အခန်း (၁၈၉၁-၁၈၉၆)
Vol. 117 Ch. 1891-1896
အခန်း ၁၈၉၁ မင်းကို ဆိုးဆိုးရွားရွား လိုချင်နေပြီ
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ကျန်းကျီခိုင်၏ လှုပ်ရှားသွားလာမှုကို ကူညီပြီးနောက် အိပ်ယာပြင်ဆင်ရာတွင်လည်း ကူညီပေးခဲ့ကြသည်။
ခဏလောက် အနားယူပြီး စာသင်ခန်းကို သွားကြသည်။
ကျန်းကျီခိုင်နှင့် ကုနင်းတို့သည် မေဂျာတူသော်လည်း အတန်းမတူသောကြောင့် သူတို့၏ အတန်းများသည် တူညီသောအဆောက်အအုံတွင် ရှိသည်။ သူတို့စာသင်ခန်းကြားထဲမှာ စာသင်ခန်းတစ်ခန်းပဲခြားသည်။
ထို့ကြောင့် သူတို့ရောက်သောအခါ ကုနင်းနှင့် ကျန်းကျီခိုင်တို့သည် သီးခြား ကိုယ့်စာသင်ခန်းဆီသို့ သွားကြသည်။
သူတို့ စာသင်ခန်းထဲ ရောက်သွားတော့ ဒီနေ့ သူတို့ ဖြစ်ပျက်ခဲ့တဲ့ ကျောင်းဖိုရမ်က ဖြစ်ရပ်အကြောင်း ပြောနေကြတာကို လူတိုင်းပြောနေတာကို ကြားလိုက်ရသည်။ ကုနင်းနဲ့ ယွမ်ရှူးယန်တို့ဟာ အင်တာနက်မှာ တိုက်ခိုက်ခံရတာကြောင့် ရုန်ကျဲ့ချန်ကို အားလုံးက ဝေဖန်နေကြတာပင်။
ရုန်ကျဲ့ချန်သည် အကြင်နာတရားကြောင့် အမှားလုပ်မိသည်ဟု အချို့က ထင်ခဲ့ကြသော်လည်း ၎င်းသည် ရုန်ကျဲ့ချန်၏ စိတ်ကူးယဉ်ဆန်သော အတွေးသာဖြစ်သည်ဟု ပိုယုံကြည်ကြသည်။ သူသည် ကုနင်းနှင့် ယွမ်ရှူးယန်တို့ကို လေးစားမှုမပြဘဲ သူ၏စရိုက်လက္ခဏာနှင့် ပြဿနာရှိနေသလိုပင်။
"ကုနင်း၊ ရုန်ကျဲ့ချန်က မင်းကို တောင်းပန်တယ်လို့ ငါကြားတယ်။ ဟုတ်လား?"
ကုနင်းရောက်လာတော့ ကျောင်းသားတစ်ယောက်က သူ့ကို စိုးရိမ်တကြီး မေးသည်။
"ဟုတ်တယ်၊ သူတောင်းပန်ခဲ့တယ်" ကုနင်းကပြောသည်။
“သူ့ရဲ့ ဆိုးရွားတဲ့အပြုအမူကို တောင်းပန်သင့်တာပေါ့။ သူက မင်းအနိုင်ကျင့်ခံရမှာစိုးရိမ်တာကြောင့် ယွမ်ရှူးယန်ကို မေးခဲ့ပေမယ့် မင်းက သူ့ကြောင့်ဝေဖန်ခံခဲ့ရတယ်"
“ဟုတ်တယ် ငါတော့ ရုန်ကျဲ့ချန်မှာ ပြသနာရှိတာလို့ ငါထင်တယ်။ သူအစက အမှန်တရားပေါ်လာတော့ တောင်းပန်ဖို့ငြင်းခဲ့တယ်လေ။ ယွမ်ရှူးယန်ကိုလည်း နောက်တစ်ခါ ထပ်မလုပ်ဖို့ မောက်မာစွာ သတိပေးခဲ့သေးတယ်” ဟု အခြားကျောင်းသားတစ်ဦးက ပြောသည်။
ကြားတော့ အားလုံးက သဘောတူကြသည်။
ကုနင်းက ဘာမှ မပြောပေမယ့် ရုန်ကျဲ့ချန်က တကယ်ကို မကောင်းဘူးဆိုတာကို သူမမငြင်းပါ။ သူ ယွမ်ရှူးယန်အပေါ်အမှားလုပ်ခဲ့ပေမယ့် တောင်းပန်ဖို့ ငြင်းဆိုခဲ့ပြီး ကြီးမားတဲ့ပြသနာကို ဖန်တီးခဲ့သည်။
ညနေအတန်းပြီးသောအခါ ကုနင်းသည် စာသင်ခန်းမှ ထွက်သွားပြီး ကျန်းကျီခိုင်လည်း သူမ၏ စာသင်ခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကျန်းကျီခိုင်သည် သူမထံသို့ လျှောက်သွားကာ အတူထွက်ခွာလာခဲ့သည်။
စာသင်ခန်းထဲက ထွက်ပြီး လူအုပ်နဲ့ ဝေးတဲ့အချိန်မှာ ကုနင်းက ကျန်းကျီခိုင်ကို "ငါတို့ အဆောင်ခန်းကို ပြန်ဖို့ အလျင်မလိုသေးဘူး။ အဲဒီတောအုပ်လေးထဲမှာ တစ်နာရီလောက် လေ့ကျင့်ရမယ်။ မင်း ငါတို့နဲ့ လိုက်ခဲ့ချင်လား"
"လေ့ကျင့်မယ်? ဘာကို လေ့ကျင့်မှာလဲ" ကျန်းကျီခိုင်က စိတ်ဝင်တစား မေးသည်။
“မြောင်ကောက မိန်းကလေးတစ်ေယာက်နဲ့ အလောင်းအစားလုပ်ထားတယ်။ တိုက်ခိုက်ရေး ပြိုင်ပွဲ လုပ်ရမယ်။ ရှုံးတဲ့သူက ရေကူးဝတ်စုံနှင့် တိုင်ပတ်အကကရပြီး ဗီဒီယိုကို အင်တာနက်ပေါ်တင်ရမယ်။ တစ်ပတ်ပဲ လိုတော့တာမို့ ကျုံးရွှယ်နဲ့ ငါဒီရက်တွေမှာ သူ့ကို လေ့ကျင့်ပေးတာနဲ့ အလုပ်ရှုပ်နေတာ။ ငါတို့ သူ့ကို မရှုံးစေချင်ဘူး၊ မဟုတ်ရင် စုန့်မြောင်ကော လူသိရှင်ကြား အရှက်ကွဲလိမ့်မယ်” ဟု ကုနင်းက ဆိုသည်။
"ဘာ? သူဘာလို့ အဲ့တာကို သဘောတူခဲ့တာလဲ။ စုန့်မြောင်ကော လုပ်ခဲ့တာလို့တောင် မထင်ရဘူး” ကျန်းကျီခိုင်က ပြောသည်။ စုန့်မြောင်ကောနဲ့ အခုမှစတွေ့တာတောင်မှ စုန့်မြောင်ကောရဲ့ အကြံ မဖြစ်နိုင်ဘူးလို့ သူမ ခံစားရသည်။
“ဟုတ်တယ်။ တခြားမိန်းကလေးက အဆိုပြုခဲ့တာ။ ဒါပေမယ့် မြောင်ကောက အဲဒီတုန်းက စိတ်မြန်နေတော့ သူလက်ခံလိုက်မိတယ်။ နောက်ပိုင်းမှာ သူ နောင်တရပေမယ့်လည်း စာရွက်ပေါ်မှာ ရေးထားပြီးသားဆိုတော့ နောက်ကျသွားပြီလေ။ ငြင်းရင် အရှက်ကွဲလိမ့်မယ်။ သူ့မိသားစုတောင် ထိခိုက်နိုင်တယ်” ဟု ကုနင်းက ပြောသည်။
“ဒါဆိုရင် ပြိုင်ပွဲမှာ အနိုင်ရမှရမှာပေါ့။ သူအနိုင်ရဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ” စုန့်မြောင်ကောအတွက် စိုးရိမ်စိတ်ဖြင့် ကျန်းကျီခိုင်က မေးလိုက်သည်။
စုန့်မြောင်ကောသည် ကုနင်း၏ သူငယ်ချင်းဖြစ်သောကြောင့် သူမကိုလည်း သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သည်။ လောလောဆယ်တော့ မရင်းနှီးသေးပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သူတို့လည်း တစ်သားထဲဖြစ်လာမှာ အမှန်ပင်။
“ငါတို့ သူ့ကို မလေ့ကျင့်ပေးခင်ကတော့ သူအရှုံးခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တစ်လခွဲကြာ လေ့ကျင့်ပေးပြီးနောက်မှာ ကောင်းမွန်တဲ့တိုးတက်မှုကို ရရှိခဲ့တယ်။ ဖြစ်နိုင်ခြေက 70% လောက်ရှိမယ်ထင်တယ်” ဟုကုနင်းက ဆိုသည်။
ကျီဝမ်နာသည် စုန့်မြောင်ကောထက် ပိုသန်မာသော်လည်း ကွာဟချက်ကြီးကြီးမားမားမရှိပေ။ ကျီဝမ်နာသည် စုန့်မြောင်ကောကို အမှန်တကယ် အနိုင်ယူနိုင်သည်။ သို့သော် သူမသည် ကြီးစွာသော အားသာချက်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် စုန့်မြောင်ကောသည် ကျီဝမ်နာကိုကျော်ဖြတ်ရန် အလွန်ခက်ခဲသည်မဟုတ်ပေ။
"နိုင်,နိုင်ခြေ 70% ပဲရှိလား။ အနိုင်ရဖို့ သေချာအောင် သူပိုလေ့ကျင့်ရမှာပေါ့။ ငါ မင်းနဲ့လိုက်ခဲ့မယ်" သူတို့ထဲက တစ်ယောက်မှ အဆောင်ခန်းထဲ မပြန်ဖြစ်တော့ သူမလည်း တစ်ယောက်တည်း နေရတာ ပျင်းနေလိမ့်မည်။
ကုနင်းနဲ့ ကျန်းကျီခိုင်တို့ဟာ တောအုပ်ငယ်လေးထဲက တူညီတဲ့ နေရာဟောင်းကို ရောက်တဲ့အခါ စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာ လေ့ကျင့်ရေးလုပ်နေပြီဖြစ်သည်။
မိနစ်တိုင်းက အရေးကြီးသောကြောင့် သူတို့သည် ထိုနေရာသို့ တိုက်ရိုက်သွားခဲ့ခြင်းဖြစ်သည်။ ကုနင်းကတော့ ကျန်းကျီခိုင်နှင့်အတူ ဖြည်းဖြည်းလာခဲ့သည်။
ပိုင်လီကျုံးရွှယ်နှင့် စုန့်မြောင်ကောတို့သည် အလုပ်များနေသောကြောင့် ကုနင်းနှင့် ကျန်းကျီခိုင် တို့သည် ဘေးမှကြည့်နေသည်။
ကျန်းကျီခိုင်သည် သာမာန်မိန်းကလေးတစ်ဦးသာဖြစ်သောကြောင့် ပိုင်လီကျုံးရွှယ်သည် စုန့်မြောင်ကောနှင့် အားအင်အပြည့်ဖြင့် တိုက်ခိုက်နေတာကို ကြည့်ရတာ သူမ အလွန်စိတ်လှုပ်ရှားနေမိသည်။
တစ်ချိန်တည်းမှာပင် သူမသည် သူတို့ သန်မာနေသရွေ့ မည်သူမှ အနိုင်ကျင့်ရဲမည် မဟုတ်သောကြောင့် သူမသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်အလွန်ပင် မနာလို ဖြစ်နေမိသည်။
"ကုနင်း ငါ့လက်တွေ အပြည့်အဝ ပြန်ကောင်းလာရင် မင်း ငါ့ကို သင်ပေးနိုင်မလား" ကျန်းကျီခိုင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကုနင်းကို မေးလိုက်သည်။
“ရပါတယ်၊ ဒါပေမယ့် ပင်တော့ပင်ပန်းလိမ့်မယ်” ဟု ကုနင်းက ဆိုသည်။
ကျန်းကျီခိုင်က “ငါ မကြောက်ပါဘူး”
သူတို့ အဆောင်ခန်းကို မပြန်ခင် အဲဒီ့မှာ တစ်နာရီလောက် လေ့ကျင့်ပြီးနောက် အိပ်ယာဝင်ကြသည်။
ည ၁၁ နာရီတွင် ကုနင်းသည် WeChat တွင် လင်ရှောင်းထင် နှင့် စကားပြောခဲ့သည်။ လင်ရှောင်းထင်သည် ယခု စစ်တပ်နယ်မြေတွင် ရှိနေသောကြောင့် အင်တာနက် ရပေသည်။ သူအားနေသရွေ့ကုနင်းကို အချိန်မရွေး ဆက်သွယ်နိုင်သည်။
ကုနင်းသည် အစောပိုင်းတွင် စုန့်မြောင်ကောကို လေ့ကျင့်ရန် လိုအပ်ကြောင်း လင်ရှောင်းထင်အား ပြောကြားခဲ့ပြီး ည ၁၁ နာရီအထိ သူမအားမည်မဟုတ်ပေ။ ရလဒ်ကတော့ ည ၁၁ နာရီ နောက်ပိုင်းမှသာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြမည်။
ကုနင်းသည် အဆောင်ခန်းတွင် နေထိုင်သောကြောင့် အချင်းချင်း ဖုန်းခေါ်ဆိုရန် အဆင်မပြေသောကြောင့် WeChat ကိုသာ အသုံးပြုခဲ့ကြသည်။
လင်ရှောင်းထင် အချိန်ရသည်နှင့် ည ၁၁ နာရီတွင် ကုနင်းထံ မက်ဆေ့ချ်ပို့သည်။
လင်ရှောင်းထင်: နင်းနင်း ဘာလုပ်နေတာလဲ
ကုနင်း: ကျွန်မ ဆေးကြောပြီးသွားပြီ။ အခု အိပ်ယာထဲမှာ။
ထိုစာကြောင်းကိုဖတ်ရင်း လင်ရှောင်းထင် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူ့အိပ်ရာကို တစ်ချက်ကြည့်ကာ ကုနင်းအား သူ့အနားမှာ ရှိနေစေချင်မိသည်။
လင်ရှောင်းထင် : မင်း အခု ကိုယ့်အိပ်ရာပေါ်မှာ ကိုယ့်ဘေးနားမှာ ရှိနေရင်ကောင်းမှာပဲ
ထိုစာကိုဖတ်ရင်း ကုနင်းစိတ်လှုပ်ရှားမိသွားသည်။
ကုနင်း: ကျွန်မရောပဲ
လင်ရှောင်းထင်သည် ကုနင်း၏ အဖြေကို မြင်ပြီးနောက် မျက်လွှာချတာ မသိစိတ်က တံတွေးပင် မျိုချလိုက်မိသည်။ သူနိုးကြားလာကြောင်း ဝန်ခံရမည်။
လင်ရှောင်းထင်: နင်းနင်း?
