သူတို့ကျောင်းကလူတိုင်း သိလာခဲ့ကြသည်။ ကျောင်းသားအများစုသည် ကုနင်းနှင့် ယွမ်ရှူးယန်တို့ ဘက်လိုက်ကြပြီး အချို့မှာ သူတို့က နစ်နာသူများပင်ဖြစ်သောကြောင့် သူတို့ကို တောင်းပန်ခဲ့ကြသည်။
သို့သော်လည်း ရုန်ကျဲ့ချန်သည် ကုနင်းအတွက် လုပ်ခဲ့တာဖြစ်တာကြောင့် သူ့ကို ဝေဖန်သူ အများအပြားမရှိပေ။ အတိုချုပ်ပြောရရင် ဒါဟာ နားလည်မှုလွဲမှားတာဖြစ်တဲ့အတွက် လူတွေက အဲဒါကို မကြာခင်မှာ မေ့သွားကြသည်။
ကျန်းကျီခိုင်သည် ကုနင်း၏ အဆောင်ခန်းတွင် လစ်လပ်နေသော အိပ်ရာရှိသည်ကို သိလိုက်သည်နှင့် သူမသည် ၎င်းတို့နှင့်အတူ နေထိုင်ရန် အဆိုပြုခဲ့ပြီး ကုနင်းက သဘောတူခဲ့သည်။
စုန့်မြောင်ကောနှင့် ပိုင်လီကျုံးရွှယ်သည် ကျန်းကျီခိုင်နှင့် ယခုမှတွေ့ဆုံခဲ့သော်လည်း ကျန်းကျီခိုင်သည် ကုနင်း၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်သောကြောင့် သဘောတူခဲ့ကြသည်။
တကယ်တော့ ကျန်းကျီခိုင်နဲ့ အချိန်အတော်ကြာကြာ ဖြတ်သန်းပြီးနောက် သူမကိုလည်း သဘောကျခဲ့ကြသည်။
ကျန်းကျီခိုင်သည် အခြားအဆောင်တစ်ခန်းသို့ မပြောင်းမီတွင် သူမ၏အတန်းပိုင်ထံမှ သဘောတူညီမှုယူခဲ့ရသည်။
ကျန်းကျီခိုင်၏ မိသားစုနောက်ခံကြောင့် သူမ၏အတန်းပိုင်သည် သဘောမတူစရာ အကြောင်းမရှိပေ။ ထို့ကြောင့် စားသောက်နေစဉ်အတွင်း သူမ၏အတန်းပိုင်ကို ဖုန်းဆက်လိုက်သောအခါ ချက်ခြင်းပင်သဘောတူခဲ့သည်။
နေ့ခင်းဘက်မှာတော့ စုန့်မြောင်ကောက လေ့ကျင့်ရေးမဆင်းဘဲ ကျန်းကျီခိုင်ကို သူတို့ရဲ့ အဆောင်ခန်းထဲကို ပြောင်းရွှေ့ဖို့ ကူညီပေးခဲ့သည်။
ကျန်းကျီခိုင် ဒဏ်ရာရနေတာမို့ သူမတစ်ယောက်တည်း မလှုပ်ရှားနိုင်ပါ။
ကျန်းကျီခိုင်သည် ကုနင်းပေးသော စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက် သူမ၏လက်မောင်းသည် ပိုကောင်းလာသော်လည်း ပတ်တီးများကို ဖယ်ရှားရန် တစ်ရက်နှစ်ရက်စောင့်ရန် လိုအပ်သေးသည်။
ကျန်းကျီခိုင်၏အဆောင်အခန်းသည် ကုနင်း၏အဆောင်ခန်း နှင့်တူညီသောအထပ်တွင်ရှိသော်လည်းကြားတွင်အဆောင်ခြောက်ခန်းရှိသည်။
မကြာခင်မှာပဲ ကုနင်းနဲ့ သူမရဲ့ သူငယ်ချင်း ကျန်းကျီခိုင်ဟာ သူတို့ရဲ့ အဆောင်ခန်းထဲကို အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့သည်။ လစ်လပ်နေသောကုတင်သည် အောက်ထပ်တွင်ရှိသောကြောင့် ဒဏ်ရာရနေသော ကျန်းကျီခိုင်အတွက် အလွန်သင့်လျော်ပေသည်။