ကုနင်း: ဟင်?
လင်ရှောင်းထင်: မင်းကိုယ့်ကိုနှိုးဆော်နေတာနော်။ ကိုယ်မင်းကို အရမ်းလိုချင်နေပြီ
ကုနင်း၏ မျက်နှာ နီမြန်းလာတော့သည်။
ကုနင်း: မြို့တော်ကို ပြန်လာပေါ့
လင်ရှောင်းထင်: လာမှာ။ မင်း အိပ်ယာပေါ်က မထနိုင်တော့တဲ့အထိ ကိုယ်မင်းကို လုပ်ပစ်မှာ
ထိုအချိန်တွင် ကုနင်း၏ မျက်နှာတစ်ခုလုံး နီရဲလာသည်။
၁၁နာရီခွဲခါနီးတွင် ကုနင်းသည် ရုတ်တရက် အမြင်အာရုံတစ်ခု ထွက်ပေါ်လာသည်။ ကေ နှင့် ချန်စန်းယိ၏ကားကို ကားနှစ်စီးဖြင့် ရုတ်တရတ်တားလိုက်သည်ကို သူမတွေ့လိုက်ရသည်။ လူရှစ်ဦးသည် သံချောင်းများ ကိုင်ဆောင်ကာ ကားနှစ်စီးမှ ထွက်လာပြီးနောက် ကေနှင့် ချန်စန်းယိ ၏ ကားကို မဆိုင်းမတွ ပြင်းထန်စွာ ရိုက်ခဲ့သည်။
ပုံရိပ်ပြီးသွားတော့ ကုနင်းဟာရုတ်တရက် ထထိုင်လိုက်သည်။ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူမ မမြင်ခဲ့ရပေမယ့် ကေနဲ့ ချန်စန်းယိဟာ ဒုက္ခ ကြီးကြီးမားမားရောက်မယ်ဆိုတာ သူမသိသည်။ ကေရော ချန်စန်းယိ ရော တိုက်ခိုက်ရေး မကောင်းပေ။ သံချောင်းတွေနဲ့ သန်မာတဲ့ လူရှစ်ယောက်ကို သူတို့ လုံးဝကို ယှဉ်နိုင်မည်မဟုတ်ပါ။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၂ ချန်စန်းယိ နှင့် ကေတို့ ဒုက္ခရောက်နေခြင်း
ထို့အပြင် လူရှစ်ဦးသည် သန်မာပြီး ကြီးမားသော ကြွက်သားများ ရှိသည်ကို သူမမြင်ရသောကြောင့် ၎င်းတို့သည် ကိုယ်ခံပညာကို အချိန်အတော်ကြာ လေ့ကျင့်ခဲ့ကြသည်မှာ ထင်ရှားသည်။
"ကုနင်းဘာဖြစ်နေတာလဲ"
ကုနင်း၏ရုတ်တရက်လှုပ်ရှားမှုသည် စုန့်မြောင်ကော နှင့်သူမ၏အခြားသူငယ်ချင်းများ၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ တစ်ခုခုမှားသွားပုံပေါ်သည့်အခါတွင် စိုးရိမ်စိတ်ဖြင့် သူမကိုမေးကြသည်။
“ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်တော့မယ်။ ငါ အခုချက်ချင်း အပြင်ထွက်ရမယ်”ဟု ကုနင်းကပြောပြီး သူ့အဝတ်အစားကို အမြန်လဲလိုက်သည်။
“ငါရောကူညီပေးရမလား” ပိုင်လီကျုံးရွှယ် က မေးသည်။
ကုနင်းရဲ့သူငယ်ချင်းက သူမကို မက်ဆေ့ခ်ျပို့တယ်လို့ သူထင်တာကြောင့် သူ့သူငယ်ချင်းက ဘယ်လိုဒုက္ခကြုံရတယ်ဆိုတာကို ကုနင်းကို မေးမနေတော့ပါ။
"ကောင်းပြီ ကျုံးရွှယ်၊ မင်း ငါနဲ့လိုက်ခဲ့ပေးပါ" ကုနင်းကသဘောတူသည်။ ပြဿနာကို သူမတစ်ယောက်တည်း ဖြေရှင်းနိုင်ပေမယ့် သူ့မှာ အကူတစ်ယောက်ရှိမယ်ဆိုရင် မဆိုးပါ။
ထို့နောက် ပိုင်လီကျုံးရွှယ်သည် သူမ၏အဝတ်အစားများကို ချက်ချင်းလဲလိုက်သည်။
"ငါမင်းနဲ့အတူတူသွားလို့ရလား?" စုန့်မြောင်ကောက မေးလိုက်သည်။
"ဟင့်အင်း၊ မင်း အဆောင်ထဲမှာ ကျီခိုင်နဲ့ နေနေလိုက်" ကုနင်းက ငြင်းသည်။
သူမပြောပြီးကတည်းက စုန့်မြောင်ကောက အတင်းအကြပ်လိုက်မည်မဟုတ်ပေ။ ကုနင်းနဲ့ ပိုင်လီကျုံးရွှယ် နှစ်ယောက်စလုံးက ထူးထူးခြားခြား အားကောင်းကြသည်။ သူတို့က အဲဒါကို စနစ်တကျ ကိုင်တွယ်နိုင်ပေသည်။
"သတိထားနော်!" ကျန်းကျီခိုင်က စိုးရိမ်စိတ်ဖြင့် ပြောသည်။
“ဟုတ်ပြီ” ကုနင်းက ပြောသည်။
ဒီအချိန်မှာ သူတို့အိပ်ဆောင်ရဲ့ တံခါးက ပိတ်နေပြီမို့ ဂိတ်က မထွက်နိုင်တော့ပေ။
သို့သော် သူတို့သည် ညဉ့်နက်မှ အိပ်ဆောင်မှ ထွက်ခွာရန်လိုအပ်သော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသောကြောင့် ကုနင်းသည် အံဆွဲထဲမှ ကြိုးများကို ထုတ်ကာ ၎င်းကို ပြင်ဆင်ပြီးနောက် ပြတင်းပေါက်မှ လျှောဆင်းမသွားမီ အခြားတစ်ဖက်ကို သူမ၏ခါးတွင် ချည်နှောင်လိုက်သည်။
တခြားကျောင်းသားတွေက သူတို့ကို ပြတင်းပေါက်ကနေ မြင်မည်ဆိုး၍ ပြတင်းပေါက်ဘေးက နံရံကို လျှောချလိုက်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြတင်းပေါက်ဘေးက နံရံနားကပ်ထားသည်။
သူတို့မဆင်းခင်မှာ ကုနင်းက ပြတင်းပေါက်နားမှာ တခြားလူရှိမရှိကြည့်ဖို့ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။
ကံကောင်းစွာနဲ့ပဲ ပြတင်းပေါက်နားမှာ ဘယ်သူမှ ရပ်မနေဘဲ သူတို့ရဲ့ အိပ်ဆောင်ထဲမှာ မီးတွေ အကုန်ပိတ်ထားကြသည်။ သူတို့အိပ်ဆောင်နောက်မှာ တောင်တွေရှိတာကြောင့် ပတ်ပတ်လည်မှာ လုံးဝမှောင်နေသည်။ ရလဒ်အနေဖြင့် သူတို့လျှောကျလာသောအခါ မည်သူမျှ မမြင်နိုင်ပေ။
မြေပြင်သို့ရောက်သောအခါ စုန့်မြောင်ကောသည် ကြိုးများကိုပြန်ယူရန် ကူညီပေးခဲ့သည်။ ပြန်လာတဲ့အခါ ကြိုးတွေကို ပြန်ချပေးမည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် သူတို့၏ အိပ်ဆောင်မှ ထွက်လာသည်နှင့် တပြိုင်နက် ကျောင်းအပြင်သို့ အမြန် ပြေးကြသည်။
ကျယ်ပြန့်သောလမ်းကို မရွေးချယ်ခဲ့ကြဘဲ မှောင်မိုက်သောနေရာသို့ ပြေးကာ နံရံကို ကျော်တက်ကာ ထွက်ခဲ့ကြသည်။
နှစ်ယောက်စလုံးက လေတိုက်သလို အရှိန်ပြင်းစွာ ပြေးကြသည်။ စောင့်ကြည့်ကင်မရာများတွင် တစ်စုံတစ်ယောက်သည် ၎င်းတို့ကို မြင်လျှင်တောင်မှ အမှောင်ရိပ်နှစ်ခုသာ မြင်နိုင်သည်။ အများစုကတော့ သူတို့ဆံပင်တွေကြောင့် မိန်းကလေးတွေလို့သာ ပြောနိုင်သည်။ တခြားဘာမှ ရှာမတွေ့နိုင်ပေ။
သို့သော် သူတို့သည် လူသားများ၏ အမြန်ဆုံးနှုန်းထားဖြင့် ပြေးကြသည်။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့လျှို့ဝှက်ချက်တွေကို တစ်ဖက်ကမသိစေချင်တာကြောင့် ပိုင်လီကျုံးရွှယ်က သူမရဲ့ မှော်စွမ်းအင်ကို အသုံးမပြုပေ။ ကုနင်းလည်း သူမရဲ့ မှော်အစွမ်းကို မသုံးခဲ့ပါ။
လမ်းမှာ ကုနင်းရဲ့ဖုန်းမြည်လာပြီး ဖုန်းခေါ်သူက ကေပင်။
ကုနင်းချက်ချင်း ကောက်ကိုင်လိုက်သည်။
ကေက သူ့နှင့် ချန်စန်းယိ ၏နောက်သို့ လူအချို့ လိုက်နေကြောင်း ပြောပြသည်။ ကုနင်းသည် သူမ၏ အမြင်အာရုံမှ သိရှိထားပြီးဖြစ်သောကြောင့် သူမ မအံ့သြမိပေ။
“ခဏနေဦး ငါလာခဲ့မယ်။ မိနစ် ၂၀ အတွင်းငါရောက်မယ်" ဟု ဖုန်းမချခင် ကုနင်းက ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ သူတို့ ကားပါကင်ကို ရောက်ပြီး ကားပေါ်တက်သွားသည်။
လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများစွာရှိသော်လည်း ကုနင်းသည် ယာဉ်များကို တစ်ခုပြီးတစ်ခု ကျော်တက်သွားခဲ့သည်။ ထို့အပြင် ကုနင်းသည် ယနေ့ကံကောင်းနေသည်။ သူမသည် မည်သည့်မီးနီမျှ မမိခဲ့သဖြင့် လမ်းပေါ်တွင် အချိန်ကုန်သက်သာခဲ့သည်။
ပုံမှန်အားဖြင့် နာရီဝက်ကြာသင့်သော်လည်း ကုနင်းသည် လမ်းပေါ်တွင် ၁၅ မိနစ်နီးပါးသာကြာသည်။
ဤလမ်းသည် ကားအသွားအလာ များပြားခြင်းမရှိပါ။ နောက်ဆုံးတွင် K နှင့် ချန်စန်းယိ၏ကားကို ရပ်တန့်ခိုင်းပြီးနောက် လူရှစ်ဦးသည် ကားနှစ်စီးမှ ထွက်လာခဲ့သည်။ စောင့်ကြည့်ကင်မရာများမှ ဖမ်းမိခြင်းမခံရစေရန် ၎င်းတို့အားလုံးသည် မျက်နှာဖုံးများနှင့် ဘေ့စ်ဘောဦးထုပ်များ ဝတ်ဆင်ထားကြသည်။
ထို့အပြင် ၎င်းတို့၏ ကား၏ လိုင်စင်နံပါတ်ပြားကိုလည်း ပြောင်းလဲထားပြီးဖြစ်သောကြောင့် ရဲများက ၎င်းတို့ကို ရှာဖွေနိုင်မည်မဟုတ်ပေ။
အဲဒါအတွက် သူတို့ ကောင်းကောင်းပြင်ဆင်ထားသည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ။ သူတို့မှာ သံချောင်းတွေ အများကြီးရှိတယ်” K မျက်မှောင်ကြုတ်ကာ ဖျော့တော့ကာ လှည့်ကြည့်လိုက်သည်။
တိုက်ခိုက်နိုင်ပေမယ့် အရမ်းအကောင်းကြီးမဟုတ်ပေ။ သာမာန်အမျိုးသားတွေနဲ့ရင်ဆိုင်ရရင်တော့ ရှုံးမှာမဟုတ်သော်လည်း အဲဒီအမျိုးသားတွေက သူတို့ထက် အများကြီး သန်မာပေသည်။ ပိုဆိုးတာက သူတို့အားလုံး လက်ထဲမှာ သံတုတ်ကိုင်ထားသည်။
ဒီလိုအခြေအနေမျိုးမှာ သူတို့မှာ အားနည်းချက်ရှိသည်။ သူတို့ မတိုက်နိုင်ရင် ဒဏ်ရာ ပြင်းထန်စွာရနိုင်သည်။
ကုနင်းက မိနစ် ၂၀ အတွင်းမှာ သူမရောက်လာမယ်လို့ ပြောထားတာကြောင့် အခု သူတို့လုပ်နိုင်တာက ကားထဲမှာပဲနေဖို့ပါပဲ။
K က သူ့မကို ခေါ်တာ ၁၅ မိနစ်ကြာနေပြီမို့ သူမ ဒီကို အချိန်မရွေးရောက်လာနိုင်သည်။
“ခဏလောက်စောင့်ရအောင်။ တတ်နိုင်သမျှ အချိန်ဖြုန်းဖို့ ကားထဲမှာ နေနေမယ်။ ငါတို့ဘော့စ်က အချိန်မရွေး ရောက်လာနိုင်တယ်” ဟု ချန်စန်းယိက ဆိုသည်။
K တွင်လည်း တူညီသော အကြံအစည်ရှိသည်။
ထိုလူများသည် K နှင့် ချန်စန်းယိ၏ကားကို ဝိုင်းရံထားသော်လည်း ချက်ချင်းမတိုက်ခဲ့ပေ။ အဲဒီအစား ကားတံခါးကို ခေါက်ပြီး ထွက်လာဖို့ ပြောသည်။
K နဲ့ ချန်စန်းယိတို့ဟာ ကားထဲမှာ အချိန်ဖြုန်းဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့် အပြင်ကို ထွက်ဖို့ ငြင်းဆိုခဲ့သည်။
ထို့ကြောင့် မိနစ်ဝက်အကြာတွင် ထိုလူများသည် K နှင့် ချန်စန်းယိသည် အပြင်ထွက်ရန် ရည်ရွယ်ချက်မရှိမှန်း သိလိုက်သည်နှင့် သည်းမခံနိုင်တော့ဘဲ ကားကို ဝင်တိုက်ခိုက်တော့သည်။
ကျယ်လောင်သောအသံများနှင့်အတူ ကားပြတင်းပေါက်များကို အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။ ကားထဲမှာ K နဲ့ ချန်စန်းယိက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ခေါင်းကို ဖုံးထားပေမယ့် လက်တွေက မှန်ကွဲစတွေနဲ့ ရှမိသွားသည်။
အရိုက်ခံရဖို့ပဲ စောင့်ဆိုင်းမနေခဲ့ကြပါ။ သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာလည်း ကိရိယာတွေ ရှိသည်။ တစ်ယောက်က တုတ်ကိုင်ထားပြီး ကျန်တစ်ယောက်က တူကိုကိုင်ထားသည်။ K သည် ၎င်းတို့နောက်မှ လူတစ်စု လိုက်လာသည်ကို သတိပြုမိပြီးနောက် ၎င်းတို့အား ကားထဲမှ ထုတ်ယူထားခြင်းဖြစ်သည်။
မှန်ကွဲသွားသောအခါတွင် သံချောင်းများစွာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး K နှင့် ချန်စန်းယိ တို့သည် ချက်ချင်းပင် ၎င်းတို့၏ကိရိယာများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။ အရိုက်ခံရခြင်းမှ အတိုင်းအတာတစ်ခုအထိ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သော်လည်း ရန်သူများစွာရှိသောကြောင့် ထိခိုက်နေဆဲဖြစ်သည်။
ထို့နောက် ချန်စန်းယိသည် လက်မောင်းကို တုတ်ဖြင့် ရိုက်ခံခဲ့ရပြီး K ကပုခုံးကို ရိုက်ခံခဲ့ရသည်။ တကယ်တော့ လူတစ်ယောက်က K ဦးခေါင်းကို သံတုတ်နဲ့ရိုက်ခဲ့ပေမယ့် K က ရှောင်လိုက်နိုင်တဲ့အတွက် သူ့ပခုံးကို ထိသွားခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ကားတစ်စီးရုတ်ခြည်းရပ်တန့်သွားသောအသံကို ကြားလိုက်ရပြီး ဟမ်းမာတစ်စီ သူတို့ဘေးတွင် ရပ်လာသည်။ လူတိုင်းရဲ့အာရုံကို စွဲဆောင်လာတဲ့အတွက် အားလုံးက ကားကိုကြည့်ဖို့ ရပ်လိုက်ကြသည်။
ကားရပ်လိုက်သောအခါတွင် တစ်စုံတစ်ယောက်သည် ၎င်းတို့၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်တော့မည်ကို သိလိုက်ကြသည်။
နောက်တွင် မိန်းကလေး နှစ်ယောက် ပေါ်လာတဲ့အတွက် ယောက်ျားအုပ်စုက သိသာစွာပင် ရှုတ်ချလိုက်ကြသည်။
ထို့ကြောင့် သူတို့သည် ကုနင်း၏ ပုံမှန်မဟုတ်သော စွမ်းအားအငွေ့အသက်များကို လျစ်လျူရှုခဲ့ကြသည်။ သတိပြုမိသော်လည်း အနည်းငယ် အံ့သြသွားကာ အလေးအနက်မထားပေ။ ကုနင်းသည် သူတို့၏မျက်လုံးထဲတွင် ငယ်ရွယ်သော မိန်းကလေးမျှသာဖြစ်သောကြောင့် မည်သူကမျှ သူမအား အလေးထားရန် ဆန္ဒမရှိကြပေ။
K နှင့် ချန်စန်းယိသည် ကုနင်းကိုတွေ့သောအခါ စိတ်သက်သာရာရသွားသည်။ ကုနင်း၏ စွမ်းရည်ကြောင့် သူမသည် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။
ကုနင်းရဲ့ဘေးနားက တခြားမိန်းကလေးက ဘယ်သူလဲဆိုတာ သူတို့မသိပေမယ့် ကုနင်းနဲ့ အတူရောက်လာကတည်းက သူမဟာ မပျော့ညံ့နိုင်ပေ။
ကုနင်းနဲ့ ပိုင်လီကျုံးရွှယ် ကားထဲက ဆင်းပြီးတာနဲ့ တိုက်ခိုက်ကြပါတော့သည်။
ကုနင်းက သူတို့ သံချောင်းတွေကိုင်ထားမှန်းသိပေမယ့် ဒီကိုမလာခင် ပြင်ဆင်ဖို့ မလုပ်ခဲ့သလို၊ အချိန်အများကြီးလည်း မရှိတာကြောင့် မလိုအပ်ပါ။ ထို့အပြင် သူမသည် သံချောင်းများကို သူတို့လက်မှ တိုက်ရိုက်ဆွဲယူနိုင်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၃ တုံ့ဆိုင်းနေဖို့ မလိုဘူး
လူအုပ်စုက သူတို့ကို အလေးအနက်မထားသောကြောင့် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့ကို ရိုက်ရန် ကောင်းကောင်း မပြင်ဆင်ခဲ့ပေ။ သူမတို့ကို လှောင်ပြောင်ဖို့တောင် ကြံစည်ထားကြသည်။
သို့သော်လည်း သူတို့ဘာမှပြန်မပြောမီ ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့က ၎င်းတို့အား တိုက်ခိုက်ရန် ကြီးမားသော ခွန်အားကို အသုံးပြုကာ လူနှစ်ယောက်ထံမှ သံချောင်းနှစ်ချောင်းကို အောင်မြင်စွာ ယူနိုင်ခဲ့သည်။
သူတို့နှစ်ဦး ထိတ်လန့်တုန်လှုပ်သွားပြီး ရုန်းကန်ရန်ကြိုးစားသော်လည်း ကုနင်းနှင့် ပိုင်လီကျုံးရွှယ်၏ မယုံနိုင်လောက်အောင် အစွမ်းသတ္တိကြောင့် အံ့ဩသွားကြသည်။ ရလဒ်အနေနဲ့ကတော့ သူတို့ကို တိုက်ဖို့ လှည့်လာကြသည်။
ကံမကောင်းစွာပဲ ကုနင်းနှင့် ပိုင်လီကျုံးရွှယ်ကို မထိခိုက်မီ ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့က လက်ဦးယူကာ တိုက်ခိုက်နိုင်ခဲ့သည်။ မနှောင့်နှေးဘဲ ကုနင်းသည် လူတစ်ယောက်၏ မြီးညှောင့်ရိုးကို ကန်ခဲ့ပြီး ပိုင်လီကျုံးရွှယ်သည် အခြားလူကို သူမ၏ပခုံးပေါ်တင်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း အရပ် ၁.၈ မီတာရှိ သန်မာသော အမျိုးသားနှစ်ဦးကို အားနည်းပုံရသော အရပ် ၁.၆၅ မီတာရှိသည့် မိန်းကလေးနှစ်ဦးက ရိုက်နှက်ခဲ့သည်။ သူတို့ရဲ့ သံချောင်းတွေကိုလည်း သိမ်းလိုက်သည်။
ဤမြင်ကွင်းသည် အခြားလူခြောက်ဦးနှင့် လမ်းသွားလမ်းလာအများအပြားကို ထိတ်လန့်စေခဲ့သည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် ၎င်းတို့၏ တုံ့ပြန်မှုကို ဂရုမစိုက်နိုင်ပေ။ ၎င်းတို့နှစ်ဦးကို ထိုးကြိတ်ပြီးနောက် အခြားလူများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
ကုနင်းက ဒေါသအရမ်းထွက်ပြီး သူတို့ကို အနိုင်ယူဖို့ ခွန်အားကြီးသည်။ သူမသည် သူတို့ကို မသတ်မိစေရန်သာ လုပ်ခဲ့သည်။ ကျိုးပဲ့မည်ကို သူမ ဂရုမစိုက်။
ဒီလူတစ်စုက သူ့လူတွေကို တိုက်ခိုက်တာက သူတို့ရဲ့ သေတွင်းကို သူတို့ကိုယ်တိုင်တူးလိုက်တာပင်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့၏ ကျွမ်းကျင်မှုကိုေတွ့ပြီးေနာက် ကျန်လူများသည် သူမတို့ကို အတူတကွ တိုက်ခိုက်ရန် စတင်ခဲ့သည်။
မထင်မှတ်ဘဲ မိန်းကလေး နှစ်ယောက်သည် သန်မာသော ယောက်ျားခြောက်ယောက်နှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ အားနည်းချက် မရှိခဲ့ပေ။ ယင်းအစား ၎င်းတို့သည် အခြေအနေကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ပြီး လူခြောက်ဦးစလုံး နာကျင်စွာ အော်ဟစ်ခဲ့ကြသည်။ မိန်းကလေးတွေရဲ့အဝတ်တွေကိုတောင် မထိနိုင်ဘဲ အစကနေအဆုံးထိ ရိုက်နှက်ခံရသည်။
ကုနင်းက သူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် ကြံရွယ်ထားသောကြောင့် သူမသည် သူတို့ကို ချက်ချင်း မရိုက်ချိုးခဲ့ပေ။ ယင်းအစား သူမသည် ၎င်းတို့အား ဖြည်းညှင်းစွာ ရိုက်နှက်ရသည့် လုပ်ငန်းစဉ်ကိုသာ နှစ်သက်သည်။
“ဟားဟား” K က ကားပေါ်မှ ရယ်မောကာ အော်ဟစ်လိုက်သည်။ "ချန်၊ ငါတို့ တိုက်ခိုက်ရေးစွမ်းရည်ကို မလေ့ကျင့်သင့်ဘူးလား။ အကူအညီလိုတိုင်း ဘော့စ်ဆီတောင်းလို့မရဘူး။ သူသာ မြို့တော်မှာ ဒါမှမဟုတ် ငါတို့နဲ့ အရမ်းဝေးနေရင် ဒီနေ့ ငါတို့ အသက်ဆုံးရှုံးသွားနိုင်တယ်”
"အဲ့လိုလုပ်ဖို့ အချိန်ရှိလို့လား" ချန်စန်းယိသည် K ကို မျက်စောင်းထိုးသည်။ သူတို့နေ့တိုင်း အလုပ်ရှုပ်နေသောကြောင့် သိုင်းပညာ လေ့ကျင့်ရန် အချိန်မရှိပေ။
ကုနင်းက လုပ်ငန်းတစ်ခုလုံးကို စီမံခန့်ခွဲဖို့ သူ့ဆီထားခဲ့တာကို မကျေမနပ်ဖြစ်နေခြင်းတော့ မဟုတ်ပါ။
“ငါတို့ကို ကာကွယ်ပေးဖို့ သက်တော်စောင့်စီစဉ်ပေးဖို့ ဘော့စ်ကို ပြောမလား။ ငါ တော်တဲ့လူသတ်သမားတွေ အများကြီးတွေ့ခဲ့တယ်။ အဲ့ထဲက အမျိုးသမီးတစ်ယောက်က မဆိုးဘူးထင်တယ်” ဟု K က သူ့နှုတ်ခမ်းပေါ်မှ အပြုံးဖြင့်ပြောသည်။
ဒီရက်ပိုင်း K က ဂိမ်းကုမ္ပဏီနဲ့ အလုပ်ရှုပ်နေပေမယ့် ကုနင်းအရင်ကက ပြောခဲ့တာတွေကို သူ မမေ့ခဲ့ပါဘူး။ သူသည် လူသတ်သမားဝဘ်ဆိုဒ်ကို ဆက်လက်အာရုံစိုက်ခဲ့သည်။ ကြေးစားစစ်သား လူသတ်သမားရှိတဲ့အခါ သူက သူ့ကို သူတို့အနားကို ဆွဲခေါ်ဖို့ ကြိုးစားလိမ့်မည်။
ထိုမကောင်းသောအဖွဲ့အစည်းများဖြစ်သောကြောင့် အနှောက်အယှက်ဖြစ်စေကာ အန္တရာယ်ရှိသော်လည်း ကုနင်းက ၎င်းကို ဂရုမစိုက်ပါ။ နောက်ဆုံးတွင် ကျားသားပေါက်များကို ဖမ်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ကျားတွင်းထဲသို့ ရောက်သွားခြင်းဖြစ်သည်။ သူတို့မှာ သန်မာတဲ့အသင်းတစ်သင်း လိုအပ်နေသည်။
အဲဒါကိုကြားတော့ ချန်စန်းယိ မျက်လုံးကိုဝေ့လိုက်သည်။ "မင်းသူ့ကိုကြိုက်နေလို့လလား?"
“သူက ရယ်စရာလို့တော့ ထင်တယ်” ဟု K က ဆိုသည်။
“ရပ်လိုက်!” ကုနင်း နှင့် ပိုင်လီကျုံးရွှယ်တို့နှင့် မယှဉ်သာကြောင်း နောက်ဆုံးတွင် ထိုလူများက သဘောပေါက်လာသောကြောင့် ချက်ခြင်းရပ်ရန် တောင်းဆိုခဲ့သည်။ ဒါပေမယ့် ကုနင်းက သူတို့ပြောတာကို နားမထောင်ပေ။
သူ့နှုတ်ခမ်းတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူတို့သည် သူမ၏လူများကို နာကျင်အောင်ကြိုးစားခဲ့ကြသောကြောင့် ယခုပင် ရိုက်နှက်ခြင်းကို ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ။
“ငါတို့က ကီရင်ဂိုဏ်းက။ မင်း ငါတို့ကို ဒဏ်ရာရအောင် လုပ်ဖို့ သတ္တိရှိရင် ကီရင်ဂိုဏ်းက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး!"
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်က ရပ်တန့်ရန် ငြင်းဆိုသည်ကို မြင်လိုက်ရသဖြင့် လူတစ်ဦးက ခြိမ်းခြောက်လိုက်သည်။
ထိုစကားကိုကြားတော့ ကုနင်းရပ်တန့်သွားသည်။ "မင်းက တကယ် ကီရင်ဂိုဏ်းကလား" သူမက အေးစက်စွာမေးကာ မျက်လုံးကို မှိတ်ထားသည်။
ကုနင်းက ကြောက်သွားတယ်လို့ ယောက်ျားက ထင်တဲ့အတွက် ဂုဏ်ယူမိသွားသည်။ "ဟုတ်တယ်၊ ငါတို့က ကီရင်ဂိုဏ်းက"
ကုနင်းက ဒေါသတကြီးနဲ့ “မင်းတို့က ကီရင်ဂိုဏ်းက ဆိုတော့ မင်းတို့ကိုရိုက်ဖို့ ငါ တွန့်ဆုတ်နေစရာ မလိုဘူး။ မင်းဘာပဲဖြစ်နေဖြစ်နေ ချီထျန်းလင်က ဒါကို ကိုင်တွယ်ဖြေရှင်းသွားမှာပဲ"
"ဘာ?"
ထိုလူက တုန်လှုပ်သွားသည်။ ချီထျန်းလင်သည် သူတို့၏ခေါင်းဆောင်ဖြစ်သည်၊ သို့သော် ကုနင်းသည် အဘယ်ကြောင့် သူနှင့်ရင်းနှီးသည်ဟု ထင်ရတာလဲ။
အဲဒီလူက သတိပြန်မရခင်မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရပြန်သည်။
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် လူရှစ်ဦးစလုံး ဒဏ်ရာရသည်အထိ မရပ်တန့်ခဲ့ပေ။
ခြေထောက်တွေ လက်တွေ ကျိုးပဲ့တဲ့အထိဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါ။
K နှင့် ချန်စန်းယိက ယောက်ျားအားလုံး ထိန်းချုပ်ခံထားရသည်ကို တွေ့လိုက်ရသောအခါမှ သူတို့ကားထဲမှ ဆင်းခဲ့ကြသည်။ ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း လှုပ်ရှားနိုင်သေးသည်။
သူတို့ရဲ့ကားက တော်တော်ပျက်စီးသွားတဲ့အတွက် အဲဒီထဲမှာ ဆက်မနေနိုင်တော့ပေ။
ကုနင်းလာပြီးနောက် ချန်စန်းယိက သူ့အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ကျန်တဲ့အရာတွေကို ကိုင်တွယ်ဖို့ လာပြောခဲ့သည်။
ကုနင်းက ကြွေပုလင်းကို ထုတ်ပြီး K ထံ ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဘော့စ်" K ကပြောပြီးသောက်လိုက်တယ်။ ကုနင်း၏ ဆေး၏ မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှုကို သူတို့အားလုံး သိကြသည်။
ထို့နောက် ကုနင်းသည် သူမ၏ခြေရင်းနားရှိ လူများကို အေးစက်စွာကြည့်ကာ "ပြောစမ်း၊ မင်းကို ဘယ်သူ ဒီကို ပို့လိုက်တာလဲ"
ကုနင်းက ခြိမ်းခြောက်တယ်လို့ ခံစားရပေမဲ့ ဘယ်သူမှ ပြန်မဖြေပေ။
"ကောင်းပြီ၊ ငါပြောတာကို မင်းတို့ အလေးအနက်မထားဘူးထင်တယ်" ကုနင်းက ရယ်မောလိုက်သည်။ သူမသည် သူတို့ကို ဆက်မေးရန် စိတ်မ၀င်စား။ အဲဒီအစား ဖုန်းကိုထုတ်ပြီး သူမမေးတဲ့လူကို သတင်းတစ်ခုပြလိုက်သည်။
"ငါချီထျန်းလင်ကို သိတယ်ဆိုတာ မယုံရင် ဒီသတင်းကို ဖတ်ကြည့်လိုက်" ဟု ကုနင်းက ဆိုသည်။
အဆိုပါသတင်းတွင် ဟေးချီအဖွဲ့မှ Jade Beauty လက်ဝတ်ရတနာဆိုင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသော သြဇာကြီးသော ပုဂ္ဂိုလ်များကို မိတ်ဆက်နေသည်။
ထိုလူက ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကြည့်လာသည်။ ကုနင်းက သူတို့ရဲ့ခေါင်းဆောင်ကို တကယ်သိတာ အံ့သြဖို့ကောင်းသည်။
သတင်းက ဟေးချီအဖွဲ့ကိုသာ ဖော်ပြခဲ့ပြီး ကုနင်းသည် သူတို့၏ခေါင်းဆောင်ကို မသိနိုင်သော်လည်း ကုနင်းကို ကီရင်ဂိုဏ်းမှလူများစွာက အမှန်တကယ်သိသည်။
ထို့အပြင် ရှန်းရှစ်၊ ထန်ဟွမ်၊ ချင်းဟွာနှင့် ကျင်းလင်တို့ကိုလည်း ဖိတ်ကြားခဲ့သည်။
ကုနင်းရဲ့ အဆက်အသွယ်က တကယ်ကို အံ့သြစရာကောင်းသည်။
“ကဲ မင်းက ငါ့မေးခွန်းကို ဖြေမှာလား မဖြေဘူးလား။ မင်းပြောမယ်ဆိုရင် ဒီနေ့ မင်းလုပ်ခဲ့တာတွေအတွက် မင်းကို ငါခွင့်လွှတ်နိုင်တယ်။ ချီထျန်းလင်ကို ဒီအကြောင်းကို မပြောဘူး။ မဟုတ်ရင် ငါသူနဲ့ အသေးစိတ် သွားပြောမယ်" ဟု ကုနင်းက ခြိမ်းခြောက်တဲ့ လေသံနဲ့ ပြောသည်။ သူမသည် သူတို့ကို ဒဏ်ရာအပြင်းအထန်ရသောကြောင့် အခွင့်အရေးပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သူတို့ကို မသတ်နိုင်ပေ။
မလိုအပ်ရင် သတ်ပစ်ဖို့ ဝန်လေးသည်။
"ဟုတ်ကဲ့ ပြောပြပါမယ်" ထိုလူက ကြောက်သွားသည်။ "စွင်းရှန်းမင်ပါ"
ကုနင်းသည် စွင်းရှန်းမင် မည်သူဖြစ်သည်ကို မသိသော်လည်း ချန်စန်းယိ နှင့် K တို့က သိသောကြောင့် သူ့နာမည်ကိုကြားလိုက်သည်နှင့် စိတ်တိုသွားပုံရသည်။
မည်သို့ပင်ဆိုစေကာမူ စီးပွားရေးတွင် ရန်သူများသာ သူတို့ကို ဒုက္ခဖြစ်စေသောကြောင့် သူတို့ မအံ့သြခဲ့ကြပါ။ စွင်းရှန်းမင်သည် ရန်ဘက်စီးပွားရေးသမားဖြစ်သည်။
"ငါတို့သတိပေးချက်က သူ့အတွက် အသုံးမဝင်ပုံပဲ၊ ဆန့်ကျင်ဘက်အနေနဲ့ သူ ပိုပြီးတောင် ရန်လိုလာသေးတယ်" ဟု K က တိုးညှင်းသောလေသံဖြင့် ပြောသော်လည်း အမှန်တကယ်တော့ သူ ဒေါသထွက်နေလေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၄ စွင်းရှန်းမင်ကိုရိုက်ချိုးခြင်း
"စွင်းရှန်းမင်က ဘယ်သူလဲ" ကုနင်းက မေးသည်။
"စွင်းရှန်းမင်က စွင်းရှန်းမင် ဆေးကုမ္ပဏီရဲ့ဥက္ကဌပါ။ သူက ဆေးဝါးထုတ်လုပ်ရေးမှာ ပါဝင်ချင်လို့ ကိုလိန်းနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တယ်။ နဉ်ချန်းခိုင် ငြင်းတာကို ခံရပြီးနောက်တော့ သူက ငါ့ဆီကို သူရဲ့ အဆက်အသွယ်တွေကတဆင့် လှည့်လာခဲ့တယ်။ ငါလည်း သူ့ကို ငြင်းလိုက်တော့ သူက အကျပ်ကိုင်ပြီး လာဘ်ပေးတယ်။ သူ့ကုမ္ပဏီက ဆေးနယ်ပယ်မှာ တတိယအဆင့် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်အေ=ပမယ့်လည် စွင်းရှန်းမင်က မြို့တော်က ထိပ်တန်းမိသားစု ချန်မိသားစုရဲ့ ဆွေမျိုးဖြစ်လို့ ငါတို့ကို အထင်အမြင်သေးနေတာ။ အဲ့တာနဲ့ သူ့ကို ကူညီဖို့ ငြင်းဆန်တော့ သူ စိတ်ဆိုးသွားတယ်။ ငါတို့ကို ဒုက္ခမပေးအောင်လည်း သတိပေးခဲ့ပါတယ်၊ ဒါပေမယ့် သူက ဒါကို အလေးအနက်မထားဘူးပဲ။” ဟုချန်စန်းယိက လေသံအေးအေးဖြင့် ပြောနေသော်လည်း သူ့မျက်လုံးများတွင် အေးစက်နေ၏။
စွင်းရှန်းမင်သည် လူဆိုးဂိုဏ်းများကို နှိပ်စက်ရန် ငှားရမ်းထားသည့်အချက်အတွက် ချန်စန်းယိ ဒေါသထွက်ခဲ့သည်။ ကုနင်းကြောင့်သာ မဟုတ်ရင် သူတို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားနိုင်သည်။ အသတ်မခံရနိုင်ပေမယ့် မသန်မစွမ်းဖြစ်သွားနိုင်သည်။
ကုနင်းသည် သူမ၏ခြေရင်းဘေးရှိလူကို အေးစက်စွာစိုက်ကြည့်ကာ "မင်းနာမည်ဘယ်လိုခေါ်လဲ" ဟုမေးသည်။
“အမ် ငါ့နာမည်က ချန်သုန့်လျန် ပါ” ဟု ထိုလူက ပြောသည်။
"စွင်းရှန်းမင်က မင်းတို့ကို ဘာလုပ်စေချင်တာလဲ" ကုနင်းက မေးသည်။
"စွင်းရှန်းမင်က သူတို့ကို ရိုက်ချိုးထားဖို့ အမိန့်ပေးထားတာပါ"
ဒါကိုကြားတော့ ကုနင်းက ပိုဒေါသဖြစ်သွားတယ်။ “ကောင်းတာပေါ့။ ဒါဆိုရင် စွင်းရှန်းမင်ကိုသွားရိုက်ပြီး ငါ့ကို မော်ဒယ်တူကားအသစ်တစ်စီးပြန်ပေးချေလိုက်ပါ၊ ဒါဆို မင်းကို ငါလွှတ်လိုက်နိုင်တယ်။ သူတို့ ဒဏ်ရာအတွက် ဆေးဖိုး ပေးစရာ မလိုဘူး”
K နဲ့ ချန်စန်းယိ ဒဏ်ရာအပြင်းအထန်မရှိတာကြောင့်ကုနင်းက ထိုသို့ပြောခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် ကုနင်း၏ စွမ်းအင်သလင်းကျောက်ကို သောက်ထားသောကြောင့် နောက်နေ့တွင် အဆင်ပြေသွားမည်ဖြစ်သည်။
“အမ်…” ချန်သုန့်လျန် တုံ့ဆိုင်းသွားသည်။
ကားအသစ်တစ်စီးအတွက် ပေးချေနိုင်သည်။ စျေးမကြီးပေမယ့် တတ်နိုင်ပါသည်။ ယွမ်ငါးသိန်းခန့် ကုန်ကျသောကြောင့် ၎င်းတို့ ရှစ်ဦးလျှင် ယွမ်ရှစ်သောင်းခန့် ပေးချေနိုင်သောကြောင့် လုံလောက်မည်ဖြစ်သည်။
၎င်းတို့သည် သက်တော်စောင့်များ ဖြစ်ကြသော်လည်း အခြားလူများအတွက် ပြဿနာများကို လျှို့ဝှက်ဖြေရှင်းခြင်းဖြင့် ငွေများစွာ စုဆောင်းခဲ့ကြသည်။
သို့သော် စွင်းရှန်းမင်သည် သူတို့၏ကြီးကြပ်ရေးမှူးထျန်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ စွင်းရှန်းမင်ကို ပြသနာရှာလိုက်လျှင် လောင်ထျန်းအား ရှင်းပြနိုင်မည်မဟုတ်ပေ။ အဲ့ဒါကြောင့် သူတို့ အခက်တွေ့သလို ခံစားရသည်။
"ဘာလဲ? မင်းဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးလား" ကုနင်းက ထိုလူကို အေးစက်စက် မေးလိုက်သည်။
ချန်သုန့်လျန် ကြောက်ရွံ့တုန်လှုပ်သွားသည်။ "မဟုတ်ဘူး ငါတို့ကားအသစ်တစ်စီးပေးလို့ရတယ်၊ ဒါပေမယ့် စွင်းရှန်းမင်က ငါတို့ရဲ့ကြီးကြပ်ရေးမှူးထျန်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်၊ ဒါကြောင့် ငါကြောက်တာက..."
"ကီရင်ဂိုဏ်းမှာ သူ့ရာထူးက ဘာလဲ" ကုနင်းက မေးသည်။
"လောင်ထျန်းက ကီရင်လုံခြုံရေးကုမ္ပဏီရဲ့ လုံခြုံရေးဌာနရဲ့ မန်နေဂျာပါ" ဟု ချန်သုန့်လျန်က ပြောသည်။
ကုနင်း၏မျက်လုံးထဲတွင် ကီရင်လုံခြုံရေးကုမ္ပဏီ၏ လုံခြုံရေးဌာန မန်နေဂျာသည် မည်လိုမျှ အာဏာကြီးသည်ဟု သူမ မထင်ခဲ့ပေ။
"ဒီနေ့ဘာဖြစ်တာလဲ အဲဒီထျန်းကိုပြောလိုက်။ အကယ်၍ သူက သံသ၀င်ဖို့ ဒါမှမဟုတ် မင်းကို ငါပြောတဲ့အတိုင်း မလုပ်ဖို့ တားရင် ရလဒ်အတွက် ပြင်ဆင်ထားဖို့ ပြော။ သုံးရက်အချိန်ပေးမယ်။ သုံးရက်အတွင်းမှာ ကားအသစ်တစ်စီးနဲ့ စွင်းရှန်းမင် မသန်စွမ်းဖြစ်သွားတယ်ဆိုတဲ့သတင်းကို ကြားချင်တယ်။ မဟုတ်ရင် အဆုံးမှာ မင်းတို့က အပြစ်ပေးခံရမယ့်သူတွေပဲ” ကုနင်းက လေးနက်သော အမူအရာဖြင့် ခြိမ်းခြောက်သည်။
ကုနင်းက ပြတ်ပြတ်သားသားပြောထားသောကြောင့် သူမနှင့် မငြင်းခုံဝံ့ရဲဘဲ သဘောတူလိုက်သည်။
အဲဒီနောက် ကုနင်းက သူတို့ကို မလွှတ်ခင် ချန်သုန့်လျန်ရဲ့နံပါတ်ကိုတောင်းသည်။
သူတို့အားလုံး လက် သို့မဟုတ် ခြေထောကများ် ကျိုးပဲ့ဒဏ်ရာရခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သောကြောင့် လှုပ်ရှားနိုင်သေးသည်။
၎င်းတို့တွင် လက်နှစ်ချောင်းလုံး ကျိုးခြင်းမရှိသောကြောင့် လူနှစ်ဦးပူးပေါင်း၍ ကားကို မောင်းနှင်နိုင်ခဲ့သည်။
အနည်းဆုံး သူတို့ အခုချက်ချင်း ကုနင်းနဲ့ ခပ်ဝေးဝေးနေသင့်သည်။
ကုနင်းက ကီရင်ဂိုဏ်းနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို သိထားပြီးဖြစ်လို့ သူတို့ ထွက်ပြေးရမှာကို မကြောက်ပါ။ သူတို့ ရှောင်ပြေးတာ ဒါမှမဟုတ် သူ့အမိန့်ကို နာခံဖို့ မငြင်းဆန်ရဲဘူးလို့ သူမယုံကြည်သည်။
ချန်သုန့်လျန်က သူမကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး ကုနင်းက ဒါကို သံသယမရှိပေမယ့် နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်နေပါသေးသည်။
…
ကုနင်း၏ စွမ်းအင်သလင်းကျောက်ကို သောက်ပြီးနောက်၊ K နှင့် ချန်စန်းယိသည် အလွန်ကောင်းမွန်လာပြီး ယခု လှုပ်ရှားနိုင်လာသည်။
ချန်စန်းယိသည် ပျက်စီးနေသော ကားကို သူ၏ အတွင်းရေးမှူးထံ ထားခဲ့သောကြောင့် ကုနင်းနှင့် အတူ ထွက်သွားခဲ့သည်။ ကုနင်းက သူတို့ကို အိမ်လိုက်ပို့သည်။
"K ဒါက စွင်းရှန်းမင် ခိုင်းတာတကယ်ဟုတ်မဟုတ် ချန်သုန့်လျန်က ကီရင်လုံခြုံကကုမ္ပဏီအတွက် တကယ်အလုပ်လုပ်နေတာရော ဟုတ်ရဲ့လားဆိုတာကို သေချာအောင်စုံစမ်းပါ" ဟု ကုနင်းမှ ပြောကြားခဲ့သည်။
“ဟုတ်ပြီ” ဟု K က ပြောသည်။
K နှင့် ချန်စန်းယိတို့ကို သူတို့အိမ်သို့ပြန်မောင်းပို့ပြီးနောက် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် ၎င်းတို့၏အိမ်တွင် အိပ်ကြမည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် တူညီသော ရပ်ကွက်တွင် နေထိုင်ကြပြီး မနက်ဖြန်နံနက်တွင် သူတို့၏ကျောင်းသို့ သွားကြရမည်။
သူတို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကုနင်းက သူတို့ရဲ့ WeChat အဖွဲ့မှာ ကျန်းကျီခိုင်နဲ့ စုန့်မြောင်ကောတို့ကို သတင်းမျှဝေပေးဖို့ ပိုင်လီကျုံးရွှယ်ကို ပြောခဲ့သည်။
ကျန်းကျီခိုင်သည် ၎င်းတို့၏ အဆောင်ခန်းသို့ ပြောင်းရွှေ့ပြီးနောက် သူမသည် ၎င်းတို့၏ WeChat အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ ၎င်းတို့အဖွဲ့တွင် လေးဦးရှိနေပြီဖြစ်သည်။
ကုနင်းဖြေရှင်းပြီးသွားတာကို သိလိုက်ရတော့ ကျန်းကျီခိုင်နဲ့ စုန့်မြောင်ကော တို့လည်း စိတ်သက်သာရာ ရသွားသည်။
…
K သည် ယနေ့ ကြုံတွေ့ခဲ့ရသည့် အရာများကို ချက်ချင်း စုံစမ်းစစ်ဆေးခဲ့ပြီး မကြာမီ ရလဒ်ကို ရရှိခဲ့သည်။
ချန်သုန့်လျန်သည် ကီရင်လုံခြုံရေးကုမ္ပဏီတွင် အမှန်တကယ် အလုပ်လုပ်နေခြင်းဖြစ်သည်။ ကီရင်လုံခြုံရေးကုမ္ပဏီ၏ ဒေတာဘေ့စ်ကို ဟက်ခ်လုပ်ခြင်းဖြင့် K မှ သိရှိလာသောကြောင့် ချန်သုန့်လျန်၏ အချက်အလက်များကို ဖတ်ရှုနိုင်ပြီး ၎င်း၏ဓာတ်ပုံများကို ကြည့်ရှုနိုင်ခဲ့သည်။
စွင်းရှန်းမင်သည် ထျန်းဆိုသူကို အကူအညီတောင်းပြီး ထျန်းက ချန်သုန့်လျန်နှင့် အခြားသူများကို K နှင့် ချန်စန်းယိကို ရိုက်နှက်ရန် အမိန့်ပေးခဲ့သည်။
ထို့ကြောင့် သူတို့သည် ချန်သုန့်လျန် အား ကားအသစ်တစ်စီးနှင့် စွင်းရှန်းမင်အား ရိုက်ချိုးလိုက်သည်ဟူသော သတင်းကို စောင့်ဆိုင်းရန်သာ လိုတော့သည်။
…
ချန်သုန့်လျန်က ဆေးရုံကို သွားကာ သူ့ဒဏ်ရာတွေကို ကုသပြီးနောက် ချန်သုန့်လျန်က ထျန်းကို ဖုန်းဆက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြောပြသည်။
ထျန်းက သူပြောတဲ့စကားကြားတော့ ငြိမ်သက်သွားသည်။ ချန်သုန့်လျန် ပြောတဲ့အတိုင်းသာဆို သူတို့ကို တားဖို့ မဝံ့ရဲပေ။
တကယ်တော့ သူသည် စွင်းရှန်းမင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး မရှိပေ။ သူတို့သည် သာမာန်အဆင်ပြေသော သူငယ်ချင်းများသာ ဖြစ်သောကြောင့် ကုနင်း၏ စကား မှန်ကန်ခြင်း ရှိမရှိ မသေချာသော်လည်း စွင်းရှန်းမင်အတွက် သူ့အသက်ကို စွန့်ရန် ဆန္ဒမရှိပေ။
ကုနင်းပြောတာသာ မှန်တယ်ဆိုရင် သူမကို တားရင် အန္တရာယ်ကြီးသည်။
ထျန်းသည် လူမိုက်မဟုတ်သောကြောင့် သေသေချာချာ စဉ်းစားပြီးနောက် သူတို့ကို မတားရန် ရွေးချယ်လိုက်သည်။
ချန်သုန့်လျန်နှင့် အခြားအမျိုးသားများက ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် စွင်းရှန်းမင်ကို ဖြေရှင်းရန် မသွားနိုင်ပေ။ ဒါကြောင့် တခြားလူတွေကို လုပ်ဖို့ စီစဉ်လိုက်သည်။
မဆိုင်းမတွဘဲ ထျန်းက ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူတို့မှာ အချိန်သုံးရက်သာရှိပေသည်။
စွင်းရှန်းမင်ကို ရိုက်ချိုးရန် တာဝန်ပေးအပ်ခံထားရသောသူများကို ၎င်းတို့၏ အထောက်အထားများကို မဖော်ထုတ်ရန် ပြောခဲ့သည်။ သူ့အမိန့်ဖြစ်သည်ကို စွင်းရှန်းမင် သိခွင့်မပြုသင့်ပေ။
ကုနင်းကို မတားဖို့ ဆုံးဖြတ်လိုက်ကတည်းက စွင်းရှန်းမင်ကို သစ္စာဖောက်ခဲ့ပြီးပြီ ဒါပေမယ့် နောက်ထပ်ပြသနာတွေကို ရှောင်နိုင်ဖို့အတွက် အမှန်တရားကို မထုတ်ဖော်ချင်ပါ။
…
နောက်နေ့မနက်စောစောမှာ ပိုင်လီကျုံးရွှယ်က ကုနင်းအား သူမနဲ့တူတူကျောင်းမသွားခင်မှာ လာတွေ့သည်။
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၅ ရန်လိုသောစီနီယာ
ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာ မနေ့ညက သူတို့ကျောင်းကို မပြန်ခဲ့ကြပေမယ့် နောက်နေ့မနက်မှာ အပြေးလေ့ကျင့်ဖို့ စုန့်မြောင်ကော အိပ်ရာက ထလေသည်။ သူမက ပြိုင်ပွဲဝင်မည့်သူဖြစ်သောကြောင့် သူမသည် ကုနင်းနှင့် ပိုင်လီကျုံးရွှယ် မရှိတာနဲ့ပဲ လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။
သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေရန်အတွက် ကုနင်းနှင့် ပိုင်လီကျုံးရွှယ် တို့၏အကူအညီကို လိုအပ်သော်လည်း သူမ၏ပန်းတိုင်ရောက်ရန် သူ့ကိုယ်သူ အားကိုးရမည်။
ကျန်းကျီခိုင်သည် နောက်တစ်နေ့တွင် အိပ်ရာမှထကာ သူမ၏ ပတ်တီးကို မတော်တဆ ထိမိသော်လည်း လုံးဝ မနာကျင်ကြောင်း သူမ အံ့သြစွာ တွေ့ရှိခဲ့သည်။
ထို့နောက် ကျန်းကျီခိုင်သည် ၎င်းကို အနည်းငယ်လှုပ်ရန် ကြိုးစားခဲ့ပြီး သူမသည် အမှန်တကယ်ပင် နာကျင်မှုကို မခံစားရပေ။ သူမ အရမ်းစိတ်လှုပ်ရှားလွန်းလို့ ထခုန်လိုက်သည်။
သူမသည် ကုနင်းကို အလွန်ကျေးဇူးတင်မိပြီး ဆေး၏အာနိသင်ကို အံ့အားသင့်မိသွားခဲ့သည်။ ထို့နောက် သူမ၏ ဖခင်အား ချက်ချင်း ဖုန်းခေါ်ကာ ကျောင်းနေဖက် ပေးသော ဆေးပြားကို သောက်ပြီးနောက် လက်မောင်း လုံးဝမနာတော့ကြောင်း ဖခင်အား ပြောပြသည်။
ကျန်းကျီခိုင်၏ဖခင်သည် ဆေးပြားတစ်ပြားတည်းဖြင့် ဒဏ်ရာရနေသော လက်မောင်းကို တစ်ညအတွင်း ကုသပေးနိုင်သည့်အတွက် အံ့သြမိသည်။ ကျန်းကျီခိုင်၏လက်မောင်းသည် တစ်လခွဲကြာသည်အထိ အပြည့်အဝပြန်လည်ကောင်းမွန်လာမည်မဟုတ်ကြောင်း ဆရာဝန်မှပြောခဲ့သောကြောင့် ဒါကမယုံနိုင်စရာပင်ဖြစ်နေသည်။
…
ကုနင်းနှင့် ပိုင်လီကျုံးရွှယ်တို့သည် သူတို့ကျောင်းသို့ရောက်သောအခါ စာသင်ချိန်ရောက်ပြီဖြစ်သောကြောင့် သူတို့ကိုယ်ပိုင်စာသင်ခန်းသို့ သွားကြသည်။
မနက်ပိုင်း အတန်းပြီးတာနဲ့ ကျန်းကျီခိုင်က ကုနင်းကို စိတ်လှုပ်ရှားစွာနဲ့ သွားတွေ့ပြီး သူ့လက်တွေ အခုမှ ကောင်းနေပြီလို့ ပြောလိုက်သည်။
သီတင်းတပတ်ကြာ အတန်းတက်ခဲ့သဖြင့် ယခုအခါ ကျောင်းသားသမဂ္ဂဌာနများသည် အဖွဲ့ဝင်အသစ်များကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကုနင်းနှင့်သူမ၏သူငယ်ချင်းများသည် ကန်တင်းတွင်ထမင်းစားသောအခါတွင် စီနီယာကျောင်းသားနှစ်ဦးသည် ၎င်းတို့ဆီသို့ လျှောက်လာခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ် ကုနင်း။ ကျွန်တော်က အားကစားဌာန ခေါင်းဆောင် လင်းရှု ပါ။ မင်းက ကိုယ်ခံပညာ ကောင်းကောင်းတတ်တယ်လို့ ငါကြားတယ်၊ ဒါကြောင့် မင်း ငါတို့နဲ့ ပူးပေါင်းနိုင်မယ်လို့ ငါမျှော်လင့်တယ်။ မင်းစိတ်ဝင်စားလား?" လင်းရှုက ယဉ်ကျေးစွာ မေးသည်။
"တောင်းပန်ပါတယ် ကျွန်မ အခု အရမ်းအလုပ်ရှုပ်နေလို့ ဘယ်ဌာနကိုမှ ဝင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အနာဂတ်မှာ ကျောင်းဆက်တက်ဖို့တောင် အချိန်အများကြီးရှိမှာ မဟုတ်ဘူး” ကုနင်းက ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။ လင်းရှု သည် သူမအပေါ် အလွန်ကြင်နာသောကြောင့် သူမလည်း ပြန်ကြင်နာစွာ ဆက်ဆံသည်။
ကုနင်းသည် သူတို့၏ကျောင်းတွင် မည်သည့်ဌာနကိုမျှ မပါဝင်ခဲ့သော်လည်း ကုန်သည်များအသင်းဖြစ်သည့် သူမကျိန်းသေပါဝင်မည့် အဖွဲ့တစ်ခုရှိသည်။ ကျွမ်းကျင်သူတွေ ပြည့်နှက်နေတဲ့ နေရာဖြစ်ပြီး လက်ခံဖို့ အခက်ခဲဆုံး ကလပ်ဖြစ်သည်။
ကုနင်းသည် ၎င်း၏စံနှုန်းများကို ယုံမှားသံသယမရှိပေ။ သူမကို လက်တွဲဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တားတဲ့သူတစ်ယောက်မှ မရှိသရွေ့ သူမကို လက်ခံမှာ သေချာပါသည်။
“နှမြောစရာပဲ၊ ဒါပေမယ့် ငါတို့က မင်းကို အတင်းလုပ်ခိုင်းမှာမဟုတ်ပါဘူး။ ကောင်းပြီ၊ ငါ မင်းကို အနှောက်အယှက် ရပ်သင့်တယ်။ အချိန်ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်" ဟု လင်းရှုက ကုနင်း သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆိုခဲ့တာ နှမြောစရာလို့ ခံစားမိပေမယ့် ကုနင်းအား သူ့ရဲ့ ဖိတ်ကြားချက်ကို လက်ခံဖို့ အတင်းအကျပ် ဖိအားပေးဖို့ မလုပ်ပဲ မကြာခင်မှာပဲ ထွက်သွားခဲ့သည်။
"ငါတော့ ရန်ပုံငွေရှာဖွေရေးကော်မတီမှာ ပါဝင်ဖို့စီစဉ်ထားပေမယ့် လက်ခံမှာလားတော့ မသိဘူး" ဟု ကျန်းကျီခိုင်ကပြောသည်။ သူမသည် သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကုနင်းလောက် အလုပ်မရှုပ်သောကြောင့် ကျောင်းတွင် သူမ၏ကျွမ်းကျင်မှုကို လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
ကုနင်းသည် သူမ၏ အသိပညာကို လက်တွေ့အသုံးချရန် လူ့အဖွဲ့အစည်းတွင် ပါဝင်ခဲ့ပြီးဖြစ်သောကြောင့် သူမကိုယ်တိုင် သက်သေပြရန် ကျောင်းကော်မတီများ၏ ပလက်ဖောင်းကို မလိုအပ်ပါ။
“အင်တာဗျူးမှာ အကောင်းဆုံးလုပ်ပါ။ အဆင်ပြေသွားလိမ့်မယ်” ဟု ကုနင်းမှပြောကြားခဲ့သည်။ မြို့တော်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် မလွယ်ကူသောကြောင့် ကျန်းကျီခိုင်ကို လက်ခံမည် မလက်ခံမည်ကို သူမမသိပါ။ ထို့ကြောင့် ယခု သူမလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ သူမအား အားပေးရန်ဖြစ်သည်။
သူ့မှာ အဆက်အသွယ်ရှိရင် ပြဿနာမရှိပေမယ့် ခုတော့ သူ့ပေါ်မှာပဲ မူတည်တော့သည်။
"ဟုတ်ပါတယ် ငါကြိုးစားပါ့မယ်။ လက်မခံတော့လည်း နေပေါ့" ကျန်းကျီခိုင်သည် စိတ်အေးလက်အေး ဖြစ်သွားသည်။ သူမသည် ထိုအဖွဲ့ဝင်ဖြစ်ချင်သော်လည်း သူမ၏ဆန္ဒများ မဖြစ်လာပါကလည်း ဘာမှမတတ်နိုင်ပါ။
"မြောင်ကော၊ ကျုံးရွှယ်၊ မင်းတို့ရော ဘယ်လိုလဲ" ကျန်းကျီခိုင်က စုန့်မြောင်ကောနဲ့ ပိုင်လီကျုံးရွှယ် ကို မေးသည်။
ပိုင်လီကျုံးရွှယ်က "ငါဘယ်ကလပ်ကိုမှ မသွားဘူး" သူက ကုနင်းကြောင့် ဒီကိုလာတာမို့ တခြားအရာတွေကို သူမစိတ်မဝင်စားပေ။
စုန့်မြောင်ကောက “ငါလေ့လာရေးဌာနမှာ ပါမယ်" တကယ်တော့ သူမဟာ ဒီကလပ်တွေကို သိပ်စိတ်မဝင်စားပေမယ့် သူမရဲ့ အရည်အချင်းတွေကို လေ့ကျင့်ဖို့ အခွင့်အရေး လိုအပ်နေသေးသည်။
နေ့ခင်းဘက်တွင် ကလပ်အသင်းနှင့် ဌာနဆိုင်ရာများမှ ခေါင်းဆောင်များ သို့မဟုတ် တာဝန်ခံအချို့သည် ကုနင်းကို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ကြားလာကြသည်။ ကုနင်းသည် အလွန်ထူးချွန်သော်လည်း သူမသည် ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။
ကုနင်းအဘယ်ကြောင့်ငြင်းဆိုသည်ကို အများစုက နားလည်ကြသော်လည်း အချို့ကမူ ကုနင်းသည် မာနကြီးလွန်းသည်ဟု ထင်ကြသည်။
ကုနင်းကို ဝေဖန်ခဲ့သော စီနီယာမှာ ကိုယ်ခံပညာဌာန၏ ဒုလက်ထောက်ဖြစ်သည်။ သူမနာမည်က ဖန်ထုံယွဲ့ ဖြစ်သည်။
ဖန်ထုံယွဲ့သည် စီနီယာကျောင်းသူတစ်ယောက်ဖြစ်သည်။ သူမသည် အရပ်ရှည်ပြီး ချောမောလှသော်လည်း ကုနင်းကို ပထမဆုံးအကြိမ်တွေ့လိုက်တည်းက သူမ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။
သူမသည် ရုန်ကျဲ့ချန်ကို သဘောကျသူများထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်၏ဆက်ဆံရေးကောလာဟလကို ကြားပြီးနောက် ကုနင်းကို သူမမုန်းတီးခဲ့သည်။ ရလဒ်အနေနဲ့ ကုနင်းက သူတို့နဲ့ပူးပေါင်းဖို့ ငြင်းဆိုလိုက်တာနဲ့ သူမဟာ ကြင်နာမှုကင်းမဲ့လာသည်။
"ဖန်ထုံယွဲ့၊ ငါမှာ ဘယ်ကလပ်ကို ၀င်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလား။ မင်းကလပ်ထဲ မ၀င်ချင်တာကြောင့် ငါမာနကြီးတယ်လို့ မင်းပြောလို့မရဘူး။ ဒါဆိုရင် ကျောင်းသားအားလုံးကို ကိုယ်ခံပညာဌာနကို ၀င်အောင်လာလို့မခေါ်တာလဲ။ မင်းဘာလို့ ငါ့ကို အကြပ်လာကိုင်ရတာလဲ။ ကိုယ်ခံပညာ ကောင်းကောင်းတတ်ပေမဲ့ မင်းရဲ့ ကလပ်ထဲဝင်ဖို့ သူတို့ကို သင်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေပါနဲ့” ဟုကုနင်းက ဆိုသည်။ ဖန်ထုံယွဲ့သည် သူမကို အပြစ်ရှာနေကြောင်း သူမသိသောကြောင့် သူမနှင့် ငြင်းခုံရန် မတွန့်ဆုတ်ခဲ့ပေ။ ရာသီလာနေတာကြောင့် ဒီနေ့ စိတ်အခြေအနေမကောင်းတာလည်း ဖြစ်နိုင်သည်။
“မင်း…” ဖန်ထုံယွဲ့ စိတ်ဆိုးသွားသော်လည်း သူမသည် ယခုမှပင် သူမ၏ အမူအရာ ပျောက်ဆုံးသွားသည်ကို သူမ သိသည်။ ထို့ကြောင့် ဒေါသကို ထိန်းကာ ရှင်းပြသည်။ "ကုနင်းငါပြောချင်တာအဲ့လိုမဟုတ်ပါဘူး။ ငါပြောချင်တာက မင်းငါတို့နဲ့ပူးပေါင်းနိုင်ရင် အချိန်အများကြီးကုန်မှာမဟုတ်ဘူး။ မင်းရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ရှိတယ်ဆိုတာ ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းအတွက်က တခြားကျောင်းသားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုဖန်တီးဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ"
တကယ်တော့ ကုနင်းက လိုအပ်တယ်လို့ မထင်ပေမယ့် ထုတ်မပြောနိုင်ပါ။ ထိုအရာက မာနကြီးလွန်းတဲ့ပုံပေါက်ပေသည်။
“ကျွန်မတို့ကျောင်းက တခြားကျောင်းသားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ တစ်ခုတည်းသောနည်းလမ်းလို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါနဲ့ နီးစပ်ချင်တဲ့သူတွေ မင်းလို ရန်လိုမှာ မဟုတ်ပါဘူး။ အချိန်အများကြီးမကုန်ပေမယ့် ပုံမှန်အားဖြင့်တော့ အလုပ်ရှုပ်တယ်။ ငါအနားယူဖို့အချိန်လိုတယ်” ဟု ကုနင်းက သူမကို တိုက်ခိုက်တဲ့အတွက် ဖန်ထုံယွဲ့ကို ကြိမ်းလိုက်သည်။
ဖန်ထုံယွဲ့သည် ယခုအချိန်တွင် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူမသည် စိတ်တိုရှက်ရွံ့ခြင်းသာ ခံစားခဲ့ရသော်လည်း ကုနင်းနှင့် ထိုကိစ္စအတွက် သူမငြင်းခုံနိုင်ပေ။ တစ်ချိန်တည်းမှာပင် သူတို့ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် ကုနင်းကို စတင်ထောက်ခံခဲ့ကြသည်။
“ဟုတ်တယ် ကုနင်းမှာ စီမံခန့်ခွဲရမယ့် ကုမ္ပဏီတွေ အများကြီးရှိတယ်။ သူ့အတန်းပြီးအောင် တက်ဖို့တောင် မလွယ်ဘူး။ သူက စွမ်းအင်အကန့်အသတ်ရှိတဲ့ လူသားတစ်ဦးပဲ။ ကလပ်ထဲဝင်ဖို့ မတတ်နိုင်ဘူး"
"ငါလည်း သဘောတူတယ်။ စကားမစပ် ကုနင်းက အခု အရမ်းအောင်မြင်နေပါပြီ။ ကလပ်တစ်ခုထဲဝင်ပြီး သူ့အရည်အချင်းတွေကို လေ့ကျင့်ဖို့ မလိုအပ်ပါဘူး။ ဒီ့ထက်မက ပိုတော်တဲ့ဟာ”
“အတိအကျပြောရရင် သူ့မှာ ပိုအရေးကြီးတာတွေရှိတယ်။ အဓိပ္ပါယ်မရှိတဲ့ အရာတွေအတွက် သူဘာလို့ အချိန်ဖြုန်းနေရမှာလဲ”
“…”
***
ဖီးနစ်သွေးစက်
အခန်း ၁၈၉၆ မြို့တော်တက္ကသိုလ်၏ ကုန်သည်ကြီးများအသင်းတွင် ပါဝင်ခြင်း
သူတို့က ကုနင်းကို ထေ့ငေါ့နေတာမဟုတ်ပဲ အမှန်အတိုင်း ရိုးရိုးရှင်းရှင်းပြောနေကြတာပင်။ ကုနင်းရဲ့ အဆင့်အတန်းအရ သူမဟာ ကိုယ်ခံပညာဌာနမှာ ပါဝင်ခဲ့မယ်ဆိုရင် ဒါဟာ သူမရဲ့ အရည်အသွေးတွေကို လုံးလုံးလျားလျား အလကားဖြစ်စေလိမ့်မည်။ အရေးအကြီးဆုံးကတော့၊ အဲဒါဟာ လုံးဝအဓိပ္ပါယ်မရှိခဲ့ပါ။
"ကုနင်းရဲ့ လက်ရှိအနေအထားနဲ့ အရည်အချင်းတွေကြောင့် ကိုယ်ခံပညာအသင်းမှာ ပါဝင်ရတာက တကယ့်ကို အဓိပ္ပါယ်မရှိပေမယ့် ကုန်သည်ကြီးများအသင်းကတော့ သူ့အတွက် အတော်လေး သင့်တော်မယ်လို့ ထင်တယ်"
ထိုအချိန်တွင် လူတိုင်းသည် ယောက်ျားတစ်ဦး၏အသံကိုကြားလိုက်ရပြီး အကြံကောင်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
ကုနင်း၏ လက်ရှိအခြေအနေနှင့် အရည်အချင်းများကြောင့် သူမသည် ကုန်သည်ကြီးများအသင်းတွင် ပါဝင်သင့်သည်။
ကုန်သည်ကြီးများအသင်း သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးအသင်းဟုလူသိများသော ကုန်သည်များသည် မြို့တော်တက္ကသိုလ်မှ ကော်ပိုရိတ်တရားဝင်ကိုယ်ရည်ကိုယ်သွေးရှိသော လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကုန်သည်ကြီးများအသင်း၏ တည်ရှိမှုသည် နိုင်ငံတော်၏ စီးပွားရေးတည်ဆောက်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်နှင့် စျေးကွက်စီးပွားရေးစနစ် ကောင်းမွန်စေရန်အတွက် မြို့တော်တက္ကသိုလ်အတွင်း ပြည်တွင်းပြည်ပရှိ စီးပွားရေးအသိုက်အဝန်းများ၏ အားသာချက်များအားလုံး စုစည်းညီညွတ်စေရန်၊ နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ချေးငွေဆိုင်ရာ နိယာမကို လိုက်နာကာ လုပ်ငန်း၏ အလုံးစုံ အကျိုးစီးပွားကို ထမ်းဆောင်ရန်၊ အဖွဲ့ဝင်များ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်၊ လုပ်ငန်းခွင်တွင် ကောင်းမွန်သော စည်းကမ်းရှိမှု၊ လုပ်ငန်းဆောင်တာများကို ညှိနှိုင်းဆောင်ရွက်ပေးရန်အတွက် အခ်ိတ်အဆက်များနှင့် အဆက်အသွယ် အခန်းကဏ္ဍမှာ အပြည့်အဝ ပါဝင်သည်။
မြို့တော်တက္ကသိုလ်မှ ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်များသည် ဘွဲ့ကြိုနှင့် ဘွဲ့ရများ ဖြစ်သည်။
တစ်နည်းဆိုရသော် မြို့တော်တက္ကသိုလ်မှ ဘွဲ့ရသော စီးပွားရေး လုပ်ငန်းရှင် အများစုသည် ၎င်း၏ အသင်းဝင်များ ဖြစ်သည်။ အဲဒီအထဲမှာ တချို့က အရမ်းမအောင်မြင်ပေမယ့် တချို့က ကြီးကြီးမားမား အောင်မြင်မှုတွေ ရှိသည်။
အလုံးစုံအားဖြင့် ကုန်သည်ကြီးများအသင်းသည် စီးပွားရေးတွင် အောင်မြင်သူများ၏ ကြီးမားသော စက်ဝန်းတစ်ခုဖြစ်သည်။ ပါဝင်နိုင်လျှင် သူ သို့မဟုတ်သူမသည် သူအတွက် သို့မဟုတ် အနာဂတ်အလုပ်အကိုင်အတွက် အကျိုးကျေးဇူးများစွာရှိသည့် စီးပွားရေးလုပ်ငန်းရှိ ထိပ်တန်းသတင်းများကို သိနိုင်မည်ဖြစ်သည်။ သို့သော် အားနည်းချက်များသည် အားသာချက်များနှင့်အတူ ပါလာသည်။
လူမျိုးစုံရှိတဲ့နေရာဖြစ်တဲ့အတွက် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်မှုတွေရှိသည်။ သူတို့သည် တူညီသောလုပ်ငန်းနယ်ပယ်တွင်ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုသည် ရှောင်လွှဲ၍မရပေ။
"စီနီယာနျဲ့" ထိုရောက်လာတဲ့သူကိုတွေ့တော့ သူ့ကိုမှတ်မိတဲ့လူတွေက အော်သည်။
သူသည် အလွန်အရေးပါေသာသူဖြစ်ကြောင်း သိသာလှသည်။
ထိုလူသည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးဖြစ်သည်။ အရပ်က ၁.၈ မီတာကျော်သည်။ သူက အရမ်းချောတာမဟုတ်ပေမယ့် ရုပ်ရည်က အဆင်ပြေသည်။ အရေးအကြီးဆုံးကတော့ သူက ရင့်ကျက်ပြီး တည်ငြိမ်တဲ့ပုံပေါက်ပြီး အထက်တန်းစားတွေရဲ့အငွေ့အသက်ရှိသည်။
တစ်ချက်ကြည့်လိုက်တော့ ကုနင်းလည်း သူ့ကို မှတ်မိသည်။ ဒါသူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပေမဲ့ သူ့အကြောင်း ကျောင်းဖိုရမ်မှာ ဖတ်ဖူးသည်။
နျဲ့ချန်ယန်သည် မြို့တော်ရှိ နျဲ့မိသားစု၏ မိသားစုတစ်ဦးဖြစ်သည်။ သူသည် မြို့တော်တက္ကသိုလ်ရှိ ကူးသန်းရောင်းဝယ်ရေးဌာနခွဲ၏ ခေါင်းဆောင်လည်း ဖြစ်သည်။
မြို့တော်တက္ကသိုလ်၏ ကုန်သည်ကြီးများအသင်းသည် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ရုံးခွဲနှစ်ခုရှိသည်။ တစ်ခုက ကျောင်းအပြင်မှာဖြစ်ပြီး နောက်တစ်ခုက ကျောင်းမှာဖြစ်သည်။ မတူညီသောလူများက ဦးဆောင်ကြသည်။
ကျောင်းပြင်ပဌာနခွဲတွင် ဘွဲ့ရများ ပါ၀င်ပြီး ကျောင်းရှိဌာနခွဲကို ဘွဲ့ကြိုကျောင်းသားများဖြင့် ဖွဲ့စည်းထားသည်။
ပုံမှန်အားဖြင့် ဌာနခွဲနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း မြို့တော်တက္ကသိုလ်၏ ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်များတွင် ရာသီအလိုက် အစည်းအဝေးတစ်ခု ရှိသည်။ အစည်းအဝေးတွင် အဖွဲ့ဝင်အားလုံး စုဝေးကြသည်။ သူတို့အားလုံး လာမှာမဟုတ်ပေမယ့် အများစုကတော့ လာကြသည်။
ကျောင်းမှာ တခါတရံ အစည်းအဝေးလုပ်ပေမယ့် အဖွဲ့ဝင်တိုင်း လာဖို့ အမိန့်မပေးထားပေ။
ထို့နောက်တွင် မြို့တော်တက္ကသိုလ်၏ ကုန်သည်ကြီးများအသင်းသည် စီးပွားရေးကို အာရုံစိုက်ခဲ့ပြီး အစည်းအဝေးများသည် ၎င်း၏အဖွဲ့ဝင်များ အချင်းချင်း ရင်းနှီးမှုရရန် အခွင့်အရေးသာဖြစ်သည်။
ကိုယ့်အကျိုးအတွက်သာ တခြားလူတွေကိုကူညီကြသည်။ စီးပွားရေးသမားများသည် အကျိုးအမြတ်ကိုသာ အာရုံစိုက်ကြသည်။
နျဲ့ချန်ယန်သည် စီးပွားရေးလုပ်ငန်းစုတွင် မွေးဖွားခဲ့ပြီး သူသည် ငယ်စဉ်ကတည်းက စီးပွားရေးကို အလွန်စိတ်ဝင်စားသောကြောင့် စီးပွားရေးတွင် အတော်လေး ထူးချွန်ခဲ့သည်။
နျဲ့ချန်ယန်သည် အသက် ၁၈ နှစ်တွင် စီးပွားရေးနှင့်ပတ်သတ်သည့် စွန့်ဦးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ ၎င်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ပိုင်ဆိုင်မှု ယွမ်တစ်ဘီလီယံကျော် ရှိနေပြီဖြစ်သည်။ ကုနင်း မရောက်လာခင်မှာ သူတို့ကျောင်းရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုဖြစ်ပေသည်။
နျဲ့ချန်ယန်သည် သူ့မိသားစုထံမှ ပံ့ပိုးကူညီမှုများရှိသော်လည်း အများစုမှာ သူ့ကိုယ်သူ အားကိုးသည်။
လေးနှစ်အတွင်းမှာ သူ့လောက်အောင်မြင်ဖို့ မလွယ်ပါ။ ကုမ္ပဏီအသစ်တစ်ခုစတင်ရန်ကြိုးစားသူအများအပြားရှိသော်လည်း ၎င်းတို့အနက်မှအနည်းငယ်သာ အောင်မြင်နိုင်ပြီး အများစုမှာ အောင်မြင်ရန်အတွက် ကြိုးစားနေကြဆဲဖြစ်သည်။
အဓိကအားဖြင့် တစ်စုံတစ်ခုကိုအသုံးချခြင်းဖြင့် ကုနင်းသည် အချိန်တိုတိုအတွင်း သန်းကြွယ်သူဌေးဖြစ်လာသည်။ သူမ၏ ကျောက်စိမ်းမျက်ဝန်း၏အကူအညီဖြင့် ကျောက်စိမ်းနှင့် မိတ်ကပ်လုပ်ငန်းကို လျင်မြန်စွာလုပ်ဆောင်ခြင်းဖြင့် ချမ်းသာလာခဲ့သည်။
ကုနင်းသည် နျဲ့ချန်ယန်ထက် ၁၀ ဆ ပိုချမ်းသာသော်လည်း နျဲ့မိသားစုသည် အလွန်သြဇာကြီးသောကြောင့် မြို့တော်တွင် သူမ၏အဆင့်အတန်းသည် နျဲ့ချန်ယန်ထက် များစွာနိမ့်ကျသည်။
သူအောင်မြင်လာဖို့အတွက် နျဲ့မိသားစုကို အားမကိုးပေမယ့် သူရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ အပြင်လူတွေရဲ့အမြင်မှာ သူ့မိသားစုနဲ့ နီးနီးကပ်ကပ် အဆက်အသွယ်ရှိနေသည်။
ဒါက ကုနင်းဟာ ထန်မိသားစုနှင့် သူမ၏ ရင်းနှီးသော ဆက်ဆံရေးကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိခဲ့သည့် အကြောင်းရင်းဖြစ်ပြီး ယနေ့ သူမပိုင်ဆိုင်သမျှ အရာအားလုံးကို အောင်မြင်ရန်အတွက် ထန်မိသားစုကို အားကိုးသည်ဟု လူအများက ထင်မြင်လာစေနိုင်သည့်အတွက်ဖြစ်ပေသည်။ မိမိရဲ့ကြိုးစားအားထုတ်မှုကို လျစ်လျူရှုထားရင် သူမစိတ်မကောင်းဖြစ်မှာပင်။
"ဥက္ကဌနျဲ့ကကုန်သည်ကြီးများအသင်းမှာ ကျွန်မကို ပါဝင်ဖို့ လာဖိတ်ခေါ်တာလား" ကုနင်းက ယုံကြည်မှုအပြည့်နဲ့ မေးပေမယ့် မာနကြီးတဲ့ပုံမပေါ်ပါ။
နျဲ့ချန်ယန်သည် ပြေပြစ်သော အပြုံးကို ပန်ဆင်လိုက်ကာ "ဟုတ်တယ် မင်း ငါတို့ ကလပ်ရဲ့ အဖွဲ့၀င်ဖြစ်လာမယ်ဆိုရင် ငါတို့ဂုဏ်ယူရမယ်မလား ကုနင်း"
ကုနင်းက သူ့ကို လှည့်စားမယ်လို့ မထင်ပေမယ့် ကုနင်းက သာမန်မိန်းကလေးမဟုတ်တာကြောင့် စိတ်ပူနေပါသေးသည်။
နျဲ့ချန်ယန်သည် ထိပ်တန်းမိသားစုတွင် မွေးဖွားခဲ့ပြီး စီးပွားရေးနှင့် လေ့လာသင်ယူမှု ကောင်းမွန်သောကြောင့် အလွန်ထူးချွန်သော်လည်း မာနမကြီးပါ။ အကြောင်းပြချက်မရှိဘဲ ဘယ်သူ့ကိုမှ အထင်အမြင်သေးမှာ မဟုတ်ပေ။ အဲဒီအစား လူ့အဖွဲ့အစည်းရဲ့ စည်းကမ်းတွေကို ကောင်းကောင်းသိသည်။
“ဥက္ကဌနျဲ့က ကျွန်မကို လူကိုယ်တိုင်တောင် လာဖိတ်တာဆိုတော့ ကျွန်မမင်းကို မငြင်းသင့်ပါဘူး။ ကလပ်ကလုပ်တဲ့အစည်းအဝေး ဒါမှမဟုတ် ပွဲတိုင်းမှာ ပါ၀င်နိုင်မှာ မဟုတ်ဘူးလို့တော့ ကြိုပြောပါရစေ” ဟုကုနင်းက ဆိုသည်။ သူမကို လာဖို့ အတင်းအကြပ် ခိုင်းစေမှာမဟုတ်ဘူးဆိုတာ သိပေမယ့် ရှင်းရှင်းလင်းလင်းပြောထားတာက ပိုကောင်းတယ်လို့ သူမထင်နေတုန်းပါပဲ။
ကုနင်းက သဘောတူတာကိုမြင်တော့ နျဲ့ချန်ယန်ရဲ့မျက်နှာမှာ အပြုံးက ပိုတောက်ပလာသည်။ “မင်းတို့အားလုံးကို ငါတို့လာခိုင်းမှာမဟုတ်ပါဘူး။ အချိန်ရမှ လာဖို့ ရွေးချယ်နိုင်ပါတယ်”
"အရမ်းကောင်းတယ်" ကုနင်းကပြောသည်။
"ကောင်းပြီ မင်းက အခု ငါတို့ထဲက တစ်ယောက်ဖြစ်နေလို့ ဝမ်းသာပါတယ်" နျဲ့ချန်ယန်က ကုနင်းနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောလိုက်သည်။
ကုနင်းလည်း သူ့လက်ကိုဆွဲကာ ပြန်နှုတ်ဆက်သည်။
ဖန်ထုံယွဲ့ သည် ယခုအချိန်တွင် လုံးဝစိတ်တဲ့လူနဲ့ မကပ်တော့။ နျဲ့ချန်ယန်သည် ကုနင်းကို လူကိုယ်တိုင်လာရောက်ရန် ဖိတ်ခေါ်တဲ့အတွက် အံ့အားသင့်နေမိသည်။ ကုနင်းရဲ့ ကုမ္ပဏီတွေကို သူမ သိပေမယ့် ကုနင်းကို စောနကပဲ ဝေဖန်ဖို့ ကြိုးစားခဲ့တာမို့ သူမအကြောင်း အများကြီး မတွေးဖြစ်ခဲ့ပေ။ ဒါကြောင့် အခုချိန်မှာတော့ သူမ တော်တော်အရှက်ကွဲသွားသလို ခံစားေနရသည်။
နျဲ့ချန်ယန်သည် ကုန်သည်ကြီးများအသင်းသို့ လူကိုယ်တိုင်လာရောက်ရန် ကုနင်းကို ဖိတ်ခေါ်လာခြင်းကြောင့် အခြားလူများကလည်း အံ့အားသင့်ခဲ့ကြသော်လည်း ကုနင်းသည် သူမ၏ကိုယ်ပိုင်အရည်အချင်းများအပေါ်တွင် အားကိုးကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ထို့နောက် ကုနင်းနှင့် နျဲ့ချန်ယန်တို့သည် သူတို့၏ နံပါတ်များကို ဖလှယ်ကြသည်။ နျဲ့ချန်ယန်က ကုနင်းအား ရုံးခန်းတည်နေရာကို မပြောပြခင် ဖောင်တစ်ခုပေးခဲ့သည်။ ဖောင်ဖြည့်ပြီးသောကြာနေ့ မတိုင်မီ ရုံးသို့ ပေးပို့နိုင်သည်။
အဖွဲ့ဝင်အသစ်တိုင်းသည် ၎င်း၏အခြေခံအချက်အလက်များနှင့် ၎င်း၏ကုမ္ပဏီများနှင့်ပတ်သက်သော အချက်အလက်များကို ဖောင်ဖြည့်ရန် လိုအပ်ပါသည်။